ကျွန်မ ကင်ဆာရောဂါရှိမှန်း သိလိုက်ရပြီးတဲ့နောက်

18.02.2026

တရုတ်နိုင်ငံ၊ လီယွမ်

၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အသင်းတော်က ကျွန်မကို တခြားနေရာတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး ပစ္စည်းတွေကို အမြန်ထုပ်ပိုးရင်း ထွက်ခွာဖို့ စောင့်နေခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မမှာ မီးယပ်ရောဂါအခံရှိတာကို သတိရသွားတယ်။ ကိုယ်မသိကျွမ်းတဲ့နေရာမှာ ဆေးကုရတာ ခက်နိုင်တာကြောင့် မထွက်ခွာခင်မှာ ဆေးရုံကိုသွားပြီး စစ်ဆေးမှုခံယူလိုက်တယ်။ ကျွန်မရဲ့ရောဂါလက္ခဏာတွေကို သိသွားပြီးနောက်မှာ ဆရာဝန်က အသားစယူစစ်ဆေးဖို့အတွက် သားအိမ်ခြစ်ဖို့ အကြံပေးခဲ့တယ်။ ကြာသွားရင် ကင်ဆာအဖြစ်ပြောင်းသွားမှာကို စိုးရိမ်တယ်လို့ သူကပြောခဲ့တယ်။ အဖြေကိုစောင့်နေတုန်းမှာ ရောဂါအဖြေက ဘယ်လိုထွက်လာမလဲဆိုတာ မသိတာနဲ့ ကျွန်မ နေမထိထိုင်မသာဖြစ်နေခဲ့တယ်။ သုံးလေးရက်ကြာတော့ အဖြေထွက်လာတယ်။ ဆေးစစ်ချက်မှာ “သားအိမ်အတွင်းနံရံကင်ဆာလို့ သံသယရှိတယ်” လို့ ရေးထားတယ်။ ကျွန်မ ကြက်သေသေသွားတယ်။ စိတ်ကိုထိန်းပြီးတော့ ကျွန်မမေးလိုက်တယ်၊ “‘ကင်ဆာလို့ သံသယရှိတယ်’ လို့ ရေးထားတာဆိုတော့ ကင်ဆာမဟုတ်နိုင်သေးဘူး လား” ပေါ့။ ဆရာဝန်က ပြန်ဖြေတယ်၊ “ဆရာဝန်တွေက ကင်ဆာလို့ တိုက်ရိုက်ပြောလေ့မရှိဘူး။ အတိအကျမပြောဘဲ ချန်ထားတတ်တယ်။ ဘယ်အမျိုးအစားလဲဆိုတာ ဆုံးဖြတ်ဖို့ နောက်ထပ်စစ်ဆေးမှုတွေလုပ်ဖို့လိုတယ်။ ပြီးမှ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသမှုကို ဆက်လုပ်ရမှာ” တဲ့။ ဒါကိုကြားပြီးတဲ့နောက်မှာ ကျွန်မခေါင်းထဲမှာ ဘာမှမရှိတော့ဘူး၊ ဆရာဝန် ဆက်ပြောတာတွေကိုလည်း ဘာတစ်ခုမှ မကြားနိုင်တော့ဘူး။ ရုတ်တရက်မျှော်လင့်မထားဘဲ ကင်ဆာနဲ့ရင်ဆိုင်လိုက်ရတော့ ကျွန်မ လုံးဝပြင်ဆင်ချိန်မရလိုက်ဘူး။ ကျွန်မ တွေးမိတယ်၊ “ဘယ်လိုလုပ်ပြီး ကင်ဆာဖြစ်နိုင်မှာလဲ။ ငါဘယ်လိုလုပ်ကင်ဆာဖြစ်ရတာလဲ” ပေါ့။ ကျွန်မ ဘုရားသခင်ကို နှုတ်နဲ့ ဘာမှ မကျေမနပ်မပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ ဒီအဖြစ်မှန်ကို လက်မခံချင်ခဲ့ဘူး။ ကျွန်မ တွေးနေမိတယ်၊ “ဒီကင်ဆာရောဂါက ဘုရားသခင်က ငါ့ကို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းတာလား၊ ဒါမှမဟုတ် စစ်ဆေးခြင်းလား။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ” ပေါ့။

အိမ်ပြန်ရောက်တော့ စိတ်ထဲမှာ ဟာတာတာကြီးဖြစ်နေပြီး ရက်ပိုင်းပဲ အသက်ရှင်ရတော့မယ်ဆိုတဲ့ အတွေးတွေက ခေါင်းထဲမှာ ပြည့်နေတယ်။ အဲဒီနေ့လယ် ညီမတစ်ယောက်နဲ့ တာဝန်ထွက်ထမ်းဆောင်တဲ့အခါမှာလည်း ကျွန်မ စိတ်ပါမနေခဲ့ဘူး။ စိတ်တွေက လွင့်နေပြီး မတက်ကြွနေဘူး။ အပြန်လမ်းမှာ ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း တွေးမိတယ်၊ “ဘယ်လောက်လှလိုက်လဲ။ ငါ အသက်ရှင်ဖို့ ရက်ဘယ်လောက်များ ကျန်သေးလဲ။ ဒီလောက်လှတဲ့ ကောင်းကင်ကြီးကို ငါ ဘယ်လောက်ကြာကြာ ကြည့်ခွင့်ရနိုင်မှာလဲ။ ငါသာသေသွားရင် ဧဝံဂေလိတရားပြန့်ပွားခြင်းရဲ့ မကြုံစဖူး ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့ရတော့မှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒီနောက်မှာ ဖုန်းနဲ့ သားအိမ်ကင်ဆာအကြောင်း အချက်အလက်တွေ ရှာကြည့်တယ်။ အသက်ငါးဆယ်အရွယ်မှာ သားအိမ်အတွင်းနံရံကင်ဆာဖြစ်တဲ့သူတွေထဲမှာ တချို့က ကုသလို့ပျောက်ပြီး တချို့က မပျောက်ဘူးလို့ အွန်လိုင်းမှာတွေ့ရတယ်။ ရောဂါအခြေအနေဆိုးတဲ့ လူနာတွေက သုံးနှစ်ကနေ ငါးနှစ်ပဲ အသက်ရှင်နိုင်ပြီး ပိုဆိုးတဲ့အခြေအနေတွေမှာတော့ တစ်နှစ်ပဲခံတယ်လို့ ရေးထားတယ်။ ကျွန်မ ဖတ်လေလေ ကြောက်လေလေပဲ၊ ကိုယ့်ကင်ဆာက ဘယ်အဆင့်ရောက်နေပြီလဲ၊ အသက်ဘယ်လောက်ကြာကြာ ရှင်ရဦးမလဲဆိုတာကို တွေးပြီး ကြောက်နေခဲ့တယ်။ အဲဒီည အိပ်ရာပေါ်မှာလှဲနေရင်း ခေါင်းထဲမှာ အတွေးတွေက တရစပ်ဝင်နေတယ်။ “ဘုရားသခင်ကို ယုံကြည်ရင် ကယ်တင်ခြင်းခံရပြီး သေခြင်းနဲ့ ဘယ်တော့မှမကြုံရဘူးလို့ မျှော်လင့်ခဲ့တာ၊ ဒါပေမဲ့ အခု ကင်ဆာဖြစ်ပြီဆိုတော့ သေရတော့မှာမဟုတ်ဘူးလား။ ဒီလောက်နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့တာတွေက အလကားပဲလား။ အစကတည်းက ဘုရားသခင်ကို မယုံကြည်ခဲ့ရင်တောင် ပိုကောင်းဦးမယ်” ဆိုပြီး တွေးမိတယ်။ ဒီလိုအတွေးတွေဝင်လာတဲ့အခါမှာ အဲဒါတွေက မမှန်ကန်ဘူး၊ ဒါတွေက ဘုရားသခင်ကို သစ္စာဖောက်တာပဲဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားသခင်ကိုမယုံကြည်တဲ့သူတွေတောင် ဖျားနာကြတာပဲ၊ ဘုရားသခင်ကိုယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်မလည်း ဖျားနာမှုကို ရင်ဆိုင်ရမှာပဲလို့ ကျွန်မ တွေးမိတယ်။ ဒီလောကမှာ ဘယ်သူက ဖျားနာခြင်းကင်းလို့လဲ။ နောက်ပြီးတော့ ဖောက်ပြန်ပျက်စီးတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မဖျားနာတာက လုံးဝပုံမှန်ပဲ မဟုတ်ဘူးလား။ ဖျားနာနေမှတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံဖို့ လိုအပ်တာပေါ့။ ဒါပေမဲ့ သေခြင်းတရားကို စဉ်းစားမိလိုက်တာနဲ့ ကျွန်မ စိတ်ဆင်းရဲသွားတယ်။ “အို ဘုရားသခင်၊ သမီးမသေချင်ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး မိသားစုနဲ့ အလုပ်အကိုင်ကိုစွန့်ပြီး တာဝန်ထမ်းဆောင်ခဲ့ပေမဲ့ အခု ကင်ဆာဖြစ်နေပြီ။ ကိုယ်တော်က သမီးကို စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းနေတာလား” ပေါ့။ ကျွန်မ စိတ်ဆင်းရဲပြီး စိုးရိမ်ပူပန်မှုတွေနဲ့ နေနေရင်း မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာတယ်။ စိတ်ထဲကနေ ဘုရားသခင်ကို ပြောလိုက်တယ်၊ “ဘုရားသခင်၊ သမီး ဘာလုပ်ရမလဲ” ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ သတိရသွားတယ်။ “ဖျားနာခြင်း ရောက်ရှိလာသောအခါ ယင်းကို သင်မည်သို့ တွေ့ကြုံသင့်သနည်း။ ဘုရားသခင်ရှေ့သို့လာပြီး ဆုတောင်းသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေပြီး နားလည်သဘောပေါက်သင့်သည်။...သာမန်အားဖြင့် သင့်အား အလွန်အမင်း မရှုမလှ ဒုက္ခဝေဒနာခံစားရစေသည့် ဆိုးရွားသော ဖျားနာမှု၊ သို့မဟုတ် ထူးဆန်းသော ရောဂါတစ်ခုကို သင်ရင်ဆိုင်ရသည့်အခါ ဤသည်မှာ ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်ပေ။ သင်က ဖျားနာသည်ဖြစ်စေ၊ ကျန်းမာရေးကောင်းသည်ဖြစ်စေ ယင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ရှိနေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးအရာဖြစ်၏) လူတွေက ပြင်းထန်တဲ့ရောဂါတွေကို မတော်တဆခံစားရတာမဟုတ်ဘူး၊ အဲဒီထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ အမြဲရှိတယ်ဆိုတာကို နှုတ်ကပတ်တော်က ကျွန်မကို သတိပေးခဲ့တယ်။ ဒါနဲ့ စိတ်ထဲကနေ ဘုရားသခင်ကို ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးကင်ဆာဖြစ်တဲ့အထဲမှာ ကိုယ်တော့်ရဲ့ရည်ရွယ်ချက်ရှိပြီး သမီးသင်ယူရမယ့် သင်ခန်းစာတွေရှိမှန်း သမီးသိပါတယ်။ ဒါပေမဲ့ ကိုယ်တော့်ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ သမီးနားမလည်ပါဘူး။ ကျေးဇူးပြုပြီး သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။

အဲဒီနောက် ညီအစ်ကိုမောင်နှမတွေက ကျွန်မဆီကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်။ “နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ မည်သည့် လမ်းကြောင်းကို လူတို့ လိုက်လျှောက်သင့်သနည်း။ ၎င်းတို့ မည်သို့ ရွေးချယ်သင့်သနည်း။ လူတို့သည် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ မကျဆင်းသင့်သကဲ့သို့၊ မိမိတို့ကိုယ်ပိုင် အနာဂတ် ရှေ့ရေးများနှင့် လမ်းကြောင်းများကို မစဉ်းစားသင့်ပေ။ ထို့ထက် ဤကဲ့သို့သော အချိန်များ၊ ထိုသို့သော အထူးအခြေအနေနှင့် ဆက်စပ်အကြောင်းအရာများတွင် မိမိတို့ကိုယ်ကို လူတို့ သာ၍ တွေ့ရှိပြီး ထိုသို့သော လောလောလတ်လတ် အခက်အခဲများတွင် မိမိတို့ကိုယ်ကို တွေ့ရှိရလေ သမ္မာတရားကို သာ၍ ရှာဖွေပြီး လိုက်စားသင့်ပေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ အတိတ်တွင် သင် ကြားပြီးသည့် တရားဒေသနာများနှင့် သင် နားလည်ပြီးသည့် သမ္မာတရားတို့ အချည်းနှီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်သည်။ ဤသို့သော အခက်အခဲများတွင် မိမိကိုယ်ကို တွေ့ရှိရလေ သင်၏ ကိုယ်ပိုင်ဆန္ဒများကို သင် သာ၍ စွန့်လွှတ်သင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသင့်သည်။ သင့်အတွက် ဤအခြေအနေမျိုးကို ပြင်ဆင်ခြင်းနှင့် ဤအနေအထားကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှု စိတ်ခံစားချက်များထဲသို့ သင့်အား ကျဆင်းသွားစေဖို့ မဟုတ်သကဲ့သို့၊ နာမကျန်းမှု ကျရောက်သည့်အခါ သူ သင့်ကို ကုသပျောက်ကင်းစေလိမ့်မည်လောဆိုသည်ကို ကြည့်ဖို့ ဘုရားသခင်ကို သင် စစ်ဆေးကာ ထိုသို့ဖြင့် ကိစ္စရပ်၏ အမှန်တရားကို သိရှိရန် ကြိုးစားဖို့အလို့ငှာလည်း မဟုတ်ပေ။ ထိုသို့သော အခြေအနေများနှင့် အနေအထားများတွင် လက်တွေ့ကျသည့် သင်ခန်းစာများကို သင်ယူနိုင်ရန်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းထဲသို့ သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု ရရှိရန်အလို့ငှာနှင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပုံအား သာ၍ ရှင်းလင်းစွာနှင့် တိကျမှန်ကန်စွာ သင် သိရှိရန်အလို့ငှာ ဤအထူးအခြေအနေများနှင့် အနေအထားများကို သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည်။ လူ၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တွင်ရှိပြီး ထိုအရာကို လူတို့ ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့ အမှန်တကယ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားသခင်ကို ကျိုးနွံနာခံသင့်ပြီး အတိုက်အခံမလုပ်သင့်၊ မငြင်းပယ်သင့်သကဲ့သို့ ဧကန်မုချ မစစ်ဆေးသင့်ပေ။ မည်သို့ပင်ဆိုစေ သင် သေဆုံးသွားနိုင်ပြီး သင် ဘုရားသခင်ကို အတိုက်အခံလုပ်၊ ငြင်းပယ်ကာ စစ်ဆေးပါက သင်၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်မှာ အလွန်သိသာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလားတူ အခြေအနေများနှင့် အနေအထားများတွင် သင်သည် အဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများအား မည်သို့ ကျိုးနွံနာခံသင့်သည်ကို ရှာဖွေနိုင်ပါက၊ သင့်အတွက် ဘုရားသခင် ဖြစ်စေသည့် အခြေအနေများတွင် မည်သည့် သင်ခန်းစာများ သင်ယူရမည်ဆိုသည်နှင့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သိရမည်ဆိုသည်တို့ကို ရှာဖွေနိုင်ပြီး ထိုသို့သော အခြေအနေများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်နိုင်ကာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန် သင်၏ သက်သေခံချက်ကို ကောင်းမွန်စွာ သက်သေခံနိုင်ပါက ဤသည်မှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်မ နားလည်ခဲ့တယ် ကျွန်မအပေါ် ဖျားနာမှုကျရောက်စေတဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မကို စိတ်ဆင်းရဲပြီး စိုးရိမ်သောကတွေနဲ့ အသက်ရှင်စေဖို့မဟုတ်ဘူး၊ ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မရဲ့ရောဂါအခြေအနေအသေးစိတ်ကို နားလည်စေဖို့လည်း မဟုတ်ဘူး။ အမှန်တော့ ဒီဖျားနာမှုကနေတစ်ဆင့် သင်ခန်းစာတွေသင်ယူဖို့၊ ကျွန်မရဲ့ယုံကြည်ခြင်းမှာရှိတဲ့ မစင်ကြယ်မှုတွေနဲ့ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ အတိုင်းအဆမရှိတဲ့ လိုအင်ဆန္ဒတွေကို သိမြင်လာစေဖို့ ဖြစ်တယ်။ ဘုရားသခင်က ကျွန်မကို သန့်စင်ဖို့၊ ပြောင်းလဲစေဖို့နဲ့ ကယ်တင်ဖို့အတွက် ဒီဖျားနာမှုကိုအသုံးပြုလိုခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘူး။ ကင်ဆာရှိမှန်းသိလိုက်ရတော့ စိတ်ဆင်းရဲပြီး စိုးရိမ်သောကတွေနဲ့ အသက်ရှင်ခဲ့တယ်၊ ကိုယ့်ရောဂါက ကုလို့မပျောက်မှာကို အမြဲစိုးရိမ်တယ်၊ သေသွားရင် ဘုရားနှုတ်ကပတ်တော်တွေကို ဘယ်တော့မှပြန်ဖတ်ရမှာမဟုတ်တော့ဘူး၊ တာဝန်ထမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး၊ အဲဒါကြောင့် ကယ်တင်ခြင်းကို မရနိုင်တော့မှာကို ကြောက်ခဲ့တယ်။ ကျွန်မ ဘုရားသခင်နဲ့တောင် အကျိုးအကြောင်းပြောပြီးငြင်းခုံခဲ့တယ်၊ ဒီလောက်နှစ်တွေကြာအောင် ဘုရားသခင်ကို ယုံကြည်ပြီး မိသားစုနဲ့ အလုပ်အကိုင်ကိုစွန့်ပြီး တာဝန်ထမ်းဆောင်ခဲ့တာ၊ မိသားစုရဲ့ ဖိနှိပ်မှုကိုခံရတုန်းကလည်း ဘုရားသခင်ကို သစ္စာမဖောက်ခဲ့တာကြောင့် ဘုရားသခင်က ကျွန်မကို ကင်ဆာမဖြစ်စေသင့်ဘူးလို့ တွေးခဲ့တယ်။ ကျွန်မ သေခြင်းတရားကို ကြောက်ရွံ့ရင်းနဲ့ အသက်ရှင်ခဲ့တယ်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမရှိခဲ့ဘူး တာဝန်ထမ်းဆောင်ဖို့လည်း တွန်းအားမရှိခဲ့ဘူး။ အဖြစ်မှန်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်မမှာ အသိစိတ်၊ ဆင်ခြင်တုံတရားနဲ့ လူ့သဘာဝ ကင်းမဲ့နေပြီး စိတ်နှလုံးထဲမှာ ဘုရားသခင် လုံးဝမရှိဘူးဆိုတာကို မြင်တွေ့ခဲ့ရတယ်။ ဒီအရာတွေကို နားလည်သွားတော့ ကျွန်မရဲ့ရောဂါကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ခဲ့တယ်။

နှစ်ရက်ကြာတော့ ဆရာဝန်က ဖုန်းဆက်ပြီး ဆေးစစ်ချက်အဖြေထွက်ပြီလို့ ပြောတယ်၊ ကင်ဆာအစောပိုင်းအဆင့်ပဲတဲ့။ စောစောသိလိုက်ရတာ ကံကောင်းတယ်လို့ပြောပြီး ခွဲစိတ်မှုလုပ်ဖို့ ဆေးရုံကို အမြန်ဆုံးလာခိုင်းတယ်။ ခွဲစိတ်မှုမလုပ်ခင်တစ်ညမှာ ကျွန်မ အိပ်ရာထဲမှာ လူးလွန့်နေပြီး အိပ်မပျော်နိုင်ဘူး၊ နည်းနည်း စိတ်မအေးနိုင်ဘဲ ကြောက်နေခဲ့တယ်။ ခွဲစိတ်မှုက အောင်မြင်ပါ့မလား၊ ချောမွေ့ပါ့မလား၊ ခွဲစိတ်ခန်းထဲမှာပဲ သေသွားမလားဆိုတာ ကျွန်မမသိခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ်ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ မနက်ဖြန် သမီးခွဲစိတ်တော့မယ်။ ခွဲစိတ်မှုက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ခွဲစိတ်ခန်းထဲမှာ သေသွားသည်ဖြစ်စေ၊ အားလုံးကို ကိုယ်တော့်လက်ထဲကို အပ်နှံပြီး ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံပါ့မယ်” ဆိုပြီးတော့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “သင့်အနေဖြင့် အကြီးစား နာမကျန်းမှု ကြုံရသည်ဖြစ်စေ၊ အသေးစား နာမကျန်းမှုတစ်ခု ကြုံရသည်ဖြစ်စေ သင်၏ နာမကျန်းမှု ဆိုးရွားသွားသည့် အခိုက်၊ သို့မဟုတ် သေခြင်းကို သင် ရင်ဆိုင်နေရသည့်အခိုက်တွင် အကြောင်းအရာ တစ်ခုကိုသာ သတိရလော့။ သေခြင်းကို မကြောက်နှင့်။ ကင်ဆာနောက်ဆုံးအဆင့်တွင် သင် ရှိနေလျှင်ပင် သင်၏ နာမကျန်းမှုတစ်ခု၏ သေနှုန်းက အလွန်မြင့်လျှင်ပင် သေခြင်းကို မကြောက်နှင့်။ သင်၏ ဆင်းရဲဒုက္ခမည်မျှ ကြီးမားလင့်ကစား သေခြင်းကို ကြောက်ရွံ့ပါက သင်သည် ကျိုးနွံနာခံလိမ့်မည် မဟုတ်။ လူအချို့က ‘သင် ဤသို့ ပြောသည်ကို ကြားရသည့်အခါ ကျွန်ုပ် လှုံ့ဆော်ခံရပြီး သာ၍ပင် ကောင်းသည့် စိတ်ကူးတစ်ခု ရှိပါသည်။ သေခြင်းကို ကျွန်ုပ် ကြောက်ရွံ့မည် မဟုတ်သည်သာမက ထိုအတွက် ကျွန်ုပ် တောင်းလျှောက်မည်။ ယင်းက ဖြတ်ကျော်ရန် သာ၍ လွယ်ကူသွားစေမည် မဟုတ်ပါလား’ဟု ဆိုကြသည်။ သေခြင်းအတွက် အဘယ်ကြောင့် တောင်းလျှောက်မည်နည်း။ သေခြင်းအတွက် တောင်းလျှောက်ခြင်းသည် အစွန်းရောက် စိတ်ကူးတစ်ခု ဖြစ်သည်။ သေခြင်းကို မကြောက်ရွံ့ခြင်းမှာမူ ခံယူရမည့် ယုတ္တိတန်သော သဘောထားတစ်ခု ဖြစ်သည်။ ယင်းမှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) သေခြင်းကို မကြောက်ရန် သင် ခံယူသင့်သည့် မှန်ကန်သော သဘောထားမှာ အဘယ်နည်း။ သင်သေဆုံးသွားနိုင်လောက်အောင် သင်၏ နာမကျန်းမှု အလွန်ဆိုးရွားပြီး ထိုအတွက် နာမကျန်းမှု ကူးစက်ခံရသည့်လူသည် အသက်အရွယ် မည်မျှရှိသည်ဖြစ်စေ သေနှုန်းက မြင့်မားကာ နာမကျန်းမှု ကူးစက်ခံရသည့်အချိန်မှသည် သေဆုံးသည့်အချိန်က အလွန်တိုတောင်းပါက သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို သင် စဉ်းစားသင့်သနည်း။ ‘သေခြင်းကို ငါမကြောက်ရ။ အဆုံးတွင် လူတိုင်း သေရသည်။ သို့သော် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် လူအများစု မလုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ရန် ဤနာမကျန်းမှုကို ငါ အသုံးပြု၍ရသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည့် အတွေးနှင့် သဘောထားတို့ကို ငါ ရှိသင့်ပြီး သေခြင်းကို ငါမကြောက်ရ’ဟူ၍ ဖြစ်သည်။ သေခြင်းသည် လွယ်၏၊ အသက်ရှင်ခြင်းထက် များစွာ သာ၍ လွယ်ကူ၏။ သင့်အနေဖြင့် ပြင်းထန်သော ဝေဒနာဖြင့် ရှိနိုင်ပြီး ထိုအရာကို သင် သတိမပြုမိဘဲရှိမည်ဖြစ်ကာ သင်၏ မျက်လုံးများကို ပိတ်သည်နှင့် သင်၏ ထွက်သက်ရပ်သွားသည်၊ သင့်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ပြီး သင့်ဘဝ အဆုံးသတ်လေသည်။ ဤသည်မှာ သေခြင်း၏ ဖြစ်စဉ်ပင် ဖြစ်သည်။ ဤမျှ ရိုးရှင်းပေသည်။ သေခြင်းကို မကြောက်ရွံ့ခြင်းသည် ခံယူရမည့် သဘောထားတစ်ခု ဖြစ်သည်။ ဤအရာအပြင် သင်၏ နာမကျန်းမှု ဆိုးရွားသွားမည်၊ မဆိုးရွားသွားမည်၊ သို့မဟုတ် သင် ကုသပျောက်ကင်းမရနိုင်ပါက သေဆုံးမည်လော၊ သို့မဟုတ် သင် မသေမချင်း အချိန်မည်မျှကြာလိမ့်မည်၊ သို့မဟုတ် သေမည့်အချိန်ရောက်လာသည့်အခါ မည်သည့်ဝေဒနာ ခံစားရမည်ဆိုသည်တို့ကို သင် မစိုးရိမ်ရ။ ဤအရာများကို သင် မစိုးရိမ်ရပေ။ ဤသည်တို့မှာ သင်စိုးရိမ်သင့်သည့်အရာများ မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် နေ့ရက်ရောက်လာရမည်ဖြစ်ပြီး ထိုနေ့ရက်သည် တစ်နှစ်နှစ်၊ တစ်လလနှင့် ရက်တစ်ရက်ရက်တွင် ရောက်လာရမည် ဖြစ်သည်။ ထိုအရာမှ သင် ပုန်းကွယ်၍ မရနိုင်သကဲ့သို့ မရှောင်ရှားနိုင်ပေ။ ထိုအရာမှာ သင်၏ ကံကြမ္မာ ဖြစ်သည်။ သင်၏ ကံကြမ္မာဟု ခေါ်သောအရာကို ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်ကာ သူက စီစဉ်နှင့်ပြီး ဖြစ်သည်။ သင်၏ နှစ်ကာလသက်တမ်းနှင့် သင် သေဆုံးသည့် အသက်အရွယ်နှင့် အချိန်ကာလတို့ကို ဘုရားသခင်က သတ်မှတ်ပြီးသားဖြစ်ပေသည်။ ထို့ကြောင့် သင် မည်သည့်အရာကို စိုးရိမ်နေသနည်း။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ယင်းက မည်သည့်အရာကိုမျှ ပြောင်းလဲစေမည် မဟုတ်။ ထိုအရာနှင့်ပတ်သက်၍ သင်စိုးရိမ်နိုင်သော်လည်း ထိုအရာ မဖြစ်အောင် သင်တား၍မရနိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ထိုနေ့ကို ရောက်မလာအောင် သင်မတားနိုင်ပေ။ ထို့ကြောင့် သင်၏ စိုးရိမ်မှုသည် မလိုလားအပ်သကဲ့သို့ ထိုအရာလုပ်ဆောင်သမျှမှာ သင့်နာမကျန်းမှု၏ ဝန်ထုပ်ကို ယခင်ထက် သာ၍ လေးလံစေခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃))သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်သည် အခြားသော ကိစ္စရပ်များကဲ့သို့ တူညီသည့် သဘောသဘာဝ ရှိပေသည်။ ထိုအရာသည် လူ၏ အလိုဆန္ဒဖြင့် ပြောင်းလဲ၍ရနိုင်ရန် မဆိုထားနှင့် မိမိတို့ကိုယ်ကိုအတွက် ရွေးချယ်ရန်မှာ လူတို့ သဘောအတိုင်း မဟုတ်ပေ။ သေခြင်းသည် ဘဝတွင်ရှိသည့် အခြားသော အရေးပါသည့် မည်သည့်အဖြစ်အပျက်နှင့်မဆို တူညီပေသည်။ ဖန်ဆင်းရှင်၏ ကြိုတင်စီမံထားခြင်းနှင့် အချုပ်အခြာအာဏာ အောက်တွင် လုံးဝ ရှိ၏။ တစ်စုံတစ်ဦးသည် သေဖို့အတွက် အနူးအညွတ် တောင်းပန်မည်ဆိုပါက ၎င်းတို့ သေချာပေါက် သေကောင်း မသေနိုင်ပေ။ အသက်ရှင်ဖို့ အနူးအညွတ် တောင်းပန်မည်ဆိုလျှင် သေချာပေါက် ရှင်ကောင်းမရှင်နိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံထားခြင်းအောက်တွင် ရှိပြီး ဘုရားသခင်၏ ဩဇာအာဏာအားဖြင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားဖြင့် ပြောင်းလဲကာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သင်သည် ဆိုးရွားသည့် နာမကျန်းမှုတစ်ခု၊ သေစေနိုင်ခြေရှိသည့် ဆိုးရွားသော နာမကျန်းမှုတစ်ခု ကူးစက်ခံရသည်ဆိုပါစို့၊ သင် သေချာပေါက် သေလိမ့်မည်မဟုတ်။ သင် သေမည်၊ မသေမည်ကို မည်သူ ဆုံးဖြတ်သနည်း။ (ဘုရားသခင် ဆုံးဖြတ်ပါသည်။) ဘုရားသခင် ဆုံးဖြတ်၏။ ထိုသို့သော အရာတစ်ခုကို ဘုရားသခင် ဆုံးဖြတ်ပြီး လူတို့က မဆုံးဖြတ်နိုင်သည့်အတွက် လူတို့သည် မည်သည့်အရာနှင့်ပတ်သက်၍ ပူပန်သောကရောက်ကာ စိတ်ဖိစီးကြသနည်း။ သင်၏ မိဘများ မည်သူဖြစ်သည်ဆိုသည်နှင့် မည်သည့်အချိန်နှင့် နေရာတွင် သင် မွေးဖွားသည်ဆိုသည်တို့ကဲ့သို့ ဖြစ်သည်။ ဤအရာများကိုလည်း သင် ရွေးချယ်၍မရနိုင်ပေ။ ဤကိစ္စရပ်များတွင် အမြော်အမြင်အရှိဆုံးသော ရွေးချယ်မှုမှာ ဤအရာများကို ၎င်းတို့ဘာသာ ဖြစ်ခွင့်ပေးရန်၊ ကျိုးနွံနာခံရန်၊ မရွေးချယ်ရန်၊ ဤကိစ္စရပ်အပေါ် မည်သည့် အတွေး၊ သို့မဟုတ် အားအင်မျှ မသုံးစွဲရန်နှင့် ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်း၊ သို့မဟုတ် စိုးရိမ်ခြင်း မရှိရန် ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကိုအတွက် မရွေးချယ်နိုင်ကြသည့်အတွက် ဤကိစ္စရပ်အပေါ် အလွန်များသော အားအင်နှင့် အတွေး သုံးစွဲခြင်းသည် မိုက်မဲပြီး ဉာဏ်အမြော်အမြင်မရှိပေ။ အလွန်တရာ အရေးကြီးသည့် သေခြင်းနှင့်ဆိုင်သော ကိစ္စရပ်ကို ရင်ဆိုင်ရသည့်အခါ လူတို့ လုပ်ဆောင်သင့်သည့်အရာမှာ ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်းရှိရန်၊ သို့မဟုတ် စိုးရိမ်သောကရောက်ရန်၊ သို့မဟုတ် ကြောက်ရွံ့ရန် မဟုတ်ဘဲ မည်သည့်အရာ ဖြစ်သနည်း။ လူတို့ စောင့်ဆိုင်းသင့်သည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) မှန်ပါသလော။ စောင့်ဆိုင်းခြင်းဆိုသည်မှာ သေခြင်းကို စောင့်ဆိုင်းခြင်းဟု ဆိုလိုသလော။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ သေရန် စောင့်ဆိုင်းခြင်းလော။ ဤသည်မှာ မှန်ကန်သလော။ (မဟုတ်ပါ။ လူတို့သည် ထိုသေခြင်းကို အပြုသဘောဆောင်စွာ ရင်ဆိုင်သင့်ပြီး ကျိုးနွံနာခံသင့်ကြပါသည်။) မှန်ပေ၏၊ သေခြင်းကို စောင့်ဆိုင်းခြင်း မဟုတ်ပေ။ သေခြင်းအပေါ် ကြောက်လန့်ခြင်း မရှိနှင့်၊ ပြီးလျှင် သေခြင်းအကြောင်း တွေးလျက် သင်၏ အားအင်ရှိသမျှကို အသုံးမပြုနှင့်။ ‘ငါ သေလိမ့်မည်လား။ မည်သည့်အချိန်တွင် ငါ သေလိမ့်မည်နည်း။ သေပြီးနောက် မည်သည့်အရာကို ငါ လုပ်ဆောင်လိမ့်မည်နည်း’ဟု တစ်နေ့လုံး မစဉ်းစားနှင့်။ ထိုအကြောင်းကို တွေးကိုမတွေးနှင့်။ လူအချို့က ‘ထိုအကြောင်းကို အဘယ်ကြောင့် မတွေးရမည်နည်း။ ကျွန်ုပ် သေတော့မည့်အချိန်တွင် အဘယ်ကြောင့် ထိုအကြောင်းကို မတွေးရမည်နည်း’ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် သင်သေမည်၊ မသေမည်ကို မသိရသကဲ့သို့ ဘုရားသခင်က သင့်ကို သေခွင့်ပြုမည်လောဟူသည်ကို မသိရသောကြောင့် ဖြစ်သည်။ ဤအရာများကို မသိရပေ။ အထူးသဖြင့် မည်သည့်အချိန်တွင် သင်သေမည်၊ မည်သည့်နေရာတွင် သင်သေမည်၊ မည်သည့်အချိန်ကာလတွင် သင် သေမည်၊ သို့မဟုတ် သင်သေသည့်အခါ သင်၏ ခန္ဓာက မည်သို့ ခံစားရလိမ့်မည်ဆိုသည်တို့ကို မသိရပေ။ သင်မသိသည့်အရာများအကြောင်း တွေးတောရင်းနှင့် တွေးဆရင်း ဦးနှောက်ခြောက်ခံစဉ်းစားခြင်းနှင့် ထိုအရာများအကြောင်း ပူပန်သောကရောက်ပြီး စိုးရိမ်ခြင်းအားဖြင့် သင့်ကို မိုက်မဲစေသည် မဟုတ်လော။ သင့်ကို မိုက်မဲစေသည့်အတွက်၊ ဤအရာများနှင့်ပတ်သက်၍ သင် ဦးနှောက်ခြောက်ခံ မစဉ်းစားသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်မ နားလည်လာခဲ့တယ်။ တစ်ယောက်ယောက်ကင်ဆာဖြစ်ရင်တောင် မသေသင့်သေးရင် သေမှာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့အချိန်စေ့သွားရင်တော့ ဖျားနာခြင်းမရှိရင်တောင် သေရမှာပဲ။ ဘယ်သူမှ ကိုယ်သေချင်တိုင်း သေလို့မရသလို၊ ကိုယ်အသက်ရှည်ချင်တိုင်းလည်း အသက်ရှည်ရှည်နေလို့မရဘူး။ အရာအားလုံးကို ဘုရားသခင်က ဆုံးဖြတ်တယ်။ ပြီးတော့ ဘုရားသခင်က အရာအားလုံးကို အချုပ်အခြာအာဏကိုင်စွဲပြီး စီစဉ်ပါတယ်။ ကျွန်မ ကင်ဆာရှိမှန်း သိခဲ့တဲ့အချိန်ကစပြီး ပြန်တွေးကြည့်တော့ ကိုယ့်ရောဂါက ပျောက်ပါ့မလား၊ ကိုယ်သေသွားမလား၊ ခွဲစိတ်ခန်းထဲမှာပဲ အသက်ထွက်သွားမလားဆိုတာတွေကို စိုးရိမ်နေခဲ့တယ်။ နေ့တိုင်းကို အမြဲတမ်း စိတ်ဆင်းရဲစိုးရိမ်သောကတွေနဲ့ အသက်ရှင်ခဲ့တယ်။ ပုံမှန်ဆိုရင် ကျွန်မက ဘုရားသခင်က အရာအားလုံးကို အချုပ်အခြာအာဏာ ကိုင်စွဲတယ်၊ လူ့အသက်ရှင်ခြင်းနဲ့ သေခြင်းက သူ့လက်ထဲမှာရှိတယ်လို့ အမြဲပါးစပ်ကပြောနေပေမဲ့ တကယ်တမ်းကိုယ်တိုင်ဖျားနာလာတဲ့အခါမှာတော့ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ကျွန်မနည်းနည်းမှ နားမလည်ကြောင်း၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းမရှိသလို နာခံခြင်းဆိုတာ ပိုတောင်မရှိသေးကြောင်း ထုတ်ဖော်ခံခဲ့ရတယ်။ ဒါကိုနားလည်သွားတော့ ကျွန်မ အရမ်းကို ရှက်မိတယ်။ ခွဲစိတ်မှုကို အပြုသဘောနဲ့ ရင်ဆိုင်ဖို့လိုတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ဘုရားသခင်ရဲ့လက်ထဲမှာပဲရှိတယ်။ ဒီနေ့သေရမယ်ဆိုရင်တောင် သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံပါ့မယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ကြီးမားတဲ့ ယုံကြည်ခြင်းနဲ့ သတ္တိကို ပေးခဲ့တယ်။ ကျွန်မကို ခွဲစိတ်ခန်းထဲကို တွန်းပို့သွားတဲ့အချိန်မှာ အရင်လောက်မကြောက်တော့ဘူး။ ခွဲစိတ်မှုက ခြောက်နာရီကြာခဲ့တယ်။ ကျွန်မသတိပြန်ရလာပြီး ကိုယ်အသက်ရှင်နေသေးမှန်း သိလိုက်ရတဲ့အချိန်မှာ အရမ်းပျော်သွားတယ်။ နောက်တစ်နေ့ ဆရာဝန်က လာစစ်ဆေးတဲ့အခါမှာ သူကပြောတယ်၊ “ခွဲစိတ်မှုက အရမ်းအောင်မြင်တယ်။ နောက်ပိုင်းမှာ ထူးခြားတဲ့အခြေအနေမရှိရင် နောက်ထပ်ကုသမှုလုပ်ဖို့မလိုတော့ဘူး။ သုံးလေးရက်အတွင်း နောက်တစ်ခါ စစ်ဆေးပြီး အဖြေကိုကြည့်ပါမယ်။ ဓာတ်ကင်ဖို့လိုရင် ကင်မယ်။ ဒါပေမဲ့ ခင်ဗျားအခြေအနေက မစိုးရိမ်ရပါဘူး” တဲ့။ ဒါကိုကြားတော့ ဒါဟာ ဆရာဝန်ရဲ့ အရည်အချင်းကြောင့်မဟုတ်ဘဲ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကြောင့်သာဖြစ်မှန်း စိတ်ထဲကနေ သိလိုက်တယ်။

နောက်ပိုင်းမှာ ဆေးရုံခန်းထဲမှာ ဘုရားနှုတ်ကပတ်တော်ကို ခိုးဖတ်ရင်း အပိုဒ်နှစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ဆိုးယုတ်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ၎င်းတို့၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသကဲ့သို့ ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေက ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မရဲ့ယုံကြည်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်ကို တည့်တည့်ညွှန်ပြတယ်။ ကျွန်မ ဒုက္ခခံတယ်၊ အဖိုးအခပေးတယ်၊ စွန့်လွှတ်တယ်၊ တာဝန်ထဲမှာ ကိုယ့်ကိုယ်ကိုယ်အသုံးခံတယ်၊ ဒါတွေအားလုံးက ကောင်းချီးတွေရဖို့နဲ့ သေခြင်းကင်းလွတ်တဲ့အဆုံးသတ်ကို ရဖို့အတွက်ပဲ။ ကျွန်မ ဘုရားသခင်ကို စယုံကြည်ခဲ့တဲ့အချိန်ကို ပြန်တွေးကြည့်တယ်။ ယုံကြည်သူတွေက ကယ်တင်ခြင်းနဲ့ ထာဝရအသက်ကို ရနိုင်မှန်းသိခဲ့လို့ ဘုရားနှုတ်ကပတ်တော်တွေကို တက်တက်ကြွကြွဖတ်ပြီး တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ မိသားစုက ဖိနှိပ်ဟန့်တားပြီး ခင်ပွန်းက ကွာရှင်းသွားတဲ့အချိန်မှာတောင် ဘုရားသခင်ကို သစ္စာမဖောက်ခဲ့ဘူး။ အသင်းတော်က ဘာတာဝန်ပဲစီစဉ်ပေးပါစေ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘယ်တော့မှ ရှောင်လွှဲဖို့ မကြိုးစားခဲ့ဘူး။ ဒါပေမဲ့ ကင်ဆာရှိမှန်းသိလိုက်ရပြီး ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့ ဒီနှစ်တွေတစ်လျှောက်မှာ အမှုအရာတွေကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီးနောက်မှာ နောက်ဆုံးကျတော့ သေရဦးမှာကို တွေးမိတဲ့အခါ ကျွန်မ ဘုရားသခင်နဲ့ စပြီး အကျိုးအကြောင်းပြောငြင်းခုံခဲ့တယ်။ ကင်ဆာဆိုတာ ကိုယ့်အပေါ်မကျရောက်သင့်တဲ့အရာလို့ တွေးခဲ့ပြီး ကိုယ့်ယုံကြည်ခြင်းအတွက်တောင် နောင်တရခဲ့တယ်၊ ကျွန်မဆီက ထွက်ပေါ်လာသမျှက ပုန်ကန်ခြင်းနဲ့ သစ္စာဖောက်ခြင်းတွေချည်းပဲ။ မိသားစုနဲ့ အလုပ်အကိုင်ကိုစွန့်ပြီး တာဝန်ထမ်းဆောင်တာဟာ ဘုရားသခင်အတွက် စိတ်ရင်းမှန်နဲ့ အသုံးခံနေတာမဟုတ်ဘဲ ကောင်းချီးရဖို့ဆိုတဲ့ ကိုယ့်ရဲ့ ယုတ်ညံ့တဲ့ပန်းတိုင်ရဲ့ တွန်းအားပေးခြင်းကိုခံရမှန်း ကျွန်မမြင်တွေ့ခဲ့ရတယ်။ နိုင်ငံတော်ထဲဝင်ခွင့်ရခြင်းဆိုတဲ့ ကောင်းချီးအတွက် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေ၊ အသုံးခံမှုတွေနဲ့ လဲလှယ်ချင်ခဲ့တာ၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာပဲ။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်တာက လုံးဝကို သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံတယ်၊ ဒါဟာ လူ့တာဝန်ပဲ၊ လူက ဘုရားသခင်ဆီက ဘာမှမတောင်းဆိုသင့်ဘူး။ ဒါပေမဲ့ ကျွန်မဖျားနာမှုနဲ့ကြုံရတဲ့အခါမှာ ဘုရားသခင်နဲ့ အကျိုးအကြောင်းပြောငြင်းခုံပြီး အပြစ်တင်ရုံတင်မကဘူး၊ ကိုယ့်ရောဂါကို ဖယ်ရှားပေးဖို့ ဘုရားသခင်ဆီမှာ တောင်းဆိုမှုတွေပါလုပ်ခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးနည်းနည်းမှမရှိဘူးဆိုတာ မြင်တွေ့ခဲ့ရတယ်။ ယောဘက သူ့ရဲ့တိရစ္ဆာန်တွေနဲ့ သားသမီးတွေအားလုံးကို ဆုံးရှုံးခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အနာတွေနဲ့ ဖုံးလွှမ်းသွားခဲ့တာကို ကျွန်မစဉ်းစားမိတယ်။ သူ အများကြီးနာကျင်ခံစားခဲ့ရပေမဲ့ ဘုရားသခင်ကို မကျေမနပ်ပြောဆိုခြင်းမရှိခဲ့ရုံသာမက၊ ဘုရားသခင်က သူ့ရဲ့နာကျင်မှုကို မြင်တွေ့မှာကိုလည်း မလိုလားခဲ့ဘူး၊ ဘုရားသခင်ကို ဝမ်းနည်းစေချင်စိတ်လည်း မရှိခဲ့ဘူး။ ယောဘက ဘုရားသခင်ကို စွန့်ပစ်မယ့်အစား ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲဖို့ကိုတောင် ပိုဦးစားပေးခဲ့တယ်၊ သူက ဘုရားသခင်ရဲ့နာမကို ချီးမွမ်းနိုင်ခဲ့တုန်းပဲ၊ နောက်ဆုံးမှာ ဘုရားသခင်အတွက် လှပတဲ့ သက်သေခံချက်ကို ခံခဲ့တယ်။ ယောဘမှာ ရိုးသားပြီး ကြင်နာတဲ့ လူ့သဘာဝရှိပြီး ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကြောက်ရွံ့ခဲ့တယ်ဆိုတာ ကျွန်မမြင်တွေ့ခဲ့ရတယ်။ ပေတရုလည်းရှိသေးတယ်။ သူက ဘုရားသခင်အပေါ် အမှန်တကယ် သိမြင်မှုရှိတယ်၊ စစ်ဆေးခြင်းနဲ့ ဆင်းရဲဒုက္ခနှစ်မျိုးလုံးကို လက်ခံခဲ့တယ်၊ ဘုရားသခင်ကို နားလည်မှုမလွဲခဲ့ဘူး၊ အပြစ်မတင်ခဲ့ဘူး၊ ဘုရားသခင်အပေါ် ဘာမှမတောင်းဆိုခဲ့ဘဲ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံခဲ့တယ်၊ နောက်ဆုံးမှာ ဘုရားသခင်အတွက် ပြောင်းပြန်ကားစင်တင်ခံခဲ့ရတယ်။ သူ့တို့နဲ့ယှဉ်လိုက်ရင် ကျွန်မရဲ့အပြုအမူက တကယ်ကို ရှက်စရာကောင်းလိုက်တာ။ ကျွန်မက ဘုရားသခင်ကိုသိဖို့အတွက် ဘုရားသခင်ကိုယုံကြည်ပြီး တာဝန်ထမ်းဆောင်ခဲ့တာမဟုတ်ဘဲ ဒါမှမဟုတ် အသက်စိတ်သဘောထားကို ပြောင်းလဲစေဖို့ သမ္မာတရားကို လိုက်စားဖို့အတွက်မဟုတ်ဘဲ ကောင်းချီးတွေရဖို့နဲ့ သေခြင်းကင်းလွတ်တဲ့အဆုံးသတ်ကို ရဖို့အတွက်ပဲ။ ကျွန်မက ပေါလုနဲ့ တစ်ပုံစံတည်းပဲ။ သူက ပြေးစရာလမ်းကို ပြေးပြီးပြီ၊ တိုက်စရာပွဲကို တိုက်ပြီးပြီ၊ သူ့အတွက် ဖြောင့်မတ်ခြင်းသရဖူကို သိုထားပြီးပြီလို့ ယုံကြည်ခဲ့တယ်။ သူက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ ဆုလာဘ်တွေ၊ သရဖူတွေနဲ့ လဲလှယ်ဖို့ ကြိုးစားအားထုတ်ပြီး အသုံးခံခဲ့တယ်၊ သူက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ်ထားတဲ့ ကျွန်မရဲ့အမြင်က ပေါလုနဲ့ အတူတူပဲ။ ဘုရားသခင်က ဒီဖျားနာမှုကနေတစ်ဆင့် ကျွန်မကို မထုတ်ဖော်ခဲ့ရင် ကျွန်မ ဘယ်တော့မှ ဒါကို သဘောပေါက်နိုင်မှာမဟုတ်ဘူး။ အဲဒီအစား ဒီမှားယွင်းတဲ့လမ်းအတိုင်း ဆက်သွားနေပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ။ အဲဒီအချိန်မှာမှ ဒီဖျားနာခြင်းက အမှန်တကယ်တော့ ဘုရားသခင်က ကျွန်မကို ကယ်တင်နေတာပဲဆိုတာကို သဘောပေါက်သွားတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “ငါ့ကို ပြောလော့၊ ကမ္ဘာအနှံ့ရှိ ဘီလီယံနှင့်ချီသော လူများထဲတွင် မည်သူသည် အလွန်များသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရန်၊ အသက်၏ အလွန်များသည့် သမ္မာတရားများစွာကို သိနားလည်ပြီး အလွန်များသည့် နက်နဲမှုများစွာကို နားလည်ရန် အလွန် ကောင်းချီးခံစားရသနည်း။ ထိုသူတို့ထဲမှ မည်သူသည် ဘုရားသခင်၏ လမ်းပြမှု၊ ထောက်ပံ့မှု၊ သူ၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ ရရှိပါသနည်း။ မည်သူသည် အလွန် ကောင်းချီးခံစားရသနည်း။ အလွန် နည်းပါး၏။ ထို့ကြောင့် ယနေ့တွင် ဘုရားအိမ်တော်၌ အသက်ရှင်နေနိုင်ကြသည့်၊ သူ၏ ကယ်တင်ခြင်းကို ရရှိပြီး သူ၏ ထောက်ပံ့မှုကို ရရှိနေနိုင်ကြသည့် သင်တို့ အနည်းငယ်သည် ထိုအရာအားလုံးကို ရရှိသောကြောင့် ယခု သေမည်ဆိုလျှင်ပင် တန်ပေသည်။ သင်တို့သည် အလွန် ကောင်းချီးခံစားကြရ၏၊ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ထိုအရာကို ဤရှုထောင့်အမြင်မှ ကြည့်သည့်အခါ သေခြင်းနှင့်ဆိုင်သည့် ကိစ္စအားဖြင့် သင်တို့ အလွန့်အလွန် မကြောက်လန့်သင့်သကဲ့သို့ ထိုအရာအားဖြင့် ဘောင်ခတ်မခံသင့်ကြပေ။ လောက၏ ဂုဏ်အသရေနှင့် ကြွယ်ဝချမ်းသာမှု တစ်ခုတလေကို သင်မမွေ့လျော်ရသေးသော်လည်း ဖန်ဆင်းရှင်၏ သနားခြင်း ကရုဏာကို ရရှိပြီးဖြစ်ကာ အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို ကြားရပြီးဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ပျော်ရွှင်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤဘဝတွင် နှစ်ပေါင်းမည်မျှကြာ သင် အသက်ရှင်သည်ဖြစ်စေ၊ ဘုရားအမှုတော်ရှိ သင်၏ တာဝန်ကို သင် စဉ်ဆက်မပြတ် ထမ်းဆောင်နေပြီးဖြစ်သောကြောင့်၊ သမ္မာတရားကို သင်နားလည်ပြီးဖြစ်သောကြောင့်၊ အသက်၏ နက်နဲမှုများကို နားလည်ပြီးဖြစ်ကာ ဘဝတွင် သင် လိုက်စားသင့်သည့် လမ်းကြောင်းနှင့် ပန်းတိုင်များကို နားလည်ပြီးဖြစ်သောကြောင့် အားလုံး တန်နေကာ သင်သည် အလွန်များစွာ ရရှိပြီးဖြစ်သဖြင့် သင့်ထံတွင် နောင်တမရှိပေ။ သင်သည် အကျိုးရှိသော ဘဝတစ်ခုကို အသက်ရှင်ပြီးဖြစ်သည်။ ထိုအရာကို သင် အလွန် ရှင်းလင်းစွာ မရှင်းပြနိုင်လျှင်ပင် အချို့သော သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အချို့သော စစ်မှန်မှုကို ပိုင်ဆိုင်နိုင်ကာ ယင်းက သင်သည် အချို့သော အသက် အထောက်အပံ့ကို ရရှိပြီးဖြစ်သကဲ့သို့ ဘုရားသခင်၏ အမှုတော်မှ အချို့သော သမ္မာတရားများကို နားလည်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် အလွန်များစွာ၊ စစ်မှန်သော ကြွယ်ဝချမ်းသာမှုတစ်ခုကို ရရှိပြီးဖြစ်ကာ ယင်းမှာ အင်မတန် ကြီးမားသည့် ကောင်းချီးမင်္ဂလာ တစ်ခုပါတကား။ လူသား သမိုင်းအစကတည်းက ခေတ်ကာလတစ်လျှောက်လုံးတွင် မည်သူကမျှ ဤကောင်းချီးမင်္ဂလာကို မွေ့လျော်ရခြင်း မရှိသေးသည့်တိုင် သင်သည် မွေ့လျော်နေရ၏။ ယခုတွင် သင် သေဆုံးရန် လိုလားနေသလော။ ထိုသို့သော လိုလားမှုဖြင့် သေခြင်းအပေါ် သင်၏ သဘောထားသည် အမှန်တကယ် ကျိုးနွံနာခံတတ်ပေမည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်လှုပ်ရှားပြီး မျက်ရည်ကျခဲ့တယ်။ ဒီဆိုးညစ်တဲ့ခေတ်ကြီးမှာ လူသန်းထောင်ချီထဲကနေ ဘုရားသခင်ရဲ့အိမ်တော်ထဲကို ဝင်ရောက်ခွင့်ရပြီး ကိုယ်တော့်ရဲ့ ရေလောင်းပေးခြင်းနဲ့ ထောက်ပံ့ပေးခြင်းကို လက်ခံရတဲ့အတွက် ကျွန်မကံကောင်းခဲ့တယ်၊ ဒါက ကျွန်မကို သမ္မာတရားတွေ၊ နက်နဲမှုတွေအများကြီးကို နားလည်စေခဲ့တယ်။ လူက ဘုရားသခင်ဆီက လာတယ်၊ လူတိုင်းရဲ့အသက်ကို ဘုရားသခင်က ပေးသနားတယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ ဘုရားသခင်ကို ဘယ်လိုဝတ်ပြုသင့်သလဲ၊ ဘယ်လိုအသက်ရှင်သင့်သလဲ၊ ရိုးသားသူတစ်ယောက်ဘယ်လိုလုပ်ရမလဲ၊ ဘာကအကောင်း၊ ဘာကအဆိုးလဲ စတာတွေကို ကျွန်မသိခဲ့ရတယ်။ ဒါက ကျွန်မရဲ့လိုက်စားမှုအတွက် ပန်းတိုင်တစ်ခုပေးခဲ့ပြီး ကျွန်မကို မှန်ကန်တဲ့ဘဝလမ်းကြောင်းပေါ် တင်ပေးခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်နောက်လိုက်ရင်း ကျွန်မ အများကြီးရရှိခဲ့တယ်၊ ကျွန်မ တကယ်ကို ကောင်းချီးခံစားရတယ်၊ ဒါကြောင့် အဲဒီအချိန်မှာ သေသွားရင်တောင် အရာအားလုံးက ထိုက်တန်ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ရင်း ကျွန်မ ပျော်လွန်းလို့ မျက်ရည်တွေကျလာတယ်။ နောက်ပိုင်းမှာ ကျွန်မ နောက်တစ်ခါဆေးစစ်ခဲ့တယ်၊ ဆရာဝန်က ကင်ဆာဆဲလ်တွေ ပြန့်ပွားတဲ့လက္ခဏာမတွေ့ရဘူး၊ ဒါကြောင့် ဓာတ်ကင်စရာမလိုဘူး၊ သုံးလတစ်ခါ ပြန်လာစစ်ဆေးဖို့ပဲလိုပြီး ဆေးရုံကဆင်းလို့ရပြီလို့ ပြောတယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ အရမ်းပျော်ပြီး ဘုရားသခင်ကိုပဲ အဆက်မပြတ်ကျေးဇူးတင်နေမိတယ်။ နောက်တစ်ခါ ပြန်စစ်ဆေးတဲ့အခါမှာတော့ အဖြေတွေက အားလုံးပုံမှန်ပဲလို့ ပြတယ်။

ဒီဖျားနာမှုအတွေ့အကြုံကနေတစ်ဆင့် ကျွန်မရဲ့ယုံကြည်ခြင်းမှာ ဘာကိုလိုက်စားရမယ်ဆိုတဲ့အပေါ်ထားတဲ့ မှားယွင်းတဲ့အမြင်ကို နည်းနည်းသိလာခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကိုလည်း နည်းနည်းနားလည်လာခဲ့တယ်။ လူတစ်ယောက်က သူ့ဘဝမှာ ကြုံတွေ့ရမဲ့အရာတွေ၊ သူ့ရဲ့မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေကို သူကိုယ်တိုင်ရွေးချယ်လို့မရဘူး။ အားလုံးက ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာပဲ။ နောင်မှာ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ကျွန်မက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး သမ္မာတရားကိုလိုက်စားရင်း ကိုယ့်တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းသွားချင်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

အသက်ကြီးသူပင်လျှင် သမ္မာတရားကို လိုက်စားရန် ကြိုးပမ်းသင့်သည်

အသက် ၄၆နှစ်ထဲဝင်တဲ့ နှစ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။