ကျွန်ုပ်၏ မာနကြီးသောပုံစံများကို ပြောင်းလဲခဲ့ပုံ

11.09.2022

ဘားနဒ် ကင်မာရွန်းနိုင်ငံ

အရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တဲ့ လူလို့ အမြဲတွေးခဲ့တယ်။ တခြားလူတွေရဲ့ အကူအညီမပါဘဲ ဘာမဆို အမြဲ လုပ်နိုင်တယ်လို့ ထင်ခဲ့တာ။ ကျောင်းမှာရော၊ အိမ်မှာရော လူတွေ ဘာမေးခွန်းကိုပဲမေးမေး၊ ကျွန်တော့်အစ်ကိုတွေက မဖြေနိုင်ချိန်မှာတောင် ကျွန်တော် ဖြေနိုင်ခဲ့ပြီး၊ အဲဒီအတွက် သူတို့ကို အထင်သေးခဲ့တယ်။ အစ်ကိုတွေက ကျွန်တော် မာနထောင်လွှားတယ်၊ ကျွန်တော့်အနေနဲ့ ပြောင်းလဲပြီး သူတပါးရဲ့ ခံစားချက်ကို ထည့်တွက်ပေးရမယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော့်ကို မနာလိုကြလို့ အဲဒီလို ပြောတာလို့ ကျွန်တော် တွေးခဲ့တယ်။ ဒါကြောင့် သူတို့ စွပ်စွဲတာတွေကို ဂရုမစိုက်ခဲ့ဘူး။

၂၀၁၉ မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်တော် လက်ခံခဲ့တယ်။ မကြာခင်၊ ဘုရားအမှုတော်ကို လက်ခံခါစ လူသစ်တွေကို ကျွန်တော် စရေလောင်းတယ်။ အဲဒီတုန်းက ကျွန်တော်နဲ့လုပ်တဲ့ တခြားညီအစ်မသုံးယောက်ထဲက နှစ်ယောက်က ဘုရားအမှုတော်ကို လက်ခံတာ နှစ်လသုံးလပဲ ရှိသေးတယ်။ တခြားတစ်ယောက်က ကျွန်တော့် အလုပ်ကို ကူပေးတဲ့ ညီမဂျိုနာပါ။ အဲဒီတုန်းက အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော် အရွေးခံခဲ့ရတယ်။ ကျွန်တော့်အတွက်တော့ အဲဒါက အဖွဲ့မှာ အတော်ဆုံးဆိုတဲ့သဘောပဲ။ အလုပ်အတူလုပ်ရင်းနဲ့၊ တစ်ခုခုလုပ်ဖို့ မတူတဲ့ နည်းလမ်းတွေ သူတို့ အကြံပြုကြတော့၊ ကျွန်တော်က လက်မခံခဲ့သလို၊ ကျွန်တော် ညွှန်ကြားတဲ့အတိုင်း လုပ်သင့်တယ်လို့ ပြောခဲ့တယ်။ ဥပမာအနေနဲ့ လူသစ်တွေအတွက် စုဝေးပွဲတွေ ပြီးတဲ့အခါတိုင်းမှာ၊ ညီမဂျိုနာက မေးတယ်၊ “အားလုံးကို နားလည်လားလို့ လူသစ်တွေကို မေးကြမလား”တဲ့။ ကျွန်တော် ပြောလိုက်တယ်။ “မလိုပါဘူး။ စုဝေးပွဲအတွင်းမှာ ကျွန်တော် မေးပြီးပြီ။ သူတို့ နားလည်ကြလို့ ထပ်မေးဖို့ မလိုဘူး”လို့ပေါ့။ ညီမဂျိုနာက၊ “ဘုရားအမှုတော်အကြောင်း သမ္မာတရားကို အစ်ကို မိတ်သဟာယပြုတဲ့ အချိန်မှာ ပိုပြီး အသေးစိတ်ပြောသင့်တယ်။ ဒါက အလားအလာရှိတဲ့ ဧဝံဂေလိ ပြောင်းလဲသက်ဝင်သူတွေကို ဘုရားအမှုတော် စစ်မှန်တယ်လို့ မြန်မြန် ဆုံးဖြတ်စေမှာပဲ”လို့ ပြောတော့၊ ကျွန်တော် မတွေးဘဲ ပြောလိုက်တယ်။ “အားလုံးကို ပြောပြီးသားပဲလေ။ ထပ်မေးစရာ မလိုပါဘူးလို့” ဆိုပြီးပေါ့။ တစ်ခါတလေ၊ လူသစ်တွေရဲ့ အခြေအနေကို သွားလေ့လာဖို့ ညီမ ဂျိုနာက ပြောတယ်။ ဒါပေမဲ့ ကျွန်တော် မသွားချင်ဘူး။ အဖွဲ့ခေါင်းဆောင်အနေနဲ့ သူလုပ်တာကို ကျွန်တော် စီစဉ်သင့်ပြီး၊ ဘာလုပ်ရမယ်ဆိုတာကို သူ မပြောသင့်ဘူးလို့ ကျွန်တော် တွေးခဲ့တယ်။ တစ်ခါတလေ စုဝေးပွဲ မိတ်သဟာယကို လူသစ်တွေက နားလည်ကြလားလို့ ညီမဂျိုနာက မေးတယ်။ ကျွန်တော့်အလုပ်ကို သူ အမြဲ လိုက်စစ်နေတာ မြင်တော့ ကျွန်တော် စိတ်ဆိုးမိတယ်။ သူက အဖွဲ့ခေါင်းဆောင်မဟုတ်ဘူးလေ။ ဟိုဟာ၊ သည်ဟာလုပ်ပါလို့ သူ့မှာ ပြောပိုင်ခွင့်မရှိဘူး။ အဲဒီတုန်းက ကျွန်တော် အရမ်း မာနထောင်လွှားခဲ့တယ်။ ညီမဂျိုးနာ၊ ဒါမှမဟုတ် တခြား ညီအစ်မနှစ်ယောက်နဲ့ ပူးပေါင်းမလုပ်ခဲ့ဘူး။ ပုံမှန်အားဖြင့် လူသစ်တွေကို ကိုယ့်ဘာသာ ပံ့ပိုးလိုက်ပြီး သူတို့ကို ဘာအလုပ်မှ တာဝန်မပေးခဲ့ဘူး။ ဘုရားအမှုတော်ကို သူတို့ ခုတင် လက်ခံကြပြီး ရူပါရုံနဲ့ဆိုင်တဲ့ သမ္မာတရား အများကြီး နားမလည်ကြလို့ သူတို့ ကောင်းကောင်း လုပ်နိုင်ကြမှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ သူတို့နဲ့ စုဝေးပွဲတွေကို ဧည်ခံတဲ့အခါ ကျွန်တော် အမြဲ အများကြီး ပြောပြီး သူတို့ကို မိတ်သဟာယပြုခွင့် မပေးခဲ့ဘူး။ သူတို့ ကောင်းကောင်း မိတ်သဟာယမပြုဘဲ လူသစ်တွေက နားမလည်ကြမှာကို စိုးရိမ်ခဲ့တယ်။ တကယ်တော့၊ ကျွန်တော့် ညီအစ်မ နှစ်ယောက်ရဲ့ မိတ်သဟာယကို လူသစ်တွေက နားလည်နိုင်ကြတယ်။ သူတို့ကို ကျွန်တော် အထင်ပဲသေးနေလို့ သူတို့ကို မိတ်သဟာယမပြုစေချင်ခဲ့ဘူး။ တစ်ခါ၊ လူသစ်တွေကို စစ်မှန်တဲ့ လမ်းခရီးမှာ အခြေခံအုတ်မြစ်တစ်ခု အမြန် ပေးဖို့ သမ္မာတရားရဲ့ နောက်ထပ် သွင်ပြင်လက္ခဏာတချို့နဲ့ ပတ်သက်လို့ ကျွန်တော် မိတ်သဟာယပြုချင်ခဲ့ပေမဲ့၊ ကျွန်တော့် ညီအစ်မတွေက ပြောတယ်၊ “အစ်ကို အဲဒီလို လုပ်လို့မရဘူးလေ။ ကျွန်မတို့ရဲ့ စုဝေးပွဲက တစ်နာရီခွဲပဲ ကြာတာ။ အစ်ကို အများကြီး မိတ်သဟာယပြုရင်၊ အချိန်လောက်မှာ မဟုတ်သလို၊ လူသစ်တွေက နားလည်မှာ မဟုတ်ဘူး။ စုဝေးပွဲ တော်တော်များများမှာ မိတ်သဟာယကို ခွဲပေးလို့ မရဘူးလေ”တဲ့။ ဒါပေမဲ့ အဲဒီတုန်းက သူတို့ရဲ့ အကြံတွေကို လက်ခံဖို့ ကျွန်တော် ဝန်လေးခဲ့ပြီး၊ သူတို့လက်ခံလာအောင် အကောင်းဆုံး ကြိုးစားပြီး ကျွန်တော့်စကား နားထောင်အောင် လုပ်ခဲ့တယ်။ နောက်ဆုံးမှာ သူတို့ သဘောတူကြတယ်။ နောက်တော့၊ လူသစ် နှစ်ဆယ်ကျော်ကို ကျွန်တော်တို့ ရေလောင်းပေးကြတယ်။ ပထမစုဝေးပွဲမှာ လူသစ်တွေ အကုန်နီးပါး ရှိကြပေမဲ့၊ နောက်ထပ် စုဝေးပွဲတွေမှာ မလာတဲ့ လူသစ်တွေ များသထက် များလာတာ တွေ့ရတယ်။ နောက်ဆုံးမှာ၊ မူလ နှစ်ဆယ်ကျော်ထဲက သုံးယောက်ပဲ စုဝေးပွဲတွေကို ပုံမှန်လာတော့တယ်။ လူသစ်တွေကို ကျွန်တော် စရေလောင်းကတည်းက ဒီလိုဖြစ်တာ လုံးဝ မရှိဖူးဘူး။ အဲဒီတုန်းက အရမ်း စိတ်ရှုပ်ထွေးပြီး အပျက်သဘောဆောင်ခဲ့တယ်။ နောက်တော့၊ တစ်နေ့မှာ၊ ခေါင်းဆောင်က ကျွန်တော့်အခြေအနေကို မေးပြီး၊ ကျွန်တော် ပြောလိုက်တယ်။ “မကောင်းဘူးဗျာ။ ဒီကာလအတောအတွင်းမှာ၊ ကိုယ့်တာဝန်ကို လုပ်တာ အရမ်းညံ့တယ်။ လူသစ်တွေကို ကောင်းကောင်း မိတ်သဟာယ ပြုတဲ့အခါတိုင်း နားလည်လားလို့လည်း သူတို့ကို မေးခဲ့ပြီး၊ နားလည်တယ်လို့ အမြဲပြောကြတယ်။ ဒါပေမဲ့ ဘာလို့ စုဝေးပွဲတွေကို သူတို့ မလာကြတာလဲ နားမလည်နိုင်ဘူး”လို့ပေါ့။ ခေါင်းဆောင်က ပြောတယ်၊ “ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သုံးသပ်သင့်တယ်။ လူသစ်တွေ မလာချင်အောင် မသင့်တော်တာတစ်ခုခု လုပ်ခဲ့မိလား”တဲ့။ ခေါင်းဆောင်က ဆက်ပြောတယ်၊ “ခင်ဗျားရဲ့ ရေလောင်းခြင်း အကြောင်းအရာ၊ နည်းစနစ်တွေမှာ တစ်ခုခုမှားတာ သတိထားမိလားလို့ ခင်ဗျားရဲ့ တွဲဖက်ညီအစ်မ သုံးယောက်ကို မေးပြီးပြီလား”တဲ့။ ကျွန်တော် ပြောလိုက်တယ်။ “မမေးရသေးဘူး။ သူတို့ ဘာအကြံကောင်းမှ ပေးနိုင်မယ်လို့ မထင်ပါဘူး”လို့ပေါ့။ ခေါင်းဆောင်က ပြောတယ်။ “အဲဒါ ပြဿနာပဲ။ ကိုယ့်ကိုယ်ကိုယ် အမြဲ ယုံကြည်ကိုးစားတာထက် သူတို့ထင်မြင်ချက်ကို မေးသင့်တယ်”တဲ့။ ခေါင်းဆောင်ပြောတာ ကျွန်တော့်အတွက် မှန်သလိုလိုပဲ။ ကျွန်တော့် တွဲဖက်ညီအစ်မတွေကို မေးဖို့ လုံးဝ မတွေးမိခဲ့ဘူး။ သူတို့ထက် အလုပ်မှာ ပိုတော်တယ်လို့ အမြဲတွေးလို့ သူတို့ စိတ်ကူးတွေက ကိုယ့်အတွက် အသုံးမဝင်တဲ့ပုံပေါ်ခဲ့တာပဲ။

နောက်တော့ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ “သင်တို့သည် မိမိ၏ တာဝန်များကို ဖြည့်ဆည်းရန် အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ၊ မတူညီသည့် ထင်မြင်ချက်များကို သင် လိုလိုလားလား လက်ခံနိုင်သလား။ သင်သည် အခြားလူများကို စကားပြောခွင့်ပေးနိုင်သလော။ (အနည်းငယ် ပေးနိုင်ပါသည်။ ယခင်က အချိန်အများစုတွင် ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို ကျွန်ုပ် နားမထောင်ခဲ့သကဲ့သို့၊ အမှုကိစ္စများကို မိမိ၏သဘောကျ လုပ်ဆောင်ဖို့ မရမကပြောခဲ့သည်။ နောက်ပိုင်းတွင် ကျွန်ုပ်မှားကြောင်း အချက်အလက်များက သက်သေပြသည့်အခါမှသာ၊ ၎င်းတို့၏ အကြံပြုချက်အများစုသည် မှန်ကန်နေခဲ့ကြောင်း၊ လူတိုင်း ဆွေးနွေးသည့် ရလဒ်သည်သာ အမှန်တကယ် သင့်တော်ကြောင်း၊ ကျွန်ုပ်၏ အမြင်များသည် မှားယွင်းပြီး ချို့တဲ့နေကြောင်း ကျွန်ုပ် မြင်ခဲ့ရသည်။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်တွင် သဟဇာတဖြစ်သည့် ပူးပေါင်းလုပ်ဆောင်ခြင်းက မည်မျှ အရေးကြီးသည်ကို ကျွန်ုပ် သဘောပေါက်ခဲ့သည်။) ပြီးလျှင် ဤအရာမှ အဘယ်အရာကို တွေ့မြင်နိုင်သနည်း။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်၊ အကျိုးကျေးဇူးအချို့ကို လက်ခံရရှိပြီး သမ္မာတရားကို နားလည်ခဲ့သလော။ မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ ဤအရာကို လူများ သတိပြုမိရမည်။ ယင်းမှာ အမှန်တရားဖြစ်သည်။ ယင်းမှာ လူတို့သည် မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် အားသာချက်များ၊ သို့မဟုတ် အမှားများအပေါ် ထားရှိသင့်သည့် သဘောထားလည်း ဖြစ်ပေသည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော ဆင်ခြင်တုံတရားဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်ပြီးဖြစ်ကာ၊ သမ္မာတရား၏ လက်တွေ့အရှိတရား ဤသွင်ပြင်လက္ခဏာအတွင်း ဝင်ရောက်နိုင်လျှင်၊ သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ချိန်ညှိရန် အချင်းချင်းရှိ အားသာချက်များကို အသုံးပြုရင်း၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်လျက် အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။ သင်သည် အတော်အတန်တော်ပြီး အခြားသူတို့သည် သင်နှင့်ယှဉ်လျှင် ညံ့သည်ဟု အစဉ် ထင်မြင်ပြီးလျှင်၊ သင်သည် အစဉ်သဖြင့် အဆုံးအဖြတ်ပေးသောသူဖြစ်လိုလျှင် ဤသည်မှာ ဒုက္ခပေးလိမ့်မည်။ ဤသည်မှာ စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာဖြစ်သည်။ ထိုသို့သော လူများသည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသည် မဟုတ်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့် ပြဿနာကို ထောက်ပြတယ်။ ဘုရားသခင်က ပြောသည်- “သင်တို့သည် သင်တို့၏ တာဝန်များကို ဖြည့်ဆည်းရန် အခြားလူများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် မတူညီသည့် ထင်မြင်ချက်များကို သင် လိုလိုလားလား လက်ခံနိုင်သလား။ အခြားလူများပြောသည့်အရာကို သင် လက်ခံနိုင်သလား။” ဘုရားရဲ့ မေးခွန်းတွေကို ကြည့်ရင်းနဲ့၊ ဒီကာလအတောအတွင်း ညီအစ်မ သုံးယောက်နဲ့ ပူးပေါင်းလုပ်ဆောင်မှုအပေါ် သုံးသပ်မိတယ်။ သူတို့ရဲ့ အကြံတွေအားလုံးကို ကျွန်တော် လက်မခံခဲ့ဘူး။ သူတို့ ထင်မြင်ချက်က မှန်တယ်၊ ကောင်းတယ်ဆိုရင်တောင်၊ သူတို့လောက် မတော်ဘူးလို့ မထင်စေချင်လို့ ကျွန်တော် အမြဲ သဘောမတူ ဖြစ်နေတုန်းပဲ။ ကျွန်တော် အတော်ဆုံးဖြစ်လို့ အကြံကောင်းပေးနိုင်တာ ကျွန်တောန်ပဲရှိတယ်လို့ ထင်ခဲ့တယ်။ ကျွန်တော်က အဖွဲ့ခေါင်းဆောင်ဖြစ်လို့၊ သူတို့ ကျွန်တော့်ကို နာခံပြီး နားထောင်သင့်တယ်၊ နားထောင်ရတာ ကျွန်တော် မဖြစ်သင့်ဘူးလေ။ လူတိုင်းမှာ အားနည်းချက်ရှိပြီး တခြားလူတွေဆီက အကူအညီ လိုတယ်လို့ ဘုရားနှုတ်ကပတ်တော်က ပြောပေမဲ့၊ ကျွန်တော် အတော်ဆုံးဖြစ်ပြီး တခြားလူတွေထက် သာတယ်လို့ အမြဲ တွေးခဲ့တယ်။ ဒါမာနမဟုတ်လား။ အဲဒီလိုလူတွေကို ဘုရားမုန်းတာ ဘုရားနှုတ်ကပတ်တော်မှာ တွေ့ရတယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “လူများသည် မိမိတို့ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ၊ အလုပ်ကို အစဉ် ပြန်လုပ်ဖို့ လိုအပ်သည့်အခါ၊ အကြီးမားဆုံး ပြဿနာမှာ အထူးကျွမ်းကျင်မှု အသိပညာတွင် ချို့တဲ့ခြင်း၊ သို့မဟုတ် အတွေ့အကြုံ မရှိခြင်း မဟုတ်ဘဲ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မှန်သည်ဟု အလွန်မှတ်ယူကာ မာနထောင်လွှားသောကြောင့်၊ လိုက်ဖက်ညီစွာ အလုပ်မလုပ်ဘဲ၊ တစ်ဦးတည်း ဆုံးဖြတ်ပြီး ပြုမူသောကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အလုပ်၌ အမှားများလုပ်ပြီး မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိသကဲ့သို့၊ အချိန်နှင့် အားထုတ်မှုအားလုံး အချည်းနှီးဖြစ်ရလေသည်။ ဤတွင် အဆိုးရွားဆုံးသော ပြဿနာမှာ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အလွန် ဆိုးရွားသည့်အခါ၊ ၎င်းတို့သည် လူကောင်းများ မဟုတ်ကြတော့ပေ၊ ဆိုးယုတ်သော လူများဖြစ်ကြသည်။ ဆိုးယုတ်သော လူများ၏ စိတ်သဘောထားများသည် သာမန်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထက် များစွာသာ၍ ပြင်းထန်ဆိုးရွားလေသည်။ ဆိုးယုတ်သော လူများသည် ဆိုးယုတ်သော လုပ်ဆောင်ချက်များကို ကျူးလွန်တတ်ကြသည်။ ၎င်းတို့သည် အသင်းတော်အလုပ်တွင် ဝင်ရောက်စွက်ဖက်ပြီး နှောင့်ယှက်တတ်သည်။ ဆိုးယုတ်သော လူများသည် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ၎င်းတို့ လုပ်နိုင်စွမ်းရှိသမျှမှာ ကိစ္စများကို ဆိုးရွားစွာ လုပ်ဆောင်ခြင်းနှင့် အမှားများလုပ်ခြင်း ဖြစ်သည်။ ၎င်းတို့၏အစေခံမှုသည် ထိုက်တန်သည်ထက် ပို၍ဒုက္ခရောက်စေတတ်သည်။ အချို့သောလူများသည် ဆိုးယုတ်ခြင်း မရှိသော်လည်း၊ မိမိတို့တာဝန်ကို မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအတိုင်း ထမ်းဆောင်ကြသည်။ ပြီးလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း မရှိကြချေ။ အတိုချုပ်အားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူများ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရာတွင် အလွန်အမင်း အဟန့်အတားဖြစ်လေသည်။ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ မည်သည့်သွင်ပြင်လက္ခဏာသည် မိမိတို့၏ တာဝန်ကို ၎င်းတို့ထမ်းဆောင်ရာ၌ ထိရောက်ခြင်းအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိသည်ဟု သင်တို့ ပြောမည်နည်း။ (မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းဖြစ်ပါသည်။) ပြီးလျှင် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း၏ အဓိက သရုပ်သကန်များမှာ အဘယ်နည်း။ တစ်ဦးတည်း ဆုံးဖြတ်ချက်ချခြင်း၊ မိမိသဘောကျ လုပ်ဆောင်ခြင်း၊ အခြားသူများ၏ အကြံပြုချက်များကို နားမထောင်ခြင်း၊ အခြားသူများနှင့် မတိုင်ပင်ခြင်း၊ လိုက်ဖက်ညီစွာ ပူပေါင်းမလုပ်ဆောင်ခြင်းနှင့် အမှုအရာများကို အမြဲ နောက်ဆုံးအဆုံးအဖြတ် ပေးဖို့ ကြိုးစားခြင်း တို့ဖြစ်သည်။ အသီးသီးက မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို အာရုံစိုက်လျက်၊ ကောင်းမြတ်သော ညီအစ်ကို မောင်နှမများ အနည်းငယ်သည် သီးသန့်တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ ပူးပေါင်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ အချို့သော အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်သူများက နောက်ဆုံးအဆုံးအဖြတ် အမြဲပေးချင်ကြလေသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင် နေကြပါစေ၊ အခြားသူများနှင့် လိုက်ဖက်ညီစွာ ဘယ်သောအခါမျှ ၎င်းတို့ ပူးပေါင်းမလုပ်ဆောင်သကဲ့သို့ မိတ်သဟာယတွင် မပါဝင်ကြပေ၊ ပြီးလျှင် ပထမဦးစွာ အခြားသူများနှင့်အတူ အများသဘော ယူခြင်းမရှိဘဲ အမှုအရာများကို မဆင်မခြင် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုသာ အယောက်တိုင်းအား နားထောင်စေပြီး ဤတွင် ပြဿနာ ရှိလေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဒီဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို အရမ်းတို့ထိခဲ့တယ်။ အရင်က ကိုယ့်တာဝန်ကို ဘာလို့ ထိထိရောရောက် မလုပ်နိုင်ခဲ့လဲ နားမလည်နိုင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာပဲ ကျွန်တော့် စိတ်သဘောထားက အရမ်း မာနထောင်ပြီး တခြားလူတွေနဲ့ ပူးပေါင်းမလုပ်နိုင်ခဲ့လို့ ဖြစ်မှန်း နားလည်သွားတာ။ အဲဒီအချိန်အတောအတွင်းမှာ၊ ညီအစ်မ သုံးယောက်နဲ့ အလုပ်အတူလုပ်တော့၊ ကျွန်တော် အမြဲအဆုံးအဖြတ်ပေးခဲ့တယ်။ စုဝေးပွဲတွေမှာ မိတ်သဟာယပြုဖို့ အကြောင်းအရာကို ဆွေးနွေးတဲ့ အခါတိုင်းမှာ၊ လူတိုင်းက သူတို့အမြင်နဲ့ ထင်မြင်ချက်တွေ ပေးပြီးတဲ့နောက်မှာ စုဝေးပွဲ ထိရောက်တာ သေချာအောင်လို့ စုဝေးပွဲရဲ့ ယေဘုယျ ခေါင်းစဉ် ဘာဖြစ်သင့်တယ်ဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်ကြရမှာလေ။ ဒါပေမဲ့ ကျွန်တော့် အယူအဆက ကောင်းပြီး တခြားလူတွေကို နားထောင်စရာမလိုဘူးလို့ တွေးလို့ သူတို့ရဲ့ ထင်မြင်ချက်တွေကို မမေးဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။ တစ်ယောက်ယောက် ကန့်ကွက်ချက်တင်ပြတဲ့အခါ၊ ငြင်းဖို့ အကြောင်းရင်း အမျိုးမျိုး ရှာခဲ့တယ်။ တခြားလူတွေရဲ့ အကြံကို လက်ခံဖို့က ကျွန်တော် မာနထောင်လွှားလွန်းခဲ့လို့ ဘုရားရဲ့ လမ်းပြမှု၊ ကောင်းချီး မရှိခဲ့သလို၊ ကိုယ့်တာဝန်မှာ မထိရောက်ခဲ့ဘူး။ ဒီတစ်ခါ ကျွန်တော့် ကျရှုံးမှုက ကျွန်တော့်ကို ထုတ်ဖော်ပြခဲ့တယ်။

နောက်ပိုင်းမှာ၊ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ပို့ပေးတယ်။ ဘုရားသခင်က ပြောသည်- “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။ မကောင်းမှု ပြုခြင်း၏ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်)သင်မှတ်မိရမည်။ သင့်တာဝန်ကိုထမ်းဆောင်ခြင်းသည် သင်၏ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုပြုခြင်း၊ သို့မဟုတ် သင်ကိုယ်တိုင်စီမံခန့်ခွဲခြင်း ကိစ္စမဟုတ်။ ဤသည်မှာ သင်၏ကိုယ်ပိုင် အလုပ်မဟုတ်ဘဲ၊ အသင်းတော်၏ အလုပ်ဖြစ်ပြီး သင့်တွင်ရှိသော အစွမ်းအစများကို ပံ့ပိုးခြင်းသာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်၌ သင်လုပ်ဆောင်သည့်အရာသည် လူသား ပူးပေါင်းဆောင်ရွက်ခြင်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သည်။ သင်၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် ချောင်တစ်ခုရှိ အသေးစား အခန်းကဏ္ဍတစ်ခုသာ ဖြစ်သည်။ သင်သည် အသေးစား တာဝန်တစ်ခုကို ယူထားသည်။ သင်၏စိတ်နှလုံးထဲတွင် ဤအသိစိတ် ရှိသင့်သည်။ ထို့ကြောင့် အလုပ်တာဝန်တစ်ခုကို လူမည်မျှက လုပ်ဆောင်နေပါစေ၊ အခက်အခဲနှင့်ရင်ဆိုင်ရသည့်အခါ၊ လူတိုင်းလုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာမှာ ဘုရားထံ အတူတကွ ဆုတောင်းပြီး မိတ်သဟာယပြုဖို့၊ သမ္မာတရားကို ရှာဖွေဖို့နှင့်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကို ဆုံးဖြတ်ဖို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်သည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရှိလိမ့်မည်။ လူအချို့သည် ကြွားဝါဖို့ အစဉ်သဖြင့် ကြိုးစားနေကြပြီး၊ အလုပ်တစ်ခုအတွက် တာဝန်ပေးခြင်း ခံရသည့်အခါ၊ အမြဲ ဆုံးဖြတ်ပိုင်ခွင့် ရှိလိုကြသည်။ ဤသည်မှာ အဘယ်အပြုအမူမျိုးဖြစ်သနည်း။ ဤသည်မှာ ထင်ရာစိုင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သည့်အရာကို မိမိတို့ဘာသာ စီစဉ်ကြသည်၊ အခြားသူများကို အသိမပေးဘဲ ၎င်းတို့၏ ထင်မြင်ချက်များအား မည်သူနှင့်မျှ မဆွေးနွေးပေ။ မည်သူနှင့်မျှ ဝေမျှခြင်းမရှိသကဲ့သို့ ဖွင့်ပြောခြင်းလည်းမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဖုံးကွယ်ထားသည်။ လုပ်ဆောင်ရမည့်အချိန်ကျလာသည့်အခါတွင် ၎င်းတို့၏ အလွန်တော်သော စွမ်းဆောင်မှုများဖြင့် သူတစ်ပါးတို့အား အစဉ် အံ့အားသင့်စေလိုသည်။ အခြားသူများက ၎င်းတို့အား အထင်ကြီးသွားစေဖို့အလို့ငှာ လူတိုင်းအား မျှော်လင့်မထားဘဲ အလွန်အံ့သြသွားစေလိုသည်။ ယင်းမှာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သလော။ ၎င်းတို့သည် ကြွားဝါဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ ၎င်းတို့၌ ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားမှု ရှိသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို စတင်စီမံခန့်ခွဲကြလိမ့်မည်။ ထိုသို့သော လူများသည် ရိုင်းစိုင်းသော ရည်မှန်းချက်များ ရှိသည်မဟုတ်လော။ သင်လုပ်ဆောင်နေသည့်အရာကို သင် အဘယ်ကြောင့် မည်သူ့ကိုမျှ မပြောပြသနည်း။ ဤအလုပ်သည် သင်တစ်ဦးတည်း၏အလုပ် မဟုတ်သောကြောင့် ဤအလုပ်ကို အဘယ့်ကြောင့် မည်သူနှင့်မျှမဆွေးနွေးဘဲ ဆောင်ရွက်ပြီး သင့်ဘာသာ ဆုံးဖြတ်ချက်များပြုလုပ်မည်နည်း။ မည်သူမျှ မသိစေရန်အတွက် ဖုံးကွယ်ပြီး လှုပ်ရှားလျက် အဘယ်ကြောင့် တိတ်တဆိတ် လုပ်ဆောင်မည်နည်း။ လူတို့အား သင်တစ်ဦးတည်းကိုသာ အာရုံစိုက်ရန် အဘယ်ကြောင့် အစဉ်ကြိုးစားမည်နည်း။ ဤအလုပ်အား သင်ကိုယ်တိုင်၏အလုပ်အဖြစ် သင်မြင်သည်မှာ ရှင်းသည်။ သင်က သူဌေးဖြစ်ပြီး အခြားလူတိုင်းက အလုပ်သမားဖြစ်သည်။ သူတို့အားလုံးက သင့်အတွက် အလုပ်လုပ်ကြသည်။ သင်၌ ဤစိတ်ဓာတ် အစဉ်မပြတ်ရှိသည့်အခါ၊ ဤသည်မှာ ပြဿနာမဟုတ်လော။ ဤကဲ့သို့သောသူမျိုးက ထုတ်ဖော်ပြသည့်အရာသည် အကယ်စင်စစ် စာတန်၏ စိတ်သဘောထား ဖြစ်သည်မဟုတ်လော။ ဤကဲ့သို့လူများက တာဝန်ထမ်းဆောင်သည့်အခါ၊ အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့ ထုတ်ပယ်ခံရလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်မှပဲ နားလည်သွားတော့တယ်။ မာနထောင်လွှားမှုက ကျွန်တော့် သဘာဝနဲ့ ကျွန်တော် အလိုလို ဖော်ထုတ်တဲ့အရာ ဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။ ဘုရားအိမ်တော်မှာ အဆင့်အတန်းရှိတဲ့အခါ၊ ဒီအခွင့်အရေးကို ကြွားဖို့ပဲ သုံးချင်ခဲ့တယ်၊ ကျွန်တော်က တခြားလူတွေထက် ပိုတော်ပြီး၊ အဖွဲ့ခေါင်းဆောင်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သလိုလိုပေါ့။ သူတို့ထက် ကျွန်တော် ပိုတော်ပြီး သူတို့ရဲ့ အကြံ၊ ဒါမှမဟုတ် အကူအညီ မလိုဘူးလို့လည်း ကျွန်တော့် တွဲဖက်တွေကို သက်သေပြချင်ခဲ့တယ်။ ကျွန်တော့် မာနထောင်လွှားမှုကြောင့်၊ အရာရာကို သိပြီး၊ တခြားလူတွေကို နားထောင်တာ အသုံးမဝင်ဘူးလို့ အမြဲ တွေးမိခဲ့တယ်။ ကိုယ့်ကိုယ်ပိုင် အတွေးတွေကို သမ္မာတရား လိုမျိုး သဘောထားခဲ့တယ်၊ ကျွန်တော် လုပ်စေချင်သလို တခြားလူတွေကို လုပ်စေခဲ့ပြီး၊ သမ္မတရားကို မရှာဖွေခဲ့၊ ကိုယ့်တာဝန်မှာ ဘုရားအပေါ် အားမကိုးခဲ့ဘူး။ အဲဒီအစား၊ လူသစ်တွေကို ရေလောင်းပေးဖို့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ စိတ်ပိုင်းဆိုင်ရာ အစွမ်းအစကို မှီခိုခဲ့ပြီး၊ တခြားလူတွေကို ကျွန်တော့်အပေါ် အတင်း နားထောင်၊ နာခံစေခဲ့တယ်။ ဒါက ကောင်းကင်တမန်မင်းနဲ့ အတူတူပဲ မဟုတ်လား။ ကောင်းကင်တမန်မင်းက မာနထောင်ပြီး ဘုရားကို မကိုးကွယ်ခဲ့ဘူး။ ဘုရားနဲ့ တန်းတူ ဖြစ်ချင်ခဲ့တယ်။ နောက်ဆုံးမှာ ကောင်းကင်တမန် အများကြီးနဲ့ ဘုရားကို သစ္စာဖောက်ခဲ့တယ်။ ကျွန်တော်က မာနထောင်လွှားတဲ့ စိတ်သဘောထားထဲ ပိတ်မိခဲ့တယ်၊ သမ္မာတရားကို လက်ခံခဲ့သလို၊ တခြားလူတွေကို ကိုယ့်အပေါ် နားထောင်စေခဲ့တယ်။ ကောင်းကင်တမန်မင်းလိုပဲ ဘုရားကို ခုခံ၊ သစ္စာဖောက်နေခဲ့တာပဲ။ ဘုရားကို မယုံကြည်ခင်က ကျွန်တော် အရမ်းမာနထောင်လွှားတဲ့သူ ဖြစ်ခဲ့တာကိုလည်း ပြန်သတိရတယ်။ ကျွန်တော့်ထက် နိမ့်ကျသူတွေကို အထင်သေးခဲ့တယ်။ ကိုယ့်ညီအစ်ကိုတွေ အပါအဝင်ပေါ့။ ကလေးဘဝတုန်းက၊ စာမေးပွဲမှာ အကောင်းဆုံး အမှတ်မရတဲ့အခါ၊ အဖေက ကျွန်တော့်ကို အသံကျယ်ကျယ်နဲ့ ဆူခဲ့တယ်။ “စားမေးပွဲတွေမှာ မင်းက ပထမနေရာ ရရမယ်။ တခြားလူအားလုံးရှေ့မှာ ရှိရမယ်”တဲ့။ ကျွန်တော့် အဖွားကလည်း ပြောလေ့ရှိတယ်၊ “သား အရိုသေခံရအောင်လို့ အကောင်းဆုံးဖြစ်လို့ သားကြိုးပမ်းရမယ်”လို့ပေါ့။ ဒါတွေ သူတို့ပြောတာ ကြားပြီးတော့၊ တခြားလူတွေထက် ကိုယ့်ကိုယ်ကိုယ် ပိုသန်မာပုံပေါ်အောင် တခြားလူအားလုံးထဲကနေ ထင်ပေါ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပထမနေရာမှာ ထားဖို့ အမြဲ ကြိုးစားခဲ့တယ်။ တခြားလူတွေကို နားထောင်တာက မြင်မကောင်းဖြစ်စေတယ်လို့ ထင်လို့ တခြားလူတွေဆီက အကြံကို မယူချင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ကနေပဲ ဒီအမြင်တွေ လုံးဝ မှားခဲ့မှန်း သဘောပေါက်သွားတာ။ တခြားလူတွေရဲ့ အထက်မှာ ကျွန်တော် အမြဲ ကိုယ့်ကိုယ်ကိုယ် ထားပြီး ဘယ်သူ့ကိုမဆို ကျိုးနွံနာခံဖို့ ငြင်းခဲ့တယ်။ ဒါဆိုးယုတ်တဲ့ စိတ်သဘောထားပဲ။ မပြောင်းလဲရင်၊ ကိုယ့်တာဝန်မှာ ရလဒ်ကောင်းတွေ ရနိုင်မှာ မဟုတ်ရုံမက၊ မကောင်းမှု လုပ်မိပြီး ဘုရားကို ခုခံမိမှာဖြစ်သလို၊ နောက်ဆုံးမှာ ထုတ်ပယ်ခံရပြီး ဘုရားရဲ့ အပြစ်ပေးတာ ခံရမှာပဲ။ ကိုယ့်တာဝန်က ကိုယ်ရေးကိုယ်တာ အလုပ်အကိုင်မဟုတ်သလို၊ ကိုယ့်အစွမ်းအစကို ကြွားဖို့ အခွင့်အရေး မဟုတ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ နားလည်ရတယ်။ အဲဒါက ကျွန်တော့်ကို ဘုရားပေးထားတဲ့ စေခိုင်းချက်တာဝန်ပဲ။ အခက်အခဲတွေကို ကြုံရတဲ့အခါ၊ အဲဒါတွေကို ဖြေရှင်းဖို့ တခြားလူတွေနဲ့ ကျွန်တော် အလုပ်လုပ်ရမယ်။ ပြီးတော့ ဆုံးဖြတ်ချက်မချခင်မှာ၊ ကိုယ့် တွဲဖက်တွေဆီကနေ အကြံ ရှာဖွေဖို့ လိုတယ်။ တခြားလူတွေရဲ့ ထင်မြင်ချက်တွေကို မစဉ်းစားဘဲ ဆုံးဖြတ်ချက်ချပြီး ဘုရားအိမ်တော်အလုပ်ကို နှောင့်နှေးစေရင်၊ ကိုယ့်တာဝန်ကို ဒီလိုလုပ်တာက မကောင်းမှုလုပ်နေတာပဲ။ ဒါကို သဘောပေါက်လိုက်တာနဲ့၊ ကျွန်တော့်တာဝန်အပေါ် သဘောထားပြောင်းပြီး တခြားလူတွေနဲ့ လိုက်ဖက်ညီညီ ပူးပေါင်းလုပ်ချင်ခဲ့တယ်။

နောက်ပိုင်း၊ ဝတ်ပြုဆုတောင်းရာမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် တွေ့ခဲ့တယ်။ “သင်တို့ အဘယ်အရာကို ပြောမည်နည်း။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ခက်ခဲသလော။ လွယ်ကူသည်ဟုပင် သင်ပြောနိုင်သည်။ သို့ရာတွင် လူများသည် ဤအရာကို ခက်ခဲသည်ဟု အဘယ်ကြောင့် ခံစားနေရသေးသနည်း။ အကြောင်းမှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများအတွက်မှာမူ၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အတော်အတန် လွယ်ကူပြီး ဤသည်မှာ ပျော်ရွှင်ဖွယ်တစ်ခုဟု ၎င်းတို့ ခံစားရနိုင်သည်။ အကြောင်းမှာ အမှုကိစ္စများကို မိမိတို့ဘာသာ ဖြစ်မြောက်အောင်မြင်ရန်မှာ မည်သူ့အတွက်မျှ မလွယ်ကူသဖြင့် ၎င်းတို့သည် မည်သည့်နယ်ပယ်တွင် ပါဝင်ပတ်သက်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်နေသည့်အရာတွင်၊ အမှုအရာများကို ထောက်ပြဖို့နှင့် အကူအညီပေးဖို့ တစ်စုံတစ်ယောက် ရှိသည်မှာ အစဉ်သဖြင့် ကောင်းသောကြောင့် ဖြစ်သည်။ မိမိတို့ဘာသာ လုပ်ဆောင်ခြင်းထက် များစွာသာ၍ လွယ်ကူပေသည်။ ထို့အပြင် လူတို့၏ အစွမ်းအစက စွမ်းဆောင်နိုင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ကိုယ်၌က တွေ့ကြုံနိုင်သည့်အရာတွင် အကန့်အသတ် ရှိပေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ငန်းအားလုံးကို မကျွမ်းကျင်နိုင်ပေ။ လူတစ်ဦးအတွက် အရာအားလုံးကို သိဖို့၊ အရာအားလုံးကို သင်ယူဖို့၊ အရာအားလုံးကို ဖြစ်မြောက်အောင်မြင်ဖို့ မဖြစ်နိုင်ချေ။ ယင်းမှာ မဖြစ်နိုင်သကဲ့သို့၊ လူတိုင်းသည် ထိုသို့သော အသိစိတ်ကို ပိုင်ဆိုင်သင့်သည်။ ထို့ကြောင့်၊ သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများ ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများအတွက် သင့်ကိုကူညီရန် အမြဲတမ်း လူများရှိနေသင့်သည်။ ဤနည်းဖြင့် သင်သည် အမှုအရာများကို ပို၍မှန်ကန်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်ကာ အမှားများလုပ်မိရန် ပို၍ခက်ခဲပြီး လမ်းကြောင်းလွဲရန် ဖြစ်နိုင်ခြေ ပို၍နည်းပါးလိမ့်မည်— ယင်းမှာ ကောင်းကျိုးအတွက်ချည်းသာ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်ပြီးတဲ့နောက် နားလည်သွားတယ်၊ တခြားလူတွေနဲ့ ပူးပေါင်းလုပ်မှပဲ ကိုယ့်တာဝန်တွေကို အမှန်တကယ် ဖြည့်ဆည်းနိုင်ပြီး ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်တယ်ဆိုတာပေါ့။ ကျွန်တော့် တွဲဖက်တချို့က ဘုရားအမှုတော် လက်ခံတာ လပိုင်းပဲ ရှိသေးပြီး ရေလောင်းအလုပ်ကို စခါစဖြစ်လို့ နားမလည်တာတွေ အများကြီးဖြစ်လို့ နားမလည်တာတွေ အများကြီးရှိနေတုန်းမှာ ကျွန်တော်ကတော့ ဘုရားကို ယုံကြည်တာ သုံးနှစ်ရှိခဲ့ပြီဖြစ်သလို သူတို့ထက် အတွေ့အကြုံပိုရှိတယ်လို့ တွေးလေ့ရှိခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ အကြံနဲ့ ထင်မြင်ချက်တွေကို လုံးဝ လက်မခံခဲ့ဘူး။ အခုမှပဲ ဒီအမြင်က မှားမှန်း တွေ့ရတော့တယ်။ ဘုရားကို ယုံကြည်တာ ကျွန်တော် အချိန်ပိုကြာခဲ့ပြီး သူတို့ထက် ပိုအတွေ့အကြုံ ရှိခဲ့ပေမဲ့၊ အရာရာမှာ သူတို့ထက် ပိုတော်တယ်လို့ မဆိုလိုဘူးလေ။ တွဲဖက်တွေ၊ ညီအစ်မတွေနဲ့ ပူးပေါင်းမလုပ်ဘဲနဲ့၊ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ မဖြစ်နိုင်ဘူး။ တစ်ခါတလေ စုဝေးပွဲတွေမှာ၊ သမ္မာတရား တချို့ကို ကျွန်တော် အပေါ်ယံနားလည်ပြီး မိတ်သဟာယပြုတာ ညံ့လို့ ပိုပြီး ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပေးမဲ့ တွဲဖက် လိုခဲ့တယ်။ တစ်ခါတလေ လူသစ်တွေက မကျန်းမာလို့ စုဝေးပွဲတွေကို မလာနိုင်ကြဘူး၊ ဒါမှမဟုတ် အလုပ်ကြောင့် ပုံမှန် မတက်နိုင်ကြဘူး။ သူတို့ အခြေအနေတွေနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော် မတွေ့နိုင်လို့ ကျွန်တော်လည်း တွဲဖက်တွေ လိုခဲ့တယ်။ အမှန်တော့၊ လူတိုင်းက ဘုရားရဲ့ ဉာဏ်အလင်းပေးခံရဖို့ အခွင့်အရေးရှိတယ်။ ဘုရားက ကျွန်တော့်ကို ဉာဏ်အလင်းပဲပေးပြီး အစွမ်းအစပေးခဲ့တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့ပြီး တခြားလူတွေကို ငအတွေလို့ ထင်ခဲ့တယ်။ ဒါက အမှားတစ်ခုဖြစ်သလို မိုက်မဲတာပဲ။ ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုက အလုပ်အတွေ့အကြုံ ဘယ်လောက်ရှိတယ် ဆိုတဲ့အပေါ် မမူတည်ဘူး။ သမ္မာတရားကို ရှာဖွေလက်ခံနိုင်ခြင်း ရှိမရှိအပေါ်မှာ မူတည်တယ်။ ပြီးတော့ လူတိုင်းမှာ ကိုယ်ပိုင် အားသာချက်တွေရှိတယ်။ သူ့တာဝန်မှာ ဝန်ထမ်းပြီး၊ အကြံကောင်းတွေ မကြာခဏပေးတဲ့ ညီမ ဂျိုနာလိုပေါ့။ ကျွန်တော့်ညီမနဲ့ ကျွန်တော် ပူးပေါင်းလုပ်ပြီး၊ ကိုယ့်အားနည်းချက်တွေ ထေမိဖို့ သူ့အားသာချက်တွေကနေ သင်ယူသင့်တယ်။

နောက်ပိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေရဲ့ အယူအဆတွေကို ကိုယ့်တာဝန်မှာ နားထောင်ဖို့ ကြိုးစားခဲ့တယ်။ စုဝေးပွဲတိုင်းရဲ့ အဆုံးမှာ ပြောခဲ့တာကို နားလည်လားလို့ လူသစ်တစ်ဦးချင်းစီကို ကျွန်တော့်ညီမက မေးခိုင်းတော့ သူအကြံပေးတဲ့အတိုင်း ကျွန်တော်လုပ်ပြီး လုပ်လေ့ရှိတဲ့အတိုင်း မခုခံတော့ဘူး။ ဒါ့အပြင်၊ စုဝေးပွဲတွေမှာ လူသစ်တွေနဲ့အတူ ပိုပြီး အသေးစိတ် မိတ်သဟာယပြုခိုင်းပြီး လူသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးစားခိုင်းတဲ့အခါ၊ အဲဒါကိုလည်း လုပ်ခဲ့တယ်။ တစ်ခါတလေ လူသစ်တွေကို ရေလောင်းဖို့အတွက် အကြံကောင်းတချို့လည်း ပေးပြီး ကျွန်တော် ဆောင်ရွက်ခဲ့တယ်။ အဲဒီနောက်မှာ စုဝေးပွဲတွေကို လူသစ်တွေ တက်တာ ပိုများလာတာ တွေ့ရပြီး၊ ကျွန်တော် အရမ်းဝမ်းသာခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) မာနထောင်လွှားလို့ မရသလို ကိုယ့်သဘောအတိုင်း မရမက လုပ်လို့မရမှန်း၊ တခြားလူတွေနဲ့ ပူးပေါင်းလုပ်ရမယ်မှန်း ဘုရားနှုတ်ကပတ်တော်တွေက ပိုလို့တောင် ရှင်းရှင်း နားလည်စေခဲ့တယ်။ ဒါဟာ သန့်ရှင်းသော ဝိညာဉ်တော်က လူတိုင်းကို ဉာဏ်အလင်းပြပြီး အလင်းပေးလို့ပဲ ဖြစ်ပါတယ်။ လူတစ်ယောက်က ဘုရားကို ဘယ်လောက်ကြာ ယုံကြည်ခဲ့ပါစေ၊ အဆင့်အတန်း ရှိရှိ၊ မရှိရှိ သူတို့ပြောတာက သမ္မာတရားနဲ့ ကိုက်ညီသရွေ့၊ ကျွန်တော်တို့ လက်ခံပြီး နာခံသင့်တယ်။ နားထောင်ဖို့ ငြင်းရင်၊ ကိုယ့်တာဝန်မှာ ဘုရားရဲ့ ကောင်းချီးပေးတာ ခံရမှာ မဟုတ်ဘူး။ ဒီအတွေ့အကြုံက တာဝန်မှာ လိုက်ဖက်ညီညီ ပူးပေါင်းလုပ်တာ အရေးကြီးမှုကို ပြခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဆုတောင်းခြင်း၏ တန်ခိုး- မျှော်လင့်ချက်ပျက်သုဉ်းခြင်း အလယ်တွင် အံ့ဖွယ်နမိတ်လက္ခဏာတစ်ခုကို မျက်မြင်တွေ့ရခြင်း

ဂျော ဂျီဟန် တရုတ်ပြည် ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ...

ရိုးရာအကျင့်သီလများကို လက်ခံလိုက်နာသင့်ပါသလား

ရှောင်ရှန့် ပြင်သစ်နိုင်ငံ ကျွန်မ မူလတန်းကျောင်းတုန်းက ကျွန်မအပေါ် တော်တော်သက်ရောက်သွားတဲ့ စာတစ်ခုရှိတယ်။ သစ်တော်သီးလက်ဆောင်ပေးတဲ့...

အန္တိခရစ်စိတ်သဘောထားများအပေါ် ကျွန်ုပ်၏ နည်းပါးသော အသိ

ဉယားဒီ ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ ရေလောင်းတဲ့အလုပ်နဲ့ ပတ်သက်လို့ ကျွန်မ အတန်ကြာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။