ကျွန်မ အရိုးကင်ဆာကို ရင်ဆိုင်ခဲ့ပုံ

20.05.2026

ကျင်းအန်၊ တရုတ်ပြည်

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ၊ ကျွန်မခြေထောက်က အရမ်းနာပြီး အကိုက်အခဲပျောက်ဆေး သောက်တာတောင် မသက်သာခဲ့ဘူး။ ခြေထောက်နာဖူးတဲ့ ညီအစ်မတစ်ယောက် ဆေးရုံမှာ ကုသပြီးတဲ့နောက် သက်သာသွားတာကို ကျွန်မ တွေးမိတယ်။ “ဒါက ဆိုးဆိုးရွားရွား ဘာမှ မဟုတ်လောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါက ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီး ကြာခဲ့ပြီပဲ၊ အသင်းတော်မှာလည်း ငါ့တာဝန်တွေကို ထမ်းဆောင်နေခဲ့တာ။ အဲဒီတုန်းက ငါ့ရဲ့ တည်ငြိမ်တဲ့ အလုပ်အကိုင်နဲ့ အိမ်ထောင်ရေးကို စွန့်လွှတ်ခဲ့တာ။ အဆင်းနီတဲ့ နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လောကရဲ့ ကဲ့ရဲ့ပြစ်တင်မှု၊ စွပ်စွဲပုတ်ခတ်မှုတွေကိုလည်း ငါ ခံခဲ့ရတာပဲ။ ဒါပေမဲ့ ငါ့ရဲ့ ယုံကြည်ခြင်းနဲ့ တာဝန်တွေမှာ ငါ အမြဲတမ်း စွဲမြဲခဲ့ပါတယ်။ ငါက ဒီလောက်အဖိုးအခကြီးကြီး ပေးထားတာဆိုတော့ တကယ် နေမကောင်းဖြစ်ရင်တောင် ဘုရားသခင်က ငါ့ကို စောင့်ရှောက်ပြီး ကုသပေးမယ်လို့ ငါ ယုံကြည်တယ်” လို့ ကျွန်မ တွေးမိတယ်။ ကျွန်မ ခြေထောက်ထော့နဲ့ထော့နဲ့ ဖြစ်နေပေမဲ့ တာဝန်ထမ်းဆောင်တာကို မရပ်ခဲ့ပါဘူး။

၂၀၂၀ ခုနှစ်၊ ဇွန်လရောက်တော့ ကျွန်မရဲ့ ဘယ်ဘက်ခြေထောက်က ပိုဆိုးလာပြီး ပုံမှန် မလျှောက်နိုင်တော့ဘူး။ ဆေးရုံသွားပြပြီးတဲ့နောက် ဆရာဝန်က ကျွန်မခြေထောက်ရဲ့ ဓာတ်မှန်ကိုကြည့်ပြီး ပြောတယ်။ “ညီမမှာ ကင်ဆာရှိတယ်၊ ခြေထောက်နာနေတာက အကျိတ်ကြောင့်ပဲ။ ညီမ ဆေးရုံတက်ဖို့ လိုတယ်၊ ပြီးတော့ လောလောဆယ် ခြေထောက်တွေကို အနားပေးရမယ်” တဲ့။ ကျွန်မမှာ ကင်ဆာရှိတယ်လို့ ဆရာဝန်ပြောတာ ကြားလိုက်ရတော့ တစ်ကိုယ်လုံးက အားတွေ လျော့သွားပြီး မျက်ရည်တွေက မျက်နှာပေါ် ထိန်းမနိုင်သိမ်းမရ စီးကျလာတယ်။ ကျွန်မ အရမ်းကြောက်သွားပြီး တွေးမိတယ်၊ “ဘယ်လိုလုပ် ကင်ဆာ ဖြစ်နိုင်မှာလဲ။ အခု ဘုရားသခင်ရဲ့ အမှုတော်က နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ ညီအစ်ကိုမောင်နှမတွေအားလုံးက သူတို့တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်နေကြပေမဲ့ အခု ငါ့မှာ ကင်ဆာရှိနေတော့ ငါ့တာဝန်တွေကို ငါ မထမ်းဆောင်နိုင်တော့ဘူးဆိုတဲ့ သဘောလား။ အဲဒါက ငါ ကယ်တင်ခြင်းခံရဖို့နဲ့ နိုင်ငံတော်ထဲဝင်ဖို့ ဝေစုကို ခံစားခွင့်မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား” လို့ပေါ့။ အူမကြီးကင်ဆာဖြစ်ခဲ့တဲ့ အမေ့ကို ကျွန်မ သတိရသွားတယ်။ အမေက အကျိတ်ကို ဖယ်ရှားလိုက်ရုံပဲ၊ ဆေးသွင်းတာတွေ မလုပ်ခဲ့ရဘူး၊ နှစ်အတော်ကြာတဲ့အထိ ကင်ဆာပြန်မဖြစ်ခဲ့ဘူးလေ။ အသင်းတော်က ညီအစ်ကိုမောင်နှမတချို့လည်း အစာဟောင်းအိမ်ကင်ဆာ ဖြစ်ပြီး ပြန်ကောင်းသွားကြတာပဲ။ ကျွန်မက ဘုရားသခင်ကို စယုံကြည်ကတည်းက တာဝန်တွေ ထမ်းဆောင်နေခဲ့တဲ့အတွက် သူက ကျွန်မကို စောင့်ရှောက်မှာပဲလို့ ခံစားခဲ့ရတယ်။ အဲဒီနောက် ဆေးရုံမှာ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ခဲ့တယ်။ ရောဂါစစ်တမ်းကတော့ အရိုးကင်ဆာဖြစ်ပြီး အကျိတ်က ၈ စင်တီမီတာတောင် ရှိနေပြီတဲ့။ အချိန်မီ မကုသရင် ဘယ်ဘက်ခြေထောက်ကို ဖြတ်ပစ်ရနိုင်တယ်လို့ ဆရာဝန်က ပြောတယ်။ အဆုတ်မှာလည်း အရိပ်တစ်ခု သူတို့ တွေ့တယ်။ ကင်ဆာဆဲလ်တွေ အဲဒီအထိ ပျံ့သွားသလားဆိုတာ သူတို့ မသေချာဘူး၊ တကယ်လို့ ပျံ့သွားတယ်ဆိုရင် သုံးလလောက်ပဲ အသက်ရှင်ရတော့မှာဆိုတော့ ခွဲစိတ်စရာလိုမှာ မဟုတ်ဘူးတဲ့။ ဒီရောဂါအဖြေကို ကြားလိုက်ရတော့ ကျွန်မ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာပြန်တယ်၊ ပြီးတော့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ကင်ဆာဆဲလ်တွေသာ အဆုတ်ထိ ပျံ့သွားရင် ငါ သေမှာ မဟုတ်လား” လို့ပေါ့။ အဲဒီညက အိပ်ရာထဲမှာ ကျွန်မ လူးလွန့်နေပြီး အိပ်မပျော်နိုင်ခဲ့ဘူး။ တာဝန်တွေထမ်းဆောင်ဖို့အတွက် အရာအားလုံးကို ကျွန်မ စွန့်လွှတ်ခဲ့တာတွေကို တွေးမိတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီး အပြေးအလွှား အလုပ်လုပ်ခဲ့တာ၊ အခုတော့ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို မရတဲ့အပြင် ကင်ဆာပါ ဖြစ်ရတယ်ပေါ့။ ဘုရားသခင်က ကျွန်မကို မစောင့်ရှောက်ခဲ့ဘူးလို့ ခံစားလိုက်ရတယ်။ စဉ်းစားလေ၊ ကျွန်မစိတ်နှလုံးက လေးလံလာလေပဲ။ နောက်ပိုင်းကျတော့ ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့အတွက် ကျွန်မ စိတ်နှလုံးကို ငြိမ်သက်အောင် မထားနိုင်ခဲ့ဘူး၊ ပြီးတော့ နေ့ရက်တိုင်း စိုးရိမ်ပူပန်မှုတွေနဲ့ ကုန်လွန်ခဲ့တယ်။ ဘုရားသခင်ရှေ့မှောက်ကို ကျွန်မ ရောက်လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကင်ဆာဆဲလ်တွေ ပျံ့သွားပြီး သမီး သေဆုံးသွားမှာကို စိုးရိမ်နေမိပါတယ်၊ သမီးဟာ ဝမ်းနည်းမှု၊ စိုးရိမ်သောကတွေနဲ့ သမီး အသက်ရှင်နေရပါတယ်။ ဒီအခြေအနေမှာ သင်ခန်းစာယူနိုင်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။ ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “အရာခပ်သိမ်း၏ ဦးသျှောင်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကိုယ်တော်၏ ပလ္လင်တော်မှနေ၍ ကိုယ်တော်၏ ဘုရင်နှင့်ဆိုင်သော တန်ခိုးအာဏာကို ကျင့်သုံးတော်မူ၏။ ကိုယ်တော်သည် စကြဝဠာနှင့် အရာခပ်သိမ်းကို အုပ်စိုးတော်မူပြီး မြေကြီးတစ်ပြင်လုံးတွင် ကျွန်ုပ်တို့ကို လမ်းပြလျက်ရှိတော်မူ၏။ အချိန်တိုင်းတွင် ကိုယ်တော်နှင့် ရင်းနှီးလော့၊ ပြီးလျှင် အခိုက်အတန့်တစ်ခုကိုမျှ မည်သည့်အခါမျှ လက်လွတ်မခံဘဲ ကိုယ်တော့်ရှေ့မှောက်သို့ တိတ်ဆိတ်ငြိမ်သက်စွာ လာလော့၊ သင်ယူရမည့် သင်ခန်းစာများ အစဉ်သဖြင့် ရှိလေသည်။ ပတ်ဝန်းကျင်အပြင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် ကိုယ်တော်၏ ပလ္လင်တော်၏ ခွင့်ပြုချက်ဖြင့် တည်ရှိကြသည်။ မည်သည့်အကြောင်းကြောင့်မျှ သင်၏ စိတ်နှလုံးထဲတွင် မကျေနပ်ချက်များကို မပေါ်ပေါက်စေနှင့်၊ သို့မဟုတ်ပါက ဘုရားသခင်သည် ကိုယ်တော်၏ ကျေးဇူးတော်ကို သင့်အပေါ် ပေးသနားတော်မူမည် မဟုတ်ပေ။ သင့်အပေါ် အနာရောဂါ ဖြစ်လာသောအခါ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး ကိုယ်တော်၏ ကောင်းမွန်သော ရည်ရွယ်ချက်များသည် ယင်းအတွင်း၌ သေချာပေါက် ပါဝင်နေသည်။ သင်၏ ဇာတိပကတိသည် ဆင်းရဲဒုက္ခ အနည်းငယ်ကို ခံစားရနိုင်သော်လည်း စာတန်ထံမှ မည်သည့် စိတ်ကူးများကိုမျှ လက်မခံနှင့်။ ဖျားနာနေစဉ်အတွင်း ဘုရားသခင်ကို ချီးမွမ်းလော့၊ ပြီးလျှင် သင်၏ ချီးမွမ်းခြင်းအတွင်း ဘုရားသခင်ကို ပျော်မွေ့ ခံစားလော့။ ဖျားနာခြင်းကို ရင်ဆိုင်ရချိန်တွင် စိတ်ဓာတ်မကျနှင့်၊ ထပ်ခါတလဲလဲ ဆက်လက်ရှာဖွေပြီး လက်မလျှော့နှင့်၊ ထိုအခါ ဘုရားသခင်သည် သင့်ကို အလင်းပေးပြီး ဉာဏ်ပွင့်စေတော်မူလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် မည်သို့ရှိခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်သော သမားတော်တစ်ပါး ဖြစ်တော်မူ၏။ ဖျားနာခြင်းထဲတွင် နေထိုင်ခြင်းသည် ဖျားနာခြင်းဖြစ်သော်လည်း ဝိညာဉ်ထဲတွင် နေထိုင်ခြင်းသည် ကျန်းမာခြင်း ဖြစ်သည်။ သင်၌ ထွက်သက်ဝင်သက် တစ်ချက် ရှိနေသေးသရွေ့ ဘုရားသခင်သည် သင့်ကို သေခွင့်ပြုတော်မူမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားသခင်က စကြဝဠာနဲ့ အရာခပ်သိမ်းကို ထိန်းချုပ်ထားတာဖြစ်လို့ ကျွန်မအသက်က သူ့လက်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား။ ကျွန်မ ကင်ဆာဖြစ်တာက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ဖြစ်ပြီး ကျွန်မ သင်ယူရမယ့် သင်ခန်းစာတစ်ခု ရှိနေတာပဲ။ ညီအစ်မတစ်ယောက်ရဲ့ အတွေ့အကြုံကို ကျွန်မ တွေးမိတယ်။ သူက စအိုလမ်းကြောင်းကင်ဆာ နောက်ဆုံးအဆင့်ဖြစ်ပြီး ဆရာဝန်တွေအားလုံးက ကုမရတော့ဘူးလို့ ပြောခဲ့ကြတာ။ ဒါပေမဲ့ သူက ဘုရားသခင်ဆီ ဆက်ဆုတောင်းတယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး ယုံကြည်ခြင်းကို အမှီပြုရင်း ဒီအခြေအနေကို ဖြတ်ကျော်ခဲ့တယ်။ နောက်ဆုံးမှာ သူ့ရောဂါက အံ့သြစရာကောင်းလောက်အောင် ပျောက်ကင်းသွားတယ်။ လူရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက ဆရာဝန်တွေ သတ်မှတ်တာ မဟုတ်ဘဲ ဘုရားသခင်ရဲ့လက်ထဲမှာ ရှိတယ်ဆိုတာ ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ကျွန်မက ဒီကင်ဆာရောဂါရပေမဲ့ ဘုရားသခင်က ကျွန်မကို အသက်ရှင်စေချင်ရင် ကင်ဆာဆဲလ်တွေ ပျံ့သွားရင်တောင် ကျွန်မ သေမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မအချိန်စေ့ပြီဆိုရင်တော့ ဘယ်သူမှ ကျွန်မကို ကယ်လို့ရမှာ မဟုတ်ဘူး။ ဒီအရာတွေအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားတာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ဆီ အပ်နှံရမယ်။ အဖြေစောင့်နေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး စားသောက်ရမယ်၊ ကိုယ်တော့်ထံသို့ တိုးဝင်ချဉ်းကပ်ရမယ်။ ဘုရားသခင်ကို ကျွန်မ အမှန်တကယ် အမှီပြုပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံရမယ်။ ယောဘလိုပေါ့၊ ဘုရားသခင် ဘယ်လိုပဲ အလုပ်လုပ်ပါစေ၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ထိန်းသိမ်းပြီး သူ့ကို ကျိုးနွံနာခံသင့်တယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အရာပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို တည်ငြိမ်စေခဲ့ပြီး ကျွန်မ သိပ်ပြီး စိတ်မဆင်းရဲတော့ဘူး။

လဝက်ကြာတော့ ကင်ဆာဆဲလ်တွေ မပျံ့သေးဘူး၊ ခွဲစိတ်ကုသမှု လုပ်လို့ရနိုင်တယ်လို့ ဆရာဝန်က ပြောတယ်။ ကျွန်မ တကယ် တို့ထိခံရပြီး ဘုရားသခင်ကို ဆက်တိုက် ကျေးဇူးတင်နေမိတယ်။ တင်ပါးဆုံရိုးမှာရှိတဲ့ အကျိတ်က တကယ်ကြီးပြီး ခွဲစိတ်ရတာ အရမ်းအန္တရာယ်များတယ်လို့ ဆရာဝန်က ပြောပေမဲ့ ကျွန်မ မကြောက်တော့ဘူး။ ဘုရားရဲ့ ကာကွယ်မှုကြောင့် ခွဲစိတ်မှုက အကြီးအကျယ် အောင်မြင်ခဲ့တယ်။ ဆယ်ရက်ကြာတော့ ပြန်ပြီးနလန်ထူလာဖို့ ပြန်လည်သန်စွမ်းရေးဆေးရုံကို သွားခဲ့တယ်။ တင်ပါးဆုံရိုး နာတာရယ်၊ ခြေထောက် ထုံကျဉ်တာရယ်ကြောင့် ဘီးတပ်ကုလားထိုင်ပေါ်မှာ တစ်နာရီထက်ပိုပြီး မထိုင်နိုင်ဘူး၊ နေ့တိုင်း အကိုက်အခဲပျောက်ဆေးတွေ အများကြီး သောက်ခဲ့ရတယ်။ အိပ်ရာပေါ်မှာလည်း ကိုယ်ကို မလှည့်နိုင်ဘူး၊ ညဘက်ဆိုရင် နာလွန်းလို့ လန့်လန့်နိုးတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီလို နာကျင်ရတဲ့ ရက်တွေ ဘယ်တော့မှ ပြီးဆုံးမှာလဲ။ ငါ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်နေတာပဲ၊ ဘာလို့ ဘုရားသခင်က ငါ့ဝေဒနာကို မသက်သာစေတာလဲ။ နည်းနည်းလေး သက်သာရင်တောင် ကောင်းမှာ၊ အဲဒီလိုဆိုရင် ငါ အရမ်းစိတ်ဆင်းရဲရမှာ မဟုတ်ဘူး။ အရိုးထဲက နာကျင်မှုကြောင့် သေတာကမှ ပိုကောင်းဦးမယ်လို့ ခံစားမိတယ်။ အသေပဲခံလိုက်ပြီး ဒီဒုက္ခကနေ လွတ်မြောက်ချင်တယ်” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ငါ ဘုရားသခင်ကို ငြင်းခုံနေတာ မဟုတ်ဘူးလား” လို့ပေါ့။ နာကျင်နေတဲ့ကြားကပဲ ဘုရားသခင်ရှေ့မှောက်ကို ကျွန်မ ရောက်လာပြီး ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ သမီး အရမ်း အားနည်းပြီး စိတ်မချမ်းမသာ ဖြစ်ရပါတယ်၊ ခန္ဓာကိုယ်က နာကျင်မှုက သမီး မခံနိုင်လောက်အောင် ပြင်းထန်ပါတယ်။ သမီးရဲ့ စကားတွေနဲ့ နောက်ထပ် မညည်းညူမိအောင်၊ အပြစ်မလုပ်မိအောင် သမီးကို ထိန်းပေးတော်မူပါ၊ ကျေးဇူးပြုပြီး ဒီအခြေအနေမှာ သမီးရဲ့သက်သေခံချက်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်စွမ်းကို ပေးပါ” လို့ပေါ့။ အဲဒီအချိန်မှာ ယောဘရဲ့ အတွေ့အကြုံကို ကျွန်မ ပြန်သတိရသွားပြီး ဖတ်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၏ ခွင့်ပြုချက်ကို ရပြီးနောက်၊ စာတန်သည် ယောဘထံ အလျင်အမြန် သွားပြီး၊ ၎င်း၏ လက်ကို ဆန့်ကာ သူ၏တစ်ကိုယ်လုံး၌ နာကျင်သောအနာစိမ်းများ ပေါက်စေလျက် သူ၏အရေပြားကို နှိပ်စက်လေသည်၊ ယောဘသည် သူ၏ အရေပြားပေါ်တွင် နာကျင်မှုကို ခံစားခဲ့ရ၏။ ယောဘသည် ယေဟောဝါဘုရားသခင်၏ အံ့သြဖွယ်ဖြစ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ချီးမွမ်းခဲ့သည်၊ ယင်းက စာတန်အား ၎င်း၏ ရဲတင်းမှုဖြင့် ပို၍ပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူသားအား နာကျင်စေခြင်း၏ အရသာကို ခံစားခဲ့ရပြီး ဖြစ်သောကြောင့်၊ စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘ၏ နာကျင်အနာစိမ်းများကို ပြည်တည်စေရင်း သူ၏ ခန္ဓာကိုယ်ကို မွှေနှောက်ခဲ့လေသည်။ ယောဘသည် နှိုင်းယှဉ်စရာ မရှိအောင်ပင် သူ၏ ခန္ဓာကိုယ်ပေါ်၌ နာကျင်မှုနှင့် ညှဉ်းဆဲမှုကို ချက်ချင်း ခံစားရခဲ့ပြီး၊ သူသည် ဤခန္ဓာကိုယ် နာကျင်မှုမှတစ်ဆင့် သူ၏ ဝိညာဉ်အား ထိုးနှက်မှုကို သက်သာရာရစေမည့်အလား ဦးခေါင်းမှ ခြေထောက်တိုင်အောင် သူ၏ လက်ဖြင့် မနှိပ်နယ်ဘဲ မနေနိုင်ခဲ့ပေ။ ဘုရားသခင်သည် သူ့အား စောင့်ကြည့်ရင်း သူ၏နံဘေး၌ ရှိသည်ကို သူသဘောပေါက်ခဲ့ပြီး သူ့ကိုယ်သူ စိတ်တင်းထားရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည် မြေပေါ် နောက်ထပ်တစ်ကြိမ် ဒူးထောက်ပြီး၊ ‘ကိုယ်တော်သည် လူသား၏ စိတ်နှလုံးအတွင်းကို ကြည့်တော်မူ၏၊ ကိုယ်တော်သည် သူ၏ နာကျင်မှုဝေဒနာကို သတိပြုမိပါ၏။ သူ၏ အားနည်းခြင်းသည် ကိုယ်တော်နှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ယေဟောဝါ ဘုရားသခင်၏ နာမသည် ချီးမွမ်းခြင်းခံထိုက်ပေ၏။’ ဟု ဆိုခဲ့သည်။ စာတန်သည် ယောဘ၏ သည်းမခံနိုင်လောက်သော နာကျင်မှုကို မြင်ခဲ့သော်လည်း၊ ယေဟောဝါဘုရားသခင်၏ နာမကို ယောဘ စွန့်ပစ်သည်ကို မမြင်ခဲ့ပေ။ ထို့ကြောင့် ၎င်းသည် ၎င်း၏ လက်ကို အလျင်အမြန် ဆန့်ကာ ယောဘ၏ အရိုးများကို ဖိစီးနှိပ်စက်ပြီး ခြေလက်အင်္ဂါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် အသည်းအသန် ဖြစ်လေ၏။ ချက်ချင်း၊ ယောဘသည် မကြုံစဖူးသော ညှဉ်းဆဲခြင်းကို ခံစားခဲ့ရသည်။ ယင်းမှာ သူ၏ ခန္ဓာသည် အရိုးများမှ ဆုတ်ဖြဲထွက်သည့်အလား၊ သူ၏ အရိုးများသည် အပိုင်းပိုင်း ရိုက်ချိုးခြင်းကို ခံရသည့်အလား ဖြစ်ခဲ့သည်။ မချိမဆံ့ခံစားရသော ဤညှဉ်းဆဲမှုသည် သူ့အား သေဆုံးရန်မှာ သာ၍ ကောင်းမည်ဟု တွေးစေခဲ့သည်...ဤနာကျင်မှုကို သူ၏ သည်းခံနိုင်စွမ်းသည် အဆုံးစွန်ရောက်ခဲ့ပြီး ဖြစ်သည်...သူ အော်ဟစ်လိုခဲ့သည်၊ နာကျင်မှု သက်သာစေရန် ကြိုးပမ်းရာတွင် သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို ဆုတ်ခွာလိုခဲ့သည်- သို့သော် သူ၏အားနည်းချက်ကို စာတန်အား မမြင်စေလိုသည့်အတွက်၊ သူ၏ အော်သံများကို သူချုပ်တည်းခဲ့ပြီး သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို မဆုတ်ခွာခဲ့ပေ။ ထို့ကြောင့် ယောဘသည် နောက်ထပ်တစ်ကြိမ် ဒူးထောက်ခဲ့သော်လည်း၊ ဤအကြိမ်တွင် သူသည် ယေဟောဝါ ဘုရားသခင်၏ မျက်မှောက်ကို မခံစားခဲ့ရပေ။ သူသည် မကြာခဏ သူ၏ အရှေ့၊ သူ၏ အနောက်နှင့် နံဘေးတစ်ဖက်ဖက်တွင် ရှိသည်ကို သူသိခဲ့သည်။ သို့သော်လည်း သူ၏ နာကျင်မှုကာလအတွင်းတွင် ဘုရားသခင်သည် မည်သည့်အခါမျှ စောင့်ကြည့်ခဲ့ခြင်း မရှိပေ။ လူသားကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်မှာ လူသားအပေါ် ဒုက္ခဆင်းရဲကို ယူဆောင်လာရန် မဟုတ်သည့်အတွက်၊ သူသည် သူ၏မျက်နှာကို ကာပြီး ပုန်းကွယ်ခဲ့သည်။ ဤအကြိမ်တွင် ယောဘသည် ငိုကြွေးလျက်နေခဲ့ပြီး ဤရုပ်ပိုင်းဆိုင်ရာ မချိမဆံ့ ဝေဒနာကို တောင့်ခံရန် သူအကောင်းဆုံး ကြိုးပမ်းနေခဲ့သော်လည်း၊ ဘုရားသခင်အား ကျေးဇူးတင်ရှိခြင်းကို မထိန်းထားနိုင်တော့ပေ- ‘လူသည် ပထမ ထိုးနှက်ချက်တွင် ကျဆုံးသည်၊ သူသည် အားနည်း၍ တန်ခိုး မရှိပေ၊ သူသည် ငယ်ရွယ်ပြီး မသိနားမလည်ပေ။ ကိုယ်တော်သည် အဘယ်ကြောင့် သူ့အပေါ် အလွန်ဂရုစိုက်၍ ကြင်နာရန် ဆန္ဒရှိသနည်း။ ကိုယ်တော်သည် ကျွန်ုပ်ကို ရိုက်နှက်သော်လည်း၊ ထိုသို့ရိုက်နှက်ခြင်းသည် ကိုယ်တော့်အား နာကျင်စေ၏။ လူသားသည် ကိုယ်တော်၏ ဂရုစိုက်ခြင်းနှင့် စိုးရိမ်ခြင်းကို အဘယ်သို့ ခံထိုက်သနည်း။’ ယောဘ၏ ဆုတောင်းသံများသည် ဘုရားသခင်၏ နားသို့ ရောက်ရှိခဲ့ပြီး၊ ဘုရားသခင်သည် မည်သည့်အသံမျှ မပြုဘဲ စောင့်ကြည့်ရုံ စောင့်ကြည့်ရင်း နှုတ်ဆိတ်နေခဲ့သည်...။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ စိတ်ထိခိုက်ပြီး မျက်ရည်ကျခဲ့တယ်။ စာတန်က ယောဘကို နည်းမျိုးစုံနဲ့ အန္တရာယ်ပေးခဲ့တာကို ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ယောဘရဲ့ အနာတွေက ပြည်တွေတည်ပြီး ဇာတိပကတိနဲ့ အရိုးတွေ နာကျင်လွန်းလို့ အသက်ရှင်တာထက် သေတာက ပိုကောင်းမယ်လို့ သူ ခံစားခဲ့ရတယ်၊ ဒါပေမဲ့ သူက အော်ဟစ်ငိုကြွေးမှုတွေကို ချုပ်တည်းပြီး ဘုရားသခင်ဆီ ဒူးထောက် ဆုတောင်းခဲ့တယ်။ သူက ပြင်းထန်တဲ့ နာကျင်မှုကို ကြိတ်မှိတ်ခံပြီး ညည်းညူသံ တစ်ချက်လေးတောင် မထွက်တဲ့အပြင်၊ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့ နာမတော်ကို ချီးမွမ်းခဲ့တုန်းပဲ။ နောက်ဆုံးမှာ သူက သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ယောဘနဲ့ နှိုင်းယှဉ်ကြည့်တော့ ကျွန်မ တကယ် ရှက်မိပြီး ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက ဘယ်လောက် သနားစရာကောင်းအောင် သေးငယ်လဲဆိုတာ မြင်တွေ့ခဲ့ရတယ်။ ဘုရားသခင်ကို ကျိုးနွံနာခံပြီး သူ့ရဲ့ စမ်းသပ်မှုတွေကို လက်ခံပါမယ်လို့ ဘုရားသခင်ရှေ့မှာ ကျွန်မ ပြောခဲ့ပေမဲ့ ခန္ဓာကိုယ်က နာကျင်မှုတွေ ဆက်ဖြစ်နေတဲ့အခါ၊ ကျွန်မ ဘုရားသခင်နဲ့ စပြီး ငြင်းခုံခဲ့တယ်၊ ခန္ဓာကိုယ် ဒုက္ခဝေဒနာတွေကို သက်သာစေဖို့ ကိုယ်တော့်ကို တောင်းဆိုခဲ့တယ်၊ ဘုရားသခင်ကို အကျပ်ကိုင်ဖို့ ကျွန်မရဲ့ သေခြင်းကိုတောင် အသုံးပြုချင်ခဲ့တယ်။ ကျွန်မ တကယ်ကို ဆင်ခြင်တုံတရား မရှိလိုက်တာ။ ကျွန်မ ယောဘရဲ့ ပုံသက်သေနောက်လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ချင်ခဲ့တယ်၊ အရိုးတွေ ဘယ်လောက်ပဲ နာပါစေ၊ ခန္ဓာကိုယ်က ဘယ်လောက်ပဲ မသက်မသာဖြစ်ပါစေ ကျွန်မ ညည်းညူလို့ မဖြစ်ဘူး။ ခန္ဓာကိုယ် နာကျင်မှုက ကျွန်မကို တော်တော်လေး မသက်မသာဖြစ်စေခဲ့ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ထောက်ပံ့မှုကို ကျွန်မ ရရှိခဲ့တယ်၊ ပြီးတော့ နေ့တိုင်း ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို ဖတ်တယ်၊ အသက်ဝင်ရောက်မှုဆိုင်ရာ တရားဒေသနာတွေနဲ့ မိတ်သဟာယကို နားထောင်တော့ ကျွန်မ စိတ်နှလုံးက ခါးသီးမှုကို ခံစားရတာ နည်းလာတယ်။

မကြာခင် နေ့လယ်ခင်းတစ်ခုမှာ ရုတ်တရက် ကျွန်မရဲ့အနာကနေ ပြည်တွေ၊ သွေးတွေ အများကြီး ထွက်လာတယ်။ ဆရာဝန်က ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာ ကျွန်မ ပေါင်ရိုးထဲက ထောက်ကူဘောင် ကျွတ်ထွက်နေတာကို တွေ့ခဲ့ပြီး အဲဒါကို ပြန်တပ်ဆင်ဖို့ လိုအပ်တယ်တဲ့။ ခွဲစိတ်မှု လုပ်ပြီးတဲ့နောက် အဖျားကြီးတာ မကျဘဲ ကျွန်မ သေလုမျောပါး ဖြစ်ခဲ့တယ်။ ကျွန်မအနာက ပြင်းပြင်းထန်ထန် ပိုးဝင်နေပြီး အသက်အန္တရာယ်ရှိတယ်၊ ထောက်ကူဘောင်ကို ဖယ်ရှားပစ်ရမယ်၊ တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အနာသန့်စင်တဲ့ ခွဲစိတ်မှု လုပ်ရမယ်လို့ ဆရာဝန်ကပြောတယ်။ ပြီးတော့ MRI ရိုက်တိုင်း မိနစ်လေးဆယ်လောက် လှဲနေရတော့ ကျွန်မ တင်ပါးတွေက ချွန်တဲ့အရာတစ်ခုနဲ့ အထိုးခံရသလိုမျိုး အရမ်းနာတယ်။ အဲဒီအချိန်မှာ ကျွန်မ လုံးဝ ပြိုလဲသွားပြီး တွေးမိတယ်၊ “ငါ အရမ်းနေမကောင်းဖြစ်နေတာ၊ ပြန်ကောင်းပြီး လမ်းပြန်လျှောက်နိုင်ဖို့ မပြောနဲ့၊ အချိန်မရွေး သေသွားနိုင်တယ်။ ဒါ ဘုရားသခင်က ငါ့ကို အပြစ်ဒဏ်ပေးနေတာများ ဖြစ်နိုင်မလား။ ငါ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ငါ့ရဲ့ အသုံးခံမှုတွေကို ဘုရားသခင် မမှတ်မိတော့ဘူးလား။ ငါက ပံ့ပိုးမှုတစ်ခုမှ မလုပ်နိုင်ပေမဲ့ အခက်အခဲကို ခါးစည်းခံခဲ့ရတာပဲလေ။ ဒီလို ဆက်ဖြစ်နေမယ့်အစား သေတာကမှ ပိုကောင်းဦးမယ်။ ဒါပေမဲ့ သေဖို့ ကြိုးစားတာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ မညီဘူး။ ဒါပေမဲ့ ဒီလို ဆက်တိုက် နာကျင်နေတာကို ငါ တကယ် မခံနိုင်တော့ဘူး။ ဘုရားသခင်က ငါ့ဝေဒနာကို နည်းနည်းလေးပဲဖြစ်ဖြစ် သက်သာအောင် လုပ်ပေးနိုင်ရင် ကောင်းမှာပဲ။ ဘာလို့ ဘုရားသခင်က ငါ့ကို သနားကရုဏာ မပြတဲ့အပြင် ငါ့ရောဂါကို မကုပေးတာလဲ” လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မက ဘုရားသခင်ကို နောက်တစ်ခါ ငြင်းခုံပြီး အတိုက်အခံလုပ်မိမှန်း သဘောပေါက်မိလိုက်လို့ တော်တော်လေး အပြစ်ရှိသလို ခံစားလိုက်ရတယ်။ ကျွန်မ ငိုပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့ ရောဂါက ရုတ်တရက် ပိုဆိုးလာပြီး သမီးဟာ ဝေဒနာတွေနဲ့ပဲ နေ့ရက်တွေကို ကုန်ဆုံးနေရပါတယ်။ ဒီအခြေအနေမှာ သမီး ရှာဖွေသင့်တဲ့ သမ္မာတရားတွေ ရှိမှန်း သိပေမဲ့ ကိုယ်တော့်ကို မငြင်းခုံဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ သမီးဟာ တကယ်ကို ပုန်ကန်တတ်သူပါ။ ဘုရားသခင်၊ သမီးရဲ့ ပြဿနာတွေကို သိမြင်နိုင်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရနိုင်လိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားရဲ့စကားလုံးတိုင်းက ကျွန်မနှလုံးသားကို ထိုးဖောက်သွားတယ်။ ကျွန်မရဲ့ အခြေအနေနဲ့ အပြုအမူက ဘုရားသခင် ဖော်ထုတ်ထားတဲ့အတိုင်း အတိအကျဖြစ်နေခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ဘုရားသခင်ကို ဘုရားသခင်လို သဘောမထားဘဲ ဘုရားသခင်ကို ဆရာဝန်တစ်ယောက်လို၊ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို တောင်းဆိုလို့ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လိုပဲ သဘောထားခဲ့တာ။ ဘုရားသခင်ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေ ရချင်တဲ့ ရည်ရွယ်ချက်သက်သက်နဲ့ပဲ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ဖို့ အရာအားလုံးကို စွန့်လွှတ်နိုင်ခဲ့တာပါ။ ကျွန်မ တာဝန်ကို လုံ့လဝီရိယရှိရှိ လုပ်ဆောင်ပြီး ဒုက္ခခံ၊ အဖိုးအခပေးဆပ်နေသရွေ့ ကျွန်မ နေမကောင်းဖြစ်ရင်တောင် ဘုရားသခင်က ကာကွယ်ပြီး ကုသပေးမယ်လို့ ကျွန်မ တွေးခဲ့တယ်။ ကြီးမားတဲ့ ကပ်ဘေး ရောက်လာတဲ့အခါ ကျွန်မ အသက်ရှင်ကျန်ရစ်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရမယ်၊ ပြီးတော့ သူ့ရဲ့ နိုင်ငံတော်ထဲ ဝင်ရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်မမိသားစုက ကျွန်မကို တားဆီးတဲ့အခါ၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ကျွန်မ ခံရတဲ့အခါ၊ ပြီးတော့ တာဝန်ထမ်းဆောင်ရင်း ဘယ်လောက်ပဲ ဒုက္ခခံရပါစေ ကျွန်မ ဘုရားသခင်နောက်ကို လိုက်ခဲ့တယ်။ အထူးသဖြင့် အမေက ကင်ဆာရောဂါ ပျောက်သွားတာကို မြင်လိုက်ရတော့ ဘုရားသခင်က ကျွန်မရောဂါကိုလည်း ကုပေးမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါက ကျွန်မကို တာဝန်မှာ ပိုပြီး တက်ကြွလာစေခဲ့တယ်။ ဒါပေမဲ့ ကုသနေတဲ့အတောအတွင်းမှာ ကျွန်မ ဒုက္ခခံစားရတဲ့အခါ ကျွန်မရဲ့ ရောဂါအခြေအနေ ပိုဆိုးလာပြီး သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ ဘုရားသခင်ကို ပြန်ငြင်းခုံပြီး ညည်းညူခဲ့တယ်။ ကျွန်မရဲ့ နှစ်နဲ့ချီတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေအားလုံးကို ကြည့်ပြီး ကျွန်မကို ကုသပေးဖို့၊ ဒီဝေဒနာကနေ သက်သာအောင်လုပ်ပေးဖို့ ဘုရားကို တောင်းဆိုခဲ့တယ်။ ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ အသုံးခံမှုတွေကို အသုံးပြုပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တာ၊ ဘုရားသခင်နဲ့ ညှိနှိုင်းဖို့ ကြိုးစားနေခဲ့တာပဲ။ ဘုရားသခင်ကို ကျွန်မရောဂါ ကုပေးနိုင်တဲ့ ဆရာဝန်တစ်ယောက်လို၊ လိုရာသုံးလို့ရတဲ့ ကိရိယာတစ်ခုလို သဘောထားခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် တောင်းဆိုချက်တွေ၊ တောင်းလျှောက်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဘယ်လိုနည်းနဲ့များ ကျွန်မမှာ ဘာအသိစိတ်၊ ဘာဆင်ခြင်တုံတရား ဒါမှမဟုတ် ဘုရားကို ကြောက်ရွံ့တဲ့ ဘာစိတ်နှလုံးများ ရှိခဲ့လို့လဲ။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေရင် ကျွန်မ သေချာပေါက် ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာနဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ကျွန်မရဲ့ ဒီသဘောထားကို ပြောင်းလဲပစ်မှ ဖြစ်မယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “ဘုရားသခင်အပေါ် လူတို့ တောင်းဆိုမှုများ အမြဲပြုကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်အကြောင်း အယူအဆများ အမြဲ ရှိကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ လူ၏ သဘာဝအတွင်းတွင် မည်သည့်အရာ ပါရှိသနည်း။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်စေ၊ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို အမြဲ ကာကွယ်ကြပြီး မိမိတို့ကိုယ်ပိုင် ဇာတိပကတိအတွက် စိုးရိမ်ကြကာ ၎င်းတို့အတွက် အသုံးဝင်သည့် အကြောင်းပြချက်များ၊ သို့မဟုတ် ဆင်ခြေများ အမြဲ ရှာဖွေကြသည်ကို ငါသိရှိပြီးဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှ ရှာဖွေခြင်း၊ သို့မဟုတ် လက်ခံခြင်းမရှိကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ကိုယ်ပိုင် ဇာတိပကတိကို ခုခံပြောဆိုရန်အလို့ငှာဖြစ်ပြီး မိမိတို့ကိုယ်ပိုင် ရှေ့ရေးများအတွက် ကြံဖန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်ရရှိနိုင်သည့် မည်သည့်အရာကိုမဆို ရရှိလိုလျက် ဘုရားသခင်ထံမှ ကျေးဇူးတော်ကို တောင်းခံကြသည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများစွာ ပြုကြသနည်း။ ဤအရာက လူတို့သည် သဘာဝအားဖြင့် လောဘကြီးကြောင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့သည် မည်သည့်အသိစိတ်မျှ လုံးဝ ပိုင်ဆိုင်ခြင်းမရှိကြောင်း သက်သေပြပေသည်။ လူတို့ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့အနေဖြင့် ဆုတောင်းနေသည်ဖြစ်စေ၊ မိတ်သဟာယပြုနေသည်ဖြစ်စေ၊ တရားဟောနေသည်ဖြစ်စေ ၎င်းတို့၏ လိုက်စားမှုများ၊ အတွေးများနှင့် ပြင်းပြသောဆန္ဒများ၊ ဤအရာများအားလုံးသည် ဘုရားသခင်အပေါ် တောင်းဆိုချက်များဖြစ်ပြီး သူ့ထံမှ အမှုအရာများကို တောင်းခံရန် ကြိုးပမ်းမှုများဖြစ်သည်။ ထိုအရာများအားလုံးကို ဘုရားသခင်ထံမှ တစ်စုံတစ်ရာ ရရှိရမည့် မျှော်လင့်ချက်ဖြင့် လူတို့က လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လူအချို့က ‘ဤသည်မှာ လူသားသဘာဝဖြစ်သည်’ဟု ဆိုကြသည်၊ ယင်းမှာ မှန်ပေ၏။ ထို့အပြင် လူတို့က ဘုရားသခင်အပေါ် အလွန်များလွန်းသည့် တောင်းဆိုချက်များ ပြုလုပ်ခြင်းနှင့် အလွန်များလွန်းသည့် လွန်ကဲသော စိတ်ဆန္ဒများရှိခြင်းတို့က လူတို့သည် အသိတရားနှင့် အသိစိတ် အမှန်တကယ် ကင်းမဲ့ကြကြောင်း သက်သေပြပေသည်။ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကျိုးအတွက် အမှုအရာများကို တောင်းဆိုကာ တောင်းခံနေကြသည်၊ သို့မဟုတ် မိမိတို့အတွက် ငြင်းခုံပြီး ဆင်ခြေများရှာဖွေရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို မိမိတို့အတွက် လုပ်ဆောင်ကြသည်။ အမှုအရာများစွာတွင် လူတို့ လုပ်ဆောင်သည့်အရာမှာ လုံးဝ အသိစိတ်မဲ့သည်ကို မြင်နိုင်သည်။ ယင်းမှာ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသည့် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်သည် လူ၏ သဘာဝ ဖြစ်လာနှင့်ပြီးဖြစ်ကြောင်း ပြည့်စုံသော သက်သေဖြစ်သည်။ လူတို့က ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုချက်များ ပြုခြင်းက မည်သည့် ပြဿနာကို ဖော်ပြပါသနည်း။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို အတိုင်းအတာတစ်ခုထိ ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို ဘုရားအဖြစ် လုံးဝ သဘောမထားကြကြောင်းကို ဖော်ပြပေသည်။ လူအချို့က ‘ဘုရားသခင်ကို ဘုရားသခင်အဖြစ် ကျွန်ုပ်တို့ သဘောမထားခဲ့လျှင် သူ့ကို အဘယ်ကြောင့် ယုံကြည်ကြဦးမည်နည်း။ သူ့ကို ဘုရားသခင်အဖြစ် ကျွန်ုပ်တို့ သဘောမထားခဲ့လျှင် ယခုအချိန်ထိ သူ့နောက်သို့ ကျွန်ုပ်တို့ လိုက်မြဲလိုက်နေနိုင်ကြမည်လော။ ဤဆင်းရဲဒုက္ခအားလုံးကို ငါတို့ သည်းညည်းခံနိုင်မည်လော’ဟု ပြောကြသည်။ အပေါ်ယံတွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်ကို လိုက်လျှောက်နိုင်သည့်တိုင် သူ့အပေါ် သင်၏ သဘောထားနှင့် အမှုအရာများစွာအပေါ် သင်၏ အမြင်များတွင် သင်သည် ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် လုံးဝ သဘောမထားပေ။ သင်သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားလျှင်၊ ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် သဘောထားလျှင် သင်သည် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ နေရာတွင် ရပ်တည်သင့်ပြီး ဘုရားသခင်အပေါ် တောင်းဆိုချက်များတစ်ခုတလေ ပြုလုပ်ရန်၊ သို့မဟုတ် လွန်ကဲသော စိတ်ဆန္ဒတစ်ခုတလေရှိရန် သင့်အတွက် ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုအစား သင်၏ စိတ်နှလုံးတွင် သင်သည် စစ်မှန်သော ကျိုးနွံနာခံနိုင်စွမ်း ရှိမည်ဖြစ်ပြီး ဘုရားသခင်ကို သူ၏ သတ်မှတ်ချက်များနှင့်အညီ အပြည့်အဝ ယုံကြည်နိုင်စွမ်းရှိကာ သူ၏ အမှုတော်အားလုံးကို ကျိုးနွံနာခံနိုင်စွမ်း ရှိပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကို ဖတ်တဲ့အချိန်မှာ နေမကောင်းဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်မရဲ့အပြုအမူကို သေချာစဉ်းစားမိတယ်။ ကျွန်မအခြေအနေက ဘုရားဖော်ပြခဲ့တဲ့အတိုင်း အတိအကျဖြစ်နေခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ တာဝန်တွေ ထမ်းဆောင်ဖို့အတွက် ကျွန်မအိမ်ထောင်ရေး၊ မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့တာက ကျေးဇူးတော်နဲ့ ဆုလာဘ်တွေရဖို့အတွက် သက်သက်ပါပဲ။ ကျွန်မ တာဝန်တွေ ထမ်းဆောင်တာ၊ ဒုက္ခခံတာ၊ အဖိုးအခပေးဆပ်တာတွေကလည်း ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့အတွက်ပါပဲ။ ကျွန်မခြေထောက် စနာတုန်းက ဘုရားသခင်က ကျွန်မကို စောင့်ရှောက်ပြီး ကုသပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တာဝန်တွေကို အစွမ်းကုန် ကြိုးစားထမ်းဆောင်ခဲ့တယ်။ မခံမရပ်နိုင်တဲ့ ဝေဒနာနဲ့ ညှဉ်းပန်းခံရတဲ့အခါ ကျွန်မရဲ့နာကျင်မှုကို လျော့ပါးအောင်လုပ်ပေးဖို့ ဘုရားသခင်ကို တောင်းဆိုခဲ့တယ်။ ပြီးတော့ ကျွန်မရောဂါ ပိုဆိုးလာပြီး သေခြင်းနဲ့ ထပ်ခါတလဲလဲ ရင်ဆိုင်ရတဲ့အခါ ကျွန်မ ဘုရားသခင်ကို တောင်းဆိုမှုတစ်ခုပြီးတစ်ခု လုပ်မိနေတာကို တွေ့ခဲ့တယ်။ ကျွန်မရဲ့ အားနည်းချက်ကို ထောက်ထားပြီး နာကျင်မှုကို ဖယ်ရှားပေးဖို့ ကိုယ်တော်ကို တောင်းဆိုခဲ့တယ်။ ဘုရားသခင်က ကျွန်မဆန္ဒရှိသလို မလုပ်ပေးတဲ့အခါ ကျွန်မ ညည်းညူပြီး ဘုရားသခင်ကို ငြင်းခုံခဲ့တယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေ စားသောက်ချင်စိတ်၊ ဆုတောင်းချင်စိတ်မရှိဘဲ ဘုရားကို အတိုက်အခံလုပ်တဲ့ အခြေအနေမှာ ရှိနေတာကို တွေ့ရတယ်။ ကျွန်မရဲ့ သစ္စာရှိမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ အသုံးခံမှုဆိုတာတွေ အားလုံးက ကိုယ့်အတွက်သက်သက်ပါပဲ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေ ရဖို့၊ ကြီးမားတဲ့ ကပ်ဘေးမှာ အသက်ရှင်ကျန်ရစ်ဖို့၊ ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ဖို့အတွက်ပါပဲ။ ကျွန်မက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာ၊ ဘုရားသခင်ကို လှည့်စားပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေခဲ့တာပဲ။ ကျေးဇူးတော်ခေတ်က ပေါလုကို စဉ်းစားမိတယ်။ သူက သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ဥရောပတစ်ခွင်လုံး ဖြန့်ဝေဖို့ စွန့်လွှတ်အနစ်နာခံပြီး သူ့ကိုယ်သူ အသုံးခံခဲ့ပေမဲ့ နောက်ဆုံးကျတော့ ဒီလိုပြောခဲ့တယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုရဲ့ အသုံးခံမှုတွေနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက ကောင်းချီးမင်္ဂလာနဲ့ သရဖူကို ရရှိဖို့ ရည်ရွယ်ချက်အတွက်ဖြစ်ပြီး ဖန်ဆင်းခံတစ်ဦးရဲ့ နေရာမှာ ရပ်တည်ပြီး သူ့တာဝန်တွေကို ထမ်းဆောင်ခဲ့တာ မဟုတ်ဘူး။ အဲဒီအစား သူက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တာ၊ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့ လုံးဝ ဆန့်ကျင်နေခဲ့တယ်။ ပေါလုက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်ခဲ့ပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်မ လိုက်စားသင့်တဲ့အရာအပေါ်ထားတဲ့ အမြင်နဲ့ ကျွန်မလျှောက်နေတဲ့ လမ်းကြောင်းက ပေါလုနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဘုရားသခင်က ဖြောင့်မတ်ပြီး သန့်ရှင်းတယ်၊ ကျွန်မ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီးပြီဖြစ်ပေမဲ့ ကောင်းချီးမင်္ဂလာ ရှာဖွေတဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်က မပြောင်းလဲခဲ့ဘူး။ ကျွန်မမှာ ဘုရားသခင်အပေါ် စိတ်ရင်းမှန် ဒါမှမဟုတ် ချစ်ခြင်းမေတ္တာ မရှိခဲ့ဘူး၊ ပြီးတော့ ကျွန်မရဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ဘူး။ ကျွန်မက ဘယ်လိုများ ကောင်းချီးမင်္ဂလာတွေ ရထိုက်လို့လဲ၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ဝင်ထိုက်လို့လဲ။ အရာအားလုံးကို စွန့်လွှတ်လိုက်တာက ကျွန်မကို အရင်းအနှီး မရစေသလို ဒုက္ခခံပြီး တာဝန်တွေထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် အသုံးခံတာက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားလို့ရနိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခု မဟုတ်ပါဘူး။ ဒါတွေက ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေပါပဲ။ ကောင်းချီးမင်္ဂလာ ရှာဖွေတဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို မစွန့်လွှတ်ရင်၊ သမ္မာတရားကို စိတ်ရင်းမှန်နဲ့ မလိုက်စားရင်၊ ကျွန်မရဲ့ အသက်စိတ်သဘောထား ပြောင်းလဲမှုနဲ့ ဘုရားသခင်ကို စစ်မှန်တဲ့ ကျိုးနွံနာခံမှု ရရှိဖို့ အာရုံမစိုက်ရင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ စွန့်လွှတ်အနစ်နာခံပြီး အသုံးခံပါစေ၊ ကိုယ်ကိုယ်ကိုယ် ဘယ်လောက်ပဲ ခြေကုန်လက်ပန်းကျအောင်လုပ်ပါစေ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရမှာ မဟုတ်ပါဘူး၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကိုပဲ ခံရမှာပါ။

အဲဒီအချိန်ကစပြီး ကျွန်မရဲ့အနာတွေ ဘယ်လောက်ပဲ နာကျင်ပါစေ၊ ဒီအခြေအနေကို တွေ့ကြုံဖို့အတွက် ကျွန်မ ကျိုးနွံနာခံဖို့ လိုလားလာပြီး ဘုရားသခင်ကို အမှီပြုလာတယ်။ ရောဂါပြန်ဆိုးလာတဲ့အခါ ကျွန်မ စိတ်ထဲကနေ ဆုတောင်းတယ်၊ အရင်ကလို ဘုရားသခင်ကို ယုတ္တိမတန်တဲ့ တောင်းဆိုမှုတွေ မလုပ်တော့ဘူး။ အဲဒီအစား ကိုယ့်ဇာတိပကတိကို ပုန်ကန်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံတယ်။ ဘုရားသခင်ဆီ ဆုတောင်းတာ၊ နှုတ်ကပတ်တော်တွေကို စားသောက်တာ၊ ဓမ္မတေးတွေ သင်ယူတာ၊ ပြီးတော့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေ ကြည့်တာတွေကိုပဲ ကျွန်မ အချိန်အများစု ပေးပြီး အာရုံစိုက်ခဲ့တယ်။ တစ်လကြာတော့ ကျွန်မခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်နာလန်ထူလာတယ်။ ဆေးရုံက ဆင်းတဲ့အခါ ဆရာဝန်က ဓာတ်ကင်ဖို့အကြောင်း လုံးဝ မပြောတော့ဘူး။ သုံးလတစ်ကြိမ် ဆေးလာစစ်ဖို့ လိုမယ်လို့ပဲ သူက ပြောတယ်။

တစ်နေ့ ဝတ်ပြုနေတုန်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ပေတရုပြောသည့်အရာကို သင်တို့ မှတ်မိသလော။ (‘အကယ်၍ ဘုရားသခင်သည် လူသားတို့ကို အရုပ်များသဖွယ် ကစားနေခဲ့လျှင်ပင်၊ လူသားတို့သည် မည်သည့် မကျေနပ်ချက် ရှိမည်နည်း။’) ဤသည်မှာ ကျိုးနွံနာခံခြင်းအကြောင်း ဖြစ်သည်။ သင်သည် အမှုအရာများကို ဤသို့ တွေ့ကြုံလျှင် တဖြည်းဖြည်းချင်းဖြင့် သမ္မာတရားကို သင်ယူပြီး ရလဒ်များကို အလိုအလျောက်ရရှိလိမ့်မည်။ ရှေးဦးစွာ သင်သည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ကျိုးနွံနာခံခြင်းသဘောထားတစ်ခု လိုအပ်သည်။ ဘုရားသခင်သည် သင့်အပေါ် မည်သည့်ပုံစံမျိုးဖြင့် ကြည့်နေသည်ကိုလည်းကောင်း၊ သင့်အပေါ် သူ၏ သဘောထားနှင့် လေသံက မည်သို့ဖြစ်သည်ကိုလည်းကောင်း၊ သူသည် သင့်ကို အလွန်အမင်း မနှစ်မြို့သည်ဖြစ်စေ၊ နှစ်မြို့သည်ဖြစ်စေ၊ သူသည် သင့်ကို ထုတ်ဖော်မည်ဖြစ်စေ၊ မထုတ်ဖော်မည်ဖြစ်စေ မစိုးရိမ်နှင့်။ သင်ကိုယ်တိုင်၏ အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းခြင်းအားဖြင့် အစပြုလော့။ သာမန်လူများသည် ပေတရု ပြောခဲ့သည့်အရာကို အလွယ်တကူ ရရှိနိုင်သလော။ (အလွယ်တကူ မရရှိနိုင်ပါ။) သူသည် ဤသို့ပြောသည့်အခွင့်ကို ရရှိဖို့ရန်အတွက် သူ့၌ မည်သည့်အတွေ့အကြုံများရှိခဲ့ပြီး မည်သည့်စစ်မှန်မှုများကို ပိုင်ဆိုင်ခဲ့သနည်း။ (ဘုရားသခင်က လူကို မည်သို့ဆက်ဆံသည်ဖြစ်စေ ယင်းမှာ လူကိုကယ်ဖို့ဖြစ်ပြီး ချစ်ခြင်းကလွဲ၍ အခြားမဟုတ်ဟု သူ အပြည့်အဝ ယုံကြည်ခဲ့သည်။ ဤအတွက်ကြောင့် သူသည် ကျိုးနွံနာခံရန် လိုလိုလားလား ဖြစ်ခဲ့ခြင်း ဖြစ်သည်။) ပေတရုက ‘အကယ်၍ ဘုရားသခင်သည် လူသားတို့ကို အရုပ်များသဖွယ် ကစားနေခဲ့လျှင်ပင်၊’ ဟု ပြောခဲ့ပြီး သင်က ‘ဘုရားသခင်က လူကို မည်သို့ ဆက်ဆံသည်ဖြစ်စေ’ ဟု ပြောခဲ့သည်။ သင်သည် သင့်ကိုယ်သင် ဖန်ဆင်းခံအဖြစ်၊ ဘုရားသခင်၏ နောက်လိုက်အဖြစ်၊ ဘုရားအိမ်တော်သားတစ်ဦးအဖြစ် မှတ်ယူနေသည်။ ဤသို့ဆိုလျှင် ဤနှစ်ခု၌ ကွာခြားမှုရှိသလော။ ရှိသည်။ ခြားနားချက်တစ်ခု ရှိသည်။ အရုပ်တစ်ခုနှင့် လူသားတစ်ဦးကြား ခြားနားချက်သည် မည်သည့်နေရာ၌ တည်ရှိသနည်း။ အရုပ်မှာ လုံးဝ မည်သည့်အရာမျှ မဟုတ်။ တန်ဖိုးမရှိဘဲ စိတ်ပျက်ဖွယ်ကောင်းသော သေးနုပ်သိမ်ဖျင်းသောအရာ ဖြစ်သည်။ အရုပ်ဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ ထိုအမျိုးအစားဖြစ်သည်။ သို့သော် လူတစ်ဦးဆိုလျှင် အဘယ်သို့နည်း။ လူတစ်ဦးတွင် အတွေးများနှင့် ဦးနှောက်ရှိသည်။ စကားပြောဆိုနိုင်ပြီး အမှုအရာများကို လုပ်ဆောင်နိုင်သည်။ ပုံမှန်လူသားလှုပ်ရှားမှုများကို ကျင့်ကြံပြုမူနိုင်သည်။ အရုပ်ဖြစ်သူများနှင့် နှိုင်းယှဉ်လျှင် လူသား၏တန်ဖိုးနှင့် အဆင့်အတန်းကြားတွင် ကွာခြားမှုရှိသလော။...သင်သည် လူသားအဖြစ် သတ်မှတ်ခြင်းခံရလျှင် မည်သည့်ဆက်ဆံမှုမျိုးကို သင်တောင်းဆိုမည်နည်း။ သင်သည် လေးစားခြင်းခံရရန်၊ တိုင်ပင်ဆွေးနွေးခြင်းခံရရန်၊ သင်၏ ခံစားချက်များကို အလေးထားခြင်းခံရရန်၊ သင်သည် လုံလောက်သောနေရာနှင့် လွတ်လပ်ခွင့်ပေးခြင်းခံရရန်၊ သင်၏ သိက္ခာနှင့် ဂုဏ်သတင်းကို အလေးထားခြင်းခံရရန် တောင်းဆိုလိမ့်မည်။ ယင်းသည် လူသားများ ဆက်ဆံခံရသည့် ပုံစံဖြစ်သည်။ သို့သော် အရုပ်များဆိုလျှင် အဘယ်သို့နည်း။ (၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်။ ခြေဖြင့် ကန်ကျောက်၍ ရသည်။) (၎င်းတို့ကို အသုံးပြုလိုသောအခါ အသုံးပြုနိုင်ပြီး အသုံးမပြုလိုသောအခါ ဘေးသို့လွှင့်ပစ်ထားနိုင်သည်။) ဤသည်မှာ သင့်တင့်လျောက်ပတ်သောစကား ဖြစ်သည်။ ဤသည်မှာ အရုပ်များကို ဆက်ဆံမှုနှင့်ပတ်သက်ပြီး သင်တို့ပြောရမည့်အရာ ဖြစ်သည်။ ဤသို့ဆိုလျှင် လူသားတစ်ဦးကို အရုပ်တစ်ခုအဖြစ် ဆက်ဆံခြင်းကို သင်တို့ မည်သို့ ဖော်ပြမည်နည်း။ (၎င်းတို့ကို သင်လိုအပ်သောအခါ အသုံးပြုပြီး မလိုအပ်သောအခါတွင် လျစ်လျူသာရှုပါ။) သင်သည် ၎င်းတို့ကို ဆက်ဆံသည်မှာ တစ်စက်မျှ လေးစားမှုမရှိ။ ပြီးလျှင် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို ကာကွယ်ဖို့ မလိုပေ။ သင်သည် ၎င်းတို့ကို မည်သည့်လုပ်ပိုင်ခွင့်ဖြစ်စေ၊ မည်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်စေ၊ မည်သည့်လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်စေ မပေးပေ။ အကြောင်းအရာများတွင် ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးဖို့၊ သို့မဟုတ် ၎င်းတို့၏ ဂုဏ်ကို ထည့်သွင်းစဉ်းစားဖို့၊ သို့မဟုတ် ထိုသို့သောအရာ တစ်ခုတလေကိုမျှ မလိုအပ်ပေ။ သင်သည် စိတ်ကြည်သောအခါတွင် ၎င်းတို့အပေါ် သဘောထားကောင်း နိုင်သော်လည်း စိတ်မကြည်သောအခါတွင် ၎င်းတို့ကို ခြေဖြင့် ကန်ကျောက်နိုင်သည်။ ယင်းသည် အရုပ်တစ်ခုအပေါ် ထားရှိသည့် သဘောထားဖြစ်သည်။ ဘုရားသခင်က လူတို့အား အရုပ်များကဲ့သို့ ဆက်ဆံခဲ့လျှင် ၎င်းတို့က မည်သို့ ခံစားရမည်နည်း။ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းသည်ဟု ၎င်းတို့ ခံစားရဦးမည်လော။ (ခံစားရမည်မဟုတ်ပါ။) သို့သော် ပေတရုက ဘုရားသခင်ကို ချီးမွမ်းနိုင်ခဲ့သည်။ သေသည့်အဆင့်အထိ ကျိုးနွံနာခံခြင်းကို ရရှိဖို့ရန် သူ့ကို အခွင့်ပေးခဲ့သည့် မည်သည့်သမ္မာတရားစစ်မှန်မှုများကို သူ ပိုင်ဆိုင်ခဲ့သနည်း။ ဘုရားသခင်က စင်စစ်အားဖြင့် လူအား အရုပ်တစ်ခုကဲ့သို့ မဆက်ဆံခဲ့ပေ။ သို့သော် ပေတရု၏ နားလည်မှုက ဤအဆင့်သို့ ရောက်သောအခါ သူသည် ‘ဘုရားသခင်က ငါ့ကို ဤနည်းဖြင့် ဆက်ဆံခဲ့လျှင် ငါသည် ကျိုးနွံနာခံသင့်ဆဲ ဖြစ်သည်။ ဘုရားသခင်က ငါ့အား ဆော့ကစားစရာအရုပ်တစ်ခုအဖြစ် ဆက်ဆံလျှင် ငါသည် အဘယ်သို့ အဆင်သင့်မဖြစ်ဘဲ၊ မလိုလားဘဲ ရှိနိုင်မည်နည်း။’ ဟု တွေးခဲ့သည်။ ပေတရုက ဤအဆင်သင့်ဖြစ်ခြင်း၊ လိုလားခြင်းကို ရရှိခဲ့သည်။ ‘အဆင်သင့်ဖြစ်ပြီး လိုလားခြင်း’ သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ (ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှအောက်တွင် သူ့ကိုယ်သူထားရှိပြီး ယင်းတို့ကို အပြည့်အဝ ကျိုးနွံနာခံခြင်း ဖြစ်သည်။) ယင်းသည် ကျိုးနွံနာခံခြင်း သမ္မာတရား ဖြစ်သည်။ သင့်အား စာတန်ထံသို့ လွှဲပြောင်းပေးခြင်းမှာ အရုပ်တစ်ခုကို ဆက်ဆံသည့်ပုံစံ ဖြစ်မည်မဟုတ်လော။ သင့်ကို အလိုမရှိသောအခါ၊ သင့်အား စာတန်က သွေးဆောင်ပြီး အရူးလုပ်နိုင်ရန်အတွက် သင်သည် စာတန်ထံ လွှဲပြောင်းပေးခြင်းခံရသောအခါ သင်သည် စွန့်ပစ်ခြင်းခံရမည်။ ပေတရု၏ သဘောထားမှာ အဘယ်နည်း။ သူ့တွင် ညည်းညူမှုတစ်ခုခုရှိသလော။ သူသည် ဘုရားသခင်ထံ ညည်းညူသလော။ ဘုရားသခင်ကို ကျိန်ဆဲသလော။ စာတန်ဘက်သို့ ဦးလှည့်သလော။ (မလှည့်ပါ။) ဤသည်မှာ ကျိုးနွံနာခံခြင်းဟု ခေါ်သည်။ သူ့တွင် ညည်းညူခြင်းမရှိ။ အပျက်သဘောဆောင်မှု၊ သို့မဟုတ် အာခံမှုကို ပြသခြင်းများမရှိ။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြေလည်ခဲ့ပြီ မဟုတ်လော။ ဤသည်မှာ ဘုရားသခင်နှင့် ပြည့်စုံစွာ သဟဇာတဖြစ်ခြင်း ဖြစ်သည်။ ဤသည်မှာ သူက ဘုရားသခင်ကို သစ္စာဖောက်သလော၊ မဖောက်သလောဆိုသည်နှင့် မသက်ဆိုင်ပေ။ ဤသည်မှာ ‘ဘုရားသခင်က ငါ့အား မည်သည့်နေရာ၌ ထားသည်ဖြစ်စေ ငါ၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိမည်။ ဘုရားသခင်က ငါ့အား မည်သည့်နေရာ၌ ထားသည်ဖြစ်စေ ငါသည် ဘုရားသခင် ပိုင်ဆိုင်သည့်သူ ဖြစ်မည်။ သူသည် ငါ့အား ပြာအဖြစ် ပြောင်းလဲလျှင်ပင် ငါ့ကို ဘုရားသခင်က ပိုင်ဆိုင်ဦးမည်။ ငါသည် မည်သည့်အခါမျှ စာတန်ဘက်သို့ ဦးလှည့်မည်မဟုတ်’ ဆိုသည်နှင့် သက်ဆိုင်သည်။ သူသည် ဤကျိုးနွံနာခံခြင်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ ဤအရာကို ပြောဆိုခြင်းသည် လွယ်ကူသော်လည်း လုပ်ဆောင်ခြင်းက ခက်ခဲသည်။ သင်သည် ဤအရာအားလုံးကို ပြည့်စုံစွာ၊ ရှင်းလင်းစွာ မြင်သည်အထိ အချိန်ပမာဏတစ်ခုအထိ သမ္မာတရားဖြင့် ပြင်ဆင်ထားရမည် ဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန်ပို၍ လွယ်ကူလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်းအတွက် အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်) ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အခေါက်ခေါက်အခါခါ စဉ်းစားနေမိတယ်။ ဘုရားသခင်က ပေတရုရဲ့ အတွေ့အကြုံကို ကျွန်မတို့ လိုက်လျှောက်ရမဲ့ ပုံသက်သေအနေနဲ့ ဘာလို့ သုံးခဲ့လဲဆိုတာကို နောက်ဆုံးမှာ ကျွန်မ နားလည်သွားတယ်။ ပေတရုက ပြောခဲ့တယ်၊ “အကယ်၍ ဘုရားသခင်သည် လူသားတို့ကို အရုပ်များသဖွယ် ကစားနေခဲ့လျှင်ပင်၊ လူသားတို့သည် မည်သည့် မကျေနပ်ချက် ရှိမည်နည်း” လို့ပြောခဲ့တယ်။ ပေတရုက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ခဲ့တယ်၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းတွေ ခံရတဲ့အတောအတွင်းမှာတောင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းမှာ ဝမ်းမြောက်နိုင်ခဲ့တယ်၊ ပြီးတော့ သူ့မှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိခဲ့တယ်။ ဘုရားသခင်က သူ့ကို အရုပ်တစ်ရုပ်လို သဘောထားရင်တောင် သူ့မှာ မကျေနပ်ချက်တွေ မရှိဘူးလို့ ပေတရုက ပြောခဲ့တယ်။ ပေတရုက သူ့ရဲ့ မှန်ကန်တဲ့နေရာမှာ ရပ်တည်ခဲ့တယ်၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ တောင်းဆိုဖို့ ဆန္ဒမရှိခဲ့ဘူး၊ ကျိုးနွံနာခံမှုပဲ ရှိခဲ့တယ်။ ဘုရားသခင် ဘာပဲလုပ်လုပ် အရာအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားဖို့ သူ ခွင့်ပြုခဲ့တယ်။ နောက်ဆုံးမှာ ပေတရုက ဘုရားသခင်ရဲ့ စုံလင်အောင် ပြုခြင်းခံရတယ်။ ကျွန်မ ဖျားနာတုန်းက ကိုယ့်နေရာမှာ ကျွန်မ မရပ်တည်ခဲ့တာနဲ့ ကိုယ့်ရဲ့ဇာတိပကတိအတွက် အေးချမ်းမှုကိုပဲ ကျွန်မ ရှာခဲ့ပုံတွေကို စဉ်းစားမိတယ်။ ဘုရားသခင်က ကျွန်မတောင်းဆိုတာတွေကို မဖြည့်ဆည်းပေးတဲ့အခါ၊ ကျွန်မခန္ဓာကိုယ် ဒုက္ခခံစားရပြီး ကောင်းချီးမင်္ဂလာ ရချင်တဲ့ ကျွန်မရဲ့ဆန္ဒ တစ်စစီပြိုကွဲသွားတဲ့အခါ၊ ကျွန်မက ဘုရားသခင်ကို ငြင်းခုံပြီး ပြိုင်ဆိုင်ဖို့ ကြိုးစားခဲ့တယ်၊ အရာအားလုံးကို အဆုံးသတ်ပစ်ဖို့တောင် တွေးခဲ့တယ်။ ပေတရုနဲ့ ယှဉ်လိုက်ရင် ကျွန်မမှာ ဘယ်လိုများ ဘာလူ့သဘာဝ၊ ဘာဆင်ခြင်တုံတရားများ ရှိခဲ့လို့လဲ။ ကျွန်မက ဘုရားသခင်ရှေ့မှောက်မှာ အသက်ရှင်ဖို့ လုံးဝ မထိုက်တန်ပါဘူး။ လူသားတွေကို ဘုရားသခင် ဖန်ဆင်းထားတာဖြစ်ပြီး ဘုရားသခင် ကျွန်မကို ဘာပဲလုပ်လုပ် သင့်လျော်ပါတယ်။ ဘုရားသခင် လုပ်ဆောင်ချက်တွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေက ကျွန်မ နားလည်တာထက် ကျော်လွန်ပါတယ်။ လူ့ရဲ့ ရှုထောင့်အမြင်ကနေ ကြည့်ရင် ကျေးဇူးတော်နဲ့ ခန္ဓာ အေးချမ်းမှုက ကောင်းတဲ့အရာတွေလို့ ထင်ရတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့က တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဒုက္ခခံစားခြင်းနဲ့ စစ်ဆေးခြင်းတွေကို ပိုပြီးတော့တောင် လိုအပ်ပါတယ်။ ကျွန်မ ဒီရောဂါဖြစ်ခဲ့တုန်းကလိုပဲပေါ့၊ ကျွန်မရဲ့ အယူအဆတွေနဲ့ မကိုက်ညီပေမဲ့ တကယ်တမ်းကျတော့ ကျွန်မအသက်တာအတွက် အကျိုးရှိသလို ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ ပိုပြီးတော့တောင် အကျိုးရှိပါတယ်။ ဒါက ကျွန်မအပေါ် ဘုရားသခင်ပေးတဲ့ အထူး ကောင်းချီးမင်္ဂလာပါပဲ။ အဲဒီအချိန် ကျွန်မ စိတ်နှလုံးထဲမှာ လိုက်စားရမဲ့ ပန်းတိုင်တစ်ခုရှိတာကို တွေ့လိုက်ရတယ်။ ပေတရုရဲ့ ပုံသက်သေကို ကျွန်မ လိုက်လျှောက်ချင်ခဲ့ပြီး ကင်ဆာက ဘယ်လိုပဲ ဖြစ်လာပါစေ၊ ကျွန်မ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်ရဲ့ နေရာမှန်မှာ ရပ်တည်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ လိုလားခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း နာလန်ထူလာတယ်။ တုတ်ကောက်ကို စသုံးပြီး ခြေထောက်တစ်ဖက်တည်းနဲ့ လမ်းလျှောက်တတ်အောင် သင်ယူခဲ့တယ်။ သုံးလကြာတော့ ဆေးရုံမှာ စစ်ဆေးဖို့ သွားတော့ ကျွန်မ တော်တော်လေး ပြန်ကောင်းလာပြီလို့ ဆရာဝန်က ပြောတယ်၊ ကင်ဆာ ပြန်မဖြစ်တဲ့အတွက် ဓာတ်ကင်စရာ မလိုဘူးတဲ့။ ၂၀၂၃ ခုနှစ်၊ မတ်လမှာ ရက်ချိန်းပြဖို့ ကျွန်မ ဇာတိကို ပြန်သွားခဲ့တယ်။ ဆရာဝန်က ဆေးစစ်ချက်အဖြေတွေကို မြင်တော့ အံ့သြသွားပြီး ပြောတယ်၊ “ဒီလို အရိုးကင်ဆာမျိုးက လူနာ ၉၉ ရာခိုင်နှုန်း ဓာတ်ကင်ဖို့ လိုမှာပဲ၊ ဒါပေမဲ့ ခင်ဗျားက ဓာတ်ကင်စရာ မလိုတဲ့အပြင် ကင်ဆာလည်း ပြန်မဖြစ်ဘူး။ ဒါက တကယ့် အံ့ဖွယ်ပဲ” တဲ့။ ဆရာဝန် ဒီလိုပြောတာ ကြားတော့ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ကို တိတ်တဆိတ် ကျေးဇူးတင်ချီးမွမ်းမိတယ်။ နောက်ပိုင်းမှာ အသင်းတော်မှာ ကျွန်မတာဝန်တွေကို ပြန်ထမ်းဆောင်ခဲ့တယ်။ အကြာကြီး ထိုင်ရင် ခြေထောက် ထုံကျဉ်ပြီး တင်ပါးဆုံရိုး နာတတ်ပေမဲ့ အဲဒီအရာကြောင့် ကျွန်မ ဘောင်ခတ်ခံရတာ၊ ဘုရားသခင်ကို တောင်းဆိုတာတွေ မရှိတော့ဘူး။ အဲဒီအစား ကျွန်မ အရမ်း ကျေးဇူးတင်မိလာပြီး ကျွန်မရဲ့တာဝန်တွေ ထမ်းဆောင်ခွင့်ရတာကို တန်ဖိုးထားမိတယ်။ ကောင်းချီးမင်္ဂလာ ရှာဖွေတဲ့ ရည်ရွယ်ချက်ကို စွန့်လွှတ်၊ ကျိုးနွံနာခံပြီး တာဝန်ထမ်းဆောင်တဲ့အခါ ကျွန်မ စိတ်နှလုံးထဲမှာ အရမ်းကို အေးချမ်းတဲ့ခံစားချက်ကို ခံစားခဲ့ရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ စမ်းသပ်ခြင်းများနှင့်ဆိုင်သော အဓိပ္ပာယ်ကို နောက်ဆုံးတွင် ကျွန်မ နားလည်သွားသည်

လုယိ၊ တရုတ်ပြည်၂၀၂၄ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာပေါ့။ ကျွန်မနဲ့ ပူးပေါင်းလုပ်နေတဲ့ ညီအစ်မတွေနဲ့အတူ ဆောင်းပါးတွေကို သုံးသပ်နေခဲ့ကြတယ်။...

ကောင်းချီးများကို လိုက်စားခြင်းမှ နိုးထခြင်း

၁၉၉၄ ခုနှစ်မှာ ကျွန်မအမေက သခင်ယေရှုကို ယုံကြည်ခဲ့ပါတယ်။ သုံးလအတွင်းမှာပဲ သူ့ရဲ့ နှလုံးသွေးကြောပိတ်ရောဂါက ပျောက်သွားတယ်။ ဒါက ဘုရားရဲ့...

ကျေးဇူးတော်အတွက်သက်သက် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်တော်မှန်ကန်သလော

တရုတ်နိုင်ငံမှ လျူလူ၂၀၁၆ ခုနှစ်အကုန်မှာ၊ ကျွန်မရဲ့ကလေးက ဝမ်းဆက်တိုက်သွားနေပြီး ဘယ်ဆေးမှ အရာမရောက်ခဲ့ဘူး။ မမျှော်လင့်ဘဲ၊ ကျွန်မ ဘုရားသခင်ကို...

အနာရောဂါကြားမှ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခြင်း

ကျန်းရှင်း၊ တရုတ်ပြည်လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ကျွန်မ ပြင်းထန်တဲ့ လေးဘက်နာရောဂါ ဖြစ်ခဲ့ပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခဲ့ရပါတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။