ဘုရားနှုတ်ကပတ်တော်များက ဘဝ၌ ဦးတည်ချက်ကို ကျွန်ုပ်အား ပြပေးခဲ့
ကျွန်မ ငယ်ငယ်ကတည်းက အမြဲ အမှတ်ကောင်းကောင်း ရခဲ့ပြီး၊ စာပေနဲ့ အနုပညာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်မရဲ့ ပညာရေး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ငယ်ငယ်ကတည်းက ကျွန်မက အမြဲတမ်း ကျောင်းစာမှာ အမှတ်ကောင်းကောင်းရခဲ့ပြီး စာမေးပွဲတွေမှာဆို အတန်းထဲမှာ ခဏခဏ အမှတ်အများဆုံး ရတတ်တယ်။ စာမေးပွဲတစ်ခုအတွက် အဆင့်တွေထွက်လာတိုင်း ကျောင်းရဲ့ ဂုဏ်ပြုသင်ပုန်းမှာ ကျွန်မရဲ့နာမည်နဲ့ ဓာတ်ပုံကို အမြဲတမ်းပြထားတယ်။ ဆရာမတွေက ကျွန်မကို ကျေနပ်အားရပြီး ချီးကျူးမှု အပြည့်ရှိတဲ့ အပြုံးမျက်ဝန်းတွေနဲ့ ကြည့်တာကိုမြင်ရတာ အတန်းဖော်တွေရဲ့ ချီးကျူးစကားတွေ ကြားရတာ ကျွန်မစိတ်နှလုံးက ပျော်ရွှင်မှုတွေ ပြည့်လျှံပြီး တကယ်ကို ဂုဏ်ယူမိတယ်။ အိမ်ပြန်တဲ့အခါ လမ်းမှာတွေ့တဲ့ အိမ်နီးနားချင်းတွေက “ဒီကလေးမလေးက စာတော်လိုက်တာ။ သမီးကြောင့် သမီးမိဘတွေက အရမ်းဂုဏ်ယူမှာပဲ။ နောင်တစ်ချိန်ဆို ပီကင်းတက္ကသိုလ်၊ ဒါမှမဟုတ် စင်းဟွာတက္ကသိုလ်ကို သေချာပေါက် သွားတက်ရမှာပဲ” လို့ပြောပြီး နှုတ်ဆက်ကြတယ်။ ကျွန်မက ရှက်ပြုံးလေးပဲ ပြုံးလိုက်ပေမဲ့ စိတ်ထဲမှာတော့ ကျွန်မရဲ့မာနစိတ်က အတော်လေးကို ကျေနပ်သွားတာပေါ့။ နောက်ပိုင်းမှာ ကျွန်မက ပြည်နယ်က ထိပ်တန်းတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရခဲ့ပြီး ပထမနှစ်မှာပဲ ကိုယ့်မေဂျာမှာ ပထမရခဲ့တယ်။ ကျွန်မ သိပ်ပျော်တာပဲ။ အတန်းဖော်တွေအားလုံးက ကျွန်မရဲ့ ပါရမီကိုချီးကျူးကြတယ်၊ အားကျကြတယ်၊ မနာလိုတောင် ဖြစ်ကြတယ်။ ဆရာတွေကလည်း ကျွန်မအပေါ် မျှော်လင့်ချက်အကြီးကြီးထားကြတယ်။ ကိုယ့်ကိုယ်ကိုယ် ရွယ်တူတွေကြားထဲမှာ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာပြီလို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒါပေမဲ့ တက္ကသိုလ်ဘဝက အထက်တန်းကျောင်းတုန်းကလို အလုပ်မများဘဲ၊ တော်တော်များများအချိန်တွေမှာ တကယ့်ကို လွတ်လပ်ပေါ့ပါးပြီး အေးအေးဆေးဆေးပဲ။ အတန်းထဲမှာဆို လူမှုရေးသိပ္ပံသဘောတရားတချို့ကို လေ့လာရပြီး အဲဒီသဘောတရားတွေနဲ့ အသုံးအနှုန်းတွေကို အလွတ်ကျက်မှတ်ရတာတွေ ရှိတယ်။ ကျွန်မ တစ်ခါတလေ တွေးမိတယ်၊ “ဒီသဘောတရားတွေကို လေ့လာ၊ ကျက်မှတ်နေတာက ဘာအကျိုးရှိလဲ” ပေါ့။ အချိန်အများစုမှာတော့ စာမေးပွဲအောင်ဖို့တစ်ခုတည်းအတွက်ပဲ ကျွန်မ စာလုပ်ခဲ့တယ်။ အတန်းချိန်ပြင်ပ အားလပ်ချိန်တွေမှာဆိုရင် ကိုယ့်အတန်းဖော်တွေက အပျော်အပါးတွေနဲ့ အလေလိုက်နေကြပြီး ကျွန်မကတော့ ဖုန်းကိုပဲထိုင်ပွတ်ရင်းနဲ့ သေမလောက် ပျင်းနေခဲ့တာပေါ့။ ကျွန်မ ခဏခဏ တွေးမိတယ်၊ “ငါတို့က ဒီလို အချိန်ဖြုန်းဖို့အတွက်ပဲ ဒီလောကကြီးထဲကို ရောက်လာကြတာလား။ ကျွန်မတို့ဟာ လူတွေအနေနဲ့ ဘဝမှာ ပန်းတိုင်၊ ဦးတည်ချက်တစ်ခုခု ရှိသင့်တာမဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ ဒီမေးခွန်းတွေကို ဘယ်လိုဖြေရမလဲဆိုတာ ကျွန်မမသိခဲ့ဘူး။
ပထမနှစ် နွေရာသီကျောင်းပိတ်ရက်မှာ ညီအစ်မတစ်ယောက်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မဆီ ဟောပြောခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ရင်းနဲ့၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်က အမှုတော်အဆင့်သုံးဆင့် လုပ်ဆောင်ခဲ့တယ်ဆိုတာကို ကျွန်မ သိလာတယ်။ သခင်ယေရှုက လူသားမျိုးနွယ်ကို အပြစ်တွေကနေ ရွေးနုတ်ပေးဖို့ လက်ဝါးကပ်တိုင်မှာ အသေခံခဲ့ပုံကို ကျွန်မ မြင်ခဲ့ရတယ်၊ နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို အပြည့်အဝကယ်တင်ဖို့ ဘုရားသခင်က နောက်တစ်ကြိမ် လူ့ဇာတိခံပြီး၊ လူတွေကို တရားစီရင်ပြီး သန့်စင်ပေးဖို့ သမ္မာတရားများစွာကို ဖော်ပြခဲ့တယ်၊ အပြစ်ရဲ့ချည်နှောင်မှုတွေကနေ လုံးဝလွတ်မြောက်ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်စေခဲ့တယ်။ လူသားမျိုးနွယ်ကို ဘုရားသခင် ကယ်တင်ခဲ့တဲ့ ရိုးသားစစ်မှန်မှုနဲ့ ကြင်နာမှုကို ကျွန်မ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရတဲ့အပြင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ခံစားမိခဲ့တယ်။ ကျွန်မ အရမ်းကို စိတ်ထိခိုက်မိပြီး၊ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက အခုချိန်ဟာ နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ အရေးကြီးတဲ့အချိန်ဖြစ်ပုံကို မိတ်သဟာယဖွဲ့ကြတယ်။ ဧဝံဂေလိ ဖြန့်ဝေရေးမှာ ပါဝင်ကူညီနိုင်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိအောင် ပိုများတဲ့လူတွေကို ကိုယ်တော့်ရှေ့မှောက် ခေါ်ဆောင်နိုင်တာဟာ တော်တော့်ကို တန်ဖိုးရှိတဲ့အရာလို့ သူတို့က ပြောကြတယ်။ အဲဒီနောက် ညီအစ်မတစ်ယောက်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ ဆန္ဒများရှိလေမလားလို့ မေးလာတယ်။ ကျွန်မ နည်းနည်းတွေဝေသွားတယ်၊ “တာဝန်ထမ်းဆောင်ဖို့ဆိုတာ အချိန်နဲ့အားအင်တွေလိုတယ်။ ကျောင်းမှာက ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်တော့ ငါ့အဆင့်တွေ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန် ထမ်းဆောင်တာကို ရွေးသင့်သလား၊ ဒါမှမဟုတ် အမှတ်ကောင်းကောင်းရအောင် စာကျက်တာကို အချိန်ပေးပြီး အနာဂတ်ကောင်းကောင်းနဲ့ သူများတွေရဲ့ အထင်ကြီးလေးစားမှုတွေ ရတာကို သေချာအောင် ရွေးသင့်လား” လို့ပေါ့။ ဘယ်လမ်းကို ရွေးရမှန်းမသိတာနဲ့ ကျွန်မက စဉ်းစားဦးမယ်လို့ အဲဒီညီအစ်မကို ပြောလိုက်တယ်။ နောက်ပိုင်းသုံးလေးညမှာဆိုရင် ကျွန်မဟာ တက္ကသိုလ်လမ်းမတစ်လျှောက်မှာ လမ်းလျှောက်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တာကို ကိုယ့်ကိုယ်ကိုယ် မြင်ခဲ့ရတယ်၊ အမှတ်ကောင်းကောင်းရဖို့ ညနက်တဲ့အထိ ကြိုးစားနေကြတဲ့ တခြားကျောင်းသားတွေကို ကြည့်ရင်း၊ “ငါကရော ရွယ်တူတွေအများစုလိုပဲ ပညာရေးနဲ့ အနာဂတ်ကောင်းကို လိုက်စားဖို့ ရွေးချယ်သင့်လား။ ဒါမှမဟုတ် ဘုရားနောက်လိုက်ပြီး တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်သင့်လား” ဆိုပြီး တွေးမိတယ်။
နောက်ပိုင်းမှာ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို တွေ့မိတယ်။ “ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်ပြဋ္ဌာန်းခြင်းတို့ကြောင့် မည်သည့်အရာမျှ လုံးဝကို မရှိခြင်းဖြင့် အစပြုလာခဲ့သည့် အထီးကျန်သူတစ်ဦးသည် မိဘများနှင့် မိသားစုတစ်စုကို ရရှိသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေးအပြင် လူသားဘဝကို ကြုံတွေ့ဖို့နှင့် လူ့လောကတစ်လျှောက် ခရီးနှင်ဖို့ အခွင့်အရေးတို့ကို ရရှိလေ၏။ ၎င်းသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော အံ့ဩဖွယ်ရာများကို သိလာဖို့အခွင့်အရေးလည်း ရှိလာသည့်အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိပြီး အရှုံးပေးအပ်နှံလာဖို့ရန် အခွင့်အရေး ရရှိပေသည်။ သို့တိုင်အောင် လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် အမိအရ အသုံးမချကြပေ။ လူတို့သည် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်လျက် တစ်သက်တာ စွမ်းအင်များကို သုံးပစ်ကြပြီး မိမိတို့၏မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားခြင်းနှင့်ပတ်သက်၍ လှုပ်ရှားရုန်းကန်လျက်၊ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်အတွက် တက်သုတ်ရိုက်၍ သွားလိုက်ပြန်လိုက်လုပ်လျက် ၎င်းတို့၏ တစ်ဘဝလုံးကို ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့သည် မိသားစုချစ်ခြင်းမေတ္တာ၊ ငွေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ ဖြစ်ပြီး ၎င်းတို့က ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ကံခေခြင်းနှင့်ပတ်သက်၍ ညည်းညူကြသည်။ သို့တိုင်အောင် လူသားက အဘယ်ကြောင့် အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ လူ့ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည့် လူတို့ နားအလည်သင့်ဆုံးနှင့် အဆန်းစစ်သင့်ဆုံးသော ကိစ္စများကိုမူ ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏။ ၎င်းတို့၏ ဘဝသည် မည်မျှကြာရှည်ကောင်း ကြာရှည်ပါစေ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းနှင့်ပတ်သက်၍ ပြေးလွှားအလုပ်ရှုပ်ခြင်းမျှဖြင့် မိမိတို့၏ ဘဝတစ်ခုလုံး ကုန်ဆုံးကြသည်မှာ ၎င်းတို့၏ ပျိုမြစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည်အထိ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့က ၎င်းတို့ ဇရာထောင်းခြင်းမှ ရပ်တန့်ပေးနိုင်မည်မဟုတ်ကြောင်း၊ ငွေကြေးသည် ၎င်းတို့စိတ်နှလုံးထဲမှ အနှစ်မဲ့ခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်းတို့ကို ၎င်းတို့ သဘောပေါက်လာသည်အထိ၊ ပြီးလျှင် မည်သူကမျှ မွေးဖွားခြင်း၊ ကြီးရင့်ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေခြင်းတရားတို့၏ နိယာမများမှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိကြောင်း၊ ကံကြမ္မာ၏ စီစဉ်မှုများကို မည်သူကမျှ မရှောင်နိုင်ကြောင်း ၎င်းတို့ နားလည်သည်အထိပင် ဖြစ်လေသည်။ ၎င်းတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ လိုအပ်သည့်အခါမှသာ လူတစ်ယောက်က အလွန်ကြီးမားသော ချမ်းသာကြွယ်ဝမှုနှင့် ကြီးကျယ်သော ဥစ္စာပစ္စည်းများ ပိုင်ဆိုင်နေသည့်တိုင် အခွင့်ထူးခံဖြစ်ပြီး အဆင့်အတန်းမြင့်မားနေသည့်တိုင် သေခြင်းကို မလွတ်မြောက်နိုင်သကဲ့သို့ လူတိုင်း မိမိ၏မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဉ်တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “လူ့ဘဝတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် ဖန်ဆင်းခံသတ္တဝါအဖြစ် ၎င်းတို့၏တာဝန်ကို ကျေပွန်ခြင်းမှလွဲ၍ အရာရာသည် အချည်းနှီးဖြစ်ပြီး အမှတ်ရရန် မထိုက်တန်ပါ။ သင်သည် ကမ္ဘာကို အတုန်လှုပ်နိုင်ဆုံးသော စွမ်းဆောင်မှုတစ်ခုကို ပြီးမြောက်ခဲ့လျှင်ပင်၊ အာကာသထဲသွား၍ လကမ္ဘာဆီရောက်ဖူးပြီး ပြန်လာခဲ့လျှင်ပင် သင်သည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူး၊ သို့မဟုတ် အထောက်အကူ အနည်းငယ် ဖြစ်လာစေသော သိပ္ပံပညာဆိုင်ရာ တိုးတက်မှုများကို ပြုလုပ်ခဲ့လျှင်ပင် ယင်းသည် အချည်းနှီးဖြစ်ပြီး ယင်းတို့အားလုံးသည် ကွယ်ပျောက်သွားမည်ဖြစ်သည်။ မကွယ်ပျောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်အား သက်သေခံချက်များ၊ ဖန်ဆင်းရှင်အတွက် သက်သေရပ်တည်သော သက်သေခံချက်များ၊ အလုပ်များနှင့် လူတို့၏ ကောင်းမှုများသာလျှင် မကွယ်ပျောက်သွားဘဲ ရှိမည်ဖြစ်သည်။ ဤအရာများသည် ထာဝရ တည်မြဲနေမည်ဖြစ်ပြီး ယင်းတို့သည် အလွန်တန်ဖိုးရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အကြီးအကျယ် တို့ထိခဲ့တယ်။ ဘုရားသခင်က လူတစ်ယောက်ချင်းစီကို ဒီလောကကြီးထဲ ရောက်လာအောင် စီစဉ်ပေးတာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သိမြင်ဖို့၊ ကိုယ်တော့်ရဲ့ ဉာဏ်ပညာနဲ့ သြဇာအာဏာကို နားလည်ဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်ရအောင် သင်ယူဖို့အတွက်ပဲ။ လူတွေသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မသိရင်၊ ဒီလောကမှာ သူတို့အချိန်တွေက အလဟဿဖြစ်သွားမှာပဲ။ သူတို့က ဘာကြောင့်မွေးဖွားလာတယ်၊ ဘာကြောင့်သေဆုံးရမယ်၊ ဘာအတွက် အသက်ရှင်သင့်တယ်ဆိုတာကို သိကြမှာမဟုတ်ဘူး။ ကျွန်မ သတင်းကြေညာတာတွေ ခဏခဏ တွေ့ရတယ်၊ နာမည်ကြီးလူတွေဟာ အရမ်းကို မြှောက်စားခံရတဲ့အပြင် ပိုက်ဆံတွေအများကြီးရှာနိုင်ပြီး ဇိမ်ကျကျနေထိုင်ရပေမဲ့ စိတ်ကျရောဂါဖြစ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့အကြောင်းပေါ့။ တခြားဇာတ်လမ်းတွေမှာ အဆင့်အတန်းမြင့်တဲ့ သူဌေးတွေ ရုတ်တရက် နေမကောင်းဖြစ်ပြီး သေဆုံးသွားကြပုံကို ပြည့်ပြည့်စုံစုံဖော်ပြထားတယ်။ အဆင့်မြင့်ဘွဲ့ရပညာတတ်တွေဖြစ်တဲ့ ကျွန်မရဲ့ အဘိုးအဘွားအရင်းတွေက သူတို့တစ်သက်လုံး ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြပြီး တစ်ချိန်က ဂုဏ်ယူစရာကောင်းတဲ့ အချိန်တွေလည်း ရှိခဲ့ကြပေမဲ့ အခု အငြိမ်းစားယူထားတဲ့နှစ်တွေမှာတော့ ဘဝရဲ့အဓိပ္ပာယ်ကိုမသိဘဲ စကားစမြည်ပြော၊ အချိန်ဖြုန်းပြီး နေ့ရက်တွေကို အလဟဿ ကုန်ဆုံးနေပြီး သေခြင်းတရားကိုပဲ ဦးတည်ချက်မဲ့ စောင့်နေကြပုံကိုလည်း ကျွန်မ သတိပြုမိတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲ လေ့လာပါစေ၊ ဘယ်လောက်ပဲ ကြီးကျယ်တဲ့အောင်မြင်မှုတွေ ရထားပါစေ၊ ဒါတွေအားလုံးဟာ ယာယီဖြစ်ပြီး မတည်မြဲဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ နောက်ဆုံးမှာ ဆိုးယုတ်တဲ့ လောကဟောင်းကြီး ပျက်စီးသွားတဲ့အခါ အရာအားလုံး အချည်းနှီး ဖြစ်သွားမှာပဲ။ ဒီသိပ္ပံပညာဆိုင်ရာ အောင်မြင်မှုတွေနဲ့ ကိုယ်ပိုင်ထူးချွန်မှုတွေက လူတွေကို ဘုရားသခင်ကို နားလည်ဖို့၊ ဘုရားရှေ့မှောက်ကို လာပြီး ဘဝရဲ့ အဓိပ္ပာယ်ကို သိလာဖို့ လမ်းပြမပေးနိုင်ဘူး။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကနေ ဖယ်ရှားပြီး လူ့သဏ္ဌာန်နဲ့အညီ အသက်ရှင်နေထိုင်စေနိုင်မှာလည်း မဟုတ်ဘူး။ ဒီအောင်မြင်မှုတွေ ရပြီးရင်တောင် လူသားတွေက အရင်လိုပဲ ဖောက်ပြန်ပျက်စီးနေတုန်းပဲ။ ဒါ့အပြင်၊ အသိပညာဆိုတာက လူ့အဖွဲ့အစည်းရဲ့ အမှောင်မိုက်တဲ့အခြေအနေကို လုံးဝပြောင်းလဲနိုင်စွမ်းမရှိတဲ့အပြင် လူတွေကို မှန်ကန်တဲ့လမ်းကြောင်းနဲ့ ဦးတည်ချက်ကိုလည်း မပေးနိုင်ဘူး။ အသိပညာတွေ၊ အောင်မြင်မှုတွေက အဓိပ္ပာယ်ကိုမရှိတာပါ။ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေရဲ့ ဘုရားသခင်ကို သက်သေခံချက်နဲ့ ဘုရားသခင်ရဲ့အမှုကို တွေ့ကြုံခံစားခြင်းကနေ သူတို့ရရှိတဲ့အရာတွေကသာ ထာဝရ တည်တံ့တာပါ။ ကျွန်မသာ အသိပညာကို ရှာဖွေဖို့၊ ဒီသေတတ်တဲ့လောကရဲ့ အသီးအပွင့်တွေကို လိုက်စားဖို့ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်၊ မိသားစု၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် လုံးပန်းနေပြီး၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို သိဖို့ ပျက်ကွက်ခဲ့ရင် နောက်ဆုံးမှာ ဘာသမ္မာတရားကိုမှ သဘောပေါက်နားလည်တာမျိုး မရှိဘဲ ဘုရားသခင်အကြောင်း သိကျွမ်းမှုကို ရဖို့ပျက်ကွက်ပြီး ကိုယ့်စိတ်သဘောထားလည်း မပြောင်းလဲခဲ့ရင် ဘုရားသခင်ရဲ့အမှုကို တွေ့ကြုံခံစားဖို့ တန်ဖိုးရှိတဲ့ အခွင့်အရေးကို ကျွန်မ လက်လွှတ်ဆုံးရှုံးခဲ့မှာ မဟုတ်ဘူးလား။ ဘုရားသခင်က ကျွန်မကို ဘဝရဲ့ဦးတည်ချက်ကို ရှာတွေ့ဖို့ လမ်းပြခဲ့တယ်။ ဘဝမှာဆိုရင် သမ္မာတရားကို လိုက်စားသင့်တယ်၊ ဘုရားသခင်အကြောင်း သိကျွမ်းမှုကို လိုက်စားသင့်တယ်လို့ ကျွန်မ နားလည်ခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းမှသာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ ကျွန်မ ထိုက်တန်မှာဖြစ်ပြီး ဒီလိုဘဝမျိုးကသာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမှာပါ။ ဧဝံဂေလိတရား ဖြန့်ဝေရေးမှာ ကိုယ့်ရဲ့အားအင်ကိုသုံးပြီး လူများများကို ဘုရားရှေ့မှောက်ခေါ်ဆောင်နိုင်ဖို့က ကျွန်မရဲ့တာဝန်ဖြစ်သလို ဘုရားသခင်က ကျွန်မကို ချီးမြှောက်တာပဲ၊ ကျွန်မအနေနဲ့ ကိုယ့်အချိန်တွေကို ပညာရေးအတွက် ဖြုန်းတီးတာ ရပ်ဖို့ လိုအပ်ခဲ့ပြီး ယုံကြည်ခြင်းကို ဦးစားပေးဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက်မှာ၊ ဘွဲ့လွန်တက်ဖို့ အာမခံချက်နဲ့ ဝင်ခွင့်ရတဲ့အခွင့်အရေးကို ကျွန်မ စွန့်လွှတ်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
၂၀၂၀ ခုနှစ် အစပိုင်းမှာ၊ ကျွန်မ အိမ်မှာ တရုတ်နှစ်သစ်ကူး ကျင်းပနေတုန်း ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလာတော့ အဲဒီမှာပဲ သောင်တင်နေပြီး အသင်းတော်နဲ့ အဆက်အသွယ်မလုပ်နိုင်ခဲ့ဘူး။ ခြောက်လလောက် ကျွန်မ စုဝေးပွဲတွေ မတက်နိုင်ခဲ့သလို ဘုရားနှုတ်ကပတ်တော်တွေကိုလည်း မစားသောက်နိုင်ခဲ့ဘူး။ အဲဒီအချိန်က ကျွန်မက နောက်ဆုံးနှစ်ကျောင်းသူဖြစ်ပြီး ဘွဲ့ရတော့မှာပေါ့။ ကျွန်မအတန်းဖော်တချို့က ဘွဲ့လွန်သင်တန်းတွေ တက်ခွင့်ရနေကြပြီ၊ တချို့ကလည်း အလုပ်ကောင်းတွေ ရနေကြပြီ။ ကျွန်မကတော့ အလုပ်မရှိသေးဘူး။ ကျွန်မအဖေက မျက်နှာထားတင်းတင်းနဲ့ ခဏခဏတိုက်တွန်းတယ်၊ “ဘယ်သူ့ဘယ်သူရဲ့ ကလေးကတော့ နာမည်ကြီးကျောင်းတစ်ကျောင်းမှာ ဘွဲ့လွန်တက်ခွင့်ရသွားပြီ။ ဒီခေတ်မှာ ဘွဲ့လွန်ဒီဂရီရတာက ခေတ်စားနေတော့ အလုပ်ဈေးကွက်မှာလည်း နင် ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မယ်။ နင်က ဘာပဲဖြစ်ဖြစ် ဘွဲ့လွန်ဒီဂရီယူဖို့ ဆုံးဖြတ်ခဲ့သင့်တာ၊ ဒါပေမဲ့ နင်က ငါတို့စကားနားမထောင်ဘူး။ အခု အလုပ်မြန်မြန်မရှာရင် ဘွဲ့ရပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ” တဲ့။ ကျွန်မအဖေ့ရဲ့ တိုက်တွန်းသံတွေ ကြားရပြီး ကိုယ့်ရွယ်တူတွေအားလုံးက ပိုကောင်းတဲ့အနာဂတ်အတွက် ကြိုးစားနေကြတာကို မြင်တော့၊ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “သူပြောတာမှန်သားပဲ၊ ငါ ဘွဲ့ရတော့မယ်။ ဘွဲ့ရပြီးရင် အလုပ်မရှိတဲ့သူ တကယ် ဖြစ်ချင်လို့လား။ လူတွေက ငါ့ကို ဘာထင်ကြမလဲ။ ငါ့ကို အသုံးမကျတဲ့သူလို့ ထင်ကြမှာမဟုတ်ဘူးလား” ပေါ့။ ကျွန်မ တကယ်ကို စိတ်ဆင်းရဲခဲ့ရတယ်။ တစ်ခါက အတန်းဖော်ဟောင်းတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ၊ လူတိုင်းက သူတို့ရဲ့အနာဂတ်အစီအစဉ်တွေအကြောင်း စပြောကြတယ်။ တချို့က ဘယ်နာမည်ကြီး တက္ကသိုလ်တစ်ခုခုရဲ့ ဘွဲ့လွန်သင်တန်းကို တက်ခွင့်ရတဲ့အကြောင်း၊ တချို့က နိုင်ငံပိုင်လုပ်ငန်းတွေမှာ အလုပ်ရတဲ့အကြောင်း၊ တချို့က အစိုးရဝန်ထမ်းအဖြစ် အလုပ်ရတဲ့အကြောင်း စိတ်လှုပ်ရှားပြီး ပြောကြတယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် အရမ်းချီးကျူးကြပြီး၊ ဝင်ခွင့်မရခင်နဲ့ ရပြီးနောက်ပိုင်းက သူတို့ရဲ့အတွေ့အကြုံတွေကို ပြောကြပေမဲ့ ကျွန်မမှာတော့ ပြောစရာတစ်ခုမှ မရှိခဲ့ဘူး။ ကျွန်မနဲ့ ရွယ်တူတန်းတူတွေက ဘယ်လောက်အရှိန်အဝါကောင်းပုံ၊ သူတို့မျက်နှာတွေပေါ်မှာလည်း ဂုဏ်ယူတဲ့အပြုံးတွေ ဝေနေပုံကို မြင်တော့ ကျွန်မမှာ တိတ်တိတ်လေး အားငယ်စိတ်နဲ့ ခေါင်းငုံ့မထားဘဲ မနေနိုင်ခဲ့ဘူး၊ “အရင်က ငါက သူတို့ထက်တောင် အမှတ်တွေ ပိုကောင်းခဲ့ပြီး သူတို့အားလုံးက ငါ့ကို အထင်ကြီးလေးစားခဲ့ကြတာ၊ ဒါပေမဲ့ အခုတော့ သူတို့က ထိပ်တန်းကျောင်းတွေက ဘွဲ့လွန်ကျောင်းသားတွေဖြစ်နေကြပြီ၊ ငါကတော့ တက္ကသိုလ်ပထမဘွဲ့တစ်ခုပဲရှိတယ်။ သူတို့က ငါ့ရဲ့ ဟိုးအရှေ့မှာ ရောက်နေကြပြီ၊ နောက်ပိုင်းဆို သူတို့ရှေ့မှာ ငါ ဘယ်လိုလုပ် ခေါင်းမော့နိုင်တော့မှာလဲ။ အခုတော့ သူတို့အမြင်မှာ ငါ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာက ထိုးကျသွားပြီမဟုတ်ဘူးလား” လို့ပေါ့။ စိတ်ဓာတ်ကျအားငယ်စိတ်က ဖုံးလွှမ်းနေသလိုပဲ ကျွန်မ ခံစားခဲ့ရတယ်။ ရှေ့ဆက် ကျွန်မရဲ့ အစီအစဉ်တွေက ဘာလဲလို့ အတန်းဖော်တွေကမေးတဲ့အခါ ကျွန်မက စကားတွေထစ်ငေါ့ပြီး အနေရခက်ခက်နဲ့ သူတို့မေးခွန်းကို ရှောင်ခဲ့တယ်၊ သူတို့ရဲ့ အထင်သေးတဲ့အကြည့်တွေကို မြင်ရမှာကြောက်လို့ပေါ့။ တွေ့ဆုံပွဲတစ်လျှောက်လုံး ကျွန်မ တကယ်ကို ဖိနှိပ်ခံခဲ့ရတယ် ကျွန်မ ဘာမှမအောင်မြင်ခဲ့ဘူး၊ အတန်းဖော်တွေက ကျွန်မကို သေချာပေါက် အထင်သေးကြမှာပဲလို့ တွေးမိတယ်။ အိမ်ပြန်ရောက်တော့ ကျွန်မ ဝမ်းနည်းပြီး ငိုချလိုက်တယ်။ ငယ်ငယ်ကတည်းက ကျွန်မက သူများတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ချီးကျူးတာကို အမြဲခံခဲ့ရပေမဲ့ အခုတော့ သူတို့နောက်မှာ အများကြီး နောက်ကျကျန်နေခဲ့ပြီ။ အရင်နဲ့အခုကြားက ဒီအကြီးအကျယ်ကွာခြားတဲ့ ခံစားချက်က ကျွန်မကို ပြင်းပြင်းထန်ထန် စိတ်ထိခိုက်စေခဲ့တယ်။ ရှေ့ဆက်ပြီး ဘယ်လမ်းကြောင်းကို လျှောက်သင့်လဲဆိုတာ ကျွန်မ မသေချာတော့ဘူး။ ကျွန်မရဲ့ လက်ရှိပညာအရည်အချင်းနဲ့ဆိုရင် ဂုဏ်ရှိတဲ့အလုပ်တစ်ခုရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်မက အဲဒီဘွဲ့လွန်ကျောင်းသားတွေအောက်မှာ နိမ့်ကျနေရတာကိုပဲ ကျိတ်မှိတ်လက်ခံလိုက်ရတော့မှာလား။ ကျွန်မ ဒါကို လက်မခံနိုင်ခဲ့ဘူး။ ဒါကြောင့် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေဖို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။
နောက်ပိုင်းမှာ ကျွန်မ အသင်းတော်နဲ့ ဆက်သွယ်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေကို ကျွန်မ အိမ်ပြန်ပြီး ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်တော့မယ်၊ တစ်ခါတလေမှပဲ စုဝေးပွဲတက်မယ်လို့ ပြောလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက ပြောတယ် သူတို့က တာဝန်တစ်ခုထမ်းဆောင်ဖို့ လူတွေလိုနေတယ်၊ ကျွန်မ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စဉ်းစားပေးမလားလို့ မေးကြတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားတာက ကောင်းတဲ့အရာတွေဆိုတာ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ပျက်ကွက်တာဟာ ကျွန်မကို အများကြီး ထောက်ပံ့ပေးခဲ့တဲ့ ဘုရားသခင်ကို စိတ်ပျက်အောင်လုပ်ရာကျမယ်ဆိုတာတွေကို ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့လည်း ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ သုံးလေးလပဲ ကျန်တော့တာကို ကျွန်မ တွေးမိတယ်၊ ဒါက ကျွန်မ သိက္ခာဆည်ဖို့ နောက်ဆုံးအခွင့်အရေးပဲ။ ဘွဲ့လွန်သင်တန်းဆိုတဲ့ ဒီလှေကားထစ်ကို တက်ခွင့်ရမှသာ ကျွန်မက အဲဒီဘွဲ့မြင့်တဲ့ အတန်းဖော်တွေနဲ့ တန်းတူရှိနေနိုင်မှာ၊ မိသားစုရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ၊ ကျွန်မရဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကြားမှာ ခေါင်းမော့ရင်ကော့နိုင်မှာလေ။ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ ကျွန်မသာ လက်လျှော့လိုက်ရင်၊ ရွယ်တူတွေကြားမှာ ထူးချွန်ပြောင်မြောက်ဖို့ မျှော်လင့်ချက်အားလုံးကို ကျွန်မ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။ ကျွန်မဟာ အဲဒါကို လုပ်ဖို့ ဆန္ဒကို မရှိခဲ့ဘူး။ ဒါကြောင့် ကျွန်မက ညီအစ်ကိုမောင်နှမတွေကို ပြောလိုက်တယ် ကျွန်မက အချိန်ပြည့်တာဝန်မထမ်းဆောင်နိုင်ဘူး၊ စာမေးပွဲအတွက် ပြင်ဆင်ရင်းနဲ့ တတ်နိုင်သလောက်ပဲ တာဝန်ထမ်းဆောင်နိုင်မယ်လို့။ နောက်ပိုင်းသုံးလေးလမှာ ကျွန်မ အရမ်းကို ဖိအားများပြီး စိတ်ပင်ပန်းခဲ့ရတယ်။ နေ့ဘက်တွေမှာဆိုရင် တာဝန်ထမ်းဆောင်လိုက်၊ စုဝေးပွဲတက်လိုက်လုပ်ပြီး၊ ညဘက်အိမ်ပြန်ရောက်တဲ့အခါမှာတော့ ထူထဲတဲ့ စာကျက်စရာတစ်ပုံကြီးကို ရင်ဆိုင်ရတယ်။ ကျွန်မ အရမ်းပင်ပန်းနေပေမဲ့ မျက်လုံးကို အတင်းပြူးထားပြီး အဲဒီနေ့အတွက် ကိုယ့်ကိုယ်ကိုယ်ပေးထားတဲ့ စာကျက်စရာ ဘယ်ဟာကိုမဆို တွန်းတွန်းတိုက်တိုက် ကြိုးစားလုပ်ခဲ့တယ်။ မနက်တိုင်း မိုးလင်းတာနဲ့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ ချက်ချင်းထပြီး အသိပညာပင်လယ်ကြီးထဲကို ပြန်ပြီး ခုန်ဆင်းလိုက်တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အနားယူဖို့ အခွင့်အရေးနည်းနည်းလေးတောင် မပေးရဲခဲ့ဘူး။ အစားအစာ အဝယ်ထွက်တဲ့အခါ၊ ထမင်းဟင်းချက်၊ ပန်းကန် ဆေးတဲ့အခါမှာတောင် သင်ကြားရေးအသံဖိုင်တွေ ဖွင့်ပြီး ဆက်လေ့လာခဲ့တယ်။ နောက်ဆုံးတော့ လေးငါးလလောက် ခက်ခက်ခဲခဲပြင်ဆင်ပြီးတဲ့နောက်မှာ ကျွန်မ ဘွဲ့လွန်သင်တန်းကို ဝင်ခွင့်ရခဲ့တယ်။ စာမေးပွဲအမှတ်ကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်မ အရမ်းကို စိတ်လှုပ်ရှားသွားတယ်။ အခုတော့ အရင်က ကျွန်မရခဲ့တဲ့ ဂုဏ်သိက္ခာတချို့ကို နောက်ဆုံးမှာ ပြန်ရပြီ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကြားမှာ ခေါင်းမော့ရင်ကော့နိုင်ပြီ၊ သူများတွေ အထင်သေးမှာကို စိုးရိမ်စရာမလိုတော့ဘူးပေါ့။ ကျွန်မ ဘွဲ့လွန်သင်တန်းဝင်ခွင့်ရတယ်ဆိုတာကြားတော့ အတန်းဖော်တွေအားလုံးက ဂုဏ်ပြုစကားတွေ တသီကြီး ပြောကြတယ်။ ကျွန်မအဖေကဆိုရင် ပါးစပ်မစိနိုင်အောင်ကို ပျော်နေခဲ့ပြီး အိမ်နီးနားချင်းတွေ၊ ဆွေမျိုးတွေအားလုံးကို ဒီသတင်းကောင်းကို ပြောပြချင်နေခဲ့တယ်။ ကျွန်မ အိမ်ပြန်ရောက်တော့ အိမ်နီးနားချင်းတွေအားလုံးက လက်မထောင်ပြီး ချီးကျူးကြတယ်၊ “ဘွဲ့လွန်တက်ခွင့်ရတယ်၊ တော်လိုက်တာ။ နင်က ငယ်ငယ်ကတည်းက စာတော်တဲ့ ကျောင်းသားတစ်ယောကပဲ။ နင့်အဖေ အရမ်းကို ဂုဏ်ယူမှာပဲ” တဲ့။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် အရမ်း ကျေနပ်ပီတိဖြစ်ပြီး နောက်ဆုံးတော့ ခေါင်းမော့နိုင်ခဲ့ပြီ။
အချိန်ကလည်း မြန်လိုက်တာ၊ ကျောင်းဖွင့်ရာသီရောက်လာပြီး ကျွန်မက ပညာရေးနဲ့ ကိုယ့်တာဝန်ထမ်းဆောင်ခြင်းကြားမှာ အချိန်ကို မျှတအောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဘွဲ့လွန်ကျောင်းသားတွေက တစ်နေ့ကို အတန်းချိန်တွေအများကြီးတက်ရပြီး အားလပ်ချိန်တွေမှာလည်း အိမ်စာတွေပြီးအောင် လုပ်ရတော့၊ ဒီလိုနဲ့ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းတွေ လက်တွေ့လုပ်ဖို့နဲ့ ဘုရားနှုတ်ကပတ်တော်တွေဖတ်ဖို့ အချိန်မရှိတော့ဘူး။ တစ်ခါတလေ ကိုယ့်တာဝန်မှာ ဖောက်ပြန်ပျက်စီးမှုတွေ ထုတ်ဖော်နေမှန်း သိပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ အချိန်မရှိတော့၊ စိတ်တိုပြီး စိတ်ဆင်းရဲရတယ်။ တစ်ခါတလေ ကျွန်မ တွေးမိတယ်၊ “ဘုရားနှုတ်ကပတ်တော်တွေဖတ်ဖို့၊ သမ္မာတရားကို ရှာဖွေဖို့ အချိန်မရှိရင် ငါ့အသက်တာက ဘယ်လိုတိုးတက်မှာလဲ။ ဒါပေမဲ့ အိမ်စာတွေကလည်း ပုံပြီးရင်းပုံနေတာပဲ၊ ပြီးအောင်လုပ်ဖို့ လိုတယ်။ ပြီးတော့ ကျွန်မ အတန်းဖော်တွေက သူတို့ရဲ့အရည်အချင်းနဲ့ အဆင့်အတန်းကို တိုးတက်အောင်လုပ်ဖို့ အစွမ်းကုန် အားစိုက်ထုတ်ပြီး ပိုလို့တောင် ကြိုးစားသင်ယူ၊ သုတေသနလုပ်နေကြတာ။ ငါသာ စာသင်ဖို့ အချိန်မပေးရင်၊ သူတို့နောက်မှာ ကျန်နေခဲ့ပြီး ဘယ်တော့မှ ထူးချွန်လာမှာ မဟုတ်တော့ဘူး မဟုတ်လား” လို့ပေါ့။ ဒါက ကျွန်မကို စိုးရိမ်စေပြီး ညှဉ်းပန်းခဲ့တယ်။ ကိုယ့်အိပ်မက်ထဲက ဘွဲ့လွန်သင်တန်းကို ဝင်ခွင့်ရပြီးတဲ့နောက်မှာတောင် ဘာကြောင့် ငါမပျော်ရွှင်ရသေးတာလဲ။
တစ်ညမှာတော့ ကျောင်းက ကြေညာချက်တစ်ခု ထုတ်ပြန်တယ်။ ကမ္ဘာ့ကပ်ဘေးကြောင့် ကျောင်းဝင်းကို ပိတ်ထားမှာမို့လို့ လာမဲ့သုံးလေးရက်ကစပြီး ကျောင်းဝင်းထဲ ဝင်လာတဲ့ ကျောင်းသားတွေဟာ စိတ်ထင်တိုင်း အပြင်ထွက်လို့ရမှာ မဟုတ်ဘူးတဲ့။ ကျွန်မ ဆုံးဖြတ်ချက်ချရမဲ့အချိန် ရောက်ပြီဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မသာ ပညာရေးကို ဆက်သင်ဖို့ရွေးရင် ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ့်တာဝန်ထမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျွန်မသာ ကိုယ့်တာဝန်ကို ဘေးဖယ်ထားပြီး စုဝေးပွဲတွေတောင် မတက်နိုင်တော့ဘူးဆိုရင်၊ ကျွန်မအသက်တာက သေချာပေါက် နစ်နာဆုံးရှုံးမှာပဲ။ နောက်ပြီးတော့ ကျွန်မသာ ကျောင်းမှာပဲ အချိန်ကုန်နေပြီး စုဝေးပွဲတွေ မတက်နိုင်တော့ဘူးဆိုရင်၊ ကျွန်မက လောကီမှာ အနာဂတ်ကို လိုက်စားဖို့ပဲ အားလုံးကို မြှုပ်နှံလိုက်မှာ သေချာတယ်၊ အဲဒီကနေ ပြန်လှည့်ဖို့ ခက်သွားလိမ့်မယ်။ ကျွန်မသာ သမ္မာတရားကို မရရှိခဲ့ရင်၊ အရာရာအပေါ် ကျွန်မရဲ့အမြင်တွေ မပြောင်းလဲဘဲ၊ နောက်ဆုံးမှာ တခြားဘာသာတရားမရှိသူတွေနဲ့အတူ နွံနစ်နေပြီး ဆိုးယုတ်တဲ့ ရေစီးကြောင်းတွေကို လိုက်စားရင် နောက်ဆုံးမှာ စာတန်ရဲ့ သက်ရှိပုံသဏ္ဌာန်ဖြစ်လာပြီး ပျက်စီးခြင်းနဲ့ ဖျက်ဆီးခြင်းကို ခံရဖို့ပဲ ရှိတော့မှာပဲ။ ဘေးအန္တရာယ်တွေက စနေပြီ ပြီးတော့ ဧဝံဂေလိတရား ဖြန့်ဝေဖို့ အရေးကြီးတဲ့အချိန်လည်း ဖြစ်တယ်။ ကျွန်မသာ လောကီလိုက်စားတွေကို ဆက်လုပ်ပြီး ကိုယ့်တာဝန်မထမ်းဆောင်ဘဲကောင်းမှုတွေကို လုံးဝမပြင်ဆင်ဘူးဆိုရင် ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ ကွယ်ကာမှုကို သေချာပေါက် ရမှာမဟုတ်ဘူး၊ အဲဒီအခါကျရင် တခြားဘာသာတရားမရှိသူတွေလိုပဲ ဘေးအန္တရာယ်တွေထဲမှာ ကျရောက်သွားမှာ မဟုတ်ဘူးလား။ ဒါတောင်မှ ကျွန်မရဲ့ ပညာရေးကိုလည်း မစွန့်လွှတ်နိုင်ခဲ့ဘူး။ ဒီသင်တန်းကို ဝင်ခွင့်ရဖို့ဆိုတာ လွယ်ကူတဲ့ စွမ်းဆောင်မှု မဟုတ်ဘူး၊ ဒီတော့ ကျွန်မ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ်နဲ့ ထွက်လိုက်နိုင်မှာလဲ။ ကျွန်မသာ ထွက်လိုက်ရင်၊ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှုကို ပြန်ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။ အဲဒါဆိုရင် ကျွန်မဟာ ရွယ်တူတန်းတူတွေထက် နိမ့်ကျပြီး ဖိနှိပ်ခံဘဝနဲ့ အသက်ရှင်ရမှာ မဟုတ်ဘူးလား၊ ဂုဏ်ယူဝင့်ကြွားမှုနဲ့ ခေါင်းမမော့နိုင်တော့ဘူး မဟုတ်လား။ ထွက်ဖို့စဉ်းစားလိုက်တဲ့အခါ၊ ကျွန်မ အရမ်းစိတ်ဆင်းရဲပြီး ဘာမှလုပ်ချင်စိတ်မရှိတော့ဘူး။ မနက်တိုင်း နိုးလာတာနဲ့ ကိုယ့်ရှေ့မှာချထားတဲ့ ရွေးချယ်စရာတွေကို တွေးမိပြီး သောကပင်လယ်ထဲ နစ်မြုပ်သွားတယ်။
နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “ဘုရားသခင်သည် လူတစ်ယောက်ချင်းစီ မွေးဖွားချိန်မှ ပစ္စုပ္ပန်အချိန်ထိ ဆယ်စုနှစ်များအတွင်း ၎င်းတို့အတွက် အဖိုးအခပေးဆပ်မှုတစ်ခုသာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်မြင်သည့်ပုံစံမှာ သင်သည် ဤလောကသို့ အကြိမ်ရေ မရေမတွက်နိုင်အောင် ရောက်ရှိပြီးဖြစ်သည်။ အကြိမ်မရေမတွက်နိုင်အောင် လူပြန်ဝင်စားပြီးဖြစ်သည်။ ဤအရာကို မည်သူက ကြီးကြပ်ကွပ်ကဲသနည်း။ ဘုရားသခင်က ကြီးကြပ်ကွပ်ကဲပေသည်။ ဤအရာများကို သင်သိဖို့ မဖြစ်နိုင်ပေ။ ဤလောကသို့ သင်လာရောက်သော အချိန်တိုင်းတွင် ဘုရားသခင်ကိုယ်တိုင် သင့်အတွက် အစီအစဉ်များပြုလုပ်သည်။ သင်အသက်ရှင်မည့် နှစ်အရေအတွက်၊ သင်မွေးဖွားလာရမည့် မိသားစုအမျိုးအစား၊ သင်အိုးအိမ်ထူထောင်ပြီး အသက်မွေးအလုပ် တည်ဆောက်မည့်အချိန်အပြင် ဤလောကတွင် သင်လုပ်ဆောင်မည့်အရာနှင့် သင်အသက်မွေးမည့် နည်းလမ်းတို့ကိုပါ ဘုရားသခင်က စီစဉ်သည်။ ဤဘဝတွင် သင်၏ အထူးတာဝန်ကို နှောင့်နှေးခြင်းမရှိဘဲ ပြီးမြောက်နိုင်ရန်အလို့ငှာ ဘုရားသခင်သည် သင့်အတွက် ဝမ်းစာရှာဖို့ နည်းလမ်းကို စီစဉ်ပေးသည်။ သင်၏ နောက်တစ်ဖန် လူဝင်စားခြင်းတွင် သင်လုပ်ဆောင်သင့်သည့် အရာနှင့်ပတ်သက်လျှင်မူ သင့်တွင် ရှိသင့်သည့် အရာနှင့် သင့်အား ပေးသင့်သည့် အရာတို့နှင့်အညီ ဘုရားသခင်က ထိုဘဝကို စီစဉ်ပြီး သင့်အား ပေးအပ်သည်။...ဤအစီအစဉ်များကို သင့်အတွက် ကြိမ်ဖန်များစွာ ဘုရားသခင်ပြုလုပ်ပေးခဲ့၏။ ထို့နောက် အဆုံးတွင် သင်သည် နောက်ဆုံးသော ကာလဟူသည့် ခေတ်၌၊ သင်၏ လက်ရှိမိသားစုတွင် မွေးဖွားလာသည်။ ဘုရားသခင်သည် သူ့အား သင်ယုံကြည်နိုင်မည့် ပတ်ဝန်းကျင်ကို သင့်အတွက် စီစဉ်ပေးခဲ့သည်။ သူသည် သင့်အား သူ၏အသံကို ကြားခွင့်ပေးပြီး သူ့ရှေ့မှောက်သို့ ပြန်လာခွင့် ပေးခဲ့သည်။ ထိုသို့အားဖြင့် သင်သည် သူ့နောက်သို့ လိုက်နိုင်ရန်နှင့် သူ၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ဖြစ်သည်။ ယနေ့အချိန်ထိ သင်ရှင်သန်ခဲ့သည်မှာ ဘုရားသခင်ထံမှ ဤသို့သော လမ်းပြမှုကြောင့်သာဖြစ်သည်။ လူတို့အလယ် သင်အကြိမ်မည်မျှ မွေးဖွားပြီးခဲ့ပြီ၊ သို့မဟုတ် သင်၏ အသွင်အပြင်က အကြိမ်မည်မျှ ပြောင်းလဲခဲ့သည်၊ သို့မဟုတ် မိသားစုမည်မျှ သင့်တွင် ရှိခဲ့သည်၊ သို့မဟုတ် ခေတ်ကာလနှင့် မင်းဆက်မည်မျှတစ်လျှောက် သင်အသက်ရှင်ခဲ့သည်တို့ကို သင်မသိပေ။ သို့သော် ဘုရားသခင်၏ လက်တော်က သင့်ကို တစ်ချိန်လုံး ပံ့ပိုးပေးနေခဲ့သည်။ သူသည် သင့်ကို အမြဲ စောင့်ရှောက်နေခဲ့၏။ လူတစ်ယောက်အကျိုးအတွက် ဘုရားသခင်က အပင်ပန်းခံလိုက်လေခြင်း။ လူအချို့က ‘ကျွန်ုပ်သည် အသက်ခြောက်ဆယ်ရှိပါပြီ။ အနှစ်ခြောက်ဆယ်တိုင် ဘုရားသခင်က ကျွန်ုပ်ကို စောင့်ရှောက်၊ ကာကွယ်ပေးကာ လမ်းပြပေးခဲ့ပါသည်။ ကျွန်ုပ်အိုမင်းလာသည့်အခါ တာဝန်လည်း မထမ်းဆောင်နိုင်၊ မည်သည့်အရာကိုမျှလည်း မလုပ်နိုင်လျှင် ဘုရားသခင်က ကျွန်ုပ်ကို ဂရုစိုက်ပါဦးမည်လော’ ဟူ၍ ဆိုသည်။ ဤသို့ပြောသည်မှာ ကလေးမဆန်သလော။ ဘုရားသခင်သည် ဘဝသက်တမ်း တစ်ခုတည်းအတွက်သာ လူတစ်ဦး၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စိုးမိုးခြင်း၊ ထိုလူကို စောင့်ရှောက်ပေးပြီး ကာကွယ်ပေးခြင်း မဟုတ်ပေ။ ဘဝသက်တမ်းတစ်ခုတည်း၊ တစ်ဘဝတည်းနှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်လျှင် ဘုရားသခင်က အနန္တတန်ခိုးရှိပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စိုးမိုးကြောင်းကို လက်တွေ့ပြနိုင်မည် မဟုတ်ပေ။ လူတစ်ယောက်အတွက် ဘုရားသခင်ပြုသော အားထုတ်မှုနှင့် သူပေးဆပ်သော အဖိုးအခသည် ဤဘဝတွင် ထိုလူ လုပ်ဆောင်သည့်အရာကို စီစဉ်ခြင်းမျှသာ မဟုတ်ဘဲ မရေမတွက်နိုင်သော ဘဝသက်တမ်းများအတွက် စီစဉ်ပေးခြင်းဖြစ်သည်။ လူဝင်စားသော ဝိညာဉ်တိုင်းအတွက် ဘုရားသခင်က အပြည့်အဝ တာဝန်ယူသည်။ သူသည် သူ၏အသက်နှင့် ရင်းကာ အဖိုးအခပေးပြီး လူတိုင်းကို လမ်းပြ၍ ၎င်းတို့၏ ဘဝအသီးသီးကို စီစဉ်ပေးလျက် အာရုံစူးစိုက်စွာ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အကျိုးအတွက် ဤနည်းဖြင့် အပင်ပန်းခံပြီး အဖိုးအခပေးဆပ်သည်။ သူသည် ဤသမ္မာတရားများအားလုံးနှင့် ဤအသက်ကို လူအား ပေးအပ်သည်။ အကယ်၍ ဤနောက်ဆုံးနေ့ရက်များတွင် လူတို့သည် ဖန်ဆင်းခံတို့၏ တာဝန်ကို မထမ်းဆောင်လျှင်၊ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်မလာလျှင်၊ ဘဝပေါင်းမည်မျှနှင့် မျိုးဆက်ပေါင်းမည်မျှကို ၎င်းတို့ရှင်သန်လာခဲ့ပါစေ အကယ်၍ အဆုံးတွင် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မလုပ်ဘဲ ဘုရားသခင်၏ တောင်းဆိုချက်များကို မပြည့်မီနိုင်လျှင် ဘုရားသခင်အပေါ် တင်နေမည့် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းမည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ပေးခဲ့သည့် အဖိုးအခအားလုံးနှင့် မထိုက်တန်ဘဲ ဖြစ်နေမည်မဟုတ်လော။ ၎င်းတို့သည် အသိတရား အလွန်တရာ ကင်းမဲ့နေမည်မှာ လူဟူ၍ပင် ခေါ်ဆိုခံထိုက်ကြမည် မဟုတ်။ ဘုရားသခင်အပေါ် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းနေမည် ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဤဘဝတွင်၊ သင်၏ ယခင်က ဘဝများကို ငါပြောဆိုခြင်းမဟုတ်ဘဲ ဤဘဝတွင် သင်သည် သင်၏ အထူးတာဝန်အတွက် ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုများအပြင် မိသားစု၏ ချစ်ခြင်းနှင့် ပျော်ရွှင်မှုကဲ့သို့သော သင်ချစ်သောအရာများ၊ သို့မဟုတ် ပြင်ပအရာများကို မစွန့်လွှတ်နိုင်လျှင်၊ သင့်အတွက် ဘုရားသခင်ပေးဆပ်သော အဖိုးအခများအလို့ငှာ၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန်အလို့ငှာ ဇာတိပကတိ၏ သာယာမှုများကို မစွန့်လွှတ်လျှင် သင်သည် အမှန်တကယ်ပင် ကောက်ကျစ်ဆိုးယုတ်သည်။ စင်စစ်အားဖြင့် ဘုရားသခင်အတွက် သင်ပေးဆပ်သော မည်သည့်အဖိုးအခမဆို ထိုက်တန်သည်။ ဘုရားသခင်က သင့်ကိုယ်စား ပေးဆပ်သော အဖိုးအခနှင့် နှိုင်းယှဉ်လျှင် သင်ပေးဆပ်သည့်၊ သို့မဟုတ် အသုံးခံသည့် သေးငယ်လှသော ပမာဏက အဘယ်ပြောပလောက်သနည်း။ သင်အနည်းငယ် ဒုက္ခခံခြင်းက အဘယ်ပြောပလောက်သနည်း။ ဘုရားသခင်က မည်မျှ ဒုက္ခခံခဲ့သည်ကို သင်သိသလော။ ဘုရားသခင် ဒုက္ခခံခဲ့သည့်အရာနှင့် နှိုင်းယှဉ်လျှင် သင်ခံရသော ဒုက္ခအနည်းငယ်သည် ထုတ်ပြောဖို့ရန်ပင် မထိုက်တန်ပေ။ ထို့အပြင် ယခုတွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိနေသည်။ အဆုံးတွင် သင်သည် အသက်ရှင်ကျန်ရစ်မည်ဖြစ်ပြီး ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရလိမ့်မည်။ မည်မျှကြီးသော ကောင်းချီးဖြစ်သနည်း။ ဘုရားသခင်နောက်သို့ လိုက်စဉ်တွင် သင်ဒုက္ခခံသည်ဖြစ်စေ၊ အဖိုးအခပေးဆပ်သည်ဖြစ်စေ သင်သည် အမှန်တကယ်တွင် ဘုရားသခင်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ ဘုရားသခင်က ငါတို့ကို မည်သည့်အရာ လုပ်ဆောင်ခိုင်းသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များကို ငါတို့ နားထောင်သည်။ ထိုနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်သည်။ ဘုရားသခင်ကို မပုန်ကန်နှင့် သို့မဟုတ် ဘုရားကို ဝမ်းနည်းစေမည့် မည်သည့်အရာကိုမျှ မလုပ်နှင့်။ ဘုရားနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သင်သည် အနည်းငယ် ဒုက္ခခံရမည်။ အချို့သောအရာများကို စွန့်လွှတ်ပြီး ဘေးဖယ်ထားရမည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေးနှင့် လောကီသာယာမှုများကို စွန့်လွှတ်ရမည်။ အိမ်ထောင်ရေး၊ အလုပ်အကိုင်နှင့် ကမ္ဘာလောကရှိ သင်၏ တက်လမ်းများကဲ့သို့သော အရာများကိုပင် စွန့်လွှတ်ဖို့ လိုသည်။ ဤအရာများကို သင် စွန့်လွှတ်ခဲ့ခြင်းရှိမရှိ ဘုရားသခင်သိသလော။ ဘုရားသခင်က ဤအရာအားလုံးကို မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ဤအရာများကို သင် စွန့်လွှတ်ပြီးဖြစ်ကြောင်း ဘုရားသခင် မြင်သောအခါ မည်သည့်အရာကို သူလုပ်ဆောင်မည်နည်း။ (ဘုရားသခင်သည် စိတ်သက်သာရာရပြီး ပီတိဖြစ်ပါလိမ့်မည်။) ဘုရားသခင်က အားရပြီး ‘ငါ ပေးဆပ်ခဲ့သော အဖိုးအခများသည် အသီးအပွင့် ဖြစ်ထွန်းခဲ့ပြီ။ လူတို့သည် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိကြသည်။ ၎င်းတို့တွင် ဤစိတ်ခိုင်မာမှုရှိသည်။ ၎င်းတို့ကို ငါရရှိခဲ့လေပြီ’ ဟူ၍သာ ပြောဆိုမည်မဟုတ်။ ဘုရားသခင်က အားရသည်၊ ပျော်ရွှင်သည်ဖြစ်စေ၊ ကျေနပ်သည်၊ စိတ်အေးသည်ဖြစ်စေ ဘုရား၌ ထိုသဘောထားသာ ရှိခြင်းမဟုတ်ပေ။ သူသည် ပြုမူဆောင်ရွက်ခြင်းလည်း ရှိပြီး သူ၏ အမှုတော်က ရရှိသည့် ရလဒ်များကို မြင်လိုသည်။ ဤသို့မဟုတ်လျှင် လူတို့အပေါ် သူ တောင်းဆိုသောအရာသည် အဓိပ္ပာယ်မရှိ ဖြစ်လိမ့်မည်။ လူအပေါ် ဘုရားသခင် ပြသသော ကျေးဇူးတော်၊ ချစ်ခြင်း၊ သနားကရုဏာတို့သည် သဘောထားအမျိုးအစားတစ်ခုမျှသာ မဟုတ်ပေ။ အမှန်တရားလည်း ဖြစ်သည်။ မည်သည့်အမှန်တရားနည်း။ သင့်အတွင်းတွင် ဘုရားနှုတ်ကပတ်တော်များကို ဘုရားသခင်ထည့်သွင်းပေးပြီး သင့်အား ဉာဏ်ပွင့်စေသည်ဟူသည့် အချက်ပင်။ ထိုသို့အားဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အရာက ချစ်ဖွယ်ဖြစ်ကြောင်း၊ ဤလောကသည် မည်သည့်အရာပင် ဖြစ်ကြောင်းတို့ကို သင်မြင်နိုင်ဖို့၊ သင်၏ စိတ်နှလုံးသည် အလင်းနှင့် ပြည့်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်နားလည်စေဖို့ဖြစ်သည်။ ဤနည်းအားဖြင့် မသိလိုက်ပါဘဲနှင့် သမ္မာတရားကို သင်ရရှိသည်။ ဘုရားသခင်သည် အလွန်စစ်မှန်သော နည်းဖြင့် သင့်အပေါ်တွင် များစွာအလုပ်လုပ်ကာ သင့်အား သမ္မာတရားကို ရရှိစေသည်။ သမ္မာတရားကို သင်ရရှိသောအခါ၊ ထာဝရအသက်ဟူသည့် တန်ဖိုးအရှိဆုံးအရာကို သင်ရရှိသောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်များ ပြည့်စုံလေသည်။ လူတို့သည် သမ္မာတရားကို လိုက်စားနေပြီး ဘုရားနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိသည်ကို ဘုရားသခင်က မြင်သောအခါ ပျော်ရွှင်ကျေနပ်သည်။ ထိုအခါတွင် ဘုရား၌ သဘောထားတစ်ခု ရှိ၏။ ထိုသဘောထားရှိနေစဉ်တွင် ဘုရားသည် အလုပ်လုပ်ပြီး လူကို အသိအမှတ်ပြုကာ ကောင်းချီးပေးသည်။ ဘုရားက ‘သင်ထိုက်တန်သည့် ကောင်းချီးများနှင့် ငါသင့်ကို ဆုချီးမြှင့်မည်’ ဟု ပြောသည်။ ထို့နောက် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် ဖန်ဆင်းရှင်ကို သိကျွမ်းမှုရှိပြီး သူ၏ အသိအမှတ်ပြုခြင်းကို ရသည့်အခါ သင်၏ စိတ်နှလုံးတွင် ဗလာဖြစ်နေခြင်းကို ခံစားရဦးမည်လော။ ခံစားရမည်မဟုတ်ပေ။ သင်သည် ကျေနပ်လိမ့်မည်ဖြစ်ပြီး ဝမ်းမြောက်သည့်စိတ်ကို ခံစားရမည်။ လူတစ်ယောက်၏ ဘဝက တန်ဖိုးရှိသည်ဟု ဆိုရာ၌ ဤအရာကို ဆိုလိုခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး ဘဝဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အရေးပါသည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ လက်ရှိအချိန်ထိ ကျွန်မရဲ့လမ်းခရီးမှာ ခြေလှမ်းတိုင်းကို လမ်းပြပြီး ကာကွယ်ပေးခဲ့တာဟာ ကိုယ်တော်ပဲဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို နောက်ဆုံးသောကာလမှာ မွေးဖွားခွင့်ပေးပြီး ကိုယ်တော်ရဲ့နောက်ဆုံးသောကာလအမှုကို လက်ခံနိုင်လောက်အောင် ကံကောင်းခွင့်ပေးခဲ့တာဟာ အနာဂတ်အလားအလာနဲ့ အသက်မွေးဝမ်းကျောင်းကို လိုက်စားဖို့အတွက်ချည်းပဲ မဟုတ်ခဲ့ဘူး။ မဟုတ်ဘူး၊ ကိုယ်တော်က ကျွန်မကို ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုကို လက်ခံရရှိစေချင်တယ်၊ သမ္မာတရားကို နားလည်လာပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းစေချင်တာပါ။ ဘုရားသခင်က လူတွေအတွက် စီစဉ်ပေးတဲ့ မိသားစုနဲ့အလုပ်ဆိုတာ ယာယီပဲ။ ကျွန်မသာ မိသားစုရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဒါမှမဟုတ် ရုပ်ဝတ္ထုဆိုင်ရာ သာယာမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် အဆင့်တစ်ခုကို ရဖို့အတွက်နဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ငြင်းပယ်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့တာဝန်ကို မထမ်းဆောင်ဘဲနေခဲ့မယ်ဆိုရင်၊ ဘုရားသခင်ရဲ့ထောက်ပံ့မှုနဲ့ မထိုက်တန်ဘဲ ကယ်တင်ခြင်းရဖို့ အခွင့်အရေးကောင်းကို လက်လွှတ်ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။ ကျွန်မသာ တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်ခဲ့ရင်၊ ကိုယ်ပိုင်အကျိုးစီးပွားတချို့ကို စွန့်လွှတ်ရနိုင်ပေမဲ့ အဖိုးတန်ဆုံးဖြစ်တဲ့ သမ္မာတရားကို ရရှိမှာဖြစ်ပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ရရှိပြီး အသက်ရှင်ကျန်ရစ်မှာပဲ။ ဒါတွေက လက်တွေ့အကျဆုံးဖြစ်တဲ့ အကျိုးကျေးဇူးတွေပဲ။ ဒီလိုသဘောပေါက်ပြီးတဲ့နောက်မှာ၊ ကျွန်မ အရမ်းကို စိတ်ထိခိုက်ပြီး တက်ကြွလာတယ်၊ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင် တိုက်တွန်းအားပေးပြီး လမ်းပြနေသလို ခံစားခဲ့ရတယ်။ အဲဒီနောက်မှာ ‘နောင်တမရှိသော ရွေးချယ်မှု’ လို့ခေါ်တဲ့ အတွေ့အကြုံသက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့တယ်။ အဲဒီထဲမှာ ညီအစ်မတစ်ယောက်က ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေဖို့အတွက် စင်းဟွာတက္ကသိုလ်မှာ ပညာသင်ကြားခွင့်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့တယ်။ ဗီဒီယိုထဲမှာ၊ အဲဒီညီအစ်မက သူ့ဆရာကို ဧဝံဂေလိတရား ဟောပြောတဲ့အခါ၊ သူ့ဆရာက အရမ်းကို စိတ်လှုပ်ရှားပြီး ဝမ်းသာမျက်ရည်တွေ ကျလာခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူက သခင့်ရဲ့ကြွလာခြင်းကို နာကျင်လောက်အောင် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရပြီး နောက်ဆုံးမှာ သူ ဒီလောက်တောင် စောင့်မျှော်နေခဲ့ရတဲ့ ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို ရှာတွေ့ခဲ့လို့ပဲ။ ဒီဗီဒီယိုက ကျွန်မအပေါ်မှာ အထူးသဖြင့် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိခဲ့တယ်။ ကျွန်မရဲ့အတန်းဖော်တွေ၊ သူငယ်ချင်းတွေအားလုံးကို ကျွန်မ တွေးမိတယ်၊ သူတို့က ဘဝရဲ့ တကယ့်အဓိပ္ပာယ်ကို နားမလည်ဘဲ စာတန်ရဲ့အာဏာအောက်မှာ ဒုက္ခဆင်းရဲတွေနဲ့ နေထိုင်နေကြရတုန်းပဲ။ ကျွန်မက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လက်ခံရလောက်အောင် ကံကောင်းခဲ့တာမို့၊ တာဝန်တစ်ခုကို ယူသင့်တယ်၊ သမ္မာတရားကို အစွမ်းကုန်လိုက်စားသင့်တယ်၊ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေသင့်တယ်။ ပိုများတဲ့ လူတွေကိုတောင် ဘုရားရှေ့မှောက်ခေါ်ဆောင်ပြီး ကိုယ်တော်ရဲ့ တရားစီရင်မှုကို လက်ခံစေသင့်တယ်။ သန့်စင်ခြင်းခံရပြီး ကယ်တင်ခြင်းကို ရရှိစေသင့်တယ်။ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ လမ်းညွှန်မှုအောက်မှာ အသက်ရှင်စေသင့်တယ်။ အဲဒါဟာ အံ့ဩစရာကောင်းလိုက်မဲ့ဖြစ်ခြင်း။ ဒီလို သဘောပေါက်လိုက်တော့၊ ကျွန်မရဲ့ပညာရေးကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ယုံကြည်ဖို့ပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း ဆုံးဖြတ်ချက်ချရမဲ့အချိန်ရောက်တော့၊ ကျွန်မအတွက် နည်းနည်းခက်နေတုန်းပဲ။ ကျွန်မ တွေးမိတယ်၊ “ငါသာ ကျောင်းဆက်မတက်တော့ဘူးဆိုရင်၊ နောင်တစ်ချိန်မှာ ထူးချွန်ပြောင်မြောက်ဖို့ အခွင့်အရေး ဘယ်တော့မှ ရတော့မှာမဟုတ်ဘူး” လို့ပေါ့။ ကျွန်မရဲ့မိသားစု၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေရဲ့ ချီးကျူးစကားတွေက ကျွန်မ လက်လွှတ်ရခက်တဲ့ ဂုဏ်သိက္ခာတစ်မျိုးလို ဖြစ်နေခဲ့တယ်။
ကျွန်မရဲ့ဒုက္ခဆင်းရဲတွေကြားထဲမှာ၊ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခဲ့ရတယ်။ “လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း၊ စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဆန္ဒများ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် သင့်ကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော စံအယူအဆများ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်။ ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ လူတို့က မိမိတို့၏ ဘဝ ရည်သန်မျှော်မှန်းချက်များအကြောင်း ပြောရန် အသုံးပြုသည့် စကားများသည် မည်မျှကြီးကျယ်နေပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ‘ကျော်ကြားမှု’နှင့် ‘အကျိုးအမြတ်’ တို့နှင့် ခွဲခြားမရနိုင်အောင် ချိန်ဆက်နေသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အသုံးပြုနိုင်သည့် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် လိုလားစွာ၊ သို့သော်လည်း အမှုမဲ့အမှတ်မဲဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ထိုနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ ကျွန်မ တဖြည်းဖြည်း နားလည်လာခဲ့တယ် ကျွန်မ အမြဲတမ်း အမှီပြုခဲ့တဲ့ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်”၊ “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” ဆိုတာမျိုး ဒီအမြင်တွေ၊ အယူအဆတွေ၊ ရှင်သန်ရေး စည်းမျဉ်းတွေက စာတန်ဆီက လာတယ်ဆိုတာကိုပေါ့။ ကျွန်မက အဆင့်မြင့်ဘွဲ့တစ်ခုရပြီး သူများထက်သာဖို့ စာကြိုးစားတာက အပြုသဘောဆောင်တဲ့ လိုက်စားစရာပန်းတိုင်တစ်ခုလို့ ထင်ခဲ့တယ်။ ဒီပန်းတိုင်ကို ရောက်ဖို့၊ ကျွန်မက အရမ်းကိုကြိုးစားပမ်းစား စာသင်ခဲ့ပြီး ဘယ်လောက်ပဲ ဒုက္ခခံရပါစေ ဇွဲရှိရှိနဲ့ ဆက်လုပ်ချင်စိတ်ရှိခဲ့တယ်။ ကျွန်မအတန်းဖော်တချို့က ဘွဲ့အမြင့်တွေ ဒါမှမဟုတ် အရမ်းကောင်းတဲ့အလုပ်တွေရသွားတာကို သတိပြုမိတဲ့အခါ ကျွန်မက သူတို့အောက် နိမ့်ကျတယ်လို့ ခံစားရပြီး လူတွေအထင်သေးမှာကို စိုးရိမ်ခဲ့တယ်။ သိက္ခာဆည်ပြီးတော့ ရွယ်တူတွေရှေ့မှာ ခေါင်းမော့ရင်ကော့နိုင်ဖို့၊ အချိန်ပြည့်တာဝန်ထမ်းဆောင်ခွင့်ကို ကျွန်မ လက်လွှတ်ခဲ့ပြီး၊ ကိုယ့်ရဲ့ အချိန်အင်အား၊ လူအင်အား မှန်သမျှကို ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ရာမှာပဲ စိုက်ထုတ်ဖို့ ရွေးချယ်ခဲ့တယ်။ အသင်းတော်အလုပ် ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အရေးတကြီးရည်ရွယ်ချက်ကို ကျွန်မ နည်းနည်းလေးမှ ထည့်မစဉ်းစားခဲ့ဘဲ တာဝန်ထမ်းဆောင်တာက စာမေးပွဲအတွက် ပြင်ဆင်တာကို နှောင့်နှေးစေမှာ ကြောက်ခဲ့တယ်။ စာမေးပွဲအတွက် ပြင်ဆင်နေတုန်းမှာ နေ့ရောညပါ အချိန်ယူခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးမှ အနားယူခွင့်မပေးဘဲ၊ မရည်ရွယ်ဘဲနဲ့ စိုးရိမ်ပူပန်ပြီး စိတ်ဆင်းရဲနေခဲ့ရတယ်။ တကယ်ကို ပင်ပန်းလွန်းခဲ့ပါတယ်။ ဘွဲ့လွန်သင်တန်းဖြေဆိုတာ ဒါမှမဟုတ် အလုပ်ရှာတာမှာ ရှုံးနိမ့်ပြီးတဲ့နောက်မှာ စိုးရိမ်စိတ်နဲ့ စိတ်ကျရောဂါတွေ ခံစားလာရတဲ့အကြောင်း အွန်လိုင်းမှာ လူတွေ ဆွေးနွေးကြပုံကို ကျွန်မ တွေ့ခဲ့ဖူးတယ်။ သူငယ်ချင်းတစ်ယောက်ကလည်း ပြောပြတယ်။ ကျွန်မတို့ကျောင်းက ဘွဲ့ရခဲ့တဲ့ ကျောင်းသားတစ်ယောက်က သင်တန်းတစ်ခုမှာ ဝင်ခွင့်မဖြေနိုင်ခဲ့ဘဲ ဒီအတွေ့အကြုံတစ်ခုလုံးက စိတ်ကို ညှဉ်းပန်းတာကြောင့် နောက်ဆုံးတော့ စိတ္တဇလူနာဆောင်ကို ရောက်သွားတယ်ဆိုတဲ့အကြောင်းပေါ့။ ဆေးရုံမှာ နေ့တိုင်း သူက အော်ဟစ်နေတာကို ကြားရတယ်တဲ့။ “ငါ ဘွဲ့လွန်တက်ချင်တယ်၊ ငါ ဘွဲ့လွန်တက်ချင်တယ်” လို့ပေါ့။ ကောလိပ် ဒါမှမဟုတ် ဘွဲ့လွန်ဒီဂရီစာမေးပွဲတွေမှာ ရှုံးနိမ့်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့လူတွေလည်း အများကြီးရှိတယ်။ သူတို့က အနာဂတ်အလားအလာမရှိဘဲ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဖို့ အခွင့်အရေးမရှိဘဲ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်လို့ပေါ့။ ဒီလို ရှင်းလင်းပြတ်သားတဲ့ ဥပမာတွေအားလုံးက စာတန်ရဲ့ညှဉ်းပန်းမှုရဲ့ ရလဒ်တွေ မဟုတ်ဘူးလား။ ကျွန်မလည်း အတူတူပါပဲ။ အလားအလာတွေနဲ့၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားဖို့ အရာအားလုံးကို မြှုပ်နှံပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ နက်ရှိုင်းတဲ့ချောက်ထဲကို ကျဆင်းသွားတဲအပြင် ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ဖို့၊ သမ္မာတရားကို လိုက်စားဖို့၊ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားဖို့ ဘာစိတ်အားထက်သန်မှုမှ မခံစားရတော့ဘူး၊ အဲဒီအချိန်ကျမှပဲ စာတန်ရဲ့ အန္တရာယ်ပေးမဲ့ ကြံစည်မှုတွေကို ကျွန်မ တကယ် မြင်ခဲ့ရတယ်။ သူက ကျွန်မကို မျှားခေါ်ဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သုံးခဲ့တယ်။ သူက ကျွန်မကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ဒုက္ခပေးရုံတင်မကဘဲ၊ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိဖို့ ဘုရားရှေ့မှောက်ကို ကျွန်မ ရောက်မလာအောင်လည်း ကြိုးစားတားဆီးခဲ့တယ်။ ကျွန်မ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်အပိုဒ်ကို တွေးမိတယ်။ “အကယ်၍ တစ်စုံတစ်ဦး၏ လူမှုအဆင့်အတန်းသည် အလွန် နိမ့်ကျပြီး သူတို့၏ မိသားစုသည် အလွန် ဆင်းရဲကာ သူတို့၌ ပညာအရည်အချင်း အဆင့်အတန်း နိမ့်ပါးသည့်တိုင် သူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ကြပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သော အမှုအရာများကို ချစ်မြတ်နိုးကြပါက ဘုရားသခင်၏ အမြင်၌ သူတို့၏ တန်ဖိုးသည် မြင့်သလော သို့မဟုတ် နိမ့်သလော၊ ယင်းသည် မြင့်မြတ်သလော သို့မဟုတ် နိမ့်ကျသလော။ သူတို့သည် တန်ဖိုးရှိကြသည်။ ဤရှုထောင့်မှ ကြည့်လျှင် တစ်စုံတစ်ဦး၏ တန်ဖိုးသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ၊ ယုတ်ညံ့သည်ဖြစ်စေ အဘယ်အရာအပေါ် မူတည်သနည်း။ ယင်းမှာ ဘုရားသခင်သည် သင့်ကို ရှုမြင်သည့်ပုံစံအပေါ်၌ မူတည်သည်။ အကယ်၍ ဘုရားသခင်သည် သင့်ကို သမ္မာတရားကို လိုက်စားသောသူတစ်ဦးအဖြစ် ရှုမြင်ပါက သင်သည် တန်ဖိုး ရှိပြီး အဖိုးတန်သည်။ သင်သည် တန်ဖိုးရှိသော တန်ဆာတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သင် သမ္မာတရားကို မလိုက်စားသည်ကိုလည်းကောင်း၊ သင်သည် သူ့အတွက် စိတ်ရင်းမှန်ဖြင့် အသုံးမခံသည်ကိုလည်းကောင်း ရှုမြင်ပါက သင်သည် တန်ဖိုးမရှိသူဖြစ်ပြီး အဖိုးမတန်ပေ။ သင်သည် နိမ့်ကျသော တန်ဆာတစ်ရပ် ဖြစ်သည်။ သင်သည် မည်မျှပင်အဆင့်မြင့်ပညာတတ်ဖြစ်စေကာမူ သို့မဟုတ် သင်၏ လူ့အဖွဲ့အစည်းအတွင်းမှ အဆင့်အတန်းသည် မည်မျှပင် မြင့်မားစေကာမူ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် နားမလည်ပါက သင်၏ တန်ဖိုးသည် မည်သည့်အခါမျှ မြင့်မားနိုင်မည် မဟုတ်ပေ။ လူများစွာတို့သည် သင့်ကို ထောက်ခံကြလျှင်ပင်၊ သင့်ကို ချီးမြှောက်ကြလျှင်ပင်၊ သင့်ကို ကြည်ညိုကြလျှင်ပင် သင်သည် စက်ဆုပ်ရွံရှာဖွယ် သတ္တဝါတစ်ဦးသာ ဖြစ်နေဆဲ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို ဤနည်းလမ်းအတိုင်း ရှုမြင်သနည်း။ ထိုသို့သော ‘မြင့်မြတ်သည့်’ ပုဂ္ဂိုလ်၊ လူ့အဖွဲ့အစည်း၌ ထိုမျှ မြင့်မားသော အဆင့်အတန်း ရှိသောသူ၊ များပြားသော လူတို့ ချီးမြှောက်ခြင်းနှင့် အံ့ဩခြင်းတို့ကို ခံရသောသူ၊ အလွန်မြင့်မားသော ဂုဏ်သိက္ခာပင် ရှိသောသူသည် ဘုရားသခင်၏ အမြင်၌ နိမ့်ကျသည်ဟု အဘယ်ကြောင့် ရှုမြင်ခြင်း ခံရသနည်း။ အဘယ်ကြောင့် ဘုရားသခင် လူတို့ကို ရှုမြင်ပုံသည် လူတို့ အခြားသူများကို ထားရှိသော အမြင်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ရသနည်း။ ဘုရားသခင်သည် လူတို့အား ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ဘက်ပြုနေခြင်းလော။ လုံးဝ မဟုတ်ပေ။ အကြောင်းမှာ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်၊ ဘုရားသခင်သည် ဖြောင့်မတ်ခြင်း ဖြစ်သည်၊ လူသားမှာမူ ဖောက်ပြန်ပျက်စီးပြီး မည်သည့်သမ္မာတရား သို့မဟုတ် မည်သည့်ဖြောင့်မတ်ခြင်းမျှ မရှိပေ။ ပြီးလျှင် ဘုရားသခင်သည် လူသားကို သူ၏ ကိုယ်ပိုင် စံနှုန်းဖြင့် တိုင်းတာပြီး သူ၏ တိုင်းတာခြင်း စံနှုန်းမှာ သမ္မာတရား ဖြစ်သည်။ ထိုသို့ ပြောဆိုလျှင် အနည်းငယ် သဘောတရားသက်သက် ဖြစ်သည်ဟု ထင်ရနိုင်သည်။ ထို့ကြောင့် အခြားနည်းလမ်းတစ်ခုဖြင့် ဆိုရလျှင် ဘုရားသခင်၏ တိုင်းတာခြင်း စံနှုန်းသည် ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထား၊ သမ္မာတရားအပေါ် သူတို့၏ သဘောထားနှင့် အပြုသဘောဆောင်သော အမှုအရာများအပေါ် သူတို့၏ သဘောထားတို့ကို အခြေခံသည်။ ဤသည်မှာ သဘောတရားသက်သက် မဟုတ်တော့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ သိနားလည်ခဲ့ရတယ်၊ ဘုရားသခင်က လူတွေကို သူတို့ရဲ့ပညာအရည်အချင်း၊ ဒါမှမဟုတ် လူမှုရေးအဆင့်အတန်းပေါ်မှာ အခြေခံပြီး အကဲဖြတ်တာမဟုတ်ဘဲ သမ္မာတရားနဲ့ ဘုရားသခင်အပေါ် သူတို့ရဲ့ ချဉ်းကပ်မှုမှာရှိတဲ့ သဘောထားအပေါ်မှာ အခြေခံပြီး အကဲဖြတ်တယ်ဆိုတာကိုပေါ့။ ဘုရားသခင်က သူ့ကို အမှန်တကယ်ယုံကြည်တဲ့သူတွေ၊ သမ္မာတရားကို လိုက်စားပြီး အပြုသဘောဆောင်တဲ့အရာတွေကို ချစ်မြတ်နိုးတဲ့သူတွေကို တန်ဖိုးထားတယ်။ ဆန့်ကျင်ဘက်အနေနဲ့ လူတစ်ယောက်က ဘယ်လောက်ပဲ လူမှုရေးအဆင့်အတန်းမြင့်ပြီး သူများတွေရဲ့လေးစားမှုကို ခံရရရင်တောင်မှ သူကသာ သမ္မာတရားကို လက်မခံ၊ ဘုရားသခင်ကို မလေးမစားလုပ်ပြီး၊ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးတဲ့အရာတွေကို လိုက်စားမယ်ဆိုရင်၊ ဘုရားသခင်က သူ့ကို နိမ့်ကျသူအဖြစ် ရှုမြင်မှာပဲ။ ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ လူတွေကို အကဲဖြတ်တဲ့ သူ့ရဲ့စံနှုန်းကို နားလည်ပြီးတဲ့နောက်မှာ၊ ကျွန်မ လွတ်မြောက်သလို ခံစားခဲ့ရပြီး လူတွေကို သူတို့ရဲ့ပညာအရည်အချင်းပေါ်မှာ အခြေခံပြီး အကဲဖြတ်ခဲ့တာဟာ ဘယ်လောက်တောင် အဓိပ္ပာယ်မဲ့ပြီး သမ္မာတရားနဲ့ မကိုက်ညီခဲ့သလဲဆိုတာကို သဘောပေါက်ခဲ့တယ်။ ကျွန်မဟာ တက်ကြွမှုကိုလည်း ခံစားမိခဲ့ပြီး ဘွဲ့အမြင့်တွေနဲ့ အမှတ်ကောင်းကောင်းတွေကို စွဲစွဲမြဲမြဲ လိုက်စားချင်စိတ်လည်း မရှိတော့ဘူး။ ကျွန်မက သမ္မာတရားကို လိုက်စားတဲ့အပြင် ကိုယ့်တာဝန်တွေကို တည်တည်ငြိမ်ငြိမ် လက်တွေ့ကျကျ ထမ်းဆောင်တဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့တယ်။
အဲဒီနောက်မှာ၊ ကျွန်မ ကျောင်းကို သွားပြီး နုတ်ထွက်ခဲ့တယ်။ ဆရာမက ကျွန်မကို အဆက်မပြတ် ဝေဖန်ပြောဆိုပြီး၊ ဘွဲ့လွန်ဆက်မတက်တာနဲ့ပတ်သက်လို့ လှောင်တောင်လှောင်ခဲ့တယ်၊ ကိုယ့်အဆင့်အမြင့်ဘွဲ့ကို ရဖို့ နောက်ထပ် နှစ်နှစ်လေးတောင် ထပ်မတက်နိုင်တာဟာ ကျွန်မက ငတုံးတစ်ယောက်ပဲ ဖြစ်ရမယ်လို့ ပြောပြီးတော့ပေါ့။ ဆရာ့ရဲ့လှောင်ပြောင်မှုကို ရင်ဆိုင်ရတော့၊ ကျွန်မ နည်းနည်း အားနည်းသလို ခံစားခဲ့ရတယ်။ ကျောင်းစဖွင့်ချိန်မှာဆိုရင် ကျောင်းသားတွေအားလုံးက ဘွဲ့လွန်ကျောင်းသားဘဝသစ်ကို စတင်ဖို့အတွက် စိတ်အားထက်သန်မှုတွေ၊ ရည်မှန်းချက်တွေနဲ့ ပြည့်နှက်နေမှာဖြစ်ပြီး၊ ကျွန်မကတော့ နုတ်ထွက်ပြီး သူတို့နဲ့ ဆန့်ကျင်ဘက်အရပ်ကို သွားနေပုံကိုလည်း တွေးမိတယ်။ လူတွေက ကျွန်မကို ထူးဆန်းတယ်လို့ ထင်ပြီး နားမလည်ခဲ့ရင် သူများတွေက မေးခွန်းထုတ်တဲ့အခါ ကျွန်မရဲ့ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါဦးမလားလို့ပေါ့။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး အရင်က ဒီလိုလှောင်ပြောင်ခံရတာမျိုး မကြုံဖူးလို့ တော်တော်လေး အားနည်းမိပါတယ်။ အို ဘုရားသခင်၊ ကျေးဇူးပြုပြီး သမီးကို ယုံကြည်ခြင်းပေးပါ、 သမီးရဲ့ယုံကြည်ချက်တွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်လို့ ဒါတွေတစ်လျှောက်လုံးမှာ ယုံကြည်စိတ်ချပြီး သတ္တိရှိဖို့ အခွင့်ကို ပေးသနားတော်မူပါ” လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေရင်းနဲ့ “ငယ်ရွယ်သူတို့ လိုက်စားသင့်သည့်အချက်များ” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို တိုက်တိုက်ဆိုင်ဆိုင် ကြားခဲ့ရတယ်။ ဒီဓမ္မသီချင်းက ကျွန်မကို အကြီးအကျယ် တို့ထိခဲ့တယ်။
လူငယ်များသည် ရည်သန်မျှော်မှန်းချက်များ မရှိဘဲ မနေသင့်ပေ၊ အမှုအရာများ၏ ပုံစံများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရန် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။...
၁ လူငယ်များသည် လှည့်စားမှုအပြည့် မရှိသင့်ပေ၊ သို့မဟုတ် အခြားလူများအပေါ် ခွဲခြားဆက်ဆံသော အကြည့်များ အပြည့်မရှိသင့်ပေ၊ ပြီးလျှင် လူငယ်များသည် ပျက်စီးစေပြီး စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များကို မဆောင်ရွက်သင့်ပေ။ လူငယ်တို့သည် ရည်သန်မျှော်မှန်းချက် မရှိဘဲ မနေအပ်သကဲ့သို့ ဇွဲသတ္တိနှင့် လန်းဆန်းတက်ကြွ၍ ရှေ့သို့ တိုးတက်လိုသော စိတ်ဓာတ်လည်း မရှိဘဲ မနေအပ်။ လူငယ်တို့သည် မိမိတို့၏ ရှေ့ရေးအပေါ် စိတ်ပျက်အားငယ်ခြင်း မရှိအပ်သကဲ့သို့ အသက်တာအပေါ် မျှော်လင့်ချက် ကင်းမဲ့ခြင်းလည်း မရှိအပ်၊ အနာဂတ်အပေါ် ယုံကြည်ကိုးစားမှု ကင်းမဲ့ခြင်းလည်း မရှိအပ်။ ငါ့အတွက် ၎င်းတို့ဘဝတစ်ခုလုံးကို အသုံးခံရန် စိတ်ဆန္ဒကို အကောင်အထည်ဖော်ဖို့ဖြစ်သော ယခု ၎င်းတို့ ရွေးချယ်သည့် သမ္မာတရားလမ်းခရီးတစ်လျှောက် ရှေ့ဆက်ရန် ဇွဲလုံ့လရှိသင့်သည်။
၂ လူငယ်များသည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မတရားခြင်းတို့ကိုလည်း မသိုထားသင့်ပေ။ မိမိတို့၏ မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ လူငယ်များသည် မျောပါမသွားသင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရဲသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။ လူငယ်တို့သည် ဆင်းရဲဒုက္ခအား မိမိတို့ဘာသာ ကျိတ်မှိတ်လက်မခံသင့်ဘဲ ထိုထက်ပို၍ပင် ၎င်းတို့၏ညီအစ်ကို မောင်နှမများအတွက် ပွင့်လင်းသော၊ ဘွင်းဘွင်းရှင်းရှင်းဖြစ်သော၊ ခွင့်လွှတ်သော စိတ်ဓာတ်ထားရှိသင့်သည်။
၃ လူငယ်တို့သည် အမှုအရာများ၏ ပုံစံများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရန် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။ သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ ထို့အပြင် သင်တို့ အသက်တာအတွက် သင်တို့ တာဝန်ယူသင့်ပြီး ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။ လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကို တစ်ကြိမ်တစ်ခါမျှပင် တွေ့ဆုံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သကဲ့သို့၊ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးလည်း ရခဲလှပေသည်။ သင်တို့သည် ဤနှစ်လိုဖွယ်အချိန်ကို ယခုဘဝတွင် လိုက်စားရမည့် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အဘယ်ကြောင့် တန်ဖိုးမထားကြသနည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ
ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်ရင်း၊ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင် အားပေးနေသလို ခံစားခဲ့ရတယ်။ ခေတ်စားနေတဲ့ ရေစီးကြောင်းအတိုင်း မျောမပါနဲ့။ သင် ဘုရားသခင်နောက်ကို လိုက်လျှောက်တာဟာ အလင်းရဲ့မှန်ကန်တဲ့လမ်းခရီးဖြစ်တယ်ဆိုတာကို သင် သိမြင်ပြီးတဲ့အတွက် ဒီလမ်းကို ပြတ်ပြတ်သားသား လိုက်လျှောက်သင့်တယ်လို့ပေါ့။ ဘုရားသခင်ရဲ့အမှုကို လက်ခံပြီး သူဖော်ပြတဲ့ သမ္မာတရားကို ဖတ်ရှုနိုင်တာဟာ ဘုရားသခင်ရဲ့ အံ့ဩဖွယ်ရာကျေးဇူးတော်ကြောင့်ပဲဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်ဆီကလာတဲ့ အရာအားလုံးဟာ အပြုသဘောဆောင်ပြီး၊ လောကီမှာ လူတွေ လိုက်စားတဲ့အရာအားလုံးကတော့ အပျက်သဘောဆောင်တယ်။ ကျွန်မသာ သူများတွေ နားမလည်မှာ၊ မထောက်ခံမှာကို စိုးရိမ်ပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လောကီရေစီးကြောင်းအတိုင်း လိုက်ခဲ့မယ်ဆိုရင်၊ လောကီလူသားတွေနဲ့ နွံနစ်နေတာပဲ ဖြစ်မှာ မဟုတ်ဘူးလား။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုနဲ့အတူ၊ ကျွန်မမှာ ကိုယ့်ယုံကြည်ချက်တွေကို ခိုင်ခိုင်မာမာ ဖက်တွယ်ထားဖို့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိတွေရှိလာပြီး ကျောင်းကနေ နုတ်ထွက်ခဲ့တယ်။
ကျွန်မရဲ့လမ်းခရီးကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုသုံးပြီး လူတွေကို ဒုက္ခပေးတဲ့ စာတန်ရဲ့စဉ်းလဲတဲ့ အကြံအစည်တွေကို သိမြင်နိုင်စေခဲ့တာကို ကျွန်မ မြင်မိတယ်။ ဒါ့အပြင်၊ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားခြင်းဆိုတဲ့ မှောင်မိုက်တဲ့ ချောက်နက်ကြီးထဲကနေ ကျွန်မကို လွတ်မြောက်အောင် ကူညီပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ယူဆောင်လာပေးတဲ့ ပျော်ရွှင်မှုနဲ့ ငြိမ်သက်ခြင်းကို ကျွန်မ တွေ့ကြုံခံစားခဲ့ရပြီး၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ရည်ရွယ်ချက်ကောင်းတွေကိုလည်း နားလည်ခဲ့တယ်။ ဒီရှားပါးတဲ့အခွင့်အရေးကို ကျွန်မ တန်ဖိုးထားဖို့၊ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ပြင်ဆင်ဖို့၊ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ကိုယ်တော်ရဲ့မေတ္တာကို ပြန်ဆပ်ရအောင် ဘုရားသခင်ကို သက်သေခံဖို့ လိုအပ်ခဲ့တယ်။ အဲဒီနောက်မှာ လူသစ်တွေ ရေလောင်းပေးတဲ့တာဝန်ကို ကျွန်မ စထမ်းဆောင်ခဲ့တယ်။ ပညာရေးသင်ယူမှုတွေရဲ့ ချည်နှောင်မှုတွေ၊ အနာဂတ်အလားအလာအတွက် စိုးရိမ်မှုတွေရဲ့ ဘောင်ခတ်ကန့်သတ်မှုတွေ မရှိတော့တဲ့အခါ ကျွန်မရဲ့စိတ်နှလုံးကို ကိုယ့်တာဝန်အပေါ်မှာ အပြည့်အဝ ဆက်ကပ်နိုင်ခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေဖတ်ဖို့၊ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ အချိန်တွေ ပိုရလာပြီး၊ ကိုယ့်တာဝန်ကနေ ပိုပြီးတော့ သိလာပြီး အကျိုးကျေးဇူးတွေ ရခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မ ငယ်ငယ်ကတည်းက အမြဲ အမှတ်ကောင်းကောင်း ရခဲ့ပြီး၊ စာပေနဲ့ အနုပညာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်မရဲ့ ပညာရေး...
သီဝေ အိန္ဒိယနိုင်ငံ ကျွန်တော်က ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ။ မိဘတွေက လယ်သမားတွေ။ ကျွန်တော်တို့မိသားစုက စပါးနဲ့ ဟင်းသီးဟင်းရွက်...
ပိုင်ရန် တရုတ်နိုင်ငံကျွန်မ ၁၅ နှစ်တုန်းက ကျွန်မ အဖေက ရောဂါတစ်ခုကြောင့် သေသွားခဲ့ပြီး ကျွန်မတို့ မိသားစုရဲ့ အဓိကအထောက်အပံ့...
လီရန် တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်ကတည်းက မိဘတွေက ပြောတယ်။ သူတို့မှာ သားမရှိဘူး၊ သမီးနှစ်ယောက်ဖြစ်တဲ့ ကျွန်မနဲ့ ကျွန်မညီမပဲရှိတဲ့အတွက်...