ကျွန်မရဲ့ အတိတ်က အမည်းစက်တစ်ခု

28.08.2023

လီယင်း တရုတ်နိုင်ငံ

၂၀၁၅ခုနှစ် ဩဂုတ်လမှာ၊ မိသားစုနဲ့ ကျွန်မက စင်းကျန်းကို ပြောင်းခဲ့တယ်။ ကွန်မြူနစ်ပါတီက ဝေးဂေါ်လူနည်းစုတွေရဲ့ အဓိကရုဏ်းတွေကို တိုက်ဖျက်ဖို့ တင်းကျပ်တဲ့ စောင့်ကြည့်မှုတွေနဲ့ ထိန်းချုပ်မှုတွေ လုပ်ထားတယ်လို့ ကြားခဲ့ရတယ်။ အခြေအနေက အန္တရာယ်များတယ်။ စင်းကျန်းကို ရောက်ပြီးတဲ့နောက်၊ တွေးထားတာထက် အခြေအနေက ပိုလို့တောင် ပြင်းထန်ခဲ့တယ်။ နေရာတိုင်းမှာ ရဲတွေ ကင်းလှည့်နေကြတယ်။ စူပါမားကတ်ကိုသွားတော့ တစ်ကိုယ်လုံး စကင်န်ယူပြီး လုံခြုံရေးကို ဖြတ်ရတယ်။ ဘတ်စ်ကားပေါ်တက်တော့၊ ရဲတွေက ကျောမှာ သေနတ်တွေ ချိတ်ထားပြီး ဂိတ်တွေမှာ ကင်းလှည့်နေကြတယ်။ ဒါတွေအားလုံးကို မြင်ရတော့ ကျွန်မ တကယ် လန့်မိတယ်။ ယုံကြည်သူတွေအနေနဲ့၊ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီး၊ နှိပ်စက်တာကို ကျွန်မတို့ ခံရပြီးပြီ။ စောင့်ကြည့်၊ ထိန်းချုပ်တာတွေကလည်း ဒီမှာ အရမ်းတင်းကျပ်တာ၊ အချိန်မရွေး အဖမ်းခံရ၊ ကိုယ့်အသက် ဆုံးရှုံးရမဲ့ အန္တရာယ်မှာရှိသလိုမျိုး ကျွန်မအတွက် တကယ် အခြေအနေ တင်းမာတယ်။ အောက်တိုဘာလလောက်မှာ၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ သယ်လို့ ညီအစ်မနှစ်ယောက် အဖမ်းခံရပြီး ထောင်၁၀နှစ်အချခံရတာ ကြားရတယ်။ ကျွန်မလည်း အဲဒါကိုကြားတော့ တော်တော် လန့်သွားခဲ့တာ။ သူတို့က ခေါင်းဆောင်တွေ မဟုတ်ဘဲနဲ့၊ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေ သယ်တဲ့အတွက်နဲ့ပဲ ၁၀ အချခံခဲ့ရတာလေ။ ကျွန်မက အသင်းတော်အလုပ်ကို ကြီးကြပ်တော့၊ အဖမ်းခံရရင် အနည်းဆုံး ၁၀ နှစ်ကျမှာပဲ။ အဲဒီတုန်းက၊ ထောင်ထဲမှာ ညှဉ်းဆဲခံနေရတဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ပုံရိပ်တွေ ကျွန်မစိတ်ထဲ အထင်းဆုံးပဲ။ တကယ် ကြောက်သွားမိတယ်။ ကိုယ်အဖမ်းခံရပြီးတော့ ညှဉ်းဆဲခံရပြီး ကိုယ်မွေးတဲ့ရက်ကို နောင်တရမိမှာကို စိုးရိမ်မိခဲ့တယ်။ ပိုလန့်လာပြီး နောက်ထပ် မတွေးရဲတော့ဘူး။ ဒါပေမဲ့ အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ တာဝန်လုပ်ဖို့ ဘုရားကို ကြည့်ရှု၊ မှီခိုခဲ့ပြီး၊ ဘုရားရဲ့ တန်ခိုးကြီးတဲ့ အုပ်စိုးမှုကို မြင်ခဲ့ရသလို၊ သူ့ရဲ့ စောင့်ရှောက်၊ ကွယ်ကာမှု ခံစားခဲ့ရပုံကို ညီအစ်ကို မောင်နှမတချို့ မိတ်သဟာယပြုတာလည်း ကြားရတယ်။ ဒါက ကျွန်မအတွက် အားတက်စေပြီး အဲဒီအခြေအနေကို ကျော်ဖြတ်ဖို့ ယုံကြည်ခြင်းပေးခဲ့တယ်။

၂၀၁၆ ဖေဖော်ဝါရီမှာ၊ ကျွန်မတာဝန်ယူတဲ့ အသင်းတော်ထဲက မကောင်းတဲ့လူဖြစ်တဲ့ ဝမ်ဘင်းက အသင်းတော်အသက်တာကို ဆိုးဆိုးရွားရွား နှောင့်ယှက်ပြီး ခေါင်းဆောင်တွေကို အမြဲ အပြစ်ရှာနေတာ သိရတယ်။ လုပ်ဖော်ကိုင်ဖက်အနည်းငယ်နဲ့ ကျွန်မ ဆွေးနွေးပြီး၊ ပြဿနာကို ကိုင်တွယ်ဖို့ အဲဒီအသင်းတော်ဆီ ကျွန်မ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မကြောက်နေသလိုလိုပဲ။ ထောင် ၁၀နှစ်အချခံခဲ့ရတဲ့ ညီအစ်မတွေက အဲဒီအသင်းတော်မှာ အဖမ်းခံခဲ့ရတာလေ။ CCP က အဲဒီညီအစ်မနှစ်ယောက်အပေါ် စီရင်ချက်ချတဲ့ သတင်းကို ကြေညာဖို့ ဒေသခံရွာသားတွေကိုတောင် စုစည်းခဲ့တယ်၊ ဘုရားကိုယုံကြည်တဲ့ ဒေသခံတွေကို ခြိမ်းခြောက်ခဲ့တယ်။ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်လေ။ သွားရင် အဖမ်းခံရမလား မသိဘူး။ မသွားဖို့ ကျွန်မ ဆင်ခြေရှာခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မတွဲဖက် အစ်မစင်းကျင်းက အသင့်ဖြစ်ပြီး သွားချင်နေခဲ့တာ တွေ့ရတော့ ကျွန်မ ရှက်မိသလိုဖြစ်ရတယ်။ စင်းကျင်းက ယုံကြည်သူဖြစ်တာ မကြားသေးသလို၊ ခေါင်းဆောင်အနေနဲ့ပဲ လေ့ကျင့်နေခဲ့တာလေ။ အဲဒီအသင်းတော်မှာ ပြဿနာတွေ အများကြီးပဲ၊ ပြီးတော့ ပတ်ဝန်းကျင်လည်း မကောင်းဘူး။ သူ့ကိုသွားခိုင်းရတာ စိတ်မကောင်းဘူး။ ဒါကြောင့် “ကျွန်မသွားတာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်”လို့ ပြောလိုက်တယ်။ အဲဒီကိုရောက်တော့၊ စုဝေးပွဲတွေမှာ ဝမ်ဘင်းက ဘုရားနှုတ်ကပတ်တော်ပေါ် သိနားလည်မှုကို မိတ်သဟာယ မပြုနိုင်သလို၊ အသင်းတော် အသက်တာကို နှောင့်ယှက်ရင်းနဲ့ ခေါင်းဆောင်တွေကို အမြဲအပြစ်ရှာနေတာ တွေ့ရတယ်။ အဲဒါကို တရားဟောဆရာနဲ့ ကျွန်မ ဆွေးနွေးပြီး၊ ဒီမကောင်းမှုပြုသူကို အရင်ဆုံး သီးခြားထားပြီး၊ နောက်ထပ် နှောင့်ယှက်တာကို ကာကွယ်ဖို့ တခြားလူတွေ ချင့်ချိန်နိုင်စွမ်းရအောင် သမ္မာတရားကို မိတ်သဟာယပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နောက်တော့ ကျောင်စင်းကို အသင်းတော်အလုပ် တာဝန်ယူဖို့ ကျွန်မတို့ တတ်နိုင်သမျှ အမြန် လေ့ကျင့်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအသင်းတော်ရဲ့ ပြဿနာတွေကို အပြည့်အဝ ဖြေရှင်းဖို့က အချိန်အတော်လေး ယူရနိုင်တယ်။ အသင်းတော်ရဲ့ ညီအစ်ကို မောင်နှမထက်ဝက်ခန့်က အဖမ်းခံရပြီးပြီဖြစ်လို့၊ အဲဒီမှာ ကျွန်မ ကြာကြာနေလေ၊ အန္တရာယ်များလေ ဖြစ်မှာပဲ။ ပြဿနာအပေါ် ဖြေရှင်းချက်တစ်ခု ဆုံးဖြတ်ပြီးပြီဖြစ်တဲ့အတွက် အဲဒီကနေစပြီး တရားဟောဆရာကို ဆက်လုပ်ခွင့်ပေးလို့ရတယ်လို့ ကျွန်မတွက်မိခဲ့တယ်။ ကျန်တဲ့အလုပ်တွေကို ကျွန်မ အမြန်လက်ရှောင်ပြီး အိမ်ပြန်သွားလိုက်တယ်။ အဲဒီမကောင်းမှုပြုသူက ပိုမျက်နှာပြောင်တိုက်လာပြီး ခေါင်းဆောင်တွေကို တိုက်ခိုက်ဖို့ အသင်းတော်မှာ အုပ်စုဖွဲတယ်၊ အသင်းတော်အသက်တာကို အရမ်းနှောင့်ယှက်နေတယ်လို့ တရားဟောဆရာက နောက်ပိုင်းမှာ အကြောင်းကြားတယ်။ ဖြေရှင်းချက်တွေနဲ့ပတ်သက်လို့ တရားဟောဆရာနဲ့ ကျွန်မ မိတ်သဟာယပြုပေမဲ့၊ ပြဿနာက မပြေလည်သွားခဲ့ဘူး။ နည်းနည်း အပြစ်ရှိတဲ့စိတ် ခံစားမိတယ်။ အသင်းတော်က အရှုပ်အထွေးတွေကို ကိုင်တွယ်ဖြေရှင်းတာ ကျွန်မတာဝန်လေ။ ဒါပေမဲ့ အဖမ်းခံရမှာကြောက်လို့ အဲဒီမှာ ကျွန်မ မနေချင်ခဲ့ဘူး။ အဲဒါ မမှန်ဘူးလေ။ ဒါပေမဲ့ တလောက ကျွန်မတို့ အသင်းတော်မှာ စုဝေးပွဲတက်ဖို့ ရထားစီနေချိန်မှာ အဖမ်းခံရဖို့ သီသီလေး လွတ်သွားတဲ့ ညီအစ်မအကြောင်းလည်း တွေးမိတယ်။ ကျွန်မရထားစီးပြီး အဲဒီလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ခေါင်းဆောင်အနေနဲ့ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှု မသေချာရင် အလုပ်လုပ်လို့ မဖြစ်ဘူးလို့ ကျွန်မ တွေးနေခဲ့တာ။ ဒါကြောင့် အဲဒီအသင်းတော်ရဲ့ ပြဿနာကို တရားဟောဆရားပေါ် ကျွန်မ နှပ်ချခဲ့သေးပေမဲ့၊ သူ့ရဲ့ စွမ်းဆောင်ရည်တွေက နည်းတော့ အသင်းတော် ပြဿနာက မပြေမလည် ရှိနေခဲ့တယ်။

၂၀၁၆ စက်တင်ဘာမှာ ဘုရားနှုတ်ကပတ်တော်တွေကို သယ်ပို့တဲ့အတွက် အဲဒီအသင်းတော်က ညီအစ်ကိုမောင်နှမ လေးယောက် အဖန်းခံလိုက်ရပြီဆိုတဲ့ စာကို မမျှော်လင့်ဘဲ ကျွန်မရတယ်။ သူတို့ထဲက ကျုံးစင်းက ရက်ရက်စက်စက် အရိုက်ခံခဲ့ရတယ်တဲ့။ နှစ်ရက်အကြာမှာ သူ့ကို ရဲတွေက သေအောင် ရိုက်လိုက်ကြပြီဆိုတဲ့ နောက်စာတစ်စောင် ရောက်လာတယ်။ ဒီသတင်းက လုံးဝ ထင်မှတ်မထားတဲ့ ဖြစ်ရပ်လိုပဲ။ ကျွန်မ လက်ကိုမခံနိုင်ခဲ့ဘူး။ ကွန်မြူနစ်ပါတီရဲ့ ညှဉ်းဆဲတဲ့ နည်းစနစ်တွေက အညှာအတာမဲ့တာ ကျွန်မ သိခဲ့ပေမဲ့၊ အသက်ရှင်ပြီး ကျန်းမာတဲ့လူတစ်ယောက် ရက်ပိုင်းအတွင်းမှာ သေအောင် အရိုက်ခံရမယ်လို့ စိတ်မကူးမိခဲ့ဘူး။ လန့်စရာပဲ။ ကျွန်မအနီးအနားက လေတွေ အေးစိမ့်သွားသလို ခံစားရပြီး မျက်ရည်မကျဘဲ မနေနိုင်ခဲ့ဘူး။ အဲဒီအကြောင်းတွေးလေ စိတ်မကောင်းဖြစ်လေဖြစ်ပြီး၊ ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးနေမိတယ်။ အဲဒီအသင်းတော်ကို မကောင်းမှုပြုသူက နှောင့်ယှက်နေပြီး အသင်းသားတွေက ကောင်းမွန်တဲ့ အသင်းတော် အသက်တာ မရှင်သန်နိုင်မှန်း အတန်ကြာ ကျွန်မသိခဲ့တယ်။ အသင်းတော်ခေါင်းဆောင်ဖြစ်ပေမဲ့၊ အဖမ်းခံရမှာစိုးလို့ ပြဿနာကို နှံ့နှံ့စပ်စပ် ကျွန်မ မဖြေရှင်းနိုင်ခဲ့ဘူး။ နည်းနည်း ပိုပြီး တာဝန်ယူခဲ့ရင်၊ ဒါမှမဟုတ် နောက်ကွယ်မှာ ညွှန်ကြားချက်တွေ ထုတ်ပြီး ပြဿနာကို ဖြေရှင်းခဲ့ရင်၊ ညီအစ်ကို မောင်နှမတွေကို ပိုလုံခြုံဘေးကင်းဖို့ သတိထားအောင် အသိပေးနေခဲ့ရင်၊ ကျုံးစင်းက ရဲတွေရဲ့ သေအောင်ရိုက်တာ ခံခဲ့ရမှာ မဟုတ်ဘူး။ သူသေတာက ကျွန်မကို အရမ်းပြင်းထန်တဲ့ အပြစ်ရှိတဲ့စိတ်ခံစားရစေခဲ့ပြီး၊ ကျွန်မ ကြောက်လန့်သွားတယ်။ ဒါတကယ်ကို ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုလိုပဲလို့ ခံစားရတယ်၊ တိမ်မည်းတွေ ကျွန်မပေါ် ဖိလာနေသလိုဖြစ်ပြီး အသက်ကို အနိုင်နိုင် ရှူနေရတယ်။ ဒါပေမဲ့ အဲဒီလို အရေးကြီးတဲ့ အဆင့်မှာ၊ ဆက်ထွက်ပြေးနေလို့မရမှန်း သိလိုက်တယ်၊ ဒါကြောင့် တရားဟောဆရာကို နောက်ဆက်တွဲဖြစ်ရပ် အမြန် ကူဖြေရှင်းပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီအသင်းတော်က အခြေအနေတွေကို အပြည့်အဝ မထိန်းရသေးသလို၊ လတ်တလော ကျွန်မနဲ့ အလုပ်လုပ်တဲ့ ညီအစ်မလည်း အဖမ်းခံခဲ့ရပြီး ရဲတွေက ကျွန်မတို့ အသင်းတော်ရဲ့ အဓိက ခေါင်းဆောင်နဲ့ အမှုဆောင်တွေအကြောင်း တချို့ သိသွားပြီဆိုတာ ကျွန်မ သိလိုက်ရတယ်။ အဲဒီညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ မကြာခဏ အဆက်အသွယ်ရှိလို့၊ ရဲတွေက စောင့်ကြည့်ဗီဒီယိုမှတ်တမ်းကို ပြန်ဆန်းစစ်ခဲ့ရင်၊ ကျွန်မ အချိန်မရွေး အဖမ်းခံရနိုင်တယ်လို့ စိတ်ပူမိတယ်။ အဖမ်းခံရပြီး ထောင်ချခံခဲ့ရရင်၊ ကျွန်မ ရှင်လျက်ပြန်ထွက်နိုင်မလား ပြောလို့မရဘူးလေ။ ကျုံးစင်းလို ငယ်တဲ့အရွယ်မှာ ရဲတွေရဲ့ သေအောင်ရိုက်တာတောင် ကျွန်မ ခံသွားရနိုင်တယ်။ အဲဒီအကြောင်းတွေးလေ၊ ပိုကြောက်လေဖြစ်ပြီး အဲဒီတာဝန်ကို ဆက်မလုပ်ချင်ခဲ့ဘူး။ အဲဒီနေရာမှာ နောက်ထပ် နေတောင်မနေချင်တော့ဘူး။ အဲဒီအခြေအနေကို ကျွန်မ လုံးဝ မဖြေရှင်းခဲ့သလို၊ လအတော်ကြာ အသင်းတော်ကို နှောင့်ယှက်နေခဲ့တဲ့ မကောင်းမှုပြုသူ ပြဿနာကိုလည်း မဖြေရှင်းနိုင်ခဲ့ဘူး။ နောက်ဆုံးတော့ အထုတ်ခံလိုက်ရတယ်။ အဲဒီနောက်မှာ စာအခြေပြုအလုပ်ကို အသင်းတော်မှာ ကျွန်မတာဝန်ယူခဲ့ပေမဲ့၊ အဲဒါ အန္တရာယ်ရှိတယ်လို့ ခံစားရတုန်းပဲ။ အချိန်မရွေး အဖမ်းခံရနိုင်တယ်လို့ စိုးရိမ်မိပြီး၊ ကိုယ့်ဇာတိမြို့မှာ တကယ် တာဝန်ပြန်လုပ်ချင်ခဲ့တယ်။ အဲဒီလို အရေးကြီးတဲ့ အချိန်မှာ ကျွန်မရှိနေပြီး နောက်ဆက်တွဲ ဖြစ်ရပ်နဲ့ပတ်သက်လို့ သူတို့ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပြီး၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို မိတ်သဟာယပြုကြတယ်။ ဒါပေမဲ့ ကျွန်မက အကြောက်တရားနဲ့ လွှမ်းမိုးသွားပြီး၊ ကျွန်မကို နေဖို့သူတို့ တိုက်တွန်းတာကို နားမထောင်တော့ဘူး။ ဒါကြောင့် နောက်ဆုံး အဲဒီနေရာကို ကျွန်မ စွန့်ခွာခဲ့တယ်။

၂၀၁၇ ဧပြီလမှာ၊ ကျွန်မရဲ့ အပြုအမူကြောင့်၊ အသင်းတော်က စုဝေးပွဲတက်တာ ရပ်ခိုင်းလိုက်တယ်၊ အိမ်မှာ သီးခြားထားပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်စေခဲ့တယ်။ သတင်းကိုကြားတော့ ကျွန်မ မျက်ရည်မဆယ်နိုင်အောင် ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ အရေးကြီးတဲ့အချိန်မှာ ကိုယ့်တာဝန်ကို စွန့်ပြီး ထွက်ပြေးသူဖြစ်ခဲ့တဲ့အတွက်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ သီးခြားထားခံရတာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းဖြစ်မှန်း သိခဲ့တယ်။ ကျိုးနွံနာခံဖို့ ကျွန်မလိုလားခဲ့တယ်။ တစ်နေ့ ဝတ်ပြုဆုတောင်းတော့ ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “သင်သည် ဧဝံဂေလိ ဖြန့်ဝေရာတွင် အရေးကြီးသော အပိုင်းတွင် ပါဝင်ပြီး သင်၏ ရာထူးကို ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ စွန့်ပစ်ပါက သာ၍ ကြီးမားသော ပြစ်မှားခြင်း မရှိပေ။ ဘုရားသခင်ကို သစ္စာဖောက်ခြင်းအဖြစ် ယင်းကို မှတ်ယူသည် မဟုတ်လော။ ထို့ကြောင့် သင်တို့၏ အမြင်တွင် စွန့်ခွာထွက်ပြေးသူများကို ဘုရားသခင်က မည်သို့ ဆက်ဆံသင့်သနည်း။ (၎င်းတို့ ဘေးဖယ်ခံရသင့်သည်။) ဘေးဖယ်ခံရခြင်းသည် လျစ်လျူရှုခံရခြင်း၊ သင်နှစ်သက်သည့်အတိုင်း လုပ်ဆောင်ရန် ချန်ရစ်ခံရခြင်းဟု ဆိုလိုသည်။ ဘေးဖယ်ခံရသည့် လူတို့သည် နောင်တရပါက ၎င်းတို့၏ သဘောထားသည် အထိုက်အလျောက် နောင်တရပုံပေါ်သည်ဟု ဘုရားက မြင်ကောင်းမြင်နိုင်ပြီး ၎င်းတို့ကို ပြန်လိုချင်ဆဲ ဖြစ်လိမ့်မည်။ သို့သော် မိမိတို့တာဝန်ကို စွန့်ပစ်သောသူတို့အပေါ်တွင်မူ ဤလူတို့အပေါ်တွင်သာ ဘုရားသခင်သည် ဤသဘောထား မထားရှိပေ။ ထိုသို့သော လူတို့ကို ဘုရားသခင်က မည်သို့ သဘောထားသနည်း။ (ဘုရားသခင် ၎င်းတို့ကို မကယ်တင်ပေ။ ၎င်းတို့ကို စက်ဆုပ်ပြီး ငြင်းပယ်သည်။) ရာနှုန်းပြည့် မှန်ပေသည်။ ပိုမိုတိကျစွာပြောရလျှင် အရေးကြီးသည့် တာဝန်ကို ထမ်းဆောင်လူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းခြင်း ခံရပြီးဖြစ်ကာ မိမိတို့ရာထူးကို ၎င်းတို့ စွန့်ပစ်ပါက ယခင်က ၎င်းတို့ မည်မျှကောင်းစွာ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် နောက်ပိုင်းတွင် မည်မျှကောင်းစွာ လုပ်ဆောင်ပါစေ ဘုရားသခင်အဖို့ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်သောလူများဖြစ်ပြီး တာဝန်တစ်ခု ထမ်းဆောင်ဖို့ အခွင့်အရေးကို မည်သည့်အခါတွင်မျှ ထပ်ပေးခံရလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်)မိမိတို့တာဝန်ကို စွန့်ပစ်သည့်၊ သို့မဟုတ် အသေးအဖွဲ ကိစ္စအဖြစ် သဘောထားသည့် လူများကိုလည်းကောင်း၊ ဘုရားသခင်ကို သစ္စာဖောက်သည့် မရေမတွက်နိုင်သော အပြုအမူများ၊ လုပ်ရပ်များနှင့် သရုပ်သကန်များကို‌လည်းကောင်း ဘုရားသခင်သည် အဆုံးစွန် အထင်သေးလေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် စီစဉ်သည့် အမျိုးမျိုးသော ဆက်စပ်အကြောင်းအရာများ၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကြားတွင် ဤလူများသည် ဘုရားအမှုတော်၏ တိုးတက်မှုကို ကြန့်ကြာစေသည့်၊ ထိခိုက်နစ်နာစေသည့်၊ နှောင့်နှေးစေသည့်၊ နှောင့်ယှက်သည့်၊ သို့မဟုတ် ထိခိုက်သည့် အခန်းကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ဤအကြောင်းကြောင့် စွန့်ခွာထွက်ပြေးသူများနှင့် ဘုရားသခင်ကို သစ္စာဖောက်သော လူတို့အပေါ် ဘုရားသခင်က မည်သို့ ခံစားပြီး တုံ့ပြန်သနည်း။ မည်သည့်သဘောထား ဘုရားသခင်၌ ရှိသနည်း။ အထင်သေးခြင်းနှင့် မုန်းတီးမှုသာ ရှိသည်။ သူသည် သနားခြင်း ခံစားရသလော။ မခံစားရပေ။ မည်သည့်အခါတွင်မျှ သူသနားနိုင်မည် မဟုတ်ပါ။ လူအချို့က ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်မဟုတ်လား’ဟု ဆိုကြသည်။ ထိုသို့သော လူတို့ကို ဘုရားသခင် မချစ်ပေ။ ဤလူများသည် ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်ပေ။ ၎င်းတို့ကို သင် ချစ်ပါက သင်၏ မေတ္တာသည် မိုက်မဲပြီး ၎င်းတို့ကို သင်ချစ်သည့်အတွက်ကြောင့် ဘုရားသခင်ကလည်း ချစ်သည်ဟု မဆိုလိုပေ။ ၎င်းတို့ကို သင် ချစ်ခင်မြတ်နိုးနိုင်သော်လည်း ဘုရားသခင်က မချစ်မြတ်နိုးပေ။ အကြောင်းမှာ ထိုသို့သော လူတို့တွင် ချစ်ခင်မြတ်နိုးထိုက်သည့်အရာတစ်ခုမျှ မရှိပေ။ ထို့ကြောင့် ထိုသို့သော လူတို့ကို ဘုရားသခင်က ပြတ်ပြတ်သားသား စွန့်ပစ်ပြီး မည်သည့် ဒုတိယအခွင့်အရေးမျှ မပေးပေ။ ဤသည်မှာ ကျိုးကြောင်းသင့်သည် မဟုတ်လော။ ဤအရာသည် ကျိုးကြောင်းသင့်ရုံသာမက အားလုံးထက်ပို၍ ဘုရားသခင်၏ စိတ်သဘောထား သွင်ပြင်တစ်ခု ဖြစ်ပြီး၊ သမ္မာတရားလည်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းက နှလုံးသားကိုထိုးတဲ့ ဓါးလို နာကျင်စရာပဲ။ ကျုံးစင်းက သေအောင်အရိုက်ခံရပြီး ကျွန်မတွဲဖက် အဖမ်းခံခဲ့ရတယ်။ အဲဒီလို အရေးကြီးတဲ့အချိန်မှာ၊ နောက်ဆက်တွဲဖြစ်ရပ်ကို ဖြေရှင်းဖို့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ အလုပ်လုပ်နေခဲ့သင့်တာလေ။ ဒါပေမဲ့ အဲဒီအစား ထွက်ပြေးခဲ့တယ်။ အဲဒီလိုအရာတစ်ခုကို အနည်းဆုံး အသိစိတ်ရှိတဲ့သူ ဘယ်သူကမှ လုပ်မှာ မဟုတ်ဘူး။ လုပ်ခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ခဲ့ဘူး။ ကျွန်မ ဘာကိုပဲ အမှားလုပ်ခဲ့မိပါစေ၊ ဘုရားဆီ နောင်တရသရွေ့ ဘုရားက ကျွန်မပေါ် ကရုဏာထားမယ်လို့ ကျွန်မ ယုံကြည်လေ့ရှိခဲ့တယ်။ ဒါပေမဲ့ နောက်တော့ အဲဒါ ကျွန်မရဲ့ အယူအဆ၊ စိတ်ကူးပဲဖြစ်မှန်း သိလိုက်တယ်။ ဘုရားက အရေးကြီးတဲ့အချိန်မှာ ကိုယ့်တာဝန်ကို စွန့်ပြီး သူ့ကို ကျောခိုင်းသူတွေကို သူက စွန့်လွှတ်ပြီး၊ နောက်ထပ်အခွင့်အရေး ပေးမှာမဟုတ်ဘူးလို့ ပြောတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့အခါ၊ ဘုရားရဲ့ ကရုဏာနဲ့ သည်းခံခြင်းမှာ စည်းမျဉ်းတွေရှိတာ သိရတယ်။ ကြောင်းကျိူးမမြင်ဘဲ ဘုရားက ခွင့်မလွှတ်သလို၊ ဘယ်ပုန်ကန်ပြစ်မှားမှု မဆိုအတွက် လူတိုင်းပေါ် ကရုဏာ ပေးသနားမှာမဟုတ်ဘူး။ ဘုရားက အရမ်းဖြောင့်မတ်၊ ဘုန်းအာနုဘော်ရှိပြီး ပုန်ကန်ပြစ်မှားမှုကို သည်းခံမှာမဟုတ်ဘူး။ ကျွန်မထွက်ပြေးတဲ့အချိန်ကတည်းက၊ ကျွန်မပေါ် ဘုရားလက်လျှော့နှင့်ပြီးသားလို့ ခံစားနေခဲ့ရတာ။ ဘာစိတ်အေးချမ်းမှုမှ လုံးဝ မရှိခဲ့ဘူး။ နောင်တနဲ့ ပြည့်နေခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ ဘယ်နှစ်ကြိမ် ဆုတောင်းခဲ့မှန်း၊ မျက်ရည် ဘယ်လောက်ကျခဲ့မှန်း မသိတော့ဘူး။ ကျွန်မကို ဘုရားက စွန့်ပစ်ပစ်၊ မပစ်ပစ်၊ ကိုယ့်အကြွေးကို ပြန်ဆပ်ဖို့ ဘုရားအတွက် အစေခံမှုပေးဖို့ အသင့်ဖြစ်ခဲ့ပြီး၊ သူ ကျွန်မကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ သူ လုပ်သမျှက ဖြောင့်မတ်မယ်လို့ ကျွန်မ သိခဲ့တယ်။ ကျွန်မလုပ်ခဲ့တာက ဘုရားအတွက် အရမ်းကို မသတီစရာ၊ နာကျင်စရာဖြစ်လို့ သူ ကျွန်မကို ငရဲပို့ရင်တောင် ကျွန်မ အပြစ်တင်မှာ မဟုတ်ဘူး။ ဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မ ယုံကြည်သူဖြစ်ခဲ့ပြီးပြီ။ စတေးတာတွေတချို့လုပ်ခဲ့ပြီး ကယ်တင်ခြင်းကို လိုက်စားချင်ခဲ့ပေမဲ့၊ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီး၊ နှိပ်စက်တာနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အသက်ကို မက်မောမယ်၊ ကိုယ့်တာဝန်ကို စွန့်ပြီး ဘုရားကို သစ္စာဖောက်မယ်၊ ကြီးလေးတဲ့ အပြစ်ကျူးလွန်မိမယ်ဆိုတာ လုံးဝ စိတ်မကူးမိခဲ့ဘူး။ အဲဒီအကြောင်း တွေးမိတော့ တကယ် စိတ်မချမ်းမြေ့ဖြစ်ပြီး စိတ်ပျက်ရတယ်။ မျက်ရည်တွေ မဆယ်နိုင်ခဲ့ဘူး။ အပြစ်ရှိပြီး နောက်တရတဲ့စိတ်နဲ့ မွှန်ထူသွားတယ်။ အဲဒီနယ်မြေကို ကျွန်မ ဇွတ်အတင်း မစွန့်ခွာခဲ့ဘဲ၊ လိုအပ်တဲ့အခါ ကိုယ့်တာဝန်ကို လုပ်နေနိုင်ခဲ့ရင်၊ တခြားလူတွေနဲ့အတူ နောက်ဆက်တွဲ ကိစ္စကို စီမံနေခဲ့ရင်၊ အရမ်းပိုကောင်းခဲ့မှာပဲ။ အဲဒါဆိုရင် ဒီလို စိတ်မချမ်းမြေ့၊ စိတ်ပျက်ပြီး အသက်ရှင်ရမှာ မဟုတ်ဘူး။ ကျွန်မဖြစ်စေချင်ခဲ့တဲ့ပုံစံက အဲဒီလိုပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် အရမ်းနောက်ကျသွားပြီ။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးလိုက်မိပြီ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့၊ တစ်ကိုယ်ကောင်းဆန်၊ ဆိုးယုတ်ခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကျွန်မလိုလူတစ်ယောက်က ဘုရားရဲ့ သည်းခံခြင်း၊ ကရုဏာနဲ့ မတန်ဘူး။ အသင်းတော်က ကျွန်မကို မနှင်ထုတ်သေးတဲ့အတွက်၊ ကိုယ့်အပြစ်အတွက် ဖာထေးဖို့ အစေခံမှုကို တတ်နိုင်သမျှ ကောင်းကောင်း လုပ်သင့်တယ်လို့ ကျွန်မ ခံစားမိတယ်။

အဲဒီနောက် ကျွန်မတာဝန်မှာ၊ ခေါင်းဆောင်က ကျွန်မကို သွားဖို့ စီစဉ်တဲ့ ဘယ်နေရာကိုမဆို သွားခဲ့တယ်။ အန္တရာယ်ရင်ဆိုင်နေရတဲ့ အသင်းတော်တွေကို သွားပံ့ပိုးခိုင်းရင်၊ ကျွန်မ သွားလိုက်တယ်။ ပြီးတော့ နည်းနည်းအကြာမှာ ရလဒ်တချို့ ကျွန်မ ရလာခဲ့တယ်။ ဒါပေမဲ့ အဲဒီကိစ္စကို ကျွန်မ ပြန်မပြောချင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် အဲဒီကနေ ကာကွယ်ချင်ခဲ့တယ်၊ မေ့လိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မလုပ်နိုင်ခဲ့ဘူး။ အဲဒါက ကျွန်မနှလုံးသားမှာ နက်နက် စွဲထက်နေသလိုဖြစ်ပြီး ပျောက်မသွားခဲ့ဘူး။ အဲဒါကိုတွေးတိုင်း နာကျင်ရပြီး အပြစ်ရှိတဲ့စိတ် ခံစားရတယ်။ နောက်တော့ တစ်နေ့မှာ ကိုယ့်အခြေအနေကို နားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် အဖမ်းခံရခြင်းမှ ရှောင်ရှားရန်၊ ဖိနှိပ်ခြင်းအားလုံးမှ ရှောင်တိမ်းကာ မိမိတို့ကိုယ်ကို ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခုတွင် နေရာချရန်အလို့ငှာ အန္တိခရစ်တို့သည် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် မကြာခဏ တောင်းပန်ခယပြီး ဆုတောင်းကြသည်။ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်လာသည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်အပေါ် အမှန်တကယ် အမှီပြုပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ပူဇော်ဆက်ကပ်ကြသည်။ ဤအရာနှင့်ပတ်သက်သည့်အခါ ၎င်းတို့၌ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ မှီခိုခြင်းက စစ်မှန်လေ၏။ အသင်းတော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့၏တာဝန်အတွက် စိုးစဉ်းမျှ မစဉ်းစားကြဘဲ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဘုရားသခင် ကာကွယ်ပေးပါရန် တောင်းလျှောက်ရင်းဖြင့်သာ ဘုရားသခင်ထံ သူတို့ ဒုက္ခခံဆုတောင်းကြသည်။ ၎င်းတို့၏ အလုပ်၌ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံမှုသည် ၎င်းတို့ကို လမ်းပြသည့် စည်းမျဉ်းဖြစ်သည်။ လုံခြုံသည့်မည်သည့်နေရာမဆို ထိုနေရာသည် ၎င်းတို့ အလုပ်အချို့ လုပ်ဆောင်မည့် နေရာဖြစ်သည်။ ၎င်းတို့၏အလုပ်တွင် ၎င်းတို့၏ ကြီးမားသော ‘တာဝန်သိစိတ်’နှင့် ‘သစ္စာစောင့်သိခြင်း’ တို့ကို ပြစားလျက် အမှန်ပင် တက်ကြွပြီး အပြုသဘောဆောင်လိမ့်မည်။ အချို့သောအလုပ်သည် စွန့်စားရခြင်း ပါဝင်ပြီး လွဲချော်သွားဖွယ်ရှိပါက လုပ်ဆောင်သူသည် အဆင်းနီသော နဂါးကြီး၏ တွေ့ရှိခံရဖွယ်ရှိပါက ၎င်းတို့သည် ဆင်ခြေများပေး အခြားသူတစ်ဦးထံ ယင်းကို လက်လွှဲလိုက်ပြီး ယင်းမှ ထွက်ပြေးဖို့ အခွင့်အရေးရှာကြသည်။ အန္တရာယ်ရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အန္တရာယ်၏ အရိပ်အယောင်ရှိသည်နှင့်တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများကို ဂရုစိုက်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်းပြီး မိမိတို့တာဝန်ကို စွန့်ပစ်မည့်နည်းလမ်းများ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အန္တရာယ်မှ လွတ်စေဖို့သာ ဂရုစိုက်ကြသည်။ စိတ်နှလုံးတွင် ၎င်းတို့ ပြင်ဆင်ထားနှင့်ပြီး ဖြစ်နိုင်သည်။ အန္တရာယ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ် မည်သို့ဖြစ်နေသည်၊ သို့မဟုတ် ယင်းက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား မည်သည့် ဆုံးရှုံးမှုရောက်စေမည်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ ၎င်းတို့ လုပ်နေသည့် အလုပ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြသည်။ ၎င်းတို့အဖို့ အရေးကြီးသည်မှာ ထွက်ပြေးဖို့ ဖြစ်သည်။ မိမိတို့ကိုယ်ကိုယ် ကာကွယ်မည့် အစီအစဉ်၊ ‘ဝှက်ဖဲ’ပင် ရှိကြသည်။ ၎င်းတို့အပေါ် အန္တရာယ်ကျရောက်သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ အဖမ်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ ရှိသမျှသော တာဝန်ဝတ္တရားမှ မိမိတို့ကိုယ်ကိုယ် ရှင်းလင်းစေပြီး လွတ်ငြိမ်းခွင့်ပေးလျက် ၎င်းတို့ သိသမျှကို ပြောကြလေတော့သည်။ ဤသည်မှာ ၎င်းတို့၌ အသင့်ရှိသော အစီအစဉ်ဖြစ်လေသည်။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် နှိပ်စက်ခံရရန်လိုလားခြင်း မရှိကြချေ။ အဖမ်းခံရမည်ကိုလည်းကောင်း၊ ညှဉ်းဆဲခံရပြီး စီရင်ချက်ချခံရမည်ကိုလည်းကောင်း ၎င်းတို့ စိုးရွံ့ကြသည်။ အမှန်မှာ ၎င်းတို့သည် စာတန်ကို မလွန်ဆန်နိုင်ဖြစ်ကြသည်မှာ ကြာပြီဖြစ်သည်။ ဆိုးယုတ်သော အစိုးရ၏ တန်ခိုးအာဏာကို ၎င်းတို့ ကြောက်လန့်ကြပြီး ၎င်းတို့အပေါ် ကျရောက်မည့် ညှဉ်းဆဲမှုနှင့် ပြင်းထန်သော စစ်ကြောမေးမြန်းမှုကဲ့သို့သော အရာများကို သာ၍ပင် ကြောက်ကြသေးသည်။ ထို့ကြောင့် အန္တိခရစ်တို့နှင့် ပတ်သက်၍ အားလုံး အဆင်ပြေချောမွေ့နေပြီး ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခြင်းမရှိ၊ သို့မဟုတ် ယင်းနှင့် ပတ်သက်၍ ပြဿနာမရှိသကဲ့သို့ မည်သည့်ဘေးမျှ ဖြစ်နိုင်ခြေ မရှိပါက ၎င်းတို့သည် မိမိတို့၏ စိတ်ထက်သန်မှု၊ ‘သစ္စာစောင့်သိခြင်း’နှင့် မိမိတို့၏ ပိုင်ဆိုင်မှုများကိုပင် ပေးကောင်းပေးနိုင်ကြပေမည်။ သို့သော် အခြေအနေများက ဆိုးရွားပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းအတွက် ၎င်းတို့အချိန်မရွေး အဖမ်းခံရနိုင်ပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုက မိမိတို့၏ အရာရှိရာထူးမှ ဖြုတ်ခြင်းခံရနိုင်ပါက၊ သို့မဟုတ် ၎င်းတို့နှင့် ရင်းနှီးသူများ၏ စွန့်ပစ်ခြင်းခံရကောင်း ခံရနိုင်စေမည်ဆိုပါက ၎င်းတို့သည် ဧဝံဂေလိ ဟောကာ ဘုရားသခင်ကို သက်သေခံခြင်းမရှိသကဲ့သို့ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းမရှိဘဲ အထူးသတိထားကြလိမ့်မည် ဖြစ်သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ ဝေးဝေးကို ရှောင်ကြလေတော့သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ မိမိတို့ ဆက်လုံခြုံပြီး ဘေးကင်းစေရန်အလို့ငှာ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို အသင်းတော်ထံ ချက်ချင်း ပြန်ပို့လိုကြသည်။ ထိုသို့သော လူတစ်ဦးသည် အန္တရာယ်များသည် မဟုတ်လော။ အဖမ်းခံရပါက ၎င်းတို့သည် ယုဒဖြစ်လာကြမည် မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် အလွန်အန္တရာယ်များသည်မှာ ၎င်းတို့ အချိန်မရွေး ယုဒဖြစ်လာနိုင်ပေသည်။ ဘုရားသခင်ကို ကျောခိုင်းဖို့ ဖြစ်နိုင်ခြေ အမြဲရှိသည်။ ထို့အပြင် ၎င်းတို့သည် အဆုံးစွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာကြသည်။ ဤအရာကို အန္တိခရစ်၏ သဘာဝနှင့် အနှစ်သာရအားဖြင့် ဆုံးဖြတ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂))အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာကြသည်။ ၎င်းတို့၌ ဘုရားသခင်ကို ဆက်ကပ်ခြင်း ရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ၊ မိမိကိုယ်ကိုယ်သာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ အသင်းတော်၏အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ— ၎င်းတို့ အသက်ရှင်နေသေးပြီး အဖမ်းမခံရသေးသရွေ့ ယင်းသည်သာ အရေးကြီးပေသည်။ ဤလူများ၏ စိတ်သဘောထားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ကျွန်မအတွက် ဘုရားရဲ့ တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်း နှုတ်ကပတ်တော်တိုင်းက စိတ်နှလုံးကို တည့်တည့်ထိတယ်။ ပုန်းကွယ်စရာနေရာ မရှိခဲ့ဘူး။ မလွတ်နိုင်ခဲ့ဘူး။ ကျွန်မက အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ အသင်းတော်အလုပ်၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေအတွက် ဘာထည့်စဉ်းစားတာမှမရှိဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ချင်တဲ့ လူစားမျိုး ဖြစ်ခဲ့တာပဲ။ တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ခဲ့တာ။ စင်းကျန်းကို စရောက်တော့၊ နေရာတိုင်းမှာ အခြေအနေ ဆိုးနေတာကို မြင်ခဲ့တယ်။ အကြိမ်တိုင်းမှာ အဖမ်းခံ၊ အသက်ဆုံးရှုံးရမဲ့ အန္တရာယ်မှာ ရှိခဲ့တယ်။ တာဝန်အတွက် အဲဒီနေရာကို သွားတာ နောင်တရခဲ့တယ်။ အသင်းတော်မှာ နှောင့်ယှက်နေပြီး ကိုင်တွယ်ဖို့လိုတဲ့ မကောင်းမှုပြုတဲ့ လူရှိတာကို သိတော့၊ အဖမ်းခံရပြီး ညှဉ်းဆဲခံရမှာကြောက်လို့ မသွားဖို့ ဆင်ခြေဖန်တီးခဲ့တယ်။ အင်တင်တင်နဲ့သွားခဲ့ပေမဲ့၊ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုကိုပဲ စဉ်းစားတဲ့အတွက်၊ ကိစ္စတွေ မပြေလည်ခင်မှာ၊ ကျွန်မ ပြန်သွားတာ အရမ်းစောခဲ့တယ်။ အဲဒီအသင်းတော်မှာ ဆိုးရွားတဲ့ ပြဿနာတွေရှိပြီး အဲဒါတွေကို ကိုင်တွယ်ဖို့ လိုမှန်း ကောင်းကောင်း သိခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ချင်ခဲ့တယ်။ တကယ့်အလုပ်ကို လုပ်မဲ့အစား အမိန့်တွေပေးဖို့ ကိုယ့်ရာထူးကို သုံးခဲ့တယ်၊ စက်ဆုပ်စရာ ဖြစ်တည်မှုကို အချိန်ဆွဲနေရင်း ဘေးကင်းတဲ့နေရာမှာ ကိုယ်က အမြီးကုပ်နေတုန်း အဲဒါကို ကိုင်တွယ်ဖို့ ညီအစ်ကို မောင်နှမတွေကို တွန်းအားပေးခဲ့တယ်။ အဲဒါက အသင်းတော် ပြဿနာတွေကို လအတော်ကြာ မပြေမလည်ဖြစ်စေခဲ့တယ်။ ခေါင်းဆောင်အနေနဲ့ အလုပ်ကိုလုပ်ဖို့ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရမယ်ဆိုတဲ့ ကျိုးကြောင်းသင့်ပုံရတဲ့ ဆင်ခြေတွေတောင် ဖန်တီးခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ အန္တရာယ်နဲ့ ရင်ဆိုင်ရာမှာ ထွက်ပြေးဖို့ ပဲ ဆင်ခြေရှာနေခဲ့တာ။ ကျုံးစင်းက အဖမ်းခံရပြီး သေအောင် အရိုက်ခံခဲ့ရချိန်မှာ၊ ကျွန်မက ကိုယ့်ရဲ့ဘေးကင်းလုံခြုံမှုကို စဉ်းစားနေတုန်းပဲ။ အဖမ်းခံရမလား၊ သေအောင်ညှဉ်းဆဲခံရမလား စိုးရိမ်တုန်းပဲ။ ကိုယ့်တာဝန်ကို စွန့်လွှတ်ပြီး အဲဒီအန္တရာယ်ရှိတဲ့နေရာကို စွန့်ခွာဖို့ အခွင့်အရေးတောင် ရှာချင်ခဲ့တယ်။ အထုတ်ခံရပြီးတော့၊ နောက်ဆက်တွဲဖြစ်ရပ်နဲ့ ပတ်သက်လို့ မကူချင်ခဲ့သလို ဇာတိမြို့ကို ပြန်ပြေးခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အပြစ်ဖော်မဆုံးမခဲ့ကြပေမဲ့၊ စိတ်ထဲမှာ ကျွန်မအပေါ် ဘုရားရဲ့ စွန့်ပစ်မှု၊ စက်ဆုပ်၊ ရှုတ်ချခြင်းတွေကို ခံစားခဲ့ရတယ်။ နောင်တအရဆုံးက ညီအစ်ကို မောင်နှမ အများကြီးကို အသင်းတော်က ကျွန်မဆီ အပ်ပြီး ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးပေးခဲ့ပေမဲ့၊ ခက်ခဲချိန်မှာ တခြားလူတွေ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ အသင်းတော်အလုပ် ဘယ်လို အဟန့်အတားဖြစ်မယ်ဆိုတာ ဘာမှ မစဉ်းစားဘဲ ထွက်ပြေးမိခဲ့တာပဲ။ ကျွန်မက အသက်ကို မက်မောတဲ့ ထွက်ပြေး၊ သစ္စာဖောက်သူ၊ စာတန် လှောင်ရယ်စရာ ဖြစ်လာခဲ့တယ်။ ဒါ့အပြင် အဲဒါက ကျွန်မရဲ့ တစ်သက်တာ စိတ်ဒဏ်ရာဖြစ်လာခဲ့တယ်။ အမှန်တရားတွေ ပြတဲ့အရာကတစ်ဆင့်၊ ကျွန်မက သူရဲဘောကြောင်ပြီး၊ ဘာလူ့သဘာဝမှမရှိဘဲ တစ်ကိုယ်ကောင်းဆန်တဲ့ နည်းနဲ့ အသက်ရှင်ခဲ့မှန်း တွေ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ထိမိတယ်၊ ကျွန်မစိတ်နှလုံးထဲ နက်နက် ကွယ်ဝှက်ထားတဲ့ စက်ဆုပ်စရာ၊ နောက်ကွယ်က အကြောင်းရင်းတွေကို ထုတ်ဖော်ပြရင်းနဲ့ပေါ့။ လက်တွေ့အရှိတရားကို ဆက်ရှောင်ပြေးလို့ မဖြစ်တော့ဘူး။ အဲဒီအချိန်မှာ၊ ဘုရားကို သစ္စာဖောက်တဲ့ ကျွန်မရဲ့ နက်ရှိုင်းတဲ့ အပြစ်၊ သူ့ရဲ့ ကယ်တင်ခြင်းနဲ့ မထိုက်တန်ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ဘုရားက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နှစ်ကြိမ်လူ့ဇာတိခံခဲ့ပုံ၊ အရာရာ သူ ပေးခဲ့ပုံတွေကိုလည်း တွေးမိတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်က၊ လူသားမျိုးနွယ်ရဲ့ ရွေးနှုတ်ခြင်းအတွက် သခင်ယေရှုက သူ့သွေးနောက်ဆုံး တစ်စက်မကျန် ပေးရင်းနဲ့ ကားစင်တင် အသတ်ခံခဲ့ရတယ်။ အခု နောက်ဆုံးသောကာလမှာ၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားက အဆင်းနီတဲ့ နဂါးကြီးရဲ့ သားရဲတွင်းမှာ အလုပ်လုပ်ဖို့ သူ့အသက်ကို စွန့်စားရင်းနဲ့ လူ့ဇာတိ ပြန်ခံခဲ့တယ်။ ကွန်မြူနစ်ပါတီရဲ့ စဉ်ဆက်မပြတ် လိုက်ဖမ်း၊ နှိပ်စက်တာ ခံခဲ့ရတယ်။ ဒါပေမဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနဲ့ ပတ်သက်လို့ ဘုရားက လုံးဝ လက်မလျှော့ခဲ့ဘူး။ ကျွန်မတို့ကို ရေလောင်း၊ ထောက်ပံ့ပေးဖို့ သမ္မာတရားကို သူ ဆက်ဖော်ပြခဲ့တယ်။ လူသားအတွက် ဘုရားက အရာရာ ပေးပြီးပြီ။ ကျွန်မတို့အတွက် သူ့အချစ်က စစ်မှန်တယ်၊ အရမ်းကိုယ်ကျိုးမဲ့တယ်။ ဒါပေမဲ့ ကျွန်မက အရမ်းအရမ်းကို တစ်ကိုယ်ကောင်းဆန်၊ ယုတ်ညံ့ခဲ့တယ်။ တာဝန်မှာ အသင်းတော်အလုပ်ကို လုံးဝ အရေးမထားဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ခဲ့တယ်။ ဘုရားကို အရမ်းအကြွေးတင်ခဲ့သလို၊ သူ့ရှေ့မှာ အသက်မရှင်ထိုက်ခဲ့ဘူး။ ကျွန်မလိုချင်သမျှကတော့ ကျွန်မရဲ့ အပြစ်ရှိတာ နည်းနည်း ပြေပျောက်နိုင်အောင် ဘုရားအတွက် အစေခံမှုပေးဖို့ပါပဲ။

၂၀၂၁ ဒီဇင်ဘာမှာ၊ အသင်းတော်ခေါင်းဆောင်ဖြစ်ဖို့ ကျွန်မ အရွေးခံရပြန်တယ်။ ဒါပေမဲ့ ဘုရားကို ကျွန်မ သစ္စာဖောက်ပြီး ခေါင်းဆောင်မဖြစ်ထိုက်ပုံကို တွေးမိတော့၊ အရင်က ကျွန်မ ထွက်ပြေးတဲ့သူဖြစ်ခဲ့ပုံကို ခေါင်းဆောင်ဆီ မျက်ရည်နဲ့ ကျွန်မ ပြောပြမိတယ်။ ခေါင်းဆောင်ကပြောတယ်။ “နှစ်နဲ့ချီဖြစ်နေပြီ၊ အစ်မက အဲဒီအပျက်သဘောဆောင်ပြီး အထင်လွဲတဲ့ အခြေအနေမှာ ပိတ်မိနေတုန်းပဲ။ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရဖို့ ခက်ဆဲစေတယ်”တဲ့။ ပြီးတော့လည်း တွေးနေမိတယ်။ နှစ်အတော်များများ ကုန်သွားပြီလေ၊ ဒီတော့ ဘာလို့ ကိုယ့်ပြစ်မှားမှု၊ ဘုရားကို အထင်လွဲတာနဲ့ ပတ်သက်လို့ အရမ်းစိတ်ဓာတ်ကျနေရသေးတာလဲ။ ကျွန်မရဲ့ အခြေအနေကို ဘယ်လိုဖြေရှင်းသင့်လဲ။ အဲဒီနောက်မှာ ဆုတောင်းရှာဖွေဖို့ ကျွန်မ အားထုတ်ခဲ့တယ်။ ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ခဲ့ရတယ်။ “ဘုရားသခင်က သင့်ကိုစွန့်ခွာထားပြီဟု သင်ခံစားရသောအချိန်နှင့် အမှောင်ထဲသို့ သင်ထိုးကျသွားသည့် အချိန်များ ရှိသည့်အခါ၌ပင်လျှင် မကြောက်လေနှင့်— သင်သည် အသက်ရှင်နေပြီး ငရဲ၌ ရှိမနေသေးသရွေ့ သင်၌ အခွင့်အရေး ရှိသေးသည်။ သို့သော် သင်သည် မိမိအနေဖြင့် အသက်ရှင်ခြင်းမှာ ခရစ်တော်ဖြစ်သည်ဟု အဆုံးစွန် သက်သေခံခဲ့သော ပေါလုကဲ့သို့ ဖြစ်ပါက သင့်အတွက် အားလုံး အဆုံးသတ်ပြီဖြစ်သည်။ သင်သည် အသိတရားရနိုင်ပါက အခွင့်အရေး ရှိသေးသည်။ သင်၌ရှိသော အခွင့်အရေးက အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာနိုင်ကာ ဘုရားသခင်ထံ ဆုတောင်းပြီး ‘အို ဘုရားသခင်။ ကျေးဇူးပြု၍ ကျွန်ုပ်အား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၏ ဤကဏ္ဍနှင့် သမ္မာတရား၏ ဤကဏ္ဍကို နားလည်ဖို့ ဉာဏ်အလင်းပေးတော်မူပါ’ ဟုဆိုကာ သူ့ထံမှ အဖြေရှာနိုင်သေးခြင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နောက်လိုက်များထဲမှ တစ်ဦးဖြစ်သရွေ့ သင်၌ ကယ်တင်ခြင်းမျှော်လင့်ချက် ရှိပြီး အဆုံးထိရောက်အောင် သွားမည်ဖြစ်သည်။ ဤစကားများက အတော်အသင့် ရှင်းလင်း၏လော။ သင်သည် အပျက်သဘော ဆောင်တတ်သေးသလော။ (မဆောင်တတ်တော့ပါ။) လူတို့သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သောအခါ သူတို့၏လမ်းကြောင်းမှာ ကျယ်ပြန့်သောလမ်းကြောင်း ဖြစ်သည်။ အကယ်၍ သူ၏အလိုတော်ကို သူတို့နားမလည်သောအခါ ယင်းက ကျဉ်းမြောင်းပြီး သူတို့သည် စိတ်ဓာတ်ကျကာ နင်းလျှောက်ရန် လမ်းကြောင်းမရှိပေ။ သမ္မာတရားကို နားမလည်သောသူတို့မှာ အောက်ပါအတိုင်းဖြစ်သည်— သူတို့သည် သဘောထား ကျဉ်းမြောင်းသည်၊ အမြဲတမ်း ရေးကြီးခွင့်ကျယ် လုပ်ကြသည်၊ ထို့ပြင် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲတမ်း မကျေမနပ်ပြောပြီး နားလည်မှုလွဲကာ ပို၍လမ်းလျှောက်လေ၊ သူတို့၏လမ်းကြောင်းက ပို၍ပျောက်ဆုံးလေဟူသော ရလဒ်ရှိလေသည်။ အမှန်အားဖြင့် လူတို့သည် ဘုရားသခင်ကို နားမလည်ကြပေ။ အကယ်၍ ဘုရားသခင်သည် လူတို့ကို သူတို့၏ စိတ်ကူးစိတ်သန်းထဲ၌ ရှိသည့်အတိုင်း ဆက်ဆံခဲ့ပါက လူသားမျိုးနွယ်အနေဖြင့် အချိန်ကြာမြင့်စွာကတည်းက ပျက်စီးခဲ့မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ခွဲခြားသိမြင်နည်း)ဘုရားသခင်သည် ၎င်းတို့အား အေးစက်စက်ဖြင့် ချန်လှပ်ထားပြီ ဖြစ်သည့်အလား၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားပြီ သို့မဟုတ် ကျောခိုင်းသွားပြီဖြစ်သည့်အလား တစ်ဦးတစ်ယောက် ခံစားနေသည်ကို ငါမမြင်ချင်ပေ။ ငါမြင်ချင်သမျှမှာ အယောက်တိုင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းခြင်း လမ်းထက်တွင် ဒွိဟများ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရဲဝံ့စွာ ရှေ့သို့ချီခြင်း ဖြစ်သည်။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ပြစ်မှားထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤအရာမှာ မည်သည့်အခါမျှ မပြောင်းလဲချေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))နိနေဝေမြို့သားများ၏ ဆိုးညစ်သည့် လုပ်ရပ်များက သူ့ရှေ့ကို ရောက်လာသည့်အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်သည်။ သို့သော်လည်း ဘုရားသခင်၏ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေမြို့သားတို့အပေါ် နောက်တစ်ကြိမ် ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာအားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပင် ဖြစ်နေသေး၏။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ဤအချိန်ကာလတစ်ခုလုံးအတွင်း၌ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ထို့ပြင် ဘုရားသခင်၏ မေတ္တာကရုဏာနှင့်ပြည့်စုံသော အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးညစ်သည့် လုပ်ရပ်များကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါ သူ့ဒေါသကို သူတို့အပေါ် ကျရောက်စေလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမည်ဖြစ်ပြီး သူ၏ဒေါသသည် ရပ်တန့်သွားလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီးဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်စဲလိမ့်မည် မဟုတ်ဘဲ သူ၏အမျက်ဒေါသသည် ထိုသူတို့ဖျက်ဆီးခံရသည့်အထိ တစ်စပြီးတစ်စ သူတို့အပေါ် ဖိအားပေးသွားမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်စိတ်သဘောထား၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ၊ သို့မဟုတ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို ဖော်ပြနေသည်ဖြစ်စေ ဘုရားသခင့်စိတ်သဘောထား၏ ထုတ်ဖော်ချက်မှတစ်ဆင့် ပြသသည့်အရာကို လူသား၏လုပ်ဆောင်ချက်၊ အပြုအမူနှင့် လူသား၏နှလုံးသားအတွင်းရှိ ဘုရားသခင်အပေါ်ထားသော သဘောထားတို့က သတ်မှတ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို ကြားတော့ ကျွန်မအရမ်းတို့ထိခံရပြီး အပြစ်ရှိတဲ့စိတ် ခံစားရတယ်။ အဲဒီနှစ်တွေတစ်လျှောက် လုံးမှာ ဘုရားကို ကျွန်မ အထင်လွဲနေခဲ့မိမှန်း သဘောပေါက်လိုက်တယ်။ ဘုရားအလိုတော်က လူသားမျိုးနွယ်ကို ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာနဲ့ ကယ်တင်ဖို့ပဲ။ လူတစ်ယောက်ကို သူ့ရဲ့ ခဏတာ အပြစ်ကျူးလွန်ခြင်းအတွက် ဘုရားက လက်လျှော့မှာမဟုတ်ဘဲ၊ နောင်တအတွက် လုံလောက်တဲ့ အခွင့်အရေးတွေ ပေးတယ်။ နေနိဝေမြို့သားတွေလိုပဲပေါ့။ မကောင်းမှုလုပ်နေကြလို့၊ သူ့ကို ဆန့်ကျင်ပြီး ပုန်ကန်ပြစ်မှားနေကြလို့သာ သူတို့ကို ဖျက်ဆီးမယ်လို့ ဘုရားက ပြောခဲ့တာ။ ဒါပေမဲ့ နေနိဝေမြို့ကို မဖျက်ဆီးခင်မှာ၊ သူတို့ကို နောင်တရဖို့ နောက်ဆုံး အခွင့်အရေးပေးပြီး ယောနကို ဘုရားနှုတ်ကပတ်တော် ဝေမျှစေခဲ့တယ်။ ဘုရားဆီ သူတို့ တကယ်နောင်တရတဲ့အခါ၊ သူ့ဒေါသကို ရုတ်သိမ်းခဲ့ပြီး၊ သူတို့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ခွင့်လွှတ်ရင်းနဲ့ သည်းခံခြင်း၊ ကရုဏာအဖြစ် ပြောင်းလဲခဲ့တယ်။ ဒီအရာကနေ လူတွေအတွက် ဘုရားရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ကရုဏာကို ကျွန်မ မြင်နိုင်ခဲ့တယ်။ ဘုရားရဲ့ နက်နဲတဲ့ ဒေါသနဲ့ များပြားတဲ့ ကရုဏာက မူရှိပြီး၊ ဘုရားအပေါ် လူတွေရဲ့ သဘောထားတွေအရ လုံးဝ ပြောင်းလဲတယ်။ တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်းနဲ့ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေက ပြင်းထန်၊ ရှုတ်ချပြီး မညှာမတာဖြစ်ပေမဲ့၊ အဲဒါက စကားလုံးတွေ ထိပ်တိုက်တွေ့တာ သက်သက်ဖြစ်ပြီး တကယ့်ဖြစ်ရပ်တွေ မဟုတ်ဘူး။ ကျွန်မအတွက် ဘုရားအလိုတော်က သူ့ရဲ့ ဖြောင့်မတ်တဲ့၊ ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားကို နားလည်ဖို့၊ သူ့အတွက် ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိပြီး သူ့ဆီ တကယ်နောင်တရဖို့ပဲ။ အဲဒါမှ အချိန်မရွေး၊ ဘယ်အခြေအနေမှာမဆို သစ္စာရှိရှိနဲ့ တာဝန်ကို ကျွန်မလုပ်နိုင်မှာလေ။ အဲဒီအချိန်မှာ ကျွန်မ အရမ်းခေါင်းမာပြီး ပုန်ကန်တတ်ခဲ့မှန်း သဘောပေါက်ခဲ့တယ်။ ဘုရားကို နှစ်နဲ့ချီ ကျွန်မ အထင်လွဲနေခဲ့တယ်။ အယူအဆတွေပေါ် အခြေခံပြီး ကိုယ့်ကိုယ့်ကိုယ် ဘောင်ခတ်နေခဲ့တယ်၊ တစ်ဖက်ပိတ်လမ်းမှာ ပိတ်မိနေခဲ့တယ်။ ဒါပေမဲ့ တကယ်တော့၊ ကျွန်မရဲ့ ကယ်တင်ခြင်းကို ဘုရားက လက်မလျှော့ခဲ့ဘူး။ ကျွန်မကိုကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ကို နားလည်မှုလွဲနေခဲ့တယ်။ အဲဒါက ဘုရားပြောခဲ့တာတစ်ခုကို သတိရစေတယ်။ “ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့သည် မနည်းပါးပေ— လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားမှာ သူ့ရဲ့ အမျက်ဒေါသရှိပြီး ကျွန်မတို့အပေါ် သူ့ရဲ့ တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်းတွေရှိသလို ကျွန်မတို့ကို သူ ရှုတ်ချ၊ ကျိန်ဆဲပေမဲ့ မေတ္တာနဲ့ ကရုဏာအပြည့်ရှိပါတယ်။ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်ရင်၊ သူ့ကို ကျွန်မတို့ နားလည်မှုလွဲနိုင်တယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ စိတ်ဆန္ဒကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ တကယ်ကို နောင်တရပြီး အပြစ်ရှိတဲ့ စိတ်ခံစားခဲ့ရတယ်။ ကျွန်မရဲ့အတိတ် အပြစ်ကျူးလွန်မှုကနေ ကျွန်မ ဆက်ထွက်မပြေးချင်တော့ဘူး၊ ဘုရားကို ဆက်အထင်လွဲပြီး သတိမထားချင်တော့ဘူး။ နောင်တရဖို့ အသင့်ဖြစ်ခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ ဆက်သတိပေးနေဖို့ ဒီကျရှုံးခြင်းသင်ခန်းစာကို သုံးချင်တယ်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်၊ ဆိုးညစ်ပြီး အသက်ကို မက်မောခဲ့တယ်။ အန္တရာယ်ကိုရင်ဆိုင်ရာမှာ၊ အသင်းတော် အလုပ်ကိုအရေးမထားဘဲ ထွက်ပြေးတဲ့သူ ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ အားနည်းချက်က သေမှာ ကြောက်တဲ့စိတ်ဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ အဲဒါကို ဖြေရှင်းဖို့၊ အဲဒီကနေ ထွက်သွားဖို့ သမ္မာတရားကို ရှာရမယ်။

နောက်ပိုင်းမှာ ဒီဘုရား နှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခဲ့တယ်။ “လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ဝေဖို့ ထိုမျှ ကြီးမားသော အဖိုးအခကို ပေးပါက၊ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် သေခြင်းကောင်းကောင်းတစ်ခု ရှိသင့်သည်။ သို့ရာတွင် ဤလူများသည် ၎င်းတို့အချိန်မကျမီ သေသည်အထိ နှိပ်စက်ခြင်းခံရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဘုရားသခင်က ယင်းကို အတိအကျ လုပ်ဆောင်ခဲ့သည်- ဘုရားသခင်က ယင်းကို ဖြစ်ခွင့်ပြုခဲ့သည်။ ဘုရားသခင်က ဤအရာကို ဖြစ်ခွင့်ပေးခြင်း၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်စာနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏ အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ယင်းမှာ တစ်ခုမျှမဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခု လူများသည် ၎င်းတို့၏သေခြင်းတရားများကို စိတ်နှလုံး ပူဆွေးခြင်းများဖြင့် ဆင်ခြင်သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုလမ်းဖြင့် သေဆုံးခဲ့ကြပြီး ယင်းက လူများ၏စိတ်နှလုံးများကို ကြေကွဲစေခဲ့သည်။ ဤအရာကို မည်သို့ ရှင်းပြမည်နည်း။ ဤအကြောင်းအရာကို ကျွန်ုပ်တို့ ထည့်သွင်းဆွေးနွေးသည့်အခါ၊ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်သည်။ ထို့နောက်တွင် သင်တို့၏စိတ်နှလုံးများ ဝမ်းနည်းကြသလော၊ ပြီးလျှင် သင်သည် ဖုံးကွယ်နေသည့်နာကျင်မှုတစ်ခုကို ခံစားရသလော။ သင်က ‘ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး လူကောင်းများအဖြစ် မှတ်ယူသင့်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခု၊ ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်နိုင်ကြသနည်း။’ ဟု တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်သည် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်တာများကို အသုံးပြုခဲ့သည်- ၎င်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်ဖြစ်ကြောင်းနှင့် သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အားကြေညာဖို့ နောက်ဆုံး အခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်တာများ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူဆောင်ကြဉ်းပေးလာသည့် ရွေးနုတ်ခြင်း အမှုတော်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်တာများကို အသုံးပြုခဲ့သည်- ဤအမှန်တရားသည် ထာဝရ မပြောင်းလဲပေ။ ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ၎င်းတို့ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အန္တိမ အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အန္တိမ အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏အသက်တာများကို ပေးအပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်တာများဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်အတွက် အတွင်းကျသည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့်လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးအတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက်အနေဖြင့်လည်းကောင်း၊ သက်သေခံချက်အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှု- အသက်- ကို ပူဇော်ဆက်ကပ် နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအမှန်တရား တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့၏ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်- ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ ၎င်းက သူတို့၏အသက်တာများကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မပယ်ဖျက်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် ဧဝံဂေလိတရား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့ အသုံးပြုဖို့အား ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို သမစိတ္တဖြစ်သောဝတ္တရားတစ်ခု အနေဖြင့် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ဖတ်ပြီးတော့ ကျွန်မ တကယ်ရှက်မိတယ်။ ခေတ်ကာလတစ်လျှောက် သန့်ရှင်းသူတွေက ဧဝံဂေလိဖြန့်ဝေဖို့ သူတို့အသက်တွေကို စွန့်၊ အသွေးကို သွန်းခဲ့ကြတယ်။ မရေမတွက်နိုင်တဲ့သူတွေက ဘုရားအတွက် မာတုရဖြစ်ခဲ့ကြတယ်။ တချို့က သေတဲ့အထိ ကျောက်ခဲနဲ့ အပစ်ခံရတယ်၊ မြင်းတွေနဲ့ ဆွဲခံခဲ့ရတယ်။ တချို့က ပူနေတဲ့ ဒယ်အိုးထဲ အထားခံရတယ်၊ တချို့က ကားစင်တင်သတ်ခံခဲ့ရတယ်။ သာသနာပြုဆရာတွေ အတော်များများက တရုတ်ပြည်ကိုလာခြင်းအားဖြင့် အသတ်ခံရနိုင်တဲ့ အန္တရာယ်ရင်ဆိုင်ရမှန်း သိပေမဲ့၊ ဘုရားရဲ့ ဧဝံဂေလိဝေမျှဖို့ သူတို့အသက်တွေကို စွန့်စားကြတုန်းပဲ။ ပြီးတော့အခု ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက် ယုံကြည်သူ အများကြီးက ပါတီရဲ့ သေတဲ့အထိ ညှဉ်းဆဲ၊ နှိပ်စက်တာ ခံကြရပြီးပြီ၊ ဘုရားအတွက် ထူးကဲတဲ့ သက်သေကို ခံဖို့ သူတို့အသက်တွေကို စတေးရင်းနဲ့ပေါ့။ သူတို့ရဲ့နှိပ်စက်ခံရခြင်းအတွက် ဖြောင့်မတ်ခြင်းတရားအတွက်ဖြစ်တယ်၊ သူတို့ရဲ့ သေဆုံးခြင်းအားလုံးက အဓိပ္ပာယ်ရှိပြီး ဘုရားက လက်ခံခဲ့တယ်။ အရင်က ဒီအရာတွေကို ရှင်းရှင်းလင်းလင်း လုံးဝ မမြင်ဘဲ၊ အသက်ရှင်နေဖို့ အမြဲ ကျွန်မ အသည်းအသန် ဖြစ်ခဲ့တယ်။ သေတဲ့အခါ အရာရာ ပြီးဆုံးသွားမယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် ပါတီရဲ့ အရူးအမူး နှိပ်စက်မှုနဲ့ တာဝန်ကို လက်လျှော့ပြီး စက်ဆုပ်စရာ ဖြစ်တည်မှုကို ရှင်သန်ခဲ့တယ်။ ဒါက မပျယ်တဲ့ အစွန်းအထင်းနဲ့ ဆိုးရွားတဲ့ အပြစ်တစ်ခု ပဲ။ အဖမ်းမခံရဘဲ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရရုံနဲ့ပဲ၊ သေမှာကြောက်လို့ ဘုရားကို ကျွန်မ သစ္စာဖောက်ခဲ့တယ်။ ဘုရားရဲ့ တန်ခိုးကြီးတဲ့ အုပ်စိုးမှုကို ကျွန်မ နားမလည်ခဲ့တာ တွေ့ရတယ်။ ဘဝမှာ ကျွန်မတို့ ဘယ်အရာကိုပဲ ရင်ဆိုင်ရပါစေ၊ ဆင်းရဲဒုက္ခခံသင့်တာတွေ အားလုံးကို ဘုရားစီမံထားတာပါ။ အဲဒီကနေ ကျွန်မတို့ ထွက်ပြေးလို့ မရဘူး။ ဒါကို သိနားလည်ခွင့်ပေးတဲ့ ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြခြင်းအတွက် ကျေးဇူးတင်မိတယ်၊ ဒါကြောင့် ကိုယ့်ရဲ့ မမှန်တဲ့ အမြင်ကို ပြောင်းလဲပြီး သေခြင်းကို မှန်မှန်ကန်ကန် ကျွန်မ ချဉ်းကပ်နိုင်တာ။ ဒီအတွေးက ကျွန်မကို ယုံကြည်ခြင်း ပိုပေးခဲ့တယ်။ အဲဒီနောက်မှာ၊ ဘာကိုပဲ ကျွန်မရင်ဆိုင်ရပါစေ၊ ဘုရားအပေါ် မှီခိုဖို့နဲ့ သက်သေခံဖို့ အသင့်ဖြစ်ခဲ့ပြီး၊ ကိုယ့်တာဝန်ကို စွန့်လွှတ်မှာ၊ ဘုရားကို သစ္စာဖောက်မှာ မဟုတ်ဘူး။

၂၀၂၂ ခုနှစ် ဇူလိုင်မှာ၊ ကျွန်မတွဲဖက်က ကျွန်မကို ရှာပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်၊ “တစ်ခုခု ဖြစ်ခဲ့တယ်။ ခေါင်းဆောင် သုံးယောက် အဖမ်းခံရလိုက်ရပြီ”တဲ့။ သူအဲဒီလိုပြောတာ ကြားရတော့ မသက်မသာ ခံစားခဲ့ရတယ်။ သူတို့က လူတွေ၊ အိမ်ထောင်စုတွေ အများကြီးနဲ့ အဆက်အသွယ်ရှိသလို၊ သူတို့ထဲက တစ်ယောက် ကျွန်မတို့နဲ့ ဆက်သွယ်တာ ရက်ပိုင်းပဲရှိသေးတယ်။ ပိုတောင်ကြီးမားတဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင် နောက်ဆက်တွဲအဖြစ်ကို ကျွန်မ ချက်ချင်းတာဝန်ယူမှဖြစ်မယ်။ ဒါပေမဲ့ နည်းနည်း တွန့်ဆုတ်ပြီး ကြောက်မိတုန်းပဲ။ အဲဒီညီအစ်ကို မောင်နှမတွေကို ရဲတွေက စောင့်ကြည့်ခဲ့တယ်ဆိုရင်၊ သူတို့နဲ့ ကျွန်မဆက်သွယ်လိုက်ရင် ရဲတွေရဲ့ ကွန်ယက်ထဲ ကျသွားမှာ။ ဒါပေမဲ့ နောက်တော့ အရင်က ထွက်ပြေးသူဖြစ်လာခဲ့ချိန်မှာ သင်ယူခဲ့ရတဲ့ နာကျင်စရာ သင်ခန်းစာ၊ ဘုရားကို သစ္စာဖောက်ပြီး သူ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပုံကို တွေးမိတယ်။ အဲဒါက ကျွန်မလုံးဝ မမေ့မဲ့ နာကျင်မှုတစ်ခုပဲဖြစ်ပြီး၊ အမှားကို ကျွန်မ ထပ်မလုပ်ချင်တော့ဘူး။ ဒါကြောင့် ဘုရားဆီ ဆက်ဆုတောင်းနေမိတယ်။ “ဘုရားသခင်၊ ဒီနေ့ ရင်ဆိုင်ရမဲ့ အရာကို ကျွန်မကြောက်သလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ကိုယ့်တာဝန်ကို သစ္စာရှိပြီး ထွက်မပြေးချင်တော့ပါဘူး။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးပါ”လို့ပေါ့။

ညီအစ်ကို မောင်နှမတွေကို သူတို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် သတိထားဖို့ ကျွန်မ အသိပေးခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို လုံခြုံတဲ့နေရာတွေဆီ ရွှေ့ပြောင်းခဲ့တယ်။ နောက်တော့ ကျွန်မအိမ်လည်း မလုံခြုံဘူးလို့ တွေးမိလို့၊ ကျွန်မယောက္ခမဆီသွားပြောပြီး၊ အဲဒီနေ့မှာ အခန်းတစ်ခန်း သွားငှားခိုင်းချင်ခဲ့တယ်။ ဝင်ပေါက်ကို ကျွန်မ ချဉ်းကပ်နေတုန်းမှာပဲ၊ အနက်ဝတ်ထားတဲ့ လူငယ်နှစ်ယောက်ကို တွေ့လိုက်ရတယ်။ ကျွန်မ အထဲမဝင်ရဲတော့ဘဲ ဘာဖြစ်နေတယ်ဆိုတာ သိရဖို့ အမျိုးအိမ်ဆီ သွားလိုက်တယ်။ ကျွန်မယောက္ခမ အဖမ်းခံရပြီးသားဖြစ်သလို၊ အနက်ဝတ်ထားတဲ့လူတွေက ရဲအရာရှိတွေဖြစ်မှန်း သလိုက်ရတယ်။ နောက်ပိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေကို ရွှေ့ပြောင်းဖို့ သွားပြောတဲ့ ညီအစ်မတစ်ယောက်လည်း ပြန်မလာသေးသလို၊ အဖမ်းခံရပြီးဖြစ်နိုင်တာ သိလိုက်ရတယ်။ အခြေအနေက ကျွန်မကို သိပ်စဉ်းစားခွင့်မပေးဘူး။ ကျွန်မနဲ့တွဲဖက်တဲ့ ညီအစ်မနဲ့အတူ တခြားအလုပ်ကို အမြန် ကျွန်မ ကိုင်တွယ်ဖြေရှင်းလိုက်တယ်။ အဲဒါက ကွန်မြူနစ်ပါတီရဲ့ ညှိနှိုင်းဆောင်ရွက်တဲ့ ဖမ်းဆီးမှု စစ်ဆင်ရေး ဖြစ်သလို၊ ၅ ရက်ညနဲ့ ၆ ရက်နေ့ကြားမှာ လူ ၂၇ယောက် အဖမ်းခံခဲ့ရမှန်း နောက်ပိုင်းမှာ သိလိုက်ရတယ်။ အဲဒီလိုဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ရတော့၊ ဒါဟာ မတူကွဲပြားတဲ့ ရွေးချယ်မှုလုပ်ဖို့ အခွင့်အရေးကို ဘုရားက ပေးနေတာဖြစ်မှန်း ကျွန်မသိခဲ့တယ်။ အရင်က၊ ဘုရားကို သစ္စာဖောက်တဲ့ ထွက်ပြေးသူဖြစ်ခဲ့တယ်။ ဒီတစ်ခါ ဘုရားကို စိတ်ပျက်ခွင့်ပေးလို့ မဖြစ်တော့ဘဲ၊ ဘုရားပေါ် မှီခိုပြီး နောက်ဆက်တွဲဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းပြီး ကိုယ့်တာဝန်ကို လုပ်ဖို့ တခြားလူတွေနဲ့ အလုပ်လုပ်ရမယ်။ အဲဒီလိုတွေးလိုက်တော့ ပိုတည်ငြိမ်ပြီး ပိုအေးချမ်းသွားတယ်။

ကျွန်မရဲ့ ပြစ်မှားမှုအကြောင်း ပြန်ပြောပြတော့၊ ကျွန်မက အသက်ကို မက်မောတယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်မှန်း ရင်ဆိုင်၊ သိမှတ်နိုင်ပေမဲ့၊ အဲဒီလိုလူမျိုး ကျွန်မ မဖြစ်ချင်တော့ဘူး။ အဲဒီပြစ်မှားမှုကို အလားတူ အမှား ထပ်မလုပ်အောင် သတိပေးဖို့ သတိပေးခေါင်းလောင်းတစ်ခုလို ဖြစ်စေချင်တယ်။ အဲဒီကျရှုံးမှုက ကိုယ့်ကိုယ်ကိုယ်ထဲမှာရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စက်ဆုပ်စေပြီး၊ တစ်ကိုယ်ကောင်းဆန်ဆန် ဆက်အသက်မရှင်ချင်အောင် ဖြစ်စေတယ်။ အခု အလားတူအခြေအနေမှာ ရှိတဲ့ ညီအစ်ကို မောင်နှမတွေကို တွေ့တဲ့အခါ၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့၊ ပုန်ကန်ပြစ်မှားမရတဲ့ စိတ်သဘောထားကို သူတို့နားလည်ပြီး အဲဒါကို သတိပေးချက်အနေနဲ့ ယူနိုင်အောင် ကျွန်မ မိတ်သဟာယပြုပေးတယ်။ အဲဒီအပြစ်က ကျွန်မစိတ်နှလုံးမှာ တစ်သက်လုံးစွဲပြီး အရမ်းနာကျင်ရပေမဲ့၊ ကျွန်မဘဝမှာ တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာတယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အသင်းတော်ခေါင်းဆောင်သည် အရာရှိမဟုတ်ပါ

မက်ချူး ပြင်သစ်နိုင်ငံ ကျွန်တော့်နာမည်က မက်သယူးပါ။ လွန်ခဲ့တဲ့ သုံးနှစ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော်...

တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိမြင်လာခြင်း

ဆွန်ယု နယ်သာလန်နိုင်ငံ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။