လူ့သဘာဝကောင်းက တကယ်တမ်းဘာလဲဆိုတာ အခု ကျွန်မသိပြီ

12.03.2023

မူးယံ တရုတ်နိုင်ငံ

ကျွန်မရဲ့မိဘ၊ ဆရာတွေက ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မကို သင်ပေးခဲ့တယ်။ သူများတွေနဲ့ သဟဇာတဖြစ်ခြင်းက တန်ဖိုးရှိတယ်။ ဆင်ခြင်တုံတရားရှိပြီး နားလည်ပေးသင့်တယ်တဲ့။ ဆက်ဆံရေးကို ထိခိုက်စေတာတွေကို ပြောလို့မရဘူး။ လူတွေကို သိက္ခာဆည်ခွင့်ပေးရမယ်။ “သူတစ်ပါးသိက္ခာကို ငဲ့ပါ”၊ “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုတာတွေက သူများတွေနဲ့ အဆင်ပြေဖို့ တစ်ခုတည်းသောနည်းလမ်းတွေပဲ တဲ့။ အဲဒါနဲ့ ကျွန်မ ငယ်ငယ်ကတည်းက ဒီလောကီ အတွေးအခေါ်တွေကို ကျွန်မ လိုက်နာရမယ့်စည်းကမ်းတွေအဖြစ် မှတ်ယူခဲ့တယ်။ လူတွေရဲ့ မာနစိတ်ကို အမြဲတမ်း ထည့်တွက်တယ်။ သူများတွေနဲ့ ငြင်းခုံတာ မရှိသလောက်ပဲ။ ဒီလိုပြုမူတော့ ကျွန်မ တော်တော်ချီးကျူးခံရတယ်။ ယုံကြည်သူဖြစ်ပြီးတဲ့နောက်မှာ ကျွန်မက သမ္မာတရားကို မသိတော့ ဒီလောကီ အတွေးအခေါ်တွေ၊ ကျင့်ဝတ်စံနှုန်းတွေကို လိုက်နာရမယ့်စည်းကမ်းတွေအဖြစ် ဆက်ပြီး မှတ်ယူနေခဲ့တယ်။ ဒါတွေကို လုပ်တာဟာ ဘုရားသခင် တောင်းဆိုသလို သာမန်လူ့သဘာဝပိုင်ဆိုင်တာဖြစ်ပြီး လူကောင်းတစ်ယောက်ဖြစ်တာပဲလို့တောင် ထင်ခဲ့တယ်။ ဒီရိုးရာဓလေ့အယူအဆက လုံးဝ အမှန်တရားမဟုတ်ဘူး၊ တကယ်ကို လူ့သဘာဝကောင်းရှိခြင်းအတွက် စံနှုန်းမဟုတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်သွားတော့မှပဲ ကျရှုံးမှုတချို့ကတစ်ဆင့် ကျွန်မ ဖော်ထုတ်ခံခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်ကသာ ကျွန်မတို့လုပ်ရပ်တွေအတွက် စံသတ်မှတ်ချက်ဖြစ်သင့်တာပါ။

ဒီနှစ် ဇန်နဝါရီမှာ ညီအစ်ကိုမောင်နှမတချို့က ကျွန်မကို ပြောတယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မရှူချင်းက လူတွေကို နှောင့်နှေးအောင်လုပ်ပြီး တကယ့်အလုပ်တွေကို မပြီးဘူးတဲ့။ အဲဒါနဲ့ ကျွန်မ စုံစမ်းကြည့်လိုက်တယ်။ ရှူချင်းက အရည်အချင်းတချို့ရှိပြီး လုပ်ရည်ကိုင်ရည်နည်းနည်းရှိပေမဲ့ သူခေါင်းဆောင်လုပ်တဲ့အချိန်မှာ လက်တွေ့အလုပ်တွေ သိပ်မပြီးဘူး၊ သူတာဝန်ယူရတဲ့ ပရောဂျက်တွေက ဘယ်တော့မှ အရမ်းမအောင်မြင်ဘူးဆိုတာ ကျွန်မ တွေ့ရတယ်။ သူက သူများတွေလေးစားတာခံရဖို့ အရမ်းလည်း ကြွားဝါတယ်။ အကျိုးအမြတ်တွေကို အလွယ်တကူနဲ့ အမြန်ရချင်တယ်။ သူက စည်းမျဉ်းကို ချိုးဖောက်ပြီး မသင့်တော်တဲ့သူတွေကို အဖွဲ့ခေါင်းဆောင်တွေ၊ ကြီးကြပ်ရေးမှူးတွေအဖြစ် ခန့်တာကြောင့် အသင်းတော်အလုပ်မှာ အနှောင့်အယှက်တွေ၊ နှောင့်နှေးတာတွေ ဖြစ်တယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ကို ခဏခဏ အကြံတွေပေးတယ်။ ဒါပေမဲ့ သူက လက်မခံဘူး။ ကိစ္စတွေပြီးလို့လည်း လုံးဝ ကိုယ့်ကိုယ်ကိုယ် သိတာမရှိဘူး။ သူ့ရဲ့ မပြောင်းလဲတဲ့ လုပ်ကိုင်ပုံကို အခြေခံကြည့်ရင် သူက ထုတ်သင့်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဆိုတာ သေချာတယ်။ အဲဒါနဲ့ ရှူချင်းရဲ့ ကိစ္စကို အထက်ခေါင်းဆောင်ဆီ အသိပေးတဲ့ စာတစ်စောင်ရေးဖို့ ကျွန်မ စီစဉ်လိုက်တယ်။ ရေးပြီးသွားတော့ ရှူချင်းက ပုံမှန်အားဖြင့် ကျွန်မကို တော်တော်ဂရုစိုက်ပြီး ယုံကြည်တာကို ကျွန်မ တွေးမိတယ်။ ဒီတော့ ကျွန်မက သူ့ကိစ္စတွေကို စုံစမ်းပြီး တိုင်ကြားခဲ့တယ်ဆိုတာ သူသိရင် သူက ကျွန်မအပေါ် မကျေမနပ်ဖြစ်နေမှာလား ပေါ့။ သူ ကျွန်မအပေါ် အကောင်းမြင်နေတာ ပျက်စီးသွားမှာလား။ ဒီလိုတွေးမိတော့ ကျွန်မ တော်တော်စိတ်ရှုပ်သွားတယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးလိုက်တယ်။ ရှူချင်းက လတ်တလောမှာ မကောင်းတဲ့ အခြေအနေမှာရှိနေတာဖြစ်မယ်။ ဒီတော့ ငါ သူ့ကို မိတ်သဟာယဖွဲ့ပြီး ပံ့ပိုးပေးနိုင်တယ်။ ပြီးရင် သူပြောင်းလဲမလားကြည့်မယ်ပေါ့။ အဲဒီတိုင်ကြားစာကို ကျွန်မ မပို့ခဲ့ဘူး။ ရှူချင်းနဲ့တွေ့ဖို့ အချိန်တစ်ခုသတ်မှတ်ပြီး သူ့ပြဿနာကို ထုတ်ပြဖို့ ကျွန်မ ပြင်ဆင်တယ်။ ဒါပေမဲ့ ကျွန်မတို့ တွေ့တဲ့အခါကျတော့ သူက ကောင်းတဲ့ အခြေအနေမှာမရှိတာကို တွေ့ရတယ်။ သူက နာမည်နဲ့ အကျိုးအမြတ်အတွက် ကြိုးစားတဲ့ ဒုက္ခနဲ့ အသက်ရှင်နေရတယ်လို့ မျက်ရည်ကျပြီး ပြောတယ်။ ကျွန်မ ပြောဖို့ ပါးစပ်ဖျားရောက်နေပြီးမှ ပြန်မြိုသိပ်လိုက်တယ်။ သူက တော်တော်အခက်အခဲဖြစ်နေတာ။ ဒီတော့ ကျွန်မက သူနာနေတဲ့နေရာကို ရွေးပြောလိုက်ရင် အနာကို ဆားသိပ်လိုက်သလို မဖြစ်ဘူးလား။ ပြီးရင် ကျွန်မက သူ့ပြဿနာတွေကို ခေါင်းဆောင်ကို ပြောပြလိုက်ပြီး ခေါင်းဆောင်က သူ့ကို ထုတ်လိုက်ရင် ကျွန်မက အကြင်နာကင်းမဲ့တယ်လို့ သူက စွပ်စွဲမှာမဟုတ်ဘူးလား ပေါ့။ ကျွန်မ ထပ်ခါထပ်ခါ တွန့်ဆုတ်နေတယ်။ နောက်ဆုံးတော့ သူက နာမည်နဲ့ အဆင့်အတန်းကို လိုက်စားတာ၊ စည်းမျဉ်းနဲ့မညီဘဲ လူတွေကို ခန့်တာတွေကို ဖော့ပြောလိုက်ပြီး ကျွန်မတို့စုဝေးပွဲကို အဆုံးသတ်လိုက်တယ်။

အိမ်ပြန်ရောက်တော့ ကျွန်မရေးပြီးသားဖြစ်တဲ့စာကို ပြန်ပြင်လိုက်တယ်။ ရှူချင်းက နာမည်နဲ့ အဆင့်အတန်းကို အရမ်းအရေးစိုက်နေတယ်၊ ကျွန်မက သူ့ကို မိတ်သဟာယဖွဲ့ခဲ့ပြီး သူက နောင်တရချင်တယ်၊ ကျွန်မက အကူအညီနဲ့ မိတ်သဟာယတွေ ဆက်ယူဖို့ အကြံပေးခဲ့တယ်ဆိုပြီး ပြောလိုက်တယ်။ စာကိုပို့ပြီးသွားတော့ ကျွန်မမှာ အပြစ်ရှိတယ်ဆိုတဲ့ စိတ်မသက်သာတဲ့ခံစားချက်က ဆက်တိုက်ဖြစ်နေတယ်။ ကျွန်မက အမှန်အတိုင်းမပြောခဲ့ဘူးဆိုတာ ကောင်းကောင်းသိတယ်လေ။ ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခုကို ကျွန်မ ဖတ်ရတယ်။ “သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို ကြားဝင်စွက်ဖက်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ အသင်းတော်အလုပ်ကို တုံ့ဆိုင်းမှုနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ၊ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ၊ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ— ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အစေခံသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်— ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ၊ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင်၊ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ၊ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင်၊ သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး၊ အနေရခက်လိမ့်မည်၊ ပြီးလျှင် ‘ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ထုတ်ဖော်ရမည်၊ ငါ တားရမည်’ ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့်သူများသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိပေသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် တကယ်ကို စိတ်ထိခိုက်စရာပဲ။ ကျွန်မက ဘုရားအလိုတော်ကို ထည့်စဉ်းစားပြီး တရားမျှတမှုအတွက် ရပ်တည်နိုင်တယ်၊ အယောင်ဆောင်ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေနဲ့ မကောင်းမှုပြုသူတွေက အသင်းတော်အလုပ်ကို နှောင့်ယှက်ရင် သူတို့ကို ရင်ဆိုင်ဖော်ထုတ်ရင်းသမ္မာတရားစည်းမျဉ်းကို ထိန်းသိမ်းပြီး အသင်းတော်အလုပ်ကို ကာကွယ်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ အသင်းတော်က ကျွန်မကို တိုင်ကြားစာတွေကို ဦးဆောင်ခိုင်းတယ်။ ဒါက ကျွန်မတာဝန်၊ ကျွန်မရဲ့ ဝတ္တရားပဲ။ ဒီအချိန်မှာ ကျွန်မက ရှူချင်းဟာ အယောင်ဆောင်ခေါင်းဆောင်ဆိုတာ ရိပ်စားမိနေပြီ။ သူဦးဆောင်တဲ့ပရောဂျက် တော်တော်များများက ဖြစ်ထွန်းမှုက ကျနေပြီး မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ တကယ်ပြောင်းလဲတာ မရှိသေးဘူး။ သူ့ကို အမြန်မထုတ်ရင် အသင်းတော်အလုပ်က ပိုပြီးတော့ ဆုံးရှုံးမှုတွေ ဖြစ်မှာပဲ။ ဒါပေမဲ့ ကျွန်မက သူ့ပြဿနာတွေကို စုံစမ်းပြီး တိုင်ခဲ့ပြီးတော့ သူ အထုတ်ခံရအောင်လုပ်တာကို သူ သိသွားရင် ကျွန်မက စာနာစိတ်မရှိဘူးလို့ပြောမှာကို ကျွန်မ ကြောက်နေခဲ့တယ်။ အထူးသဖြင့် သူက စိတ်မကောင်းဖြစ်ပြီးငိုနေတာကို ကျွန်မ မြင်ပြီးတဲ့နောက်မှာ အဲဒီအချိန်မှာ ကျွန်မက သူ့ပြဿနာတွေကို ထုတ်ပြရင် ကျွန်မက သူ့အခက်အခဲတွေကို နားမလည်ဘူးလို့ပြောပြီး ကျွန်မကို မုန်းမှာ စိတ်ပူခဲ့တယ်။ အဲဒါနဲ့ တကယ့်အခြေအနေကို ကျွန်မ ဖုံးကွယ်ပြီး သူ့ရဲ့ တကယ့်ပြဿနာကို မတင်ပြခဲ့ဘူး။ ဥပေက္ခာပြုပြီး အလယ်လမ်းကို ရွေးလိုက်တယ်။ အသင်းတော်အလုပ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုက ထိခိုက်မလားဆိုတာ အရေးမစိုက်ဘဲ အယောင်ဆောင်ခေါင်းဆောင်ကို တိတ်တဆိတ် ကာကွယ်ပေးခဲ့တယ်။ ကျွန်မ ယုံကြည်ခြင်းမှာ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ အာဟာရကို ခံစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အပြင်က အကျိုးစီးပွားတွေကို မျက်နှာသာပေးနေပြီး ကိုယ့်ကိုကျွေးတဲ့လက်ကို ကိုက်နေခဲ့တယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာပါတယ်။ လူ့သဘာဝနည်းနည်းလေးမှမရှိဘူး။ ဒီလို စဉ်းစားပြီး ကျွန်မက နောင်တတွေရပြီး ကိုယ်လုပ်ခဲ့တဲ့အပေါ် လိပ်ပြာမလုံဖြစ်တယ်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်များခဲ့တာကို မုန်းမိတယ်။

နောက်ပို်ငးမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “တစ်စုံတစ်ဦးက ယင်းကို မည်သို့ ကောင်းစွာ ဟန်ဆောင်သည်ဖြစ်စေ၊ မည်သို့ ကြည့်ကောင်းပြီး ၎င်းတို့၏ အပြုအမူ ဖြစ်လာသည်ဖြစ်စေ မိမိတို့ကိုယ်ကိုယ် မည်သို့ ဟန်ကျစွာ၊ သို့မဟုတ် လှပစွာ ပြရုပ်တင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ လှည့်စားတတ်ပါစေ ငြင်း၍မရနိုင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦးစီတိုင်းသည် ဆိုးယုတ်သော စိတ်သဘောထားဖြင့် ပြည့်ကြခြင်း ဖြစ်သည်။ ဤအပြင်ပန်း အပြုအမူ မျက်နှာဖုံးအောက်တွင် ဘုရားသခင်ကို ၎င်းတို့ အတိုက်အခံလုပ်ပြီး ပုန်ကန်ကြဆဲဖြစ်သည်၊ ဖန်ဆင်းရှင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်ကြဆဲ ဖြစ်သည်။...အတိုချုပ်အားဖြင့် လူ့ကျင့်ဝတ်နှင့်ဆိုင်သည့် ရိုးရာ အယူအဆများနှင့် ကိုက်ညီသည့် အပြုအမူကောင်းရှိသော လူတစ်ဦးဖြစ်ဖို့ရန်မှာ သမ္မာတရားကို မလိုက်စားဖို့ ဖြစ်သည်။ ယင်းမှာ စစ်မှန်သော အဖန်ဆင်းခံတစ်ဦးဖြစ်ခြင်းကို လိုက်စားခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤအပြုအမူကောင်းများကို လိုက်စားခြင်းနောက်ကွယ်တွင် ဆိုးပြီး ပြောမကောင်းသော လျှို့ဝှက်ချက်များစွာ ရှိသည်။ မည်သည့် အပြုအမူကောင်းမျိုးကို လူက လိုက်စားသည်ဖြစ်စေ ယင်းနောက်ကွယ်ရှိ ပန်းတိုင်မှာ လူတို့၏ ချစ်ခင်မှုနှင့် လေးစားမှုတို့ကို ရရှိဖို့၊ မိမိတို့ကိုယ်ပိုင် အဆင့်အတန်းကို တိုးစေဖို့နှင့် ၎င်းတို့သည် လေးစားဖွယ်ဖြစ်ပြီး ယုံကြည်ကိုးစားမှုနှင့် စေခိုင်းချက်တာဝန်တို့နှင့် ထိုက်တန်သည်ဟု လူတို့ကို တွေးထင်စေဖို့သာ ဖြစ်သည်။ ထိုသို့သော အပြုအမူကောင်းသည့် လူတစ်ဦးဖြစ်ခြင်းကို သင် လိုက်စားပါက ဤသည်မှာ ကျော်ကြားပြီး ကြီးမြတ်သည့် လူများနှင့် အရည်အသွေး တူညီသည် မဟုတ်လော။ သင်သည် အပြုအမူ ကောင်းရုံမျှကောင်းသည့် လူတစ်ဦးဖြစ်သော်လည်း ဘုရားနှုတ်ကပတ်တော်ကို မချစ်သကဲ့သို့ သမ္မာတရားကို လက်မခံပါက သင်သည် ထိုသူတို့နှင့် အရည်အသွေး တူညီပေသည်။ အကျိုးဆက်မှာ အဘယ်နည်း။ သင် စွန့်လွှတ်ပြီးသည့် အရာမှာ သမ္မာတရားဖြစ်သည်။ သင် ဆုံးရှုံးပြီးသည့်အရာမှာ ကယ်တင်ခံရဖို့ သင်၏ အခွင့်အရေး ဖြစ်သည်။ ဤသည်မှာ အမိုက်မဲဆုံးသော အပြုအမူဖြစ်သည်။ လူမိုက်၏ ရွေးချယ်မှုနှင့် လိုက်စားမှု ဖြစ်သည်။ သင်တို့သည် မိမိ အလွန်ရှည်ကြာစွာ လေးစားခဲ့သည့် ထိုကြီးမြတ်သော၊ ကျော်ကြားသော၊ စင်ပေါ်က အဟန့်ကောင်းသော လူဖြစ်ဖို့ ဆန္ဒရှိဖူးသလော။ ထိုနှစ်လိုဖွယ်ကောင်းပြီး ဖော်ရွေသော လူဖြစ်ဖို့ ဆန္ဒရှိဖူးသလော။ ထိုရည်မွန်၊ ခင်မင်တတ်သည့်၊ ပညာတတ် လူဖြစ်ဖို့ ဆန္ဒရှိဖူးသလော။ အပြင်ပန်းတွင် ဖော်ရွေပြီး နှစ်သက်ဖွယ်ဖြစ်ပုံရသော လူဖြစ်ဖို့ ဆန္ဒရှိဖူးသလော။ ယခင်က ဤကဲ့သို့သော လူတို့နောက် သင်တို့ လိုက်ဖူးသည် မဟုတ်လော။ (လိုက်ဖူးပါသည်။) ယခုတွင် သင်သည် ဤကဲ့သို့သော လူတို့နောက် လိုက်နေဆဲဖြစ်ပါက၊ ဤကဲ့သို့သော လူတို့ကို မြတ်နိုးကိုးကွယ်ဆဲဖြစ်ပါက သင့်ကို ငါ ပြောပါရစေ။ သင်မြတ်နိုးကိုးကွယ်သည့် လူတို့သည် ကောင်းမြတ်သယောင် ဟန်ဆောင်သည့် ဆိုးယုတ်သော လူများဖြစ်သောကြောင့် သင်သည် သေခြင်းနှင့် အလှမ်းမဝေးပေ။ ဘုရားသခင်သည် ဆိုးယုတ်သော လူများကို ကယ်တင်မည် မဟုတ်ချေ။ သင်သည် ဆိုးယုတ်သော လူတို့ကို မြတ်နိုးကိုးကွယ်ပြီး သမ္မာတရားကို လက်မခံပါက အဆုံးတွင် သင်သည်လည်း ပျက်စီးရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၃)) ကျွန်မက ငယ်ငယ်ကတည်းက ရိုးရာယဉ်ကျေးမှုတွေထဲ နှစ်မြုပ်ပြီး လွှမ်းမိုးခံရတယ်။ “လူတွေကို ခါးအောက်ပိုင်းဘယ်တော့မှ မထိနဲ့” “ကွပ်မျက်ပြီးသား လူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ”၊ “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” ဆိုတာတွေနဲ့ တခြားဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို ပြုမူနေထိုင်ခြင်းနဲ့ လူတွေရဲ့ လူ့သဘာဝကို အကဲဖြတ်ဖို့အတွက် ကျွန်မရဲ့ စံနှုန်းတွေအဖြစ် မှတ်ယူခဲ့တယ်။ ယုံကြည်ခြင်းရပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ ဆက်ဆံတာတွေအားလုံးမှာ သူများတွေရဲ့ မာနကို ဆက်ပြီး ထည့်စဉ်းစားပေးတယ်။ ကျွန်မ မြင်တဲ့ အမှားတွေ၊ အားနည်းချက်တွေကို တိုက်ရိုက်ထောက်ပြတာ သိပ်မရှိဘူး။ သူများတွေကို အမြဲတမ်း ထွက်ပေါက်ပေးတယ်။ ကျွန်မက နားလည်ပေးတယ်လို့ သူတို့က ခံစားရပြီး ကျွန်မအပေါ် အမြင်ကောင်းအောင်ပေါ့။ ရှူချင်းက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်၊ ချက်ချင်းထုတ်ဖို့လိုတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိပေမဲ့ သူ့ကို စိတ်ဆိုးအောင်မလုပ်မိဖို့၊ ကျွန်မတို့ ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် ကျွန်မက သူ့ကို မဖော်ထုတ်ရုံမကဘဲ အမှန်ကို ဖုံးကွယ်ပြီး သူ့ပြဿနာတွေကို မတိုင်ခဲ့ဘူး။ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်ရဲ့ ဒိုင်းတစ်ခုနီးပါး ဖြစ်ခဲ့တယ်။ အဲဒါက ပြစ်မှားမှုတစ်ခု ဖြစ်မှာပဲ။ ကျွန်မက အပြင်ပန်းမှာ ချစ်ခင်ကြင်နာတဲ့ ပုံစံရှိပေမဲ့ တကယ်တမ်းတော့ သူများတွေရဲ့ စိတ်နှလုံးမှာ ကောင်းတဲ့အမြင်ကို ကျွန်မ တည်ဆောက်ချင်ပြီး သူတို့လေးစားတာကို ခံရချင်တယ်ဆိုတာ အခု ကျွန်မ နားလည်သွားတယ်။ ကျွန်မရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်ကို ရဖို့အတွက် အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ကျွန်မ ထိခိုက်နိုင်တယ်။ ဒီလူသားအယူအဆတွေ၊ ကျင့်ဝတ်နဲ့ကိုယ်ကျင့်တရားတွေကို လူတစ်ယောက်က ဘယ်လောက်ကောင်းအောင် လိုက်နာပါစေ သူက လူကောင်းတစ်ယောက်လို့ အဓိပ္ပာယ်မရဘူး။ အဲဒါနဲ့ ပြောင်းပြန်ပဲ။ ဒီနှစ်လိုဖွယ်အပြုအမူတွေနောက်ကွယ်မှာ ရှက်စရာ ရည်ရွယ်ချက်တွေရှိနေတယ်။ ဒီ ဆိုးယုတ်တဲ့ အတွေးတွေ၊ ရှုထောင့်တွေနဲ့အသက်ရှင်တော့ ကျွန်မက ပိုပြီးတော့ မယုံကြည်ရတာ၊ ဉာဏ်များတာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ ဆိုးယုတ်တာတွေပဲ ဖြစ်လာနိုင်တယ်။ ကျွန်မလုပ်သမျှက သမ္မာတရားနဲ့ ဘုရားကို ဆန့်ကျင်နေတယ်။ နောက်ပိုင်းမှာ ကျွန်မအတွက် တကယ် အထောက်အကူဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ မိမိ၏တာဝန်၊ လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံတို့ကို စည်းမျဉ်းများနှင့် တာဝန်သိစိတ်တို့ဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်)လူတို့စကားနှင့် လုပ်ရပ်များ၏ အခြေခံအကြောင်းရင်းသည် မည်သည့်အရာ ဖြစ်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ စကားနှင့် လုပ်ရပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ အဘယ်နည်း။ (ထိုအရာများသည်လူတို့အဖို့ အပြုသဘောဆောင်ရမည် ဖြစ်သည်။) မှန်ပေသည်။ အခြေခံအကျဆုံးအားဖြင့် သင်သည် သမ္မာတရားကို ပြောရမည်၊ ရိုးသားစွာ စကားပြောပြီး အခြားသူများကို အကျိုးပြုရမည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် စကားသည် လူတို့ကို တည်ဆောက်ပေးရမည်ဖြစ်ပြီး လှည့်စားရမည်မဟုတ်၊ လူတို့၏ အားနည်းချက်များကို မလှောင်ရ၊ မလှည့်စားရ၊ မသရော်ရ၊ မစော်ကားရ၊ ဘောင်မခတ်ရ၊ မနာကျင်စေရ၊ မဖော်ထုတ်ရ၊ သို့မဟုတ် လူတို့ကို မလှောင်ပြောင်ရပေ။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ဖော်ပြချက်ဖြစ်သည်။ လူ့သဘာဝ၏ သူတော်ကောင်းတရား ဖြစ်သည်။...လူတို့၏ အားနည်းချက်များကို မဖော်ထုတ်သင့်ဟု ဆိုရခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားလူတို့အပေါ် အတင်းအဖျင်း မပြောခြင်းကို ဆိုလိုသည်။ ၎င်းတို့ကို ဝေဖန်၊ သို့မဟုတ် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အတိတ်က အမှားများ၊ သို့မဟုတ် အားနည်းချက်များကို ဖက်တွယ်မထားနှင့်။ ဤသည်မှာ အနည်းဆုံး သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အခြေအနေကို ဖန်တီးယူခြင်းဘက်တွင် အပြုသဘောဆောင်သော စကားကို မည်သို့ ဖော်ပြသနည်း။ ယင်းမှာ အဓိကအားဖြင့် အားပေးခြင်း၊ ညွှန်ကြားပေးခြင်း၊ လမ်းပြခြင်း၊ တိုက်တွန်းခြင်း၊ သိနားလည်ခြင်းနှင့် နှစ်သိမ့်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် တစ်ခါတစ်ရံတွင် အခြားသူများ၏ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ အမှားများကို တိုက်ရိုက်ထောက်ပြပြီး ဝေဖန်ရန် လိုအပ်သည်။ ဤသည်မှာ လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်သည် မဟုတ်လော။ ဥပမာအားဖြင့် သင်သည် အထူးပင် တဇွတ်ထိုးလုပ်တတ်ပြီး မာနထောင်လွှားသည် ဆိုကြပါစို့။ သင့်အနေဖြင့် ဤအရာကို လုံးဝ သတိမထားမိသော်လည်း သင်နှင့် အကျွမ်းဝင်သောသူ တစ်ယောက်သည် ဤပြဿနာကို သင့်အား တည့်တည့်ကြီး ပြောပြသည်။ သင်က ‘ငါတဇွတ်ထိုးလုပ်တတ်သလော။ မာနထောင်လွှားသလော။ အခြားဘယ်သူမျှ ငါ့ကို မပြောပြဝံ့ကြ။ သို့သော် သူကမူ ငါ့ကို နားလည်၏။ ဤစကားမျိုးကို သူပြောရက်ခြင်းက ဤအရာ တကယ်မှန်ကြောင်း ပြနေသည်။ ဤအရာကို အချိန်ခဏယူပြီး ငါသုံးသပ်ကြည့်ရမည်’ ဟူ၍ စဉ်းစားသည်။ ထို့နောက်တွင် ထိုသူကို သင်က ‘အခြားလူများသည် ကျွန်ုပ်ကို ကောင်းသည့်အရာများသာ ပြောကြ၏။ ချီးမွမ်းကြ၏။ မည်သူကမျှ ကျွန်ုပ်ကို စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း မပြောဖူးပါ။ ကျွန်ုပ်၌ရှိသည့် ဤအားနည်းချက်များ၊ ပြဿနာများကို မည်သူမျှ မထောက်ပြဖူးပါ။ သင်တစ်ဦးတည်းကသာ ကျွန်ုပ်ကို ပြောပြနိုင်၏၊ စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောနိုင်၏။ ဤသည်မှာ အင်မတန် ကောင်းပါသည်။ ကျွန်ုပ်အတွက် တော်တော်အထောက်အကူဖြစ်ပါ၏’ ဟုပြောသည်ဆိုပါစို့။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည် မဟုတ်လော။ တဖြည်းဖြည်းချင်းဖြင့် အခြားလူသည် သူ၏ စိတ်တွင်ရှိသောအရာကို၊ သင်နှင့်ပတ်သက်သည့် သူ၏ အတွေးများကို၊ ဤကိစ္စနှင့်ပတ်သက်ပြီး သူ့တွင် အယူအဆများ၊ စိတ်ကူးများ၊ အပျက်သဘောဆောင်မှုများ၊ အားနည်းချက်များ ရှိခဲ့ပုံနှင့်သက်ဆိုင်သည့် သူ၏ အတွေ့အကြုံများကို သင့်အား သိစေပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် လွတ်မြောက်နိုင်သွားသည်။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ချင်း မိတ်သဟာယဖွဲ့မှု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၃)) တကယ့်လူ့သဘာဝကောင်းက ကြင်နာတာ၊ စာနာသနားတတ်တာ ဆင်ခြင်တုံတရားရှိတာ မဟုတ်ဘူး၊ နားလည်မှုရှိတာ၊ အပြန်အလှန်ဆက်ဆံရေးတွေကို ကာကွယ်တာ၊ သူများတွေရဲ့ သဘောတူညီမှုကို ရယူတာမျိုး အမြဲတမ်းမဟုတ်ဘူး၊ ဒါက ဘုရားနဲ့ တခြားလူတွေအပေါ် စစ်မှန်တာ၊ လူတွေကို ရိုးရိုးသားသား ဆက်ဆံတာဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်သွားတယ်။ အသင်းတော်မှာ နှောင့်ယှက်နေတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေကို မြင်ပြီးတော့ အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် သမ္မာတရားစည်းမျဉ်းတွေကို ထိန်းသိမ်းနိုင်ရင် သူများတွေရဲ့ ပြဿနာတွေကို ထောက်ပြပြီး သူတို့ကို မိတ်သဟာယဖွဲ့ပြီး ကူညီနိုင်ရင် သူတို့ကို ပြောဆိုပြုမူတာတွေမှာ စိတ်ဓာတ်မြှင့်တင်ပေးနိုင်ရင် ဒါကသာ တကယ် လူကောင်းတစ်ယောက်ဖြစ်တာပါ။ ကိုယ့်တာဝန်မှာ ကိုယ့်ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကိုပဲ ထည့်တွက်ရင် တစ်ယောက်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာကို မြင်ပေမဲ့ ဒါကို ဖော်ထုတ်ပြီး တားဆီးတာ မလုပ်ဘဲ ဘုရားအလိုတော်ကို လျစ်လျူရှုရင် သူများတွေနဲ့ ဆက်ဆံရေးဘယ်လောက်ကောင်းပါစေ လူကောင်းတစ်ယောက်မဟုတ်ဘူး။ တစ်ကိုယ်ကောင်းဆန်၊ ယုတ်မာပြီး နိမ့်ကျတဲ့လူတစ်ယောက်ပဲ။ အရင်တုန်းက လူတွေကို “သူတစ်ပါးသိက္ခာကို ငဲ့ပါ”ဆိုတာမျိုး ဆိုးယုတ်တဲ့ အတွေးအခေါ်တွေက နားလည်ပေးတတ်ပြီး သည်းခံပေးတယ်၊ ဒါ ကောင်းတဲ့အရာဖြစ်တယ်လို့ ထင်ခဲ့တယ်။ အခုတော့ “လူတို့၏ အားနည်းချက်များကို မဖော်ထုတ်သင့်ဟု”ဆိုပြီး ဘုရားသခင်ပြောတာနဲ့ လုံးဝ မတူဘူးဆိုတာ ကျွန်မ သိသွားတယ်။ ဘုရားသခင် ဒီလိုပြောတာက လူတွေကို ဝေဖန်အကဲဖြတ်ပြီး ရှုတ်ချဖို့အတွက် အမှားရှာတာ၊ အားနည်းချက်တွေကို အသုံးချတာမလုပ်ဘဲ သင့်လျော်စွာ ဆက်ဆံပါဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါက သာမန်လူ့သဘာဝက ပိုင်ဆိုင်သင့်တဲ့အရာပဲ။ စာတန်က ကျွန်မတို့ကိုယ်ပိုင်ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်အောင်လုပ်ဖို့၊ သူများတွေရဲ့ ပြဿနာကို ထောက်မပြစေဖို့ “သူတစ်ပါးသိက္ခာကို ငဲ့ပါ” ဆိုတာမျိုး အတွေးတွေကို ထည့်သွင်းတာပါ။ ဒီတော့ ကျွန်မတို့က ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်များလာတယ်။ သာမန်လူ့သဘာဝမရှိဘူး။ လူတစ်ယောက်က ဘယ်လောက်ကောင်းတဲ့ပုံစံရှိပါစေ သူကိုယ်တိုင်ရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းဖို့ဖြစ်တဲ့ ဟန်ဆောင်မှုနဲ့ လှည့်စားမှုပဲ။ ဒါက တကယ့်လူကောင်းတစ်ယောက်ဖြစ်တာမဟုတ်ဘူး။ ကျွန်မတို့က ဖောက်ပြန်ပျက်စီးမှုရဲ့ ချုပ်ကိုင်မှုကို မခံရဘဲ လူတစ်ယောက်ကို တကယ့်အသိအမြင်ရပြီး နောင်တရနိုင်ဖို့အတွက် သမ္မာတရားကို မိတ်သဟာယပြုပြီး အကြံပေး ကူညီရင် ဒါက လူ့သဘာဝကောင်းနဲ့ ချစ်ခြင်းရှိခြင်းကို တကယ်ကိုယ်စားပြုတာပဲ။

ကျွန်မကို ပိုပြီးရှင်းတဲ့ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတဲ့ ကျွန်မဖတ်ရတဲ့ နောက်တစ်ပိုဒ်ရှိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ရိုးရာယဉ်ကျေးမှုထဲက အပြုအမူကောင်းနှင့် ပတ်သက်သည့် ဆိုရိုးစကားများအပေါ် မိတ်သဟာယပြုပြီးနောက်တွင် ယင်းတို့နှင့် ပတ်သက်၍ သိနားလည်မှုတစ်ခုတစ်လေ သင်တို့ ရရှိပြီးပြီလော။ ဤအပြုအမူကောင်းမျိုးကို သင် မည်သို့ ချဉ်းကပ်သင့်သနည်း။ လူအချို့က ‘ယနေ့မှစ၍ ကျွန်ုပ်သည် အချို့သော ပညာတတ်၊ ခင်မင်တတ်သည့် သို့မဟုတ် ဖော်ရွေသည့် လူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်။ ကျွန်ုပ်သည် “ကောင်းမြတ်” သူ ဆိုသည့်သူတစ်ဦး ဖြစ်မည် မဟုတ်ပါ။ သက်ကြီးသူများကို လေးစားသည့်၊ သို့မဟုတ် ငယ်ရွယ်သူများကို ချစ်ခင်သည့် သူတစ်ဦး ဖြစ်မည်မဟုတ်ပါ။ နှစ်လိုဖွယ်၊ ဖော်ရွေသော လူတစ်ဦး ဖြစ်မည်မဟုတ်ပါ။ ထိုအရာတစ်ခုမျှ သာမန်လူ့သဘာဝမှ သဘာဝအလျောက် ထွက်လာခြင်း မဟုတ်ပါ။ တုပပြီး အယောင်ဆောင်ဖြစ်သော လှည့်ဖြားတတ်သည့် အပြုအမူဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဆင့်သို့ မရောက်စေပါ။ ကျွန်ုပ်သည် မည်သည့် လူစားမျိုး ဖြစ်လိမ့်မည်နည်း။ ရိုးသားသော လူတစ်ဦး ဖြစ်ပါမည်။ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းအားဖြင့် ကျွန်ုပ် အစပြုပါမည်။ ကျွန်ုပ်၏ စကားတွင် မယဉ်ကျေးမလိမ္မာ ဖြစ်နိုင်သည်၊ စည်းမျဉ်းများကို နားမလည်ဖြစ်နိုင်သည်၊ အသိပညာ ကင်းမဲ့နေနိုင်ပြီး အခြားသူများ၏ အထင်သေးခြင်း ခံရနိုင်သော်လည်း ကျွန်ုပ်သည် ရိုးသားစစ်မှန်မှုဖြင့် အယောင်ဆောင်ခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း စကားပြောပါမည်။ လူတစ်ဦးအနေဖြင့်လည်းကောင်း၊ ကျွန်ုပ်၏ လုပ်ရပ်များတွင်လည်းကောင်း အယောင်ဆောင်မည်မဟုတ်သကဲ့သို့ ဟန်ဆောင်မည်မဟုတ်ပါ။ စကားပြောသည့်အခါတိုင်းတွင် စိတ်နှလုံးမှ ဖြစ်လိမ့်မည်။ စိတ်ထဲတွင် တွေးသည့်အရာကို ကျွန်ုပ် ပြောမည်။ တစ်စုံတစ်ဦးအပေါ် မုန်းတီးခြင်း ရှိပါက မိမိကိုယ်ကိုယ် ဆန်းစစ်ပြီး သူတို့အပေါ် ထိခိုက်နာကျင်စရာတစ်ခုမျှ လုပ်မည် မဟုတ်။ အပြုသဘောဆောင်သည့် အရာများကိုသာ လုပ်မည်။ ကျွန်ုပ် စကားပြောသည့်အခါ မိမိကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အကျိုးကို ထည့်တွက်ခြင်းရှိမည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ နာမည်ဂုဏ်သတင်း၊ သို့မဟုတ် ဂုဏ်သိက္ခာ၏ ထိန်းချုပ်မှုကို ခံမည် မဟုတ်ပါ။ ထို့အပြင် လူတို့အား ကျွန်ုပ်အပေါ် အထင်ကြီးစေမည့် ရည်ရွယ်ချက် ရှိမည်မဟုတ်။ ဘုရားသခင် ဝမ်းသာခြင်း ရှိမရှိဆိုသည့်အပေါ်သာ ကျွန်ုပ် အလေးထားမည်။ လူတို့ကို မထိခိုက်မနာကျင်စေခြင်းသည် ကျွန်ုပ်၏ စံနှုန်းဖြစ်လိမ့်မည်။ ကျွန်ုပ် လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ဖြစ်လိမ့်မည်။ အခြားသူများ ထိခိုက်နစ်နာစေမည့်အရာများ လုပ်မည် မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသော အရာများကိုလည်း လုပ်မည် မဟုတ်ပါ။ အခြားသူများကို အကျိုးပြုသည့် အရာများကိုသာ ကျွန်ုပ် လုပ်ဆောင်မည်၊ ရိုးသားသော လူတစ်ဦးနှင့် ဘုရားသခင်ကို ဝမ်းသာစေသည့် လူတစ်ဦးသာ ဖြစ်လိမ့်မည်’ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ လူတစ်ဦးထဲရှိ ပြောင်းလဲမှု ဖြစ်သည် မဟုတ်လော။ ဤစကားများကို ၎င်းတို့ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက ၎င်းတို့ အမှန်တကယ် ပြောင်းလဲကြပြီး ဖြစ်ပေမည်။ ၎င်းတို့၏ အနာဂတ်နှင့် ကံကြမ္မာတို့သည် တိုးတက်ဖို့အတွက် ပြောင်းလဲကြပြီး ဖြစ်လိမ့်မည်။ သမ္မာတရားလိုက်စားသည့်လမ်းကြောင်းပေါ်တွင် ၎င်းတို့ မကြာမီ စတင်လိမ့်မည်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မကြာမီ ဝင်ရောက်ပြီး ကယ်တင်ခြင်း မျှော်လင့်ချက်ရှိသည့် လူတစ်ဦး မကြာမီ ဖြစ်လာလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာ၊ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၃)) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ ဘုရားသခင် တောင်းဆိုသလိုမျိုး ရိုးသားသူတစ်ယောက်ဖြစ်ပြီး ရိုးသားစွာပြောဆိုခြင်း ဆက်ဆံတဲ့နေရာမှာ ပွင့်ပွင့်လင်းလင်းရှိခြင်း အရာရာမှာ ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံအဖြစ် မှတ်ယူခြင်း၊ သမ္မာတရားကို ကျွန်မတို့ရဲ့ စံနှုန်းအနေနဲ့ အသက်ရှင်ခြင်းအားဖြင့် စာတန်ရဲ့ အဆိပ်တွေရဲ့ ချည်နှောင်မှုတွေကို တဖြည်းဖြည်းနဲ့ ဖယ်ရှားနိုင်ပြီး ပိုပြီးတော့ လူသားပုံသဏ္ဌန်တစ်ခုရှိနိုင်တယ်။ သူများတွေ ကျွန်မကို ဘယ်လိုမြင်တယ်ဆိုတာ ထည့်စဉ်းစားနေတာကို ရပ်ဖို့၊ အပြန်အလှန်ဆက်ဆံရေးတွေကို ကာကွယ်နေတာကို ရပ်ဖို့ ကျွန်မ ဘုရားကို ဆုတောင်းလိုက်တယ်။ ကျွန်မက ဘုရားကို ကျေနပ်စေတဲ့ ရိုးသားသူတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ အဲဒါနဲ့ အထက်ခေါင်းဆောင်ကို ရှူချင်းရဲ့ကိစ္စကို ကျွန်မ ထပ်ပြောလိုက်တယ်။ စာကို ပြန်ပြင်တဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေကိုလည်း ဖွင့်ပြောလိုက်တယ်။ အဲဒီလိုလုပ်ပြီးတော့ နောက်ဆုံးမှာ ကျွန်မ နည်းနည်းပိုငြိမ်းချမ်းသွားပြီး စိတ်အေးသွားတယ်။ သုံးလေးရက်ကြာတော့ အထက်ခေါင်းဆောင်က ဒါကို စစ်ဆေးပြီး ရှူချင်းက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်လို့ ဆုံးဖြတ်ပြီးတော့ စည်းမျဉ်းတွေနဲ့အညီ သူ့ကို ထုတ်လိုက်တယ်။

အချိန်နည်းနည်းလောက်ကြာပြီးတဲ့နောက်မှာ နောက်ထပ် တိုင်စာတစ်ခုကို ကျွန်မ ကိုင်တွယ်ဖို့လိုလာတယ်။ စွပ်စွဲတဲ့သူဖြစ်တဲ့ အစ်မလင်မင်းက သူတို့အသင်းတော်ခေါင်းဆောင် အစ်မကျန်းရူယီကို အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုပြီး တင်ပြတယ်။ ဒါကို စစ်ဆေးကြည့်တော့ ကျန်းရူယီက လတ်တလောမှာ မကောင်းတဲ့ အခြေအနေမှာရှိနေပြီး သူ့တာဝန်အပေါ် ထိရောက်မှုကို ထိခိုက်နေတယ်၊ ဒါပေမဲ့ ပုံမှန်ဆိုရင် သူက တကယ့်အလုပ်ကို ပြီးနိုင်တယ်၊ သူများတွေကို ပြဿနာတွေ ကူဖြေရှင်းပေးတယ်ဆိုတာ ကျွန်မ တွေ့ရတယ်။ သူက အယောင်ဆောင်ခေါင်းဆောင်မဟုတ်ဘူး။ လင်မင်းတင်ပြတာက မှန်ပေမဲ့ ဒါပေမဲ့ သူက အတော်လေး မာနကြီးနေတယ်။ သူက ကျန်းရူယီရဲ့အလုပ်က ချို့ယွင်းချက်နဲ့ လိုအပ်ချက်တွေကို သေချာမကိုင်တွယ်ဘူး။ သူ့အခြေအနေကို အပြည့်အဝနားမလည်ဘူး။ သူက ကျန်းရူယီကို အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်လို့ပဲ မဆင်မခြင် ခုခံနေတာ။ ဒါက ကျန်းရူယီရဲ့ပြဿနာတွေကို ပုံကြီးချဲ့တာဖြစ်ပြီး စည်းမျဉ်းတွေနဲ့ မညီဘူး။ ဒါက သူ့ကို ထိခိုက်နိုင်ခြေရှိတယ်။ လင်မင်းနဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ပြဿနာတွေကို ထောက်ပြဖို့ လိုတယ် ပေါ့။ ကျွန်မ စဉ်းစားတယ်။ ဒီတစ်ခါတော့ ငါ သမ္မာတရားကို လက်တွေ့လုပ်ပြီး ပြဿနာကို သူ့ကို ထောက်ပြရမယ် ပေါ့။ လင်မင်းနဲ့ တွေ့ရမယ့်နေ့ရောက်တော့ ကျွန်မက နည်းနည်း စိတ်ပူနေတုန်းပဲ။ သိပ်မကြာခင်တုန်းက ကျွန်မ အခက်အခဲတွေ ကြုံရတုန်းက လင်မင်းက ကျွန်မကို ကူညီခဲ့တယ်။ အရင်တန်းက သူက ကျွန်မအပေါ် တော်တော် အမြင်ကောင်းတယ်။ ကျွန်မက သူ့ကို စစ်ဆေးတဲ့ရလဒ်တွေကို ပြောပြီး သူ့ပြဿနာတွေကို ပြောပြလိုက်ရင် သူက နားလည်မှုလွဲပြီး ကျွန်မက မမျှတဘူးလို့ ထင်ပြီး ကျွန်မကို မကောင်းမြင်မှာလား ပေါ့။ အဲဒီမှာ ကျွန်မက အခြေအနေမှန်မှာရှိမနေဘူးဆိုတာ သတိထားမိလိုက်တယ်။ အဲဒါနဲ့ ကျွန်မ စိတ်နှလုံးထဲကနေ အမြန် တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီးက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို လိုက်နာပြီး သမီးဆက်ဆံရေးတွေကို ကာကွယ်ဖို့ ထပ်စဉ်းစားနေပြန်ပါတယ်။ သမီးရဲ့ ဇာတိပကတိကို စွန့်လွှတ်ဖို့ သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး အလင်းပေးတော်မူပါ။ ဘယ်လိုဖြစ်လာပါစေ သမီးရဲ့ ဂုဏ်သတင်းကို ထည့်မစဉ်းစားချင်တော့ပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဒီအစ်မကို တကယ် ကူညီပေးချင်ပါတယ်” ဆိုပြီးတော့။ အရင်နှစ်ရက်လောက်က ကျွန်မ ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “တစ်စုံတစ်ဦးသည် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်နှင့် အစီအစဉ်များ ရှိသည့် အခြေအနေတစ်ခု ကြုံရသည့်အခါ၊ ပြီးလျှင် တစ်စုံတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သိသာထင်ရှားစွာ ပေါ်လွင်သည့်အခါ ဤသည်မှာ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် သုံးသပ်ပြီး သမ္မာတရားရှာဖို့ လိုအပ်သည့်အချိန်ဖြစ်ပြီး ယင်းမှာ ထိုလူကို ဘုရားသခင် ဆန်းစစ်သည့် အလွန်အရေးကြီးသော အခိုက်အတန့်လည်း ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် သမ္မာတရားကို ရှာဖွေနိုင်၊ လက်ခံနိုင်ပြီး အမှန်တကယ် ပြောင်းလဲနိုင်ခြင်း ရှိမရှိမှာ လူတစ်ဦးကို အခွဲခြားဆုံးသော အခိုက်အတန့် ဖြစ်သည်။...နောင်တရဖို့ သင် စီစဉ်သည်။ ထိုရည်ရွယ်ချက် ရေးရေးမျှ သင့်မှာရှိပြီး၊ ယခင်ထက် ပိုအားကောင်းစွာ သင် ထိုအရာကို အားထုတ်သော်လည်း သင်အမှန်တကယ် မပြောင်းလဲမီ အချိန်မည်မျှ ကြာမည်မှာ အဘယ်သူ ပြောနိုင်မည်နည်း။ သင်သည် ခိုင်လုံသော ခြေလှမ်းများ မလှမ်းရသေး၊ သို့မဟုတ် နောင်တတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခိုင်လုံသည့် အစီအစဉ် မရှိသေးပါက ယင်းမှာ စစ်မှန်သော နောင်တ မဟုတ်ချေ။ အမှန်တကယ်လည်း သင် အရေးတယူဆောင်ရွက်ရမည်။ စစ်မှန်သည့် အရေးတယူဆောင်ရွက်ခြင်း သင်လုပ်ပြီးသည်နှင့်၊ ဘုရား၏ အမှုတော် လိုက်လာလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၂)) ဟုတ်တယ်။ ဒီကိစ္စကို ကျွန်မ ကြုံရတဲ့အချိန်မှာ ကျွန်မက တကယ်နောင်တရသလား၊ သမ္မာတရားကို လက်တွေ့လုပ်ဖို့ ရွေးချယ်သလား၊ ကျွန်မမာနနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ရွေးချယ်သလားဆိုတာ ကြည့်ဖို့ ဘုရားက ကျွန်မ စိတ်နှလုံးကို စစ်ဆေးနေတာ။ နောက်တော့ ကျွန်မ ရည်ရွယ်ချက်တွေကို မှန်အောင်ပြင်ပြီး လင်မင်းနဲ့ မိတ်သဟာယပြုတယ်။ ပြီးသွားတော့ ကျွန်မက သူ့ပြဿနာတွေကို ထောက်ပြလို့ဆိုပြီး လင်မင်းက ကျွန်မကို အမြင်စောင်းတာ မဖြစ်ဘဲ သူက ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် သူ့ကိုယ်သူ ပြန်ဆင်ခြင်ပြီး သူ့ကိုယ်သူ သိသွားတယ်။ ပြီးတော့ ဒီလို ဖော်ထုတ်တာ မခံရရင် သူက မာနကြီးနေပြီး ကျန်းရူယီကို ကောင်းကောင်းဆက်ဆံမနေဘူးဆိုတာကို မြင်မှာမဟုတ်ဘူးဆိုပြီး ပြောတယ်။ သူက သမ္မာတရားကို လက်တွေ့လုပ်နေပြီး အသင်းတော်အလုပ်ကို ကာကွယ်နေတာဆိုပြီး ထင်မှာပဲ ပေါ့။ လင်မင်းက ဖွင့်ပြောပြီး ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာလည်း မေးတယ်။ ပြီးတော့ ကျွန်မတို့ အချင်းချင်း မိတ်သဟာယဖွဲ့ကြတယ်။ ကျွန်မတို့က အတားအဆီးနည်းနည်းလေးမှမရှိဘဲ အရမ်းနီးစပ်သလို ခံစားမိတယ်။ အဲဒီခဏမှာ ကျွန်မ တကယ် စိတ်လှုပ်ရှားရတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားနဲ့အညီ အသက်ရှင်ပြီး ပြုမူတာက တကယ် အကျိုးဖြစ်နိုင်ပြီး လူတွေကို ကူညီနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တယ်ဆိုတာ တကယ် မြင်သွားတယ်။ ကျွန်မ စိတ်အေးပြီး ငြိမ်းချမ်းသလို ခံစားခဲ့ရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏သား ဆုံးပါးသွားပြီးနောက်

ဝမ်လီ တရုတ်နိုင်ငံ ၂၀၁၄ ခုနှစ် ဇွန်လ ရက်တစ်ရက်မှာ၊ ကျွန်မသမီးက မမျှော်လင့်ဘဲ ဖုန်းဆက်ပြီး ကျွန်မသားက ငါးဖမ်းနေတုန်းမှာ ဓာတ်လိုက်ခံရတယ်လို့...

နောက်ဆုံးတော့ ဘုရားအပေါ် ကျွန်မ နားလည်မှုလွဲတာတွေ မရှိတော့ဘူး

ရိချန် တရုတ်နိုင်ငံ ကျွန်မက ၂၀၁၉ မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်မက နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ပဲလိုက်နေပြီး...

တိတ်ဆိတ်ခြင်း၏နောက်ကွယ်

လိဂျီး ဂရိနိုင်ငံကျွန်မက စကားများများ ပြောလေ့ရှိသူ တစ်ဦး မဟုတ်သကဲ့သို့ ကျွန်မ စိတ်ထဲရှိသည့်အတိုင်း မကြာခဏ ရင်ဖွင့်လေ့လည်း မရှိပါ။ ကျွန်မက...

နောက်ဆုံးတွင် ကျွန်မ တာဝန်ကို မည်သို့ဖြည့်ဆည်းရမည်ကို ကျွန်မ သိပြီ

ရှင်းချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။