ရှောင်လွှဲမရသည့် ဝေဒနာ
ကျွန်တော် အသက် ၄၇ နှစ်ရောက်တော့၊ မျက်စိမှုန်တာ မြန်လာတယ်။ ကိုယ့်မျက်လုံးတွေကို ဂရုမစိုက်ရင်၊ တဖြည်းဖြည်း အမြင်အာရုံ ဆုံးရှုံးသွားမှာဖြစ်လို့ အလုပ်လုပ်တာ ရပ်ပြီး အိမ်မှာနားမှဖြစ်မယ်လို့ ဆရာဝန်က ပြောတယ်။ အနာဂတ်က မှုန်ဝါးနေသလို ဖြစ်ပြီး ကျွန်တော့် ဘဝထဲကနေ အလင်းပျောက်ကွယ်သွားမလို ဖြစ်နေတယ်။ လုံးဝ စိတ်နှလုံးကြေကွဲသွားတယ်။ ၂၀၀၇ ခုနှစ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံရလောက်အောင် ကံကောင်းခဲ့ပြီး၊ မကြာခင်မှာ ကျွန်တော့် မျက်လုံးတွေ ပိုကောင်းလာတယ်။ ဘုရားရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့၊ တာဝန်တစ်ခု အစပြု တောင်းဆိုခဲ့တယ်။ ညီအစ်ကို မောင်နှမတွေမှာ ဘာအခက်အခဲပဲ ရှိရှိ၊ အကောင်းဆုံး ကူညီခဲ့တယ်။ ကျွန်တော့်အိမ်မှာ သူတို့ ဘယ်လောက်များများ စုဝေးဖို့ လာကြပါစေ၊ ဘယ်လောက်ကြာကြာ နေကြပါစေ၊ ထက်ထက်သန်သန်နဲ့ သူတို့ကို ဧည့်ခံခဲ့တယ်။ ကျွန်တော့် အိမ်က တော်တော်သေးလို့၊ တစ်ခါတလေ သူတို့အတွက် အိပ်ရာမလောက်ခဲ့သလို၊ ကျွန်တော်က ဆိုဖာ၊ ဒါမှမဟုတ် ကြမ်းပြင်ပေါ် အိပ်လိုက်ရတယ်။ ဒီလို ကိုယ့်တာဝန်ကိုလုပ်တာက ဘုရားကို သစ္စာစောင့်သိမှု ပြနေတာလို့ တွေးခဲ့တယ်။ ဒါပေမဲ့ နောက်တော့၊ အမှန်တရားတွေရဲ့ ထုတ်ဖော်ပြမှုကတစ်ဆင့်၊ ကျွန်တော် အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်တာဝန်မှာ သစ္စာစောင့်သိမှု မရှိတာ မြင်ခဲ့တယ်။ ဒါက ကျွန်တော့် စိတ်နှလုံးထဲမှာ ရှောင်လွဲမရတဲ့ ဝေဒနာတစ်ခု ဖန်တီးခဲ့တယ်။
၂၀၁၄ မှာ၊ ကျွန်တော် ဧည့်ခံတဲ့ အသင်းတော် ခေါင်းဆောင်ကို ရဲတွေက ဖမ်းသွားပြီး၊ သူက ကျွန်တော့်အိမ်ကနေ ထွက်သွားရုံပဲ ရှိသေးလို့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ဘေးကင်းလုံခြုံဖို့ အိမ်ကို ချက်ချင်း စွန့်ခွာလိုက်ရတယ်။ အဲဒီတုန်းက ဆောင်ဦးကာလ အစောပိုင်းဖြစ်ပြီး၊ ခိုက်ခိုက်တုန် အေးတယ်။ ကျွန်တော်တို့မှာ သွားစရာနေရာမရှိ ဖြစ်ပြီး စိတ်ဆင်းရဲမှုနဲ့ တွေးမိတယ်။ “ငါတို့က အသက် ၆၀ ကျော်ပြီ။ ငါ့မိန်းမက မွေးရာပါ ကျောရိုးရေအိတ်တည်တဲ့ဝေဒနာကို ခံစားနေရပြီး အထူးသဖြင့် အားနည်းနေတယ်။ ဘယ်မှာ ငါတို့ သွားရမလဲ”လို့ပေါ့။ နောက်ပိုင်းမှာ ခဏနေလို့ရမဲ့ နေရာတစ်ခုကို ညီအစ်မတစ်ယောက်က ရှာပေးတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဧည့်ခံခဲ့တဲ့ တခြားညီအစ်မနှစ်ယောက်လည်း အဖမ်းခံခဲ့ရတာ သိလိုက်ရတယ်။ ညီအစ်ကို မောင်နှမတွေ တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံရတဲ့ သတင်းကို ကြားတော့၊ ကျွန်တော် အရမ်းလန့်ပြီး၊ ရဲတွေ အချိန်မရွေး ဗြုန်းခနဲ ဝင်လာမှာကြောက်ရင်းနဲ့ နေ့တိုင်း ရင်တမမ ဖြစ်နေခဲ့တယ်။ ခြေဖဝါး နှိပ်နှယ်တဲ့ အနှိပ်ခံပစ္စည်းတွေကို ကာဗာအနေနဲ့ ကျွန်တော် ကိုင်ထားပြီး၊ ညီအစ်ကို မောင်နှမတွေကို ဆက်ဧည့်ခံခဲ့တယ်။
ဒီလိုနဲ့ ၂၀၁၇ ခုနှစ်၊ စုဝေးပွဲတစ်ခု အတောအတွင်းမှာ၊ ညီအစ်မတစ်ယောက်က သူ့ရဲ့အိမ်ရှင်မိသားစု ရဲ့ သား ပြန်လာပြီလို့ ပြောတယ်။ သူက မယုံကြည်သူဖြစ်ပြီး သူ့မိခင်ရဲ့ ယုံကြည်ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တာလေ။ ဒါကြောင့် အဲဒီညီအစ်မက အဲဒီမှာ နေလို့မဖြစ်တော့ဘူး။ သူ အခက်အခဲဖြစ်နေတာ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က မြင်တော့ သူ့ကို ခေါ်လာဖို့ စလုပ်တယ်။ မကြာခင်မှာပဲ စီစီပီက အိမ်ငှားတွေကို ရုတ်တရက် သိမ်းကြုံးပြီး ဝင်ဖမ်းဖို့ စီစဉ်နေတာ ကြားရတယ်။ ကျွန်တော် စစိုးရိမ်လာတယ်။ “ငါတို့က အိမ်ငှားတွေ၊ အိမ်ထဲမှာ ဒီညီအစ်မနဲ့ရှိနေတဲ့ ငါတို့ကို စစ်ဆေးဖို့ အနီးအနားကို ရဲတွေ ရောက်လာရင် ငါတို့ ဘာပြောရမလဲ။ ဒီညီအစ်မက အရေးကြီးတဲ့ တာဝန်လုပ်နေတာ။ သူအဖမ်းခံရရင်၊ ငါတို့ သေချာပေါက် အမှုပတ် မှာပဲ။ ငါ့မိန်းမက အားနည်းပြီး တစ်ခုခု ဖြစ်ရင် လွယ်လွယ်နဲ့ တုန်လှုပ်ချောက်ချားသွားမှာ။ သူ့ကျန်းမာရေးက အချိန်မရွေး ယိုင်သွားနိုင်တယ်”လို့ပေါ့။ ကျွန်တော့်ဇနီးက အဖမ်းခံရမှာ ကြောက်ပြီး အဲဒီညီအစ်မကို မောင်းထုတ်ခိုင်းတယ်။ ဒီလိုအေးတဲ့ ဆောင်းရာသီမှာ သွားစရာနေရာမရှိတဲ့အတွက် သူ့ကို မောင်းထုတ်တာ မမှန်ဘူးလို့ ခံစားရလို့ သူ့ကိုနေခွင့်ပေးဖို့ ကျွန်တော့်ဇနီးနဲ့ ဆွေးနွေးခဲ့တယ်။ ကျွန်တော့်ဇနီးက ကျွန်တော့်ကို စိတ်ဆိုးပြီး အကျိုးဆက်တွေကို စဉ်းစားဖို့ ပြောတယ်။ ကျွန်တော် ကိုယ့်ဘာသာတွေးမိတယ်။ “ယုံကြည်သူတွေအပေါ် စီစီပီရဲ့ ဖမ်းဆီး၊ နှိပ်စက်တာက ပိုပိုပြီး ပြင်းထန်လာနေတယ်။ ရပ်ကွက်ထဲမှာ မကြာသေးခင်က လူတိုင်းရဲ့နာမည်အမှန်နဲ့ စာရင်းလုပ်ထားတယ်။ ရဲတွေက ဘုရားကို ငါတို့ ယုံကြည်ပြီး၊ ညီအစ်ကို မောင်နှမတွေကို ဧည့်ခံတာ သိသွားရင်၊ ငါတို့ကို ထွက်သွားခွင့် ပေးမှာ မဟုတ်ဘူး။ ငါတို့ရဲ့ ပင်စင်တွေ ပယ်ဖျက်ခံရမှာဖြစ်ပြီး ပိုင်ဆိုင်မှု အသိမ်းခံရမှာ။ ဒါက ငါတို့ ဘဝတွေကို ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ရခဲ့သမျှအရာပဲ။ အဲဒါသာ အသိမ်းခံရရင်၊ ငါတို့ ဘယ်လို အသက်ရှင်မလဲ။ အဲဒါက အားလုံးမဟုတ်သေးဘူး၊ ဒါက ငါတို့ သားသမီးတွေရဲ့ အနာဂတ်ကိုလည်း ထိခိုက်နိုင်တယ်။ ငါတို့က အသက် ၆၀ ကျော်ပြီဖြစ်သလို ကျန်းမာရေးလည်း ချူချာတယ်။ ငါတို့ ထောင်အချခံရရင် ရဲတွေရဲ့ ညှဉ်းပန်းမှုကို ခံနိုင်ကြပါ့မလား။ မခံနိုင်လို့ ယုဒဖြစ်လာရင်၊ ငါတို့ရဲ့ ခရီးပန်းတိုင်တွေ ဆုံးရှုံးသွားမှာ။ အဲဒါဆိုရင် ယုံကြည်ခဲ့သမျှနှစ်တွေအားလုံး အချည်းနှီးဖြစ်မှာ မဟုတ်လား”လို့ပေါ့။ သူ့စကားနားမထောင်ရင် ကျွန်တော့်ဇနီး ဒေါသထွက်မဲ့ပုံကိုလည်း တွေးမိတယ်။ အများကြီး စဉ်းစားပြီးတဲ့နောက်မှာ၊ ကျွန်တော့်ဇနီးပြောတာ နားထောင်ပြီး၊ တခြားတစ်နေရာရာမှာ နေထိုင်ဖို့အကြောင်း အဲဒီညီအစ်မနဲ့ သွားဆွေးနွေးခဲ့တယ်။ တစ်လကြာပြီးတဲ့နောက်မှာ၊ အဲဒီညီအစ်မက အိမ်ကနေဆင်းမပေးသေးသလို၊ ဘယ်နေ့မှာမဆို တစ်ခုခု ဖြစ်သွားမှာ ကျွန်တော် ကြောက်လို့၊ နေဖို့ နေရာတွေ့ပြီးခြင်း ရှိမရှိဆိုတာနဲ့ ဘယ်အချိန် အိမ်ကဆင်းမလဲဆိုတဲ့ မေးခွန်းတွေ မကြာခဏ သူ့ကို မေးခဲ့တယ်။ အခြေခံအားဖြင့် ဝေ့လည်ကြောင်ပတ်နဲ့ သူ့ကို နှင်ထုတ်နေခဲ့တာပေါ့။ ဒါပေမဲ့ ဒီလိုလုပ်ရင်းနဲ့ အပြစ်ရှိတဲ့စိတ် တကယ် ခံစားရတယ်။ နည်းနည်းကြာတော့၊ အဲဒီညီအစ်မက နေရာတစ်ခုတွေ့ပြီး ဆင်းသွားတယ်။ ဒါပေမဲ့ ဒီကိစ္စတစ်ခုလုံးတစ်လျှောက်မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။
၂၀၁၈ ခုနှစ် တရုတ်နှစ်သစ်ကူးကာလ အတောအတွင်းမှာ၊ အစ်မလီလန်းက သူ့နေရာကို ရဲတွေ စောင့်ကြည့်နေပြီး နေဖို့ နေရာသစ်မတွေ့ခင်ထိ ကျွန်တော်တို့နဲ့ ရက်နည်းနည်း နေလို့ရမလားလို့ မေးတယ်။ အဲဒီတုန်းက အဲဒီကိစ္စကို ကျွန်တော် အရမ်းမစဉ်းစားခဲ့သလို၊ အဲဒီအစ်မကို အရင်ဆုံး အတည်တကျပဲ နေထိုင်စေချင်ခဲ့တယ်။ အဲဒီအစ်မ အတည်တကျ နေလို့ရတာနဲ့၊ သူက စုဝေးပွဲတွေ မကြာခဏ သွားတယ်၊ ကျွန်တော့်ကို စိတ်ဆင်းရဲစေတော့တာပဲ။ “တရုတ်နှစ်သစ်ကူးပဲ။ ရဲတွေက အစုလိုက်အပြုံလိုက် စီးနင်းတာတွေလုပ်ဖို့ ဒီအခွင့်အရေးကို သုံးနိုင်တယ်။ ဒီအစ်မ အဖမ်းခံလိုက်ရရင်၊ ငါတို့ လွတ်နိုင်မှာ မဟုတ်သလို၊ မိသားစုလည်း အမှုပတ်မှာ”လို့ပေါ့။ အဲဒီအစ်မ ကျွန်တော်တို့နဲ့ ပိုကြာကြာနေလေ၊ အန္တရာယ်ပိုများလေလို့ ပိုပိုပြီး ခံစားရတယ်။ ကျွန်တော့်ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုနဲ့ ကလေးတွေရဲ့ အနာဂတ်ကို တွေးမိပြီး၊ အဲဒီအစ်မ အမြန်ထွက်သွားအောင် ဆင်ခြေတွေ ကြိုးစားကြံဆတယ်။ နောက်ပိုင်းမှာ၊ လီလန်းက စုဝေးပွဲတွေကို မကြာခဏ သွားတဲ့အတွက် စုဝေးပွဲတွေ ပြုလုပ်တဲ့ ဘယ်နေရာမှာမဆို သူ နေလို့ရပုံကို တွေးမိတယ်။ ဒီစိတ်ကူးကို သူ့ကို ကျွန်တော် ပြောပြတယ်။ မျက်နှာမှာ အနေခက်တဲ့ ပုံနဲ့ ထွက်သွားဖို့ကလွဲဖို့ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဒါပြီးတော့ တခြား ဘယ်သူ့ကိုမှ ကျွန်တော် ဧည့်မခံတော့သလို တခြားတာဝန်တွေပဲ လုပ်ခဲ့တယ်။ ၂၀၂၁ ခုနှစ် ဆောင်ဦးရာသီ နေ့တစ်နေ့မှာ၊ ခေါင်းဆောင်တစ်ယောက် ကျွန်တော်နဲ့ စကားလာပြောပြီး၊ ညီအစ်ကိုသုံးယောက် ကျွန်တော်နဲ့ နေလို့ရမရ မေးတယ်။ သဘောတူတော့မဲ့အချိန်မှာ ကျွန်တော့် ဇနီးက ပြောတယ်၊ “မနက်ဖြန် အဖြေပေးလို့ ရမလား”တဲ့။ ခေါင်းဆောင် ထွက်သွားပြီးတဲ့နောက်၊ မိန်းမက ကျွန်တော့်ကို ပြောတယ်၊ “သူတို့က ခဏပဲလို့ ပြောပေမဲ့၊ အချိန်အကြာကြီး နေသွားရပြီး အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ သူတို့ကို ငြင်းလို့ အကြောင်းပြချက် ရှာရမယ်။ အရင်က ကျွန်မတို့နဲ့ ခဏနေခဲ့တဲ့ ခေါင်းဆောင် အဖမ်းခံရတာ ဖြစ်နိုင်တယ်၊ ကျွန်မတို့ အိမ်က မလုံခြုံသလို၊ ခုချိန်မှာ ဘယ်သူ့ကိုမှ ဧည့်ခံလို့ မဖြစ်ဘူးလို့ ကျွန်မတို့ ပြောလို့ရတယ်”တဲ့။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်လည်း နည်းနည်း ကြောက်မိလို့ ကျွန်တော့်ဇနီးနဲ့ သဘောတူခဲ့တယ်။ အံ့ဩစရာက၊ နောက်နေ့မှာ၊ ငြင်းဖို့ အကြောင်းပြချက် မပေးခင်မှာပဲ၊ ခေါင်းဆောင်က ပြောတယ်၊ “ညီအစ်ကိုသုံးယောက်က နေဖို့ တခြားနေရာ ရှာတွေ့သွားပြီ။ အရင်က မင်းတို့နဲ့ နေခဲ့တဲ့ ခေါင်းဆောင်က အဖမ်းခံလိုက်ရလို့၊ မင်းတို့နေရာ မလုံခြုံတော့ဘူး။ မင်းတို့နှစ်ယောက်လုံး ကိုယ့်တာဝန်တွေကို ဆိုင်းငံ့ထားသင့်တယ်”တဲ့။ ကျွန်တော့်နှလုံးက တစ်ဒိန်းဒိန်း ခုန်သွားတယ်။ ဒါဟာ ဘုရားရဲ့အမျက်ဒေါသ ကျွန်တော့်ပေါ် ကျရောက်တာပဲလို့ သဘောပေါက်မိတယ်။ ကျွန်တော့်တို့ စိတ်နှလုံး အတွင်းနက်နက် နေရာတွေကို ဘုရားစစ်ဆေးတယ်။ ညီအစ်ကိုတွေကို ဧည့်ခံမှာ မဟုတ်ဘူးလို့ ကျွန်တော် မပြောခဲ့ပေမဲ့၊ စိတ်ထဲမှာ တွေးနေခဲ့တာလေ။ ကိုယ့်တာဝန်ကို ငြင်းခဲ့တာပဲ။ ကိုယ့် ညီအစ်ကို မောင်နှမတွေကို သွယ်ဝိုက် နှင်ထုတ်ခဲ့တာ။ ကိုယ့်တာဝန်အပေါ် ဒီသဘောထား ရှိတာက ဘုရားရဲ့ အမျက်ကို နိုးဆော်ပြီး၊ ကျွန်တော့်တာဝန် ရပ်လိုက်ရတဲ့ ဒီအခြေအနေကို စီစဉ်စေခဲ့တာပဲ။ ရုတ်တရက် အနှစ်မဲ့သလို ခံစားရပြီး အပြစ်ပေးခံနေရသလိုမျိုး အရမ်း နေမထိထိုင်မထိ ဖြစ်ပြီး စိတ်ဓာတ်ကျသွားခဲ့တယ်။ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဒီနေ့ ကျွန်တော့်တာဝန် ရပ်လိုက်ရတာက တိုက်ဆိုင်မှုမဟုတ်ဘူး၊ ကိုယ်တော့် အလိုတော် ရှိရမယ်။ ကျေးဇူးပြုပြီး သင်ခန်းစာသင်ယူဖို့ ဉာဏ်အလင်းပေး၊ လမ်းပြတော်မူပါ”လို့ပေါ့။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်ရတယ်။ “သင်တို့၏သားသမီးများအတွက်၊ သို့မဟုတ် သင်တို့၏ ခင်ပွန်းအတွက် သို့မဟုတ် သင်တို့ကိုယ်တိုင် ရှင်သန်မှုအတွက် ကြိုးပမ်းရန် သင်တို့သည် ငါ့ကို ပယ်ထားကြ၏။ ငါ့အပေါ်ဂရုစိုက်မည့်အစား သင်တို့သည် သင်တို့၏မိသားစု၊ သင်တို့၏သားသမီးများ၊ သင်တို့၏ဂုဏ်သိမ်၊ သင်တို့၏အနာဂတ်နှင့် သင်တို့ကိုယ်တိုင် အားရကျေနပ်ရန်အတွက် သင်တို့ အာရုံစိုက်ကြ၏။ သင်တို့ပြောဆိုလုပ်ကိုင်ခဲ့စဉ် မည်သည့်အခါက သင်တို့သည် ငါ့ကို စဉ်းစားမိခဲ့ဖူးသနည်း။ ရာသီဥတုအလွန်အေးစိမ့်သည့် နေ့များတွင် သင်တို့၏အတွေးများသည် သင်တို့၏သားသမီးများ၊ သင်တို့၏ ခင်ပွန်း၊ သင်တို့၏ဇနီး၊ သို့မဟုတ် သင်တို့၏ မိဘများထံသို့ ရောက်သွားကြ၏။ ရာသီဥတုအလွန်ပူပြင်းသည့် နေ့များတွင်လည်း ငါသည် သင်တို့၏ အတွေးများတွင် နေရာမရရှိပေ။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ သင်ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေး၊ သင်၏မိသားစုဝင်များကို စဉ်းစားနေ၏။ သင်သည် ငါ့အတွက် မည်သည့်အရာ ဆောင်ရွက်ခဲ့ဖူးသနည်း။ သင်သည် ငါ့ကို မည်သည့်အခါက စဉ်းစားခဲ့ဖူးသနည်း။ မည်သို့ပင်အနစ်နာခံရသည်ဖြစ်စေ ငါနှင့် ငါ၏အမှု အတွက် သင့်ကိုယ်သင် မည်သည့်အခါက ဆက်ကပ်ခဲ့ဖူးသနည်း။ ငါနှင့်သင် သဟဇာတဖြစ်မှုအထောက်အထားက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏သစ္စာရှိမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏နာခံမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ သင်၏ရည်ရွယ်ချက်များသည် ငါ၏ကောင်းချီးမင်္ဂလာများကို ခံစားရရေးအတွက် မဟုတ်သည့်အချိန်သည် မည်သည့်အခါက ဖြစ်ခဲ့ဖူးသနည်း။ သင်တို့သည် ငါ့ကိုလှည့်စား၍ လှည့်ဖြား၏။ သင်တို့သည် သမ္မာတရားနှင့်ကစားကာ၊ သမ္မာတရားရှိကြောင်း ဖုံးကွယ်ထားကြလျက် သမ္မာတရား၏ အနှစ်သာရကို သစ္စာဖောက်ကြ၏။ ဤနည်းဖြင့် ငါ့ကို ဆန့်ကျင်ခြင်းအားဖြင့် အနာဂတ်တွင် သင်တို့ကို မည်သည့်အရာက စောင့်နေသနည်း။ သင်တို့သည် ဝေဝါးသော ဘုရားသခင်တစ်ပါးနှင့် သဟဇာတဖြစ်ရေးကိုသာ ကြိုးစားကြ၍ ဝေဝါးသော ယုံကြည်ခြင်းကိုသာ ရှာဖွေကြ၏။ သို့ရာတွင် သင်တို့သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပေ။ သင်တို့၏ဒုစရိုက်သည် ဆိုးယုတ်သူတို့ရရှိထိုက်သည့် ဒဏ်ခတ်ခြင်းကို မရရှိထိုက်ပေဘူးလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အခြေအနေကို ထုတ်ဖော်ပြတယ်။ ကိုယ်ဧည့်ခံတဲ့ လူတွေ တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံခဲ့ရကတည်းက၊ သူရဲဘောကြောင်ပြီး ကြောက်တဲ့ အခြေအနေမှာ အသက်ရှင်မိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ညီအစ်မတွေ အမြန်ဆုံး ထွက်သွားအောင် ဆင်ခြေတွေ ရှာခဲ့ပြီး၊ ညီအစ်ကိုသုံးယောက်ကို ခဏ ဧည့်ခံဖို့ ခေါင်းဆောင်က စီစဉ်တော့၊ လက်မခံခဲ့သလို၊ အဲဒီအစား ငြင်းဖို့ အလိမ်အညာတွေ လုပ်ဇာတ်ခင်းခဲ့တယ်။ ဒီအရာတွေကို ပြန်တွေးတော့၊ ကျွန်တော် တကယ် ယုံကြည်သူတစ်ယောက်လား။ တခြားလူတွေက အန္တရာယ်တွေ ရင်ဆိုင်နေရချိန်မှာ၊ ကိုယ်ကျိုးစီးပွား၊ လုံခြုံမှုနဲ့ သူတို့ကို ဘယ်လိုနှင်ထုတ်ရမလဲဆိုတာပဲ ကျွန်တော် စဉ်းစားနေခဲ့တယ်။ တကယ်ကို တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ပြီး လူ့သဘာဝမဲ့ခဲ့တာပဲ။ ကိုယ့်ကလေးတွေအတွက် အရမ်းဂရုစိုက်ပြီး စဉ်းစားပေးတာတွေ လုပ်ပြခဲ့တယ်၊ သူတို့ အအေးဒဏ်၊ ဆင်းရဲဒုက္ခခံစားရမှာ ကြောက်ပြီးပေါ့။ အန္တရာယ် အခက်အခဲ ဘယ်လောက်ပဲ ကြီးပါစေ၊ အဲဒီကနေ ကိုယ့်ကလေးတွေကို ကာကွယ်ဖို့ ကိုယ့်ဘာသာ အဲဒါကို ထမ်းဖို့ လိုလားခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေကို အဲဒီလို အကြင်နာမဲ့မှုနဲ့ ဆက်ဆံခဲ့တယ်။ အဲဒီအကြောင်းတွေးလေ၊ လူမဆန်ဘူးလို့ ခံစားရလေပဲ။ နောင်တနဲ့ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မှုတွေနဲ့ ပြည့်ခဲ့တယ်။ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့တယ်။ “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် မကောင်းမှုပြုသူဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်မည့်အပြင် သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) လူတစ်ယောက် ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိကို အကဲဖြတ်ခြင်းအတွက် ဘုရားရဲ့ စံက သူတို့ရဲ့ ရည်ရွယ်ချက်၊ အတွေး၊ လုပ်ရပ်နဲ့ အပြုအမူအနေထိုင်တွေက သမ္မာတရားနဲ့ ကိုက်ညီခြင်းရှိမရှိအပေါ် အခြေခံမှန်း တွေ့ရတယ်။ ကျွန်တော်လုပ်ခဲ့တာတွေကို သုံးသပ်ခဲ့တယ်။ ကျွန်တော့် ရည်ရွယ်ချက်တွေ၊ အတွေးတွေ၊ စကား၊ လုပ်ရပ်တွေ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ အားလုံးက ကိုယ်ကျိုးစီးပွားတွေအတွက် ဖြစ်ပြီး၊ ဘုရားရဲ့ အလိုတော်ကို ကျွန်မ လုံးဝ အလေးဂရုမပြုခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေက ဧဝံဂေလိ ဖြန့်တဲ့အတွက် အဆင်းနီတဲ့ နဂါးကြီးရဲ့ လိုက်ဖမ်းပြီး နှိပ်စက်တာ ခံနေခဲ့ရတယ်။ သူတို့က အိမ်ခြေရာမဲ့ဖြစ်ပြီး ပြေးနေရတာ။ သင့်တော်တဲ့ နေစရာ နေရာမရှိရင်၊ သူတို့တာဝန်တွေကို ဘေးကင်းကင်းနဲ့ လုပ်နိုင်ဖို့ နည်းလမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အတွက် အသက်စွန့်ဖို့ ကြောက်ပြီး အမြန်ဆုံး သူတို့ကို ဖယ်ပဲဖယ်ရှားလိုက်ချင်ခဲ့တယ်။ အဲဒါက သူတို့အတွက် အခြေအနေ ပိုဆိုးသွားစေခဲ့တယ်။ ကျွန်တော် တစ်ကိုယ်ကောင်းဆန်၊ ဒုက္ခပေးပြီး လူ့သဘာဝမဲ့တာကို မြင်ရတယ်။ ဘုရားကိုကြောက်တဲ့ စိတ်နှလုံး ဒါမှမဟုတ် လူ့သဘာဝတစ်စက်လေးရှိခဲ့ရင်၊ ဘုရားအလိုကို အလေးဂရုပြုသင့်တယ်၊ အန္တရာယ်ရောက်ချိန်မှာ တခြားလူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ထည့်တွေးပြီး၊ သူတို့ကို ဧည့်ခံ၊ ကာကွယ်ပေးဖို့ နည်းလမ်းတွေ စဉ်းစားသင့်တယ်။ သခင်ယေရှု ပြောခဲ့ပုံကို တွေးမိတယ်။ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ။” (ရှင်မဿဲခရစ်ဝင် ၂၅:၄၀) ဆိုးရွားတဲ့ အခြေအနေတစ်ခုမှာ၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ လိုက်ဖမ်း၊ နှိပ်စက်တာ ခံနေခဲ့ရတဲ့ ညီအစ်ကို မောင်နှမတွေကို ဧည့်ခံဖို့ ကျွန်တော် ငြင်းခဲ့တယ်။ ဒါက ဘုရားအပေါ် ကျွန်တော့် သဘောထားနဲ့ ဆိုင်တယ်။ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ပြီး လူ့သဘာဝမဲ့တယ်။ တစ်နေ့မှာ ခရစ်တော်ကို ဧည့်ခံဖို့ အခိုင်းခံရမယ်ဆိုရင်၊ အဲဒီအတိုင်း ပြုမူမိမှာပဲ။ ညီအစ်ကို မောင်နှမတွေကို ကျွန်တော် နှင်ထုတ်ခဲ့ပုံကို စိတ်ထဲမှာ ပြန်တွေးကြည့်တော့၊ ကပ်ဘေးကြီးတစ်ခု ဖြစ်စေခဲ့တဲ့အလား သတိပေးတဲ့ ခံစားချက် ခံစားရပြီး၊ နာကျင်မှုနဲ့ စိတ်ဆင်းရဲတဲ့ အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် ရှိတာတွေ့ရတယ်။ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော် လူ့သဘာဝ လုံးဝ ကင်းမဲ့ခဲ့ပါတယ်။ ကိုယ်တော့် နှုတ်ကပတ်တော် အများကြီးရဲ့ ရေလောင်း အာဟာရပေးတာ မွေ့လျော်ခံစားခဲ့ပေမဲ့၊ ကိုယ်တော့်အလိုကို အလေးမထားမိခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေကို အတိဒုက္ခရောက်တဲ့ အတောအတွင်း ဧည့်မခံနိုင်ခဲ့သလို၊ နှင်ထုတ်ဖို့ ဆင်ခြေတွေ ရှာခဲ့တယ်။ ကျွန်တော့်လုပ်ရပ်နဲ့ အပြုအမူက ကိုယ်တော့်အဖို့ စက်ဆုပ်စရာ၊ မသတီစရာပါ။ အမှောင်နဲ့ နာကျင်မှုထဲ ဒီနေ့ ကျရောက်ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်စရာရှိပြီး၊ ဒါက ကိုယ်တော့်ဖြောင့်မတ်ခြင်းကို အပြည့်အဝ ထုတ်ဖော်ပြပါတယ်။ ကိုယ်တော့်ကို ကျေးဇူးတင်ပြီး ချီးမွမ်းပါတယ်။ ဘုရားသခင်၊ အိမ်ရှင်ဖြစ်ဖို့ အခွင့်အရေးရှိသေးရင်၊ ကျွန်တော် သေချာပေါက် နောင်တရ၊ ကိုယ့်နည်းလမ်းတွေကို ပြင်ပြီး ကိုယ်တော်စိတ်ကျေနပ်ဖို့ တာဝန်ထမ်းပါ့မယ်”လို့ပေါ့။
ခဏကြာပြီးတဲ့နောက်မှာ တာဝန်ထမ်းဖို့ တခြားနေရာကို ကျွန်တော် သွားခဲ့တယ်။ ဘုရားကို တကယ် ကျေးဇူးတင်ပြီး ဒီတာဝန်ကို မြတ်နိုးတန်ဖိုးထားမိခဲ့တယ်။ ဒါပြီးတော့ သိပ်မကြာခင်မှာ၊ ကျွန်တော့် ဇနီးက ရုတ်တရက် အရမ်း နေမကောင်းဖြစ်လာပြီး ဆုံးပါးသွားတယ်။ သူမသေခင်မှာ၊ ကျွန်တော့်ကို ဒီစကားတွေ ချန်ခဲ့တယ်။ “ကျွန်မ မနက်ဖြန် ထွက်မသွားနိုင်လို့ ကိုယ့်တာဝန် မလုပ်နိုင်ရင်၊ ရှင့်တာဝန်ကို ရှင် ကောင်းကောင်း ထမ်းဆောင်ရမယ်”တဲ့။ သူ့ရဲ့ နောက်ဆုံးစကားတွေက နောင်တရိပ်သန်းနေပြီး၊ ကျွန်တော် မသုံးသပ်ဘဲ မနေနိုင်ခဲ့ဘူး။ သူ့တစ်သက်တာအတွင်း ကျွန်တော့်ဇနီးရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေအကြောင်း၊ တာဝန်မှာ သူ့ကိုယ်ကျိုးစီးပွားကိုပဲ ကာကွယ်ခဲ့ပြီး သစ္စာမစောင့်သိ၊ မနာခံခဲ့ပုံကို တွေးမိတယ်။ သူက သူရဲဘောကြောင်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေကို မဧည့်ခံချင်ခဲ့ဘူး။ အိမ်ကနေ သူတို့ကို နှင်ထုတ်ဖို့တောင် ကျွန်တော့်ကို တိုက်တွန်းပြီး သိမ်းသွင်းခဲ့တယ်။ ဒါမကောင်းတဲ့ လုပ်ရပ်ပဲ။ သူ့နောက်ဆုံးစကားတွေက သူဟာ သူ့တာဝန်အပေါ် အပြစ်ရှိတဲ့စိတ်ခံစားရပြီး နောင်တရခဲ့တယ်လို့ တွေးမိစေတယ်။ ကျွန်တော့်ဇနီးသေတာက ကျွန်တော့်ကို သတိပေးသလို ကျွန်တော့်တာဝန်ကို အရင်လို ဆက်သဘောထားလို့ မဖြစ်သလို၊ ကိုယ့်တာဝန်ကို လုပ်ဖို့ သေမင်းတံခါးဝဆီ ရောက်တဲ့အထိ စောင့်ရင်၊ အရမ်းနောက်ကျသွားမှာ ဖြစ်ကြောင်းလည်း သဘောပေါက်စေခဲ့တယ်။ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော် အသက် ၇၀ ရှိပါပြီ။ တခြားတာဝန်တွေကို မလုပ်နိုင်ပါဘူး။ ကိုယ်တော့် ကျေးဇူးတော်အားဖြင့် ဧည့်ခံနိုင်ပါတယ်။ အရင်က တစ်ကိုယ်ကောင်းဆန်ပြီး ဧည့်ဝတ်မကျေခဲ့လို့ ပြစ်မှားမှုကြီးကျူးလွန်ခဲ့ပါတယ်။ ကျွန်တော် နောင်တရပြီး ကျန်တဲ့ အချိန်ကို သမ္မာတရား လိုက်စားရင်း၊ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ရင်းနဲ့ ကုန်ချင်ပါတယ်”လို့ပေါ့။
ဒါပြီးတော့၊ ကျွန်တော် တွေးဆမိတယ်၊ အဖမ်းခံတာက အမြဲ ကြောက်ရတဲ့ အကြောင်းရင်း၊ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှု၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုနဲ့ သားသမီးတွေရဲ့ အနာဂတ်ကို ပူပန်ရတဲ့ အကြောင်းရင်းကိုပေါ့။ နောက်ပိုင်းမှာ ဒါကို ဘုရားနှုတ်ကပတ်တော်မှာ တွေ့ရတယ်။ “မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် အဖမ်းခံရခြင်းမှ ရှောင်ရှားရန်၊ ဖိနှိပ်ခြင်းအားလုံးမှ ရှောင်တိမ်းကာ မိမိတို့ကိုယ်ကို ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခုတွင် နေရာချရန်အလို့ငှာ အန္တိခရစ်တို့သည် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် မကြာခဏ တောင်းပန်ခယပြီး ဆုတောင်းကြသည်။ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်လာသည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်အပေါ် အမှန်တကယ် အမှီပြုပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ပူဇော်ဆက်ကပ်ကြသည်။ ဤအရာနှင့်ပတ်သက်သည့်အခါ ၎င်းတို့၌ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ မှီခိုခြင်းက စစ်မှန်လေ၏။ အသင်းတော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့၏တာဝန်အတွက် စိုးစဉ်းမျှ မစဉ်းစားကြဘဲ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဘုရားသခင် ကာကွယ်ပေးပါရန် တောင်းလျှောက်ရင်းဖြင့်သာ ဘုရားသခင်ထံ သူတို့ ဒုက္ခခံဆုတောင်းကြသည်။ ၎င်းတို့၏ အလုပ်၌ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံမှုသည် ၎င်းတို့ကို လမ်းပြသည့် စည်းမျဉ်းဖြစ်သည်။ လုံခြုံသည့်မည်သည့်နေရာမဆို ထိုနေရာသည် ၎င်းတို့ အလုပ်အချို့ လုပ်ဆောင်မည့် နေရာဖြစ်သည်။ ၎င်းတို့၏အလုပ်တွင် ၎င်းတို့၏ ကြီးမားသော ‘တာဝန်သိစိတ်’နှင့် ‘သစ္စာစောင့်သိခြင်း’ တို့ကို ပြစားလျက် အမှန်ပင် တက်ကြွပြီး အပြုသဘောဆောင်လိမ့်မည်။ အချို့သောအလုပ်သည် စွန့်စားရခြင်း ပါဝင်ပြီး လွဲချော်သွားဖွယ်ရှိပါက လုပ်ဆောင်သူသည် အဆင်းနီသော နဂါးကြီး၏ တွေ့ရှိခံရဖွယ်ရှိပါက ၎င်းတို့သည် ဆင်ခြေများပေး အခြားသူတစ်ဦးထံ ယင်းကို လက်လွှဲလိုက်ပြီး ယင်းမှ ထွက်ပြေးဖို့ အခွင့်အရေးရှာကြသည်။ အန္တရာယ်ရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အန္တရာယ်၏ အရိပ်အယောင်ရှိသည်နှင့်တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများကို ဂရုစိုက်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်းပြီး မိမိတို့တာဝန်ကို စွန့်ပစ်မည့်နည်းလမ်းများ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အန္တရာယ်မှ လွတ်စေဖို့သာ ဂရုစိုက်ကြသည်။ စိတ်နှလုံးတွင် ၎င်းတို့ ပြင်ဆင်ထားနှင့်ပြီး ဖြစ်နိုင်သည်။ အန္တရာယ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ် မည်သို့ဖြစ်နေသည်၊ သို့မဟုတ် ယင်းက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား မည်သည့် ဆုံးရှုံးမှုရောက်စေမည်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ ၎င်းတို့ လုပ်နေသည့် အလုပ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြသည်။ ၎င်းတို့အဖို့ အရေးကြီးသည်မှာ ထွက်ပြေးဖို့ ဖြစ်သည်။ မိမိတို့ကိုယ်ကိုယ် ကာကွယ်မည့် အစီအစဉ်၊ ‘ဝှက်ဖဲ’ပင် ရှိကြသည်။ ၎င်းတို့အပေါ် အန္တရာယ်ကျရောက်သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ အဖမ်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ ရှိသမျှသော တာဝန်ဝတ္တရားမှ မိမိတို့ကိုယ်ကိုယ် ရှင်းလင်းစေပြီး လွတ်ငြိမ်းခွင့်ပေးလျက် ၎င်းတို့ သိသမျှကို ပြောကြလေတော့သည်။ ဤသည်မှာ ၎င်းတို့၌ အသင့်ရှိသော အစီအစဉ်ဖြစ်လေသည်။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် နှိပ်စက်ခံရရန်လိုလားခြင်း မရှိကြချေ။ အဖမ်းခံရမည်ကိုလည်းကောင်း၊ ညှဉ်းဆဲခံရပြီး စီရင်ချက်ချခံရမည်ကိုလည်းကောင်း ၎င်းတို့ စိုးရွံ့ကြသည်။ အမှန်မှာ ၎င်းတို့သည် စာတန်ကို မလွန်ဆန်နိုင်ဖြစ်ကြသည်မှာ ကြာပြီဖြစ်သည်။ ဆိုးယုတ်သော အစိုးရ၏ တန်ခိုးအာဏာကို ၎င်းတို့ ကြောက်လန့်ကြပြီး ၎င်းတို့အပေါ် ကျရောက်မည့် ညှဉ်းဆဲမှုနှင့် ပြင်းထန်သော စစ်ကြောမေးမြန်းမှုကဲ့သို့သော အရာများကို သာ၍ပင် ကြောက်ကြသေးသည်။ ထို့ကြောင့် အန္တိခရစ်တို့နှင့် ပတ်သက်၍ အားလုံး အဆင်ပြေချောမွေ့နေပြီး ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခြင်းမရှိ၊ သို့မဟုတ် ယင်းနှင့် ပတ်သက်၍ ပြဿနာမရှိသကဲ့သို့ မည်သည့်ဘေးမျှ ဖြစ်နိုင်ခြေ မရှိပါက ၎င်းတို့သည် မိမိတို့၏ စိတ်ထက်သန်မှု၊ ‘သစ္စာစောင့်သိခြင်း’နှင့် မိမိတို့၏ ပိုင်ဆိုင်မှုများကိုပင် ပေးကောင်းပေးနိုင်ကြပေမည်။ သို့သော် အခြေအနေများက ဆိုးရွားပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းအတွက် ၎င်းတို့အချိန်မရွေး အဖမ်းခံရနိုင်ပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုက မိမိတို့၏ အရာရှိရာထူးမှ ဖြုတ်ခြင်းခံရနိုင်ပါက၊ သို့မဟုတ် ၎င်းတို့နှင့် ရင်းနှီးသူများ၏ စွန့်ပစ်ခြင်းခံရကောင်း ခံရနိုင်စေမည်ဆိုပါက ၎င်းတို့သည် ဧဝံဂေလိ ဟောကာ ဘုရားသခင်ကို သက်သေခံခြင်းမရှိသကဲ့သို့ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းမရှိဘဲ အထူးသတိထားကြလိမ့်မည် ဖြစ်သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ ဝေးဝေးကို ရှောင်ကြလေတော့သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ မိမိတို့ ဆက်လုံခြုံပြီး ဘေးကင်းစေရန်အလို့ငှာ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို အသင်းတော်ထံ ချက်ချင်း ပြန်ပို့လိုကြသည်။ ထိုသို့သော လူတစ်ဦးသည် အန္တရာယ်များသည် မဟုတ်လော။ အဖမ်းခံရပါက ၎င်းတို့သည် ယုဒဖြစ်လာကြမည် မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် အလွန်အန္တရာယ်များသည်မှာ ၎င်းတို့ အချိန်မရွေး ယုဒဖြစ်လာနိုင်ပေသည်။ ဘုရားသခင်ကို ကျောခိုင်းဖို့ ဖြစ်နိုင်ခြေ အမြဲရှိသည်။ ထို့အပြင် ၎င်းတို့သည် အဆုံးစွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာကြသည်။ ဤအရာကို အန္တိခရစ်၏ သဘာဝနှင့် အနှစ်သာရအားဖြင့် ဆုံးဖြတ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘေးကင်းတဲ့ အခြေအနေတွေမှာ စတေးမှုတွေ လုပ်နိုင်တဲ့၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံ၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်တဲ့ အန္တိခရစ်တွေကို ဘုရားက စိတ်ဖြာလေ့လာတယ်။ အပြင်ပန်းမှာ သူတို့က သူတို့တာဝန်မှာ ဆက်ကပ်ကြပုံပေါ်ပေမဲ့၊ အန္တရာယ်ကို ရင်ဆိုင်ရတာနဲ့ နောက်တွန့်ကြတယ်၊ တာဝန်ကို ခေါင်းရှောင်ဖို့ ဆင်ခြေနဲ့ မမှန်တဲ့ အကြောင်းပြချက် အမျိုးမျိုး ရှာတယ်၊ အသင်းတော်အလုပ်၊ ညီအစ်ကို မောင်နှမတွေရဲ့ ဘေးကင်းမှုအတွက် ထည့်စဉ်းစားတာ မရှိသလို၊ သူတို့ ကိုယ်ကျိုးစီးပွားတွေကိုပဲ ထည့်စဉ်းစားကြတယ်။ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာပဲ။ ကျွန်တော့် လုပ်ရပ်၊ အပြုအမူနဲ့ နှိုင်းယှဉ်ရာမှာ၊ ကျွန်တော့် စိတ်သဘောထားက အန္တိခရစ်နဲ့ အတူတူပဲ မဟုတ်လား။ ဘုရားကို စယုံကြည်တုန်းက၊ ဘုရားဆီက ပိုလျှံတဲ့ ကျေးဇူးတော် ရခဲ့တယ်။ ကျွန်တော့်နာတာရှည်မျက်စိရောဂါက အံ့ဩဖွယ်ကောင်းမွန်ခဲ့လို့ တခြားလူတွေကို ဧည့်ခံရင်းနဲ့ ထက်ထက်သန်သန် အသုံးခံခဲ့တယ်။ ကျွန်တော့် ဧည့်ခံခဲ့တဲ့တချို့က အဖမ်းခံရပြီး ကျွန်တော်လည်း အမှုပတ်နိုင်တာ၊ ပြီးတော့ ကျွန်တော့် ဘေးကင်းလုံခြုံမှုနဲ့ ကိုယ်ကျိုးစီးပွားတွေ အန္တရာယ်ရှိနိုင်တာကို သိရတော့ ဧည့်ခံတာကို ဆက်လုပ်ဖို့ မလိုလားခဲ့သလို၊ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုကို ဘာမှ တည့်သွင်းမစဉ်းစားဘဲ၊ သူတို့ကို နှင်ထုတ်ဖို့ ဆင်ခြေတွေတောင် ရှာခဲ့တယ်။ ကျွန်တော် အရမ်း တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ပြီး လူ့သဘာဝမဲ့ခဲ့တာ တွေ့ရတယ်။ စီစီပီချခင်းထားတဲ့ လှည့်ကွက်နဲ့ ထောင်ချောက်တွေ၊ ယုံကြည်သူတွေကို ဖမ်းနိုင်အောင် လှည့်ကွက်တိုင်း အသုံးပြုနေကြပုံ၊ ဘုရားအမှုတော်ကို ဖြိုချပြီး ဘုရားရွေးချယ်ထားသူ အားလုံးကို ဖမ်းဆီးဖို့ အချည်းနှီး ကြိုးပမ်းကြပုံကိုလည်း တွေးမိတယ်။ ညီအစ်ကို မောင်နှမ အတော်များများက ဒီရက်စက်ပြီး ဆိုးရွားတဲ့ အခြေအနေတွေနဲ့ အဖမ်းခံရပြီး အိမ်ခြေရာမဲ့ ဖြစ်သွားကြတယ်။ ဒါ ဘုရားမြင်ချင်တဲ့ အရာတစ်ခု မဟုတ်ဘူး။ ဒီအချိန်တွေမှာ၊ သူ့အလိုတော်ကို အလေးဂရုပြုဖို့ လူတွေအတွက် ပိုလို့ လိုအပ်သလို၊ ဒီညီအစ်ကို မောင်နှမတွေကို စွန့်စားဧည့်ခံဖို့ လိုတယ်။ ဒါက ကောင်းတဲ့လုပ်ဆောင်ချက် လုပ်ခြင်း သဘောဖြစ်ပြီး ဘုရားက အမှတ်ရမှာ ဖြစ်တယ်။ အဖမ်းခံရမှာ ကြောက်လို့ ကျွန်တော် ဧည့်မခံခဲ့ဘူး။ ဘုရားအလိုတော်ကို လုံးဝ အလေးဂရုမပြုခဲ့သလို၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့နေခဲ့တယ်။ ထပ်တွေးဆမိပြီး၊ ကိုယ့်အသက်ကို အရမ်းတန်ဖိုးထားခဲ့လို့ ဖမ်းဆီးမှုနဲ့ သေခြင်းကို ကြောက်ခဲ့မှန်း သဘောပေါက်ခဲ့တယ်။ သခင်ယေရှု ပြောခဲ့တာ သတိရမိတယ်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ကျွန်တော်တို့ရဲ့ လောကီအသက်တွေက ယာယီဖြစ်ပြီး၊ တကယ့်အသက်က ထာဝရဖြစ်မှန်း သခင့်နှုတ်ကပတ်တော်က သဘောပေါက်စေတယ်။ ပေတရုက ဘုရားအတွက် ဇောက်ထိုး ကားစင်တင် သတ်ခံခဲ့ရပုံလိုပေါ့။ သူ့ရဲ့လောကီအသက်ကို ဆုံးရှုံးကောင်း ဆုံးရှုံးမယ်၊ ဒါပေမဲ့ ထာဝရအသက် ရခဲ့တယ်။ အဖမ်းခံခဲ့ရတဲ့ ညီအစ်ကို မောင်နှမတွေက ညှဉ်းဆဲ၊ ရိုက်နှက်ခံရနိုင်ပေမဲ့၊ အသတ်တောင် ခံရနိုင်ပေမဲ့၊ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ကြပြီး ဘုရားရဲ့ ချီးကျူးမှုကို ရရှိကြတယ်။ ဒီလိုအသက်ရှင်နည်းကပဲ အဓိပ္ပာယ်နဲ့ တန်ဖိုးရှိတယ်။ ဒီအတွေးနဲ့ ကျွန်တော် ယုံကြည်ခြင်းနဲ့ ခွန်အားရပြီး၊ မတွန့်ဆုတ်၊ မကြောက်ရွံ့တော့ဘူး။
ဒီဇင်ဘာလအကုန် ရက်တစ်ရက်မှာ၊ ညီအစ်ကိုတစ်ယောက် ရုတ်တရက် ကျွန်တော့်ဆီ လာတယ်၊ သူနဲ့ တခြားညီအစ်ကိုတစ်ယောက်နေတဲ့ နေရာက မလုံခြုံတော့ဘူးလို့ပြောပြီး၊ ကျွန်တော်နဲ့ ခဏ နေလို့ရမလားလို့ မေးတယ်။ ဒါဘုရားက နောင်တရဖို့ အခွင့်အရေး ပေးနေတာ ဖြစ်မှန်း ကျွန်တော် ရှင်းလင်းသွားပြီး၊ အသင့် သဘောတူလိုက်တယ်။ သူတို့ကို နေ့စဉ်လိုအပ်တာတွေလည်း ကျွန်တော် ထောက်ပံ့ပေးတယ်။ စီစီပီဆီက ဖမ်းဆီးမှုနဲ့ နှိပ်စက်မှုက ပိုပြီးတောင် ပြင်းထန်လာခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေ အဖမ်းခံရတဲ့ သတင်းကို ဆက်ကြားနေခဲ့ရတယ်။ ညီအစ်ကို နှစ်ယောက်က ကျွန်တော်နဲ့ နေနေတုန်းပဲ ဖြစ်ပြီး၊ ကျွန်တော် နည်းနည်း ကြောက်မိတယ်၊ အဖမ်းခံရပြီး ကျွန်တော့် သားသမီးတွေ အမှုပတ် မှာကိုပေါ့။ ဒါကြောင့် ဘုရားဆီ ဆုတောင်းပြီး သူ့နှုတ်ကပတ်တော်တွေကို ဖတ်တယ်။ ဘုရားနှုတ်ကပတ်တော်မှာ ဒါကို ဖတ်ခဲ့ရတယ်။ “စာတန်က မည်မျှပင် ‘အစွမ်းထက်’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်အဖို့ အဖြည့်ခံဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတယ်။ ဘုရားက အရာခပ်သိမ်းပေါ် အချုပ်အခြာအာဏာရှိတယ်၊ စာတန်က အစေခံသူဖြစ်ပြီး သူ့လက်ထဲမှာ အဖြည့်ခံပဲ ဖြစ်တယ်ဆိုတာ နားလည်ရတယ်။ စာတန်က ဘုရားရွေးချယ်ထားသူတွေ စုံလင်စေဖို့ အစေခံပြီး၊ စာတန်ရဲ့ အင်အားစုတွေက ဘယ်လောက် အားကောင်း၊ ကြမ်းကြုတ်၊ ရက်စက်ပုံပေါ်ပါစေ၊ ကျွန်တော်တို့အပေါ် အခြေအနေ ကျရောက်ခွင့်မပေးရင်၊ စီစီပီက ဘယ်လိုပဲ ကြမ်းကြုတ်ပါစေ၊ သူတို့လုပ်တဲ့အရာတွေ မအောင်မြင်နိုင်ဘူး။ စာတန်က သူ့အတွက် ဘုရားချမှတ်တဲ့ ကန့်သတ်ချက်တွေကို မကျော်ရဲဘူး။ ဒါကို ဘုရားရဲ့ ဩဇာအာဏာနဲ့ တန်ခိုးက ဆုံးဖြတ်တယ်။ အဖမ်းခံရပြီး ကျွန်တော့် သားသမီးတွေ အမှုပတ်မှာ ကြောက်တဲ့စိတ်က ဘုရားရဲ့ ဩဇာအာဏာနဲ့ အနန္တတန်ခိုးရှိတဲ့ အချုပ်အခြာအာဏာအပေါ် သိနားလည်မှု ကင်းမဲ့တာကြောင့်သက်သက် ဖြစ်ပါတယ်။ ကျွန်တော့် သားသမီးတွေနဲ့ မြေးတွေရဲ့ အနာဂတ်တွေလိုပဲ ကျွန်တော် အဖမ်းခံရခြင်း ရှိမရှိက ဘုရားလက်ထဲမှာ ရှိတယ်။ အချိန်အကြာကြီးကတည်းက ဒါတွေကို ဘုရားက ဆုံးဖြတ်ပြီးပြီဖြစ်သလို၊ ဘယ်လူကမျှ မပြောင်းလဲစေနိုင်ဘူး။ ယုံကြည်သူတွေရဲ့ မျိုးဆက်တွေက တက္ကသိုလ်ဝင်လို့မရဘူး၊ ပြည်သူ့ဝန်ထမ်းလုပ်လို့မရဘူး၊ ဒါမှမဟုတ် တပ်မတော်ထဲ ဝင်လို့မရဘူး၊ ပြီးတော့ သူတို့ အမျိုးတွေအားလုံး အမှုပတ်မယ်လို့ စီစီပီက ဘယ်လိုပဲ အခိုင်အမာ ပြောနေပါစေ၊ ဘယ်သူ့ရဲ့ ကံကြမ္မာကိုမှ သူတို့ မပြောင်းလဲနိုင်ဘူး။ အဲဒါက ဆိုးယုတ်တဲ့၊ ဘုရားကို ခုခံ၊ မုန်းတီးတဲ့ စီစီပီရဲ့ အနှစ်သာရကိုပဲ ဖော်ထုတ်တယ်။ ကပ်ဘေးတွေက ကြီးထွားလာနေပြီဖြစ်သလို၊ လူတွေက ဘုရားကို မယုံကြည်ရင်၊ သူတို့ အပြစ်တွေကို မစွန့်ပယ်ရင်၊ ဖျက်ဆီးခံရကြလိမ်မယ်။ အဲဒါဆိုရင် သူတို့မှာ ပြောစရာ ဘာ အနာဂတ်ရှိမှာလဲ။ ဘုရားရှေ့ကို လာခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ပြီး တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ခြင်းအားဖြင့်ပဲ ငြိမ်သက်၊ ဝမ်းမြောက်ခြင်းနဲ့ ကောင်းမွန်တဲ့ နောက်ဆုံး ကံကြမ္မာ ရှိနိုင်တယ်။ အဲဒီလိုနဲ့ ကျွန်တော် ဘုရားလက်ထဲကို ကိုယ့်ကိုယ်ကိုယ်နဲ့ မိသားစုကို အပ်နှံပြီး သူ့အစီအစဉ်တွေကို ကျိုးနွံနာခံခဲ့တယ်။ ဧည့်ခံဖို့ ကျွန်တော် ငြင်းခဲ့တဲ့သူတွေကို ပြန်တွေးကြည့်တော့၊ ယုံကြည်သူအနေနဲ့ ကျွန်တော့် ဘဝမှာ ဖျက်လို့မရတဲ့ အစွန်းအထင်း ဖြစ်လာတဲ့ အပြင် ရှက်စရာအမှတ်အသား ဖြစ်သွားတယ်။ ဘုရားရဲ့ စိတ်နှလုံးကို နာကျင်စေလို့ မဖြစ်တော့ဘူး။ အဖမ်းခံရပြီး ဘာမှမကျန်ရင်တောင် ကိုယ့်တာဝန်ကို ကောင်းကောင်း ဆောင်ရွက်ပြီး ညီအစ်ကို မောင်နှမတွေကို ကျွန်တော် ဧည့်ခံမယ်။
ဧည့်ခံသူအနေနဲ့ ကိုယ့်တာဝန်ကို ကျွန်တော် လုပ်နေတုန်းပဲဖြစ်ပြီး၊ တစ်ခါက လုပ်ခဲ့သလို လုပ်ရင်းနဲ့ ကျွန်တော် စိတ်မကျေနပ်တော့ဘူး။ အခု၊ သမ္မာတရားလိုက်စားပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းခြင်းအပေါ် အာရုံစိုက်တယ်။ စိတ်နှလုံးက အရင်ထက် အများကြီး ပိုပြည့်ဝလာပြီး ပိုအေးချမ်းသွားတယ်။ ဒီအတွေ့အကြုံကတစ်ဆင့်၊ ဘုရားအမှုတော်က တကယ် အမြော်အမြင်ရှိမှန်း မြင်လာခဲ့တယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးမှုတွေနဲ့ နှိပ်စက်မှုက ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြပြီး၊ ကျွန်တော် တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ပြီး တာဝန်မှာ သစ္စာစောင့်သိမှု မရှိတာ မြင်ခွင့်ပေးခဲ့တယ်။ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းအပေါ် သိနားလည်မှု တချို့ ရခဲ့ပြီး အတော်အတန် ပြောင်းလဲနိုင်ခဲ့တယ်။ ဘုရားကို တကယ်ကျေးဇူးတင်မိပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။