ညှဉ်းပမ်းနှိပ်စက်ခံရခြင်းနှင့် အခက်အခဲများက ကျွန်မကို ကြီးထွားတိုးတက်စေသည်
ယခင်ကဆိုလျှင် ဘုရားသခင်၏ ဉာဏ်ပညာမှာ စာတန်၏ လှည့်ကွက်များကို အခြေခံ၍ ကျင့်သုံးကြောင်း၊ ဘုရားသခင်သည် ဉာဏ်ပညာကြီးမားပြီး၊ စာတန်ဆိုသည်မှာလည်း ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အမြဲရှုံးနိမ့်နေရသော ရန်သူတော်ကြီးဖြစ်ကြောင်းကို သီအိုရီအရသာ သိခဲ့ပါသည်၊ သို့သော် ကျွန်မထံတွင် တကယ့် နားလည်သဘောပေါက်ခြင်း နှင့် အသိပညာတို့ မရှိခဲ့ပါ။ နောက်မှသာ ဘုရားသခင် စီမံ တော်မူသော အခြေအနေတစ်ခုအတွင်းတွင်မှ ဤသမ္မာတရား ရှုထောင့်၏ စစ်မှန်သော အတွေ့အကြုံတချို့ကို သိရှိခဲ့ရခြင်းဖြစ်ပါသည်။
တစ်နေ့ခင်း ဝတ်ပြုစုဝေးပွဲအတွင်းတွင် ခရိုင်ခေါင်းဆောင်၏ သည် ကျွန်မထံ အလောတကြီး ပြေးလာကာ- “ညည်းအမေကို အဆင်းနီတဲ့နဂါးကြီး က ခေါ်သွားပြီ။ ခဏလောက်တော့ အိမ်မပြန်ပါနဲ့ဦး။ အသင်းတော်က ညည်းအတွက် ဧည့်ခံ မိသားစုတစ်ခု စီစဉ်ပေးပါလိမ့်မယ်” ဟု ပြောသည်။ ထိုသတင်းက ကျွန်မကို မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သည်။ ကျွန်မကို များစွာ တုန်လှုပ်စေရာ ရုတ်တရက် ဆွံ့အသွားမိသည်၊ “ဘာ။ အမေ့ကို အဆင်းနီတဲ့နဂါးကြီး ခေါ်သွားပြီ ဟုတ်လား။ အဲဒီ အဆင်းနီတဲ့ နဂါးကြီးက အမေ့ကို ဘယ်လိုများ နှိပ်စက်လိမ့်မလဲ။ အမေ ခံနိုင်ရည်ကောရှိပါ့မလား။ အမေ့ကို ပြန်တွေ့ရပါဦးမလား။ ငါ ဘာလုပ်သင့်သလဲ” ဤအရာများကို စဉ်းစားရင် ကျွန်မ နှလုံးသား နာကျင်နေပြီး မျက်ရည်များ ကိုလည်း ထိန်းမရပါ။ ဝတ်ပြုစုဝေးပွဲအပြီးတွင် ကျွန်မအတွက် စီစဉ်ထားသော ဧည့်ခံမိသားစုအိမ် သို့ ခေါ်သွားကြသည်။ ကျွန်မ အထိုင်ကျ သွားသောအခါ ကျွန်မအတွေးများက အမေ့ထံ ပြန်ရောက်သွားပြန်သည်။ အိမ်မှာဆိုလျှင် အမေနှင့် ကျွန်မက အရင်းနှီးဆုံး ဖြစ်သည်။ ဘုရားသခင် ကို မယုံသော အဖေက ကျွန်မကို ဘုရားသခင်အား စွန့်လွှတ်ရန် ဖိအားပေးပြီး၊ အစ်မကလည်း ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်မှုကြောင့် ကျွန်မကို လျှစ်လျူရှုထားကာ ကျွန်မ ဆွေမျိုးများကပင် ကျွန်မကို စွန့်ပစ်ထားကြသော်လည်း ကျွန်မ အထီးကျန်ဆန်သည် ဟု မခံစားခဲ့ရဖူပါ။ အဘယ့်ကြောင့်ဆို သော် ကျွန်မတွင် ဘုရားသခင်ကို ယုံကြည်သော အမေရှိနေသော ကြောင့်ပင်ဖြစ်သည်။ ဝိညာဉ်ရေးပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ အမေက ကျွန်မကို အမြဲဂရုစိုက်ခဲ့သည်။ ဖေးမခဲ့သည်၊ ကူညီခဲ့သည်၊ ကျွန်မပြဿနာကြုံတိုင်း အမေ့ကို ဖွင့်ပြော တိုင်ပင်နိုင်ခဲ့သည်။ အမေက ကျွန်မအတွက် ကျောက်ဆောင်ကြီး တစ်ခုပင်ဖြစ်သည်ဟု ဆိုရမည်။ သို့သော် ယခုအခါတွင်ကား ကျွန်မ အားကိုးရသော တစ်ဦးတည်းသော သူကို အဆင်းနီသော နဂါးကြီးက ခေါ်သွားပြီ။ ရှေ့ဆက်ပြီး ဘယ်လို ဆက်လျှောက်ရမလဲ မသိ၊ အခက်အခဲတွေကို တွေ့ရသည့်အခါ မည်သူ့ထံ သွားရမှန်မသိနှင့် ရုတ်တရက်ကြီး မိဘမဲ့ဖြစ်သွားသလို ခံစားရသည်။ နောက်ရက်အနည်းငယ်ကြာသည်အထိ ကျွန်မတစ်နေကုန် ငိုနေမိသည်၊ အဆက်မပြတ် နာကျင်မှု နှင့် အလွန်အမင်း စိတ်ဓာတ်ကျခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့သည်။ မိမိကိုယ်ကို လွတ်လပ်စေနိုင်ခြင်းမရှိသော ဤအခြေအနေတွင် နေထိုင်နေစဉ် “ချစ်သမီးက စာတန်ကို အရူးလုပ်ခွင့်ပေးပြီးတော့ အမှောင်ထုထဲမှာ တကယ်ပဲ အမြဲနေချင် လို့လား။ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်ကို နားလည်ဖို့ နဲ့။ အလင်းထဲမှာ နေဖို့ ဆန္ဒမရှိဘူးလား” ဟု စိတ်တွင်းမှ လမ်းပြမှုတစ်ခု ရှိခဲ့သည်။ ဤစကားများက ကျွန်မကို ချက်ခြင်း နိုးထစေခဲ့သည်။ ဒါအမှန်ပဲ ဟု ကျွန်မ တွေးလိုက်သည်။ စာတန်က ကျွန်မကို အရူးလုပ်လို့ရအောင် ခွင့်ပြုပြီးတော့ အမှောင်ထဲမှာ ဒီလိုပဲ နေတော့မှာလား။ ဟင့်အင်း၊ ကျွန်မဒီလိုတော့ မနေနိုင်ပါ။ ကျွန်မအပေါ် ကျရောက်လာသော ဤအခြေအနေသည် ဘုရားသခင်၏ ကြင်နာခြင်းများ ပါဝင်နေရမည်။ ထို့နောက် ဘုရားသခင်၏ မှန်ကန်သောအလိုတော်ကို သိရှိရန်အတွက် ကျွန်မကို ဉာဏ်အလင်းပြဖို့ ဘုရားသခင်ထံ တောင်းဆိုရင်း ဝတ်ပြု ဆုတောင်းရန်၊ ဘုရားသခင်ကို ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့သို့ အကြိမ်ကြိမ်သွားခဲ့သည်။
အတန်ငယ်ကြာလာပြီးနောက်၊ ကျွန်မ ယခင်က နားမလည်ခဲ့သော၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်ခဲ့သော သမ္မာတရားအချို့ထဲသို့ ကျွန်မဝင်ရောက်စပြုနေကြောင်းကို သိရှိလာရသည်။ အိမ်မှာဆိုလျှင် ကျွန်မသည် အလိုလိုက်ခံရလေ့ရှိပြီး၊ ကျွန်မ အချိန်တော်တော် များများတွင် အစားအသောက်၊ အဝတ်အစား၊ အပျော်အပါးတို့က နေရာယူထားသည်။ ကျွန်မ၏ ဇာတိစိတ်သည် အမှားအယွင်းကို မခံစားနိုင်သကဲ့သို့၊ အခက်အခဲ အနည်းအကျဉ်းကိုပင် မခံစားနိုင်ပါ။ ကျွန်မအိမ်က ထွက်လာပြီး ဧည့်ခံမိသားစုနှင့်အတူနေပြီးနောက် ရက်အနည်းငယ်တွင် ကျွန်မလုပ်ချင်သည့်အရာများ လုပ်လို့ မရတော့ပါ။ အိမ်တုန်းကကဲ့သို့ စိတ်ကြိုက်လုပ်၍မရတော့ပါ။ တဖြည်းဖြည်းနှင့် ပစားပေးခံထားရသော ကျွန်မ ၏ သဘာဝနှင့် အကျင့်ဆိုးများ လျော့နည်းလာသည်၊ ပြီးလျှင် ဘဝတွင် စားသောက် ဝတ်စားရာ၌ ရောင့်ရဲရမည်ဖြစ်ကြောင်း ကျွန်မ သိရှိလာသည်။ ဇာတိပကတိ၏ အနှစ်သာရထဲကို ထိုးထွင်းသိမြင်မှုရရှိခဲ့ပြီး ဇာတိပကတိ၏ စိတ်ကျေနပ်မှုကို ဖြည့်ဆည်းရန် လုံးဝဆက်လက်မကြိုးပမ်းတော့ဘဲ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ကြိုးစားခြင်းသည်သာလျှင် ဖန်ဆင်းခံ သတ္တဝါများ လုပ်ရမည့်အရေးအကြီးဆုံးအရာဖြစ်ကြာင်း ကျွန်မ သိရှိလာသည်။ ယခင်က အမေအိမ်တွင် ရှိစဉ်ကဆိုလျှင် မည်သည့် ရုပ်ပိုင်းဆိုင်ရာ ကိစ္စပဲဖြစ်စေ၊ ဘဝပြဿနာပဲဖြစ်စေ အမေ့ကို အားကိုးခဲ့သည်။ အမေ့ကို အမြဲအားကိုးပြီး ကူညီဖြေရှင်းခိုင်းခဲ့သည်။ ပြဿနာများကြုံရသည့်အခါ ဘုရားသခင်ထံ ဆုတောင်းခြင်း မပြုခဲ့။ သမ္မာတရားကို ရှာဖွေခြင်းမပြုခဲ့သကဲ့သို့၊ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမျိုး မရှိခဲ့ပေ။ အမေ့ကို ခေါ်သွားပြီးနောက်မှာ ကျွန်မအခက်အခဲတွေကြုံသောအခါ ကျွန်မအားကိုးရမည့်သူမရှိတော့ပါ။ ဘုရားသခင်ထံ ဆုတောင်းရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စားသောက်ရန်နှင့်ဘုရားသခင်၏ အလိုတော်ကို သိရှိရန် ဘုရားသခင်ရှေ့တော်မှောက်သို့သာ သွားရတော့သည်။ တဖြည်းဖြည်းနှင့် ကျွန်နှလုံးသားအတွင်းက အမေယူခဲ့သော နေရာသည် သေးငယ်လာပြီး ကျွန်မနှလုံးသားအတွင်းက ဘုရားသခင်၏ နေရာက တဖြည်းဖြည်း ကြီးမားလာသည်။ ကျွန်မလိုအပ်သည့်အချိန်တိုင်းတွင် ဘုရားသခင်က ကူညီလိမ့်မည်ဟု ခံစားမိသည်။ ဘုရားသခင်ကို တစ်ခဏကလေးမျှပင် ခွဲခွာ၍ မရနိုင်ဟု ခံစားမိသည်။ ထို့အပြင် ကျွန်မ၏ ပြဿနာများကို ဖြေရှင်းရန်အတွက် ဆုတောင်းမှုကိုသာ အားကိုရန်၊ သမ္မာတရားကို ရှာဖွေခြင်းအပေါ်တွင်သာ အားကိုးတတ်လာသည်။ ကျွန်မနှင့် အတူ ဘုရားသခင်ရှိနေခြင်းကြောင့် ပေါ်ပေါက်လာသာ ငြိမ်းချမ်းမှု၊ သေချာခြင်းနှင့်၊ အားကိုးရနိုင်မှုတို့ကို ခံစားမိသည်။ အိမ်တွင်ရှိသောအခါ၌ ဘုရားသခင်ကို ယုံကြည်သူများနှင့် မယုံကြည်သူများသည် အချင်းချင်း သဟဇာတမဖြစ်သော လူနှစ်မျိုးဖြစ်ကြောင်း သိရှိခဲ့သော်လည်း၊ ကျွန်မ၏ အဖေ၊အမေနှင့် အစ်မတို့ကို ကျွန်မမိသားစုဝင်ဖြစ်ပြီး၊ အသင်းတော်ထဲက ညီအစ်ကို မောင်နှမများကို အပြင်လူများအဖြစ် ကျွန်မမြင်ကာ၊ သူတို့နှင့် ကျွန်မ အကြား ကွာဝေးနေသည်ဟု ခံစားမိသည်။ သို့သော် ဘုရားသခင်က ကျွန်မကို အိမ်မှ ထွက်သွားစေရန် ပတ်ဝန်းကျင်ကို အသုံးပြုလိုက်ပြီးနောက် အုပ်ထိန်းသူမိသားစုတွင် နံနက်မှ ညအထိ ညီအစ်ကို မောင်နှမများနှင့်အတူနေရပြီးကျွန်မအတွက် သူတို့၏ စိုးရိမ်မှုများနှင့် ဂရုစိုက်မှု၊ သည်းခံမှုနှင့် နားလည်ပေးခြင်းတို့ကို ကျွန်မခံစားမိသည်။ ကျွန်မတို့ ပြောသည့် ဘာသာစကားတူပြီး၊ ပြင်းပြသောဆန္ဒများလည်း ထပ်တူညီကြသကဲ့သို့ ဘဝတစ်လျှောက်လုံး တစ်ဦးအပေါ် တစ်ဦး ကူညီကြသည်၊ ကျွန်မရင်ထဲမှလည်း ဤသည်မှာ ကျွန်မ၏ စစ်မှန်သည့် တစ်ခုတည်းသော မိသားစုဟု ခံစားနေမိသည်၊ အသင်းတော်ရှိ ညီအစ်ကို မောင်နှမများမှာ ကျွန်မ၏ အဖေ၊ အမေများ၊ ညီအစ်ကို မောင်နှမများဖြစ်သည်ဟု ကျွန်မရင်ထဲ နှလုံးသားထဲမှ ခံစားမိသည်။ အသင်းတော်ရှိ ညီအစ်ကို မောင်နှမများနှင့် ကျွန်မ အကြား သူစိမ်းဆန်နေခြင်း လုံးဝမရှိတော့သကဲ့သို့၊ ကွာဝေးနေခြင်းလည်း မရှိတော့ဘဲ၊ မိသားစုကြီးတစ်စုကို ရရှိခြင်းမှ လာသည့် နွေးထွေးမှုကို ကြုံတွေ့ခံစားရသည်။ ကျွန်မ၏ သာမာန်လူ့သဘာဝ ပြန်လည် ကောင်းမွန်လာဖို့၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့်အတူရှိသည့် ဤဝန်းကျင်မှ တစ်ဆင့် ဘဝတစ်လျှောက် မည်သို့ အချင်းချင်း ချစ်တတ်ရမည်ဖြစ်ကြောင်း၊ အချင်းချင်း ခွင့်လွှတ်တတ်ရမည်ဖြစ်ကြောင်း၊ ပြီးလျှင် အချင်းချင်း မည်သို့ ပံ့ပိုးကူညီတတ်ရမည်ဖြစ်ကြောင်း တို့ကို သင်ယူခဲ့ရသည်။ ဤသမ္မာတရားမှာ ယခင်က အိမ်တွင် နေပြီး၊ အစည်းအဝေးများ နှင့် ဒေသနာများကိုသာ မှီခိုခဲ့စဉ်က ကျွန်မ လက်တွေ့ မလုပ်ဆောင်နိုင်ခဲ့သော အရာဖြစ်သည်။ ကျွန်မ၏ အမေကို အဆင်းနီသောနဂါးကြီးက ခေါ်သွားပြီး၊ ကျွန်မလည်း အိမ်ကထွက်လာရပြီးနောက်၊ ထိုကဲ့သို့သောထူးခြားသည့် အခြေအနေများနှင့် ကျွန်မ မသိလိုက်မီတွင် ဘုရားသခင်သည် ကျွန်မရင်ထဲတွင် ထိုသမ္မာတရားကို ထည့်သွင်းပေးခဲ့ပြီး၊ ယင်းအား ကျွန်မ၏ နားလည်သဘောပေါက်မှုကို တဖြည်းဖြည်း နက်ရှိုင်းစေခဲ့သည်။ ထိုသမ္မာတရားထဲသို့ ဝင်ရောက်ခါစအချိန်တွင် ဘုရားသခင်ကို ချစ်ခင်ရန်၊ ဘုရားသခင်ကို ကျေနပ်စေရန်ကြိုးစားသော ကျွန်မ၏ နှလုံးသာသည် ပို၍ ခိုင်မာ အားကောင်းလာပြီး ကျွန်မ၏ ဘဝတစ်ခုလုံးကို ဘုရားသခင်အတွက် ရှင်သန်နေထိုင်လိုသော ဆန္ဒသည်လည်း ပို၍ ခိုင်မာ ပြတ်သားလာသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ရည်ရွယ်ချက်မရှိသူ၊ ပြဿနာနှင့် ကြုံရတိုင်း အားနည်းတတ်သောကျွန်မသည် တဖြည်းဖြည်း ပြောင်းလဲလာသည်။ အမှန်တကယ် ဘုရားသခင် ကျွန်မကို ပေးသနားတော်မူခဲ့သည့်အရာမှာ ကျွန်မတွေးထားသည်ထက် များစွာပိုပြီး၊ ကျွန်မနှလုံးသားထဲတွင်လည်း ဘုရားသခင်ကို ကျေးဇူးတင်မှုများ၊ ဘုရားသခင်အား ချီးမွမ်းမှုများနှင့် ပြည့်နေသည်။
တစ်နေ့တွင် ကျွန်မသည် ဝိညာဉ်ရေးရာ ဝတ်ပြုနေချိန်အတွင်း ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကို ဖတ်ရှုမိသည်။ “ဤအမှု အားလုံးကို လုပ်ဆောင်ရာတွင်၊ ယေဟောဝါ ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားများကို သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခွင့် ပေးပြီးသည်သာမက၊ သူ၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် ဩဇာအာဏာတို့ကိုလည်း တွေ့မြင်ခွင့် ပေးပြီးဖြစ်သည်။ ထို့အပြင် အဆုံးတွင် သူသည်- ဆိုးယုတ်သူကို အပြစ်ပေးပြီး ကောင်းမြတ်သည့်သူကို ဆုချီးမြှင့်ရင်း- သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်ခွင့်ပေးမည် ဖြစ်သည်။ သူသည် စာတန်ကို ဤနေ့အထိ တိုက်ခိုက်ပြီးဖြစ်ကာ မရှုံးနိမ့်ဖူးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် ဉာဏ်ပညာ ရှိသည့် ဘုရားသခင် ဖြစ်ပြီး သူ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များအပေါ် အခြေခံကာ ကျင့်သုံးသောကြောင့် ဖြစ်သည်။...သူသည် ယနေ့အထိ ဤသူ၏ အမှုကို အလားတူ ဤစစ်မှန်သည့် နည်းဟန်ဖြင့် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထို့အပြင် သူ၏အမှုကို သူ ဆောင်ရွက်သည်နှင့်အမျှ၊ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကိုလည်း သူ ထုတ်ဖော်ပြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ နှလုံးသားကို ရုတ်တရက် အလင်းပေးပါသည်၊ ပြီးလျှင် ကျွန်မသည် အတွင်းမှနေပြီး သက်ပြင်းတစ်ခု မချပဲ မနေနိုင်ခဲ့ပါ၊ အမှန်ပင် ဘုရားသခင်သည် ဉာဏ်ပညာရှိသော ဘုရားသခင်ဖြစ်ပေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကား အံ့သြဖွယ် ဖြစ်ပြီး ကြိုတင်မှန်းဆ၍မရနိုင်ပါ။ ဤအခြေအနေကား ယနေ့ ကျွန်မအပေါ် ကျရောက်ခဲ့ပြီး၊ အပေါ်ယံတွင်မူ အဆင်းနီသောနဂါးကြီးက ကျွန်မ၏ တစ်ခုတည်းသော အားကိုးရာ ကျောက်ဆောင်ကြီးဖြစ်သော ကျွန်မ မိခင်ကို ခေါ်သွားခဲ့ပြီး၊ ကျွန်မကို အိမ်ပြန်၍ မရအောင် လုပ်လိုက်သည့်အသွင်ပေါက်ကာ၊ ဘုရားသခင် အပေါ် ကျွန်မ၏ ယုံကြည်မှုကို တားဆီးရန်နှင့် ကျွန်မကို လှောင်ပိတ်ထားရန် အတင်းကြိုးစားခဲ့သည်၊ သို့မဟုတ် ၎င်း၏ လွှမ်းမိုးမှုများကို အသုံးပြုလျက် ကျွန်မကို ခြောက်လှန့်ခြင်းဖြင့် ကျွန်မကို အားနည်းအောင်၊ လက်လျှော့အောင် ကြိုးစားခဲ့သည်။ သို့သော် ဘုရားသခင်၏ ဉာဏ်ပညာမှာ စာတန်၏ လှည့်ကွက်များအပေါ် အခြေခံကာ ကျင့်သုံးခြင်းဖြစ်သည်။ ဘုရားသခင်သည် ၎င်းကို အထိရောက်ဆုံး အသုံးပြုခဲ့သည်။ ကျွန်မကို သက်တောင့်သက်သာ ရှိသော ကျွန်မ၏ နေရာမှ ထွက်လာစေခဲ့ပြီး၊ ထိုအခြေအနေမျိုးမှ တစ်ဆင့် ကျွန်မ၏ ဆန္ဒကိုဖေးမခဲ့ကာ၊ ဒုက္ခများကို ရင်ဆိုင်ရန် ကျွန်မ၏ ဆန္ဒများကို ပြည့်စုံစေခဲ့သည်။ လွတ်လပ်စွာ နေထိုင်နိုင်စွမ်းရှိအောင် ကျွန်မကို လေ့ကျင့်ပေးခဲ့ပြီး သာမန် လူ့သဘာဝဖြင့် တစ်သက်လုံး နေထိုင်သွားတတ်ရန် သင်ကြားပေးခဲ့သကဲ့သို့၊ တကယ့်လူတစ်ဦးဖြစ် လာအောင် သွန်သင်ပေးခဲ့သည်၊ ဤသမ္မာတရားသည် ကျွန်မလုံးဝ နားလည်သဘောမပေါက်နိုင်သည့် အရာတစ်ခု ဖြစ်ပြီး၊ ငြိမ်းအေးပြီး သက်သောင့်သက်သာဖြစ်သည့် အခြေအနေတစ်ခုတွင် ကျွန်မ ရရှိနိုင်လိမ့်မည်မဟုတ်သော အရာဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏ နှိပ်စက်ညှင်းပန်းမှုကြောင့် ကျွန်မ အရှုံးမပေးပဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ကျွန်မအပေါ် ဘုရားသခင် အပ်နှင်းသည့် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ ကယ်တင်ခြင်းအောက် ကျွန်မ ရောက်ရှိဖို့ရန်အလို့ငှာ ဘုရားသခင်သည် ဤအခြေအနေမှတဆင့် သူ၏ သမ္မာတရားနှင့် ကျွန်မအတွင်းက အသက်၌ သူ၏ဖြစ်ခြင်းတို့ကို ဆောင်ကျဉ်းခဲ့ လေသည်။ ထို့အပြင် အဆင်းနီသော နဂါးကြီး၏ ဖိစီးနှိပ်စက်ခြင်းမှ တစ်ဆင့် ၎င်း၏ ရိုင်းစိုင်း၊ ရက်စက်သော မျက်နှာနှင့် ဘုရားသခင်ကို ခုခံသည့် ဖောက်ပြန်တတ်သော သဘာဝကို ပို၍ ရှင်းလင်းစွာ သိရှိလာရသည်။ ကျွန်မ၏ နှလုံးသားထဲမှ နေ၍ ယင်းကို ပို၍ပင် စက်ဆုပ်ခဲ့ပြီး၊ ဘုရားသခင်ကို ချစ်လိုသော ကျွန်မ၏ နှလုံးသားလည်း ပို၍ ခိုင်မာလာခဲ့သည်။
ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤအတွေ့အကြုံမှနေ၍ ဘုရားသခင်၏ အနန္တတန်ခိုးတော်နှင့် အချုပ်အခြာဖြစ်ခြင်းတို့ကို လက်တွေ့ သိနားလည်ခဲ့ရပြီး၊ ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ လှည့်ကွက်များအပေါ် အခြေခံကာ ကျင့်သုံးခြင်းဖြစ်ကြောင်း လက်တွေ့ကျသည့် အတွေ့အကြုံရခဲ့ပါသည်။ လူ့စိတ်ကူးများနှင့် မကိုက်ညီပဲဖြစ်ပျက်သည့်အရာအားလုံးသည် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များ ပါဝင်ကြောင်း နားလည်လာ ခဲ့ပါသည်။ စာတန်အနေဖြင့် မည်မျှပင် ကြံစည်ပါလေ့စေ၊ ဘုရားသခင်သည် အမြဲပင် ဉာဏ်ပညာကြီးမားသော ဘုရားသခင် ဖြစ်ကာ၊ စာတန်ဆိုသည်မှာလည်း ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အမြဲရှုံးနိမ့်နေရသော ရန်သူတော်ကြီး ဖြစ်ပေလိမ့်မည်။ ဤအချက်ကို နားလည်ခြင်းဖြင့် ဘုရားသခင်၏ နောက်သို့လိုက်ရန် ကျွန်မ၏ ဆန္ဒလည်း ပိုမိုခိုင်မာလာပြီး ရှေ့တွင်ရှိသော လမ်းအတွက်လည်း ကျွန်မမှာ ယုံကြည်မှုများနှင့် ပြည့်နေပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။