ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ မဖြေဆိုခဲ့တာကို ကျွန်မ နောင်တမရပါ

18.03.2026

တရုတ်ပြည်မှ လင်းရီနော်

ငယ်ငယ်လေးကတည်းက မိဘတွေက စာကြိုးစားခြင်းရဲ့ အရေးကြီးပုံကို ကျွန်မကို အမြဲ ဆုံးမသွန်သင်ခဲ့တယ်။ ဘွဲ့ကောင်းကောင်းရမှ အလုပ်ကောင်းကောင်းရမယ်၊ ဒါမှပဲ တစ်သက်လုံး စားဝတ်နေရေး ပူစရာမလိုဘဲ လူတွေရဲ့ အထင်ကြီးလေးစားတာကို ခံရမယ်ဆိုပြီး ပြောတယ်။ အဖေက သူ့အကြောင်းသူ ခဏခဏ ဥပမာပေးပြောတတ်တယ်။ သူက ရွာမှာ တက္ကသိုလ်ပထမဆုံး တက်ခွင့်ရတဲ့လူ အဲဒါကြောင့်လည်း သူက ရွာကနေထွက်ပြီး မြို့ပေါ်ကို ရောက်လာနိုင်ခဲ့တာတဲ့။ အခုဆိုရင် သူက ရုံးခန်းထဲမှာ အဲကွန်းလေးဖွင့်၊ လက်ဖက်ရည်လေးသောက်ပြီး လစာကောင်းကောင်းရနေပြီ၊ ခံစားခွင့်တွေလည်း ရနေပြီလေ။ ဒါတွေအားလုံးက သူ့ရဲ့ ဘွဲ့လက်မှတ်ကြောင့် ရလာတာပါ။ နောက်ပိုင်းကျတော့ အမေက ဘုရားသခင်ကို စယုံကြည်လာတယ်။ ကျွန်မကို သူက သမ္မာကျမ်းစာထဲက ပုံပြင်တွေကို ခဏခဏပြောပြပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပေးဖတ်တတ်တယ်။ ဘုရားသခင်က ကျွန်မတို့ဘေးနားမှာ အမြဲရှိပြီး စောင့်ရှောက်ကာကွယ်ပေးနေတယ်၊ အခုဆိုရင် ကျွန်မတို့ကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြနေတယ်ဆိုတာ ကျွန်မ သိလာရတယ်။ ကျွန်မ တော်တော်ပျော်ပြီး ဘုရားသခင်ကို ယုံကြည်ချင်စိတ် ရှိလာတာပေါ့။ အမေက ဘုရားသခင်ကို ယုံကြည်တာဟာ ဘဝမှာ အရေးအကြီးဆုံးကိစ္စပဲ၊ အဲဒါကို အလေးအနက်ထားရမယ်လို့ ကျွန်မကို မိတ်သဟာယဖွဲ့ပေမဲ့ ကျွန်မက နားမလည်နိုင်ဘူး။ “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” ဆိုတဲ့ အဖေ့ရဲ့ အမြင်ကို ကျွန်မ ပိုပြီး လက်ခံမိတယ်။ ဘွဲ့ကြီးကြီးရမှ ဘဝမှာ ကောင်းကောင်းနေရမယ်၊ လူတွေကြားထဲမှာ ထင်ပေါ်ကျော်ကြားပြီး အားကျတာ၊ အထင်ကြီးတာကို ခံရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တာ။ စာလုပ်တာကသာ ကျွန်မဘဝမှာ အရေးအကြီးဆုံးပဲလေ။ ကျွန်မရဲ့ ဘဝ အစီအစဉ်က တက္ကသိုလ်ဝင်ခွင့်ရရမယ်၊ ပြီးရင် မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ပါရဂူဘွဲ့လွန်တွေအထိ ဆက်တက်မယ်၊ နောက်ဆုံးကျရင် ပါမောက္ခတစ်ယောက် ဖြစ်လာမယ်။ အဲဒီကျရင် ဆွေမျိုးမိတ်ဆွေတွေကြားထဲမှာ အထူးချွန်ဆုံးလူ ဖြစ်လာပြီးတော့ သူတို့ကလေးတွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်လာမှာပေါ့။ အဲဒါဆို ကျွန်မက ဆွေဂုဏ်မျိုးဂုဏ်တက်စေပြီးတော့ နောင်တရစရာမရှိတဲ့ ဘဝမျိုးနဲ့ နေသွားရမှာလေ။ မူလတန်းကတည်းက မနက်တိုင်းနီးပါး အင်္ဂလိပ်စာ တိပ်ခွေသံနဲ့ ကျွန်မ နိုးထလာရတယ်။ ကျောင်းပိတ်ရက်တွေဆို အဖေက ကျွန်မကို အပြင်ပေးထွက်ပြီး မဆော့ခိုင်းဘူး။ စနေ၊ တနင်္ဂနွေနဲ့ နွေရာသီ၊ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှာတောင် ကျွန်မကို ကျူရှင်တွေ ထားတော့တာပဲ။ ကျွန်မ အရမ်းပင်ပန်းပေမဲ့ ဒါက လုပ်သင့်လုပ်ထိုက်တဲ့အရာပဲလို့ ခံယူထားတယ်။ စာလုပ်တာကို နှောင့်နှေးစေတဲ့ ကိစ္စတစ်ခုခု လုပ်မိတိုင်း ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရတယ်။

ကျွန်မကို ပိုကောင်းတဲ့ တက္ကသိုလ် ဝင်ခွင့်ရစေချင်လို့ အဖေက ပိုက်ဆံအများကြီး အကုန်ခံပြီး မြို့နယ်ကျောင်းကနေ ပြည်နယ်မြို့တော်က အထက်တန်းကျောင်းကို ပြောင်းပေးခဲ့တယ်။ အဲဒီကျောင်းမှာက စာသင်နှစ်ဝက်တိုင်း ကျင်းပတဲ့ တိုက်ရိုက်တက္ကသိုလ်တက်ခွင့် စာမေးပွဲတွေမှာ တစ်ကျောင်းလုံးရဲ့ ထိပ်ဆုံး အယောက်နှစ်ရာစာရင်းဝင်ရင် ဝင်ခွင့်စာမေးပွဲ ထပ်ဖြေစရာမလိုဘဲ ချင်းဟွာ၊ ပီကင်း၊ ထုန်ကျိတို့လို ထိပ်တန်းတက္ကသိုလ်တွေကို တိုက်ရိုက် တက်ခွင့်ရတာလေ။ ဒါပေမဲ့ အဲဒီကျောင်းကို ဝင်ဖို့က မလွယ်ဘူး။ ဝင်ခွင့်စာမေးပွဲ အောင်မှရတာ။ ကျွန်မ အဆင်ပြေပြေ ဝင်နိုင်အောင်လို့ အဖေက ပိုက်ဆံတွေအများကြီးထပ်သုံးပြီး တစ်ဦးချင်းသင်တဲ့ ကျူရှင် ထပ်ထားပေးပြန်ရော။ မနက်မိုးလင်း မျက်စိဖွင့်တာနဲ့ ညအိပ်ရာဝင်တဲ့အထိ စာသင်ရတော့တာပဲ။ အိပ်မက်ထဲမှာတောင် ဖော်မြူလာတွေ၊ အက္ခရာတွေက ကျွန်မဆီ ပြိုကျလာသလို မက်တယ်။ ကျွန်မ အရမ်း မွန်းကြပ်ပြီး အကူအညီမဲ့သလို ဖြစ်ခဲ့ပေမဲ့ ကျွန်မ ခံစားချက်တွေကို ဖွင့်ချဖို့ ကျွန်မလုပ်နိုင်တာက ငိုပြီးတော့ ဆက်ကြိုးစားဖို့ပဲပေါ့။ နောက်ဆုံးတော့ ကျွန်မ ဖြစ်ချင်ခဲ့တဲ့အတိုင်းပဲ အဲဒီကျောင်းကို ဝင်ခွင့်ရသွားတယ်။ ကျောင်းပြောင်းပြီးတဲ့အခါ ကျောင်းသားတွေကြားမှာ ပြိုင်ဆိုင်မှုက တော်တော် ပြင်းထန်တာကို တွေ့ရတယ်။ အားလုံးက တက္ကသိုလ်ကို တိုက်ရိုက်တက်ခွင့်ရဖို့အတွက် ထိပ်ဆုံးအယောက်နှစ်ရာ စာရင်းဝင်အောင် အသေအလဲ ကြိုးစားနေကြတာ။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်မ တော်တော် ဖိအားများပြီး လုံးဝ အနားမယူရဲဘူး။ ညတိုင်း ညဉ့်နက်တဲ့အထိ စာလုပ်တယ်၊ မနက် တစ်နာရီ၊ နှစ်နာရီ မထိုးခင်ထိ အိပ်ရာမဝင်ရဲဘူး။ စနေ၊ တနင်္ဂနွေမှာ နည်းနည်းလေး ပိုအိပ်မိရင်တောင် အပြစ်တစ်ခုလို ခံစားရတယ်။ ဒီလို ပင်ပန်းတဲ့နေ့ရက်တွေ ဘယ်တော့မှ ဆုံးမှာလဲ လို့ ခဏခဏ တွေးမိတယ်။ ဒါပေမဲ့ နောက်ကျတော့ “အခု ငါ မကြိုးစားဘဲနဲ့ တက္ကသိုလ်ကောင်းကောင်း မတက်ရရင်၊ ကျောင်းမဝင်ရလို့ လူတွေ အထင်သေးတာခံရရင် ပိုလို့တောင် နောင်တရမိမှာပဲ။ တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ရောက်သွားတာနဲ့ အဆင်ပြေသွားမှာပါ” ဆိုပြီးတော့ တွေးမိတယ်။ ဒီလိုတွေးမိတော့ စိတ်ထဲမှာ မျှော်လင့်ချက် နည်းနည်း ရှိလာတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက ကျွန်မက သာမန်တက္ကသိုလ်တစ်ခုလောက်ပဲ တက်ခွင့်ရအောင် လုပ်နိုင်ခဲ့တယ်။ ကျွန်မ တော်တော် စိတ်ပျက်သွားတယ်။ အထူးသဖြင့် ကျွန်မရဲ့ နယ်ကျောင်းမှာ စာသင်ပြီး ကျွန်မထက် အဆင့်နိမ့်တဲ့ အတန်းဖော်တချို့နဲ့ ဒီကောလိပ်မှာ ဆုံမိတဲ့အချိန်မှာ ကျွန်မ တော်တော်ရှက်တယ်။ “တက္ကသိုလ်ကောင်းကောင်း တက်ရဖို့ဆိုပြီး ငါကအထက်တန်းကျောင်းကောင်းတစ်ခုကို ပြောင်းခဲ့တာ၊ နောက်ဆုံးတော့ ဝင်ခွင့်မရခဲ့ဘူး။ သူတို့ ငါ့ကို ရယ်နေကြမှာပဲ၊ ငါ့အဆင့်က ဒီလောက်ပါပဲ၊ သူတို့ထက် ဘာမှ မသာပါဘူးလို့ ပြောနေကြတော့မှာပဲ၊ ဟုတ်တယ်နော်” လို့ တွေးမိတယ်။ ဒါနဲ့ ကျွန်မ ဘဝရည်မှန်းချက် အသစ်တစ်ခု ချလိုက်တယ်။ “တက္ကသိုလ်ပထမဘွဲ့ရဖို့အတွက် ထိပ်တန်းတက္ကသိုလ်ကို ငါ ဝင်ခွင့်ရအောင် မလုပ်နိုင်ခဲ့ဘူး။ ဒီတော့ မာစတာဘွဲ့ရဖို့အတွက် ထိပ်တန်းတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရအောင်လုပ်မယ်။ ငါ ဘွဲ့ကြီးကြီးရတဲ့အခါ ဆွေမျိုးမိတ်ဆွေတွေ အားလုံးက ငါ့ကို အသိအမှတ်ပြုကြမှာ။ အဲဒီကျရင် ဘယ်လောက်တောင် ဂုဏ်ရှိလိုက်မလဲ” ပေါ့။ အဲဒါကို တွေးလိုက်တာနဲ့ ခွန်အားတွေ ပြည့်လာရော။ အဲဒီနောက်ပိုင်း အချိန်ရတဲ့အခါတိုင်း စာလုပ်ဖို့ စာကြည့်တိုက်သွားခဲ့တယ်။ ကျောင်းမှာ ဘွဲ့လွန်သင်တန်း ဝင်ခွင့်စာမေးပွဲအတွက် ကျူရှင်တွေရှိရင်လည်း စောစောစီးစီး သွားအပ်တယ်။ အဲဒီအချိန်တုန်းက ကျွန်မက တစ်ပတ်ကို နှစ်ကြိမ် စုဝေးပွဲတက်တယ်။ စုဝေးပွဲတိုင်းကနေ တစ်ခုခုရနိုင်ခဲ့ပြီး စုဝေးပွဲတက်ရတာကိုလည်း ကျွန်မ နှစ်သက်ခဲ့တယ်။ ကျွန်မနဲ့အတူ စုဝေးပွဲတက်တဲ့ ညီအစ်မတစ်ယောက်က ကျွန်မရဲ့ ဂျူနီယာကျောင်းဖော်လေးပါ။ သူက သူ့တာဝန်မှာ ဝန်တာထားစိတ် အရမ်းရှိပြီး အသင်းတော်ခေါင်းဆောင်အနေနဲ့တောင် အရွေးခံခဲ့ရတယ်။ သူက သူ့အချိန်ကို တတ်နိုင်သမျှ စုဝေးပွဲတွေနဲ့ တာဝန်တွေအတွက် အသုံးပြုပေမဲ့ ကျွန်မကတော့ မလုပ်နိုင်ဘူး။ စာသင်တာကသာ ဘဝမှာ အရေးအကြီးဆုံးလို့ ကျွန်မ ခံစားရတဲ့အတွက် အားလပ်ချိန်အများစုကို ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ပဲ ပေးလိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မ ရေလောင်းသင်းထောက်အနေနဲ့ အရွေးခံခဲ့ရပြီး တစ်ပတ်ကို စုဝေးပွဲတက်ရတဲ့ အကြိမ်ရေကလည်း နည်းနည်း ပိုများလာတယ်။ ခေါင်းဆောင်စီစဉ်ပေးတဲ့ တာဝန်တိုင်းကို ကျွန်မ လေးလေးနက်နက် ပြီးစီးအောင် လုပ်တယ်။ ဒါပေမဲ့ ကျွန်မက ဘွဲ့လွန်စာမေးပွဲအကြို အတန်းတွေကို တက်နေသေးတာဆိုတော့ တာဝန်ထမ်းဆောင်ဖို့ အချိန်နည်းသွားခဲ့တယ်။ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေ ပြဿနာတစ်ခုခု ရှိရင် စာမေးပွဲအတွက် ပြင်ဆင်ချိန်ပိုရအောင်လို့ သူတို့ကို အမြန် မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးချင်တယ်။ တစ်ခါတလေ စုဝေးပွဲပြီးခါနီးမှာ ညီအစ်ကိုမောင်နှမတွေက ဆက်ပြီး မိတ်သဟာယဖွဲ့ချင်နေတာကို တွေ့ရရင်၊ ကျွန်မကိုယ်တိုင်လည်း ခဏလောက် ထပ်ပြီး စုဝေးချင်စိတ် ရှိပေမဲ့ ဒီနေ့အတွက် စာလုပ်ဖို့ နောက်ကျနေပြီဆိုတာကို သတိရလိုက်တယ်။ အဲဒါနဲ့ စုဝေးပွဲကို ဆက်လုပ်ရင် စာလုပ်တာ ပိုနောက်ကျသွားပြီး စာမေးပွဲအောင်ဖို့ ထိခိုက်မှာစိုးလို့ အကြောင်းပြချက်တစ်ခုခုပေးပြီး ထွက်လာခဲ့တယ်။ နောက်ပိုင်း ကျွန်မ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ခံစားရတယ်။ ဒါပေမဲ့ ဘွဲ့လွန်စာမေးပွဲ ကျသွားရင် သူများတွေ အထင်သေးမှာကို တွေးမိတော့ အဲဒီ အပြစ်တင်တဲ့ ခံစားချက်တွေကို ချုပ်ထိန်းလိုက်တယ်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ရလဒ်ထွက်လာတဲ့အခါ ကျွန်မစိတ်ထဲမှာ ဝမ်းသာတာရော စိုးရိမ်တာရော ရောထွေးနေတယ်။ ဝမ်းသာတာက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရရင် လေ့ကျင့်ဖို့ အခွင့်အရေး ပိုရမယ်လေ။ စိုးရိမ်တာကကျတော့ ဒုတိယနှစ်ဝက်မှာ ကျွန်မက တက္ကသိုလ်စတုတ္ထနှစ် ရောက်ပြီ၊ နိုင်ငံလုံးဆိုင်ရာ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲကလဲ နီးနေပြီ။ ဒီစာမေးပွဲအတွက် ကျွန်မ နှစ်ချီပြီး ကြိုးစားခဲ့ရတာ၊ ဒီနောက်ဆုံး နှစ်လ၊ သုံးလက ပြင်ဆင်ဖို့ အရေးကြီးဆုံးအချိန်ပဲ။ ကျွန်မသာ စာမေးပွဲမအောင်ရင် “စာမေးပွဲကျတဲ့လူ”၊ “နှစ်ကျကျောင်းသား” ဆိုပြီး အခေါ်ခံရမှာ။ အဲဒါဆို ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ။ ပြီးတော့ ဘွဲ့လွန်တက်ခွင့်ရဖို့ဆိုတာ ကျွန်မရဲ့ ဂုဏ်ရှိတဲ့ ဘဝရည်မှန်းချက်ကို ပြည့်မီဖို့ အရေးကြီးတဲ့ အဆင့်တစ်ခုပဲ။ ဘွဲ့လွန်တောင် တက်ခွင့်မရရင် ပိုမြင့်တဲ့ဘွဲ့ကို ကျွန်မ ဘယ်လိုလုပ် ရနိုင်တော့မှာလဲ။ ဒီနှစ်တွေအများကြီး ညဉ့်နက်တဲ့အထိ စာကြိုးစားခဲ့တာ ဘာအတွက်လဲ။ ပိုမြင့်တဲ့ဘွဲ့ ရဖို့ပဲ မဟုတ်လား။ ဒီအချိန်မှာ အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ လက်ခံလိုက်ရင် အသင်းတော်အလုပ်တွေမှာ ပိုပါဝင်ရမယ်၊ အဲဒါဆို ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ အချိန်နဲ့ အင်အား ရှိတော့မှာ မဟုတ်ဘူး။ ကျွန်မရဲ့ အနာဂတ်ကို စွန့်လွှတ်လိုက်တာလို့ ပြောလို့ရသလို၊ “ဘွဲ့မရသေးတဲ့ကျောင်းသား” ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ တစ်သက်လုံး နေသွားရတော့မှာ။ အခုခေတ်မှာက တက္ကသိုလ်ဘွဲ့ရတွေ နေရာတိုင်းမှာ ရှိနေတာ။ အလုပ်ရှာရင် ကျွန်မမှာ ဘာအသာစီးမှ ရှိမှာမဟုတ်ဘူး။ အလုပ်ကောင်းကောင်း မရရင် ကျွန်မ ဘယ်လိုလုပ် ထင်ပေါ်ကျော်ကြားပြီး ဆွေဂုဏ်မျိုးဂုဏ်တက်အောင် လုပ်နိုင်မှာလဲ။ ကျွန်မ တစ်သက်လုံး သူများအထင်သေးတာ မခံချင်ဘူး။ ဒါကြောင့် ကျွန်မ ခေါင်းဆောင်လုပ်ချင်စိတ်မရှိတာကို ပြောပြလိုက်တယ်။ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို ကြားတော့ တရားဟောဆရာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြပြီး ကျွန်မစိတ်နှလုံးက တို့ထိခြင်းခံခဲ့ရပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်ဝင်ရောက်မှုအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏ရည်ရွယ်ချက်များအပေါ် အလေးထား၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်ခြင်းတရားကို ထုတ်ဖော်ပြသည်နှင့် သင်သည် နောင်တဖြင့် ပြည့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကို ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့) ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုက်တဲ့အခါ အခုအချိန်ဟာ ဘုရားသခင်က လူတွေကို စုံလင်အောင်ပြုတဲ့ အရေးကြီးတဲ့အချိန် ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ လူတွေ တာဝန်ထမ်းဆောင်ရာကတစ်ဆင့် ဘုရားသခင်က သူတို့ကို စုံလင်အောင်ပြုတာပါ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ဆိုရင် ကျွန်မက ညီအစ်ကိုမောင်နှမတွေနဲ့ ပိုပြီး ထိတွေ့နိုင်မယ်၊ ပြဿနာတွေ ပိုကြုံရနိုင်မယ်။ ဒီပြဿနာတွေအားလုံးကို သမ္မာတရား ရှာဖွေပြီး ဖြေရှင်းဖို့ လိုလာလိမ့်မယ်။ ပြဿနာတွေ များများဖြေရှင်းလေ၊ သမ္မာတရားကို ကျွန်မ ပိုနားလည်လေ ဖြစ်လာမှာ။ တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းစဉ်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီးကို ကျွန်မ ထုတ်ဖော်မိမှာပဲ။ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ကျွန်မရဲ့ လိုက်စားမှု နောက်ကွယ်က မှားယွင်းတဲ့ အမြင်တွေ ပြုပြင်ခံရပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ တဖြည်းဖြည်း ဖြေရှင်းခံရမှာပဲ။ ဒီလုပ်ငန်းစဉ်က သန့်စင်ခြင်းခံရတဲ့ လုပ်ငန်းစဉ်လည်း ဖြစ်တယ်။ တာဝန်မထမ်းဆောင်ရင် သမ္မာတရားကို မရနိုင်သလို၊ သန့်စင်ခံရဖို့နဲ့ ကယ်တင်ခြင်း ရဖို့ အခွင့်အရေးကိုလည်း ဆုံးရှုံးလိမ့်မယ်။ ဒီအခွင့်အရေးကို ကျွန်မ အမိအရ မဖမ်းဆုပ်ဘူးဆိုရင်၊ ဘုရားသခင်ရဲ့ အမှုတော် ပြီးဆုံးတဲ့အချိန်ကျရင် ကျွန်မမှာ သမ္မာတရားများများ ရှိထားမှာမဟုတ်ဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကလည်း ပြောင်းလဲမှာ မဟုတ်ဘူး၊ နောက်ဆုံးမှာ ဖျက်ဆီးခံရမှာဖြစ်ပြီး အဲဒီအချိန်ကျမှ နောင်တရရင် အရမ်းနောက်ကျသွားပြီဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒီကာလအတွင်းမှာ တာဝန်ထမ်းဆောင်ခြင်းကတစ်ဆင့် ရူပါရုံ ဆိုင်ရာ သမ္မာတရားတွေ ကိုယ့်မှာရှိထားခဲ့လို့ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အမှုတော် ရည်ရွယ်ချက်၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော် ရဲ့ အဓိပ္ပာယ်တွေကို ကျွန်မ နားလည်ခဲ့ရပြီး ဘုရားသခင်ရဲ့ အမှုတော်အကြောင်း အသိပညာတချို့ ရခဲ့တာတွေကို ပြန်စဉ်းစားမိတယ်။ ပြီးတော့ အရင်က ကိစ္စတွေကြုံရရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြန်သုံးသပ် ရမှန်း ကျွန်မ မသိခဲ့ဘူး။ ကျွန်မရဲ့ လူ့သဘာဝက ကောင်းတယ်၊ ကျွန်မက ရိုးသားပြီး ကြင်နာတတ်တယ်လို့ပဲ အမြဲထင်ခဲ့တာ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုနဲ့ အဖြစ်မှန်တွေက ထုတ်ဖော်ပြခြင်းကတစ်ဆင့် ကျွန်မက အဖိုးအခပေးတာ၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံတာတွေအတွက် ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်၊ ဘုရားသခင်နဲ့ အပေးအယူလုပ် ဖို့ ကြိုးစားနေတယ်၊ ကျွန်မက လုံးဝ ရိုးသားတဲ့သူ မဟုတ်ဘူးဆိုတာတွေကို နောက်ဆုံးတော့ မြင်လာရတယ်။ ကျွန်မသာ တာဝန်မထမ်းဆောင်ခဲ့ရင် ဒီအသိပညာတွေ၊ ဒီအကျိုးကျေးဇူးတွေကို ဘယ်တော့မှ ရခဲ့မှာ မဟုတ်ဘူး။ အဲဒီနေ့မှာ ကျွန်မ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတယ်၊ တာဝန်ထမ်းဆောင်ခြင်းအားဖြင့် သမ္မာတရားတွေကို ကျွန်မ ပိုနားလည်ဖို့ ဘုရားသခင်က မျှော်လင့်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ကယ်တင်ချင်နေတာ၊ ဒါပေမဲ့ ကျွန်မက ကိုယ့်အတွက် ဘာက ကောင်းလဲဆိုတာ မသိခဲ့ဘူး။ အနာဂတ်မှာ သူများတွေရဲ့ အထင်ကြီးလေးစားတာကို ခံရမလား၊ လူတွေကြားထဲ ထင်ပေါ်ကျော်ကြားပြီး ဆွေဂုဏ်မျိုးဂုဏ်တက်စေနိုင်မလား ဆိုတာကိုပဲ ကျွန်မ စဉ်းစားခဲ့တယ်။ စုံလင်အောင်ပြုခြင်းခံရဖို့ ဘုရားသခင် ပေးထားတဲ့ အခွင့်အရေးကို ကျွန်မ တွန်းထုတ်ပစ်ချင်ခဲ့တာ။ ကျွန်မ တကယ်ကို မျက်တောင်တစ်ဆုံးပဲကြည့်ပြီး၊ မိုက်မဲပြီး မသိနားမလည်လိုက်တာ။ ပြီးတော့ ရေလောင်းတဲ့တာဝန် ထမ်းဆောင်နေတဲ့ ကာလအတောအတွင်းမှာ၊ ညီအစ်ကိုမောင်နှမတွေက စုဝေးပွဲတွေ ပိုလုပ်ဖို့၊ မိတ်သဟာယဖွဲ့ ဖို့ မျှော်လင့်နေကြပေမဲ့ ကျွန်မက စာမေးပွဲအတွက် ပြင်ဆင်ဖို့ အမြန်ပြန်ပြေးဖို့ပဲ စဉ်းစားခဲ့တာ၊ အသင်းတော်ရဲ့ အလုပ်ကို လုံးဝ ထည့်မစဉ်းစားခဲ့တာတွေကို သတိရမိတယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝ ကင်းမဲ့လွန်းတာပဲ။

ပညာအရည်အချင်း မြင့်မြင့်မားမားရှိပြီး ဘွဲ့ကြီးကြီးရရင် အနာဂတ်ကောင်းတစ်ခုနဲ့ သက်သောင့်သက်သာရှိတဲ့ ဘဝတစ်ခုကို အာမခံနိုင်မယ်လို့ ကျွန်မ အမြဲ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ဒီအမြင်က တကယ်ရော ခိုင်လုံရဲ့လား။ တစ်နေ့မှာတော့ ဒီဘုရားနှုတ်ကပတ်တော် တွေကို ကျွန်မ ဖတ်ရတယ်။ “လူအချို့က ကောလိပ်တွင် မေဂျာ ကောင်းကောင်းကို ရွေးချယ်ပြီး သူတို့ဘဝခရီးတွင် အောင်မြင်သည့် ပထမခြေလှမ်းကို လှမ်းရင်း ဘွဲ့ရပြီးနောက် ကျေနပ်စရာကောင်းသည့်အလုပ်ကို ရှာဖွေ တွေ့ရှိခြင်းဖြင့် အဆုံးသတ်ကြသည်။ လူအချို့က ပညာအမျိုးမျိုးကို သင်ယူပြီး ကျွမ်းကျင်သော်လည်း အသက်မွေးမှုလုပ်ငန်းတစ်ခု ရှိဖို့မပြောနှင့်၊ သူတို့နှင့် သင့်တော်သည့် အလုပ် သို့မဟုတ် သူတို့၏ ရာထူးနေရာကို လုံးဝရှာမတွေ့ကြချေ။ သူတို့၏ ဘဝခရီးအစတွင် အလှည့်အပြောင်းတိုင်း၌ ပိတ်ပင်တားဆီးခံရကာ၊ ဒုက္ခ ပြဿနာများဖြင့် ဝန်းရံခံရသည်ကို တွေ့ရပြီး၊ သူတို့ရှေ့ရေးသည် စိတ်ပျက်စရာဖြစ်လာကာ၊ သူတို့၏ဘဝများသည် သေချာမှုမရှိပေ။ လူအချို့တို့သည် လုံ့လရှိရှိနှင့် ၎င်းတို့၏ လေ့လာသင်ယူမှုများ၌ အားထုတ်ကြသည်၊ သို့သော်လည်း ပိုမြင့်သည့် ပညာရေးရရန် သူတို့၏ အခွင့်အရေးအားလုံး သီသီကလေး လွဲချော်ကြလေသည်။ ၎င်းတို့သည် ဘယ်သောအခါမျှ အောင်မြင်မှုမရရန် ကံစီမံရာ ဖြစ်ပုံရလေသည်၊ သူတို့ဘဝခရီးတွင် သူတို့၏ပထမဆုံး စိတ်အားထက်သန်မှုသည် လေထဲ ပျောက်ကွယ်သွားသည်။ ရှေ့မှာရှိသည့်လမ်းက ချောမွေ့ခြင်း သို့မဟုတ် ကြမ်းတမ်းခြင်း ရှိမရှိဆိုသည်ကို မသိဘဲ လူသား၏ ကံတရားက မည်မျှ ပြောင်းလဲနိုင်မှုများဖြင့် ပြည့်သည်ကို ပထမဆုံးအကြိမ် သူတို့ခံစားကြရပြီး ဘဝကို မျှော်လင့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ဖြင့် မှတ်ယူကြသည်။ လူအချို့တို့က ပညာသိပ်ကောင်းကောင်း မတတ်ကြသော်လည်း စာအုပ်များရေးပြီး အောင်မြင်မှု အတိုင်းအတာတစ်ခု ရရှိကြသည်။ တချို့ကတော့ လုံးဝနီးနီး စာမတတ်သော်လည်း စီးပွားရေးဖြင့် ငွေရှာပြီး ဤနည်းနှင့် သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်သည်။ လူတစ်ယောက်က မည်သည့်အလုပ်အကိုင် ရွေးချယ်သည်၊ မည်သို့ အသက်မွေးဝမ်းကျောင်း ပြုသည်၊ ဤအရာများ၌ ကောင်းမွန်သည့် ရွေးချယ်မှု သို့မဟုတ် မကောင်းသည့် ရွေးချယ်မှုကို လုပ်ဆောင်ခြင်း ရှိမရှိဆိုသည့်အပေါ် လူတို့အနေဖြင့် ထိန်းချုပ်မှုတစ်ခုတလေ ရှိကြသလော။ ဤအရာများသည်လူတို့၏ စိတ်ဆန္ဒများ၊ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီကြသလော။ လူအများစုက အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရချင်ကြသည်။ နေထဲ မိုးထဲတွင် မလုပ်ဖို့၊ အဝတ်ကောင်းကောင်းဝတ်ဖို့၊ နေရာတိုင်း၌ လင်းလက်တောက်ပနေဖို့၊ တခြားလူများအား လွှမ်းမိုးဖို့၊ သူတို့၏ ဘိုးဘေးများကို ဂုဏ်တက်စေရန် ဆန္ဒရှိကြသည်။ ပြီးပြည့်စုံခြင်းကို လူတို့ မျှော်လင့်ကြသည်၊ သို့သော်လည်း သူတို့ဘဝခရီးတွင် ပထမခြေလှမ်းကို စလှမ်းသည့်အခါ လူသား၏ကံတရားက အဘယ်မျှ ပြည့်စုံခြင်းမရှိသည်ကို တဖြည်းဖြည်း နားလည်လာ ကြပြီး လူတစ်ယောက်သည် သူ၏အနာဂတ်အတွက် ရဲရင့်သော အစီအစဉ်များကို ပြုလုပ်နိုင်သော်လည်း၊ လူတစ်ယောက်သည် ရဲတင်းသည့် စိတ်ကူးယဉ်အိပ်မက်များ သိုထားနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အိပ်မက်များကို အကောင်အထည်ဖော်ဖို့ မည်သူမျှ အရည်အချင်း သို့မဟုတ် တန်ခိုးအာဏာမရှိကြသကဲ့သို့ မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်သည့် နေရာတွင် မရှိသည့်အချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် သဘောပေါက်လာကြသည်။ လူတစ်ယောက်၏ အိပ်မက်နှင့် သူရင်ဆိုင်ရမည့် လက်တွေ့အရှိတရားတို့ကြား အကွာအဝေးတချို့ အမြဲရှိနေပါလိမ့်မည်။ အမှုအရာများသည် လူတစ်ယောက် ဖြစ်စေချင်သည့်အတိုင်း ဘယ်သောအခါမှ မဖြစ်သကဲ့သို့ ထိုသို့သော လက်တွေ့အရှိတရားများနှင့် ရင်ဆိုင်ရလျက်၊ လူတို့သည် စိတ်ကျေနပ်မှု သို့မဟုတ် ရောင့်ရဲမှုကို ဘယ်သောအခါမျှ မရရှိကြချေ။ တချို့လူတို့သည် စိတ်ကူးလို့ရသည့် မည်သည့် အတိုင်းအတာအထိမဆို သွားကြလိမ့်မည်၊ သူတို့၏ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးပမ်းမှုတစ်ခုအနေဖြင့် သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်အတွက် ကြီးမားသည့် အားစိုက်မှုများ ပြုလုပ်ပြီး ကြီးမားသည့် စွန့်လွှတ်မှုများ ပြုလုပ်ကြပေလိမ့်မည်။ သို့သော်လည်း အဆုံးတွင်၊ သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုများအားဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် စိတ်ဆန္ဒများကို အကောင်အထည် ဖော်နိုင်လျှင်ပင်၊ ၎င်းတို့၏ ကံကြမ္မာတွေကို ဘယ်သောအခါမျှ ၎င်းတို့ မပြောင်းလဲနိုင်ပေ။ မည်မျှပင်ဇွဲကြီးကြီးနှင့် ကြိုးစားပါစေ ကံတရားက သူတို့ကို ပိုင်းခြားသတ်မှတ်ပေးသည်ထက် ဘယ်သောအခါမျှ ကျော်လွန် နိုင်မည်မဟုတ်ပေ။ အရည်အချင်း၊ ဉာဏ်ပညာ၊ စိတ်စွမ်းအား မတူညီမှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ၊ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမြတ်သူနှင့် သေးနုတ်သူ၊ မြင့်သောသူနှင့် နိမ့်သောသူ၊ ချီးမြှောက်ခံရသူနှင့် နှိမ့်ကျသောသူတို့ကြား မခွဲခြားပေ။ လူတစ်ယောက်က မည်သည့် အလုပ်အကိုင်ကို ရှာဖွေလိုက်စားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ကြွယ်ဝချမ်းသာမှု မည်မျှ စုဆောင်းသည် စသည်တို့သည် မိမိ၏မိဘ၊ မိမိပါရမီ၊ အားစိုက်ထုတ်မှုများ သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက်မှာရှိတဲ့ ရှေ့ရေး နဲ့ ကံကြမ္မာအမျိုးအစားကို သူသင်တဲ့ မေဂျာ၊ သူရတဲ့ ဘွဲ့တွေက ဆုံးဖြတ်တာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်က ဆုံးဖြတ်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မ ဘေးနားကလူတွေကို ကြည့်လိုက်တယ်။ စာတော်ပြီး ဘွဲ့ကြီးကြီး ရထားတဲ့သူအများကြီးရှိပေမဲ့ နောက်ဆုံးတော့ အလုပ်ကောင်းကောင်း မရကြဘူး။ ကျောင်းစာညံ့တဲ့ အတန်းဖော်တချို့ကျတော့ ဘွဲ့ရတဲ့အချိန်မှာ မူဝါဒပြုပြင်ပြောင်းလဲတာတွေကြောင့် ကံကောင်းပြီး သဘောကောင်းတဲ့ အလုပ်ရှင်တွေဆီ ရောက်သွားကြတယ်။ တချို့ အတန်းဖော်တွေဆို ဘွဲ့လွန်တက်ခွင့်ရပေမဲ့ နောက်ဆုံးကျတော့ ကောလိပ်ကျောင်းဆင်းတွေနဲ့ အတူတူပဲ အလုပ်လုပ်နေရတာ ရှိတယ်။ ပြီးတော့ ကျောင်းကောင်းကောင်း တက်ရမလားဆိုတာ ကိုယ်ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး။ ကျွန်မကိုပဲ ကြည့်လေ။ တက္ကသိုလ်ကောင်းကောင်း တက်ရဖို့ဆိုပြီး သေသေချာချာကို နာမည်ကြီး အထက်တန်းကျောင်း ပြောင်းတယ်၊ နေ့တိုင်း ညဉ့်နက်တဲ့အထိ စာကြိုးစားခဲ့တယ်။ အများကြီး ကြိုးစားရင် ထိပ်တန်းတက္ကသိုလ် ဝင်ခွင့်ရမယ်၊ အဲဒီနောက်ပိုင်း လူတွေကြား ထင်ပေါ်ကျော်ကြား ပြီး ဆွေဂုဏ်မျိုးဂုဏ်တက် မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ဘဲ နောက်ဆုံးတော့ သာမန်ကောလိပ်တစ်ခုပဲ တက်ခွင့်ရခဲ့တယ်။ အခုလဲ အတူတူပါပဲ။ ထိပ်တန်းဘွဲ့လွန်ကျောင်းကို တက်ဖို့ ကံပါရင် တက်ရမှာပဲ။ ကံမပါရင်တော့ ကျွန်မ ဘယ်လောက်ပဲ အားထုတ်ပါစေ စာမေးပွဲအောင်မှာ မဟုတ်ဘူး။ ကျွန်မ လုပ်နိုင်တာက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရင်း အရာရာကို သဘာဝအတိုင်း တွေ့ကြုံဖို့ပါပဲ။ အဲဒါကို တွေးမိတော့ စိတ်သက်သာရာရသွားပြီး ခေါင်းဆောင်တာဝန်ကို လက်ခံလိုက်တယ်။ ခေါင်းဆောင်ဖြစ်ပြီးတဲ့နောက် အသင်းတော်ထဲက ကိစ္စကြီးငယ်မဟူ အာရုံစိုက်ဖြေရှင်းဖို့ လိုတယ်ဆိုတာ တွေ့ရတယ်။ ကျွန်မက လေ့ကျင့်နေတာ မကြာသေးတော့ စည်းမျဉ်း တွေကို သဘောမပေါက်သေးဘူး။ ကိစ္စတော်တော်များများကို ဘယ်လိုကိုင်တွယ်ရမှန်း မသိဘူး။ ဒါကြောင့် စည်းမျဉ်း တွေကို ရှာဖွေပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ ဖို့ ကြိုးစားအားထုတ်ရတယ်။ အသိပညာတွေ သင်ဖို့ တကယ်ကို အချိန်နဲ့ ခွန်အားမရှိခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ ကျောင်းစာတွေကို အလွတ်ကျက်ရတာ ငြီးငွေ့စရာကောင်းပြီး ခြောက်ကပ်ကပ်နဲ့ လက်တွေ့မှာ အသုံးမဝင်ဘူးလို့ ပိုခံစားလာရတယ်။ အဲဒါတွေကို မှတ်မိဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အတင်းဖိအားပေးနေရတယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်တာကတော့ မတူဘူး။ တာဝန်ထမ်းဆောင်တာက ကျွန်မကို လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်ပြီး စိတ်ထဲမှာ ပျော်ရွှင်ရတယ်။ ဥပမာ၊ အသင်းတော် သန့်စင်ရေး အလုပ်ကို အကောင်အထည်ဖော်တဲ့အခါ ပိုင်းခြားသိမြင်မှု ကဏ္ဍမှာရှိတဲ့ သမ္မာတရား ကို ရှာဖွေပြီး လူတွေရဲ့ သရုပ်သကန်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်တယ်။ အဲဒါက ကျွန်မရဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို တိုးတက်စေတယ်။ အသင်းတော်အလုပ် လုပ်ရင်းနဲ့ အခက်အခဲတွေလဲ ခဏခဏ ကြုံရတယ်။ အဲဒီအခါ ဘုရားသခင်ဆီ ဆုတောင်းရှာဖွေပြီး ဘုရားသခင်ရဲ့ဉာဏ်အလင်းနဲ့ လမ်းပြမှုကို ရရှိခဲ့တယ်။ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းလည်း ကြီးထွားခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို ယောဘလိုမျိုး ကိုယ့်မျက်စိနဲ့ မမြင်ခဲ့ရပေမဲ့၊ ဘုရားသခင်က ကျွန်မဘေးနားမှာ အချိန်တိုင်း နေရာတိုင်း ရှိနေပြီး ကျွန်မရဲ့ တစ်ခုတည်းသော မှီခိုအားထားရာ ဖြစ်တယ်ဆိုတာ ခံစားမိတယ်။ ကျွန်မ စိတ်နှလုံးက အရမ်းကို ငြိမ်သက်အေးဆေးပြီး ကျွန်မ စိတ်နှလုံးထဲက အဲဒီ စိတ်ကျေနပ်တဲ့ ခံစားချက်က အသိပညာ လေ့လာသင်ယူတာကနေ မရနိုင်တဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ တက္ကသိုလ်ပြန်ရောက်လို့ အတန်းဖော်တွေအကုန်လုံး ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် အလုပ်ရှုပ်နေတာကို မြင်ရတိုင်း၊ ဆရာတွေ၊ ကျောင်းသားတွေနဲ့ မိဘတွေကလဲ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအကြောင်းပဲ ပြောနေကြတာ ကြားရတိုင်း၊ ကျွန်မကကျတော့ အသင်းတော်အလုပ်နဲ့ မအားဘဲ စာမေးပွဲအတွက် ပြင်ဆင်ချိန် နည်းသထက် နည်းလာတော့ သူတို့ ငါ့ကို ဘယ်လိုထင်မလဲဆိုပြီး စိတ်ပူမိတယ်။ ငါက စာလုပ်ဖို့ အားမထုတ်ဘဲ ကိုယ့်ရဲ့ သင့်တော်တဲ့အလုပ်ကို အရေးမစိုက်ဘူးလို့ ထင်ကြမလားပေါ့။ ပြီးတော့ ကျွန်မငယ်ငယ်ကတည်းက ဘွဲ့ကြီးကြီးရဖို့ ကြိုးစားနေခဲ့တာကို ပြန်တွေးမိတယ်။ ဒီအတိုင်းပဲ လက်လျှော့လိုက်တော့မှာလား။ အဲဒါဆို ငါ လူတွေကြားထဲ ဘယ်တော့မှ ထင်ပေါ်ကျော်ကြား ခွင့် ရတော့မှာ မဟုတ်ဘူး။ ဒါတွေကို တွေးမိတော့ ကျွန်မ စိတ်က လက်မလွှတ်နိုင်သေးဘူး။ အဲဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သမီးက ဘွဲ့ကြီးကြီးရဖို့ကိုပဲ အမြဲတမ်း လိုက်စားချင်နေမိတယ်။ စိတ်ထဲမှာ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဖြေချင်နေတုန်းပါပဲ။ အပြည့်အဝ လက်မလွှတ်နိုင်သေးပါဘူး။ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကိစ္စရဲ့ လွှမ်းမိုးတာ မခံရဘဲ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ သမ္မာတရားကို နားလည်အောင် သမီးကို လမ်းပြပေးပါ” ပေါ့။

ဆုတောင်းပြီးတဲ့နောက်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာလိုက်တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် ၎င်း၏ လိုအင်ဆန္ဒများ သို့မဟုတ် ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် ၎င်းကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော ရည်သန်မျှော်မှန်းချက်များ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်။ ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။ လူအချို့က အသိပညာ သင်ယူခြင်း ဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကျမကျန်စေရန်အတွက် စာအုပ်များ ဖတ်ရှုခြင်း သို့မဟုတ် သင် မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုဟု ပြောကြလိမ့်မည်။ သင့်ကိုယ်တိုင်၏ အနာဂတ်အတွက် သို့မဟုတ် အခြေခံ လိုအပ်ချက်များကို ထောက်ပံ့ရန် စားဝတ်နေရေးအတွက် ငွေရှာရန်အတွက်သာ အသိပညာကို သင်ယူခြင်း ဖြစ်သည်။ အခြေခံ လိုအပ်ချက်များ သက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန် သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်း လေ့လာ သင်ယူသည့် လူတစ်ဦးတလေ ရှိသလော။ ဤကဲ့သို့သောလူမျိုး တစ်ဦးမျှမရှိပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ဤနှစ်များအားလုံးအတွက် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခခံသနည်း။ ဤသည်မှာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် သူ့ကို လက်ယပ်ခေါ်လျက်၊ အဝေးတွင် စောင့်ကြို နေကြ၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင် လုံ့လဝီရိယ၊ အခက်အခဲများနှင့် ရုန်းကန်မှုများအားဖြင့်သာ ၎င်းတို့ကို ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ရရှိဖို့ ဦးဆောင်မည့် လမ်းကို လိုက်နိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူသည် သူကိုယ်တိုင်၏ အနာဂတ် လမ်းကြောင်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်နှင့် ပို၍ကောင်းမွန်သော ဘဝတစ်ခုကို ရရှိဖို့ ဤသို့သော အခက်အခဲများကို ဒုက္ခခံရပေမည်။...ဤအယူအဆတို့သည် မျိုးဆက်များ တစ်ခုပြီးတစ်ခုအပေါ် လွှမ်းမိုးလျက်ရှိနေသကဲ့သို့၊ မျိုးဆက်တစ်ခုစီ၏ လူတို့သည် ဤအယူအဆတို့ကို လက်ခံလာကြရ၏။ ၎င်းတို့သည် ၎င်းတို့၏ ဘဝများကိုပင် စွန့်လွှတ်အနစ်နာခံမည်ဖြစ်သော ‘မြင့်မားသော ရည်သန်မျှော်မှန်းချက်များ’ နောက်သို့ လိုက်ရာတွင် အစဉ်သဖြင့် ရုန်းကန်ကြိုးစားကြသည်။ ဤသည်မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေရန်အတွက် အသိပညာကို စာတန်အသုံးပြုသော နည်းလမ်းနှင့် ချဉ်းကပ်မှုများဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်သည် လူတို့ကို ဤလမ်းကြောင်းသို့ ဦးဆောင်ခေါ်ယူပြီးသည့်နောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး သမ္မာတရားကို လိုက်စားနိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်၏ လမ်းလွဲစေခြင်းကို ခံရပြီးဖြစ်သောကြောင့်ဖြစ်သည်။ စာတန်က လူတို့ထဲတွင် သွတ်သွင်းထားသော အသိပညာ၊ အတွေးများနှင့် ထင်မြင်ချက်များကို နောက်တစ်ဖန် ကြည့်ကြစို့။ ဤအရာတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းဆိုင်ရာ သမ္မာတရားများ ပါဝင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဆိုင်ရာ သမ္မာတရားများ ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုတလေ ရှိသလော။ ယင်းတို့အထဲတွင် သမ္မာတရားနှင့် သက်ဆိုင်သည့်အရာ တစ်ခုခုရှိသလော။ လုံးဝ မရှိပေ။ ဤအရာများ လုံးဝကင်းမဲ့နေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့သည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))

ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ အပေါ်ယံကြည့်ရင် အသိပညာကို လိုက်စားတာက ဘာမှ မမှားပေမဲ့ အဲဒီနောက်ကွယ်မှာ စာတန် ရဲ့ ယုတ်မာကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေ ဖုံးကွယ်နေတယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ ဘုရားသခင်က လူကို ဖန်ဆင်းခဲ့တာပါ။ လူတွေက ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ပြီး တာဝန်ထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်၊ ဒါတွေက အပြုသဘောဆောင်တဲ့ အရာတွေပါ။ ဒါပေမဲ့ စာတန်က ဘုရားသခင်ဆီကနေ လူတွေကို လုယူဖို့အတွက် အသိပညာကို သုံးပြီး လူတွေကို အထင်အမြင်မှားအောင်လုပ်တယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားတဲ့လမ်းပေါ် ရောက်အောင် ခေါ်သွားတယ်။ လူတွေက သူတို့ရဲ့ အချိန်နဲ့ ခွန်အားကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အသုံးခံအောင် ကျော်ကြားမှုနဲ့ အကျိုးအမြတ်လိုက်စားတာကို အပြုသဘောဆောင်တဲ့အရာအနေနဲ့ မှတ်ယူစေတယ်။ ကိုယ့်တာဝန်ထမ်းဆောင်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့ စိတ်ကူး လုံးဝ မရှိတော့ဘူး။ ဒီလိုနဲ့ ဘုရားသခင်နဲ့ ဝေးကွာသွားတယ်၊ ဘုရားသခင်ကို သစ္စာဖောက် ပြီး နောက်ဆုံးကျတော့ စာတန် ရဲ့ ဝါးမျိုတာ ခံရတော့တာပါပဲ။ ငယ်ငယ်ကတည်းက “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” ဆိုပြီး အဖေ ရိုက်သွင်းပေးခဲ့တဲ့ အမြင်ကို ကျွန်မ လက်ခံခဲ့တာတွေ ပြန်သတိရမိတယ်။ သူများအထင်သေးတာ မခံရအောင် စာကြိုးစားပြီး ဘွဲ့ကြီးကြီး ယူရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဝင်ခွင့်စာမေးပွဲတွေအတွက် ကျွန်မ နေ့တိုင်း မနက်ကနေ ညအထိ စက်ရုပ်တစ်ရုပ်လိုပဲ ခေါင်းထဲကို အသိပညာတွေ သွတ်သွင်း ခဲ့တယ်။ ခေါင်းတောင် ပေါက်ထွက်မတတ် ခံစားရတယ်။ မွန်းကြပ်ပြီး နာကျင်ရလွန်းလို့ ငိုပြီး စိတ်ထွက်ပေါက်ပေး တာကလွဲရင် တခြားနည်းလမ်း မရှိခဲ့ဘူး။ ဒါတောင်မှ လက်လျှော့ဖို့ လုံးဝ မတွေးခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျော်ကြားမှုနှင့် အကျိုးအမြတ် ရတာက အနာဂတ်ကောင်း ရတာနဲ့ အတူတူပဲလို့ ကျွန်မ ယုံကြည်ထားလို့လေ။ လူတွေကြား ထင်ပေါ်ကျော်ကြား ပြီး ဆွေဂုဏ်မျိုးဂုဏ်တက် စေတာက ကျွန်မရှေ့မှာ ချထားတဲ့ ငါးစာလိုမျိုးပဲ။ ကျွန်မရဲ့ အချိန်နဲ့ ခွန်အား အကုန်လုံးကို ပေးဆပ်အသုံးခံဖို့ ကျွန်မကို ဖြားယောင်းနေတာ။ နောက်ပိုင်းမှာ ကျွန်မက စုဝေးပွဲတွေလည်းတက်ပြီး တာဝန်ထမ်းဆောင်ပေမဲ့ ကျွန်မ စိတ်ထဲမှာ တွေးနေတာက စာလုပ်ဖို့အချိန် ဘယ်လို ပိုဖဲ့ယူရမလဲ ဆိုတာပါပဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဖြေရှင်းပေးချင်စိတ် မရှိဘူး၊ ကိုယ်စာလုပ်မဲ့အချိန် ပဲ့သွားမှာ စိုးရိမ်လို့လေ။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ခေါင်းဆောင်အဖြစ် ရွေးချယ်တယ်၊ ဒါဟာ ဘုရားသခင်က ကျွန်မကို သမ္မာတရားရပြီး အသက်ကြီးထွားလာအောင် လေ့ကျင့်ဖို့ ပေးထားတဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ ကျွန်မက ငြင်းပယ်ချင်ခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားတာကို အပြုသဘောဆောင်တဲ့အရာလို့ မှတ်ယူပြီး အဲဒါတွေကို ရဖို့ ဘယ်အဖိုးအခကိုမဆို ပေးဖို့ လိုလားခဲ့တယ်။ ဒါပေမဲ့ တာဝန်ကို ကောင်းကောင်း မထမ်းဆောင်တဲ့အခါကျတော့ ကျွန်မ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် လုံးဝ မရှိခဲ့ဘူး။ ကျွန်မ တကယ်ကို အမှားအမှန် မခွဲခြားတတ်ခဲ့ဘူးပဲ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ကို လိုက်စားတာက ကျွန်မကို ဘုရားသခင်နဲ့ ဝေးကွာစေပြီး ဘုရားသခင်ကို သစ္စာဖောက်စေရုံပဲ ရှိမယ်၊ နောက်ဆုံးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လုံးဝ ဆုံးရှုံးပြီး စာတန် ရဲ့ ဝါးမျိုတာ ခံရမယ်ဆိုတာ ကျွန်မ မြင်သွားတယ်။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က လူသားတွေကို ကယ်တင်ဖို့ လူ့ဇာတိခံယူပြီး နှုတ်ကပတ်တော်တွေကို ဖော်ပြနေတာပါ။ ဒါဟာ လူတွေ ကယ်တင်ခြင်းခံရဖို့ အရေးကြီးဆုံးအချိန်ပဲ။ ဒါပေမဲ့ ကျွန်မက ဒီအသုံးမဝင်တဲ့ အသိပညာတွေကို သင်ယူရင်းနဲ့ ကျွန်မဘဝရဲ့အကောင်းဆုံးအချိန်တွေကို ဖြုန်းတီးနေခဲ့တာ၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းခံရဖို့ အကောင်းဆုံးအခွင့်အရေးကို လွဲချော်နေခဲ့တာ။ ဘုရားသခင်ရဲ့ အမှုတော် ပြီးဆုံးလို့ ကြီးမားတဲ့ ကပ်ဘေးတွေ ကျရောက်လာတဲ့အခါ ကျွန်မမှာ အသိပညာ ဘယ်လောက်ရှိရှိ၊ ပိုက်ဆံ ဘယ်လောက်ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ နာမည်ကြီးကြီး၊ ကျွန်မအသက်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ အဲဒါဆို ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ဒါတွေကို တွေးမိပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားခြင်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ကျွန်မ သတိပြုမိသွားတယ်။ ဘွဲ့လွန်စာမေးပွဲအတွက် ပြင်ဆင်တာက ကျွန်မရဲ့ လူငယ်ဘဝကို ဖြုန်းတီးရာပဲ ရောက်မယ်လို့ ပိုခံစားလာရတယ်။ ကျွန်မ စာတန် ရဲ့ လှည့်စားတာကို မခံနိုင်တော့ဘူး။ ကျော်ကြားမှုနှင့် အကျိုးအမြတ် လိုက်စားတာကို စွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်ရာမှာ အချိန်နဲ့ ခွန်အားကို ပိုမြုပ်နှံရမယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ စာမေးပွဲက နီးသထက်နီးလာတာနဲ့အမျှ၊ စားပွဲပေါ်မှာ ရက်တော်တော်ကြာ မလှန်ကြည့်ဖြစ်တဲ့ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ထားတဲ့ စာအုပ်တွေကို ကြည့်ပြီး ကျွန်မ စိတ်နှလုံးထဲမှာ နည်းနည်း ဒွိဟဖြစ်နေတုန်းပဲ။ “ငါ သွားဖြေသင့်လား၊ မဖြေသင့်ဘူးလား။ တကယ်တော့ ငါ ဆယ်နှစ်ကျော် ကြိုးစားခဲ့တာလေ။ တကယ်လို့ အောင်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ အောင်သွားရင် ပင်ပင်ပန်းပန်း ထပ်ပြီး စာကြိုးစားရဦးမယ်၊ အတန်းဖော်တွေကြားမှာ ယှဉ်ပြိုင်မှုတွေက ပေါ်တင်ရော၊ တိတ်တဆိတ်ရော ရှိနေမယ်၊ ပြီးတော့ အောင်လက်မှတ်အမျိုးမျိုးကို အဆုံးမရှိ လိုက်စားရမယ်။ တွေးကြည့်လိုက်တာနဲ့တင် မွန်းကြပ်ပြီး အသက်ရှူလို့မရတော့သလို ခံစားရတယ်။ ပြီးတော့ အဲဒါက တာဝန်ထမ်းဆောင်ရမဲ့ အချိန်ကို မလွဲမသွေ ယူမှာပဲ။ ဒါပေမဲ့ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ မဖြေရင် နောင်ကျ ငါ ဘာလုပ်နိုင်မှာလဲ။ အခုခေတ်က လူ့အဖွဲ့အစည်းမှာ ဘွဲ့လက်မှတ်ကို အရမ်း တန်ဖိုးထားကြတာ။ ဘွဲ့ကြီးကြီးမရှိရင် အလုပ်ရှာရတာလဲ လွယ်မှာမဟုတ်ဘူး။ တကယ်တမ်းတော့လည်း ဒါက ငါ့ရဲ့ အနာဂတ်နဲ့ ဆက်စပ်နေတာပဲ” ပေါ့။ ဒါတွေကို တွေးရင်းနဲ့ ကျွန်မ စာကြည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတယ်။ ငါ ဘာကို တွေးချယ်သင့်လဲပေါ့။ လူတွေအတွက် ဘုရားသခင်ရဲ့ နောက်ဆုံး သတ်မှတ်ချက် ၁၁ ချက် ထဲက တစ်ချက်ကို ကျွန်မ သတိရလိုက်တယ်။ “ငါ့အဖို့အလို့ငှာ၊ သင်၏ အနာဂတ် ရှင်သန်ရေး လမ်းကြောင်းအတွက် စဉ်းစားဆင်ခြင်ခြင်း၊ စီစဉ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ကို သင် စွန့်လွှတ်နိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)) အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “လူသားက မျှော်လင့်ပြီး လိုက်စားသည့် အရာများသည် လူသားနှင့်လျော်ကန်သော ပန်းတိုင်ဆိုသည်ထက်၊ ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကို သူ၏လိုက်စားမှုမှ ထွက်ပေါ်သော တမ်းတမှုများ ဖြစ်သည်။ ထိုစဉ်အတောအတွင်း လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားသည့်အရာများမှာ၊ လူသားကို ဖြူစင်စေပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းနှင့် ထိုက်သင့်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်ပေသည်၊ ယင်းတို့မှာ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားခဲ့ပြီး လူသား၏ ရွေးချယ်မှုများ၊ အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် မစွန်းထင်းပေ။ ဤပန်းတိုင်ကို သီးခြားလူတစ်ဦးအတွက် ပြင်ဆင်ထားခြင်း မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ပန်းတိုင်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)ဤအချိန်သည် ကြီးမားသော အမှုကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက်လည်းကောင်း၊ ရလဒ်များကို ပို၍ စွမ်းဆောင်ရရှိနိုင်စွမ်း ရှိရန်အတွက်လည်းကောင်း ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန် ဖြစ်ပြီး ထို့ထက်မက သင်တို့၌ ငါပြုခဲ့ပြီးသောအမှုအားလုံးကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး တိကျမှန်ကန်မှုဖြင့် ရှုမြင်ကာ ငါ၏ အမှုက သာ၍ကြီးမြတ်သော ရလဒ်များ ရရှိနိုင်စေရန် ယင်းအပေါ်၌ သင်တို့၏ စွမ်းအားအလုံးစုံကို အသုံးခံရန်ပင် ဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ ငါ၏အလုပ်နှင့် သင်တို့၏ ကောင်းမွန်သော အနာဂတ်ကို နှောင့်နှေးစေခြင်းမှ ရှောင်ကြဉ်ရန်အလို့ငှာ သင်တို့အချင်းချင်း ယှဉ်ပြိုင်ခြင်းကိုဖြစ်စေ၊ အရေးပေါ် အစီအစဉ်ကို ရှာဖွေခြင်းဖြစ်စေ၊ သင်တို့၏ ဇာတိပကတိအတွက် သာယာမှုကို ရှာဖွေခြင်းကိုဖြစ်စေ ရပ်တန့်ကြလော့။ ထိုသို့ပြုခြင်းသည် သင်တို့ကို ကာကွယ်ပေးရန် ဝေးစွ၊ သင်တို့အပေါ်သို့ ပျက်စီးခြင်းကိုသာ ဆောင်ကြဉ်းလာနိုင်ပေမည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင် မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး ယနေ့ သင် ကြံ့ကြံ့ခံနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင် ရုန်းထွက်လွတ်မြောက်ရာ၌ အခက်တွေ့မည့် စုံစမ်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို နောက်တစ်ကြိမ် လုံးဝ မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ခါတလဲလဲ သေချာစဉ်းစားကြည့်တယ်။ သေချာစဉ်းစားလေလေ၊ ကျွန်မ စိတ်နှလုံးက ပိုလင်းလက်လာလေလေပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က လူတွေကို ဖန်ဆင်းရှင် ရှေ့ ပြန်လာပြီး တာဝန်ထမ်းဆောင်နိုင်စေချင်တာ၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း ကို လက်ခံနိုင်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား တွေကို သန့်စင်နိုင်စေချင်တာပါ။ အဲဒါမှ သူတို့အတွက် ဘုရားသခင် ပြင်ဆင်ပေးထားတဲ့ ကောင်းမွန်တဲ့ ပန်းတိုင် ကို ရရှိမှာလေ။ ယှဉ်ကြည့်ရင် ကျွန်မ လိုက်စားခဲ့တဲ့ လူတွေကြား ထင်ပေါ်ကျော်ကြား ပြီး ဆွေဂုဏ်မျိုးဂုဏ်တက် ဖို့ဆိုတာတွေက အပေါ်ယံကြည့်ရင် ဇာတိပကတိ အကျိုးစီးပွားနဲ့ ကိုက်ညီသလို ထင်ရပေမဲ့ အနှစ်သာရအနေနဲ့ကတော့ ကျွန်မကို ဘုရားသခင်နဲ့ ဝေးကွာစေပြီး ဘုရားသခင်ကို သစ္စာဖောက်စေတာပဲ။ နောက်ဆုံးကျရင် ကျွန်မကို ပျက်စီးစေလိမ့်မယ်။ အရင်တုန်းက ကျွန်မတို့ မိသားစုလေးယောက်စလုံး ဘုရားသခင်ကို ယုံကြည်ခဲ့ကြတာကို ပြန်တွေးမိတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အဖေနဲ့ အစ်မက ဘုရားယုံတာကို အလုပ်ကသိသွားရင် သူတို့ရဲ့ ရှေ့ရေး ထိခိုက်မှာစိုးလို့ စုဝေးပွဲတွေကို တဖြည်းဖြည်း မတက်တော့ဘဲ နောက်ဆုံးတော့ သူတို့အားလုံး ဘုရားသခင်ကို မယုံကြည်ကြတော့ဘူး။ သူတို့က နောက်ပိုင်းမှာ ရာထူးကြီးကြီးတွေ၊ ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဘဝတွေ ရခဲ့တာ မှန်ပေမဲ့ သူတို့က လူတွေကို အမြဲ သတိဆက်ဆံနေခဲ့ကြတယ်၊ မိတ်ဆွေစစ် မရှိကြဘူး၊ သူများ အကောက်ကြံ မှာကို ကြောက်နေရတယ်။ တစ်နေ့တစ်နေ့ သူများမကောင်းကြံဖို့၊ ဉာဏ်ဆင်ဖို့ပဲ စဉ်းစားနေရပြီး ညဘက်ဆို အိပ်မပျော်နိုင်အောင် စိတ်ပူရတယ်။ စာတန်ရဲ့ အရုပ်လုပ် ကစားတာ၊ ညှဉ်းပန်းနှိပ်စက် တာကို ခံရပြီး အရမ်း ဆင်းရဲဒုက္ခရောက်တဲ့ ဘဝနဲ့ ရှင်သန်နေရတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သူတို့ လိုက်စားခဲ့တာရဲ့ အကျိုးဆက်တွေက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဟာ လူကို ဘာအကျိုးမှ မပေးဘူး၊ ဒါဟာ သေလမ်းပဲ ဆိုတာကို ကျွန်မအတွက် သတိပေးချက်လည်း ဖြစ်လာတယ်။ သူတို့ရဲ့ ကျရှုံးတဲ့လမ်းကို ကျွန်မ မလိုက်နိုင်ဘူး။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့နဲ့ လူတွေအတွက် ဘုရားသခင် ပြင်ဆင်ပေးထားတဲ့ စစ်မှန်တဲ့ အနာဂတ်ကိုပဲ ကျွန်မ လိုက်စားသင့်တယ်။ ဒါတွေကို သေချာစဉ်းစားလိုက်တော့ အေးစက်တဲ့ ဆောင်းရာသီတောင် မအေးတော့သလို ခံစားရတယ်။ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် စာမေးပွဲကြေး သွင်းပြီးပြီ၊ စာမေးပွဲဖြေရမယ့် ခန်းမနေရာလည်း သတ်မှတ်ထားပြီးပြီ ဖြစ်ပေမဲ့ စာမေးပွဲ မဖြေတော့ဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အောင်သွားရင်တောင် ဒါဟာ ဘဝရဲ့ မှန်ကန်တဲ့လမ်းကြောင်း မဟုတ်ဘူး၊ အဲဒီ ကျော်ကြားမှုက အဓိပ္ပာယ်မရှိဘူးလေ။

ဒီဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့အခါ ကျွန်မ တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားရတယ်။ ကျောင်းပြန်ရောက်လို့ အတန်းဖော်တွေ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် စိတ်ပူနေကြတာ မြင်ရတော့ ဒါဟာ စာတန် က သူတို့ကို ညှဉ်းပန်းနှိပ်စက် နေတာပဲဆိုတာ ကျွန်မ သိလိုက်တယ်၊ ကျွန်မစိတ်က ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲဆီကို လုံးဝ မရောက်တော့ဘူး။ အဲဒီနောက်ပိုင်း ကျွန်မ ကိုယ့်တာဝန်ထမ်းဆောင်တာမှာပဲ အပြည့်အဝ မြှုပ်နှံလိုက်တယ်။ တစ်နှစ်ကြာတော့ အဖေက အစာအိမ်ကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေမှန်း စစ်ဆေးတွေ့ရှိရပြီး နောက်ခြောက်လအကြာမှာ ဆုံးသွားတယ်။ အသိပညာ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် တွေက သေခြင်းတရားကို ရင်ဆိုင်ရာမှာ ဘာမှ အသုံးမဝင်တာကို တွေ့လိုက်ရတော့ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားတာကသာ လူတွေအတွက် တစ်ခုတည်းသော အသက်ရှင်ရာလမ်းပဲဆိုတာ ကျွန်မစိတ်ထဲမှာ ပိုပြီး သေချာသွားတယ်။ အခုဆိုရင် ကျွန်မ အချိန်ပြည့် တာဝန်ထမ်းဆောင်နေပါပြီ။ လောကရဲ့ ဆူညံသံတွေ၊ ပဋိပက္ခတွေနဲ့ ဝေးရာမှာပေါ့။ စိတ်ထဲမှာ အရမ်း ငြိမ်းချမ်းပြီး အေးမြမှုကို ခံစားရတယ်။ နေ့တိုင်း ညီအစ်ကိုမောင်နှမတွေနဲ့ ထိတွေ့ဆက်ဆံရတယ်၊ ကျွန်မတို့ အတူတူ တာဝန်ထမ်းဆောင်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း ကို တွေ့ကြုံဖို့လဲ ကျွန်မ အာရုံစိုက်တယ်၊ ပြီးတော့ ကျွန်မကိုယ်တိုင်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား တွေအကြောင်း နည်းနည်းသိလာတယ်။ ဒီရရှိမှုတွေက ကျောင်းတွေမှာ နှစ်ပေါင်းများစွာ တက်ပြီး ကျော်ကြားမှုနှင့် အကျိုးအမြတ် တွေ အများကြီး ရရင်တောင် ကျွန်မကို ဘယ်တော့မှ ရအောင်လုပ်မပေးနိုင်တဲ့အရာတွေပဲ။ စစ်မှန်တဲ့ အနာဂတ်က ဘာလဲဆိုတာ နားလည်အောင်၊ အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုတစ်ခု ပြုလုပ်နိုင်အောင် အခွင့်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နောက်လိုက်ခြင်းက ကျွန်မဘဝရဲ့ အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့ပါတယ်

ချန်ကျန့်၊ တရုတ်ပြည်ကျွန်မ ကျောင်းတက်နေတုန်းက စာလေ့လာတာ လျော့တိလျော့ရဲ လုပ်မိတိုင်း အမေက ကျွန်မကို ပွစိပွစိပြောလေ့ရှိတယ်။ “နင့် ဒေါ်ကြီးကို...

ပညာကို လိုက်စားခြင်းက အနာဂတ်ကောင်းကို အာမခံနိုင်သလား

ဖန်ရှောင်ယွီ၊ တရုတ်နိုင်ငံကျွန်မ ငယ်ငယ်ကတည်းက မိသားစုဝင်တွေနဲ့ ဆရာတွေက စာကြိုးစားဖို့ ပြောခဲ့ကြတယ်။ တက္ကသိုလ်ဝင်ခွင့်ရမှ ဘဝကောင်းတစ်ခု...

ဘုရားနှုတ်ကပတ်တော်များက ဘဝ၌ ဦးတည်ချက်ကို ကျွန်ုပ်အား ပြပေးခဲ့

ကျွန်မ ငယ်ငယ်ကတည်းက အမြဲ အမှတ်ကောင်းကောင်း ရခဲ့ပြီး၊ စာပေနဲ့ အနုပညာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်မရဲ့ ပညာရေး...

အသိပညာက လူတစ်ဦး၏ ကံကြမ္မာကို အမှန်တကယ် ပြောင်းလဲပေးနိုင်သလား

ရှဲရ်၊ နီပေါကျွန်တော့်ကို နီပေါနိုင်ငံက ကျေးလက်မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်မိဘနှစ်ပါးစလုံးက တောင်သူတွေဖြစ်ပြီး သူတို့ရဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။