စိတ်ကူးပေါက်ရာအတိုင်း မိမိတာဝန်ကို လုပ်ဆောင်ခြင်း၏ အကျိုးဆက်များ

21.07.2022

ရှင်းရှင်း တရုတ်နိုင်ငံ

၂၀၂၀ ခုနှစ် ဇွန်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရတယ်။ ပထမတော့ အလုပ်မှာ ပြဿနာရှိတဲ့အခါ၊ သတိရှိရှိနဲ့ စည်းမျဉ်းတွေကို ရှာနိုင်ခဲ့ပြီး၊ ကိစ္စတွေကို ဘယ်လိုလုပ်ရမယ် သိချိန်မှာတောင် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြံကို တောင်းခဲ့သလို၊ အများဆန္ဒရတဲ့အခါ ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ နည်းနည်းကြာပြီးတဲ့နောက် အချိန်အများစုမှာ ကျွန်မရဲ့အကြံက သင့်တော်မှန်း တွေ့ပြီး၊ အရင်က ခေါင်းဆောင်လည်း ဖြစ်ဖူးတော့ စည်းမျဉ်းတချို့ကို ကျွန်မ သဘောပေါက်တယ်၊ ပြီးတော့ လူတွေနဲ့ ကိစ္စတွေကို မြင်နိုင်တဲ့အပြင် တိတိကျကျ စီစဉ်တာတွေ လုပ်နိုင်တယ်လို့ ခံစားရတယ်။ အထူးသဖြင့် တစ်ခါကပေါ့၊ ဧဝံဂေလိအလုပ်က သိပ်မထိရောက်တဲ့အခါ၊ ဘယ်လိုဖြေရှင်းရမှန်း ကျွန်မတွဲဖက်က မသိခဲ့ဘူး၊ ဒီတော့ ဧဝံဂေလိအလုပ်ကို အတူဟောပြီး ဧဝံဂေလိအဖွဲ့ဖွဲ့လေ့ရှိတဲ့ ညီအစ်ကို မောင်နှမတွေကို တစ်ဦးချင်းစီက ကိုယ်ပိုင်ပါရမီတွေကို သုံးနိုင်အောင်လို့ ကျွန်မ အဆိုပြုခဲ့တယ်။ နောက်တော့ ဧဝံဂေလိအလုပ်ထဲက အခက်အခဲတွေ ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မတို့ရှာပြီး မိတ်သဟာယပြုခဲ့ကြတယ်၊ အချိန်တချို့ကုန်သွားပြီးတဲ့နောက်မှာ၊ ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှုက သိသိသာသာ တိုးတက်သွားတယ်။ မရည်ရွယ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပြီး အားရကျေနပ်တဲ့ အခြေအနေထဲ ကျွန်မ ကျင်ဆင်းသွားပြီး၊ ကျွန်မက စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင်ဖြစ်ပြီး ဝန်ထမ်းနဲ့ အသင်းတော်အလုပ်ကို အတော်အသင့် စီစဉ်နိုင်တယ်လို့ ခံစားခဲ့တယ်။

လအနည်းငယ်ကြာပြီးတဲ့နောက်မှာ အသင်းတော်က ကြားဖြတ် သင်းထောက်ရွေးကောက်ပွဲ စီစဉ်ဖို့ လိုလာတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ၊ အသင်းတော်ထဲက လူအားလုံးကို ကျွန်မ စစ်ဆေးခဲ့ပြီး၊ အစ်မလီက အသင့်တော်ဆုံးလို့ ထင်ခဲ့တယ်။ သူ ယုံကြည်တာ နှစ်တွေများပြီ၊ စွန့်လွှတ်ပြီး အသုံးခံနိုင်သလို၊ သူ့စိတ်က လိုက်လျောညီထွေရှိတယ်။ အရင်က ရလဒ်ကောင်းတွေနဲ့ နေရာအများကြီးကို ဧဝံဂေလိ ဟောဖို့လည်း သွားခဲ့ဖူးတယ်။ အခု မြို့ပြင်က ပြန်လာရုံရှိသေးပေမဲ့၊ လူတော်တောများများကို ပြောင်းလဲစေတယ်လေ။ ဒါကြောင့် ဧဝံဂေလိ သင်းထောက်ဖြစ်ဖို့ သူ သင့်တော်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ သူ့မှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်၊ မကြာခဏ တခြားလူတွေကို ဘောင်ခတ်ပြီး ကိုယ့်တာဝန်မှာ တက်ကြွသူတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ မှတ်ချက်တော်တော်များကို တွေ့ရတယ်။ ဒီတော့ ကျွန်မ ချီတုံချတုံ ဖြစ်တာပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ သူက ကောင်းကောင်း အလုပ်လုပ်ပြီး ဧဝံဂေလိကို ထိထိရောက်ရောက် ဟောနိုင်တယ်၊ ဒီတော့ ပြဿနာတချို့ရှိပေမဲ့၊ သူ့ကို ကျွန်မတို့ ကူညီသရွေ့၊ ပြဿနာဖြစ်မှာ မဟုတ်ဘူးလို့ပေါ့။ အကြိမ်ကြိမ် ထပ်တွေးကြည့်ပြီးတဲ့နောက်မှာ၊ အစ်မလီက ဧဝံဂေလိ သင်းထောက်ဖြစ်ဖို့ သင့်တော်တယ်လို့ ခံစားခဲ့တယ်။ နောက်နေ့မှာ ကျွန်မအမြင်ကို တွဲဖက်ဆီ ဝေမျှခဲ့တယ်။ သူက၊ “အစ်မလီက တခြားလူတွေကို အရမ်း ဘောင်ခတ်တယ်။ ဧဝံဂေလိကို သူ့ဖာသာ ဟောလို့ရပါတယ်။ ဒါပေမဲ့ ဧဝံဂေလိ သင်းထောက်အနေနဲ့၊ ဧဝံဂေလိအလုပ်ကို သူ နှောင့်ယှက်လိမ့်မယ်၊ ဒီတော့ ကျွန်မတို့ သတိထားရမယ်” လို့ ပြောတယ်။ အဲဒီတုန်းက ကျွန်မညီမက ဒီလိုပြောတာကြားတော့၊ ကျွန်မ ဝမ်းမသာခဲ့ဘူး။ “ဘုရားကို နင်ယုံကြည်တာ အချိန်မကြာသေးသလို၊ နင့်အမြင်က တစ်ဖက်သတ်ဆန်လွန်းတယ်။ လူတွေနဲ့ ကိစ္စတွေကို ငါက ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်လို့ ငါပြောတာကို နင်နားထောင်သင့်တယ်”လို့ တွေးမိတယ်။ ဒါကြောင့် မနှစ်မြို့တဲ့ မျက်နှာနဲ့ သူ့ကို ပြောလိုက်တယ်၊ “ဧဝံဂေလိ သင်းထောက်ကို ရွေးရာမှာ၊ အရေးအကြီးဆုံးက ဧဝံဂေလိအလုပ်မှာ လူတစ်ယောက်က အစွမ်းအစနဲ့ ကျွမ်းကျင်မှု ရှိမရှိဆိုတာပဲ။ သူက မာနထောင်လွှားပြီး တခြားလူတွေကို ဘောင်ခတ်တတ်ပေမဲ့၊ အလုပ်လုပ်နိုင်စွမ်းရှိပြီး သူ့ရဲ့ တရားဟောချက်က ထိရောက်တယ်။ လူတွေကို သူတို့ရဲ့ အစွမ်းအစတွေအတိုင်း ဘယ်လိုအသုံးပြုရမယ်ဆိုတာကို ကျွန်မတို့ သင်ယူပြီး သေးငယ်တဲ့ ပြဿနာတွေမှာ မပိတ်မိရဘူး” လို့ပေါ့။ ကျွန်မ တွဲဖက်က ဒါကို ကြားတော့ အရမ်း စိတ်ပျက်သွားလို့ ဘာမှနောက်ထပ် မပြောတော့ဘူး။

ဆက်ပြီး၊ ရွေးကောက်ပွဲအကြောင်း ညီအစ်ကို မောင်နှမတွေကို မိတ်သဟာယပြုခဲ့ပေမဲ့၊ ရွေးကောက်ပွဲ စည်းမျဉ်းတွေနဲ့ပတ်သက်လို့ မိတ်သဟာယမပြုခဲ့ဘူး။ အဲဒီအစား၊ အစွမ်းအစရှိပြီး ထိရောက်တဲ့ ဘယ်သူမဆိုကို ရွေးသင့်တယ်လို့ တမင် အလေးပေးပြောခဲ့တယ်။ ကျွန်မရဲ့ မိတ်သဟာယပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမအများစုက အစ်မလီကို ဧဝံဂေလိ သင်းထောက်အနေနဲ့ ရွေးခဲ့ကြတယ်။ အဲဒီတုန်းက ကျွန်မ အတော်ပျော်သွားတယ်။ မထင်မှတ်ဘဲ၊ ကျွန်မရဲ့ အထက်ခေါင်းဆောင်က အစ်မလီရဲ့ သုံးသပ်ချက်ကို ဖတ်ပြီးတဲ့နောက်မှာ၊ အစ်မလီက တခြားလူတွေကို အမြဲ ဘောင်ခတ်တယ်၊ တခြားလူတွေကို တက်ကြွတဲ့အတွက် တိုက်ခိုက်တယ်၊ အထူးသဖြင့် မာနထောင်လွှားပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့အကြံကို လက်မခံဘူးလို့ ပြောတယ်။ သူ့ကို ဧဝံဂေလိ သင်းထောက်အနေနဲ့ ရွေးတာက ကျွန်မတို့အလုပ်ကို အလွယ်တကူ နှောင့်ယှက်နိုင်တယ်လို့ ပြောတယ်။ ကျွန်မ တွေးမိတယ်၊ “ငါ့ အသင်းတော်ထဲက ဝန်ထမ်းရဲ့ အခြေအနေကို နင်မသိပါဘူး။ ကိစ္စတွေနဲ့ပတ်သက်လို့ ငါ အရမ်းတင်းကျပ်ရင်၊ သင့်တော်တဲ့သူတစ်ယောက်မှ လုံးဝ ရှိမှာ မဟုတ်တော့ဘူး။ အဲဒါအပြင်၊ အစ်မလီက လုံးဝ လက်မခံနိုင်တာမှ မဟုတ်တာ။ ပြီးခဲ့တဲ့အခေါက်က သူ့ကို ငါ ကိုင်တွယ်ဖြေရှင်းတော့၊ လက်ခံခဲ့တာပဲ။ အဲဒီအခန်းကဏ္ဍအတွက် သူ သင့်တော်တဲ့သူပဲ”ပေါ့။ ဒါကိုတွေးရင်းနဲ့ ကျွန်မ အမြန်ပြောလိုက်တယ်၊ “အစ်မလီက ကိုင်တွယ်ဖြေရှင်းတာကို လက်ခံနိုင်ပြီး၊ သူ့ရဲ့ ဧဝံဂေလိ တရားဟောချက်က ထိရောက်တယ်။ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ပတ်သက်လို့ သူ့ကို ကူညီလို့ရသလို၊ ဒီရာထူးကို သူ ကိုင်တွယ်နိုင်ပါတယ်။ ဒါ့အပြင်၊ အသင်းတော်ထဲမှာ လတ်တလော သူ့ထက် ပိုသင့်တော်တဲ့သူ မရှိဘူးလေ”လို့ပေါ့။ နားထောင်ပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကူကယ်ရာမဲ့စွာနဲ့၊ “အဲဒါဆို သူ့ကို ခဏကြာ ပေးလုပ်ကြည့်ပြီး ကြည့်ရအောင်လေ။ လူတွေကို တိုက်ခိုက်နေပြီး အလုပ်ကို နှောင့်ယှက်နေတာတွေ့ရင် အချိန်မီ ပြောင်းရွှေ့လိုက်ပေါ့”လို့ ပြောတယ်။ ဒါကြောင့် အစ်မလီက ဧဝံဂေလိ သင်းထောက်ဖြစ်လာတယ်။

မကြာဘူး၊ ကျွန်မ တွဲဖက်ကပြောတယ်၊ “ခုတလော၊ အစ်မလီနဲ့ ကျွန်မ ထိတွေ့ဆက်ဆံခဲ့ပြီး၊ သူက လူတွေကို ဆိုးဆိုးရွားရွား ဘောင်ခတ်နေတုန်းပဲ။ ဧဝံဂေလိ အမှုဆောင်တွေမှာ အားနည်းချက်တွေ ရှိချိန်မှာ၊ မကူညီသလို၊ တိုက်တောင်တိုက်ခိုက်တယ်၊ အသုံးမကျဘူး၊ တိုးတက်တာ နှေးတယ်၊ ဒါမှမဟုတ် အလုပ်ကို သူတစ်ယောက်ထဲ လုပ်ရပြီး၊ သူတို့နဲ့ ပူးပေါင်းလုပ်ရတာ ခက်တယ်လို့ ပြေတယ်၊ အဲဒါက လူတိုင်းကို အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရှိစေတယ်” လို့ပြောတယ်။ သူ့ရဲ့ အကြံကို ကျွန်မ အလေးအနက် သဘောမထားခဲ့ဘဲ၊ ဒီလို တွေးမိတယ်၊ “လူတိုင်းမှာ ဖောက်ပြန်ပျက်စီးခြင်း ရှိတယ်၊ ဒါပေမဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ပြီး ထိရောက်ရင်၊ အဆင်ပြေတာပဲ။ နင့်ရဲ့ အတွေ့အကြုံနဲ့ ထိုးထွင်းအမြင်က အရမ်း ပေါ့တန်နေတုန်းပဲ။ အတော်များများက သူ့ကို နှစ်သက်တာ ငါမြင်ပြီးပြီ။ သူတို့ကို နင် မိတ်သဟာယပြု၊ ကိုင်တွယ်ဖြေရှင်းရင်၊ သူတို့ အလုပ်လုပ်နိုင်သေးတယ်”လို့ပေါ့။ သူ့ကိုတောင် ပြောခဲ့တယ်၊ “သူ့အားသာချက်တွေကို ပိုကြည့်ရအောင်။ သူက မာနထောင်လွှားပေမဲ့၊ ဧဝံဂေလိ ဟောနိုင်တယ်။ ဒီအမှားသေးသေးလေးတွေကို ကျွန်မတို့ သည်းခံရမယ်။ နောင်မှာ သူ့ကို ကျွန်မ ပိုမိတ်သဟာယပြုလိုက်ပါ့မယ်”လို့ပေါ့။ အခု ကျွန်မရဲ့ ချေပတာခံလိုက်ရတဲ့ ကျွန်မရဲ့ တွဲဖက်က ဘာမှထပ်ပြောစရာ မရှိတော့ဘူး။ နောက်ပိုင်းမှာ၊ အစ်မလီကို ကျွန်မတွေ့တော့၊ သူ့ပြဿနာတွေကို ဖော်ထုတ်၊ စိစစ်ချင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မတို့ တွေ့လိုက်တာနဲ့၊ အခု ဧဝံဂေလိအလုပ်က အရမ်းထိရောက်တယ်လို့ သူ ပြောတယ်။ သူ့တာဝန်မှာ သူက အရမ်းတက်ကြွတာကို မြင်လို့၊ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ တခြားလူတွေအပေါ် ဘောင်ခတ်တတ်တဲ့ ပြဿနာကို အကျဉ်းချုပ် ကျွန်မ ပြောလိုက်ပြီး၊ ညီအစ်ကို မောင်နှမတွေကို ဘယ်လို မှန်မှန်ကန်ကန် ဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်လို့ မိတ်သဟာယပြုလိုက်တယ်။ နားထောင်ပြီးတော့၊ သူက ပြောင်းလဲဖို့ လိုလားပါတယ်လို့ ပြောလို့ ကျွန်မ ဘာမှထပ်မပြောတော့ဘူး။ နောက်ပိုင်းမှာ ညီအစ်မ တော်တော်များများက အစ်မလီဟာ လက်တွေ့အလုပ် မလုပ်ရုံမက၊ လူတွေမှာ အခက်အခဲတွေရှိတဲ့အခါ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားအပေါ် မိတ်သဟာယမပြုသလို၊ မကြာခဏ ဒေါသထွက်ပြီး လူတွေကို ကြိမ်းမောင်း၊ တိုက်ခိုက်တယ်၊ လူတိုင်းကို အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရှိစေပြီး၊ ဧဝံဂေလိ ဟောဖို့ မလိုမလားဖြစ်စေတယ်လို့ ဆက်တိုက် တိုင်ကြားကြတယ်။ ဧဝံဂေလိအလုပ်ရဲ့ တိုးတက်မှုကို ပြင်းပြင်းထန်ထန် ဟန့်တားရင်းနဲ့ ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှုက ကျဆင်းသွားတယ်။ ကျွန်မ တွေးမိတယ်၊ “သူ့ကို သင်းထောက်အနေနဲ့ ရွေးတဲ့အပေါ် ငါမရမကပြောခဲ့တာ တကယ်မှားသွားခဲ့တာလား။ ညီအစ်ကို မောင်နှမတွေက အကြိမ်တော်တော်များများ ပြောတဲ့အတွက်၊ ကိုယ့်အမြင်တွေကို ဖက်တွယ်နေလို့ မရဘူး” လို့ပေါ့။ အဲဒီနောက်မှာ အစ်မလီအပေါ် သုံးသပ်မှုတွေကို ကျွန်မ စစ်ဆေးကြည့်ပြီး၊ သူက ဧဝံဂေလိအလုပ်မှာ သူ့ရဲ့ နှစ်အတော်များများ အတွေ့အကြံကို ရာထူးရှိတဲ့‌နေရာကနေ လူတွကို စိတ်ကျဉ်းကျပ်စေတယ်၊ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရှိစေပြီး ကိုယ့်တာဝန်တွေကို ပုံမှန် မထမ်းဆောင်နိုင်ဖြစ်စေရင်းနဲ့ ဆူပူကြိမ်းမောင်းပြီး တိုက်ခိုက်ဖို့ မှီခိုအားထားခဲ့မှန်း တွေ့ခဲ့တယ်။ သူ့ပြဿနာတွေကို တခြားလူတွေက ထောက်ပြတော့၊ သူ ငြင်းခုံပြီး ကိုယ့်ကိုယ်ကိုယ် ခုံခံကာကွယ်ခဲ့တယ်။ လူအတော်များများက သူ့ကို မိတ်သဟာယပြုခဲ့ပေမဲ့ အဲဒါကို လက်မခံခဲ့ဘူး။ ဒီရလဒ်ကိုမြင်တော့ ကျွန်မ မှင်တက်သွားတယ်။ အစ်မလီရဲ့ ပြဿနာက အရမ်းဆိုးရွားမယ်လို့ မမျှော်လင့်ခဲ့ဘူးလေ။ နှစ်တွေအများကြီး အလုပ်လုပ်ပြီးတဲ့နောက်မှာ၊ သင်းထောက်ဖြစ်ဖို့ မသင့်တော်တဲ့ လူကို ကျွန်မ ရွေးမိခဲ့တယ်၊ အလုပ်ကို ရှုပ်ထွေးစေခဲ့ပြီး၊ တခြားလူတွေကို ညည်းညူစေခဲ့တယ်။ အဲဒါကြောင့် ကျွန်မ အရမ်းဝမ်းနည်းသွားတယ်။ နောက်ပိုင်းမှာ၊ အစ်မလီရဲ့ အပြောင်းအလဲမရှိတဲ့ အပြုအမူအရ သူဟာ ဧဝံဂေလိ သင်းထောက်အနေနဲ့ မသင့်တော်မှန်း ဆုံးဖြတ်ပြီး ဖယ်ရှားခံလိုက်ရတယ်။

အစ်မလီကို ထုတ်လိုက်ပြီးတဲ့နောက်မှာ၊ မရှင်းပြနိုင်တဲ့ အရာတစ်ခု ကျွန်မ ခံစားခဲ့ရတယ်။ ကျွန် ခပ်ပြင်းပြင်း ပါးရိုက်ခံလိုက်ရသလို ခံစားခဲ့ရတယ်။ ကျွန်မရဲ့ တွဲဖက်က အစ်မလီရဲ့ ပြဿနာတွေအကြောင်း တစ်ချိန်လုံး ပြောခဲ့ပေမဲ့ ကျွန်မ အလေးအနက် မယူခဲ့သလို၊ ရလဒ်အနေနဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆိုးရွားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပုံကို ကျွန်မ တွေးမိတယ်။ ကျွန်မ အရမ်းနောင်တရပြီး အပြစ်ရှိသလို ခံစားရတယ်၊ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ “အစ်မလီကို ရွေးရာမှာ ငါ ဘာလို့ အဲဒီလို အမှားကြီးတစ်ခုကို လုပ်မိခဲ့တာလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သုံးသပ်သင့်ပြီး ဘယ်သမ္မာတရားရဲ့ သွင်ပြင်ကို ဝင်ရောက်သင့်လဲ”လို့ပေါ့။ ကိုယ့်ကိုယ်ကိုယ် သိအောင် ကျွန်မကို ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်စာပိုဒ်ကို ဖတ်ခဲ့တယ်။ “အချို့သောသူများသည် သူတို့၏တာဝန်များ ဆောင်ရွက်စဉ်တွင်ပင် သမ္မာတရားကို မရှာဖွေကြပေ။ သူတို့ စိတ်ကျေနပ်စေရုံမျှသာ လုပ်ဆောင်ကြသည်။ သူတို့၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်းသာ ပြုမူကြပြီး အမြဲပင် ထင်ရာစိုင်းကာ မဆင်မခြင် ပြုလုပ်ကြပေသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို မလျှောက်ကြပေ။ ‘မဆင်မခြင်ထင်ရာစိုင်းခြင်း’ ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ၎င်းသည် ကိစ္စတခုခုတွေ့ကြုံသည့်အခါ သူတစ်ပါးပေးသော အကြံဉာဏ်ကို အလေးမထား၊ စဉ်းစားတွေးခေါ်မှုမရှိဘဲ ကိုယ်အမြင်အတိုင်း ပြုမူခြင်းကို ဆိုလိုသည်။ သို့မဟုတ် ရှာဖွေခြင်းအတွက် မည်သည့်နည်းစနစ်မှ မရှိခြင်းကို ဆိုလိုသည်။ အခြားသူတစ်ဦးတလေ ပြောသည့် မည်သည့်အရာမျှ သင့်စိတ်နှလုံးကို မတို့ထိနိုင်၊ သို့မဟုတ် သင့်စိတ်ကို မပြောင်းလဲနိုင်ပေ။ သင့်ကို သမ္မာတရား မိတ်သဟာယဖွဲ့သည့်အခါတွင် သင်သည် လက်ပင်မခံနိုင်ပေ။ အခြားလူများက အမှန်တစ်ခုတလေကို ပြောသည့်အခါတွင် သင်နားမထောင်ဘဲ၊ သင့်ကိုယ်သင် မှန်ကန်သည်ဟု ယုံကြည်ပြီး သင်၏ကိုယ်ပိုင် စိတ်ကူးများကို ဖက်တွယ်ထားလျက်၊ မိမိ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကိုသာ ဆုပ်ကိုင်ထားသည်။ သင်၏အတွေးက မှန်ကန်လျှင်ပင် သင်သည် အခြားလူများ၏ ထင်မြင်ယူဆချက်များကိုလည်း ထည့်တွက်စဉ်းစားသင့်သည် မဟုတ်လော။ သင်သည် လုံးဝ ထည့်တွက်မစဉ်းစားလျှင်၊ ဤသည်မှာ အလွန်အမင်း မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း မဟုတ်သလော။ မိမိကိုယ်ကိုယ် မှန်သည်ဟု အလွန်အမင်း မှတ်ယူပြီး ထိန်းရကျောင်းရခက်သော လူများအတွက် သမ္မာတရားကို လက်ခံဖို့ မလွယ်ကူပေ။ ၎င်းတို့က မှားသည့်အရာတစ်စုံတစ်ခု လုပ်ပြီး သင်က ‘သင်သည် သမ္မာတရားအတိုင်း လုပ်ဆောင်နေခြင်း မဟုတ်’ ဟု ပြောလျက်၊ ၎င်းတို့အား ဝေဖန်လျှင်၊ ၎င်းတို့က ‘ကျွန်ုပ် သမ္မာတရားအတိုင်း မလုပ်လျှင်ပင်၊ ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်ပုံစံ ဖြစ်နေဆဲ ဖြစ်သည်’ ဟု ပြန်ပြောသည်။ ထို့နောက်တွင် ဤအရာမှာ မှန်ကန်ကြောင်း သင့်အား တွေးစေဖို့ ၎င်းတို့သည် အကြောင်းပြချက်အချို့ ရှာတွေ့ကြသည်။ သင်က ‘သင် ဤသို့ပြုလုပ်ခြင်းသည် ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်လိမ့်မည်’ ဟု ပြောလျက်၊ ၎င်းတို့အား ပြစ်တင်မောင်းမဲလျှင်၊ ၎င်းတို့က နားမထောင်ရုံမျှမက၊ ‘ဤသည်မှာ မှန်ကန်သည့်နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ် ထင်သည်၊ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်နည်းလမ်းဖြစ်သည်’ ဟူ၍ ဆင်ခြေများ ၎င်းတို့နှုတ်မှ ဆက်တိုက်ထွက်လာသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) မာနထောင်လွှားသော သဘာဝသည် လူများကို တဇွတ်ထိုးလုပ်စေသည်။ လူတို့က ဤခေါင်းမာသော စိတ်သဘောထား ရှိသောအခါ သူတို့သည် ထင်တိုင်းကြဲပြီး မဆင်မခြင်ပြုတတ်ကြသည် မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေကို အတိအကျ ထုတ်ဖော်ပြခဲ့တယ်။ ကျွန်မက နှစ်တွေအများကြီး ခေါင်းဆောင်ဖြစ်ခဲ့၊ စည်းမျဉ်းတချို့ကို ကျွမ်းကျင်ပြီး၊ ကိုယ့်အလုပ်မှာ ရလဒ်တချို့ ရခဲ့မှတော့၊ သမ္မာတရားကို ကျွန်မ နားလည်ပြီး၊ လူတွေနဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့ တွေးခဲ့လို့ ကိုယ့်ကိုယ်ကိုယ် အထူး ယုံကြည်ခဲ့တယ်။ ကိစ္စတွေ ဖြစ်တော့၊ လုပ်ချင်တာမှန်သမျှ လုပ်ခဲ့ပြီး၊ သမ္မာတရားကို ရှာဖွေဖို့ မစဉ်းစားခဲ့ဘူး။ အစ်မလီက နောင်တရပြီး ပြောင်းလဲခဲ့ပြီလားဆိုတာ သိရဖို့ ကျွန်မကို မေးခဲ့တယ်။ အဲဒါက စည်းမျဉ်းတွေနဲ့ ကိုက်တယ်လေ။ ဒါပေမဲ့ ကျွန်မက နားမထောင်ခဲ့ဘူး၊ လက်မခံခဲ့ဘူး၊ သူ ကျွန်မကို နားထောင်အောင် မရမကပြောခဲ့တယ်။ ရွေးကောက်ပွဲအတောအတွင်းမှာ၊ တခြားလူတွေကို လှည့်စားဖို့ ကိုယ့်အမြင်တွေကို အလေးပေးခဲ့တယ်။ ရွေးကောက်ပွဲပြီးသွားတော့၊ ကျွန်မရဲ့ အထက်ခေါင်းဆောင်က အစ်မလီဟာ မသင့်တော်ဘူးလို့ သတိပေးပေမဲ့၊ ကိုယ့်ကိုယ်ပိုင်အမြင်တွေကို မာနထောင်လွှားစွာနဲ့ ဖက်တွယ်ခဲ့ပြီး၊ ကိုယ့်ခေါင်းဆောင်ကို ချေပဖို့ အကြောင်းပြချက်တွေ ရှာခဲ့တယ်။ အစ်မလီက ဧဝံဂေလိ သင်းထောက်ဖြစ်လာတဲ့နောက်၊ အရာရာမှာ တခြားလူတွေကို ဘောင်ခတ်ခဲ့တယ်။ ဒီပြဿနာကို ကျွန်မတွဲဖက်က ထပ်ထောက်ပြတော့၊ ကိုယ့်ကိုယ်ကိုယ် ကျွန်မ မဆင်ခြင်သေးဘူး။ ကျွန်မတွဲဖက်မှာ အတွေ့အကြုံနဲ့ ထိုးထွင်းအမြင် အရမ်းနည်းတယ်လို့ ခံစားပြီး သူ့စကားတွေကို အလေးအနက် မယူခဲ့ဘူး။ အစွမ်းအစရှိတဲ့သူတွေအတွက် နည်းနည်း မာနထောင်လွှာတာ ပုံမှန်ပဲလို့တောင် ပြောခဲ့တယ်။ ဒါကို အစ်မလီကို ကာကွယ်၊ လျစ်လျူပြုဖို့ ဆင်ခြေအနေနဲ့ သုံးခဲ့တယ်။ ကိုယ့်ကိုယ်ပိုင် အမြင်တွေကို ခေါင်းမာမာနဲ့ ဖက်တွယ်ခဲ့တယ်။ အစ်မလီက လက်တွေ့အလုပ်လုပ်ခြင်း ရှိမရှိ၊ အနှောင့်အယှက်တွေ ဖြစ်စေခြင်း ရှိမရှိကို မကြည့်ခဲ့သလို၊ အကျိုးဆက်ကနော့ လူတိုင်းက သူတို့ တာဝန်တွေမှာ သူ့ရဲ့ ဘောင်ခတ်တာခံတာပဲ။ အဲဒါက ဧဝံဂေလိအလုပ်ကို ဆိုးဆိုးရွားရွား ဟန့်တားခဲ့တယ်။ ကျွန်မ အရမ်းမာနထောင်လွှားပြီး ထင်ရာမြင်ရာ လုပ်ခဲ့တာပဲ။ ကျွန်မတာဝန်ကို ဘယ်လိုများ ထမ်းဆောင်နေခဲ့တာလဲ။ ကျွန်မက နှောင့်ယှက်၊ တားဆီးနေတာ၊ မကောင်းမှုလုပ်ပြီး ဘုရားကို ခုခံနေခဲ့တာ၊ အဲဒါကို ဘုရားက မုန်းတီး၊ စက်ဆုပ်တယ်။ ဒါကို သတိပြုမိတာနဲ့ တစ်ခဏကြာ မကြောက်ဘဲမနေနိုင်ခဲ့ဘူး၊ ဒါကြောင့် နောင်တရဖို့ ဘုရားဆီ အမြန် ဆုတောင်းခဲ့တယ်၊ မမှန်ကန်တဲ့ ကိုယ့်ရဲ့ အခြေအနေနဲ့ အမြင်တွေကို ပြောင်းလဲပြီး လူတွေကို အသုံးပြုတဲ့ စည်းမျဉ်းတွေကို ရှာဖွေချင်တယ်လို့ပေါ့။

ကျွန်မရဲ့ရှာဖွေမှုမှာ၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ရွေးချယ်ခြင်း စည်းမျဉ်းတွေက ဒီလိုဖော်ပြထားတာ တွေ့ရတယ်၊ “မာနထောင်လွှားသော စိတ်သဘောထားရှိသူအားလုံးကို ဝါးလုံးရှည်ဖြင့် မရမ်းသင့်ပေ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်ပါက၊ ၎င်းတို့ကို ရွေးကောက်၍ရနိုင်သည်။” (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀) မာနထောင်လွှားတဲ့ စိတ်သဘောထားရှိသူတွေကိုလည်း ရွေးချယ်လို့ ရပေမဲ့ မရှိမဖြစ် ရှိထားရမဲ့ လိုအပ်ချက်ရှိတယ်၊ သူတို့က သမ္မာတရားကို လက်ခံပြီး လက်တွေ့အလုပ် လုပ်နိုင်ရမယ်ဆိုတာပေါ့။ အစ်မလီမှာ အစွမ်းအစတချို့ ရှိပြီး ဧဝံဂေလိ ဟောရာမှာ တော်ပေမဲ့၊ သူ့ရဲ့ စိတ်သဘောထားက အထူးသဖြင့် မာနထောင်လွှားပြီး၊ သူ့မှာ ဧဝံဂေလိ အတွေ့အကြုံရလို့ပဲ တခြားလူတွေကို အထင်သေးခဲ့တယ်။ တခြားလူတွေက သူ့ပြဿနာတွေကို ထောက်ပြတော့၊ လက်မခံဘူး၊ မသုံးသပ်ခဲ့ဘူး၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်းပြဖို့ ကြိုးစားခဲ့တယ်။ တစ်ခါတစ်လေ၊ အပြင်ပန်းမှာ လက်ခံပေမဲ့၊ နောက်ပိုင်းတော့ လုံးဝ မပြောင်းလဲခဲ့ဘူး။ သူက သမ္မာတရားကို လက်ခံတဲ့သူတစ်ယောက် လုံးဝ မဟုတ်ဘူး။ သူ့ရဲ့ ရာထူးနေရာကနေလည်း တခြားလူတွေကို ဘောင်ခတ်ပြီး တိုက်ခိုက်တယ်။ ညီအစ်ကို မောင်နှမတွေကို အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်စေရင်းနဲ့ပေါ့။ အဲဒါက ဧဝံဂေလိအလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်။ လက်တွေ့အလုပ်မလုပ်နိုင်သလို၊ နှောင့်ယှက်မှု ဖြစ်စေတဲ့ သူ့လိုလူတွေဟာ ဆုကျေးဇူးတွေ၊ ပါရမီတွေ ရှိရင်တောင်၊ ဧဝံဂေလိ သင်းထောက်အနေနဲ့ မသင့်တော်သလို ရွေးလို့မရဘူး။ ဒါ့အပြင်၊ အစ်မလီကို ကျွန်မ ရွေးတုန်းက၊ မမှန်တဲ့ ရှုထောင့်အမြင် ရှိခဲ့တယ်။ ဧဝံဂေလိ သင်းထောက်တွေအတွက်၊ တစ်ယောက်ယောက်မှာ အတွေ့အကြုံရှိပြီး ထိရောက်သရွေ့၊ အလုပ်ကို ကိုင်တွယ်လို့ရတယ်လို့ တွေးခဲ့ပေမဲ့၊ ဒါက ကျွန်မကိုယ်ပိုင် စိတ်ကူးသက်သက် ဖြစ်ခဲ့တယ်။ ဧဝံဂေလိ ဟောလို့ လူတွေကို သူ ရနိုင်တာက သူဟာ ဧဝံဂေလိအလုပ်မှာ တော်တယ်ဆိုတာကိုပဲ သက်သေပြပြီး၊ အဲဒါကို ကြီးကြပ်ဖို့ သင့်တော်တယ်လို့ သက်သေမပြဘူး။ တစ်ယောက်ယောက်မှာ အတွေ့အကြုံ ဘယ်လောက်ပဲရှိရှိ၊ သူတို့မှာ မကောင်းတဲ့ လူ့သဘာဝရှိရင်၊ တခြားလူတွေကို ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ ဘောင်ခတ်၊ တိုက်ခိုက်ပြီး၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာကို လက်မခံရင်၊ ဒါပြဿနာတစ်ခုပဲ။ အဲဒီလိုလူကို သုံးတာက ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး တားဆီးရုံတားဆီးစေနိုင်တယ်။ နှစ်အတော်များများ ကျွန်မ ယုံကြည်ခဲ့ပေမဲ့၊ ကိစ္စတွေ ဖြစ်တော့ သမ္မာတရားကို မရှာခဲ့သလို၊ လူတွေနဲ့ ကိစ္စတွေကို ကိုယ့်ကိုယ်ပိုင် အယူအဆနဲ့ စိတ်ကူးတွေအပေါ် အခြေခံပြီး မြင်ခဲ့တယ်။ ကျွန်မက ဘယ်လိုများ ဘုရားကို ယုံကြည်သူတစ်ယောက်နဲ့ တူခဲ့မှာလဲ။ အခြေခံအားဖြင့် မယုံကြည်သူတစ်ယောက်ပဲ။ ဒီအကြောင်းကို ကျွန်မ တွေးရင်းနဲ့၊ စိတ်နှလုံးကို ထိုးဖောက်တဲ့ ဝမ်းနည်းမှု ခံစားခဲ့ရတယ်။ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာဖွေပြီး ကိုယ့်ကိုယ်ပိုင် ဆန္ဒအပေါ် ထင်ရာမြင်ရာ မပြုမူချင်တော့ဘူးလို့ ပြောဖို့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။

ကျွန်မမှာ ပြောင်းလဲဖို့ ဆန္ဒရှိခဲ့ပေမဲ့၊ ကျွန်မကိုယ်ပိုင် အလိုဆန္ဒက အားကောင်းလွန်းလို့၊ အမှားဟောင်းတွေကိုပဲ စပြီး ထပ်လုပ်လာမိပြန်တယ်။ တစ်နေ့၊ ခေါင်းဆောင်က ကျွန်မတို့အလုပ်ကို စစ်ဆေးမေးမြန်းနေတုန်းမှာ၊ စာနဲ့ဆက်နွှယ်တဲ့ အလုပ်ကြီးကြပ်သူဖြစ်တဲ့ အစ်မဆုမှာ ညံ့ဖျင်းတဲ့ အစွမ်းအစရှိတာ သူ မြင်ခဲ့တယ်။ သူ့ကို အချိန်အကြာကြီး ပြုစုပျိုးထောင်ပေးခဲ့ပေမဲ့ သိသာတဲ့ တိုးတက်မှု မပြခဲ့သလို၊ ထိရောက်တဲ့ အလုပ်မလုပ်ခဲ့ဘူး။ လေ့ကျင့်ပေးဖို့ ပိုကောင်းတဲ့ အစွမ်းအစရှိတဲ့ လူတစ်ယောက်ကို အမြန်ရှာဖို့ ကျွန်မကို ခေါင်းဆောင်က အကြံပေးပြီး၊ သူတို့ရဲ့ လက်တွေ့လုပ်တဲ့ကာလ တိုတောင်းပါစေ ကိစ္စမရှိဘူးလို့ ပြောတယ်။ အစ်မဆုမှာ မြင့်မားတဲ့ အစွမ်းအစ မရှိပေမဲ့၊ သူ့တာဝန်ကို သူလုပ်ခဲ့တာ အချိန်ကြာပြီဖြစ်ပြီး တာဝန်ယူတတ်တယ်၊ ဒီတော့ အလုပ်နဲ့ စိမ်းတဲ့ ဘယ်သူမဆိုထက် သူပိုတော်တယ်လို့ ကျွန်မ တွေးမိခဲ့တယ်။ စိမ်းတဲ့သူတွေကတော့ စည်းမျဉ်းတွေကို သဘောမပေါက်သလို အလုပ်အတွေ့အကြုံ မရှိကြဘူးလေ။ ပြီးတော့ သူတို့ကို လေ့ကျင့်ပေးဖို့ အချိန်ယူရမှာ။ ဒါကြောင့် အဲဒီအခန်ကဏ္ဍအတွက် အစ်မဆုက ပိုကောင်းနေတုန်းပဲ။ အခြေအနေဆိုးမှာ ရှိလို့ ခုတစ်လော သူ့အနေနဲ့ မထိမရောက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူ့ကိုယ်သူ ပြင်ဆင်လိုက်တာနဲ့၊ သူ့ရလဒ်တွေက အလိုလို တိုးတက်မှာ။ ဒါကြောင့် အစ်မဆုကို ကျွန်မ ရွှေ့ပြောင်းခဲ့ဘူး။ ခဏကြာတော့၊ အစ်မဆုကို ရွှေပြောင်းဖို့ စေခိုင်းထားပြီး၊ သူ့မှာ ကောင်းမွန်တဲ့ အစွမ်းအစနဲ့ ကောင်းမွန်တဲ့ စာအရေးအသား ကျွမ်းကျင်မှုတွေ ရှိတယ်ဆိုပြီး ထောက်ခံထားတဲ့ စာတစ်စောင်ကို ကျွန်မဆီ ပို့ခဲ့တယ်။ အရင်က စာနဲ့ဆက်နွှယ်တဲ့အလုပ်ကို သူ လုပ်ခဲ့ဖူးပြီး ပျိုးထောင်ပေးထိုက်တယ်တဲ့။ ကျွန်မက သူဟာ ဘုရားကို ယုံကြည်ခဲ့တာ အချိန်မကြာသေးသလို အတွေ့အကြုံ နည်းသေးတယ်လို့ မြင်တယ်။ အလုပ်ကို တကယ်ပဲ သူ ကိုင်တွယ်နိုင်မှာလား။ စိတ်ထဲမှာ ဒီအတွေးနဲ့ အစ်မဆုကို ထိန်းထားဖို့နဲ့ မပျိုးထောင်ပေးဖို့ မလျှော့တမ်း ပြောခဲ့တယ်။ လကုန်မှပဲ စာနဲ့ဆက်နွှယ်တဲ့ အလုပ်က ရပ်တန့်လုနီးပါး ဖြစ်တာကို သိလိုက်ရတယ်။ ကျွန်မက ကိုယ့်အမြင်တွေကို တစ်စက်မှ မလျှော့ဘူး၊ အစ်မဆုကို ပြောင်းဖို့ နှစ်ခါ သူအကြံပေးခဲ့ပေမဲ့ ကျွန်မ မလုပ်ခဲ့ဘူး၊ အစ်မဆုကို ပျိုးထောင်မပေးခဲ့ဘူး၊ ဒါက အသင်းတော် စာအလုပ်တွေကို ထိခိုက်တယ်ဆိုပြီး ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ကျွန်မ အရမ်းစိတ်မကောင်းဘူး။ အစ်မဆုမှာ ညံ့ဖျင်းတဲ့ အစွမ်းအစရှိပြီး လေ့ကျင့်ရေးအတွက် မသင့်တော်ဘူးလို့ ခေါင်းဆောင်က ကျွန်မကို နှစ်ကြိမ် သတိပေးခဲ့တယ်လေ။ ဘာလို့ ကျွန်မ လက်မခံနိုင်ခဲ့တာလဲ။ ဘာလို့ လူတွေကို ကိုယ့်အလိုကျ ကျွန်မ အမြဲ အသုံးပြုခဲ့တာလဲ။ အကျိုးဆက်အနေနဲ့၊ အဲဒါက ကျွန်မတို့အလုပ်ကို အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့တယ်။ ကျွန်မ အရမ်းနောင်တရလို့၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်အောင် လမ်းပြဖို့ ဘုရားဆီ တောင်းလျှောက်ရင်းနဲ့ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တော့၊ ကိုယ်ကိုယ်ကိုယ် သိနားလည်မှု နည်းနည်း ရခဲ့တယ်။ “သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး စွန့်ပစ်ခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ထိန်းချုပ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ- ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် ရာထူးနေရာ၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများ- ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလင်ခြင်းသို့ ရောက်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို ဝင်ရောက်စွက်ဖက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက်- သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်)လူတစ်ဦးက သမ္မာတရားကို မချစ်ဘဲ၊ သူ၏ကိုယ်ပိုင်ဆန္ဒအတိုင်း မကြာခဏ ပြုမူဆောင်ရွက်လျှင်၊ သူသည် ဘုရားသခင်ကို မကြာခဏ ပုန်ကန်ပြစ်မှားမိလိမ့်မည်။ ဘုရားသခင်က ၎င်းကို စက်ဆုပ်ကာ ငြင်းပယ်လိမ့်မည် ဖြစ်ပြီး ဘေးဖယ်ထားလိမ့်မည်။ ထိုသို့သောလူတစ်ဦး လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ လက်ခံမှုကို မကြာခဏ မရရှိနိုင်သကဲ့သို့ ၎င်းသည် နောင်တရဖို့ မသိပါက၊ အပြစ်ဒဏ်ပေးခြင်းသည် မဝေးလှပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏”) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကျွန်မ နည်းနည်း ကြောက်သွားတယ်။ ကျွန်မတာဝန်ကို လုပ်ခဲ့တာ အချိန်ကြာပြီဖြစ်ပြီး ကျွန်မမှာ အတွေ့အကြုံတချို့ ရှိတဲ့အတွက် သမ္မာတရားကို နားလည်တယ်လို့ တွေးခဲ့တယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ပိုင် အယူအဆတွေကို သမ္မာတရားလိုမျိုး ကိုင်စွဲပြီး လက်တွေ့လုပ်ခဲ့သလို၊ ကျွန်မရဲ့ အလုပ်အတွေ့အကြုံကို အရင်းအနှီးလို သဘောထားခဲ့တယ်။ ရလဒ်ကတော့ ကျွန်မက ပိုမာနထောင်လွှားသထက် ထောင်လွှားလာခဲ့တာပဲ။ ကိစ္စတွေ ဖြစ်တော့၊ စိတ်နှလုံးမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို မရှာဖွေခဲ့ဘူး၊ တခြားလူတွေဆီက အကြံပြုချက်တွေကို လက်မခံခဲ့သလို၊ လုပ်ချင်တာမှန်သမျှ ခေါင်းမာမာ လုပ်ခဲ့တယ်။ ရလဒ်က ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်နစ်နာစေခြင်းပါပဲ။ နောက်ဆုံးမှာ ရှင်းရှင်းလင်းလင်း မြင်သွားတယ်၊ အလုပ်အတွေ့အကြုံက သမ္မာတရားကို ကျွန်မ နားလည်တယ်၊ အဲဒါရဲ့ စစ်မှန်မှုတွေကို ပိုင်ဆိုင်တဲ့သဘော မဟုတ်တာကိုပေါ့။ သမ္မာတရားကို လိုက်စားပြီး ကိုယ့်ကိုယ်ပိုင် အတွေ့အကြုံနဲ့ အလိုဆန္ဒကနေ ပြုမူခြင်းအားဖြင့် ဘုရားအိမ်တော်ရဲ့ အလုပ်ကိုပဲ ကျွန်မ နှောင့်ယှက်နိုင်တယ်၊ အဲဒါက ဘုရားကို အာခံတဲ့ စေခံမှုပဲ။ ဘုရားအိမ်တော်မှာ သမ္မာတရား အုပ်စိုးပြီး သမ္မာတရားက လူတွေရဲ့ လုပ်ရပ်တွေအတွက် စံပဲ။ ဒါပေမဲ့ ကျွန်မရဲ့ အလုပ်အတွေ့အကြုံနဲ့ ကိုယ်ပိုင် အလိုဆန္ဒကို သမ္မာတရားလိုမျိုး ကျွန်မ လက်တွေ့လုပ်ဆောင်ခဲ့တယ်။ အဲဒါ ဘယ်လိုလုပ် ဘုရားကို ယုံကြည်မှု ဖြစ်ခဲ့မှာလဲ။ ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပဲ။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတဲ့ အရာတစ်ခုပဲ။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေအားလုံးက မာနထောင်လွှားပြီး ထင်ရာမြင်ရာလုပ်ခဲ့ကြပုံကို တွေးမိတယ်။ သူတို့တာဝန်တွေမှာ၊ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုပြီး မဆင်မခြင် ပြုမူခဲ့ကြသလို၊ တခြားလူတွေ သူတို့ကို ဘယ်လိုသတိပေး၊ ကိုင်တွယ်ဖြေရှင်းပါစေ၊ လုံးဝ နောင်တရခဲ့ကြဘူး၊ ဒါကြောင့် ဘုရားအိမ်တော်ရဲ့ အလုပ်ကို သူတို့ ဆိုးဆိုးရွားရွား နှောင့်ယှက်ခဲ့ကြလို့ နှင်ထုတ်ခံရပြီး စွန့်ပစ်ခံခဲ့ကြရတာ။ ဒီအန္တိခရစ်တွေလို ကျွန်မက မကွဲပြားတဲ့ စိတ်သဘောထား ရှိခဲ့တာ မဟုတ်လား။ အန္တိခရစ်ရဲ့ လမ်းကြောင်းကို ကျွန်မလည်း လျှောက်နေခဲ့တာပဲ။ ကျွန်မ အထူးသဖြင့် နောင်တရပြီး အပြစ်ရှိတဲ့စိတ် ခံစားရသလို၊ အရမ်းကို မာနထောင်လွှားခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်တွေ့ပြီး၊ ဘယ်လိုလက်တွေ့လုပ်ရမယ်ဆိုတာ သင်ယူခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ထင်ရာမြင်ရာနှင့် ကမူးရှုးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ယင်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ သင် ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံကို ရှာသင့်သည်— ဘုရားသခင်၏နှုတ်ကပတ်တော်များအရ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်သင့်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် တိကျအမှန်ကန်ဆုံး လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ လူများသည် လူတိုင်း အတူတကွ မိတ်သဟာယပြုဖို့နှင့် အဖြေတစ်ခုရှာဖို့ သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို တင်ပြသည့်အချိန်သည် သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်အလင်းပေးခြင်းကို ထောက်ပံ့ပေးသည့်အချိန်ဖြစ်သည်။ ဘုရားသခင်က လူများကို စည်းမျဉ်းများအတိုင်း ဉာဏ်အလင်းပေးသည်၊ သင်၏သဘောထားကို သူက ဆင်ခြင်သုံးသပ်သည်။ သင်၏အမြင်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်ယုံကြည်သည့်အတိုင်း ခေါင်းမာစွာနှင့် ရပ်တည်လျှင်၊ ဘုရားသခင်သည် သင့်ထံမှ သူ၏မျက်နှာကို ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သင့်ကို လျစ်လျူရှုလိမ့်မည်။ သင့်ကို ရှေ့မဆက်နိုင်အောင် ဖြစ်စေလိမ့်မည်၊ သင့်ကို ဖော်ထုတ်ပြီး သင်၏အကျည်းတန်သော အခြေအနေကို ဖော်ထုတ်လိမ့်မည်။ အခြားတစ်ဘက်တွင်၊ သင်၏ သဘောထားသည် မှန်ကန်ပါက၊ သင်ကိုယ်တိုင်၏ နည်းလမ်းအတွက် မရမကပြောဆိုခြင်း မရှိသည်သာမက၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မယူမှတ်သကဲ့သို့ ထင်ရာမြင်ရာနှင့် မဆင်မခြင်မလုပ်ဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု ရှိပါက၊ ဤအရာကို လူတိုင်းနှင့် သင် မိတ်သဟာယပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အလယ် အမှုပြုဖို့ အဆင်သင့်ရှိသည့်အခါတွင်၊ သူသည် တစ်စုံတစ်ဦး၏ စကားများအားဖြင့် သင့်ကို သိနားလည်မှုဆီသို့ ဦးဆောင်လမ်းပြကောင်း လမ်းပြလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့်အခါတွင်၊ သူသည် ကိစ္စရပ်တစ်ခု၏ အဓိကအချက်ကို စကားအနည်းငယ် သို့မဟုတ် စကားစုအနည်းငယ်ဖြင့်၊ သို့မဟုတ် သင့်ကို အသိစိတ်တစ်ခုပေးခြင်းအားဖြင့် နားလည်အောင် သင့်ကို ဦးဆောင်လေသည်။ ထိုခဏချင်းတွင် သင် ဖက်တွယ်နေခဲ့ပြီးဖြစ်သည့် မည်သည့်အရာမဆို မှားယွင်းသည်ကို သင် နားလည်ပြီး ထိုခဏချင်းတွင်ပင် လုပ်ဆောင်ရန် အသင့်တော်ဆုံး နည်းလမ်းကို သင် နားလည်လေသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိပြီးနောက်၊ သင်သည် မကောင်းမှု လုပ်ဆောင်ခြင်းနှင့် အမှားတစ်ခု၏ အကျိုးဆက်များကို ခံရခြင်းတို့အား အောင်အောင်မြင်မြင် ရှောင်ရှားပြီးဖြစ်ပါသလော။ ထိုသို့သောအရာတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ဤအရာကို သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသည့်အခါနှင့် သင်သည် သမ္မာတရားကို နာခံသော စိတ်နှလုံးဖြင့် ရှာဖွေသည့်အခါတို့တွင်သာ ရရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို သင်လက်ခံရရှိပြီး လက်တွေ့လုပ်ဆောင်ဖို့ စည်းမျဉ်းများကို သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည် ဖြစ်ကာ၊ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည် ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘာပဲဖြစ်ပါစေ၊ ဘုရားကိုကြောက်တဲ့ စိတ်နှလုံး ရှိရမယ်၊ ဘုရားအလိုတော်ကို ရှာပြီး သမ္မာတရားရဲ့ စည်းမျဉ်းတွေ ရှာရမယ်ဆိုတာ မြင်လို့ရတယ်။ အထူးသဖြင့် ညီအစ်ကို မောင်နှမတွေက မတူကွဲပြားတဲ့ အကြံတွေ ပေးတဲ့အခါ၊ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ပြီး လက်ခံသင့်တယ်။ ကျွန်မတို့ မှန်တကယ်လို့ ထင်ရင်တောင်၊ ကိုယ့်ကိုယ်ကိုယ် ပထမဆုံး လက်လွှတ်ပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ ရှာဖွေ၊ မိတ်သဟာယပြုသင့်တယ်။ ဒီနည်းနဲ့ပဲ ဘုရားရဲ့ ဉာဏ်အလင်းပေးတာကို ရနိုင်တယ်။ ဘုရားကို နှစ်ချီ ကျွန်မ ယုံကြည်ခဲ့ပေမဲ့၊ ခုချိန်မှာတောင်၊ သမ္မာတရားနဲ့ ကိုက်ညီတဲ့ အကြံကို လက်မခံနိုင်သေးဘူး။ သမ္မာတရားရဲ့ စစ်မှန်မှုတွေကို လုံးဝ မပိုင်ဆိုင်ခဲ့သလို၊ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ လုံးလုံး အသက်ရှင်ခဲ့တယ်။ အရမ်းချွတ်ခြုံကျ၊ သနားစရာ၊ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးပေမဲ့၊ ကျွန်မက ကောင်းတယ်လို့ ဂုဏ်ယူစွာ တွေးနေမိတုန်းပဲ ဖြစ်သလို၊ ပြုမူဆောင်ရွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခိုင်ခိုင်မာမာ ယုံကြည်မိတုန်းပဲ။ အဲဒီအကြောင်းကို အခုတွေးမိတော့၊ ဒါက အရှက်မဲ့တာဖြစ်မှန်း သဘောပေါက်မိတယ်။ ကိုယ့်ကိုယ်ကိုယ် ထက်ပြီး လုံးဝ မယုံကြည်တော့ဘူး၊ ပြီးတော့ အရာရာမှာ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာပြီး တခြားလူတွေနဲ့ မိတ်သဟာယပြုမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်၊ ဘာလို့လဲဆိုတော့ ဒါက ကိုယ့်တာဝန်ကို‌ ကောင်းကောင်းလုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်လို့လေ။

နောက်တော့၊ လူတိုင်းရဲ့ အစွမ်းအစနဲ့ အားသာချက်တွေပေါ် အခြေခံပြီး တာဝန်တွေကို အကျိုးသင့်အကြောင်းသင့် စီစဉ်ရမယ်ဆိုတာ ကျွန်မ စရှာဖွေခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေ တွေ့ခဲ့တယ်၊ “လူတိုင်းကို တစ်ပုံစံတည်း ဆက်ဆံ၍မရနိုင်ပေ။ သင်သည် ၎င်းတို့၏သီးခြား စွမ်းဆောင်ရည်များကို မလွတ်တမ်းအသုံးချပြီး ၎င်းတို့ လုပ်ဆောင်နိုင်သည့်အတိုင်း၊ ၎င်းတို့၏ အစွမ်းအစ အရည်အသွေးအတိုင်း၊ ၎င်းတို့ အသက်အရွယ် မည်မျှရှိသည်နှင့် ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ပြီးဖြစ်သည်တို့အတိုင်း ၎င်းတို့အတွက် သင့်တော်သည့် တာဝန်များကို စီစဉ်ပေးလျက်၊ လူတိုင်းကို အကောင်းဆုံး အသုံးချရမည်။ လူအမျိုးအစား တစ်ခုချင်းစီနှင့် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားချက်များအတွက် ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၌ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်တာဝန်များကို အကြီးမားဆုံး အတိုင်းအတာအထိ အားထုတ်ကြိုးပမ်းနိုင်ဖို့အလို့ငှာ၊ လိုအပ်ချက်နှင့် အံဝင်ခွင်ကျစီမံထားသော အစီအစဉ်တစ်ခုကို သင် ချမှတ်ရမည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”)လူအချို့က ရေးသည့်စာတွင် ကျွမ်းကျင်မှုရှိသည်ဟု မိမိတို့ကိုယ်ကိုယ် ယုံကြည်ေ့သောကြောင့် ယင်းကို လုပ်ဆောင်ဖို့ အင်တိုက်အားတိုက် တောင်းဆိုကြသည်။ ဘုရားအိမ်တော်သည် ၎င်းတို့အား စိတ်ပျက်အားလျော့ခွင့်ပြုမည် မဟုတ်သည်မှာ အမှန်ဖြစ်သည်၊ ဘုရားအိမ်တော်သည် ပါရမီရှိသော သီးခြားလူတစ်ဦးချင်းစီကို မြတ်နိုးပြီး လူများ၌ မည်သည့်ဆုကျေးဇူး၊ သို့မဟုတ် ကျွမ်းကျင်မှုများမဆို ရှိပါစေ၊ ဘုရားအိမ်တော်က ယင်းတို့ကို အသုံးပြုဖို့ ၎င်းတို့အား နေရာပေးလိမ့်မည် ဖြစ်သောကြောင့် ၎င်းတို့အား စာပေနှင့်ဆိုင်သော အလုပ်ကို ထမ်းဆောင်ဖို့ အသင်းတော်က စီစဉ်ပေးသည်။ သို့ရာတွင် အချိန်အချို့ ကြာပြီးသည့်နောက်၊ ၎င်းတို့၌ ဤကျွမ်းကျင်မှု အမှန်တကယ် မရှိကြောင်းနှင့် ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း မရှိကြောင်းကို သိရှိရသည်။ ၎င်းတို့သည် လုံးလုံး မထိရောက်ကြပေ။ ၎င်းတို့၏ကျွမ်းကျင်မှုနှင့် အစွမ်းအစက ၎င်းတို့အား ဤအလုပ်၌ လုံးလုံး အရည်အချင်းမပြည်မီအောင် ဖြစ်စေသည်။ သို့ဖြစ်၍ ထိုသို့သော အခြေအနေများ၌ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို သည်းခံပြီး ‘သင်သည် စိတ်ပြင်းပြမှုရှိသည်။ သင်သည် ပါရမီများစွာ မပိုင်ဆိုင်သော်ငြားလည်း၊ သာမန်အစွမ်းအစရှိကာ၊ သင်လိုလားမှုရှိပြီး အလုပ်ကြိုးစားဖို့ကို မငြင်းပယ်သမျှ ကာလပတ်လုံး၊ ဘုရားအိမ်တော်က သင့်ကို သည်းခံမည်ဖြစ်ပြီး ဤတာဝန်ကို သင့်အား ဆက်လက် ထမ်းဆောင်စေမည်။ သင်ကောင်းစွာ မလုပ်ဆောင်လျှင်လည်း အရေးမကြီးပါ။ ဘုရားအိမ်တော်က မသိကျိုးကျွံပြုမည် ဖြစ်သည်။ သင့်ကို အစားထိုးဖို့ မလိုအပ်ပါ’ ဟု ပြောဖို့ ဖြစ်နိုင်သလော။ ဤသည်မှာ ကိစ္စများကို ဘုရားအိမ်တော်က ကိုင်တွယ်သည့် စည်းမျဉ်းဖြစ်သလော။ မဟုတ်သည်မှာ သိသာသည်။ ထိုသို့သော အခြေအနေများ၌ ၎င်းတို့၏ အစွမ်းအစနှင့် အားသာချက်များကို အခြေပြု၍ သင့်တော်ရာ တာဝန်များကို ၎င်းတို့အတွက် ပုံမှန်အားဖြင့် စီစဉ်ပေးသည်။ ယင်းမှာ ရှုထောင့်တစ်ခုဖြစ်သည်။ သို့ရာတွင် ဤတစ်ခုတည်းကိုသာ အမှီပြုဖို့ မလုံလောက်ပေ။ အကြောင်းမှာ အခြေအနေများစွာ၌ လူများသည် ၎င်းတို့ထမ်းဆောင်ဖို့ သင့်တော်သည့်တာဝန်မှာ မည်သည့်အရာ ဖြစ်သည်ကို မိမိကိုယ်တိုင် မသိကြပေ၊ ၎င်းတို့က ထိုအရာကို ကျွမ်းကျင်မ့ရှိသည်ဟု ထင်လျှင်ပင်၊ ယင်းမှာ သေချာပေါက် မှန်ချင်မှမှန်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့က အချိန်ကာလတစ်ခုကြာအောင် ကြိုးစားကြည့်ပြီး လေ့ကျင့်သင်ကြားရမည် ဖြစ်သည်။ ၎င်းတို့ ထိရောက်မှုရှိမရှိပေါ်တွင် အခြေပြု၍ ဆုံးဖြတ်ခြင်းက လုပ်ဆောင်ဖို့ မှန်ကန်သောအရာဖြစ်သည်။ အချိန်ကာလတစ်ခုအထိ လေ့ကျင့်သင်ကြားမှုက သက်ရောက်မှုမရှိဘဲ တိုးတက်မှုမရှိပါက၊ ဤသည်မှာ ၎င်းတို့ကို ပျိုးထောင်ပေးခြင်း၌ တန်ဖိုးမရှိဟု အဓိပ္ပာယ်ရပြီး၊ တာဝန်များကို ပြင်ဆင်ညှိနှိုင်းပြီး ၎င်းတို့အတွက် သင့်တော်သည့်တာဝန်တစ်ခုကို ပြန်စီစဉ်ပေးသင့်သည်။ လူများ၏ တာဝန်များကို ဤနည်းလမ်းဖြင့် ပြန်လည်စီစဉ်ပေးခြင်းနှင့် ပြင်ဆင်ညှိနှိုင်းပေးခြင်းသည် လုပ်ဆောင်ရန် ကောင်းမွန်သင့်တော်သည့်အရာဖြစ်ပြီး စည်းမျဉ်းနှင့်လည်း ကိုက်ညီပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ရာထူးဂုဏ်သိန် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်”) ဘုရားနှုတ်ကပတ်တော်မှာ၊ ကျွန်မ တွေ့ရတာက လူအသီးသီးက သူတို့ရဲ့ အကောင်းဆုံးကို ပေးနိုင်ဖို့နဲ့ လူတိုင်းက သူတို့ရဲ့ အခန်းကဏ္ဍကို နေရာမှန်မှာ လုပ်ဆောင်နိုင်ဖို့ ဘုရားအိမ်တော်ဟာ လူတစ်ဦးစီရဲ့ လူ့သဘာဝ၊ အစွမ်းအစနဲ့ ပါရမီတွေပေါ် အခြေခံပြီး တာဝန်တွေကို စီစဉ်တယ်ဆိုတာပဲ။ လူတချို့က စာနဲ့နွှယ်တဲ့ အလုပ်လုပ်ကြပေမဲ့၊ အချိန်တစ်ခုကြာ ပျိုးထောင်ခံရပြီးတဲ့နောက်မှာ တိုးတက်မှု မရှိသေးဘူး။ အစွမ်းအစမဲ့ပြီး အလုပ်နဲ့ မကိုက်ကြဘူး၊ ဒါကြောင့် အဲဒီအခန်းကဏ္ဍမှာ သူတို့ ဆက်ရှိမှာ မဟုတ်ဘူး။ အဲဒီအစား သူတို့ရဲ့ အစွမ်းအစပေါ် အခြေခံပြီး သင့်တော်တဲ့ တာဝန်ကို စီစဉ်ပေးလိမ့်မယ်၊ အဲဒါက သူတို့ကိုရော ဘုရားအိမ်တော်ရဲ့ အလုပ်ကိုပါ အကျိုးဖြစ်စေတယ်။ စည်းမျဉ်းတွေ အသုံးပြုတာကို ကြည့်တဲ့အခါ၊ အစ်မဆုက ကောင်းတဲ့ လူ့သဘာဝရှိပြီး သူ့တာဝန်မှာ ဝန်ထုပ်ထမ်းခဲ့ပေမဲ့၊ သူက ညံ့ဖျင်းတဲ့ အစွမ်းအစရှိလို့၊ စာနဲ့ဆက်နွှယ်တဲ့ အလုပ်ကို နှစ်ချီ သူ လုပ်ခဲ့ပေမဲ့ တိုးတက်မှုက နှေးခဲ့တယ်။ ဒါကြောင့် စာနဲ့ ဆက်နွှယ်တဲ့ အလုပ်အတွက် သူ တကယ် မသင့်တော်ဘူး။ အစ်မစင်းက ယုံကြည်တဲ့အချိန် တိုတောင်းပေမဲ့၊ သမ္မာတရားကို မှန်မှန်ကန်ကန် နားလည်တယ်၊ ထိုးထွင်းအမြင်ရှိတယ်၊ ကောင်းတဲ့ အစွမ်းအစရှိပြီး၊ စာရေးရတာကို နှစ်သက်တယ်။ အလုပ်အတွက် သူက အရည်အချင်း မပြည့်မီသေးပေမဲ့၊ အချိန်တစ်ခုကြာ ပျိုးထောင်ပေးလိုက်ရင်၊ အရည်အချင်း ရှိလာနိုင်တယ်။ လူတွေကို ပျိုးထောင်ပြီး အသုံးပြုတဲ့ စည်းမျဉ်းတွေကို ကျွန်မသိလိုက်တာနဲ့၊ အစ်မစင်းကို စာနဲ့ဆက်နွှယ်တဲ့ အလုပ်ကို ကြီးကြပ်ခိုင်းလိုက်တယ်၊ အစ်မဆုကို တခြားတာဝန်ဆီ ပြောင်းရွှေ့ပေးလိုက်ပြီး၊ အချိန်ကာလတစ်ခုကြာပြီးတဲ့နောက်မှာ၊ စာနဲ့ဆက်နွှယ်တဲ့ အလုပ်က တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။

နောက်ပိုင်းမှာ၊ အခြားအဖွဲ့က ညီအစ်ဝမ်ကလည်း စာကောင်းကောင်းရေးတတ်တာကို တွေ့ရပြီ၊ သူ့ကို စာနဲ့ဆက်နွှယ်တဲ့ အလုပ်အတွက် ပျိုးထောင်ပေးလို့ရမယ်လို့ ခံစားမိလို့ သူ့ကို ကျွန်မ ထောက်ခံခဲ့တယ်၊ ဒါပေမဲ့ ကျွန်မတွဲဖက်က သူဟာ မာနထောင်လွှားပြီး ကိုယ်မှန်တယ်ထင်တယ်၊ လူတွေကို ဘောင်ခတ်တတ်ပြီး၊ တခြားလူတွေကို သူ့ကို အမြဲ နားထောင်စေလို့၊ မသင့်တော်ဘူးလို့ ပြောတယ်။ သူ အဲဒီလိုပြောတာ ကြားရတော့ ကျွန်မ နည်းနည်း စိတ်မချမ်းမြေ့ခဲ့ဘူး၊ ကျွန်မ တွေးမိတယ်၊ “ဟုတ်တယ်၊ အစ်မဝမ်က နည်းနည်း မာနထောင်လွှားပြီး လူတွေကို ဘောင်ခတ်တတ်တယ်၊ ဒါပေမဲ့ အဲဒီအပြုအမူက အတိတ်မှာပဲရှိတာလေ။ အခု သူက ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာကို လက်ခံနိုင်ပြီး အပြောင်းအလဲတချို့ ပြနေပြီ။ စာနဲ့ဆက်နွှယ်တဲ့ အလုပ်အတွက် သူ အရမ်းသင့်တော်တယ်လို့ ထင်တယ်” လို့ပေါ့။ ဒါကြောင့် ကျွန်မအမြင်ကို ကျွန်မ ဖက်တွယ်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ဒါကို ငါ့လုပ်ဖော်ကိုင်ဖက်ပြောတာမှာ ဘုရားအလိုတော် ပါရှိတယ်။ လူတွေကို ကိုယ့်အလိုဆန္ဒပေါ် အခြေခံပြီး ငါအမြဲ သုံးခဲ့တယ်၊ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်နစ်နာစေခဲ့တယ်။ အခု စည်းမျဉ်းတွေကို မရှာဘဲနဲ့ အစ်မဝမ်ကို သုံးဖို့ ငါ ဆုံးဖြတ်နေတယ်။ တိုက်ရိုက် ဆုံးဖြတ်လိုက်တာ။ ငါက မဆင်မခြင် ပြုမူနေတုန်းပဲကိုး။ ငါ့ကိုယ်ပိုင် အမြင်တွေကို ငါ ဖက်တွယ်နေလို့ မဖြစ်တော့ဘူး။ ဒီကိစ္စမှာ သမ္မာတရားကို ရှာရမယ်။ ဒါကို ဆုံးဖြတ်ဖို့ တိကျမှန်ကန်တဲ့ တစ်ခုတည်းသော နည်းလမ်းက စည်းမျဉ်းတွေအတိုင်း လုပ်တာပဲ”လို့ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “ရာထူးတိုးပေးပြီး ပျိုးထောင်ပေး၍ ရနိုင်သည့် နောက်ထပ်လူစားတစ်မျိုးမှာ အထူးပါရမီ၊ သို့မဟုတ် ဆုကျေးဇူးရှိပြီး ကျွမ်းကျင်မှု၊ သို့မဟုတ် အတတ်ပညာအချို့၌ ပိုင်နိုင်ပြီးဖြစ်သည့်သူများဖြစ်သည်။ ဤကဲ့သို့လူများကို အဖွဲ့ခေါင်းဆောင်များအဖြစ်သို့ မြေ‌တောင်မြှောက်ပေးခြင်းအတွက် ဘုရားအိမ်တော်၏ စံနှုန်းမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့၏ လူ့သဘာဝနှင့် စပ်လျဉ်း၍ ၎င်းတို့သည် အပြုသဘောဆောင်သည့် အရာများကိုသာ အတော် စိတ်ပြင်းပြဖို့ လိုအပ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဖြစ်ရပေ။ လူအချို့က ‘၎င်းတို့က သမ္မာတရားကို ချစ်သည့်သူတစ်ဦးဖြစ်ဖို့ အဘယ်ကြောင့် မလိုအပ်ရသနည်း’ ဟု မေးကောင်းမေးနိုင်သည်။ အကြောင်းမှာ အဖွဲ့ကြီးကြပ်သူများသည် ခေါင်းဆောင်များ၊ သို့မဟုတ် အမှုတော်ဆောင်များ မဟုတ်သကဲ့သို့၊ လူများကိုလည်း ၎င်းတို့ ရေမလောင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို သမ္မာတရားအား ချစ်ခြင်း စံနှုန်းအတိုင်း ပြည့်မီဖို့ တောင်းဆိုခြင်းသည် အလွန်အမင်း တောင်းဆိုခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူအများစု စွမ်းဆောင်နိုင်စွမ်း မရှိသည့်အရာဖြစ်လိမ့်မည်။ ဤသည်မှာ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်၊ သို့မဟုတ် အထူးလုပ်ငန်းဆောင်တာများကို လုပ်ဆောင်သည့် လူများထံမှ လိုအပ်သည့်အရာ မဟုတ်ချေ။ ဟုတ်ခဲ့လျှင်၊ ယင်းမှာ ၎င်းတို့အများစုအတွက် မလုပ်နိုင်သည့် အရာဖြစ်ပေမည်၊ အနည်းငယ်ကသာ အရည်အချင်း ပြည့်မီမည် ဖြစ်သောကြောင့်၊ စံနှုန်းများကို နှိမ့်ပေးရမည်ဖြစ်သည်။ လူများသည် နယ်ပယ်အချို့တွင် ကျွမ်းကျင်ပြီး၊ အလုပ်ကို တာဝန်ယူနိုင်စွမ်းရှိကာ မကောင်းမှု မကျူးလွန်ပါက၊ သို့မဟုတ် မည်သည့်ဝင်ရောက်စွက်ဖက်ခြင်းမျှ မဖြစ်စေပါက၊ ယင်းမှာ လုံလောက်ပေသည်။ အတတ်ပညာပိုင်း ကျွမ်းကျင်မှုအချို့၌ ပိုင်နိုင်မှုရှိပြီး အားသာချက်အချို့ ရှိသည့် ဤလူများအတွက်မူ ၎င်းတို့က အတတ်ပညာပိုင်းဖြင့် အကျွမ်းတဝင်ဖြစ်ခြင်းအချို့ လိုအပ်ပြီး ဘုရားအိမ်တော်ထဲက ၎င်းတို့ အလုပ်အကိုင်နှင့် ဆက်နွှယ်သည့် အလုပ်ကို လုပ်ဆောင်နိုင်သည့်အခါ၊ ၎င်းတို့သည် အတော်အတန် မာယာကင်းပြီး တော်ဖြောင့်ဖို့၊ မဆိုးညစ်ဖို့၊ ၎င်းတို့၏ နားလည်မှု၌ မမှားဖို့၊ သို့မဟုတ် အဓိပ္ပာယ်မမဲ့ဖို့၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခပေးဆပ်ရန် လိုလားဖို့တို့သာ လိုအပ်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားအိမ်တော်က အထူးကျွမ်းကျင်မှုတွေရှိတဲ့ လူတွေကို ဒီစည်းမျဉ်းပေါ် အခြေခံပြီး ပျိုးထောင်ပေးတယ်။ သူတို့မှာ လက်ခံနိုင်စရာ လူ့သဘာဝ၊ စံမသွေတဲ့ သိနားလည်မှုရှိရမယ်၊ သူတို့တာဝန်ကို အလေးအနက် သဘောထားပြီး အပြုသဘောဆောင်တာတွေကို ချစ်ရမယ်။ အစ်မဝမ်က အတော်အတန် မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်၊ ဒါပေမဲ့ တခြားလူတွေ အကြံပေးတာမှန်ပြီး သမ္မာတရားနဲ့ ကိုက်ရင်၊ သူ့ လက်ခံနိုင်တယ်။ စာနဲ့ဆက်နွှယ်တဲ့ အလုပ်အတွက် သူ့မှာ ပါရမီရှိတယ်၊ သူ့တာဝန်မှာ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သလို၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်နိုင်တယ်၊ ဒါကြောင့် သူက စည်းမျဉ်းနဲ့ ကိုက်ညီတယ်။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ အမြင်တွေအကြောင်း ကျွန်မရဲ့ အထက်ခေါင်းဆောင်နဲ့ တွဲဖက်အတော်များများနဲ့ မိတ်သဟာယပြုဖို့ စည်းမျဉ်းကို ကျွန်မ သုံးခဲ့ပြီး၊ လူတိုင်းက အစ်မဝမ်ရဲ့ စိတ်သဘောထားက မာနထောင်လွှားပေမဲ့၊ သူ့မှာ လက်ခံနိုင်စရာ လူ့သဘာဝရှိတယ်၊ သူ့တာဝန်မှာ တာဝန်ယူခဲ့ပြီး၊ တခြားလူတွေရဲ့ အကြံတွေကို လက်ခံနိုင်လို့ သူ့ကို ပျိုးထောင်ပေးလို့ရတယ်လို့ တွေးခဲ့ကြတယ်။ အဲဒီနောက်မှာ၊ အစ်မဝမ်အတွက် စာနဲ့ဆက်နွှယ်တဲ့ အလုပ်လုပ်ဖို့ ကျွန်မ စီစဉ်ပေးခဲ့တယ်။ အခွင့်အရေးကို သူ တန်ဖိုးထားမြတ်နိုးခဲ့ပြီး သူ့တာဝန်သစ်မှာ ရလဒ်ကောင်းတွေ ဖြစ်စေခဲ့တယ်။ အရာရာမှာ ဘုရားအလိုတော်ကို ကျွန်မတို့ ရှာပြီး သမ္မာတရားရဲ့ စည်းမျဉ်းတွေနဲ့ ကိုယ့်တာဝန်ကို လုပ်တဲ့အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ရပြီး ကျွန်မတို့ စိတ်နှလုံးတွေ အေးချမ်းမှာ ဖြစ်တယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိ၏တာဝန်ကို မည်သို့သဘောထားသင့်ပုံ

ကျန့်ရဲ့ တောင်ကိုးရီးယားနိုင်ငံယုံကြည်သူတစ်ယောက် ဖြစ်လာပြီး သိပ်မကြာမီမှာ၊ ခေါင်းဆောင်များဖြစ်သည့် ညီအစ်ကိုမောင်နှမများက စည်းဝေးပွဲများကို...

ဘုရားသခင်အတွက် အစေခံခြင်းအမှု လုပ်ဆောင်ရန် ကျွန်တော် ကံကောင်းပါသည်

ကမ်းရွှေ တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။