ကျွန်ုပ်၏ စစ်မှန်သောအနာဂတ်ကို ရှာတွေ့ခဲ့သည်

03.04.2026

လင်းချင်း၊ တရုတ်ပြည်

ကျွန်မက သာမန် လယ်သမားမိသားစုကနေ မွေးဖွားလာတာပါ။ မိဘတွေက ပညာမတတ်တော့ မိသားစုကိုထောက်ပံ့ဖို့အတွက် ပင်ပင်ပန်းပန်းပဲ အလုပ်လုပ်ကြရတယ်။ ကျွန်မတို့က အရမ်းကျပ်တည်းခဲ့တာလေ။ ကျွန်မကို မွေးတုန်းက ကျွန်မမိဘတွေက လေးဆယ်ကျော်နေပြီ။ သူတို့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို ကျွန်မအပေါ်မှာပဲ ပုံအပ်ထားကြတာ။ ကျွန်မ မိဘတွေက ကျွန်မကို အမြဲ လမ်းပြတယ်၊ “ငါတို့က ပညာသိပ်မတတ်တော့ အပြင်မှာ အားသွန်ခွန်စိုက်လုပ်ရင်း ငါတို့ဘဝတွေကို ကုန်ဆုံးရတယ်။ တစ်သက်လုံး ရုန်းကန်ခဲ့ရပေမဲ့ တိုးတက်လာမယ့်အလားအလာတွေ လုံးဝ မရှိခဲ့ဘူး။ သမီးကတော့ စာကြိုးစားပြီး နောင်ကျရင် အလုပ်ကောင်းကောင်း ရှာရမယ်၊ ဒါမှ နေဒဏ်လေဒဏ် မခံရဘဲ၊ စားဝတ်နေရေးအတွက် ပူပန်စရာမလိုဘဲနဲ့ ရုံးခန်းထဲမှာ ထိုင်နိုင်မှာလေ။ သမီးကြောင့် အဖေတို့၊ အမေတို့လည်း စိန်နားကပ်ရောင်နဲ့ ပါးပြောင်နိုင်မှာပေါ့။” ဆရာဆရာမတွေကလည်း “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” ဆိုတာနဲ့ “လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည” ဆိုတာတွေ ကျွန်မတို့ကို သင်ပေးလေ့ရှိတယ်။ ကျွန်မက ဒီလိုစကားတွေရဲ့ ပုံသွင်းပေးတဲ့ အကျိုးသက်ရောက်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတာပါ။ အထူးသဖြင့် သွားတဲ့နေရာတိုင်းမှာ အထင်ကြီးလေးစားခံရပြီး ကြီးမားတဲ့ ဂုဏ်ဒြပ်ကို ပျော်မွေ့ခံစားခဲ့ကြတဲ့ ပညာရေး အောင်မြင်မှုရပြီး ကျော်ကြားတဲ့သူတွေကို ကျွန်မ တွေ့တဲ့အခါ အသိပညာက ပိုကောင်းမွန်တဲ့ ရုပ်ဝတ္ထု ဘဝတစ်ခုကို ကျွန်မ မွေ့လျော်ခံစားရပြီး အထင်ကြီးလေးစားခံရမဲ့ အနာဂတ်ကောင်းတစ်ခုဆီ ပို့ပေးမယ်လို့ ကျွန်မ ပိုလို့တောင် ယုံကြည်လက်ခံလာခဲ့တယ်။ အနာဂတ်မှာ တက္ကသိုလ်ကောင်းကောင်းတစ်ခုကို တက်ပြီး ဂုဏ်ရှိတဲ့အလုပ်တစ်ခု ရှာမယ်လို့ ကျွန်မ စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီလိုနည်းနဲ့ မိဘတွေကို ကောင်းကောင်းမွန်မွန် ထားမယ်၊ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေက ကျွန်မတို့မိသားစုအပေါ် အမြင်ပြောင်းသွားလိမ့်မယ်လို့ပေါ့။

ကျောင်းတက်တုန်းကဆိုရင် ကျွန်မရဲ့ အချိန်နဲ့ ခွန်အားတွေ အားလုံးကို စာလေ့လာတဲ့အထဲမှာပဲ မြှုပ်နှံထားလိုက်တယ်။ အားလပ်ရက်တွေမှာ သူများတွေ ပျော်ပါးနေတဲ့အချိန် ကျွန်မကတော့ စာဖတ်ပြီး အိမ်စာတွေ လုပ်နေခဲ့တာ။ အထက်တန်းနောက်ဆုံးနှစ်ကတော့ ကျွန်မအတွက် အလုပ်အများဆုံးအချိန်ပဲ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ ကျွန်မရဲ့ အင်အားတွေအားလုံးကို မြှုပ်နှံခဲ့တယ်။ ဒါပေမဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ရလဒ်တွေက သိပ်မကောင်းတော့ ကျွန်မ တကယ်ကို စိတ်ပျက်မိခဲ့တယ်။ ကျွန်မဘဝက အခုမှ စတာရှိသေးတယ်၊ ဒီလို ကျရှုံးခွင့်ပေးလို့ မဖြစ်ဘူး။ ကျွန်မတို့ မိသားစုက ငွေမရှိ၊ ဩဇာလွှမ်းမိုးမှုမရှိတော့ အနာဂတ်မှာ ကျွန်မ ကောင်းမွန်တဲ့ ဘဝတစ်ခုရှိပြီး လေးစားတာခံချင်ရင် ကျွန်မရဲ့ တစ်ခုတည်းသော ရွေးစရာက တက္ကသိုလ်ကောင်းတစ်ခုကို ဝင်ရောက်ဖို့ပဲ။ ဒါကြောင့် ကျွန်မ တစ်နှစ်ပြန်ဖြေဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်မှာတော့ ကျွန်မ အရင်ကထက် ပိုပြီး စာကြိုးစားခဲ့တယ်။ ကျွန်မက ဆုကျေးဇူးရှိတဲ့ အတန်းဖော်တွေလောက် မတော်ပေမဲ့၊ သူတို့ထက် ပိုပြီး ဆုံးဖြတ်ချက်ပြတ်သားရမယ်လေ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လှုံ့ဆော်ဖို့အတွက် “နှေးတဲ့ငှက်က စောစော ပျံရမယ်”၊ “ကြိုးစားရင် ဘုရားမတယ်” ဆိုတဲ့ စကားတွေကို မကြာခဏ သုံးလေ့ရှိတယ်။ အချိန်ကုန်သက်သာအောင်လို့ ပိတ်ရက်တွေမှာ အိမ်မပြန်ဘဲ ကျောင်းမှာပဲနေပြီး စာကျက်တယ်။ အချိန်ရတိုင်း ခက်တဲ့ နမူနာမေးခွန်းတွေကို လေ့ကျင့်တယ်။ တစ်ခါတလေ နေ့ဘက်မှာ လုပ်လို့မပြီးနိုင်ရင်၊ အဆောင်ကို ယူသွားပြီး လက်နှိပ်ဓာတ်မီးရောင်အောက်မှာ အဲဒါတွေကို ဆက်လုပ်ခဲ့တယ်။ ကျွန်မရဲ့ အနီးမှုန်တာက ပိုဆိုးလာခဲ့ပေမဲ့၊ ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ စာမေးပွဲ ကောင်းကောင်းမဖြေနိုင်ဘဲ ကိုယ့်ကံကြမ္မာကို ပြောင်းလဲမယ့် ကိုယ့်အခွင့်အရေး ဆုံးရှုံးသွားမှာကို အရမ်းကြောက်လို့ နေ့တိုင်း ကျွန်မရဲ့ စိတ်ဖိစီးမှုတွေ များနေခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ ကျွန်မ တက္ကသိုလ်ဝင်ခွင့်ရပြီး ကိုယ်ကြိုက်တဲ့ မေဂျာကို ရွေးခွင့်ရခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပြည့်နေပြီး ဒီတစ်ခါ ကျွန်မရဲ့ အားထုတ်မှုတွေ အချည်းနှီးမဖြစ်တော့ဘူးလို့ ခံစားခဲ့ရတယ်။ တကယ်လို့ ကျွန်မသာ ဆက်ပြီး စာကြိုးစားမယ်၊ ဘွဲ့ရပြီးရင် ဂုဏ်ရှိတဲ့အလုပ်တစ်ခု ရှာမယ်ဆိုရင် အလားအလာကောင်းတွေ ရှိတဲ့အတွက် ငါ့ရဲ့ အကြီးအကဲတွေက ငါ့ကို သေချာပေါက် ချီးမွမ်းကြမှာပဲပေါ့။

ကျွန်မ တက္ကသိုလ်စတက်တဲ့နှစ်မှာပဲ ကျွန်မအဒေါ်က ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားဟောခဲ့ပြီး ကျွန်မ အသင်းတော်အသက်တာကို စနေထိုင်ခဲ့ပါတယ်။ စုဝေးပွဲတွေကတစ်ဆင့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းထားတယ်ဆိုတာနဲ့ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲပြီး ထိန်းချုပ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ လူတွေဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်မှာ ပိုပိုပြီး ကောက်ကျစ်ဆိုးယုတ်၊ အကျင့်ပျက်လာခဲ့ကြတယ်။ ပြီးတော့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘုရားသခင်က အမှုတော် အဆင့်သုံးဆင့်ကို ဆောင်ရွက်နေတယ်။ နောက်ဆုံးသောကာလမှာ လူတွေကို အပြစ်ရဲ့ကျေးကျွန်ဘဝကနေ ကယ်တင်ရင်းနဲ့ နှစ်သက်စရာကောင်းတဲ့ ပန်းတိုင်ဆီ သူတို့ကို ခေါ်ဆောင်ရင်း၊ တရားစီရင်ပြီး သန့်စင်ဖို့အတွက် နှုတ်ပတ်တော်တွေကို ဖော်ပြဖို့ သူကိုယ်တိုင်လည်း လူ့ဇာတိခံယူခဲ့တယ်။ သန်းနဲ့ချီတဲ့ လူတွေထဲကနေ ဘုရားရဲ့ အသံတော်ကို ကြားပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိလောက်အောင် ကံကောင်းထဲသူတွေထဲက တစ်ယောက် ကျွန်မဖြစ်ခဲ့ပုံကို တွေးမိတယ်။ ကျွန်မ အရမ်းဂုဏ်ယူပြီး စိတ်လှုပ်ရှားမိတယ်။ ဒါက ကျွန်မဘဝမှာ အကြီးမားဆုံး ကောင်းချီးဖြစ်ခဲ့တယ်။ စုဝေးပွဲတွေမှာဆိုရင် တက္ကသိုလ်မှာ ကျွန်မ ကြုံရတဲ့အရာတွေကို ညီအစ်မတွေကို ပြောပြလေ့ရှိတယ်၊ သူတို့က ကျွန်မရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုပေးတယ်။ တစ်ခါတလေကျရင် ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့အတွက်လည်း သူတို့ ကျွန်မကို ခေါ်သွားတတ်ကြတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ အတူ စုဝေးရတဲ့အခါ ကျွန်မ တော်တော် လွတ်မြောက်ပြီး ကျွန်မရဲ့စိတ်နှလုံးက အရမ်းကို အေးချမ်းတယ်လို့ ခံစားခဲ့ရတယ်။

နောက်ပိုင်းမှာ ညီအစ်မ မုချန်က တက္ကသိုလ်ဘွဲ့ရပြီးတဲ့နောက်မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်နေပြီလို့ ကျွန်မ ကြားလိုက်ရတယ်။ အဲဒီတုန်းက ကျွန်မ လန့်သွားပြီး ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ့ရဲ့ ညီအစ်မက အရမ်းငယ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘုရားအတွက် အသုံးခံဖို့ စိတ်ပိုင်းဖြတ်ချက်က အရမ်းကောင်းတယ်။ ငါကတော့ အဲဒီလို စိတ်ပိုင်းဖြတ်ချက်မရှိဘူး။ ငါသာ အချိန်ပြည့် ထမ်းဆောင်ပြီး အနာဂတ်မှာ အလုပ်ကောင်းကောင်း မရှိရင်၊ ငါက ဘာမှမဖြစ်မြောက်ဘူးလို့ ငါ့ဆွေမျိုးနဲ့ သူငယ်ချင်းတွေက ပြောကြမလား။ ဘုရားသခင်ကို ငါ ယုံကြည်ပြီး တစ်ချိန်တည်းမှာပဲ တက္ကသိုလ်တက်သင့်တယ်။ ဒါမှ ငါ အလုပ်ကောင်းရှာတွေ့နိုင်မှာ၊ ဒါတင်မကဘဲ ဘုရားရဲ့ကောင်းချီးတွေကိုလည်း ရရှိနိုင်မှာပဲ။ ဒါဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ”လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မရဲ့ ညီအစ်မက ဘုရားသခင်ကို ယုံကြည်တာ မကြာသေးပေမဲ့ အရမ်းမြန်ဆန်တဲ့ တိုးတက်မှုဖြစ်စေပြီး ကျွန်မတို့ရဲ့ ဘယ်အခက်အခဲအတွက်ပဲဖြစ်ဖြစ် သူက မိတ်သဟာယပြုပြီး ကျွန်မတို့ကို ကူညီပေးနိုင်တယ်ဆိုတာကို ကျွန်မမြင်ခဲ့တယ်။ အထူးသဖြင့် စုဝေးပွဲလုပ်နေတုန်း ရဲတွေက သူ့ကို ဖမ်းဖို့ တံခါးနားကို ရောက်လာတဲ့အချိန်မှာ ဘုရားအပေါ် သူ မှီခိုအားကိုးခဲ့ပြီး ဘုရားရဲ့ အံ့ဖွယ် ကွယ်ကာမှု မြင်ခဲ့ရတယ်ဆိုတဲ့ သူ့ရဲ့ ဝေမျှချက်ကို ကျွန်မ ကြားတဲ့အချိန်မှာ၊ ကျွန်မ လှိုက်လှိုက်လှဲလှဲ အထင်ကြီးလေးစားပြီး အားကျခဲ့မိတယ်။ ကျွန်မ ဒီလိုတွေးပြီး စဆင်ခြင်သုံးသပ်မိတယ်။ “ငါ့ရဲ့ ညီအစ်မက အသင်းတော်မှာ သူ့တာဝန်တွေကို နေ့တိုင်း ထမ်းဆောင်ပြီး သမ္မာတရား အများကြီး နားလည်တယ်။ သူ့အသက်တာ တိုးတက်တာ မြန်လိုက်တာ။ ငါက တစ်ချိန်တည်းမှာပဲ စာကြည့်ပြီး စုဝေးပွဲတွေ တက်တယ်၊ ပြီးတော့ ဘာအတွေ့အကြုံမှ မပြောပြနိုင်ဘူး။ အသက်တာမှာ တိုးတက်မှုတစ်ခု ဖြစ်စေချင်ရင်၊ တာဝန်တွေ ပိုလုပ်ဖို့ လိုအပ်တဲ့ပုံပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ညီအစ်မလိုမျိုး အချိန်ပြည့် တာဝန်ထမ်းဆောင်မယ်ဆိုရင်တော့ စာလေ့လာဖို့ အင်အားရှိတော့မှာ မဟုတ်ဘူး။ ဘွဲ့ရပြီးတဲ့နောက်မှာ အလုပ်ကောင်းကောင်းတစ်ခု ရနိုင်အောင်၊ စားဝတ်နေရေးအတွက် မပူပန်ရအောင်၊ ငါ့မိဘတွေကို အနာဂတ်မှာ ကောင်းကောင်းမွန်မွန် ထားပေးနိုင်အောင်နဲ့ ငါ့အမျိုးတွေရဲ့ အမြင်မှာ ဂုဏ်ရှိပြီး သိက္ခာရှိတဲ့ပုံလည်း ပေါ်အောင်လို့ပဲ နှစ်တွေအများကြီး စာကြိုးစားပြီးပြီ။ ငါ့တာဝန်ကို ထမ်းဆောင်ဖို့ ငါ့အချိန်အားလုံးကို မြှုပ်နှံနေတုန်း၊ ငါ့အတန်းဖော်တွေအားလုံးက ဘွဲ့ရပြီးတဲ့နောက်မှာ အလုပ်ကောင်းကောင်းရသွားကြရင်၊ မျက်နှာပန်းလှတဲ့ အလုပ်မရှိတဲ့ အရာမထင်သူဟာ ငါပဲဖြစ်မှာ။ အဲဒီကျရင် ဆွေမျိုးမိတ်ဆွေတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ” လို့ပေါ့။ ဒီလိုတွေးမိလိုက်တာနဲ့ ကျွန်မ အချိန်ပြည့် တာဝန်ထမ်းဆောင်ချင်စိတ် မရှိတော့ဘူး။

ကျောင်းပိတ်ဖို့ တစ်လအလိုမှာ ညီအစ်မတစ်ယောက်က ကျွန်မကို မေးတယ်၊ “မကြာခင် ကျောင်းပိတ်တော့မယ်နော်။ နောက်ပိုင်းအတွက် ဘာအစီအစဉ် ရှိလဲ။ လေ့ကျင့်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိလား”တဲ့။ ပထမတော့ ဒါကိုကြားပြီး ကျွန်မ အရမ်းစိတ်လှုပ်ရှားခဲ့တယ်။ ကျွန်မက သမ္မာတရားကို နားလည်တာ အရမ်းနည်းလွန်းတော့ တာဝန်တစ်ခု ထမ်းဆောင်တဲ့နေရာမှာ လေ့ကျင့်ပြီး သမ္မာတရားကို ရရှိဖို့ ဒါက ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲလေ။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ငါ့ရဲ့တာဝန်ကို စလုပ်ပြီဆိုတာနဲ့ တက္ကသိုလ်ပြန်ဖွင့်လို့ အဲဒီတာဝန်ကို ပစ်ထားလိုက်မယ်ဆိုရင် အဲဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျောင်းဖွင့်ပြီးတဲ့နောက် ကိုယ့်တာဝန်ဆက်လုပ်ရင်လည်း ငါ့ပညာရေးက သေချာပေါက် ထိခိုက်မှာပဲ။ အခန်းဖော်တွေက ငါ ဘုရားသခင်ကို ယုံကြည်မှန်းသိပြီး ဆရာ့ကို သွားတိုင်ရင် ငါ ကျောင်းထုတ်ခံရနိုင်တယ်၊ အဲဒါဆို ငါ့မှာ တကယ်ပဲ အနာဂတ် ရှိတော့မှာ မဟုတ်ဘူး။ အဲဒီကျရင် ငါ့မိဘတွေကို ငါ ဘယ်လို ကျေးဇူးပြန်ဆပ်နိုင်မလဲ။ သူများတွေလောက် ငါ အဆင်မပြေရင် ဆွေမျိုးတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါ ဘယ်လို ရွေးချယ်သင့်လဲ” လို့ပေါ့။ အပြန်လမ်းမှာ၊ ကျွန်မရဲ့ စိတ်နှလုံးက ကယောက်ကယက်ဖြစ်နေခဲ့တယ်။ တစ်ဖက်မှာက ဒီနှစ်တွေအများကြီး ကျွန်မ အရမ်းကြိုးစားပြီး လိုက်စားခဲ့တဲ့ တက္ကသိုလ်တက်ရမယ့် အိပ်မက်၊ နောက်တစ်ဖက်က ဖန်ဆင်းခံတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့။ နှစ်ခုစလုံးကို ကျွန်မ မဆုံးရှုံးချင်ဘူး။ အဲဒီအတောအတွင်းမှာ ကျွန်မစိတ်နှလုံးက အရမ်းလေးလံနေခဲ့ပြီး ဘယ်လိုရွေးချယ်ရမလဲ မသိခဲ့ဘူး။ ကိုယ့်အခြေအနေ မှားနေမှန်း သဘောပေါက်လိုက်တဲ့အခါ ဘုရားသခင်ဆီ ကျွန်မ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကိုယ့်တာဝန်ထမ်းဆောင်တာ အဓိပ္ပာယ်ရှိမှန်း သမီးသိပါတယ်၊ သမီး ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်ပါတယ်။ ဒါပေမဲ့ သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းနည်းနေသေးတော့ ကိုယ့်တာဝန်ထမ်းဆောင်ရင် ကိုယ့်ပညာရေး ထိခိုက်မှာကို သမီး စိတ်ပူပါတယ်။ သမီးစိတ်ထဲမှာ ပျော့ညံ့နေပေမဲ့ ဒီအခွင့်အရေးကိုလည်း မဆုံးရှုံးချင်ပါဘူး။ ဘုရားသခင်၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။

အဲဒီညက ကျွန်မ အိပ်မပျော်နိုင်ဘဲ ကုတင်ပေါ်မှာ လူးလှိမ့်နေခဲ့တယ်။ ဖုန်းဖွင့်လိုက်တော့ “အရာအားလုံးထက် ဘုရားအပေါ် သင် ယုံကြည်ကိုးစားရမယ်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကြားလိုက်ရတယ်။

၁  သင်သည် ဘုရားသခင်ကို ယုံကြည်ရန် ဆန္ဒရှိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ရရှိကာ သူ၏ စိတ်ကျေနပ်မှုကို ရရှိရန်ဆန္ဒရှိပါက၊ သင်သည် အတိုင်းအတာ တစ်ရပ်အထိ နာကျင်မှုကို သည်းခံပြီး အားထုတ်မှု အတိုင်းအတာတစ်ရပ်ကို မထားရှိဘဲနှင့်၊ ဤအရာများကို သင် စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် တရားဟောချက် များစွာကို ကြားပြီးဖြစ်သော်လည်း၊ ကြားဖူးခြင်းသက်သက်က ဤတရားဒေသနာသည် သင်၏တရားဒေသနာ ဖြစ်သွားသည်ဟု မဆိုလိုပေ။ သင်သည် ယင်းကို မှတ်သားကာ သင်နှင့်သက်ဆိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲရမည်။ ဤနှုတ်ကပတ်တော်များနှင့် တရားဟောချက်တို့အား သင် အသက်ရှင်သည့် နည်းလမ်းကို လမ်းပြခွင့်ပေးကာ သင့်ဘဝထံ လူ့ဘဝနှင့်ဆိုင်သော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို ဆောင်ကြဉ်းခွင့်ပေးရင်း၊ ယင်းကို သင့်ဘဝထဲသို့ လက်သင့်ခံရမည်ဖြစ်ပြီး သင်၏တည်ရှိမှုထဲသို့ ယူဆောင်ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်ပျက်သည့်အခါ၊ ဤနှုတ်ကပတ်တော်များကို သင်၏ ကြားနာခြင်းသည် ကြားနာရကျိုးနပ်လိမ့်မည် ဖြစ်သည်။

၂  ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်၏ဘဝတွင် တိုးတက်မှု တစ်ခုတစ်လေ မဖြစ်ပေါ်စေပါက သို့မဟုတ် သင်၏ ဖြစ်တည်မှုတွင် မည်သည့်တန်ဖိုးကိုမျှ မဖြည့်စွက်ပါက၊ ယင်းတို့ကို သင်၏ နားထောင်ခြင်းတွင် အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို သင်၏ အသက်တာတွင် အစားအစာ၊ အဝတ်အထည် သို့မဟုတ် အခြားအရာအားလုံးထက် ပိုအရေးကြီးသည့် အရေးအပါဆုံးသော ကိစ္စတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သည်။ ဤသို့ဖြင့် သင်သည့် ရလဒ်များကို အကျိုးကျေးဇူးခံစားရလိမ့်မည်။ သင်သည် အချိန်ရှိမှသာ ယုံကြည်ပြီး၊ သင်၏ ယုံကြည်ခြင်းအဖို့ သင်၏အာရုံအားလုံးကို မြှုပ်နှံနိုင်စွမ်း မရှိပါက၊ ပြီးလျှင် သင်သည် သင်၏ ယုံကြည်မှု၌ အစဉ် မပြတ်သားပါက၊ မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းကို နားထောင်ရင်းနဲ့ ကျွန်မစိတ်က အရမ်းတို့ထိခံစားရပြီး မျက်ရည်တွေ မကျဘဲမနေနိုင်ခဲ့ဘူး။ ဘုရားသခင်က ကျွန်မဘေးနားမှာပဲ ရှိနေပြီး ကျွန်မရဲ့ ဆုတောင်းသံတွေကို နားညောင်းနေသလို၊ ပြီးတော့ သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို လမ်းပြပြီး နှိုးဆော်နေသလို ခံစားလိုက်ရတယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းဟာ ဘဝမှာ အရေးကြီးဆုံးအရာ ဖြစ်ကြောင်း၊ စားဝတ်နေရေးနဲ့ ပျော်ရွှင်မှုတို့ထက် ပိုအရေးကြီးပြီး ကျွန်မ ရနိုင်မဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်၊ အနာဂတ် တစ်ခုတလေထက် ပိုအရေးကြီးတယ်ဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ ဇာတိပကတိနဲ့ဆိုင်တဲ့ အရာအားလုံးက ယာယီပါပဲ။ သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိမှသာ လူက ကယ်တင်ခံရပြီး အသက်ရှင်ကျန်ရစ်နိုင်မှာပါ။ ကိုယ့်တာဝန်ထမ်းဆောင်တာဟာ ကျွန်မတို့ သမ္မာတရားကို ရရှိဖို့နဲ့ သမ္မာတရား လက်တွေ့ကျမှုထဲကို ဝင်ရောက်ဖို့ လမ်းခရီးဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ အခက်အခဲနဲ့ ပြဿနာ အမျိုးမျိုးကို ကြုံရမှာဖြစ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား အမျိုးမျိုးကို ထုတ်ဖော်မိမှာပါ။ ဒါပေမဲ့ ဒါကပဲ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သမ္မာတရားကို ပိုပြီး ရှာဖွေလာအောင် ကျွန်မတို့ကို တိုက်တွန်းပေးတယ်။ တကယ်လို့ ကျွန်မက အားတဲ့အချိန်မှပဲ စုဝေးပွဲတက်ပြီး တာဝန် မထမ်းဆောင်ဘဲ၊ အဲဒီအစား ကျွန်မရဲ့ အချိန်အများစုကို စာကြည့်ဖို့ပဲ ကုန်မယ်ဆိုရင်၊ ကြုံတွေ့ရတဲ့ အရာတွေ နည်းသွားမှာဖြစ်သလို ကိုယ့်ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတာလည်း နည်းသွားမှာပဲ။ ကျွန်မက အပေါ်ယံ စကားလုံးတွေနဲ့ အယူဝါဒတချို့လောက်ကိုပဲ နားလည်ပြီး လက်တွေ့ကျမှုထဲကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ ဒါက ကယ်တင်ခြင်းခံရဖို့ အရမ်းခက်သွားစေတယ်။ မုချန်နဲ့ ကျွန်မက အထင်းသား ကွဲပြားနေတာပါ။ မုချန်က ဘုရားသခင်ကို ယုံကြည်တာ မကြာသေးပေမဲ့ သူ့တာဝန်ကို ထမ်းဆောင်ရာမှာ ကိစ္စတွေအများကြီးကို သူ ကြုံတွေ့ခဲ့ရပြီးပြီဖြစ်တဲ့အပြင် သမ္မာတရားကို ပိုရှာဖွေခဲ့ပြီးပြီ။ စုဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုတဲ့အခါ သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြောပြနိုင်ပြီး လက်တွေ့ကျကျ ပြောဆိုနိုင်တယ်။ သူ့အတွေ့အကြုံတွေကတစ်ဆင့် ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေကို သူ မြင်တွေ့ခဲ့ရတယ်၊ ဘုရားသခင်အပေါ် သူ့ရဲ့ ယုံကြည်ခြင်း တိုးပွားလာပြီး သူ့တာဝန်ထမ်းဆောင်ရာမှာ ပိုပြီး စိတ်အားထက်သန်လာတယ်။ တစ်ဖက်မှာကျတော့ ကျွန်မရဲ့ပညာရေးကို မနှောင့်ယှက်အောင်လို့ ကျွန်မက ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို အားမှလုပ်တဲ့ ဝါသနာတစ်ခုလို သဘောထားပြုမူခဲ့တယ်။ ကျွန်မက စုဝေးပွဲတွေတက်ရုံနဲ့တင် ကျေနပ်နေပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ မတွေးခဲ့ဘူး။ တကယ်လို့ ကျွန်မသာ ဒီလို နားဝေတိမ်တောင်နိုင်တဲ့ ပုံစံမျိုးနဲ့ ဆက်ယုံကြည်နေမယ်၊ သမ္မာတရားကို လိုက်စားရမယ့် အရေးကြီးတဲ့အချိန်ကို လွဲချော်ပြီး၊ နောက်ဆုံးမှာ သမ္မာတရားကို ရရှိဖို့ ပျက်ကွက်ခဲ့ရင် ဖယ်ရှားရှင်းလင်းခံရမှာ မဟုတ်ဘူးလား။ နောက်ဆုံးမှာ ကျွန်မ ကျောင်းပိတ်ရက် နားဖို့ဖြစ်လာခဲ့တယ်။ ကိုယ့်တာဝန်ထမ်းဆောင်ပြီး သမ္မာတရားရရှိမယ့် ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်တော့လို့ တာဝန်ထမ်းဆောင်ရာမှာ လေ့ကျင့်ဖို့ ကျွန်မ လိုလားတယ်လို့ အဲဒီညီအစ်မကို ပြောလိုက်တယ်။

ကျောင်းပိတ်ရက်အတွင်းမှာ ကျွန်မတို့ အတူတူ အုပ်စုလိုက် စုဝေးပွဲတွေကို ဦးဆောင်ခဲ့ကြတယ်။ အတူတူ စုဝေးကြတဲ့အခါ လူတိုင်းက သဘောရိုးနဲ့ အချင်းချင်း ဖွင့်ပြောပြီး မိတ်သဟာယပြုကြတဲ့အပြင် ကျွန်မရဲ့ စိတ်နှလုံးမှာ တော်တော် လွတ်မြောက်ပြီး လွတ်လပ်သွားတယ်။ တက္ကသိုလ်မှာ တစ်နေ့ကုန် စားလိုက်သောက်လိုက် ပျော်ပါးလိုက် လုပ်နေကြတဲ့၊ ဖုန်းဂိမ်းတွေ စွဲလမ်းနေတဲ့၊ ရည်းစားထားပြီး စာရိတ္တပျက်ပြား၊ အကျင့်ပျက်တဲ့ ဘဝကို ဖြတ်သန်းနေကြတဲ့ ကျွန်မအတန်းဖော်တွေကို ပြန်သတိရမိတယ်။ အရင်တုန်းက ကျွန်မလည်း သူတို့လိုပါပဲ။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ မှန်ကန်တာ ဘာမှမရှိဘဲ အားတဲ့အချိန်ရှိတိုင်း ဖုန်းပွတ်တယ်၊ တီဗွီဇာတ်လမ်းတွဲတွေ ကြည့်တယ်။ အခုတော့ စုဝေးပွဲတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခြင်းကတစ်ဆင့် ဒီဆိုးယုတ်တဲ့ ရေပန်းစားမှုတွေက ကျွန်မစိတ်နှလုံးကို ဝါးမျိုသွားပြီး ဘုရားသခင်နဲ့ ဝေးကွာသွားစေရုံပဲ ရှိမယ်၊ ပြီးတော့ ကျွန်မအသက်တာအတွက် လုံးဝ အကျိုးမရှိဘူးဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ဒီဆိုးယုတ်တဲ့ ရေပန်းစားမှုတွေနဲ့ ဝေးဝေးနေဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ချက်ချခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ရင်းနဲ့ ဘုရားရှေ့မှာ ကိုယ့်စိတ်နှလုံးကို ငြိမ်ငြိမ်ထားနိုင်ခဲ့တယ်။ ကျွန်မရဲ့ နေ့ရက်တွေကို အဓိပ္ပာယ်မဲ့ မဖြုန်းတီးတော့ဘူးလေ။ ဘုရားသခင်ကို ယုံကြည်တာ၊ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ထမ်းဆောင်တာနဲ့ပဲ ဒီဆိုးယုတ်တဲ့ ရေပန်းစားမှုတွေနဲ့ ဝေးဝေးနေနိုင်မှာဖြစ်တဲ့အပြင် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝကို နေထိုင်နိုင်မယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။

ပညာသင်နှစ်ရဲ့နှစ်ဝက်ကာလ စဖို့နီးကပ်လာချိန်မှာ၊ ကျွန်မ နည်းနည်း တွေဝေလာတယ်။ ပညာရေးကို စွန့်လွှတ်ပြီး အချိန်ပြည့် ကိုယ့်တာဝန်တွေကို ထမ်းဆောင်သင့်သလားပေါ့။ ကျွန်မ မုချန်ကို တိုင်ပင်ပြီး မေးလိုက်တယ်၊ “ဒီအချိန်အတောအတွင်းမှာ ကိုယ့်တာဝန်ထမ်းဆောင်ရင်း သမ္မာတရား ပိုရလာတယ်လို့ ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး စားသောက်ချင်သလို ကိုယ့်တာဝန်ကိုလည်း ကောင်းကောင်း ဖြည့်ဆည်းချင်ပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ အလုပ်ကောင်းကောင်း မရှိမှာ၊ ဘယ်သူကမှ ကျွန်မကို အထင်ကြီးလေးစားတာမျိုး မရှိမှာ၊ ပြီးတော့ ပိုကောင်းတဲ့နည်းလမ်းနဲ့ ကျွန်မမိဘတွေကို ကျေးဇူးမဆပ်နိုင်မှာ တွေးမိတဲ့အခါ၊ ပညာရေးကို စွန့်လွှတ်ဖို့ စိတ်ပိုင်းဖြတ်ချက် ပျောက်သွားရော” လို့ပေါ့။ ကျွန်မရဲ့ ညီအစ်မက သူ့အတွေ့အကြုံကို ကျွန်မနဲ့ မိတ်သဟာယပြုပေးပြီး ကျွန်မကို ကူညီဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် ၎င်း၏ လိုအင်ဆန္ဒများ သို့မဟုတ် ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် ၎င်းကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော ရည်သန်မျှော်မှန်းချက်များ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်။ ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တာက လူတွေ အသိပညာကို ကြိုးစားသင်ယူအောင်၊ လူအုပ်ထဲမှာ ထင်ပေါ်ဖို့ လိုက်စားအောင်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကိုယ့်ဘဝရည်မှန်းချက်အနေနဲ့ မှတ်ယူအောင်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ငြင်းပယ်အောင်၊ အဲဒီအပြင် ဖန်ဆင်းရှင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကနေ အမှုမဲ့အမှတ်မဲ့ သွေဖည်သွားအောင် စာတန်ဟာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ငါးစာအနေနဲ့ သုံးတာကို ကျွန်မ သဘောပေါက်သွားတယ်။ ဒီလိုနဲ့ သူတို့ဟာ စာတန်ရဲ့ ကျော့ကွင်းထဲမှာ အသက်ရှင်နေထိုင်ကြပြီး နောက်ဆုံးမှာ သူ့ရဲ့ ဝါးမျိုတာကို ခံကြရတာလေ။ ကျွန်မက စာတန်ရဲ့ ဒုက္ခပေးတာကို အကြီးအကျယ်ခံခဲ့ရတယ်။ ငယ်တဲ့အရွယ်ကနေ ကျွန်မက အိမ်မှာရော ကျောင်းမှာပါ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” ဆိုတာနဲ့ “လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည” ဆိုတာတွေနဲ့ သွန်သင်လေ့ကျင့်ပေးတာ ခံခဲ့ရတယ်။ ပညာရေးမှာ အောင်မြင်မှုက မိသားစုအတွက် ဂုဏ်ဆောင်ပေးနိုင်တယ်၊ လူအုပ်ထဲကနေ ထင်ပေါ်အောင်လုပ်နိုင်တယ်၊ ပြီးတော့ သူများတွေရဲ့ အထင်ကြီးလေးစားတာကို ခံရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ မိဘတွေ ပညာမတတ်သလို ခက်ခဲတဲ့ ကာယ အလုပ်ကြမ်းကနေတစ်ဆင့် မိသားစုကို ထောက်ပံ့နိုင်ခဲ့တယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ အဲဒါက ပင်ပန်းစရာဖြစ်ရုံမက၊ ဘယ်သူကမှလည်း အထင်မကြီးဘူးလေ။ ကိုယ့်ဘဝကို အဲဒီလို အသက်ရှင်တာက တန်ဖိုးမရှိဘူး၊ ပညာတတ်ပြီး အနာဂတ်မှာ ဂုဏ်ရှိတဲ့အလုပ်ရမှသာ ကိုယ့်ဘဝကို ပြောင်းလဲနိုင်ပြီး ဆွေမျိုးမိတ်ဆွေတွေရဲ့ အထင်ကြီးလေးစားတာကို ခံရမယ်ဆိုတာတွေကို ကျွန်မ ခံစားခဲ့ရတယ်။ ကိုယ့်ရဲ့ ရည်သန်မျှော်မှန်းချက်တွေကို စွမ်းဆောင်ရရှိဖို့၊ နေ့ရောညပါ ကျွန်မ စာကြည့်ခဲ့တယ်။ ပထမအကြိမ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မအောင်တုန်းကဆိုရင် တစ်နှစ်ပြန်ဖြေဖို့ ရွေးချယ်ပြီး အရင်ကထက်တောင် ပိုကြိုးစားခဲ့တယ်။ အဆောင်မှာ မီးပိတ်သွားတဲ့အချိန်မှာတောင် စောင်ခေါင်းမြီးခြုံပြီး လက်နှိပ်ဓာတ်မီးနဲ့ စာကြည့်ခဲ့တာ။ ကျွန်မရဲ့ အနီးမှုန်တာ ပိုဆိုသွားပေမဲ့ ဂရုမစိုက်ခဲ့ဘူး။ အမှတ်ကောင်းတွေပါတဲ့ စာရွက်တစ်ရွက်အတွက် ကျွန်မ အမြဲ စိုးရိမ်သောကရောက်ခဲ့တယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နီးလာတာနဲ့အမျှ ကျွန်မစိတ်က ဖိစီးမှုတွေများနေခဲ့တယ်။ စာမေးပွဲကျပြီး ကျွန်မရဲ့ တစ်ခုတည်းသော အသက်ကယ်ကြိုးကို ဆုံးရှုံးသွားမှာ အရမ်းကြောက်ခဲ့တယ်။ ကျွန်မလည်း စိတ်ရှုပ်ထွေးပြီး နာကျင်ခဲ့ရပေမဲ့ ရုန်းထွက်ဖို့ အင်အားမရှိခဲ့ဘူး။ ကျွန်မ လုပ်နိုင်တာက ဒီရေပန်းစားမှုတွေနဲ့ လိုက်ပါဖို့ပဲ တတ်နိုင်ခဲ့တယ်။ အခုမှ ကျွန်မ နားလည်လိုက်တာက လူတွေရဲ့စိတ်နှလုံး ဘုရားသခင်နဲ့ ဝေးသထက်ဝေးသွားအောင် စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သုံးပြီး အထင်အမြင်မှားစေတယ်ဆိုတာပါပဲ။ တက္ကသိုလ်ဝင်ခွင့်ရပြီးတဲ့နောက် ကိုယ့်ဆွေမျိုးတစ်ယောက်က ကျွန်မကို ဧဝံဂေလိတရားဟောခဲ့ပုံကို တွေးမိတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိပြီး သူ့အသံတော်ကို ကြားရလောက်အောင်ကျွန်မ ကံကောင်းခဲ့ပေမဲ့ ဒီအခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး။ အနာဂတ်ကောင်းဖို့ လိုက်စားတာကိုပဲ ထိပ်တန်း ဦးစားပေးအနေနဲ့ မှတ်ယူခဲ့ပြီး ကျွန်မရဲ့ စာလေ့လာတာတွေကို မထိခိုက်အောင်လို့ အားတဲ့အချိန်မှာပဲ ဘုရားကို ယုံကြည်ချင်ခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ဖို့အတွက် ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ကျွန်မရဲ့ အကြီးမားဆုံး အတားအဆီးတွေ ဖြစ်နေမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ အခု ကျွန်မ ဘုရားသခင်ရဲ့ အသံတော်ကို ကြားရပြီဖြစ်ပေမဲ့ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန် ထမ်းဆောင်တာမျိုး မလုပ်နိုင်သေးဘူး၊ အဲဒီအစား စာတန်ရဲ့ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းတွေအတိုင်း နေထိုင်ပြီး သမ္မာတရားနဲ့ အသက်ထက် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ပိုတန်ဖိုးထားနေတယ်။ ကျွန်မ တကယ်ကို အမှားအမှန် မခွဲခြားနိုင်ခဲ့ပါဘူး။ ကျွန်မ ဘွဲ့ရပြီး အလုပ်ကောင်းကောင်း ရရင်တောင်မှ သမ္မာတရားနဲ့ အသက်ကို မရရှိဘူးဆိုရင် နောက်ဆုံးကျ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲလေ။ ဘုရားသခင်ကို ယုံကြည်ရင်းနဲ့ တက္ကသိုလ်တက်တာက ကျော်ကြားမှုနဲ့ အကျိုးအမြတ်အပြင် ဘုရားသခင်ရဲ့ ကောင်းချီတွေကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ အရင်က ကျွန်မ အမြဲတွေးခဲ့တယ်။ အဲဒါက ကျွန်မရဲ့ ဖြစ်ချင်တဲ့ အတွေးသာ ဖြစ်ပြီး သမ္မာတရားနဲ့ လုံးဝကို မကိုက်ညီပါဘူး။ ဘုရားသခင်က ပြောသည် “သင်သည် အချိန်ရှိမှသာ ယုံကြည်ပြီး၊ သင်၏ ယုံကြည်ခြင်းအဖို့ သင်၏အာရုံအားလုံးကို မြှုပ်နှံနိုင်စွမ်း မရှိပါက၊ ပြီးလျှင် သင်သည် သင်၏ ယုံကြည်မှု၌ အစဉ် မပြတ်သားပါက၊ မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)) သခင်ယေရှုကလည်း ပြောခဲ့တယ်။ “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။(ရှင်လုကာခရစ်ဝင် ၁၄:၃၃) ဘုရားသခင်နောက်လိုက်ဖို့ ဆက်ကပ်တဲ့ စိတ်နှလုံး ရှိရမယ်၊ မိသားစု၊ ဇာတိပကတိ၊ ငွေကြေး၊ ကျော်ကြားမှု၊ အကျိုးအမြတ်တို့ရဲ့ ဘောင်ခတ်တာ၊ ဒါမှမဟုတ် ချည်နှောင်တာ မခံရဘူးဆိုတာကို ကျွန်မ နားလည်သွားတယ်။ ကိုယ့်တာဝန်မှာ ကိုယ့်စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်သင့်တယ်၊ သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်တာကို အာရုံစိုက်သင့်တယ်၊ နောက်ဆုံး စိတ်သဘောထားမှာ အပြောင်းအလဲတစ်ခုရပြီး ဘုရားရဲ့ ကယ်တင်တာခံရသင့်တယ်။ ကျေးဇူးတော်ခေတ်တုန်းက သခင်ယေရှုရဲ့ တပည့်တော်တွေကတော့၊ သခင်ယေရှုနောက် စိတ်နှလုံးအကြွင်းမဲ့ လိုက်ဖို့အတွက် တချို့က အဆင့်အတန်းနဲ့ ကြွယ်ဝမှုကို စွန့်လွှတ်ပြီး တချို့က ကိုယ့်မိသားစုတွေကို စွန့်လွှတ်ခဲ့ကြတယ်၊ ဧဝံဂေလိတရားဟောပြီး သခင့်အတွက် သက်သေခံဖို့ နေရာအနှံ့ခရီးသွားခဲ့ကြတယ်။ ဒါတွေက အဓိပ္ပာယ်ရှိတဲ့ ဘဝတွေဖြစ်ပြီး အတုယူထိုက်ပါတယ်။ ဒါ့အပြင် အရင်တုန်းက ကျွန်မ တွေးခဲ့တာက ပညာတတ်ရင် အလုပ်ကောင်းကောင်းရမယ်၊ စားဝတ်နေရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာမလိုတဲ့ဘဝနဲ့ နေနိုင်ပြီး ဆွေမျိုးမိတ်ဆွေတွေရဲ့ အထင်ကြီးလေးစားတာကို ခံရမယ်ပေါ့။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကသာ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်လို့ စဉ်းစားကြည့်တဲ့အခါ၊ ပညာတတ်တွေ၊ ကြွယ်ဝမှုနဲ့ အာဏာရှိတဲ့သူတွေ အများကြီးက အပေါ်ယံမှာ ခမ်းနားထည်ဝါပြီး လှပနေပုံရတဲ့အပြင် ဘယ်သွားသွား ဂုဏ်ရှိကြပေမဲ့ သူတို့က ဘုရားသခင်ကို မယုံကြည်ကြဘူး၊ သမ္မာတရားကို နားမလည်ကြဘူးလေ။ သူတို့က ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ရင်း၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး တိုက်ခိုက်ရင်း စာတန်ရဲ့ ကျော့ကွင်းထဲမှာ နေထိုင်နေကြတာ။ ရာထူးနဲ့ နာမည်ဂုဏ်သတင်း ရဖို့အတွက် သူတို့ ကျန်းမာရေးကို ထိခိုက်ခံတယ်၊ ကိုယ့်တည်ကြည်မှုနဲ့ သိက္ခာကို သစ္စာဖောက်ကြတယ်။ သူတို့ဘဝတွေက မပျော်ရွှင်ပါဘူး။ လူတစ်ယောက်က ဘုရားသခင်ရဲ့ ကွယ်ကာစောင့်ရှောက်မှုကို ဆုံးရှုံးပြီး ဘုရားသခင်ရဲ့ ကောင်းချီး၊ ဒါမှမဟုတ် ကယ်တင်ခြင်း မရှိဘူးဆိုရင် ပြောပလောက်စရာ ဘာပျော်ရွှင်မှုရှိလို့လဲ။ သူတို့မှာ ဗဟုသုတ ဘယ်လောက်ရှိရှိ၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားတာကို ဘယ်လောက်ရရ၊ သူတို့ရဲ့ ရုပ်ဝတ္ထု ပျော်ရွှင်မှုတွေ ဘယ်လောက်ပဲ အလျှံပယ်ဖြစ်ပါစေ နောက်ဆုံးကျရင် သူတို့က ကပ်ဘေးတွေထဲ ကျရောက်မယ်၊ ထာဝရပြစ်ဒဏ်ခံရပြီး ပျက်စီးဆုံးရှုံးကြရမှာပဲ။ ဒါဟာ စစ်မှန်တဲ့ အနာဂတ် မဟုတ်ပါဘူး။ အခုဟာက နောက်ဆုံးသောကာလ ဖြစ်နေပြီ။ ဘုရားသခင်က ဒီခေတ်ကာလကို အဆုံးသတ်ပြီး လူကောင်းတွေကို ဆုချ၊ ဆိုးယုတ်သူတွေကို အပြစ်ဒဏ်ပေးတဲ့ သူ့ရဲ့ အမှုတော်ကို လုပ်ဆောင်တော့မယ်။ သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိမှသာ ကိုယ်က ကယ်တင်ခံရပြီး အသက်ရှင်ကျန်ရစ်နိုင်မှာဖြစ်တဲ့အပြင် နောက်တစ်ခေတ်ထဲကို ဘုရားရဲ့ ဦးဆောင်တာ ခံရနိုင်တယ်။ ဒါက စစ်မှန်တဲ့ အနာဂတ်ပဲ။

နောက်ပိုင်းမှာ ကျွန်မကို စေ့ဆော်ပြီး လှုံ့ဆော်မှုပေးတဲ့ ပေတရုရဲ့ အတွေ့အကြုံအကြောင်း ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ပေတရုသည် ထိုသို့သော အသာစီးရသည့် လူမှုရေး အခြေအနေများထဲတွင် မွေးဖွားခဲ့ရသဖြင့် ကောင်းချီးခံစားရသည်...။ သူသည် ကျွမ်းကျင်ပြီး အကင်းပါးကာ၊ စိတ်ကူးသစ်များကို မဆိုင်းမတွ လက်သင့်ခံတတ်သည်။ သူ၏ ပညာသင်ကြားမှုများကို စတင်ပြီးသည့်နောက် စသင်ချိန်များအတွင်း၌ သူသည် အကြောင်းအရာများကို အလွန်လွယ်ကူစွာ သဘောပေါက်နားလည်ခဲ့သည်။ ထိုသို့ ထက်မြက်သော သားတစ်ဦးရှိသည့်အတွက် သူ၏မိဘများက ဂုဏ်ယူခဲ့ကြပြီး သူသည် ထင်ရှားကျော်ကြားမှုရအောင် လုပ်ဆောင်နိုင်ပြီး လူမှုအဖွဲ့အစည်းတွင် တရားဝင် ရာထူးတစ်မျိုးမျိုးကို ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း သူ့ကို ပညာသင်ကြားခွင့်ပေးဖို့ တတ်နိုင်သမျှ အားထုတ်ခဲ့ကြသည်။ ပေတရုသည် မသိလိုက်ဘဲနှင့် ဘုရားသခင်ကို စိတ်ဝင်စားလာခဲ့သည်၊ အကျိုးဆက်အနေဖြင့် သူ အထက်တန်းကျောင်း ရောက်သည့်အချိန် ဆယ့်လေးနှစ်အရွယ်တွင် အထူးသဖြင့် ရှေးခေတ်ဂရိသမိုင်းထဲက စိတ်ကူးယဉ်လူများနှင့် ဖန်တီးထားသည့် ဖြစ်ရပ်များနှင့် စပ်လျဉ်း၍ သူလေ့လာသင်ယူနေသည့် ရှေးဟောင်းဂရိယဉ်ကျေးမှုနှင့်ဆိုင်သော သင်ရိုးညွှန်းတမ်းကို မနှစ်သက်တော့ပေ။ ထိုအချိန်မှစ၍ သူ၏ လူငယ်ဘဝ၏ အထွတ်အထိပ်ချိန်ဝင်ရောက်ရုံရှိသည့် ပေတရုသည် လူ့ဘဝနှင့် ပိုမိုကျယ်ပြန့်သော ကမ္ဘာလောက အကြောင်းကို ပို၍ရှာတွေ့ဖို့ စတင်ကြိုးစားခဲ့သည်။ လူအားလုံးသည် မိမိကိုယ်ကိုယ် လှည့်စားသည့် အခြေအနေတစ်ရပ်၌ အသက်ရှင်နေခဲ့ကြကြောင်း၊ သူတို့သည် ချမ်းသာကြွယ်ဝမှုနှင့် အသိအမှတ် ပြုခံရခြင်းတို့အတွက် ၎င်းတို့၏ ရုန်းကန်မှုတွင် မိမိတို့၏ ကိုယ်ပိုင်ဘဝများကို ပျက်စီးစေရင်း အဓိပ္ပါယ်မဲ့သော အသက်တာများ၌ အသက်ရှင်နေခဲ့ကြကြောင်းကို သူ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့သောကြောင့် သူ၏မိဘများ၏ ကြိုးပမ်းမှုများကို ပြန်ကျေးဇူးဆပ်ဖို့ရန် သူ၏ အသိစိတ်က မလှုံ့ဆော်ခဲ့ပေ။ သူ၏ ထိုးထွင်းသိမြင်မှုမှာ သူနေထိုင်သည့် လူမှုပတ်ဝန်းကျင်နှင့် အဓိကအားဖြင့် ပတ်သက်ခဲ့သည်။ လူတို့သည် အသိပညာ ပိုရှိလေ၊ ၎င်းတို့၏ လူလူချင်း ဆက်ဆံရေးများနှင့် အတွင်းပိုင်းလောကများက ပို၍ရှုပ်ထွေးလေဖြစ်သောကြောင့် ၎င်းတို့သည် ဟာတာတာဖြစ်ခြင်း၌ အသက်ရှင်လေဖြစ်ကြသည်။ ဤအခြေအနေများတွင်၊ ပေတရုသည် ဘာသာရေး ပုဂ္ဂိုလ်များထံ အများဆုံးအနေဖြင့် အလည်အပတ်များကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရင်း သူ၏ အားလပ်ချိန်ကို အသုံးပြုခဲ့သည်။ သူ၏ စိတ်နှလုံးထဲတွင်၊ ဘာသာတရားသည် လူ့လောကထဲရှိ ပြောပြ၍မရနိုင်သော အရာအားလုံးအတွက် အကြောင်းရင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟူသော မရေရာသည့် ခံစားချက် ရှိခဲ့ပုံရလေသည်၊ ထို့ကြောင့် သူသည် ဝတ်ပြုအစည်းအဝေးများတက်ရောက်ဖို့ အနီးအနားက တရားဇရပ်တစ်ခုသို့ မကြာခဏသွားခဲ့၏။ သူ၏မိဘများက ဤအရာကို မသိခဲ့ကြချေ၊ ပြီးလျှင် မကြာမီတွင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ပညာအရည်အသွေး အမြဲကောင်းမွန်ခဲ့သူ ပေတရုသည် ကျောင်းသွားရသည်ကို စတင်မုန်းတီးလာခဲ့သည်။ သူ့ မိဘများ၏ ကြီးကြပ်မှုအောက်တွင် အထက်တန်းကျောင်းကို ပြီးရုံမျှပြီးခဲ့သည်။ သူသည် အသိပညာပင်လယ်မှ ကမ်းစပ်သို့ ကူးခပ်ရင်း အသက်ပြင်းပြင်း ရှူရှိုက်ခဲ့သည်။ ထိုအချိန်မှစ၍ သူ့ကို မည်သူမျှ ပညာမပေးတော့ချေ သို့မဟုတ် သူ့ကို မချုပ်ချယ်တော့ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ ပေတရု၏ အသက်တာနှင့်ပတ်သက်၍) ပေတရုရဲ့ အတွေ့အကြုံကနေ ပေတရုရဲ့ စိတ်နှလုံးက အပြစ်ကင်းပြီး အပြုသဘောဆောင်တဲ့အရာတွေကို ချစ်တယ်ဆိုတာ မြင်ခဲ့ရတယ်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝအကြောင်း စတွေးခဲ့တယ်။ လူ့အဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံရာကနေ လူတွေဟာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပဲ အသက်ရှင်နေကြတယ်ဆိုတာနဲ့ လူတစ်ယောက်က ဗဟုသုတ ပိုဆည်းပူးလေ၊ သူ့စိတ်က ပိုရှုပ်ထွေးပြီး ဖောက်ပြန်ပျက်စီးလေ ဖြစ်တယ်ဆိုတာတွေကို သူ နားလည်ခဲ့တယ်။ လူ့အဖွဲ့အစည်းရဲ့ အမှောင်နဲ့ ကောက်ကျစ်ဆိုးယုတ်မှုကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတို့ကို လိုက်စားက အနှစ်မဲ့တယ်ဆိုတာကို သတိပြုမိခဲ့တယ်။ လူအုပ်ထဲကနေ ထင်ပေါ်ပြီး လူ့အဖွဲ့အစည်းမှာ အရာရှိရာထူးတစ်မျိုးမျိုး ရဖို့ဖြစ်တဲ့ သူ့မိဘတွေရဲ့ ဆန္ဒကို သူ မနာခံခဲ့ဘူး။ အဲဒီအစား သူ့ပညာရေးကို ပြတ်ပြတ်သားသား စွန့်လွှတ်ပြီး ဘုရားသခင်ကို ယုံကြည်တဲ့ လမ်းကြောင်းနောက် လိုက်ခဲ့တယ်၊ နောက်ပိုင်းမှာ သခင်ယေရှုနောက်ကို လိုက်ခဲ့တယ်။ သူတစ်သက်လုံး ဘုရားသခင်ကို နားလည်ဖို့ လိုက်စားခဲ့တယ်၊ အရာရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် သူ့ရဲ့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို နားလည်ခဲ့တယ်။ နောက်ဆုံးမှာ သူက သေတဲ့အထိ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ပြီး အဆုံးစွန် ချစ်နိုင်ခဲ့တယ်၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ရခဲ့တယ်။ ဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မကျတော့ အရာရာကို ထိုးဖောက်မမြင်နိုင်ခဲ့ဘူး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်မရဲ့ လိုက်စားမှုကြောင့် ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို မထမ်းဆောင်ချင်ခဲ့ဘဲ ကိုယ့်အားလပ်ချိန်မှ ယုံကြည်တာနဲ့ပဲ ကျေနပ်ရောင့်ရဲခဲ့တယ်။ ဒီလိုပုံစံနဲ့သာ အဆုံးထိ ဆက်ယုံကြည်နေမယ်ဆိုရင် အားလုံး အလဟဿ ဖြစ်သွားမှာပဲ။ ကျွန်မ ပေတရုရဲ့ ပုံသက်သေနောက်လိုက်ပြီး ကိုယ်ပိုင် အနာဂတ်ကို စွန့်လွှတ်ရမယ်၊ ပြီးတော့ အပြုသဘောဆောင်တဲ့ အရာတွေကို တက်တက်ကြွကြွ လိုက်စားရမယ်။ တက္ကသိုလ်တက်နေတဲ့ အချိန်အတွင်းမှာ တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအောက်က တက္ကသိုလ်တွေဟာ ဘုရားမဲ့ဝါဒ ပညာရေးရဲ့ အခြေစိုက်စခန်းတွေ ဖြစ်နေတာကို ကျွန်မ တွေ့ခဲ့ရတယ်။ လူတိုင်းက အချည်းနှီးအရာတွေကို လိုက်စားပြီး ဆိုးယုတ်မှုကို တောင့်တကြတယ်၊ ကျောင်းသားတွေ စားသောက်၊ ပျော်ပါးကြတာ၊ ရန်ဖြစ်နေကြတာကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ပြီး လမ်းကြောင်းမှန်လျှောက်တဲ့လူတွေကျတော့ ညှဉ်းပန်းနှိပ်စက် ခံကြရတယ်။ တက္ကသိုလ်တွေက ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး အသရေဖျက်ဖို့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကိုလည်း ဖြန့်ကြတယ်၊ လူတွေ ဘုရားသခင်နဲ့ ဝေးရာထွက်သွားပြီး သူ့ကို သစ္စာဖောက်အောင်လို့ပေါ့။ ကျွန်မသာ တက္ကသိုလ် ဆက်တက်နေမယ်ဆိုရင် ဒီဆိုးယုတ်တဲ့ ရေပန်းစားမှုတွေနောက် ပါသွားပြီး ဘုရားသခင်နဲ့ ဝေးသထက်ဝေးသွားရုံပဲ ရှိမှာပါ။ နောက်ဆုံးကျရင် ကပ်ဘေးကြီးတွေထဲ ကျရောက်ပြီး ပျက်စီးသွားလိမ့်မယ်။ ဘုရားသခင်ကသာ လူတွေကို မှန်ကန်တဲ့လမ်းကြောင်း ပြပေးနိုင်မှာဖြစ်ပြီး သမ္မာတရားကို နားလည်မှသာ လူသားပုံသဏ္ဌာန်ကို ပိုပြီး အသက်ရှင်နေထိုင်နိုင်မှာပါ။ ကျွန်မ တာဝန်ထမ်းဆောင်ဖို့နဲ့ ဘုရားသခင်ကို ကျေနပ်စေဖို့ ရွေးချယ်ချင်ပါတယ်။

ဒါပေမဲ့ ပညာရေးကို စွန့်လွှတ်ဖို့ တကယ်တမ်း ဆုံးဖြတ်ရတော့မယ့်အချိန်မှာ ကျွန်မ သံသယတချို့ ရှိနေတုန်းပဲ။ ကိုယ့်တာဝန်တွေနဲ့ပဲ အချိန်ရှိသမျှ ကုန်ဖို့ ရွေးချယ်လိုက်တာနဲ့၊ မိဘတွေကို စောင့်ရှောက်ဖို့ ပိုက်ဆံရှာနိုင်တော့မှာ မဟုတ်ဘူးလေ။ မိဘတွေက ကျွန်မကို ပျိုးထောင်ဖို့၊ ကျောင်းထားပေးဖို့ အရမ်းကြိုးစားအလုပ်လုပ်ခဲ့တာဖြစ်ပြီး၊ အခု သူတို့ အသက်ကြီးလာပြီ၊ သူတို့ရဲ့ကျန်းမာရေးက အရင်လောက် မကောင်းတော့ဘူး။ နောင်ကျ သူတို့ နေမကောင်းဖြစ်ရင် ကျွန်မအခြေအနေက သူတို့ကို စောင့်ရှောက်ဖို့ တတ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မ သူတို့ကို အကြွေးတင်သလို အမြဲ ခံစားနေရမှာ။ ကျွန်မအခြေအနေကို ကျွန်မညီအစ်မက သိသွားတဲ့အခါ သူက ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာပေးတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “ငါ၏ ရည်ရွယ်ချက်များအား သဘောပေါက်သူ အားလုံးကို ငါအမြဲနှစ်သိမ့်မည်ဖြစ်ပြီး ငါသည် သူတို့ကို ဒုက္ခဆင်းရဲခံရရန် သို့မဟုတ် ထိခိုက်နစ်နာရန် အခွင့်ပေးမည် မဟုတ်။ ယခု အရေးပါသော အရာမှာ သင်တို့သည် ငါ၏ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်နိုင်ရန်ဖြစ်ပြီး ဤသို့ပြုသောသူများသည် ငါ၏ကောင်းချီးမင်္ဂလာများကို ဧကန်ရရှိကာ ငါ၏ကာကွယ်မှုအောက်တွင် ရှိလာကြလိမ့်မည် ဖြစ်သည်။ မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင် ယုံကြည်ကိုးစားခြင်း မရှိသလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဘုရားသခင်အတွက် စိတ်ရင်းမှန်နဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံတဲ့သူတွေက သူ့အပေါ် သစ္စာစောင့်သိမှုနဲ့ ကျိုးနွံနာခံမှု ရှိကြတယ်။ သူတို့ဟာ ကိုယ်ကျိုးစီးပွားနဲ့ ဆုံးရှုံးမှုတွေကို ထည့်မတွက်ဘဲ သူတို့တာဝန်ကို ထမ်းဆောင်ကြပြီး ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက် ပြီးမြောက်ဖို့ သူတို့ရဲ့ ဝတ္တရားတွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းကြတယ်။ ဒါပေမဲ့ ရွေးချယ်စရာတစ်ခုနဲ့ ကျွန်မ ရင်ဆိုင်ရတဲ့အခါ ကိုယ့်အနာဂတ်၊ ကိုယ့်မိသားစုနဲ့ မိဘတွေကိုပဲ ကျွန်မ အမြဲ ထည့်တွက်နေမိတယ်။ ကျွန်မမှာရှိသမျှ အရာအားလုံးကို ဘုရားလက်ထဲ တကယ် မအပ်နိုင်ခဲ့ဘူး။ တကယ်တော့ ကျွန်မတို့ မိဘတွေရဲ့ ကံကြမ္မာဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတာပါ။ သူတို့ ဆင်းရဲဒုက္ခ ဘယ်လောက်ခံရမယ်၊ ပျော်ရွှင်မှု ဘယ်လောက် ပျော်မွေ့ခံစားရမယ်ဆိုတာကို ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းခဲ့တာ ကြာခဲ့ပါပြီ။ သူတို့ ရောဂါဖိစီးခံရရင်၊ သားသမီးတွေအနေနဲ့ ကျွန်မတို့က ကိုယ့်မိဘတွေနဲ့ နေပေးရင်တောင် ဒါမှမဟုတ် သူတို့ ဆေးကုဖို့ ပိုက်ဆံပေးရင်တောင်၊ သူတို့နေရာမှာ ဝင်ခံစားပေးလို့မရတဲ့အပြင် ဘာကိုမှလဲ ပြောင်းလဲလို့မရပါဘူး။ သားသမီးတွေအများကြီးရှိတဲ့ ကျွန်မဦးလေးကိုပဲ ကြည့်ပါလား။ ကျွန်မဝမ်းကွဲတွေရဲ့ မိသားစုတွေက အတော်လေး ပြေလည်ကြပြီး ကျွန်မဦးလေးအပေါ် အတော်လေး သားသမီးဝတ်ကျေပွန်ကြတယ်။ ကျွန်မဦးလေး အဆုတ်ကင်ဆာဖြစ်တော့ သူတို့အားလုံးက ခွဲစိတ်စရိတ်ကို ဝိုင်းပေးကြပြီး သူ့ကို အလှည့်ကျ စောင့်ရှောက်ခဲ့ကြတာ။ ခွဲစိတ်ပြီးတဲ့နောက်မှာ သူပြန်သက်သာလာမယ်လို့ သူတို့ ထင်ခဲ့ကြပေမဲ့ မမျှော်လင့်ဘဲ သုံးလေးလနဲ့တင် သူ ဆုံးသွားခဲ့တယ်။ ကျွန်မမိသားစုက မပြေလည်ပါဘူး၊ ပြီးတော့ ကျွန်မမိဘတွေက အများအားဖြင့် ပင်ပင်ပန်းပန်း အလုပ်ကြမ်း လုပ်ကြရတယ်။ ဒါပေမဲ့ သူတို့ ကျန်းမာရေး ကောင်းနေတုန်းပဲဖြစ်ပြီး တစ်နှစ်ပတ်လုံး နေမကောင်းဖြစ်တာ ရှားတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ နားမလည်ခဲ့တဲ့အပြင် ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းက သေးငယ်လွန်းခဲ့တယ်။ အဲဒီအချိန်ကစပြီး ဖန်ဆင်းရှင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့နဲ့ မိဘတွေနဲ့ပတ်သက်တဲ့ အရာအားလုံးကို ဘုရားသခင်ဆီ အပ်နှံဖို့ ကျွန်မ လိုလားခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ပြင်းပြတဲ့ ရည်ရွယ်ချက်ကို သဘောပေါက်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေနေသည်။ သူ၏နှုတ်ကပတ်တော်များကို အလေးဂရုပြုသူများကို ရှာဖွေနေသည်၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သကဲ့သို့ မိမိတို့၏ စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေနေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် ကျိုးနွံနာခံတတ်ပြီး အတိုက်အခံမလုပ်သောသူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။ သင့်ထံတွင် မြင့်မားသော အဆင့်အတန်း၊ ကြီးမားသော ဂုဏ်သတင်း၊ ကြွယ်ဝသော အသိပညာ၊ မြောက်မြားလှသော ပိုင်ဆိုင်မှုပစ္စည်းများနှင့် လူများစွာတို့ထံမှ ထောက်ပံ့မှုများ ရှိသည့်တိုင် ဤအရာများကြောင့် စိုးရိမ်ကြောင့်ကြမှု မရှိမြဲဖြစ်လျက် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်တို့ကို လက်ခံရန်နှင့် သင့်အား ဘုရားသခင် တောင်းဆိုသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနေဆဲဖြစ်လျှင် သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ တရားအမျှတဆုံး လုပ်ငန်း ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ဘုရားသခင်က သူ့စကားတွေကို နားထောင်နိုင်ပြီး သူ့ကို ကျိုးနွံနာခံနိုင်တဲ့ လူတွေကို ရှာနေတဲ့အပြင် သူ့ရဲ့ ပေါ်ထွန်းခြင်း တောင့်တတဲ့သူတွေကို သူကယ်တင်ချင်မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ လူတွေက သူတို့ရဲ့ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ငွေကြေးနဲ့ အကျိုးစီးပွားတွေကို လက်လွှတ်နိုင်ပြီး သူတို့တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင်ရှေ့မှောက် လာနိုင်မယ်ဆိုရင် ဒါကို သူက အသိအမှတ်ပြုပြီး အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။ ပေတရုက ဘုရားရဲ့ ခေါ်ခြင်းကို နာခံပြီး သူ့တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတဲ့အပြင် နောက်ဆုံးမှာ ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်ဖို့အတွက် လှပပြီး အားကောင်းတဲ့ သက်သေခံချက်တစ်ခု သက်သေခံခဲ့ပုံကို ကျွန်မ တွေးမိတယ်။ ကျွန်မလည်း ဖန်ဆင်းခံတစ်ယောက်ရဲ့ ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်လေ။ ဒါမှသာ ကျွန်မမှာ အသိစိတ်နဲ့ လူ့သဘာဝ ရှိနိုင်မှာ။ အသင်းတော်မှာ ကိုယ့်တာဝန်တွေ ထမ်းဆောင်နိုင်လောက်အောင် ကျွန်မ ကံကောင်းခဲ့တာဟာ ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ဒါကြောင့် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မရဲ့ လေ့လာသင်ယူမှုတွေကို စွန့်လွှတ်ဖို့ ကျွန်မ လိုလားခဲ့တယ်။

အဲဒီနောက်မှာ ကျွန်မအဖေကို ကျွန်မရဲ့ ရွေးချယ်မှုအကြောင်း ပြောပြတော့ သူက အားပေးတယ်။ သူက ဒီလိုတောင် ပြောသေးတယ်။ “ဘုရားသခင်ကို ယုံကြည်တာက ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းပဲ။ သမီးက အခု အရွယ်ရောက်နေပြီ၊ ဒီလမ်းကြောင်းကို သမီး ရွေးချယ်ပြီးပြီဆိုတော့ ဆက်လျှောက်ဖို့ သမီးမှာ သန္နိဋ္ဌာန်နဲ့ ဇွဲရှိရမယ်။ ဘယ်လို အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ကြုံရပါစေ၊ စိတ်ဓာတ်မကျနဲ့။ ထက်ထက်သန်သန်နဲ့သာ လိုက်စား” တဲ့။ အဖေ ထောက်ခံလို့ ကျွန်မ နည်းနည်း အံ့ဩသွားတယ်။ သူ့ရဲ့ အတွေးတွေနဲ့ အယူအဆတွေဟာ ဘုရားလက်ထဲမှာ ရှိတယ်ဆိုတာ ကျွန်မ သိတယ်။ ပြီးတော့ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်ခဲ့တယ်။ ဘုရားနောက်လိုက်ရာမှာ ကျွန်မရဲ့ ယုံကြည်ခြင်းကလည်း ပိုတောင် ခိုင်မာလာတယ်။ စာသင်နှစ်ရဲ့ နှစ်ဝက်အသစ် စတဲ့အချိန်မှာ ကျောင်းထွက်ဖို့ ဆရာ့ဆီ ကျွန်မ လျှောက်လွှာတင်လိုက်တယ်။ ကျွန်မ ဘာဖြစ်လို့ တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ဘေးဖယ်ထားချင်ရတာလဲဆိုတာကို ဆရာက နားမလည်ခဲ့ဘူး။ ဒါနဲ့ သူက ကျွန်မ စိတ်ပြောင်းသွားအောင် မပြတ်ကြိုးစားပြီး ပြောတယ်။ “မင်း သေချာစဉ်းစားရမယ်နော်။ မင်းကို တက္ကသိုလ်ပို့ဖို့ မင်းမိဘတွေက ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာ၊ ပြီးတော့ ကျောင်းဝင်ခွင့်ရဖို့ဆိုတာ မလွယ်ဘူးဆိုတာကိုပေါ့။ အခုလက်လွှတ်လိုက်ရင် နောင်ကျရင် မင်းမှာ တည်ငြိမ်တဲ့အလုပ် ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ မင်းက အမြော်အမြင် ရှိရမယ်၊ ရေတိုကို မကြည့်ရဘူး” တဲ့။ အမြော်အမြင် ရှိသင့်တယ်လို့ ဆရာပြောတာကို ကြားတော့ ကျွန်မရင်ထဲ ဒိန်းခနဲ ဖြစ်သွားတယ်။ ကျွန်မ တွေးမိတယ်။ “ဟုတ်တာပဲ။ ဒီဆုံးဖြတ်ချက်ကို ချလိုက်တာနဲ့ ငါ့မှာ ဂုဏ်ရှိတဲ့အလုပ် ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူး။ အဲဒီအခါကျရင် သူများတွေရဲ့ အထင်ကြီးလေးစားတာကိုရော၊ ဇာတိပကတိရဲ့ ပျော်ရွှင်မှုတွေကိုရော ငါရတော့မှာ မဟုတ်ဘူး” ပေါ့။ ကျွန်မရဲ့ စိတ်နေသဘောထား မမှန်တာကို သဘောပေါက်လို့ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ အမြန်ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တွေကို ရှင်းရှင်းလင်းလင်း ကျွန်မ သတိရသွားတယ်။ “အချိန်တိုင်းတွင်၊ ငါ၏လူတို့သည်...စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃)) ဒါဟာ ဘုရားသခင်က ကျွန်မကို သတိပေးနေတာဖြစ်မှန်း သိလိုက်တယ်။ အပြင်ပန်းမှာ ဆရာနဲ့ အပြန်အလှန် စကားပြောနေရုံသက်သက်လို့ ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ အဲဒီနောက်ကွယ်မှာ ကွယ်ဝှက်နေတဲ့ စာတန်ရဲ့ ပရိယာယ်တစ်ခု ရှိနေတယ်။ ကျွန်မရဲ့ ကောင်းကျိုးအတွက်လို့ ထင်ရတဲ့ စကားတချို့ကို ပြောဖို့ စာတန်က ဆရာ့ကို အသုံးပြုနေတာ၊ ဘုရားသခင်နဲ့ ဝေးကွာသွားအောင်၊ ကိုယ့်တာဝန်ကို စွန့်လွှတ်အောင် ကျွန်မကို စုံစမ်းသွေးဆောင်နေတာလေ။ စာတန်က တကယ်ကို စက်ဆုပ်စရာ ကောင်းလိုက်တာ။ ကျွန်မ တွေးလည်းတွေးဆမိတယ်။ “ငါ ရေတိုကို မကြည့်ဘဲ အမြော်အမြင်ရှိသင့်တယ်လို့ ဆရာက ပြောတယ်။ ရေတိုကို ကြည့်တယ်ဆိုတာက တကယ်တော့ ဘာလဲ၊ အမြော်အမြင်ရှိတာလည်း ဘာလဲ။ အဆင့်မြင့် ဘွဲ့တစ်ခု၊ အလုပ်ကောင်းတစ်ခုနဲ့ သူများတွေရဲ့ အထင်ကြီးလေးစားတာကို ငါ လိုက်စားပေမဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ရင်၊ သမ္မာတရား မရရှိနိုင်ရင်၊ ဘုရားသခင်ရဲ့ အမှုတော် အဆုံးသတ်တဲ့အခါ ငါ ဘာမှရမှာ မဟုတ်ဘူး။ ဒါက ရေတိုကို ကြည့်တယ်လို့ ဆိုလိုတဲ့အရာပဲလေ။ ဘုရားနောက်လိုက်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းတာ၊ ပြီးတော့ စိတ်သဘောထား ပြောင်းလဲဖို့ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ရဲ့ ကယ်တင်တာ ခံရတာ၊ ဒါကမှ အမှန်ကန်ဆုံး ရွေးချယ်မှုပဲ၊ ပြီးတော့ ဒါက စစ်မှန်တဲ့ အမြော်အမြင်ပဲ”လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်တယ်။ “တက္ကသိုလ်ထွက်ဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက်က ရုတ်တရက် စိတ်ကူးပေါက်လို့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ကျွန်မ အကြာကြီး စဉ်းစားခဲ့ပြီးပါပြီ၊ ပြီးတော့ ကျွန်မ နောင်တရမှာ မဟုတ်ပါဘူး” လို့ပေါ့။ ဆရာက ကျွန်မကို ဖျောင်းဖျလို့ မရမှန်းမြင်တော့ ဘာမှမတတ်နိုင်ဘဲ ခေါင်းခါလိုက်တယ်။ တက္ကသိုလ်ကနေ ထွက်မဲ့ကိစ္စကို သူ ဆက်လုပ်ပေးခဲ့တယ်။ ကျောင်းဝင်းထဲကနေ ခြေလှမ်းထွက်လိုက်တဲ့ အခိုက်အတန့်မှာ ကျွန်မ စိတ်ထဲ အရမ်း ရွှင်ပျသွားတယ်။ ဘာလို့လဲဆိုတော့ နောက်နောင် စုဝေးပွဲတွေတက်တဲ့အခါ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ ဆရာတွေ၊ အတန်းဖော်တွေရဲ့ ဘောင်ခတ်တာကို ကျွန်မ ခံရတော့မှာ မဟုတ်ဘူးလေ။ ကျွန်မ ပခုံးပေါ်ကနေ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု မလိုက်သလို ခံစားရတယ်။ လှောင်အိမ်ထဲကနေ လွတ်မြောက်သွားပြီး ကောင်းကင်ပြာကြီးရဲ့ ရင်ခွင်ထဲ ပြန်ရောက်သွားတဲ့ ငှက်တစ်ကောင်လို ခံစားရတယ်။

အဲဒီနောက်မှာ ကျွန်မရဲ့ အချိန်အားလုံးကို ကိုယ့်တာဝန်တွေထဲမှာ မြှုပ်နှံထားလိုက်တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ နေ့တိုင်း စုဝေးပွဲတွေတက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့တယ်၊ အရမ်း စိတ်အေးလက်အေးဖြစ်ပြီး အေးချမ်းတယ်။ ကိုယ့်တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းစဉ်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီးကို ကျွန်မ ထုတ်ဖော်မိခဲ့တယ်။ ဥပမာအနေနဲ့ ကိုယ့်တာဝန်ထမ်းဆောင်ရာမှာ အကျိုးအမြတ်တွေ အမြန်ရဖို့ ကျွန်မ စိတ်ထက်သန်ခဲ့တယ်၊ ဝတ်ကျေတမ်းကျေ ဖြစ်ပြီး ဇာတိပကတိ သက်သာမှုတွေကို မွေ့လျော်ခဲ့တယ်။ ပြီးတော့ ပြုပြင်တာ၊ ရိုက်နှက်ဆုံးမတာနဲ့ ဆုံးမပဲ့ပြင်တာ တချို့ကိုလည်း ကျွန်မ ကြုံတွေ့ခဲ့ရတယ်။ ကျွန်မကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအပေါ် နားလည်မှုတချို့ ရရှိခဲ့သလို အပြောင်းအလဲတချို့ကိုလည်း စွမ်းဆောင်ရရှိခဲ့တယ်။ ဒီရရှိမှုတွေက တက္ကသိုလ်မှာ စာသင်နေတုန်းက ကျွန်မ ရနိုင်ခဲ့တဲ့ အရာတွေ မဟုတ်ပါဘူး။ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားခြင်းဆိုတဲ့ နွံထဲကနေ ကျွန်မကို ဆွဲထုတ်ပေးပြီး ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ကျွန်မကို ပို့ဆောင်ပေးတဲ့အတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။

နောက်တစ်ခုသို့- ကျွန်မ၏ ရွေးချယ်မှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နောက်လိုက်ခြင်းက ကျွန်မဘဝရဲ့ အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့ပါတယ်

ချန်ကျန့်၊ တရုတ်ပြည်ကျွန်မ ကျောင်းတက်နေတုန်းက စာလေ့လာတာ လျော့တိလျော့ရဲ လုပ်မိတိုင်း အမေက ကျွန်မကို ပွစိပွစိပြောလေ့ရှိတယ်။ “နင့် ဒေါ်ကြီးကို...

ကျွန်ုပ်၏ လေ့လာဆည်းပူးမှုများကို စွန့်ပစ်ခြင်း

လီရန် တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်ကတည်းက မိဘတွေက ပြောတယ်။ သူတို့မှာ သားမရှိဘူး၊ သမီးနှစ်ယောက်ဖြစ်တဲ့ ကျွန်မနဲ့ ကျွန်မညီမပဲရှိတဲ့အတွက်...

ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ မဖြေဆိုခဲ့တာကို ကျွန်မ နောင်တမရပါ

တရုတ်ပြည်မှ လင်းရီနော်ငယ်ငယ်လေးကတည်းက မိဘတွေက စာကြိုးစားခြင်းရဲ့ အရေးကြီးပုံကို ကျွန်မကို အမြဲ ဆုံးမသွန်သင်ခဲ့တယ်။ ဘွဲ့ကောင်းကောင်းရမှ...

ဤရွေးချယ်မှုအတွက် ကျွန်ုပ် မည်သည့်အခါမျှ နောင်တရမည် မဟုတ်

ရှောင်ယွမ်း၊ တရုတ်ပြည်ငယ်ငယ်ကတည်းက ကျွန်မက အမြဲတမ်း ကျောင်းစာမှာ အမှတ်ကောင်းကောင်းရခဲ့ပြီး စာမေးပွဲတွေမှာဆို အတန်းထဲမှာ ခဏခဏ အမှတ်အများဆုံး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။