ဘုရားနှုတ်ကပတ်တော်များက ဘဝ၌ ဦးတည်ချက်ကို ကျွန်ုပ်အား ပြပေးခဲ့

29.04.2024

ကျွန်မ ငယ်ငယ်ကတည်းက အမြဲ အမှတ်ကောင်းကောင်း ရခဲ့ပြီး၊ စာပေနဲ့ အနုပညာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်မရဲ့ ပညာရေး အချိန်ကာလတစ်လျှောက်လုံး အဆင်ပြေပြေ တိုးတက်ခဲ့တယ်လို့ ပြောလို့ရတယ်။ ကျွန်မရဲ့ တစ်မိသားစုလုံးက ကျွန်မထူးချွန်လာပြီး ကိုယ့်မိသားစုကို ဂုဏ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ သူတို့က မကြာခဏ ပြောကြတယ်။ “အသိပညာရှိတဲ့သူတွေက အလေးစားခံရတယ်၊ အထင်ကြီးခံရပြီး၊ သူတို့ကပဲ လူ့အဖွဲ့အစည်းမှာ အဆင့်အတန်းတစ်ခု ရကြတာ။ အသိပညာမရှိ၊ ပညာမတတ်တဲ့သူတွေကတော့ အထင်သေးခံရပြီး ဘယ်တော့မှ ခေါင်းမော့နိုင်မှာ မဟုတ်ဘူး”တဲ့။ ကျွန်မ မိဘရဲ့ အယူအဆတွေကို ကျွန်မ လုံးဝ လက်ခံခဲ့ပြီး၊ အဲဒီလိုနဲ့ပဲ၊ “အခြားသူများထက် ပို၍ ထင်ရှားပြီး သင်၏ ဘိုးဘေးများကို ဂုဏ်ဆောင်ပေးခြင်း” ဆိုတာက ကျွန်မ ကြိုးစားအားထုတ်တဲ့ ရည်မှန်းချက် ဖြစ်လာခဲ့တယ်။ ဒီရည်မှန်းချက်ကိုရဖို့၊ မနက်ကနေ ညထိ ကျွန်မ စာလေ့လာပြီး၊ ဘယ်လောက်ပဲ ပင်ပန်းပါစေ မဆုတ်မနစ်ကြိုးပမ်းခဲ့တယ်။ ကျွန်မ အားတဲ့အချိန်မှာတောင် ပိုလေ့လာဖို့ အွန်လိုင်းပေါ်တက်တယ်။ ဘယ်တော့မှ အတန်းမပျက်ဘူး၊ အတန်းနောက်မကျခဲ့သလို၊ ဆရာတွေရဲ့ သင်ကြားမှုတစ်ခုစီကို သေချာနားထောင်ခဲ့တယ်။ အတန်းပြီးသွားတော့၊ တခြားလူတွေ ထွက်ကစားကြပေမဲ့ ကျွန်မက အိမ်စာလုပ်ဖို့ အထဲမှာပဲနေခဲ့တယ်။ ကျွန်မရဲ့ အဖြေတွေကို သေချာစစ်ရင်းနဲ့ နောက်ဆုံးမှ အဖြေစာရွက်အပ်တဲ့သူတွေထဲက တစ်ယောက်အမြဲဖြစ်ခဲ့တယ်။ စာလေ့လာမှုကို အားထုတ်ရာမှာ၊ ပုံမှန်အချိန်တွေမှာ အစာမစားခဲ့ဘူး၊ ဘာလေ့ကျင့်ခန်းမှ မလုပ်ခဲ့ဘူး၊ မကြာခဏ အအိပ်နည်းခဲ့တယ်။ မမောနိုင်မပန်းနိုင် အားထုတ်မှုကတစ်ဆင့်၊ နောက်ဆုံးမှာ ကျွန်မ အိမ်မက်မက်ခဲ့ရတဲ့ ကျောင်းဖြစ်တဲ့ ချန်မိုင်းတက္ကသိုလ်ကို စာစစ်အောင်ခဲ့တယ်။ မိဘတွေ၊ သူငယ်ချင်းတွေနဲ့ ဆရာတွေက သတင်းကို ကြားတော့၊ ကျွန်မကို အားလုံးက လေးစားအားကျတဲ့ အကြည့်တွေနဲ့ ကြည့်ကြတယ်။ ကျွန်မ အရမ်းအရမ်းကို ပျော်ခဲ့တယ်။ နှစ်သက်စရာ၊ ထူးခြားတဲ့ ဘဝတစ်ခုရဲ့ အစကို ကျွန်မရောက်နေတယ်၊ ကျွန်မ ဘွဲယူတဲ့အချိန်မှာ ကုမ္ပဏီတွေအများကြီးက ကျွန်မကို ငှားဖို့ တန်းစီနေမှာ၊ ကျွန်မ အောင်မြင်ပြီး သူများတွေထက် ထင်ပေါ်မှာပဲလို့ တွေးခဲ့တယ်။ မမျှော်လင့်ဘဲ ကျွန်မအမေက ကင်ဆာရပြီး နောက်ဆုံးအဆင့်လို့ ဆေးစစ်ချက်အဖြေထွက်တယ်။ သူမှာ အချိန်နည်းနည်းပဲ ကျန်တော့တယ်လို့ ဆရာဝန်တွေက ပြောတယ်။ သတင်းက ရုတ်တရက် မိုးကြိုးပစ်ချလိုက်သလိုဖြစ်ပြီး ကျွန်မက လုံးဝ စိတ်ထိခိုက်သွားတယ်။ ကျွန်မ စီစဉ်ခဲ့သမျှအားလုံး တစ်စစီ ပြိုကွဲသွားသလို ထင်ရတယ်။ အနာဂတ်မှာ ထင်ပေါ်တဲ့သူတစ်ယောက် ဖြစ်လာနိုင်အောင်၊ အနာဂတ်မှာ ကျွန်မအမေကို ထောက်ပံ့နိုင်မဲ့နည်းလမ်းရှိပြီး သူဂုဏ်ယူအောင်လုပ်နိုင်ဖို့ ကျောင်းမှာ ကျွန်မ အရမ်းကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မဘွဲ့မရခင်မှာပဲ အမေက ကင်ဆာရသွားခဲ့တယ်။ ကျွန်မ အရမ်း စိတ်ဓာတ်ကျသွားခဲ့တယ်။ အိမ်ပြန်ပြီး ကျွန်မအမေကို စောင့်ရှောက်ချင်ခဲ့ပေမဲ့၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ဖို့ ကျွန်မ ဘယ်လောက် အလုပ်ကြိုးစားခဲ့တယ်ဆိုတာနဲ့ နှစ်ချီ ကျွန်မအားထုတ်ခဲ့သမျှအတွက် ပြစရာတစ်ခုခု ရှိသင့်တယ်ဆိုတာကို တွေးမိတယ်။ ကျွန်မအမေကို စောင့်ရှောက်ဖို့ ကျောင်းတက်တာကို စွန့်လွှတ်လိုက်ရင်၊ ကျွန်မရဲ့ ကြိုးစားမှုအားလုံးက အချည်းနှီးဖြစ်သွားမှာ မဟုတ်လား။ ကျွန်မ အရမ်း ဒွိဟဖြစ်ပြီး၊ ဘယ်လိုဆက်လုပ်ရမှန်း မသိခဲ့ဘူး။ တစ်ကြိမ်မှာ၊ ကျွန်မအမေက ဖုန်းဆက်ပြီး ပြောတယ်။ “သမီး ဘွဲ့ယူတဲ့အထိ အမေခံမယ် မထင်ဘူး။ ဒါပေမဲ့ သမီးရဲ့ကိုယ်ပိုင်အနာဂတ်အတွက် ကျောင်းပြီးအောင်တက်ပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ဆက်နေထိုင်သွားရမယ်၊ အဲဒီအခါကျရင် ဘာနောင်တမှမရှိဘဲ အမေ သေလို့ရပြီ”တဲ့။ အမေ့ရဲ့နားသွင်းဖျောင်းဖျမှုကို ခံရပြီးနောက်မှာတော့ သူ့ကို စောင့်ရှောက်ဖို့ အိမ်မပြန်တော့ဘဲ ကိုယ့်ပညာရေးကို ဆက်လိုက်စားခဲ့တယ်။ အဲဒီနောက် သိပ်မကြာဘူး၊ ကျွန်မအမေ ဆုံးသွားတယ်။ ကျွန်မအမေကို သတိရခြင်းတွေနဲ့ ကျွန်မ လောင်မြိုက်ခဲ့ပြီး၊ သူ ကျွန်မကို ပေးခဲ့တဲ့ တာဝန်အကြောင်းပဲ ကျွန်မတွေးနိုင်တော့တယ်။ စာကြိုးစားပြီး အောင်မြင်အောင်လုပ်ဖို့၊ ကျွန်မအမေရဲ့ မျှော်လင့်ချက်တွေအတိုင်း ဖြစ်မြောက်လာစေဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။

ပထမတော့ တက္ကသိုလ်မှာ ကျွန်မဘဝကို နေသားကျအောင် လုပ်နိုင်ခဲ့ပေမဲ့၊ နောက်ဆုံးမှာ အဲဒီက ဘဝဟာ ခြောက်သွေ့ပြီး ငြီးငွေ့စရာဖြစ်မှန်း၊ ကျွန်မ စိတ်ကူးခဲ့တဲ့ ပုံစံလို မဟုတ်မှန်း ကျွန်မ မြင်လာခဲ့တယ်။ ဆန့်ကျင်ဖက်အနေနဲ့၊ ကျောင်းမှာ ဘဝက ယှဉ်ပြိုင်မှုနဲ့ ပြည့်နေခဲ့တယ်။ ကျောင်းသားတွေက သူတို့မိသားစုနောက်ခံတွေအလိုက် အုပ်စုတွေ ဖွဲ့ကြပြီး စနောက်တာ၊ လှောင်ပြောင်တာတွေ အများကြီးပဲ။ တချို့ဆရာတွေဆို အမှတ်ကောင်းတဲ့၊ မိသားစုနောက်ခံကောင်းတဲ့ ကျောင်းသားတွေနဲ့ပေါင်းပြီး အမှတ်မကောင်းတဲ့၊ ဆင်းရဲတဲ့မိသားစုအခံရှိတဲ့ ကျောင်းသားတွေကို စနောက်တာတွေတောင် ရှိတယ်။ ဒါနဲ့ပဲ နဂိုတည်းက သိမ်ငယ်နေတဲ့ ကျောင်းသားတွေက ပိုလို့တောင် သိမ်ငယ်သွားတယ်။ တချို့ကျောင်းသားတွေဆိုရင် ကျောင်းပြောင်းသွားကြတယ်၊ ဒါမှမဟုတ် ကျောင်းထွက်သွားကြတယ်။ အဲဒီက အခြေအနေကို ကျွန်မ လုံးဝ စက်ဆုပ်မိတယ်။ ဒါပေမဲ့ အသိအမှတ်ပြုခံရအောင်လုပ်ဖို့၊ အမှတ်ကောင်းကောင်းရအောင် ကိုယ့်ရဲ့ ပညာရေးမှာ ခေါင်းမာမာနဲ့ အဆုတ်မနစ်လုပ်ခဲ့တယ်။ ကြိုးစားမှုကြောင့်၊ ကျောင်းမှာရော၊ ကျွန်မရဲ့ အသက်မွေးမှု လုပ်ငန်းမှာပါ ကောင်းတဲ့ အမှတ်တွေနဲ့ ရလဒ်တွေ ရခဲ့တယ်။ စာညံ့တဲ့ အတန်းဖော်အားလုံးက ကျွန်မကို အထင်ကြီးကြပြီး၊ သူတို့ရဲ့ ပညာရေးမှာ အတုယူရမဲ့ စံပြတစ်ယောက်အနေနဲ့ သဘောထားခဲ့ကြတယ်။ ကျွန်မ လိုချင်ခဲ့တဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရခဲ့ပေမဲ့ စိတ်ထဲမှာ ဟာတာတာဖြစ်နေခဲ့ပြီး၊ အဲဒီဘဝနေထိုင်မှုပုံစံကို ကျွန်မ တဖြည်းဖြည်း ငြီးငွေ့၊ စိတ်ကုန်လာခဲ့တယ်။ ဘာလို့ လူတွေအဲဒီလို အသက်ရှင်ချင်ကြလဲ နားမလည်ခဲ့ဘူး။ အသိပညာကို လေ့လာပြီးတော့ ကျွန်မ ထင်ပေါ်နိုင်မယ်၊ ပျော်ရွှင်မှု ရပြီး၊ ကိုယ် အသက်ရှင်ချင်တဲ့ဘဝကို နေထိုင်နိုင်မယ်လို့ ကျွန်မ တွေးခဲ့တာ။ ဒီတော့ အဲဒီဘဝကို ကျွန်မ ရှာဖွေလေ ဟာတာတာနဲ့ မချိတင်ကဲခံစားရလေ ဘာလို့ ဖြစ်ခဲ့တာလဲ။ တစ်ခါတလေ ကျွန်မ တွေးမိတယ်။ ဘဝရဲ့ ရည်ရွယ်ချက်က အောင်မြင်တဲ့ခံစားချက်ကို တွေ့ကြုံခံစားဖို့ အလုပ်တွေလုပ်၊ နောက်ဆုံးတော့ သေရတာမျိုးလား။ ကိုယ့်အုတ်ဂူတွေကို ဘာမှယူမသွားကြဘဲ ပြစရာ အားထုတ်မှုလည်း တစ်ခုမှ မရှိပုံထောက်ရင် ဒီအရာအားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ။ ပိုအဓိပ္ပာယ်ရှိတဲ့ အသက်ရှင်နေထိုင်မှု နည်းလမ်းတွေ မရှိဘူးလားပေါ့။

တစ်နေ ဖေ့စ်ဘုတ်မှာ ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ အဲဒီပို့စ်ကို လိုက်ခ်ပေးပြီး မှတ်ချက်တစ်ခုချန်ထားပြီးတဲ့နောက်မှာ ကျွန်မကို ဘာသာရေး ယုံကြည်မှုအကြောင်း စပြီး စကားစမြည်ပြောဆိုတဲ့သူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ သူက ခရစ်ယာန်တစ်ယောက်ဖြစ်ရမယ်လို့ ကျွန်မ သိလိုက်တယ်။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းအမှုနဲ့ ဆိုင်တဲ့ ဧဝံဂေလိကို ကျွန်မဆီ ဖြန့်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အများကြီးကို ကျွန်မ ဖတ်ပြီး လူ့ဘဝရဲ့ အရင်းအမြစ်၊ လူ့ရဲ့ ဆင်းရဲဒုက္ခ ရင်းမြစ်နဲ့ လူသားမျိုးနွယ်ကို စာတန်က ဖောက်ပြန်ပျက်စီးစေတဲ့ နည်းစနစ်တွေ၊ စတာတွေအပါအဝင်၊ အရင်က မသိခဲ့တဲ့ သမ္မာတရား အတော်များများကို သိလာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အသက်သမ္မာတရား ဆာငတ်မှုကို ပြေစေတယ်။ ကျောင်းမှာ ဒီသမ္မာတရား တစ်ခုမှ ကျွန်မ မကြားဖူးခဲ့ဘူးလေ။ အဲဒီနောက်တော့၊ ဖေ့စ်ဘုတ်မှာ ဒီကျမ်းပိုဒ်ကို အမှတ်တမဲ့ ကျွန်မ တွေ့တယ်။ “လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကို ကျွန်မ ဖတ်ပြီးတော့၊ သဘောပေါက်သွားတယ်။ လူတွေရဲ့ စိတ်နှလုံးက ဘုရားအတွက် နေရာမချန်ထားဘဲ သိပ္ပံအတတ်၊ အသိပညာနဲ့ ပြည့်နေလို့၊ သူတို့က အရမ်းကို အနှစ်မဲ့လာကြတယ်ဆိုတာပေါ့။ ဒါကြောင့် ဘဝ ရည်ရွယ်ချက်က ဘာဖြစ်တယ်၊ ဘဝမှာ ဘာတန်ဖိုးရှိပြီး ဘာက ဘဝရဲ့ အဓိပ္ပာယ်ဖြစ်တယ်ဆိုတာကို သူတို့ စစ်ဆေးဖို့ ကြိုးစားကြပေမဲ့၊ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ သိပ္ပံအတတ်နဲ့ အသိပညာကို အသုံးပြုဖို့ ကြိုးစားလေ၊ စစ်မှန်တဲ့ အဖြေရတာ နည်းလေပဲ။ ဒီအသိက လူတွေကို ယာယီ နှစ်သိမ်မှုပေးတဲ့ ခံစားချက်ကိုပဲ ပေးတယ်။ ဘာလို့လဲဆိုတော့ သိပ္ပံအတတ်နဲ့ အသိပညာတွေက သမ္မာတရား မဟုတ်တဲ့အပြင် ဘဝကို စစ်မှန်တဲ့ အထောက်အပံ့ မပေးနိုင်လို့ပဲ။ အရင်က တစ်ယောက်ယောက် အသိနှံ့စပ်လေ၊ ဘဝကို သူတို့ ပိုထိုးထွင်းအမြင်ရှိလေဖြစ်ပြီး၊ ကိစ္စတွေနဲ့ပတ်သက်လို့ သဘောပေါက်နားလည်မှု ပိုရှိလေဖြစ်မှာဖြစ်ပြီး၊ အသိပညာရှာတဲ့သူတွေက အထင်ကြီးခံရတာကြောင့်၊ တန်ဖိုးရှိတဲ့ ဘဝကို အသက်ရှင်ပြီး၊ ပျော်ရွှင်မှု ပိုရနိုင်တယ်လို့ ကျွန်မ အမြဲ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အသိပညာအများကြီး လေ့လာပြီးတဲ့နောက်မှာ၊ ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ လူက ဘယ်ကနေ ဖြစ်လာတယ်၊ သူ့ရဲ့ ခရီးပန်းတိုင်က ဘာဖြစ်တယ်ဆိုတာကို ကျွန်မ မသိသေးသလို၊ ကျွန်မ ရှာခဲ့တဲ့ ပျော်ရွှင်မှုကို မရသေးဘူး။ ကျွန်မရဲ့ စာမေးပွဲတွေမှာ အမှတ်ကောင်းကောင်းတွေ ရတဲ့အချိန် အတန်းထဲမှာ အဆင့်ပထမရပြီး အားလုံးရဲ့ လေးစားတာခံရချိန်မှာတောင်၊ ကျွန်မက အနှစ်မဲ့သလို ခံစားရပြီး စိတ်ထဲမှာ မချိတင်ကဲဖြစ်နေတယ်။ ကျွန်မရင်ဆိုင်ရတဲ့ အခက်အခဲတွေကလည်း ပြေလည်မသွားသေးဘူး။ တခြား တက္ကသိုလ်ကျောင်းသားတွေက သူတို့ရဲ့ အနှစ်မဲ့တာကို စျေးဝယ်ထွက်တာ၊ ကာရာအိုကေဆိုတာ၊ ဘားတွေကို သွားတာအပြင်၊ နာမည်ကျော် အဆိုတော်တွေ ကျင်းပတဲ့ ဂီတဖြေဖျော်ပွဲတွေ တက်တာတွေနဲ့ ဖြည့်ဆည်းကြပုံကို မြင်ခဲ့တယ်။ ပထမတော့၊ သူတို့နဲ့ ဒီရေပန်းစားမှုတွေကို ရှာဖွေတုန်းမှာ ကျွန်မလည်း ပျော်ခဲ့ရပေမဲ့၊ နောက်မှာတော့ ပိုလို့တောင် အနှစ်မဲ့တယ်လို့ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှပဲ ကျွန်မ သဘောပေါက်သွားတယ်။ လူ့ရဲ့ ဝိညာဉ်ရေးရာ အနှစ်မဲ့မှုအတွက် အကြောင်းရင်းက သူ့ရဲ့ သိပ္ပံအတတ်နဲ့ အသိပညာ လိုက်စားမှုဖြစ်နေတာပဲ။ လူတွေကို သိပ္ပံအတတ်နဲ့ အသိပညာတွေက လူကို ဘုရားဖန်ဆင်းခဲ့တယ်ဆိုတာကို ငြင်းအောင် သွေးဆောင်တယ်။ ဘုရားဆီကနေ သူတို့လာမှန်းကို သူတို့ မသိကြ၊ မသိမှတ်ကြရုံမက၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့ အမှုတော်က ဒဏ္ဍာရီ၊ ယုံတမ်းစကားတွေသာ ဖြစ်တယ်လို့လည်း မှတ်ချက်ချကြတယ်။ အဲဒီလိုနဲ့၊ လူတွေရဲ့ နှလုံးသားတွေထဲမှာ ဘုရားက နေရာဆုံးရှုံးပြီး၊ သူတို့က သူနဲ့ ပိုလို့ အလှမ်းဝေးသထက်ဝေးလာကြတယ်။ ဘုရားကိုလည်း မသိကြ၊ သူတို့စိတ်နှလုံးထဲမှာလည်း သူနဲ့ သူ့နှုတ်ကပတ်တော်တွေ မရှိမှတော့ အနှစ်မဲ့တာကို ဘယ်လိုလုပ်ပြီး မခံစားရဘဲနေနိုင်မှာလဲ။ ကျွန်မရဲ့ အသက်က ဘုရားဆီက လာတာပါ။ ကျွန်မဘဝမှာ ဖြစ်ပျက်သမျှက ဘုရားရဲ့ အစီအစဉ်တွေကနေ အကျိုးဆက်ဖြစ်ပေါ်ခဲ့တာပါ။ အဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ ပိုကောင်းတဲ့ ကံကြမ္မာတစ်ခု ရှိဖို့ ကျွန်မ ဘုရားနောက်လိုက်ပြီး သူ့ကို ကိုးကွယ်ရမယ်။ အဲဒီနောက်မှာ၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပြီး၊ နောက်ဆုံးမှာ အိမ်ပြန်လာရသလိုမျိုး ခံစားခဲ့ရတယ်။

နောက်ပိုင်းမှာ၊ စုဝေးပွဲတွေကို အတန်ကြာ တက်ပြီးတဲ့နောက်၊ ဝိညာဉ်ရေးရာမှာ ပိုပိုပြီး စိတ်ကျေနပ်လာတယ်။ ပိုစိတ်ချမ်းသာလာပြီး ငြိမ်သက်၊ ဝမ်းမြောက်ခဲ့ရတယ်။ တစ်ခါတော့ စုဝေးပွဲပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆက်ဖတ်ချင်နေတုန်းပဲ။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော် စာအုပ်တွေရှာဖို့ နိုင်ငံတော်သက်ဆင်းကြွရောက်ခြင်း၏ ဧဝံဂေလိတရားတော်ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားခဲ့တယ်။ အဲဒီဝက်ဘ်ဆိုက်မှာ၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပုံကို ဖော်ပြတဲ့ စာတစ်ပိုဒ်တွေ့ခဲ့တယ်။ “လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့၏ ဆွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။ လူအချို့က အသိပညာ သင်ယူခြင်း ဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကျမကျန်စေရန်အတွက်၊ စာအုပ်များ ဖတ်ခြင်း သို့မဟုတ် ၎င်းတို့ မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုဟု ဆိုကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်အတွက် သို့မဟုတ် အခြေခံ လိုအပ်မှုများကို ထောက်ပံ့ရန် ၎င်းတို့ ထမင်းစားပွဲတွင် စားစရာရှိနေရန်အတွက်သာ အသိပညာကို သင်ယူခြင်း ဖြစ်သည်ဟု ပြောကြလိမ့်မည်။ အခြေခံ လိုအပ်ချက်များ သက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန် သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်း လေ့လာ သင်ယူသည့် လူတစ်ဦးတလေ ရှိပါသလော။ ဤကဲ့သို့သောလူမျိုး တစ်ဦးမျှမရှိပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ဤနှစ်များအားလုံးအတွက် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခခံပါသနည်း။ ဤသည်မှာ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့သည် သူ့ကို လက်ယပ်ခေါ်လျက်၊ အဝေးတွင် စောင့်ကြို နေကြ၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင် လုံ့လဝီရိယ၊ အခက်အခဲများနှင့် ရုန်းကန်မှုများအားဖြင့်သာ ၎င်းတို့ကို ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ကို ရရှိဖို့ ဦးဆောင်မည့် လမ်းကို လိုက်နိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူသည် သူကိုယ်တိုင်၏ အနာဂတ် လမ်းကြောင်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်နှင့် ပို၍ကောင်းမွန်သော ဘဝတစ်ခုကို ရရှိဖို့ ဤသို့သော အခက်အခဲများကို ဒုက္ခခံရပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ လူတွေဟာ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ရှာဖွေခြင်းရဲ့ ချည်နှောင်တာကို ခံနေရမှန်း တွေ့ခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာက လူ့ရဲ့ အရင်းခံအကြောင်းနဲ့ ဘဝ ရည်မှန်းချက်ဖြစ်တယ်လို့ သူတို့ ယုံကြတယ်။ ဒါက မှားတဲ့ လမ်းကြောင်းမှန်း သူတို့ မသိကြသလို၊ အဲဒီကနေ ချိုးဖျက်လွတ်မြောက်ဖို့ သတ္တိနဲ့ အစွမ်းအစ မရှိကြဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် ဘဝရည်မှန်းချက်က ထင်ပေါ်ဖို့နဲ့ ဘိုးဘေးတွေအတွက် ဂုဏ်ဆောင်ဖို့ဖြစ်ပုံ၊ အဲဒီလိုရည်မှန်းချက်တွေ ပြည့်ဝတဲ့သူတွေက ဘဝမှာ အောင်မြင်တဲ့သူတွေပဲလို့ တွေးခဲ့ပုံတွေကို စဉ်းစားမိတယ်။ ကျွန်မ ကျောင်းတက်တုန်းက ကျွန်မထဲကို ဒီအယူအဆတွေ သွတ်သွင်းခံခဲ့ရတာပါ။ ကျွန်မရဲ့ ရည်မှန်းချက်တွေပြည့်ဖို့၊ ပညာရေးထဲ နှစ်ချီ ကျွန်မကိုယ်ကျွန်မ မြှုပ်နှံခဲ့တယ်။ အသိပညာကို လေ့လာပြီး၊ အဆင့်မြင့် ဘွဲ့တစ်ခုကို ရဖို့လိုက်စားခဲ့တယ်။ အဲဒါမှ နောက်ဆုံးမှာ အလုပ်ကောင်းတစ်ခု ရမှာ၊ ကောင်မွန်တဲ့ ဘဝကို နေထိုင်ပြီး၊ ပိုကောင်းတဲ့ နေထိုင်မှု အဆင့်အတန်းတစ်ခု မွေ့လျော်ခံစားရမှာလေ။ ကျွန်မအမေရဲ့ ရွတ်နေကျစကားတစ်ခွန်းရဲ့ လွှမ်းမိုးတာကို အထူးသဖြင့် ခံခဲ့ရတယ်။ “အသာစံဖို့အတွက် အနာခံရမယ်”ဆိုတာပေါ့။ ထင်ပေါ်ပြီး အသာစံရဖို့ ကျွန်မ ကြိုးပမ်းပြီး အခက်အခဲတွေ သည်းခံရမယ်၊ ပြီးတော့ အခက်အခဲအားလုံးက သည်းခံရကျိုးနပ်မယ်ဆိုတာကို ကျွန်မ ယုံကြည်ခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားရာမှာ၊ အပြင်လောကကို ကျွန်မ အာရုံမစိုက်ခဲ့ဘူး၊ ကျွန်မရဲ့ ပညာရေးမှာပဲ လုံးဝ စိတ်နှစ်ထားခဲ့ပြီး ကျွန်မအမေ သေလုမတတ် နေမကောင်းဖြစ်တဲ့ အချိန်မှာတောင်၊ သူ့ကိုစောင့်ရှောက်ဖို့ ကျောင်းမပျက်ခဲ့ဘူး။ အဲဒီလိုလုပ်တာက ကျွန်မရဲ့ ပညာရေးကို ထိခိုက်မှာ စိုးရိမ်နေခဲ့တယ်။ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားရင်းနဲ့ ဆယ်နှစ်ကျော် အချိန်ကုန်ခဲ့ပြီး၊ အဲဒီလိုလုပ်တာ တန်ရောတန်ရဲ့လားဆိုတာကို တစ်ခါမှ ခဏတဖြုတ်လေးတောင် မစဉ်းစားခဲ့ဘူး။ သက်တူရွယ်သူတွေရဲ့ လေးစား၊ အားကျမှုကို ရခဲ့ပေမဲ့ တကယ် မပျော်ခဲ့ဘူး။ ပိုလို့တောင်ဆိုးသွားတာက ကျွန်မက ပိုတစ်ကောင်းဆန်၊ မာနထောင်လွှားပြီး သူများတွေကို ချိုးနှိမ်တတ်လာတာပဲ။ အထူးသဖြင့် အသက်မွေးဝမ်းကျောင်းကိစ္စပဲ စိတ်ဝင်စားတဲ့ သာမန်လူတွေဆို အထင်သေးခဲ့တယ်။ အပြင်ပန်းအားဖြင့်၊ အဲဒီလို ခံစားချက်မျိုး မဖော်ပြပေမဲ့ စိတ်ထဲမှာတော့ သူတို့ကို ချိုးနှိမ်ခဲ့တယ်။ မှားယွင်းတဲ့ လမ်းကြောင်းကို ကျွန်မ လျှောက်နေခဲ့ပြီး အချိန်အများကြီး ဖြုန်းခဲ့မိမှန်း သိခဲ့တယ်။ နောက်ဆုံးမှာ၊ ပျော်ရွှင်တဲ့ ဘဝနဲ့ ကိုယ်စိတ်ကူးခဲ့တဲ့ တန်ဖိုးကို ကျွန်မ မရနိုင်ခဲ့ဘူး။ ဘုရားရဲ့ ထုတ်ဖော်ပြမှုကတစ်ဆင့် ဒါကို ကျွန်မ သဘောပေါက်ခဲ့တယ်။ စာတန်က လူတွေကို စုံစမ်းသွေးဆောင်ပြီး ဖောက်ပြန်ပျက်စီးစေဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ် အသုံးပြုတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရှာတာက ဆင်းရဲဒုက္ခခံရတဲ့ ဘဝကို ဆိုက်ရောက်စေပြီး ကျွန်မမှာလည်း ဘာမှမကျန်ခဲ့ဘူး။ စာတန်ရဲ့လှည့်စားတဲ့အကွက်ကို ကျွန်မ ယုံခဲ့တာ မဟုတ်လား။ လမ်းကြောင်းအမှားပေါ်ကို ကျွန်မ လျှောက်နေမှန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတို့ကို လိုက်စားမဲ့အစား ဘုရားနောက်လိုက်ပြီး သမ္မာတရားကို လိုက်စားတဲ့ လမ်းကြောင်း လျှောက်သင့်မှန်း သိခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ အရမ်းကြိုးစားခဲ့ပုံ၊ လူ့အဖွဲ့အစည်းမှာ လေးစားမှုရမဲ့ ဘွဲ့ရပြီး အဆင့်မြင့်ဘွဲ့ယူဖို့ ခြေတစ်လှမ်းအကွာပဲ ကျန်တော့တဲ့ပုံကိုလည်း ကျွန်မတွေးမိခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျွန်မ အလုပ်သွားတဲ့အခါ၊ ဘယ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာလို့ ကျွန်မ ပြောနိုင်မှာဖြစ်ပြီး၊ ဂုဏ်သိက္ခာရှိရှိ နေနိုင်မှာလေ။ ကျွန်မရဲ့ ပညာရေးကို စွန့်ဖို့ ယုံကြည်စိတ်ချမှု မရှိခဲ့သလို၊ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေကို လိုက်စားချင်ခဲ့တယ်။

ကျွန်မတာဝန်ကို ထမ်းဆောင်နေတုန်း တစ်ကြိမ်မှာ၊ အနာဂတ်အတွက် ကျွန်မရဲ့ အစီအစဉ်တွေက ဘာလဲလို့ ညီအစ်မတစ်ယောက်က မေးတယ်။ ကျွန်မ ပြောလိုက်တယ်။ “မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေကို ကျွန်မ လိုက်စားချင်ပေမဲ့၊ သံသယတချို့ ရှိနေတယ်။ အဆင့်မြင့် ပညာရေးကို ကျွန်မ လိုက်စားရင်၊ ပညာရေးနဲ့ပတ်သက်လို့ ကျွန်မ ပိုပြီးအချိန် ကုန်ရမှာဖြစ်သလို၊ ကျွန်မတာဝန်ကိုလုပ်ဖို့ အချိန်နည်းသွားမှာလေ။ ဒီပညာရေးတွေကို လိုက်စားတာက မှန်တဲ့အလုပ်တစ်ခု ဟုတ်မဟုတ်ကို သိဖို့ ကျွန်မ ကြိုးစားနေတယ်” လို့ပေါ့။ ကျွန်မရဲ့ ညီအစ်မက ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ပြတယ်။ “ပေတရုသည် သာမန် ယုဒလူမျိုး လယ်လုပ်သည့် အိမ်ထောင်စုတစ်စုထဲတွင် မွေးဖွားခဲ့၏။ သူ၏မိဘများက တစ်မိသားစုလုံးကို လယ်လုပ်ခြင်းဖြင့် ထောက်ပံ့ခဲ့ကြပြီး၊ သူသည် ညီအစ်ကိုမောင်နှမ လေးဦးရှိပြီး သားသမီးများထဲတွင် အကြီးဆုံးဖြစ်ခဲ့သည်။ ဤသည်မှာ ငါတို့ဇာတ်လမ်း၏ အဓိကအပိုင်း မဟုတ်သည်မှာ မှန်ပေ၏။ ပေတရုသည် ငါတို့၏ အဓိကဇာတ်ကောင်ဖြစ်သည်။ ပေတရုသည် အသက်ငါးနှစ်အရွယ် ရှိသည့်အချိန်တွင် သူ၏မိဘများက သူ့ကို စာဖတ်ခြင်းကို စတင်သင်ကြား ပေးခဲ့ကြသည်။ ထိုအချိန်က ယုဒလူမျိုးများသည် အတော်အတန် စာပေကျမ်းဂန် နှံ့စပ်ကြပြီး စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုကဲ့သို့သော နယ်ပယ်များတွင် အထူးတလည် ခေတ်ရှေ့ပြေးခဲ့ကြသည်။ ၎င်းတို့ လူမှုပတ်ဝန်းကျင်၏ အကျိုးဆက်အနေဖြင့် ပေတရု၏ မိဘနှစ်ပါးလုံးသည် အဆင့်မြင့်ပညာရေးကို ရရှိခဲ့ကြသည်။ ကျေးလက်ဒေသမှ ဖြစ်သော်ငြားလည်း ၎င်းတို့သည် ပညာကောင်းစွာတတ်မြောက်ခဲ့ကြပြီး ယနေ့ခေတ်၏ ပုံမှန်အဆင့်ရှိသော တက္ကသိုလ်ကျောင်းသားများနှင့် နှိုင်းယှဉ်၍ ရနိုင်ပေသည်။ ပေတရုသည် ထိုသို့သော အသာစီးရသည့် လူမှုရေး အခြေအနေများထဲတွင် မွေးဖွားခဲ့ရသဖြင့် ကောင်းချီးခံစားရသည်မှာ သိသိသာသာပင်ဖြစ်သည်။ သူသည် ကျွမ်းကျင်ပြီး အကင်းပါးကာ၊ စိတ်ကူးသစ်များကို မဆိုင်းမတွ လက်သင့်ခံတတ်သည်။ သူ၏ ပညာသင်ကြားမှုများကို စတင်ပြီးသည့်နောက် စသင်ချိန်များအတွင်း၌ သူသည် အကြောင်းအရာများကို အလွန်လွယ်ကူစွာ သဘောပေါက်နားလည်ခဲ့သည်။ ထိုသို့ ထက်မြက်သော သားတစ်ဦးရှိသည့်အတွက် သူ၏မိဘများက ဂုဏ်ယူခဲ့ကြပြီး သူသည် ထင်ရှားကျော်ကြားမှုရအောင် လုပ်ဆောင်နိုင်ပြီး လူမှုအဖွဲ့အစည်းတွင် တရားဝင် ရာထူးတစ်မျိုးမျိုးကို ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း သူ့ကို ပညာသင်ကြားခွင့်ပေးဖို့ တတ်နိုင်သမျှ အားထုတ်ခဲ့ကြသည်။ ပေတရုသည် မသိလိုက်ဘဲနှင့် ဘုရားသခင်ကို စိတ်ဝင်စားလာခဲ့သည်၊ အကျိုးဆက်အနေဖြင့် သူ အထက်တန်းကျောင်း ရောက်သည့်အချိန် ဆယ့်လေးနှစ်အရွယ်တွင် အထူးသဖြင့် ရှေးခေတ်ဂရိသမိုင်းထဲက စိတ်ကူးယဉ်လူများနှင့် ဖန်တီးထားသည့် ဖြစ်ရပ်များနှင့် စပ်လျဉ်း၍ သူလေ့လာသင်ယူနေသည့် ရှေးဟောင်းဂရိယဉ်ကျေးမှုနှင့်ဆိုင်သော သင်ရိုးညွှန်းတမ်းကို မနှစ်သက်တော့ပေ။ ထိုအချိန်မှစ၍ သူ၏ လူငယ်ဘဝ၏ အထွတ်အထိပ်ချိန်ဝင်ရောက်ရုံရှိသည့် ပေတရုသည် လူ့ဘဝနှင့် ပိုမိုကျယ်ပြန့်သော ကမ္ဘာလောက အကြောင်းကို ပို၍ရှာတွေ့ဖို့ စတင်ကြိုးစားခဲ့သည်။ လူအားလုံးသည် မိမိကိုယ်ကိုယ် လှည့်စားသည့် အခြေအနေတစ်ရပ်၌ အသက်ရှင်နေခဲ့ကြကြောင်း၊ သူတို့သည် ချမ်းသာကြွယ်ဝမှုနှင့် အသိအမှတ် ပြုခံရခြင်းတို့အတွက် ၎င်းတို့၏ ရုန်းကန်မှုတွင် မိမိတို့၏ ကိုယ်ပိုင်ဘဝများကို ပျက်စီးစေရင်း အဓိပ္ပါယ်မဲ့သော အသက်တာများ၌ အသက်ရှင်နေခဲ့ကြကြောင်းကို သူ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့သောကြောင့် သူ၏မိဘများ၏ ကြိုးပမ်းမှုများကို ပြန်ကျေးဇူးဆပ်ဖို့ရန် သူ၏ အသိစိတ်က မလှုံ့ဆော်ခဲ့ပေ။ သူ၏ ထိုးထွင်းသိမြင်မှုမှာ သူနေထိုင်သည့် လူမှုပတ်ဝန်းကျင်နှင့် အဓိကအားဖြင့် ပတ်သက်ခဲ့သည်။ လူတို့သည် အသိပညာ ပိုရှိလေ၊ ၎င်းတို့၏ လူလူချင်း ဆက်ဆံရေးများနှင့် အတွင်းပိုင်းလောကများက ပို၍ရှုပ်ထွေးလေဖြစ်သောကြောင့် ၎င်းတို့သည် ဟာတာတာဖြစ်ခြင်း၌ အသက်ရှင်လေဖြစ်ကြသည်။ ဤအခြေအနေများတွင်၊ ပေတရုသည် ဘာသာရေး ပုဂ္ဂိုလ်များထံ အများဆုံးအနေဖြင့် အလည်အပတ်များကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရင်း သူ၏ အားလပ်ချိန်ကို အသုံးပြုခဲ့သည်။ သူ၏ စိတ်နှလုံးထဲတွင်၊ ဘာသာတရားသည် လူ့လောကထဲရှိ ပြောပြ၍မရနိုင်သော အရာအားလုံးအတွက် အကြောင်းရင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟူသော မရေရာသည့် ခံစားချက် ရှိခဲ့ပုံရလေသည်၊ ထို့ကြောင့် သူသည် ဝတ်ပြုအစည်းအဝေးများတက်ရောက်ဖို့ အနီးအနားက တရားဇရပ်တစ်ခုသို့ မကြာခဏသွားခဲ့၏။ သူ၏မိဘများက ဤအရာကို မသိခဲ့ကြချေ၊ ပြီးလျှင် မကြာမီတွင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ပညာအရည်အသွေး အမြဲကောင်းမွန်ခဲ့သူ ပေတရုသည် ကျောင်းသွားရသည်ကို စတင်မုန်းတီးလာခဲ့သည်။ သူ့ မိဘများ၏ ကြီးကြပ်မှုအောက်တွင် အထက်တန်းကျောင်းကို ပြီးရုံမျှပြီးခဲ့သည်။ သူသည် အသိပညာပင်လယ်မှ ကမ်းစပ်သို့ ကူးခပ်ရင်း အသက်ပြင်းပြင်း ရှူရှိုက်ခဲ့သည်။ ထိုအချိန်မှစ၍ သူ့ကို မည်သူမျှ ပညာမပေးတော့ချေ သို့မဟုတ် သူ့ကို မချုပ်ချယ်တော့ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ ပေတရု၏ အသက်တာနှင့်ပတ်သက်၍)ပေတရုသည် သူ၏ ဘဝတစ်လျှောက်တွင် အသက်မွေးမှုအတွက် ငါးဖမ်းခဲ့သော်လည်း ယင်းထက်ပို၍ပင် ဟောပြောဖို့ အသက်ရှင်ခဲ့၏။ သူ၏ နောက်ပိုင်းနှစ်ကာလများတွင် သူသည် ရှင်ပေတရုသြဝါဒစာပထမနှင့် ဒုတိယစာစောင်များကိုသာမက ထိုအချိန်က ဖိလဒေလဖိအသင်းတော်ဆီသို့ ပေးစာအချို့ ရေးသားခဲ့သည်။ ဤခေတ်ကာလ လူတို့သည် သူ့အားဖြင့် အကြီးအကျယ် တို့ထိခြင်းခံခဲ့ကြရသည်။ မိမိ၏ကိုယ်ပိုင် အထောက်အထားစာများကို အသုံးပြုလျက် လူတို့ကို သြဝါဒပေးမည့်အစား သူသည် ၎င်းတို့အား သင့်တော်သော အသက်တာထောက်ပံ့မှုကို ပေးခဲ့သည်။ သူသည် ယေရှုမထွက်ခွာမီက သူ၏ သွန်သင်ချက်များကို လုံးဝမမေ့လျော့ခဲ့သည့်အပြင် ၎င်းတို့အားဖြင့် သူ၏ ဘဝတစ်လျှောက်လုံး စိတ်ဓာတ်တက်ကြွခဲ့ပေသည်။ ယေရှုနောက်လိုက်နေစဉ်တွင် သခင့်၏ ချစ်ခြင်းမေတ္တာကို သူ၏သေခြင်းဖြင့် ပြန်ပေးဆပ်ဖို့ရန်နှင့် အရာခပ်သိမ်း၌ ယေရှု၏စံနမူနာကို လိုက်လျှောက်ရန် သူသန္နိဋ္ဌာန်ပြုခဲ့သည်။ ဤအရာကို ယေရှုက သဘောတူခဲ့သောကြောင့် ပေတရု အသက် ၅၃ နှစ်အရွယ်တွင် (ယေရှုထွက်ခွာပြီးနောက် နှစ် ၂၀ ကျော်၌) သူ၏ ပြင်းပြသောဆန္ဒကို ကူညီဖြည့်ဆည်းပေးဖို့ သူ့ထံ ယေရှုပေါ်လာခဲ့သည်။ ယင်းနောက် ခုနှစ်နှစ်အကြာတွင် ပေတရုသည် မိမိကိုယ်ကိုယ်သိရှိရန်အတွက် မိမိ၏အသက်တာကို ကုန်ဆုံးစေခဲ့သည်။ တစ်နေ့တွင် ဤ ခုနှစ်နှစ်အဆုံး၌ သူသည် ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံခဲ့ရကာ၊ ထိုသို့ဖြင့် သူ၏ အံ့မခန်းသော ဘဝကို အဆုံးသတ်ခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ ပေတရု၏ အသက်တာနှင့်ပတ်သက်၍) ဒီကျမ်းပိုဒ်နှစ်ပိုဒ်ကို ကြားပြီးတဲ့နောက်မှာ ကျွန်မရဲ့ အခြေအနေက ပေတရုအနေနဲ့ ကျောင်းမှာ သူသင်ယူခဲ့တဲ့ အနှစ်မဲ့တဲ့ အသိပညာကို ငြီးငွေ့လာခဲ့တဲ့ အချိန်နဲ့ အများကြီး တူနေတာ တွေ့ရတယ်။ အသိပညာမှာ အသက်မရှိဘူးဆိုတာနဲ့ ကျောင်းနဲ့ လူ့အဖွဲ့အစည်းက သဘောကွဲလွဲမှု ပြည့်နေတယ်ဆိုတာကို သူသိခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ လေ့လာမှုတွေကို သူစွန့်ခွာခဲ့ပြီး၊ သမ္မာတရားနဲ့ အသက်ကို လိုက်စားတဲ့ ဘဝတစ်ခု အစပြုခဲ့တယ်။ ပေတရုက သူ့ရဲ့ ကျောင်းပညာရေးနဲ့ လူ့အဖွဲ့အစည်းကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ရှိခဲ့တာ၊ သူ့ကို တခြားလူတွေက ဘယ်လို ဝေဖန်မယ်ဆိုတာ လုံးဝ ဂရုမစိုက်ခဲ့တာ၊ သူ့ရဲ့ ချစ်ခင်တွယ်တာမှုတွေနဲ့ နွံအနစ်မခံဘဲ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်ရေးကိုယ်တာ ယုံကြည်မှုပဲ ရှိခဲ့ပြီး၊ လက်ရှိ ရေပန်းစားမှုတွေရဲ့ လွှမ်းမိုးတာ မခံခဲ့မှန်းကို ကျွန်မ မြင်ခဲ့တယ်။ အပြုသဘောဆောင်တဲ့ အရာတွေကို ရှာဖို့ လူအတော်များများ အသက်ရှင်ကြတဲ့ နည်းလမ်းဟောင်းတွေထဲ အသက်ရှင်ခြင်းကနေ အပြောင်းအလဲလုပ်ရလောက်အောင် သူ သတ္တိရှိခဲ့တယ်။ အဲဒီခေတ်မှာ ပေတရုက အဲဒီဆုံးဖြတ်ချက်မျိုး ချနိုင်တာက အတော့်ကို မယုံနိုင်စရာပဲလေ။ မယုံနိုင်လောက်တဲ့ ယုံကြည်ခြင်းပမာဏ လိုအပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအပေါ် အရမ်းသက်ရောက်မှုရှိခဲ့တယ်။ အပြင်ပန်းအားဖြင့်၊ ပေတရုက ဘာနာမည်ဂုဏ်သတင်း၊ အကျိုးအမြတ်မှ ရခဲ့ပုံမရနိုင်ပေမဲ့၊ ဘုရားရဲ့ ချီးကျူးတာကို သူ ရခဲ့ပြီးပြီ။ ကျွန်မ သဘောပေါက်လိုက်တယ်။ ပေတရုလိုမျိုး အဖန်ဆင်းခံတစ်ယောက်အနေနဲ့ သမ္မာတရားလိုက်စားပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်တာ၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်တာ၊ သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်တာနဲ့ ဘုရားကို သိပြီး ကျိုးနွံနာခံတာတွေဟာ တကယ် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝရဲ့ အရိပ်လက္ခဏာတွေပဲ။ ကျွန်မရဲ့ ပညာရေးတွေမှာ လုံ့လရှိတဲ့ အားထုတ်မှုတွေကို ကျွန်မ စဉ်းစားမိတယ်။ အထက်တန်းပြီးတဲ့နောက်၊ ကျွန်မ တက္ကသိုလ်တက်ပြီး အခု မဟာဘွဲ့လိုက်စားဖို့ စဉ်းစားနေတယ်။ ကျွန်မက ထင်ပေါ်ပြီး အသိအမှတ်ပြုခံရဖို့ သက်သက် ပိုမြင့်တဲ့ ရည်မှန်းချက်တွေ ချမှတ်နေခဲ့တာ မဟုတ်လား။ ဒါက အဓိပ္ပာယ်ရှိတဲ့ လိုက်စားမှုလား။ ကျွန်မအမေက ထင်ပေါ်ပြီး ထိပ်ကိုတက်ဖို့ ငယ်တဲ့အရွယ်ကနေ စာကြိုးစားခဲ့ပုံ၊ သူ့ရဲ့ အသက်မွေးမှုမှာ ဝီရိယရှိရှိ အလုပ်လုပ်ခဲ့ပြီး၊ အတိတ်က အခက်အခဲတွေအားလုံးကို အောင်မြင်လာပြီး နောက်ဆုံးမှာ သုံးဆယ်အရွယ်မှာ ထိပ်ဆုံးရောက်ခဲ့ပုံ၊ တိုးတက်တဲ့ ပစ္စည်းဥစ္စာ အခြေအနေတွေကို မွေ့လျော်ခံစားခဲ့ပြီး၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ တခြားလူတွေရဲ့ လေးစားမှု ရခဲ့ပုံတွေကို ကျွန်မ စဉ်းစားမိတယ်။ အပြင်ပန်းကနေ ကြည့်ရင်၊ သူက အတော်ဂုဏ်ယူစရာဖြစ်ပေမဲ့၊ နောက်ဆုံးမှာ၊ ကင်ဆာရပြီး ကွယ်လွန်သွားခဲ့တယ်။ သူ့ရဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က သူ့ကို နာမကျန်းဖြစ်ရာကနေ မကယ်နိုင်ခဲ့ဘူး။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရှာတာက တန်ဖိုး၊ အဓိပ္ပာယ်မရှိမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ နောက်ပိုင်းမှာ၊ ဘယ်လမ်းကြောင်း ရွေးသင့်တယ်ဆိုတာကို ပိုတောင် သဘောပေါက်သွားစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။...သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂))လူငယ်များသည် စံနမူနာများ၊ ရည်မှန်းချက်များနှင့် မိမိတို့ကိုယ်ကိုယ် သာ၍ ကောင်းမွန်စေဖို့ အားသန်သော စိတ်ဆန္ဒတစ်ခု မရှိဘဲ မနေသင့်ပေ။ ၎င်းတို့သည် မိမိတို့၏ အလားအလာများ နှင့်ပတ်သက်၍ စိတ်ပျက်အားမလျော့သင့်သကဲ့သို့ ဘဝမျှော်လင့်ချက် သို့မဟုတ် အနာဂတ်အတွက် စိတ်ချယုံကြည်မှုကိုလည်း မပျောက်ဆုံးသင့်ပေ။ ငါ့အတွက် ၎င်းတို့ဘဝတစ်ခုလုံးကို အသုံးခံဖို့ ၎င်းတို့၏ စိတ်ဆန္ဒကို အကောင်အထည်ဖော်ဖို့ရန်ဖြစ်သော ယခု ၎င်းတို့ ရွေးချယ်သည့် သမ္မာတရားလမ်းခရီးတစ်လျှောက် ရှေ့ဆက်ရန် ဇွဲလုံ့လရှိသင့်သည်။ ၎င်းတို့သည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကိုလည်း မသိုထားသင့်ပေ- မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ ၎င်းတို့သည် မျောပါသွားရုံသက်သက် မဖြစ်သင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။ လူငယ်တို့သည် ဒုက္ခဆင်းရဲခြင်းအား မိမိတို့ဘာသာ ကြိတ်မှိတ်လက်မခံသင့်ဘဲ ၎င်းတို့၏ညီအစ်ကို မောင်နှမများအတွက် ခွင့်လွှတ်ခြင်းစိတ်ဓာတ်ဖြင့် ပွင့်ပွင့်လင်းလင်း ရှိသင့်ပေသည်။ မှန်ပေသည်၊ ဤအရာများသည် လူတိုင်းအပေါ် ငါ၏သတ်မှတ်ချက်များနှင့် လူတိုင်းအတွက် ငါ၏အကြံပြုချက်ဖြစ်သည်။ သို့သော် ထို့ထက်ပင်ပို၍၊ ဤအရာများသည် လူငယ်အားလုံးအတွက် ငါ၏ နှစ်သိမ့်မှုပေးသော နှုတ်ကပတ်တော်များ ဖြစ်ကြသည်။ ငါ၏နှုတ်ကပတ်တော်များအတိုင်း သင်တို့ လက်တွေ့လုပ်ဆောင်သင့်ပေသည်။ အထူးသဖြင့် လူငယ်တို့သည် အကြောင်းကိစ္စများတွင် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးရန်နှင့် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။ သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ သင်တို့ အသက်တာအပေါ် သင်တို့ တာဝန်ယူသင့်ပြီး၊ ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။ လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကို တွေ့ဆုံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သကဲ့သို့၊ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးလည်း ရခဲလှပေသည်။ သင်တို့သည် ဤနှစ်လိုဖွယ်အချိန်ကို ယခုဘဝတွင် လိုက်စားရမည့် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အဘယ်ကြောင့် တန်ဖိုးမထားကြသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ) ဘုရားနှုတ်ကပတ်တော်က ဘဝအပေါ် သိနားလည်မှု အသစ်ပေးခဲ့တယ်။ လူက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရှာဖို့ အသက်မရှင်သင့်ဘဲ၊ ဘုရားကို ကိုးကွယ်သင့်တယ်၊ သမ္မာတရားကို လိုက်စားပြီး ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံသင့်တယ်။ ဒါက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဖြစ်စေတဲ့အရာပဲ။ အဖန်ဆင်းခံတွေအနေနဲ့၊ ကျွန်မတို့က ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ တခြားလူတွေရဲ့ လေးစားမှုကို ရရင်တောင်၊ ဘုရားကို မကိုးကွယ်ဘဲ၊ အဖန်ဆင်းခံအနေနဲ့ ကျွန်မတို့ တာဝန်တွေကို မဖြည့်ဆည်းရင်၊ အချည်းနှီး အသက်ရှင်မိကြမှာ။ ဘုရားနောက်လိုက်ဖို့၊ စွန့်လွှတ်မှုတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ လိုလားတယ်လို့ ပထမမှာ ကျွန်မ အခိုင်အမာ ပြောခဲ့ပေမဲ့၊ အဲဒါတွေတစ်ခုမှ တကယ် ကျွန်မ လက်တွေ့မလုပ်ခဲ့ဘူး။ ဇာတိရဲ့ ကိုယ်စိတ်ချမ်းသာမှုတွေ၊ ကောင်းတဲ့ အနာဂတ် အလားအလာတွေနဲ့ တခြားလူတွေရဲ့ လေးစားမှုတွေကို ကျွန်မ ရှာနေတုန်းပဲ။ လူ့ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုးကို ကျွန်မ နားမလည်ခဲ့ဘူး။ နောက်ဆုံးသော ကာလမှာ ကျွန်မမွေးခဲ့ပြီး အဲဒီလောက် ငယ်တဲ့အရွယ်မှာ ဘုရားရဲ့ အမှုတော်ကို လက်ခံခဲ့တာက ကောင်းချီးတစ်ခုနဲ့ ဘုရားကျေးဇူးတော်ဖြစ်ခဲ့ပုံကို ကျွန်မ စဉ်းစားမိတယ်။ ဒီအကျိုးကျေးဇူးပြုတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းဖို့ ဘုရားက ကျွန်မအတွက် စီစဉ်ပေးခဲ့တယ်။ အဲဒီမှာ တရုတ်အပါအဝင်၊ ဘာသာစကား အများကြီး ပြောဖို့ သင်ယူခဲ့ရတယ်၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး၊ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေကို ကျွန်မတာဝန်မှာ အသုံးချခွင့်ရခဲ့တယ်။ ကျွန်မရဲ့ အသက်အရွယ်၊ နောက်ခံနဲ့ ဘာသာစကားစွမ်းရည်တွေက သမ္မာတရား လိုက်စားခြင်းနဲ့ တာဝန်ထမ်းဆောင်ခြင်းအတွက် အဆင်ပြေနေခဲ့တယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ကျွန်မ စွဲစွဲမြဲမြဲ ရှာခဲ့ပြီး၊ ကျော်ကြားမှုရော အကျိုးအမြတ်ပါ ရပေမဲ့၊ ဘုရားနောက်လိုက်ပြီး သမ္မာတရား လိုက်စားဖို့ ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ရင်၊ အဲဒီလိုရခဲ့တာတွေက ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဒီလောကထဲမှာ ဘာပဲရပါစေ သမ္မာတရားကို ရရှိတာနဲ့ ယှဉ်လို့မရဘူး။ ကောင်းမြတ်တယ်လို့ လူတွေ ယူဆထားတဲ့ ဘဝနဲ့ ဖန်ဆင်းရှင် ချီးကျူးတဲ့ ဘဝနဲ့က နှိုင်းလို့မရဘူး။ ဘုရား ချီးကျူးတဲ့ ဘဝကပဲ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတာပါ။ ဒါကို သဘောပေါက်တဲ့နောက်မှာ၊ သမ္မာတရား လိုက်စားဖို့နဲ့ ဘုရားကို ကျိုးနွံနာခံပြီး ကျေနပ်စေဖို့ ဆုံးဖြတ်ချက်ရခဲ့တယ်။ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ တက္ကသိုလ်ကို စွန့်လွှတ်ဖို့လည်း လိုလားခဲ့တယ်။ ဘုရားဆီ ဆုတောင်းပြီး၊ ဒီငြီးငွေ့စရာ ခြောက်သွေ့တဲ့ ဘဝနေထိုင်မှုပုံစံကနေ ရုန်းထွက်လွတ်မြောက်ရမယ်၊ သမ္မာတရား လိုက်စားရမယ်၊ ဘုရားနောက်လိုက်ပြီး မှန်တဲ့လမ်းကြောင်းကို လျှောက်ရမယ်လို့ ပြောခဲ့တယ်။

နောက်ပိုင်းမှာ၊ ကျွန်မရဲ့ အကြံပေးပုဂ္ဂိုလ်ကို ဖုန်းဆက်တယ်၊ ကျွန်မ နုတ်ထွက်ဖို့ စီစဉ်နေတယ်လို့ ပြောပြီး၊ ကျွန်မရဲ့ နုတ်ထွက်စာကို လက်မှတ်ထိုး အတည်ပြုပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ သူက လက်မှတ်ထိုးဖို့ သဘောမတူရုံမက၊ “နင့်မှာ ဘွဲ့ရဖို့ နောက်ထပ် တစ်နှစ်ပဲ ကျန်တော့တယ်၊ အခု နုတ်ထွက်ဖို့က နှမြောစရာ ဖြစ်မှာမဟုတ်လား။ ကောလိပ် ဘွဲ့ရတွေအတွက် လစာတွေက ကောလိပ် ဘွဲ့ရမဟုတ်သူတွေထက် အများကြီး ပိုမြင့်တာကို နင် သေသေချာချာ သိနေတာပဲ။ ကောလိပ်ဘွဲမရှိဘဲနဲ့၊ အလုပ်ရှာတွေ့ဖို့တောင် နင် ဒုက္ခရောက်မှာ။ နင့်ကို လူတွေက အရင်လို ကြည့်တော့မှာ မဟုတ်ဘူး။ နင့်မှာ ပြဿနာတစ်ခုရှိရင်၊ ပညာရေးကို တစ်နှစ် ရွှေ့ဆိုင်းပြီးတော့၊ ကိစ္စတွေ ပြေလည်သွားတာနဲ့ ပြန်လာလို့ရတယ်။ ဒီလိုရွေးချယ်ထာ ပိုမကောင်းဘူးလား” လို့လည်း ပြောတယ်။ အကြံပေးပုဂ္ဂိုလ်ရဲ့ အကြံကို ကြားပြီးတဲ့နောက်မှာ၊ ကျွန်မ နည်းနည်း ဒွိဟဖြစ်သွားတယ်။ သူပြောသလို ကျွန်မ ရွှေ့ဆိုင်းသင့်တယ်ထင်တယ်၊ အဲဒါမှ နောက်ကျရင် ပြန်လာလို့ရမယ်လို့ တွေးမိတယ်။ အဲဒီလိုဆို ကျွန်မ ကျောင်းအပြီးတက်နိုင်မယ်၊ ကိုယ့်အတွက် ဘွဲ့ယူပြီး အလုပ်ကောင်းတစ်ခု ရှာနိုင်မှာဖြစ်သလို၊ နောက်ပိုင်းကျရင် အလေးစားခံရနိုင်တယ်ပေါ့။ ဒါပေမဲ့ ဒါက စာတန်ရဲ့လှည့်စားတဲ့အကွက်လည်း ဖြစ်နိုင်တယ်လို့ ကျွန်မ တွေးမိတယ်။ စာတန်က ကျွန်မကို ဘုရားနောက်လိုက်ပြီး၊ ကိုယ့်တာဝန်ကို မထမ်းစေချင်လို့ စုံစမ်းသွေးဆောင်ဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သုံးတာပဲ။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေ တွေးမိတယ်။ “ဘုရားသခင် အမှုပြုသည့်အခါ၊ လူတစ်ဦးကို စောင့်ရှောက်ပြီး ဤလူအပေါ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ ပြီးလျှင် ဤလူကို သူ မျက်နှာသာပေးပြီး လက်ခံသည့်အခါ၊ စာတန်ကလည်း ထိုလူကို လှည့်စားပြီး ထိခိုက်စေဖို့ ကြိုးစားရင်း၊ အနီးကပ် နောက်ယောင်ခံလိုက်နေသည်။ ဘုရားသခင်က ဤလူကို ရရှိဖို့ ဆန္ဒရှိလျှင်၊ စာတန်သည် ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို စုံစမ်းသွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ထိခိုက်စေရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့်သူများကို လုယူပိုင်ဆိုင်လိုသည်၊ ထိုသူများက ၎င်းအား ကိုးကွယ်ရန်၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းတို့သည် ၎င်းအား ပူးပေါင်းပြီး ဘုရားသခင်ကို ခုခံရန်အလို့ငှာ ၎င်းက ထိုသူများကို ထိန်းချုပ်ချင်သည်၊ ထိုသူများကို စီမံကွပ်ကဲချင်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဘုရားနောက်လိုက်ဖို့ ကိုယ့်ပညာရေးကို စွန့်လွှတ်ရင်၊ သမ္မာတရား လိုက်စားပြီး ကိုယ့်တာဝန်လုပ်ဖို့ အချိန်ပိုပြီး ရှိမှာပဲ။ ဒါပေမဲ့ ကျွန်မရဲ့ အကြံပေးပုဂ္ဂိုလ်က ကျွန်မကို စုံစမ်းသွေးဆောင်ဖို့ တချို့ကိစ္စတွေကို ပြောခဲ့ပြီးပြီ။ အပြင်ပန်းမှာတော့၊ သူက ကျွန်မအတွက် ဂရုစိုက်ပေးတဲ့ပုံရပေမဲ့၊ နောက်ခံမှာ စာတန်ရဲ့လှည့်စားတဲ့အကွက်က အလုပ်လုပ်နေခဲ့တာပဲ။ စာတန်က ကျွန်မကို ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ဆက်ရှာဖွေပြီး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားခြင်းထဲမှာ နွံနစ်လာအောင် ကျွန်မကို စုံစမ်းသွေးဆောင်ချင်ခဲ့တာပဲ။ စာတန်ရဲ့ လှည့်ကွက်ကို ကျွန်မ ယုံလို့မဖြစ်ဘူး။ ဒါကို သဘောပေါက်တဲ့အခါ၊ ကျွန်မက၊ “ရှင်ဆိုလိုတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ဘုရားရဲ့ အလျင်လိုနေတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ပိုလို့တောင် ကျွန်မ အခု ရှင်းလင်းသွားပြီ။ ဒီယုံကြည်ခြင်းလမ်းကြောင်းကို ရွေးဖို့ ကျွန်မ အချိန်ယူပြီး ခက်ခက်ခဲခဲ စဉ်းစားခဲ့သလို၊ စိတ်ပိုင်းဖြတ်နှင့်ပြီးသားပါ။ ကျွန်မဘဝကို ယုံကြည်ခြင်း၊ ဘုရားနောက်လိုက်ခြင်း၊ သူ့အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းအတွက် ရည်စူးအပ်နှံမှာဖြစ်ပြီး၊ ပညာရေးကို လုံးဝ ပြန်လိုက်စားတော့မှာ မဟုတ်ဘူး။ ကျွန်မ နုတ်ထွက်ဖို့ ဆုံးဖြတ်ပြီးပြီ၊ ရှင် ကျွန်မကို နားလည်မယ်လို့ မျှော်လင့်ပါတယ်”လို့ပြောပြီး ပြန်ဖြေခဲ့တယ်။ ကျွန်မ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်တာကို မြင်တော့၊ အကြံပေးပုဂ္ဂိုလ်က ကျွန်မကို စည်းရုံးဖို့ မကြိုးစားတော့သလို၊ ကျွန်မရဲ့ နုတ်ထွက်စာတွေကို လက်မှတ်ထိုးပေးခဲ့တယ်။ ဒီလိုနဲ့ ကျွန်မ ချက်ချင်း နုတ်ထွက်ခဲ့တယ်။

နုတ်ထွက်ပြီးတဲ့နောက်မှာ၊ ကျွန်မတာဝန်ကို လုပ်ဖို့ အချိန်နဲ့ အားအင် ပိုရှိခဲ့သလို၊ ကျွန်မ အများကြီး ပိုအာရုံစိုက်ပြီး ဘုရားရှေ့မှာ တည်ငြိမ်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆဖို့၊ ညီအစ်ကို မောင်နှမတွေနဲ့ သမ္မာတရားကို မိတ်သဟာယပြုပြီး ကိုယ့်တာဝန်ကို လုပ်ဖို့ အချိန်လည်း ပိုရခဲ့တယ်။ ဘုရားနဲ့ အရင်ထက် ပိုနီးသွားသလို ခံစားရတယ်။ အခု တစ်နှစ်ခွဲနီးပါး ရှိသွားပြီ။ ကျွန်မတာဝန်ကို ထမ်းဆောင်နေတုန်းမှာ၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြမိခဲ့ပေမဲ့ ဒီအရာကတစ်ဆင့်၊ တခြားလူတွေနဲ့ ဘယ်လို အတွဲညီညီ အလုပ်လုပ်ရမယ်ဆိုတာ သင်ယူခဲ့တယ်။ ပြဿနာတွေ ကြုံတဲ့အခါမှာလည်း အဲဒီပြဿနာထဲမှာပဲ နစ်မြုပ်မနေဘဲ ဖြေရှင်းဖို့ သမ္မာတရားကို ရှာခဲ့တယ်။ ဒီပြီးခဲ့တဲ့နှစ်အတောအတွင်းမှာ ကျွန်မ အကျိုးအများကြီး ရခဲ့တယ်။ ကိုယ့်တာဝန်ကို စလုပ်ဖို့ နောက်တစ်နှစ်ကို ကျွန်မ စောင့်ခဲ့ရင်၊ သမ္မာတရားရဖို့ အခွင့်အရေးအများကြီးကို လွဲချော်သွားခဲ့မှာပဲ။ အဲဒါက ကျွန်မအတွက် အဓိက ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့မှာ။ ကမ္ဘာ့ကပ်ဘေးတွေက တိုးပြီး ပြင်းထန်လာနေတယ်ဆိုတာကိုလည်း မြင်ခဲ့ရတယ်။ ယူကရိန်းနဲ့ ရုရှားက စစ်ဖြစ်နေတယ်၊ ကမ္ဘာ့နေရာအနှံ့အပြားမှာ အကြီးစား ပဋိပက္ခတွေ ဖြစ်ပေါ်ပြီးပြီ၊ ကမ္ဘာ့ကပ်ရောဂါက ပြင်းထန်နေခဲ့တယ်။ ငလျင်နဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်တာကလည်း အကြိမ်ရေ ပိုစိပ်လာတယ်။ ဘေးဒုက္ခတွေ ရောက်လာတဲ့အခါ၊ ကျွန်မရဲ့ ဘွဲ့ရထားပြီး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ရပြီးရင်တောင်၊ အသက် မရှိရင် အဓိပ္ပာယ်ရှိမှာ မဟုတ်ပုံကို ကျွန်မ တွေးမိတယ်။ သခင်ယေရှုပြောခဲ့တဲ့အတိုင်းပါပဲ။ “ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်။(ရှင်လုကာခရစ်ဝင် ၉:၂၅) ကျွန်မ ဘုရားကိုယုံကြည်ပြီး သူ့နောက်ကို စိတ်နှလုံး အကြွင်းမဲ့ လိုက်ရမယ်။ အဲဒီနည်းနဲ့ သမ္မာတရားနဲ့ အသက်ကို ကျွန်မ ရနိုင်မှာ။ ဒါက လောကမှာ တန်ဖိုးအရှိဆုံးအရာဖြစ်ပြီး အမြင့်ဆုံးကောင်းချီးပါပဲ။ ဘုရားနောက်လိုက်ပြီး အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ ကျောင်းပညာရေးကို စွန့်လွှတ်လိုက်တဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်က၊ ကျွန်မ လုပ်ခဲ့သမျှမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။ ဘုရားသခင်ကို သူ့ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အထုတ်ခံရခြင်းမှ ကျွန်တော် သင်ယူခဲ့ရသည့် သင်ခန်းစာများ

ရှောင်ဝေ စပိန်နိုင်ငံ ၂၀၁၈ခုနှစ်မှာ ကျွန်တော်က ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ တစ်ခါတလေမှာ ဗီဒီယိုအလုပ်တချို့က တစ်ပြိုင်တည်းရောက်လာပြီး...

အကဲဖြတ်ချက်တစ်ခု ရေးသားခြင်းအပေါ် သုံးသပ်ချက်များ

ထန်ထန် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလတုန်းက အသင်းတော်ရဲ့ စာအရေးအသားအလုပ်မှာ ငါက ဦးဆောင်ရတယ်။ တစ်ရက်ကျတော့ အပေါ်ခေါင်းဆောင်တစ်ယောက်ဆီက...

တာဝန်တစ်ခုတွင် အခြားသူများအပေါ် မှီခိုခြင်း၏ အကျိုးဆက်များ

ပိုင်ရွှဲ အီတလီနိုင်ငံ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ၊ ဗီဒီယိုတွေအတွက် ပုံတွေလုပ်ဖို့ ငါ့ကို အစ်မဆန်ဒရာနဲ့ တွက်ဖက်ပေးဖို့ ခေါင်းဆောင်က စီစဉ်တယ်။...

ကျွန်မ၏ မိဘများက အသင်းတော်မှ အထုတ်ခံရသောအခါ

အိုက်ယီး တရုတ်နိုင်ငံ ၂၀၁၈၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ ကြီးကြပ်ရေးမှူးတစ်ယောက်က ညီမကိုပြောတယ်။ “ညီမ မိဘတွေက အသင်းတော်ကနေ ဖယ်ရှားခံရတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။