သမ္မာတရားကို လိုက်စားခြင်းက ကျွန်မကို ပြောင်းလဲစေခဲ့သည်
၂၀၁၈၊ မေလမှာ ကျွန်မ စစ်တပ်ထဲဝင်ဖို့ အိမ်ကထွက်ခဲ့တယ်။ စစ်တပ်ထဲမှာ ခေါင်းဆောင်က အမိန့်တစ်ခုထုတ်ရင် အဆင့်နိမ့်တဲ့သူတွေက ခိုင်းတဲ့အတိုင်း နာခံပြီးလုပ်ကြတယ်။ ကျွန်မတို့အလုပ်ကို ကြီးကြပ်တဲ့အခါမှာ ခေါင်းဆောင်တွေက ကျွန်မတို့ကို အမိန့်တွေပေးတယ်။ သူတို့တွေက အရမ်းဟိတ်ဟန်ရှိတယ်။ သူတို့ကို ကျွန်မ တော်တော်လေးစားတယ်။ အမျိုးသမီးစစ်သားတွေထဲက အမြင်ဆုံးခေါင်းဆောင်က ပိုက်ဆံနဲ့ အာဏာရှိတယ်။ သူက သူ့သမီးကို စစ်တပ်ထဲကို ခေါ်လာတော့ လူတိုင်းက ပြုံးပြီး နှုတ်ဆက်ကြတယ်။ အထက်ခေါင်းဆောင်တွေက ကျွန်မတို့ကို ခဏခဏပြောတယ်။ ကျွန်မတို့က ကြိုးစားရမယ်၊ ဒါဆိုရင် နောက်ဆုံးမှာ သူ့လိုဖြစ်နိုင်တယ်ပေါ့။ အဲဒီအချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကတိပေးခဲ့တယ်။ ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားမယ်ပေါ့။ အဆင့်အတန်းနဲ့ လေးစားမှုကိုရတာက အရမ်း ဂုဏ်ရှိမှာပဲလို့ တွေးမိတယ်။ အဲဒီကစပြီး ကိုယ့်ကိုယ်ကိုယ် အမြင်ကောင်းအောင်လုပ်ဖို့ အစွမ်းကုန်ကြိုးစားတယ်။ ခေါင်းဆောင်ပြောသမျှတိုင်းကို အတိအကျလိုက်လုပ်တယ်။ ခေါင်းဆောင်တွေရှေ့မှာ ကျွန်မ တော်တော်ကောင်းအောင်လုပ်ခဲ့တယ်။ သူတို့က ကျွန်မကို တော်တော်ကြိုက်တယ်။ မကြာခင်မှာပဲ တပ်ကြပ်အဖြစ် ကျွန်မကို ရာထူးတိုးပေးတယ်။ ကျွန်မက အူမြူးနေတာပေါ့။ ကျွန်မက ရာထူးတိုးပြီးတဲ့နောက်မှာ ခေါင်းဆောင်တွေကို ပိုပြီးတော့တောင် နာခံလာတယ်။ နေ့စဉ်အလုပ်မှာ ကျွန်မက ဦးဆောင်ပြီး မခိုကတ်ရဲဘူး။ အဆင့်နိမ့်စစ်သားတွေက ခိုကတ်နေတာကို တွေ့တဲ့အခါ ကျွန်မက မျက်နှာကို တင်းလိုက်ပြီး သူတို့ကို ပြစ်ဒဏ်တွေနဲ့ ခြိမ်းခြောက်တယ်။ တချို့တွေက ဒါကို မကြိုက်ဘူး။ ကျွန်မနောက်ကွယ်မှာ ကျွန်မကို မကောင်းပြောတယ်။ ကျွန်မ စဉ်းစားတယ်။ အမြင်ကောင်းအောင်လုပ်ပြီး ရာထူးကြီးဖို့ ငါ ဆက်ပြီး အလုပ်ကြိုးစားရမယ်။ ဒါဆို အဆင့်နိမ့်စစ်သားတွေက ငါ့ကို နားထောင်မယ် ပေါ့။ ကျွန်မအလုပ်ကြိုးစားမှုကြောင့် ကျွန်မက တပ်မှူးအဖြစ် ထပ်ပြီး ရာထူးတိုးတယ်။ ဒါက တော်တော်လေးစားဖို့ကောင်းတယ်လို့ ကျွန်မ ခံစားမိတယ်။ ပြီးတော့လည်း ကျွန်မ ဗိုလ်ဖြစ်လာတော့ တပ်သားတွေက ကျွန်မကို နားထောင်လာကြတယ်။ ဒါပေမဲ့ တပ်မှူးတွေက အလုပ်ကြမ်းတွေ လုပ်ရတုန်းပဲ။ အဲဒါက ပင်ပန်းတယ်။ ဒါနဲ့ ကျွန်မက ဆက်ပြီး အဆင့်တက်မှဖြစ်မယ်လို့ စဉ်းစားမိတယ်။ ပိုအဆင့်မြင့်ရင် ကျွန်မက ပိုအာဏာရှိပြီး ဘာအလုပ်ကြမ်းမှ လုပ်ရမှာမဟုတ်ဘူး။ ဒါဆို တော်တော်ကောင်းမှာပဲ။ ပိုမြင့်တဲ့အဆင့်ရောက်ဖို့ ကျွန်မက နေ့တိုင်း ခေါင်းမဖော်ဘဲ အလုပ်ကြိုးစားတယ်။ တပ်သားတွေကိုလည်း အဲဒီအတိုင်းလုပ်ဖို့ တွန်းအားပေးတယ်။ ခေါင်းဆောင်တွေချပေးတဲ့တာဝန်တွေကို သတ်မှတ်ချိန်ထက် အမြဲတမ်းစောပြီးတယ်။ ခေါင်းဆောင်တွေက ကျွန်မလုပ်တာကို တော်တော်ကျေနပ်ကြတယ်။ မကြာခင်မှာပဲ ကျွန်မက တပ်စုမှူးဖြစ်သွားတယ်။
ကျွန်မက တပ်စုမှူးအဖြစ် ကျွန်မရာထူးကို ကာကွယ်ဖို့၊ ကျွန်မတို့တပ်စုက သူများတွေနောက်မကျန်ခဲ့အောင် သေချာလုပ်ဖို့အတွက် တပ်သားတွေကို ကျွန်မပြောတာနားထောင်အောင်လုပ်ဖို့ နည်းတွေရှာတယ်။ တပ်သားတွေက ကျွန်မပြောတာနားမထောင်ရင် ပြစ်ဒဏ်အနေနဲ့ သူတို့ကို ရပ်ခိုင်းတယ်၊ ဒိုက်ထိုးခိုင်းတယ်။ နောက်ကျတော့ သူတို့က ကျွန်မပြောတာ နားထောင်ကြတယ်။ ကျွန်မရှေ့မှာ မခိုကတ်ရဲကြတော့ဘဲ တော်တော် လေးစားလာကြတယ်။ ကျွန်မက အရမ်းပျော်တယ်။ ဒါပေမဲ့ ဖိအားတွေလည်း အများကြီးရှိနေပြီး အထက်ခေါင်းဆောင်က ကျွန်မ ကောင်းကောင်းမလုပ်ရင် ဆူတယ်။ ဝေဖန်တာ မခံရဘဲ ချီးမွမ်းတာတွေ ခံရအောင် ကျွန်မက တာဝန်တွေကို ကျွန်မတို့ ကိုင်တွယ်နေတုန်းမှာ စစ်သားတွေကို အမြဲတမ်း လေသံမာမာနဲ့ ဆူတယ်။ ကြာလာတော့ သူတို့က ကျွန်မစိတ်ရင်းကို မကြိုက်ဘဲ ကျွန်မကို တော်တော် ရွံလာကြတယ်။ ကျွန်မရှေ့မှာ ကောင်းတာတွေပြောပေမဲ့ နောက်ကွယ်မှာ ကျွန်မအကြောင်းကို မကောင်းတွေ အများကြီးပြောတယ်။ ကျွန်မက ဒါကိုသိသွားတော့ တော်တော်အနေရခက်တယ်။ ပြီးတော့လည်း တစ်ခါတလေမှာ ကျွန်မတို့တာဝန်တွေ မပြီးတဲ့အခါ ခေါင်းဆောင်တွေက ဝေဖန်တာကို ရင်ဆိုင်ရတယ်။ အဲဒီအချိန်မှာ ကျွန်မ စဉ်းစားတယ်။ ကျွန်မက ရာထူးပိုကြီးလာရင် အဆူခံရမှာမဟုတ်လောက်ဘူး၊ ဖိအားတွေအများကြီးရှိမှာမဟုတ်လောက်ဘူးပေါ့။ ဒါဆိုရင် လူတွေက လေးစားတာကို ပိုရမယ်ပေါ့။ ကျွန်မက တိတ်တဆိတ်နဲ့ အဲဒီပန်းတိုင်ကိုဦးတည်ပြီး စအလုပ်လုပ်တယ်။
နောက်ဆုံးကျတော့ တစ်နေ့မှာ ဗိုလ်ကြီးက ကျွန်မကို ကျေကျေနပ်နပ်နဲ့ပြောတယ်။ တပ်စုမှူးတွေအားလုံးထဲမှာ ကျွန်မက သူအယုံကြည်ဆုံးလူပဲတဲ့။ သူက ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်တာ ရပ်သွားခဲ့ရင် ကျွန်မက သူ့နေရာယူရမယ် တဲ့။ ကျွန်မက ဒါကိုကြားတော့ အရမ်းကို စိတ်လှုပ်ရှားသွားတယ်။ သူက ကျွန်မကို ဘယ်လောက်ယုံကြည်လဲဆိုတာ ကျွန်မလုံးဝ မသိခဲ့ဘူး။ မကြာခင်မှာပဲ ကျွန်မ ဗိုလ်ကြီးရာထူးကို ယူခဲ့တယ်။ ပိုများတဲ့ တပ်သားတွေက ကျွန်မကို အထင်ကြီးကြပြီး ကျွန်မသွားတဲ့နေရာတိုင်းမှာ အလေးစားခံရတယ်။ ကျွန်မက အလုပ်ကြမ်းမလုပ်ရတော့ဘူး။ အချိန်ပိုရလာတယ်။ ဗိုလ်ကြီးရာထူးကနေ ရတဲ့ အဆင့်မြင့်တဲ့ခံစားချက်ကို တော်တော်နှစ်သက်ခဲ့တယ်။ ဒါပေမဲ့ အချိန်ခဏလောက်ကြာတော့ ကျွန်မနဲ့အတူ တပ်စုမှူးအဖြစ် ရာထူးတိုးခံရတဲ့သူတချို့က မနာလိုဖြစ်လာပြီး ကျွန်မအမိန့်တွေကို မနာခံဘူး။ ကျွန်မ တော်တော်စိတ်ဆိုးပြီး သိက္ခာကျသလို ခံစားမိတယ်။ အဲဒါနဲ့ ကျွန်မပြောတာနားထောင်အောင်လုပ်ဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားတယ်။ ဒါပေမဲ့ သူတို့က နားမထောင်သေးဘူး။ ကျွန်မသူတို့ကို မထိန်းနိုင်သလို ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မအဆင့်အတန်းအတွက် ကျွန်မ တောင့်ခံထားဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရတယ်။ ကျွန်မ စဉ်းစားတယ်။ အာဏာတွေအများကြီးနဲ့ မြင့်တဲ့ရာထူးရတာက ကျွန်မ ထင်သလောက် အလေးစားမခံရဘူးပေါ့။ အဆင့်နိမ့်တဲ့သူတွေက ကျွန်မပြောသလိုမလုပ်တဲ့အခါ သူတို့ကို အမြဲတမ်း ဆုံးမတယ်။ ကျွန်မက ပိုပြီး စိတ်တိုတတ်လာတယ်။ ပြီးတော့လည်း ကျွန်မက တပ်သားတွေကို မကိုင်တွယ်နိုင်ဘူးလို့ အထက်ခေါင်းဆောင်တွေကပြောပြီး ကျွန်မက အရည်အချင်းမရှိဘူးလို့ ထင်မှာကို စိတ်ပူနေရတယ်။ ဗိုလ်ကြီးရာထူးကိုတောင် ကျွန်မ ဆုံးရှုံးရနိုင်တယ်။ ဒါက တော်တော်စိတ်ဖိစီးပြီး တော်တော်ပင်ပန်းတယ်။ ကျွန်မ အရမ်းကို နုတ်ထွက်ချင်တယ်။ ဒါပေမဲ့ လူတွေအများကြီးက ဗိုလ်ကြီးအရမ်းဖြစ်ချင်ကြပြီး ဒီနေရာရောက်ဖို့ ကျွန်မအတွက် မလွယ်ခဲ့ဘူး၊ ဒါကြောင့် နုတ်ထွက်တာက ရှက်စရာဖြစ်မယ်မဟုတ်ဘူးလားဆိုပြီး တွေးမိတယ်။ ကျွန်မက အကူအညီမဲ့သလိုခံစားရတယ်။ အဲဒါနဲ့ ဖိစီးမှုကို သည်းခံပြီး နေ့တိုင်း တဖြည်းဖြည်းချင်း အားတင်းလုပ်ခဲ့တယ်။
၂၀၂၀၊ သြဂုတ်လမှာ ကျွန်မ ကံကောင်းစွာပဲ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို စဖတ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲတွေ တက်တယ်။ ကျွန်မ တော်တော်ပျော်ပြီး အများကြီး ကျေနပ်ခဲ့တယ်။ တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) လူတွေရဲ့ ဘဝတွေက အရမ်းနာကျင်ပြီး စိတ်ဖိစီးရတာက သူတို့နေထိုင်တဲ့ပုံစံတွေနဲ့ သူတို့လျှောက်ဖို့ဆုံးဖြတ်တဲ့လမ်းမှားတွေကြောင့်သက်သက်ပဲလို့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကိုပြခဲ့တယ်။ လူတိုင်းက စာတန်ဖျက်ဆီးတာခံရပြီးတဲ့နောက်မှာ လူစုထဲကနေ ထင်ပေါ်ပြီး အာဏာရဖို့ ကြိုးစားကြတယ်။ အဆင့်အတန်းနဲ့ အာဏာရှိရင် အထင်ကြီးလေးစားမှုကိုရမယ်၊ လူတွေက သူတို့ပြောတာ နားထောင်မယ်၊ ဂုဏ်ကျက်သရေနဲ့ နေထိုင်ရမယ်လို့ ထင်ကြတယ်။ ဒီတော့ လူတွေအားလုံးက နာမည်၊ အကျိုးအမြတ်ကို နှစ်သက်ပြီး အဆင့်အတန်းကို မြတ်နိုးကြတယ်။ အဆင့်အတန်းကို လိုက်စားကြတယ်။ ကျွန်မလည်း ဒီလိုပဲ။ စစ်တပ်ထဲဝင်ပြီးတဲ့နောက်မှာ ကျွန်မက အမျိုးသမီးစစ်သားတွေကြားထဲမှာ နံပါတ်တစ်ဖြစ်ချင်ပြီး သူများတွေ လေးစားတာကို ခံချင်တယ်။ အဲဒီပန်းတိုင်ကို ရောက်ဖို့အတွက် ကျွန်မက တစ်ဆင့်ပြီးတစ်ဆင့်တက်လာပြီး တပ်စုမှူးအဖြစ်၊ ပြီးတော့ ဗိုလ်ကြီးအဖြစ် ရာထူးတိုးသွားတယ်။ ကျွန်မအဆင့်က တက်လာပြီး လူတွေပိုပြီး ကြီးကြပ်ရတော့ အာဏာပြတဲ့ပုံစံနဲ့ ပြောဆိုပြုမူလာတယ်။ လူတွေကို ဆရာလုပ်ရတာ၊ ဆူရတာကို ကြိုက်လာတယ်။ ကျွန်မက မှန်မှန်၊ မှားမှား တပ်သားတွေက နားထောင်ရတယ်။ ကျွန်မရာထူးခိုင်မာအောင်လို့ ဒီတပ်စုမှူးတွေက ကျွန်မပြောတာနားမထောင်တဲ့အခါ သူတို့ကိုဖိနှိပ်ဖို့ ကျွန်မအာဏာကို အသုံးပြုတယ်။ တပ်သားတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြစ်ဒဏ်ပေးတယ်။ ကျွန်မက အမြဲတမ်း ပိုင်စိုးပိုင်နင်းလုပ်ပြီး သူများတွေအပေါ် စာနာမှုမရှိဘူး။ တပ်သားတွေက တဖြည်းဖြည်းနဲ့ ကျွန်မနဲ့ ပိုဝေးကွာလာပြီး ကျွန်မနဲ့ မဆက်ဆံချင်တော့ဘူး။ ကျွန်မက ဂုဏ်အဆင့်အတန်းရလာပြီးတဲ့နောက်မှာ ကြောက်စရာလူဖြစ်လာတာကို တွေ့ရတယ်။ တစ်ခါတလေမှာ ကျွန်မက တစ်ယောက်ယောက်နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောချင်ပေမဲ့ ဘယ်သူနဲ့ပြောရမှန်းမသိဘူး။ ဒါကြောင့် ကျွန်မက ခေါင်းဆောင်တွေက ကြိမ်းမောင်းတာ ခံရမှာမဟုတ်ဘူး။ ကျွန်မက သူတို့ကို အရမ်း မျက်နှာလိုမျက်နှာရလုပ်ပြီး ဘယ်လိုအရှက်ကိုမဆို ခံယူတယ်။ ကျွန်မဘဝရဲ့ နေ့တိုင်းက ဖိစီးပြီး နာကျင်တယ်။ တော်တော်ကို နုတ်ထွက်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မဂုဏ်အဆင့်အတန်းက ကျွန်မကို အကျိုးဖြစ်စေတဲ့ပုံစံကို စဉ်းစားမိတာနဲ့ အရှုံးမပေးချင်တော့ဘူး။ ကျွန်မက အဲဒီ နာမည်နဲ့ အကျိုးအမြတ်နွံထဲမှာ နှစ်နေပြီး ဒါက ပင်ပန်းပြီး စိတ်ဆင်းရဲရတယ်။ ဒီအချိန်မှာ ဒါက လူတွေကို စာတန်ဖျက်ဆီးပြီး ထိခိုက်တဲ့နည်းလမ်းတွေထဲက တစ်ခုပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အဆင့်အတန်းကို လိုက်စားခြင်းက လူတွေရဲ့ အထိန်းအကွပ်မဲ့တဲ့ ဆန္ဒတွေကို ပိုပိုပြီး တိုးပွားစေတယ်။ လူတွေကို ပိုမာနကြီးလာပြီး သူများတွေအပေါ် အထင်အမြင်သေးလာစေတယ်။ ဒီတော့ သူတို့က သာမန်ဆက်ဆံရေးတွေ မရနိုင်တော့ဘူး။ ကျွန်မယုံကြည်ခြင်းမရှိခင်တုန်းက အဆင့်အတန်းကို လိုက်စားပြီး တခြားလူတွေထက်ထင်ပေါ်ဖို့ ကြိုးစားတာက ရည်မှန်းချက်နဲ့ အလားအလာရှိတာလို့ အမြဲတမ်း ခံစားမိတယ်။ အခုတော့ နာမည်နဲ့ အဆင့်အတန်းနောက်လိုက်တာက လမ်းမှန်မဟုတ်ဘူးဆိုတာ နားလည်သွားတယ်။ ဒါတွေအားလုံးကို သဘောပေါက်သွားတော့ ကျွန်မ ဆုတောင်းတယ်။ နာမည်နဲ့ အဆင့်အတန်းရဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်အောင် လမ်းပြဖို့ ဘုရားကို ဆုတောင်းတယ်။
နောက်တော့ တစ်နေ့မှာ ဓမ္မသီချင်းတွေ ဒေါင်းလုတ်ဆွဲဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဝဘ်ဆိုဒ်ကို ကျွန်မ သွားတယ်။ “ကျွန်ုပ်သည် သေးနုပ်သော ဖန်ဆင်းခံမျှသာဖြစ်သည်” ဆိုတဲ့ အသစ်တစ်ပုဒ်ကို ကျွန်မ တွေ့မိတယ်။
၁ အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။
၂ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။
၃ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။
—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ
ဒီဓမ္မသီချင်းကို နားထောင်ရင်းနဲ့ စာသားတွေက တကယ်ကို ဆန်းသစ်သလို ခံစားမိတယ်။ အဆင့်အတန်းရှိခြင်း၊ မရှိခြင်းကို ဘုရားသခင်က အကုန်သတ်မှတ်တယ် အားလုံးက သူ့လက်ထဲမှာရှိတယ်၊ ကျွန်မက ဒါကို မလိုက်စားသင့်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက ဗိုလ်ကြီးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဘုရားရှေ့မှာတော့ ကျွန်မက ဘာအဆင့်အတန်းမှမရှိတဲ့ အရေးမပါတဲ့ ဖန်ဆင်းခံတစ်ယောက်ပဲ။ ကျွန်မက သူများတွေကို မနှိမ်သင့်ဘူး။ တပ်သားတွေကို ကျွန်မ ဖိနှိပ်ခဲ့တာတွေကို စဉ်းစားမိပြီး တော်တော်အပြစ်ရှိသလိုခံစားမိပြီး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မရဲ့ အဆင့်အတန်းကို စွန့်လွှတ်ပြီး သူတို့နဲ့ အဆင်ပြေပြေ ဆက်ဆံချင်ခဲ့တယ်။ ကျွန်မ ဘုရားကို ဆုတောင်းပြီး ကျွန်မကို ကူညီဖို့ တောင်းလျှောက်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားနိုင်ပြီး သူတို့နဲ့ ဆက်ဆံဖို့ ကြိုးစားတယ်။ သူတို့ကို ပိုင်စိုးပိုင်နင်းနဲ့ ဆူတာကို ရပ်လိုက်တယ်။ ဒီလိုပုံစံနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မရဲ့ တကယ့်အသက်တာမှာ အသုံးပြုတဲ့အခါ ငြိမ်သက်ခြင်းကို ကျွန်မ အရမ်းခံစားရတယ်။
နောက်တော့ တစ်မနက်မှာ ကျွန်မတို့ အစည်းအဝေးတစ်ခုလုပ်တယ်။ ကျွန်မလက်အောက်က တပ်စုမှူးက သူ့တပ်စုထဲက လူတိုင်းလာသလားဆိုတာ မမြင်ဘူး။ မရေတွက်ထားဘူး။ ကျွန်မတို့ ယူနစ်က လူတွေက နောက်ကျတော့မှာ။ ယူနစ်အားလုံးမှာ အနှေးဆုံးဖြစ်နေတယ်။ ကျွန်မရဲ့ စီမံခန့်ခွဲမှု ကျွမ်းကျင်မှုက နည်းတယ်လို့ အထက်ခေါင်းဆောင်က ထင်ပြီး တပ်သားတွေကလည်း ဘယ်လိုထင်မလဲဆိုတာကို ကျွန်မ စိတ်ပူနေတယ်။ အစည်းအဝေးပြီးတော့ ကျွန်မ သူ့ကို တော်တော်စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်။ “အခု မင်းက ဘယ်ရောက်နေတာလဲ။ ဘာလို့ ခွင့်မယူလိုက်တာလဲ။ မင်းရဲ့ တပ်စုမှာ ဘယ်သူကမှ လူရေမထားဘူး။ မင်းက ယူနစ်တစ်ခုလုံးကို နှောင့်နှေးအောင်လုပ်နေတာပဲ” ပေါ့။ ဒါပေမဲ့ သူက လက်မခံဘူး။ ချက်ချင်း ကျွန်မကို ကြားဖြတ်ပြောတယ်။ ကျွန်မတို့ ငြင်းခုံလာကြတာပေါ့။ နောက်တော့ စစ်ရေးလေ့ကျင့်ရေးဆရာရောက်လာပြီး ဘာလို့ ငြင်းခုံနေတာလဲဆိုတာ မေးတယ်။ ကျွန်မတို့က ကိုယ့်ဘက်ကနေ ရှင်းပြကြတယ်။ စစ်ရေးလေ့ကျင့်ဆရာက သူ ဘာလုပ်ရမှန်းမသိဘူး၊ ဘယ်သူမှားလဲမသိဘူးလို့ ပြောတယ်။ ကျွန်မက ဒီလိုကြားရတော့ အရမ်းစိတ်ဆိုးပြီး သူက ကျွန်မပြောတာ နားမထောင်တဲ့အပြင် စကားဖြတ်ပြောတယ်၊ ဒါကြောင့် ဒါက သူမှားတယ်ဆိုတဲ့ သဘောမဟုတ်ဘူးလားဆိုပြီး တွေးမိတယ်။ ပြီးတော့လည်း ကျွန်မက သူ့ရဲ့ လူကြီးဆိုတော့ ကျွန်မပြောတာ နားထောင်သင့်တယ်။ စစ်ရေးလေ့ကျင့်ဆရာက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်မသိဘူးဆိုတာ ရယ်စရာမကောင်းဘူးလား။ ကျွန်မက အရမ်းစိတ်ဆိုးပြီး ဆောင့်အောင့်ထွက်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်တယ်။ ကျွန်မ စစ်တန်းလျားဆီပြန်ရောက်သွားပြီးတော့ အရမ်းပဲ မတရားခံရသလို ခံစားမိပြီး မျက်ရည်တွေကို မထိန်းနိုင်ဘူး။ တပ်ရင်းမှူးက ကျွန်မတို့ ငြင်းခုံကြတာကို သိသွားပြီး တပ်စုမှူးကို ပြောတယ်။ “သူက မင်းရဲ့ ဗိုလ်ကြီးပဲ။ ဒီတော့ သူဘာပြောပြောမှန်တယ်။ မင်း သူပြောတာ နားထောင်သင့်တယ်” တဲ့။ တပ်စုမှူးက ဆက်ပြီး ငြင်းခုံနေတော့ တပ်ရင်းမှူးက သူ့ကို စိတ်ဆိုးပြီး အပြစ်တင်ပြီးပြောတယ်။ “ငါတို့ တပ်ခွဲမှာ ဗိုလ်ကြီးက အခြေအနေကို ပြောပြခွင့်ရှိတယ်။ မင်းက နားမထောင်ရင် မှားတယ်” တဲ့။ တပ်ရင်းမှူးက သူ့ကို ဒီလိုပြောတာကို ကျွန်မ ကြားပြီး ကျွန်မခံစားချက်တွေကို ဖွင့်ချလိုက်ရပြီလို့ ခံစားမိတယ်။ ကျွန်မ တော်တော်ပျော်သွားပြီး နည်းနည်းသိက္ခာရှိသွားသလိုခံစားမိတယ်။
ဒါပေမဲ့ ကျွန်မ နေ့စဉ် ဘုရားဝတ်ပြုတာလုပ်နေတဲ့ တစ်နေ့မှာ ဒါကို မြင်သွားအောင်ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မဖတ်တယ်။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “လူတစ်ယောက်၌ ဂုဏ်ဒြပ်ရှိသွားသည်နှင့် ထိုသူသည် သူ၏စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ရန် မကြာခဏပင် အခက်တွေ့လိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုကို ဖော်ပြပြီး သူ၏ခံစားချက်များကို ဖွင့်ချဖို့ရန် အခွင့်အရေးများကို ပျော်ပျော်ကြီးနှင့် အမိအရ သူဆုပ်ကိုင်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ပြရန်အပြင် သူ၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့နှင့် မတူကွဲပြားကြောင်း အခြားလူများ သိစေဖို့ရန်အတွက် သူသည် သိသာသည့် အကြောင်းပြချက်မရှိပါဘဲနှင့် မကြာခဏ ထောင်းခနဲ ဒေါသူပုန်ထပြလိမ့်မည်။ မှန်ပေ၏၊ ဂုဏ်ဒြပ်မရှိသော ဖောက်ပြန်ပျက်စီးသည့် လူတို့က မကြာခဏ ထိန်းမနိုင်သိမ်းမရဖြစ်ကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကြောင့် သူတို့သည် မကြာခဏ ဒေါသထွက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ၎င်းတို့သည် မိမိတို့၏ခံစားချက်များကို မကြာခဏဖွင့်ချပြီး မိမိတို့၏မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်လျှံနေပြီး၊ အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။...လူသား၏ စိတ်ဖွင့်ချခြင်းသည် ဆိုးယုတ်သည့် စွမ်းအားတို့အတွက် လွတ်လမ်းတစ်လမ်းဖြစ်ပြီး ဇာတိပကတိလူသားတို့၏ ထကြွသောင်းကျန်းနေပြီး တားဆီး၍မရသော ဆိုးယုတ်သည့်အပြုအမူဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) “စာတန်၏ စိတ်သဘောထားအတွင်းတွင် ပါဝင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား များစွာရှိသော်လည်း၊ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံးမှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားမဲ့လေဖြစ်ကာ၊ သူတို့ ပို၍ ဆင်ခြင်တုံတရားမဲ့လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကို ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို လုံးဝ မကြောက်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က အရမ်းရှင်းလင်းတယ်။ လူတွေက အဆင့်အတန်းနဲ့အတူ အထိန်းအကွပ်မဲ့ပြီး မာနကြီးလာတယ်။ သူတို့ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ အာဏာပြဖို့အတွက် ခဏခဏ ဒေါသထွက်ပြပြီး လူတွေကို ဆူတယ်။ ဒါက မာနကြီးတဲ့ စိတ်သဘောထားရဲ့ ထိန်းချုပ်မှုပဲ။ ကျွန်မ စစ်တပ်ထဲဝင်တုန်းက ကျွန်မကြိုးစားတာက အရာရှိဖြစ်ပြီး သူများတွေ အထင်ကြီးတာကိုရဖို့ပဲ။ ရာထူးအဆင့်နဲ့ အာဏာရပြီးတော့ ကျွန်မစကားတွေက အာဏာရှိပြီး ကျွန်မက ဦးစားပေးခံရတယ်လို့ ခံစားမိတယ်။ ကျွန်မက ဗိုလ်ကြီးဆိုတော့ တပ်စုမှူးတွေနဲ့ တပ်သားတွေကို ထိန်းချုပ်ဖို့ အာဏာရှိတယ်။ သူတို့က ကျွန်မပြောတာ နားထောင်သင့်တယ်။ နားမထောင်ရင် ကျွန်မက သူတို့ကို ပိုင်စိုးပိုင်နင်းနဲ့ ဆူပြီး သူတို့အဆင့်ကို သူတို့သိအောင် လုပ်ပေးလိုက်တယ်။ ကျွန်မက တော်တော် မာနထောင်လွှားခဲ့တယ်။ တပ်စုမှူးက အချိန်မီ လူရေမထားဘဲ ကျွန်မတို့ယူနစ်တိုးတက်မှုကို နှောင့်နှေးအောင်လုပ်တော့ ကျွန်မက သူ့ကိုစိတ်ဆိုးပြီးဆူလိုက်တယ်။ သူက နားမထောင်ရုံတင်မကဘဲ ကြားဖြတ်ပြောတယ်။ သူက ကျွန်မကို ဘာမှမထင်ဘူး၊ ကျွန်မကို အထင်သေးတယ်၊ လူတိုင်းရှေ့မှာ သိက္ခာကျအောင်လုပ်တယ်ဆိုပြီး ခံစားမိတယ်။ ကျွန်မက ပုံကြီးချဲ့ဖို့အတွက်၊ သူ့အပေါ် ပေါက်ကွဲပြပြီး ကျွန်မ မကျေနပ်တာကို ဖွင့်ချဖို့အတွက် ဒါကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့တယ်။ ဒါက တပ်သားတွေကိုလည်း သူတို့နာခံဖို့လိုတယ်လို့ သတိပေးဖို့ပဲ။ ကျွန်မမြင်တာကတော့ ကျွန်မက ဗိုလ်ကြီးဖြစ်ပြီး သူက တပ်စုမှူးဖြစ်တယ်။ ဒါကြောင့် ကျွန်မပြောတာကို သူ နားထောင်သင့်တယ်ပေါ့။ နားမထောင်ရင်၊ ကျွန်မကို ဆန့်ကျင်ပြီးတောင်ပြောရင် ကျွန်မက သူ့ကိုဆူရမယ်၊ အခြေအနေမှန်က ဘာလဲဆိုတာ ပြရမယ်ပေါ့။ ကျွန်မက အရမ်းမာနကြီးပြီး အထိန်းအကွပ်မဲ့နေတာပါ။ ကျွန်မက ဂုဏ်အဆင့်အတန်းရှိလာတာနဲ့ တစ်ယောက်ယောက်က ကျွန်မပြောတာ နားမထောင်တာနဲ့ တစ်ပြိုင်နက် သူတို့အပေါ် ပေါက်ကွဲပြတယ်။ သူတို့ကို ဖိနှိပ်ပြီး ကျွန်မဖြစ်ချင်တာကို အတင်းလုပ်ခိုင်းဖို့ ကျွန်မရာထူးကို အသုံးပြုတယ်။ ရလဒ်အနေနဲ့ ဘယ်သူကမှ ကျွန်မနဲ့ ဘာမှမလုပ်ချင်တော့ဘူး။ ကျွန်မက ယုံကြည်သူဖြစ်ပေမဲ့ မပြောင်းလဲခဲ့ဘူး။ ကျွန်မက ကျိုးကြောင်းမသင့်အောင်ကို မာနကြီးပြီး ဘာ လူသားပုံသဏ္ဌာန်မှမရှိဘူး။ ဒါကြောင့် လူတွေက ကျွန်မကို စက်ဆုပ်ပြီး ရှောင်ကြဉ်ကြတယ်။ ဘုရားသခင်က ရွံရှာပြီး မုန်းတီးတယ်။
အစ်မတစ်ယောက်နဲ့ ကျွန်မအတွေ့အကြုံအကြောင်းကို ပြောတယ်။ သူက ကျွန်မကို လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ “ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏အနေအထားကို ထိန်းသိမ်းပြီး တာဝန်သိသိ ပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) အဆင့်မြင့်ဖို့၊ လူတွေအထင်ကြီးလေးစားတာကိုရဖို့ ကြိုးစားတာကရှက်စရာကောင်းတဲ့အရာတစ်ခုပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့က ကိုယ့်နေရာကိုယ်နေပြီး တာဝန်သိသိနဲ့ ပြုမူသင့်တယ်။ ဒါ ဘုရားက ကျွန်မတို့ကို တောင်းဆိုတဲ့အရာပဲ။ ကျွန်မက ရှေ့ရောက်ဖို့၊ အာဏာရှိတဲ့ အရာရှိဖြစ်ဖို့၊ သူများတွေကို ဆရာလုပ်ဖို့ အလေးစားခံရပြီး ကျွန်မပြောတာကို သူများတွေနားထောင်စေဖို့ ကြိုးစားနေတာပါ။ ဒါက ဘုရားသခင် အထင်အမြင်သေးတဲ့အရာတစ်ခုပဲ။ ကျွန်မက နောင်တမရဘဲ ဆက်ပြီး နာမည်နဲ့ အဆင့်အတန်းနောက်လိုက်နေရင် လုံးဝကို မယုံကြည်သူတစ်ယောက်လိုဖြစ်မှာပဲ။ မယုံကြည်သူတွေက ပိုက်ဆံ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်ကိုလိုက်တယ်။ ဒီအရာတွေအတွက်နဲ့ အချင်းချင်း သတ်ဖြတ်၊ တိုက်ခိုက်ကြတယ်။ ကျွန်မက ယုံကြည်သူတစ်ယောက်အနေနဲ့ မယုံကြည်သူရဲ့ လမ်းကြောင်းပေါ်မနေသင့်ဘူး။ သမ္မာတရားကို လိုက်စားသင့်ပြီး ဖန်ဆင်းခံအနေနဲ့ ကျွန်မနေရာကို ယူသင့်တယ်။ ဒါကို သဘောပေါက်ပြီးတော့ ကျွန်မရဲ့ နေ့စဉ်အသက်တာမှာ သမ္မာတရားကို လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း ပြုမူဖို့ အသင့်ဖြစ်နေပြီလို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ သူများတွေနဲ့ ကျွန်မ တန်းတူညီမျှနေထိုင်သင့်ပြီး ဗိုလ်ကြီးနေရာကနေ သူများတွေကို အမိန့်ပေးနေတာကို ရပ်သင့်တယ်။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် နာမည်နဲ့ အဆင့်အတန်းနောက်လိုက်နေတာ၊ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေတာကို သမီး ရပ်ချင်ပါတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။
အဲဒီနောက်မှာ ကျွန်မက နေ့တိုင်း သူတို့ကို လာကြည့်ပြီး သူတို့ကို အလေးထားပြတယ်။ သူတို့က တစ်ခုခုမှားတာလုပ်မိပြီး ခေါင်းဆောင်က ကျွန်မကို သူတို့ကို ဆုံးမစေချင်တယ်ဆိုရင် ကျွန်မက အရင်ကလို သူတို့ကို ဆူငေါက်ပြီး ကျွန်မ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ကျွန်မ အာဏာကို ပြတာတွေ မလုပ်တော့ဘူး။ ကျွန်မက သူတို့နဲ့ အချိတ်အဆက်မိနိုင်လာတယ်။ သူတို့အမှားက ဘယ်နေရာမှာရှိတယ်လို့ပြောပြီး နောက်တစ်ခါမှာ ပိုကောင်းအောင်လုပ်ဖို့ အခွင့်အရေးပေးနိုင်ခဲ့တယ်။ ဒီလိုပုံစံနဲ့လုပ်တာ နည်းနည်းကြာလာတော့ ကျွန်မက တပ်မှူး၊ တပ်စုမှူးတွေ၊ တပ်သားတွေနဲ့ ဆက်ဆံရေးကောင်းလာတယ်။ တချို့ တပ်သားတွေက ကျွန်မကိုပြောတယ်။ ကျွန်မက အရင်က စရိုက်က တစ်မျိုးပဲ၊ သူတို့က ကျွန်မကို ကြောက်ကြတယ်၊ အမှားတစ်ခုအတွက် သူတို့ကို ကျွန်မကဆူမှာကို အမြဲတမ်း စိုးရိမ်ကြတယ် တဲ့။ ဒါပေမဲ့ အခု ကျွန်မက တော်တော်ပိုကောင်းလာပြီး သူတို့ကို စပြီး ဂရုစိုက်လာတယ်။ သူတို့က ကျွန်မနဲ့ ဆက်ဆံရတာ ပိုကောင်းလာတယ်။ ဒါကို ကြားရတော့ ကျွန်မ ဘုရားကို ကျေးဇူးတင်ပြီး သူတို့ကိုပြောလိုက်တယ်။ “ကျွန်မ ဘာကြောင့်ဒီလိုပြောင်းလဲခဲ့သလဲဆိုတာ သိလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့တာကြောင့်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ပြောင်းလဲခဲ့တယ်။ ကျွန်မ ဒီလိုပြောင်းလဲတာက အဲဒီအကြောင်းပြချက်ကြောင့်သက်သက်ပဲ။ ဘုရားဆီကို မလာခင်က ကျွန်မက အဆင့်အတန်းနဲ့ သူများတွေရဲ့ လေးစားမှုကို ရအောင်ကြိုးစားတယ်။ ကျွန်မရာထူးကို ထိန်းသိမ်းဖို့အတွက် ရှင်တို့ကို အမြဲတမ်းဆူတယ်။ ကျွန်မယုံကြည်ခြင်းကိုရပြီးတဲ့နောက်မှာ လူတွေကို မာနကြီးကြီးနဲ့ ဆူတာက မကောင်းဘူး၊ ဒါက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုပဲ၊ ဒါကို မလုပ်သင့်ဘူးဆိုတာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ခြင်းကတစ်ဆင့် ကျွန်မ သိသွားတယ်။ ကျွန်မ ကြုံတွေ့ရတဲ့ ဒီပြောင်းလဲမှုက ကျွန်မကိုယ့်ဘာသာ လုပ်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်မှုကြောင့်ပဲ။ သူ့နှုတ်ကပတ်တော်တွေက ကျွန်မကို ပြောင်းလဲပေးခဲ့တာပါ” ပေါ့။ သူတို့က ယုံတောင် မယုံနိုင်ကြဘူး။ ကျွန်မက သူတို့နဲ့ ဆက်ပြီး ဧဝံဂေလိ မျှဝေတယ်။ တပ်သားတချို့ရဲ့ မျက်နှာမှာ အပြုံးတွေပေါ်လာတယ်။ သူတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို စူးစမ်းဖို့ စိတ်ဝင်စားလာကြတယ်။ အဲဒီနောက်မှာ တပ်စုမှူး၊ တပ်မှူးနဲ့ တပ်သားတချို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ကျွန်မတို့က အတူတူစုဝေးကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တယ်။ တော်တော်အဆင်ပြေကြတယ်။ ပြီးတော့ ဧဝံဂေလိမျှဝေပြီး သက်သေခံကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။