ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ အနှောင်အဖွဲ့များမှ ကျွန်မ ရုန်းထွက်လွတ်မြောက်ခဲ့ပုံ

14.04.2026

ဆူမီ၊ တရုတ်နိုင်ငံ

၂၀၀၂ ခုနှစ်၊ ကျွန်မ အသက် ၁၈ နှစ်အရွယ်တုန်းက အထည်ချုပ်စက်ရုံတစ်ခုမှာ ကျွန်မ အလုပ်လုပ်ခဲ့တယ်။ တီဗီဇာတ်လမ်းတွဲ သရုပ်ဆောင်တွေက ရွှေငွေတွေနဲ့ လှလှပပ ဖက်ရှင်ကျကျ ဝတ်စားနေတာ၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့နေပြီး ကားအကောင်းစားတွေစီးတာ၊ သွားတဲ့နေရာတိုင်းမှာ နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်ခံရပြီး အရမ်းစွဲမက်စရာကောင်းကြတာကို ကျွန်မမြင်တဲ့အခါတိုင်းမှာ ကျွန်မ အဲဒီလိုဘဝမျိုးကို အားကျမိတယ်။ ကျွန်မ မိသားစုတစ်ခုကို အစပြုတာနဲ့ အဲဒီလို ဂုဏ်ရှိတဲ့ဘဝတစ်ခု အသက်ရှင်ဖို့အတွက် အလုပ်ကြိုးစားမယ်လို့ အိမ်မက်မက်ခဲ့တယ်။ ကျွန်မရဲ့ အိမ်မက်ကို စွမ်းဆောင်ရရှိဖို့၊ ကျွန်မတို့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ကျွန်မတို့လင်မယားနှစ်ယောက် အလုပ်လုပ်ဖို့ တခြားနေရာကို ပြောင်းရွှေ့ခဲ့ကြတယ်။ ပိုက်ဆံပိုရဖို့ ကိုယ်ဝန် ၇ လ၊ ၈ လ ရှိတာတောင်မှ တစ်နေ့ကို ၁၀ နာရီကျော် အထည်တွေ ချုပ်ရင်းနဲ့ အလုပ်လုပ်ခဲ့တယ်။ အကြာကြီး ပင်ပင်ပန်းပန်း လုပ်ရတော့ ကျွန်မကျန်းမာရေးက သိသိသာသာ ဆုတ်ယုတ်လာပြီး ကိုယ်အလေးချိန်က ရုတ်တရက် ပေါင်တစ်ဆယ်ကျော် ကျသွားတယ်။ ကျွန်မအမျိုးသားကတော့ အကြာကြီးထိုင်ပြီး ရေအသောက်နည်းလို့ ကျောက်ကပ်မှာ ကျောက်တည်လာတယ်၊ ဒါကြောင့် သူက ကျွန်မနဲ့အတူ အထည်မချုပ်နိုင်တော့ဘူး။ နောက်ပိုင်းမှာ သူက ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားတယ်။ သိပ်မကြာခင်မှာပဲ သူဌေးရဲ့ ယုံကြည်မှုကို ရလာတယ်။ ကုမ္ပဏီကိစ္စအတော်များများကို သူဌေးက သူ့ကို အပ်တယ်။ နှစ်နည်းနည်းကြာတော့ ကျွန်မတို့ စုမိဆောင်းမိ နည်းနည်းရှိလာပြီး မြို့ထဲမှာ အိမ်တစ်လုံး ဝယ်ဖို့ ချေးငွေယူလိုက်ကြတယ်။ ကျွန်မအမျိုးသားရဲ့ အလုပ်အကိုင်က အဆင်ပြေနေတော့ ကျွန်မတို့ ကားတစ်စီးဝယ်ဖို့လည်း စီစဉ်ခဲ့ကြတယ်။ ဇာတိမြို့ကို ကျွန်မတို့ ပြန်သွားတဲ့အခါတိုင်းမှာ၊ ရွာသားတွေက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ မြို့မှာ အခြေချနိုင်လို့ ကျွန်မတို့ကို အားကျကြတယ်၊ တတ်စွမ်းနိုင်တဲ့အတွက် ကျွန်မတို့ကို သူတို့ ချီးကျူးကြတယ်။ အဲဒီလို ချီးကျူးသံတွေကြားရတော့ ကျွန်မ အရမ်းဂုဏ်ယူမိပြီး လေထဲမြောက်နေသလိုမျိုး ခံစားခဲ့ရတယ်။ ပိုက်ဆံရှိတာ ကောင်းလိုက်တာ၊ ဘယ်သွားသွား အားကျခံရပြီး ချီးကျူးခံရတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်မရင်ထဲမှာ ရှင်းပြမရတဲ့ ဟာတာတာဖြစ်တာမျိုး ခံစားလာရတယ်။ ကျွန်မ တန်ဖိုးကြီး အဝတ်အစားတွေနဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ ဝယ်တယ်၊ နေရာအမျိုးမျိုးကို ခရီးထွက်တယ်။ ဒါပေမဲ့ ဘာကမှ ကျွန်မရင်ထဲက ဟာတာတာဖြစ်နေတာကို မဖြည့်ဆည်းပေးနိုင်ဘူး။ “ငါ ဘာကိစ္စနဲ့ ပိုက်ဆံရဖို့ ဒီလောက် ကြိုးစားပမ်းစား လုပ်ခဲ့ရတာလဲ။ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းနေပြီး လူတွေရဲ့ အားကျတာကို ခံရဖို့သက်သက်ပဲလား။ ဒါပေမဲ့ ဒီအရာတွေအားလုံး ရပြီးတဲ့နောက်မှာ ဘာလို့ ငါ့ရင်ထဲ ဟာတာတာ ဖြစ်နေရသေးတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မမေးဘဲ မနေနိုင်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ပဲ ကျွန်မဟာ ဘဝကို ပင်ပန်းတယ်လို့ ခံစားရင်း နေ့တိုင်း ဖြစ်သလို အချိန်ကုန်ခဲ့တယ်။

၂၀၁၉ ခုနှစ်မှာ ကျွန်မအမျိုးသားရဲ့ ကုမ္ပဏီက ငွေကြေးအငြင်းပွားစရာတစ်ခုမှာ ပါဝင်ပတ်သက်မိခဲ့တယ်။ ကျွန်မအမျိုးသားက ကုမ္ပဏီရဲ့ ငွေစာရင်းကို ကိုင်ရတော့ သူလည်း ပါဝင်ပတ်သက်သွားတယ်။ ကျွန်မတို့ လျော်ကြေးငွေ ယွမ် လေးသိန်း ပေးရတယ်။ ကျွန်မအမျိုးသားလည်း တရားစွဲခံရပြီး နောက်ဆုံးမှာ ထောင်ဒဏ် လေးနှစ်ခွဲ ကျခံလိုက်ရတယ်။ ကျွန်မရဲ့ ကမ္ဘာပြိုလဲသွားသလို ခံစားလိုက်ရတယ်။ ကျွန်မအမျိုးသားက အိမ်ရဲ့ အဓိက ထောက်တိုင်လေ။ သူ ထောင်ကျသွားတော့ ပိုက်ဆံရှာနိုင်မဲ့သူ၊ ကျွန်မတို့ကို ထောက်ပံ့နိုင်မဲ့သူ မရှိတော့ဘူး။ ကလေးနှစ်ယောက်ရဲ့ ကျောင်းစရိတ်တွေ၊ နေ့စဉ် ကုန်ကျစရိတ်တွေနဲ့အတူ လတိုင်း အိမ်ရာချေးငွေ ပြန်ဆပ်ရသေးတယ်။ လျော်ကြေးပေးဖို့လည်း ပိုက်ဆံတွေအများကြီး ချေးခဲ့ရတယ်။ ဒီဖိအားတွေအားလုံးက ကျွန်မတစ်ယောက်တည်းအပေါ် ကျရောက်လာတယ်။ ငွေကြေးဝန်ထုပ်ဝန်ပိုးအပြင် ဘေးနားကလူတွေရဲ့ အထင်သေးပြီး မတူမတန်တဲ့ အကြည့်တွေကိုလည်း ကျွန်မ ခံခဲ့ရတယ်။ ဆက်ပြီးအသက်ရှင်ရတာ ဝေဒနာ ခံစားရသလို ဖြစ်ပြီး သေတာကမှ ပိုကောင်းမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကလေးနှစ်ယောက်က ငယ်သေးတယ်၊ သူတို့ကို ကျွန်မ စောင့်ရှောက်ဖို့ အရမ်း လိုအပ်နေတဲ့အချိန် ဖြစ်နေတော့ သူတို့ကို ပစ်မထားရက်ခဲ့ဘူး။ ကျွန်မ နေ့တိုင်း ငိုနေခဲ့ရပြီး အနာဂတ်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိခဲ့ဘူး။ ထွက်ပေါက်မရှိတော့ဘူးလို့ ခံစားနေရတဲ့အချိန်မှာပဲ အမေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မကို ဟောပြောခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယကို နားထောင်ရာကနေ၊ အစအဦးမှာ လူတွေဟာ ဧဒင်ဥယျာဉ်ထဲမှာ နေထိုင်ခဲ့ကြပြီး စိုးရိမ်ပူပန်တာ၊ ဝမ်းနည်းတာ၊ ဒါမှမဟုတ် နာကျင်တာတွေ မရှိခဲ့ဘူးဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ ဒါပေမဲ့ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးတဲ့နောက်မှာ လူတွေဆီမှာ ရည်မှန်းချက်တွေ၊ လိုအင်ဆန္ဒတွေ အမျိုးမျိုးနဲ့ လိုက်စားမှုနောက်ကွယ်က မှားယွင်းတဲ့ အမြင်ရှုထောင့်တွေ ရှိလာကြတယ်။ ဒါကြောင့် ဆင်းရဲဒုက္ခနဲ့ စိတ်ဆင်းရဲစရာတွေ များနေတာပဲ။ ဒီတစ်ကြိမ်မှာ လူသားမျိုးနွယ်ကို စာတန်ရဲ့ ဘေးရန်ကနေ လွတ်မြောက်စေဖို့နဲ့ ဧဒင်ဥယျာဉ်မှာ လူသားတွေ တစ်ချိန်က ရှိခဲ့တဲ့ အသက်တာကို ပြန်ပေးဖို့အတွက် ဘုရားသခင်က အမှုပြုဖို့ ကြွလာခဲ့တာ ဖြစ်တယ်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံမှသာ စာတန်ရဲ့ အန္တရာယ်ကနေ လွတ်မြောက်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်တာ ဖြစ်တယ်။ ကျွန်မ မှီခိုအားထားစရာ တစ်ခုခု တွေ့သွားပြီလို့ ခံစားရပြီး ကျွန်မရင်ထဲက နာကျင်မှုက အများကြီး သက်သာသွားတယ်။ စုဝေးပွဲတွေတက်ဖို့နဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ ကျွန်မ လိုလိုလားလား ရှိလာတယ်။

အဲဒီနောက်မှာ အဝတ်အစားချုပ်ရင်းနဲ့ ကျွန်မ စုဝေးပွဲတွေ တက်ခဲ့တယ်။ အဝတ်အစားချုပ်တာ ကျွန်မ ကျွမ်းကျင်တော့ ကျွန်မရှာတဲ့ပိုက်ဆံက မိသားစုရဲ့ နေ့စဉ် ကုန်ကျစရိတ်တွေကို ကာမိရုံတင်မကဘူး၊ စုမိဆောင်းမိတချို့လည်း ရလာတယ်။ အနာဂတ်အတွက် ကျွန်မ အစီအစဉ်တွေ ပြန်ရှိလာပြီး တွေးမိတယ်၊ “နောက်ထပ် နှစ်နည်းနည်းလောက် ငါ ဆက်လုပ်ရင် ငါ့အခြေအနေ ပိုကောင်းလာမှာဖြစ်ပြီး ဆင်းရဲတဲ့အတွက် တခြားလူတွေက ငါ့ကို အထင်မသေးပြီး လှောင်ပြောင်မှာ မဟုတ်ဘူး” လို့ပေါ့။ ဒါပေမဲ့ ကျွန်မက တစ်ပတ်ကို သုံးကြိမ် စုဝေးပွဲတက်ရတယ်၊ ဒါက ကျွန်မရဲ့ အသက် ဝင်ရောက်မှုအတွက် အကျိုးရှိပေမဲ့ ကျွန်မ အလုပ်လုပ်ချိန် နည်းသွားပြီး အရင်ကထက် ပိုက်ဆံနည်းနည်းပဲ ရတော့တယ်ဆိုတဲ့ သဘောပေါ့။ ဒါနဲ့ ကျွန်မ တွေးမိတယ်၊ “ငါ့ရဲ့ စုဝေးပွဲတွေကို တစ်ပတ် တစ်ကြိမ်လောက်ပဲ လုပ်ပြီး လျှော့လိုက်လို့ ရမလား။ အဲဒီလိုဆိုရင် လတိုင်း ယွမ် ထောင်နဲ့ချီပြီး ပိုရှာနိုင်မှာ၊ အိမ်ရာချေးငွေ ဆပ်ပြီးရင်တောင် ပိုက်ဆံပိုကျန်ဦးမှာလေ။ နှစ်နည်းနည်းလောက် စုလိုက်ရင် ငါ အကြွေးတွေ ကျေနိုင်မှာ၊ ပြီးတော့ အဲဒီအချိန်မှာ ကားတစ်စီး ဝယ်နိုင်ရင် ငါ ဂုဏ်ရှိရှိနဲ့ အပြင်ထွက်နိုင်မှာပဲ” ပေါ့။ နောက်ပိုင်းမှာ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုရင်းနဲ့ ကျွန်မ သဘောပေါက်လာတယ်၊ ပိုက်ဆံရှာဖို့ပဲ အာရုံစိုက်ပြီး စုဝေးပွဲ မှန်မှန် မတက်နိုင်ရင် ကျွန်မဟာ ဘုရားသခင်နဲ့ ဝေးသထက်ပဲ ဝေးသွားဖြစ်မှာ။ အဲဒီကျရင် ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုကို ကျွန်မ ဘယ်လိုရနိုင်မှာလဲ။ ကပ်ဘေးတွေ ရောက်လာတဲ့အခါ ပိုက်ဆံက လူ့အသက်ကို ပြန်မဝယ်နိုင်ဘူးလေ။ ကပ်ရောဂါကာလတုန်းက ကာကွယ်ရေး ဝတ်စုံတွေချုပ်ရင် အမြတ်အများကြီးရတယ်ဆိုလို့ တချို့လူတွေက နေ့ရောညပါ လုပ်ရင်းနဲ့ နောက်ဆုံး စက်ရုံမှာတင် သေဆုံးသွားကြတာကို ကျွန်မ ကြားခဲ့ရတာ သတိရသေးတယ်။ ပိုက်ဆံနဲ့ ကိုယ့်အသက်ကို လဲတဲ့ အဲဒီလိုဖြစ်ရပ်တွေက အရမ်းများတယ်။ ကျွန်မ စာတန်ရဲ့ လှည့်ကွက်တွေကို ထွင်းဖောက်မြင်ရမှာဖြစ်ပြီး ပိုက်ဆံအတွက်နဲ့ အသက်ရဖို့ အခွင့်အရေးကို အဆုံးရှုံးခံရမှာ မဟုတ်ဘူး။ ကျွန်မ စုဝေးပွဲတွေကို ပုံမှန် ဆက်တက်ရမယ်။ အစပိုင်းမှာတော့ ကျွန်မ တစ်ပတ်ကို သုံးကြိမ် စုဝေးပွဲ တက်နိုင်ပါသေးတယ်။ ဒါပေမဲ့ ခဏကြာတော့ အလုပ်လုပ်ချိန်နည်းသွားလို့ လစာ သိသိသာသာ လျော့သွားတဲ့အခါ ကျွန်မ စိတ်ပူလာတယ်။ “စုဝေးပွဲတွေ ပိုတက်တာက သမ္မာတရား ပိုနားလည်ဖို့ ကူညီပေးပြီး အသက် ဝင်ရောက်မှုအတွက် အကျိုးရှိမှာဖြစ်ပေမဲ့၊ အခု စက်ရုံမှာ အော်ဒါတွေများပြီး လုပ်အားခကောင်းနေတာ။ ပိုက်ဆံရှာဖို့ အခွင့်ကောင်းပဲ။ ဒီလိုအချိန်ကောင်းကို လက်လွှတ်လိုက်ရင် နောက်ပိုင်းမှာ စီးပွားရေးက ခက်ခဲသွားမှာဖြစ်ပြီး အဲဒီကျမှ အဝတ်အစား ဘယ်လောက်ပဲချုပ်ချုပ် အမြတ်သိပ်ရမှာ မဟုတ်ဘူး။ မဖြစ်ဘူး၊ အခုလောလောဆယ် ပိုက်ဆံကိုပဲ ဦးစားပေးရမယ်။ စက်ရုံမှာ အလုပ်ပါးသွားတဲ့အခါ စုဝေးပွဲတွေ ပိုတက်လိုက်မယ်” လို့ပေါ့။ ဒါနဲ့ ကျွန်မ စုဝေးပွဲကို တစ်ပတ် နှစ်ကြိမ်ပဲ တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ စုဝေးပွဲပြီးတိုင်း အလုပ်လုပ်ဖို့ စက်ရုံကို အပြေးအလွှား သွားတယ်၊ တခြားလူတွေ အလုပ်ဆင်းသွားရင်တောင် ကျွန်မက ဆက်လုပ်နေခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ အထူးတလည် ပင်ပန်းတယ်လို့ ခံစားရတယ်၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ဖို့ အချိန်မရှိခဲ့ဘူး။ ဆုတောင်းတဲ့အခါ ဘာပြောရမှန်းလည်း မသိခဲ့သလို၊ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်နဲ့ ဝေးသထက် ဝေးသွားတယ်။

နောက်ပိုင်း၊ အလုပ်ပါးတဲ့ ကာလအတောအတွင်းမှာ၊ စက်ရုံခဏပိတ်တယ်။ ကျွန်မအနေနဲ့ စုဝေးပွဲတွေ ပိုတက်ပြီး ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပိုပြင်ဆင်ဖို့ အဒီနားရက်ကို အသုံးပြုနိုင်ခဲ့ရမှာ၊ ဒါပေမဲ့ ကျွန်မ ချမ်းသာတုန်းကလို လူတွေရဲ့ အားကျတာကို ပြန်ရချင်လို့ ပိုက်ဆံ မြန်မြန် ပိုရှာချင်စိတ်နဲ့ ကာကွယ်ရေးဝတ်စုံတွေချုပ်ဖို့ တခြားစက်ရုံတစ်ခုကို သွားခဲ့တယ်။ တစ်ခါတလေ ပိုက်ဆံပိုရဖို့ ပုံမှန် အလုပ်ဆင်းချိန်ထက် နောက်ကျပြီးမှ ပြန်တယ်၊ အိမ်ရောက်တဲ့အခါ ကျွန်မရဲ့ညီမက စုဝေးမှာပါဝင်ဖို့ ကျွန်မကို စောင့်နှင့်နေခဲ့တယ်။ ဒါပေမဲ့ တစ်နေ့လုံး အလုပ်လုပ်ထားတော့ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး လက်မောင်းတွေဆို အရမ်းနာလွန်းလို့ မမြှောက်နိုင်တော့ဘူး။ စောစောစီးစီးပဲ အနားယူချင်လို့ စုဝေးပွဲတက်တာလည်း ထိရောက်မှာ မဟုတ်ဘူး။ ပိုက်ဆံပိုရဖို့ ကျွန်မ နေ့တိုင်း မနက် ၅ နာရီခွဲ ထပြီး မနက်စာ ချက်တယ်၊ အချိန်ကုန်သက်သာအောင် စက်ရုံကို ကျွန်မရဲ့နေ့လယ်စာ ယူသွားတယ်။ ရေရှည် အစားအသောက်မမှန်တဲ့ အလေ့အထတွေနဲ့ အေးတဲ့နေ့လယ်စာတွေကို အမြဲ စားရတာတွေကြောင့် တစ်လကြာတော့ တစ်နေ့မှာ ရုတ်တရက် ကျွန်မ အကြီးအကျယ် မူးဝေအော့အန်ပြီး ဝမ်းလျှောပါလေရော။ ဆရာဝန်က ကျွန်မမှာ အရမ်းစိုးရိမ်စရာကောင်းတဲ့ အစာအိမ် အူရောင်ရောဂါရှိပြီး အတော်လေး ပြင်းထန်သလို၊ နာလန်ထူဖို့ အိမ်မှာပဲနေရမယ်လို့ ပြောတယ်။ အိပ်ရာထဲလှဲရင်း၊ ကျွန်မ တွေးဆမိတယ်၊ “ဝတ်ပြုဆုတောင်းတာတွေ ဒါမှမဟုတ် စုဝေးပွဲသွားတာတွေကို ငါ ပုံမှန် မလုပ်ဖြစ်ခဲ့ဘူး။ လူတွေရဲ့ လေးစားအားကျတာကို ရဖို့ ငွေရှာပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု နေထိုင်ဖို့ကိုပဲ အာရုံစိုက်ခဲ့တယ်။ ဒါက ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ဘူး မဟုတ်လား” လို့ပေါ့။ စုဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က ကျွန်မရဲ့ အခြေအနေကို တိတိကျကျ ဖြေရှင်းပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြတယ်။ “ဘုရားသခင်ကို ယောဘ၏ ယုံကြည်မှုသည် အမည်ခံမဟုတ်ခဲ့ပေ။ သူသည် စစ်မှန်သော ယုံကြည်သူတစ်ဦး၏ စံနမူနာ ကိုယ်စားပြု ဖြစ်ခဲ့သည်။ အရာခပ်သိမ်းတွင် သူသည် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ သူ၏ သားသမီးများ၏ ပျော်ပွဲရွှင်ပွဲများနှင့်ပတ်သက်၍ သူ စိတ်မသက်မသာဖြစ်သည့်အခါ၊ ဘုရားသခင်ထံ ဆုတောင်းပြီး ၎င်းတို့ကို ဘုရားသခင်ထံ အပ်နှံခဲ့သည်။ သူ၏ ခြံမွေးတိရစ္ဆာန်များကို မည်သို့ ပြုစုပျိုးထောင်ရမည်ဟူသည်နှင့်ပတ်သက်၍ သူ မကြာခဏ ဆုတောင်းခဲ့သည်မှာ သေချာသည်။ သူသည် အရာရာကို ဘုရားသခင်၏ လက်ထဲသို့ အပ်နှံခဲ့သည်။ သူသည် လူ၏ စိတ်သဘောဖြင့် သူ၏ ခြံမွေးတိရစ္ဆာန်များကို ပြုစုပျိုးထောင်ခြင်းအား အမြဲ စီစဉ်ကာ တွက်ချက်လျက်၊ သူ ကြံစည်ခဲ့သည့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် မိမိကိုယ်ပိုင် ဉာဏ်နှင့် စိတ်ကူးကိုသာ မှီခိုပြီး ဦးနှောက်ခြောက်ခံစဉ်းစားရင်း၊ ဘာသာမဲ့သူတစ်ဦးကဲ့သို့ ဖြစ်ခဲ့မည်ဆိုလျှင်၊ ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများစွာ သူ တွေ့ကြုံခဲ့လျှင်ပင်၊ ဘုရားသခင်၏ လက်တော်အပြင် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သူ တွေ့မြင်နိုင်ခဲ့မည်လော။...လူတို့သည် ဘုရားသခင်ကို မှီခိုအားကိုးမည့်အစား အဘယ်ကြောင့် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များကို ရရှိရန် လူသားနည်းလမ်းများကို အသုံးပြုလျက် ဦးနှောက်ခြောက်ခံ စဉ်းစားကြသနည်း။ အစီအစဉ်များကို ၎င်းတို့ ပြုလုပ်ကြသည့်အခါ၊ ဘုရားသခင်၏ အလိုဆန္ဒများကို ၎င်းတို့ ရှာဖွေကြသလော။ ၎င်းတို့သည် ‘ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်မည်ကို ကျွန်ုပ် မသိပါ။ ဤအစီအစဉ်၊ ဤတွက်ချက်ခြင်းကို ကျွန်ုပ် အရင်လုပ်မည်။ သို့သော် ကျွန်ုပ်၏ အစီအစဉ်က ကျွန်ုပ်၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိမည်၊ မရရှိမည်ကို ကျွန်ုပ် မသိပါ။ ဤသည်မှာ အစီအစဉ်တစ်ခုသာ ဖြစ်သည်။ ကျွန်ုပ်၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်လျှင်၊ ထိုအရာသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။ စွမ်းဆောင်မရရှိနိုင်လျှင်၊ ကျွန်ုပ်ကိုယ်တိုင်၏ ကြောင်းကျိုးမမြင်ခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်၏ အစီအစဉ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီခဲ့သောကြောင့် ဖြစ်သည်’ဟု ပြောဆိုလျက်၊ ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ရှိကြသလော။ ဤသဘောထားမျိုး ၎င်းတို့တွင် ရှိကြသလော။ (မရှိကြပါ။) သို့ဆိုလျှင် ဤလုပ်ရပ်လမ်းကြောင်းများက အဘယ်သို့ ဖြစ်ပေါ်သနည်း။ ဤသည်တို့မှာ လူသား စိတ်ကူးများနှင့် အယူအဆများ၊ လူသား အလိုဆန္ဒများ၊ ဘုရားသခင်အပေါ် လူသား၏ အကျိုးသင့်အကြောင်းသင့်မဟုတ်သော တောင်းဆိုချက်များ ဖြစ်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ထွက်ပေါ်၏။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ ထို့အပြင်၊ ထိုသို့သော လူများတွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိကြသလော။ (မရှိကြပါ။) ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု မရှိကြသည်ကို သင် မည်သို့ မြင်သနည်း။ (၎င်းတို့သည် မိမိတို့ ပြုလုပ်သည့် အစီအစဉ်များကို စွမ်းဆောင်ရရှိရန် အပြည့်အဝ လိုအပ်သည်ဟု ခံစားကြသည်။) ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ မာနထောင်လွှားမှုနှင့် ပုန်ကန်ခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးသည်ဟု ၎င်းတို့ ခံစားကြသော်လည်း၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒများနှင့် တွက်ချက်မှုများကို ရရှိကြသည့်အခါ ဘုရားသခင်ကို ဘေးဖယ်ထားလိုက်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ဘေးဖယ်ထားသည့်အခါ ၎င်းတို့ ကျိုးနွံနာခံနေကြသလော။ ကျိုးနွံနာခံခြင်း မရှိကြသကဲ့သို့ ၎င်းတို့ စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ ဘုရားသခင်က အမှုအရာများကို မည်သို့ လုပ်ဆောင်လိုသည်ကို မဆိုထားနှင့်၊ အမှုအရာများအပေါ် ဘုရားသခင်က မည်သို့ အချုပ်အခြာအာဏာ စွဲကိုင်ပြီး စီစဉ်သည်ကို ၎င်းတို့ လုံးဝ မစဉ်းစားကြချေ။ ဤအရာမှ မည်သည့်အရာကို မြင်နိုင်သနည်း။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရှာဖွေကြ၊ ကျိုးနွံနာခံခြင်း မရှိကြသကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးလည်း မရှိကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အစီအစဉ်များကို ဦးစွာ ပြုလုပ်ကြပြီးနောက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်းကို လုံးဝ မစဉ်းစားဘဲ လူသား နည်းလမ်းများ၊ စိတ်ကူးများနှင့် အယူအဆများပေါ် မှီခိုလျက်၊ မိမိတို့ အစီအစဉ်များအတိုင်း ပြုမူဆောင်ရွက်ကာ ကြိုးစားလုပ်ဆောင်ကြလေသည်။ ခြံမွေးတိရစ္ဆာန်များကို မွေးခြင်းနှင့်ပတ်သက်လာသည့်အခါ၊ လူတို့သည် မိမိတို့ စိတ်နှလုံးများတွင် ‘လူသည် မိမိ လုပ်သင့်သည့်အရာကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်သင့်ပြီး ကောင်းကင်ဘုံ၏ အလိုတော်ကို ကျိုးနွံနာခံသင့်သည်’ဟူသည့်အရာကို အနည်းဆုံး သိရန် လိုအပ်သည်။ ယင်းမှာ ‘ခြံမွေးတိရစ္ဆာန်များကို ကျွေးမွေးရန် ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် ဖြည့်ဆည်းမည်။ ၎င်းတို့ကို အာဟာရချို့တဲ့စေခွင့်၊ သို့မဟုတ် အအေးဒဏ်ခံစားခွင့် သို့မဟုတ် ဆာလောင်ခွင့်၊ နာမကျန်းဖြစ်ခွင့်ပေးမည် မဟုတ်ပါ။ နောက်နှစ်တွင် ၎င်းတို့ရှိမည့် သားပေါက်အရေအတွက်မှာ ဘုရားလက်ထဲတွင်ရှိသည်။ ထိုအရာကို ကျွန်ုပ် မသိပါ။ ထိုအရာကို ကျွန်ုပ် မတောင်းဆိုသကဲ့သို့ အစီအစဉ်များ ပြုလုပ်မည် မဟုတ်ပါ။ ဤကိစ္စများအားလုံးသည် ဘုရားသခင်၏ သဘောအတိုင်း ဖြစ်သည်’ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန် လူသား အယူအဆများနှင့် စိတ်ကူးများကို မရမက မှီခိုအားကိုးလျှင်၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ရှိကြသလော။ (မရှိကြပါ။) ဤဆောင်ရွက်ပုံ နည်းလမ်းနှစ်ခုထဲမှ မည်သည့်အရာသည် လူ၏ အလိုဆန္ဒမှလာပြီး မည်သည့်အရာသည် ဘုရားသခင်ကို ကျိုးနွံနာခံသောလုပ်ရပ် ဖြစ်သနည်း။ (ပထမတစ်ခုသည် လူ၏ အလိုဆန္ဒမှလာပြီး မယုံကြည်သူတို့၏ ဆောင်ရွက်ပုံနည်းလမ်းဖြစ်သည်။ ဒုတိယ ဆောင်ရွက်ပုံနည်းလမ်းသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ရှာဖွေသူတို့ထံမှ လာပါသည်။) ၎င်းတို့ အားလုံးက ဘုရားသခင်ကို ယုံကြည်ကြပြီး၊ တူညီသည့်အရာကို အားလုံး လုပ်ဆောင်ကြသော်လည်း၊ ၎င်းတို့ လုပ်ရပ်များ၏ ရည်ရွယ်ချက်၊ အရင်းအမြစ်နှင့် ရည်မှန်းချက်တို့အပြင်၊ ၎င်းတို့၏ စည်းမျဉ်းများက ကွဲပြားလေသည်။ ထိုသို့ဖြင့်၊ လူတို့ ရှိကြသည့် လမ်းကြောင်းကို မြင်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ) ယောဘက ဘုရားသခင်ကို တကယ် ယုံကြည်ခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်လို့ အဲဒီညီအစ်မက မိတ်သဟာယပြုခဲ့တယ်။ ဘဝမှာ၊ ဘာပဲဖြစ်နေပါစေ၊ သူ့မှာ ကိုယ်ရေးကိုယ်တာ အစီအစဉ်တွေ၊ လုပ်ငန်းစဉ်တွေ မရှိခဲ့သလို၊ သူ့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း မပြုမူခဲ့ဘူး။ အရာခပ်သိမ်းမှာ၊ သူက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်ပေမဲ့ သူ့ရဲ့ အချုပ်အခြာအာဏာကို ကျွန်မတို့ တကယ် မယုံကြဘူး။ ကံကြမ္မာကို ပြောင်းလဲဖို့ ကိုယ့်ကြိုးစားအားထုတ်မှုအပေါ်မှာပဲ အမြဲ မှီခိုချင်ကြတယ်၊ ရလဒ်အနေနဲ့ ဆင်းရဲဒုက္ခတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ပဲ အသက်ရှင်နေရတယ်ပေါ့။ အဲဒီညီအစ်မရဲ့ မိတ်သဟာယကို နားထောင်ရင်း ကျွန်မ ခေါင်းညိတ်မြဲ ညိတ်နေမိတယ်။ ဘုရားသခင်ကို မယုံကြည်ခင်မှာ ကိုယ့်ရဲ့ အားထုတ်မှုတွေအပေါ်မှာ ကျွန်မ အမြဲမှီခိုချင်ခဲ့ပြီး ချမ်းသာလာဖို့ အသည်းအသန် အလုပ်လုပ်ချင်ခဲ့ပုံကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ ချမ်းသာမလာနိုင်ခဲ့တဲ့အပြင် အကြွေးတွေပါ အများကြီး တင်သွားခဲ့တယ်။ အခုလည်း အလုပ်ပိုလုပ်ပြီး ပိုက်ဆံပိုရှာဖို့ ကျွန်မရဲ့ စက်ချုပ်ပညာအပေါ် မှီခိုချင်နေခဲ့တယ်။ ကျွန်မရဲ့ အရင်က ချမ်းသာတဲ့ ဘဝနေထိုင်မှုပုံစံကို ပြန်ရချင်ခဲ့လို့ အချိန်ပိုဆင်းပြီး ပိုက်ဆံရဖို့ အစွမ်းကုန် လုပ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်လုပ်ပြီး ဖျားနာသွားတာပဲ အဖတ်တင်တယ်၊ ရှာလို့ရတဲ့ ပိုက်ဆံတွေကလည်း ဆေးဖိုးနဲ့တင် ကုန်သလောက် ဖြစ်သွားတယ်။ ကျွန်မရဲ့ကံကြမ္မာက ကျွန်မကိုယ်တိုင် စီစဉ်တွက်ချက်လို့ရတဲ့အရာတစ်ခု မဟုတ်ဘူး။ အရာအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုအောက်မှာ ရှိတဲ့အတိုင်းပဲ အလုပ်ကြိုးစားရုံသက်သက်နဲ့ ကိုယ်ဆန္ဒရှိတဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်မ မရနိုင်ခဲ့ဘူး။ အခု ဘုရားသခင်ကို တွေ့ပြီးတာတောင်မှ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မယုံကြည်သေးဘဲ ကိုယ့်ကံကြမ္မာကို ကြိုးစား၊ ပြောင်းလဲဖို့ ကိုယ့်ရဲ့အားထုတ်မှုအပေါ်ပဲ ဆက်ပြီး မှီခိုနေမယ်ဆိုရင် ကျွန်မက ဘာသာတရား မရှိသူတစ်ယောက်လို ဖြစ်သွားမှာ။ မယုံကြည်သူ ဖြစ်သွားမှာပဲ။ ဒါကို နားလည်သွားတဲ့အခါ၊ ဘုရားဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီး အရမ်း ပုန်ကန်မိပါတယ်။ အရာအားလုံးကို ကိုယ်တော့်လက်ထဲ အပ်နှံချင်ပါတယ်” လို့ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မ စုဝေးပွဲတွေကို ပုံမှန် တက်ခဲ့ပြီး ကိုယ့်တာဝန်တွေကို အစွမ်းကုန် ထမ်းဆောင်ခဲ့တယ်။

တစ်နေ့မှာ ကျွန်မ ဝတ်ပြုဆုတောင်းတာတွေ လုပ်နေတုန်း၊ “လူသားတို့အနာဂတ်အတွက် ဘုရားသခင်ပူဆွေး” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ နားထောင်မိတယ်။

၁  အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ မရေမတွက်နိုင်အောင် ထပ်ခါထပ်ခါ ဖြစ်ပျက်နေ၏။ အရာခပ်သိမ်းအလယ်တွင် အရာအားလုံးကို အချုပ်အခြာအာဏာ ကိုင်စွဲသော သူမှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်သကဲ့သို့ လမ်းမပြနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် “အင်အားကြီးသောသူ” တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွားနိုင်သူနှင့် လူ့လောကကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ကြေကွဲဝမ်းနည်းသည်၊ လူသားတို့၏ ကျရှုံးမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့ လမ်းကြောင်းဆီသို့ တစ်လှမ်းချင်း ချီတက်သွားနေသဖြင့် နာကျင်လေသည်။ ဘုရားသခင်၏ စိတ်နှလုံးကို လုံးလုံးလျားလျား ကြေကွဲစေခဲ့ပြီး ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် ထိုသို့သော လူသားမျိုးနွယ်သည် မည်သည့်နေရာသို့ ရှေးရှုသွားကောင်း သွားနိုင်သည်ကို မည်သူကမျှ ဆင်ခြင်စဉ်းစားခဲ့ဖူးခြင်း မရှိကြချေ။

၂  ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ ခံစားမိရန် မကြိုးစားကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့် လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်မှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့် အတိအကျပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် ဆက်လက်လုပ်ဆောင်နေပြီး ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် မလျှော့တမ်း ခေါင်းမာနေခဲ့ပါက ဘုရားသခင်ကို လုံးလုံး ဥပေက္ခာပြုသည့် ဤလူသားမျိုးနွယ်ကို ဘုရားသခင်သည် မည်သို့ဆက်ဆံမည်ဟူသည်ကို မည်သူစဉ်းစားဖူးသနည်း။

၃  ဘုရားသခင်သည် လူသားထံသို့ ထပ်ခါတလဲလဲ သတိပေးခြင်းများနှင့် တိုက်တွန်းနှိုးဆော်ခြင်းများ ပြုရသည့် အကြောင်းရင်းကို မည်သူမျှ မသိကြပေ။ အကြောင်းမှာ ကိုယ်တော်သည် မိမိ၏ လက်တော်ထဲ၌ အရင်က တစ်ခါမျှ မဖြစ်ဖူးသော ကပ်ဘေးများ၊ လူ၏ ဇာတိပကတိနှင့် စိတ်ဝိညာဉ်အတွက် မခံနိုင်လောက်မည့်၊ ဇာတိပကတိကို အပြစ်ဒဏ်ပေးခြင်းမျှသာမက လူ၏ စိတ်ဝိညာဉ်ကို ပစ်မှတ်ထားသော ကပ်ဘေးများကို ပြင်ဆင်ထားတော်မူသောကြောင့် ဖြစ်၏။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး သူ၏နှိုးဆော်ချက်များနှင့် တိုက်တွန်းချက်များသည် တုံ့ပြန်မှုကို မရပါက သူ့အနေဖြင့် မည်သည့်ဒေါသအမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိရန် လိုအပ်သည်။ သူ၏ ဒေါသအမျက်သည် ဖန်ဆင်းခံတစ်ဦးတလေမျှ ကြုံတွေ့ဖူးသော သို့မဟုတ် သိဖူးသော အရာများနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးများသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

သီချင်းစာသားတွေကို ဆင်ခြင်တွေးတောကြည့်ရင်းနဲ့ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ အနာဂတ်နဲ့ ပန်းတိုင်အတွက် မြည်တမ်းနေပြီး တစ်ချိန်တည်းမှာပဲ လူသားမျိုးနွယ်ကို အဆက်မပြတ် သတိပေး တိုက်တွန်းနှိုးဆော်နေတယ်ဆိုတာ ကျွန်မ ခံစားလိုက်ရတယ်။ လူတွေ သူ့ရှေ့မှောက်ကို ရောက်လာပြီး သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ဘုရားသခင် မျှော်လင့်နေတယ်။ ဒီစကားတွေက ဘုရားသခင်ရဲ့ ရင်ထဲကလာတဲ့ စကားတွေဖြစ်ပြီး စကားလုံးတိုင်းက လက်တွေ့ကျပြီး မှန်ကန်တယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မ ဆက်ပြီး ရှောင်ဖယ်ပြီး ငြင်းပယ်လို့ မဖြစ်တော့ဘူး။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက် လူသားရဲ့ ကံကြမ္မာကို အချုပ်အခြာအာဏာ ကိုင်စွဲထားတာက ဘုရားသခင် ဖြစ်တယ်ဆိုတာနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်မှသာ တန်ဖိုးရှိတဲ့ အသက်တာကို ရှင်သန်နိုင်မယ်ဆိုတာတွေကို ကျွန်မ သိလာခဲ့ပုံကို စဉ်းစားမိတယ်။ ဒါပေမဲ့ ချမ်းသာတဲ့ဘဝနဲ့ နေရဖို့၊ သူများတွေရဲ့ အထင်ကြီးအားကျမှုကို ရဖို့အတွက် ကျွန်မ အလုပ်ထဲမှာပဲ စိတ်နှစ်ထားခဲ့မိတယ်။ စုဝေးပွဲတွေကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မြင်ခဲ့ပြီး၊ ဘုရားသခင်နဲ့ ဆက်ဆံရေးက ဝေးသထက် ဝေးလာခဲ့တယ်။ ရောဂါသာ ကျွန်မအပေါ် ရောက်မလာခဲ့ရင် ပိုက်ဆံနောက်လိုက်တဲ့ ဝဲဂယက်ထဲမှာပဲ ရုန်းမထွက်နိုင်ဘဲ ကျွန်မ ပိတ်မိနေဦးမှာပဲ။ ဒါကို တွေးမိတော့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး နောင်တရပြီး ပိုက်ဆံရဲ့ နှောင်ဖွဲ့မှုကနေ ရုန်းထွက်ချင်ပါတယ်၊ ဒါပေမဲ့ ကိုယ့်ဘာသာ လွတ်မြောက်အောင် လုပ်ဖို့ သမီးမှာ ခွန်အားမရှိပါဘူး။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးပါ” လို့ပေါ့။ ပြီးတော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ပြန်သတိရမိတယ်။ “သင် အလေးဂရုပြုရမည်။ ချက်ချာပါးနပ်သော သူတို့သည် သမ္မာတရား၌ အလျင်အမြန် နိုးထသင့်ပေ၏။ သင် မစွန့်လိုသည့် မည်သည့်အရာကိုမဆို စွန့်လွှတ်လော့။ ထိုသို့သော အရာများသည် သင်၏ အသက်တာအဖို့ အမှန်တကယ် အန္တရာယ်ရှိပြီး၊ အကျိုးမရှိသည်ကို သင့်အား ငါ နောက်တစ်ကြိမ် ပြောလေပြီ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၄)) ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာက ကျွန်မဘဝကို ပျက်စီးစေမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို သဘောပေါက်စေခဲ့တယ်။ လောတရဲ့ မိန်းမလိုပေါ့၊ ဘုရားသခင်က သောဒုံမြို့ကို ဖျက်ဆီးတော့မဲ့အချိန်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို မစွန့်လွှတ်နိုင်ဘဲ နောက်ကို မရမက လှည့်ကြည့်ခဲ့တဲ့ပြီး ရလဒ်အနေနဲ့ ဆားတိုင် ဖြစ်သွားခဲ့ရတယ်။ ကျွန်မက ချက်ချင်းရမဲ့ အကျိုးအမြတ်ကိုပဲ အာရုံစိုက်ပြီး သမ္မာတရားကို မလိုက်စားဘူး၊ စိတ်သဘောထား ပြောင်းလဲမှုကို မရှာဖွေဘူးဆိုရင် ဘုရားသခင်ရဲ့ အမှုတော် ပြီးဆုံးတဲ့အခါ ကယ်တင်ခြင်းရမဲ့ အခွင့်အရေးကို ကျွန်မ လွဲချော်သွားလိမ့်မယ်။ ဘုရားသခင်ရဲ့ မေတ္တာနဲ့ လူတွေကို ကယ်တင်လိုတဲ့ သူ့ရဲ့ အရေးတကြီးဖြစ်တဲ့ ရည်ရွယ်ချက်တွေကို နားလည်သွားတော့ ကျွန်မ စုဝေးပွဲတွေကို မကြာမကြာ ပိုတက်ပြီး ဘုရားနှုတ်ကပတ်တော်ကို ပိုစားသောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုဖို့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကျွန်မ စုဝေးပွဲ ခဏခဏ တက်ဖြစ်တယ်။ နေ့တိုင်းက အရမ်းကျေနပ်စရာကောင်းပြီး ကျွန်မရဲ့ ကျန်းမာရေးက မြန်မြန်ဆန်ဆန် ပြန်ကောင်းလာတယ်။

တစ်လအကြာမှာ ကျွန်မရောဂါက နည်းနည်း သက်သာလာတယ်။ တစ်နေ့ မိဘတွေအိမ်ကို ကျွန်မ ပြန်သွားခဲ့ပြီး အရင်ကဆို အဝေးကြီးကနေ လှမ်းပြီး နွေးနွေးထွေးထွေး နှုတ်ဆက်တတ်တဲ့ ကျွန်မ ဒေါ်လေးက ကျွန်မကို မြင်တော့ မျက်နှာလွှဲပြီး လျစ်လျူရှုခဲ့တယ်။ ကျွန်မကို ရင်ဖွင့်ပြီး အတွင်းရေး အသိပေးလေ့ရှိတဲ့ ညီမလေးဆိုရင်လည်း ကျွန်မတို့ မိသားစု ခက်ခဲကြပ်တည်းသွားပြီးနောက်မှာ ကျွန်မကို အတွင်းရေး အသိပေးတာ မရှိတော့ဘူး။ သူက တမင်တကာရော မတော်တဆရော ကျွန်မကို ထေ့ငေါ့ပြောတဲ့ စကားတချို့တောင် ပြောသေးတယ်။ ဒါက ကျွန်မကို မကောင်းတဲ့ ခံစားချက်တချို့ ရစေခဲ့တယ်။ အရင်တုန်းက ကျွန်မ ဘယ်သွားသွား လေးစားခံခဲ့ရပေမဲ့ အခု ပိုက်ဆံမရှိတော့ ဒေါ်လေးက ကျွန်မကို တမျိုးကြည့်တယ်၊ ကျွန်မ ညီမလေးကတောင် ကျွန်မကို အလေးအနက် သဘောမထားတော့ဘူး။ ပိုက်ဆံရှိတာက ပိုကောင်းမယ့်ပုံပဲ၊ ပိုက်ဆံရှိမှပဲ တခြားလူတွေက ကိုယ့်ကို အလေးအနက် သဘောထားကြတာလေ။ ဒါနဲ့ ကျွန်မ အထည်စက်ရုံမှာ အလုပ်ပြန်သွားလုပ်တယ်။ အစပိုင်းမှာတော့ စုဝေးပွဲတွေကို ပုံမှန် တက်နိုင်ပါသေးတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မလစာက လုပ်ဖော်ကိုင်ဖက်တွေထက် အများကြီး နည်းနေတာကို သဘောပေါက်တဲ့အခါ ကိုယ့်ရဲ့ အထည်ချုပ်နှုန်းကို ဘယ်လိုမြန်အောင်လုပ်ပြီး ငွေပိုရနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ကျွန်မ စစဉ်းစားခဲ့တယ်။ ကျွန်မစိတ်က အလုပ်ထဲမှာပဲ လုံးလုံး ရောက်သွားပြန်တယ်။ အဲဒီအချိန်တုန်းက ကျွန်မ စုဝေးပွဲတွေမှာ ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေခဲ့ပြီး စုဝေးပွဲပြီးတာနဲ့ စက်ရုံကို အပြေးအလွှား သွားတော့တာပဲ။ စက်ရုံမှာ အပ်ချုပ်စက်ကို မမောနိုင်မပန်းနိုင်အောင် ကျွန်မ နင်းတော့တာ။ အဲဒီလိုနဲ့ပဲ အရင်ဘဝပုံစံအတိုင်း ကျွန်မ ပြန်ဖြစ်သွားခဲ့ပြီး စက်ပစ္စည်းတစ်ခုလိုပဲ ပိုက်ဆံရဖို့ နေ့တိုင်း မနားတမ်း အလုပ်လုပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့ အချိန်မရှိခဲ့သလို၊ ကျွန်မစိတ်နှလုံးက ဘုရားသခင်နဲ့ ဝေးသထက် ဝေးလာခဲ့တယ်။ တစ်ခါတလေ ကျွန်မ အပြစ်ရှိသလို ခံစားရပြီး တွေးမိတယ်၊ “ငါ ဘာလို့ ပိုက်ဆံကို လက်မလွှတ်နိုင်ရတာလဲ။ ငါ ဘာလို့ ဘုရားသခင်ရှေ့မှာ ဒီလောက် မရိုးသားဘဲ အမြဲတမ်း ကတိမတည် ဖြစ်နေရတာလဲ” လို့ပေါ့။ ကိုယ့်ကိုယ်ကိုယ် မုန်းလွန်းလို့ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်တောင် ပေါက်မိတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး စုဝေးပွဲတွေတက်ပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို ကောင်းကောင်း စားသောက်ချင်ပါတယ်၊ ဒါပေမဲ့ ပိုက်ဆံရှာချင်တဲ့ ဆန္ဒကို သမီး လက်မလွှတ်နိုင် ဖြစ်နေတယ်။ ကျေးဇူးပြုပြီး ပိုက်ဆံရဲ့ ကျော့ကွင်းထဲကနေ သမီးကို ဆွဲထုတ်ပေးပါ” လို့ပေါ့။

တစ်နေ့ စုဝေးပွဲမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မရဲ့ ပိုက်ဆံလိုက်စားမှု အရင်းအမြစ်ကို နားလည်သဘောပေါက်မှုတချို့ ရလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူတို့ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။...စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း သင်တို့ မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ မလိုမုန်းထားသော လှည့်ကွက်တစ်ခု မဟုတ်လော။ ဤကဲ့သို့သော ဆိုရိုးစကားတစ်ခုသည် လူသိများလာပြီး ထိုနည်းအတိုင်းပင် သင်သည် ယင်းကို သဘောမတူရာမှ နောက်ဆုံးတွင် ယင်းမှာ သမ္မာတရားဖြစ်သည်ဟု ယုံကြည်သည်အထိ ဖြစ်သွားကာ ထိုအချိန်တွင် သင်၏ စိတ်နှလုံးသည် စာတန်၏ ချုပ်ကိုင်မှုအောက်သို့ လုံးဝ ကျရောက်သွားခဲ့ပြီးဖြစ်၍ သင်သည် ထိုဆိုရိုးစကားအတိုင်း အလိုအလျောက် အသက်ရှင်လာပေသည်။ ဤဆိုရိုးစကားက သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်ဖြစ်ပြီး၊ သမ္မာတရားကို သိကောင်းသိမည် ဖြစ်သော်လည်း၊ ယင်းကို လိုက်စားရှာဖွေရန် အစွမ်းမဲ့လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိကောင်းသိနိုင်သော်လည်း၊ သမ္မာတရားကို ရရှိဖို့အလို့ငှာ သင်သည် အဖိုးအခကို ပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုလားခြင်းမရှိပေ။ ယင်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို သင် သာ၍စွန့်လွှတ်လိမ့်မည်။ ဘုရားသခင် အဘယ်အရာကို ပြောသည် ဖြစ်စေ၊ အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကား အတွက် မိမိသဘောအတိုင်း လုပ်ဆောင်ပြီး အဖိုးအခ ပေးလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဤအဆိုသည် သင့်အတွေးများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ထားနှင့်ပြီဖြစ်သည်၊ သင့်အပြုအမူကို အုပ်စိုးထားနှင့်ပြီးဖြစ်သည်။ သင်သည် ချမ်းသာမှုကို လိုက်စားခြင်းအား ဘေးဖယ်ထားမည့်အစား ယင်းအဆိုကို သင့်ကံကြမ္မာအပေါ် အုပ်စိုးခွင့်ပေးလိမ့်မည်။ လူတို့သည် ဤနည်းဖြင့် ပြုမူနိုင်ခြင်း၊ စာတန်၏ စကားများဖြင့် လူတို့ကို ထိန်းချုပ်ပြီး ခြယ်လှယ်၍ ရနိုင်ခြင်းဟူသည့် အရာက ၎င်းတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သည်ဟု အဓိပ္ပာယ်မရသလော။ စာတန်၏ အတွေးအမြင်နှင့် စဉ်းစားပုံ၊ စာတန်၏ စိတ်သဘောထားသည် သင်၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်နေပြီမဟုတ်လော။ သင်သည် ကြွယ်ဝချမ်းသာခြင်းနောက်သို့ မမြင်မကန်းဖြင့်လိုက်ပြီး သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်သောအခါတွင် စာတန်က သင့်ကို အထင်အမြင်မှားစေရန်ဖြစ်သည့် ၎င်း၏ ရည်ရွယ်ချက်ကို ရရှိသွားပြီးဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅))အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) အဲဒီနောက် ညီမတစ်ယောက်က မိတ်သဟာယ ပြုတယ်။ “စာတန်က ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ငွေကို အသုံးပြုပြီးတော့ လူတွေကို ဖောက်ပြန်ပျက်စီးစေပြီး ချည်နှောင်တယ်။ ‘ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်’၊ ‘ပိုက်ဆံရှိရင် အရာအားလုံးရှိတယ်’၊ ‘ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်’ စတာတွေလိုမျိုး အဆိပ်အတောက်တွေက ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ရေပန်းစားမှုဖြစ်လာပြီး လူတွေ ရှင်သန်ရပ်တည်ရေးအတွက် စည်းမျဉ်းတွေ ဖြစ်လာတယ်။ ငွေပိုရှိလေ၊ ကိုယ့်ရဲ့ အဆင့်အတန်း မြင့်မားလေဖြစ်ပြီး ဂုဏ်ပိုရှိလေဖြစ်တယ်လို့ လူတွေက ယုံကြည်ကြတယ်။ ဒီရည်မှန်းချက်ကို ရဖို့အတွက် လူတွေက ပိုက်ဆံရှာဖို့ အစွမ်းကုန် အားထုတ်ကြပြီး စာတန်ရဲ့ ကျော့ကွင်းထဲ ကျရောက်သွားကြတယ်။ သူတို့ရဲ့ ကိုယ်ခန္ဓာရော စိတ်ပါ စာတန်ရဲ့ ခိုင်ခိုင်မာမာ ထိန်းချုပ်တာကို ခံလာရပြီး သမ္မာတရားကို လိုက်စားဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့ အချိန်နဲ့ ခွန်အား မရှိကြတော့ဘဲ ဘုရားသခင်နဲ့ ဝေးသထက် ဝေးလာကြတာပေါ့” တဲ့။ အဲဒီညီအစ်မရဲ့ မိတ်သဟာယကို နားထောင်ပြီးတဲ့နောက်မှာ ကျွန်မက အဲဒီအတိုင်းပဲဖြစ်ခဲ့တယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မက ချမ်းသာတဲ့သူတစ်ယောက် ဖြစ်လာဖို့၊ လူတကာထက် သာတဲ့ဘဝတစ်ခုနဲ့ နေရဖို့ အမြဲ အိပ်မက်မက်ခဲ့ပြီး ဒါက ပျော်ရွှင်တဲ့ဘဝကို ဆိုလိုတဲ့အရာဖြစ်တယ်လို့ ထင်ခဲ့တယ်။ ဒါကို ရဖို့အတွက် ကျွန်မ အသေအလဲ အလုပ်လုပ်ပြီး ပိုက်ဆံရှာခဲ့တယ်၊ ရှိသမျှ ခွန်အားတွေ အကုန်စိုက်ထုတ်ခဲ့တယ်။ ကိုယ်ဝန်ရှိနေချိန်မှာတောင် အချိန်ပို လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ မမျှော်လင့်ဘဲ ငွေကြေးအငြင်းပွားမှု ဖြစ်ပွားပြီး ကျွန်မအမျိုးသား ထောင်ကျသွားတယ်၊ ကျွန်မတို့မိသားစုက အကြွေးတွေ တင်ပြီး ကျွန်မဘဝက ဇောက်ထိုး ပြောင်းလဲသွားတယ်။ ကျွန်မ အခြေအနေဆိုးသွားတာကို မြင်ပြီး တခြားလူတွေ အထင်သေးမှာ ကြောက်လို့ ပိုက်ဆံရဖို့ ပိုပြီးတောင် အသေအလဲ အလုပ်လုပ်ခဲ့မိတယ်။ ဘုရားသခင်ကို တွေ့ပြီးတဲ့နောက် နောက်ဆုံးသောကာလမှာ လူတွေကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြဖို့ ဘုရားသခင် လူဇာတိခံယူပြီးပြီဆိုတာနဲ့ ဒါဟာ ရှားမှရှားတဲ့ အခွင့်အရေးဖြစ်ပြီး သမ္မာတရားကို ပိုနားလည်အောင် စုဝေးပွဲတွေ ပိုတက်သင့်တယ်၊ ဘုရားနှုတ်ကပတ်တော်ကို ပိုပြီး စားသောက်သင့်တယ်ဆိုတာတွေကို ကျွန်မ ကောင်းကောင်း သိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မစိတ်နှလုံးက ပိုက်ဆံ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ် လိုချင်တဲ့ ဆန္ဒတွေနဲ့ ပြည့်နှက်နေပြီး စုဝေးပွဲတက်ရင် ကျွန်မရဲ့ပိုက်ဆံရှာနိုင်စွမ်းကို ထိခိုက်မယ်လို့ ထင်ခဲ့တယ်၊ ဒါကြောင့် စုဝေးပွဲ လျှော့တက်တာ၊ တစ်ခါတလေ လုံးဝ မတက်တာမျိုးတွေ လုပ်ဖို့ ရွေးမြဲရွေးချယ်ခဲ့တယ်။ အလုပ်ပါးတဲ့ကာလအတောအတွင်း စက်ရုံက အလုပ်မများဘဲ ခဏပိတ်တဲ့အချိန်မှာတောင် ကျွန်မ တခြားစက်ရုံမှာ သွားလုပ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် နေမကောင်းဖြစ်တဲ့အထိ ပင်ပန်းအောင်လုပ်ခဲ့ပြီးတဲ့နောက်မှာတောင် အိမ်ပြန်နားဖို့ ငြင်းခဲ့တယ်။ စာတန်က ကျွန်မကို တင်းတင်းကျပ်ကျပ် ချည်နှောင်ဖို့ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို သုံးနေခဲ့တာပဲ။ ကျွန်မ ရုန်းမထွက်နိုင်တဲ့ ဝဲဂယက်ထဲကို ကျရောက်အောင် ဖမ်းထားတာပဲ။ ကျွန်မက ပိုက်ဆံ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ် လိုက်စားတာကို သမ္မာတရား လိုက်စားတာထက်၊ ကိုယ့်အသက်ထက်တောင် ပိုတန်ဖိုးထားခဲ့မိတယ်။ ကျွန်မသာ မပြောင်းလဲဘဲ ဒီလမ်းအတိုင်း ဆက်သွားရင် နောက်ဆုံးမှာ ကယ်တင်ခြင်းရမဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာပဲ။ အဲဒီအချိန်ကျမှ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သုံးပြီး လူတွေကို ဖောက်ပြန်ပျက်စီးစေတဲ့ စာတန်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ ပြီးတော့ ကျွန်မမှာ စက်ချုပ်ပညာ ရှိနေတာက ဒီလောကမှာ ရှင်သန်ရပ်တည်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ဖို့ ဘုရားသခင်ပေးတဲ့ ကျေးဇူးတော် ဖြစ်ပြီး၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်း လိုချင်တဲ့ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ဒီအတတ်ပညာကို သုံးဖို့ မဟုတ်ဘူးဆိုတာကို ကျွန်မ နားလည်သွားတယ်။ စားဖို့၊ ဝတ်ဖို့ လုံလောက်တာကို ရောင့်ရဲ့တာက ညဝကို ပိုလွယ်ကူစေမှာဖြစ်ပြီး ဘုရားသခင်ကို ကိုးကွယ်ဖို့ အချိန် အလုံအလောက်ရှိစေတယ်လေ။ ဒီအရာတွေကို နားလည်သွားတော့ ကျွန်မ အသေအလဲ အလုပ်မလုပ်ချင်တော့သလို စာတန်ရဲ့ အရူးလုပ်တာ၊ ထိခိုက်နစ်နာအောင် လုပ်တာကိုလည်း မခံချင်တော့ဘူး။ ကျွန်မ စုဝေးပွဲတွေကို တက်ပြီး သမ္မာတရားကို ကောင်းကောင်းမွန်မွန် လိုက်စားဖို့ လိုလားလာခဲ့တယ်။

အဲဒီနောက်မှာလည်း ကျွန်မ ဆင်ခြင်သုံးသပ်ခဲ့တယ်။ “ငါ့ရဲ့ အလုပ်ကြိုးစားမှုကနေ ငါလိုချင်တဲ့ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို တကယ် ရနိုင်ရဲ့လား” လို့ပေါ့။ ဘုရားသခင်က ဒီလိုပြောထားတာကို ကျွန်မ သတိရသွားတယ်။ “သင့်နောက်ကြောင်းရာဇဝင်က မည်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်ပါစေ၊ သင့်ရှေ့ဆက်ခရီးတို့ မည်သည့်အရာ ဖြစ်ကောင်း ဖြစ်နိုင်ပါစေ၊ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်ခြင်းများကို မရှောင်နိုင်ပေ၊ ပြီးလျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲထားသော သူတစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) လူတစ်ယောက်ရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိပြီး ကိုယ့်ကိုယ်ပိုင် အားထုတ်မှုတွေနဲ့ ပြောင်းလဲလို့ မရဘူး။ ကျွန်မနေထိုင်တဲ့ဘဝက ဂုဏ်ရှိပြီး သိက္ခာရှိပါစေ ဒါမှမဟုတ် ဆင်းရဲပြီး သာမန်ပဲဖြစ်ပါစေ ကျွန်မ ဆုံးဖြတ်လို့ရတဲ့ အရာတစ်ခု မဟုတ်ဘူး။ ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ သမ္မာတရားကို လိုက်စားပြီး ကျွန်မရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားမှသာ ကျွန်မက ဘုရားသခင် အသိအမှတ်ပြုတဲ့သူ ဖြစ်လာနိုင်တယ်။ အဲဒီလို ဘဝတစ်ခုကသာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်။ အဲဒီနောက်ပိုင်းမှာ ပိုက်ဆံရဖို့အတွက် ကျွန်မ အသေအလဲ အလုပ်မလုပ်တော့ဘူး၊ စုဝေးပွဲတွေကို ပုံမှန် တက်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်ကို ပုံမှန် စားသောက်နိုင်လာတယ်။

၂၀၂၀ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်က လူသစ်တွေ အများကြီး ဝင်လာတယ်လို့ ပြောပြီး သူတို့ကို ရေလောင်းပေးချင်စိတ်ရှိလားလို့ ကျွန်မကို မေးတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “လူသစ်တွေကို ရေလောင်းပေးမယ်ဆိုရင် ငါ့မှာ အလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ အဲဒီအခါမှာ ကျွန်မ ပိုက်ဆံတွေ ကုန်သွားရင် ဘာလုပ်ရမလဲ။ အရင်ကလို ဂုဏ်ရှိတဲ့ဘဝကို ပြန်ရဖို့ဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ဒီအချိန်က ဧဝံဂေလိ ဟောဖို့အတွက် အရေးကြီးတဲ့အချိန်ဖြစ်ပြီး တစ်ယောက်ယောက်က ရေမလောင်းပေးဘဲနဲ့ သမ္မာတရား နားမလည်တဲ့ ဒီလူသစ်တွေက စာတန်ရဲ့ အချိန်မရွေး ခေါ်ဆောင်သွားတာ ခံရနိုင်တယ်” လို့ပေါ့။ ကျွန်မ ဘုရားသခင်ကို စတွေ့တုန်းက ဘာမှနားမလည်ခဲ့တာကို ပြန်စဉ်းစားမိတယ်။ ညီအစ်ကိုမောင်နှမတွေသာ အချိန်တွေ၊ ခွန်အားတွေ စိုက်ထုတ်ပြီး ကျွန်မကို အချိန်မီ ရေလောင်းပေးပြီး မထောက်ပံ့ခဲ့ရင် စစ်မှန်တဲ့ ဘုရားသခင်ကို ကျွန်မ သေချာသိခဲ့မှာ မဟုတ်သလို ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကိုလည်း ရရှိခဲ့မှာ မဟုတ်ဘူး။ အခု ဒီတာဝန်က ကျွန်မဆီ ရောက်လာခဲ့ပြီဆိုတော့၊ ကျွန်မ ငြင်းလိုက်ရင် ကျွန်မက အသိစိတ် လုံးဝ ကင်းမဲ့သွားမှာ မဟုတ်လား။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ အမှတ်တမဲ့ ဖတ်မိတယ်။ “လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် တက်ကြွထက်သန်စွာ ဝင်ရောက်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ မတက်မကြွဖြစ်ပြီး ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ စိတ်ခိုင်မာမှုရှိပြီး ဘုရားသခင်အား ချစ်သော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော စိတ်ခိုင်မာမှုနှင့် ဇွဲလုံ့လမျိုး ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ ဤအခွင့်အရေးမျိုး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် စိတ်ခိုင်မာမှုနှင့် အသိစိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင်သည် စဉ်းစားသုံးသပ်ပြီး သင်၏အသက်တာကို သတိထား၍ ချဉ်းကပ်နိုင်ရမည်ဖြစ်ကာ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ စဉ်းစားသုံးသပ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် အဓိပ္ပာယ်ရှိတဲ့ အသက်တာကို ရှင်သန်ဖို့ဆိုရင် ပေတရုလိုမျိုး သမ္မာတရားကို လိုက်စားရမယ်၊ ဘုရားသခင်ကို ချစ်ဖို့တစ်ခုတည်းအတွက်ပဲ လိုက်စားအသက်ရှင်ပြီး ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ဖြည့်ဆည်းရမယ်ဆိုတာနဲ့ ဒီနည်းနဲ့မှသာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ရနိုင်တယ်ဆိုတာတွေကို ကျွန်မ နားလည်သွားတယ်။ ဒါပေမဲ့ ကျွန်မက ပိုက်ဆံ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားရင်း ဘဝတဝက်ကျိုးခဲ့ပြီ။ ချမ်းသာတဲ့ဘဝနဲ့ နေရဖို့၊ လူတွေရဲ့ အားကျတာကို ခံရဖို့ ကျွန်မ ကြိုးစားလုပ်ခဲ့ပေမဲ့ နောက်ဆုံးကျတော့ မိသားစုမှာ ပိုက်ဆံတွေ အကုန်ဆုံးရှုံးပြီး သူများကို အကြွေး တင်သွားခဲ့ရတဲ့အပြင်၊ ပင်ပန်းလွန်းရာကနေ နေမကောင်းဖြစ်လာခဲ့တယ်။ ကျွန်မက ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရခဲ့ပေမဲ့၊ လူတွေရဲ့ အားကျတာ၊ ချီးကျူးတာကို ခံခဲ့ရပြီး ကျွန်မရဲ့ ဂုဏ်ပကာသန ပြည့်သွားခဲ့ပေမဲ့၊ ဒီအပေါ်ယံအရာတွေက ကျွန်မရင်ထဲက ဟာတာတာဖြစ်နေတာကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ကျွန်မဟာ ကျော်ကြားမှုနှင့် အကျိုးအမြတ်ရဲ့ နှောင်ဖွဲ့တာကို ခံရပြီး အချိန်တွေ ဖြုန်းခဲ့မိတယ်၊ နောက်ဆုံးတော့ ဘာမှ မရလိုက်ဘူး။ ဘုရားသခင်ကို တွေ့ကတည်းက ကျွန်မ အသင်းတော်အသက်တာကို နေထိုင်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုခဲ့တယ်၊ သမ္မာတရားတချို့ကို နားလည်ခဲ့ပြီး ကျွန်မစိတ်နှလုံးက သောကကင်းဝေးခြင်း၊ ငြိမ်သက်ခြင်းနဲ့ မှီခိုရာကို ရရှိခဲ့တယ်။ အထူးသဖြင့် တာဝန်ထမ်းဆောင်နေချိန်မှာပေါ့၊ ကျွန်မက ဘုရားသခင်ရှေ့မှာ စိတ်ကို ငြိမ်သက်အောင်ထားပြီး နှုတ်ကပတ်တော်တွေကို ဖတ်နိုင်ခဲ့တယ်။ နှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုတွေကို ရရှိခဲ့ပြီး စိတ်နှလုံးမှာ ကြီးမားတဲ့ ပျော်ရွှင်မှု ခံစားခဲ့ရတယ်။ တာဝန်ထမ်းဆောင်ရင်း ဖောက်ပြန်ပျက်စီးတဲ့ အခြေအနေတွေ ထုတ်ဖော်မိတဲ့အခါ၊ ဒါမှမဟုတ် အခက်အခဲတွေ၊ ပြဿနာတွေ ကြုံရတဲ့အခါ သမ္မာတရားကို ရှာဖွေပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုလိုက်တော့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့ရခဲ့ပြီး လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းကို တွေ့ရှိခဲ့တယ်။ ကျွန်မ အသက်တာက မြန်မြန်ဆန်ဆန် ကြီးထွားနေတယ်လို့ ခံစားခဲ့ရပြီး တာဝန်ထမ်းဆောင်မှသာ သမ္မာတရားကို ပိုနားလည်နိုင်မယ်ဆိုတာ သဘောပေါက်လိုက်တယ်။ အခုဆိုရင် ကြီးမားတဲ့ ကပ်ဘေးတွေက စတင်နှင့်နေပြီဖြစ်ပြီး ကိုယ့်မျက်စိရှေ့မှာပဲ ရောက်နေပြီ။ သမ္မာတရား လိုက်စားဖို့ ဒီအချိန်ကို ကျွန်မ အမိအရ အသုံးမချရင်၊ နောင်ကြုံရမဲ့ စမ်းသပ်မှုတွေမှာ အခြေခံအုတ်မြစ်အနေနဲ့ ဘုရားနှုတ်ကပတ်တော်မရှိဘဲနဲ့ ကျွန်မ ညည်းတွားမိမှာဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တာမျိုးတောင် ဖြစ်နိုင်ပြီး ကယ်တင်ခြင်းရမဲ့ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်။ အဲဒီအခါကျရင် ငိုးကြွေးပြီး အံကြိတ်ရင်းနဲ့ ကျွန်မ ကပ်ဘေးထဲရောက်မှာပဲ။ ဒါကို တွေးမိတော့ ကျွန်မ အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်၊ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး သမ္မာတရား လိုက်စားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်ရက်ကျတော့ ကျွန်မ လူသစ်တွေကို ရေလောင်းပေးချင်ပါတယ်လို့ ခေါင်းဆောင်ကို ပြောလိုက်တယ်။ နောက်ပိုင်းမှာ ဘုရားသခင်က ကျွန်မအတွက် လမ်းဖွင့်ပေးတယ်။ ကျွန်မ ယောက္ခမက ကျွန်မ ကျန်းမာရေး မကောင်းတာမြင်တော့ ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ဖို့၊ သူနဲ့ ကျွန်မယောက္ခမနဲ့ ယောက်မလေးက တာဝန်ယူမှာဖြစ်လို့ မိသားစု အကြွေးအတွက် မပူဖို့ ပြောတယ်။ အိမ်ရာချေးငွေကို ဆပ်ဖို့ ကျွန်မ အလုပ်လုပ်ရာကနေ ရှာထားတဲ့ ပိုက်ဆံကို ကျွန်မ သုံးခဲ့ပြီး လတိုင်း အချိန်မီ ဆပ်နိုင်ခဲ့တယ်။ ဒါ ဘုရားသခင်ရဲ့ မေတ္တာဆိုတာ ကျွန်မ သိတယ်။ စာတန်ရဲ့ အာဏာအောက်ကနေ ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ နောင်လာမဲ့ နေ့ရက်တွေမှာ ကျွန်မရဲ့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့နဲ့ ဘုရားမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ စိတ်သဘောထား ပြောင်းလဲမှု ရရှိအောင် သမ္မာတရားကို လိုက်စားဖို့ ကျွန်မ ဆန္ဒရှိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျောင်းအုပ်ဆရာမကြီးတစ်ဦး၏ ရွေးချယ်မှု

ဂျန်ချင်၊ တရုတ်ပြည်ကျွန်မက သာမန်မိသားစုလေးမှာ မွေးဖွားခဲ့ပြီး မိဘနှစ်ပါးစလုံးက လယ်သမားတွေပါ။ အိမ်က ဆင်းရဲတော့ သူများတွေရဲ့ ခွဲခြားဆက်ဆံတာ၊...

ဆရာဝန်တစ်ယောက်၏ ရွေးချယ်မှု

ယန်ချင်း တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်တုန်းက ကျွန်မရဲ့မိသားစုက အရမ်းဆင်းရဲတယ်။ ကျွန်မအမေက လေဖြတ်ပြီး အိပ်ရာထဲ လဲတဲ့အပြင်၊ ဆေးတွေကလည်း...

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းနှင့်အတူ မည်သည့်အရာ လာသနည်း

ကျွန်မ ငယ်ငယ်တုန်းက၊ ကျွန်မတို့မှာ မွေးချင်းသိပ်မရှိလို့ ကျွန်မမိသားစုက ခဏခဏ အထင်သေးခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မမိဘတွေက ကျွန်မကို မကြာခဏ...

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်ဖို့ လမ်းပြပေးသည်။

ဖန်ဟောက်၊ တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။