တရုတ်ကွန်မြူနစ်ပါတီ၏ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်ခြင်းက ဘုရားသခင်အတွက် ကျွန်မ၏ ချစ်ခြင်းမေတ္တာကိုသာ အားကောင်းစေသည်

27.01.2021

လီကျီ၊ လောင်နင်စီရင်စု

၂၀၀၀ ခုနှစ်တွင် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ကြားဖို့ အခွင့်ကောင်းရခဲ့သည်။ ဘုရား သခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့်၊ ဘုရားသခင်၏ နာမတော်များ၊ ဘုရားသခင်၏ လူ့ဇာတိခံခြင်းများနှင့်ပတ်သက်သည့် နက်နဲမှုများ၊ ပြီးလျှင် ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင်က လူသား မျိုးနွယ်ကို ကယ်တင်ပုံနှင့် ၎င်းတို့က လူကို လုံးလုံးလျားလျား ပြောင်းလဲ၊ သန့်စင်ပြီး စုံလင်စေပုံနှင့် စပ်လျဉ်းသည့် သမ္မာတရားများကို ကျွန်မ နားလည်သဘောပေါက်လာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ် သည်ကို ကျွန်မ သေချာလာခဲ့ပြီး၊ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိကို ဝမ်းမြောက်စွာ လက်ခံခဲ့သည်။ ထို့နောက် အသင်းတော်အသက်တာ၊ ဘုရားသခင်အတွက် ဧဝံဂေလိ တရား ဖြန့်ဝေခြင်းနှင့် သက်သေခံခြင်း တို့တွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဧဝံဂေလိတရား ဟောကြားခြင်းအတွက် နယ်ခံဒေသတစ်ဝိုက်တွင် ကျွန်မ လူသိများလာခဲ့ပြီး၊ တရုတ်ကွန်မြူနစ် ပါတီရဲများ၏ ဖမ်းဆီးခံရမည့် အန္တရာယ်တွင် စဉ်ဆက်မပြတ် ရှိနေခဲ့သည်။ ကျွန်မ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ရန် ကျွန်မ၏ နေအိမ်မှ ထွက်ပြေးရုံမှလွဲပြီး ရွေးချယ်စရာမရှိခဲ့ပါ။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ခရစ်ယာန်များကို ထောက်လှမ်းရန်နှင့် ဖမ်းဆီးရန် နည်းလမ်းတစ်ခုအနေဖြင့် တယ်လီဖုန်း များကို အမြဲတမ်း အသုံးပြုသောကြောင့် ကျွန်မ အိမ်မှထွက်လာပြီးနောက် ကျွန်မ၏ မိသားစုကို ဖုန်းမခေါ်ဝံ့ခဲ့ပါ။ ၂၀၀၃ ခုနှစ် အစောပိုင်းတွင် ကျွန်မ၏ မိသားစုနှင့် ဝေးကွာခဲ့ရသည်မှာ တစ်နှစ်နီးပါး ရှိသည့် အားလျော်စွာ သူတို့ကို ကျွန်မ အလွန်လွမ်းသောကြောင့် ကျွန်မ၏ ခင်ပွန်းကို တွေ့ရန် ကျွန်မ ယောက္ခမ၏ နေအိမ်သို့ သွားခဲ့သည်။ ကျွန်မ ခင်ပွန်း၏ညီငယ်က ကျွန်မ ပြန်သွားသည်ကို တွေ့သည့်အချိန်တွင် ကျွန်မ၏ အမေကို ဖုန်းဆက်ပြီး၊ ကျွန်မ၏ ယောက္ခမနေအိမ်တွင် ကျွန်မ ရှိခဲ့ကြောင်း သူမကို ပြောခဲ့သည်။ အံ့အားသင့်စွာပင်၊ သုံးနာရီ ကြာပြီးနောက် စည်ပင်သာယာ ပြည်သူ့လုံခြုံရေးဌာနမှ ရဲလေးယောက်က ရဲကားတစ်စီးဖြင့် ကျွန်မ ယောက္ခမနေအိမ်သို့ ရောက်လာခဲ့သည်။ သူတို့ အိမ်ထဲကို ဝင်လာသည့် တခဏတွင်၊ သူတို့က ကျွန်မကို “ငါတို့က စည်ပင်သာယာ ပြည်သူ့ လုံခြုံရေးဌာနကပဲ။ မင်း လီကျီ မဟုတ်လား။ မင်းက ငါတို့ရဲ့ အလိုရှိ စာရင်းထဲမှာ ပါနေတာ တစ်နှစ်နီးပါးရှိပြီ၊ အခုတော့ နောက်ဆုံးမှာ မင်းကို ငါတို့မိပြီပေါ့ကွာ။ မင်း ငါတို့နဲ့ လိုက်ခဲ့” ဟု ခက်ထန်စွာ ပြောလေသည်။ ကျွန်မ အလွန့်အလွန် ကြောက်လန့်ပြီး၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မရပ်မနား ဆုတောင်းခဲ့သည်။ “အိုအနန္တတန်ခိုးရှင် ဘုရားသခင်။ တရုတ်ကွန်မြူနစ် ပါတီ အစိုးရက ဒီနေ့မှာ ကိုယ်တော့်ရဲ့ခွင့်ပြုချက်နဲ့ ကျွန်မကို ဖမ်းဆီးနေ ပါတယ်။ ဒါပေမဲ့ ကျွန်မက ဝိညာဉ်အသက်တာ အလွန်နုနယ်ပြီး၊ ကျွန်မ ကြောက်ရွံ့ထိတ်လန့် နေပါတယ်။ ကျေးဇူးပြုပြီးတော့ ကျွန်မကို လမ်းပြပြီး၊ ကွယ်ကာတော်မူပါ၊ ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားတို့ ပေးသနားတော်မူပါ။ သူတို့ ကျွန်မကို ဘယ်လိုဆက်ဆံပါစေ၊ ကိုယ်တော့်ကို ကျွန်မ အားကိုးပြီး၊ သက်သေရပ်တည်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မ ယုဒတစ်ယောက် ဖြစ်ပြီး ကိုယ်တော့်ကို သစ္စာဖောက်ရတာထက် ထောင်ထဲသာဝင်လိုက် ချင်ပါတယ်။” ဆုတောင်းပြီးနောက်၊ ဘုရားသခင် ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ “သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏) ကျွန်မက “အဲဒါ မှန်တယ်” ဟု မိမိဘာသာ တွေးမိသည်။ “ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ပြီး အုပ်စိုးတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ တရုတ်ကွန်မြူနစ် ပါတီ အစိုးရက ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဝေခြင်းကို တတ်နိုင်သမျှ နှောင့်ယှက်ပြီး ဟန့်တားခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်ပြီး၊ သူ့အသံတော်ကို ကြားတဲ့ ဘာသာတရားတိုင်းနဲ့ ဂိုဏ်းဂဏတိုင်းက လူတွေက နောက်ဆုံးသော ကာလမှာ သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ သူ့ပလ္လင်တော် ရှေ့မှောက်ကို ပြန်လာကြပြီ။ ဘယ်အင်အားစုမှ ဘုရားသခင်ရဲ့ အမှုတော်ကို မရပ်တန့်စေနိုင်သလို၊ ဘယ်လူသားတစ်ယောက်ကမှ အမှုတော်ကို မဟန့်တားနိုင်ဘူးဆိုတာ ဒါကနေ ရှင်းလင်းနေပါတယ်။ ငါဟာ တရုတ်ကွန်မြူနစ်ပါတီရဲတွေရဲ့ လက်ထဲကို အခု ကျရောက်ရပေမဲ့လည်း၊ သူတို့ကိုယ်တိုင်ကိုက ဘုရားသခင်ရဲ့ လက်တော်တွေထဲမှာ ရှိနေပြီး၊ ငါ့ဘေးမှာ ဘုရားသခင်ရှိ နေရင် ဘာမှကြောက်စရာ မရှိပါဘူး။” ဘုရားသခင်၏ နှုတ်ကပတ်တော် များက ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ ပေးခဲ့ပြီး၊ တဖြည်းဖြည်းချင်း ကျွန်မ စတင်တည်ငြိမ် လာခဲ့သည်။

စည်ပင်သာယာ ပြည်သူ့လုံခြုံရေးဌာနသို့ ကျွန်မတို့ရောက် ပြီးနောက်တွင် ကျွန်မကို စစ်မေးခန်းထဲသို့ လိုက်ပို့ခဲ့ကြသည်။ ရဲများက ကျွန်မ၏ ခါးပတ်ကို ဖြုတ်ကာ၊ ကျွန်မ၏ အဝတ်အစား၊ ဖိနပ်နှင့် ခြေအိတ်များကို ဖယ်ရှားလိုက်ပြီးနောက်၊ ကျွန်မကို ရှာဖွေခဲ့သည်။ ထို့နောက်၊ ရဲများထဲမှ တစ်ယောက်က “မင်းမြန်မြန်သာလုပ်ပြီး၊ မင်းသိသမျှ ငါတို့ကို ပြောစမ်း။ မင်း ယုံကြည်သူဖြစ်တာ ဘယ်နှစ်နှစ် ရှိပြီလဲ။ မင်းကို ဘယ်သူက တရားဟောခဲ့တာလဲ။ မင်းရဲ့ အသင်းတော် ခေါင်းဆောင်တွေက ဘယ်သူတွေလဲ။ မင်းလူဘယ်နှစ်ယောက်ကို တရား ဟောပြီးပြီလဲ။ မင်းက အသင်းတော်မှာ ဘာလုပ်လဲ” ဟု အော်ခဲ့ သည်။ ကျွန်မက သူ့မေးခွန်းများကို မဖြေခဲ့ပါ၊ ဒေါသထွက် လောက်အောင် ချက်ချင်း အရှက်ရပြီး၊ သူက “မင်း စကားစမပြောဘူး ဆိုရင်တော့၊ မင်းကို စကားပြောအောင် လုပ်ဖို့ နည်းလမ်းတွေ ငါတို့မှာ အများကြီး ပဲ” ဟု အော်ပြောခဲ့သည်။ ဤသို့ ပြောနေစဉ်တွင် သူက ကျွန်မကို ထိုင်ခုံမှ ကြမ်းပြင်ပေါ်သို့ ကြမ်းကြုတ်စွာ တရွတ်တိုက်ဆွဲ ချခဲ့သည်။ အရာရှိနှစ်ယောက်က ကျွန်မ၏ ခြေထောက်များကို နင်းနေစဉ်၊ တခြား နှစ်ယောက်က ကျွန်မ၏ ကျောကို ပြင်းထန်စွာ ဆောင့်နင်း လေသည်။ ကျွန်မ၏ ခေါင်းမှာ ကြမ်းပြင်နှင့် ဆောင့်လုနီးဖြစ်ပြီး၊ ကျွန်မ ခက်ခက်ခဲခဲ အသက်ရှူနေခဲ့ရသည်။ ထို့နောက်၊ ရဲများထဲမှ တစ်ယောက်က ခဲတံ တစ်ချောင်းကို ယူလိုက်ပြီး၊ ကျွန်မကို နာကျင်စေပြီး၊ တစ်ချိန်တည်းမှာပင် ယားယံစေလျက် ကျွန်မ၏ ခြေဖဝါးခွက် တစ်လျှောက် ရှေ့တိုးနောက်ငင် ဖွဖွဆွဲခဲ့သည်။ ၎င်းမှာ မခံမရပ်နိုင် လောက်အောင် ဖြစ်လေသည်။ ကျွန်မ အသက်ရှုရန် အလွန်ခက်ခဲ လှသည်မှာ ကျွန်မသည် မွန်းကျပ် လုနီးပါးဖြစ်ခဲ့ပြီး၊ သေခြင်းတရားကို ကြောက်စိတ်က ကျွန်မဆီ ကျရောက်လာခဲ့သည်။ သူတို့ထဲမှ တစ်ယောက် က ကျွန်မကို ဆက်ပြီး ခြိမ်းခြောက်ခဲ့သည်။ “မင်းစကားပြောမှာလား၊ မပြောဘူးလား။ မပြောရင်၊ မင်းကို သေတဲ့အထိ ငါတို့ ညှဉ်းပန်းရ လိမ့်မယ်။” ကျွန်မသည် ဤရဲအဖွဲ့ ညှဉ်းပန်းမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရင်ဆိုင်ရာတွင် အမှန်တကယ် ကြောက်ရွံ့မိခဲ့သည်။ သူတို့က ကျွန်မကို သေသည်အထိ ညှဉ်းပန်းမည်ကို ကျွန်မ ကြောက်ခဲ့သည်။ ကျွန်မ သက်သေရပ်တည်နိုင်ဖို့၊ ယုဒတစ်ယောက် လုံးဝ မဖြစ်လာဖို့နှင့် ဘုရားသခင်ကို လုံးဝ သစ္စာမဖောက်ဖို့ ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ ပေးသနားပြီး ကွယ်ကာပါရန် တောင်းလျှောက်ရင်း ဘုရားသခင်ထံ ဆက်ဆုတောင်း ရုံသာ ကျွန်မ တတ်နိုင်ခဲ့ပါသည်။ ဆုတောင်းပြီးနောက်၊ ဤဘုရားသခင် ၏ နှုတ်ကပတ်တော်များက စိတ်ထဲရောက်လာခဲ့သည်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရား နှုတ်ကပတ်တော်များ၏ နှိုးဆော်ခံရလျက်၊ ကျွန်မအတွင်းတွင် ခွန်အား တိုးလာသည်ကို ချက်ချင်းခံစားရပြီး၊ ကျွန်မ၏ ကြောက်တတ်ခြင်းနှင့် သေခြင်းတရားကို ကြောက်စိတ်တို့သည် စာတန်အားဖြင့် ကစားခံရ ခြင်း၏ ရလဒ်ဖြစ်ကြောင်း ကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ တရုတ်ကွန်မြူနစ်အစိုးရသည် ကျွန်မက သူ၏ အာဏာရှင်ဆန်သော သြဇာကို အရှုံးပေးအောင်၊ သေရမည်ကို ကြောက် သောကြောင့် သို့မဟုတ် မည်သည့် နာကျင်မှုမှ မခံစားလိုသောကြောင့် ကျွန်မက အသင်းတော်ကို သစ္စာဖောက်ပြီး၊ ဘုရားသခင်ကို သစ္စာဖောက်သည့် ယုဒတစ်ယောက် ဖြစ်လာအောင် အတင်းအကျပ် စေခိုင်းသည့် နည်းလမ်းတစ်ခုအနေဖြင့် ကျွန်မကို ရက်စက်သော ညှဉ်းပန်းမှုကို ခံစားစေဖို့ အချည်းအနှီး မျှော်လင့်နေခဲ့သည်။ ကျွန်မက စာတန်၏ စဉ်းလဲသော အကြံအစည်ကို အောင်မြင်ခွင့်ပြုဖို့မှာ မဖြစ်နိုင်ပါ၊ ပြီးလျှင် ကျွန်မ အသက်ကိုပင် ပေးဆပ်ကာ ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့သည်။ ရဲများသည် ထိုနည်းအတိုင်း ကျွန်မကို ဆက်လက် ညှဉ်းပန်းသော်လည်း ကျွန်မ နောက်ထပ် သိပ်မကြောက်တော့ပါ။ ဤသည်မှာ ဘုရားသခင်က သူ၏သနားကရုဏာ နှင့် ကွယ်ကာခြင်းတို့ကို ကျွန်မကို ပြသနေခြင်းဖြစ်ကြောင်း ထိုအချိန်က ကျွန်မ သိခဲ့ပြီး၊ သူ့ကို အလွန့်အလွန် ကျေးဇူးတင်ရှိမိပါသည်။

ထို့နောက် ရဲများထဲမှ နှစ်ယောက်က ကျွန်မကို ထိုင်ခုံတွင် လက်ထိပ်ပြန်ခတ်ပြီး၊ ထိုမေးခွန်းများကို မျက်နှာထားတင်းတင်းဖြင့် ထပ်မံမေးမြန်းခဲ့သည်။ ကျွန်မ မည်သည့်အဖြေမှ မပေးသေးသည်ကို မြင်သည်အခါ၊ သူတို့က ညှဉ်းပန်းမှုကို အရှိန်မြှင့်ခဲ့သည်။ သူတို့က ကျွန်မ၏ လက်ကို ဆန့်ဆွဲလိုက်ပြီးနောက်၊ ကျွန်မ၏ နောက်ကျောမှနေ၍ အပေါ်သို့ အတင်းပြန်ဆွဲယူသည်။ ချက်ခြင်းဆိုသကဲ့သို့ပင်၊ ၎င်းတို့က ကျိုးတော့မည့်အလား ခံစားရပြီး၊ ၎င်း၏ ပြင်းထန်စွာရိုက်ချိုးသကဲ့သို့ နာကျင်မှုက ကျွန်မ တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များ ထွက်လာ စေခဲ့သည်။ ကျွန်မ မအော်ပဲ မနေနိုင်ပါ။ ထို့နောက် သူတို့က ကျွန်မ၏ ခြေရင်းများကို ကျွန်မ၏ ခေါင်းပေါ်ရောက်အောင်အပေါ်သို့ ဆွဲတင်ပြီး နောက်၊ ကျွန်မ၏ ခြေထောက်များကို ဆန့်ကျင်ဖက် ဦးတည်ရာသို့ ဆွဲခဲ့သည်။ ၎င်း၏ ပြုတ်ထွက်သကဲ့သို့ မချိတင်ကဲဝေဒနာက ကျွန်မကို သတိလစ်လုနီးပါး ဖြစ်စေခဲ့သည်။ ကျွန်မ၏ နှလုံးသားထဲတွင် ဘုရားသခင်ကိုသာ ဆက်ပြီး ဆုတောင်းနေခဲ့သည်။ “အိုအနန္တတန်ခိုးရှင် ဘုရားသခင်။ ဒီနာကျင်မှုကို သည်းခံဖို့ ကျွန်မကို ယုံကြည်မှု၊ ခွန်အားနှင့် သန္နိဌာန်တို့ကို ကျေးဇူးပြုပြီး ပေးသနားတော်မူပါ။ ကိုယ်တော်က ကျွန်မရဲ့ စိတ်ဝိညာဉ်ကို ခွန်အားပေးတဲ့ ကျွန်မရဲ့ မြဲမြံစွာ အားကိုးထိုက် သော အထောက်အပံ့ ဖြစ်ပါစေ။ ကျွန်မအပေါ်မှာ ဒီမကောင်းဆိုးဝါး အဖွဲ့က ဘယ်လိုရက်စက်တဲ့ လှည့်ကွက်တွေကို သုံးပါစေ၊ ကျွန်မ ကိုယ်တော့်ကို အမြဲတမ်း မှီခိုပြီး၊ သက်သေ ရပ်တည်ပါ့မယ်။” ကျွန်မ ဆုတောင်းပြီးနောက်၊ ဘုရား နှုတ်ကပတ်တော် များ၏ ဓမ္မသီချင်းတစ်ပုဒ် ကျွန်မ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ “စုံစမ်းခြင်း ခံရချိန် လူတွေ ပျော့ညံ့တတ်ကြ၊ မကောင်းတဲ့ ခံစားချက်တို့အတွင်းမှာ ဖြစ်ပေါ်လာတတ်တယ် ဘုရား ရဲ့ အလိုတော်ကို ရှင်းလင်းစွာ သိနားလည်မှုနှင့်၊ သူတို့အတွက် အကောင်းဆုံးလျှောက်မယ့်လမ်းတွေ သူတို့ ကင်းမဲ့နိုင် တယ် ယောဘကဲ့သို့ ဘုရား ရဲ့ အမှုတော်၌ ယုံကြည်ခြင်းရှိရ မယ် အားနည်း၍ သူ၏မွေးဖွားခြင်းကို ကျိန်ဆဲ သော်လည်း ဘုရားကအားလုံးပေးစွမ်းတတ်နိုင်တယ်။ ထိုအရာကိုပြန်ရုပ်သိမ်းကြောင်း မငြင်းသူပါ စုံစမ်းခြင်း ခံရပါစေ၊ ယောဘ မယိမ်းယိုင်ခဲ့၊ နှုတ်ကပတ်တော်ကြောင့် မည်သည့်စစ်ကြောခြင်းမျိုး ခံရပါစေ၊ သင်၏ ယုံကြည်ခြင်းနှင့် မျှော်လင့်ချက်တို့ကို ဘုရားကပြည့်စုံစေ ထိုအရာကို မမြင်တွေ့ချိန်၊ သင်နီးစပ်ခွင့်မရချိန်ရောက်နေလည်း အို သင်၌ ယုံကြည်ခြင်းရှိဖို့ လိုအပ်တယ်။ တစ်စုံတစ်ရာကို မမြင်တွေ့ သည့်အခါ ယုံကြည်ခြင်း လိုအပ်၊ ထိုအရာကို သာမန်မျက်စိဖြင့် မမြင်နိုင်တဲ့အခါ သင်၏ အတွေးအခေါ်အယူအဆများ သင် မစွန့်ပစ်နိုင်တဲ့အခါ ဘုရား ရဲ့ အမှုတော်ကို သင်မသိခဲ့တဲ့အခါ ယုံကြည်ခြင်း ရှိပါ၊ ဘုရားဘက် မားမားမတ်မတ်ရပ်တည်ပါ၊ သက်သေခံ ကာ ဝေငှအများရှေ့မှာ၊ ယုံကြည်ခြင်းကြောင့် ဘုရားကသင့် ကို ပြည့်စုံစေလိမ့်မည် ယောဘ ထိုအခြေအနေကို ရောက်ချိန်၊ ဘုရားက သူ့ဆီ ထင်ရှားစကားပြောခဲ့တာပါ ယုံကြည်ခြင်းကြောင့် ဘုရားကို တွေ့မြင်စေလိမ့်မည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “စုံစမ်းခြင်းများ၌ ယုံကြည်ခြင်း လိုအပ်”) ဘုရားနှုတ်ကပတ်တော်များက ကျွန်မကို ကြီးစွာသော ယုံကြည်မှုနှင့် ခွန်အားတို့ပေးခဲ့သည်။ သူ့တစ်ကိုယ်လုံး အနာစိမ်းများဖြင့် ဖိစီးနှိပ်စက် လျက်၊ ဆိုးရွားသော နာကျင်မှုကို ဒုက္ခခံရသည့်အချိန်က ယောဘ ကြုံတွေ့ခဲ့ရသည့် အလွန့်အလွန်ကြီးမားသော စမ်းသပ်မှုများကို ကျွန်မ တွေးမိခဲ့သည်။ သို့တိုင် သူ့နာကျင်မှုကြားမှ ဘုရားသခင်၏ အလိုတော် ကို သူက ရှာဖွေနိုင်ဆဲဖြစ်သည်။ သူ့စကားလုံးများဖြင့် အပြစ်မကျူးလွန် ခဲ့သကဲ့သို့၊ ဘုရားသခင်ကိုလည်း မငြင်းပယ်ခဲ့ပါ၊ ထိုအစား သူက ဘုရားသခင်ကို နာခံပြီး၊ ဘုရားသခင်၏ သန့်ရှင်းသောနာမတော်ကို ချီးကျူးထောမနာပြုခဲ့သည်။ ယောဘသည် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုနှင့် ကြောက်ရွံ့ရိုသေမှုတို့ရှိခဲ့ပြီး၊ ယင်းသည် ဘုရားသခင် အတွက် သူ သက်သေရပ်တည်နိုင်ကာ၊ စာတန်ကို လုံးလုံး အရှက်ရစေပြီး၊ အနိုင်ယူနိုင်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ အဆုံးတွင် ဘုရားသခင် ပေါ်ထွန်းလာပြီး သူ့ကို စကားပြောခဲ့သည်။ ကျွန်မထံကို ယခု ကျရောက်သည့် ဘေးဆိုးနှင့် စမ်းသပ်မှုကလည်း ဘုရားသခင် ခွင့်ပြုခဲ့ခြင်း ဖြစ်လေသည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ အပြည့်အဝ နားမလည်ဘဲ၊ ကျွန်မ၏ ခန္ဓာကိုယ်က အလွန်အမင်း နာကျင်မှုကို ဒုက္ခခံနေရသော်လည်း၊ ကျွန်မ ရှင်သည်ဖြစ်စေ၊ သေသည် ဖြစ်စေ ဆုံးဖြတ်ခွင့်ရှိသူမှာ ဘုရားသခင် ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်၏ ခွင့်ပြုချက်မရှိပါက၊ ရဲများက ကျွန်မကို မည်မျှ ညှဉ်းပန်းကြပါစေ ကျွန်မ၏ အသက်ကို သူတို့ လုံးဝမယူနိုင်ကြပါ။ ဤရဲများသည် အပြင်ပန်းတွင် ကြမ်းကြုတ်ပုံပေါက်သော်လည်း၊ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် သူတို့က ရုပ်သေးကျားရုပ်များသာ ဖြစ်ပြီး၊ ဘုရားသခင်၏ လက်ထဲက တန်ဆာပလာများသာ ဖြစ်သည်။ ဘုရားသခင်သည် ကျွန်မ၏ ယုံကြည်မှုကို စုံလင်စေရန် သူတို့၏ လူမဆန်မှုနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို အသုံးပြုနေခဲ့သည်၊ ပြီးလျှင် ကျွန်မ ဘုရားသခင်ကို သစ္စာရှိမြဲရှိနေဖို့၊ သူ့လက်တော်ထဲသို့ မိမိကိုယ်ကို လုံးလုံး လွှဲပြောင်းပေးအပ်ကာ စာတန်ကို အောင်နိုင်ရန် နှင့် ရဲများကို နောက်ထပ် မကြောက်တော့ရန် ဘုရားသခင်ကို မှီခိုဖို့ ကျွန်မ ဆန္ဒရှိပါသည်။

ရဲများက ကျွန်မကို ထပ်ခါထပ်ခါ ညှဉ်းပန်းကြသည်။ ကျွန်မ စကားမပြောသေးကြောင်း မြင်သည့်အခါ၊ ရဲများထဲမှ တစ်ယောက်က ၅၀ စင်တီမီတာခန့် ရှည့်သည့် စတီးလ်ပေတံအဖြူကို ကောက်ယူပြီး၊ ၎င်းဖြင့် ကျွန်မမျက်နှာကို ရက်ရက်စက်စက် စတင်ဖြတ်ရိုက်တော့သည်။ သူက ကျွန်မကို ထိုပေတံဖြင့် အကြိမ်ရေမည်မျှ ရိုက်နှက်ခဲ့မှန်း ကျွန်မမသိခဲ့ပါ။ ကျွန်မ မျက်နှာဖူးယောင်နေပြီး၊ နာကျင်မှုဖြင့် ပူထူနေသည်။ ကျွန်မ၏ မျက်လုံးများရှေ့တွင် ကြယ်များ လွင့်မျောနေသည်ကိုသာ မြင်ရပြီး၊ ကျွန်မခေါင်းက အူထူနေသည်။ ရဲများထဲမှ နှစ်ယောက်က သူတို့၏ သားရေဖိနပ်၏ ဖနောင့်များကို အသုံးပြုပြီး ကျွန်မ၏ ပေါင်များပေါ်သို့ ဆောင့်နင်းချသည်။ ဆောင့်ချက်တိုင်းက ကျွန်မကို ဝေဒနာပြင်းထန်သော နာကျင်မှုဖြင့် ဖိစီးနှိပ်စက်ခံရပြီး ကျန်ရစ်စေသည်။ ကျွန်မ၏ ဆင်းရဲဒုက္ခတွင် ကျွန်မကို ဒုက္ခပေးသည့် တရုတ်ကွန်မြူနစ်ပါတီ ရဲများ၏ ရက်စက်သော ညှဉ်းပန်းမှုကို ကျွန်မ အောင်မြင်ကျော်လွှားနိုင်ရန် ကျွန်မကို ကွယ်ကာဖို့ ဘုရားသခင်ကို တောင်းလျှောက်လျက်၊ ကျွန်မ၏ စိတ်နှလုံးထဲမှ သူ့ကို အလွန်လေးနက်စွာ အော်ခေါ်ရုံသာ တတ်နိုင်ခဲ့သည်။

နောက်တစ်နံနက် ရှစ်နာရီတွင် မှုခင်းရဲတပ်ဖွဲ့ ဦးစီးက စစ်မေးခန်းထဲ ဝင်လာခဲ့သည်။ ရဲများသည် ကျွန်မထံမှ မည်သည့် သတင်းအချက် အလက်မျှ မရယူနိုင်ခဲ့သေးကြောင်း သိရပြီး၊ သူက “နင်က စကားပြောဖို့ ငြင်းနေတယ်ပေါ့၊ ဟုတ်လား။ ဟွန်း။ ငါတို့ ကြည့်ကြတာပေါ့” ဟု ခက်ထန်စွာ ပြောခဲ့သည်။ ထို့နောက် သူထွက်ခွာ သွားခဲ့သည်။ ထိုနေ့လည် ခင်းတွင်၊ လက်ထဲ၌ သက်သေခံ ကတ်ပြား တစ်ခုဖြင့် ဝဝနှင့် အရာရှိတစ်ယောက် ကျွန်မထံသို့ ရောက်လာပြီး “မင်းသူ့ကို သိလား” ဟု မေးခဲ့သည်။ ၎င်းမှာ ကျွန်မနှင့် တစ်ရွာတည်းသူ အသင်းတော်မှ ညီအစ်မဖြစ်ကြောင်း ကျွန်မ ချက်ချင်းတွေ့မြင်ခဲ့သည်။ ကျွန်မက “ဘာပဲဖြစ်ဖြစ်၊ ငါ့ညီအစ်မကို ငါ ဖော်ကောင်မလုပ်ရဘူး” ဟု မိမိဘာသာ တွေးလိုက်သည်။ ထို့ကြောင့် ကျွန်မက “မသိဘူး။ ကျွန်မ သူ့ကို မသိဘူး” ဟု ပြန်ဖြေလိုက်သည်။ သူ့မျက်လုံးများမှေးသွားပြီး၊ သူက စားပွဲပေါ်တွင် ချထားသည့် လျှပ်စစ်ကျင်စက် လက်ကိုင်တုတ်ကို ကောက်ယူလိုက်သည်။ ကျွန်မ၏ မျက်နှာရှေ့တွင် ၎င်းကို ယမ်းပြပြီး “မင်းက ခေါင်းမာတဲ့တစ်ယောက်ပဲ။ မင်းက အသင်းတော်မှာ ခေါင်းဆောင်တစ်ယောက် ဆိုတာ ငါတို့သိတယ်၊ ဒါကြောင့် အမှန်အတိုင်း ဝန်ခံစမ်း။ မင်းအသင်းတော်မှာ အသင်းသား ဘယ်နှစ်ယောက်ရှိလဲ။ အသင်းတော်ရဲ့ ငွေတွေက ဘယ်မှာလဲ။ မင်းငါ့ကို မပြောရင်၊ မင်းကို ဒီလျှပ်စစ်ကျင်စက်ရဲ့ အရသာ ပေးမြည်းလိုက်မှာ” ဟု ခြိမ်းခြောက် ပြောဆိုလိုက်သည်။ ထိုရဲ၏ ယုတ်မာသောမျက်နှာကို ကြည့်လျက်၊ ကျွန်မသည် အလွန်အမင်း ကြောက်လန့်ပြီး၊ ဘုရားသခင်ကို တိတ်ဆိတ်သော ဆုတောင်းချက်တစ်ခု ကမန်းကတန်း ဆိုလိုက်သည်။ ထို့နောက်တွင်ပင် ဘုရား နှုတ်ကပတ်တော်များက စိတ်ထဲဝင်လာခဲ့သည်။ “မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) သြဇာအာဏာ ပိုင်ဆိုင်ထားသည့် ဘုရားနှုတ်ကပတ် တော်များသည် ကျွန်မကို ယုံကြည်မှုနှင့် ခွန်အား တို့ပေးခဲ့ပြီး၊ ကျွန်မမှာ မှီခိုရန် တစ်စုံတစ်ခုရှိသည်ဟု ချက်ချင်း ခံစားခဲ့ရသည်။ ကျွန်မက “ဘုရားသခင်က အနန္တတန်ခိုးရှင် ဖြစ်တယ်၊ ပြီးတော့ စာတန်နဲ့ မကောင်းဆိုးဝါးတွေက ဘယ်လောက် ရက်စက်ကြမ်းကြုတ် သရဲမရဲစီး နေပါစေ၊ သူတို့ကရော ဘုရားလက်တော် ထဲမှာ မဟုတ်ဘူးလား။ ငါ့ရဲ့ မြဲမြံစွာအားကိုးထိုက်တဲ့ အထောက်အပံ့ အဖြစ် အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့အတူ၊ငါ့မှာ ဘာမှ ကြောက်စရာ မရှိဘူး” ဟု မိမိဘာသာ တွေးခဲ့သည်။ ထို့ကြောင့် ကျွန်မက “ကျွန်မ ဘာမှ မသိဘူး” ဟု သာမန်ကာလျှံကာ ပြန်ဖြေခဲ့သည်။ ရဲဝဝကြီးက “ဒါ မင်းဘာမှမသိလို့ ရတဲ့ဟာပဲဟေ့” ဟု မလိုမုန်းထားစွာ ပြောခဲ့သည်။ သူက ဤသို့ပြောစဉ်၊ ကျွန်မ၏ လက်ထိပ်များကို လျှပ်စစ်ကျင်စက် လက်ကိုင် တုတ်ဖြင့် တို့လိုက်ရာ၊ ပြင်းထန်သော လျှပ်စစ်စီးကြောင်းက ကျွန်မ၏ တစ်ကိုယ်လုံးကို လှိုင်းလုံးကဲ့သို့ တလိပ်လိပ်တက် လာသည့် မခံမရပ် နိုင်လောက်အောင် နာကျင်မှုတစ်ခုဖြင့် ထိုးကျင့်ခဲ့သည်။ မချိတင်ကဲ ဝေဒနာသည် ပြောမပြနိုင်လောက်အောင် ဖြစ်လေသည်။ ထိုရဲက လက်ကိုင်တုတ်ဖြင့် ကျွန်မကို ဆက်၍ဓာတ်လိုက်စေပြီး၊ ကျွန်မ နောက်ထပ် မခံနိုင်တော့လုနီးပါးဖြစ်သည့် အချိန်တွင်ပင်၊ နိမိတ်လက္ခဏာ တစ်ခု ဖြစ်ခဲ့သည်။ ထိုလက်ကိုင်တုတ်က အားကုန်သွားခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အချုပ်အခြာ အာဏာပိုင်စိုးမှုတို့ကို မျက်မြင်တွေ့ခဲ့ရသည်၊ ထို့အပြင် ဘုရားသခင်သည် ကျွန်မ၏နံဘေးတွင် အမြဲတမ်းရှိပြီး၊ ကျွန်မကို စောင့်ကြည့်ကာ၊ ကွယ်ကာသည်၊ ပြီးလျှင် ကျွန်မ၏ အားနည်းခြင်းကို စာနာ ထောက်ထားမှုရှိကြောင်းတို့ကို ကျွန်မ တွေ့ကြုံခံစားခဲ့ရသည်။ ကျွန်မ၏ ယုံကြည်မှု ကြီးထွားလာပြီး၊ ဘုရားသခင်အတွက် သက်သေရပ်တည်ရန် ကျွန်မ၏ သန္နိဌာန်သည် အားကောင်းလာခဲ့သည်။

နောက်ပိုင်းတွင် ရဲများက ကျွန်မ စကားမပြောသေးကြောင်း တွေ့ခဲ့သောကြောင့် နှစ်ယောက်တစ်တွဲစီ ကျွန်မကို အလှည့်ကျ စောင့်ကြည့်ကြသည်။ သူတို့က ကျွန်မကို စားသောက်ခွင့်မပြုသလို၊ အိပ်ခွင့်ပင် မပြုပါ။ ကျွန်မ စတင်မှေးငိုက်သွားသည့် အခိုက်အတန့်တွင် ကျွန်မ၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် မျှော်လင့်ရင်း၊ သူတို့က ကျွန်မကို ရိုက်နှက်ကန်ကျောက်ကြသည်။ သို့သော်လည်း ဘုရားသခင်က သူတို့၏ စဉ်းလဲသော အကြံအစည်ကို ကျွန်မအား ထိုးဖောက်မြင်စေခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ကျွန်မ တိတ်ဆိတ်စွာ ဆုတောင်းကာ၊ ကျွန်မ၏ စိတ်ထဲတွင် ဓမ္မသီချင်းများ သီဆိုပြီး၊ ဘုရားနှုတ်ကပတ်တော်များကို အာရုံပြုခဲ့သည်၊ ပြီးလျှင် ကျွန်မ မသိလိုက်မီ ကျွန်မ၏ စိတ်ဓာတ် တက်ကြွလာခဲ့သည်။ အခြားတစ်ဖက်မှာမူ ဤရဲများက ကော်ဖီများ အဆက်မပြတ်သောက်သော်လည်း အလွန်ပင်ပန်းနွမ်းနယ်လှသည်မှာ သူတို့ မပြတ်သန်းနေကြသည်။ သူတို့ထဲမှ တစ်ယောက်က အလွန်အံ့သြခြင်းဖြင့် “သူ့မှာ ဆက်သွားဖို့ထိန်းပေးနေတဲ့ မှော်တန်ခိုး တစ်မျိုးမျိုးရှိရမယ်၊ မဟုတ်ရင်တော့ ဒီအားအင်တွေအားလုံးကို သူဘယ်ကရနေလဲ” ထိုရဲက ဤသို့ပြောသည်ကို ကြားရသည့်အခါ၊ ဤအရာ အားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုကြောင့် ဖြစ်ကြောင်း နှင့် ကျွန်မကို ထိန်းပေးထားပြီး ယုံကြည်မှုနှင့် ခွန်အားတို့ ပေးသနားနေသည်မှာ ဘုရားသခင်၏ ကိုယ်ပိုင်အသက်စွမ်းအား ဖြစ်ကြောင်းတို့ကို ကျွန်မစိတ်နှလုံးထဲတွင် ကောင်းစွာ သိရှိသည့်အတွက် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ကျွန်မထပ်ခါထပ်ခါ ချီးမွမ်းမိသည်။ ထိုအချိန်က ကျွန်မအတွက် ရဲများက တခြားမည်သို့သော ရက်စက်သည့် ညှဉ်းပန်းမှုမျိုးကို ပြင်ဆင်ထားကြောင်း ကျွန်မ မသိခဲ့ရသော်လည်း၊ လာမည့် စစ်မေးခြင်းများကို ရင်ဆိုင်ဖို့ ဘုရားသခင်ကို မှီခိုရန် ကျွန်မမှာ ယုံကြည်မှုရှိခဲ့ပြီး၊ ကျွန်မ သန္နိဌာန်ချခဲ့သည်။ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အာဏာရှင်ဆန်သော သြဇာကို မည်သည့်အခါမျှ ကျိုးနွံမည်မဟုတ်ဘဲ၊ ဘုရားသခင်အတွက် သက်သေခံပါမည်။

တတိယမြောက်ညနေတွင် မှုခင်းပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့ ဦးစီးက စိုးရိမ်ဟန်ဆောင်လျက် ကျွန်မကို ရေနွေးတစ်ခွက် လောင်းထည့်ပေးပြီး၊ “ကဲ မမိုက်စမ်းပါနဲ့ကွယ်။ တခြား လူတစ်ယောက်က မင်းကို ဖော်ကောင် လုပ်ပြီးသွားပြီ၊ ဒါကြောင့် တခြားလူတွေအတွက် ဒါတွေအားလုံးကို သည်းခံနေတာ ဘာအကျိုးရှိလဲ။ မင်းသိတာအားလုံး ငါ့ကိုသာ ပြောပြစမ်းပါ၊ ပြီးတော့ ငါမင်းကိုလွှတ်ပေးဖို့ ကတိပေးတယ်။ မင်းရဲ့ သားက ငယ်သေးတယ်၊ သူ့အမေ မေတ္တာကို လိုတယ်လေ။ မင်းက ကောင်းမွန်တဲ့ ဘဝတစ်ခု ရနိုင်ရဲ့သားနဲ့ ဘုရားတစ်ပါးကို ယုံကြည်ရင်း အဲဒါကို ဖြန်းတီးပစ်တယ်။ ဘုရားက နင့်ကို မကယ်နိုင်ပေမဲ့ ငါတို့က ကယ်နိုင်တယ်။ နင့်မှာ ရှိနိုင်တဲ့ ဘာအခက်အခဲကိုမဆို ငါတို့ ကူညီနိုင်တယ်၊ ပြီးတော့ မင်းဒီက လွတ်တဲ့အချိန်မှာ ငါတို့က မင်းကို အလုပ်ကောင်းတစ်ခု ကူရှာပေးနိုင်တယ်...” ဟု ပြောခဲ့သည်။ သူပြောသည်ကို နားထောင်ရင်း၊ ကျွန်မ၏ အဖမ်းအဆီးခံရကတည်းက ကျွန်မ၏သားငယ်လေး မည်သို့ရှိမည်ကို သိချင်မိရင်း၊ သူ့အတွက် မတွေးပဲ မနေနိုင်ခဲ့ပါ။ ကျွန်မ၏ မယုံကြည်သည့် မိတ်ဆွေများနှင့် ဆွေမျိုးများက သူ့ကို ပြောင်လှောင်လေမလား။ ကျောင်းတွင် သူ့အတန်း ဖော်များက သူ့ကို အနိုင်ကျင့်လေမလား။ ကျွန်မ စတင်အားနည်း လာစဉ် ပင် ဘုရားသခင်က သူ့နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ပိုဒ်ဖြင့် ကျွန်မကို ဉာဏ်အလင်းပြခဲ့သည်။ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၇)) ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် နှိုးဆော်ခံရလျက်၊စာတန်က ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်စေရန် သွေးဆောင်ဖြားယောင်းဖို့ ကျွန်မ၏ မိသားစုအတွက် ကျွန်မ၏ ခံစားချက်များကို အသုံးချနေကြောင်း ရှင်းလင်းသော နားလည် သဘောပေါက်မှုတစ်ခု ရရှိလာခဲ့သည်။ ကျွန်မက ကျွန်မ၏ သားလေးကို အားလုံးတွင် အချစ်ဆုံးဖြစ်ကြောင်း စာတန်က သိထားပြီး၊ ကျွန်မကို တိုက်ခိုက်ရန်နှင့် စုံစမ်းနှောင့်ယှက်ရန်၊ ပြီးလျှင် ကျွန်မ၏ သားလေးအတွက် ကျွန်မ၏ မေတ္တာကြောင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများအား ဖော်ကောင်လုပ်စေရန် ရဲများကို သူ၏ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် အသုံးချခဲ့သည်။ ထို့နောက် ကျွန်မက နောက်ဆုံးတွင် ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်း ခံရကာ ကျိန်ဆဲခံရခြင်းနှင့် အဆုံးသတ်မည့် ဘုရားသခင်ကို သစ္စာဖောက်သော ယုဒတစ်ယောက် ဖြစ်လာလိမ့်မည်ဖြစ်သည်- စာတန်သည် အလွန် ကောက်ကျစ်ပြီး၊ မလိုမုန်းထားရှိလေသည်။ ကျွန်မသားကို စောင့်ရှောက်ဖို့ သူ့အနား ရှိမပေးနိုင်ပုံကို ကျွန်မ တွေးမိသော်လည်း၊ ၎င်းမှာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘုရားသခင်၏ ရန်သူ ဖြစ်သော ကြောင့်၊ ပြီးလျှင် ၎င်းက ခရစ်ယာန်များကို အရူးအမူး ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်သောကြောင့် မဟုတ်ပါလား။ သို့တိုင် ၎င်းမှာ ကျွန်မက ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြစ်သည်ဟု ရဲများက ပြောနေခဲ့ကြသည်။ ဤအရာကို ပြောခြင်းအားဖြင့် သူတို့က အမှန်တရားကို ပြောင်းပြန်လှန်ပြီး ဖြစ်ရပ်မှန်များကို လိုရာဆွဲ၍ မမှန်မကန်ပြောခြင်း မဟုတ်ပါလား။ တရုတ်ကွန်မြူနစ်အစိုးရသည် အလွန်အရှက်မဲ့ပြီး၊ ကောက်ကျစ်သည်။ ထို့ကြောင့် ထိုရဲက မည်သို့ပြော ပါစေ၊ သူ့ကို ကျွန်မ မည်သို့မျှ အာရုံမစိုက်ခဲ့ပါ။ ကျွန်မကို ချော့ခြင်းဖြင့် ဖြစ်စေ၊ ရိုက်ခြင်းဖြင့်ဖြစ်စေ ယိမ်းယိုင်အောင် မလုပ်နိုင် သည်ကို မြင်လျက်၊ သူက စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားခဲ့သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာခြင်းအောက်တွင်၊ ကျွန်မသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို နောက်တစ်ကြိမ် အောင်မြင်ကျော်လွှားနိုင် ခဲ့လေသည်။

ထိုညနေ ၈နာရီနောက်ပိုင်းတွင်၊ ရဲဝဝကြီးက လျှပ်စစ်ကျင်စက် လက်ကိုင်တုတ်ကြီးကို လက်ကကိုင်ကာ ပြန်လာပြီး၊ ငယ်သား သုံးယောက်က သူ့နောက်မှ နောက်မြီးဆွဲလိုက်လာကြသည်။ သူတို့က ကျွန်မကို အားကစားရုံသို့ ခေါ်သွားပြီး၊ ကျွန်မ၏ အဝတ်အစားများကို ချွတ်ပြီးနောက်( ကျွန်မ၏ အတွင်းခံဖြင့်သာ ချန်ရစ်ခဲ့ရင်း)၊ ကျွန်မကို ပြေးလမ်းစက်တစ်ခုတွင် ကြိုးဖြင့် ချည်လိုက်သည်။ တစ်ယောက်ချင်းစီက ပိုပို၍ယုတ်မာကာ၊ သူတို့၏ မျက်နှာများကို ကြည့်လျက်၊ ကျွန်မကို အလွန့်အလွန် ကြောက်လန့်စေပြီး၊ ခိုကိုးရာမဲ့စေလေသည်၊ ပြီးလျှင် သူတို့က ကျွန်မကို မည်သည့် ရက်စက်သော ညှဉ်းပန်းမှုဖြင့် နောက်ထပ်ဒုက္ခပေးမည် သို့မဟုတ် ထိုညှဉ်းပန်းမှုသည် မည်မျှကြာမည်ကို ကျွန်မမသိခဲ့ပါ။ ထိုအခိုက်အတန့်တွင် ကျွန်မ အလွန်အားနည်းပြီး၊ သေခြင်းတရားနှင့် ပတ်သက်သည့်အတွေးများ စတွေးမိခဲ့သည်။ သို့သော်လည်း ချက်ချင်းပင် ဤအတွေးများ မှားယွင်းကြောင်း ကျွန်မသိသောကြောင့် ဘုရားသခင်ကို ကမန်းကတန်း ဆုတောင်းပြီး အော်ခေါ်ခဲ့သည်။ “အို အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်ဟာ ကျွန်မရဲ့ စိတ်နှလုံးကို သိပါတယ်၊ ကျွန်မက ကိုယ်တော်ကို သစ္စာဖောက်တဲ့ ယုဒတစ်ယောက် ဖြစ်ပြီး၊ သစ္စာဖောက် တစ်ယောက် အနေနဲ့ ရာဇဝင်တွင်ရစ်မှာ မလိုချင်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ဝိညာဉ် အသက်တာက အရမ်းနုနယ်ပါတယ်၊ ပြီးတော့ ဒီညှဉ်းပန်းမှုကို ရင်ဆိုင်ရာမှာ ကျွန်မ အရမ်းကို နာကျင်ပြီး အားနည်းနေပါတယ်- ကျွန်မ သည်းမခံနိုင်ဘဲ၊ ကိုယ်တော့်ကို သစ္စာဖောက်မိမှာ စိုးရိမ်မိပါတယ်။ အိုဘုရားသခင်၊ ကျေးဇူးပြုပြီးတော့ ကျွန်မကို ကွယ်ကာပြီး၊ ယုံကြည်မှုနဲ့ ခွန်အားတို့ပေးသနားတော်မူပါ။ ကျေးဇူးပြုပြီး ကျွန်မနဲ့ အတူရှိပါ၊ ကျွန်မကို လမ်းပြပြီး ဦးဆောင်တော်မူပါ၊ ပြီးတော့ ဒီရက်စက်တဲ့ ညှဉ်းပန်းမှုတစ်လျှောက် ကျွန်မကို သက်သေရပ်တည်နိုင်စေပါ။” ဆုတောင်းပြီးနောက်၊ “ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဟု ဆိုသည့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို နှစ်သိမ့်မှုနှင့် အားပေးမှုတို့ ဆောင်ကြဉ်း ပေးခဲ့သည်။ ကျွန်မအတွင်း၌ စစ်မှန်သော ယုံကြည်မှုနှင့် ချစ်ခြင်းမေတ္တာတို့ကို ဖြစ်ပေါ်စေဖို့အလို့ငှာ၊ ကျွန်မ၏ ဆင်းရဲဒုက္ခမှ တစ်ဆင့် ဘုရားသခင်ကို ဆက်လက်သစ္စာစောင့်သိနိုင်ဖို့၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်း များနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိင်ဖို့နှင့်၊ စမ်းသပ်မှု မည်မျှ ကြီးမားပါစေ၊ နာကျင်မှု မည်မျှ ဆိုးရွားပါစေ ဘုရား၏ နှုတ်ကပတ်တော်များကို မှီခိုအားကိုးခြင်းဖြင့် သက်သေရပ်တည်နိုင်ဖို့ အလို့ငှာ၊ ကျွန်မကို ဒုက္ခပေးနေသည့် ဤရက်စက်သော ညှဉ်းပန်းမှုကို ဘုရားသခင်က ခွင့်ပြုနေကြောင်း ၎င်းတို့က ကျွန်မကို နားလည် သဘောပေါက်စေခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်လျက်၊ ခါးသီးသော အဆုံးသတ်အထိ စာတန်ကို တိုက်ခိုက်ရန် သတ္တိနှင့် သန္နိဌာန်တို့က ကျွန်မအတွင်း၌ ချက်ချင်း ပေါ်ပေါက်လာခဲ့ပြီး၊ ဤဆုံးဖြတ်ချက်ကို ကျွန်မ ချမှတ်ခဲ့သည်။ မည်သည့် ညှဉ်းပန်းမှုကို ကျွန်မ ကြုံတွေ့ရဖို့ ရှိသေးပါစေ၊ ကျွန်မ ဆက်လက် အသက်ရှင်သန်လိုပြီး၊ ကျွန်မ၏ ဆင်းရဲဒုက္ခ မည်မျှကြီးမားလာပါစေ၊ ကျွန်မ၏ နောက်ဆုံးထွက်သက်အထိ ဘုရားသခင် နောက်ကို ကျွန်မ လိုက်ပါမည်။

ထို့နောက်တွင်ပင် ရဲဝဝကြီးသည် သူ့ပါးစပ်တွင် စီးကရက်ခဲကာ၊ လာပြီး “မင်းစကားပြောမလား၊ မပြောဘူးလား” ဟု မေးခဲ့သည်။ ပြတ်သားစွာပင် ကျွန်မက “နင်ငါ့ကို သေတဲ့အထိ ရိုက်လို့ရတယ်၊ ဒါပေမဲ့ ငါမသိတာက မသိတာပဲ” ဟု ပြန်ဖြေခဲ့သည်။ ဒေါသူပုန်ထပြီး၊ စီးကရက် ကို ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်ကာ၊ ဒေါသအမျက် ခြောင်းခြောင်း ထလျက်၊ လျှပ်စစ်ကျင်စက် လက်ကိုင်တုတ်ကို ကျွန်မ၏ ကျောနှင့် ပေါင်များထဲသို့ ထပ်ခါထပ်ခါ ဆောင့်ထိုးလိုက်သည်။ ဝေဒနာ ပြင်းထန်သော နာကျင်မှုက ကျွန်မ၏တစ်ကိုယ်လုံးကို ချွေးစေးများ ပြန်လာစေသည်၊ ပြီးလျှင် ကျွန်မက သနားဖွယ်ကောင်းစွာ ဆွဲဆွဲငင်ငင် မပြတ်ငိုကြွေးမိလေသည်။ ကျွန်မကို လက်ကိုင်တုတ်ဖြင့် ဆောင့်ထိုး နေစဉ်၊ သူက “ဒါ နင်စကားမပြောလို့ ရတဲ့ဟာပဲ။ နင့်ကိုငါ အော်အောင် လုပ်မယ်၊ ပြီးတော့ နင်ဘယ်လောက်ခံမလဲဆိုတာ ကြည့်ကြတာပေါ့” ဟု အော်ဟစ်ခဲ့သည်။ အခန်းထဲမှ အခြားအရာရှိများက ခပ်လှမ်းလှမ်းတွင် နေပြီး ရုန်းကြမ်းကျယ်လောင်စွာ ရယ်မောခဲ့ကြကာ “နင့်ဘုရားက ဘယ်လိုဖြစ်ပြီး နင့်ကို လာမကယ်တာလဲ” ဟု ပြောခဲ့သည်။ သူတို့က ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အခြားအရာများစွာကိုလည်း ပြောခဲ့ကြသည်။ သူတို၏ ဘီလူးသရဲစီးသော စရိုက်များကို မြင်ရင်း၊ ကျွန်မသည် နာကျင်မှုကို သည်းခံပြီး၊ စာတန်၏ မျက်နှာပေါ်မှ မထီပြုံးကို ဖယ်ရှားနိုင်ဖို့အလို့ငှာ ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ပေသနားပါရန် ဘုရားသခင်ကို အလေးအနက် ခေါ်ခဲ့ပါသည်။ ဆုတောင်းပြီးနောက်၊ ကျွန်မ အံကြိတ်ပြီး၊ သူတို့ ကျွန်မကို မည်မျှ ညှဉ်းပန်းပါစေ နောက်ထပ် အသံတစ်စက် ထွက်ဖို့ ငြင်းဆန်ခဲ့သည်။ သူတို့က ကျွန်မကို မကြာခဏ ဓါတ်လိုက်စေခဲ့သည်။ လျှပ်စစ်ကျင်စက် လက်ကိုင်တုတ်များထဲမှ တစ်ခု အားကုန်သွားသည့်အခါ၊ သူတို့က တခြားတစ်ခုဖြင့် လဲပြီး၊ ကျွန်မ၏ စိတ်က လုံးဝ ဝေဝါးလာကာ သေခြင်းတရားက အသက်ရှင်ခြင်းထက် ပို၍ နှစ်သက်ဖွယ် ကောင်းလာသည်အထိ ကျွန်မ ညှဉ်းပန်းခံခဲ့ရသည်။ ကျွန်မ တစ်စက်မျှ မလှုပ်နိုင်ဘဲ၊ သူတို့က ကျွန်မ ငြိမ်လာသည်ကို မြင်လျက်၊ သတိလစ်သွားသည်ဟု သူတို့က ထင်ခဲ့ကြသည်။ သူတို့က ကျွန်မကို နှိုးဖို့ ရေအေးဖြင့် ပက်ကြပြီးနောက်၊ ကျွန်မကို ဆက်ပြီး ဓါတ်လိုက်စေခဲ့သည်။ ကျွန်မ၏ နာကျင်မှုတွင်- “ပြစ်မှုထဲက ဤကြံရာပါ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ...၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။ မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။ မကောင်းဆိုးဝါး ကြီးငယ်တို့သည်ပင် ခြင်္သေ့နောက် ထပ်ကျပ်မခွာလိုက်သည့် ခွေးအများကဲ့သို့ ပြုမူကြပြီး ၎င်းတို့ သွားကြသည်နှင့်အမျှ အတားအဆီးများကို ဖန်တီးရင်း ဆိုးယုတ်သော ရေစီးကြောင်းနောက် လိုက်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)) ဟု ပြောသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် များ အကြောင်း တွေးမိခဲ့ပါသည်။

ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပြခြင်းက ကျွန်မအား တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ စရိုက်မှန်ကို သိသာထင်ရှားစွာ တွေ့မြငခွင့်ပေးခဲ့သည်။ ၎င်းသည် သမ္မာတရားနှင့် ဘုရားသခင် ကို လုံးဝ မုန်းတီးပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ နေရာတကာ ပျံ့နှံ့သည်ကို ကြောက်လန့်သည်။ သူ့အုပ်စိုးမှုကို ထာဝရ ထိန်းသိမ်းထားရန်၊ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းမှ တားဆီရန် တတ်နိုင်သမျှ သူကြိုးစားခဲ့သည်၊ ပြီးလျှင် ဘုရားသခင်၏ ရွေးချယ်ထားသော လူများကို ဖမ်းဆီး၊ ညှဉ်းပန်းပြီး ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံဖို့ အစွမ်းကုန် လုပ်ဆောင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ကျွန်မတို့ ယုံကြည်သူများကို ဤကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်စေပြီး ညှဉ်းပန်းရခြင်းမှာ ၎င်းက ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ဖျက်ဆီးလိုခြင်း ကြောင့် ဖြစ်သည်။ ၎င်းက ဘာသာတရား ယုံကြည်မှုကို လုံးလုံး အမြစ်ဖြတ် ချေမှုန်းသုတ်သင်ရန်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်လိုက်ခြင်းမှ လူတို့ကို တားဆီးရန်နှင့် တရုတ်ပြည်ကို ဘုရားမဲ့နယ်မြေဒေသတစ်ခုအဖြစ် ပြောင်းလဲရန် ကြိုးပမ်းအားထုတ်မှု တစ်ခုအနေဖြင့် ဤအရာကို ပြုလုပ်ခြင်း ဖြစ်သည်၊ ထိုသို့ဖြင့် တရုတ်လူမျိုးများကို ယခုမှသည် နောင်ထာဝစဉ် ထိန်းချုပ်ခြင်းဖြစ်သည့် ၎င်း၏ ရူးသွပ်သော ရည်မှန်းချက်ကို အောင်မြင်ရရှိမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက “လွတ်လပ်စွာယုံကြည်ခွင့်” နှင့် “တရုတ်နိုင်ငံသားများ တရားဝင် လူ့အခွင့်အရေးကို နှစ်သက် ခံစားခြင်း” တို့ ရှိသည်ဟု ပြင်ပလောကကို ကြေငြာသော်ငြားလည်း၊ အမှန်တွင်မူ ၎င်းတို့မှာ လူများကို လိမ်လည်ရန်၊ လှည့်စားရန်နှင့် ပိတ်မိစေရန် ရည်ရွယ်ခဲ့သည့် လုံးလုံးလျားလျား မုသားများ သက်သက်သာဖြစ်ပြီး၊ ၎င်းတို့၏ ဆိုးယုတ်သော နည်းလမ်းများကို ဖုံးကွယ်ရန် ပရိယာယ်များသာ ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဖောက်ပြန်စွာ ပြုမူပြီး၊ ကောင်းကင်ဘုံကို ဆန့်ကျင် လုပ်ဆောင်သည်၊ ပြီးလျှင် သူ၏ အနှစ်သာရသည် ဘုရားသခင်၏ ရန်သူတစ်ယောက် ဖြစ်သည့် စာတန်နတ်ဆိုး၏ အနှစ်သာရဖြစ်သည်။ ထိုတခဏချင်းပင် ကျွန်မသည် သန္နိဌာန်တစ်ခုကို တိတ်ဆိတ်စွာ ချမှတ်ရန် လုံးဝလိုအပ်ခဲ့လေသည်။ ဘုရားသခင်က ကျွန်မအတွက် ပေးဆပ်ခဲ့သော အပတ်တကုတ်ကြိုးစားရသည့် အဖိုးအခကို ကျွန်မ အချည်းနှီးမဖြစ်စေရပါ။ ကျွန်မမှာ သန္နိဌာန် နှင့် အသိစိတ်တစ်ခု ရှိရမည်၊ ပြီးလျှင် ကျွန်မ မည်သည့် ရက်စက်သော ညှဉ်းပန်းမှုကို သည်းခံရဖို့ရှိသေးပါစေ၊ ဘုရားသခင်အတွက် ကျွန်မ အမြဲတမ်း သက်သေရပ်တည်ပါမည်။ ထို့နောက်တွင်ပင် ကျွန်မ အတွင်း၌ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့၏ အံ့သြဖွယ်ခံစားချက် ထွက်ပေါ်လာခဲ့ပြီး၊ ဘုရားသခင်သည် ကျွန်မကို ခွန်အားပေးလျက်၊ ကျွန်မ၏ နံဘေးတွင် ရှိသည်ဟု ခံစားခဲ့ရသည်။ ပြီးနောက်၊ ရဲများက ကျွန်မကို မည်မျှ ဓါတ်လိုက်အောင်လုပ်ပါစေ၊ ကျွန်မ နာကျင်မှုကို မခံစားရပါ။ ကျွန်မသည် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက် များကို နောက်တစ်ကြိမ် မျက်မြင်တွေ့ခဲ့ရသည်။ ဘုရားသခင်သည် ကျွန်မကို ကွယ်ကာနေပြီး၊ စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ကျွန်မသည် ဘုရားသခင်၏ မျက်မှောက်တော်ကို အကြီးအကျယ် သတိပြုမိ လာခဲ့သည်။ ရဲများသည် ကျွန်မကို လေးနာရီကြာ ညှဉ်းပန်းသော်လည်း၊ ကျွန်မထံမှ မည်သည့် သတင်းအချက်အလက်မှ မရရှိသေးပါ။ ရွေးချယ်စရာ ကုန်လျက်၊ သူတို့က ကျွန်မကို ပြေးလမ်းစက်မှနေ ကြိုးဖြေပေးရုံမျှလွဲပြီး ဘာမှ မလုပ်နိုင်ကြပါ။ ကျွန်မ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်နေရာမျှ ခွန်အား တစ်စက်မျှ မရှိတော့ဘဲ၊ ကြမ်းပြင်ပေါ်သို့ ကျွန်မ ဖုတ်ခနဲကျခဲ့သည်။ ရဲနှစ်ယောက်က ကျွန်မကို စစ်မေးခန်းထဲသို့ တရွတ်တိုက် ပြန်ဆွဲခေါ်လာပြီး၊ ထိုင်ခုံပေါ် တင်ပေးသည်၊ ထို့နောက် ကျွန်မကို ဗဟိုအပူပေးပိုက်လိုင်းတွင် လက်ထိပ်ခတ်ထားခဲ့သည်။ သူတို့ အလွန် စိတ်ဓာတ်ကျနေသည်ကို မြင်သည့်အခါ၊ ဘုရားသခင်ကို ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းတို့ကို မိမိဘာသာ မရပ်မနား ကျွန်မ ဖော်ပြနေမိခဲ့ပါသည်။ “အိုအနန္တတန်ခိုးရှင်ဘုရားသခင်။ ကျွန်မ ကိုယ်တော်ရဲ့ အနန္တတန်ခိုးနှင့် အချုပ်အခြာအာဏာပိုင်စိုးမှုတို့ကို တွေ့ကြု ခံစား ခဲ့ပါပြီ၊ ပြီးတော့ ကိုယ်တော့် အသက်စွမ်းအားက တခြားစွမ်းအား တွေ အားလုံးကို အနိုင်ယူနိုင်တာကိုလည်း ကျွန်မမြင်ပါတယ်။ ဘုရား သခင်ကို ကျေးဇူးတော် ချီးမွမ်းပါတယ်။”

လေးရက်မြောက်နေ့တွင် ရဲငါးယောက်က စစ်မေးခန်းထဲသို့ ဝင်လာ ကြသည်။ သူတို့ထဲမှတစ်ယောက်က လျှပ်စစ်ကျင်စက် လက်ကိုင်တုတ်ကို သယ်လာပြီး၊ လျှပ်စစ်ဖြင့် တဖြောက်ဖြောက် မြည်စေခဲ့ သည်။ လူမဆန်သော ညှဉ်းပန်းမှုကို ရက်များစွာခံခဲ့ရခြင်းက ကြောက်မက်ဖွယ် ကောင်းသော အပြာရောင်မီးများ ထုတ်လွှတ်နေသည့် လက်ကိုင်တုတ်ကို တွေ့ရာတွင် ကျွန်မကို ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် ပြညစေခဲ့သည်။ ကျွန်မကို ယခင်က မစစ်ကြောဖူးသည့် ရဲတစ်ယောက်က ကျွန်မရှေ့တွင် လာရပ်သည်၊ ကျွန်မကို လျှပ်စစ်ကျင်စက်တုတ်ဖြင့် ဆတ်ခနဲထိုးပြီး “မင်းက ကိုင်တွယ်ရတာခက်တယ်လို့ ငါကြားတယ်။ ဒီနေ့ မင်း ဘယ်လောက် အကြမ်းခံနိုင်လဲဆိုတာကို ငါအသေအချာ တွေ့ရမှာပဲ။ ငါတို့မင်းကို မပြင်နိုင်ဘူးဆိုတာ ငါမယုံဘူး။ မင်းစကားပြောမလား မပြောဘူးလား။ မပြောရင် ဒီနေ့မှာပဲ မင်း အဆုံးသတ်သွားရလိမ့်မယ်” ဟု ပြောသည်။ “ကျွန်မ ဘာမှမသိဘူး” ဟု ပြောရင်း ကျွန်မ ပြန်ဖြေ လေသည်။ ဤအရာက သူ့ကို ဒေါသထွက်ရလောက်အောင် အရှက်ရ စေခဲ့ပြီး၊ သူက ကျွန်မကို ထိုင်ခုံပေါ်မှ ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာ တရွတ်တိုက်ဆွဲပြီး ကြမ်းပေါ်တွင် ချုပ်ထားသည်။ နောက်ထပ် ရဲတစ်ယောက်က ကျွန်မ၏ နောက်ကျောကို လျှပ်စစ်ဓာတ်ပေးရင်း “မင်းစကားပြောမလား၊ မပြောဘူးလား၊ မင်းကိုငါသတ်မယ်” ဟု အော်ဟစ်လျက်၊ ကျွန်မ၏ အင်္ကျီအောက်ထဲသို့ လျှပ်စစ်ကျင်စက် လက်ကိုင်တုတ်ကို ထိုးထည့်လိုက်သည်။ သူတို့၏ လူမဆန်မှုနှင့် ကြောက်မက်ဖွယ် ကောင်းသော မသတီစရာအပြုံးကို ရင်ဆိုင်ပြီး၊ အထိတ်တလန့် မဖြစ်ဘဲ မနေနိုင်ခဲ့ပါ။ ပြီးလျှင် ဘုရားသခင်ကို ကျွန်မ ကမန်းကတန်း အော်ခေါ်ခဲ့သည်။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ။ ကျေးဇူးပြုပြီး ကျွန်မကို စစ်မှန်သော ယုံကြည်မှုနှင့် ခွန်အားတို့ပေးပါ။ ကျွန်မ မရပ်မနား ဆွဲဆွဲငင်ငင် ငိုကြွေးနေစဉ် ရဲများက ကျွန်မကို ဆက်ပြီး ဓါတ်လိုက်စေခဲ့သည်။ ကျွန်မ၏ ခန္ဓာကိုယ်ထဲမှ သွေးများအားလုံး ကျွန်မ၏ ခေါင်းထဲသို့ စီးဝင်ကြသကဲ့သို့ ခံစားရပြီး၊ ၎င်းက အလွန် နာကျင်လှသည်မှာ ချွေးများဖြင့် ကျွန်မ ဖုံးနေပြီး၊ သတိလစ်လုနီးပါး ဖြစ်လေသည်။ ကျွန်မ စကားပြောဦးမည် မဟုတ်သည် ကိုမြင်သည့်အခါ၊ ရဲများက ကျွန်မကို ဒေါသတကြီးဖြင့် စတင်ဆဲဆိုကြသည်။ အနည်းငယ် ကြာပြီးနောက် ကျွန်မ သတိလစ် လုနီးပါးဖြစ်သည့်အချိန်တွင်၊ သူတို့က ကျွန်မကို တရွတ်တိုက် အပေါ်ပြန်ဆွဲတင်ပြီး၊ ထိုင်ခုံတွင် တစ်ဖန် လက်ထိပ်ခတ်ထားကြသည်၊ ထို့နောက် သူတို့ထဲမှ နှစ်ယောက်က ကျွန်မ အိပ်မပျော်သွားစေရန် တစ်လှည့်စီ စောင့်ကြည့်ကြသည်။ ထိုအချိန်တွင် ကျွန်မ လေးရက်နှင့် လေးညကြာ အစားတစ်ခုမျှ မစား၊ ရေတစ်ပေါက်မျှ မသောက်ရသေးသကဲ့သို့၊ တစ်မှေးမှလည်း မအိပ်ရသေးပါ။ သူတို့ ကျွန်မကို ဒုက္ခပေးသည့် ရက်စက်သော ညှဉ်းပန်းမှုအပြင်၊ ကျွန်မ၏ ခန္ဓာကိုယ်က အားအနည်းဆုံး အခြေအနေကို ရောက်နေခဲ့ပြီဖြစ်သည်။ ကျွန်မ အေးပြီး ဆာလောင်နေသည်၊ ပြီးလျှင် အစာငတ်ခြင်းနှင့် ခိုက်ခိုက်တုန်ချမ်းအေးမှုတို့က ကျွန်မ၏ဒဏ်ရာရထားသည့် ခန္ဓာကိုယ်၏ တဒုတ်ဒုတ်နာကျင်မှုဖြင့် ပူးပေါင်းသွားသည်- ကျွန်မ၏ ဘဝ အဆုံးသတ် သို့ နီးလာနေပြီဟုခံစားခဲ့ရသည်။ ကျွန်မ၏ အလွန်အမင်း အားနည်းနေ သည့် အခြေအနေတွင်၊ ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်း တစ်ကြောင်းက ကျွန်မ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။(ရှင်မဿဲခရစ်ဝင် ၄:၄) ဤအရာကို တစိမ့်စိမ့်ချင့်ချိန်ရင်း၊ ဤကဲ့သို့ အခြေအနေတစ်ခုတွင် ဆက်ပြီး အသက်ရှင်သန်နေရန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် သာလျှင် ကျွန်မ၏အားပေးမှုဖြစ်ကြောင်း ကျွန်မ နားလည် သဘောပေါက် ခဲ့သည်၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် ဤသမ္မာတရား ရှုထောင့်ထဲသို့ ကျွန်မ၏ ဝင်ရောက်မှုကို စုံလင်စေရန် ဤအခြေအနေကိုပင် အသုံးပြုနေခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ဤအရာကို ကျွန်မ ထပ်ခါထပ်ခါ ချင့်ချိန်စဉ်းစားသည်နှင့်အမျှ၊ ကျွန်မ၏ ဆင်းရဲဒုက္ခ၊ ဆာလောင်မှုနှင့် ချမ်းအေးမှုတို့အကြောင်း အားလုံးကို ကျွန်မ အမှုမဲ့အမှတ်မဲ့ မေ့လျော့သွား ခဲ့သည်။

ငါးရက်မြောက်နေ့တွင် ကျွန်မက စွဲစွဲမြဲမြဲ ဆက်လက် တိတ်ဆိတ်နေ ကြောင်းကို ရဲများတွေ့ပြီး၊ ကျွန်မကို “မင်း စီရင်ချက်ချမခံရခင်အထိ သာ စောင့်။ မင်းအနည်းဆုံး ခုနှစ်နှစ်လောက် ကျခံရမယ်၊ ဒါပေမဲ့ မင်းအခု စကားစပြောရင် အဲဒါကို ရှောင်ဖို့အခွင့်အရေး ရှိသေးတယ်” ဟု ပြောရင်း မလိုမုန်းထားစွာ စတင်ခြိမ်းခြောက်ပါတော့သည်။ ထို့နောက် ကျွန်မ ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခု တိတ်ဆိတ်စွာ ဆိုခဲ့ပါသည်။ “အို အနန္တတန်ခိုးရှင်ဘုရားသခင်။ တရုတ်ကွန်မြူနစ်ပါတီ ရဲတွေက ကျွန်မကို ထောင်ဒဏ် ခုနှစ်နှစ် စီရင်ချက်ချမယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ကံကြမ္မာက ကိုယ်တော့်လက်ထဲမှာရှိတဲ့အားလျော်စွာ သူတို့မှာ ဆုံးဖြတ်ခွင့် မရှိတာကို ကျွန်မသိပါတယ်။ အိုဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ကို သစ္စာဖောက်ရတာထက် ကျွန်မရဲ့ ကျန်တဲ့တစ်ဘဝလုံး ထောင်ကျခံရပြီး၊ စစ်မှန်တဲ့လမ်းပေါ်မှာပဲ နေချင်ပါတော့တယ်။” ထို့နောက် ရဲများက ကျွန်မ၏ မယုံကြည်သော ခင်ပွန်းသည်ကို ခေါ်ဆောင် လာခြင်းအားဖြင့် ကျွန်မက ဘုရားသခင်ကို သစ္စာဖောက်မိစေရန် သွေးဆောင်ဖို့ ကြိုးစားခဲ့ကြသည်။ ကျွန်မ၏ တစ်ကိုယ်လုံးတွင် ပြတ်ရှရာများနှင့် ပွန်းပဲ့ရာများဖြင့် လက်ထိပ်ခတ်ခံထားရသည်ကို သူမြင်သည့်အခါ၊ သူက “လက်ထိပ်ကို ရုပ်မြင်သံကြားမှာပဲ ငါ မြင်ဖူးခဲ့တယ်။ မင်းပေါ်မှာ တွေ့ရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး” ဟု ကျွန်မကို စိတ်မချမ်းမြေ့စွာ ပြောလိုက်သည်။ သူဤအရာပြောသည်ကို ကြားပြီး၊ သူ၏ ဝမ်းနည်းသော အမူအရာကို မြင်သည့်အခါ၊ကျွန်မ၏ မိသားစုအတွက် ကျွန်မ၏ ခံစားချက်များကြောင့် စာတန်၏ ထောင်ချောက်ထဲတွင် ကျွန်မ မမိစေရန် ကျွန်မကို ကွယ်ကာဖို့ ဘုရားသခင်ကို တောင်းလျှောက်ရင်း၊ ကျွန်မ ဘုရားသခင်ထံသို့ ကမန်းကတန်း ဆုတောင်းလိုက်သည်။ ကျွန်မ ဆုတောင်းပြီးနောက်၊ ကျွန်မ၏ခင်ပွန်းကို “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ကျွန်မ ပစ္စည်းမခိုးသလို၊ လူတွေကိုလည်း မလုဘူး။ ကျွန်မက စုဝေးပွဲတွေ ကိုသွားပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကိုပဲ ဖတ်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင် လိုလားတဲ့အတိုင်း ရိုးသားတဲ့လူတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့တယ်။ ကျွန်မ ဘာပြစ်မှုမှ မကျူးလွန်ပေမဲ့ သူတို့က ကျွန်မကို ထောင်ချချင်ကြတယ်” ဟု တည်ငြိမ်စွာ ပြောခဲ့သည်။ ကျွန်မ၏ ခင်ပွန်းက “ငါမင်းကို ရှေ့နေတစ်ယောက် ရှာပေးမယ်” ဟု ပြန်ဖြေခဲ့သည်။ ကျွန်မကို အသင်းတော်နှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများအကြောင်း သတင်းအချက်အလက်များ လွှဲပြောင်းပေးအပ်စေဖို့ ကျွန်မ ခင်ပွန်းက ကြိုးစားနေခြင်း မဟုတ်ဘဲ၊ ထိုအစား ရှေ့နေတစ်ယောက် ကျွန်မအတွက် ငှားရမ်းပေးရန် ကမ်းလှမ်းနေသည်ကိုမြင်သည့်အခါ၊ ရဲများက သူ့ကို အခန်းထဲမှ တရွတ်တိုက်ဆွဲခေါ်သွားကြသည်။ ဤသည်မှာ ကျွန်မ၏ မိသားစုအတွက် ကျွန်မ၏ ခံစားချက်က အလွန်လေးနက် ပြင်းထန် သောကြောင့် ကျွန်မ၏ ခင်ပွန်းက ကျွန်မ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အတွက် စိုးရိမ်မှုပြသည့် တစ်စုံတစ်ခုကို ပြောခဲ့ပါက၊ ကျွန်မ ကြံ့ကြံ့ခံ နိုင်မည် မခံနိုင်မည်ကို ကျွန်မ မသိခဲ့သည့်အားလျော်စွာ ဘုရားသခင် သည် ကျွန်မကို ကွယ်ကာနေခြင်းဖြစ်ကြောင်း ကျွန်မ သိခဲ့ရသည်။ ၎င်းမှာ စာတန်၏ စုံစမ်းနှောင့်ယှက်မှ ကျွန်မကိုအောင်မြင်စွာ ကျော်လွှားနိုင် စေသည့် ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုတို့ ဖြစ်လေသည်။

ရဲများက ကျွန်မကို အမှားရှာမရကြောင်း တွေ့ပြီး၊ “မင်းကို ရူးစေမဲ့ ဆေးတစ်လုံး တစ်မိနစ် လောက်နေရင် ထိုးပေးမယ်။ ပြီးရင် မင်းကို ငါတို့လွှတ်ပေးမယ်၊ မင်းသေတောင်သေနိုင်မှာ မဟုတ်ဘူး” ဟု ဒေါသဖြင့် ဒရောသောပါး ပြောခဲ့သည်။ ဤအရာက ကျွန်မကို စိုးရိမ်ကြောင့်ကြသည့် အခြေအနေတစ်ခုကို ချက်ချင်း ကျရောက်စေပြီး၊ ထိတ်လန့် ကြောက်ရွံ့ခြင်းက ကျွန်မကို နောက်တစ်ကြိမ် ဖမ်းစားလိုက်ပြန်သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် မည်မျှ ရက်စက်ပြီး၊ ဆိုးယုတ် ကြောင်း ကျွန်မ တွေးမိသည်။ တစ်ခါက ၎င်းတို့သည် အသင်းတော် အကြီးအကဲတစ်ယောက်ကို ဖမ်းဆီးခဲ့ကြပြီး၊ ရက်စက်စွာ ရိုက်နှက်ခြင်း များနှင့် ညှဉ်းပန်းခြင်း နောက်တွင် သူတို့ထံမှ အသင်းတော်အကြောင်း မည်သည့်အရာမျှ မရရှိနိုင်သေးသည့်အချိန်တွင်၊ သူတို့ကို ဆေးများ အတင်းထိုးပေးပြီး၊ ရူးသွပ်စေကာ၊ စိတ်ကစဉ့်ကလျား ရောဂါရှိသူဖြစ် လာစေခဲ့သည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် ဤနည်းအတိုင်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်စွာ ညှဉ်းပန်းခံရပြီး ဖိစီးနှိပ်စက်ခံခဲ့ရသည်။ ထိုအတွေးဖြင့် ကျွန်မ၏နှလုံး စတင်ခုန်လာခဲ့ပြီး၊ ကျွန်မက “ငါစိတ်လွတ်သွားပြီး အရူးတစ်ယောက်လို လျှောက်သွား တာနဲ့ အဆုံးသတ်သွားတဲ့အထိ ဒီတရုတ်ကွန်မြူနစ်ပါတီရဲ့ လက်ပါးစေ တွေ ညှည်းဆဲတာကို ငါတကယ်ခံရတော့မှာလား” ဟု တွေးမိသည်။ ၎င်းကို ကျွန်မ ပို၍တွေးမိလေ၊ ကျွန်မ ပိုကြောက်လာလေ ဖြစ်ပြီး၊ ကျွန်မ၏ ခန္ဓာကိုယ်တွင် ချွေးစေးများပြန်လာသည်ကို မရပ်နိုင် ခဲ့ပါ။ ကမန်းကတန်းဖြင့် ကျွန်မ ဘုရားသခင်ကို ဆုတောင်းပြီး အော်ခေါ် ခဲ့သည်။ “အိုအနန္တတန်ခိုးရှင် ဘုရားသခင်။ တရုတ်ကွန်မြူနစ် ပါတီရဲ့ လက်ပါးစေတွေက ကျွန်မကို ရူးသွပ်သွားစေဖို့ ဆေးတွေထိုးချင်ပြီး၊ ကျွန်မ အရူးတစ်ယောက် ဖြစ်လာမှာကို ကြောက်ပါတယ်။ အို ဘုရားသခင်။ ကျွန်မက ကိုယ်တော့်ကို သက်သေရပ်တည်ရမယ်ဆိုတာကို ကျွန်မ သိပေမဲ့လည်း၊ အခု ကျွန်မ အရမ်းကြောက်ရွံ့ထိတ်လန့်နေပါတယ်။ အိုဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မရဲ့ နှလုံးသားကို ကွယ်ကာတော်မူပါ၊ ပြီးတော့ ကျွန်မရဲ့ သေရေးရှင်ရေးကို ကိုယ်တော့်ကို ယုံကြည်စွာ အပ်နှံနိုင်ဖို့နဲ့ ကိုယ်တော့် စီစဉ်ညွှန်ကြားခြင်းတွေနဲ့ စီစဉ်မှုတွေကို ကျွန်မ ကျိုးနွံနာခံဖို့ စစ်မှန်တဲ့ ယုံကြည်မှုပေးသနားတော်မူပါ။” ထို့နောက် တွင်ပင်၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များ စိတ်ထဲရောက်လာခဲ့သည်။ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၈) သခင့်နှုတ်ကပတ်တော် များက ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ ပေးခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မတွေးမိသည်။ “ဒီနတ်ဆိုးတွေက ငါ့ခန္ဓာကိုယ်ကို သတ်ဖြတ်ပြီး သေရာပါဒဏ်ရာရစေနိုင်ကောင်း ရစေနိုင် လိမ့်မယ်၊ ဒါပေမဲ့ သူတို့က ငါ့ဝိညာဉ်ကို မသတ်ဖြတ်နိုင်သလို၊ သေရာပါ ဒဏ်ရာမရစေနိုင်ဘူး။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ၊ ငါ့ကိုသူတို့ အဲဒီဆေးတွေ ထိုးရင်တောင် ငါရူးသွားမှာ မဟုတ်ဘူး။” ထို့နောက် ကျွန်မက ဤသို့ပြောထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိခဲ့သည်။ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ဘုရား နှုတ်ကပတ်တော်များကို ကျွန်မ တစ်စိမ့်စိမ့်ချင့်ချိန်သည်နှင့်အမျှ၊ ကျွန်မ၏ စိတ်ထဲတွင် ခံစားခဲ့ရသည့် ကြောက်စိတ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး၊ ထိုထိတ်လန့်ကြောက်ရွံ့ခြင်းကို ကျွန်မ နောက်ထပ် မခံစားရတော့ပါ။ ထိုအစား ကျွန်မသည် မိမိကိုယ်ကို ဘုရားသခင်၏ လက်တော်ထဲတွင် ထားရှိဖို့နှင့် ကျွန်မ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ကျွန်မ အရူးဖြစ်လာသည်ဖြစ်စေ၊ အနုံအအ တစ်ယောက်ဖြစ်လာ သည်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့၊ ဆန္ဒရှိလာပါသည်။ ထို့နောက်တွင်ပင်၊ရဲတစ်ယောက်က ဆေးထိုးအပ်နှင့် ဆေးကို ယူဆောင်လာပြီး၊ “မင်းစကားပြောမလား၊ မပြောဘူးလား။ မင်းစကားမပြောရင်၊ မင်းကိုငါ ဒါနဲ့ထိုးမယ်” ဟု ပြောလျက် ခြိမ်းခြောက် ခဲ့သည်။ ကြောက်စိတ်လုံးလုံး မရှိဘဲ၊ ကျွန်မက “နင်ကြိုက် တာလုပ်။ ဖြစ်လာသမျှက နင်ခေါင်းခံရမှာပဲ” ဟု ပြောလိုက်သည်။ ကျွန်မ မကြောက် သည်ကို မြင်လျက်၊ သူက “အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်နဲ့ဟာ သွားယူစမ်း။ သူ့ကို ငါတို့ အဲဒါနဲ့ထိုးမယ်” ဟု ရက်ရက်စက်စက် ပြောလိုက်သည်။ ကျွန်မ ကြောက်စိတ်လုံးဝ မပြသေးသည့် အားလျော်စွာ၊ သူက ဒေါသဖြင့် အံကြိတ်ပြီး “ခွေးမ။ မင်းက လီယူးဟူလန်ထက် ပိုအကြမ်းခံနိုင် တယ်” ဟု ပြောခဲ့သည်။ ထို့နောက်၊ သူက စားပွဲပေါ်သို့ ဆေးထိုးအပ်ကို ပစ်လိုက်သည်။ ကျွန်မ ရွှင်လန်းအားရခဲ့သည်။ စာတန်ကို နောက်တစ်ကြိမ် အရှက်ရစေဖို့ ဘုရားနှုတ်ကပတ်တော်များက ကျွန်မကို လမ်းပြခဲ့ပုံကို မျက်မြင်တွေ့လျက်၊ ဘုရားသခင်ကို ကျေးဇူးတင်ရှိခြင်း ဆုတောင်းချက်တစ်ခု ကျွန်မ မဆက်ကပ်ဘဲ မနေနိုင်ခဲ့ပါ။ အဆုံးသတ်တွင် ရဲများက သူတို့လိုချင်သည့် သတင်းအချက်အလက် ကျွန်မထံမှ ရမည်မဟုတ်ကြောင်း နားလည်သဘောပေါက်သောကြောင့် စိတ်ဓါတ်ကျစွာဖြင့် ထွက်သွားခဲ့ကြသည်။

သူတို့ မီးကုန်ယမ်းကုန်ကြိုးစားပြီး မအောင်မြင်သည့်အခါ၊ ရဲများ သည် ကျွန်မကို ထိန်းသိမ်းရေးစမ်းသို့ ပို့ရုံမှလွဲပြီး မည်သည့်အရာမျှ မလုပ် နိုင်ခဲ့ပါ။ ထိုနေရာကို ကျွန်မ ရောက်လျှင်ရောက်ချင်း၊ ထောင်စောင့် များက အခြားသောအကျဉ်းသားများကို “သူက အရှေ့အရပ်မှ လျှပ်ပြက် ခြင်းက ယုံကြည်သူတစ်ယောက်လေ။ သူ့ကို ‘နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြပါဦး’” ဟု ပြောလျက် လှုံ့ဆော်ခဲ့သည်။ ကျွန်မ တုံ့ပြန်ဖို့ အခွင့်တစ်ခု မရမီမှာပင်၊ အကျဉ်းသားအချို့က ကျွန်မထံ တစ်ရှိန်ထိုး ပြေးလာပြီး၊ အိမ်သာသို့ ကျွန်မကို တရွတ်တိုက်ဆွဲခေါ် သွားသည်၊ ထို့နောက် ကျွန်မ၏ အဝတ်အစားများ ချွတ်အပြီးတွင်၊ ကျွန်မကို ရေအေးဖြင့် ဆက်ချိုးပေးကြသည်။ ကျွန်မ၏ ကိုယ်ပေါ်ကို လောင်းချ လိုက်သည့် အေးခဲသည့်ရေပုံးတိုင်းက အလွန့်အလွန်အေးပြီး နာကျင်ကာ၊ ကျွန်မ၏ ခန္ဓာကိုယ်ကို ကျောက်တုံးတစ်တုံး ထိုးနေကဲ့သို့ ခံစားရပြီး၊ ကျွန်မ အလွန်ချမ်းလာသည်မှာ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေခဲ့သည်။ ကျွန်မ၏ နှလုံးသားအတွင်း၌ ဘုရားသခင်ကို ထပ်ခါထပ်ခါ အော်ခေါ်လျက် ကျွန်မ၏ ခေါင်းကို လက်များဖြင့်ဆုပ်ကိုင်ထားရင်း၊ ကြမ်းပြင်ပေါ် ကျွန်မ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ခဏကြာပြီးနောက် အကျဉ်းသားများထဲမှ တစ်ယောက်က “ဟုတ်ပြီ၊ ဟုတ်ပြီ။ တော်ပြီ။ သူ့ကို မဖျားစေချင်ဘူး” ဟု ပြောလေသည်။ ဤအရာကို ထိုအကျဉ်းသားက ပြောသည်ကို ကြားသည့်အချိန်မှသာ ကျွန်မကို ပြစ်ဒဏ်ပေးနေသည့် အကျဉ်းသားများက ရပ်တန့်လိုက်သည်။ ငါးရက်အတွင်း ကျွန်မ ဘာတစ်ခုမျှ မစားရသေးသည်ကို သူမက သိသည့်အချိန်တွင်၊ ညစာစားချိန်၌ ပြောင်းဖူးပေါင်မုန့်လုံး၏ တစ်ဝက်ကို သူမက ကျွန်မကို ပေးခဲ့သည်။ ဤသည်မှာ ကျွန်မကို ကူညီရန် ဤအကျဉ်းသားကို တို့ထိလျက် ကျွန်မ၏ အားနည်းခြင်းအတွက် ဘုရားသခင်၏ စာနာထောက်ထားမှုဖြစ်ကြောင်း ကျွန်မ ကောင်းစွာသတိပြုမိခဲ့သည်။ ဘုရားသခင်သည် ကျွန်မနှင့် အမြဲတမ်းအတူရှိကြောင်း တွေ့ပြီး၊ သူ့သနားကရုဏာနှင့် ကယ်တင်ခြင်းတို့ အတွက် ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ပါသည်။

ထိန်းသိမ်းရေးစခန်းတွင် ကျွန်မသည် အခြားအကျဉ်းသားမျိုးစုံဖြင့် အတူတကွ နေထိုင်ခဲ့ရသည်။ ကျွန်မတို့၏ အစာသုံးနပ်မှ တစ်နပ်ချင်း စီတွင် ပြောင်းဖူးပေါင်မုန့်ပေါင်းတစ်ဖဲ့ နှင့် ဆားရေစိမ် တရုတ်မုန်လာ နှစ်မြှောင်း၊ သို့မဟုတ် ပိုးကောင်ကလေးများ ပေါလောပေါ်နေပြီး၊ ဂေါ်ဖီရွက် လုံးဝပါခဲလှသည့် ဂေါ်ဖီထုပ် ဟင်းချိုတစ်ခွက်တို့ပါဝင်သည်။ တစ်ပတ်တစ်ခါ ကျွန်မတို့ကို လက်သီးတစ်ဆုပ်စာ အရွယ်အစားရှိသည့် ပေါက်စီတစ်လုံးသာ ဖြစ်သည့် ကောင်းမွန်သည့် ဂျုံအစားအစာတစ်ခုကို ကျွေးသည်- ၎င်းက ကျွန်မတို့ကို လုံးဝမဝစေခဲ့ပါ။ ထောင်စည်းမျဉ်း စည်းကမ်းများကို ရွတ်ဆိုရခြင်းအပြင်၊ ထိုနေရာတွင် လက်မှုပညာ လက်ရာငယ်လေးများ ပြုလုပ်ရန် ကျွန်မတို့ကို နေ့တိုင်း ပြီးဆုံးဖို့ မဖြစ်နိုင်သည့် အလုပ်ခွဲတမ်း ပေးခံရသည်။ ကျွန်မ၏လက်များသည် တင်းကျပ်သော လက်ထိပ်များအားဖြင့် ထိခိုက်ပျက်စီးကုန်ပြီး လက်များ အားလုံး ခံစားချက်မဲ့သည်အထိ လျှပ်စစ်ဓာတ်ပေး ခံရသည့် အပြင်၊ ကျွန်မ လုပ်ရသည့် လက်မှုပညာ လက်ရာငယ်လေး များက အလွန် သေးငယ်လှသောကြောင့်၊ ၎င်းတို့ကို ကျွန်မ မကိုင်နိုင်ခဲ့ဘဲ၊ ကျွန်မ၏ မတန်တဆအလုပ်ကို ပြီးအောင်လုပ်နိုင်စွမ်းမရှိခဲ့ပါ။ တစ်ကြိမ်တွင်၊ ကျွန်မ၏ အလုပ်ကို မပြီးသောကြောင့် ထောင်စောင့်များက ကျွန်မ အိပ်ပျော်မသွားစေရန် ဟန့်တားဖို့ အခြားအကျဉ်းသားများကို ကျွန်မအား တစ်ညလုံးစောင့်ကြည့်စေသည်။ ကင်းစောင့်ခိုင်းခြင်းနှင့် တစ်ညကို လေးနာရီသာ အိပ်ခွင့်ပြုခြင်းတို့ဖြင့်လည်း ကျွန်မ မကြာခဏ ပြစ်ဒဏ်ပေး ခံရသည်။ ထိုအချိန်အတွင်း၌ တရုတ်ကွန်မြူနစ်ပါတီရဲများသည် ကျွန်မကို မကြာခဏ ဆက်လက် မေးမြန်းစစ်ကြောခဲ့သည်။ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်စေရန် လှည့်စားဖို့ ကြိုးစားလျက်၊ သူတို့က ကျွန်မ၏ သားကိုပင် ကျွန်မကို စာတစ်စောင်ရေးခိုင်းခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ ကွယ်ကာမှု နှင့် လမ်းပြမှုတို့အောက်တွင်၊ ကျွန်မသည် စာတန်၏ စဉ်းလဲသော အကြံအစည်များကို ထိုးဖောက် မြင်နိုင်ခဲ့ပြီး၊ ထပ်ခါထပ်ခါ သက်သေရပ်တည်နိုင်ခဲ့သည်။ သူတို့က အပြစ်ကျူးလွန်ကြောင်း သက်သေတစ်ခုမျှ မရရှိခဲ့သော်ငြားလည်း၊ ကျွန်မကို “ငြိမ်ဝပ်ပိပြားရေး နှောင့်ယှက်မှု” ဖြင့် စွဲချက်တင်ဆဲဖြစ်ပြီး၊ အလုပ်ကြမ်းဖြင့် ပညာပေးခြင်း ထောင်ဒဏ်သုံးနှစ် စီရင်ချက်ချခဲ့သည်။

၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျွန်မ၏ ပြစ်ဒဏ်စေ့သွားခဲ့ပြီး၊ ကျွန်မ လွတ်လာခဲ့သည်။ တရားမျှတခြင်းနှင့် ကောက်ကျစ်မှုတို့ကြားမှ ဤရုန်းကန်မှုကို တွေ့ကြုံခံစားလျက်၊ ကျွန်မ၏ ခန္ဓာကိုယ်နှင့် စိတ် နှစ်ခုလုံးတွင် ဒုက္ခခံခဲ့ရသော်လည်း၊ သမ္မာတရား များစွာကို ကျွန်မ နားလည်သဘောပေါက်လာခဲ့ပြီး၊ တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ ဘုရားသခင်ကို ဆန့်ကျင်သော၊ ဘီလူးသရဲစီးနေသော အနှစ်သာရကို ကျွန်မ သိသာထင်ရှားစွာ တွေ့မြင်ခဲ့သည်။ ဘုရားသခင်၏ အနန္တတန်ခိုး၊ အချုပ်အခြာအာဏာ၊ အံ့သြဖွယ်ဖြစ်ခြင်းနှင့် ဉာဏ်ပညာ တို့နှင့် ပတ်သက်သည့် စစ်မှန်သော နားလည်သဘောပေါက်ခြင်း အချို့ကိုလည်း ရရှိလာခဲ့ပြီး၊ ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာနှင့် သူ၏ကယ်တင်ခြင်းတို့ကို အမှန်တကယ် တွေ့ကြုံခံစား ခဲ့ရသည်။ ထိုနတ်ဆိုးများက ကျွန်မကို ညှဉ်းပန်းပြီး နှိပ်ကွပ်နေကြစဉ်၊ ကျွန်မ၏ မြဲမြံစွာအားကိုးထိုက်သော အားပေးမှုကို ပုံဖော်ပေးခဲ့ပြီး၊ ခါးသီးသော အဆုံးသတ်ထိ စာတန်နှင့် တိုက်ခိုက်ရန် သန္နိဌာန်နှင့် သတ္တိတို့ကို ကျွန်မအားပေးခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ အချိန်ကိုက် ဉာဏ်အလင်းပြခြင်းနှင့် လမ်းပြမှုတို့ဖြစ်သည်။ ကျွန်မက ဘုရားသခင်ကို သစ္စာဖောက်စေရန် စုံစမ်းနှောင့်ယှက်ဖို့နှင့် သွေးဆောင်ဖို့ စဉ်းလဲသောအကြံအစည်၏ နည်းလမ်းများအားလုံးကို စာတန်က ကြိုးစားနေခဲ့ချိန်တွင် ကျွန်မကို သတိပေးတားမြစ်ပြီး လမ်းပြဖို့၊ စာတန်၏ အကြံအစည်များကို ထိုးဖောက်မြင်နိုင်စေရန်နှင့် ကျွန်မ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်စေရန် ကျွန်မ၏ ဝိညာဉ် ရေးရာအမြင် မရှင်းလင်းမှုများကို ဖယ်ရှားပေးဖို့ သူ့နှုတ်ကပတ်တော် များကို အချိန်မှီ သုံးခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ သေခြင်းတရား သည် ပိုနှစ်သက်စရာ ကောင်းသည်ဟု ထင်မှတ်ရပြီး၊ ကျွန်မ၏ အသက်က စိုးရိမ်ရသော အခြေအနေရောက်လာသည်အထိ ထိုမကောင်း ဆိုးဝါးများက ကျွန်မကို ဆိုးရွားသော ညှဉ်ပန်းမှုများဖြင့် ဒုက္ခပေးခဲ့ သည့်အချိန်တွင်၊ ဘုရားနှုတ်ကပတ်တော်များက ကျွန်မ ရှင်သန်ခြင်း၏ အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။ ၎င်းတို့က ကျွန်မအပေါ် ကြီးမားသော ယုံကြည်မှုနှင့် ခွန်အားတို့ကို အပ်နှင်းခဲ့ပြီး၊ ကျွန်မကို သေခြင်းတရားက ချုပ်ကိုင်ထားခြင်းမှ လွတ်မြောက်စေခဲ့သည်။ ဤအရာများအားလုံးက ဘုရားသခင်၏ လှပပြီး နူးညံ့သိမ်မွေ့သော အနှစ်သာရကို ကျွန်မကို အမှန်တကယ် မြင်တွေ့ခွင့်ပေးခဲ့သည်။ ဘုရားသခင်သည်သာလျှင် လူသားမျိုးနွယ်ကို အချစ်ဆုံးဖြစ်သည်။ အခြားတစ်ဖက်မှာမူ ဤစာတန် နှင့် မကောင်းဆိုးဝါးများအဖွဲ့ဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ သည် လူများကို ဖောက်ပြန်ပျက်စီးစေနိုင်ရုံ၊ ထိခိုက်နိုင်ပြီး ဝါးမြိုနိုင်ရုံသာ ရှိလေသည်။ ယခုလက်ရှိတွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အပေါ် ဒုက္ခပေးသည့် တိုး၍ တိုး၍ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရာ တွင်၊ ကျွန်မသည် ဤနတ်ဆိုးအို တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို လုံးလုံး စွန့်လွှတ်ဖို့၊ ကျွန်မ၏ စိတ်နှလုံးကို ဘုရားသခင်ကို ပေးအပ်ဖို့၊ သမ္မာတရားကို ရှာဖွေလိုက်စားပြီး၊ ဘုရားသခင်ကို ချစ်ဖို့ အစွမ်းကုန် လုပ်ဆောင်ရန် တည်ကြည်ခိုင်မာစွာ သန္နိဌာန်ချမှတ်ခဲ့သည်။ သူ၏ ကယ်တင်ခြင်းဖြင့် ကျွန်မကို ဆင်ယင်ခြင်းအတွက် သူ့ကို ကျွန်မ ပြန်လည်ပေးဆပ်နိုင်ရန်၊ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်မ ဖြန့်ဝေပြီး၊ ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများ၊ သမ္မာတရားကို တောင့်တသူများနှင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အလွန်ပြင်းထန်စွာ လှည့်စားခံရသူများ အားလုံးကို ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ကျွန်မပြန်လည်ခေါ်ဆောင်ပါမည်။

အောက်ခြေမှတ်စု(များ)-

၁။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ”။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အဖမ်းခံရပြီးနောက်

ကျိုးလီ တရုတ်နိုင်ငံ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ နေ့လည်နေ့ခင်းတစ်ခုမှာ၊ တခြားညီအစ်မ သုံးယောက်နဲ့ ကျွန်မ စုဝေးပွဲကို သွားနေတုန်းမှာ...

ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်း ကို ဖြတ်၍ အသက်ရှင်ခြင်းက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေပြီ

ကျောက်ယူရီ၊ ရှန်းစီစီရင်စုကျွန်မ အမည်မှာ ကျောက်ယူရီဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉၉၃ ခုနှစ်တွင် ကျွန်မ တစ်မိသားစုလုံး...

စစ်မေးခန်းထဲက ညှဉ်းပန်းနှိပ်စက်ခြင်း

ရှောက်မင်း တရုတ်နိုင်ငံ၂၀၁၂ ခုနှစ်တွင် အသင်းတော်အတွက် ဧဝံဂေလိတရား ဟောကြားနေစဉ်တွင်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခြင်းကို ကျွန်မခံခဲ့ရသည်။...

စာတန်ကို အနိုင်ယူဖို့အတွက် ဘုရားသခင်ကို အားကိုးခြင်း

ချိုကျန်း တရုတ်နိုင်ငံ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ မနက် ၅ နာရီ လောက်မှာ၊ ကျွန်မ တွေ့ဆုံပွဲတစ်ခုကို အသွား လမ်းဘေးမှာ ရပ်ထားတဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။