နောက်ဆုံးတွင် ကျွန်တော် လူတစ်ဦးကဲ့သို့ အနည်းငယ် အသက်ရှင်နေထိုင်ပြီ

25.09.2019

ရှန်ဝမ်၊ စီချွမ်စီရင်စု

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤသို့ပြောသည်ကို မြင်ရသောအခါတိုင်း ကျွန်တော့်နှလုံးသားထဲတွင် ပြစ်တင်ဆုံးမခံရသကဲ့သို့ နက်နက်ရှိုင်းရှိုင်းခံစားရပါသည်။ “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။ ထိုအတွက်ကြောင့် ဘုရားသခင်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတင်းအဓမ္မ သေဒဏ်စီရင်ခြင်းခံရပြီဖြစ်ပြီး မရေတွက်နိုင်သော အရိုင်းအစိုင်း တရားသူကြီးများက ဘုရားသခင်ကို စီရင်ချက်ချကာ သူ့ကို နောက်ထပ်တစ်ကြိမ် ကားတိုင်ပေါ်တွင် သံမှိုစွဲရိုက်ထားကြပြီ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ကျွန်တော် သမ္မာတရားကို မရှာဖွေခဲ့ပုံ၊ ကျွန်တော့်တာဝန်များကို ထမ်းဆောင်သောအခါ လုပ်ဖော်ကိုင်ဖက်များ နှင့်ခဏခဏ ပြိုင်ဆိုင်ခဲ့ပုံ၊ ကျွန်တော့် နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်အတွက် ကျွန်တော် သူတပါးကို ဖိနှိပ် သို့မဟုတ် ငြင်းဆန်ခဲ့ပုံ၊ ကျွန်တော်ကိုယ်တိုင်၏ ဘဝနှင့် ဘုရားသခင့်မိသားစု၏အလုပ်နှစ်ခုလုံးကို ဆုံးရှုံးခဲ့ရပုံတို့ကို ပြန်တွေးမိပါ သည်။ သို့သော် ဘုရားသခင်က ကျွန်တော့်ကို ဆက်ပြီး သနားခဲ့ သည်။ ကယ်တင်ဖို့လုပ်ခဲ့ သည်။ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းများကို ကြိမ်ဖန်များစွာ ခံရပြီးနောက်မှ ကျွန်တော် နိုးထလာပြီး ကျွန်တော်တို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ဆန္ဒကို နားလည်ခကာ ကျွန်တော့်နာမည်ဂုဏ်သတင်း နှင့် အဆင့်အတန်း နောက်ကိုလိုက်ခြင်းကို ဘေးဖယ်လိုက်ပြီး လူတစ်ယောက်ကဲ့သို့ အနည်းငယ် စတင်ပြုမူလာခဲ့ပါသည်။

၁၉၉၉ ခုနှစ် တွင် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော် ကို ကျွန်တော်လက်ခံခဲ့ ပါသည်။ ထိုအချိန်တွင် ကျွန်တော့်မိသားစုက ဧည့်ဝတ်ကျေပွန်စွာ လုပ်ကိုင်ခဲ့ကြပြီး တစ်ချို့ ညီအစ်ကိုမောင်နှမများက မည်သို့ ကောင်းကောင်းဆွေးနွေးခဲ့ကြပြီးမေးခွန်းမှန်သမျှကို ဖြေဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်မျှကောင်းကောင်း အသုံးပြုနိုင်သည်ကို ကျွန်တော် တွေ့မြင်ခဲ့သည်။ ကျွန်တော်တို့အားလုံး သူတို့နှင့်ထိတွေ့ဆက်ဆံဖို့ ဆန္ဒရှိကြပြီး ကိစ္စမဆို သူတို့နှင့်ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ကြသည်။ တစ်နေ့တွင် ကျွန်တော် သူတို့လိုဖြစ်လျှင် မကောင်းဘူးလား၊ ညီအစ်ကို မောင်နှမတွေဝန်းရံရင်း၊ သူတို့ရဲ့ပြဿနာတွေ ကို ဖြေရှင်းရင်းပေါ့ ဟုတွေးရင်း ကျွန်တော် သူတို့ကို အားကျနေခဲ့သည်။ ဤရည်ရွယ်ချက်ဖြင့် အသင်းတော်မှာ ကျွန်တော်၏တာဝန်ကို ပြီးမြောက်စေဖို့ စတင်ခဲ့သည်။ ၂၀၀၇ခုနှစ် တွင် ကျွန်တော်သည် ဒိစတြိတ်ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါသည်။ ကျွန်တော့် ညီအစ်ကိုမောင်နှမများက ကျွန်တော့်အလုပ် အကြောင်းအရာများ မမှန်ကန်သောအခြေအနေ၌ ရှိနေလျှင်အစီရင်ခံ ကြသည်။ သူတို့၏ ကိုယ်ပိုင်အခက်အခဲများနှင့် အသင်းတော်ထဲ၌ ရှိသောပြဿနာအမျိုးမျိုးကို အစီရင်ခံကြသည်။ နေရာတိုင်းမှာ ပါဝင်နေသည်ဟု ခံစားရပြီး ကျွန်တော် အလုပ်လုပ်ရသည့် နှစ်ပေါင်းများစွာ က ထိုက်တန်သည်ဟု ခံစားရသည်။ ယခုကျွန်တော် သမ္မာတရားတစ်ချို့ကို ဆွေးနွေးနိုင်ပြီး ညီအစ်ကို မောင်နှမများကိုကို သူတို့၏ အခက်အခဲများနှင့် ပတ်သက်၍ ကူညီပေးနိုင်ပြီ။ လုပ်စရာတွေက နည်းနည်းများသော်လည်း ကျွန်တော် အလုပ်ကြိုးစားချင် စိတ်ရှိနေပါသည်။ ဤရာထူးကိုထိန်းသိမ်းဖို့ ရန်နှင့် ကျွန်တော်၏ ဘဝင်မြင့်စိတ်ကို ဖြည့်ဆည်းဖို့ ကျွန်တော်၏ တာဝန်ကို စံထားလောက်သော အပြုသဘောဆောင် ပုံစံ နှင့် ကျွန်တော် ဆောင်ရွက်ပါသည်။ ခေါင်းဆောင်များကမည်သည့်အလုပ်ကို ကျွန်တော်တို့အား ချပေးပါလေ့စေ၊ ကျွန်တော၏လုပ်ဖော်ကိုင်ဖက်များက ခက်ခဲသည်ဟု ခံစားရသော်လည်း သို့မဟုတ် အတူလုပ်ကိုင်ဆောင်ရွက်ဖို့ ဆန္ဒမရှိသော်လည်း ကျွန်တော် ကောင်းကောင်းတုံ့ပြန်ခဲ့သည်။ ကျွန်တော့်တွင် အခက်အခဲရှိလျှင် ကျွန်တော် တိတ်တိတ်ပဲနေပြီး သူတို့ နှင့် တက်တက်ကြွကြွ သဘောတူပါသည်။ ကျွန်တော်နားမလည်သော အရာများ ရှိလျှင်ပင် ကျွန်တော် ၏ခေါင်းဆောင်များ ချီးမွမ်းခြင်းကိုရဖို့အတွက် ကြည့်လုပ်ခဲ့ပါသည်။

ထို့ကြောင့် ကျွန်တော့်ခေါင်းဆောင်များက ကျွန်တော့်ကို အကောင်းမြင်ပြီး လုပ်ဖော်ကိုင်ဖက်များကြားတွင် ပေါ်လွင်ထင်ရှားကာ ကျွန်တော်၏ ရည်မှန်းချက်များကို မည်သို့ရရှိမည်ဆိုသည့်အပေါ်ကျွန်တော် စတင်ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။ ကျွန်တော်၏ ညီအစ်ကို မောင်နှမများအား စိတ်ရှည်ရှည် လမ်းညွှန်ပြသမှုများ မလုပ်တော့ပဲ ဧဝံဂေလိအမှုတော်ကို ချဉ်းကပ်သော နည်းအား ကျွန်တော် ပြောင်းခဲ့ပါသည်။ ဧဝံဂေလိအမှုတော်လုပ်ငန်းတွင် အခက်အခဲများကို ၎င်းတို့ တင်ပြခဲ့လျှင်ကျွန်တော်က ၎င်းတို့ကို ကျွန်တော် ပြုပြင်ပေးခြင်း သို့မဟုတ် ရိုက်နှက်ဆုံးမခြင်းများ လုပ်ဆောင်သည်။ ရလဒ်အတွက် ကျွန်တော် အသင်းတော်ခေါင်းဆောင်များကို စပြီး ဖိအားပေးပြီး အပူကပ်ခြင်းများ လုပ်ခဲ့သည်။ ရလဒ်က အမြန်ပင် တိုးတက်လာပြီး ကျွန်တော့်ကို ဝမ်းသာစေခဲ့သည်။ပိုကောင်းသောရလဒ်တွေကိုရခြင်းက ကျွန်တော်သည် ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်များကြားတွင် အကောင်းဆုံးဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပြီး မိမိကိုယ်ကို နှစ်သက်လာခဲ့သည်။ သိပ်မကြာမီတွင်ညီအစ်ကိုတစ်ယောက်က ကျွန်တော်တို့ဆီ တာဝန်ကျလာ သည်။ သူက ကြည့်ကောင်းပြီး သူ၏ သမ္မာတရားဆွေးနွေးမှုက ရှင်းလင်လှသည်။ ညီအစ်ကို မောင်နှမများအားလုံးက သူ၏မိတ်ဿဟာယပြုမှုကို ချီးမွမ်းကြ သည်။ ဤအချက်က ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ သူတို့အားလုံးက သူ၏မိတ်ဿဟာရပြုမှုကို ချီးမွမ်းကြ သည်။ ယင်းက ကျွန်တော်၏မိတ်သဟာယပြုမှု ကောင်းမွန်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။ သူ့ကို ဤနေရာမပို့လိုက်လျှင် ပိုကောင်းလိမ့်မည်။ ကျွန်တော် မိမိကိုယ်ကို သူနှင့် တိုင်းတာကြည့်တော့ သူက အမှန်တကယ်ကျွန်တော့်ထက် သာနေ သည်ကို တွေ့ရ သည်။ သို့သော် ကျွန်တော် အရှုံးပေးဖို့ ဆန္ဒမရှိပါ။ ထိုအချိန်က ကျွန်တော်သည် နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်အပေါ အလေးထားနေပြီး အသင်းတော်၏ ပြဿနာအမျိုးမျိုးကို စိတ်မဝင်စားခဲ့ပါ။ ကျွန်တော် ဝတ်ပုံစားပုံ၊ ပြောဆို ပြုမူပုံများနှင့် ပတ်သက်ပြီး စတင် စိတ်ပူလာခဲ့သည်။ အစည်းအဝေးများတွင် ကျွန်တော်သည် ကျွန်တော်၏ ညီအစ်ကိုမောင်နှမများက ကျွန်တော့်ကို အထင်ကြီးအောင် ကျွန်တော်၏ ဉာဏ်ပညာကို တမင်ထုတ်ဖော်ပြသည်။ တစ်ခါတစ်ရံ ကျွန်တော်နှင့် အလုပ်လုပ်ဖို့ တာဝန်ပေးထားသော ညီအစ်ကို ကို နှိမ်ပြီး ကျွန်တော်တို့၏အလုပ်က လများ ကျွန်တော့်ကို လေးစားသည်ကို မြင်ရဖို့ မျှော်လင့်သည်။ မှားယွင်းနေသော အခြေအနေတွင် ကျွန်တော်က ရှင်သန်နေပြီး ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ခဲ့ပါ။ အရာအားလုံး တွင် ယင်း ညီအစ်ကို နှင့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို လုံးဝ ဆုံးရှုံးခဲ့ပါ သည်။ သိပ်မကြာမီ မှာပင် ကျွန်တော် လူစားထိုးခံလိုက်ရပါ သည်။ ဤသတင်းကို ကျွန်တော်ကြားလိုက်ရသောအခါကျွန်တော်၏နှလုံးသားထဲ တွင် ဓါးတစ်ချောင်း ဆွဲလှိမ့်နေသကဲ့သို့ ဖြစ်ပါသည်။ ကျွန်တော်၏ မျက်နှာ၊ ကျွန်တော်၏ အဆင့်အတန်း၊ ကျွန်တော်၏ အနာဂတ် ဘာဖြစ်မည်နည်း။ ဘုရားသခင်က ကျွန်တော့်ကို တရားစီရင်နေပြီး ပြစ်တင်ဆုံးမ နေပါသည်။သို့သော် ကျွန်တော်၏သဘာဝအပေါ် ကျွန်တော် နားလည်ခြင်းမရှိပါ။ ဆန့်ကျင်ဘက်အနေဖြင့်ခေါင်းဆောင်များက ကျွန်တော့်ကို တစ်ခြားနေရာ တွင် ဘယ်လို ခွဲခြမ်းစိတ်ဖြာမလဲဆို သည့် အပေါ်မှာ ကျွန်တော်မှန်းဆကြည့်ပါသည်။ လူတွေကို ကျွန်တော် မည်သို့ ရင်ဆိုင်မည်နည်း။ ကျွန်တော့်ကိုသိသောလူများက ကျွန်တော့်ကို မည်သို့ထင်မည်နည်း။ ခေါင်းဆောင်တစ်ယောက်အနေနှင့် ကျွန်တော့် တာဝန်ကို ထမ်းရွက်ခြင်းကို၊ယင်းတာဝန်ကို ကျွန်တော်မယူခဲ့လျှင် ဤအရာ လုံးဝ ဖြစ်မှာမဟုတ်ဟု နောင်တရရင်း စာတန်၏ ကွန်ယက်ထဲတွင် ပိတ်မိနေပြီး ကျွန်တော် စတင်ညည်းတွားလာပါသည်။ ကျွန်တော် တွေးကြည့်လေလေ၊ ခံစားရလေလေဖြစ်သည်။ ကျွန်တော့်ဘဝ အဓိပ္ပါယ်မရှိတော့သည့်အထိ ဘုရားသခင်နှင့် များစွာတိုး၍ ဝေးကွာသွားသည်ဟု ခံစားခဲ့ရသည်။ ဤအချိန်တွင် ကျွန်တော် အန္တရာယ်ရှိသော အခြေအနေတွင် ရောက်နေပြီကို သိခဲ့သော်လည်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ပါ။ ထို့နောက် ဘုရားသခင်ရှေ့ ကျွန်တော်လာပြီး ဆုတောင်းလိုက်ပါ သည်။ “အို ဘုရားသခင် ဒီအချိန်မှာ ကျွန်တော်ဟာ အမှောင်ထဲမှာ နေလျက် စာတန်အားဖြင့် လှည့်စားခံရပြီး ကြီးစွာသော ဒုက္ခခံစားနေရပါတယ်။ ဒီနေ့ ကျွန်တော့်အပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာရာတိုင်းကို ကျွန်တော် လက်မခံချင်ပါဘူး။ ကိုယ်တော်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းကနေ ကျွန်တော် လွတ်မြောက်ချင်ပါတယ်။ ကျွန်တော် စောဒကတက်ခဲ့ပြီး ကိုယ်တော်ကို သစ္စာဖောက်ခဲ့ပါတယ်။ အိုး ဘုရားသခင် ကျွန်တော့်နှလုံးသားကို ကာကွယ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးပြီး နားလည်နိုင်စေဖို့၊ ကျွန်တော့်အပေါ်မှာ သနားကြင်နာဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်” ထို့နောက်တွင် ဤတရားဒေသနာကို ကျွန်တော်မြင်ခဲ့ပါသည်။ “တစ်ချို့လူတွေကို ဘုရားသခင်က သီးသန့် ကျေးဇူးတော်တွေ၊ ချီးမြှောက်ခြင်း တွေနဲ့ ဆက်ဆံတယ်။ သူတို့ဟာ အရေးကြီးတဲ့ တာဝန်တွေကို ပေးအပ်ခံရရင်းနဲ့ ခေါင်းဆောင်တွေ သို့မဟုတ် အမှုတော်ဆောင်တွေ အဖြစ် ရာထူးတိုးမြှင့်ခြင်းခံကြရတယ်။ ဒါပေမဲ့ ဒီလူတွေက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပြီးမပေးဆပ်ဘူး။ သူတို့ကိုယ်တိုင်ရဲ့ ဇာတိအတွက်၊ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာအတွက် အသက်ရှင်နေထိုင်ပြီး သူတို့ကိုယ်သူတို့ ကျေနပ်စေဖို့နဲ့ လေးစားမှုတွေရရှိဖို့ အားထုတ်ရှာဖွေ ကြတယ်။ ဒီအပြုအမူတွေက ကောင်းတဲ့ လုပ်ဆောင်ချက်တွေလား။ မဟုတ်ပါဘူး။ ဒီလူတွေက ဘုရားသခင်ရဲ့ စိတ်နှလုံးကို ဘယ်လိုနှစ်သိမ့်ရမယ်ဆိုတာ နားမလည်ဘူး။ ဘုရားသခင်ရဲ့ ဆန္ဒတွေအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိဘူး။ သူတို့ကိုယ်သူတို့ ကျေနပ်စေဖို့ပဲ အားထုတ်ရှာဖွေကြတယ်။ ဒီလူတွေက ဘုရားသခင်ရဲ့ နှလုံးသားကို ထိခိုက်တဲ့၊ မကောင်းမှုတွေကိုသာ ပြုလုပ်တဲ့၊ ထိခိုက်နာကျင်မှုတွေ အများကြီးဖြစ်စေတဲ့၊ ဘုရားသခင်ရဲ့နှလုံးသားကို တော်တော်များတဲ့ ထိခိုက်မှုတွေဖြစ်စေတဲ့ လူတွေဖြစ်ပါတယ်။ ဘုရားသခင်က သူတို့ စုံလင်သောသူတွေ ဖြစ်လာဖို့အတွက် သူတို့ကို အားပေးမြှင့်တင်ဖို့၊ ခေါင်းဆောင်တွေအဖြစ်၊ အမှုတော်ဆောင်တွေ အဖြစ် ရာထူးတိုးမြှင့်ပေးတယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားသခင်ရဲ့ ဆန္ဒတွေအတွက် ထည့်သွင်းစဉ်းစားပေးခြင်းမရှိဘဲ သူတို့အတွက်သာ အလုပ်လုပ်ပါတယ်။ သူတို့ဟာ ဘုရားသခင်ကို သက်သေခံဖို့ အလုပ်မလုပ်ကြဘူး သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားတဲ့သူတ အသက်တာထဲကို ဝင်ရောက်နိုင်ဖို့ သူတို့ မလုပ်ကြဘူး။ သူတို့ကိုယ်သူတို့ သက်သေပြဖို့၊ သူတို့ရဲ့ ကိုယ်ပိုင် ဦးတည်ချက်တွေကို ရောက်ရှိဖို့၊ ဘုရားသခင်ရွေးချယ်ထားတဲ့ လူတွေရဲ့ စိတ်နှလုံးထဲမှာ အဆင့်အတန်း တစ်ခုရဖို့ သူတို့အလုပ်လုပ်ကြတယ်။ သူတို့ဟာ ဘုရားသခင်ကို အဆန့်ကျင်ဆုံး၊ ဘုရားသခင်ရဲ့ နှလုံးသားကို အထိခိုက်ဆုံးလူတွေဖြစ်ကြတယ်။ ဒါက ဘုရားသခင်ကို သစ္စာဖောက်ခြင်းပဲ။ လူ့စကားနဲ့ပြောရင် သူတို့အတွက် လုပ်ပေးခဲ့တဲ့အရာတွေကို အသိအမှတ်ပြု တန်ဖိုးမထားခြင်းပဲ။ ဝိညာဉ်ရေးရာအနေနဲ့ပြောရင် ဒီလူတွေဟာ ဘုရားသခင်ကို ဆန့်ကျင်နေတဲ့ ဆိုးယုတ်တဲ့ သူတွေဖြစ်တယ်။” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၂) တွင်ပါဝင်သေ “ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို ပြင်ဆင်ခြင်းနောက်ကွယ်မှ အရေးကြီးသော အဓိပ္ပါယ်”) ဤဆွေးနွေးချက်သည် ကျွန်တော်၏နှလုံးသားထဲ နှစ်ဖက်ချွန်ဓါးနှင့် ထိုးနေသကဲ့သို့ ခံစားရပြီး အလွန်အမင်း ဆုံးမခံလိုက်ရသကဲ့သို့ ခံစားရပါသည်။ ကျွန်တော့်ကို ခေါင်းဆောင်တစ်ယောက်ဖြစ်စေသည်မှာ ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချီးမြှောက်ခြင်းဖြစ်ပါသည်။ ကျွန်တော်ပြည့်စုံ လာဖို့အတွက် သူ ဤအရာကိုလုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။ သို့သော် ကျွန်တော်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ထည့်သွင်း စဉ်းစားခြင်းမရှိခဲ့ပဲ ကိုယ်တော်၏ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ မသိခဲ့ပါ။ ကျွန်တော် မိမိကိုယ်ကို ကျေနပ်စေရန်နှင့် အဆင့်အတန်း နှင့် နာမည်ဂုဏ်သတင်းအတွက် အသက်ရှင်နေထိုင်ခဲ့ပြီး ဤသဘောသဘာဝမှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သစ္စာဖောက်ခြင်းပင်ဖြစ်သည်။ ကျွန်တော်လုပ်ခဲ့သည့် အရာတိုင်းကို ဘုရားသခင်က ရွံ့မုန်းခဲ့ပြီး ထို့ကြောင့် ကျွန်တော်၏ တာဝန်ထမ်းဆောင်မှုကို ရပ်တန့်စေခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏မိသားစုတွင် ဘုရားသခင်နှင့် သမ္မာတရားသာ ကြီးစိုးသည်ကို ပြသခဲ့သည်။ ကျွန်တော် အားထုတ်ရှာဖွေခဲ့သည့်အရာအပေါ် ကျွန်တော် ပြန်တွေးကြည့်ပါသည်၊ ကျွန်တော်၏ ခေါင်းဆောင်များနှင့် ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းထားခြင်းက ကျွန်တော်၏ရာထူးကို ထိန်းထားနိုင်ဖို့ သေချာစေသည်ဟု ကျွန်တော်တွေးမိခဲ့သည်။ ထို့ကြောင့် သူတို့ကို ကျွန်တော် အောက်ကျို့နှိမ့်ချပြီး သူတို့၏စကားလုံးတိုင်းကို သဘောတူခဲ့သည်။ သို့သော် ကျွန်တော်၏ ညီအစ်ကို မောင်နှမများ အပေါ်တွင်မူ ကြမ်းတမ်းပြီး အပြစ်မြင်တတ်ခဲ့သည်။ မည်မျှ စက်ဆုပ်ဖွယ်ရာကောင်းသနည်း။ အဆင့်အတန်းအတွက် ကျွန်တော် မည်သည့်အရာ မဆိုလုပ်မည်ဖြစ်သည်။ တစ်ခြားလူတွေထက် ပေါ်လွင်စေဖို့ဖြစ်သော ကျွန်တော်၏ ဦးတည်ချက်ကို ရရှိဖို့ ကျွန်တော်၏ ညီအစ်ကို မောင်နှမများကို အသုံးချဖို့ ကြိုးစားခဲ့သည်။ ကျွန်တော့်ညီအစ်ကို မောင်နှမ များ၏ဘဝအပေါ် ကျွန်တော့် တာဝန် ဝတ္တရားများ မကျေပွန်ခဲ့ပါ။ ကျွန်တော့်အလုပ်မှ လူများက ကျွန်တော့်ထိ မိမိကိုယ်ကို ရင်မဖွင့်ရဲတော့ပဲကြောက်ပြီး ရှောင်လာသည့် အခြေအနေအထိ ကျွန်တော် ဖိအားပေးပြီး ဒုက္ခပေးခဲ့သည်။ သို့သော် ကျွန်တော် နောက်ပြန်လှည့်ပြီး ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ခဲ့ပါ။ ဘုရားသခင်က ကျွန်တော့်ဆီ ညီအစ်ကို ဝမ်ကိုစေလွတ်ခဲ့ပြီး ဤသင်ခန်းစာကို ကျွန်တော် သင်ယူဖို့ မလုပ်ခဲ့ရုံတင်မကဘဲ နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်အတွက် အလွန်ကြိုးစားခဲ့ပြီး ကျွန်တော်၏ဇာတိကို ပြသရင်း၊ ဘုရားသခင်အား ကျွန်တော့်ကို ရွံ့မုန်းစေဖို့ဖြစ်စေကာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ဆုံးရှုံးခဲ့ရသည်။ ကျွန်တော်၏ အစားထိုးခံရမှုမှာ ကျွန်တော့်အပေါ်ကို ဘုရားသခင်၏ တရားမျှတမှု ရောက်ရှိလာခြင်းဖြစ်သည်။ ကျွန်တော့်အတွက် အကောင်းဆုံး တရားစီရင်ခြင်း၊ အကောင်းဆုံး ကယ်တင်ခြင်း၊ ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင် ကျွန်တော်သည် သတိမမူမိဘဲ အန္တိခရစ်၏ လမ်းပေါ် ဆက်သွားနေမိ မည်ဖြစ်သည်။ ဘုရားသခင်က ကျွန်တော်၏ အပြစ်ရှိသောခြေလှမ်းတွေကို ရပ်တန့်ခဲ့သည်။ ကျွန်တော့်ရဲ့ အားထုတ်ကြိုးပမ်းမှုအတွက် နဂိုမူလ ရည်ရွယ်ချက်က မမှန်မကန်ဖြစ်နေတာ၊ ထိုပြဿနာကို ဖြေရှင်းဖို့ အာရုံမစိုက်ခဲ့တာတွေကို တော်တော်ကို နောင်တရခဲ့ပြီး ထိုအရာအားလုံးက ယနေ့ ကျရှုံးခြင်းရလဒ်ကို ရစေခဲ့သည်။ ထိုအချိန်အတွင်းက၊ ကျွန်တော်က “ဘုရားသခင်၏ ကရုဏာတော်က ကျွန်ုပ်ကို အသက်ပြန်ရှင်စေသည်” ဟူသည့် အတွေ့အကြုံနှင့်ပတ်သက်သည့် ဓမ္မသီချင်းကို သီဆိုချိန်တိုင်း၊ ရှိုက်ငိုကာ ကျွန်တော့်မျက်နှာတွင် မျက်ရည်များကျလာခဲ့သည်။ “ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်ကို ဘုရားသခင် ချီးမြှောက်ခဲ့သော်လည်း၊ သမ္မာတရားကို ကျွန်ုပ် မလိုက်စားခဲ့သလို အဆင့်အတန်း ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် တပ်မက်ခဲ့သည်။ လွန်ကဲသော တောင်းဆိုချက်များဖြင့် ပြည့်လျက်၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ် မည်သည့်အခါကမျှ မစဉ်းစားဖူးခဲ့သလို၊ ဘုရားသခင်ကို ကျွန်ုပ် အာခံမိခဲ့သည်ကို မသိခဲ့ပါ။ ဘုရားသခင်က ကျွန်ုပ်ကို အမြဲ ထောက်ပံ့ပြီး ထိန်းကျောင်းခဲ့သော်လည်း ယင်းကို ကျွန်တော် ချစ်ခင်မြတ်နိုးခြင်းမရှိခဲ့ပါ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ် ရှောင်ရှားခဲ့ပြီး ဘုရားသခင်ကို ခေါင်းမာစွာဖြင့် ပုန်ကန်ခဲ့သည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကျွန်ုပ် နာကျင်စေခဲ့သည်။ စုံလင်ခံရဖို့ အခွင့်အရေးများစွာ ကျွန်ုပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် လိုက်ဖက်အောင် ကျွန်ုပ် တကယ် အသက်မရှင်နိုင်ခဲ့ပါ။ ဘုရားသခင်အတွက် ကျွန်ုပ် အသက်ကို ပေးခဲ့လျှင်ပင်၊ သူ၏ စိတ်နှလုံးကို နာကျင်စေခြင်းအတွက် ကျွန်ုပ်မည်သို့ ထေမိစေနိုင်မည်နည်း။ အို ဘုရားသခင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်။ အသစ်သော လူတစ်ဦးဖြစ်ဖို့နှင့် နောက်တစ်ဖန် အစမှပြန်စရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ဘုရားသခင်၏ အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များက ကျွန်ုပ်နှလုံးသားကို လွှမ်းမိုးသည်။ ဘုရားသခင်၏တိုက်တွန်းအားပေးခြင်းများက အကန့်သတ်မဲ့ခွန်အား ပေးပြီး ကျရှုံးခြင်းများနှင့် လဲကျခြင်းတို့မှ ကျွန်ုပ်ကို နောက်တစ်ဖန် ထစေခဲ့သည်။ ဘဝ၏ တန်ဖိုးကို ကျွန်ုပ် ယခု သိပြီး၊ ကျွန်ုပ် အဘယ်ကြောင့် ဖန်ဆင်းခံခဲ့ရသည်ကို သိပြီ။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ရင်ဆိုင်ရလျက်၊ ကျွန်ုပ် အဘယ်သို့ ပြေးပြီး ပုန်းကွယ်နိုင်မည်နည်း။ ကျွန်ုပ်၏ သစ္စာစောင့်သိမှုနှင့် နားခံခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်ပေးဆပ်လိုသည်။ သမ္မာတရားကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်အသက်ရှင်မည်၊ ကျွန်ုပ်နှင့်ပတ်သက်၍ ဘုရားသခင်ကို နောက်ထပ် မည်သည့်အခါမျ ကျွန်ုပ် ပူပန်စေမည်မဟုတ်ပါ။ ကျွန်ုပ် ကောင်းချီးခံစားရသည်ဖြစ်စေ၊ ကပ်ဘေးနှင့် တွေ့ကြုံရသည်ဖြစ်စေ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့သာ ကျွန်ုပ် ကြိုးစားသည်။ ကျွန်ုပ်၏ စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးရန် ကျွန်ုပ် ဆန္ဒရှိပါသည်။ ကျွန်ုပ်တွင် ခရီးပန်းတိုင် မရှိသော်လည်း၊ ကျွန်ုပ်တစ်သက်လုံး ဘုရားသခင်ကို အစေခံမှုပေးရန် ဆန္ဒရှိဆဲဖြစ်သည်။ ကျွန်ုပ်၏ အတိတ် အကြွေများအားလုံးကို ထေမိစေပြီး ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ကျွန်ုပ် ယူဆောင်လာပါမည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ထိုအချိန်ကာလအတွင်းမှာ ကျွန်တော် အတွေ့အကြုံ ဓမ္မတေးသီချင်း သီဆိုည့်အခါတိုင်း ကျွန်တော့်မျက်နှာမှာ မျက်ရည်တွေစီးကျရင်းနဲ့ ငိုကြွေးခဲ့သည်။ ဤစစ်ဆေးခြင်းသည် တစ်နှစ်ကျော်အထိ ကျွန်တော်နှင့်အတူရှိနေပြီး အရှင်လတ်လတ် အရေခွံခွာခံရသလို ခံစားရသောသေရေး ရှင်ရေးဒုက္ခခံစားရခြင်း ရှိသော်လည်းကျွန်တော်၏ အဆင့်အတန်းနဲ့ အခွင့်အလမ်းအတွက် တပ်မက်မှုမှာ အားနည်းလာသည်ကို တွေ့ရသည်။ ဤအပြစ်ဆေးကြောခြင်းက မည်မျှ တန်ဖိုးရှိသည်ကို ကျွန်တော်မြင်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်တွင် ညီအစ်ကို တစ်ဦးနှင့် ကျွန်တော်သည် နေရာတစ်ခုတွင် အသင်းတော်လုပ်ငန်းတစ်ခုကို ဦးစီးရပါသည်။ ကျွန်တော် အချိန်အတော်ကြာအထိ အသင်းတော်အလုပ်ကို မလုပ်ခဲ့သောကြောင့် တစ်ချို့စည်းမျဉ်းများကို ကျွန်တော် သိပ်နားမလည်ခဲ့ပါ။ ကျွန်တော်တို့ အသင်းတော်၏ ပြဿနာတစ်ချို့မှာ အတော်အတန် ခက်ခဲသည် ဟု ကျွန်တော် ခံစားရသည်။ သို့သော်ယင်းညီအစ်ကိုက အသင်းတော် အလုပ်များကို အဆက်အပြတ်လုပ်ခဲ့ပြီး ကျွန်တော်၏ အားနည်းချက်အတွက် ဖြည့်ဆည်းပေးရင်း ကျွန်တော် သင်ယူဖို့လိုအပ်သည့်အရာကို ပြခဲ့သည်။ ဤသည်မှာဘုရားသခင်၏ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ ကျွန်တော့်အပေါ်ကို လေးလံသည့်ဝန်ပိုးကို ကိုယ်တော် မတင်ခဲ့ပါ။ ယင်းညီအစ်ကိုက ကျွန်တော်တို့၏အလုပ်အပေါ်အစီရင်ခံတင်ပြသည်။ ဆွေးနွေးခြင်း အများစုကို သူလုပ်သည်။ ကျွန်တော်တို့အလုပ်၏ လူများနှင့် တွေ့သောအခါ သူအရင်ဆုံး ဆွေးနွေးပြောဆိုသည်။ အချိန်ကြာလာတော့ ကျွန်တော်က ရှိမနေသလိုဖြစ်လာပြီး ကျွန်တော့်အတွင်းထဲက တစ်ခုခုက ထွက်ပေါ်လာပါသည် “ငါတို့အလုပ်အတူတူလုပ်တဲ့အခါမှာ မင်းက မိတ်သဟာယပြုခြင်းမှာ ပိုကောင်းတယ်။ ဒါပေမဲ့ ငါက ဧဝံဂေလိအမှုတော်မှာ ပိုကောင်းတယ်။ နောက်ပြီး မိတ်သဟာယမှာ မင်းက ဘယ်လောက်ပဲကောင်းကောင်း၊ လက်တွေ့ကျဖို့လိုတယ်။ မင်းက စကားတွေ ခဏခဏပြောပြီး ပညာပြနေတယ်။ ငါတို့ ခွဲကြရင် ပိုကောင်းမယ်။ ဒါမှ ငါလည်း ငါရဲ့အားသာချက်တွေကို ပြသနိုင်မယ်။ ငါက မလုပ်နိုင်တဲ့သူမဟုတ်ဘူး။ ငါက မိတ်သဟာယ ပြုခြင်းမှာ သိပ်မကောင်းဘူး လို့ မင်း ထင်ကောင်းထင်မယ်။ ဒါပေမဲ့ ငါက လက်တွေ့အလုပ်တွေမှာ မင်းထက် သာတယ်။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ဧဝံဂေလိ လုပ်ဆောင်ခြင်းက ငါ့ရဲ့ကျွမ်းကျင်မှုပဲ” ဟူ၍ ဖြစ်သည်။ ထိုအချိန်တွင် အလုပ်ခေါင်းဆောင် ညီအစ်မဆီမှ ကျွန်တော်တို့ စာတစ်စောင်ရပါသည်။ လုပ်ငန်းအကြောင်းပြချက်များအရ ကျွန်တော်တို့ ခွဲထွက်ရမည်။ အသီးသီး နေရာတစ်ခုအတွက် တာဝန်ရှိသည်။ ကျွန်တော်တာဝန်ယူရသော နေရာတွေက အလုပ်အမျိုးအစား အားလုံး၏ရလဒ်များမှာ ကျွန်တော့်ညီအစ်ကို၏ နေရာကလောက် မကောင်း သော်လည်း ကျွန်တော်က ပျော်နေဆဲပင်ဖြစ်သည်။ ကျွန်တော်၏ အရည်အချင်းများကို အသုံးပြုဖို့ နေရာရခဲ့သည်။ ရလဒ်များ သိပ်မကောင်း ခြင်းမှာကိစ္စမရှိပါ။ ကျွန်တော် ထိုအရာအပေါ် အလုပ်လုပ်သည်ကို စောင့်ကြည့်ပါ။ ကျွန်တော်မည်မျှလုပ်နိုင်ကြောင်းသက်သေပြပါမည်။ ကျွန်တော်တို့ ခွဲပြီးသည်နှင့် ကျွန်တော်သည် ညီအစ်ကို မောင်နှမများနှင့် အလုပ်အစီအစဉ်များကို ဆွေးနွေးပြောဆိုရင်း သူတို့ကို ဆွေးနွေးဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေရင်းဖြင့် အလုပ်ထဲခြေစုံပစ်ဝင်ရောက်ပြီး အမှုအရာများကို စီစဉ်ဖို့စတင်ခဲ့သည်။ ကိစ္စရပ်များ စတင်တိုးတက်လာသည်။ ကျွန်တော် မနေနိုင်ဘဲ”ငါ့ ညီအစ်ကိုရော ဘယ်လိုနေလဲ။ သူလုပ်တာ ငါ့ထက်ပိုသာနေသလား” ဟု စဉ်းစားမိခဲ့သည်။ ကျွန်တော်တို့ တွေ့ဆုံကြပြီး ကျွန်တော် တာဝန်ယူရသည့် နေရာအတွင်းရှိ ဧဝံဂေလိအလုပ်၏ ရလဒ်များမှာ သူ့ထက်ပိုကောင်း သည်ကို သိလိုက်ရသည့်အခါကျွန်တော် တိတ်တဆိတ်နှင့် ကျေနပ်ခဲ့သည်။ နောက်ဆုံးတော့ ငါက မင်းထက်သာပြီး ဂုဏ်ယူနိုင်ပြီဟူ ဖြစ်သည်။ ကျွန်တော် ကျေနပ်နေတုန်းမှာပင် ကျွန်တော့် နှလုံးသားထဲမှ “မင်းက ဘုရားသခင်ရဲ့ ဂုဏ်ကျက်သရေကို ခိုးယူနေတာ မဟုတ်ဘူးလား” ဟု မိမိကိုယ်ကို ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရပါသည်။ ကျွန်တော် စိတ်ပျက်သွားရသည်။ ဟုတ်ပါသည်။ ဧဝံဂေလိကို ဖြန့်ဝေခြင်းမှာ ဘုရားသခင်ရွေးချယ်ထားသောလူတိုင်း၏တာဝန်နှင့် ဝတ္တရားဖြစ်ပါ သည်။ ကျွန်တော်တို့၏ ဧဝံဂေလိလုပ်ငန်း ချောချောမွေ့မွေ့ လုပ်ဆောင်ရသည်မှာ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများဖြစ်ကြောင်း ကျေးဇူးတင်ကြရသည်။ ကျွန်တော် မည်သည့်အရာကို ဝါကြွား နေစရာ ရှိသနည်း။ ကျွန်တော် ဤအရာကို စဉ်းစားမိသည်နှင့် ရှက်သွားမိသည်။ ကျွန်တော် အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှပေသည်။ ဘုရားသခင်၏ သန့်ရှင်း မြင့်မြတ်ခြင်းက ဤဆိုးယုတ်မှုမျိုးရှိဖို့ ကျွန်တော့်ကို ခွင့်မပြုပါ။ ကျွန်တော်၏ အခြေအနေကို သိမြင်သောအခါ ကျွန်တော့် အသိစိတ်များ ကို ပြန်လည်ရရှိစေသည့် အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။ နာမည်ဂုဏ်သတင်းနှင့်အဆင့်အတန်းကို ကျွန်တော် မရှာဖွေတော့ပါ။ နောက်ပိုင်း ရက်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်း၌ ကျွန်တော် အာရုံစိုက်ခဲ့သည်။ ကျွန်တော် အခြေအနေများနှင့် ကြုံရသောအခါဘုရားသခင်ထံမှလာသည်ဟုကျွန်တော် လက်ခံခဲ့ပြီး နာမည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအပေါ် ကျွန်တော်၏တပ်မက်မှုက တဖြည်းဖြည်း လျော့ကျသွားသည်။ ဘုရားသခင်အပေါ် ကျွန်တော်၏ ချစ်ခြင်းကို လုပ်ဖော်ကိုင်ဖက်များ၏ ချစ်ခြင်းနှင့် ကျွန်တော် နှိုင်းယှဉ်သည်။ အချင်းချင်း၏ အားသာချက်များကို ထုတ်သုံးပြီး အချင်းချင်း၏ အားနည်းချက်များကိုအလျှော့ပေးကြသည်။ နောက်ပိုင်း သိပ်မကြာခင်မှာ တစ်ခြားတာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ကျွန်တော် ရာထူး တိုးမြှင့်ခြင်း ခံရပါသည်။ ကျွန်တော် သိပ်အံ့သြသွားပြီး ဤသည်မှာ ဘုရားသခင်က ကျွန်တော့်ကို ချီးမြှောက်ခြင်း ဖြစ်သည်ဟု သိလိုက်သည်။ ကိုယ်တော့်ကို ကျေနပ်စေဖို့ ကျွန်တော်အစွမ်းရှိသမျှ အရာရာတိုင်းကို လုပ်ဆောင်ဖို့ ဆန္ဒရှိရင်း ထိုတာဝန်ကို တန်ဖိုးထားခဲ့ပါသည်။

သြဂုတ်လ ၂၀၁၂ခုနှစ်တွင် ကျွန်တော်တို့၏အလုပ်ခေါင်းဆောင် ညီအစ်မက ကျွန်တော့်ကို ဆက်သွယ်ခဲ့ပြီး တစ်ခြားတစ်နေရာတွင် ကျွန်တော်၏တာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ပေးအပ်ခဲ့သည်။ ထိုအချိန်တွင် ကျွန်တော် စိတ်အားထက်သန်စွာသဘောတူခဲ့ပါသည်။ သို့သော် ကျွန်တော်မသွားမီမှာ သူက၊ “အဲဒီညီအစ်ကို ကို ရှင်နဲ့အတူလွတ်လိုက်တာ ပိုကောင်းတယ်။ ဘုရားသခင်ရဲ့ မိသားစုအလုပ်အတွက် ပိုကောင်းလိမ့်မယ်။” ဟု ပြောပါသည်။ ကျွန်တော့်အမြင်ကို သူမေးခဲ့ပြီး ကျွန်တော်က၊ “ရပါတယ်။ ကျွန်တော် သူနဲ့အတူတူ အလုပ်လုပ်ချင်ပါတယ်” ဟု ပြောခဲ့သည်။ အစည်းအဝေးတစ်ခု၌ ကျွန်တော်တို့ အချင်းချင်း တွေ့ကြရာ သူက ကျွန်တော့်ကို “သူတို့ ခင်ဗျားကို ရွေးတာကို ကျွန်တော် သဘောမတူခဲ့ဘူး။ ခင်ဗျားရဲ့ မိတ်သဟာယပြုမှုက ကျွန်တော့်လောက် မကောင်းဘူး” ဟု ပွင့်ပွင့်လင်းလင်း ဆက်ဆံပါသည်။ ထိုမစဉ်းမစားဘဲ လက်တန်း ပြောလိုက်သော ဖော်ပြချက်က ကျွန်တော့်ကို အတော်စိတ်ရှုပ်သွား စေခဲ့သည်။ ကျွန်တော့် ညီအစ်ကို အပေါ် ကျွန်တော်၏ ဘက်လိုက်ခြင်းကို ထားခဲ့ပြီဟု ကျွန်တော်ထင်ခဲ့ သည်။ သို့သော် ယင်းကို ကြားရပြီးတော့ ကျွန်တော့်အတွင်းမှာ တစ်စုံတစ်ရာ ထပ်ပေါ်လာပြန် သည်။ “ဒါ တကယ် ရှက်ဖို့ကောင်းတာပဲ။ ငါ သူနဲ့ အတူသွားဖို့ သဘောမတူလိုက်သင့်ဘူး။ ငါ့ရဲ့ ကျရှုံးမှုတွေအကုန်လုံးကို သူသိတယ်” ဟူ၍ ဖြစ်သည်။ ကျွန်တော်၏နေရာသစ်ကို ရောက်လျှင် လူသစ်အနေ နှင့် ကျွန်တော့်ကို ပိုပြီး အသိအမှတ်ပြုကြ လိမ့်မည်ဟု ကျွန်တော် ထင်ခဲ့သည်။ သို့သော် ယခုတော့ မည်သည့်အရာမျှ လုပ်၍ မရတော့ပါ။ ကျွန်တော် အားတင်းပြုံးလိုက်ပြီး ဘာမှမဖြစ်သလို နေလိုက်ရင်း ဖြင့်၊ “ငါက မိတ်သဟာယပြုခြင်းမှာ မတော်ဘူး။ ဒါပေမဲ့ ငါက မင်းထက်ပိုသာလို့ ငါ့ကို အရင်ရွေးလိုက်တာ။ မင်းမယုံရင် စောင့်ကြည့်လိုက်ပါ” ဟု ကျွန်တော် တွေးခဲ့သည်။ ကျွန်တော်တို့၏ အလုပ်နေရာသစ်ကို ခရီးသွားခဲ့ပြီး ကျွန်တော်တို့၏ တာဝန်များကို ခေါင်းမဖော်ပဲလုပ်ခဲ့ကြသည်။ အစပိုင်းမှာ ကျွန်တော်တို့အလုပ်၏လူများကို တွေ့သောအခါ ဇာတိကို စွန့်လွှတ်နိုင်ဖို့၊ ညီညွတ်မျှတသည့် ဆက်ဆံရေးအတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းဖို့ ကျွန်တော် ဆုတောင်းခဲ့သည်။ ဧဝံဂေလိအမှုတော်အတွက် သူတို့ နှင့် ကျွန်တော် ဆွေးနွေးရင်း သူတို့၏ အခြေအနေများနှင့် ပတ်သက်၍ ကျွန်တော်တို့ အလုပ်က လူများနှင့် သူမည်သို့ ဆွေးနွေးသည်ကို ကျွန်တော် ဂရုတစိုက်နားထောင်ခဲ့ပြီး သူ့အတွက်ဆုတောင်းပေးခဲ့ပါသည်။ အချိန် နည်းနည်းကြာပြီးနောက် သူ၏ဆက်ဆံရေးက ကျွန်တော့်ထက်ပိုပြီး အဘယ်ကဲ့သို့ရှင်းလင်းသည်ကို မြင်ခဲ့ရသည်။ ကျွန်တော်တို့၏အလုပ်မှ လူများနှင့် အစည်းအဝေးတွင် မိတ်သဟာယပြုရာ၌ ကျွန်တော် စကားတစ်လုံးပင် မပြောချင်ခဲ့ပါ။ ထိုအစည်းအဝေးတွေ စောစောပြီးစေချင်ပြီး ရှောင်ထွက်သွား ချင်ခဲ့သည်။ နောက်ပိုင်းတွင် ကျွန်တော်တို့ ကျယ်ပြန့်သောနေရာ တစ်ခုအတွက် တာဝန်ကျခဲ့ပြီး ကျွန်တော် အကြံတစ်ခုရလာသည်။ ကျွန်တော်တို့ နေရာခွဲပြီး အလုပ်လုပ်လျှင် ကျွန်တော် သိပ်ဒုက္ခခံရမှာ မဟုတ်ပါ။ ဤသည်ကို ကျွန်တော်၏ ညီအစ်ကိုဆီ ရှင်းပြရာ “ဒီနေရာရဲ့ အကျယ်အဝန်းက အလုပ်ကို ခက်ခဲစေတယ်။ ခွဲလုပ်ရင် အဆင်ပြေလိမ့်မယ်” ဟု သူ သဘောတူခဲ့ သည်။ ကျွန်တော်တို့အလုပ်မှ လူများနှင့် ကျွန်တော်ကိုယ်တိုင်တွေ့သောအခါ ကျွန်တော် ပြောဆို ဆက်ဆံရင်း၊ စီစဉ်ရင်း၊ သူတို့အတွက် ကြီးမားသော “ဝန်ထုပ်ဝန်ပိုး”ကို ယူဆောင်ရင်း နှင့် ကြာရှည်စွာ စကားပြောနိုင်ခဲ့ပါ သည်။ မကြာမီကျွန်တော်၏အလုပ်က အချက်အလက်အားလုံး တွင် ရလဒ်များကို တွေ့ရပြီး ကျွန်တော်၏ ညီအစ်ကိုမှာ မူ အထူးတလည် အဆင်မပြေလှပါ။ ကျွန်တော်နှင့် ဘာမျှ မသက်ဆိုင်သကဲ့သို့ ယင်းနှင့် ပတ်သက်ပြီး ကျွန်တော် ဘာမျှမလုပ်ခဲ့ပါ။ အစည်းအဝေးတစ်ခုတွင် ကျွန်တော်တို့ နေရာခွဲအလုပ်လုပ်နေကြသည်ကို ကျွန်တော်တို့ ခေါင်းဆောင်များက သိပြီး ကျွန်တော်တို့အလုပ်၏ တာဝန်ဝတ္တရားများနှင့်ညီညွတ်မျှတသော မိတ်ဖက်လုပ်ဆောင်ခြင်း၏ သမ္မာတရားအကြောင်းကို ဆွေးနွေးပြောဆိုခဲ့ပါသည်။ ကျွန်တော်က ဒါကို လက်ခံပြီး နေရာခွဲပြီးမလုပ်ချင်တော့ပါ။ ကျွန်တော်တို့၏ ကိုယ်ပိုင်အလုပ်တွေကို ကျွန်တော်တို့ ပိုသိသည်ဟူသော ဆင်ခြေကို အသုံးပြုပြီး ဆက်၍ နေရာခွဲလုပ်ခဲ့သည်။ ကျွန်တော့်ခေါင်းဆောင်များ ကျွန်တော့်ကို ပြစ်တင်ဝေဖန်မည်ကို ကြောက်ပြီး ကျွန်တော့် ညီအစ်ကို၏အလုပ်မှ လူများနှင့် ဆက်ဆံ ရန်သူ့နေရာကို ကျွန်တော်သွားခဲ့သည်။ သို့သော်ကျွန်တော့်ကိုယ်ပိုင်နေရာ၏ အပြင်ကို ရောက်နေ သကဲ့သို့ခံစားရသည်။ ကျွန်တော် ကောင်းကောင်းပြောဆို ဆက်ဆံခဲ့လျှင် ကျွန်တော့်ညီအစ်ကိုက ချီးကျူးမှု ရမည့်ပုံဖြစ်သည်။ ထို့ကြောင့် ကျွန်တော် သေချာစဉ်းစားမနေတော့ဘဲ ဆင်ခြေတစ်ခုလုပ်ပြီး ကျွန်တော် အရေးကြီးသည့် တာဝန် တစ်ချို့လုပ်စရာ ရှိသည်ဟုပြောကာ အမြန်ပြန်ထွက်သွားခဲ့သည်။ ကျွန်တော့်ညီအစ်ကိုမှာ နောက်ထပ် ရလဒ်များ ဆက်လက်မမြင်တွေ့ခဲ့ရပါ။ သို့သော် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင် သို့မဟုတ် စိုးရွံ့မှုကို မခံစားခဲ့ရပါ။ ကျွန်တော် ဘုရားသခင်ကို မကြောက်ရွံ့ခဲ့ပါ။ ကျွန်တော်တို့ ခေါင်းဆောင်ဆီက ဆွေးနွေးမှုတစ်ချို့ကိုပင် ကျွန်တော် လျစ်လျူရှုခဲ့သည်။ ကျွန်တော်တို့၏ အလုပ်များကို အစီရင်ခံ တင်ပြသည့်အထိ ဤသို့ဆက်ဖြစ်ပေါ်ခဲ့ပြီး ကျွန်တော် အံသြမှင်သက် သွားခဲ့သည်။ ကျွန်တော်၏နေရာတွင် လူများစွာ ရခဲ့သော်လည်း ကျွန်တော်တို့၏နေရာနှစ်ခုလုံးကို ပေါင်းလိုက်သောအခါ အရေအတွက်မှာ နည်းနေပါသည်။ ထို အချိန်ရောက်မှသာ ကျွန်တော် ကြောက်ရွံ့လာသည်။ ကျွန်တော် ဧဝံဂေလိ အမှုတော် သူ့ထက်သာကြောင်း၊ ကျွန်တော် မည််မျှ ကောင်းကောင်းလုပ်နိုင်ကြောင်းကို ပြဖို့ ကျွန်တော်၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းဖို့ မိမိကိုယ်ကို သက်သေပြဖို့ ကျွန်တော် ကြိုးစားခဲ့သည်။ သို့သော် သူ့နေရာမှာရှိ ဧဝံဂေလိ အမှုတော်က ရပ်နားလုနီးပါးဖြစ်နေသည်။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ရာတွင် ကျွန်တော်က အတားအဆီးတစ်ခုဖြစ်သွားခဲ့သည်။ ဤအခြေအနေများ၏ အရင်းအမြစ် အကြောင်းတရားကို တွေ့ရဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ဖို့ကလွဲပြီး ကျွန်တော့်မှာ ရွေးစရာမရှိတော့ပါ။ အောက်ပါ အချက်များကို ကျွန်တော်တွေ့ရသည်။ “ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အမြဲတမ်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။ ထိုကဲ့သို့သော လူများတွင် ဆိုးရွားသော စိတ်သဘောထားရှိကာ သူတို့အထဲ၌ လူ့သဘောသဘာဝ တစ်စက်မျှမရှိပေ။ သူတို့သည် ရာနှုန်းပြည့် စာတန်ဖြစ်ကြတကား။ သူတို့သည် သားရဲများတည်း။ ယခုပင်လျှင် ထိုကဲ့သို့သောအရာများမှာ သင်တို့အထဲတွင် ပေါ်ပေါက်ဆဲဖြစ်သည်။ ယိုးမယ်ဖွဲ့စရာများကို တမင်တကာ ရှာဖွေပြီး အသေးအဖွဲကိစ္စအချို့ကို ငြင်းခုံကြစဉ် မျက်နှာတစ်ခုလုံး နီမြန်းလာကာ၊ မည်သူမျှ မိမိကိုယ်ကိုယ် လက်လျှော့လိုစိတ်မရှိ၊ လူတိုင်း သူ့အတွင်းစိတ်ကူးများကို တစ်ပါးသူထံမှ ဖုံးကွယ်ထားလျက် တစ်ဖက်သားကို မမှိတ်မသုန် စောင့်ကြည့်ပြီး အမြဲတမ်း သတိထားနေလျက်၊ မိတ်သဟာယ ပြုစဉ် အချင်းချင်း တိုက်ခိုက်သည်အထိပင် ဖြစ်ကြသည်။ ဤသို့သော စိတ်သဘောထားမျိုးမှာ ဘုရားသခင်အတွက် အစေခံခြင်းနှင့် သင့်လျော်သလော။ သင်တို့၏အလုပ်ကဲ့သို့သော အလုပ်က ညီအစ်ကိုမောင်နှမများကို တစ်စုံတစ်ရာ ဖြည့်စွမ်းပေးနိုင်သလော။ လူတို့ကို မှန်ကန်သော အသက်တာ လမ်းကြောင်းဆီသို့ သင် လမ်းမညွှန် ပေးနိုင်သည်သာမက၊ သင်၏ ညီအစ်ကိုမောင်နှမများထဲ၌ သင့်ကိုယ်၌၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်ပင် ထည့်သွင်းပေးနေသည်။ အခြားသူများကို သင်နာကျင်စေနေသည် မဟုတ်လော။ သင့်အသိစိတ်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ယင်းသည် ရိုးတွင်းခြင်ဆီအထိ ပုပ်ပျက်သည်တကား။ သင်သည် စစ်မှန်မှုထဲသို့ မဝင်ရောက်သည့်အပြင် သမ္မာတရားကိုလည်း သင် လက်တွေ့မကျင့်သုံးပေ။ ထို့ထက်မက အခြားသူများအား သင်၏ ဆိုးယုတ်သောသဘာဝကို အရှက်မရှိ ထုတ်ပြနေသည်။ သင်သည် အရှက်တရားကို တကယ်ပင် မသိချေ။ ဤညီအစ်ကို မောင်နှမများကို သင့်အား အပ်နှံထားသော်လည်း သင်သည် သူတို့ကို ငရဲသို့ ပို့ဆောင်နေသည်။ သင်သည် အသိစိတ် ပုပ်ပျက်သွားသောသူတစ်ဦး မဟုတ်ပေသလော။ သင်၌ အရှက်တရား လုံးဝမရှိချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ဘုရားသခင်၏ ပြင်းထန်သောစကားလုံးများက ကျွန်တော်၏ တကယ့် သဘာဝကို ဖော်ထုတ်ပြသခဲ့ပြီး ကျွန်တော့်ကို အရှက်ရစေခဲ့သည်။ ထိုတာဝန်ကို ကျွန်တော် ဖြည့်ဆည်းနိုင်ခြင်းက ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့်ကြင်နာမှုတို့ကြောင့်ဖြစ်ပါ သည်။ ဘုရားသခင်က ကျွန်တော့် ညီအစ်ကိုမောင်နှမတွေကို သူ့ဆီကို ခေါ်ဆောင်လာဖို့ ကျွန်တော့်ကို ယုံကြည်အပ်နှံခဲ့သည်။ သို့သော် ကျွန်တော် စစ်မှန်မှု ထဲသို့ မဝင်ရောက် ခဲ့ပါ။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သလို နာမည်ဂုဏ်သတင်း နှင့် အဆင့်အတန်းအတွက် ဘုရားသခင့်မိသားစု၏ အကျိုးကို လျစ်လျူရှုခဲ့သည်။ ကျွန်တော်သည် တစ်ယောက်တည်း အလုပ်လုပ်ရင်း ကျွန်တော်၏ညီအစ်ကို ကို ပွင့်ပွင့်လင်းလင်းသာမက တိတ်တဆိတ်ပါ တိုက်ခိုက်ခဲ့ပါသည်။ ယခုအချိန်သည် ဧဝံဂေလိကို ဖြန့်ဝေရမည့်အချိန်ဖြစ်ပြီး အမှန်တကယ် အားထုတ်ရှာဖွေသူတို့အနေနှင့် မကြာခင် ဘုရားသခင်၏ မိသားစုထံပြန်လာဖို့ ဘုရားသခင်က မျှော်လင့်နေပါသည်။ သို့သော် ကျွန်တော်၏တာဝန်ဝတ္တရားများကို ခေါင်းရှောင်ခဲ့ပြီး ဘုရားသခင်ကို မချစ်ခဲ့ပါ။ ကိုယ်တော်၏ အပြင်းပြဆုံး ဆန္ဒကို ထည့်သွင်း မစဉ်းစားခဲ့သလို သမ္မာတရားလမ်းအား ရှာဖွေသော သူများကို ဘုရားသခင်ထံ မခေါ်ဆောင်ခဲ့ပါ။ အခြားသူများကို ကူညီခြင်းမရှိပဲ မိမိကိုယ်ကို သက်သေပြဖို့အတွက် ထို တန်ဖိုးမရှိသော အရာများဖြစ်သည့် နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရှာဖွေခဲ့သည်။ ကျွန်တော်တို့ အလုပ်၏ ပြဿနာများနှင့်ပတ်သက်ပြီး ကျွန်တော် မဆွေးနွေးခဲ့ဘဲ ကျွန်တော်၏ညီအစ်ကို ကို ကျွန်တော့်နောက်တွင် ကျန်ခဲ့ဖို့ မျှော်လင့်ခဲ့သည်။ သူက ကျွန်တော့်ထက် သာလွန်နေသည်ကို ကျွန်တော် မြင်တွေ့သည့် အခါတွင် ကျွန်တော် သူ့ကို မနာလိုဖြစ်ခဲ့သည်၊ သူ့အား ပယ်၍ပင်ထားသည့်အပြင်၊ ကျွန်တော်တို့၏ အသင်းတော်အလုပ်ကိုလည်း ကစားပွဲတစ်ခုကဲ့သို့ သဘောထားခဲ့သည်။ ကျွန်တော်သည် အလွန်ပင် ဆိုးညစ်ပြီး မလိုမုန်းထားရှိခဲ့လေသည်။ ဘုရားသခင်သည် ထိုသိုသော လူများကို မုန်းတီးစက်ဆုပ်ပါသည်။ ကျွန်တော် မပြောင်းလဲခဲ့လျှင် ကိုယ်တော်ကို ကျွန်တော် မည်သို့ အစေခံနိုင်မည်နည်း။ ကျွန်တော်စစ်မှန်မှုထဲကို မဝင်ရောက်နိုင်လျှင် ကျွန်တော်၏ညီအစ်ကို မောင်နှမများကိုဘုရားသခင်ထံ မည်သို့ ခေါ်ဆောင် နိုင်မည်နည်း။ မျက်ရည်များနှင့်အတူ ကျွန်တော် ဘုရားသခင်ထံလာပြီး၊ “အိုး ဘုရားသခင်၊ ကျွန်တော် မှားခဲ့ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်ရဲ့ ပုန်ကန်ခြင်းတွေပါပဲ။ ကိုယ်တော်ရဲ့ ဆန္ဒတွေကို ထည့်သွင်းစဉ်းစားခြင်း မပြုလုပ်နိုင်ခဲ့ဘူး။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ ကျွန်တော့်ရဲ့ညီအစ်ကို ကို တိုက်ခိုက်ခဲ့တယ်။ သူ့ကို အနိုင်ယူဖို့ ကျွန်တော့်ရဲ့ အသိတရားကို လျစ်လျူရှုပြီး ကျွန်တော့်ရဲ့ တာဝန်ဝတ္တရားတွေကို မဖြည့်ဆည်းခဲ့ပါဘူး။ အခုတော့ ဧဝံဂေလိအမှုတော်ကို ထိခိုက်စေခဲ့ပြီး ကိုယ်တော်ရဲ့ရှေ့မှာ အပြစ်တစ်ခုကို ကျွန်တော် ကျူးလွန်ခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ညီအစ်ကိုနဲ့ လိုက်ဖက်ညီစွာ အလုပ်လုပ်ပြီး ဧဝံဂေလိအမှုတော်ကို ပိုပြီးလှုပ်ရှားမှုရှိစေဖို့ ကျွန်တော် ဝန်ချတောင်းပန်ပြီး ပြောင်းလဲချင်ပါတယ်။ အဆင့်အတန်းကိုရရှိဖို့ ကျွန်တော်ထပ်ပြီး အားထုတ်ကြိုးပမ်းရင် ကျွန်တော့်ကို အပြစ်ပေးပါ ဘုရားသခင်။ ကိုယ်တော်ရဲ့ ကြည့်ရှုစောင်မမှုကို ခံယူဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ အာမင်”ဟု ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးနောက်တွင် ဘုရားသခင်ရှေ့၌ ကျွန်တော် မည်သို့ပုန်ကန်ခြင်းအမှုကို ပြုမူခဲ့သည်၊ တိုးတက်ဖို့ မည်သို့ စီစဉ်ခဲ့သည်ကို ဝန်ခံရင်း ကျွန်တော့်ညီအစ်ကို ကို တွေ့ပြီး သူနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ လိုင်းကားနှင့် သွားခဲ့ပါသည်။ မိမိကိုယ်ကို သိနားလည်မှုနှင့်ပတ်သက်၍ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြ ပါသည်။ နောက်မှာတော့ ကျွန်တော်တို့သည် ဘုရားသခင်နှင့် အတူ တစ်လုံးတစ်ဝတည်းအဖြစ် ကျွန်တော်တို့အတူတကွ လုပ်ကိုင်ခဲ့ပြီး သတိမထားမိသောအရာများနှင့်အမှားအယွင်းများကို ရှာဖွေရင်း၊ ကျွန်တော်ရရှိ ခဲ့သည့်အောင်မြင်သောအတွေ့အကြုံများကို ခြုံငုံကြည့်ရှုရင်း၊ အလုပ်အစီအစဉ်နှင့်အညီ တင်းကြပ်စွာ လှုပ်ရှားလုပ်ကိုင်ရင်း ကျွန်တော်တို့အလုပ် ကျရှုံးခြင်းအပေါ်မှာ တိုးတက်မှုရှိဖို့ စတင်ခဲ့ပါသည်။ ကျွန်တော်တို့၏ ဧဝံဂေလိအလုပ်က မကြာခင်မှာ တိုးတက်လာခဲ့ပါသည်။ ဤအရာမှ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားကို ကျွန်တော် တွေ့မြင်ခဲ့သည်။ ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်ခြင်းက ကျွန်တော့် အတွင်းက ဖောက်ပြန်ပျက်ဆီးခြင်း သို့မဟုတ် အညစ်အကြေး တစ်ခုခုရှိဖို့ ခွင့်မပြုပါ။ ဆိုးယုတ်သည့် စိတ်သဘောထားအားဖြင့် ထိန်းချုပ်ခံခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်သည့်အချိန်တွင် ကယ်တင်ခြင်းလက်ကို ဆန့်တန်းပြီး၊ သေခြင်းအစွန်းတစ်ဖက်မှ ကျွန်တော့်ကို ဆွဲယူခဲ့ပြီး၊ စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်စေကာ ကျွန်တော့်ကို ပြောင်းလဲဖို့ အခွင့်ပေးခဲ့သည်မှာ ဘုရားသခင်ဖြစ်ပါသည်။ ကျွန်တော်ဟာ သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားသခင် ကျွန်တော့်ကို ယုံကြည်အပ်နှံသောအရာအားလုံးအပေါ် အပြည့်အဝ သစ္စာရှိဖို့ ဆန္ဒရှိနေပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်၌ ဤကဲ့သို့ပြောထားသည်ကို ကျွန်တော် တွေ့မြင်ရပါသည်။ “သင်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသောအခါ၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူသင့်ကြ၏။ သင်တို့က၊ ‘ကျွန်ုပ်သည် သမ္မာတရား၏ ဤရှုထောင့်နှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု မရှိပါ။ ယင်းနှင့် ပတ်သက်၍ သင် မည်သည့်အတွေ့အကြုံ ရှိပါသနည်း။‘ ဟု ပြောနိုင်သည်၊ သို့မဟုတ် ’ဤရှုထောင့်နှင့်စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ထက် အတွေ့အကြုံ ပိုရှိသည်။ ကျေးဇူးပြု၍ လမ်းညွှန်ချက်တစ်ချို့ ကျွန်ုပ်ကို ပေးနိုင်မည်လော‘ ဟု သင် ပြောနိုင်သည်။ ယင်းသည် ထိုအကြောင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် နည်းလမ်း ကောင်းဖြစ်မည် မဟုတ်လော။ သင်သည် တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ အစေခံမှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရှိထားပြီးဖြစ်သည်။ အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတစ်လေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။ ထို့ပြင် သင်တို့သည် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ မချခင် မည်သည့်အမှုအရာမျိုးနှင့် ပတ်သက်၍မဆို ဂရုတစိုက် မိတ်သဟာယပြုပေးသင့်သည်။ ထိုသို့ပြုခြင်းဖြင့်သာလျှင် ဝတ်ကျေတမ်းကျေမျှသာ လုပ်ဆောင် နေခြင်းထက် အသင်းတော်အတွက် တာဝန်ယူနေခြင်းဖြစ်သည်။ အသင်းတော်များ အားလုံးကို လည်ပတ်ပြီးသောအခါ အတူတကွ စုဝေးပြီး သင်တွေ့ရှိထားသော အရေးကိစ္စများအားလုံးနှင့် သင့်အလုပ်တွင် ကြုံတွေ့ရသည့် ပြဿနာများ အကြောင်းတို့ကို မိတ်သဟာယပြုပြီးနောက် သင်ရရှိပြီးသည့် ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းအကြောင်းကို ပြောပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အစေခံခြင်း၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဝင်ရောက်ခြင်းကို ကျင့်သုံးဖို့ နည်းတစ်ခုကို မြင်ခဲ့ပြီး တစ်ခြားသူများနှင့်အတူ မည်သို့လုပ်ကိုင်ရမည်ကို သိခဲ့သည်။ ဘုရားသခင်၏ဆန္ဒများကို ကျွန်တော် နားလည်ခဲ့ သည်။ လူတိုင်း တွင် ၎င်းတို့၏ အားသာချက်များ ရှိပြီး ဘုရားသခင်၏မိသားစု အလုပ်တွင် ဤအားသာချက်များကို အသုံးပြုဖို့ လူတိုင်းကို ဘုရားသခင် အလိုရှိပါသည်။ ဤကဲ့သို့ လုပ်သောအခါ လူတိုင်း၏ အားနည်းချက်များကို အစားထိုးပေးသွားမှာဖြစ်ပါသည်။ ထိုညီအစ်ကိုနှင့် အတူအလုပ်လုပ် သည်မှာကျွန်တော်လိုအပ်ခဲ့သော အရာပင်ဖြစ်သည်။ သမ္မာတရားကို ဆွေးနွေးရာတွင် ကျွန်တော် အားနည်းခဲ့ပြီး ဘုရားသခင်၏ချစ်ခြင်းကြောင့် ကျွန်တော် သူနှင့်လက်တွဲခဲ့ရပါသည်။ ထို့ကြောင့် သူ၏ အားသာချက်ကကျွန်တော်၏အားနည်းချက်ကို အစားထိုးပေး နိုင်ခဲ့သည်။ သို့သော် ကျွန်တော်ဤအရာကိုမမြင်ခဲ့ပါ။ ကျွန်တော့် ညီအစ်ကိုနှင့် အတူရှိနေသည့်အချိန်တွင် ကျွန်တော် နားမလည်သောအခါ သူ့ကို အကူအညီမတောင်းနိုင်ခဲ့ပါ။ တစ်ခါတစ်ရံ သူကျွန်တော်နှင့် ဆွေးနွေးသောအခါ ကျွန်တော် နားထောင်ဖို့ ဆန္ဒမရှိခဲ့ပါ။ ရာထူးအတွက် ကျွန်တော် သူနှင့်ယှဉ်ပြိုင်ကြိုးစားခဲ့ပြီး ကျွန်တော်ကိုယ်တိုင်၏ ဘဝနှင့် ဧဝံဂေလိအမှုကိုထိခိုက်စေခဲသည်။ နောက်ပိုင်းနေ့ရက်များတွင် ကျွန်တော် နားမလည်သို့မဟုတ် ရှင်းရှင်းလင်းလင်း မမြင်နိုင်သောအရာများအပေါ် ကျွန်တော့်ညီအစ်ကိုကို အကြံဉာဏ်တောင်းခံရင်း ဤသမ္မာတရား၏ ရှုထောင့်အတွင်းကို ဝင်ရောက်ဖို့ လက်တွေ့လုပ်ဆောင်ခဲ့သည်။ “ကျွန်တော် မရှင်းလင်းလို့ ဒီသမ္မာတရားရဲ့အချက်အပေါ်မှာ ခင်ဗျားနဲ့ ပြောဆို ဆက်ဆံချင်တယ်” ကျွန်တော့်အလုပ်က အခက်အခဲတွေအပေါ်မှာလည်း သူ့အကြံဉာဏ်ကို ရယူခဲ့သည်။ “ကျွန်တော် ဒါကို ကောင်းကောင်း နားမလည်ဘူး။ ခင်ဗျား ကျွန်တော့်ကို အကြံပေးနိုင်မလား” ထိုအချိန်မှစပြီး ကျွန်တော်တို့ အသင်းတော်တွေဆီကို သွားသောအခါမှာ အချင်းချင်း သင်ယူလေ့လာပြီး ဖြည့်စွက်ပေးခဲ့ကြသည်။ ပြဿနာတစ်ခုကျွန်တော်တို့ ကြုံလာသောအခါ အသင်းတော်၏ ပြဿနာများကို ဖြေရှင်းဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတူတူ ရှာဖွေကြရင်း ကျွန်တော်တို့ အချင်းချင်း ဆွေးနွေးခဲ့ကြသည်။ ကျွန်တော်တို့ အချင်းချင်း လက်ခံကြရင်း၊ ဂရုစိုက်ကြရင်း၊ နားလည်ကြရင်းဝိညာဉ်ရေးရာ၌ လက်တွဲဖော်များ ဖြစ်ခဲ့ကြသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့၏ အမြင်များ ကွဲလွဲပါသည်။ သို့သော် ဤအရာများသည်ကျွန်တော်တို့၏ညီအစ်ကို မောင်နှမတွေနှင့် ဘုရားသခင်၏မိသားစုအလုပ်ကို အကျိုးအမြတ် ဖြစ်နေသရွေ့ ကျွန်တော်တို့ သဘောတူနိုင်ပါသည်။ ကျွန်တော်တို့ မျက်နှာပျက်ရခြင်းများရှိလျှင်ပင် ကျွန်တော်တို့၏ ကိုယ်ပိုင် ဆန္ဒများကို ဘေးဖယ်ထားနိုင်ကြပါသည်။ ကျွန်တော်တို့ အတူတူ ပျော်ရွှင်စွာလုပ်ကိုင်ကြပြီး ကျွန်တော်တို့ အလုပ်၏ကဏ္ဍတိုင်းမှာ တိုးတက်လာခဲ့သည်။

ကိုယ်တော်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှ တစ်ဆင့် ကျွန်တော့်ကို ပြောင်းလဲပေးသည့်အတွက်၊ စာတန်က ကျော်ဇောခြင်း၊ အကျိုးအမြတ်နှင့် အဆင့်အတန်းမှတစ်ဆင့် ကျွန်တော့်ကို မည်သို့ အန္တရာယ်ပေးသည်ကို ကျွန်တော့်ကို မြင်စေသည့်အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယခု ကျွန်တော်သည် မှန်ကန်သည့် အရာကို အရာကို ရှာဖွေပြီး လူသားတစ်ယောက်ကဲ့သို့ အသက်ရှင် နေထိုင်ပါသည်။ ကျွန်တော့်တွင် ဆေးကြောသန့်စင်ရမည့် ဖောက်ပြန် ပျက်ဆီးမှုများစွာ ရှိနေသေးပြီး နောက်ထပ် တရားစီရင်ခြင်းနှင့် ပြစ်တင် ဆုံးမခြင်းများကို ထပ်ခံယူရဦးမည်ဖြစ်သော်လည်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းက လူသားအတွက် ဘုရား၏ အမှန်ကန်ဆုံး ချစ်ခြင်းမေတ္တာဖြစ်ပြီး လူသားအတွက် အကောင်းဆုံး ကယ်တင်ခြင်းဖြစ်သည်ကို ကျွန်တော် သိခဲ့ပါပြီ။ ကျွန်တော် ဤအရာကို ထပ်မံ ကြုံတွေ့ချင်ပါသည်။ ကျွန်တော် ရှေ့ဆက်သည်နှင့်အညီ နောက်ဆုံးတွင် ဘုရားသခင်၏ အစေခံဖြစ်ဖို့ ကိုက်ညီသည်အထိ ဘုရားသခင်၏တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်တော် နှင့်အတူ ပါရှိစေလိုပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခင်တွယ်မှုများက မူအရဖြစ်ရမည်

ရှန့်ရှန့် အမေရိကန်နိုင်ငံ ကလေးတစ်ယောက်အနေနဲ့ ကျွန်မ မိဘတွေနဲ့ ဆရာတွေက လူကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ကျေးဇူးတင်တတ်ဖို့ သွန်သင်ပေးခဲ့တယ်။...

ဖျက်၍မရသော ဆုံးဖြတ်ချက်တစ်ခု

ကျွန်မ ၁၅ နှစ်တုန်းက ကျွန်မ အဖေက ရောဂါတစ်ခုကြောင့် သေသွားခဲ့ပြီး ကျွန်မတို့ မိသားစုရဲ့ အဓိကအထောက်အပံ့ ဆုံးရှုံးခဲ့ရတယ်။ ကျွန်မ...

ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ

ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။