“မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံခြင်း”သည် အမှန်တကယ် သူတော်ကောင်းတရားတစ်ခု ဖြစ်သလော

29.04.2024

အရင်က၊ တခြားလူတွေကို ကျွန်မ သည်းခံပြီး သဘောထားကြီးသင့်တယ်၊ သူတို့ရဲ့ ခံစားချက်တွေကို ထောက်ထားပြီး၊ သူတို့ရဲ့ အခက်အခဲတွေကို နားလည်ပေးသင့်တယ်လို့ အမြဲ တွေးခဲ့တယ်။ တခြားလူတွေကို ကျွန်မ ဒုက္ခပေးတာထက် ကိုယ့်ကိုယ်ကို ဒုက္ခအဖြစ်ခံမှာပါ၊ ဘာလို့လဲဆိုတော့ အဲဒါက အကျင့်စရိုက်ကောင်းတဲ့ သဘောထားကြီးတဲ့၊ စိတ်ထားမြင့်တဲ့လူတွေ လုပ်တဲ့အရာဖြစ်တယ်လို့ ကျွန်မ တွေးခဲ့လို့ပါ။ နောက်ပိုင်းမှာ၊ ဗီဒီယိုထုတ်လုပ်ရေးကို ကျွန်မ စကြီးကြပ်တဲ့အခါ၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မ ပုံသက်သေကောင်း ပြသင့်ပြီး ဦးဆောင်တဲ့ ကဏ္ဍတစ်ခုကို ယူသင့်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုအတွက် အရမ်းမြင့်တဲ့ စံနှုန်းတွေ ထားပြီး၊ တခြားအဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ ကျွန်မက အရမ်း အမှားမခံတာ၊ တင်းကျပ်တာတွေ မဖြစ်သင့်ဘူး၊ ဒီလိုလုပ်တာက ကြင်နာပြီး သဘောထားကြီးတဲ့အရာပဲဆိုပြီး ခံစားမိခဲ့တယ်။ လူတိုင်းက ကျွန်မမှာ သိပ်ကောင်းတဲ့ လူ့သဘာဝရှိတယ်၊ နားလည်တတ်တယ်လို့ ထင်ပြီး၊ ကျွန်မကို အကောင်းမြင်ခဲ့ကြတယ်။ ဒါကြောင့် အဖွဲ့အတွက် ကျွန်မ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်သလောက် အလုပ်လုပ်ခဲ့ပြီး၊ တခြားလူတွေကို တာဝန်ပေးထားတဲ့ အလုပ်က အရမ်းခက်ပြီး သူတို့ လုပ်ဖို့ မလိုလားရင်၊ ကျွန်မ ကိုယ့်ဘာသာပဲ လုပ်ခဲ့တယ်။ တခြားလူတွေက ကျွန်မရဲ့ တောင်းဆိုချက်တွေ အရမ်းမြင့်ပြီး၊ ကျွန်မ အရမ်းတင်းကျပ်တယ်လို့ မပြောအောင် သူတို့ကို ဖိအားမပေးဖို့ ကျွန်မ ဖြစ်နိုင်သမျှ ကြိုးစားခဲ့တယ်။ ကျွန်မ တာဝန်ယူတဲ့ အလုပ်များလွန်းပြီး မညှာမတာဖြစ်လွန်းတယ်လို့ တစ်ခါတလေ ထင်ခဲ့ပေမဲ့၊ တခြားလူတွေ ကျွန်မအပေါ် အထင်သေးတာတွေ မဖြစ်အောင်လို့ ကိုယ့်ရဲ့ ဇာတိကို လွန်ဆန်ပြီး၊ ကျွန်မ တတ်နိုင်သလောက် အလုပ်ကို တာဝန်ယူခဲ့တယ်။

နောက်ပိုင်းမှာ၊ အဖွဲ့ဝင်သစ်တချို့က ကျွန်မတို့အဖွဲ့မှာ ပါဝင်ခဲ့ကြတယ်။ သူတို့က အလုပ်မှာ အကျွမ်းမဝင်ကြသလို၊ အတတ်ပညာ ကျွမ်းကျင်မှုတွေလည်း ချို့တဲ့ကြတယ်။ ဒါကြောင့် သူတို့ ထုတ်လုပ်တဲ့ ဗီဒီယိုတွေအားလုံးကို ကျွန်မ ကြည့်ရှုစစ်ဆေးရတယ်။ တစ်ခါတလေ သူတို့မှာရှိတဲ့ ပြဿနာတွေကိုလည်း စေ့စေ့စပ်စပ် ဆွေးနွေးဖို့ ကျွန်မကို ရှာကြတယ်။ ဒီအလုပ်တစ်ခုတည်းနဲ့ ကျွန်မရဲ့ အချိန်ဇယားတစ်ခုလုံး ပြည့်သွားခဲ့ပေမဲ့၊ အဲဒါအပြင် ကျွန်မမှာ လုပ်စရာ တခြားအလုပ် ရှိသေးတယ်။ ခဏလေးနဲ့ အလုပ်တွေက စပြီး စုပုံလာတယ်။ ပြီးတော့ ကျွန်မက နေ့တိုင်း အလုပ်နဲ့ ဖိစီးနေခဲ့တယ်။ တစ်ခါတလေ အရမ်းအခြေခံကျတဲ့ ပြဿနာတွေကို ကူဖြေရှင်းပေးဖို့ သူတို့က ကျွန်မကို တောင်းဆိုကြတဲ့အခါ၊ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီပြဿနာကို ဆွေးနွေးပြီးတော့ နင်တို့ လွယ်လွယ်လေး ဖြေရှင်းလို့ ရတာပဲ။ အရာရာကို ဖြေရှင်းဖို့ ဘာလို့ ငါ့ဆီလာကြရတာလဲ” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးမိတယ်။ “သူတို့ ငါ့ကို မေးကြပုံထောက်ရင်၊ သူတို့ရဲ့ တောင်းဆိုချက်ကို ငါ ငြင်းလိုက်ရင်၊ ငါတာဝန်မဲ့နေသလိုမျိုး ထင်ရမှာပဲ။ တကယ်တော့၊ အဲဒီကိစ္စကို ဆွေးနွေးဖို့ကလည်း သူတို့ အချိန်ယူရမှာ။ ထားလိုက်ပါ၊ ငါ့ဘာသာ ဖြေရှင်းဖို့ အချိန်ရနိုင်တယ်ထင်တာပဲလေ” ပေါ့။ အဲဒီလိုနဲ့ ကျွန်မ သဘောတူလိုက်တယ်။ နောက်တော့၊ ကျွန်မ သဘောပေါက်သွားတာက၊ ညီအစ်မတစ်ယောက်က ပျင်းပြီး တာဝန်ယူရမှာ ကြောက်လို့ သူ့အလုပ်ကို ကျွန်မဆီ လွှဲပေးလိုက်တယ်ဆိုတာပါပဲ။ ပထမတော့ သူနဲ့ မိတ်သဟာယပြုဖို့ ကျွန်မ စဉ်းစားခဲ့ပေမဲ့၊ နောက်တော့ ကျွန်မ တောင်းဆိုတာ များလွန်းတယ်လို့ သူ ထင်သွားမှာ စိုးရိမ်ခဲ့တယ်။ ဒါကြောင့်၊ အဲဒါကို မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ခါတလေ ကျွန်မမှာ အာရုံစိုက်ဖို့ အရေးပေါ် ကိစ္စတချို့ရှိပြီး ဖိစီးနေတုန်း တခြားလူတွေမှာ အလုပ်သိပ်မရှိကြတာကို ကျွန်မ သတိထားမိတဲ့အခါမှာ အချိန်ဇယားထက် စောပြီးနိုင်အောင်လို့ အလုပ်တချို့ကို ကျွန်မ တာဝန်ခွဲဝေပေးချင်ခဲ့တယ်။ ဒါပေမဲ့ သေချာတွေးပြီးတဲ့နောက်မှာ၊ ကျွန်မ သူတို့ကို မခိုင်းရက်နိုင်ခဲ့ဘူး။ ကိုယ့်ဘာသာ တွေးမိတယ်။ “သူတို့ရဲ့ အလုပ်ပမာဏကို ငါ တိုးပေးလိုက်ရင်၊ ငါက မညှာမတာခိုင်းလွန်းပြီး၊ သူတို့ကို နားချိန်ဘာမှ မပေးဘူးလို့ ထင်ကြမှာ မဟုတ်လား။ ထားလိုက်ပါ၊ ငါ့ဘာသာ လုပ်လိုက်တာပဲ ပိုကောင်းပါတယ်လေ”ပေါ့။ ဒါပေမဲ့ အဲဒီအလုပ် လုပ်နေတုန်းမှာ နည်းနည်း မမျှတဘူးလို့ ကျွန်မ ခံစားရတယ်။ အထူးသဖြင့် ကျွန်မ အလုပ်လုပ်နေတုန်း သူတို့ သက်သောင့်သက်သာ ဖြစ်နေကြတာကို မြင်တော့၊ ကျွန်မ ပိုလို့တောင် မကျေမချမ်းဖြစ်ပြီး၊ သူတို့ကို တာဝန်ယူမှုမရှိတဲ့အတွက် အပြစ်တင်ခဲ့တယ်။ သူတို့က ဘာကြောင့်မှန်းမသိ လုပ်ရမဲ့အလုပ် ဘယ်လောက်များလဲဆိုတာကို မမြင်ကြဘူး။ ဒါပေမဲ့ ကိုယ့်ဘာသာပဲ ညည်းလိုက်ပြီး ဘာကိုမှ ထုတ်မပြောခဲ့ဘူး။ ကျွန်မ တစ်ခုခုပြောလိုက်ရင် ကျွန်မမှာ မကောင်းတဲ့ လူ့သဘာဝရှိပြီး သဘောထားမကြီးတဲ့ပုံပေါ်မှာ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ဘယ်လိုပဲ အလုပ်များပါစေ၊ ကိုယ့်ဘာသာ တတ်နိုင်သလောက် လုပ်ဖို့ ကြိုးစားခဲ့တယ်။ တစ်ခါတလေ၊ အဖွဲ့ရဲ့ အချိန်ဇယားကို အခြေခံပြီး အလုပ်ကို တာဝန်ပေးတဲ့အခါ၊ သူတို့ ကောင်းကောင်း တုံ့ပြန်ရင် ကိစ္စမရှိပေမဲ့၊ သူတို့ ဝမ်းမသာတဲ့ပုံပေါ်ရင်၊ ဒါမှမဟုတ် မကျေနပ်တဲ့ပုံပေါ်ရင်၊ သူတို့ကို အလုပ်တာဝန်ပေးဖို့ ကျွန်မ ချီတုံချတုံဖြစ်ပြီး၊ အားလုံးကို ကိုယ့်ဘာသာ ပြီးအောင် တစ်ညလုံးပဲ လုပ်လိုက်တယ်။ တကယ်တော့၊ ကျွန်မက အလုပ်လုပ်နေတုန်းမှာ မမျှတဘူးလို့ ခံစားပြီး မကျေမချမ်းစိတ်နဲ့ ပြည့်ခဲ့တာပါ။ ဒါက သူတို့အလုပ်ဆိုတာ အသိသာကြီးဖြစ်သလိုမျိုး ကျွန်မ ခံစားရပေမဲ့ ဒါကို ပြီးအောင်လုပ်ဖို့ ကျွန်မ အချိန်ပိုကုန်ခဲ့ရပြီး၊ တစ်ခါတလေ အရမ်းအလုပ်များလွန်းလို့ ဝတ်ပြုဆုတောင်းအတွက်တောင် အချိန်မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီမကျေနပ်ချက်တွေ တစ်ခုမှ ကျွန် မမဖော်ပြရဲခဲ့ဘူး။ အဲဒါနဲ့ ကျွန်မက “သဘောထားကြီးပြီး ထောက်ထားတာ၊ တခြားလူတွေကို ဂရုစိုက်ပြီး အရမ်းသဘောထားမသေးတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် ငါ့မှာ မကောင်းတဲ့ အကျင့်စရိုက်ရှိသလို ထင်ရမှာပဲ”လို့ ပြောပြီး ဖြစ်လိုရာဖြစ်စေတော့ပုံစံနဲ့ ကိုယ့်ကိုယ့်ကိုပဲ နှစ်သိမ့်လိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မအဖွဲ့မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေအားလုံးက ကျွန်မ တာဝန်ယူတတ်တယ်၊ ဆင်းရဲဒုက္ခကို ခံနိုင်ပြီး၊ အဖိုးအခပေးနိုင်သလို၊ တခြားလူတွေအပေါ် ချစ်ခင်တတ်ပြီး ထောက်ထားတတ်တယ်လို့ ပြောကြတယ်။ ဒီချီးကျူးစကားတွေကို ကြားတော့၊ ဆင်းရဲဒုက္ခကို ကျွန်မ ခံခဲ့ရပေမဲ့၊ လူတိုင်းဆီက ဒီလိုအရမ်းချီးမွမ်းတာခံရဖို့ အားလုံး တန်တယ်လို့ ကျွန်မ ခံစားခဲ့တယ်။ ဒါပေမဲ့ စည်းမျဉ်းအရ ကျွန်မ မပြုမူခဲ့လို့၊ တခြားလူတွေရဲ့ ဇာတိပကတိကို အဆက်မပြတ် အလိုဖြည့်ပြီး ကျိုးကြောင်းမသင့်တဲ့ ပုံစံနဲ့ အလုပ်တာဝန်ပေးခဲ့လို့၊ အလုပ်က စပုံလာပြီး၊ အဖွဲ့အနေနဲ့ ကျွန်မတို့တိုးတက်မှုက နှေးသွားတယ်။ တချို့ ညီအစ်ကို မောင်နှမတွေက ပျင်းကြတယ်၊ မတက်မကြွဖြစ်ပြီး၊ သူတို့ကိုယ်ပိုင် အလုပ်ပြီးတာနဲ့ပဲ ကျေနပ်နေခဲ့ကြတယ်။ တခြားလူတွေက သူတို့မှာ ပြဿနာတွေရှိတဲ့အခါ ဘုရားကို ဆုမတောင်းကြဘူး၊ သမ္မာတရား စည်းမျဉ်းတွေ မရှာကြဘူး၊ သူတို့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မအပေါ် မှီခိုပြီး ကျွန်မကို စောင့်ရတာ ပိုနှစ်သက်နေကြတယ်။ ဒီဟာကြောင့် သူတို့ရဲ့ ကျွမ်းကျင်မှုတွေမှာ မတိုးတက်နိုင်ကြတော့ဘူး။

တစ်နေ့တော့၊ ကျွန်မတို့ အလုပ်ကို စစ်ဆေးဖို့ ကြီးကြပ်ရေးမှူး ရောက်လာပြီး၊ အလုပ်ကို သင့်လျော်အောင် တာဝန်မပေးထားတာကို တွေ့သွားတယ်။ တချို့အလုပ်တွေကို အဖွဲ့ဝင်တွေဆီ တာဝန်ပေးလို့ရပြီး အဖွဲ့ခေါင်းဆောင်အနေနဲ့ အလုပ်တိုးတက်မှုကို စစ်ဆေးတာအပြင် ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်လို့ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတစ်ခုခုကို ဖြေရှင်းတာတွေ အပါအဝင် ကိုယ့်အလုပ်ကို လုပ်ရင်းနဲ့ ကျွန်မ အချိန်ပိုကုန်သင့်တယ်လို့ သူက ပြောတယ်။ ဒီလိုနဲ့၊ လူတိုင်းက တာဝန်တစ်ခုခုကို ထမ်းရွက်ပြီး ဝန်ထုပ်တစ်ခု ထမ်းနိုင်ကြမှာလေ။ သူပြောတာမှန်ပြီး၊ ဒီလိုတာဝန်ပေးတဲ့နည်းလမ်းက အလုပ်အတွက် အကျိုးရှိတယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ဒီလို လက်တွေ့လုပ်ဆောင်တာက အရမ်းကို ခက်လွန်းတယ်လို့ ကျွန်မ တွေးမိတယ်။ အဲဒါနဲ့ ကျွန်မ ဘုရားကို ဆုတောင်းပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်မှုရှိအောင် ကျွန်မကို လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ဝတ်ပြုဆုတောင်းတဲ့အချိန်မှာ၊ ကျွန်မရဲ့ လက်ရှိ အခြေအနေနဲ့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်ကို ကြည့်ခဲ့တယ်။ ကျမ်းတစ်ပိုဒ်ကြောင့် ကျွန်မ လေးနက်တဲ့ ခံစားချက်တစ်ခု ဖြစ်သွားတယ်။ “‘ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်’ ဟူသည်နှင့် ‘သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ’ ဟူသည့် ဆိုရိုးစကားများ နည်းတူပင် ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည်မှာလည်း ရိုးရာယဉ်ကျေးမှုက လူတို့၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် တောင်းဆိုချက်များထဲမှ တစ်ခုဖြစ်သည်။ အလားတူပင် တစ်စုံတစ်ယောက်က ဤအကျင့်စာရိတ္တကို ကြိုးပမ်းရယူနိုင်သည်ဖြစ်စေ၊ ကျင့်သုံးနိုင်သည်ဖြစ်စေ ၎င်းတို့၏ လူ့သဘာဝကို တိုင်းတာခြင်းအတွက် စံနှုန်း၊ သို့မဟုတ် စံသတ်မှတ်ချက် မဟုတ်သေးပေ။ သင်က အမှန်တကယ်ပင် သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိကာ အလွန်မြင့်သော စံနှုန်းကို ကိုင်စွဲနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများနောက်သို့ လိုက်ခြင်းမရှိဘဲ လုံးဝ အစွန်းအထင်းမရှိဖြစ်ပြီး သူတစ်ပါးတို့အတွက် အစဉ် စဉ်းစားပေးခြင်းနှင့် စာနာထောက်ထားမှု ပြသခြင်းတို့ ရှိကောင်း ရှိနိုင်သည်။ သင်သည် အလွန်ပင် သဘောထားကြီးပြီး ကိုယ်ကျိုးမကြည့်သည့်ပုံစံ ရှိကောင်းရှိနိုင်သည်။ လူမှုရေး ဝတ္တရားနှင့် လူမှုရေး ကိုယ်ကျင့်တရားများအပေါ် အားကောင်းသော အသိစိတ် ရှိကောင်း ရှိနိုင်သည်။ သင်၏ မြင့်မြတ်သော ပင်ကိုစရိုက်နှင့် အရည်အသွေးများကို သင်နှင့် ရင်းနှီးသောသူများက၊ သင်ကြုံတွေ့ပြီး အပြန်အလှန်ဆက်ဆံသည့် သူများက မြင်ကောင်းမြင်နိုင်သည်။ သင်၏ အပြုအမူက သူတစ်ပါးတို့အား သင့်ကို အပြစ်တင်ရန်၊ သို့မဟုတ် ဝေဖန်ရန် အကြောင်းပြချက်တစ်ခုတလေ ပေးခြင်း လုံးဝ မရှိနိုင်ဘဲ ထိုအစား အလွန်အမင်း ချီးမွမ်းပြီး လေးစားခြင်းတို့ကိုပင် ဖြစ်ပေါ်စေသည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံသော သူတစ်ယောက်အဖြစ် လူတို့က မှတ်ယူကောင်း မှတ်ယူနိုင်သည်။ သို့ရာတွင် ဤအရာများသည် အပြင်ပန်း အပြုအမူများထက် မပိုပေ။ သင်၏ စိတ်နှလုံးတွင်ရှိသော အတွေးများနှင့် ဆန္ဒများသည် ဤအပြင်ပန်း အပြုအမူများနှင့်၊ အပြင်ပန်းတွင် သင်အသက်ရှင်နေထိုင်သည့် ဤလုပ်ရပ်များနှင့် ကိုက်ညီသလော။ အဖြေမှာ မကိုက်ညီပေ။ သင်က ဤသို့ လုပ်ဆောင်ရသည့် အကြောင်းပြချက်သည် ဤနောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိခြင်းကြောင့်ဖြစ်သည်။ ထိုရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာဖြစ်သနည်း။ သင်သည် ထိုရည်ရွယ်ချက်ကို လူသိရှင်ကြား အဖြစ်ခံနိုင်သလော။ လုံးဝ အဖြစ်ခံနိုင်မည် မဟုတ်။ ဤအချက်က အဆိုပါ ရည်ရွယ်ချက်သည် လူကြားထဲ ပြောမကောင်းသည့်အရာ၊ မှောင်မိုက်ပြီး ဆိုးယုတ်သည့်အရာ ဖြစ်သည်ကို သက်သေပြနေ၏။ အဆိုပါ ရည်ရွယ်ချက်က အဘယ်ကြောင့် ထုတ်မပြောအပ်ဘဲ ဆိုးယုတ်နေသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ လူ့သဘာဝကို ဖောက်ပြန်ပျက်စီးသော သူတို့စိတ်သဘောထားများက စိုးမိုးကာ တွန်းအားပေးထားသောကြောင့် ဖြစ်သည်။ လူတို့သည် လူ့သဘာဝ၏ အတွေးများကို စကားလုပ်၍ ပြောခြင်း သို့မဟုတ် ပွင့်အံထုတ်ပြခြင်း ရှိရှိမရှိရှိ ထိုအတွေးများ အားလုံးကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သိသိသာသာပင် စိုးမိုး၍ ထိန်းချုပ်ကာ ကြိုးကိုင်ထား၏။ ရလဒ်အနေနှင့် လူတို့၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ အားလုံးသည်လည်း ယုတ်မာပြီး ဆိုးယုတ်နေသည်။ လူတို့အနေနှင့် သူတို့ကိုယ်သူတို့ စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤကိုယ်ကျင့်တရားကို အပြင်ပန်းအားဖြင့် ပြီးပြည့်စုံစွာ ဖော်ပြသည်ဖြစ်စေ၊ မဖော်ပြသည်ဖြစ်စေ ဤကိုယ်ကျင့်တရားက ၎င်းတို့၏ လူ့သဘာဝအပေါ် ထိန်းချုပ်မှု သို့မဟုတ် လွှမ်းမိုးမှုတို့ မရှိမည်မှာကား ဧကန်မုချပင် ဖြစ်သည်။ သို့ဖြစ်လျှင် လူတို့၏ လူ့သဘာဝကို အဘယ်အရာက ထိန်းချုပ်ထားသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဟူသည့် ကိုယ်ကျင့်တရားအောက်၌ မထင်မရှား ရှိနေသော ၎င်းတို့ လူ့သဘာဝ အနှစ်သာရ ဖြစ်သည်။ ထိုအနှစ်သာရက သူတို့၏ သဘောသဘာဝအစစ် ဖြစ်၏။ လူတစ်ဦး၏ သဘာဝအစစ်သည် ထိုသူ့ လူ့သဘာဝ အနှစ်သာရပင် ဖြစ်သည်။ သို့ဖြစ်လျှင် သူ့လူ့သဘာဝ အနှစ်သာရ၌ မည်သည့်အရာတို့ ပါဝင်သနည်း။ အဓိကအားဖြင့် ထိုသူ၏ အကြိုက်များ၊ သူလိုက်စားသော အရာများအပြင် သူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်သာမက သမ္မာတရားနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထား အစရှိသည်တို့ ပါဝင်နေသည်။ ဤအရာများကသာ လူတို့၏ လူ့သဘာဝ အနှစ်သာရကို အမှန်တကယ် ကိုယ်စားပြု၏။ ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံ’ ဟူသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုကြသော လူအများစုသည် အဆင့်အတန်းကို စွဲလမ်းနေကြသည်ဟု အခိုင်အမာ ပြော၍ ရသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက တွန်းအားပေးသောကြောင့် ၎င်းတို့သည် လူတို့အကြား ဂုဏ်သိက္ခာရှိမှု၊ လူမှုရေးပိုင်း၌ ထင်ပေါ်ကျော်စောမှု၊ သူတစ်ပါးတို့၏ အမြင်တွင် ဂုဏ်အဆင့်အတန်း ရှိမှုတို့ကို မလိုက်စားဘဲ မနေနိုင်ပေ။ ဤအရာများ အားလုံးသည် ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ၎င်းတို့၏ ဆန္ဒနှင့် ဆက်နွှယ်နေပြီး မိမိတို့၏ အကျင့်စာရိတ္တကောင်းကို အကာအကွယ်ယူ၍ ၎င်းတို့လိုက်စားသည့် အရာများလည်း ဖြစ်သည်။ ၎င်းတို့၏ ဤလိုက်စားမှုများက မည်သို့ဖြစ်ပေါ်လာသနည်း။ ထိုအရာများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ အလုံးစုံ ဖြစ်ပေါ်လာပြီး ထိုစိတ်သဘောထားများ၏ တွန်းအားပေးမှုကို ခံထားရသည်။ ထို့ကြောင့် မည်သို့ဖြစ်ဖြစ် တစ်စုံတစ်ယောက်က ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အပြစ်ဆိုဖွယ် မရှိသည်အထိ ထိုသို့ သူဖြည့်ဆည်းသည်ဖြစ်စေ၊ မဖြည့်ဆည်းသည်ဖြစ်စေ သူ့လူ့သဘာဝ အနှစ်သာရကို လုံးဝ မပြောင်းလဲပေးနိုင်ပေ။ သဘောသက်ရောက်သည်မှာ ယင်းသည် ထိုသူ၏ ဘဝအပေါ် သဘောထားပုံ သို့မဟုတ် ထိုသူ၏ စံတန်ဖိုးစနစ်ကို မည်သည့်နည်းနှင့်မျှ မပြောင်းလဲပေးနိုင်ကြောင်း၊ သို့မဟုတ် လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံအပေါ် ထိုသူ၏ သဘောထားများနှင့် အမြင်ရှုထောင့်များကို လမ်းမပြပေးနိုင်ကြောင်း အဓိပ္ပာယ်ရသည်။ ယင်းမှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိလေလေ၊ ဟန်လုပ်ရာတွင်၊ အယောင်ဆောင်ရာတွင်၊ ကောင်းသော အပြုအမူနှင့် ကျေနပ်ဖွယ်ဖြစ်သော စကားများဖြင့် သူတစ်ပါးတို့အား လှည့်စားရာတွင် ကျွမ်းကျင်လေလေဖြစ်ပြီး ပင်ကိုအားဖြင့် လှည့်စားတတ်ကာ ဆိုးညစ်လေလေ ဖြစ်သည်။ သူသည် ဤလူအမျိုးအစား ဖြစ်လေလေ၊ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို သူ၏ ချစ်ခြင်းနှင့် လိုက်စားခြင်းက နက်ရှိုင်းလာလေလေ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆)) “ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး၊ သူတစ်ပါးကို သည်းခံ”တဲ့သူတွေဟာ အဆင့်အတန်းနဲ့ပတ်သက်လို့ နက်ရှိုင်းတဲ့ အစွဲအလမ်းတစ်ခုရှိမှန်း ကျွန်မ မြင်ခဲ့ရတယ်။ သူတို့က လူတွေရဲ့ စိတ်နှလုံးမှာ နေရာတစခုရှိဖို့ အမြဲကြိုးစားကြတယ်။ အဲဒီလိုလူတွေဟာ လှည့်ဖြားတတ်ပြီး ဆိုးယုတ်တဲ့ သဘာဝရှိသလို သူတော်ကောင်းယောင်ဆောင်တတ်ကြတယ်။ ဒီသရုပ်ဖော်ချက်က အရမ်းထိခိုက်နာကျင်စေတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မရဲ့ သက်တမ်းမှာ ကျွန်မတို့အဖွဲ့ရဲ့ အလုပ်အများကြီးကို ကျွန်မ တာဝန်ယူခဲ့ပုံကို စဉ်းစားမိတယ်။ တခြားလူတွေရဲ့ အချိန်ဇယားတွေ၊ သူတို့ရဲ့ အလုပ်ပမာဏတွေနဲ့ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကျွန်မ အမြဲ အလေးထားနေခဲ့တယ်။ တခြားလူတွေအပေါ် အထူးသဖြင့် ဂရုစိုက်ပြီး အလေးထားခဲ့တယ်။ သူတို့ လုံးဝ မပျော်တာမျိုး မဖြစ်အောင် သေချာလုပ်တယ်။ အပေါ်ယံမှာတော့၊ ကျွန်မ အတော်လေး နားလည်မှု ရှိပုံရနိုင်ပေမဲ့ လက်တွေ့မှာတော့၊ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ပံ့ပိုးပေးဖို့ပဲ အဲဒီလို ပြုမူနေခဲ့တာပဲ။ တခြားလူတွေကို စိတ်ပျက်စေပြီး၊ ကျွန်မအပေါ် မကောင်းထင်မြင်စေမဲ့ အရာတစ်ခုခု ပြောမိ၊ လုပ်မိမှာကို ကျွန်မ အမြဲ စိုးရိမ်ခဲ့တယ်။ တခြားဘယ်သူမဆိုထက် ကျွန်မဝန်ထုပ် ပိုထမ်းခဲ့တယ်၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်ခဲ့တယ်။ သည်းခံခြင်း၊ နားလည်ခြင်းနဲ့ အလျော့ပေးနိုင်စွမ်းကို ပြခဲ့တယ်။ ဒါပေမဲ့ ဒီအရာရဲ့ အခြေခံအကြောင်းရင်းက တခြားလူတွေထက် ကျွန်မ ပိုတော်တယ်၊ တခြားလူတွေထက် ကျွန်မ ဝိညာဉ်ရင့်ရက်မှု ပိုကြီးတယ်ဆိုတဲ့ ကျွန်မရဲ့ အတွေးပါပဲ။ သူတို့အပေါ် ကျွန်မ နားလည်ပြီး သည်းခံခဲ့သလို၊ ဒါကြောင့် သူတို့က ကျွန်မအပေါ် အထင်ကြီးပြီး ကျွန်မကို မှီခိုအားကိုးကြတယ်။ သူတို့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သူတို့က ကျွန်မကို စောင့်ကြပြီး၊ ဖြေရှင်းချက်ရဖို့ ဘုရားအပေါ် အားမကိုးနိုင်ကြသလို၊ သမ္မာတရားကို မရှာနိုင်ကြဘူး။ ကျွန်မက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ ပြည့်နေမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မ ဘယ်လိုမှ ကိုယ်ကျိုးမငဲ့တဲ့၊ သဘောထားကြီးတဲ့သူ မဟုတ်ခဲ့ဘူး။ အဲဒီညီအစ်မက ကျွန်မဆီကို အလုပ် လွှဲလိုက်ချိန်မှာ၊ ကျွန်မ ဝမ်းသာအားရ လက်ခံခဲ့ပေမဲ့ စိတ်ထဲမှာတော့ ဝမ်းမသာခဲ့ဘူး။ ကျွန်မ အလုပ်လုပ်နေတုန်းမှာ၊ ဝန်ထုပ်မထမ်းတဲ့အတွက် သူ့ကို မကျေမချမ်းဖြစ်ခဲ့တယ်။ ကျွန်မမှာ အလုပ်အများကြီးရှိသလို၊ အရမ်းကြီးမားတဲ့ ဖိအားအောက်မှာ ရှိနေခဲ့တာလေ။ ကျွန်မ ဘာကိုမှ မပြောခဲ့သလို၊ ကိုယ်ကျိုးမငဲ့သလိုမျိုး ပြုမူခဲ့ပေမဲ့၊ စိတ်ထဲမှာတော့ အားလုံးက အတော်လေး မမျှတဘူးလို့ ခံစားရပြီး၊ ဆင်းရဲဒုက္ခမခံစားချင်ခဲ့ဘူး၊ တခြားဘယ်အရာကိုမှ အားမထုတ်ချင်ခဲ့ဘူး။ အလုပ်ကို တာဝန်ပေးနေတုန်းမှာ၊ ညီအစ်မတစ်ယောက်က သူ့ရဲ့ဇာတိကို အလိုဖြည့်ပြီး၊ အလုပ် သိပ်မကြိုးစားချင်တဲ့အခါ၊ သူ့ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ မိတ်သဟာယ မပြုခဲ့သလို၊ အဲဒီအစား သူ့အလုပ်ကို တာဝန်ယူခဲ့တယ်။ တကယ်တော့၊ သူနဲ့ပတ်သက်လို့ ကျွန်မမှာ ကိုယ်ပိုင်အယူအဆတွေ ရှိခဲ့တယ်။ သူ့ရဲ့ ပျင်းရိမှုကြောင့် ကျွန်မ အလုပ်ပိုလာတာကို ကျွန်မ မကျေမချမ်းဖြစ်ခဲ့တယ်။ အဲဒါတွေအားလုံးကို ပြန်စဉ်းစားကြည့်တော့၊ တခြားလူတွေအပေါ် ကျွန်မရဲ့ သည်းခံခြင်းက အတုအယောင်ပဲဖြစ်မှန်း၊ ဟန်ဆောင်မှုပဲဖြစ်ပြီး၊ တခြားလူတွေကို ကျွန်မတကယ် မကူညီချင်ခဲ့မှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ခဲ့တာ သိသာပေမဲ့၊ ကိုယ်ကျိုးမငဲ့တဲ့သူစစ်စစ်လိုမျိုး ကျွန်မ ပြုမူခဲ့တယ်။ လူတိုင်းကို လှည့်ဖြားနေခဲ့တာ။ ကျွန်မရဲ့ လုပ်ရပ်တွေမှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိခဲ့တယ်။ တခြားလူတွေရဲ့ ချီးမွမ်းတာ၊ လေးစားတာနဲ့ ချီးကျူးတာတွေကို ရချင်တာပါပဲ။ ကျွန်မ ဘယ်လောက် သူတော်ကောင်းယောင်ဆောင်ပြီး အတုအယောင်ဖြစ်လိုက်သလဲ။ လူတွေက ကျွန်မရဲ့ လှည့်ဖြားတတ်တဲ့ လုပ်ရပ်တွေကိုပဲ မြင်ခဲ့ပေမဲ့၊ ကျွန်မရဲ့ တကယ့်အတွေးတွေကို မမြင်နိုင်ခဲ့ဘူး။ ကျွန်မမှာ လူ့သဘာဝကောင်းရှိပြီး အရမ်းသည်းခံတယ်လို့ အားလုံးက ယုံကြည်ခဲ့ကြတယ်။ ကျွန်မက သူတို့ကို လှည့်ဖြားပြီး လိမ်လည်နေခဲ့တာ မဟုတ်လား။ အဲဒီအကြောင်းကို တွေးလေ၊ ကိုယ့်ကိုယ်ကို စက်ဆုပ်မိလေပဲ။ မျက်နှာဖုံးတတ်ထားရင်းနဲ့ ဘဝကို ကျွန်မ ဖြတ်သန်းခဲ့ပြီး၊ ကိုယ့်ကိုယ်ကို ဆင်းရဲဒုက္ခအရမ်း ခံစားခဲ့ရုံမက၊ အသင်းတော်အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တယ်။ ကိုယ့်ကိုယ်ကိုနဲ့ တခြားလူတွေကို ကျွန်မ ထိခိုက်နစ်နာစေခဲ့တာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကို မုန်းမိပြီး၊ ဖြစ်နိုင်သမျှ မြန်မြန် နောင်တရပြီး ပြောင်းလဲချင်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်လို့ ရှုထောင်အမြင်သစ်တစ်ခုပေးတဲ့ နောက်ထပ်ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို အမှတ်မထင်တွေ့မိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အချို့ အသင်းတော်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ကို ပေါ့ဆစွာနှင့် ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည့် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများကို ၎င်းတို့မြင်တွေ့ရလျက် ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း မပြုကြချေ။ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်နစ်နာစေသည့်အရာတစ်ခုကို ၎င်းတို့ မြင်သည့်အခါ၊ အခြားသူများ ယုတ်စွအဆုံး စိတ်အနှောင့်အယှက်ပင် မဖြစ်စေဖို့အလို့ငှာ၊ ၎င်းတို့သည် မသိကျိုးကျွန်ပြုကြပြီး မည်သည့် မေးမြန်းစုံစမ်းခြင်းများကိုမျှ မပြုကြချေ။ အမှန်မှာမူ ၎င်းတို့သည် လူများ၏ အားနည်းချက်များကို အမှန်တကယ် ထည့်တွက်စဉ်းစားနေခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ ရည်ရွယ်ချက်က လူများကို သိမ်းသွင်းစည်းရုံးဖို့ ဖြစ်သည်။ ၎င်းတို့သည် ‘ဤအရာကို ငါ ဆက်ထိန်းထားပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေပါက၊ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ အသိအမှတ်ပြုကာ နှစ်သက်ကြလိမ့်မည်’ ဟုတွေးလျက် ဤအရာကို ကောင်းစွာ သိရှိကြလေသည်။ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသော လူများက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် မည်မျှ ကြီးမားစွာ ကြန့်ကြာစေခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အသင်းတော် အသက်တာသည် မည်မျှ ကြီးမားစွာ နှောင့်ယှက်ခံရသည် ဖြစ်စေ၊ ထိုသို့သော ခေါင်းဆောင်များသည် ၎င်းတို့၏ဆိုးယုတ်သော ဒဿနကို မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကိုယ် အပြစ်တင်မှု အသိစိတ်တစ်ခု မရှိကြပေ။ တစ်စုံတစ်ဦးက အနှောင့်အယှက်များနှင့် အလျဉ်ပြတ်စေခြင်းများကို ဖြစ်စေသည်ကို မြင်သည့်အခါ၊ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် အလျဉ်းသင့်၍ ဤပြဿနာများကို သာမန်ကာလျှံကာ ပြောဆိုကောင်း ပြောဆိုပြီးနောက် ထိုအရာနှင့်ပတ်သက်၍ အဆုံးသတ်လိုက်ကြသည်။ ၎င်းတို့သည် ဤလူကို သမ္မာတရားအပေါ် မိတ်သဟာယမပြုသကဲ့သို့၊ ပြဿနာ၏ အနှစ်သာရကိုလည်း ၎င်းတို့ မထောက်ပြကြပေ၊ ထိုသူတို့၏ အခြေအနေကို ၎င်းတို့ ဆန်းစစ်ခြင်းမှာ သာ၍ပင် နည်းပါးသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်ကို လုံးဝ မိတ်သဟာယပြုခြင်းမရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် လူများက မည်သည့်အမှားမျိုးကို မကြာခဏ ပြုလေ့ရှိသည်ကိုဖြစ်စေ၊ လူများ မကြာခဏ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြစ်စေ မည်သည့်အခါမျှ မဖော်ထုတ်ပေ၊ သို့မဟုတ် မဆန်းစစ်ပေ။ ၎င်းတို့သည် မည်သည့်တကယ့်ပြဿနာကိုမျှ မဖြေရှင်းဘဲ၊ ထိုအစား လူများ၏ လက်မခံနိုင်သော အပြုအမူနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများကို အစဉ်သဖြင့် သည်းခံကြသည်။ ပြီးလျှင် လူများက မည်မျှ အပျက်သဘောဆောင်ပါစေ၊ အားနည်းပါစေ အချို့သော စကားများနှင့် အယူဝါဒများကို တရားဟောရုံမျှ၊ ဝတ်ကျေတမ်းကျေ တိုက်တွန်းအားပေးခြင်း အနည်းငယ် ပြုရုံမျှ၊ သဘောထားကွဲလွဲမှုကို ရှောင်ဖို့ ကြိုးစားရုံမျှဖြင့် စိုးရိမ်ကြောင့်ကြမှု မရှိမြဲသာ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသောသူများသည် မိမိတို့ကိုယ်ကိုယ် မည်သို့ဆင်ခြင်ရမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်ကိုယ် မည်သို့သိရှိရမည်ကိုလည်းကောင်း မသိကြချေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းအတွက် ဖြေရှင်းချက် မရကြဘဲ၊ အသက်ဝင်ရောက်မှု တစ်စုံတစ်ရာ မရှိကြဘဲ စကားများ၊ အယူဝါဒများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ‘ငါတို့၏ခေါင်းဆောင်သည် ငါတို့၏ အားနည်းချက်များအတွက် ဘုရားသခင်ထက်ပင် ပို၍များသော နားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လျော်ညီဖို့ အလွန်သေးငယ်ကောင်း သေးငယ်လိမ့်မည်ဖြစ်သော်လည်း၊ ငါတို့၏ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ငါတို့ ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်ကို နာခံခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်ကို နာခံခြင်း ဖြစ်သည်။ အထက်က ငါတို့ခေါင်းဆောင်ကို အစားထိုးသည့်နေ့ရက်ရောက်လာသည့်အခါ ငါတို့၏ သဘောထားကို သိအောင်ထုတ်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ဆက်ခေါ်ထားဖို့နှင့် အထက်က သူ့ကို အစားထိုးခြင်းမှ တားဆီးဖို့၊ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို တရားမျှတစွာ ဆက်ဆံသည့် ပုံစံဖြစ်ပေသည်’ဟုပင် ယုံကြည်လာကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်း‌ဆောင်နှင့်ပတ်သက်၍ ထိုသို့သော ဆက်ဆံရေးတစ်ခုရှိပြီး ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့၏ခေါင်းဆောင်အပေါ် မှီခိုမှု၊ အားကျမှု၊ ကြည်ညိုခြင်းတို့ ရှိသည့်အခါ၊ ၎င်းတို့သည် ဤခေါင်းဆောင်အပေါ် သာ၍ပင် ကြီးမားသော ယုံကြည်ခြင်း ရှိလာလိမ့်မည်။ ၎င်းတို့ နားထောင်လိုသည်မှာ ခေါင်းဆောင်၏ စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းအား ၎င်းတို့ ရပ်တန့်လိုက်သည်။ ထိုသို့သော ခေါင်းဆောင်သည် လူများ၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ နေရာကို ယူပြီးလုနီးပါး ဖြစ်လေသည်။ ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ထိုသို့သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါက၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းမှ ပျော်ရွှင်မှု ခံစားချက်တစ်ခု ရရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ၎င်းတို့နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသကဲ့သို့၊ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူများသည် ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝ မရှိဘဲ အန္တိခရစ်တစ်ဦး၏ လှည့်စားခြင်းကို ခံရပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်)

ဤအရာကို အသင်းတော်ထဲရှိ အန္တိခရစ်တချို့၊ ဆိုးယုတ်သော လူတချို့နှင့် သင်တို့ နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုသူတို့သည် အသင်းတော်အတွင်းတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို ခိုင်မြဲအောင် လုပ်ဖို့၊ အခြားသော အသင်းသူ အသင်းသားများအကြား ပိုကောင်းမွန်သည့် နာမည်ဂုဏ်သတင်း ရရှိဖို့အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ဆင်းရဲဒုက္ခ ခံနိုင်စွမ်းနှင့် အဖိုးအခ ပေးနိုင်စွမ်း ရှိကြသည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အလုပ်အကိုင်နှင့် မိသားစုကို စွန့်လွှတ်ခြင်း၊ မိမိတို့၌ ရှိသမျှကို ရောင်းထုတ်ခြင်းတို့ပင် ပြုကောင်း ပြုနိုင်မည်။ အချို့သော အခြေအနေများတွင်ဆိုလျှင် ဘုရားအတွက် မိမိတို့ကိုယ်ကို အသုံးခံရာ၌ သူတို့ပေးသော အဖိုးအခနှင့် သူတို့ခံစားသော ဆင်းရဲဒုက္ခတို့သည် သာမန် လူတစ်ဦး တောင့်ခံနိုင်သော ပမာဏထက် ကျော်လွန်နေ၏။ သူတို့သည် မိမိတို့ အဆင့်အတန်းကို ထိန်းထားဖို့ အလွန်အမင်း ချုပ်တည်းခြိုးခြံသည့် စိတ်ဓာတ်ကို ရုပ်လုံးဖော်နိုင်စွမ်း ရှိကြ၏။ သို့သော်လည်း သူတို့အနေဖြင့် မည်မျှပင် ဆင်းရဲဒုက္ခခံသည်ဖြစ်စေ၊ မည်သည့်အဖိုးအခကို ပေးသည်ဖြစ်စေ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ သက်သေခံချက် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း မရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ခြင်းလည်း မရှိကြချေ။ ၎င်းတို့ ရရှိဖို့ အားထုတ်နေကြသည့် ပန်းတိုင်မှာ အဆင့်အတန်း၊ အာဏာရဖို့နှင့် ဘုရား၏ ဆုလာဘ်များကို ရရှိဖို့သာ ဖြစ်၏။ ၎င်းတို့လုပ်သည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် စိုးစဉ်းမျှပင် ဆက်နွှယ်နေခြင်း မရှိ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှပင် စည်းကမ်းတင်းကျပ်သည်ဖြစ်စေ၊ သူတစ်ပါးတို့အား မည်မျှပင် သည်းခံပေးသည်ဖြစ်စေ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်ရလဒ်က အဘယ်အရာ ဖြစ်မည်နည်း။ ဘုရားသခင်က ၎င်းတို့ကို မည်သို့သဘောထားမည်နည်း။ ဘုရားက ၎င်းတို့၏ အဆုံးသတ်ကို ၎င်းတို့ အသက်ရှင်နေထိုင်သည့် အပြင်ပန်း အပြုအမူကောင်းများအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးလိမ့်မည်လော။ လုံးဝ အဆုံးအဖြတ်ပေးလိမ့်မည် မဟုတ်။ လူတို့သည် ဤအပြုအမူများနှင့် သရုပ်သကန်များအပေါ် အခြေခံ၍ အခြားလူများကို ရှုမြင်ပြီး ချင့်ချိန်အကဲဖြတ်ကြ၏။ ၎င်းတို့သည် အခြားသော လူများ၏ အနှစ်သာရကို ထိုးဖောက်မြင်နိုင်စွမ်း မရှိသောကြောင့် အဆုံးတွင် ထိုလူတို့၏ လှည့်ဖြားခြင်းကို ခံကြရလေသည်။ သို့ရာတွင် ဘုရားသခင်ကမူ လူ၏ လှည့်ဖြားခြင်းကို ဘယ်သောအခါမျှ မခံရ။ လူတို့တွင် မိမိတို့ကိုယ်ကို စည်းကမ်းတင်းကျပ်နိုင်စွမ်းနှင့် သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်း ရှိနေရုံနှင့် ဘုရားက လူတို့၏ အကျင့်စာရိတ္တကို လုံးဝ ချီးကျူးလိမ့်မည် မဟုတ်၊ လုံးဝ အောက်မေ့လိမ့်မည် မဟုတ်။ ထိုအစား ၎င်းတို့၏ ရည်မှန်းချက်များအတွက်၊ အဆင့်အတန်းရဖို့ အားထုတ်ရာ၌ ၎င်းတို့လျှောက်သော လမ်းများအတွက် ဘုရားက ၎င်းတို့ကို ပြစ်တင်ရှုတ်ချလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့၊ ကျွန်မလုပ်ရပ်တွေရဲ့ သဘာဝနဲ့ အကျိုးဆက်တွေအကြောင်းကို ပိုရှင်းလာခဲ့တယ်။ ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ တခြားလူတွေရဲ့ အခက်အခဲတွေကို အမြဲ စဉ်းစားပေးပြီး အရာရာကို ကိုယ့်ဘာသာ လုပ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေကို ပုံမှန်အတိုင်း မဖြည့်ဆည်းကြတော့ဘူး။ တချို့က သူတို့ဇာတိကို အလိုဖြည့်ကြပြီး ဝန်မထမ်းကြဘူး။ တခြားလူတွေက ကျွန်မအပေါ် လေးစားပြီး မှီခိုရင်းနဲ့ ပိတ်မိနေကြတယ်။ သူတို့မှာ ပြဿနာတွေရှိတိုင်း ကျွန်မကို ရှာကြပြီး၊ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားအပေါ် အားမကိုးနိုင်ကြသလို၊ သမ္မာတရားကို မရှာနိုင်ကြဘူး။ သူတို့စိတ်နှလုံးထဲမှာ ဘုရားက နေရာမရှိဘူး။ မကောင်းမှုကို ကျွန်မ လုပ်မိပြီ။ အဲဒီညီအစ်မက သူ့အလုပ်မှာ ဝန်ထုပ်တစ်ခု မထမ်းချင်ဘဲနဲ့ကျွန်မအပေါ် သူ့အလုပ်ကို တွန်းတင်တဲ့အခါမှာ ကျွန်မက သူနဲ့ နည်းနည်းလေးသာ မိတ်သဟာယပြုပြီး၊ သူ့လက်ရှိအခြေအနေရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို မြင်ခွင့်ပေးခဲ့ရင်၊ သူ့ဇာတိကို သူ တွန်းလှန်ပြီး သူ့ပြဿနာကို ဖြေရှင်းဖို့ ဘုရားအပေါ် အားကိုးနိုင်ခဲ့မှာပဲ။ ဒါက သူ့ဘဝမှာ တိုးတက်မှု ဖြစ်စေမှာဖြစ်ပြီး၊ သူ့ရဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်မှာပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ပိုင် နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကျွန်မ စဉ်းစားခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထဲမှာ နွံနစ်နေတဲ့ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို မိတ်သဟာယမပြုခဲ့ဘူး၊ အကြံမပေးခဲ့ဘူး။ အပြင်ပန်းမှာတော့ ဒီလိုပြုမူပုံက လူတွေရဲ့ သွေးသား ပူပန်မှုတွေနဲ့ ကိုက်ညီပေမဲ့၊ သူတို့က ဘဝတိုးတက်မှု မရှိကြသလို၊ ပိုပြီး အကျင့်စာရိတ္တပျက်လာကြတယ်။ လူတွေကို အဆက်မပြတ် အလိုလိုက်ခြင်းအားဖြင့်၊ သူတို့ကို ကျွန်မ ထိခိုက်နစ်နာစေနေခဲ့တာပဲ။ လူတိုင်းက ကျွန်မရဲ့ အပြုအမူကို မသိမြင်နိုင်ခဲ့ကြသလို၊ ကျွန်မက ကောင်းမြတ်ပြီး ဂရုစိုက်တတ်တဲ့လူလို့ ထင်အောင် ကျွန်မ လှည့်စားတာကို ခံခဲ့ကြရတယ်။ ကျွန်မ ဘယ်လောက် မစစ်မှန်လိုက်လဲ။ သူတို့အားလုံးကို လှည့်ဖြားနေခဲ့တာပဲ။ အပြင်ပန်းမှာတော့ ကျွန်မက ကိုယ့်တာဝန်မှာ ကြီးမားတဲ့ဝန်ထုပ်ထမ်းပြီး၊ အဖိုးအခပေးနိုင်ပုံရတယ်။ ကျွန်မကို လူကောင်းတစ်ယောက်လို လူတွေက မြင်ပေမဲ့ တကယ်တော့ ကျွန်မရဲ့ လုပ်ရပ်တိုင်းက ဘုရားကို စိတ်ကျေနပ်စေဖို့ လုပ်ခဲ့တာမဟုတ်ဘဲ၊ လူတွေရဲ့ စိတ်နှလုံးထဲက ကျွန်မရဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ လုပ်ခဲ့တာဖြစ်လို့ ကျွန်မက ဘုရားရဲ့ ရှုတ်ချတာခံခဲ့ရပါ။ သိသာတဲ့ မကောင်းမှုတစ်ခုတလေကို ကျွန်မ မလုပ်ခဲ့မိပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုထဲကို လူတွေကို ကျွန်မ မခေါ်ဆောင်ခဲ့ဘူး။ အဲဒီအစား သူတို့ရဲ့ ဇာတိပတိထဲနဲ့ ကျွန်မရှေ့ကို ခေါ်ဆောင်မိခဲ့တယ်။ ကျွန်မက လူတွေကို သိမ်းသွင်းဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး၊ အန္တိခရစ် စိတ်သဘောထားကို ဖော်ပြနေခဲ့တာပဲ။ ဒါကို သဘောပေါက်တော့၊ ကျွန်မက အတော်လေး မရေရာတဲ့ အခြေအနေမှာ ရှိခဲ့မှန်း တွေ့ရတယ်။ ကျွန်မက ရိုးရာယဉ်ကျေးမှု စံနှုန်းတွေကို အခြေခံပြီး ကိုယ့်တာဝန်ကို လုပ်နေခဲ့သလို၊ အန္တိခရစ် လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။

နောက်ပိုင်းမှာ ကျွန်မရဲ့ ပြဿနာတွေနဲ့ စပ်လျဉ်းပြီး ပိုရှင်းလင်းမှုပေးတဲ့ ဘုရားနှုတ်ကပတ်တော်နောက်တစ်ပိုဒ်ကို အမှတ်တမဲ့ တွေ့ခဲ့တယ်။ “ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအကြောင်း အဆိုအမိန့်များကို မည်သည့်အုပ်စုက အဆိုပြုပါစေ ဤအရာအားလုံးက လူတို့အား မိမိကိုယ်ကို ချုပ်တည်းမှုအား ကျင့်သုံးရန်၊ မိမိ၏ ကိုယ်ပိုင်ဆန္ဒနှင့် ကိုယ်ကျင့်တရားနှင့် မညီသော ပြုမူဆောင်ရွက်မှုတို့ကို ချုပ်တည်းရန်၊ အလေးထားလက်ခံနိုင်ဖွယ် သဘောတရားဆိုင်ရာ၊ ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များကို ကိုင်စွဲရန် လိုအပ်သည်။ ဤအဆိုအမိန့်များသည် လူသားမျိုးနွယ်အား မည်မျှ လွှမ်းမိုးပါစေ၊ ထိုလွှမ်းမိုးမှုသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ ဤကိုယ်ကျင့်တရားနှင့်အညီနေထိုင်ဖို့ ပြောဆိုသူများဟူသောသူတို့၏ ရည်ရွယ်ချက်သည် လိုရင်းကိုပြောရလျှင် ဤသို့သော အဆိုအမိန့်များကို အဆိုပြုပြီး လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုကို ကန့်သတ်ပြီး ထိန်းညှိပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် မည်သို့ ကျင့်ကြံလုပ်ဆောင်သင့်သည်၊ လူများ၊ အမှုအရာများကို မည်သို့ ရှုမြင်သင့်သည်၊ မိမိတို့၏ လူ့အဖွဲ့အစည်းနှင့် နိုင်ငံကို မည်သို့ ရှုမြင်သင့်သည်ဆိုသည်တို့နှင့် ပတ်သက်ပြီး အခြေခံစံသတ်မှတ်ချက်ရှိမည်ဖြစ်သည်။ အပြုသဘောအနေနှင့် ကြည့်လျှင် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များကို ဖန်တီးခြင်းသည် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအား ကန့်သတ်ပြီး ထိန်းညှိသည့်နေရာတွင် ကဏ္ဍတစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ ပါဝင်သည်။ သို့သော် အရှိအတိုင်းဖြစ်သော အချက်အလက်များကို ကြည့်လျှင် ယင်းသည် လူတို့အား မရိုးသားသော၊ ဟန်ဆောင်သောအတွေးအမြင်များကို လက်ခံယုံကြည်စေပြီး ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်း၊ စွဲမှတ်အောင်သွန်သင်ခြင်းခံရသောသူတို့ကို ပို၍ ဒုက္ခပေးရန်၊ ပို၍ လှည့်ဖြားစေရန်၊ ဟန်ဆောင်ရာတွင် ပို၍ကျွမ်းကျင်စေရန်နှင့် ၎င်းတို့၏ စဉ်းစားတွေးခေါ်မှုတွင် ပို၍ ဘောင်ကျဉ်းစေရန် လုပ်ဆောင်သည်။ ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုနှင့် စွဲမှတ်အောင် သွန်သင်မှုကြောင့် လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤမှားယွင်းသောအမြင်များ၊ အဆိုအမိန့်များကို အပြုသဘောဆောင်သောအရာများအဖြစ် တဖြည်းဖြည်းချင်းခံယူလာကြပြီး လူတို့အား အထင်မြင်မှားစေသော ဤအထင်ကရများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များကို သန့်ရှင်းသူများအဖြစ် ကိုးကွယ်ကြသည်။ လူတို့သည် အထင်မြင်မှားအောင်ပြုလုပ်ခြင်းခံရသောအခါ ၎င်းတို့၏ စိတ်များသည် မရေမရာဖြစ်ပြီး ထုံထိုင်းကာ တုံးအလာကြသည်။ သာမန်လူ့သဘာဝက မည်သည့်အရာဖြစ်သည်ကို၊ သို့မဟုတ် သာမန်လူ့သဘာဝရှိသောလူများက မည်သည့်အရာကို လိုက်စားပြီး လိုက်နာသင့်သည်ကို မသိကြပေ။ လူတို့သည် လူသားဖြစ်တည်မှု၏ သင့်တင့်လျောက်ပတ်သော ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သိဖို့မဆိုထားနှင့်၊ ဤကမ္ဘာတွင် မည်သို့ အသက်ရှင်သင့်သည်၊ သို့မဟုတ် မည်သို့သော ဖြစ်တည်မှုပုံစံမျိုး၊ သို့မဟုတ် စည်းမျဉ်းမျိုးကို ခံယူသင့်သည်ကိုပင် မသိကြပေ။ ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှု၊ စွဲမှတ်အောင်သွန်သင်မှုတို့အပြင် ဘောင်ခတ်ခြင်းကြောင့် ဘုရားသခင်ထံမှ အပြုသဘောဆောင်သောအရာများ၊ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများသည် ဖိနှိပ်ခြင်းခံရသည်။ ဤပုံစံဖြင့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော အဆိုအမိန့်များသည် ကြီးမားသော အတိုင်းအတာတစ်ခုအထိ လူတို့၏ စဉ်းစားပုံကို အလွန်အမင်း လှည့်စားကာ လွှမ်းမိုးခဲ့ပြီး လူတို့၏ အတွေးများကို ဘောင်ခတ်၍ လူတို့အား လမ်းလွဲစေပြီး အသက်တာတွင်ရှိသော မှန်ကန်သည့်လမ်းကြောင်း၏ အဝေးသို့ ရောက်ရှိစေကာ ဘုရားသခင်၏ သတ်မှတ်ချက်များဖြင့် ပိုပို၍ ဝေးကွာစေသည်။ ဤသည်မှာ သင်သည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော အယူအဆများ၊ အမြင်များ၏ လွှမ်းမိုးခြင်းကို နက်နဲစွာ ခံရလေလေ၊ ထိုအရာများ၏ စွဲမှတ်အောင် သွန်သင်ခြင်းကို ကြာရှည်စွာ ခံရလေလေဖြစ်ပြီး သာမန်လူ့သဘာဝရှိသောလူတို့တွင် ရှိသင့်သည့် အတွေးများ၊ ရည်မှန်းချက်များ၊ လိုက်စားရန် ပန်းတိုင်နှင့် စည်းမျဉ်းများထံမှ ပို၍ လမ်းလွဲလေလေ၊ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသော စံနှုန်းဖြင့် လမ်းလွဲလေလေဖြစ်သည်။...ဘုရားသခင် ရွေးချယ်ထားသောသူများသည် အချက်တစ်ချက်ကို ထိုးထွင်းမြင်ရမည်။ ဘုရားနှုတ်ကပတ်တော်သည် ဘုရားနှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာတရားသည် သမ္မာတရားဖြစ်သည်။ လူသားစကားသည် လူသားစကားဖြစ်သည်။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့သည် လူသားစကားများဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် လူသားစကားဖြစ်သည်။ လူသားစကားသည် မည်သည့်အခါမျှ သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရားဖြစ်လာမည်လည်း မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ ရိုးရာယဉ်ကျေးမှုက ကျွန်မတို့ထဲကို သွတ်သွင်းတဲ့ အမြင်တွေနဲ့ စိတ်ကူးတွေက ရယ်စရာကောင်းပြီး အဓိပ္ပာယ်မရှိသလို၊ ပုံမှန်လူတွေရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရားတွေအပြင်၊ အသက်ရှင်နေထိုင်ဖို့ လူကို ဘုရားတောင်းဆိုတဲ့ ပုံမှန်လူ့သဘာဝနဲ့ ဆန့်ကျင်နေတယ်ဆိုတာပေါ့။ “မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးကို သည်းခံခြင်း”ဆိုတဲ့ ဒီရိုးရာအယူအဆရဲ့ လှည့်ဖြား၊ လွှမ်းမိုးတာခံရတော့၊ ကျွန်မ နားဝေတိမ်တောင်ဖြစ်လာတယ်၊ မှားယွင်းပြီး မသိမြင်လာတော့ဘူး။ လူတွေကို သည်းခံတာ၊ နည်းလမ်းရှိသမျှနဲ့ သူတို့ကို ထောက်ထားပြီး သူများတွေအစား ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်စေခြင်းအားဖြင့်ပဲ ကောင်းတဲ့ အကျင့်စရိုက်၊ အမြင်ကျယ်တာနဲ့ သဘောထားကြီးတာတွေကို ပြတာဖြစ်တယ်လို့ ကျွန်မ တွေးမိခဲ့တယ်။ ဘယ်သူကိုမှ ကျွန်မ သိပ်အများကြီး မတောင်းဆိုသင့်ဘူး၊ အရမ်း မတင်းကျပ်သင့်ဘူး၊ ပြီးတော့ သဘောထားသေးတာကို ရှောင်ကြဉ်သင့်တယ်ပေါ့။ ဒီအယူအဆတွေက ကျွန်မရဲ့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့တယ်၊ ကျွန်မရဲ့ စကားလုံးနဲ့ လုပ်ရပ်တိုင်းကို ထိန်းချုပ်ပြီး တခြားလူတွေနဲ့ ကျွန်မ ဆက်ဆံပုံကို လွှမ်းမိုးခဲ့တယ်။ အဲဒါကို သေချာစဉ်းစားကြည့်တော့၊ တခြားလူတွေကို ကျွန်မရဲ့ သည်းခံခြင်းက ပုံမှန်လူ့သဘာဝရဲ့ သက်ညှာမှုမဟုတ်ဘဲ၊ စည်းမျဉ်းတွေ၊ စံနှုန်းတွေ မရှိတဲ့ အလိုလိုက်မှုတစ်ခု ဖြစ်တာကို တွေ့ခဲ့ရတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့၊ ကျွန်မတို့ရဲ့ ယေဘုယျ အလုပ်အချိန်ဇယားနဲ့ အဖွဲ့ဝင်တစ်ယောက်စီရဲ့ ကျွမ်းကျင်မှုတွေအရ အလုပ်ကို အကျိုးသင့်အကြောင်းသင့် ကျွန်မ တာဝန်ပေးခဲ့သင့်တယ်။ အဲဒါမှ လူတိုင်းက ပါဝင်လုပ်ဆောင်နိုင်မှာ၊ သူတို့တာဝန်မှာ လက်တွေ့လုပ်ပြီး သူတို့ရဲ့ ကျွမ်းကျင်မှုတွေ ပြဖို့ အခွင့်အရေးရကြမှာလေ။ အဲဒါမှ ကျွန်မတို့ အဖွဲ့ရဲ့အလုပ်က ပုံမှန် တိုးတက်၊ ကောင်းမွန်မှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှုနည်းတဲ့သူတွေ၊ သာမန်အစွမ်းအစရှိပြီး အသိပညာမွမ်းမံဖို့ နှေးကွေးတဲ့သူတွေအတွက်ကတော့ အလုပ်တာဝန်ခွဲပေးတာက သူတို့ရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုနဲ့ အခက်အခဲတွေပေါ် အခြေခံသင့်တယ်။ သူတို့အနေနဲ့ အလုပ်တာဝန်နဲ့ ကိုက်ညီတာသေချာအောင်လို့ ပိုလွယ်တဲ့ အလုပ်ကို တာဝန်ပေးသင့်ပြီး၊ သူတို့ မတတ်စွမ်းနိုင်တဲ့အရာတစ်ခုခုကို အတင်းမလုပ်ခိုင်းသင့်ဘူး။ အစွမ်းအစကောင်းရှိသူတွေ၊ အသစ်သောအရာတွေ သင်ယူနိုင်စွမ်းရှိပြီး၊ စည်းမျဉ်းနဲ့ ကျွမ်းကျင်မှုတွေ သဘောပေါက်နိုင်စွမ်းရှိသူတွေအတွက်ကတော့၊ သူတို့ကို အတန်အသင့် ပိုများတဲ့ အလုပ်ပမာဏကို ပေးသင့်တယ်။ သူတို့အလုပ်ကို ပိုစဉ်းစားခိုင်းသင့်ပြီး၊ ဝန်ထုပ်ပိုထမ်းခိုင်းသင့်တယ်။ ဒါမှ သူတို့က ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်မှာပဲ။ အခက်အခဲတွေ သူတို့ ကြုံရပြီး နည်းနည်း စိတ်ဖိစီးရင်၊ ဒါက ပုံမှန်ဖြစ်သလို၊ ဘုရားကို ပိုအားကိုးဖို့၊ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို တိုးတက်စေပြီး ပိုမြန်ဆန်တဲ့ တိုးတက်မှုဖြစ်စေဖို့ သူတို့ကို လှုံ့ဆော်ပေးမှာပါ။ ဒါ့အပြင်၊ တစ်ယောက်ယောက် အလုပ်တာဝန်ပေးခံရပြီးတဲ့နောက်မှာ စိတ်မကောင်းဖြစ်ရင်၊ သူတို့မှာ တကယ့် အခက်အခဲတွေ ရှိလား၊ ဒါမှမဟုတ် သက်သာမှုကိုပဲ ရှာနေတာလားဆိုတာနဲ့ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့ လိုလားနေခြင်း မရှိတာလားဆိုတာ သိရဖို့ သူတို့နဲ့ ကျွန်မ ဆက်သွယ်ပြောဆိုလို့ရတယ်။ အဲဒီအခါ တကယ့်အခြေအနေပေါ် အခြေခံပြီး ကိစ္စတွေကို ကျွန်မ ကိုင်တွယ်လို့ရတယ်။ ဒါက သမ္မာတရား စည်းမျဉ်းတွေပေါ် အခြေခံပြီး ပြုမူဆောင်ရွက်တာ ဖြစ်မှာပဲ။ တကယ်တော့၊ အချိန်အများစုမှာ အဖွဲ့သားတွေရဲ့ တကယ့် အခြေအနေတွေပေါ် မူတည်ပြီး အလုပ်ကို အကျိုးသင့်အကြောင်းသင့် ကျွန်မတာဝန်ပေးခဲ့ပါတယ်။ ကျွန်မ သိပ်အများကြီး မတောင်းဆိုဘူး၊ အဲဒီလောက် မတင်းကျပ်ခဲ့သလို၊ ကျွန်မရဲ့ အဖွဲ့သားတွေက သူတို့ရဲ့ တာဝန်တွေကို ကိုင်တွယ်နိုင်ခဲ့ကြတယ်။ သူတို့ ရံဖန်ရံခါ ပျင်းကြတဲ့အခါ၊ အောင်မြင်ဖို့အတွက် အဖိုးအခပေးဆပ်ပြီး မကြိုးပမ်းချင်ကြတဲ့အခါ၊ ဒါမှမဟုတ် တာဝန်ယူရမှာ ကြောက်ပြီး အလုပ်ကို တခြားလူတွေဆီ လွှဲလိုက်တဲ့အခါ၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သူတို့ သိအောင်လို့ သူတို့ကို ကျွန်မ မိတ်သဟာယပြုပြီး အကြံပေးခဲ့သင့်တယ်။ ပိုဆိုးတဲ့ အခြေအနေတွေမှာ ကျွန်မ သူတို့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့သင့်တယ်။ ပြီးတော့ သူတို့ကို အဆက်မပြတ် အလိုလိုက်လို့မရသလို၊ အခြေခံ စံနှုန်းမရှိဘဲနဲ့ သူတို့ရဲ့ အပြုအမူကို ဒီအတိုင်း သည်းခံလု့မရဘူး။ အဲဒီလို လုပ်ပြီးတော့မှပဲ ကျွန်မတို့အဖွဲ့ရဲ့ အလုပ်ပုံမှန်တိုးတက်မှုကို ကျွန်မ ထိန်းသိမ်းနိုင်မှာပါ။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ပိုရှင်းသွားစေခဲ့တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို အမှတ်မထင်တွေ့ခဲ့တယ်။ “သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို အာခံဆန့်ကျင်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း)ဤသို့ဆိုလျှင် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများသည် အဘယ်နည်း။ လူများအနေဖြင့် အခြားသူများ အားနည်းပြီး အပျက်သဘောဆောင်နေသည့်အချိန်တွင် ၎င်းတို့ကို နားလည်ပေးရန်၊ အခြားသူများ၏ စိတ်ဆင်းရဲမှုများနှင့် အခက်အခဲများကို ထည့်တွက်စဉ်းစားရန်၊ ထို့နောက်တွင် ဤအရာများအကြောင်း မေးမြန်းရန်၊ အကူအညီနှင့် အထောက်အပံ့ပေးရန်၊ ပြီးလျှင်၎င်းတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးဖို့အတွက် ၎င်းတို့အား ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြပြီး ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့ နားလည်ဖို့နှင့် အားနည်းခြင်မရှိဖို့ ထောက်ကူပေးကာ ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင် ရန်တို့ ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် စည်းမျဉ်းများနှင့်ညီသည် မဟုတ်သလော။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီ၏။ ပင်ကိုအားဖြင့် ဤကဲ့သို့သော ဆက်ဆံရေးမျိုးသည် သမ္မာတရားစည်းမျဉ်းများနှင့် ပို၍ပင် ကိုက်ညီလေသည်။ လူများသည် အနှောင့်အယှက်များနှင့် ဖျက်လိုဖျက်ဆီးမှုများကို တမင်သက်သက် ဖြစ်ပေါ်စေသည့်အခါ သို့မဟုတ် မိမိတို့၏ တာဝန်ကို ဝတ်ကျေတမ်းကျေ နည်းလမ်းတစ်ခုဖြင့် တမင်သက်သက် လုပ်ဆောင်သောအခါ ဤအရာကို သင်မြင်ပြီး ဤအရာများကို ၎င်းတို့အား ထောက်ပြနိုင်လျှင်၊ ၎င်းတို့အား အပြစ်ဖော်ဆုံးမနိုင်လျှင်၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့အား ကူညီနိုင်လျှင် ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီလေသည်။ သင်သည် ၎င်းတို့၏ အပြုအမူကို လျစ်လျူရှုပြီး သို့မဟုတ် ခွင့်လွှတ်ပြီး ၎င်းတို့အတွက် ကာပေးသည့်အပြင် ၎င်းတို့အား ချီးမွမ်းကာ ဩဘာပေးရန် ကောင်းမွန်သောအရာများကို ပြောသည်အထိပင် လုပ်ဆောင်ပါက ဤနည်းလမ်းများဖြင့် လူတို့ကို ဆက်ဆံခြင်း၊ အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြဿနာများကို ကိုင်တွယ်ခြင်းတို့သည် သိသာထင်ရှားစွာပင် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း မရှိဘဲ ဘုရားနှုတ်ကပတ်တော်တွင်လည်း အခြေပြုချက် မရှိချေ။ သို့ဖြစ်၍ ဤနည်းလမ်းများဖြင့် လူများကို ဆက်ဆံခြင်းနှင့် အမှုကိစ္စများကို ကိုင်တွယ်ခြင်းတို့သည် သိသာထင်ရှားစွာပင် သင့်တင့်လျောက်ပတ်ခြင်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)) ဘုရားနှုတ်ကပတ်တော်တွေကို သေချာတွေးဆပြီးတဲ့နောက်မှာ အများကြီး ပိုရှင်းသွားတယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်မ စကားပြောပြီး ပြုမူတဲ့အခါ ကျွန်မစိတ်နှလုံးမှာ ဘုရားရှိရမယ်။ ပြီးတော့ စိစစ်တာခံရဖို့ ကျွန်မစိတ်နှလုံးကို ဘုရားရှေ့မှာ ထားရမယ်။ ဒါက အနည်းဆုံး ကျွန်မ လုပ်သင့်တဲ့အရာပဲ။ ဒါ့အပြင်၊ တခြားလူတွေနဲ့ ဆက်ဆံပြီး ကျွန်မတာဝန်မှာ တွဲလုပ်နေရတုန်းမှာ၊ ကောင်းတဲ့ ရည်ရွယ်ချက်တွေ ကျွန်မ ချမှတ်သင့်တယ်၊ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ပြုမူသင့်တယ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမဲ့အရာ တစ်ခုခုလုပ်တာကို ရှောင်ပြီး၊ အသင်းတော်အလုပ်ကို အမြဲ စဉ်းစားပေးသင့်တယ်။ အပျက်သဘောဆောင်တဲ့သူ၊ အားနည်းပြီး အခက်အခဲ ရင်ဆိုင်နေရသူတွေကို ကျွန်မ ကူညီ၊ ပံ့ပိုးသင့်သလို၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ထုတ်ဖော်ပြသူ ဒါမှမဟုတ် အသင်းတော်အလုပ်ကို တမင် နှောင့်ယှက်၊ ဟန့်တားတဲ့သူ ဘယ်သူကိုမဆိုကို သည်းခံမဲ့အစား၊ ဒါမှမဟုတ် စေတနာကို မိုက်မိုက်မဲမဲ ပေးမဲ့အစား၊ မိတ်သဟာယပြု၊ ကူညီ၊ အကြံပေးသင့်တယ်၊ ဒါမှမဟုတ် ဖော်ထုတ်သင့်တယ်။ အလုပ်ကို တာဝန်ပေးတဲ့အခါ၊ ကိုယ့်ကိုယ်ပိုင် နာမည်ဂုဏ်သတင်းကို မကာကွယ်သင့်သလို၊ လူတွေရဲ့ ဇာတိနဲ့ ခံစားချက်တွေကိုပဲ မစဉ်းစားပေးသင့်ဘူး။ အလုပ် မနှောင့်နှေးတာ သေချာအောင်လို့ စည်းမျဉ်းတွေနဲ့ အဖွဲ့ရဲ့ တကယ့်အခြေအနေပေါ် အခြေခံပြီး၊ အလုပ်ကို အကျိုးသင့်အကြောင်းသင့် ကျွန်မ တာဝန်ပေးရမယ်။ ဒီလိုလက်တွေ့လုပ်ဆောင်တာက အသင်းတော်အလုပ်နဲ့ အသင်းသားအားလုံးအတွက် အကျိုးရှိမှာပါ။ အဲဒီနောက်၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆက်ဆံတဲ့အခါ၊ ကျွန်မ တကယ် ခံစားရတာကို ပြောပြီး ကျွန်မမှာ ပြဿနာတွေရှိတဲ့အခါ လူတွေနဲ့ ဆက်သွယ်ပြောဆိုရင်းနဲ့ ရိုးသားတာကို ကျွန်မ လက်တွေ့လုပ်ခဲ့တယ်။ အလုပ်ကို တာဝန်ပေးတဲ့အခါ၊ လူတိုင်းက သူတို့ကဏ္ဍကို လုပ်နိုင်အောင်လို့ လူတွေရဲ့ တကယ့် အခြေအနေတွေပေါ် အခြေခံပြီး ကျွန်မ တာဝန်ပေးခဲ့တယ်။ အတော် လွယ်ကူတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အဖွဲ့သားတွေကို ကျွန်မ တာဝန်ပေးပြီး၊ သူတို့ မဖြေရှင်းနိုင်မှ ကျွန်မ ဝင်ပါတယ်။ လူတွေက သူတို့တာဝန်နဲ့ပတ်သက်လို့ စိတ်မချမ်းမသာဖြစ်ပြီး၊ နောက်ထပ် အဖိုးအခမပေးချင်ကြတဲ့အခါ၊ ဘုရားအလိုတော်ကို သူတို့နဲ့ ကျွန်မ မိတ်သဟာယပြုတယ်။ သူတို့ကို သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သုံးသပ်စေပြီး သိစေခဲ့သလို သူတို့ရဲ့ မမှန်တဲ့ သဘောထားတွေကို ပြုပြင်စေခဲ့တယ်။ ကျွန်မကိုင်တွယ်နိုင်တာထက်ပိုတဲ့ အလုပ်ရှိတဲ့အခါ၊ ပြဿနာတွေကို ကြုံရတဲ့အခါ၊ နှောင့်နှေးတာကို တားဆီးဖို့ အလုပ်ကို ဘယ်လို အကျိုးသင့် အကြောင်းသင့် တာဝန်ပေးရမယ်ဆိုတာကို တခြားလူတွေနဲ့ ဆွေးနွေးပြီး၊ အားလုံးကို ကိုယ့်ဘာသာတာဝန်ယူတာ ရပ်လိုက်တယ်။ လူတိုင်းက အလုပ်မှာ သူတို့ကဏ္ဍကို တက်တက်ကြွကြွ လုပ်နိုင်ခဲ့ကြသလို၊ သူတို့တာဝန်တွေမှာ အများကြီးပိုစိတ်ထက်သန်ကြပြီး၊ ကျွန်မတို့အလုပ်တိုးတက်မှုက ပိုကောင်းလာခဲ့တယ်။ ကျွန်မ အများကြီးပို စိတ်အေးသွားတယ်။ တစ်ခါတလေ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ ပြနေဆဲဖြစ်ပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း သတိရှိရှိ လက်တွေ့လုပ်နိုင်တယ်။ ကျွန်မ ပြောင်းလဲနိုင်ခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်

ရီမင်း၊ ဟူးဘေးပြည်နယ် သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည် ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည်...

ဘုရားသခင်အတွက် ဘယ်လိုသက်သေခံရမယ်ဆိုတာ အခု ကျွန်မသိပြီ

ရွှင်လု တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ဧဝံဂေလိ မျှဝေရင်းနဲ့ အစ်မချန်နဲ့အတူ အလုပ်လုပ်တယ်။ ကျွန်မက ဒီအလုပ်နဲ့ပတ်သက်ပြီး...

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဝိညာဉ်ကို လှုပ်နှိုးခဲ့ပြီ

နမ်နမ် အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က...

အဆင့်အတန်းကို မက်မောခြင်းအပေါ် သုံးသပ်ချက်များ

ကျန်းချီ ကိုးရီးယားနိုင်ငံ ကျွန်တော် အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်တုန်းကပေါ့။ အဲဒီတုန်းက ဗီဒီယိုထုတ်လုပ်ရေးကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။