စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

14.11.2019

ရှန်းဝမ်၊ မလေးရှား

ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ) နှင့်အတူ ကျွန်မ လိုက်ယုံကြည် ခဲ့သည်။ ဝတ်ပြု အစည်းအဝေးများကို မကြာခဏ ကျွန်မ တက်လေ့ရှိပြီး သူမနှင့်အတူ ကျမ်းစာ ဖတ်ခဲ့ကာ ကျွန်မ အသက်အရွယ် ရလာသည်နှင့်အမျှ ကလေးသူငယ် အဖွဲ့မှ ဆယ်ကျော်သက် အဖွဲ့သို့ ကျွန်မ ပြောင်းတက်ခဲ့သည်။

ဆယ်ကျော်သက်အဖွဲ့ကို ဒေသနာဝေငှခြင်းအတွက် တာဝန်ကျသည့် သင်းအုပ်ဆရာမှာ ဓမ္မပညာ ဒေါက်တာဘွဲ့ရ သူတစ်ဦး ဖြစ်သည်။ သူက သင်းအုပ်ဆရာ တစ်ဦး ဖြစ်ရ သည်မှာ မလွယ်ကူကြောင်းနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုမရှိဘဲ သင်းအုပ်ဆရာအလုပ်တွင် သည်းခံကြိုးပမ်းဖို့ မှာ အလွန်ခဲယဉ်း ကြောင်းတို့ကို ကျွန်မတို့ကို မကြာခဏ ပြောလေ့ရှိသည်။ ထို့ကြောင့် သူ့ကို ဘုရားသခင် နှစ်သက်သောသူတစ်ဦးနှင့် သန်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုရရှိသောသူတစ်ဦးအဖြစ် ယုံကြည်နေခဲ့ကြကာ၊ ကျွန်မတို့က သူ့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ခဲ့ကြသည်။ ကျွန်မတို့ကို သူ တရားဟောသည့်အခါ ကျမ်းစာမှ ကျမ်းချက်နှစ်ချက်ကို သူမကြာခဏ သုံးလေ့ရှိသည်။ “ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြ နှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူ တို့ကို ပြကြလိမ့်မည်။(ရှင်မာကု ၁၃:၂၁-၂၂) သူက နောက်ဆုံးသော ကာလတွင် ခရစ်တော်၏ အယောင်ကို ဆောင်သောသူများစွာ ပေါ်ထွန်းလိမ့်မည်ကို ပြောပြခဲ့ပြီး ကျွန်မတို့ကို အမြဲ သတိရှိရန်နှင့် အခြား ဒေသနာများကို သာမန်ကာလျှံကာ သွားပြီး နားမထောင်ကြရန် တိုက်တွန်းလေ့ ရှိသည်။ အထူးသဖြင့် ကျွန်မတို့ထဲမှ သမ္မာကျမ်းစာထဲတွင် အားကောင်းသော အခြေခံအုတ်မြစ် မရှိသူများနှင့် ဝိညာဉ်ရေး အသက်တာများ အလွန်အားနည်းသည့် သူများအတွက် လှည့်ဖြားခံရခြင်းအဖြစ်ကို ရှောင်ရှားဖို့ရန် အလို့ငှာ အခြား ဂိုဏ်းဂဏမှ တစ်ဦးဦး ဟောကြားသည့် မည်သည့်တရား ဒေသနာကိုမဆို နားမထောင်ရန်၊ မဖတ်ရန် သို့မဟုတ် မလေ့လာမဆန်းစစ်ရန်မှာ အကောင်းဆုံးဖြစ်သည်ဟု သူ ပြောခဲ့သည်။

ဤအရာအပြင် ကျွန်မတို့ ဖြစ်သည့်နည်းနှင့် ရှောင်ရှားသင့် သည့် အရှေ့ရပ်မှ လျှပ်ပြက်ခြင်းအပါအဝင် အသင်းတော် အချို့ကိုလည်း သင်းအုပ်ဆရာက မကြာခဏ ပြောပြ တတ်ပြီး၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းအကြောင်း ဖြန့်ထားသည့် အပျက် သဘောဆောင်သော ကျော်ကြားမှုအချို့ကို ကျွန်မတို့ကို သူပြန် ပြောပြခဲ့သည်။ ကျွန်မ၏ အဖွဲ့ဝင်များက ဤအရာကို ကြားသည့်အခါ၊ ထိုအသင်းတော်ကို ရှောင်ရှားပါ့မည်ဟု သူတို့ အားလုံး ဆိုကြလေသည်။ ကျွန်မတို့ ကျမ်းစာကို မကြာခဏ ဖတ်သရွေ့၊ ဝတ်ပြု အစည်းအဝေးများ တွင် ပုံမှန်ဆက်လက် တက်ရောက်ပြီး၊ ဝိညာဉ်ရေးရာ ဆက်ကပ်မှု များကို ပုံမှန် ဆောင်ရွက်သရွေ့၊ သခင့်ဆီ နေ့တိုင်း ကျွန်မတို့၏ အပြစ်များကို ဝန်ချပြီး နောင်တရသရွေ့၊ ပြီးလျှင် တစ်ချိန်လုံး စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းသရွေ့၊ သခင် ကြွလာသည့်အခါ ကျွန်မတို့ ကောင်းကင်နိုင်ငံတော်ထဲကို ချီဆောင်ခံရကြလိမ့် မည်ဟု သင်းအုပ်ဆရာက ကျွန်မတို့ကို မကြာခဏ ဟောပြောခဲ့သည်။ သူပြောသည့်အရာကို ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ပြီး အခြားအသင်းတော်များက ဟောသည့် တရားဒေသနာများကို သာမန်ကာလျှံကာ သွားပြီး နားမထောင် ဝံ့ခဲ့ဘဲ သင်းအုပ်ဆရာ ညွှန်ကြားသည့်အတိုင်း အတိအကျ ကျွန်မ လုပ်ဆောင်ခဲ့ပါသည်။ ထို့သို့ဖြင့် ကျွန်မသည် သခင့်၏ ပြန်ကြွလာခြင်းကို စောင့်ဆိုင်း သူများအလယ်တွင် လုံခြုံစိတ်ချ ရသည့် အနေအထားတစ်ခုတွင် ရှိနှင့်ပြီးဖြစ်သည်ဟု ခံစားခဲ့ရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ရက်တစ်ရက်တွင် ကျွန်မတို့ အသင်းတော်မှ အစ်ကိုဟူက ကျောင်းတွင် ကျွန်မဆီသို့ ရုတ်တရက် အလည်လာခဲ့ပြီး၊ သူက အလွန်လေးနက်သည့် လေသံဖြင့်၊ “ငါ့မှာ နင့်ကို အရမ်းအရေးကြီး တဲ့ဟာတစ်ခု ပြောဖို့ ရှိတယ်။ ကြည့်ရတာ နင့် အမေနဲ့ ညီမက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို အခု ယုံကြည်နေကြပုံပဲ” ဟု ကျွန်မကို ဆိုလေ သည်။ ဤသတင်းကို ကျွန်မ ကြားရ သည့်အခါ ကျွန်မ အံ့အားသင့်သွားပြီး မိမိဘာသာ စဉ်းစားမိသည်မှာ “သင်းအုပ် ဆရာက အရှေ့ရပ်မှ လျှက်ပြက်ခြင်းနဲ့ ဘာမှမပတ်သက်ဖို့ ငါတို့ကို အမြဲ တိုက်တွန်းနေတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ငါ့ အမေက အဲဒါကို စယုံနိုင်ရတာလဲ” ဟူ၍ ဖြစ်သည်။ ထို့နောက် အစ်ကို ဟူက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ဝန်းရံ လျက်ရှိသည့် အပျက်သဘောဆောင်သည့် ကျော်ကြားမှု အချို့ အကြောင်းကို ပြောပြခဲ့ပြီး၊ ကျွန်မ ကြားရလေလေ ပိုကြောက် ကာ အထိတ် တလန့်ဖြစ်လေလေ ဖြစ်လာခဲ့သည်။ “ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်ရမလဲ” ဟု ကျွန်မ မရပ်မနား တွေးတောနေမိခဲ့သည်။ ထို့နောက်တွင်ပင် အစ်ကိုဟူက “အိမ်အမြန်ပြန်ပြီး နင့်အမေကို တကယ်ပဲ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို သူ စယုံသွား ပြီလားဆိုတာ မေးကြည့်။ ဒါပေမဲ့ နင်မေးတဲ့အခါ ဘာမှမသိသလို ဟန်ဆောင်နော်။ အရင်ဆုံး သူပြောစရာရှိတာ ကို နားထောင်၊ ပြီးရင် နင်တို့ စကားပြော အသံသွင်းထားတာကို ငါ့ကို ပေး” ဟု ပြောလေသည်။ ကျွန်မ အမေ လမ်းလွဲသွားမည်စိုးသောကြောင့် ကျွန်မ သဘောတူ ခဲ့ပါသည်။

ထိုကဲ့သို့ပင် ကျွန်မ အိမ်ကို ပြန်ရောက်ပြီး မရှေးမနှောင်း ပင် ကျွန်မအမေက သခင်ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီဖြစ်ကြောင်း နှင့် နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ဖော်ပြနေခဲ့ပြီး လူသားကို သန့်စင်ကာ ပြောင်းလဲဖို့ရန်နှင့် လူသားကို အပြစ်တရား၏ ချည်နှောင်မှုများမှ လုံးဝကယ်တင်ဖို့ရန်အလို့ငှာ ဘုရား အိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်နေခဲ့ကြောင်း ကျွန်မကို ပြောပြလေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင့် အမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်ပြီး အကယ်၍ ထိုအရာကို ကျွန်မတို့လွဲချော်လျှင် ကယ်တင်ခံရဖို့ရန် နောက်ထပ် အခွင့်အရေး ရှိလိမ့်မည်မဟုတ်ဟု သူမက ဆက်ပြောခဲ့သည်။ ကျွန်မအနေဖြင့်လည်း နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို မြန်မြန်လေ့လာဖို့ရန်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝတ်ပြုအစည်းအဝေးကို တက်ဖို့ရန် မျှော်လင့်သည်ဟု သူမက ပြောလေသည်။ ဤအရာကို သူမ ပြောသည့်အချိန်တွင် အစ်ကိုဟူ ကျွန်မကို ပြောခဲ့သည့် အရှေ့ရပ်မှ လျှပ်ပြက်ခြင်းနှင့် ပတ်သက်သည့် အပျက် သဘောဆောင်သော သတင်းစကားကို ကျွန်မ ချက်ချင်း တွေးမိခဲ့ပြီး သူမ ပြောသည့်အရာကို ပြင်းထန်သော မနှစ်သက်မှု တစ်ခု ကျွန်မ ခံစားခဲ့ရသည်။ သို့သော် ကျွန်မတို့၏ အပြန်အလှန်ပြောဆိုမှုကို တိတ်တဆိတ် အသံသွင်းဖို့ရန်အလို့ငှာ ကျွန်မ မိမိခံစားချက်များကို ချုပ်တည်းလိုက်ပြီး သူပြောတာကို ဆက်လက် နားထောင် ခဲ့ပါသည်။

နောက်နေ့တွင် ကျွန်မအမေက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ လူများနှင့် ဝတ်ပြုအစည်းအဝေး တစ်ခုအတွက် အွန်လိုင်းတက်ဖို့ရန် ကျွန်မကို ခိုင်းခဲ့သော်လည်း၊ ကျွန်မ ချက်ချင်း စကားဖြတ်ပြောလိုက်ပြီး “အမေ၊ သူတို့ရဲ့ ဝတ်ပြုအစည်းအဝေးတွေကို သမီး မတက်ချင်ပါဘူး။ ပြီးတော့ အမေလည်း နောက်ထပ် အဲဒါတွေကို မတက်သင့်ဘူး။ အမေ့ကြည့်ရတာ သူတို့ဆီကို ပိုပိုပြီး စိတ်ယိုင်လာ သလိုပဲ” ဟု ပြောလိုက်သည်။ ကျွန်မအမေက ညင်သာစွာဖြင့် “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကို မောင်နှမတွေနဲ့ ဝတ်ပြုအစည်းအဝေးတွေ၊ မိတ်သဟာယပြုတာ တွေကို အမေ တက်နေခဲ့ကတည်းက ကျမ်းစာထဲက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အသစ်သော ထိုးထွင်း သိမြင်မှုနဲ့ နားလည်သဘောပေါက်မှုတွေ ရှိလာခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့ မိတ်သဟာယတွေက သိမြင်မှုနဲ့ ပြည့်နေပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးရာကနေ ပေါ်ပေါက် လာတယ်ဆိုတာ အမေ့ စိတ်နှလုံးထဲမှာ သေချာခံစား ရတယ်။ ဒါ့အပြင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အမေ့ရဲ့ မရှင်းလင်းမှုတွေ အများကြီးကို ဖြေရှင်းပေးပြီးပြီ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် က တကယ်ကို သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ရှိပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော် တွေက သမ္မာတရားဖြစ်တယ်ဆိုတာ အခု အမေ လုံးဝ သေချာ သွားပြီ...” ဟု ဆိုလေသည်။ ထိုအချိန်အထိ ကျွန်မ၏ စိတ်မှာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနှင့် ပတ်သက်သည့် အယူအဆ များဖြင့် ပြည့်နေခဲ့ပြီး ကျွန်မ အမေပြောသမျှကို ကျွန်မ ယတိပြတ် လက်မခံနိုင်ခဲ့ပါ။ နောက်ပိုင်းတွင် အစ်ကိုဟူ ကျွန်မကို ပြောခဲ့သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဝန်းရံ နေသည့် အပျက်သဘောဆောင်သည့် သတင်းစကားကို ကျွန်မ အမေကို ပြဖို့ ကျွန်မ အွန်လိုင်းတက်ခဲ့ပြီး ကျွန်မက “အမေ မြင်လား။ ဒီမှာ အွန်လိုင်းမှာ အရမ်းကို ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ပြီးတော့ သမီးတို့ရဲ့ သင်းအုပ်ဆရာကလည်း အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို မလေ့လာဖို့ သမီးတို့ကို မကြာခဏ ပြောတယ်။ ခုချိန်ကစပြီး သူတို့နဲ့ မပတ်သက်တော့ဘူးလို့ သမီးကို ကျေးဇူးပြုပြီး ပြောပေးပါ” ဟု ပြောခဲ့ ပါသည်။

ကျွန်မ အမေသည် အပျက်သဘောဆောင်သော သတင်း စကားကို မကြည့်ခဲ့ဘဲ ကျွန်မကို စိတ်ရှည်ရှည်ဖြင့်သာ ဆက်လက် စကားပြောခဲ့ပြီး “မေမေ့ချစ်ရတဲ့ သမီးလေး၊ တရုတ်ကွန်မြူနစ် အစိုးရက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို စက်ဆုပ်ရွံရှာပြီး ဘာသာရေး ယုံကြည်မှုရှိတဲ့ ဘယ်သူ့ကိုမဆို အထင်အမြင်သေးတဲ့ ဘုရားမဲ့ အဖွဲ့အစည်း တစ်ခုပဲ။ တရုတ်နိုင်ငံမှာ ခရစ်ယာန်ဘာသာနဲ့ ကက်သလစ် အယူဝါဒကို အစွန်းရောက်ဂိုဏ်းတွေအဖြစ် တရုတ်ကွန်မြူနစ် ပါတီ အစိုးရက ရှုတ်ချတယ်။ ပြီးတော့ သမ္မာကျမ်းစာဟာလည်း မရေမတွက်နိုင်တဲ့ မိတ္ထူစာတွေ မီးရှို့ခံရ၊ ဖျက်ဆီးခံရပြီး အစွန်းရောက်စာအုပ်တစ်အုပ်အဖြစ် ရှုတ်ချခံရတယ်၊ ပြီးတော့ အခုဆိုရင် တရုတ်ပြည်မှာ သမ္မာကျမ်းစာ ရောင်းတာကိုတောင် တားမြစ်ပိတ်ပင် ခံရတယ်။ ခရစ်ယာန်တွေနဲ့ ကက်သလစ်တွေ အများကြီး တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ ထောင်ချတာ ခံခဲ့ရပြီးပြီ။ ပြီးတော့ တစ်ချို့က ကိုယ်လက်အင်္ဂါချို့တဲ့သွားအောင်တောင် လုပ်ခံ ရတယ် ဒါမှမဟုတ် အသတ်တောင် ခံရတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်တိုင်း နိုင်ငံတွေက တရုတ်ကွန်မြူနစ် အစိုးရကို အကြိမ်များစွာ ပြင်းပြင်းထန်ထန် စွပ်စွဲရှုတ်ချခဲ့ကြတယ်။ အဲဒီလို ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ အစိုးရရဲ့ စကားတွေကို သမီး တကယ်ရော ယုံနိုင်လား။ အဲဒီအစိုးရက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်တွေကို အကဲဖြတ်ဖို့နဲ့ ရှုတ်ချဖို့ အရည်အချင်းမီ လို့လား။ ပြီးတော့ ဘာလို့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲ တွေက နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လေ့လာဖို့ အမေတို့ကို ခွင့်မပြုရတာလဲ။ သူတို့ရဲ့ လုပ်ရပ်တွေက သခင့်ရဲ့ သွန်သင်ချက်တွေနဲ့ ကိုက်ညီရဲ့လား။ သခင်ယေရှုက၊ ‘စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲ ၅:၃) လို့ ပြောခဲ့တယ်။ သခင့် နှုတ်ကပတ်တော်တွေကနေ တစ်ယောက်ယောက်က သခင့်ရဲ့ ပြန်ကြွလာခြင်းကို သက်သေခံနေတာကို အမေတို့ ကြားတဲ့အခါ တက်တက်ကြွကြွနဲ့ လေ့လာဆန်းစစ်တဲ့ သဘောထားကြီးတဲ့ ရှာဖွေသူတွေဖြစ်စေချင်တယ်ဆိုတာ အမေတို့ မြင်နိုင်တယ်၊ အဲဒီနောက်မှပဲ သခင့်ရဲ့ ပြန်ကြွလာခြင်း ကို အမေတို့ ကြိုဆိုနိုင်မှာမို့လို့ပဲ။ အမေ့ ချစ်သမီးလေး၊ သခင့်ထဲက ယုံကြည်သူတွေအနေနဲ့ ဘာလို့ အမေတို့က တခြားလူတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်ပေမဲ့ သခင့်စကားတွေကို အရေးမစိုက်ကြတာလဲ။ သင်းအုပ်ဆရာ ပြောတဲ့အရာနဲ့ အဲဒီ ဆိုးယုတ်တဲ့ အစိုးရ ထုတ်ပြန်တဲ့ အပျက်သဘောဆောင်တဲ့ သတင်းစကားကို အမေတို့ ယုံကြည်ပြီး သခင့်ရဲ့ ပြန်ကြွလာခြင်းကို တစ်ယောက်ယောက်က သက်သေခံနေတာကို ကြားတဲ့အခါ မတုန်မလှုပ်ဖြစ်ပြီး သတိထားနေကြရင်၊ အဲဒါက သခင့်အလိုတော်နဲ့ ကိုက်ညီ ရဲ့လား။ အဲဒီလို လုပ်ဆောင်ခြင်း အားဖြင့် သခင့် နှုတ်ကပတ်တော်တွေကို အမေတို့ ဆန့်ကျင်သွား နေကြတာ မဟုတ်လား။ ယေရှု အချိန်ကာလတုန်းက ဂျူးလူမျိုး ယုံကြည်သူတွေဟာ သခင့်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော် ကို မရှာဖွေ ဒါမှမဟုတ် မလေ့လာခဲ့ကြဘဲ အဲဒီအစား သခင့်အကြောင်း ဖာရိရှဲတွေ လုပ်ကြံပြောဆိုခဲ့ကြတဲ့ ကောလဟလတွေကို မစဉ်းမစား ယုံကြည်ခဲ့ ကြတယ်၊ ဒါကြောင့် သခင်ယေရှုကို သူတို့ အာခံပြီး ရှုတ်ချခဲ့ကြသလို နောက်ဆုံးမှာ သူ့ကို ကားတိုင်ပေါ် ကားစင်တင်သတ်ခဲ့ကြပြီး ဒီလိုနဲ့ ဘုရားသခင်ရဲ့ ပြစ်ဒဏ်ပေး တာကို သူတို့ ခံခဲ့ကြရတယ်လေ။ ဂျူးလူမျိုးတွေရဲ့ ကျရှုံးမှု သင်ခန်းစာကို အမေတို့ သင်ယူ ရမှာဖြစ်ပြီး သခင့်ကို ကြိုဆိုဖို့ အမေတို့ရဲ့အခွင့်အရေး မလွဲချော် ဖြစ်အောင် ရှောင်ရမယ်။ ဒါကို ဗျာဒိတ်ကျမ်းထဲမှာ အကြိမ် အများကြီး ပရောဖက်ပြု ထားတယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) သခင်ပြန်ကြွလာတဲ့အခါ သူ့ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း သူဖော်ပြမှာဖြစ်ပြီး သူ့ရဲ့ ပြန်ကြွလာခြင်းကို အမေတို့ ကြိုဆို ချင်တယ်ဆိုရင် ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ဖို့ အမေတို့ သင်ယူကြရမယ် ဆိုတာကို အမေတို့ ဒီကျမ်းချက်နေ မြင်နိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေကို ဖတ်ရှုခြင်းနဲ့ လေ့လာဆန်းစစ်ခြင်း နဲ့ပဲ အဲဒါတွေက ဘုရားရဲ့ အသံတော် ဟုတ်၊ မဟုတ် ဆိုတာကို သမီးသိလိမ့် မယ်”ဟု ပြောပါသည်။ သူမပြောစရာ ရှိသည်ကို ပြောသွားလျက် “နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ” ဟု ခေါင်းစဉ်တပ်ထားသည့် စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး ကျွန်မကို လှမ်းပေးလိုက်ပါသည်။

သူမလက်ထဲရှိ စာအုပ်ကို ကျွန်မ ကြည့်လိုက်ပြီး မယူခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူမပြောလိုက်သည့်အရာကို ကျွန်မ လက်မခံနိုင်သေးသောကြောင့် ဖြစ်ပြီး ကျွန်မက “သမီး အဲဒါကို မဖတ်ချင်ဘူး” ဟုသာ ပြောလိုက်သည်၊ ထို့နောက် ကျွန်မ အိပ်ခန်းဆီ လှည့်ထွက်သွားလိုက်ပါသည်။

ကျွန်မ၏ စာရေးခုံပေါ် ထိုင်နေရင်းဖြင့် ကျွန်မ စိတ်ပြန် ငြိမ်သွားပြီး ခုလေးတင် ကျွန်မ အမေပြောခဲ့သည့် အရာအပေါ် သုံးသပ်မိခဲ့သည်။ ကျွန်မသည် မိမိဘာသာ “အမေပြောတဲ့ အရာက တကယ်တော့ မမှားပါဘူးလေ။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက သခင်ပြန်ကြွလာပြီလို့ သက်သေခံတယ်၊ ဒါပေမဲ့ သင်းအုပ်ဆရာ ပြောတဲ့အရာကိုပဲ ငါ မစဉ်းမစားနဲ့ ယုံကြည်ခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တောင် မဖတ်ဘဲ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းအကြောင်း တရုတ်ကွန်မြူနစ် အစိုးရ ထုတ်ပြန်တဲ့ အပျက်သဘောဆောင်တဲ့ သတင်းစကားကို ယုံကြည်ခဲ့တယ်။ အဲဒါက ငါ့ဖက်ကနေ တော်တော့်ကို ထင်ရာမြင်ရာ ဆုံးဖြတ်ချက်တစ်ခုပဲလို့ ငါထင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ပြီး ငါက သူ့ကို လက်ခံဖို့ ငြင်းတယ်ဆိုရင် သခင့်ကို ကြိုဆိုမဲ့့ ငါ့အခွင့်အရေးကို ငါ လွဲချော်သွားမှာပဲ။ ဒါပေမဲ့ သင်းအုပ် ဆရာက နောက်ဆုံးသော ကာလမှာ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေ ပေါ်လာမယ်လို့ ငါတို့ကို အမြဲဟောတယ်၊ ပြီးတော့ ငါက လမ်းလွဲသွားရင် သခင့်ကို ငါယုံကြည်တာ အားလုံးက အချည်းနှီး ဖြစ်မသွားဘူးလား” ဟု တွေးမိခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးက ချီတုံချတုံဖြစ်နေခဲ့ပြီး မည်သူ့ကို ယုံကြည်ရမှန်း ကျွန်မ မသိခဲ့ပါ။ ထို့ကြောင့် ကျွန်မ သခင့်အပေါ် တောင်းလျှောက်ခဲ့ပါသည်- “အို သခင်၊ ကိုယ်တော့်ရဲ့ ပြန်ကြွ လာခြင်းကို ကျွန်မ အမြဲ တမ်းတခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ဆုံးသော ကာလမှာ ပေါ်လာတဲ့ ခရစ်တော်ရဲ့ အယောင်ကို ဆောင်သူတွေရဲ့ လှည့်ဖြားခံရမှာကို အခု ကျွန်မ စိုးရွံ့မိပါတယ်။ အို သခင်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းဆီက လူတွေက ကိုယ်တော် ပြန်ကြွလာပြီးပြီလို့ အခု သက်သေခံနေကြပါတယ်၊ ဒါကြောင့် ကိုယ်တော်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် အမှန် တကယ် ပြန်ကြွလာပြီးပြီဆိုရင်၊ ကျွန်မကို ကိုယ်တော် ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြဖို့နဲ့ ကိုယ်တော်ရဲ့ အသံတော်ကို သတိပြုမိအောင် ကျွန်မကို အခွင့်ပေးဖို့ တောင်းလျှောက်ပါတယ်။”

နောက်တစ်နေ့တွင်၊ ကျွန်မ၏ အမေက သူ၏ ဝတ်ပြုအစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ ကျွန်မကို တစ်ဖန် တိုက်တွန်းပြန်သည်။ အတော်အတန် တုံ့ဆိုင်းနေ ပြီးနောက် ကျွန်မသည် အွန်လိုင်းပေါ်တက့်ပြီး သူတို့ ပြောစရာ့ရှိသည့် အရာကို နားထောင်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ဝတ်ပြုအစည်းအဝေး စလိုက်သည့်အချိန်တွင် ကျွန်မ အလွန်စိတ်အနှောင့်အယှက် ဖြစ်ခဲ့ပြီး ညီအစ်ကို မောင်နှမများ မိတ်သဟာယပြုနေကြသည့် အရာကို ကျွန်မ အမှန်တကယ် နားမထောင်ခဲ့ပါ။ နောက်ပိုင်းတွင် အစ်ကို ကျန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့် ၏ နက်နဲမှုအပြင် နောက်ဆုံးသော ကာလတွင် ဘုရားသခင် ဆောင်ရွက်သော တရားစီရင်ခြင်း အမှုတော်ကဲ့သို့သော သမ္မာတရား ရှုထောင့်များအကြောင်းကို မိတ်သဟာယ ပြုပေး နေခဲ့ပါသည်။ ကျွန်မ၏ စိတ်နှလုံးက စိတ်ဝင်စားသွားပြီး ပိုနားထောင်လေလေ၊ ထိုရှုထောင့်များအားလုံးက ပိုဆန်းသစ်ပြီး သစ်လွင်လေလေ ခံစားခဲ့ရသည်။ ယခင်က ကျမ်းစာ လေ့လာမှု သင်တန်းများကို ကျွန်မ တက်ခဲ့ဖူးသော်လည်း တရားဟောဆရာ က ဘုရားသခင် ဆောင်ရွက်သည့် နိမိတ်လက္ခဏာများကို ပြော်ပြခြင်းအားဖြင့် ဘုရားအမှုတော်၏ အံ့ဖွယ်သဘော သဘာဝအကြောင်း၊ သို့မဟုတ် အတိတ်က သန့်ရှင်းသူတို့သည် ဘုရားသခင်၏ စေခိုင်းမှုများကို ပြီးမြောက်ရန် ဘုရားသခင်ကို မည်သို့နာခံခဲ့ကြသည်၊ စသဖြင့်တို့ကိုသာ ပြောဆိုခဲ့သည်။ သူတို့က လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အကြောင်း တစ်ခုတစ်လေမျှ တစ်ကြိမ်မျှပင် သူတို့ မပြော်ပြခဲ့ပါ။ အစ်ကိုကျန်း၏ မိတ်သဟာယက ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုတော် အကြောင်း သိနားလည်မှုအချို့ကို ရရှိခွင့်ပေးခဲ့သည်။ ဤအရာ များအားလုံးသည် အရင်က ကျမ်းစာကို နှစ်များစွာ ဖတ်ရှုခဲ့သော်လည်း ကျွန်မ လုံးဝနားမလည်ခဲ့သည့် အရာများ ဖြစ်သည်။ ဝတ်ပြုအစည်းအဝေး ပြီးသွားသည့်အခါ ကျွန်မ စိတ်ကို ကျွန်မ ပြောင်းလဲခဲ့ပါသည်။ ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို အရင်ဆုံး လေ့လာဆန်းစစ်မည်၊ ပြီးလျှင် ကျွန်မ အမေနှင့် အပြန်အလှန် ပြောဆိုမှု အသံသွင်းထားသည်ကို ဖျက်လိုက်မည်ဟု ဆုံးဖြတ် ခဲ့ပါသည်။

တတိယနေ့ ကျွန်မတို့ ဝတ်ပြုအစည်းအဝေးအတွင်းတွင် ပညာသတိရှိသော သတို့သမီးများနှင့် မိုက်မဲသော သတို့သမီး တို့ကြား ခြားနားချက်ကို ကျွန်မတို့ ဆွေးနွေးခဲ့ ကြသည်။ အစ်ကို ကျန်းက၊ “ပညာသတိရှိတဲ့ သတို့သမီးတွေက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို တမ်းတကြပြီး ဘုရားသခင်ရဲ့ အသံတော်ကို ဘယ်လိုနားထောင်ရမယ်ဆိုတာ သိကြတဲ့အတွက် ပညာရှိတာ ဖြစ်တယ်။ သူတို့က ဉာဏ်ရှိကြပြီး အရည်အချင်း ပိုင်ဆိုင်ကြ တယ်၊ ပြီးတော့ သူတို့က သမ္မာတရားကို ချစ်ပြီး ရှာဖွေကြ သူတွေပဲ။ အကျိုးဆက်အနေနဲ့ သခင်ကြွလာပြီဆိုတဲ့ သတင်းကို သူတို့ကြားကြတဲ့အခါ သူတို့ တက်တက်ကြွကြွ ရှာဖွေပြီး လေ့လာဆန်းစစ်ကြတယ်- ဒီလိုလူတွေက ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေရဲ့ လှည့်ဖြားတာကို မခံရနိုင်ဘူး။ မိုက်မဲတဲ့ သတို့သမီးတွေက သမ္မာတရားကို မချစ်ကြဘူး၊ ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ဖို့ သူတို့ အာရုံမစိုက် ကြသလို ဘယ်လိုနားထောင်ရ မယ်ဆိုတာလည်း မသိကြဘူး။ သူတို့က စိတ်ရှုပ်ထွေးနေ ကြပြီး သိမြင်မှုမရှိကြဘူး၊ ပြီးတော့ သခင့်ရဲ့ ကြွလာခြင်းနဲ့ ပတ်သက်ပြီး သူတို့က ဘုရားရဲ့ အမှုတော်ကို အာခံပြီး ရှုတ်ချဖို့ သူတို့ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကိုပဲ ဖက်တွယ် ကြတယ်။ ဥပမာအနေနဲ့၊ ညီအစ်ကို မောင်နှမအချို့က ကိုယ်တော့်ကို သူတို့ ယုံကြည်ခြင်းမှာ သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို နားထောင်ဖို့ အာရုံမစိုက်ကြဘူး၊ အဲဒီအစား သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ပြောတာကို ယုံကြတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ဘာပဲ ပြောပါစေ၊ အဲဒါ သူတို့ ယုံကြည်တဲ့အရာဖြစ်တယ်။ သူတို့က သခင့်ကို အမည်ခံသာ ယုံကြည်ကြပေမဲ့၊ အမှန်မှာတော့ သူတို့က သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ နောက်လိုက်ပြီး နာခံကြတယ်။ နောက်ပြီး ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့ သူတွေကို မစဉ်းမစား သတိထားခြင်း အပေါ်ကိုသာ အဓိက အာရုံစိုက်ကြတဲ့ ညီအစ်ကို မောင်နှမအချို့ရှိပြီး၊ သူတို့က သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းကို တစ်ယောက်ယောက် ဖြန့်တာကို ကြားကြတဲ့ အချိန်မှာတောင် မရှာဖွေသလို၊ လေ့လာ မဆန်းစစ်ကြဘူး- ဒါက အစာနင်မှာစိုးလို့ မစားတာနဲ့ တူမနေ ဘူးလား။ ဒီလိုလူတွေက သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆို နိုင်စွမ်း ရှိကြလား” ဟု ပြောလေသည်။

အစ်ကို ကျန်း၏ စကားများက ရုတ်တရက် ကျွန်မကို ဟုန်းခနဲ ထိုးထွင်းသိမြင်မှုတစ်ခု ပေးခဲ့ပြီး ကျွန်မက၊ “အဲဒါ မှန်တယ်။ ငါ သင်းအုပ်ဆရာဟောတာကို ဒီလောက်အချိန် အကြာကြီး အခု ငါ ယုံကြည်ပြီးပြီ၊ ပြီးတော့ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ငါ မလေ့လာခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဆိုရင်၊ ငါ့က မိုက်မဲတဲ့ သတို့သမီး တစ်ယောက် အဖြစ် ဖော်ထုတ်ခံရပြီးပြီ မဟုတ်လား။ သခင်ယေရှုက၊ ‘တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) လို့ ပြောခဲ့တယ်။ သခင့်ကို ကြိုဆိုဖို့ ငါ အမြဲ စောင့်မျှော်ခဲ့တယ်၊ ပြီးတော့ အခု အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သခင်ပြန်ကြွလာ ပြီလို့ သက်သေခံနေကြတယ်။ ငါ ပညာသတိရှိတဲ့ သတို့သမီး ဖြစ်သင့်ပြီး နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ရှာဖွေပြီး လေ့လာဆန်း စစ်သင့်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါကသာ ဘုရား အလိုတော်နဲ့ ကိုက်ညီလို့ပဲ” ဟု တွေးခဲ့ပါသည်။ ထို့ကြောင့်၊ ကျွန်မသည် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ဆက်လက်လေ့လာဆန်းစစ်ရန် ဆုံးဖြတ်ခဲ့သည်။

နောက်နေ့ ဝတ်ပြုအစည်းအဝေးတွင် ကျွန်မက “အစ်ကို၊ ပညာသတိရှိတဲ့ သတို့သမီးဖြစ်ဖို့ အဓိကသော့ချက်က ဘုရားသခင် ရဲ့ အသံတော်ကို နားထောင်ခြင်းအပေါ် အာရုံစိုက်ဖို့ ဖြစ်တယ်လို့ မနေ့က အစ်ကို မိတ်သဟာယပြုခဲ့တယ်။ ကျွန်မ အနေနဲ့ အခု နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော် ကို လေ့လာဆန်းစစ်ဖို့ လိုက်လျှောက်ရမဲ့ လမ်းကြောင်းတစ်ခု ရှိပြီလို့ ခံစားရတယ်၊ဒါပေမဲ့ ကျွန်မရဲ့ သင်းအုပ်ဆရာက သူ့ရဲ့ ဒေသနာတွေမှာ လူတွေကို လှည့်ဖြားဖို့ ခရစ်တော်ရဲ့ အယောင်ဆောင်တဲ့သူတွေ နောက်ဆုံးသော ကာလမှာ ပေါ်လိမ့် မယ်လို့ မကြာခဏ ပြောတယ်၊ ဒီတော့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့အယောင်ကို ဆောင်တဲ့ သူတွေကြား ကျွန်မတို့ ဘယ်လို သိမြင်သင့်သလဲ။ ဒီသမ္မာတရား ရှုထောင့်ကို ကျွန်မ နားမလည်ဘူး၊ ဒါကြောင့် အစ်ကို ကျွန်မကို ဒီအကြောင်း မိတ်သဟာယပြုပေးနိုင်မလားလို့ သိချင်နေတာ” ဟု မေးလိုက် သည်။

အစ်ကို ကျန်းက၊ “ညီမမေးလိုက်တဲ့ ဒီမေးခွန်းက အစ်ကိုတို့ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မလား၊ မကြိုဆိုနိုင်ဘူးလား ဆိုတာနဲ့ တိုက်ရိုက် ဆက်နွယ်တဲ့အတွက် အရေးပါလှပါတယ်။ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေကြား ပိုင်းခြားသိမြင်မှုအကြောင်း သမ္မာတရားကို အစ်ကိုတို့ နားလည်သဘောပေါက်နိုင်သရွေ့၊ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူက ဘုရားသခင်ကို ဘယ်လိုပဲ တူအောင်တုဖို့ ကြိုးစားပါလေ့စေ၊ သူတို့ရဲ့ လှည့်ဖြားတာကို အစ်ကိုတို့ မခံရဘဲဆက်နေနိုင်မှာဖြစ်ပါတယ်။ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့ သူတွေကြား ဘယ်လိုခွဲခြားသိမြင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သခင်ယေရှုက၊ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော် ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြ နှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူ တို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲ ၂၄:၂၃-၂၄) လို့ ပြောပါတယ်။ သခင့် နှုတ်ကပတ်တော်က နောက်ဆုံးသော ကာလ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေဟာ လူတွေကို လှည့်ဖြားဖို့ နိမိတ်လက္ခဏာ နဲ့ အံ့ဖွယ်အမှုတွေကို အများဆုံးအသုံးပြုမယ်လို့ ရှင်းရှင်းလင်းလင်း ပြောပါတယ်။ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေက သမ္မာတရား ကင်းမဲ့ကြပြီး သူတို့ရဲ့ အနှစ်သာရက ဝိညာဉ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေ နဲ့ဆိုင်တဲ့ အရာ ဖြစ်တာကြောင့်၊ သူတို့ဟာ ဘုရားရဲ့ ပြီးခဲ့တဲ့ အမှုတော်ကိုပဲ တုပနိုင်ကြပြီး ရိုးရှင်းတဲ့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်အမှု အချို့ကို ဆောင်ရွက်နိုင်တယ်၊ ဒါမှမဟုတ် ဆန်းကြယ်တဲ့ သီအိုရီ တွေနဲ့ လူတွေကို ရှုပ်ထွေးစေဖို့ ကျမ်းစာကို တလွဲအနက် ပြန်ကြတယ်။ ခရစ်တော်ပဲ သမ္မာတရား၊ လမ်းခရီးနဲ့ အသက် ဖြစ်ပါတယ်၊ ပြီးတော့ သူသာ သမ္မာတရားကို ဖော်ပြနိုင်ပြီး လမ်းခရီးကို ပြနိုင်သလို အစ်ကိုတို့ကို အသက် ပေးနိုင်ပါတယ်။ သူတို့ကိုယ်သူတို့ ခရစ်တော်လို့ ခေါ်ပေမယ့် သမ္မာတရားကို မဖော်ပြနိုင်တဲ့ သူတွေအားလုံးက သေချာပေါက် ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေနဲ့ ဟန်ဆောင်သူတွေဖြစ်တယ်၊ ဒါက ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေကို အခြေခံ ကျကျ ခွဲခြားမှုကို အစ်ကိုတို့ ပိုင်ဆိုင်နိုင်တဲ့ အခြေခံ သဘောတရား ဖြစ်တယ်” ဟု ပြောလေသည်။

အစ်ကို၏ မိတ်သဟာယကို နားထောင်ပြီးသည့်နောက်၊ ဤကျမ်းချက်ကို ကျွန်မ ဂရုတစိုက် နောက်တစ်ဖန် ဖတ်ရှုကြည့် လိုက်ပြီး၊ ထို့နောက်တွင် ရုတ်တရက် အရာအားလုံး ရှင်းသွားခဲ့ သည်-“ဟုတ်တယ်။ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့ သူတွေက လူတွေကို လှည့်ဖြားဖို့ ကြီးမားတဲ့ နိမိတ်လက္ခဏာ တွေနဲ့ အံ့ဖွယ်အမှုတွေကို ဆောင်ရွက်မယ်လို့ ကျမ်းစာထဲမှာ တကယ်ကို ပြောထားတာပဲ။ ဒီတော့ အဲဒါဆိုရင် ကျမ်းစာကို နောကျေနေကြတဲ့ အဲဒီသင်းအုပ်ဆရာတွေက ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေကို ခွဲခြားသိမြင်နိုင်မဲ့ ဒီအခြေခံ သဘောတရားကို ဘယ်လိုဖြစ်ပြီး မမြင်ခဲ့ ကြတာလဲ။”

ထို့နောက် အစ်ကိုကျန်းက အနန္တတန်ခိုးရှင် ဘုရားသခင် ၏ ကျမ်းပိုဒ်တစ်ပိုဒ်ကို ပို့ပေးခဲ့သည်- “မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှု များကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများ ကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။... အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာ များ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသောသူများကို ဆက် ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ် တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေ ပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက် ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြ သည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့် ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများ က လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း)

အစ်ကိုကျန်းက၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဘုရားသခင်က အစဉ်အမြဲ ဆန်းသစ် ပြီး လုံးဝအိုဟောင်းမသွားတဲ့ ဘုရားဖြစ်တယ်၊ ပြီးတော့ တူညီတဲ့ အမှုကိုပဲ နှစ်ကြိမ် လုံးဝမလုပ်ဘူးဆိုတာကို အစ်ကိုတို့ မြင်နိုင် တယ်။ ဘုရားသခင်က အမှုသစ်ကို အစပြု တဲ့အချိန် တိုင်းမှာ သူက နှုတ်ကပတ်တော်သစ်တွေကို ဖော်ပြပြီး လူကို လက်တွေ့ လုပ်ဆောင်ဖို့ လမ်းကြောင်းသစ်တွေ ကို ပေးတယ်။ ဥပမာ အနေနဲ့၊ သခင်ယေရှု ကြွလာခဲ့တဲ့အချိန်မှာ၊ သူက ပညတ်တရား နဲ့ ပညတ်ချက်တွေကို ကြေငြာတဲ့ အမှုကို ထပ်မလုပ်ခဲ့ဘူး၊ အဲဒီအစား လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ခြင်း အမှုတော် ကို ဆောင်ရွက်ဖို့ အခြေပြုချက်တစ်ခု အနေနဲ့ အဲဒီအမှုကို အသုံးပြုခဲ့တယ်။ ပြီးတော့ အဲဒီအချိန်က လူတွေကို လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းသစ်တွေကို သူ ပေးခဲ့တယ်။ ဥပမာအနေနဲ့၊ သူက လူတွေကို ဝန်ချဖို့နဲ့ နောင်တရဖို့၊ သူတို့ရဲ့ ရန်သူတွေကို ချစ်ဖို့၊ အချင်းချင်း ခွင့်လွှတ်ဖို့နဲ့ ချစ်ဖို့ကို သင်ယူကြဖို့၊ စသဖြင့် သွန်သင်ခဲ့တယ်။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလမှာ ကြွလာပြီဖြစ်ပြီး သူက နောင်တလမ်းကို ထပ်ပြီးတဖန် မဖော်ပြဘဲ၊ အဲဒီအစား သူက နှုတ်ကပတ်တော်တွေကနေတဆင့် လူကို စီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ ရွေးနုတ်ခြင်းအမှုကို အခြေခံတစ်ခုအနေနဲ့ အသုံးပြုပါတယ်။ ဒီအမှုတော်အဆင့် အတွင်းမှာ ဘုရားသခင်က နိမိတ် လက္ခဏာတွေနဲ့ အံ့ဖွယ်အမှုတွေကို မဆောင်ရွက်ဘဲ၊ အဲဒီအစား အစ်ကိုတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြဖို့ နဲ့ အစ်ကိုတို့ရဲ့ မတရားမှုကို စီရင်ဖို့ သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့ကျကျ ဖော်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ အစ်ကိုတို့ စစ်မှန်တဲ့ ကယ်တင်ခြင်းရဖို့ လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဘုရားသခင်က အစ်ကိုတို့ကို ပေးသနားပါတယ်၊ ပြီးတော့ အစ်ကိုတို့ကို သူက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုဆီသွား တဲ့ လမ်းကြောင်း ကို နားလည်သဘောပေါက်စေတယ်။ အဲဒီကနေ တဆင့် အစ်ကိုတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား တွေကို အစ်ကိုတို့ ဖယ်ရှားနိုင်ပြီး ဘုရားသခင်က သူ့ရဲ့နိုင်ငံတော်ထဲကို ပို့ဆောင်တာ ခံရကြတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူ အများစုက ဝိညာဉ်ဆိုးတွေ ပူးတာကို ခံရကြပြီး အားလုံးက ထူးထူး ခြားခြားကို မာနထောင်လွှားပြီး အဓိပ္ပါယ်မဲ့ ကြတယ်။ သူတို့က လူတွေကို စိတ်သဘောထား ဆိုင်ရာ ပြောင်းလဲမှုဆီ လမ်းကြောင်းကို ပြသဖို့ သမ္မာတရားကို ဖော်ပြဖို့မပြောနဲ့၊ ခေတ်သစ်တွေကို မစတင်နိုင်သလို ခေတ်တွေ ကို အဆုံးမသတ်စေနိုင်ပါဘူး။ သူတို့ လုပ်နိုင်သမျှက သခင် ယေရှုရဲ့ အတိတ်က အမှုတော်ကို တုပဖို့နဲ့ လူတွေကို လှည့်ဖြားဖို့ ရိုးရှင်းတဲ့ နိမိတ်လက္ခဏာ အနည်းငယ်ကို ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်။ ဒါပေမဲ့ လူသေကို ပြန်ရှင်စေတာနဲ့ လူငါးထောင်ကို ငါးနှစ်ကောင် မုန့်ငါးလုံးနဲ့ ကျွေးမွေးတာတွေလို သခင်ယေရှု ဆောင်ရွက်ခဲ့တဲ့ ကြီးမြတ်တဲ့ နိမိတ်လက္ခဏာတွေအနေနဲ့ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေက အဲဒီလုပ်ရပ်တွေကို တကယ်ကို မတုပနိုင်ကြပါဘူး၊ ဘာလို့လဲဆိုတော့ ဘုရားသခင် ကပဲ အဲဒီလို သြဇာအာဏာ နဲ့ တန်ခိုးတွေကို ပိုင်ဆိုင်ပြီး ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေက အဲဒီလိုအရာတွေ ကို လုံးဝ မစွမ်းဆောင်နိုင်လို့ပဲ ဖြစ်ပါတယ်” ဟု ပြောဆိုရင်း မိတ်သဟာယပြုခဲ့ပါသည်။

အစ်ကို၏ မိတ်သဟာယမှတဆင့်သာ ဘုရားသခင်၏ အမှုတော်မှာ အမြဲဆန်းသစ်ပြီး ဘယ်တော့မှ မအိုဟောင်းသလို၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့သည် ဘုရားသခင် ၏ အတိတ်က အမှုတော်ကိုသာ တုပနိုင်စွမ်းရှိပြီး ရိုးရှင်းသည့် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှု အနည်းငယ်ကိုသာ လုပ်ဆောင် နိုင်စွမ်းရှိသည်ကို ကျွန်မ နားလည်လာခဲ့ပါသည်။ သို့သော် သူတို့သည် ဘုရားသခင်၏ အမှုတော်ကို လုပ်ဆောင် နိုင်စွမ်းမရှိကြသလို၊ ဘုရားသခင်၏ အမှုတော် နောက်ကွယ်မှ အခြေခံသဘောတရားများကို ကျွန်မတို့ နားလည် သဘောပေါက် သရွေ့ ကျွန်မတို့ လှည့်ဖြားခံရမည် မဟုတ်ပါ။ အတိတ်က၊ ကျွန်မသည့် လှည့်ဖြားခံရမည်ကို အမြဲ စိုးရွံ့ခဲ့သောကြောင့် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ရှာဖွေပြီး လေ့လာဆန်းစစ်ဖို့ မပြောနှင့်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက ပေးသည့် မည်သည့် တရားဒေသနာကိုမဆိုပင် နားမထောင်ဝံ့ခဲ့ပါ။ ယင်းအစား၊ ကျွန်မ၏ အသင်းတော်တွင် မိမိဘာသာ ပြင်ပလောကနှင့် ကင်းပြတ်ကာနေခဲ့ပြီး၊ ယင်းမှာ လုပ်ဆောင်ရမည့် အန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်ပြီး အနာဂတ်တွင် သခင်နှင့် အတူ ကျွန်မ ပေါင်းစည်းလိမ့်မည်ဟု တွေးထင်ရင်း၊ ထိုနေရာတွင် တရားဒေသနာများကို နားထောင် ကာ သခင့်ကို ချီးမွမ်းခဲ့ပါသည်။ သို့သော် ထိုအရာကို ယခု စဉ်းစား ကြည့်သည့်အခါ၊ အလွန်မတုန်မလှုပ်ဖြစ်ပြီး သတိထား လွန်း ကာ နောက်ဆုံးသော ကာလ သခင်၏ မိန့်မြွက်ချက် များကို ဦးစွာမရှာဖွေခြင်းက အမှန်တကယ်ပင် သခင့်ကို ကြိုဆိုရန် ကျွန်မ၏ အခွင့်အရေးကို လွဲချော်စေတတ်ခဲ့ပါသည်။

အစ်ကို ကျန်းက၊ “ဘုရားသခင်က သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ဘုရားရဲ့ အမှုတော်နဲ့ဆိုင်တဲ့ အခြေခံသဘောတရားတွေအားဖြင့် စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေကြား ခွဲခြားသိမြင်နိုင် တဲ့အပြင်၊ သူတို့ကို ခရစ်တော်ရဲ့ အနှစ်သာရအားဖြင့်လည်း ခွဲခြားနိုင်ပါတယ်” ဟု ပြောရင်း သူ၏ မိတ်သဟာယကို ဆက်လေသည်။ ထိုအချိန်တွင်၊ အစ်ကို ကျန်းက ဘုရား နှုတ်ကပတ်တော်များ ကျမ်းတစ်ပိုဒ်ကို ပို့ခဲ့ပါသည်။ “လူ့ဇာတိခံ ယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့် ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသော ကြောင့်ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏ အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့ အကြား သူ၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်း ဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့် အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင် ၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိခန္ဓာဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ အနှေးနှင့်အမြန်ပင် ခရစ်တော်၏အယောင်ကိုဆောင်သော ထိုသူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင်ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

အစ်ကိုကျန်းက၊ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကနေ ခရစ်တော်ဟာ ဘုရား ဝိညာဉ်တော်ရဲ့ လူ့ဇာတိခံ ယူခြင်းဖြစ်တယ်ဆိုတာ အစ်ကိုတို့ မြင်နိုင်တယ်-သူက ဘုရား သဘာဝ အနှစ်သာရကို ပိုင်ဆိုင်တယ်၊ ဘုရားအမှုတော်ကို သူ ဆောင်ရွက်တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သူဖော်ပြတယ်။ အချိန်မရွေး၊ နေရာမရွေး လူကို ထောက်ပံ့ဖို့နဲ့ ထိန်းကျောင်းဖို့ သမ္မာတရားကို သူဖော်ပြနိုင်တယ်၊ ပြီးတော့ ခရစ်တော်ကပဲ လူကိုကယ်တင်တဲ့ အမှုကို ဆောင်ရွက်နိုင်တယ်။ ဥပမာအားဖြင့်၊ သခင်ယေရှုက ခရစ်တော်ဖြစ်ပြီး သူ့ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်တွေက ပညတ်တော်ခေတ်ကို အဆုံးသတ်စေပြီး ကျေးဇူးတော်ခေတ်ကို စတင်စေခဲ့တယ်။ လူသားမျိုးနွယ်ကို နောင်တလမ်းပေးသနားဖို့၊ ဘုရားသခင်ရဲ့ အလိုတော်နဲ့ သတ်မှတ်ချက်တွေကို သူတို့ ရှင်းရှင်းလင်းလင်း သိနိုင်စေဖို့နဲ့ အခက်အခဲတွေ ဖြစ်ပေါ်တဲ့အခါ လိုက်လျှောက်ဖို့ လမ်းတစ်ခု သူတို့ကို ပေးဖို့ သူ့ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း သူ ပြောဆိုခဲ့တယ်။ သခင်ယေရှု ရဲ့ နှုတ်ကပတ်တော်တွေ ကနေတဆင့် သခင့်ဆီ ဘယ်လို ဆုတောင်းရမယ်၊ အချင်းချင်း ဘယ်လိုအဆင်ပြေပြေနေရမယ်၊ အချင်းချင်း ဘယ်လို ခွင့်လွှတ်ရမယ်၊ စတာတွေကို လူက နားလည်သဘောပေါက် တယ်။ ဒါ့အပြင်၊ သခင်ယေရှုက သနားကြင်နာခြင်းနဲ့ ကရုဏာတော်နဲ့ဆိုင်တဲ့ သူ့ရဲ့ စိတ်သဘောထားကို ဖော်ပြခဲ့တယ်၊ နာမကျန်းဖြစ်သူတွေကို ကျန်းမာစေခဲ့တယ်၊ နတ်ဆိုးတွေကို နှင်ထုတ်ခဲ့သလို လူသားအပေါ် အဆုံးမရှိတဲ့ ကျေးဇူးတော်ကို ပေးသနားခဲ့တယ်။ နောက်ဆုံးမှာ၊ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သူကားစင် တင်ခံခဲ့ရတယ်၊ ဒီလိုနဲ့ လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ဖို့အမှုတော်ကို ပြည်စုံစေပြီး ပညတ်တရားရဲ့ ချည်နှောင်မှုတွေနဲ့ ချုပ်ချယ်မှုတွေကနေ အစ်ကိုတို့ကို ကယ်တင်ခဲ့တဲ့အပြင် ပညတ်တရားကို ချိုးဖောက်တဲ့အတွက် စီရင်ခံရပြီး သေခြင်းကို အပို့ခံရမယ့်အန္တရာယ်ကနေ အစ်ကို တို့ကို လွတ်ကင်းချမ်းသာစေခဲ့တယ်။ ဒါတွေက သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့ အရာတစ်ချို့တစ်လေသာ ဖြစ်ပြီး သူ့ကိုယ်စား တခြားဘယ်သူမှ အဲဒါတွေကို မလုပ်ဆောင် နိုင်ခဲ့ပါဘူး။ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ ကနေ သူဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာ အစ်ကိုတို့ မြင်နိုင်တယ်။ အလားတူပဲ၊ နောက်ဆုံးသောကာလမှာ ဘုရား သခင်က နောက်တစ်ခါ လူ့ဇာတိဖြစ်လာခဲ့ပြီး ကျေးဇူးတော် ခေတ်ကို အဆုံးသတ်ခဲ့သလို နိုင်ငံတော်ခေတ်ကို စတင်ပြီ ဖြစ်တယ်။ သူက သန်းချီတဲ့ နှုတ်ကပတ်တော်တွေကို မိန့်မြွက် ပြီးပြီ၊ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်ကို သူ ဆောင်ရွက်ပြီး ဘုန်းအာနုဘော်ဖြစ်တဲ့၊ အမျက်ဒေါသနဲ့ ပြည့်ပြီး ချိုးဖောက်လို့မရတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သူ ဖော်ပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောဆိုတဲ့ နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးနဲ့ လူသားရဲ့ အဆုံးသတ်နဲ့ နောက်ဆုံးခရီးပန်းတိုင်တို့ကို ဖွင့်ဟရုံသာမက၊ အစ်ကိုတို့ သန့်စင်ခံရဖို့နဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းရဖို့ လိုအပ်တဲ့ သမ္မာတရားတွေကိုလည်း အစ်ကိုတို့ရဲ့ လိုအပ်ချက်တွေနဲ့အညီ ပြီးပြည့်စုံတဲ့ရှင်းလင်းမှုနဲ့ အသေးစိတ်ရှင်းပြပါတယ်။ ဥပမာ အနေနဲ့ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေပုံ၊ စာတန်ရဲ့ လက်ထဲက လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရား၊ လူသားရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘုရားသခင်က စီရင်ပြီး သန့်စင်စေပုံ၊ ဘုရားသခင်ကို လူက ဘယ်လို ယုံကြည်ပြီး နာခံသင့်တယ်၊ ဘယ်လိုလူမျိုးကို ဘုရားသခင်က နှစ်သက်တယ်ဆိုတာနဲ့ ဘယ်လိုလူမျိုးကို သူက ရွံမုန်းပြီး သုတ်သင်ဖယ်ရှားတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စုံလင်စေတာခံရဖို့ အစ်ကိုတို့ ဘယ်လိုရှာဖွေလိုက်စားသင့်တယ်၊ စတာတွေကိုပေါ့။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင် ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို တွေ့ကြုံခြင်း ကနေတဆင့်၊ စာတန်အားဖြင့် အစ်ကိုတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု အနှစ်သာရနဲ့ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း အစ်ကိုတို့ မြင်နိုင်ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်၊ သန့်ရှင်းပြီး ချိုးဖောက်လို့မရတဲ့ စိတ်သဘောထားကို အစ်ကိုတို့ နားလည်လာကြတယ်။ အဲဒီနောက် အစ်ကိုတို့ မနေနိုင်ဘဲ ဘုရားသခင်ရဲ့ ရှေ့မြေပေါ်မှာ စစ်မှန်တဲ့ နောင်တနဲ့ ပြိုလဲကြတယ်၊ ဘုရားသခင်အပေါ် ပိုပိုပြီး အစ်ကိုတို့ ကြည်ညိုကြသလို နာခံမှုရှိလာကြပြီး၊ တဖြည်းဖြည်းနဲ့ အစ်ကိုတို့ရဲ့ ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား တွေကို အစ်ကိုတို့ စွန့်ပစ်ကြတယ်၊ အပြစ်တရားရဲ့ ချည်နှောင်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်စေကြပြီး ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းကို ရရှိကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေနဲ့ အမှုတော်က ကျွန်တော်တို့ဆီ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကို ယူဆောင်လာတယ်- အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး သူဟာ လူ့ဇာတိခံတဲ့ ခရစ်တော် ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့ သူတွေက လူသားမျိုးနွယ်ကို ကယ်တင်တဲ့အမှုကို ဆောင်ရွက်ဖို့ မပြောနဲ့၊ ဘုရားသခင်ရဲ့ အနှစ်သာရကို မပိုင်ဆိုင်ကြသလို သမ္မာတရားကို မဖော်ပြနိုင်ကြပါဘူး။ သူတို့က လူတွေကို လှည့်ဖြားပြီး ထိခိုက်စေဖို့ မှန်သလိုလိုထင်ရပေမယ့် တကယ် တမ်းမှားနေတဲ့ ကြေငြာချက်တွေကိုပဲ လုပ်နိုင်ကြတယ်။ တစ်ယောက်ယောက် သူတို့ပြောတာကို နားထောင်တဲ့အခါ၊ ဘာဆိုဘာ ထောက်ပံ့မှုမှ သူတို့ မရရုံသာမက၊ ဒါ့အပြင် သူတို့ရဲ့ စိတ်နှလုံးသားတွေက မှောင်သထက် မှောင်လာတယ်၊ နိမ့်ကျသထက် နိမ့်ကျလာတယ်၊ သူတို့မှာ လှည့်ပြန်စရာနေရာ မရှိကြသလို၊ စာတန်ရဲ့ ဝါးမြိုခံရတဲ့အဖြစ်နဲ့ မလွဲမရှာင်သာ အဆုံးသတ်ကြရတယ်။ ဒါကြောင့်၊ ဘုရားသခင်ရဲ့ မိန့်မြွက်ချက် တွေ၊ အမှုတော်နဲ့ စိတ်သဘောထားတွေကနေ၊ ဘုရားသခင်က သူဟာ လူ့ဇာတိခံ ခရစ်တော်ဟုတ်၊ မဟုတ်ဆိုတာကို ဖော်ပြတယ်ဆိုတာ အစ်ကိုတို့ သေချာလေ့လာသိရှိနိုင် ကြပါ တယ်” ဟုပြောရင်း သူ၏ မိတ်သဟာယကို ဆက်ခဲ့ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အစ်ကို၏ မိတ်သဟာယကို နားထောင်ပြီးသည့်နောက် စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကို ဆောင်သောသူတို့ကြား ခွဲခြားသိမြင်ပုံနှင့်ဆိုင်သည့် သမ္မာတရား ကို ပြည့်ပြည့်စုံစုံ ကျွန်မ နားလည်လာခဲ့သည်။ ခရစ်တော် သည်သာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပြီး ခရစ်တော် ကသာ သမ္မာတရားကို ဖော်ပြနိုင်သလို ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတော်ကို ဆောင်ရွက်နိုင်ပါသည်။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်ဝေါ်ကြသော်လည်း သမ္မာတရားကို ဖော်ပြနိုင်စွမ်းမရှိသလို လူကိုကယ်တင်သော အမှုတော်ကို မဆောင်ရွက်နိုင်သူအားလုံးသည် ခရစ်တော်၏ အယောင်ကိုဆောင်သော သူများဖြစ်ကြလေသည်။ နောက်ဆုံး တွင် ရှေ့ဆက်ရမည့်လမ်းကို ကျွန်မ ရှာတွေ့ပြီဖြစ်ပြီး ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၏ လှည့်ဖြားခံရ မည်ကို ကြောက်သည့်အတွက် ကျိုးကြောင်းမမြင်ဘဲ သတိမ ထားတော့သလို မတုန်မလှုပ်လည်း မဖြစ်တော့ပါ။ ဘုရားသခင် ကို ကျေးဇူးတင်ပါသည်။

ထို့နောက်တွင် အစ်ကိုကျန်းက လူ့ဇာတိခံခြင်း၏ နက်နဲမှု၊ ဘုရားသခင်၏ အမှုတော်နှင့် လူ၏ အလုပ်ကြား ကွဲပြား ခြားနားမှု၊ သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းနှင့် နောက်ထပ်အကြောင်းအရာများကဲ့သို့သော အခြားသော သမ္မာတရားများနှင့် ပတ်သက်၍ ကျွန်မကို မိတ်သဟာယပြု ပေးခဲ့ပါသည်။ ကျွန်မ ပိုနားထောင်လေလေ၊ ပိုမို စိတ်ကျေနပ်မှု ကို ခံစားရလေလေဖြစ်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမများနှင့်အတူ ဝတ်ပြုအစည်းအဝေးများ တက်ရောက်ဖို့ရန် နေ့တိုင်း ကျွန်မ စောင့်မျှော်ခဲ့ပါသည်။ ဝတ်ပြုအစည်းအဝေး အဆုံးသတ်သည့် အကြိမ်တိုင်းတွင်၊ ဝတ်ပြုအစည်းအဝေးမှတဆင့် ကျွန်မတို့ ရရှိခဲ့သည့် သိမြင်မှုအသစ်ကို ကျွန်မအမေနှင့် ကျွန်မ ဆွေးနွေးလေ့ရှိပြီး၊ တဖြည်းဖြည်းနှင့် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်၍ နားလည် သဘောပေါက်မှုအချို့ ကျွန်မ ရှိလာခဲ့ပါသည်။ ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်း ကာလတစ်ခုကြာပြီးနောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်မှာ အမှန်ပင် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ သေချာလာခဲ့သည်။ ထို့နောက် ဧဝံဂေလိတရားကို ကျွန်မ စတင်ဖြန့်ဝေခဲ့ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းအတွက် တောင့်တကြသည့် နောက်ထပ်လူများစွာ ကိုပင် သခင်ပြန်ကြွလာသည့် သတင်းကို စတင် ပြောခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်မ အမေနှင့် ကျွန်မတို့သည် သောကြာနေ့ ဝတ်ပြုကိုးကွယ်မှုကို တက်ရောက်ဖို့ အရင် အသင်းတော်သို့ သွားခဲ့ကြပါသည်။ အစည်းအဝေးပြီးသည့် နောက်တွင် ကျွန်မတို့အဖို့ အံ့အားသင့်ဖွယ်ရာပင်၊ သင်းအုပ် ဆရာက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်သည့် မှားယွင်းသော စွပ်စွဲမှုများပါရှိသည့် ဗွီဒီယို တစ်ခုကို စတင်ဖွင့်လိုက်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ကာ သူတို့ စွပ်စွဲထားသည့် လုပ်ကြံထားသော ကောလဟလများ နှင့် အသရေဖျက်မှုတို့ကို မြင်သည့်အချိန်တွင် ကျွန်မ စိတ်ဆိုး လာခဲ့ပြီး၊ “အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော် က သူတို့ပြောသလို လုံးဝ မဟုတ်ဘူး။ သူတို့တွေက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ ဘာဆက်သွယ်မှု မှမရှိသလို၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို သူတို့ မလေ့လာမဆန်းစစ်ခဲ့ကြပါဘူး။ ဘယ်လိုဖြစ်ပြီး ဘုရားသခင်ရဲ့ အမှုတော်ကို သူတို့ အရမ်းကို အခြေအမြစ်မရှိ၊ ထင်ရာမြင်ရာ ဝေဖန်နိုင်ရတာလဲ” ဟု တွေးမိခဲ့ပါသည်။

ဗွီဒီယိုပြီးသွားသည့်အခါ၊ သင်းအုပ်ဆရာ၊ သင်းထောက် နှစ်ဦးနှင့် အသင်းတော်ကောင်စီအဖွဲ့ဝင်နှစ်ဦးတို့က ကျွန်မအမေ နှင့် ကျွန်မတို့ကို နေခဲ့ဖို့ရန် တောင်းဆိုခဲ့ကြသည်။ သင်းအုပ် ဆရာက ကျွန်မတို့ကို၊ “အခု ခင်ဗျားတို့ နှစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေ ဖြစ်နေကြ ပြီလား” ဟု မေးခဲ့သည်။ ကျွန်မတို့က “ဟုတ်ပါတယ်” ဟု ပြန်ဖြေခဲ့ကြသည်။

ဤအရာကို ကျွန်မတို့ ပြောလိုက်သည့်အခိုက်အတန့်တွင် သင်းထောက် တစ်ဦးက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး၊ ကျွန်မအမေကို လက်ညိုးထိုးကာ၊ စိတ်ဆိုးမာန်ဆိုးဖြင့် “ဒီတော့ ခင်ဗျားက အနန္တတန်ခိုးရှင် ဘုရားသခင်ကို အခု ယုံကြည်နေ ပြီပေါ့။ မနက်ဖြန်ကစပြီး ခင်ဗျား ဥပုသ်စာဖြေကျောင်းကို သင်ခွင့်မရှိတော့ဘူး။ မနက်ဖြန် နေ့လည်၊ ခင်ဗျားအိမ်ကို ကျုပ်လာပြီး အသင်းတော် ငွေကို ပြန်ယူမယ်” ဟု ပြောလိုက် သည်။

ကျွန်မအမေက “ရှင်ကြိုက်တဲ့အချိန် ယူနိုင်ပါတယ်” ဟု ပြောခဲ့သည်။

သင်းအုပ်ဆရာက ဒေါသတကြီးဖြင့် “ဘာသာရေးလောက တစ်ခုလုံးက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ပြီး ရှုတ်ချကြတယ်။ ဘာလို့ ခင်ဗျားတို့က သူတို့နဲ့ မရမက အဆက်အသွယ် လုပ်နေကြတာလဲဗျာ” ဟု မေးခဲ့သည်။

ကျွန်မ အမေက ခွန်းတုန့်ပြန်ကာ၊ “ဆရာရေ၊ ဘာသာရေး လောကက သမ္မာတရားကို ပိုင်ဆိုင်လို့လား။ သခင်ယေရှုက ဘာသာရေးလောက နောက်လိုက်ခြင်းအားဖြင့်ပဲ သခင့်ကို ကြိုဆိုနိုင်တယ်လို့ ပြောခဲ့ဖူးလို့လား။ လွန်ခဲ့တဲ့ နှစ်တွေ အားလုံးမှာ သခင်ယေရှု ပေါ်ထွန်းပြီး သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ခဲ့တုန်းက၊ ဂျူးလူမျိုး ခေါင်းဆောင်တွေက သူ့အမှုတော်ကို ရှာဖွေဖို့ ဒါမှမဟုတ် လေ့လာဆန်းစစ်ဖို့ သူတို့ဘာသာ ငြင်းပယ်ခဲ့ကြရုံသာမက ယုံကြည်သူတွေက အဲဒါကို လက်ခံကြတာကိုလည်း တားဆီးပိတ်ပင်ကြတယ်။ ပြီးတော့ သခင်ယေရှုအကြောင်း ကောလဟလတွေကိုတောင် ဖန်တီးကြပြီး သူ့ကို အရူးအမူး ဆန့်ကျင်ခဲ့ကြတယ်၊ ဝေဖန်ခဲ့ ကြပြီး စော်ကားခဲ့ကြတယ်။ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ကြပြီး ဒီလိုနဲ့ ဘုရား သခင်ရဲ့ ကျိန်ဆဲတာ၊ အပြစ်ပေးတာကို သူတို့ ခံခဲ့ ကြရတယ်။ ဘာသာရေးလောကက ဆန့်ကျင်ပြီး ရှုတ်ချတဲ့ ဘယ်လမ်းကိုမဆို မှန်တဲ့လမ်း မဟုတ်ဘူးဆိုတဲ့ ရှင်ပြောတဲ့အရာကို ကျွန်မတို့က လိုက်နာရင်၊ အဲဒါက ရှင်ဟာ သခင်ယေရှုရဲ့ အမှုတော်ကိုတောင် ငြင်းပယ်နေတာလို့ အဓိပ္ပါယ်မရဘူးလား။ ဘာသာရေး လောက က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ပြီး ရှုတ်ချတာကြောင့် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ရှာဖွေဖို့ ဒါမှမဟုတ် လေ့လာဆန်းစစ်ဖို့ ရှင်ငြင်း တယ်-ဒါက သခင့်နှုတ်ကပတ်တော်တွေနဲ့ ကိုက်ညီလို့လား။ အသင်းတော်ရဲ့ သင်းအုပ်ဆရာနဲ့ သင်းထောက်တွေအနေနဲ့၊ ရှင်တို့က ဘာကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို အပင်ပန်းခံပြီး လေ့တောင်မလေ့လာဘဲနဲ့ ထင်ရာမြင်ရာပဲ ရှုတ်ချပြီး ဝေဖန်ကြတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များစွာကို ဖတ်ရာကနေတဆင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာနဲ့ အဲဒါတွေက ဘုရားသခင်ရဲ့ အသံတော်ဖြစ်တယ်ဆိုတာ မြင်ရခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ကျွန်မတို့ သေချာလာကြတာပါ” ဟု ပြောလိုက်သည်။ အံ့အား သင့်စရာကောင်းအောင်ပင်၊ သူတို့က ကျွန်မအမေပြောသည့် အရာကို အထင်သေး အရေးမလုပ်ခဲ့ကြသလို လုံးဝ လက်မခံခဲ့ကြပါ။

ကျွန်မအမေက သူ၏ ဖုန်းထဲက အက်ပလီကေးရှင်း တစ်ခုကို ဖွင့်လိုက်ပြီး သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ပြခဲ့သည်။ ထို့နောက် အသင်းတော် ကောင်စီအဖွဲ့ဝင်တစ်ဦးသည် အလွန်မောက်မာစွာ စကားပြောဆို ခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို စော်ကားပြစ်မှားသော မှတ်ချက်တစ်ချို့ကို ပြုလေသည်။ ကျွန်မအမေက ဒေါသတကြီး၊ “ရှင်တို့က မယုံနိုင်လောက်အောင် မောက်မာလိုက်ကြတာ။ ဒီနှုတ်ကပတ်တော်တွေက သမ္မာတရား ဖြစ်တယ်။ ရှင်တို့ မကြားရဘူးလား။ ဘုရားသခင်ရဲ့ အသံတော်ကို ရှင်တို့ကြား တဲ့အခါ ရှင်တို့ နားမလည်နိုင်ဘူးလား။ ရှင်တို့က ဘုရားရဲ့ သိုးတွေ တကယ် ဟုတ်ကြရဲ့လား” ဟု ပြောဆိုခဲ့ပါသည်။

ရယ်စရာမပါပါဘဲနှင့် သူတို့က ပြုံးလိုက်ကြပြီး ကျွန်မတို့ကို မောက်မာစွာဖြင့် စိုက်ကြည့်နေကြ လေသည်။ ထို့နောက် သင်းအုပ်ဆရာက မာနထောင်လွှားစွာဖြင့်၊ “ငါတို့ စောင့်ဆိုင်းကြတဲ့ သူက သူ့လက်မှာ သံမှိုစွဲရာရှိပြီး ဂျူးလူမျိုး ပုံစံနဲ့ လာတဲ့ သခင်ယေရှုပဲ။ သခင်ယေရှုကလွဲလို့၊ ဘာကိုမှ ငါတို့ လက်ခံမှာမဟုတ်ဘူး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ အရာက သမ္မာတရားဆိုရင်တောင်မှပေါ့” ဟု ဆိုလေသည်။ သူတို့ အဘယ်မျှ ခေါင်းမာကြသည့်အဖြစ်ကို မြင်ရသည့်အခါ ကျွန်မအမေနှင့် ကျွန်မသည် သူတို့ကို ဆွေးနွေးဖို့ ကြိုးစားခြင်း ကို လက်လျှော့လိုက်ကြသည်။ သူတို့၏ အပြုအမူက သခင်ယေရှုကို အာခံခဲ့ကြသည့် ဖာရိရှဲတို့၏ အပြုအမူများနှင့် တစ်ထေရာတည်းဖြစ်သည်ကို ကျွန်မ မြင်ခဲ့ရပါသည်။ သူတို့က ဘုရားသခင်ကို ယုံကြည်ကြသော်လည်း သမ္မာတရားကို မရှာဖွေခဲ့ကြသလို၊ ဘုရားသခင်၏ အသံတော်ကို နားထောင်ဖို့ အာရုံမစိုက်ခဲ့ကြပါ။ ယင်းအစား သူတို့က မာနထောင်လွားပြီး စိတ်ကြီးသာ ဝင်ခဲ့ကြသည်၊ ခေါင်းမာမာဖြင့် သူတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူး များကို ဖက်တွယ်ခဲ့ကြပြီး ဘုရားသခင်၏ အမှုတော်ကို သူတို့ ထင်ရာမြင်ရာ ဝေဖန်ပြီး ဆန့်ကျင်ခဲ့ကြသည်- သူတို့သည် ဘုရားသခင်ကို တကယ် အစေခံပုံပေါ်သော်လည်း အမှန် တကယ်တွင် သူ့ကို ဆန့်ကျင်နေကြသည့် သူများ ဧကန်အမှန် ဖြစ်ကြပါသည်။

ထို့နောက် သင်းအုပ်ဆရာက ကျွန်မတို့ကို ခြိမ်းခြာက်ခဲ့ပြီး “ခင်ဗျားတို့ ပြန်စဉ်းစားဖို့ တစ်လ ကျွန်တော်တို့ ပေးလိုက်မယ်။ တကယ်လို့ တစ်လဆိုတဲ့အချိန်မှာ အနန္တတန်ခိုးရှင် ဘုရား သခင်ကို ခင်ဗျားတို့ မရမက ယုံကြည် နေကြသေးတယ်ဆိုရင် ကျွန်တော်တို့ အသင်းတော်ကနေ ခင်ဗျားတို့ကို မောင်းထုတ်ရ လိမ့်မယ်” ဟု ပြောခဲ့သည်။

ကျွန်မက စိတ်ဆိုးမာန်ဆိုးဖြင့် “တစ်လ စောင့်စရာ မလိုပါဘူး။ အခုပဲ ကျွန်မတို့ကို မောင်းထုတ်လိုက်ပါ။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ရှာဖွေတာနဲ့ လေ့လာဆန်းစစ်တာတွေအတွက် ဒီအချိန်ကို အသုံးပြုခဲ့မှတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာ ကျွန်မတို့ သေချာနှင့်ပြီးပါပြီ။ ဘုရားသခင်ရဲ့ အသံတော်ကို နောက်ဆုံးမှာ ကျွန်မတို့ ကြားရပြီ၊ ဒါကြောင့် ရှင်က ကျွန်မတို့ကို မနှင်ထုတ်ရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ဒီအသင်းတော်က ဝတ်ပြုအစည်းအဝေးတွေကို တက်ဖို့ ကျွန်မတို့ ပြန်လာမှာမဟုတ်ဘူး” ဟု ပြောလိုက်သည်။

သင်းအုပ်ဆရာက သူ့လေသံကို လျော့လိုက်ပြီး မရိုးသား စွာဖြင့်၊ “အဲဒီလိုဆို အဆင်ပြေမှာမဟုတ်ဘူး။ အခုခင်ဗျားတို့ကို နှင်ထုတ်လိုက်ရင် ညီအစ်ကို မောင်နှမတွေက ကျွန်တော်တို့ကို ဘယ်လိုထင်မလဲ။ သူတို့က အွန်လိုင်းပေါ်က အစည်းအဝေး တစ်ချို့တက်တာလေးနဲ့ပဲ ခင်ဗျားတို့ကို ကျွန်တော်တို့ နှင်ထုတ်တယ်တို့ ပြောကြမှာပဲ၊ အဲဒါဆိုရင် ကျွန်တော်တို့က လုံးဝ သနားကြင်နာမှုမရှိသလို ဖြစ်နေမှာပေါ့။ တစ်လဆိုတဲ့ အချိန်မှာ ကျွန်တော်တို့က ခင်ဗျားတို့ကို ကြိုးစားပမ်းစား ဆွေးနွေးခဲ့ပြီးပြီ၊ ပြီးတော့ ပြန်စဉ်းစားဖို့ လုံလောက်တာထက် ပိုတဲ့အချိန်ကို ခင်ဗျား တို့ကို ပေးခဲ့ပြီးပြီ၊ ဒါပေမဲ့ နောက်ဆုံးမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခင်ဗျားတို့ မရမက ယုံကြည်ခဲ့ ကြသလို အသင်းတော်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပြီး အဲဒီနောက် မှပဲ ခင်ဗျားတို့ကို ကျွန်တော်တို့ နှင်ထုတ်ခဲ့တာဖြစ်တယ်လို့ ညီအစ်ကို မောင်နှမတွေကို ကျွန်တော်တို့ ပြောမယ်” ဟု ဆိုလေသည်။

ဤအရာကို သင်းအုပ်ဆရာ ပြောသည်ကို ကြားသည့် အခါ၊ ကျွန်မ စက်ဆုပ်ရွံရှာခဲ့ရပြီး သူတို့ကို နောက်ထပ် စကားတစ်လုံးမျှ မပြောလိုတော့ပါ။ ထို့နောက် ကျွန်မအမေကို ကျွန်မနှင့်အတူ ဆွဲခေါ်ရင်း စတင်ထွက်ခွာခဲ့သည်။ ကျွန်မတို့ ထွက်လာသည့်အချိန်တွင်ပင် သင်းအုပ်ဆရာက သတိပေးချက် တစ်ခု ကျွန်မတို့ကို ပေးခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ကို ယုံတာ၊ မယုံတာ ခင်ဗျားတို့ သဘောပဲ၊ ဒါပေမယ့် ခင်ဗျားတို့ကို ကျွန်တော်တို့ အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို နောက်ထပ် အဆက်အသွယ် လုပ်ဖို့ ကျွန်တော် လုံးဝ ခွင့်မပြုဘူး။”

ကျွန်မတို့ ဘုရားကျောင်းမှ ထွက်ခွာခဲ့သည့်အချိန်တွင် နံနက် တစ်နာရီကျော် ထိုးနှင့်ပြီ ဖြစ်သည်။ ယခုတင် ဖြစ်ပျက်ခဲ့သည့်အရာကို ကျွန်မ ပြန်တွေးကြည့်သည့်အခါ၊ သူ၏ အကျင့်သိက္ခာနှင့် သီလတို့အတွက် ကျွန်မတို့ အမြဲ ကြည်ညိုလေးစားခဲ့သည့် သင်းအုပ်ဆရာ၊ တရားဟောဆရာက ဤပုံစံဖြင့် ပြုမူနိုင်သည်ကို ကျွန်မ ယုံကိုမယုံနိုင်ခဲ့ပါ။ ထို့နောက်တွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ထဲ ရောက်လာခဲ့သည်- “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်း နိုင်ကြသည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်း မကျပေ။ သူတို့သည် အသုံးမကျသော သူများဖြစ်၍ ဆိုးရွား သောသူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏နာမကို ကိုင်ဆောင်ပြတတ်သော်လည်း ဘုရားသခင်ကို တမင်ဆန့်ကျင် တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သော သူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့် မာရ်နတ်များ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောင့်အယှက် ပေးတတ်သော နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသောသူတို့၏ လမ်းကို ဟန့်တား ကြန့်ကြာစေမည့် ခလုတ်တံသင်းများ ဖြစ်ကြ၏။ သူတို့သည် ‘အကြမ်းပတမ်းဇာတိခန္ဓာ’ များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကြကာ လူများအား ဘုရားသခင် တစ်ဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများ ဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့သိနိုင် မည်နည်း။ ဤသူများမှာ ဝိညာဉ်များကို ဝါးမျိုရန် အထူးသဖြင့် ရှာဖွေနေကြသည့် ရှင်သန်နေသော နတ်ဆိုးများ ဖြစ်သည်ကို သူတို့သည် မည်ကဲ့သို့သိနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)

သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သခင်၏ အစေခံများဖြစ်ကြပြီး၊ သမ္မာကျမ်းစာကို သူတို့ အကောင်းဆုံး နားလည်သင့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံး ဖြစ်သင့်သည်ဟု ကျွန်မ အမြဲ တွေးထင်ခဲ့ပါသည်။ သခင် ပြန်ကြွလာသည့်အခါသူတို့က သခင့်ကို ဧကန်မုချ ကြိုဆိုနိုင်ကြ လိမ့်မည်ဟု ကျွန်မ အမြဲတွေးခဲ့သည်။ သခင်ပြန်ကြွလာသည့် သတင်းကို သင်းအုပ်ဆရာက ကြားသည့်အချိန်တွင် ထိုအရာကို သူက မရှာဖွေ သို့မဟုတ် မလေ့လာမဆန်းစစ်ရုံသာမက အလွန် မာနထောင်လွှားလာပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု ထင်မှတ် လာခဲ့ကာ၊ သူ၏ အယူအဆများနှင့် စိတ်ကူးများကို ခေါင်းမာမာ နှင့် ဖက်တွယ်လိမ့်မည်ကိုလည်းကောင်း၊ ဘုရားသခင်နှင့် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော် နှစ်ခုလုံးကို သူဝေဖန်ပြီး ရှုတ်ချလိမ့်မည်ကို လည်းကောင်း ကျွန်မ လုံးဝ စိတ်မကူးခဲ့ဖူးပါ။ သူသည် ဘုရားကို ကြောက်ရွံ့သည့် စိတ်နှလုံး လုံးဝကင်းမဲ့လှ သည်မှာ၊ “သိုးစုကို ကာကွယ်ခြင်း” ဟူသည့် ဟန်ဆောင်မှုအောက်တွင် သူ၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ထိန်းသိမ်းဖို့ရန်အတွက် သက်သက်ဖြင့် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လေ့လာ ဆန်းစစ်ခြင်းမှ ယုံကြည်သူများကို သူနှောင့်ယှက်ပြီး တားဆီး လေသည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံကြသည့် ထိုယုံကြည်သူများကို၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ခြိမ်းခြောက်ဖို့ အသင်းတော်မှ နှင်ထုတ်ခြင်း ကို အသုံးချခဲ့ကြပြီး၊ သူတို့၏ ညီအစ်ကို မောင်နှများကို သူတို့မှ ဧဝံဂေလိတရား မဟောနိုင်ကြဖို့ရန်အလို့ငှာ သူတို့အသင်းတော် ထဲက အခြားသော ညီအစ်ကို မောင်နှမများက သူတို့ကို ပစ်ပယ်အောင် လုပ်ကြလေသည်။ သူတို့ မည်မျှ ဆိုးပြီး မလိုမုန်းထားမှုရှိလိုက်ကြပါသနည်း။ သူတို့၏ ရာထူးများနှင့် အသက်မွေးမှုများကို ထိန်းသိမ်းဖို့ရန်အလို့ငှာ၊ ယေရှု၏ အချိန်ကာလက ဖာရိရှဲတို့သည် သခင့်ကို လွန်လွန်ကဲကဲ အာခံကာ ရှုတ်ချခဲ့ကြပြီး သူ့ကို ကားတိုင်ပေါ်တွင် ကားစင် တင်ခဲ့ကြသည်။ ယနေ့ခေတ် သင်းအုပ်ဆရာများနှင့် အကြီးအကဲ များသည် ဖာရိရှဲများကဲ့သို့သော အနှစ်သာရများ တစ်ထေရာ တည်း ရှိကြလေသည်-သူတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်အားဖြင့် ဖော်ထုတ်ခံရသည့် အန္တိခရစ်များ ဖြစ်ကြပြီး လူ၏ ဝိညာဉ်ကို ဝါးမျိုကြသည့် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်ကို မသိဘဲ တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ မည်မျှပင် သူတို့က ဒုက္ခခံစားရပုံပေါ်ပါစေ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် မည်မျှပင် အသုံးတော်ခံပုံပေါ်ပါစေ၊ ဘုရားသခင်ကို သူတို့ အမြဲအာခံကြလိမ့်မည်ဖြစ်ပြီး၊ သူတို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် ဆိုးယုတ်သော စိတ်သဘောထားအပေါ် မှီခိုခြင်းဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှား ကြမည်ဖြစ်သည်ကို နောက်ဆုံးတွင် ကျွန်မ လုံးဝ နားလည် သဘောပေါက်ခဲ့သည်။

ထိုအခိုက်အတန့်တွင်၊ ကျွန်မနှလုံးသားထဲတွင် ဘုရား သခင်ထံ ကျေးဇူးတင်ရှိခြင်း နှင့် ချီးမွမ်းခြင်းကို မဖော်ပြဘဲ မနေနိုင်ခဲ့ပါ။ ပြန်စဉ်းစားကြည့်သည့်အခါ၊ ကျွန်မသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့၏ သူတော်ကောင်း ဟိတ်ဟန်ထုတ်သော အသွင်အပြင်အားဖြင့် လှည့်ဖြားခံခဲ့ရပြီး သူတို့ကို အမြဲ ပုဂ္ဂိုလ်ရေးကိုးကွယ်မိခဲ့သည်၊ သူတို့နောက်လိုက် ပြီး နာခံခဲ့သည်။ သခင့်ကို ကြိုဆိုခြင်းကိစ္စ နှင့် ပတ်သက် လာသည့်အခါ၊ သူတို့နှင့် သဘောပင်တူခဲ့ပြီး ဘုရားသခင်ကို အာခံခဲ့ပါသည်။ သူတို့သည် မည်သို့သောသူများ ဖြစ်သည်ကို ဘုရားသခင်မှ ဖော်ထုတ်ပြခြင်းက ကျွန်မကို သင်းအုပ်ဆရာများ နှင့် အကြီးအကဲများ၏ သမ္မာတရားကို မုန်းတီးသော၊ ဘုရားသခင်ကို မုန်းတီးသော နတ်ဆိုးဆန်သည့် အနှစ်သာရကို နောက်ဆုံးတွင် မြင်တွေ့ခွင့်ပေးခဲ့ပါသည်။ ထို့နောက် ကျွန်မ အတွက် သူတို့ ချထားသည့် ဝင်္ကပါကို ကျွန်မ ကျော်ဖြတ်နိုင်ခဲ့ပြီး သခင့်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ခဲ့ပါသည်။ ကျွန်မကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို အမှန်တကယ် ကျေးဇူး တင်မိပါသည်။ ပြီးလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်နိုင်ရန်အလို့ငှာ ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် သမ္မာတရားကို လေးလေး နက်နက် လေ့လာလိုက်စားဖို့ ကျွန်မ ဆန္ဒရှိပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိုးကောင်းကင်သို့ စူးစိုက်ကြည့်နေခြင်းအားဖြင့် သခင့်ကို သင် အမှန်တကယ် ကြိုဆိုနိုင်ပါသလား

ယုံကြည်သူတွေ တော်တော်များများက ကပ်ဘေးတွေမတိုင်ခင်မှာ သခင်ယေရှု မိုးတိမ်နဲ့အတူကြွလာပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဆီကို ခေါ်ဆောင်ခံရဖို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။