နာမကျန်းမှုနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုများကို လက်လွှတ်လိုက်ခြင်း

06.06.2026

ဇီချန်၊ တရုတ်ပြည်

၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းက ကျွန်မ ခေါင်းကိုက်တာ ပိုဆိုးလာတယ်။ မနက်မိုးလင်း အိပ်ရာနိုးရင် ခေါင်းက အုံပြီး နာနေသလို စပြီး ခံစားလာရတယ်၊ ခေါင်းမကြည်ဘဲ နည်းနည်း မူးဝေနေသလို ဖြစ်နေတာ။ ညဘက်ဆိုရင်လည်း ကျွန်မ လက်မောင်းတွေနဲ့ လက်တွေက ခဏခဏ ထုံကျင်နေတတ်ပြီး ဇာက်ကြောကလည်း အရမ်းတက်နေတော့ ခေါင်းတောင် လှည့်လို့မရဘူး။ ကျွန်မ တွေးမိတယ်၊ “ငါ အရင်ကလည်း ခေါင်းကိုက်ဖူးပါတယ်၊ ဒါပေမဲ့ မနက်ဆိုရင် သက်သာသွားတာပဲလေ။ အခုတလော ဘာလို့ အိပ်ရာနိုးရင် ခေါင်းတွေ အုံပြီး လေးလံနေသလို ခံစားနေရတာပါလိမ့်” လို့ပေါ့။ ကျွန်မ စစ်ဆေးဖို့ ဆေးရုံကို သွားလိုက်တယ်။ ဆရာဝန်က ကျွန်မ ဦးနှောက်ကို သွေးရောက်တာ နည်းနေတယ်၊ ပြီးတော့ သွေးတိုးလည်း ရှိနေတယ်လို့ ပြောတယ်။ ဒါက သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပြီး အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုပဲ၊ မကုသဘဲထားရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်တဲ့။ ဆရာဝန်က သောက်ဖို့ ဆေးရည်တစ်မျိုးကို ချက်ချင်း ပေးတယ်။ ဆေးသောက်ရင်းနဲ့ ကျွန်မ နည်းနည်း စိတ်ပူလာပြီး တွေးမိတယ်၊ “တကယ်ပဲ အဲဒီလောက် အခြေအနေ ဆိုးလို့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီဆရာဝန်က ငါ့ကို ကြောက်အောင်လုပ်နေတာများလား။ နောက်ပြီး ငါက ဘုရားသခင်ကို ယုံကြည်တာပဲ၊ ကိုယ်တော်က ငါ့ကို စောင့်ရှောက်ကာကွယ်ပေးနေတာပဲလေ” လို့ပေါ့။ ဒါနဲ့ ဆေးနည်းနည်းပဲ ယူခဲ့လိုက်တယ်။

အချိန်နည်းနည်း ကြာလာတော့ ကျွန်မ ခေါင်းကိုက်တာက သက်သာမလာဘူး။ အွန်လိုင်းမှာ သတင်းအချက်အလက်တချို့ ရှာကြည့်လိုက်တော့ သွေးတိုးရောဂါ ပိုဆိုးလာရင် ဦးနှောက်သွေးကြောပေါက်တာမျိုး ဖြစ်နိုင်တယ်၊ ဦးနှောက်ကို သွေးရောက်တာ နည်းရင် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တာမျိုးတောင် ဖြစ်နိုင်တယ်ဆိုတာ တွေ့ရတယ်။ ဒီရောဂါက သေဆုံးနှုန်း အရမ်းမြင့်တာလေ။ ဒါကို တွေ့လိုက်ရတော့ ကျွန်မ ရင်ထဲမှာ စိုးရိမ်မှုတွေ လှိုင်းထလာတယ်။ ကျွန်မ ခေါင်းမူးပြီး ခေါင်းမကြည်သလို ဆက်တိုက် ခံစားနေရတယ်။ အမြဲတမ်းလည်း ငိုက်မြည်းနေပြီး ဘာအားအင်မှ မရှိသလိုပဲ။ စာရိုက်တဲ့နှုန်းတောင် အများကြီး ကျသွားပြီး ကျွန်မရဲ့ တုံ့ပြန်မှုတွေလည်း ပိုနှေးလာတယ်။ ကျွန်မ ရှစ်နှစ်သမီးတုန်းက အဖေ ဦးနှောက်သွေးကြောပေါက်ခဲ့တာကို သတိရမိတယ်။ အဖေ နေမကောင်းစဖြစ်တုန်းက အရင်ဆုံး ခေါင်းကိုက်တယ်၊ ရက်နည်းနည်းကြာတော့ သူငယ်ပြန်တဲ့ လက္ခဏာတွေ စပြလာပြီး လက်တွေ ခြေထောက်တွေ ထုံကျင်လာတယ်။ နောက်ထပ် ရက်နည်းနည်းကြာတော့ လေဖြတ်ပြီး တစ်ခြမ်းသေသွားခဲ့တာ။ လတော်တော်ကြာအောင် ကုသခဲ့ပေမဲ့ အဖေ ဆုံးပါးသွားခဲ့ရတယ်။ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေက ရုတ်တရက် ပေါ်လာပြီး တွေးမိတယ်၊ “ငါရော အဖေ့လို လေဖြတ်တော့မှာလား။ ငါသာ လေဖြတ်သွားရင် ငါ့ဘဝ ဇာတ်သိမ်းသွားပြီ မဟုတ်လား။ အဲဒီကျရင် သမ္မာတရားကို ငါ ဘယ်လို လိုက်စားပြီး ကိုယ့်တာဝန်ကို ဘယ်လို ထမ်းဆောင်တော့မလဲ။ အဖေ့လိုသာ တစ်ခြမ်းသေသွားရင် ငါ့တာဝန်ကို မထမ်းဆောင်နိုင်ရုံတင်မကဘူး၊ တစ်နေ့ကျရင် ငါ့အသက်ပါ ဆုံးရှုံးသွားနိုင်တယ်။ ဘုရားသခင်ကို ယုံကြည်လာတာ ဒီလောက် နှစ်တွေကြာနေမှ ငါ ကယ်တင်ခြင်းကို လွဲချော်သွားရတော့မှာမဟုတ်လား လို့ပေါ့။ ကျွန်မ အသက်က ၆၀ နားနီးနေပြီ၊ ပြီးတော့ အဆစ်အမြစ်ရောင်ရောဂါ၊ ဇက်ကြောနဲ့ ခါးရိုး ပြဿနာတွေလိုမျိုး နာတာရှည်ရောဂါတွေလည်း ရှိနေတာ။ အသင်းတော် တော်တော်များများရဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မက တာဝန်ယူထားရတာလေ၊ လုပ်စရာတွေကလည်း အများကြီးဆိုတော့ ကျွန်မသာ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး စိတ်ဖိစီးအောင် လုပ်နေရင် အခြေအနေက ပိုဆိုးသွားမှာလား။” အဲဒီတုန်းက ကျွန်မ ငယ်ငယ်တုန်းက အတူအလုပ်လုပ်ဖူးတဲ့ ဗေဒင်တွေဟောတဲ့ လူတစ်ယောက်ကို သတိရမိတယ်။ သူက ကျွန်မ လက်က လက္ခဏာကို ကြည့်ပေးပြီးတော့ ကျွန်မက အသက် ၆၀ မှာ ရောဂါနဲ့ သေလိမ့်မယ်လို့ ပြောဖူးတယ်။ အဲဒီတုန်းကတော့ ကျွန်မ အလေးအနက် မထားခဲ့ပါဘူး၊ ဒါပေမဲ့ အဲဒီအသက်အရွယ်ကို ရောက်လာတော့ ငါ အသက် ၆၀ အထိပဲ နေရမယ်ဆိုတာ တကယ်ပဲ မှန်နေမလားပေါ့။ ကျွန်မ တကယ်သာ သေသွားရင် ဘုရားသခင် နိုင်ငံတော်ရဲ့ လှပမှုကို မြင်တွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။ ဒီအတွေးတွေကြောင့် ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်ပြီး စိတ်ညစ်ရတယ်၊ ပြီးတော့ ညည်းညူတာတွေတောင် လုပ်မိတယ်၊ “ငါ ဒီရောဂါတွေ ခံစားနေရတာတောင်မှ ဒီနှစ်တွေတစ်လျှောက်လုံး ငါ့တာဝန်ကို ထမ်းဆောင်နေခဲ့တာပဲ၊ ဘာဖြစ်လို့ ဘုရားသခင်က ငါ့ရောဂါကို မဖယ်ရှားပေးတာလဲ” လို့ပေါ့။ ဒီအကြောင်း ပိုတွေးမိလေလေ၊ ကျွန်မ ပိုစိတ်ဓာတ်ကျလေလေပဲ။ ဒါနဲ့ ကျွန်မ အိပ်ချိန်ကို ချိန်ညှိပြီး တတ်နိုင်သလောက် အနားယူဖို့ ကြိုးစားတယ်။ လေ့ကျင့်ခန်းလည်း လုပ်တယ်၊ ကုသမှုကို အထောက်အကူဖြစ်အောင် တိုင်းရင်းဆေးနည်းတွေလည်း လိုက်ရှာတယ်။ ကျွန်မ သတိမထားမိလိုက်ခင်မှာပဲ၊ ကျွန်မအတွေးတွေက ကိုယ့်ခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက်ဖို့အပေါ်မှာပဲ အာရုံရောက်သွားပြီး ကိုယ့်တာဝန်တွေအပေါ် ဝန်တာထားတဲ့စိတ် မရှိတော့ဘူး။ အလုပ်တွေ အရမ်းလုပ်မိရင် ကိုယ် တကယ်သေသွားမှာကိုပဲ စိုးရိမ်နေခဲ့တာ။ အလုပ်ကို လိုက်လုပ်နေတာ အရမ်းနှေးသွားတဲ့အတွက် ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှုက တဖြည်းဖြည်း ကျဆင်းလာတယ်၊ ပြဿနာတွေကို ဖြေရှင်းဖို့လည်း ကျွန်မမှာ အရေးတကြီး သဘောထားတဲ့စိတ် မရှိခဲ့ဘူး၊ ရလဒ်အနေနဲ့ အသင်းတော်တချို့ရဲ့ ဧဝံဂေလိအလုပ်က ရပ်လုနီးပါး ဖြစ်သွားခဲ့တယ်။ ကျွန်မ တွေးတောင် တွေးမိတယ်၊ “ငါက အသက်ကြီးလာပြီ၊ ပြီးတော့ ရောဂါတွေကလည်း အများကြီး။ အိမ်ပြန်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်မယ်လို့ ခေါင်းဆောင်တွေကို ပြောလိုက်တာကောင်းမလား။ ဒါဆိုရင် ငါ့ရောဂါအခြေအနေ ပိုဆိုးလာရင်၊ ငါ့ကို ပြုစုဖို့ မိသားစု ရှိတာပေါ့” လို့လေ။ နောက်ပိုင်းမှာ ကျွန်မ ကြီးကြပ်မှုအောက်မှာရှိတဲ့ ဧဝံဂေလိအလုပ်သမား တော်တော်များများရဲ့ အခြေအနေ မကောင်းကြတော့ဘူး၊ ပြီးတော့ ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှုကလည်း ဆက်တိုက် ကျဆင်းလာတယ်။ ကျွန်မ နည်းနည်း ကြောက်လာတယ်၊ ကိုယ့်အခြေအနေ မမှန်တော့မှန်း သဘောပေါက်လိုက်တယ်၊ ပြီးတော့ ဘုရားသခင်ရှေ့ကို အမြန်သွားပြီး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးမှာ ဦးနှောက်ကို သွေးရောက်တာ နည်းပြီး သွေးတိုးရှိတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့အတွက်၊ အဖေ့လိုပဲ လေဖြတ်ပြီး တစ်ခြမ်းသေသွားမှာ၊ ပြီးတော့ သေဆုံးသွားမှာကို ကြောက်ပါတယ်။ ဒါကြောင့်မို့လို့ သမီးတာဝန်တွေမှာ အားစိုက်ထုတ်တာ၊ စိတ်ဖိစီးခံတာတွေ မလုပ်ချင်ခဲ့ပါဘူး၊ အဲဒါက ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှုကို ဆိုးဆိုးရွားရွား ကျဆင်းစေခဲ့ပါတယ်။ ဘုရားသခင်၊ သမီး နောင်တရဖို့နဲ့ နာမကျန်းမှုနဲ့ပတ်သက်တဲ့ သမီးရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလိုပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။

အဲဒီနောက်မှာ ရောဂါဝေဒနာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရှိရှိ ရှာဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “ထို့နောက် ကျန်းမာရေး နုံချာသည့်သူများ၊ ကြံ့ခိုင်မှုအခြေအနေနည်းပြီး အားအင် ချို့တဲ့သည့် သူများ၊ အကြီးစား၊ သို့မဟုတ် အသေးစား နာမကျန်းဖြစ်ခြင်းဖြင့် မကြာခဏ နေမကောင်း ဖြစ်သည့်သူများ၊ နေ့စဉ်ဘဝတွင် လိုအပ်သည့် အခြေခံအမှုအရာများကိုပင် မလုပ်ဆောင်နိုင်သည့်သူများ၊ ပုံမှန်လူများကဲ့သို့ အသက်မရှင်နိုင်၊ သို့မဟုတ် ထူထူထောင်ထောင် မဖြစ်နိုင်သည့်သူများ ရှိသည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် မကြာခဏ သက်သောင့်သက်သာမရှိ ခံစားရပြီး နေမကောင်း ဖြစ်ကြသည်။ အချို့မှာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းကြသည်၊ အချို့မှာ တကယ့် နာမကျန်းမှုများ ရှိကြပြီး ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နိုင်သည့် အလားအလာ ရှိသူများလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့တွင် ထိုသို့သော လက်တွေ့ကျသည့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ရှိသောကြောင့် ထိုသို့သောလူများသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ မကြာခဏ ကျဆင်းပြီး စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်နေကြသနည်း။ မိမိတို့၏ တာဝန်ကို ဤသို့ ဆက်လက် ထမ်းဆောင်နေလျှင် ဤသို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး ပြေးလွှားနေကာ ဤသို့ အမြဲ ပင်ပန်းနွမ်းနယ်နေလျှင် ၎င်းတို့၏ ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလိမ့်မည်လော။ ၎င်းတို့ အသက် ၄၀ သို့မဟုတ် ၅၀ အရွယ်ရောက်သည့်အခါ မိမိတို့ အိပ်ရာများတွင် လှဲနေကြရမည်လောဟူသည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ ဤစိုးရိမ်မှုများ ခိုင်လုံသလော။ ဤအရာကို ကိုင်တွယ်ဖြေရှင်းသည့် ခိုင်မာသော နည်းလမ်းတစ်ခုကို တစ်ဦးတလေက ပေးလိမ့်မည်လော။ ဤအတွက် အဘယ်သူသည် တာဝန်ယူလိမ့်မည်နည်း။ အဘယ်သူ တာဝန်ရှိလိမ့်မည်နည်း။ နုံချာသည့် ကျန်းမာရေးရှိသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃))မွေးဖွားခြင်း၊ အိုမင်းသည့်အရွယ်၊ နာမကျန်းမှုနှင့် သေခြင်းတို့သည် လူသားမျိုးနွယ်ကြားတွင် မပြတ်တမ်းဖြစ်ပြီး ဘဝတွင် ရှောင်လွှဲ၍မရသော်လည်း မိမိတို့တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ ဇာတိခန္ဓာ၏ အခက်အခဲများ၊ ရောဂါများနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်း၊ ပူပန်သောက ရောက်ခြင်းနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းသွားကြသည့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ တစ်ခုခု၊ သို့မဟုတ် အထူး နာမကျန်းဖြစ်ခြင်းတစ်ခုခု ရှိကြသည့်သူများရှိသည်။ မိမိတို့ နာမကျန်းမှုနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြသည်၊ မိမိတို့၏ နာမကျန်းမှုက မိမိတို့ကို ဖြစ်စေမည့် အခက်အခဲများစွာနှင့်ပတ်သက်၍ ၎င်းတို့၏ နာမကျန်းမှုက ဆိုးရွားလာခြင်း ရှိမရှိ၊ အမှန်ဆိုးရွားလာပါက အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ဆိုသည်နှင့် ထိုနာမကျန်းမှုကြောင့် ၎င်းတို့ သေဆုံးမည်လောဆိုသည်တို့ကို စိုးရိမ်ကြသည်။ အထူး အခြေအနေများနှင့် အချို့သော ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာများတွင် ဤမေးခွန်းတစ်သီတစ်တန်းက ၎င်းတို့ကို စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ နွံနစ်လာစေပြီး မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ကြချေ။ ၎င်းတို့တွင် ရှိသည်ဟု သိထားပြီးသားဖြစ်သည့် ဆိုးရွားသော ရောဂါကြောင့်၊ သို့မဟုတ် ရှောင်ရှားရန် မည်သည့်အရာမျှ ၎င်းတို့ မလုပ်ဆောင်နိုင်သည့် ငုပ်နေသော ရောဂါတစ်ခုကြောင့် လူအချို့သည် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု အခြေအနေတစ်ခုတွင်ပင် အသက်ရှင်ကြပြီး ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ၏ လွှမ်းမိုးခြင်း၊ သက်ရောက်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ၎င်းတို့ ခံရလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင်ဖော်ထုတ်ထားတာက ကျွန်မအခြေအနေ အတိအကျပါပဲ။ ကျွန်မမှာ ရောဂါတွေ အများကြီးရှိနေတာ၊ ဆရာဝန်ကလည်း အသက်အန္တရာယ်ရှိတဲ့ ရောဂါလို့ ပြောထားတာ၊ ဆေးသောက်တာလည်း မထူးခြားဘူးဆိုတာတွေ တွေ့ရတယ်။ ရလဒ်အနေနဲ့ ကျွန်မက အမြဲတမ်း စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်ခဲ့ပြီး၊ ကိုယ့်ခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက်ဖို့အပေါ်မှာပဲ စိတ်ရောက်နေခဲ့တာ။ ကိုယ့်တာဝန်တွေအပေါ် ဝန်တာထားတဲ့စိတ် မရှိတော့ဘဲ၊ အားစိုက်ထုတ်ဖို့ ဒါမှမဟုတ် အနစ်နာခံဖို့ ဝန်လေးနေခဲ့တယ်။ ကျွန်မ အားစိုက်လေလေ၊ ဦးနှောက်သွေးရောက်နည်းတာနဲ့ သွေးတိုးရောဂါ အခြေအနေတွေ ပိုဆိုးလာလေလေ ဖြစ်မှာကို ကြောက်ခဲ့တယ်၊ ပြီးတော့ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်သွားရင် ကိုယ့်တာဝန်တွေကို မထမ်းဆောင်နိုင်တော့မှာကို စိုးရိမ်ခဲ့တာ။ အဲဒီအချိန်တုန်းက နေ့တိုင်း ကျွန်မ လက်မောင်းတွေနဲ့ လက်တွေ ထုံကျင်နေတယ်၊ ဒီရောဂါလက္ခဏာတွေ ပိုဆိုးလာရင် အဖေ့လိုပဲ ကိုယ်တစ်ခြမ်းသေပြီး နောက်ဆုံးမှာ သေတောင် သေသွားမှာကို ပူပန်ခဲ့တယ်။ မသေဘဲ မလှုပ်မရှားနိုင်တဲ့ လူမမာလို ဖြစ်သွားရင်တောင်၊ ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ဖို့အတွက် ကိုယ့်တာဝန်တွေကို ဘယ်လို ထမ်းဆောင်ပြီး ကောင်းမှုတွေကို ဘယ်လို ပြင်ဆင်နိုင်တော့မလဲပေါ့။ ငယ်ငယ်တုန်းက လူတစ်ယောက်က ဗေဒင်ဟောပြီး ကျွန်မ အသက် ၆၀ မှာ ရောဂါနဲ့ သေမယ်လို့ ပြောခဲ့တာကိုလည်း သတိရမိတယ်၊ အခု အသက် ၆၀ နားနီးလာတော့ တကယ်ပဲ သေရတော့မလားဆိုပြီး ပိုလို့တောင် စိုးရိမ်လာတယ်။ ကျွန်မက စိုးရိမ်ပူပန်တဲ့ အခြေအနေနဲ့ အသက်ရှင်နေပြီး ကိုယ့်တာဝန်တွေအပေါ် အာရုံမစိုက်ခဲ့ဘူး။ အလုပ်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ အရေးတကြီး ဖြေရှင်းဖို့စိတ်မရှိခဲ့ဘူး။ ဒါက ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှုကို ဆိုးဆိုးရွားရွား ကျဆင်းစေခဲ့တာလေ။ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ ဘုရားသခင်ရှေ့ကို အမြန်သွားပြီး သမ္မာတရားကို ရှာဖွေခဲ့တယ်။

ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “သင် နာမကျန်းဖြစ်သည့်အခါ ထိုအရာမှာ သင်၏ ယုတ္တိမတန်သော တောင်းဆိုချက်များနှင့် ဘုရားသခင်အကြောင်း သင်၏ လက်တွေ့မကျသည့် စိတ်ကူးစိတ်သန်းများ၊ အယူအဆများကို ထုတ်ဖော်ပြသရန် ဖြစ်ပြီး ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် သင်၏ ကျိုးနွံနာခံမှုတို့ကိုလည်း စမ်းသပ်စစ်ဆေးရန် ဖြစ်သည်။ ဤအရာများနှင့်ပတ်သက်သည့် စမ်းသပ်စစ်ဆေးခြင်းကို သင် အောင်မြင်ပါက သင်သည် စစ်မှန်သည့် သက်သေခံချက်နှင့် ဘုရားသခင်၌ သင့်ယုံကြည်ခြင်း၊ ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် သူ့ကို သင်၏ ကျိုးနွံနာခံခြင်းတို့နှင့်ဆိုင်သော စစ်မှန်သော သက်သေအထောက်အထား ရှိပေသည်။ ဤသည်မှာ ဘုရားသခင် အလိုရှိသည့်အရာဖြစ်ပြီး အဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်ကာ အသက်ရှင်နေထိုင်သင့်သည့် အရာဖြစ်သည်။ ဤအရာများအားလုံးသည် အပြုသဘောဆောင်ကြသည် မဟုတ်လော။ (အပြုသဘောဆောင်ကြပါသည်။) ဤအရာများသည် လူတို့ လိုက်စားသင့်ကြသည့် အရာများအားလုံး ဖြစ်၏။ ထို့အပြင် ဘုရားသခင်သည် သင့်ကို နာမကျန်းဖြစ်ခွင့်ပေးပါက သင်၏ နာမကျန်းဖြစ်ခြင်းကိုလည်း သင့်ထံမှ အချိန်နှင့် နေရာမရွေး ယူဆောင်သွားနိုင်သည် မဟုတ်လော။ (ယူဆောင်သွားနိုင်ပါသည်။) ဘုရားသခင်သည် သင်၏ နာမကျန်းဖြစ်ခြင်းကို သင့်ထံမှ အချိန်နှင့် နေရာမရွေး ယူဆောင်သွားနိုင်သောကြောင့် သူသည် သင်၏ နာမကျန်းဖြစ်ခြင်းကို သင့်အထဲတွင် ဆက်ရှိစေပြီး သင့်ကို လုံးဝ မစွန့်ခွာဘဲရော ဖြစ်စေနိုင်သလော။ (ဖြစ်စေနိုင်ပါသည်။) ပြီးလျှင် ဤနာမကျန်းဖြစ်ခြင်းကိုပင် သင့်အား လုံးဝ မစွန့်ခွာရန် ဘုရားသခင် ဖြစ်စေပါက သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်သေးသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို သင် ဆက်လက်ထိန်းသိမ်းနိုင်သလော။ ဤသည်မှာ စမ်းသပ်စစ်ဆေးမှုတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် နာမကျန်းဖြစ်ပြီးနောက် လအတော်ကြာပြီးနောက်တွင် နာလန်ထူလာပါက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ သူ့အပေါ် သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စမ်းသပ်စစ်ဆေးခြင်း မခံရသကဲ့သို့ သင့်ထံတွင် သက်သေခံချက် မရှိပေ။ နာမကျန်းဖြစ်ခြင်းကို လအနည်းငယ်ကြာ ကြံ့ကြံ့ခံရန်မှာ လွယ်ကူသော်လည်း သင်၏ နာမကျန်းဖြစ်ခြင်းက နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်ကြာ ဆက်ရှိနေပြီး သင်၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သစ္စာစောင့်သိရန် သင်၏ ဆန္ဒတို့သည် ပြောင်းလဲရမည့်အစား တိုး၍ စစ်မှန်လာပါက ဤသည်မှာ သင်သည် ဘဝတွင် ကြီးထွားပြီးဖြစ်ကြောင်း ပြသသည် မဟုတ်လာ။ ဤအကျိုးကို သင် ခံစားရသည် မဟုတ်လော။ (ခံစားရပါသည်။) ထို့ကြောင့် သမ္မာတရားကို အမှန်တကယ် လိုက်စားသူ တစ်စုံတစ်ဦး နာမကျန်းဖြစ်စဉ်တွင် မိမိ၏ နာမကျန်းဖြစ်ခြင်းက ဆောင်ကြဉ်းသည့် အကျိုးကျေးဇူး အမြောက်အမြားကို ကြုံရပြီး ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရလေသည်။ ၎င်းသည် မိမိ၏ နာမကျန်းဖြစ်ခြင်းကို ရှောင်ရှားရန် စိုးရိမ်တကြီး မကြိုးစား၊ သို့မဟုတ် ၎င်း၏ နာမကျန်းဖြစ်ခြင်းက ရှည်ကြာနေပါက ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်၊ မည်သည့် ပြဿနာများ ဖြစ်စေလိမ့်မည်၊ ပိုဆိုးသွားလိမ့်မည်လော၊ သို့မဟုတ် ၎င်းသေဆုံးသွားလိမ့်မည်လားဆိုသည်တို့ကို မစိုးရိမ်ချေ။ ထိုသို့သော အရာများနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိပေ။ ထိုသို့သော အရာများနှင့်ပတ်သက်၍ စိုးရိမ်းမှုမရှိခြင်းအပြင် ၎င်းသည် အပြုသဘောဆောင်စွာ ဝင်ရောက်နိုင်ပြီး ဘုရားသခင်၌ ယုံကြည်ခြင်း ရှိနိုင်သကဲ့သို့ အမှန်တကယ် ကျိုးနွံနာခံကာ သစ္စာစောင့်သိနိုင်ကြလေသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတွင် သက်သေခံချက် ရှိလာပြီး ဤအရာသည်လည်း ၎င်း၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ကြီးမားစွာ အကျိုးပြုကာ ၎င်း၏ ကယ်တင်ခြင်းရရှိခြင်းအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပေးလေသည်။ ယင်းမှာ နှစ်သက်ဖွယ်ဖြစ်လိုက်လေခြင်းပါတကား။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄))ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်လိုက်တယ်။ ဘုရားသခင်က ကျွန်မကို နာမကျန်းမှု ကြုံတွေ့ရစေတာဟာ၊ ရောဂါပျောက်ဖို့ ကြာမလား၊ မြန်မလားဆိုတာနဲ့ ဘုရားသခင်က ကုပေးသည်ဖြစ်စေ၊ မကုပေးသည်ဖြစ်စေ၊ နာမကျန်းဖြစ်နေချိန်မှာ ကျွန်မဆီမှာ စစ်မှန်တဲ့ ကျိုးနွံနာခံမှု ရှိမရှိ ဘုရားသခင်က မြင်ချင်တာပါ။ ကိုယ့်တာဝန်တွေအပေါ် ကျွန်မ သစ္စာရှိမရှိ ဘုရားသခင်က စစ်ဆေးချင်တာ၊ ပြီးတော့ ပိုအရေးကြီးတာက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲပေးချင်တာလေ။ ဒါပေမဲ့ ကျွန်မမှာ အသက်အန္တရာယ်ရှိတဲ့ ရောဂါရှိတယ်လို့ ဆရာဝန် ပြောတာကြားလိုက်တော့ ကျွန်မ ချက်ချင်းပဲ စိုးရိမ်ပူပန်တဲ့ အခြေအနေထဲ ကျရောက်သွားခဲ့တယ်။ ကျွန်မရောဂါ ပိုဆိုးလာမှာ၊ ဒါမှမဟုတ် ကိုယ်တစ်ခြမ်းသေသွားမှာကို ကြောက်ခဲ့တယ်၊ ပြီးတော့ ရောဂါပိုဆိုးလာပြီး သေသွားရင် ကယ်တင်ခြင်းမခံရဘဲ ကောင်းကင်နိုင်ငံတော်ထဲ မဝင်ရမှာကိုလည်း ကြောက်ခဲ့တာ။ ကျွန်မမှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံမှု မရှိရုံတင်မကဘူး၊ အိမ်ကနေထွက်ပြီး တာဝန်ထမ်းဆောင်နေတာကို ဘုရားသခင်နဲ့ အပေးအယူလုပ်စရာအနေနဲ့တောင် အသုံးပြုပြီး ဆင်ခြေပေးဖို့ ကြိုးစားခဲ့တယ်။ ဘုရားသခင်က ကျွန်မရောဂါကို မဖယ်ရှားပေးဘူးဆိုပြီး ညည်းညူခဲ့တယ်၊ လက်ရှိ လုပ်နေတဲ့ အသင်းတော်အလုပ်ကို ပစ်ထားခဲ့ပြီး အိမ်ပြန် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့တောင် တွေးခဲ့သေးတာ။ ကျွန်မဆီမှာ ဘယ်လိုနည်းနဲ့များ ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုနဲ့ သစ္စာရှိမှု ရှိခဲ့လို့လဲ။ အရင်တုန်းက ခဏလောက် ခေါင်းကိုက်တာမျိုး ဖြစ်တုန်းကတော့ ကျွန်မ ကိုယ့်တာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်နိုင်ခဲ့သေးတယ်၊ ဘုရားသခင်အပေါ် ငါ တော်တော် သစ္စာရှိပါလားလို့လည်းခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒီနှစ် ရောဂါကို ဆေးစစ်လိုက်လို့ မကုဘဲထားရင် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုတာ သိလိုက်ရတော့၊ ကိုယ့်တာဝန်မှာ အနစ်နာမခံချင်တော့ဘဲ အေးအေးလူလူနဲ့ ဝတ်ကျေတမ်းကျေ ဖြစ်လာခဲ့တယ်၊ အဲဒါက အသင်းတော်တချို့ရဲ့ ဧဝံဂေလိအလုပ်ကို ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တာပေါ့။ ကျွန်မ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့သလဲ၊ ပြီးတော့ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံမှု ဘယ်လောက် ကင်းမဲ့ခဲ့သလဲဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ဒီရောဂါက ကျွန်မကို လုံးလုံးလျားလျား ထုတ်ဖော်လိုက်တာပဲ၊ ဒီရောဂါသာ ကျွန်မမှာ မဖြစ်ခဲ့ရင်၊ ကျွန်မက ဘုရားသခင်အပေါ် သစ္စာရှိမှုနဲ့ ကျိုးနွံနာခံမှု သရဖူကို ကိုယ့်ခေါင်းပေါ်မှာ အရှက်မရှိ ဆောင်းနေဦးမှာ။ ဘုရားသခင်က ကျွန်မကို သန့်စင်ဖို့နဲ့ ကယ်တင်ဖို့ ဒီရောဂါကို အသုံးပြုနေတာပဲ။ ဒီရောဂါက ဘုရားသခင် ကျွန်မအတွက် ပြင်ဆင်ပေးထားတဲ့ အရမ်း ကောင်းမွန်တဲ့ စားသောက်ပွဲကြီးပါလား။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်လိုက်တော့၊ ကျွန်မ ရင်ထဲမှာ အများကြီး အေးချမ်းသွားတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးရောဂါ သက်သာလာသည်ဖြစ်စေ၊ ပိုဆိုးလာသည်ဖြစ်စေ၊ သမီးရဲ့ စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ လိုလားနေပါတယ်။ ပြီးတော့ ကိုယ့်တာဝန်ကို အမြန်ဆုံး စိတ်နှစ်ပါ့မယ်။ သမီး ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ဆင်ခြင်သုံးသပ်နိုင်ဖို့နဲ့ သင်ခန်းစာတွေ ယူနိုင်ဖို့ ဦးဆောင်ပေးတော်မူပါ” လို့ပေါ့။

ကျွန်မ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး ဆင်ခြင်သုံးသပ်မိတယ်။ ဘုရားသခင်ကို ယုံကြည်လာတာ ဒီလောက်နှစ်တွေ ကြာနေပေမဲ့ ရောဂါမသက်သာတဲ့အခါ ဘာလို့ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးပြီး ကိုယ့်တာဝန်မှာ စိတ်အားထက်သန်မှု မရှိတော့တာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်။ ဆင်ခြင်သုံးသပ်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “သင်တို့၏ သစ္စာစောင့်သိမှုသည် စကားဖြင့်သာ ဖြစ်၏၊ သင်တို့၏အသိသည် အတွေးအခေါ်၊ အယူအဆများနှင့် ဆိုင်၏။ သင်တို့၏ အားစိုက်ထုတ်မှုများသည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်ဖြစ်သည်၊ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ ယနေ့တွင်ပင် သင်တို့သည် သမ္မာတရား၏ စကားတစ်လုံး စီတိုင်းကို နားမထောင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ကျွန်မရဲ့ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်တွေက တကယ်ပဲ ချက်ကျလက်ကျ ထိုးနှက်လိုက်တာပါပဲ။ ကျွန်မက ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်း၊ အနစ်နာခံရင်း၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံနေခဲ့ပုံ ရပေမဲ့၊ စိတ်ထဲမှာတော့ ကောင်းချီးတွေ ရချင်တဲ့ ရည်ရွယ်ချက် ရှိနေခဲ့တာ။ ဒီနှစ်တွေမှာ နေမကောင်းဖြစ်တာတောင် တာဝန်ကို ဇွဲနပဲနဲ့ ထမ်းဆောင်ခဲ့တာပဲ၊ ကုသိုလ်မရရင်တောင် အနည်းဆုံးတော့ ငါ ကြိုးစားခဲ့တာပဲဆိုပြီး တွေးခဲ့တယ်၊ ပြီးတော့ ဒါတွေကို အရင်းအနှီးပြုပြီး ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေ ရဖို့ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တာလေ။ ကျွန်မအခြေအနေက လေဖြတ်တာ၊ ဒါမှမဟုတ် သေတဲ့အထိတောင် ဖြစ်လာနိုင်တယ်၊ ပြီးတော့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ဖို့ မျှော်လင့်ချက်တွေ ပျက်စီးတော့မယ်လို့ မြင်လိုက်ရတဲ့အခါ၊ ဘုရားသခင်ကို သစ္စာဖောက်တဲ့ ကျွန်မရဲ့ သဘာဝက အကုန် ဖော်ထုတ်ခံလိုက်ရတာပဲ။ ကိုယ့်တာဝန်တွေအပေါ် ဝန်တာထားတဲ့စိတ် ပျောက်ဆုံးလာပြီး၊ ရောဂါပျောက်ဖို့ တိုင်းရင်းဆေးနည်းတွေ ရှာဖို့ပဲ စိတ်ရောက်နေခဲ့တာ။ ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှု ကျဆင်းနေတာကို ဖြေရှင်းဖို့ စိတ်မပါတော့ဘဲ၊ အရမ်း အလုပ်ကြိုးစားလို့ သေသွားရင် ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေ မရမှာကိုပဲ ကြောက်နေခဲ့တာ။ ကျွန်မက နောက်ဆုတ်ဖို့ အစီအစဉ်ကိုတောင် စဉ်းစားပြီး လက်ရှိလုပ်နေတဲ့ အလုပ်တွေကို စွန့်လွှတ်ဖို့နဲ့ အိမ်ပြန်ဖို့ တွေးခဲ့သေးတယ်။ ကျွန်မမှာ တကယ်ကို သစ္စာမရှိဘူး၊ ပြီးတော့ ကောင်းချီးတွေ ရဖို့သက်သက်ပဲ ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့တာဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ဒီရောဂါကတစ်ဆင့် ကျွန်မ ထုတ်ဖော်မခံရရင်၊ ယုံကြည်ခြင်းမှာ ကောင်းချီးတွေ ရှာဖွေနေတဲ့ ကျွန်မရဲ့ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေ၊ ဒါမှမဟုတ် ဘုရားသခင်အပေါ် အကျိုးကြောင်းမသင့်တဲ့ တောင်းဆိုမှုတွေ လုပ်နေတာတွေကို ကျွန်မ သတိပြုမိလာမှာ မဟုတ်ဘူး။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်မလို လူတစ်ယောက်က နိုင်ငံတော်ထဲဝင်ပြီး ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ခံစားချင်နေသေးတာဟာ တကယ့်ကို ရှက်စရာကောင်းလိုက်တာ။ ကျွန်မ အကြွေးတင်သလို၊ အပြစ်ရှိသလို ခံစားရတယ်။ ကျွန်မက ဖန်ဆင်းခံတစ်ဦး ဖြစ်တဲ့အတွက် ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ ဘုရားသခင်ဆီက သမ္မာတရား ထောက်ပံ့မှုတွေကို ကျွန်မ အများကြီး ခံစားခဲ့ရပြီးပြီ၊ ဒါကြောင့် ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ ကိုယ့်တာဝန်တွေကို ခြွင်းချက်မရှိ ကောင်းကောင်း ဖြည့်ဆည်းသင့်တာပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့၊ သေခြင်းတရားအကြောင်းကို ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်သည် အခြားသော ကိစ္စရပ်များကဲ့သို့ တူညီသည့် သဘောသဘာဝ ရှိပေသည်။ ထိုအရာသည် လူ၏ အလိုဆန္ဒဖြင့် ပြောင်းလဲ၍ရနိုင်ရန် မဆိုထားနှင့် မိမိတို့ကိုယ်ကိုအတွက် ရွေးချယ်ရန်မှာ လူတို့ သဘောအတိုင်း မဟုတ်ပေ။ သေခြင်းသည် ဘဝတွင်ရှိသည့် အခြားသော အရေးပါသည့် မည်သည့်အဖြစ်အပျက်နှင့်မဆို တူညီပေသည်။ ဖန်ဆင်းရှင်၏ ကြိုတင်စီမံထားခြင်းနှင့် အချုပ်အခြာအာဏာ အောက်တွင် လုံးဝ ရှိ၏။ တစ်စုံတစ်ဦးသည် သေဖို့အတွက် အနူးအညွတ် တောင်းပန်မည်ဆိုပါက ၎င်းတို့ သေချာပေါက် သေကောင်း မသေနိုင်ပေ။ အသက်ရှင်ဖို့ အနူးအညွတ် တောင်းပန်မည်ဆိုလျှင် သေချာပေါက် ရှင်ကောင်းမရှင်နိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံထားခြင်းအောက်တွင် ရှိပြီး ဘုရားသခင်၏ ဩဇာအာဏာအားဖြင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားဖြင့် ပြောင်းလဲကာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သင်သည် ဆိုးရွားသည့် နာမကျန်းမှုတစ်ခု၊ သေစေနိုင်ခြေရှိသည့် ဆိုးရွားသော နာမကျန်းမှုတစ်ခု ကူးစက်ခံရသည်ဆိုပါစို့၊ သင် သေချာပေါက် သေလိမ့်မည်မဟုတ်။ သင် သေမည်၊ မသေမည်ကို မည်သူ ဆုံးဖြတ်သနည်း။ (ဘုရားသခင် ဆုံးဖြတ်ပါသည်။) ဘုရားသခင် ဆုံးဖြတ်၏။ ထိုသို့သော အရာတစ်ခုကို ဘုရားသခင် ဆုံးဖြတ်ပြီး လူတို့က မဆုံးဖြတ်နိုင်သည့်အတွက် လူတို့သည် မည်သည့်အရာနှင့်ပတ်သက်၍ ပူပန်သောကရောက်ကာ စိတ်ဖိစီးကြသနည်း။ သင်၏ မိဘများ မည်သူဖြစ်သည်ဆိုသည်နှင့် မည်သည့်အချိန်နှင့် နေရာတွင် သင် မွေးဖွားသည်ဆိုသည်တို့ကဲ့သို့ ဖြစ်သည်။ ဤအရာများကိုလည်း သင် ရွေးချယ်၍မရနိုင်ပေ။ ဤကိစ္စရပ်များတွင် အမြော်အမြင်အရှိဆုံးသော ရွေးချယ်မှုမှာ ဤအရာများကို ၎င်းတို့ဘာသာ ဖြစ်ခွင့်ပေးရန်၊ ကျိုးနွံနာခံရန်၊ မရွေးချယ်ရန်၊ ဤကိစ္စရပ်အပေါ် မည်သည့် အတွေး၊ သို့မဟုတ် အားအင်မျှ မသုံးစွဲရန်နှင့် ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်း၊ သို့မဟုတ် စိုးရိမ်ခြင်း မရှိရန် ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကိုအတွက် မရွေးချယ်နိုင်ကြသည့်အတွက် ဤကိစ္စရပ်အပေါ် အလွန်များသော အားအင်နှင့် အတွေး သုံးစွဲခြင်းသည် မိုက်မဲပြီး ဉာဏ်အမြော်အမြင်မရှိပေ။ အလွန်တရာ အရေးကြီးသည့် သေခြင်းနှင့်ဆိုင်သော ကိစ္စရပ်ကို ရင်ဆိုင်ရသည့်အခါ လူတို့ လုပ်ဆောင်သင့်သည့်အရာမှာ ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်းရှိရန်၊ သို့မဟုတ် စိုးရိမ်သောကရောက်ရန်၊ သို့မဟုတ် ကြောက်ရွံ့ရန် မဟုတ်ဘဲ မည်သည့်အရာ ဖြစ်သနည်း။ လူတို့ စောင့်ဆိုင်းသင့်သည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) မှန်ပါသလော။ စောင့်ဆိုင်းခြင်းဆိုသည်မှာ သေခြင်းကို စောင့်ဆိုင်းခြင်းဟု ဆိုလိုသလော။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ သေရန် စောင့်ဆိုင်းခြင်းလော။ ဤသည်မှာ မှန်ကန်သလော။ (မဟုတ်ပါ။ လူတို့သည် ထိုသေခြင်းကို အပြုသဘောဆောင်စွာ ရင်ဆိုင်သင့်ပြီး ကျိုးနွံနာခံသင့်ကြပါသည်။) မှန်ပေ၏၊ သေခြင်းကို စောင့်ဆိုင်းခြင်း မဟုတ်ပေ။ သေခြင်းအပေါ် ကြောက်လန့်ခြင်း မရှိနှင့်၊ ပြီးလျှင် သေခြင်းအကြောင်း တွေးလျက် သင်၏ အားအင်ရှိသမျှကို အသုံးမပြုနှင့်။ ‘ငါ သေလိမ့်မည်လား။ မည်သည့်အချိန်တွင် ငါ သေလိမ့်မည်နည်း။ သေပြီးနောက် မည်သည့်အရာကို ငါ လုပ်ဆောင်လိမ့်မည်နည်း’ဟု တစ်နေ့လုံး မစဉ်းစားနှင့်။ ထိုအကြောင်းကို တွေးကိုမတွေးနှင့်။ လူအချို့က ‘ထိုအကြောင်းကို အဘယ်ကြောင့် မတွေးရမည်နည်း။ ကျွန်ုပ် သေတော့မည့်အချိန်တွင် အဘယ်ကြောင့် ထိုအကြောင်းကို မတွေးရမည်နည်း’ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် သင်သေမည်၊ မသေမည်ကို မသိရသကဲ့သို့ ဘုရားသခင်က သင့်ကို သေခွင့်ပြုမည်လောဟူသည်ကို မသိရသောကြောင့် ဖြစ်သည်။ ဤအရာများကို မသိရပေ။ အထူးသဖြင့် မည်သည့်အချိန်တွင် သင်သေမည်၊ မည်သည့်နေရာတွင် သင်သေမည်၊ မည်သည့်အချိန်ကာလတွင် သင် သေမည်၊ သို့မဟုတ် သင်သေသည့်အခါ သင်၏ ခန္ဓာက မည်သို့ ခံစားရလိမ့်မည်ဆိုသည်တို့ကို မသိရပေ။ သင်မသိသည့်အရာများအကြောင်း တွေးတောရင်းနှင့် တွေးဆရင်း ဦးနှောက်ခြောက်ခံစဉ်းစားခြင်းနှင့် ထိုအရာများအကြောင်း ပူပန်သောကရောက်ပြီး စိုးရိမ်ခြင်းအားဖြင့် သင့်ကို မိုက်မဲစေသည် မဟုတ်လော။ သင့်ကို မိုက်မဲစေသည့်အတွက်၊ ဤအရာများနှင့်ပတ်သက်၍ သင် ဦးနှောက်ခြောက်ခံ မစဉ်းစားသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄))သင်သည် ဘုရားသခင်နောက်သို့လိုက်ပြီး သူ့ကို ယုံကြည်ကြောင်း ပြောသော်လည်း တစ်ချိန်တည်းတွင်ပင် အယူသီးခြင်းများ၏ ထိန်းချုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို သင် ခံနေရသည်။ အယူသီးခြင်းများက လူတို့အထဲတွင် သွတ်သွင်းထားသည့် အတွေးများကိုပင် သင် လိုက်နာနိုင်စွမ်းရှိပြီး သာ၍ဆိုးရွားစွာပင် သင်တို့ထဲမှအချို့သည် အယူသီးမှုများပါဝင်သည့် ဤအတွေးများနှင့် အချက်အလက်များကို ကြောက်ရွံ့ကြ၏။ ဤသည်မှာ ဘုရားသခင်ကို အကြီးမားဆုံး ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ရုံတင်မက ဘုရားသခင်၏ အချုပ်အခြာအာဏာကို အတိုက်အခံလုပ်ရာတွင် စာတန်နောက်သို့လည်း သင် လိုက်လျှောက်နေပေသည်။ ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုက ကျွန်မကို ကြောက်ရွံ့စေခဲ့တယ်။ အခုတလော ကျွန်မအခြေအနေ ပိုဆိုးလာတာ၊ ဆရာဝန်က အသက်အန္တရာယ်ရှိတဲ့ ရောဂါလို့ ပြောတာတွေကို တွေးမိပြီး၊ တစ်ခါက လက္ခဏာဆရာတစ်ယောက် ပြောဖူးတဲ့ ကျွန်မ အသက် ၆၀ မှာ ရောဂါနဲ့ သေမယ်ဆိုတာကို သတိရလိုက်တာနဲ့ ချက်ချင်းပဲ စိုးရိမ်ပူပန်တဲ့ အခြေအနေထဲမှာ နေထိုင်မိသွားတာ။ ကျွန်မ တကယ်သေသွားမှာကို ကြောက်ပြီးတော့ ဒီရောဂါကို အမြန်ဖယ်ရှားချင်လို့ ကုသမှုအမျိုးမျိုးကို စမ်းသပ်ခဲ့တာလေ။ အခု ပြန်ကြည့်လိုက်တော့ ကျွန်မ တကယ့်ကို အမြင်ကန်းပြီး မိုက်မဲခဲ့တယ်ဆိုတာ တွေ့လိုက်ရတယ်။ ကျွန်မရဲ့ သေခြင်း၊ ရှင်ခြင်းက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတာ၊ ကျွန်မ ဘယ်အချိန်၊ ဘယ်လို သေမယ်ဆိုတာ အားလုံးက ဘုရားသခင်ရဲ့ ကြိုတင်သတ်မှတ်ချက်နဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတာပါ။ ကျွန်မ နေမကောင်းဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ကြိုတင်သတ်မှတ်ထားတဲ့ အချိန်ရောက်လာရင်၊ ရောဂါမရှိရင်တောင် သေရမှာပဲ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့အချိန် မရောက်သေးရင်၊ ရောဂါအကြီးအကျယ် ဖြစ်ရင်တောင် သေမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အာဏာနဲ့ အချုပ်အခြာအာဏာကို နားမလည်ခဲ့ဘဲ၊ လက္ခဏာဆရာ ပြောတာတွေရဲ့ လွှမ်းမိုးမှုနဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတော့ သူပြောတာ တကယ်ဖြစ်လာမှာကို ကြောက်နေခဲ့တာ။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ရဲ့ နေရာက ဘယ်မှာလဲ။ ဘုရားသခင်ရဲ့ ကြိုတင်သတ်မှတ်ချက်နဲ့ အချုပ်အခြာအာဏာကို ကျွန်မ ငြင်းပယ်နေတာ မဟုတ်ဘူးလား။ ဒါက ဘုရားသခင်ကို စော်ကားတာပဲ။ ကျွန်မ တကယ်ကို နားဝေတိမ်တောာင်ဖြစ်နေခဲ့တာ၊ ကိုယ့်ပါးကိုယ် ရိုက်ချင်စိတ်တောင် ပေါက်မိတယ်။ ကျွန်မ အဖေ့ကို သတိရမိတယ်၊ ကုသဖို့ ပိုက်ဆံတွေအများကြီး သုံးခဲ့ပေမဲ့ ရောဂါမပျောက်ခဲ့ဘူးလေ။ အသက် ၄၀ မှာပဲ ဆုံးသွားခဲ့တယ်။ အဲဒါ သူ့ကံကြမ္မာပဲ။ သူ သေရဖို့ သတ်မှတ်ထားတဲ့အချိန် ရောက်လာတော့၊ ဘယ်သူမှ သူ့ကို အသက်ရှင်အောင် မထားနိုင်ခဲ့ဘူး။ ပြောင်းပြန်အနေနဲ့၊ ကင်ဆာဖြစ်နေတာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ ညီအစ်မတစ်ယောက်ရဲ့ အဘိုးကိုလည်း တွေ့ခဲ့ဖူးတယ်။ ဆရာဝန်တွေကတော့ သူ အသက်ရှည်ရှည်နေရမှာ မဟုတ်ဘူးလို့ ပြောကြပေမဲ့၊ ရောဂါရှိမှန်း သိပြီးတာတောင် ဘာကုသမှုမှ မခံယူဘဲ နှစ်တွေအများကြီး ဆက်အသက်ရှင်နေတာပဲ။ အသက် ၇၀ ကျော်တဲ့အထိ ပုံမှန် ဈေးသွားနေတုန်းပဲလေ။ ကျွန်မမှာ ရောဂါတချို့ ရှိနေပေမဲ့၊ အခြေအနေ ပိုဆိုးလာမလား၊ လေဖြတ်တာ၊ ကိုယ်တစ်ခြမ်းသေပြီး သေဆုံးတဲ့အထိတောင် ဖြစ်လာမလားဆိုတဲ့အရာတွေက ကျွန်မ ကြိုမသိနိုင်သလို ထိန်းချုပ်လို့လည်း မရဘူး။ ဒါပေမဲ့ ကျွန်မက စိုးရိမ်ပူပန်မှုတွေထဲမှာ ပိတ်မိနေပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ စိတ်မပါတော့ဘူး ဖြစ်နေတာ။ ဒါ ကျွန်မ မိုက်မဲတာ မဟုတ်ဘူးလား။ ကျွန်မ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ဘုရားသခင်ရဲ့ ကြိုတင်သတ်မှတ်ချက်နဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်၊ ပြီးတော့ ကျွန်မ ကြိုမသိနိုင်တဲ့၊ ထိန်းချုပ်လို့မရတဲ့ အရာတွေအတွက် မစိုးရိမ်သင့်ဘူး၊ စိတ်မပူသင့်ဘူး။ ဦးနှောက်က ပုံမှန် အလုပ်လုပ်နေတုန်းပဲ၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ အားအင်ရှိနေသေးတာမို့၊ ကျွန်မ အခြေအနေကို အမြန်ပြောင်းလဲရမယ်၊ စိတ်ထားကို ပြုပြင်ပြီး ကိုယ့်တာဝန်တွေအပေါ် စိတ်နှစ်ရမယ်။ ဧဝံဂေလိအလုပ်မှာရှိတဲ့ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းဖို့ အကောင်းဆုံးကြိုးစားရမယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေတွေကို ဖြေရှင်းပေးရမယ်၊ ပြီးတော့ ဧဝံဂေလိဟောပြီး ဘုရားသခင်အတွက် သက်သေခံဖို့ သူတို့ကို တိုက်တွန်းအားပေးရမယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ငတ်မွတ်တဲ့ လူတွေကို ကယ်တင်ခြင်း ခံရဖို့ ကိုယ်တော်ရဲ့ အိမ်တော်ဆီ ပိုခေါ်လာရမယ်။ ဒီလိုဆိုရင် ကျွန်မ သေသွားရင်တောင် နောင်တရစရာ မရှိတော့ပါဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်ခဲ့တယ်။ “လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။...တစ်ချက်တွင် ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အခြားတစ်ချက်တွင် သင်၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသော အရာမှန်သမျှကို သင်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခြင်း၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သော၊ သင်၏ ကိုယ်ပိုင်အသိတရားဖြင့် ငြိမ်းချမ်းစွာနေနိုင်ပြီး သူတစ်ပါးတို့၏ အမြင်တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သက်သေပြသောနေရာသို့ ရောက်ရှိခြင်းဖြစ်သည်။ နောက်တစ်ဆင့် တက်လျှင် သင်၏ ဘဝတစ်လျှောက်တွင် သင်မွေးဖွားသည့် မိသားစု၊ သင်၏ ပညာရေးနောက်ခံ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ ဘဝတွင် လူတို့ နားလည်သဘောပေါက်သင့်သည့် သဘောတရားများကို သင် နားလည်မှုအချို့ ရှိရမည်။ ဥပမာ မည်သို့သော လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ မည်သို့ အသက်ရှင်သင့်သည်၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့ အသက်ရှင်သင့်သည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အနည်းဆုံးအနေဖြင့် ဘဝ၏ စစ်မှန်သော တန်ဖိုးအနည်းငယ်ကို စူးစမ်းလေ့လာသင့်သည်။ ဤဘဝကို အချည်းနှီး အသက်ရှင်၍ မရပေ။ ပြီးလျှင် ဤကမ္ဘာမြေပေါ်သို့ အချည်းနှီးရောက်ရှိလာ၍ မရပေ။ အခြားအချက်တွင် သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော အထူးတာဝန်၊ တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောမည် မဟုတ်။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။ ဥပမာ အသင်းတော်တွင် လူအချို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကို အားကုန်စိုက်ထုတ်၍ လုပ်ဆောင်ကြပြီး ၎င်းတို့ တစ်ဘဝလုံး၏ အားအင်ကို ဆက်ကပ်အပ်နှံကြသည်။ အဖိုးအခ ကြီးစွာပေးဆပ်ပြီး လူများစွာကို ရရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ဘဝများသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းမရှိ၊ ၎င်းတို့သည် တန်ဖိုးရှိပြီး ကိုယ်စိတ်ချမ်းသာမှု ရှိသည်ဟူ၍ ၎င်းတို့က ခံစားရသည်။ ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ တစ်ဘဝလုံးကို အနှစ်ချုပ်ပြီး ၎င်းတို့ အစဉ်လုပ်ဆောင်ခဲ့သမျှတိုင်းကို၊ ၎င်းတို့ လျှောက်ခဲ့သောလမ်းကို ပြန်လည်စဉ်းစားသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်သက်သာမှုကို တွေ့ရှိကြသည်။ အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ မခံစားရပေ။...လူသားဘဝ၏ တန်ဖိုးနှင့် လိုက်လျှောက်ရန် လမ်းမှန်တွင် တန်ဖိုးရှိသောအရာတစ်ခုကို ဖြစ်မြောက်ခြင်းနှင့် တန်ဖိုးရှိသော အလုပ်တစ်ခု၊ သို့မဟုတ် များစွာကို ပြီးမြောက်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ အသက်မွေးအလုပ်ဟု မခေါ်ပေ။ လမ်းမှန်ဟု ခေါ်ပြီး သင့်လျော်သော အလုပ်တာဝန်ဟုလည်း ခေါ်သည်။ ပြောလော့။ လူတစ်ယောက်သည် တန်ဖိုးရှိသောအလုပ်အချို့ကို ပြီးမြောက်ရန်၊ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသော ဘဝကို အသက်ရှင်ရန်၊ သမ္မာတရားကို လိုက်စားပြီး ရယူရန်အတွက် အဖိုးအခပေးဆပ်ဖို့ ထိုက်တန်သလော။ သင်သည် အမှန်တကယ်ပင် သမ္မာတရားကို နားလည်ခြင်းအား လိုက်စားရန်၊ ဘဝတွင် လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းရန်၊ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ရန် ဆန္ဒရှိလျှင် သင်၏ အားအင်အလုံးစုံကို ပေးဆပ်ရန်၊ အဖိုးအခများအားလုံးပေးဆပ်ရန်၊ သင်၏အချိန်နှင့် ဘဝသက်တမ်း တစ်ခုလုံးကို ပေးဆပ်ရန် တွန့်ဆုတ်မည်မဟုတ်။ ဤအချိန်ကာလအတွင်းတွင် ဖျားနာခြင်းအနည်းငယ်ကို သင်ကြုံတွေ့ရလျှင် ယင်းသည် အရေးကြီးမည်မဟုတ်၊ သင့်အား ဒုက္ခပေးမည်မဟုတ်ပေ။ ဤသည်မှာ ဘဝတစ်လျှောက်လုံး အေးဆေးပြီး လွတ်လပ်ခြင်း၊ အလဟဿနေထိုင်ခြင်း၊ အာဟာရကောင်းကောင်း ပြည့်ဝပြီး ကျန်းမာသည်အထိ ရုပ်ခန္ဓာကို ပျိုးထောင်၍ အဆုံး၌ အသက်ရှည်ခြင်းတို့ထက် အလွန်ပင်ပို၍ သာလွန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤရွေးချယ်စရာနှစ်ခုထဲမှ မည်သည့်တစ်ခုက တန်ဖိုးရှိသောဘဝ ဖြစ်သနည်း။ လူတို့သည် အဆုံးတွင် သေခြင်းကို ရင်ဆိုင်ရသောအခါ မည်သည့်တစ်ခုက ၎င်းတို့ကို သက်သာခြင်း၊ နောင်တမရှိခြင်းကို ယူဆောင်လာနိုင်သနည်း။ (အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်း ဖြစ်သည်။) အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေခြင်းဖြစ်သည်။ ဤအရာက သင်၏ စိတ်နှလုံးထဲတွင် သင်သည် တစ်စုံတစ်ခုကို ရရှိပြီးဖြစ်ကာ စိတ်သက်သာရာရပြီးဖြစ်သည်ဟု ဆိုလိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုအောက်မှာ၊ လူတစ်ယောက်က အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ဘယ်လို ရှင်သန်နိုင်မလဲဆိုတာ ကျွန်မ နားလည်လိုက်တယ်၊ ပြီးတော့ ကျွန်မ စိတ်နှလုံးက အများကြီး အားတက်သွားတယ်။ ကျွန်မက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်း ခံရတဲ့သူပါ၊ ဒါပေမဲ့ ဒီနေ့မှာတော့ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းကို ခံရပြီး ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်နိုင်တယ်။ ဧဝံဂေလိဟောပြီး ဖန်ဆင်းရှင်အတွက် သက်သေခံဖို့ အသက်ရှင်ပြီး ဆင်းရဲဒုက္ခနဲ့ အမှောင်ထုထဲမှာ နေထိုင်နေရသူတွေကို ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ရရှိဖို့ ကိုယ်တော့်ဆီ ဦးဆောင်ရတယ်။ ဒါက တကယ့်ကို တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ အရာပဲ။ ကျွန်မတို့က ဖုန်မှုန့်လောက်တောင် တန်ဖိုးမရှိပေမဲ့၊ ဘုရားသခင်က ကျွန်မတို့ကို ကျေးဇူးတော်နဲ့ ဆက်ဆံတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုကို အများကြီး ခံစားရတယ်၊ သမ္မာတရားတွေနဲ့ နက်နဲမှုတွေ အများကြီးကို ကျွန်မတို့ နားလည်ရတယ်၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်ရတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရပြီး ကြီးမားတဲ့ ကပ်ဘေးတွေကနေ အသက်ရှင်ကျန်ရစ်နိုင်တယ်။ ဒါက ကြီးမားတဲ့ ကောင်းချီးတစ်ခုပဲလေ။ စိတ်ကူးလို့တောင်မရတဲ့ ရှားပါးတဲ့ ဒီအခွင့်အရေးကိုသာ ကျွန်မတို့ လွဲချော်သွားရင်၊ တကယ့်ကို နောင်တရစရာကြီး ဖြစ်မှာ။ ကျွန်မက ကိုယ့်ခန္ဓာကိုယ်ကိုပဲ ဂရုစိုက်ပြီး၊ ကိုယ့်တာဝန်မှာ အားစိုက်ဖို့၊ အနစ်နာခံဖို့ ဝန်လေးနေမယ်ဆိုရင်၊ ကိုယ့်ခန္ဓာကိုယ် ကျန်းမာလာအောင် ပြုစုရင်တောင်မှ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ခဲ့ဘူး၊ ဖန်ဆင်းခံတစ်ဦးရဲ့ လုပ်ဆောင်ချက် ဆုံးရှုံးသွားပြီဆိုရင်၊ ကျွန်မက လမ်းလျှောက်နေတဲ့ အလောင်းကောင်လို အသက်ရှင်နေတာ မဟုတ်ဘူးလား။ ဝိညာဉ်ရဲ့ နာကျင်မှုက ပြန်အစားထိုးလို့ မရနိုင်တဲ့ အရာပဲ။ အဲဒီနောက်မှာ ဧဝံဂေလိအမှုဆောင်တွေကို ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေအကြောင်း ကျွန်မ အမြန် မိတ်သဟာယပြုပေးခဲ့တယ်။ သူတို့ရဲ့ ဧဝံဂေလိအလုပ်မှာ ပြဿနာတွေ၊ လမ်းလွဲတာတွေ တွေ့ရတဲ့အခါ၊ ဖြေရှင်းနည်းတွေကို ချက်ချင်း မိတ်သဟာယပြုပေးခဲ့တော့ ဧဝံဂေလိအလုပ်က တဖြည်းဖြည်း တိုးတက်လာတယ်။ နှစ်လကြာတော့ ဒီအသင်းတော်တွေရဲ့ ဧဝံဂေလိအလုပ် ရလဒ်တွေက နှစ်ဆ တိုးတက်လာတယ်။ အဲဒီနောက်မှာ ကျွန်မ ဆေးသောက်တာ ရပ်လိုက်တယ်၊ သွေးပေါင်ချိန် ပုံမှန် ပြန်ဖြစ်သွားပြီး ခေါင်းအုံတာ၊ ခေါင်းကိုက်တာမရှိတော့ဘူး။ အလုပ်မရှုပ်တဲ့အချိန်ဆို နည်းနည်းပိုနားလိုက်တယ်၊ တစ်ခါတလေ အလုပ်ရှုပ်လို့ ညဉ့်နက်တဲ့အထိ နေရရင်တောင်၊ နောက်တစ်နေ့မနက် အိပ်ရာနိုးရင် အရင်ကလို ခေါင်းအုံတာ၊ ကိုက်တာ မရှိတော့ဘူး။ ညဘက်ဆို လက်မောင်းတွေ၊ လက်တွေ ထုံတာလည်း ပျောက်သွားတယ်၊ ဘုရားသခင်ကိုလည်း တကယ် ကျေးဇူးတင်မိတယ်။

နောက်ပိုင်းမှာ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ရတယ်၊ အသင်းတော် တစ်ဒါဇင်ကျော်ရဲ့ ဧဝံဂေလိအလုပ်ကို ဆက်လက်လုပ်ဆောင်ဖို့ တာဝန်ယူခိုင်းတာလေ။ စာကို ဖတ်ပြီးတော့ ကျွန်မ တွေးမိတယ်၊ “ဒီလောက်များတဲ့ အသင်းတော်တွေရဲ့ ဧဝံဂေလိအလုပ်ကို ဆက်လုပ်ဖို့ဆိုတာ အဖိုးအခ ပိုပေးဆပ်ရမှာ၊ ပိုအားစိုက်ရမှာ၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ အားအင် ပိုလိုမှာ။ ငါ ဦးနှောက်ကို အလွန်အကျွံ သုံးမိရင် ရောဂါပြန်ထဖောက်မလား” လို့ပေါ့။ ဒီလို တွေးမိလိုက်တာနဲ့ ကျွန်မ အခြေအနေ တစ်ခုခု မှားနေပြီဆိုတာ သတိထားမိလိုက်တယ်။ နာမကျန်းမှုနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေထဲကနေ ငါ ခုလေးတင် ထွက်လာတာ မဟုတ်ဘူးလား။ ဘာလို့ ထပ်ပြီး စိုးရိမ်နေရတာလဲ။ ဒါနဲ့ ကျိုးနွံနာခံလိုစိတ်နဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ နာကျင်မှုဝေဒနာခံစားရသည်ဖြစ်စေ ထွက်သက်တစ်ခု ကျန်ရှိသရွေ့၊ သင် အသက်ရှင်နေသေးသရွေ့၊ သင်စကားပြောပြီး လမ်းလျှောက်နေသေးသရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တွင် အားအင်ရှိနေပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ပြုမူသင့်သည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်၊ သို့မဟုတ် ဖန်ဆင်းရှင်က သင့်ကို ပေးထားသည့် တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် မသေသေးသရွေ့ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်ပြီး ကောင်းမွန်စွာ ပြီးစီးအောင်လုပ်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးခဲ့တယ်၊ ကျွန်မ အသက်ရှင်နေသရွေ့၊ စကားပြောနိုင်၊ လမ်းလျှောက်နိုင်သရွေ့၊ နာခံမှုရှိရှိနဲ့ လက်တွေ့ကျကျ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရမယ်။ စဉ်းစားကြည့်လိုက်တော့ ဒီအချိန်မှာ ကျွန်မ ရောဂါတွေက ပြောရရင် ပျောက်သွားလုနီးနီးပဲ။ အလုပ်ဝန်က နည်းနည်း ပိုလေးလာပေမဲ့၊ ကိုယ့်အချိန်ဇယားကို သင့်တော်သလို စီစဉ်လို့ ရနိုင်တာပဲ။ နောင်မှာ ရောဂါ ပြန်ထဖောက်မဖောက် ဆိုတာကိုတော့ ဘုရားသခင် အလိုရှိသလို စီစဉ်ညွှန်ကြားပြီး စီစဉ်ခွင့်ပြုလိုက်ပါတယ်။ ဒါနဲ့ပဲ အသင်းတော်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံမယ်၊ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ လူတိုင်းနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုပြီး ခေါင်းဆောင်တွေကို စာပြန်လိုက်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျေးဇူးတော်အတွက်သက်သက် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်တော်မှန်ကန်သလော

တရုတ်နိုင်ငံမှ လျူလူ၂၀၁၆ ခုနှစ်အကုန်မှာ၊ ကျွန်မရဲ့ကလေးက ဝမ်းဆက်တိုက်သွားနေပြီး ဘယ်ဆေးမှ အရာမရောက်ခဲ့ဘူး။ မမျှော်လင့်ဘဲ၊ ကျွန်မ ဘုရားသခင်ကို...

ကျွန်မတို့ထံ ကျရောက်လာသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင်၏ မေတ္တာလည်း ဖြစ်ပါသည်

ကျိုးဟွေ၊ တရုတ်ပြည်ကျွန်မ အသက်ဆယ့်ခုနစ်နှစ်မှာ အဖေက နေမကောင်းဖြစ်ပြီး ဆုံးသွားတယ်၊ သိပ်မကြာခင်မှာပဲ အမေ မျက်စိကွယ်သွားတယ်။ အမေ့ကို...

ကယ်တင်ခြင်းရဖို့ ဂုဏ်ရှိရန် လိုသလော

ရီးရွှင် တရုတ်နိုင်ငံအိမ်နဲ့ဝေးရာမှာ အသင်းတော်တချို့ကို တာဝန်ယူရတဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မအစေခံလာတာ နှစ်ချီကြာသွားပြီ။ ကျွန်မမှာ မွေးရာပါ...

ကျွန်တော့်လက်တွဲဖော် ဆုံးပါးသွားသည့်နောက်

ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ၂၀၀၇ ခုနှစ် ဆောင်းဦးပေါက်မှာ ရှေ့ဆင့်နောက်ဆင့် လက်ခံခဲ့ကြတာပါ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။