ဒီလေ့လာသင်ယူမှုတွေကို ကျွန်တော် ဆက်မလုပ်တော့ပါဘူး
ကျွန်တော်က ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ။ မိဘတွေက လယ်သမားတွေ။ ကျွန်တော်တို့မိသားစုက စပါးနဲ့ ဟင်းသီးဟင်းရွက် စိုက်ပြီး အသက်မွေးတယ်။ ကျွန်တော်က ကျောင်းမှာ အမြဲ စာတော်တယ်။ ဒီတော့ မိဘတွေက ကျွန်တော့်ကျောင်းစာကို အရမ်း အားပေးတယ်၊ ကျွန်တော် အနာဂတ်မှာ အဆင်ပြေမယ်လို့ မျှော်မှန်းကြတယ်။ သူတို့က ကျွန်တော် ကောင်းတဲ့အလုပ်တစ်ခု ရပြီး ကိုယ့်မိသားစုရဲ့ ဆင်းရဲတဲ့ဘဝကို ပြောင်းလဲပေးမယ်လို့ မျှော်လင့်ကြတာ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့က ဆင်းရဲတော့၊ မိဘတွေက ကျွန်တော် ကျောင်းတက်ဖို့အတွက် မကြာမကြာ ပိုက်ဆံချေးရတယ်။ ကျွန်တော့်အဘိုးကလည်း သူ့အသုံးစရိတ်ထဲကနေ ကျွန်တော့်အတွက် ပိုက်ဆံစုတယ်။ ကျွန်တော့်အစ်မကလည်း ကျွန်တော့်ကျူရှင်ဖိုး ပေးဖို့ အချိန်ပိုင်းအလုပ်လုပ်တယ်။ တစ်မိသားစုလုံးက ဆင်းရဲတွင်းက လွတ်ဖို့ သူတို့မျှော်လင့်ချက်တွေကို ကျွန်တော့်အပေါ် ပုံထားကြတာ။ ကျွန်တော့်မိဘတွေ လယ်ထဲမှာ နေ့တိုင်း ပင်ပင်ပန်းပန်း လုပ်နေတာ ကျွန်တော် မြင်တယ်။ ဒီလို နေထိုင်ရတာ ခက်ခဲလွန်းတယ်လို့လည်း စဉ်းစားမိတယ်။ ဒါနဲ့ စာကြိုးစားဖို့၊ လူတွေကြားထဲ ထင်ပေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါမှ ကျွန်တော့်မိသားစု မဆင်းရဲတော့မှာလေ။ စာမေးပွဲတွေမှာ အမှတ်ကောင်းဖို့ ကျွန်တော် ပိုပြီး ကြိုးစားတယ်။ များသောအားဖြင့် ညဉ့်နက်တဲ့အထိ စာကျက်တယ်။ နောက်တော့ ကျွန်တော့်ဆန္ဒ ပြည့်ပြီး၊ တက္ကသိုလ် တက်ရတယ်ပေါ့။ အဲဒီနောက်မှာ ကျွန်တော် ရည်မှန်းချက်အသစ်တစ်ခု ရှိလာတယ်။ ပါမောက္ခတစ်ယောက် ဖြစ်ဖို့၊ ပိုကောင်းတဲ့ အနာဂတ်တစ်ခု ရှိလာဖို့ပေါ့။
ဘွဲ့ရပြီးတော့ ကျွန်တော် ပါရဂူဘွဲ့အတွက် ဆက်တက်ပြီး၊ တက္ကသိုလ်က သိပ္ပံသုတေသနမှာ အလုပ်လုပ်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်မိဘတွေက မကြာမကြာ ဖုန်းဆက်ပြီး သတိပေးကြတယ်၊ “ဘုရားကို ပိုပြီး ဆုတောင်းဖို့ လိုတယ်၊ မင်း လေ့လာနေတာတွေကိုလည်း အာရုံစိုက်ဖို့လိုတယ်” ပေါ့။ ကျွန်တော့်အဖေကဆို ကျွန်တော့်ကို၊ “မင်းတို့တက္ကသိုလ်ထဲမှာ ဘုရားကျောင်း ရှိလား။ မင်း ဘုရားကျောင်း သွားရမယ်” ဆိုပြီး ပြောတာ။ ဒါပေမဲ့ ကျွန်တော်က အိမ်မှာပဲ သမ္မာကျမ်း ဖတ်ပြီး ဘုရားကို ဆုတောင်းချင်တာ။ ကျွန်တော့်အချိန်အားလုံးနီးပါးက သုတေသနအတွက် ကုန်တာကိုး၊ စည်းဝေးပွဲတွေ သွားဖို့ ကျွန်တော့်မှာ အချိန်ပိုမရှိခဲ့ဘူး။ သုတေသနအလုပ်မှာ ပညာရပ်ဆိုင်ရာ ဆွေးနွေးရတာတွေ အများကြီးရှိတယ်။ သူများတွေက သိပ္ပံနည်းကျသီအိုရီတွေအကြောင်း၊ ဘုရားရဲ့အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအကြောင်း ဆွေးနွေးပြီဆိုရင်၊ ကျွန်တော်က သိပ္ပံနည်းကျသုတေသနသမားဆိုတော့၊ ဘယ်ဟာကိုမဆို အမြဲတမ်း အမှတ်တမဲ့နဲ့ သိပ္ပံနည်းကျရှုထောင့်တွေ သုံးပြီး ရှင်းပြမိရော။ ကိုယ့်ကိုယ်ကိုယ် သတိမထားမိခင်မှာတင်၊ ကျွန်တော့်စိတ်နှလုံးက ဘုရားဆီကနေ ဝေးသထက် ဝေးသွားပြီ။ ဆုတောင်းတာ၊ သမ္မာကျမ်း ဖတ်တာလည်း နည်းသွားတယ်။ မကြာမကြာ ခြေကုန်လက်ပန်းကျသလို ဖြစ်ပြီး ရင်ထဲမှာ ဘာမှမရှိဘူးဖြစ်နေတယ်။ တစ်ခါတလေ ကိုယ့်အလုပ်ဖိအားကနေ သက်သာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပိတ်ရက်တွေမှာ အပန်းဖြေဖို့၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့၊ ကမ်းခြေတွေ၊ အပန်းဖြေစခန်းတွေ၊ ပန်းခြံတွေကို သွားပေမဲ့၊ နောက်ဆုံးမှာ တကယ့် ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုဆိုတာကို မရဘဲ၊ ရင်ထဲမှာ ဟာနေတုန်းပဲ။ ၂၀၂၀ နှစ်သစ်ကူးနေ့မှာ၊ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ ကျွန်တော့်ဘဝကို လမ်းပြပြောင်းလဲပေးဖို့ တောင်းလျှောက်ရင်းနဲ့၊ ဘုရားနဲ့ ပိုပြီးနီးကပ်လာရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အဲဒီလို အနှစ်သာရမရှိတဲ့ အခြေအနေမျိုးမှာ နေရတာ တကယ်ကို ပင်ပန်းတယ်လေ။
နောက် သိပ်မကြာဘူး၊ ဖေ့စ်ဘွတ်မှာ အစ်မတစ်ယောက်နဲ့ ဆုံပြီး၊ သူက အွန်လိုင်းစည်းဝေးပွဲတစ်ခုကို ဖိတ်တယ်ဗျ။ အဲဒီအချိန်မှာ သူ ပြောတာတစ်ခုက ကျွန်တော် တကယ်ကို လှိုက်လှိုက်လှဲလှဲဖြစ်သွားတာ။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး ဘုရားနဲ့ ကောင်းမွန်တဲ့ ဆက်သွယ်မှုပြုတာက သိပ်အရေးကြီးတယ်ဆိုပြီး သူက ပြောတာ။ သူ ပြောတာကို ကျွန်တော် လက်ခံသွားတယ်။ ကျွန်တော်က ခရစ်ယာန်တစ်ယောက် ဆိုပေမဲ့၊ ကိုယ့်အချိန်အားလုံးက သိပ္ပံသုတေသန လုပ်ရင်းနဲ့ ကုန်တာ။ ဘုရားကို ဝတ်ပြုဖို့ စည်းဝေးပွဲတွေကို လုံးဝ မသွားဘူး။ ဆုတောင်းတာ၊ သမ္မာကျမ်း ဖတ်တာလည်း လုပ်ခဲတယ်။ ကျွန်တော့်မှာ ဘုရားနဲ့ ပုံမှန်ဆက်သွယ်မှု မရှိမှန်း သဘောပေါက်သွားတယ်။ ကျွန်တော်က ဘုရားနဲ့ နီးကပ်ချင်တာလေ။ ဒါနဲ့ အွန်လိုင်းစည်းဝေးပွဲ တက်ဖို့ ပျော်ပျော်ကြီး သဘောတူလိုက်ရော။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယကို ကြားရတော့မှ၊ ကျွန်တော် နားလည်သွားတယ်။ နောက်ဆုံးသောကာလမှာ ဘုရားက နှုတ်ကပတ်တော်တွေကို အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နာမတော်နဲ့ ဖော်ပြတယ်။ ကျွန်တော်တို့အတွက် စာစောင်ကို ဖွင့်ပေးထားပြီ။ ပြီးတော့ ဒီတစ်ကြိမ် ဘုရား ပြန်ကြွတာဟာ လူတွေကို အပြစ်ကနေ အပြည့်အဝ ကယ်တင်ဖို့အတွက်၊ လူတွေကို တရားစီရင်၊ သန့်စင်ပေးတဲ့အမှုကို ပြုဖို့ပဲဆိုတာတွေပေါ့။ စည်းဝေးပွဲတွေ နည်းနည်းလောက် တက်ပြီးသွားတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်မှန်း ကျွန်တော် သေချာသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော် အရမ်း စိတ်လှုပ်ရှားတယ်။ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကိုလည်း ဝမ်းသာအားရ လက်ခံမိတယ်။ နှစ်လလောက်ကြာတော့ အသင်းတော်မှာ ကျွန်တော် တာဝန်တစ်ခု စလုပ်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ပိုပြီး ဖတ်ရင်းနဲ့၊ တချို့သမ္မာတရားတွေကို တဖြည်းဖြည်း နားလည်လာတယ်။
တစ်ရက်ကျတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုကို ဖတ်မိတာ၊ အခုထိ စိတ်ထဲမှာ လန်းဆန်းနေတုန်းပဲ။ ဒီ ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်က ကျွန်တော့်စိတ်ကို နှိုးဆွပေးလိုက်တာ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု ဖြစ်သလော။ အနည်းဆုံးအနေဖြင့် လူများသည် ‘အသိပညာ’ ဟူသော စကားလုံး၏ ဂယက်အနက်သည် အပျက်သဘောထက် အပြုသဘောဖြစ်သည်ဟု လူတို့ ထင်ကြသည်။ သို့ဆိုလျှင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုသည်ဟု ဤနေရာတွင် ငါတို့ အဘယ်ကြောင့် ဖော်ပြနေကြသနည်း။ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် အသိပညာ၏ ရှုထောင့်တစ်ခု မဟုတ်လော။ နယူတန်၏ သိပ္ပံပညာဆိုင်ရာ ဥပဒေသများသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည် မဟုတ်လော။ ကမ္ဘာကြီး၏ ဆွဲငင်အားသည်လည်း အသိပညာ၏ အစိတ်အပိုင်းဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော အရာများအကြားတွင် အသိပညာကို အဘယ်ကြောင့် စာရင်းပြုထားသနည်း။ ဤအရာအပေါ် သင်၏ အမြင်မှာ အဘယ်နည်း။ အသိပညာတွင် သမ္မာတရား အနည်းငယ်မျှပင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် အသိပညာ၏ အနှစ်သာရက အဘယ်နည်း။ မည်သည့်အခြေခံအကြောင်းရင်း ပေါ်တွင် လူသား ဆည်းပူးသည့် အသိပညာအားလုံးကို လေ့လာသင်ယူရသနည်း။ ဆင့်ကဲဖြစ်စဉ် သီအိုရီပေါ်တွင် အခြေခံသလော။ စူးစမ်းရှာဖွေခြင်းနှင့် ပေါင်းရုံးဖော်ပြချက်တို့ မှတစ်ဆင့် လူက ရရှိထားသည့် အသိပညာမှာ ဘုရားမဲ့ဝါဒကို အခြေခံသည် မဟုတ်လော။ ဤအသိပညာ တစ်ခုတစ်လေသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု ရှိသလော။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်နွှယ်သလော။ ယင်းသည် သမ္မာတရားနှင့် ဆက်နွှယ် သလော။ (မဆက်နွှယ်ပါ။) သို့ဆိုလျှင် စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို မည်သို့ အသုံးပြုသနည်း။ ဤအသိပညာ၏ မည်သည့်အရာကမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်ခြင်းမရှိဟု ယခုပင် ငါပြောခဲ့သည်။ လူအချို့က ထိုအရာကို ဤကဲ့သို့ စဉ်းစားကြသည်- ‘အသိပညာသည် သမ္မာတရားနှင့် မည်သို့မျှ သက်ဆိုင်ခြင်းရှိကောင်းရှိလိမ့်မည် မဟုတ်သော်လည်း ယင်းသည် လူကိုမပျက်စီးစေသေးပါ။’ ဤအရာအပေါ် သင်တို့၏ အမြင်မှာ အဘယ်နည်း။ လူတစ်ဦး၏ ပျော်ရွှင်မှုကို မိမိတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် ဖန်တီးရမည်ဟူသော အသိပညာကို သင့်အား သင်ပေးခဲ့သလော။ လူ၏ ကံကြမ္မာသည် သူ၏ကိုယ်ပိုင် လက်ထဲတွင် ရှိသည်ဟု အသိပညာက သင့်ကို သင်ပေး ခဲ့ဖူးသလော။ (သင်ပေးခဲ့ပါသည်။) ဤသည်မှာ မည်သို့သော ပြောဆိုမှုမျိုးဖြစ်သနည်း။ (ယင်းသည် ဆိုးယုတ်သော ပြောဆိုမှု ဖြစ်ပါသည်။) လုံးဝမှန်သည်။ ယင်းသည် ဆိုးယုတ်သော ပြောဆိုမှု ဖြစ်ပေသည်။ အသိပညာသည် ဆွေးနွေးရန် ရှုပ်ထွေးသည့် အကြောင်းအရာ ဖြစ်သည်။ သင့်အနေဖြင့် အသိပညာ နယ်ပယ်တစ်ခုသည် အသိပညာထက် ဘာမျှမပိုဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ကိုးကွယ်မှု မပြုခြင်းနှင့် ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်ကို နားမလည်ခြင်းပေါ် အခြေခံ၍ လေ့လာသင်ကြားရသည့် အသိပညာ၏ နယ်ပယ်တစ်ခုဖြစ်သည်။ လူတို့သည် ဤကဲ့သို့သော အသိပညာမျိုးကို လေ့လာသည့်အခါ ဘုရားသခင်သည် ခပ်သိမ်းသော အရာများအပေါ် အချုပ်အခြာ အာဏာရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ခပ်သိမ်းသော အရာများကို ဘုရားသခင် ကွပ်ကဲအုပ်ချုပ်သည် သို့မဟုတ် စီမံခန့်ခွဲလျက်ရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ယင်းအစား ၎င်းတို့ လုပ်ဆောင်သမျှမှာ အသိပညာ၏ ထိုနယ်ပယ်ကို မပြီးနိုင်မဆုံးနိုင် သုတေသနပြုကာ စူးစမ်းရှာဖွေပြီး အသိပညာပေါ်တွင် အခြေခံသော အဖြေများကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ လူတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ယင်းအစား သုတေသနကိုသာ လုပ်နေပါက ၎င်းတို့သည် မှန်ကန်သော အဖြေများကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်သည်မှာ မှန်ကန်သည် မဟုတ်လော။ အသိပညာက သင့်ကို ပေးနိုင်သမျှမှာ သင် ဆာလောင် မသွားဖို့ရန်အလို့ငှာ အသက်မွေးမှု၊ အလုပ်တစ်ခု၊ ဝင်ငွေတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ယင်းသည် သင့်ကို မည်သည့်အခါတွင်မျှ ဘုရားသခင်အား ကိုးကွယ်စေမည် မဟုတ်သကဲ့သို့ သင့်ကို မကောင်းမှုမှ ဝေးရာသို့ ဘယ်သောအခါမျှ ထိန်းသိမ်းပေးလိမ့်မည် မဟုတ်ပေ။ လူများက အသိပညာကို ပိုမိုသင်ယူလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ရန်၊ ဘုရားသခင်ကို လေ့လာမှုများပြုရန်၊ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ဆန္ဒပိုရှိလေ ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ရင်ထဲကို ဖောက်ဝင်သွားတယ်။ ကျွန်တော် တစ်ချိန်လုံး ထင်ခဲ့မိတာက၊ ငါက ခရစ်ယာန်မိသားစုမှာ မွေးလာတာ။ ဘုရားကို ကလေးဘဝကတည်းက ယုံကြည်ခဲ့တာ။ ကျွန်တော်က သိပ္ပံကို လေ့လာပြီး သိပ္ပံနည်းကျသုတေသန လုပ်တယ်ဆိုပေမဲ့၊ ကောင်းတဲ့အလုပ်တစ်ခု ရဖို့၊ ကျွန်တော့်ဘဝ ပြောင်းလဲဖို့၊ အနာဂတ်မှာ လူတွေကြားထဲ ထင်ပေါ်ဖို့အတွက်ပဲ ကိုယ့်သုတေသနကို အသုံးချဖို့ ရည်ရွယ်ခဲ့တာ။ ကိုယ်က ဘုရားကို ငြင်းပယ်မိနေလား၊ ခုခံမိနေလားဆိုတာ လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ကိုယ့်အတွေးအခေါ် မှားတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြမှုတွေကတစ်ဆင့် နားလည်ခဲ့တာ။ သိပ္ပံနဲ့ အသိပညာဆိုတာ သမ္မာတရား မဟုတ်ဘူး၊ ကောင်းတဲ့အရာတွေ မဟုတ်ပါဘူး။ ဘုရားမဲ့ဝါဒ၊ ရုပ်ဝါဒ၊ ဆင့်ကဲဖြစ်စဉ်ဆိုတဲ့ သီအိုရီတွေ၊ ဘုရားကို ငြင်းပယ်တဲ့ ဒီအရာတွေအားလုံးက စာတန်ဆီက ပေါ်ပေါက်တာပါ။ စာတန်က လူတွေကို အကျင့်ပျက်အောင်၊ စိတ်နှလုံးတွေကို ဘုရားဆီက ဝေးကွာအောင်၊ ဘုရားရဲ့တည်ရှိမှုကို ငြင်းပယ်ကြအောင်ဆိုပြီး သိပ္ပံနည်းကျအသိပညာကို အသုံးချတယ်။ ကျွန်တော်က ဒီသိပ္ပံနည်းကျအသိပညာကို နေ့တိုင်း လေ့လာမိတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ လမ်းလွဲတာတွေ၊ ဘုရားနဲ့ ဝေးကွာတာတွေပဲ ဖြစ်သွားတယ်။ အဲဒီကနေ ဘယ်တော့မှ သမ္မာတရား ရလာမှာမဟုတ်ဘူး။ ကျွန်တော် သုတေသန လုပ်တဲ့အချိန်မှာ၊ ကျွန်တော့်အတွေးတွေကို ဘုရားမဲ့ဝါဒအမြင်တွေကပဲ လုံးလုံး သိမ်းပိုက်ထားတာ။ သီအိုရီမျိုးစုံနဲ့ ပြည့်နေတာ။ နယူတန်ရဲ့နိယာမတွေ၊ ကမ္ဘာကြီးရဲ့ဆွဲငင်အားဆိုတာတွေပေါ့။ ကျွန်တော် ဘယ်လိုပြောရမလဲ။ ကျွန်တော့်ကို အဆိပ်လို ဖောက်ပြန်ပျက်စီးစေခဲ့တာ ဒီသီအိုရီတွေပဲ။ စကြဝဠာထဲမှာ ဘာတွေ ဖြစ်ပျက်လဲဆိုတာ တွက်ချက်လေ့လာဖို့အတွက်၊ ကျွန်တော်က နေ့တိုင်း ဒီ နိယာမတွေ၊ ဖော်မြူလာတွေကို သုံးရတယ်။ ပိုပြီးလေ့လာလေလေ၊ အရာအားလုံးကို သိပ္ပံစည်းမျဉ်းတွေနဲ့ ရှင်းပြနိုင်တယ်ဆိုပြီး ထင်လာလေပဲ။ ကျွန်တော်က မရည်ရွယ်ဘဲ၊ ဘုရားရဲ့ဖန်ဆင်းမှုနဲ့ အချုပ်အခြာအာဏာကို ငြင်းပယ်လာမိတာ။ ကိုယ့်စိတ်နှလုံးကလည်း ဘုရားဆီကနေ ဝေးသထက် ဝေးသွားတယ်။ ကျွန်တော် ဒီအတိုင်း ဆက်လေ့လာမယ်ဆိုရင်၊ ဒီ သီအိုရီတွေက ကျွန်တော့်ကို ဆက်ပြီး ပျက်စီးလာစေမှာပဲ။ စာတန်ရဲ့အုပ်စိုးမှုအောက်မှာ အမြဲတမ်း နေထိုင်ပြီး၊ ဘုရားကို ခုခံမိနေမှာပဲ။ ကျွန်တော့်ကို သိပ္ပံနည်းကျအသိက ဘယ်လို အဆိပ်ခတ်နေမှန်း နားလည်သွားတဲ့အချိန်မှာ၊ သိပ္ပံသုတေသနကို စွန့်လွှတ်သင့်တယ်ဆိုပြီး စိတ်ထဲမှာ တွေးမိတယ်။ ဒါပေမဲ့ တကယ် စွန့်လွှတ်လိုက်ရင် ကိုယ့်အနာဂတ်က ဘယ်လိုဖြစ်သွားမလဲဆိုတာကို စိုးရိမ်တယ်။ ကိုယ့်သုတေသနကိုပဲ ဆက်လုပ်သင့်လား ဒါမှမဟုတ်၊ စွန့်လွှတ်ပြီး တခြားတစ်ခုခု လုပ်သင့်လားဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်ရင်ထဲမှာ တိုက်ပွဲတစ်ခု ဖြစ်နေရော။ ဆင်းရဲတွင်းက လွတ်အောင် ဘယ်လောက် ကြိုးစားရုန်းကန်လာခဲ့ရတယ်ဆိုတာလည်း စဉ်းစားကြည့်တယ်။ ကျွန်တော်က ရာထူးဂုဏ်နဲ့ ကောင်းတဲ့အနာဂတ်တစ်ခု ရဖို့၊ အချိန်တွေ ခွန်အားတွေ အများကြီး သုံးခဲ့ရတာ။ ဒါပေမဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ကျွန်တော် လုံးဝ မရခဲ့ဘူး။ အဲဒီအစား များသောအားဖြင့် အနှစ်သာရမဲ့ပြီး၊ စိတ်ဆင်းရဲခဲ့ရတယ်။ ဒါက ကျွန်တော် လိုချင်ခဲ့တဲ့ဘဝ မဟုတ်ဘူးလေ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးကတည်းက၊ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး၊ ဖန်ဆင်းခံတစ်ယောက်ဖြစ်တဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းခဲ့တယ်။ ဘဝက ဟိုအရင်ကနဲ့ တော်တော် ကွာခြားသွားတယ်ဗျ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်မိလေလေ၊ ဝိညာဉ်ရေးလွတ်မြောက်မှုကို ပိုပြီး ခံစားရလေပဲ။ ဘုရားနဲ့ ဆက်သွယ်မှုကလည်း ပိုပြီး ရင်းနှီးလာတယ်။ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ပိုပြီး ခံစားရတယ်။ အဲဒါက ကျွန်တော် ဟိုအရင် လုံးဝ မခံစားဖူးခဲ့တာမျိုးပဲ။ ဘုရားရဲ့နှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့၊ ကျွန်တော့်ကို ဆိုးဆိုးဝါးဝါး အကျင့်ပျက်စေခဲ့တာ စာတန်ပဲဆိုတာလည်း နားလည်သွားတယ်။ ပြီးတော့ သမ္မာတရားနဲ့ အသက်ကို ရှာဖွေခြင်းကသာ အဓိပ္ပာယ်ရှိဆုံးအရာတွေပဲဆိုတာ သိသွားတယ်။ ကျွန်တော်လည်း ဒီလိုစဉ်းစားရင်းနဲ့၊ သမ္မာတရားကို အားထုတ်ဖို့၊ ကိုယ့်တာဝန်ကို လုပ်ဆောင်ဖို့ အချိန်ပိုပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီနောက်မှာ ကျွန်တော့်မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေကို ဧဝံဂေလိ ဟောပြောပေးတယ်။ သခင်ယေရှုက နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုဖို့ ပြန်ကြွလာပြီ။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့ကို သန့်စင်ပေးဖို့၊ အပြစ်အချုပ်အနှောင်ကနေ ကယ်တင်ဖို့အတွက် သမ္မာတရားတွေ အများကြီးကို ဖော်ပြထားတယ်ဆိုပြီး ပြောပြတယ်။ ကျွန်တော့်မိဘတွေကိုလည်း ပြောပြလိုက်တယ်၊ “ကျွန်တော်က ဘုရားရဲ့အမှုတော်သစ်ကို လက်ခံလိုက်ပြီ။ ဘုရားနှုတ်ကပတ်တော်တွေ တော်တော်များများကို နားလည်သွားပြီ။ သန့်စင်၊ ကယ်တင်ခံရမယ့် လမ်းကိုလည်း ရှာတွေ့သွားပြီ။ ဒါပေမဲ့ သခင် ပြန်လာခြင်း သတင်းကောင်းကို မသိကြတဲ့ ယုံကြည်သူတွေ အများကြီး ရှိနေသေးတယ်။ ကျွန်တော်က သူတို့ကို ဧဝံဂေလိ ဟောပြောချင်တယ်” ပေါ့။ ကျွန်တော့်အဘိုးက သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ဟောပြောဖို့ ရွာပေါင်းစုံကို သွားခဲ့တာလေ။ ဒါကြောင့် ကျွန်တော်လည်း သူ့ကို စံနမူနာယူချင်တယ်၊ ဘုရားရဲ့နိုင်ငံတော်ဧဝံဂေလိတရားကို တခြားလူတွေဆီ ဖြန့်ဝေရာမှာ အချိန်နဲ့ ခွန်အားတွေ ပိုပေးချင်တယ်လို့ ပြောလိုက်တယ်။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို သေချာပေါက် အားပေးလိမ့်မယ်လို့ ထင်မိတာဗျ။ အမေက စပြီး ငိုလာတော့မှ ကျွန်တော် အံ့ဩသွားတာ။ သူ ငိုတာ မြင်ရတော့ ကျွန်တော်လည်း ဝမ်းနည်းသွားတယ်။ ကျွန်တော် ကျောင်းတက်လို့ရအောင် ကျွန်တော့်မိဘတွေ အကုန်ခံခဲ့တဲ့ ငွေတွေကို၊ စဉ်းစားကြည့်ရင် စိတ်မချမ်းသာဘူးလေ။ ကျွန်တော် အလုပ်ကောင်းကောင်း ရပြီး၊ အနာဂတ်မှာ သူတို့နဲ့ မိသားစုကို စောင့်ရှောက်နိုင်မယ်လို့ သူတို့က မျှော်လင့်ခဲ့တာ။ ကျွန်တော်က ဧဝံဂေလိ ဟောပြောရင်း အချိန်တွေ ကုန်မယ်ဆိုရင်၊ ကျွန်တော့်အတွက် မိဘတွေ သုံးစွဲထားသမျှ အလကားဖြစ်သွားမှာ။ ဒီတော့ သူတို့လည်း တော်တော် ဝမ်းနည်းကြမှာပေါ့။ ဒါကို နားလည်မိတော့ ကျွန်တော်လည်း စပြီး ငိုမိရော။ ကိုယ့်မိဘတွေကို ဝမ်းနည်းအောင် မလုပ်ချင်ဘူးလေ။ ဒါပေမဲ့ ဧဝံဂေလိ ဟောပြောပြီး ကိုယ့်တာဝန်ကိုလည်း ကျေချင်တယ်။ ဒါနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းတယ်၊ ခိုင်ခိုင်မာမာ သက်သေရပ်တည်နိုင်အောင် ကျွန်တော့်ကို ယုံကြည်ခြင်း ပိုပေးဖို့ တောင်းလျှောက်မိတယ်။ အဲဒီအချိန်မှာတင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုကို စဉ်းစားမိတယ်၊ “ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် သတ်မှတ်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံး၀ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်တော် နားလည်သွားတယ်။ ကျွန်တော့်အသက်ကို ဘုရားက ပေးခဲ့တာပဲ၊ ကျွန်တော် မွေးလာတဲ့ ကျွန်တော့်မိဘနဲ့ မိသားစုဆိုတာလည်း ဘုရားကပဲ စီစဉ်ခဲ့တာ။ မိဘတွေက ကျွန်တော့်အတွက် အများကြီး ပေးခဲ့တယ်ဆိုတာလည်း ဘုရားရဲ့အစီအစဉ်ပဲလေ။ ဟိုတုန်းကတော့ ငါ့မိဘတွေက ငါ့အတွက် လုပ်ခဲ့တာဆိုပြီး အမြဲ ထင်ခဲ့မိတာ။ ကိုယ့်မိဘရဲ့ဆန္ဒတွေနဲ့ ကိုယ်ပိုင်စံတွေ ပြည့်မီအောင် နေထိုင်ရမယ်ဆိုပြီး ယုံကြည်ခဲ့တယ်။ ပြီးတော့ ဂုဏ်အဆင့်အတန်း ရဖို့အတွက် ငါ ကြိုးစားသင့်တယ်ပေါ့။ ဒါပေမဲ့ ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တာ ကျွန်တော့်မိဘတွေ မဟုတ်ဘူးဆိုတာကို၊ ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်တော် နားလည်သွားတယ်။ ဘယ်အချိန်မှာ ကျွန်တော် ဘာလုပ်မိတယ်၊ ကိုယ့်ဘဝမှာ ဘယ်လိုအခန်းကဏ္ဍက ကပြခဲ့တယ်ဆိုတာတွေ အားလုံးကို ဘုရားက စီစဉ်ခဲ့တာပါ။ ကိုယ့်မိသားစု ကြီးပွားချမ်းသာတဲ့ဘဝတစ်ခုမှာ နေထိုင်နိုင်အောင်လို့၊ ကျွန်တော်က အသိပညာကို လေ့လာပြီး ကိုယ့်ကံကြမ္မာကို ပြောင်းလဲချင်ခဲ့တာ။ အဲဒီအချိန်တုန်းက ဘုရားရဲ့အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအကြောင်း ကျွန်တော် မသိခဲ့ဘူး။ အခုဆို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံထားတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့၊ လူတွေရဲ့ကံကြမ္မာတွေကို ဘုရားက စီမံတယ်ဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။ ကျွန်တော့်မိဘတွေနဲ့ မိသားစုက အနာဂတ်မှာ ဘယ်လိုဘဝမျိုးနဲ့ နေရမယ်၊ သူတို့မှာ ကောင်းတဲ့ကံတရား ရှိပါ့မလားဆိုတာလည်း ဘုရားရဲ့လက်ထဲမှာပဲ ရှိတယ်။ ဒါတွေက ဘုရားရဲ့အစီအစဉ်တွေပဲ၊ ကျွန်တော်က မပြောင်းလဲပေးနိုင်ဘူး။ လူတွေက ဘုရားရဲ့အချုပ်အခြာအာဏာကို လက်ခံသင့်တယ်။ ဘုရားရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံသင့်တယ်။ ကျွန်တော်လည်း ဒါကို နားလည်သွားတော့၊ မိဘတွေ ကျွန်တော့်အတွက် ငိုတာမြင်ရလည်း ကျွန်တော် ပိုပြီး တည်ငြိမ်သွားတယ်။ တစ်ချိန်တည်းမှာ ကျွန်တော် သဘောပေါက်သွားတယ်။ ဘုရားရှေ့မှောက် ရောက်ဖို့၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့၊ ဧဝံဂေလိ ဟောပြောဖို့၊ ဘုရားကို သက်သေခံဖို့ဆိုတာတွေက လူတစ်ယောက်အနေနဲ့ ရှင်သန်နိုင်တဲ့ အဓိပ္ပာယ်ရှိဆုံး၊ တန်ဖိုးအရှိဆုံးဘဝပါပဲ။ ကျွန်တော့်မိဘတွေက ခုချိန်မှာ နားမလည်ဘူးဆိုရင်တောင်၊ ကိုယ့်တာဝန်ကို လွယ်လွယ်လေး မစွန့်လွှတ်နိုင်ဘူး။ ဘာတွေပဲဖြစ်ဖြစ်၊ ဘုရားဆီမှာပဲ အရာအားလုံးကို အပ်နှံချင်တယ်။ ရှေ့ဆက်ဖို့အတွက် ဘုရားကိုပဲ အားကိုးချင်မိတယ်။
ဒါနဲ့ ကျွန်တော်လည်း ဘုရားနောက် လိုက်ဖို့၊ ကိုယ့်တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ဖို့၊ ကိုယ့်လေ့လာမှုတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော့်ဆရာက ပထမဆုံး မက်ဆေ့ချ်ပို့တယ်ဗျ။ ဆရာက တော်တော် အံ့ဩသွားတာ။ ကျွန်တော့်ကို၊ “မင်း ဘာလို့ ဒီလိုရွေးချယ်တာလဲ။ ငွေရေးကြေးရေး ပြဿနာကြောင့်လား” ဆိုပြီး မေးတယ်။ ပြီးတော့ တကယ့်ကို ရှားရှားပါးပါး အခွင့်အရေးလို့ဆိုရမဲ့၊ တက္ကသိုလ်ထောက်ပံ့ကြေးအစီအစဉ်တစ်ခု ရှိတယ်၊ သူက ကျွန်တော့်ကို ကူညီချင်တယ်ဆိုပြီး ပြောသေးတာ။ ကျွန်တော်နဲ့ တွေ့ပြီး စကားပြောချင်တယ်လို့လည်း ပြောသေးတယ်။ ဒါပေမဲ့ ကျွန်တော်က ဆုံးဖြတ်ပြီးပြီလေ။ ဒါနဲ့ သူ့ကို မတွေ့တော့ဘူး၊ ဖုန်းလည်း ပြန်မဆက်တော့ဘူး။ ဆရာက နောက်ထပ်စာတစ်စောင် ပို့သေးတယ်ဗျ။ ကျွန်တော့်ရွေးချယ်မှု အကြောင်းရင်းကို သူက သိချင်တာ။ ဆရာ့စာကို ကြည့်ရင်းနဲ့ ကျွန်တော် ချီတုံချတုံဖြစ်သေးတယ်။ ဒါပေမဲ့ နောက်ဆုံး ပြန်မပြောဖြစ်ခဲ့ပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုကိုလည်း စဉ်းစားမိသွားတယ်၊ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဒါတွေက စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုတွေပဲဆိုတာကို ဘုရားနှုတ်ကပတ်တော်ကြောင့် နားလည်သွားတယ်။ ကျွန်တော်က ဘုရားနောက် လိုက်ပြီး ကိုယ့်တာဝန်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်တဲ့အချိန်မှာ၊ ကျွန်တော့်မှာ ငွေကြေး၊ ဂုဏ်နဲ့ စည်းစိမ်နောက် လိုက်ချင်တဲ့ဆန္ဒ ရှိသေးတာကို စာတန်က သိတယ်။ ဒါကြောင့် ကျွန်တော့်ကို လှည့်စားဖို့၊ ကိုယ့်တာဝန်ကို မလုပ်မိဖို့ ဒါတွေကို အသုံးချတာ။ စုံစမ်းသွေးဆောင်ခံရတဲ့ ယောဘအကြောင်းလည်း တွေးမိတယ်။ သူ့မိန်းမက ဘုရားရဲ့နာမတော်ကို ငြင်းပယ်ခိုင်းတယ်လေ။ အပြင်ပန်းအရတော့ လူတွေက ယောဘကို စကားတွေပြောနေသလို ထင်ရတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ ဘုရားကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ စာတန် ရှိနေတယ်။ အဲဒီတော့ ကျွန်တော် စဉ်းစားတယ်၊ အပြင်ပန်းမှာတော့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ဆက်ထိန်းထားပြီး ပရောဂျက်တစ်ခု စပေးဖို့ ကြိုးစားနေတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ အဲဒါရဲ့နောက်ကွယ်မှာ စာတန်ရဲ့လှည့်ကွက်တွေပဲ။ ဘုရားက ကျွန်တော့်ကို ဘဝရဲ့လမ်းမှန်ပေါ် ပြန်ပို့ပေးချင်တာပါ။ စာတန်ကလည်း ကျွန်တော့်ကို ဘုရားကို ပုန်ကန်အောင် နည်းလမ်းမျိုးစုံနဲ့ စုံစမ်းသွေးဆောင်နေတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လှည့်စားခံလို့မဖြစ်ဘူး။ ဒီအခြေအနေကို ကြံ့ကြံ့ခံဖို့ ဘုရားကို အားကိုးရမယ်။ ဒါနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်တော့်ကို ယုံကြည်ခြင်း ပေးပြီး မှားယွင်းတဲ့ ကျွန်တော့်ဆန္ဒတွေကို ဖယ်ရှားပေးပါ။ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်တော် ကိုယ်တော့်ကို သက်သေခံချင်ပါတယ်” ပေါ့။ ဒီလို ဆုတောင်းပြီးတော့ ကျွန်တော် တော်တော် စိတ်အေးသွားတယ်။ နောက်နှစ်ရက်ကြာတော့ ဆရာ့ကို စာပို့လိုက်တယ်။ ဒါ ကျွန်တော့်ရဲ့နောက်ဆုံး ရွေးချယ်မှုပါပဲ၊ ကျွန်တော့်သုတေသနကို ဆက်မလုပ်နိုင်တော့ပါဘူးပေါ့။ မက်ဆေ့ချ် ပို့ပြီးသွားတော့၊ ကျွန်တော် တော်တော်ကြီး စိတ်သက်သာရာ ရသွားတယ်ဗျ။ တော်တော်လည်း ငြိမ်းအေးသွားတယ်။ အဲဒီနောက်မှာ ဒီအကြောင်းတွေကို ကျွန်တော် မစဉ်းစားမိတော့ဘူး။ ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့ ဧဝံဂေလိ ဘယ်လိုဟောပြောမလဲ၊ ကိုယ့်တာဝန်ကို ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ စဉ်းစားမိတယ်။
တစ်လနှစ်လလောက်အကြာမှာ ကျွန်တော့်မိဘတွေကို ပြောပြလိုက်တယ်။ ကျွန်တော် လေ့လာနေတာတွေကို ဆက်မလုပ်တော့ဘူး၊ ပြီးတော့ ဘုရားရဲ့အမှုတော်ကလည်း အဆုံးသတ်တော့မယ်၊ ဒါကြောင့် ဘုရားရဲ့ကယ်တင်ခြင်းကို လူတွေအများကြီး လက်ခံနိုင်အောင်၊ ကျွန်တော်က ဧဝံဂေလိကို မြန်မြန်ဆန်ဆန် ဖြန့်ဝေရမယ်ပေါ့။ သူတို့က နားမလည်ကြဘူးဗျ။ ဒါပေမဲ့ ကျွန်တော်က ဘုရားကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဖို့ ဆုံးဖြတ်ထားပြီးပြီဆိုတာ မြင်တော့၊ အများကြီး ထပ်မပြောကြတော့ဘူး။ ကိုယ့်တာဝန်ကို ထမ်းရင်းနဲ့ ကျွန်တော် တဖြည်းဖြည်း နားလည်ခဲ့တယ်။ ကျွန်တော်တို့က ကိုယ့်တာဝန်တွေကို ထမ်းခြင်းအားဖြင့် သမ္မာတရားကို ပိုပြီး ရနိုင်တယ်၊ ပြီးတော့ သမ္မာတရားဆိုတာ ဘဝမှာ အဖိုးတန်ဆုံးအရာပါပဲ။ ကျွန်တော် ဒီနားလည်မှုကို ရသွားတဲ့အချိန်မှာ ကိုယ့်တာဝန်ကို ပိုပြီး ထမ်းချင်စိတ် ဖြစ်မိတယ်။ ကိုယ့်မိသားစုနဲ့ အနာဂတ်အတွက် ပူပန်တာတွေလည်း နည်းသထက် နည်းလာတယ်။ အရာရာတိုင်းကို ဘုရားရဲ့လက်ထဲမှာပဲ ထားဖို့၊ ဘုရား စီစဉ်ညွှန်ကြားတဲ့အတိုင်းပဲ ရှိစေဖို့ဆိုတာတွေကို သိလာတယ်။ အခုဆို ဘုရားရဲ့နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လူတွေအများကြီးဆီ ဘယ်လိုဖြန့်ဝေမလဲဆိုတာပဲ စဉ်းစားတယ်။ ဒါမှ စာတန်ရဲ့အုပ်စိုးမှုအောက်မှာ နေကြတဲ့၊ စာတန်ရဲ့လှည့်စား ဒုက္ခပေးတာကို ခံရတဲ့လူတွေအနေနဲ့၊ ဘုရားရဲ့အသံကို ကြားနိုင်မယ်၊ ဘုရားဆီ လှည့်ပြန်နိုင်မယ်၊ နောက်ဆုံးသောကာလမှာ ဘုရားရဲ့ကယ်တင်ခြင်းကို ရနိုင်ကြမယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။