ဘုရားနှုတ်ကပတ်တော်များက ဘဝ၌ ဦးတည်ချက်ကို ကျွန်ုပ်အား ပြပေးခဲ့
ကျွန်မ ငယ်ငယ်ကတည်းက အမြဲ အမှတ်ကောင်းကောင်း ရခဲ့ပြီး၊ စာပေနဲ့ အနုပညာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်မရဲ့ ပညာရေး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ ကျောင်းတက်နေတုန်းက စာလေ့လာတာ လျော့တိလျော့ရဲ လုပ်မိတိုင်း အမေက ကျွန်မကို ပွစိပွစိပြောလေ့ရှိတယ်။ “နင့် ဒေါ်ကြီးကို ကြည့်စမ်း။ သူက တက္ကသိုလ်တက်ပြီး အလုပ်အကိုင် အတည်တကျ ရထားတော့ စားဖို့၊ ဝတ်ဖို့ ပူစရာမလိုဘူး။ ဘယ်သွားသွား လူတွေက လေးစားကြတယ်၊ အထင်ကြီးကြတယ်။ နင် အခု စာကြိုးစားမလုပ်ရင် ကောလိပ်တက်ရမှာ မဟုတ်ဘူး။ ပြီးရင် နင့်ဒေါ်လေးလိုပဲ စက်ရုံမှာ အလုပ်လုပ်ပြီး ဇာတ်သိမ်းသွားလိမ့်မယ်။ လူတွေက နင့်ကို အထင်သေးကြလိမ့်မယ်” တဲ့။ ကျွန်မ ဒေါ်ကြီးကို အားကျခဲ့ပြီး တစ်နေ့ကျရင် သူလိုပဲ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေရပြီး လူတွေ အားကျရတဲ့၊ အထင်ကြီးလေးစားရတဲ့ ဘဝမျိုးကို နေရဖို့ မျှော်လင့်ခဲ့တယ်။ ဒါကြောင့် စာကို အရမ်းကြိုးစားခဲ့တာပေါ့။ ဒါပေမဲ့ ပထမအကြိမ် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေတော့ မအောင်ခဲ့ဘူး။ အဲဒီတုန်းက ကမ္ဘာကြီးတစ်ခုလုံး မဲမှောင်သွားသလို ခံစားလိုက်ရတယ်။ တစ်သက်လုံး သူများ အထင်သေးတာ မခံချင်တာနဲ့ပဲ ဖိအားတွေကြားကနေ ကျောင်းပြန်တက်ဖို့ ရွေးချယ်ခဲ့တယ်။ အဲဒီအချိန်တုန်းက နေ့တိုင်း ည ၁၂ နာရီကျော်တဲ့အထိ စာကျက်တယ်။ ကျောင်းပြန်တက်ရတဲ့ ဖိအားအပြင် ပြင်းပြင်းထန်ထန် စာကျက်ရတာတွေ ပေါင်းလိုက်တော့ လူရော စိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး ကိုယ်ခံအားကျလာရာကနေ လတိုင်းလိုလို အအေးမိဖျားနာတော့တာပဲ။ ဒါပေမဲ့ နေမကောင်းဖြစ်ရင်တောင် ခွင့်မယူရဲဘူး။ အဓိကအချက်တွေ လွတ်သွားပြီး စာမေးပွဲ မဖြေနိုင်မှာ၊ ကောလိပ်တက်ခွင့် ထပ်လွဲသွားမှာ ကြောက်တာကိုး။ နောက်တစ်နှစ်မှာတော့ ဆရာဖြစ်သင် တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တယ်။ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေအကုန်လုံး လာပြီး ဂုဏ်ပြုစကားပြောကြတာပေါ့။ “ကျောင်းပြီးလို့ ဆရာမဖြစ်ရင် လူမှုအဆင့်အတန်းမြင့်ပြီး လူတွေ လေးစားတာ ခံရမှာ။ တစ်သက်လုံး ဘာမှ ပူစရာမလိုတော့ဘူး” တဲ့။ သူတို့ ဒီလိုပြောတာကြားတော့ စိတ်ထဲမှာ အရမ်းပျော်သွားတယ်။
ဘွဲ့ရပြီးတဲ့အခါ ဗဟိုမူလတန်းကျောင်းတစ်ကျောင်းမှာ စာစသင်တယ်။ အလုပ်ခွင်မှာ နာမည်ရဖို့၊ ကျောင်းလူကြီးတွေ အလေးထားတာ ခံရဖို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ အထင်ကြီးတာ ခံရဖို့အတွက် ပထမဆုံး စာသင်ပြပွဲမှာ ထင်ပေါ်ချင်ခဲ့တယ်။ တစ်လလောက် ကြိုပြီးတော့ကို ပြင်ဆင်တာ။ နေ့တိုင်း ကျွန်မရဲ့ ပုံမှန်စာသင်ချိန်တွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ စာသင်ပြပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှာရင်းနဲ့ပဲ အချိန်ကုန်တယ်။ ဝါရင့်ဆရာတွေကို မေးမြန်းတယ်၊ ပြီးတော့ သင်ခန်းစာ အစီအစဉ်တွေကို အလွတ်ကျက်တယ်။ သင်ကြားရေး အစီအစဉ်တစ်ခုလုံးကို အစအဆုံး ဟောပြောနိုင်တဲ့အထိ နေ့တိုင်း မှန်ရှေ့မှာ ထပ်ခါထပ်ခါ လေ့ကျင့်တယ်။ အရမ်းပင်ပန်းပေမဲ့ အကဲဖြတ်တဲ့ အစည်းအဝေးမှာ ကျောင်းလူကြီးတွေက သဘောကျပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေတာကို တွေ့လိုက်ရတော့ ပင်ပန်းသမျှ ချက်ချင်း ပျောက်သွားခဲ့တယ်။ ကျွန်မ တွေးမိတယ်။ “အခုဆို ကျောင်းလူကြီးတွေ ငါ့ရဲ့ အလားအလာကို မြင်သွားပြီ။ နောက်စာသင်နှစ်ကျရင် နယ်မြေခွဲအတွက် စာသင်ပြပွဲတွေကို ငါ့ကို ကိုင်တွယ်ခိုင်းလောက်တယ်။ အဲဒါဆို ငါ နာမည်ကြီးဖို့ အခွင့်အရေး ပိုရလာမှာ” ပေါ့။ ဒါကို တွေးမိလိုက်တာနဲ့ ဘယ်လောက်ပဲ ပင်ပန်းပါစေ တန်ပါတယ်လေလို့ ခံစားလိုက်ရတယ်။ ဒုတိယ စာသင်နှစ်ရောက်တော့ ဗဟိုနယ်မြေခွဲမှာ သရုပ်ပြ သင်ခန်းစာတစ်ခု သင်ကြားပေးဖို့ အခွင့်အရေး ရခဲ့တယ်။ စိတ်လှုပ်ရှားသလို စိုးရိမ်စိတ်လည်း ဖြစ်မိတယ်။ ကောင်းကောင်း မသင်နိုင်ရင် ကျောင်းလူကြီးတွေက ကျွန်မအရည်အချင်းကို သာမန်ပဲလို့ သေချာပေါက်ထင်သွားမှာ၊ ပြီးရင် နောက်နောင် ဒီလိုအခွင့်အရေးမျိုး ရဖို့ ခက်သွားမှာကို စိုးရိမ်တယ်။ စိတ်လှုပ်ရှားတာကတော့ တကယ်လို့များ ကျွန်မကောင်းကောင်း လုပ်နိုင်ခဲ့ရင် ဗဟိုကျောင်းမှာ နေရာရလာမယ်၊ ခရိုင်အဆင့်၊ ဒါမှမဟုတ် မြို့အဆင့် စာသင်ပြပွဲတွေကိုတောင် တာဝန်ယူဖို့ အခွင့်အရေးပါ ရလာနိုင်တယ်လေ။ အဲဒါဆိုရင် အရမ်းကို ဂုဏ်ရှိလိုက်မယ့်ဖြစ်ခြင်း။ ဒါကြောင့် တစ်နေ့ကို သုံးလေးနာရီပဲ အိပ်ပြီး စေ့စေ့စပ်စပ် ထပ်ပြင်ဆင်ပြန်ရော။ ဒါပေမဲ့ စာသင်တဲ့နေ့ရောက်တော့ အရမ်း စိတ်လှုပ်ရှားလွန်းလို့ စာသင်ခန်းထဲမှာ ကျွန်မ မျှော်လင့်ထားသလောက် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျောင်းလူကြီးတွေနဲ့ တခြားဆရာမတွေကတော့ ကျွန်မကို တော်တော်လေး အသိအမှတ်ပြုခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ တန်ပါတယ်လို့ ခံစားလိုက်ရတယ်။ ဘဝဆိုတာ ဒီလိုပဲဖြစ်သင့်တယ်လို့ ကျွန်မ ခံစားမိခဲ့တယ်။ ကျောင်းလူကြီးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်ကြီးလေးစားမှု၊ ချီးကျူးမှုကို မရရင် အလုပ်လုပ်တာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲပေါ့။ သိပ်မကြာခင်မှာ ကျောင်းလူကြီးတွေ ကျွန်မဆီ ရောက်လာပြီး ကျောင်းက ကျွန်မရဲ့ သင်တန်းကို အမြန်သင်ချင်တယ်။ ကျောင်းရဲ့ လုံခြုံရေးတာဝန်ခံအဖြစ်ပါ တာဝန်ထမ်းဆောင်ပေးပါလို့ ပြောလာတယ်။ စိတ်ထဲမှာတော့ အရမ်းပျော်သွားတယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေးအလုပ်ဆိုတာ ဆရာတိုင်း ကိုင်တွယ်နိုင်တဲ့အရာတစ်ခု မဟုတ်ဘူး။ ကျွန်မသာ ကောင်းကောင်းလုပ်ရင် နောက်ပိုင်းမှာ ထူးချွန်ဆရာမအဖြစ် အသိအမှတ်ပြုခံရဖို့ အခွင့်အလမ်း ပိုများလာမှာဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေကလည်း ကျွန်မအပေါ် အမြင်ပြောင်းလာကြမှာ။ ဆိုပြီး လက်ခံလိုက်တယ်။ ဒါပေမဲ့ တာဝန်ယူပြီး တစ်လတောင် မပြည့်သေးဘူး၊ ကျွန်မ တော်တော်ပင်ပန်းသွားတယ်။ လုံခြုံရေး စာရွက်စာတမ်းတွေက နှစ်ရက်သုံးရက်တစ်ခါ ရောက်ရောက်လာတတ်ပြီး အဲဒီထဲက အများစုက ထုတ်ပြန်ဖို့၊ အကောင်အထည်ဖော်ဖို့နဲ့ ပြန်လည်တင်ပြဖို့ လိုအပ်တယ်။ လက်အောက်ခံ ကျောင်းတွေက စာရွက်စာတမ်းတွေကိုလည်း စီစဉ်ရသေးတယ်။ အဲဒါအပြင် ကိုယ်ပိုင် ဘာသာရပ် သင်ရိုးတွေအတွက်လည်း တာဝန်ယူရသေးတယ်။ နေ့တိုင်း လုပ်ဖော်ကိုင်ဖက်တွေ အိမ်ပြန်သွားရင်တောင် ကျွန်မက ရုံးခန်းထဲမှာ အလုပ်ရှုပ်နေတုန်းပဲ။ စနေ၊ တနင်္ဂနွေတောင် မနားရဘူး။ အစကတော့ ကျွန်မနဲ့ တွဲလုပ်ဖို့ နောက်ထပ်ဆရာတစ်ယောက် တောင်းမလို့ပဲ။ ဒါပေမဲ့ ခရိုင်အဆင့်နဲ့ အထက် ထူးချွန်ဆရာမအဖြစ် အသိအမှတ်ပြုခံရဖို့ဆိုရင် ဘက်စုံတော်ရမယ်လို့ ကျောင်းအုပ်ကြီး ပြောဖူးတာကို သတိရပြီး အဲဒီအတွေးကို ဖျောက်လိုက်တယ်။ သုံးလေးလကြာတော့ ဒီလို အလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကျွန်မက တစ်ဝက်တစ်ပျက်နဲ့ လက်လျှော့လိုက်ပြီး ကျွန်မက အရည်အချင်းမရှိဘူးလို့ သူများတွေပြောမှာကိုလည်း မလိုလားတော့ ကိုယ့်ကိုယ်ကိုယ် အတင်းတွန်းအားပေးပြီး ဆက်လုပ်တယ်။ အလုပ်ရှုပ်ပြီးတဲ့ အချိန်တိုင်း စိတ်ထဲမှာ ဟာတာတာ ဖြစ်ကျန်ရစ်သလို အမြဲခံစားရတယ်။ အလုပ်ဖိအားများလွန်းလို့ အနားယူဖို့ လိုတယ်လို့ ကျွန်မ တွေးမိပြီး စနေ၊ တနင်္ဂနွေဆို အပြင်ထွက် ပျော်ပါးတယ်၊ အစားကောင်းတွေ စားတယ်၊ တရုတ်ပြည် အနောက်ဘက်ပိုင်းကိုတောင် ခရီးထွက်လိုက်သေးတယ်။ ဒါပေမဲ့ စားသောက်ပျော်ပါးပြီးတာတောင်မှ စိတ်ထဲမှာ ဟာတာတာ ဖြစ်နေတုန်းပဲ။ ဒီအကြောင်းကို သူငယ်ချင်းတချို့ကို ပြောပြတော့ သူတို့အားလုံးက ကျွန်မကို ဘာမှမဟုတ်ဘဲနဲ့ ရေးကြီးခွင်ကျယ်လုပ်နေတယ်ဆိုပြီး ပြောကြတယ်။ ဒီလောက်ကောင်းတဲ့ အလုပ်နဲ့ နေထိုင်မှုအဆင့်အတန်း ရှိလျက်နဲ့ ဟာတာတာ ဖြစ်နေတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးတဲ့လေ။ ၂၀၀၇ ခုနှစ်ရောက်မှ အမေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မဆီ လာဟောတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး အသင်းတော် အသက်တာကို နေထိုင်လိုက်မှပဲ စိတ်ထဲက ဟာတာတာ ဖြစ်နေတာတွေ တဖြည်းဖြည်း ပျောက်သွားတော့တယ်။
တစ်နေ့ စုဝေးပွဲမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြီးတော့ ကျွန်မရဲ့ ဟာတာတာဖြစ်တဲ့ အရင်းအမြစ်ကို တွေ့သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သူ၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိဘဲ သူ၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။...မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို မည်သည့် လူမှုသဘောတရားကမျှ အနှစ်မဲ့ခြင်း ပြဿနာများမှ လွတ်မြောက်အောင် မလုပ်ပေးနိုင်သည့်အတွက် လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ပျော်မွေ့ဖွယ်ရာ၊ ကိုယ်စိတ်ချမ်းသာမှုတို့သည် လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင် လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများကို ပိုင်ဆိုင်ခြင်းက လူသား၏ စူးစမ်းလေ့လာရန် တောင့်တမှုနှင့် လိုအင်ဆန္ဒတို့ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး သူ၏ အဓိပ္ပာယ်မဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ကာ သူ့အား စဉ်ဆက်မပြတ် ကြောင့်ကြနေရသည့် အခြေအနေတစ်ခုတွင် ရောက်စေလိမ့်မည်ဖြစ်သောကြောင့်တည်း။ လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ မသိသည်မှာ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာသည်အထိပင် ဖြစ်လေတော့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ကျွန်မ ဘာလို့ ဟာတာတာဖြစ်ရသလဲဆိုတော့ ဘုရားသခင်ကို မသိလို့၊ မကိုးကွယ်လို့၊ ပြီးတော့ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိလို့ဆိုတာကို သဘောပေါက်သွားတယ်။ ငယ်ငယ်လေးကတည်းက ဘုရားမဲ့ဝါဒ ပညာရေးကို သင်ကြားခဲ့ရတော့ လူသားကို ဘုရားသခင်က ဖန်ဆင်းထားမှန်း မသိခဲ့ဘူး။ လူတွေက ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သင့်မှန်း နားလည်ဖို့ဆိုတာ ပိုတောင်ဝေးသေး။ အလုပ်ကောင်းကောင်းရှိပြီး သူများတွေရဲ့ အထင်ကြီးလေးစားမှု၊ ချီးကျူးမှုကို ရတာက ပျော်ရွှင်မှုပဲလို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့်လည်း အသေအလဲ အလုပ်လုပ်ခဲ့တာပေါ့။ နောက်ပိုင်းမှာ ကျောင်းလူကြီးတွေရဲ့ အသိအမှတ်ပြုမှုနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်ကြီးလေးစားမှုကို ရခဲ့ပေမဲ့ ဒီအရာတွေက ယာယီပျော်ရွှင်မှုကိုပဲ ပေးခဲ့တယ်။ စိတ်ထဲမှာတော့ ဟာတာတာ ဖြစ်နေတုန်းပဲ။ စားသောက်ပျော်ပါးတာတွေက စိတ်နှလုံးထဲက ဟာတာတာ ဖြစ်ခြင်းကို ပျောက်စေနိုင်မယ် ထင်ခဲ့ပေမဲ့ ပျော်ပါးမှုတွေ ပြီးသွားတဲ့အခါ အနှစ်မဲ့နေတုန်းပဲ။ တကယ်တော့ လူကို ဘုရားသခင်က ဖန်ဆင်းထားတာလေ။ ကျွန်မတို့အသက်တာအတွက် ဘုရားသခင်ရဲ့ ထောက်ပံ့ပေးမှုကို လိုအပ်တယ်။ ဘုရားသခင်ရှေ့ကို ပြန်လာမှသာ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ရှာတွေ့နိုင်မှာ။ အဲဒီနောက်ပိုင်းမှာ စုဝေးပွဲတွေ ခဏခဏ တက်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တယ်၊ ပြီးတော့ အားလပ်ချိန်မှာ ဧဝံဂေလိတရား ဟောတယ်။ စိတ်ထဲမှာ အရမ်း ငြိမ်သက်အေးချမ်းတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဖမ်းဆီးမှုတစ်ခု ကြုံလာရတော့ ကျွန်မရဲ့ အေးချမ်းတဲ့ဘဝလေး ကွဲကြေပျက်စီးသွားတယ်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်မ ဘုရားသခင်ကို ယုံကြည်တဲ့ကိစ္စကို ကျောင်းလူကြီးတွေ သိသွားတယ်။ ပညာရေးအစိုးရဌာနနဲ့ အမျိုးသားလုံခြုံရေးအစိုးရဌာနမှာတောင် အထိတ်တလန့်ဖြစ်သွားကြတယ်။ ကျောင်းအုပ်ကြီးက ကျွန်မကို သုံးရက်ဆက်တိုက် စကားပြောပြီး ယုံကြည်ခြင်းကို စွန့်လွှတ်အောင် ဘုရားမဲ့ဝါဒနဲ့ ရုပ်ဝါဒတွေ သုံးပြီး စည်းရုံးတယ်။ ကျွန်မက ကျောင်းအုပ်ကြီးနဲ့ ဆွေးနွေးငြင်းခုံပြီး သူ့ကို ဘုရားသခင်ရဲ့ အမှုတော်အကြောင်း သက်သေခံပေးလိုက်တယ်။ သူက မနိုင်တော့တဲ့အဆုံး ကျွန်မရဲ့ အတွေးအခေါ်ကို ပြောင်းလဲဖို့ ကြိုးစားတာကို လက်လျှော့လိုက်တယ်။ ဒါပေမဲ့ ကျွန်မကို ကျောင်းမှာ ဧဝံဂေလိတရား မဟောဖို့ တားမြစ်လိုက်တယ်။ အဲဒီနောက်ပိုင်း ကျောင်းက ကျွန်မကို ကျောင်းပြင်ပမှာ သင်ခန်းစာတွေ သင်ယူဖို့ စီစဉ်မပေးတော့သလို သင်ကြားရေးနဲ့ ရှာဖွေလေ့လာရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခွင့်မပေးတော့ဘူး။ လုပ်ဖော်ကိုင်ဖက်တွေကလည်း ကျွန်မနဲ့ ခပ်ကင်းကင်း နေကြတယ်။ ကျောင်းလူကြီးတွေက အလေးမထားတော့တဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေကလည်း လူထူးလူဆန်းလို ဆက်ဆံကြတော့ ကျွန်မ အရမ်းနာကျင်ပြီး စိတ်ဓာတ်ကျခဲ့ရတယ်။ နောက်တော့ နောဧက ဘုရားသခင်ရဲ့ အလိုတော်အတိုင်း လိုက်နာပြီး သင်္ဘောဆောက်ခဲ့တာကို တွေးမိတယ်။ အဲဒီတုန်းက လူတွေအများကြီးက နောဧကို အရူးလို့ ခေါ်ကြတယ်။ ဒါပေမဲ့ နောဧက သူ့ပတ်ဝန်းကျင်ကလူတွေ သူ့ကို ဘယ်လိုဝေဖန်ပုတ်ခတ်ကြတယ်ဆိုတာ ဂရုမစိုက်ခဲ့ဘူး။ ရိုးရှင်းတဲ့ စိတ်နှလုံးနဲ့ ဘုရားစကားကို နားထောင်ပြီး ဧဝံဂေလိတရားဟောရင်း သင်္ဘောဆောက်ခဲ့တယ်။ နောက်ဆုံး ရေလွှမ်းမိုးဘေး ရောက်လာတော့ နောဧရဲ့ မိသားစု ရှစ်ယောက် အသက်ရှင် လွတ်မြောက်ခဲ့တယ်။ ပြီးတော့ သခင်ယေရှုအကြောင်း တွေးမိပြန်တယ်။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ အစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်တာ ခံရတယ်၊ လောကသားတွေရဲ့ ငြင်းပယ်တာ၊ ပုတ်ခတ်တာ ခံရပြီး လက်ဝါးကပ်တိုင်မှာတောင် ရိုက်ထားခြင်း ခံခဲ့ရတယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဒီလောက် ဒုက္ခခံခဲ့တာ။ ကျွန်မ ခံရတဲ့ ဒုက္ခနည်းနည်းလေးက ဘယ်ပြောပလောက်မလဲ။ ဘုရားသခင်ကို ယုံကြည်တာဟာ ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာပဲ။ တရားမျှတတဲ့ အကြောင်းရင်းဖြစ်လို့ ရှက်စရာ ဘာမှမရှိဘူး။ သူများတွေရဲ့ အေးစက်စက် အကြည့်တွေကြောင့် ဘုရားသခင်နဲ့ ပုံမှန်ဆက်ဆံရေးကို အထိခိုက်မခံနိုင်ဘူး။ စုဝေးပွဲတွေ ဆက်တက်ရမယ်၊ ဧဝံဂေလိတရား ဆက်ဟောရမယ်။ အဲဒီနောက်ပိုင်း ပုံမှန်အတိုင်းပဲ အလုပ်သွားတယ်၊ ကျောင်းဆင်းရင် စုဝေးပွဲ သွားတက်တယ်။
၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ကျောင်းမဖွင့်ခင် တစ်ပတ်အလိုမှာ ကျောင်းအုပ်ကြီးဆီက ဖုန်းဝင်လာမယ်လို့ ကျွန်မ လုံးဝ မထင်ထားဘူး။ အတန်းနှစ်တန်းအတွက် သင်္ချာသင်ရမယ်၊ အတန်းတစ်တန်းအတွက် အတန်းပိုင်လည်း လုပ်ရမယ်လို့ ပြောတယ်။ ကျွန်မ တွေးမိတယ်။ “အဲဒါဆို စုဝေးပွဲတက်ဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ ငါ့မှာ ဘယ်အချိန်ရှိတော့မှာလဲ” ပေါ့။ ကျွန်မလည်း ဇဝေဇဝါဖြစ်ပြီးတော့ “ဒီနှစ် ဘာလို့ ဒီလို စီစဉ်ရတာလဲ” လို့ မေးလိုက်တယ်။ ကျောင်းအုပ်ကြီးက “ဒါမှ ခင်ဗျားက ဘုရားယုံဖို့၊ စုဝေးဖို့ အချိန်မရှိမှာ” တဲ့။ သူက ခြိမ်းခြောက်သေးတယ်။ “ဗဟိုကျောင်းက အလုပ်ကို လက်မခံချင်ရင် ခင်ဗျားကို လက်အောက်ခံ ကျောင်းတစ်ကျောင်းကို ပို့ဖို့ စီစဉ်လိုက်မယ်” တဲ့။ ကျွန်မ တွေးမိတယ်။ “ဗဟိုကျောင်းက ဆရာတွေက လက်အောက်ခံ ကျောင်းက ဆရာတွေထက် လှုပ်ရှားမှုတွေမှာ ပိုပါဝင်ရတော့ ထင်ပေါ်ဖို့ အခွင့်အရေး ပိုများတယ်။ လက်အောက်ခံ ကျောင်းကို ရောက်သွားရင် ဒီလိုအခွင့်အရေးတွေ ရတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဗဟိုကျောင်းက ဆရာတွေကို တွေ့ရင် ငါက မျက်နှာငယ်ရမှာ။ ပြီးတော့ လက်အောက်ခံ ကျောင်းက ဆရာတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။ အရည်အချင်း ညံ့လွန်းလို့ ရာထူးချခံရတယ်လို့ ထင်ကြမလား။ ဒါပေမဲ့ ဗဟိုကျောင်းမှာ ဆက်နေရင် ဘုရားယုံဖို့၊ တာဝန်ထမ်းဆောင်ဖို့ ဘယ်အချိန်ရှိတော့မှာလဲ” ပေါ့။ ဒါနဲ့ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သမီး ဘာကို ရွေးချယ်သင့်သလဲ” ဆိုပြီးတော့။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရလိုက်တယ်။ “အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် လက်မှိုင်ချခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့သော်လည်း သို့သော်တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ အဆုံးသတ်ကား အဘယ်အရာဖြစ်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) နောက်ဆုံးသော ကာလမှာ ဘုရားသခင်က လူတွေကို သန့်စင်ပြီး ကယ်တင်ဖို့ အဓိကအားဖြင့် နှုတ်ကပတ်တော်တွေကို ဖော်ပြတယ်။ သမ္မာတရား နားလည်ဖို့အတွက် နှုတ်ကပတ်တော်တွေကို အချိန်ပိုပေးပြီး ကျွန်မတို့ ဖတ်နိုင်ဖို့၊ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့ ပြီးတော့ ကယ်တင်ခြင်းရဖို့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားနိုင်ဖို့ ဘုရားသခင်က မျှော်လင့်ပါတယ်။ ဒါပေမဲ့ ရွေးချယ်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ ဂရုစိုက်မိတာက ကိုယ့်ရဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ပဲ။ ကျွန်မရဲ့ အသက်ကို ဂရုမစိုက်ဘူး၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ဘယ်လိုထမ်းဆောင်ရမလဲ ဆိုတာကိုလည်း ဂရုမစိုက်ဘူး။ ဘုရားသခင်ကို ကျွန်မ အရမ်းစိတ်ပျက်စေခဲ့တာပဲ။ ဗဟိုကျောင်းမှာ ဆက်နေရင် ဂုဏ်ထူးဆောင်ဆု အမျိုးမျိုးအတွက် ဆက်ပြီး တိုက်ခိုက်နေမိမှာ သေချာတယ်။ ဒီလောက် အလုပ်ပမာဏ များနေရင် တာဝန်ထမ်းဆောင်ဖို့ မပြောနဲ့ စုဝေးပွဲတက်ဖို့၊ ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့တောင် ထိခိုက်မှာ။ အဲဒါဆို ဘုရားကို ဘယ်လိုယုံကြည်နိုင်ဦးမှာလဲ။ လက်အောက်ခံ ကျောင်းကိုသွားရင် အလုပ်ပေါ့သွားမယ်။ စုဝေးပွဲတက်နိုင်မယ်၊ တာဝန်ကို ပုံမှန် ထမ်းဆောင်နိုင်မယ်။ ကိုယ်ပိုင် ဂုဏ်ထူးဆောင်ဆုတွေ နည်းသွားရင်တောင်၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်သေးတာ ခံရရင်တောင် မျက်နှာပျက်ရရုံလောက်ပါပဲ။ ကျွန်မရဲ့ အသက်ကတော့ ဆုံးရှုံးမှာ မဟုတ်ဘူး။ အဲဒါကမှ အရေးအကြီးဆုံးပဲ။ ဒါကို နားလည်သွားတော့ ကျောင်းအုပ်ကြီးကို ပြောလိုက်တယ်။ “လက်အောက်ခံ ကျောင်းကိုသွားဖို့ ကျွန်မ ရွေးချယ်ပါတယ်” ပေါ့။ ကျောင်းအုပ်ကြီးက ဒေါသထွက်လွန်းလို့ ဖုန်းကို ချက်ချင်း ချပစ်လိုက်တယ်။
လက်အောက်ခံ ကျောင်းမှာ နေ့ဘက် စာသင်တယ်၊ ညနေဘက် စုဝေးပွဲတက်ပြီး တာဝန်ထမ်းဆောင်တယ်။ တစ်နှစ်ကြာတော့ ကျွန်မသင်တဲ့ အတန်းရဲ့ အတန်းတင် စာမေးပွဲ အမှတ်တွေက ဗဟိုကျောင်းက အမှတ်တွေထက် ပိုများနေလို့ ကျောင်းအုပ်ကြီးက ကျွန်မကို ဗဟိုကျောင်းဆီ ပြန်ခေါ်လိုက်တယ်။ ဒါပေမဲ့ ကောင်းတဲ့အချိန်တွေက ကြာကြာမခံပါဘူး။ အမျိုးသားလုံခြုံရေးတပ်ဖွဲ့က ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး မေးမြန်းဖို့ အိမ်တိုင်ရာရောက် ပြန်ရောက်လာတယ်။ ရဲတွေက ကျွန်မကို နောက်ယောင်ခံလိုက်ပြီး ညီအစ်ကိုမောင်နှမတွေပါ ရောပါမသွားစေဖို့အတွက် စုဝေးပွဲတက်တာကို ခဏလောက် ရပ်နားထားရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ အသင်းတော် အသက်တာ မရှိ၊ တာဝန် မရှိတော့ ကြာလာတဲ့အခါ ကျွန်မ စိတ်နှလုံးက ဘုရားသခင်နဲ့ ဝေးသထက် ဝေးလာပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုထဲကို မရည်ရွယ်ဘဲ ပြန်ရောက်သွားတော့တာပဲ။ ကျွန်မသင်တဲ့ ကျောင်းသားတွေက နှစ်တိုင်း ပြိုင်ပွဲတွေမှာ ပထမဆု၊ ဒုတိယဆုတွေကို အကုန်နီးပါး သိမ်းနိုင်ခဲ့တယ်။ ကျွန်မတို့အတန်းရဲ့ အတန်းတင် စာမေးပွဲ အမှတ်တွေကလည်း ထိပ်ဆုံးစာရင်းမှာ အမြဲပါတယ်လေ။ ကျောင်းအုပ်ကြီးကလည်း အစည်းအဝေးတွေမှာ ကျွန်မရဲ့ အလုပ်ကို အသိအမှတ်ပြုတယ်။ ကျွန်မသင်တဲ့ အတန်းက စာလေ့လာတဲ့ ဝန်းကျင်ကောင်းရုံတင်မကဘူး အတန်းစိတ်ဓာတ်လည်း ကောင်းမွန်တယ်။ မိဘတွေကလည်း ကျွန်မအလုပ်ကို အရမ်းထောက်ခံကြတယ်။ ဗဟိုကျောင်းကို ပြန်ရောက်ပြီး နှစ်နှစ်အတွင်းမှာ အရင်ကထက် ပန်းစည်းတွေ၊ လက်ခုပ်သံတွေ ပိုရခဲ့ပေမဲ့ စိတ်နှလုံးကတော့ လေးလံပြီး မွန်းကြပ်နေသလို ခဏခဏ ခံစားရတယ်။ ဒါဟာ အလုပ်က ကျွန်မရဲ့ အချိန်နဲ့ အားအင်ကို အရမ်းယူလွန်းလို့ ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့ အချိန်နည်းလွန်းပြီး စိတ်နှလုံးက ဘုရားသခင်နဲ့ ဝေးကွာနေတာကြောင့်ပဲဆိုတာကို ကျွန်မ သိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အလုပ်ထွက်၊ မိသားစုကို လက်လွှတ်ပြီး သူတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ အာရုံစိုက်လုပ်ဆောင်နေကြတဲ့ ညီအစ်ကိုမောင်နှမ အများကြီးကို တွေ့ခဲ့ရတယ်။ ကျွန်မ အရမ်းအားကျပြီး ကိုယ့်အလုပ်ကနေထွက်၊ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ချင်စိတ် ဖြစ်မိတယ်။ ဒါပေမဲ့ နှုတ်ထွက်စာ တင်ဖို့ ပြင်လိုက်တာနဲ့ ကျောင်းသားမိဘတွေဆီက နှုတ်ခွန်းဆက်စကား အများကြီး ရောက်လာတယ်။ သူတို့ကလေးတွေကို ကျွန်မ ဆက်သင်ပေးဖို့ မျှော်လင့်နေကြတာ။ အဲဒါတွေမြင်တော့ စိတ်က ယိုင်နဲ့သွားပြန်ရော။ “ငါသာ ထွက်သွားရင် ကျောင်းသားတွေနဲ့ မိဘတွေ စိတ်ပျက်သွားကြမလား။ ကျောင်းလူကြီးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကရော ငါ့ကို ဘယ်လိုထင်ကြမလဲ။ အဖေက အမေနဲ့ ငါ ဘုရားယုံတာကို တားဖို့ အမြဲကြိုးစားခဲ့တယ်။ အမေ့ကိုတောင် ကွာရှင်းခဲ့တာ။ ငါက တာဝန်ကို အချိန်ပြည့်ထမ်းဆောင်ဖို့ အလုပ်ထွက်မယ်ဆိုတာ သိသွားရင် သူသေချာပေါက် တားဖို့ ကြိုးစားလိမ့်မယ်။ အိမ်ကနေတောင် ဆင်းရကိန်း ရှိတယ်။ သူများတွေ အားကျရတဲ့ အလုပ်တစ်ခုရဖို့၊ ဒီနေ့လို အောင်မြင်မှုတွေ ရဖို့ ၁၉ နှစ်လောက် ကြိုးစားခဲ့ရတာ။ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးက ငါ့ကို အားကျကြတယ်။ အလုပ်ထွက်လိုက်တာနဲ့ အလုပ်ပြုတ်မယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ ပျောက်မယ်၊ သက်သောင့်သက်သာ နေထိုင်ရတဲ့ အနေအထားတွေကိုလည်း စွန့်လွှတ်ရမယ်။ အဲဒီကျရင် လူတိုင်း ငါ့ကို ဘာပြောကြမလဲ” ပေ့ါ။ ကျွန်မစိတ်ထဲမှာ အပြန်အလှန်လွန်ဆွဲနေသလို ခံစားရတယ်။ တော်တော်စိတ်ညစ်ရပါတယ်။ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ တာဝန်ကို အချိန်ပြည့်ထမ်းဆောင်တာဟာ ကောင်းတဲ့အရာမှန်း သမီးသိပါတယ်။ ဒါပေမဲ့ ဒီအလုပ်ကို လက်မလွှတ်နိုင်ဘူး ဖြစ်နေတယ်။ လူတွေရဲ့ အထင်ကြီးလေးစားမှု၊ ချီးကျူးမှုကို မရရင် ဘဝက ပျော်ရွှင်နိုင်ပါ့မလား။ အို ဘုရားသခင်၊ ဒီပြဿနာကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ကူညီပေးတော်မူပါ” ဆိုပြီးတော့။ သိပ်မကြာခင်မှာ ကျောင်းအုပ်ကြီးက ကျွန်မကို ဘဏ္ဍာရေးမှူးအဖြစ် ရာထူးတိုးပေးတယ်။ ဒီရာထူးက အစည်းအဝေးတွေများပြီး ငြီးငွေ့စရာကောင်းတဲ့ အလုပ်တွေပါတယ်။ နေ့ဘက်ဆို ဌာနအများကြီးကို အပြေးအလွှား သွားရတယ်။ ညဘက်၊ ဒါမှမဟုတ် စနေ၊ တနင်္ဂနွေဆိုရင် ကျွန်မကို ပစ္စည်းတွေ သွားပို့ခိုင်းတဲ့ ဖုန်းတွေ ခဏခဏ လာတယ်။ ဒါကြောင့် အလုပ်နဲ့ တာဝန်ကြားမှာ အချိန်တိုက်နေတာတွေ ခဏခဏဖြစ်တာပေါ့။ စုဝေးပွဲတက်နေရင် စိတ်က ဘယ်တော့မှ မငြိမ်ဘူး။ ကျောင်းလူကြီးတွေ တစ်ခုခုခိုင်းဖို့ ဖုန်းဆက်လာမှာကို အမြဲစိုးရိမ်နေရတယ်။ တစ်ခါတလေ အိမ်မှာ ဘုရားနှုတ်ကပတ်တော် ဖတ်နေတုန်း ကျောင်းလူကြီးတွေဆီက ဖုန်းလာရင် အပြင်ထွက်ပြီး ကိစ္စတစ်ခုခု ချက်ချင်းသွားရှင်းပေးရတယ်။ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်နဲ့ အရမ်းဝေးကွာနေသလို ခံစားရတယ်။ ဘဝကလည်း အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ အလုပ်ကို လက်လွှတ်ဖို့ တွန့်ဆုတ်နေတယ်။ ကျွန်မကို ကူညီပေးဖို့ ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းခဲ့တယ်။
၂၀၁၈ ခုနှစ်၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက် အယောက် ၂၀ ကျော်နဲ့အတူ ဓာတ်လှေကား စီးတယ်။ စထွက်ပြီး သိပ်မကြာခင်မှာပဲ ဓာတ်လှေကား ရုတ်တရက် ပြုတ်ကျသွားတယ်။ အကုန်လုံး လန့်သွားတာပေါ့။ ဓာတ်လှေကားက တစ်နေရာမှာ တစ်နေပြီး အကုန်လုံး အထဲမှာ ပိတ်မိနေကြတယ်။ ဓာတ်လှေကားထဲမှာ လေဝင်လေထွက် မရှိတော့ ခဏနေတာနဲ့ အသက်ရှူကြပ်လာကြတယ်။ ကျွန်မစိတ်က မနေနိုင်တော့ဘဲ စိုးရိမ်လာတယ်။ “ပြင်တဲ့လူတွေ မလာရင် ဘယ်လိုလုပ်မလဲ။ ငါ ဒီမှာ အသက်ရှူကြပ်ပြီး သေရမှာလား” ပေါ့။ အဲဒီအချိန်မှာ စာသင်တဲ့အလုပ်က ပေးတဲ့ ဂုဏ်တွေ၊ ငွေတွေက အရေးမကြီးတော့ဘူး။ ဘယ်လို အသက်ရှင်ကျန်ရစ်ရမလဲဆိုတာကိုပဲ တွေးနေမိတယ်။ ဘုရားသခင်ကို ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက် အခက်အခဲကြုံတိုင်း၊ အားကိုးရာမဲ့ပြီး လမ်းပျောက်နေတိုင်း ကျွန်မအတွက် ထွက်ပေါက်ဖွင့်ပေးခဲ့တာ၊ သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ လမ်းပြပေးပြီး ကျွန်မကို လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခုပေးခဲ့တာ အမြဲတမ်း ဘုရားသခင်ပဲဆိုတာကိုပဲ ပြန်သတိရမိနေတယ်။ ဘုရားသခင်ကို ယုံကြည်လို့ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံရတယ်၊ ဘုရားသခင်ရဲ့ အာဏာကို သိရတယ်၊ ပြီးတော့ ဖန်ဆင်းရှင်ရဲ့ အံ့သြဖွယ်ရာ အမှုတော်တွေကို ခံစားရတယ်။ ဒါ ကျွန်မရဲ့ ကောင်းချီးမင်္ဂလာပဲ။ အလုပ်ကို လက်လွှတ်ပြီး တာဝန်ကို အချိန်ပြည့် ထမ်းဆောင်သင့်ခဲ့တာ။ ဒါပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ခံစားဖို့အတွက် ကျွန်မ အဲဒီလို မလုပ်ခဲ့ဘူး။ အခု သေဘေးနဲ့ ကြုံလာမှပဲ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေဟာ တိမ်တိုက်လိုပဲ လွင့်ပါးပျောက်ကွယ်သွားမယ့် အရာတွေ၊ လုံးဝ အဓိပ္ပာယ်မရှိတဲ့အရာတွေ ဖြစ်မှန်း နောက်ဆုံးမှာ မြင်သွားတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ကို အကူအညီ တောင်းချင်ပေမဲ့ ရှက်လွန်းလို့ ပါးစပ်မဟရဲဘူး။ “ဘုရားသခင်က ငါ့ကို သနားကရုဏာ ထားပါဦးမလား။ အဓိပ္ပာယ်ရှိတဲ့ ဘဝကို လိုက်စားဖို့ အခွင့်အရေး ရပါဦးမလား” ပေါ့။ ကျွန်မ ရင်ထဲက စကားတချို့ကိုပဲ ဘုရားသခင်ကို ပြောနိုင်ခဲ့တယ်။ “အို ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်ပြီးနောက်ပိုင်း သမ္မာတရားကို ကောင်းကောင်း မလိုက်စားခဲ့ပါဘူး။ ဒီနေ့ ဒီကိစ္စဖြစ်မှပဲ ရုတ်တရက် နားလည်ပါတော့တယ်။ သမ္မာတရား မရှိဘဲနဲ့ သေခြင်းတရား ရောက်လာတဲ့အခါ သမီးက ဘယ်လောက် ကြောက်နေပြီး အားကိုးရာမဲ့လိုက်ပါသလဲ။ အို ဘုရားသခင်၊ ဒီနေ့ သမီး ဒီမှာသေရမယ်ဆိုရင်တောင် ကိုယ်တော့် အစီအစဉ်တွေကို ကျိုးနွံနာခံပါဦးမယ်။ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ရင် သမီးရဲ့ အနာဂတ်ဘဝကို သေချာပေါက် ပြန်စဉ်းစားပါ့မယ်” ပေါ့။ အဲဒီအချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံး အောက်ဆီဂျင်ပြတ်ပြီး ထိုင်ချလိုက်ကြတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ ကျွန်မ နှာခေါင်းနားမှာ လတ်ဆတ်တဲ့ လေစီးကြောင်းတစ်ခု ဖြတ်သွားသလို ရုတ်တရက် ခံစားလိုက်ရတယ်။ ဘုရားသခင်က ကျွန်မကို သနားကရုဏာ ပြမှန်းသိလို့ အံ့သြဝမ်းသာ ဖြစ်သွားတာပေါ့။ ဓာတ်လှေကားတံခါး ပွင့်သွားတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက အော်ဟစ်ဝမ်းသာနေကြပေမဲ့ ကျွန်မ စိတ်နှလုံးထဲမှာတော့ ဘုရားသခင်ကို ကျေးဇူးတင်တဲ့စိတ်နဲ့ ပြည့်နေတယ်။ ဘဝရဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုးကို ကျွန်မ ပြန်ဆင်ခြင်မိအောင် ဓာတ်လှေကား ချို့ယွင်းမှုကို ဘုရားသခင် အသုံးပြုလိုက်မှန်း ကျွန်မ သိလိုက်တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို တွေ့ပြီးတော့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ အနှစ်သာရကို ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “ယခုအထိ ဆွေးနွေးခဲ့သည်များကို အကျဉ်းချုံး ပြန်သုံးသပ် ကြည့်ကြစို့။ လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။...သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်တွေကတစ်ဆင့် ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ပျော်ရွှင်မှုကို မပေးနိုင်မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ပြောင်းပြန်ပါပဲ။ အဲဒါတွေက လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့၊ ချည်နှောင်ဖို့နဲ့ ထိန်းချုပ်ဖို့ စာတန်အသုံးပြုတဲ့ ကိရိယာတွေ ဖြစ်နေတယ်။ စာတန်က ကျွန်မတို့ထဲကို မှားယွင်းတဲ့ အတွေးတွေ သွတ်သွင်းပေးတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ရှိရင် အရာအားလုံး ရှိတယ်၊ အရည်အသွေးမြင့်တဲ့ ဘဝကို ခံစားနိုင်ရုံသာမက သူများတွေရဲ့ အထင်ကြီးလေးစားမှုကိုလည်း ရနိုင်တယ်လို့ ကျွန်မတို့ကို မှားပြီး ယုံကြည်အောင်လုပ်တယ်။ ဒီလိုဘဝမျိုးက တန်ဖိုးရှိပြီး ဒီလိုနေထိုင်ရင် ပျော်ရွှင်မှုကို ရတယ်လို့ ခံစားရအောင်လုပ်တယ်။ ရလဒ်အနေနဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးက ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ကြိုးပမ်းနေကြတာပေါ့။ ဒါပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ စာတန်ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မတို့ မသိကြဘူး။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတဲ့အခါ အချိန်နဲ့ အားအင်အများကြီး သုံးရတယ်။ လူသိရှင်ကြားရော၊ ခိုးကြောင်ခိုးဝှက်ရော ရုန်းကန်ရပြီး နည်းလမ်းတွေအများကြီး သုံးရတယ်။ ကျန်းမာရေးကို စတေးရရုံသာမက အသိတရား၊ ဂုဏ်သိက္ခာနဲ့ တည်ကြည်မှုတွေကိုလည်း စွန့်လွှတ်ရတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရပြီးတဲ့နောက်မှာ ကျေနပ်မှုကို ခဏတာ ခံစားရပေမဲ့ ဒါက တဒင်္ဂလေးပါပဲ။ ကျန်ရစ်ခဲ့တာက အများအားဖြင့် ဟာတာတာ ဖြစ်ခြင်း၊ နာကျင်ခြင်းနဲ့ အဆုံးမရှိတဲ့ ခါးသီးမှုတွေပဲ။ ဘုရားသခင်က ကျွန်မတို့ကို ကယ်တင်ဖို့ ကြွလာပြီး သမ္မာတရား လိုက်စားဖို့၊ ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်း လျှောက်ဖို့ တောင်းဆိုတဲ့အခါ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ မာန်မာနကို တွယ်တာမှုကြောင့် သမ္မာတရားကို ငြင်းပယ်ကြတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ခံရဖို့ အခွင့်အရေး လွတ်သွားပြီး နောက်ဆုံးမှာ စာတန်နဲ့အတူ ပျက်စီးကြရတယ်။ ဒါက ကျွန်မတို့ကို ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားစေတဲ့ စာတန်ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်ပဲ။ ငယ်ငယ်လေးကတည်းက မိဘတွေက ကျွန်မအဒေါ်နှစ်ယောက်ရဲ့ မတူညီတဲ့ အခြေအနေတွေကို ပြောပြပြီး “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” ဆိုတဲ့ အတွေးမျိုးတွေကို ကျွန်မ ခေါင်းထဲကို သွတ်သွင်းပေးခဲ့တယ်။ တက္ကသိုလ်ဝင်ခွင့်ရပြီး လူတွေ အထင်ကြီးလေးစားတဲ့ အလုပ်အကိုင် အတည်တကျ ရှိမှသာ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်လာခဲ့တယ်။ ဒါကြောင့်လည်း စာကြိုးစားခဲ့တာပေါ့။ ပထမအကြိမ် ကောလိပ်ဝင်ခွင့် စာမေးပွဲကျတော့ ကမ္ဘာကြီး ပြိုလဲသွားသလို ခံစားခဲ့ရတယ်။ စာမေးပွဲအောင်ဖို့အတွက် ဖိအားတွေ အများကြီးကြားကနေ ကျောင်းပြန်တက်ဖို့ ရွေးချယ်ခဲ့တယ်။ နေ့တိုင်း စိတ်တွေက ဆက်တိုက် တင်းကြပ်နေရတာ။ ခန္ဓာကိုယ်က အကန့်အသတ် ကျော်လွန်တဲ့အထိ ပင်ပန်းနွမ်းနယ်ခဲ့ပြီး အရမ်းလည်း နာကျင်ခဲ့တယ်။ ကောလိပ်က ဘွဲ့ရပြီး အလုပ်စဝင်တဲ့အခါ ဆရာအယောက်တစ်ရာကျော်ကြားမှာ ထင်ပေါ်ကျော်ကြားဖို့၊ ကျောင်းလူကြီးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချီးကျူးတာ၊ အလေးပေးတာ ခံရဖို့အတွက် စာသင်ပြပွဲတိုင်းကို စေ့စေ့စပ်စပ် ပြင်ဆင်ခဲ့တယ်။ ကျောင်းလူကြီးတွေ ခိုင်းတဲ့ အလုပ်တိုင်းကိုလည်း ကောင်းကောင်း လုပ်ဆောင်ခဲ့ပြီး ခဏခဏ အချိန်ပိုဆင်းပြီး အလုပ်လုပ်ခဲ့တယ်။ ကျောင်းလူကြီးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချီးကျူးမှုကို ရပြီးတဲ့နောက် ကျွန်မက ဂုဏ်ရှိလာပေမဲ့ လူရော စိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး ဝိညာဉ်ကတော့ ဟာတာတာ ဖြစ်နေခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက် နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း အမှုတော်အတွက် အချိန်တိုတောင်းမှန်း၊ ပြီးတော့ ကျွန်မက သမ္မာတရားကို လိုက်စားပြီး တာဝန်ကို အချိန်ပြည့် ထမ်းဆောင်သင့်မှန်း သိခဲ့တယ်။ ဒါက ကျွန်မရဲ့ အသက်အတွက် အကျိုးအရှိဆုံးပဲ။ ဒါပေမဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေက ကျွန်မ စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်။ အဲဒါတွေက သမ္မာတရားကို စိတ်နှလုံးအကြွင်းမဲ့ လိုက်စားဖို့အတွက် အလုပ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို စွန့်လွှတ်ချင်စိတ် မရှိအောင် လုပ်ခဲ့တယ်။ ကျွန်မ လုံးဝ ပင်ပန်းနွမ်းနယ်သွားတဲ့အထိ နှိပ်စက်ခဲ့တယ်။ တကယ်တော့ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ဘယ်လောက်ရှိရှိ အဲဒါတွေက တိမ်တိုက်လိုပဲ လွင့်ပါးပျောက်ကွယ်သွားမယ့် အရာတွေပါ။ သမ္မာတရား မရရှိရင် ကပ်ဘေးတွေ ရောက်လာတဲ့အခါ လူတွေ သေကြရမှာပဲ။ ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ဆူနာမီလိုမျိုးပေါ့။ အပန်းဖြေစခန်းတွေမှာ လူဘယ်နှယောက် အသက်ဆုံးရှုံးခဲ့ရလဲ။ သူတို့ထဲမှာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းရှိတဲ့ လူအများကြီး ပါတယ်။ ကပ်ဘေးသင့်တဲ့အခါ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက သူတို့ကို မကယ်တင်နိုင်ခဲ့ဘူး။ လူတစ်ယောက်မှာ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ဘယ်လောက်ရှိရှိ အားလုံးက အချည်းနှီး ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာ အသက်ပျောက်သွားနိုင်တယ် ဆိုတာကို သက်သေပြနေတဲ့ အဖြစ်မှန်တွေ အများကြီးရှိတယ်။ ကျွန်မသာ ဆက်ပြီး စိတ်နှလုံးမာကျောနေရင်၊ သတိမဝင်ရင်၊ သမ္မာတရား လိုက်စားဖို့ အချိန်ကို အမိအရ မယူရင်၊ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော် ပြီးဆုံးတဲ့အချိန်မှာ ကိုယ့်မှာ လုံလောက်တဲ့ သမ္မာတရား ရှိမထားဘဲ စိတ်သဘောထား မပြောင်းလဲဘူးဆိုရင် ဘေးအန္တရာယ်ထဲ ကျရောက်သွားလိမ့်မယ်။ အဲဒီကျမှ နောင်တရရင် နောက်ကျသွားပြီ။ ဒီဓာတ်လှေကား ဖြစ်ရပ်က ကျွန်မကို လှုပ်နှိုးလိုက်တာပဲ။ ကပ်ဘေးသင့်တဲ့အခါ ဘုရားသခင်ကလွဲရင် ဘယ်သူမှ ကျွန်မကို မကယ်တင်နိုင်ဘူး။ ဒီဖြစ်ရပ်က ဘုရားသခင်က ကျွန်မအသက်ကို ယူဖို့ ကြိုးစားတာ မဟုတ်ဘူး၊ အသက်တာအကြောင်း ပြန်ဆင်ခြင်မိအောင်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ကျွန်မကို ဒုက္ခပေးနေတာကို ရှင်းရှင်းလင်းလင်း မြင်အောင် တိုက်တွန်းနေတာ။ ဒါမှ ကျွန်မ အချိန်မီ နိုးထလာပြီး ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာ။
နောက်ပိုင်းမှာ အမျိုးသားလုံခြုံရေးတပ်ဖွဲ့မှူးက ကျွန်မ ဘယ်မှာရှိလဲဆိုတာ စစ်ဆေးဖို့ ဖုန်းထပ်ဆက်တယ်။ ပြီးတော့ ကျွန်မမှာ ရဲမှတ်တမ်း ရှိတဲ့အတွက် ခရီးဝေးသွားတိုင်း သူ့ဆီ သတင်းပို့ရမယ်လို့လည်း ပြောတယ်။ ဘုရားသခင်ကို ယုံကြည်နေတုန်းပဲဆိုတာ သူတို့သိသွားရင် ကျွန်မကို ဖမ်းကြမှာ။ ကျွန်မ တော်တော်လေး မခံမရပ်နိုင်ဖြစ်သွားတယ်။ ပြီးတော့ တရုတ်ကွန်မြူနစ်ပါတီ စနစ်ထဲမှာ အလုပ်လုပ်နေသရွေ့ သူတို့ရဲ့ တင်းတင်းကျပ်ကျပ် ချည်နှောင်တာ ခံရမယ်၊ တာဝန် လုံးဝ ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း ကျွန်မ မြင်လိုက်တယ်။ ဒါက အလုပ်ကို စွန့်လွှတ်ဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေခဲ့တယ်။ နွေရာသီ ကျောင်းပိတ်ရက်အတွင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တယ်။ အလုပ်ရဲ့ ရှုပ်ထွေးပွေလီမှုတွေ မရှိတော့ စိတ်နှလုံးက ပိုငြိမ်သက်လာတယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး စုဝေးပွဲတွေကိုလည်း ပုံမှန် တက်ခဲ့တယ်။ တစ်နေ့မှာ ကြီးကြပ်ရေးမှူးက တာဝန်ကို အချိန်ပြည့် ထမ်းဆောင်ချင်သလားလို့ မေးလာတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကိုလည်း ကျွန်မကို ဖတ်ပြတယ်။ “သင်တို့သည် ဘုရားသခင်နောက် လိုက်နေရင်း အပြစ်တည်နေရာများမှ မိမိကိုယ်ကို ကင်းကွာစေပြီး ဆိုးယုတ်သောလူအုပ်စုများဖြင့် ခပ်ကင်းကင်းနေလော့။ အနည်းဆုံးအနေဖြင့် သင့်စိတ်ကူးများနှင့် နှလုံးသားတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးမှုနှင့် နင်းခြေခြင်းကို ဆက်၍ ခံစားရတော့မည် မဟုတ်ချေ။ စင်ကြယ်သော နယ်မြေတစ်ခုသို့ သင်ရောက်လာခဲ့ပြီ၊ ဘုရားသခင်ရှေ့မှောက် ရောက်လာခဲ့ပြီ။ ဤသည်မှာ ဧရာမ ကံကောင်းခြင်းမဟုတ်သလော။ လူတို့သည် ယခုပစ္စုပ္ပန်အထိ တစ်ခေတ်ပြီးတစ်ခေတ် လူဝင်စားလာကြပြီး သူတို့၌ ထိုသို့သော အခွင့်အရေးများ အဘယ်မျှရှိသနည်း။ နောက်ဆုံးသောကာလထဲ၌ မွေးဖွားသော လူတို့သာလျှင် ဤအခွင့်အရေးကို ရရှိကြသည် မဟုတ်လော။ ယင်းက ကြီးမားသော အရာတစ်ခုပင်တည်း။ ယင်းက ဆုံးရှုံးမှုကိစ္စရပ်တစ်ခု မဟုတ်၊ အကြီးမားဆုံးသော ကံကောင်းခြင်းပင်ဖြစ်သည်။ သင်အလွန်ပျော်ရွှင်သင့်လေသည်။ ဖန်ဆင်းခံများအနေဖြင့် ဖန်ဆင်းခြင်းတစ်ခုလုံးအလယ် ကမ္ဘာမြေပေါ်က ဘီလီယံအနည်းငယ်မျှသော လူတို့အကြား ဖန်ဆင်းခံများအဖြစ် မိမိတို့၏ ပင်ကိုလက္ခဏာများထဲ၌ ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များကို သက်သေခံရန်၊ ဘုရားသခင်၏အလုပ်ထဲတွင် မိမိတို့၏ တာဝန်နှင့် ဝတ္တရားများကို လုပ်ဆောင်ရန် အခွင့်အရေးကို ရရှိသောသူ လူမည်မျှရှိသနည်း။ မည်သူသည် ထိုသို့သော အခွင့်အရေးမျိုးရှိသနည်း။ ထိုသို့သောလူများစွာရှိသလော။ အလွန်နည်းသောသူတို့သာ ရှိ၏။ အချိုးအဆမှာ အဘယ်နည်း။ လူတစ်သောင်းမှာ တစ်ယောက်လော။ မဟုတ်ပါ၊ ထို့ထက်ပင် ပိုနည်း၏။ အထူးသဖြင့် တာဝန်ကို လုပ်ဆောင်ရန် သင်တို့ လေ့လာဆည်းပူးထားသည့် သင်တို့၏ စွမ်းရည်များနှင့် အသိပညာကို အသုံးချနိုင်သော သင်တို့သည် လွန်စွာမှပင် ကောင်းချီးခံစားရသည် မဟုတ်လော။ သင်သည် လူတစ်ဦးကို သက်သေခံခြင်းမဟုတ်သည့်အပြင် သင်လုပ်သည့်အရာသည် သက်မွေးမှုလုပ်ငန်းတစ်ခု မဟုတ်။ သင်အစေခံသောသူသည် ဖန်ဆင်းရှင်ဖြစ်၏။ ဤသည်ကား အလှပဆုံးနှင့် အဖိုးအထိုက်ဆုံး အရာတည်း။ သင်တို့ ဂုဏ်မယူသင့်သလော။ (ဂုဏ်ယူသင့်ပါသည်။) တာဝန်ကို လုပ်ဆောင်ရင်း၊ သင်တို့သည် ဘုရားသခင်၏ ရေလောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းကို ရရှိကြသည်။ ထိုသို့သော ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် အခွင့်အရေးဖြစ်၍ သင်သည် မည်မည်ရရ ဘာတစ်ခုမျှ မရရှိပါက၊ သမ္မာတရားကို မရရှိပါက သင့်ဘဝတစ်လျှောက်လုံး နောင်တရနေမည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့သည် တာဝန်ကို လုပ်ဆောင်ရန် အခွင့်အရေးကို အမိအရ ယူရမည်ဖြစ်ပြီး ယင်းအား သင့်ကို လွန်မသွားစေနှင့်။ တာဝန်ကို လုပ်ဆောင်ရင်း သမ္မာတရားကို အသည်းအသန် လိုက်စားပြီး ရယူလော့။ ဤသည်မှာ သင်လုပ်ဆောင်နိုင်သော အဖိုးထိုက်ဆုံးအရာ၊ အဓိပ္ပာယ်ရှိဆုံးသော ဘဝပင်ဖြစ်သည်။ ဖန်ဆင်းခံသက်ရှိများ အားလုံးထဲတွင်သင်တို့အားလုံးထက် ပို၍ ကောင်းချီးခံစားရသော လူ၊ သို့မဟုတ် လူစု မရှိတော့ချေ။ ဘာသာတရားမရှိသူများသည် ဘာအတွက် အသက်ရှင်ကြသနည်း။ ထိုသူတို့သည် လူပြန်ဝင်စားဖို့ရန်နှင့် လောက၏ စိတ်လှုပ်ရှား ပျော်ရွှင်မှုအတွက် အသက်ရှင်ကြသည်။ သင်တို့အားလုံးသည် ဘာအတွက် အသက်ရှင်ကြသနည်း။ ဖန်ဆင်းခံသက်ရှိတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန် အသက်ရှင်ကြသည်။ ထိုသို့သော ဘဝတစ်ခု၏ တန်ဖိုးမှာ လွန်စွာကြီးမား၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားဆင်ခြင်ရင်း ကျွန်မ နားလည်လာတယ်။ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို နေထိုင်ချင်ရင် သမ္မာတရားကို လိုက်စားရမယ်၊ တာဝန် ထမ်းဆောင်ရမယ်၊ ပြီးတော့ သမ္မာတရားကို ပိုနားလည်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ရမယ်။ ဒီနည်းနဲ့သာ စာတန်ရဲ့ မိစ္ဆာဒိဋ္ဌိတွေ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အရာတွေနဲ့ အကြံအစည် အမျိုးမျိုးကို ပိုင်းခြားသိမြင်နိုင်မှာ။ ပြီးတော့ အလင်းထဲမှာ နေထိုင်ဖို့ စာတန်ရဲ့ ချည်နှောင်မှုနဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်မှာ။ ကျွန်မလည်း ဒီအတိုင်းပဲ။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ပြင်းပြင်းပြပြ လိုချင်တဲ့ဆန္ဒရှိရုံမကဘဲ တစ်ကိုယ်ကောင်းဆန်တာ၊ စိတ်နှလုံးမာကျောတာ၊ မာနထောင်လွှားတာ စတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီးရှိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို သေသေချာချာ မဖတ်ဘဲ၊ နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို မကြုံတွေ့ဘဲနဲ့တော့ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ပြေလည်သွားမှာ မဟုတ်ဘူး။ ပြီးတော့ နာကျင်မှုနဲ့ အမှောင်ထုထဲမှာ ဆက်နေထိုင်ရလိမ့်မယ်။ အလုပ်ကို လက်လွှတ်လိုက်တာက တာဝန်ထမ်းဆောင်ဖို့ အချိန်ပိုရစေမယ်။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သမ္မာတရားကို လိုက်စားနိုင်မယ်။ ပြီးတော့ ဘုရားသခင်ရှေ့မှာ နေထိုင်နိုင်မယ်။ ဒီလိုဘဝမျိုးက အပျော်ရွှင်ဆုံးပါပဲ။ ဘုရားသခင် ပြောသလိုပေါ့။ “သင်တို့သည် ဘုရားသခင်နောက် လိုက်နေရင်း အပြစ်တည်နေရာများမှ မိမိကိုယ်ကို ကင်းကွာစေပြီး ဆိုးယုတ်သောလူအုပ်စုများဖြင့် ခပ်ကင်းကင်းနေလော့။ အနည်းဆုံးအနေဖြင့် သင့်စိတ်ကူးများနှင့် နှလုံးသားတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးမှုနှင့် နင်းခြေခြင်းကို ဆက်၍ ခံစားရတော့မည် မဟုတ်ချေ။ စင်ကြယ်သော နယ်မြေတစ်ခုသို့ သင်ရောက်လာခဲ့ပြီ၊ ဘုရားသခင်ရှေ့မှောက် ရောက်လာခဲ့ပြီ။ ဤသည်မှာ ဧရာမ ကံကောင်းခြင်းမဟုတ်သလော။” ပြီးတော့ ပေတရုအကြောင်း တွေးမိတယ်။ သူက သခင်ယေရှုနောက်လိုက်ဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့တယ်။ တစ်သက်လုံး သမ္မာတရားနဲ့ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနောက် လိုက်ခဲ့တယ်။ စမ်းသပ်မှု ရာပေါင်းများစွာကို ကြုံတွေ့ပြီးတဲ့နောက် နောက်ဆုံးမှာ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံခဲ့ရတယ်။ ဒီလိုဘဝမျိုးက အဓိပ္ပာယ်အရှိဆုံးနဲ့ တန်ဖိုးအရှိဆုံးပဲ။ ဒါကို နားလည်သွားတော့ ယုံကြည်ခြင်း ရလာပြီး တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်လာဖို့ စတင် ပြင်ဆင်တော့တယ်။
နှုတ်ထွက်စာရေးဖို့ ပြင်နေတုန်းမှာပဲ မြို့ပညာရေးရုံးကပေးတဲ့ အကြီးတန်း ပညာရပ်ဆိုင်ရာ ရာထူးခန့်အပ်လွှာ ရောက်လာတယ်။ ဒီလက်မှတ်ရှိရင် အကြီးတန်းဆရာမတစ်ယောက်ရဲ့ လစာနဲ့ ခံစားခွင့်တွေကို ရနိုင်တယ်။ အလုပ်မှာ လေးစားခံရမယ့်အပြင် တစ်နှစ်တာ လစာကလည်း ယွမ် တစ်သောင်းကျော် တိုးလာဦးမှာ။ မကြာခင်မှာပဲ ကျောင်းက သင်ကြားရေးမှူးက ခရိုင်အဆင့် ထူးချွန်ဆရာမဆုအတွက် ဖောင်ဖြည့်ခိုင်းပြန်တယ်။ ကျွန်မ မယုံနိုင်သလိုတောင် ဖြစ်သွားတယ်။ တစ်ကျောင်းလုံးမှာ ဆရာ တစ်ရာကျော်ရှိတဲ့အထဲက တစ်နှစ်ကို နှစ်ယောက်ပဲ နေရာရတာလေ။ ဒါ ဆရာတိုင်း အိပ်မက်မက်တဲ့ ဂုဏ်ထူးဆောင်ဆုပဲ။ ကျွန်မသာ မထွက်ရင် နောက်ရက်နည်းနည်းကြာတဲ့အခါ ကျရောက်မယ့် ဆရာများနေ့မှာ အသိအမှတ်ပြုခံရဖို့ ခရိုင်အစိုးရ ခန်းမဆောင်ကို သွားလို့ရပြီ။ ကျွန်မနာမည်က မြို့ပညာရေးသတင်းစာမှာ ပါလာမှာဖြစ်သလို ကျောင်းကချီးမြှင့်တဲ့ ဆုကြေးငွေလည်း ရဦးမှာ။ ဒီဂုဏ်ထူးဆောင်ဆု နှစ်ခုသာ လက်ထဲရှိရင် နောက်စာသင်နှစ်ကျရင် သေချာပေါက် နာမည်ကြီးတော့မှာ။ လုပ်ဖော်ကိုင်ဖက် ဘယ်နှယောက်လောက်က ကျွန်မကို အားကျမနာလိုဖြစ်ကြမလဲ ဆိုတာ ဘယ်သူသိမှာလဲ။ ဒါပေမဲ့ ခဏနေတော့ ဒါ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်း ဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်။ “သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး ၎င်းက သင့်ကို မြင်သည့်အချိန်တိုင်း အမြီးကုပ် ပြေးကာ သူရဲဘောကြောင်လာစေသည်အထိ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စာတန်နှင့် သေရေး ရှင်ရေး တိုက်ပွဲကို တိုက်ခိုက်ရန် လက်နက်များအဖြစ် အသုံးပြုရင်း ထရပ်ကာ စာတန်နှင့် တိုက်လျှင် ထိုအခါမှသာ ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်ပြီး ထိုအချိန်တွင် သင်သည် ကယ်တင်ခံရလိမ့်မည် ဖြစ်၍ လွတ်မြောက်လာလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဂရုစိုက်မှန်း စာတန်က သိနေတယ်။ ဒါကြောင့် ကျွန်မကို သွေးဆောင်ဖို့ ဒီဂုဏ်ထူးဆောင်ဆု နှစ်ခုကို သုံးလိုက်တာ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ဖို့၊ သူ့ရဲ့ ဖျက်ဆီးတာ၊ ထိန်းချုပ်တာကို ခံရဖို့ လုပ်ငန်းခွင်ထဲ ဆက်နေစေချင်တဲ့ အချည်းနှီး မျှော်လင့်ချက်နဲ့ပေါ့။ စာတန်က ကျွန်မရဲ့ စိတ်နှလုံးကို ချည်နှောင်ဖို့၊ သမ္မာတရား မလိုက်စားနိုင်အောင် တားဆီးဖို့အတွက် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အမြဲသုံးခဲ့တယ်။ သူ့ရဲ့ လှည့်ကွက်ထဲကို ထပ်မိလို့မဖြစ်ဘူး။ အရေးအကြီးဆုံးကတော့ လူတွေကို ဘုရားသခင် ကယ်တင်မယ့် ဒီအနှစ်တစ်ထောင်မှာ တစ်ကြိမ်ရတဲ့ အခွင့်အရေးကို လက်မလွှတ်ချင်ဘူး။ ဖန်ဆင်းခံ တစ်ယောက်ရဲ့ တာဝန်ကို ကျွန်မဖြည့်ဆည်းရမယ်၊ ကျွန်မရဲ့ အနာဂတ်ဘဝကို ဘုရားသခင်ဆီ အပ်နှံပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင် နေထိုင်ဖို့ လိုက်စားရမယ်။ ဘုရားနှုတ်ကပတ်တော် ပြောသလိုပေါ့။ “သင့်ထံတွင် မြင့်မားသော အဆင့်အတန်း၊ ကြီးမားသော ဂုဏ်သတင်း၊ ကြွယ်ဝသော အသိပညာ၊ မြောက်မြားလှသော ပိုင်ဆိုင်မှုပစ္စည်းများနှင့် လူများစွာတို့ထံမှ ထောက်ပံ့မှုများ ရှိသည့်တိုင် ဤအရာများကြောင့် စိုးရိမ်ကြောင့်ကြမှု မရှိမြဲဖြစ်လျက် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်တို့ကို လက်ခံရန်နှင့် သင့်အား ဘုရားသခင် တောင်းဆိုသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနေဆဲဖြစ်လျှင် သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ တရားအမျှတဆုံး လုပ်ငန်း ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) လောကမှာ ဖန်ဆင်းခံရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာထက် ပိုအဓိပ္ပာယ်ရှိတဲ့၊ ပိုတန်ဖိုးရှိတဲ့အရာ ဘာမှမရှိဘူး။ အတိတ်ကို ပြန်တွေးကြည့်ရင် ကျွန်မ ကြိုးစားလုပ်ကိုင်ခဲ့လို့ ကျောင်းလူကြီးတွေနဲ့ မိဘတွေရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တယ်။ ဒါပေမဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ခဲ့ဘူး၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုမှုကို မရခဲ့ဘူး။ စိတ်နှလုံးကတော့ ဟာတာတာ ဖြစ်နေတုန်းပဲ။ အခု ကြီးမားတဲ့ ဘေးအန္တရာယ်တွေ စတင်နေပြီ။ အချိန်က လူကို မစောင့်ဘူး။ လူအများကြီးက ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို မကြားရသေးဘူး၊ ဘဝရဲ့ မှန်ကန်တဲ့ ဦးတည်ချက် မရှိကြသေးဘူး။ လူတွေ ပိုများများ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံနိုင်ဖို့ ကျွန်မ အမြန်ဆုံး ဧဝံဂေလိတရား ဟောရမယ်။ ဒါက ဘုရားသခင်ရဲ့ အရေးတကြီး ရည်ရွယ်ချက်ပဲ။ ဒါကို နားလည်သွားတော့ ကျောင်းအုပ်ကြီးဆီ နှုတ်ထွက်စာ တင်လိုက်တယ်။ ကျောင်းအုပ်ကြီးက အရမ်းအံ့သြသွားပြီး ပြောတယ်။ “လူအများကြီးက ဒီရာထူးရဖို့ အသေအလဲ လုနေကြတာ၊ ခင်ဗျားကျမှ စွန့်လွှတ်ချင်နေတယ်။ သေသေချာချာ စဉ်းစားသင့်တယ်နော်။ ဒီလောက်ကောင်းတဲ့ အလုပ်ကို စွန့်လွှတ်လိုက်ရင် နောက်ပိုင်း ဘယ်လိုနေထိုင်မလဲ။ အလုပ်ပမာဏ များလို့ဆိုရင် ဒီနှစ် ခင်ဗျားအလုပ်ကို လျှော့ပေးမယ်။ ကျွန်တော့်ရုံးခန်းကို ပြင်ပြီး ခင်ဗျားအတွက် ဘဏ္ဍာရေးရုံးခန်း လုပ်ပေးမယ်။ ခင်ဗျား ဆက်ရှိနေပြီး အလုပ်ဆက်လုပ်ဖို့ မျှော်လင့်ပါတယ်” တဲ့။ ကျောင်းအုပ်ကြီးရဲ့ စကားကို ကြားပေမဲ့ ကျွန်မ ထပ်မတုံ့ဆိုင်းတော့ဘဲ ထွက်ခွာဖို့ ပြတ်ပြတ်သားသား ရွေးချယ်လိုက်တယ်။ အိမ်ပြန်ရောက်တဲ့အခါ အဖေ့အတွက် စာတစ်စောင် ထားခဲ့ပြီး အိတ်ဆွဲလို့ အိမ်ကထွက်၊ တာဝန်ထမ်းဆောင်ဖို့ သွားခဲ့တယ်။
ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားခဲ့တာ၊ အားလပ်ချိန်မှာ ဘုရားကို ယုံကြည်ရုံနဲ့ ရောင့်ရဲခဲ့တာ၊ တာဝန် သိပ်မထမ်းဆောင်ခဲ့တာ၊ ပြီးတော့ ဘုရားကျေးဇူးတော်ကို ခံစားဖို့လောက်ပဲ သိခဲ့တာတွေကို ပြန်တွေးမိတယ်။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ မှားယွင်းတဲ့ အမြင်တွေနဲ့ စာတန်ဆန်တဲ့ အဆိပ်အမျိုးမျိုးကို ပိုင်းခြားသိမြင်မှု မရှိခဲ့ဘူး။ အသက်စိတ်သဘောထားကလည်း လုံးဝ မပြောင်းလဲခဲ့ဘူး။ အခု အသင်းတော်မှာ ကျွန်မ တာဝန်ထမ်းဆောင်နေပြီ။ ဘုရားနှုတ်ကပတ်တော်တွေကို ခဏခဏ ဖတ်ရှုခြင်းက သမ္မာတရား အများကြီးကို နားလည်စေတယ်။ ပုံမှန်အားဖြင့် ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား တစ်ခုခုကို ထုတ်ဖော်ပြမိရင် ညီအစ်ကိုမောင်နှမတွေက မြင်တာနဲ့ ထောက်ပြကြတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို သုံးပြီး ကျွန်မနဲ့ မိတ်သဟာယပြုတယ်၊ ကူညီပေးတယ်။ ကိုယ့်ကိုယ်ကိုယ် အသိတရား တချို့ ရလာပြီး ကျွန်မရဲ့ အသက်တာကလည်း တိုးတက်မှုတချို့ ရှိလာတယ်။ ဘုရားသခင်နောက်လိုက်တာဟာ ဒီဘဝမှာ ကျွန်မလုပ်ခဲ့တဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲလို့ ရင်ထဲကနေ ခံစားရပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မ ငယ်ငယ်ကတည်းက အမြဲ အမှတ်ကောင်းကောင်း ရခဲ့ပြီး၊ စာပေနဲ့ အနုပညာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်မရဲ့ ပညာရေး...
သီဝေ အိန္ဒိယနိုင်ငံ ကျွန်တော်က ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ။ မိဘတွေက လယ်သမားတွေ။ ကျွန်တော်တို့မိသားစုက စပါးနဲ့ ဟင်းသီးဟင်းရွက်...
လုရန် တရုတ်နိုင်ငံ ကျွန်မ မှတ်မိသလောက်တော့ ကျွန်မ မိဘတွေက တစ်ခါမှ မတည့်ကြဘူး။ ရန်ဖြစ်တာက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ။ တစ်ခါတလေမှာ အဖေက...
တရုတ်ပြည်မှ လင်းရီနော်ငယ်ငယ်လေးကတည်းက မိဘတွေက စာကြိုးစားခြင်းရဲ့ အရေးကြီးပုံကို ကျွန်မကို အမြဲ ဆုံးမသွန်သင်ခဲ့တယ်။ ဘွဲ့ကောင်းကောင်းရမှ...