ဖျက်၍မရသော ဆုံးဖြတ်ချက်တစ်ခု
ပိုင်ရန် တရုတ်နိုင်ငံကျွန်မ ၁၅ နှစ်တုန်းက ကျွန်မ အဖေက ရောဂါတစ်ခုကြောင့် သေသွားခဲ့ပြီး ကျွန်မတို့ မိသားစုရဲ့ အဓိကအထောက်အပံ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်တော့်ကို နီပေါနိုင်ငံက ကျေးလက်မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်မိဘနှစ်ပါးစလုံးက တောင်သူတွေဖြစ်ပြီး သူတို့ရဲ့ မိသားစုအခြေအနေ မကောင်းခဲ့လို့ ပညာသင်ကြားခွင့်မရခဲ့ကြဘူး။ ဒါကြောင့် သူတို့က ကျွန်တော့်ကို ပျိုးထောင်ဖို့ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြတယ်။ သူတို့က ကျွန်တော့်ကို ခဏခဏ ပြောတတ်တယ်။ “သား ဇွဲရှိရှိနဲ့ စာကြိုးစားရမယ်” တဲ့။ ကျွန်တော် စာကောင်းကောင်းမသင်ခဲ့ရင် အနာဂတ်မှာ သင့်တင့်ကောင်းမွန်တဲ့ အလုပ်တစ်ခု ရှာနိုင်မှာမဟုတ်ဘဲ သူတို့လိုပဲ ခက်ခဲတဲ့ဘဝနဲ့ အဆုံးသတ်သွားမယ်ဆိုတာကို သူတို့သိခဲ့ကြတယ်။ ကျွန်တော့်မိဘတွေ ဒီလောက် ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာကို မြင်ရတဲ့အခါတိုင်း ကျွန်တော် ပိုပြီးတော့တောင် ကြိုးစားသင့်တယ်လို့ ခံစားရတယ်။ ဒါမှ အနာဂတ်မှာ အလုပ်ကောင်းကောင်းရှာပြီး ပိုက်ဆံတွေအများကြီးရှာနိုင်မယ်၊ မိသားစုအတွက် အိမ်ကြီးကြီးတစ်လုံးဆောက်ပေးပြီး သူတို့ကို ပျော်ရွှင်တဲ့ဘဝမှာ ထားနိုင်မှာပေါ့။ အစပိုင်းမှာတော့ ကျွန်တော်က သာမန်အစိုးရကျောင်းတစ်ကျောင်းမှာ ပညာသင်ခဲ့တယ်။ အဲဒီမှာ သင်ကြားရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေ ကောင်းကောင်းမရှိသလို ကျောင်းသားတွေရဲ့ အဆင့်တွေကလည်း ခြုံပြောရရင် ညံ့ကြတယ်။ ကျွန်တော့်သူငယ်ချင်းတွေ အင်္ဂလိပ်ဘာသာနဲ့သင်တဲ့ကျောင်းမှာ ပညာသင်နေကြတာကိုတွေ့တော့ ကျွန်တော်လည်း အဲဒီကျောင်းကို အရမ်း သွားချင်ခဲ့တယ်။ အင်္ဂလိပ်ကျောင်းရဲ့ ကျောင်းလခက အရမ်းစျေးကြီးပေမဲ့၊ ကျွန်တော်သာ ကျောင်းကောင်းကောင်းတစ်ခုမှာ ပညာသင်နိုင်ခဲ့ရင် အနာဂတ်မှာ အလုပ်ကောင်းတစ်ခု ရှာဖို့ ပိုလွယ်မှာပဲလို့ ကျွန်တော့်မိဘတွေကလည်း တွေးခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ဆန္ဒအတိုင်းပဲ အင်္ဂလိပ်ဘာသာနဲ့သင်တဲ့ အစိုးရကျောင်းတစ်ကျောင်းကို ဝင်ခွင့်ရခဲ့တယ်။ အစပိုင်းမှာတော့ ကျွန်တော့်အဆင့်တွေက သိပ်မကောင်းခဲ့ဘူး၊ ဒါနဲ့ ကျွန်တော် နှစ်ဆတိုးပြီး ကြိုးစားခဲ့တယ်။ နေ့တိုင်း စောစောထပြီး အရင်နေ့က သင်ခဲ့တာတွေကို ပြန်နွှေးတယ်၊ ကိုယ့်အတွက် ပန်းတိုင်တွေချမှတ်တယ်၊ စာလုပ်ဖို့ အစီအစဉ်ဇယားတွေ ဆွဲတယ်၊ ပြီးတော့ နားမလည်တဲ့ အကြောင်းအရာတွေကို ဆရာတွေကို မေးတယ်။ အဆက်မပြတ် ကြိုးစားအားထုတ်မှုကြောင့် ကျွန်တော့်ရဲ့အဆင့်တွေက သိသိသာသာ တိုးတက်လာခဲ့တယ်။
ကျောင်းမှာ ဆရာတွေက အသိပညာကို ကောင်းကောင်းသင်ယူနိုင်မှသာ ပိုကောင်းပြီး ပိုတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရစေမယ့်အလုပ်မျိုးကို ရှာနိုင်မယ်လို့ ကျွန်တော်တို့ကို ခဏခဏ သင်ပေးတယ်။ ကျွန်တော်က ဂုဏ်ရှိပြီး အောင်မြင်မှုကို ရဖို့ ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်မိသားစု ပျော်ရွှင်တဲ့ဘဝမှာ နေခွင့်ရဖို့အတွက် ပိုက်ဆံလည်း ရှာပေးချင်ခဲ့တယ်၊ ဒါကြောင့် ပိုလို့တောင် စာကြိုးစားခဲ့တယ်။ နေ့တိုင်း အတန်းကို အချိန်မှန်မှန်တက်ပြီး အတန်းတစ်တန်းမှ မပျက်ခဲ့ဘူး။ အတန်းထဲမှာလည်း အာရုံစိုက်ပြီး နားထောင်တယ်၊ ပြီးတော့ အိမ်ပြန်ရောက်ပြီးနောက်မှာ ကျွန်တော့်ရဲ့မှတ်စုတွေကို အထပ်ထပ်အခါခါ ပြန်စဉ်းစားတွေးဆခဲ့တယ်၊ တခြားစာအုပ်တွေနဲ့ အချက်အလက်တွေကိုလည်း ရှာဖတ်တယ်။ ကျွန်တော် နေ့တိုင်း စာလုပ်တာနဲ့ပဲ အလုပ်ရှုပ်နေပြီး သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ဖို့ အချိန်မရှိသလောက် ဖြစ်ခဲ့တယ်။ တစ်မိနစ်လေးတောင် မဖြုန်းတီးသင့်ဘူးလို့ ကျွန်တော် ခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့အဆင့်တွေက တစ်နေ့တခြား ပိုကောင်းလာပြီး ကျွန်တော့်သူငယ်ချင်းတွေရဲ့ အဆင့်တွေကိုတောင် ကျော်တက်သွားတယ်။ ကျွန်တော် အရမ်းပျော်သွားတယ်၊ ကြိုးစားအားထုတ်နေသရွေ့ ကိုယ်လိုချင်တာမှန်သမျှကို ရနိုင်မယ်လို့ ယုံကြည်ခဲ့တယ်လေ။ ဆရာဝန်တစ်ယောက်ဖြစ်လာမယ်၊ အဆင့်အတန်းနဲ့ ဂုဏ်ရှိမယ်၊ ပြီးတော့ ချမ်းသာကြွယ်ဝမှုတွေ အများကြီး ရမယ်ပေါ့။ ဒါကြောင့် ကျွန်တော် ဆေးကျောင်းအတွက် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ ကျောင်းကို ကျွန်တော် မသွားနိုင်ခဲ့ဘူး။ အိမ်မှာပဲ အွန်လိုင်းကနေ ပြင်ဆင်ခဲ့ရတယ်။ အွန်လိုင်းစာမေးပွဲတွေမှာ ကျွန်တော့်အဆင့်တွေက မကောင်းခဲ့ဘူး၊ ဒီအတိုင်းသာ ဆက်သွားနေရင် အဆင့်ကောင်းကောင်းရမှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် ပညာသင်ဆုလည်း ရတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်ခဲ့တယ်။ ကျွန်တော်တို့ မိသားစုရဲ့ ငွေကြေးအခြေအနေကြောင့် ဒီလောက်ကြီးတဲ့ ကျောင်းလခကို ဘယ်လိုမှကို မတတ်နိုင်ပါဘူး။ နှစ်လသုံးလနေတော့ ကျွန်တော် ဝင်ခွင့်စာမေးပွဲကို ဖြေခဲ့တယ်။ အောင်တော့အောင်ပေမဲ့ ကျွန်တော့်ရဲ့ အမှတ်က ပညာသင်ဆုရရလောက်အောင် မမြင့်ခဲ့ဘူး။ ကျွန်တော် တစ်နှစ်လုံး ကြိုးစားခဲ့သမျှက အလဟဿ ဖြစ်သွားပြီလို့ ခံစားရပြီး ရင်ထဲမှာ ကြေကွဲသွားတယ်။ ဒါပေမဲ့ ကျွန်တော် အရှုံးမပေးခဲ့ဘဲ နောက်နှစ်ရဲ့ ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ စတင်ခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာ့ကပ်ရောဂါ နောက်တစ်ကြိမ် ဖြစ်ပွားလာတော့ အိမ်မှာပဲ အွန်လိုင်းကနေ ထပ်ပြီး ပြင်ဆင်နိုင်ခဲ့တယ်။ ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် ပညာသင်ဆုကို ရအောင်ယူရမယ်လို့ ကျွန်တော် တွေးခဲ့တယ်။ ဒါကြောင့် ပထမနှစ်တုန်းကထက် ပိုပြီးတော့တောင် ကြိုးစားခဲ့တယ်၊ မနက် ၆ နာရီကနေ ည ၁၂ နာရီအထိ စာလုပ်ခဲ့တယ်။ တစ်ခါတလေ အိပ်ရေးမဝလို့ ခေါင်းက လေးလံထိုင်းမှိုင်းနေပေမဲ့ ကျွန်တော် အနားမယူခဲ့ဘူး။ ဒါပေမဲ့ အွန်လိုင်းစာမေးပွဲ တစ်ခုပြီးတစ်ခုမှာ ကျွန်တော့်အဆင့်တွေက ဆက်တိုက်ဆိုသလို မကောင်းတာကို မြင်နေရတော့ တဖြည်းဖြည်းနဲ့ စိုးရိမ်စိတ်တွေ ဝင်လာခဲ့တယ်၊ “ငါသာ ကိုယ့်ရည်မှန်းချက်ကို မရောက်ခဲ့ရင် ငါ့သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေက ငါ့ကို ဘယ်လိုများ ထင်ကြမလဲ။ ငါ ဆရာဝန်တစ်ယောက် မဖြစ်နိုင်ခဲ့ရင် ငါ့အနာဂတ်က အမှောင်အတိ ကျသွားမှာပဲ။ ထင်ပေါ်ကျော်ကြားဖို့၊ အိမ်ကြီးကြီးတစ်လုံးဆောက်ပြီး ပျော်ရွှင်တဲ့ဘဝမှာ ငါ့မိသားစု နေရစေဖို့ ငါ အမြဲ အိပ်မက်မက်ခဲ့တာ၊ ဒါပေမဲ့လည်း ဒီအိပ်မက်တွေ အကုန်လုံး ပြိုကွဲသွားတော့မှာပဲ” လို့ တွေးမိတယ်။ ဒီအပျက်သဘောဆောင်တဲ့အတွေးတွေက ကျွန်တော့်ကို ပိုပိုပြီးစိုးရိမ်လာစေခဲ့တယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့ စိတ်အခြေအနေက တဖြည်းဖြည်း ဆိုးရွားလာခဲ့ပြီး နောက်ဆုံးမှာတော့ စိတ်ကျရောဂါနည်းနည်း ဝင်လာတယ်။ စိတ်ဓာတ်ကျနေတဲ့အခါမှာ တစ်ညလုံး အိပ်မပျော်ဘူး၊ အစားအသောက်လည်း မစားချင်ဘူး။ တစ်ခါတလေဆို တစ်ညလုံး ငိုနေခဲ့တာမျိုးတောင် ရှိတယ်။ အဲဒီသုံးလအတွင်းမှာ စိတ်ကျရောဂါကြောင့် အရမ်းကို နာကျင်ခံစားခဲ့ရပေမဲ့ ဘယ်လိုလွတ်မြောက်ရမလဲဆိုတာ မသိခဲ့ဘူး။ ကျွန်တော် YouTube မှာ စိတ်ခွန်အားဖြစ်စေတဲ့ ဗီဒီယိုတွေ အများကြီး ကြည့်ခဲ့ပေမဲ့ ကျွန်တော့်ရဲ့အခြေအနေက လုံးဝမတိုးတက်ခဲ့ဘူး။
သုံးလကြာပြီးတဲ့နောက်မှာ ယူကျုပေါ်က သခင့်ကို ချီးမွမ်းတဲ့ ဓမ္မတေးတွေနဲ့ ဆုတောင်းခြင်းအကြောင်း ဗီဒီယိုတွေကို ကျွန်တော် တွေ့ခဲ့တယ်။ အဲဒီဓမ္မတေးတွေနဲ့ ဆုတောင်းခြင်းတွေကို နားထောင်ပြီးနောက်မှာ ကျွန်တော့်စိတ်နှလုံးက တဖြည်းဖြည်းနဲ့ ငြိမ်သက်လာခဲ့တယ်။ ကျွန်တော် မနက်တိုင်း၊ ညတိုင်း စပြီးဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးနောက်မှာ ကျွန်တော့်စိတ်ထဲက အပျက်သဘောဆောင်တဲ့အတွေးတချို့က တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပြီး စိတ်ခံစားချက်က ကြည်လင်လာတယ်။ နှစ်လလောက် ကျွန်တော် နေ့တိုင်း သမ္မာကျမ်းစာကို ဖတ်ပြီး ဓမ္မတေးတွေကို နားထောင်ခဲ့တယ်။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်ခဲ့တယ်။ “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။” (ရှင်မဿဲခရစ်ဝင် ၁၁:၂၈-၃၀) ဒီနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို အကြီးအကျယ်နှစ်သိမ့်မှု ပေးခဲ့တယ်။ သခင်ယေရှုက ကျွန်တော့်ရဲ့ဘေးမှာ ရှိနေပြီး နာကျင်မှုကနေ လွတ်မြောက်အောင် ကူညီပေးနေတယ်လို့ ခံစားခဲ့ရတယ်၊ ကျွန်တော့်စိတ်နှလုံးပေါ်က ဖိအားတွေ အများကြီး လျော့ကျသွားခဲ့ပြီး ကျွန်တော် သခင့်ကို ယုံကြည်လာခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးလကုန်သွားပြီး ကျွန်တော် ဝင်ခွင့်စာမေးပွဲကို ဒုတိယအကြိမ် ဝင်ဖြေခဲ့ပေမဲ့ ကျွန်တော့်ရဲ့အဆင့်တွေက ပညာသင်ဆုရရလောက်အောင် အရည်အချင်းမပြည့်မီသေးဘူး၊ ဒီတစ်ခါတော့ အရင်ကလောက် သိပ်မနာကျင်တော့ဘူး။ သုံးလေးရက်ကြာတော့ သူငယ်ချင်းတစ်ယောက်က နိုင်ငံတကာ အင်္ဂလိပ်စာစစ်ပွဲအတွက် ပြင်ဆင်နေပြီး ဩစတြေးလျကို ပညာသင်သွားဖို့ စီစဉ်နေတယ်ဆိုတာကို ကျွန်တော် သိခဲ့ရတယ်။ ဆရာဝန်ဖြစ်လာဖို့က ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာ မဟုတ်ဘူး။ ပညာသင်ပြီး ပိုကောင်းတဲ့ဘဝ ဖန်တီးဖို့ ဩစတြေးလျကို သွားလည်းရနိုင်တာပဲ။ ဒါနဲ့ ကျွန်တော် နိုင်ငံတကာ အင်္ဂလိပ်စာစစ်ပွဲအတွက် စပြီး ပြင်ဆင်ခဲ့တယ်။
စာမေးပွဲအတွက် ပြင်ဆင်နေတုန်းမှာ ဖေ့ဘွတ်ခ်မှာ စာတစ်ပိုဒ်ကို ကျွန်တော်ဖတ်လိုက်မိတယ်။ “ဤကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်၍ ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ကြိုတင်ပြဋ္ဌာန်းမှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းရာဇဝင်က မည်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်ပါစေ၊ သင့်ရှေ့ဆက်ခရီးတို့ မည်သည့်အရာ ဖြစ်ကောင်း ဖြစ်နိုင်ပါစေ၊ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်ခြင်းများကို မရှောင်နိုင်ပေ၊ ပြီးလျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲထားသော သူတစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဒီစကားတွေက အရမ်းကို မှန်တယ်လို့ ခံစားလိုက်ရတယ်။ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့အရာအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုအောက်မှာပဲ ရှိတယ်၊ ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ဘူး။ ကျွန်တော် ကိုယ့်ရဲ့အတွေ့အကြုံတွေကို စဉ်းစားမိတယ်၊ ကျွန်တော်က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မသိခဲ့ဘူး၊ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ချမ်းသာလာပြီး ပျော်ရွှင်တဲ့ဘဝကို နေနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပြီး အစီအစဉ်ဆွဲခဲ့ပါစေ၊ နောက်ဆုံးမှာတော့ ကျရှုံးခဲ့ရပြီး စိတ်ကျရောဂါတောင် ဖြစ်ခဲ့သေးတယ်။ ဒီစာပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်နားလည်သွားတယ်၊ ကျွန်တော်မွေးဖွားလာတဲ့ မိသားစု၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ ပြီးတော့ အနာဂတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာတွေ အားလုံးက ဘုရားသခင် စီစဉ်ထားတာဖြစ်တယ်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့်ကံကြမ္မာကို ပြောင်းလဲလို့မရနိုင်ဘူး ဆိုတာကိုပေါ့။ ခဏကြာတော့ ညီအစ်မတစ်ယောက်က အွန်လိုင်းစုဝေးပွဲတစ်ခု တက်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ ကျွန်တော် နိုင်ငံတကာ အင်္ဂလိပ်စာစစ်ပွဲဖြေရမှာဆိုတော့ ကျွန်တော်ဘယ်လိုလုပ်ဆောင်မလဲဆိုတာ နည်းနည်းစိုးရိမ်နေခဲ့တယ်။ စာမေးပွဲအမှတ်မကောင်းရင် ဩစတြေးလျကို သွားဖို့အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်သလို၊ ကျွန်တော့်အနာဂတ်ကလည်း အမှောင်အတိ ကျသွားမှာပဲ။ ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်တယ်၊ ပြီးတော့ ကျွန်တော်သာ ကျရှုံးခဲ့ရင် ကိုယ့်သူငယ်ချင်းတွေကြားထဲမှာ အကြီးမားဆုံး အရှုံးသမား ဖြစ်လာမှာပဲ။ ကျွန်တော့်မိဘတွေနဲ့ သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို အရမ်းညံ့တယ်လို့ သေချာပေါက် ထင်ကြမှာပဲ။ ကျွန်တော် ဒီလိုတွေးနေတုန်းမှာပဲ စုဝေးပွဲရဲ့တရားဒေသနာခေါင်းစဉ်က “ငါ ဝမ်းနည်းစရာကောင်းတဲ့ဘဝနဲ့ နေထိုင်နေရတယ်၊ ငါ ဘာလုပ်သင့်လဲ” မှန်း ကျွန်တော်တွေ့ခဲ့ရတယ်။ ကျွန်တော် အဲဒါကို ချက်ချင်းပဲ စိတ်ဝင်စားသွားခဲ့တယ်။ ညီအစ်ကိုတစ်ယောက်က စာပိုဒ်တချို့ကို ဝေမျှခဲ့တယ်။ “လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိသည့်အတွက် သူတို့သည် ကံကြမ္မာကို အာခံကာ ပုန်ကန်သည့် သဘောထားနှင့် အမြဲ ရင်ဆိုင်ကြပြီး ဘုရားသခင်၏ ဩဇာအာဏာ၊ အချုပ်အခြာအာဏာ နှင့် ကံကြမ္မာက ပြင်ဆင်ပေးထားသည့် အရာတို့ကို အစဉ်သဖြင့် စွန့်ပစ်ချင်ကြကာ သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲကာ ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်ကြလေသည်။ သို့သော်လည်း သူတို့ မည်သည့်အခါမျှ မအောင်မြင်နိုင်သကဲ့သို့ အချိန်တိုင်းတွင် တားဆီးခံရသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်များ နက်ရှိုင်းရာတွင် တည်ရှိနေသော ရုန်းကန်မှုသည် နာကျင်မှုကို ဖြစ်စေပြီး ဤနာကျင်မှုသည် ယင်းဘာသာ အရိုးစွဲနေပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အသက်တာကို ဖြုန်းတီးပစ်စေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ တစ်ခုမျှ မမှန်ကန်သည်မှာ သိသာထင်ရှား၏။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသောဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း၊ သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ညီအစ်ကိုက ဖတ်ပြီးတဲ့နောက်မှာ မိတ်သဟာယပြုတယ်၊ “နှစ်ထောင်နဲ့ချီကြာအောင် စာတန်က လူတွေကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေဖို့ ဘုရားမဲ့ဝါဒ၊ ရုပ်ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ဝါဒတွေကို အသုံးပြုခဲ့တယ်၊ အဲဒါက သူတို့ကို ဘုရားသခင်ရဲ့တည်ရှိမှုကို ငြင်းဆိုစေပြီး ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်ဆိုတာကို ငြင်းဆိုစေခဲ့တယ်၊ အကျိုးဆက်အနေနဲ့ လူတွေက ဘုရားသခင်နဲ့ ဝေးကွာသွားပြီး ကိုယ်တော့်ကို မကိုးကွယ်ကြတော့ဘူး။ ဒါတင်မကဘူး၊ စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုသုံးပြီးတော့လည်း လူတွေကို ဖောက်ပြန်ပျက်စီးစေတယ်၊ ‘ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်’ တို့၊ ‘လူတစ်ဦး၏ ကံကြမ္မာသည် ထိုသူ၏ လက်ထဲတွင် ရှိ၏’ ဆိုတာမျိုးတွေ ပြောတယ်လေ။ ဒီအတွေးအခေါ်တွေနဲ့ အမြင်တွေရဲ့ လွှမ်းမိုးမှုနဲ့ သွတ်သွင်းမှုကို ခံရတော့ ကျွန်တော်တို့က ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ပိုင်ဆိုင်မှသာ တခြားသူတွေရဲ့ လေးစားမှုကိုရပြီး ပျော်ရွှင်တဲ့ဘဝကို နေနိုင်တယ်လို့ ယုံကြည်လာကြတယ်။ ဒါကြောင့် လူအများကြီးက ချမ်းသာတဲ့ဘဝမှာ နေနိုင်ဖို့ နေ့တိုင်း ကြိုးစားရုန်းကန်နေကြတယ်။ သူတို့က အချိန်ပိုတွေ ဆင်းပြီး အလုပ်လုပ်ကြတော့ နောက်ဆုံးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါတွေ ဖြစ်လာကြတယ်။ တချို့လူတွေက သူတို့ရဲ့အလုပ်အကိုင်မှာ အောင်မြင်ဖို့အတွက် လှည့်ကွက်တွေနဲ့ အကြံအစည်အမျိုးမျိုးကို အားကိုးကြတယ်၊ တခြားသူတွေကို အသုံးချပြီး လှည့်ဖြားကြတယ်၊ ရှေ့ရောက်ဖို့အတွက် သူတို့ကို ရက်ရက်စက်စက် နင်းချေကြတယ်။ သူတို့ အောင်မြင်သွားရင်တောင်မှ သူတို့ရဲ့ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းမရှိကြဘူး၊ ဆင်းရဲဒုက္ခထဲမှာ နေထိုင်ကြရတုန်းပဲ။ အားထုတ်မှုတွေ အများကြီးလုပ်ပေမဲ့ မထင်ပေါ်နိုင်တဲ့သူတွေလည်း အများကြီးရှိတယ်။ အကျိုးဆက်အနေနဲ့ သူတို့က အဆိုးမြင်စိတ်တွေဝင်ပြီး မျှော်လင့်ချက်မဲ့သွားကြတယ်၊ လောကကြီးကိုတောင် စိတ်ကုန်လာကြပြီး ပြီးတော့ တချို့က ကိုယ့်ကိုယ်ကိုယ်သတ်သေတာမျိုးနဲ့ သူတို့ရဲ့ဘဝတွေကို အဆုံးသတ်ဖို့ ရွေးချယ်ကြတယ်။ ဒါတွေအားလုံးက လူတွေ စာတန်ရဲ့ ဒုက္ခပေးနှိပ်စက်မှုကို ခံရလို့ ဖြစ်ရတာတွေပါပဲ” တဲ့။ ညီအစ်ကိုရဲ့ မိတ်သဟာယဖွဲ့ခြင်းက ကျွန်တော့်စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားပြီး ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပြန်သတိရမိတယ်။ ငယ်ငယ်ကတည်းက မိဘတွေ ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာကို မြင်ခဲ့ရလို့ အဆင့်အတန်းနဲ့ ဂုဏ်ရှိဖို့ စာကြိုးစားပြီး ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တယ်၊ အဲဒီလိုနဲ့ ကျွန်တော့်မိသားစုကို ပျော်ရွှင်တဲ့ဘဝမှာ ထားနိုင်မှာပေါ့။ ဒီအတွက် ကျွန်တော် အားထုတ်မှုတွေ အများကြီး လုပ်ခဲ့တယ်။ အထူးသဖြင့် အင်္ဂလိပ်ကျောင်းကို ပြောင်းပြီးတဲ့နောက်မှာ ပိုပြီးတော့တောင် စာကြိုးစားခဲ့တယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက် မလည်တော့ဘူး၊ အိမ်အလုပ်တွေ လုပ်နေရင်းတောင် ဘာစာလုပ်ရမလဲဆိုတာကို တွေးနေခဲ့တယ်။ ကျွန်တော် ညနက်တဲ့အထိလည်း ခဏခဏ စာကျက်ခဲ့တယ်။ အတန်းဖော်တွေကြားထဲမှာ ထင်ပေါ်ကျော်ကြားဖို့ တစ်နေ့ကို ၁၂ နာရီကနေ ၁၅ နာရီအထိ စာလုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော် ကျရှုံးခဲ့ရတုန်းပဲ။ စိတ်ကျရောဂါပါ ဖြစ်လာပြီး ဆေးကျောင်းတက်မယ့် အစီအစဉ်တွေကို မဖြစ်မနေ ရပ်တန့်ခဲ့ရတယ်။ သူငယ်ချင်းတွေထက် အများကြီး နောက်ကျကျန်ခဲ့တယ်ဆိုတဲ့ အကြောင်းကို တွေးမိတိုင်း ကျွန်တော့်စိတ်နှလုံးက နာကျင်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ရင်ဘတ်ပေါ်မှာ ကျောက်တုံးကြီးတစ်တုံး တင်ထားသလို ခံစားခဲ့ရတယ်။ ကိုယ့်အနာဂတ်က အမှောင်အတိ ကျသွားပြီလို့ ခံစားခဲ့ရတယ်၊ ကိုယ့်ရှေ့ရေးကို တွေးပြီး စိုးရိမ်နေလို့ တစ်ညလုံး မအိပ်နိုင်တဲ့ညတွေလည်း ခဏခဏ ရှိခဲ့တယ်။ ကျွန်တော် စပြီး တွေးလာတယ်၊ “ငါ့ဘဝက ဘာလို့ ဒီလို အခက်အခဲထဲ ကျရောက်သွားရတာလဲ။ ငါက ဘာအတွက်များ ဒီလောက် အသည်းအသန် ကြိုးစားနေခဲ့တာလဲ။ ပျော်ရွှင်တဲ့ဘဝကို ငါ တောင့်တခဲ့တာပါ၊ ဒါဆိုရင် ဘာလို့ ငါ့ဘဝက ပိုပိုဆိုးလာရတာလဲ” လို့ပေါ့။ ဒါပေမဲ့ အခုတော့ ကျွန်တော် နားလည်သွားပြီ။ ကျွန်တော့်ဒုက္ခရဲ့ အရင်းအမြစ်က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုပဲ။ ကျွန်တော်က ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေရဲ့ ကျွန်တစ်ယောက် လုံးလုံးဖြစ်သွားခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုသာ မရှိခဲ့ရင် စာတန်က ပိုက်ဆံ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေကိုသုံးပြီး လူတွေကို ဖောက်ပြန်ပျက်စီးစေတယ်ဆိုတာကို ကျွန်တော် သိခဲ့မှာမဟုတ်ဘူး။ အဆင့်အတန်း၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက စာတန်က လူတွေအပေါ် တပ်ဆင်ထားတဲ့ မမြင်ရတဲ့ သံခြေကျင်းတွေပဲ၊ အဲဒါက သူတို့ကို လွတ်မြောက်ဖို့ အရမ်းခက်ခဲစေတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရဖို့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စာတန်ဆီကို လုံးလုံးလျားလျား ပေးအပ်ခဲ့ပြီး အဆုံးမရှိတဲ့ အခက်အခဲတွေကို ခံစားခဲ့ရတယ်။ ကျွန်တော် ဒီသမ္မာတရားတွေကို နားလည်နိုင်ပြီး ဒီလိုနိုးကြားမှုရှိခဲ့တာက ဘုရားသခင်ရဲ့မေတ္တာနဲ့ ကယ်တင်ခြင်းပဲ။
ပြီးတော့ ညီအစ်ကိုက နောက်ထပ် မေးခွန်းတစ်ခု ပို့လိုက်တယ်။ “ဒါဆိုရင် ဒီဒုက္ခဝေဒနာကနေ ကျွန်တော်တို့ ဘယ်လိုလွတ်မြောက်နိုင်မလဲ” တဲ့။ အဲဒီနောက်မှာ သူက နောက်ထပ် စာပိုဒ်တချို့ကို ပို့ပေးခဲ့တယ်။ “အရည်အချင်း၊ ဉာဏ်ပညာ၊ စိတ်စွမ်းအား မတူညီမှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ၊ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမြတ်သူနှင့် သေးနုတ်သူ၊ မြင့်သောသူနှင့် နိမ့်သောသူ၊ ချီးမြှောက်ခံရသူနှင့် နှိမ့်ကျသောသူတို့ကြား မခွဲခြားပေ။ လူတစ်ယောက်က မည်သည့် အလုပ်အကိုင်ကို ရှာဖွေလိုက်စားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ကြွယ်ဝချမ်းသာမှု မည်မျှ စုဆောင်းသည် စသည်တို့သည် မိမိ၏မိဘ၊ မိမိပါရမီ၊ အားစိုက်ထုတ်မှုများ သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “လူတို့သည် ကံကြမ္မာက မည်သည့်အရာဖြစ်ကြောင်း မသိသည့်အခါတွင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားမလည်သည့်အခါတွင် ၎င်းတို့သည် မြူများကြားတွင် မိမိသဘောအတိုင်း ရုန်းကန်လှုပ်ရှားကာ စမ်းတဝါးဝါးသွားနေခြင်းသာ ဖြစ်ပြီး ထိုခရီးသည် အလွန်ခက်ခဲကြမ်းတမ်းကာ အလွန်ပင် စိတ်နှလုံးပူဆွေးခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ ပါးနပ်သူများက ကံကြမ္မာကို ဆက်လက်၍ ဆန့်ကျင်ကာ ရုန်းကန်လှုပ်ရှားပြီး ၎င်းတို့၏ အသက်တာပန်းတိုင်များဆိုသည့် အရာများကို ကိုယ့်နည်းနှင့်ကိုယ် လိုက်စားမည့်အစား ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် လက်ခံဖို့အပြင် ‘ဘဝကောင်းတစ်ခုကို ကိုယ့်လက်နှင့်ကိုယ် တည်ထောင်ရန် ကြိုးစားခြင်း’ ဟူသည့် စိတ်ဆင်းရဲစရာ နေ့ရက်များကို နှုတ်ဆက်ဖို့ ဆုံးဖြတ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ ဘုရားသခင်ကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်နှင့် ရှင်းရှင်းလင်းလင်း မသိသည့်အခါ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိဖြစ်ကာ ဖော်ပြ၍မရနိုင်လောက်အောင် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်နေရာ၌ရှိပါစေ၊ သူ၏ အလုပ်က မည်သည့်အရာဖြစ်ပါစေ ၎င်း၏အသက်ရှင်မှု နည်းလမ်းနှင့် ၎င်းလိုက်စားသည့် ပန်းတိုင်က ၎င်းအား အဆုံးမရှိသည့် စိတ်နှလုံးပူဆွေးခြင်းနှင့် ဖြေသိမ့်ရန် ခက်ခဲသော စိတ်ဆင်းရဲခြင်းတို့ကို ဖြစ်စေသည်မှာ ပြန်လှည့်ကြည့်ဖို့ အားမထုတ်နိုင်သည့် အတွေ့အကြုံများ ဖြစ်လေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူသားအသက်တာကို ရရှိခြင်းအား လိုက်စားသည့်အခါမှသာ လူတစ်ဦးသည် စိတ်နှလုံးပူဆွေးခြင်းနှင့် စိတ်ဆင်းရဲမှုများအားလုံးမှ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်မည် ဖြစ်ကာ လူ့အသက်တာ၏ အနှစ်မဲ့ခြင်းအားလုံးကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး ဘုရားသခင်၏ အဆင့်အတန်းနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ် လိုအပ်သည့်အရာမှာ အယောက်တိုင်း ဝဝလင်လင် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ဒီစာပိုဒ်တွေကို ဖတ်ပြပြီးတဲ့နောက်မှာ ညီအစ်ကိုက မိတ်သဟာယဖွဲ့တယ်၊ “ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအပေါ်မှာ အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်။ ခေတ်ကာလတွေ မတိုင်ခင်ကတည်းက ကျွန်တော်တို့ ဘယ်လိုမိသားစုမျိုးမှာ မွေးဖွားလာမယ်၊ ဘယ်အလုပ်အကိုင်ကို လိုက်စားမယ်၊ ပြီးတော့ ဘယ်လောက်ကြွယ်ဝမှုကို ပိုင်ဆိုင်မယ်ဆိုတာကို ကြိုတင်သတ်မှတ်ထားခဲ့တယ်။ ဖန်ဆင်းခံတွေအနေနဲ့ ကျွန်တော်တို့ ကံကြမ္မာနဲ့ ဆန့်ကျင်ပြီး မရုန်းကန်သင့်ဘူး၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်၊ ပြီးတော့ ဖန်ဆင်းရှင်က ကျွန်တော်တို့အတွက် ပြင်ဆင်ပေးထားသမျှ အရာအားလုံးကို လက်ခံသင့်တယ်။ အဲဒီလိုလုပ်မှသာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို သိရှိနိုင်မှာဖြစ်ပြီး၊ စိုးရိမ်ပူပန်မှုကင်းကင်းနဲ့ စိတ်အေးလက်အေး နေထိုင်နိုင်မှာပါ” တဲ့။ ညီအစ်ကိုက မိတ်သဟာယဖွဲ့ပြီးနောက်မှာ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ဆိုတဲ့ ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့ ကျွန်တော် ဘယ်လောက်တောင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ရသလဲဆိုတာကို တွေးမိတယ်။ ဒါပေမဲ့ ဒါက နောက်ဆုံးမှာတော့ ကျရှုံးခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်၊ ဘာကြောင့် ဒီအရာတွေအားလုံး ကျွန်တော့်အပေါ်မှာ ဖြစ်ပျက်ခဲ့ရသလဲဆိုတာကို ကျွန်တော် နားမလည်ခဲ့ဘူး။ ကျွန်တော် ကံမကောင်းဘဲ မွေးဖွားလာခဲ့လို့လား၊ ဒါမှမဟုတ် ကျွန်တော် ကြိုးစားအားထုတ်မှု မလုံလောက်ခဲ့လို့လား။ အခုတော့ ကျွန်တော် နားလည်သွားပြီ၊ ကျွန်တော် ဒီလောက်တောင် ဒုက္ခခံခဲ့ရတဲ့အကြောင်းရင်းက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မသိခဲ့လို့ပဲ။ ဘုရားသခင်က လူ့ကံကြမ္မာအပေါ်မှာ အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်၊ ပြီးတော့ ကျွန်တော်မွေးဖွားလာမယ့် မိသားစုမျိုး၊ ကျွန်တော်လိုက်စားမယ့်အလုပ်အကိုင်၊ ကျွန်တော့်ဘဝမှာ ပိုင်ဆိုင်မယ့် ကြွယ်ဝမှုပမာဏ၊ ပြီးတော့ ကျွန်တော်ဘယ်အသက်အရွယ်မှာ သေဆုံးမလဲဆိုတာမျိုးတွေက ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခဲ့တာပဲ။ ကျွန်တော် စိုးရိမ်ပူပန်မှုနဲ့ ဒုက္ခဝေဒနာကနေ လွတ်မြောက်ချင်တယ်ဆိုရင် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို လက်ခံပြီး ကိုယ်တော်စီစဉ်တဲ့ အခြေအနေတွေကို ကျိုးနွံနာခံရမယ်။ လာမယ့် နိုင်ငံတကာ အင်္ဂလိပ်စာစစ်ပွဲလိုပဲ၊ ရလဒ်ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် လက်ခံပြီး ကျိုးနွံနာခံဖို့ ဆန္ဒရှိခဲ့တယ်။ စုဝေးပွဲပြီးသွားတဲ့အခါမှာ ဘုရားသခင်ဆီကို ကျွန်တော် ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီစုဝေးပွဲကို တက်ခွင့်ပေးခဲ့တဲ့အတွက် ကိုယ်တော့်ကို အများကြီး ကျေးဇူးတင်ပါတယ်။ လူတွေရဲ့ နာကျင်မှုနဲ့ အခက်အခဲအားလုံးက စာတန်ကြောင့်ဖြစ်ရတာဆိုတာကို ဒီနေ့မှပဲ သား နားလည်သဘောပေါက်ခဲ့တယ်။ စာတန်က သားကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေဖို့ အဆင့်အတန်း၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုခဲ့တယ်၊ အဲဒါက သားကို ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာ မသိနားမလည်အောင်လုပ်ခဲ့တယ်။ ဒါကြောင့် သားဟာ ကိုယ့်ကံကြမ္မာကိုယ် ရေးချင်ခဲ့ပြီး အမှောင်ထဲမှာ နေထိုင်ခဲ့မိပါတယ်။ သားကို ဉာဏ်အလင်းပေးပြီး စာတန်ရဲ့ ပရိယာယ်တွေကို ထွင်းဖောက်မြင်နိုင်စေခဲ့တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ရဲ့စာမေးပွဲရလဒ် ဘယ်လိုပဲဖြစ်ဖြစ် သား ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံပါ့မယ်” လို့ပေါ့။ နောက်တစ်နေ့ စာမေးပွဲဖြေတဲ့အခါမှာ ကျွန်တော့်စိတ်နှလုံးက အရမ်းကို ငြိမ်သက်နေခဲ့တယ်။ စာမေးပွဲကို အဆင်ပြေပြေ ဖြေဆိုပြီးတဲ့နောက်မှာ အိမ်ကိုပြန်လာခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော် စာမေးပွဲအောင်သွားတယ်ဆိုတာ သိလိုက်ရတော့ အရမ်းကို ပျော်သွားတယ်။ အဲဒီနောက်ပိုင်းရက်တွေမှာ ဩစတြေးလျကို သွားဖို့ ပြင်ဆင်နေရင်းနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ စုဝေးပွဲတွေကိုလည်း တက်ရောက်ခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးကို ကျွန်တော်ဖတ်ခဲ့တယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အမှုတော်အဆင့်သုံးဆင့်၊ ဘုရားသခင်ရဲ့နာမတော်တွေရဲ့ နက်နဲမှု၊ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှု၊ သမ္မာကျမ်းစာရဲ့ အတွင်းဇာတ်လမ်း၊ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုနဲ့ တခြားအရာတွေကို နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာကို ကျွန်တော့်စိတ်နှလုံးထဲကနေ လက်ခံခဲ့တယ်။
အချိန်နည်းနည်းကြာတော့ ကျွန်တော့်မိဘတွေနဲ့ မောင်နှမတွေကို ဧဝံဂေလိတရားကို စပြီး ဟောပြောခဲ့တယ်၊ သူတို့အားလုံးက ဘုရားသခင်ရဲ့ အမှုတော်သစ်ကို လက်ခံခဲ့ကြတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ ရုတ်တရက်ထဖြစ်ပြီး နေရာတိုင်းမှာလည်း ဘေးအန္တရာယ်တွေ ခဏခဏ ဖြစ်နေတာမြင်တော့ ဘုရားသခင်ရဲ့ အမှုတော်က အဆုံးသတ်ခါနီးပြီဆိုတာကို ကျွန်တော် သဘောပေါက်လာတယ်။ ဒါပေမဲ့ လူအများကြီးက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်မခံကြသေးဘူး၊ အခုချိန်မှာ ဧဝံဂေလိ တရားဟောတာဟာ အရမ်းကို အရေးကြီးတယ်ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ ကျွန်တော်သာ ဩစတြေးလျကို သွားခဲ့ရင် ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်ဖို့ အချိန်ကန့်သတ်ချက် ရှိသွားမှာပဲ။ ဒါပေမဲ့ သြစတြေးလျကို သွားဖို့ ဒီအခွင့်အရေးက အတော် ရခဲလွန်းခဲ့တယ်၊ ကျွန်တော်သာ မသွားခဲ့ရင် အရင်က ကြိုးစားခဲ့သမျှတွေ အကုန် အလဟဿ ဖြစ်သွားမှာပဲ။ အဲဒီအခါကျရင် ငါ့အနာဂတ်ကရော ဘယ်လိုဖြစ်သွားမလဲ။ ဒီအခွင့်အရေးကောင်းကို ကျွန်တော် လက်လွှတ်မခံချင်ခဲ့ဘူး။ ကျွန်တော့်မိသားစု၊ အိမ်နီးနားချင်းတွေနဲ့ သူငယ်ချင်းတွေအားလုံးက ကျွန်တော် ဩစတြေးလျကို သွားတော့မယ်ဆိုတာ သိထားကြတယ်၊ ဒီတော့ ကျွန်တော်သာ မသွားခဲ့ရင် သူတို့က ကျွန်တော့်ကို ဘယ်လိုထင်ကြမလဲ။ ပိုအရေးကြီးတာက ကျွန်တော်က ပိုက်ဆံပိုရှာပြီး ချမ်းသာတဲ့ဘဝမှာ နေချင်ခဲ့တာ၊ ပညာသွားမသင်ခဲ့ရင် ကျွန်တော့်ဆန္ဒတွေက ပြည့်ဝနိုင်မှာ မဟုတ်ဘူး။ တစ်ဖက်မှာက ကျွန်တော့်ရဲ့ ပညာရေး၊ နောက်တစ်ဖက်မှာက ကျွန်တော့်ရဲ့ တာဝန်။ ကျွန်တော် ဘာရွေးရမလဲဆိုပြီး အရမ်းကို စိတ်ရှုပ်ထွေးခဲ့တယ်။
တစ်နေ့မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဝက်ဘ်ဆိုဒ်မှာ “မိခင်တစ်ယောက်၏ မေတ္တာ” ဆိုတဲ့ ရုပ်ရှင်တစ်ကားကို ကျွန်တော် တွေ့ခဲ့တယ်။ အဲဒီထဲမှာ ကျွန်တော့်ကို အထူးပဲ တို့ထိခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာပိုဒ်တချို့ ပါဝင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသား အသိပညာတွင် အခြေခံ စာကြောင်းများနှင့် ရိုးရှင်းသည့် အယူဝါဒများ ပါရှိသည်သာမက၊ အချို့သော အတွေးများနှင့် အမြင်များအပြင်၊ လူသား၏ အဓိပ္ပာယ်မရှိမှု၊ အစွဲအလမ်းများနှင့် စာတန်ဆန်သော အဆိပ်များလည်း ပါရှိသည်။ အချို့သော အသိပညာသည် လူကိုပင် အထင်အမြင်မှားစေကာ ဖောက်ပြန်ပျက်စီးစေနိုင်သည်။ ထိုအရာသည် စာတန်၏ အဆိပ်နှင့် အကျိတ်ဖြစ်ပြီး၊ တစ်စုံတစ်ဦးက ဤအသိပညာကို လက်ခံကာ နားလည်သည်နှင့်တစ်ပြိုင်နက်၊ စာတန်၏ အဆိပ်သည် သူ၏ စိတ်နှလုံးတွင် အကျိတ်တစ်ခုအဖြစ်သို့ ကြီးထွားလိမ့်မည်။ ဤအကျိတ်သည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်ကာ သူသည် ဘုရားနှုတ်ကပတ်တော်များဖြင့် အနာငြိမ်းခြင်းမခံစားရဘဲ သမ္မာတရားဖြင့် ကုသခြင်းမခံရလျှင် အကျိုးဆက်အနေဖြင့် သေခြင်းကို မလွဲမသွေ ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ လူတို့က အသိပညာကို ပိုမိုရရှိလေ၊ ပိုမို သဘောပေါက်လေ၊ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ ယုံကြည်ဖို့ အလားအလာ သာ၍ နည်းပါးလေဖြစ်သည်။ ထိုအစား၊ အသိပညာသည် ၎င်းတို့ မြင်နိုင်၊ တို့ထိနိုင်သည့်အရာတစ်ခုဖြစ်ပြီး၊ ၎င်းတို့၏ ဘဝများရှိ အမှုအရာများဖြင့် အများအားဖြင့် ဆက်စပ်သည်နှင့်အမျှ ဘုရားသခင်ကို အမှန်တကယ် ငြင်းပယ်ကာ အတိုက်အခံလုပ်ကြလိမ့်မည်ဖြစ်သည်။ လူတို့သည် ကျောင်းတွင် အသိပညာများစွာကို လေ့လာသင်ယူကာ ရရှိနိုင်သော်လည်း၊ အသိပညာ၏ အရင်းအမြစ်နှင့် ဝိညာဉ်ရေးရာနယ်ပယ်နှင့် ထိုအသိပညာ၏ ဆက်စပ်မှုကို မမြင်နိုင်ကြပေ။ ဘုရားမဲ့ဝါဒ၏ အယူမှားများနှင့်လည်းကောင်း၊ အတွေးမှားများနှင့်လည်းကောင်း သက်ဆိုင်သည့် အထူးသဖြင့် အတွေးအခေါ်ဆိုင်ရာ ရုပ်ဝါဒနှင့် ဆင့်ကဲဖြစ်စဉ်တို့နှင့်အတူ လူတို့ သင်ယူကာ သဘောပေါက်ကြသည့် အသိပညာအများစုက ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို ဆန့်ကျင်လေသည်။ ထိုအရာတို့သည် ဧကန်အမှန် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် များပြားလှသောအတွေးမှားများ ဖြစ်သည်။...မည်သို့ဆိုစေကာမူ၊ ဤအသိဉာဏ်နှင့်ဆိုင်သည့် အရာများသည် လူတို့အား မှားယွင်းသည့် စိတ်ကူးကို ပေးလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ထံမှ ၎င်းတို့ကို လမ်းလွဲစေလိမ့်မည်။ သင်တို့ ယုံကြည်ခြင်း ရှိမရှိ၊ သို့မဟုတ် ယနေ့တွင် ထိုအရာကို သင်တို့ လက်ခံနိုင်ခြင်း ရှိမရှိက အရေးမကြီးပေ။ ဤအမှန်တရားကို သင် ဝန်ခံမည့်နေ့ရက် ရောက်လာလိမ့်မည်။ အသိပညာက လူတို့အား ပျက်စီးခြင်းဆီသို့၊ ငရဲဆီသို့ ဆိုက်ရောက်စေနိုင်ပုံကို သင်တို့ အမှန်တကယ် နားလည်ကြသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း) “ဤသည်မှာ မည်သို့သော အသိပညာနည်း၊ သင်တို့ ငါ့အား ပြောပြနိုင်သလော။ ထိုအရာသည် လူ့အထဲသို့ စာတန်သွတ်သွင်းထားသည့် ‘ပါတီကို ချစ်ပါ၊ နိုင်ငံကို ချစ်ပါ၊ မိမိဘာသာတရားကို ချစ်ပါ’ နှင့် ‘ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏’ ကဲ့သို့သော ရှင်သန်နေထိုင်ရန်အတွက် စည်းမျဉ်းများနှင့် အတွေးအမြင်များဖြစ်သည် မဟုတ်လော။ ယင်းမှာ ကြီးမြတ်သော လူတို့၏စိတ်ကူးများ၊ နာမည်ကျော်ကြားသူတို့၏ တည်ကြည်မှု သို့မဟုတ် လူစွမ်းကောင်းတို့၏ ရဲရင့်သောစိတ်ဓာတ် သို့တည်းမဟုတ် သိုင်းဝတ္ထုများထဲမှ ဇာတ်လိုက်များ၊ ဓါးသမားများ၏ သူရဲကောင်းစိတ်ဓာတ်နှင့် ကြင်နာတတ်မှုတို့ကဲ့သို့ စာတန်က လူ့အထဲတွင် သွတ်သွင်းပေးလိုက်သည့် ဘဝ၏ ‘မြင့်မားသော ရည်သန်မျှော်မှန်းချက်များ’ ဖြစ်သည်မဟုတ်လော။ ဤအယူအဆတို့သည် မျိုးဆက်များ တစ်ခုပြီးတစ်ခုအပေါ် လွှမ်းမိုးလျက်ရှိနေသကဲ့သို့၊ မျိုးဆက်တစ်ခုစီ၏ လူတို့သည် ဤအယူအဆတို့ကို လက်ခံလာကြရ၏။ ၎င်းတို့သည် ၎င်းတို့၏ ဘဝများကိုပင် စွန့်လွှတ်အနစ်နာခံမည်ဖြစ်သော ‘မြင့်မားသော ရည်သန်မျှော်မှန်းချက်များ’ နောက်သို့ လိုက်ရာတွင် အစဉ်သဖြင့် ရုန်းကန်ကြိုးစားကြသည်။ ဤသည်မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေရန်အတွက် အသိပညာကို စာတန်အသုံးပြုသော နည်းလမ်းနှင့် ချဉ်းကပ်မှုများဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်သည် လူတို့ကို ဤလမ်းကြောင်းသို့ ဦးဆောင်ခေါ်ယူပြီးသည့်နောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး သမ္မာတရားကို လိုက်စားနိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်၏ လမ်းလွဲစေခြင်းကို ခံရပြီးဖြစ်သောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော် ဒီစာပိုဒ်တွေကို ဖတ်ပြီးနောက်မှာ စာတန်က အသိပညာကိုသုံးပြီး လူတွေကို ဘယ်လို ဖောက်ပြန်ပျက်စီးစေတယ်ဆိုတာကို ကျွန်တော်နားလည်သွားတယ်။ ဒီရုပ်ရှင်ထဲမှာလိုပဲ၊ ဇာတ်ဆောင်ရဲ့အမေက ပညာသိပ်အတတ်ကြီး မဟုတ်ခဲ့လို့ အလုပ်ကောင်းကောင်းမရှာနိုင်ခဲ့ဘူး၊ သူ့ကုမ္ပဏီမှာလည်း ရာထူးတိုးဖို့ အခွင့်အရေးတစ်စက်မှလည်း မရခဲ့ဘူး။ ဒါကြောင့် သူက သူ့သားသမီးကို တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ဝင်ခွင့်ရစေချင်ခဲ့တယ်၊ ဒါမှ သူ့ကလေးက အလုပ်ကောင်းကောင်းရှာနိုင်မယ်၊ ရာထူးကြီးကြီး အတိုးခံရပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရနိုင်မှာကိုး။ စာတန်က အသိပညာကိုသုံးပြီး လူတွေကို ဖောက်ပြန်ပျက်စီးစေတယ်၊ အသိပညာနဲ့ ဘွဲ့လက်မှတ်တွေရှိမှသာ အနာဂတ်ကောင်းကို ရရှိနိုင်မယ်၊ အသိပညာဆိုတာ အရာအားလုံးကို ရရှိနိုင်တယ်လို့ သူတို့ကို ထင်မြင်စေတယ်။ သူတို့က ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့တာကို မယုံကြည်ကြဘူး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကိုလည်း မယုံကြည်ကြဘူး။ ဒီလို အတွေးအခေါ်တွေက ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုတဲ့ အတွေးအခေါ်တွေပဲ။ စာတန်က လူတွေထဲကို စာတန်ဆန်တဲ့ အဆိပ်အတောက်အမျိုးမျိုးကို သွတ်သွင်းဖို့ အသိပညာနဲ့ သိပ္ပံပညာကိုလည်း အသုံးပြုတယ်၊ လူတွေ အသိပညာများများရလေလေ၊ ပို ဖောက်ပြန်ပျက်စီးပြီး မာနထောင်လွှားလေလေပဲ။ လူတွေ ပညာတတ်လေလေ၊ အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းကို ပိုလိုက်စားလေလေပဲ၊ ပြီးတော့ ဇိမ်ခံဘဝကို တောင့်တကြတယ်။ သူတို့က ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အချင်းချင်း တိုက်ခိုက်ကြတယ်၊ ဘာနည်းလမ်းကိုမဆို သုံးဖို့တောင် ဝန်မလေးကြဘူး။ ဒီဆန္ဒတွေ မပြည့်ဝခဲ့ရင် သူတို့ စိတ်ဓာတ်ကျကြတယ်၊ ပြီးတော့ တချို့က ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ရွေးတဲ့အထိတောင် ဒုက္ခခံစားကြရတယ်။ လူတွေ အသိပညာကို လိုက်စားလေလေ၊ ဘုရားသခင်နဲ့ ဝေးကွာလေလေပဲ။ ကျွန်တော်က စာတန်ရဲ့ အဆိပ်သင့်ခံခဲ့ရတဲ့သူတွေထဲက တစ်ယောက်ပဲ။ ငယ်ငယ်ကတည်းက ကိုယ့်ကြိုးစားအားထုတ်မှုတွေ၊ အသိပညာကို သင်ယူတာမျိုးတွေနဲ့ ကိုယ့်ကံကြမ္မာကို ပြောင်းလဲချင်ခဲ့တယ်။ ဒီအတွက် ကျွန်တော် အရမ်းကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ပြီး ဒုက္ခတွေ အကြီးကြီး ခံစားခဲ့ရတယ်။ နောက်ဆုံးမှာ စိတ်ကျရောဂါပါ ဖြစ်လာပြီး ကျွန်တော့်ဘဝက ပိုပြီးတော့တောင် ဆိုးရွားလာခဲ့တယ်။ အခုတော့ ကျွန်တော် နားလည်သွားပြီ၊ စာတန်က အသိပညာကိုသုံးပြီး ကျွန်တော့်ကို ပြန်လမ်းမရှိတဲ့ လမ်းကြောင်းပေါ်ကို ဖြားယောင်းခဲ့တာပဲ။ ကျွန်တော်သာ ဒီလမ်းကြောင်းအတိုင်း ဆက်သွားခဲ့ရင် ကျွန်တော်က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေမှုကို ပိုပိုပြီးနက်နက်ရှိုင်းရှိုင်း ခံလာရမှာ သေချာတယ်၊ နောက်ဆုံးမှာတော့ သူနဲ့အတူ ငရဲကို သွားရမှာပဲ။ လူတစ်ယောက်ရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတာပါ၊ ဒါပေမဲ့ ကျွန်တော်ကတော့ အသိပညာကတစ်ဆင့် ကိုယ့်ကံကြမ္မာကို အမြဲ ပြောင်းလဲချင်ခဲ့တယ်။ ကျွန်တော်က ဘုရားသခင်ရဲ့ အမိန့်နဲ့ပြဋ္ဌာန်းချက်ကို ဆန့်ကျင်နေခဲ့တာ မဟုတ်ဘူးလား။ စဉ်းစားကြည့်လိုက်တော့ အသိပညာက ကျွန်တော့်ကံကြမ္မာကို တကယ်ပဲ ပြောင်းလဲပေးနိုင်လား။ အသိပညာကတစ်ဆင့် ကျွန်တော် တကယ်ပဲ ပိုက်ဆံနဲ့ ဂုဏ်သတင်းကို ရနိုင်လို့လား။ ဒါက ကျွန်တော့်မိဘတွေနဲ့ မိသားစုကို ပျော်ရွှင်တဲ့ဘဝတစ်ခု ပေးနိုင်လို့လား။ တချို့လူတွေက အရမ်းနှံ့စပ်ပြီး ပညာတတ်ကြီးတွေ ဖြစ်ကြပေမဲ့ သူတို့လိုချင်တဲ့အလုပ်ကို မရှာနိုင်ကြဘူး၊ ပိုက်ဆံလည်း အများကြီး မရှာနိုင်ကြဘူး။ တစ်ဖက်မှာကျတော့ ပညာမတတ်တဲ့သူတွေ၊ အသိပညာသိပ်မရှိတဲ့သူတွေက ချမ်းသာကြွယ်ဝမှုတွေ အများကြီး ပိုင်ဆိုင်ကြပြန်ရော။ ဒါကနေ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဘုရားသခင်က အစကတည်းက ကြိုတင်သတ်မှတ်ထားပြီးသားဆိုတာကို တွေ့နိုင်တယ်။ ဒါက လူတစ်ယောက်မှာ အသိပညာ ဘယ်လောက်ရှိသလဲဆိုတာနဲ့ ဘာမှမဆိုင်ဘူး။ ရုပ်ရှင်ကြည့်နေရင်းနဲ့ ဒီမေးခွန်းတွေကို ကျွန်တော် တွေးတောနေခဲ့တယ်။
အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နောက်ထပ်နှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့က ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းကာ သမ္မာတရားကို နားလည်ပြီး ရရှိသည့်အခါတွင် ဘဝအပေါ် ၎င်းတို့၏ လောကအမြင်နှင့် သဘောထားတို့သည် စစ်မှန်သော ပြောင်းလဲမှုတစ်ခု ကြုံတွေ့ရသည်။ ယင်းနောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထား၌လည်း စစ်မှန်သော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာသည်။ လူများ၌ မှန်ကန်သည့် ဘဝရည်မှန်းချက်များ ရှိသည့်အခါ၊ သမ္မာတရားကို လိုက်စားနိုင်ပြီး သမ္မာတရားအတိုင်း ကျင့်ကြံပြုမူကြသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံပြီး သူ့နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်သည့်အခါ၊ မိမိတို့ စိတ်နှလုံး၏ နက်ရှိုင်းရာအထိ တည်ငြိမ်ခြင်းကို ခံစားရပြီး လင်းလက်သည့်အပြင် ၎င်းတို့၏ စိတ်နှလုံးများသည် မှောင်မိုက်ခြင်း ကင်းသည့်အခါ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ လုံးလုံးလျားလျား အချုပ်အချယ်ကင်းပြီး လွတ်မြောက်စွာ အသက်ရှင်နိုင်သည့်အခါ ထိုအခါမှသာ ၎င်းတို့သည် စစ်မှန်သော လူ့အသက်တာကို ရရှိနိုင်ပြီး ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ထို့အပြင် သင်နားလည်ပြီး ရရှိခဲ့သည့် သမ္မာတရားအားလုံးသည် ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်ကိုယ်တော်တိုင်ထံမှ လာသည်။ ဖန်ဆင်းရှင်ဖြစ်လေသူ အမြင့်ဆုံးသော ဘုရား၏ အသိအမှတ်ပြုခြင်းကို သင်ရရှိသောအခါမှသာ၊ ထို့ပြင် သင်သည်စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နေသည်ဟု သူပြောသောအခါမှသာ သင်၏ ဘဝသည် အဓိပ္ပာယ်အရှိဆုံး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) “သမ္မာတရား လိုက်စားခြင်းကို ကြိုးစားလုပ်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လော့။ ပြီးလျှင် သင်၏ ပြဿနာများအားလုံးကို သင် ဖြေရှင်းနိုင်လိမ့်မည်။ သင်၏ ကိုယ်ပိုင် ပြဿနာများကို သင် ဖြေရှင်းနိုင်သည့်အခါ တိုးတက်မှု သင် ပြုလုပ်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင် ကြီးထွားရင့်ကျက်ပြီးဖြစ်လိမ့်မည်။ လူတို့သည် ၎င်းတို့၏ဘဝအပေါ် အမြင်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်နှင့် အခြေခံအကြောင်းရင်းတို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည့်နေ့အထိ တွေ့ကြုံရသောအခါ၊ ၎င်းတို့၏အရိုးထဲအထိ ပြောင်းလဲသွားပြီး အခြားလူတစ်ဦး ဖြစ်သွားသောအခါ ဤအရာမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ကြီးစွာသောပြောင်းလဲမှုတစ်ခု၊ ကမ္ဘာတုန်လောက်သော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သင်သည် လောကကြီး၏ ကျော်ကြားခြင်း၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေး၊ အပျော်အပါး၊ တန်ခိုးအာဏာနှင့် ဂုဏ်အသရေတို့ကို စိတ်ဝင်စားခြင်းမရှိတော့သကဲ့သို့ ၎င်းတို့ကို အလွယ်တကူ စွန့်လွှတ်နိုင်သောအခါမှသာ သင်၌ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိလိမ့်မည်။ အဆုံးတွင် ဘုရားသခင်၏ စုံလင်စေခြင်းခံရမည့် သူများမှာ ဤကဲ့သို့သော လူစုတစ်စု ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားအတွက် အသက်ရှင်ကြသည်၊ ဘုရားသခင်အတွက် အသက်ရှင်ကြပြီး၊ တရားမျှတသောအရာအတွက် အသက်ရှင်ကြ၏။ ဤသည်မှာ စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) အရင်တုန်းကတော့ အသိပညာရပြီး ပိုက်ဆံများများရှာနိုင်မှသာ အနာဂတ်ကောင်းကို ရနိုင်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒီအရာတွေအားလုံးက ဗလာတွေပဲ။ အသိပညာက ကျွန်တော့်ရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ဘူး။ ကျွန်တော် အသိပညာတွေရပြီး ပိုက်ဆံတွေရှာနိုင်ခဲ့ရင်တောင်မှ ဒါက ကျွန်တော့်ရဲ့ စိတ်နှလုံးကို ငြိမ်သက်ခြင်း မပေးနိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ အသိပညာက ကျွန်တော့်ကံကြမ္မာကို မပြောင်းလဲနိုင်ဘူး၊ ပြီးတော့ သမ္မာတရားကို လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်တွေအတိုင်း နေထိုင်မှသာ ဘုရားသခင်ရဲ့အသိအမှတ်ပြုခြင်းကို ရရှိနိုင်ပြီး ကံကြမ္မာကောင်းတစ်ခု ရှိနိုင်တယ်ဆိုတာကို ကျွန်တော်သဘောပေါက်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားခြင်းကသာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝကို နေထိုင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ ဒီလောကကြီးထဲမှာ လူအများကြီးက ပိုက်ဆံရှာဖို့၊ ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုတွေ ပိုရဖို့အတွက် အချင်းချင်း ပြိုင်ဆိုင်နေကြတယ်၊ မကောင်းမှုတွေ အမျိုးမျိုးကို လုပ်နေကြတယ်။ ဒီလူတွေက သူတို့ရဲ့အလုပ်အကိုင်မှာ အောင်မြင်မှုရရှိဖို့ တခြားသူတွေကို အသုံးချပြီး လှည့်ဖြားကြတယ်၊ ဒါပေမဲ့ သူတို့ရဲ့ အတွင်းစိတ်ထဲမှာတော့ ရုန်းကန်နေရပြီး စိတ်မအေးချမ်းကြဘူး။ အဲဒီလို အသက်ရှင်နေရတာက အရမ်း နာကျင်စရာကောင်းလိုက်တာ။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ဒီစာတန်ဆန်တဲ့ အတွေးအခေါ်တွေကို လက်လွှတ်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်မှသာ လူတစ်ယောက်က စာတန်ရဲ့ ညှဉ်းပန်းမှုကို ရှောင်ရှားနိုင်ပြီး အဓိပ္ပာယ်ရှိတဲ့ဘဝနဲ့ နေထိုင်နိုင်မှာပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ရဲ့ စိတ်နှလုံးကို ဖွင့်ပေးခဲ့တယ်။ လူတွေက ချမ်းသာကြွယ်ဝမှု၊ ဂုဏ်သတင်း၊ ဒါမှမဟုတ် အဆင့်အတန်းမရှိဘဲ အသက်ရှင်နိုင်တယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လမ်းပြမှုမရှိဘဲ အသက်ရှင်ဖို့ကတော့ ခက်ခဲတယ်ဆိုတာကို ကျွန်တော် သဘောပေါက်သွားတယ်။ အခုဆိုရင် နေ့တိုင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကျွန်တော့်ရဲ့ တာဝန်ကို ထမ်းဆောင်နေတယ်၊ လောကကြီးက တန်ဖိုးထားတဲ့ ဂုဏ်သတင်းကျော်ကြားမှု ဒါမှမဟုတ် အဆင့်အတန်းတွေကို မရရှိခဲ့ပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး တဖြည်းဖြည်း ပုံမှန်လူ့သဘာဝအတိုင်း ကျွန်တော် အသက်ရှင်နေထိုင်လာတယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ စာတန်ဆန်တဲ့ သဘာဝကို သိလာတယ်၊ ပြီးတော့ အရာအားလုံးကို သမ္မာတရားနဲ့ ရှုမြင်တတ်ဖို့ လက်တွေ့လုပ်ဆောင်နေတယ်။ ဒါမှ တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ ဘဝပဲ။ ကျွန်တော်သာ ဩစတြေးလျကို သွားပြီး ပညာသင်ခဲ့မယ်ဆိုရင် ချမ်းသာကြွယ်ဝမှု၊ ဂုဏ်သတင်းနဲ့ အောင်မြင်မှုကို ရရင်တောင်မှ သမ္မာတရားနဲ့ အသက်ကို ရရှိမှာ မဟုတ်ဘူး။ အဲဒါဆိုရင် ကျွန်တော့်ဘဝကို အလဟဿ ဖြုန်းတီးလိုက်တာ မဟုတ်ဘူးလား။ ကျွန်တော် ကိုယ့်ရဲ့ ဘဝအပေါ်ထားတဲ့ အမြင်ကို ပြောင်းလဲရမယ်။ လောကီစည်းစိမ်တွေ၊ အဆင့်အတန်းတွေ၊ ဒါမှမဟုတ် ဂုဏ်တွေကို နောက်ထပ် လိုက်စားတော့မှာ မဟုတ်ဘူး၊ အဲဒီအစား ကျွန်တော့်ရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းပြီး သမ္မာတရားကို လိုက်စားဖို့ ကြိုးစားအားထုတ်သွားမယ်။ ဒီလို အသက်ရှင်မှသာ ဘဝက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမှာပါ။
တစ်နေ့ စုဝေးပွဲတစ်ခုမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်စိတ်နှလုံးကို တကယ်ပဲ တို့ထိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင့်အတွက် စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် အထူးတာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် အဘယ်မှာနည်း။ နောင်လာမည့်ခေတ်၏ သခင်အဖြစ် သင် မည်သို့ ကောင်းမွန်စွာ အစေခံမည်နည်း။ သခင်ဖြစ်ခြင်း၏ ခိုင်မာသောအသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ဟူသည်ကို သင် မည်သို့ ရှင်းပြအပ်သနည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ ၎င်းတို့ကို ထိန်းကျောင်းရန် သင့်ကို လူမည်မျှက စောင့်မျှော်နေကြသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည် အမှောင်ထဲတွင် မြည်တမ်းလျက် ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး မည်သည့်အရာကို လုပ်ရမှန်းမသိ ဖြစ်နေကြပေသည်၊ လမ်း အဘယ်မှာနည်း။ ကြယ်ကြွေသကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏ အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့သည် ယင်းအတွက် စိုးရိမ်တကြီး မျှော်လင့်ပြီး နေ့ရောညပါ အောက်မေ့တမ်းတကြသည်မှာ ဤအရာကို မည်သူက အပြည့်အဝ သိနိုင်မည်နည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် ထိုနေ့တွင်ပင် အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါမှ ၎င်းတို့ အငိုရပ်မည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံဆိုးမိုးမှောင်ကျမှုသည် အကြင်နာကင်းမဲ့သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းပန်းမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ ပြီးလျှင် လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကတည်းက ဆိုးယုတ်သူ၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများအားလုံးကို ကယ်တင်ဖို့ ဘုရားသခင်အတွက် သင်၏ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို ကိုယ့်အသွေးအသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ ခွန်အားဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အတိအကျ သဘောပေါက်နားလည်မည်နည်း။ သင်သည် ဘုရားသခင်ကို အစေခံသည့် ဘုရားတရားကိုင်းရှိုင်းသော လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဋ္ဌာန်နှင့် ယုံကြည်ခြင်းတို့ အမှန်တကယ် ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ် အထူးတာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် ရှက်သွားတယ်။ ကျွန်တော့်နိုင်ငံ နီပေါမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို မရသေးတဲ့လူတွေ အများကြီး ရှိနေသေးတယ်။ သူတို့က စာတန်ရဲ့ အာဏာအောက်မှာ အရမ်းကို ဆင်းရဲဒုက္ခရောက်ပြီး နေထိုင်နေကြရပြီး ဘာမျှော်လင့်ချက်မှ မမြင်နိုင်ကြဘူး။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံခဲ့တယ်၊ ဘုရားသခင်က လူတွေဟာ ကိုယ်တော်ရဲ့အသံကို ကြားနိုင်ပြီး ဖန်ဆင်းရှင်ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိဖို့ ဖန်ဆင်းရှင်ရဲ့အနားကို ပြန်လာနိုင်မယ်လို့ မျှော်လင့်တယ်။ ဘုရားသခင်က ကျွန်တော့်ကို အမှောင်ထဲကနေ အလင်းထဲကို ခေါ်ဆောင်ပြီး ကိုယ်တော်ရဲ့ အသံတော်ကို ကြားနိုင်စေခြင်းနဲ့ ကျေးဇူးပြုတော်မူခဲ့တယ်၊ ဒါကြောင့် ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို လူတွေအများကြီးဆီကို ဟောပြောဖို့ ကျွန်တော့်မှာ တာဝန်ရှိခဲ့တယ်။ ကျွန်တော်သာ ဩစတြေးလျကို ပညာသင်သွားခဲ့ရင် အဲဒီမှာ ပညာရေးဆိုင်ရာ ဖိအားတွေက ကြီးမှာပဲ၊ စုဝေးပွဲတွေ တက်နိုင်ပါ့မလား၊ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကလည်း စဉ်းစားစရာပါပဲ။ လောကီအနာဂတ်ကို လိုက်စားဖို့အတွက်နဲ့ပဲ သမ္မာတရားကိုရပြီး ကယ်တင်ခြင်းခံရမယ့် ဒီအခွင့်အရေးကို ကျွန်တော် လက်လွှတ်သင့်လို့လား။ ဒါ့အပြင် ကြီးမားတဲ့ကပ်ဘေးတွေက စတင်ပြီးသွားပြီ၊ ကမ္ဘာစစ်တွေကလည်း အချိန်မရွေး ရုတ်တရက် ထဖြစ်နိုင်တယ်၊ ဒါပေမဲ့ လူအများကြီးက ဘုရားသခင်ရဲ့ အမှုတော်သစ်အကြောင်းကို မသိကြသေးဘူး။ ငါသာ ကိုယ့်အနာဂတ်အတွက်ပဲ စိုးရိမ်နေမယ်ဆိုရင် လုံးဝ အသိတရားကင်းမဲ့ရာကျမှာပဲ။ ဒါကိုတွေးမိတော့ ဩစတြေးလျကို ပညာသင်သွားမယ့် အခွင့်အရေးကို စွန့်လွှတ်ဖို့၊ အဲဒီအစား သမ္မာတရားကို လိုက်စားပြီး တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
ကျွန်တော် အခု ဘုရားအိမ်တော်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာ နှစ်နှစ်ရှိပြီ၊ တာဝန်ထမ်းဆောင်နေရင်းနဲ့ အရင်က နားမလည်ခဲ့တဲ့ သမ္မာတရားတွေ အများကြီးကို နားလည်လာခဲ့တယ်။ နေ့တိုင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်တယ်၊ အရမ်းကို ပြည့်စုံတဲ့ဘဝနဲ့ နေထိုင်နေရတယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနိုင်တာကသာ အဓိပ္ပာယ်ရှိတဲ့ ဘဝကို နေထိုင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာကို ကျွန်တော် ကိုယ်တွေ့ခံစားခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ပိုင်ရန် တရုတ်နိုင်ငံကျွန်မ ၁၅ နှစ်တုန်းက ကျွန်မ အဖေက ရောဂါတစ်ခုကြောင့် သေသွားခဲ့ပြီး ကျွန်မတို့ မိသားစုရဲ့ အဓိကအထောက်အပံ့...
အိုးလင်း မြန်မာနိုင်ငံ ၂၀၁၈၊ မေလမှာ ကျွန်မ စစ်တပ်ထဲဝင်ဖို့ အိမ်ကထွက်ခဲ့တယ်။ စစ်တပ်ထဲမှာ ခေါင်းဆောင်က အမိန့်တစ်ခုထုတ်ရင် အဆင့်နိမ့်တဲ့သူတွေက...
လီရန် တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်ကတည်းက မိဘတွေက ပြောတယ်။ သူတို့မှာ သားမရှိဘူး၊ သမီးနှစ်ယောက်ဖြစ်တဲ့ ကျွန်မနဲ့ ကျွန်မညီမပဲရှိတဲ့အတွက်...
လုရန် တရုတ်နိုင်ငံ ကျွန်မ မှတ်မိသလောက်တော့ ကျွန်မ မိဘတွေက တစ်ခါမှ မတည့်ကြဘူး။ ရန်ဖြစ်တာက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ။ တစ်ခါတလေမှာ အဖေက...