ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းနှင့်အတူ မည်သည့်အရာ လာသနည်း
ကျွန်မ ငယ်ငယ်တုန်းက၊ ကျွန်မတို့မှာ မွေးချင်းသိပ်မရှိလို့ ကျွန်မမိသားစုက ခဏခဏ အထင်သေးခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မမိဘတွေက ကျွန်မကို မကြာခဏ ပြောခဲ့တယ်။ “အကောင်းဆုံးနဲ့ အတည်ငြိမ်ဆုံး အလုပ်က ဆရာဝန် အလုပ်ပဲ။ သူတို့က လစာများရုံမက အရမ်းလေးစားတာလည်း ခံရတယ်”တဲ့။ ကျွန်မတို့ ရွာကို ဆရာဝန်တစ်ယောက် လာတဲ့အခါတိုင်းမှာ၊ အမြဲ နွေးနွေးထွေးထွေး ကြိုဆိုခံရပြီး အစွမ်းကုန် လေးစားတာ ခံရတယ်။ အဲဒီဆရာဝန်တွေကို ကျွန်မ အရမ်းလေးစားပြီး အားကျခဲ့တယ်။ ကျွန်မလည်း တစ်နေ့မှာ ဆရာဝန်တစ်ယောက်ဖြစ်လာနိုင်အောင်၊ ရွာထဲမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပြီး ကောင်းကောင်း လေးစားခံရအောင် အလုပ်ကြိုးစားရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ အဲဒီနောက်မှာ စာအုပ်တွေကို အာရုံဝင်စားပြီး စာလေ့လာတာတွေကို စိတ်နှစ်လုပ်ခဲ့တယ်။ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေက နောက်ပိုင်း မြို့နယ် တရုတ် ဆေးအကယ်ဒမီကို ကျွန်မ ဝင်ခွင့်စာမေးပွဲဖြေတဲ့အချိန်မှာ အကျိုးဖြစ်ခဲ့တယ်။ ဘွဲ့ရပြီးတဲ့နောက်မှာ၊ ကျွန်မ ဆန္ဒရှိခဲ့တဲ့အတိုင်းပဲ ကောင်တီ ဆေးရုံမှာ ဆရာဝန်တစ်ယောက်အနေနဲ့ အလုပ်ရခဲ့တယ်။ အဲဒီအချိန်ကစပြီး၊ ဘဝမှာ ကျွန်မ အဆင့်မြင့်တက်သွားသလို ဖြစ်ခဲ့တယ်။ ကျွန်မ လစာကောင်းရုံသာမက ကျွန်မရဲ့ သက်တူရွယ်တူတွေအားလုံးက ကျွန်မကို အားကျပြီး လေးစားကြတယ်။ သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့ ရင်းနှီးတဲ့သူအားလုံးက သူတို့ နေမကောင်းဖြစ်တဲ့အခါ ကျွန်မကို အကူအညီတောင်းကြသလို၊ ကျွန်မတို့ရွာကို ကျွန်မ ပြန်သွားတဲ့အခါတိုင်းမှာ၊ နွေးထွေးမှုနဲ့ လေးစားမှု တွေ့ခဲ့ရတယ်။ ကျွန်မမိဘတွေကလည်း ဂုဏ်ယူတဲ့စိတ် ခံစားရတယ်။ အဲဒီလို လေးစားခံရတာကို ကျွန်မ တကယ် နှစ်သက်ခဲ့ပြီး အဲဒါက ကျွန်မရဲ့ ဝင့်ဝါမှုကို အရမ်းမြှင့်တင်ပေးခဲ့တယ်။ ကျွန်မရဲ့ စတေးမှုတွေအားလုံး နောက်ဆုံးမှာ အောင်မြင်သွားပြီလို့ ခံစားရတယ်။ ကျွန်မ အတွေ့အကြုံ ပိုရလာတာနဲ့အမျှ၊ အရမ်းကို ဆင်းရဲဒုက္ခခံစားရစေတဲ့ ရောဂါမျိုးစုံ ရလာကြတဲ့ ချမ်းသာကြွယ်ဝပြီး ဩဇာညောင်းတဲ့ လူတွေအများကြီးနဲ့ ဆုံခဲ့တယ်။ သူတို့ထဲက တချို့က ပြင်းထန်တဲ့၊ အသည်းအသန်ဖြစ်နေတဲ့ ရောဂါတွေနဲ့ ရောက်လာပေမဲ့ ဆရာဝန်တွေက သူတို့ သေကုန်တာကို လက်မှိုင်ချပြီး ကြည့်နေရုံပဲ တတ်နိုင်ကြတယ်။ သေခြင်းနဲ့ ရင်ဆိုင်ရာမှာ ကျွန်မတို့ဘဝတွေက အရမ်းကို နုနယ်ပြီး ခိုကိုးရာမဲ့တာပဲလို့ ကျွန်မ မစဉ်းစာဘဲ မနေနိုင်ခဲ့ဘူး။ ဒါက ကျွန်မကို ထူးဆန်းတဲ့ ဝိညာဉ်ရေးရာ အနှစ်မဲ့မှုကို ခံစားရစေတယ်။ ဘဝရဲ့အဓိပ္ပာယ်က ဘာလဲ၊ ကျွန်မ ဘာအတွက် အသက်ရှင်နေတာလဲလို့ စတွေးလာမိတယ်။
၁၉၉၈ ခုနှစ် ကုန်ဆုံးချိန်မှာ၊ လူအတော်များများက အစိုးရဆေးရုံတွေက ထွက်ပြီး ပုဂ္ဂလိကဆေးခန်းတွေ ဖွင့်ကြတယ်။ ကျွန်မက ဆေးရုံမှာ ဆက်လုပ်နေရင်၊ လက်ရှိ လစာနဲ့ ပိတ်မိနေမှာပဲ၊ ဒါကြောင့် အဆင့်မြင့်အောင်လုပ်ပြီး၊ ငွေပိုရှာချင်ရင် ကိုယ့်လုပ်ငန်းကိုယ် လုပ်ဖို့လိုမယ်လို့ ကျွန်မ တွေးမိတယ်။ ဒါကြောင့် ဆေးရုံက အလုပ်ကို ကျွန်မ ထွက်လိုက်ပြီး၊ ကိုယ်ပိုင် ဆေးခန်းစဖွင့်တယ်။ အဲဒီနောက် ၂၀၀၀ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ကျွန်မ ကြားခဲ့ရတယ်။ ဘုရားသခင်က ဒီလိုပြောတာ တွေ့ခဲ့တယ်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) လူ့ရဲ့ အသက်နဲ့ သေခြင်းက ဘုရားလက်ထဲမှာရှိပြီး၊ ဘယ်သူကမှ ကိုယ့်ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်က ကိုယ့်ကို ခွဲတမ်းချပေးထားတဲ့ နှစ်အရေအတွက် ပြည့်သွားတဲ့အခါ ကိုယ့်မှာ ငွေ၊ တန်ခိုးအာဏာ ဒါမှမဟုတ် သြဇာအရှိန်အဝါ ဘယ်လောက်ရှိတယ်ဆိုတာ အရေးမကြီးဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး အသင်းတော် အသက်တာကို အသက်ရှင်ခြင်းကနေတစ်ဆင့်၊ ရုပ်ဝတ္ထုပစ္စည်းတွေ၊ မြင့်မားတဲ့ အဆင့်အတန်းနဲ့ ဇာတိပကတိရဲ့ ပျော်ရွှင်မှုတွေကိုပဲ လိုက်စားနေလို့ မရဘူးဆိုတာကိုလည်း ကျွန်မ သဘောပေါက်သွားတယ်။ အရေးအကြီးဆုံးအရာက ဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ဖြစ်ပြီး၊ သမ္မာတရား၊ ကောင်းမှုတွေကို စုဆောင်းတာနဲ့ ကယ်တင်ခြင်း ရရှိတာတွေကို လိုက်စားအားထုတ်ဖို့ပါပဲ။ ဒါကြောင့် အသင်းတော်မှာ ကျွန်မ ယူနိုင်တဲ့တာဝန်ကို ယူခဲ့တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ မိတ်သဟာယပြုတယ်။ ကျွန်မ စိတ်ကျေနပ်အားရပြီး ပျော်ခဲ့ရတယ်။ အစမှာတော့၊ ကျွန်မက အဖွဲ့စုဝေးပွဲလေးတစ်ခုကိုပဲ ဦးဆောင်ခဲ့ပြီး အဲဒီလောက် အလုပ်မများခဲ့ဘူး။ နောက်ပိုင်းမှာ၊ အသင်းတော် ခေါင်းဆောင်အနေနဲ့ အစေခံဖို့ ကျွန်မ အရွေးခံခဲ့ရတယ်။ ဒါက ဘုရားရဲ့ ချီးမြှောက်ခြင်းဖြစ်ပြီး၊ သူက ကျွန်မကို လေ့ကျင့်မှု ရရှိဖို့နဲ့ သမ္မာတရား ရရှိဖို့ အခွင့်အရေးပေးခဲ့တာဖြစ်မှန်း ကျွန်မ သိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုကို အများကြီး ကျွန်မ မွေ့လျော်ခဲ့ရတယ်။ ဒီတော့ ကျွန်မအနေနဲ့ အသိတရား ရှိပြီး ဘုရားမေတ္တာကို ပြန်ဆပ်သင့်တယ်လေ။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်တာ အလုပ်များပြီး၊ တာဝန်ကြီးတစ်ခုဖြစ်သလို ကျွန်မအနေနဲ့ အချိန်ပြည့် အသုံးခံရမယ်မှန်းလည်း ကျွန်မ သိခဲ့တယ်။ အဲဒါက ကျွန်မအနေနဲ့ ကျွန်မရဲ့ ဆေးခန်းမှာ အလုပ်လုပ်နိုင်မှာ မဟုတ်တဲ့သဘောပဲ။ ကျွန်မအသက်ရဲ့ တစ်ဝက်လောက်ကို အဲဒီအလုပ်အတွက် အလုပ်လုပ်ခဲ့ပြီးပြီ။ ဒီတော့ အဲဒါကို ဒီအတိုင်း စွန့်လွှတ်ရမဲ့ အလားအလာရှိတဲ့အပေါ် ကျွန်မ တွန့်ဆုတ်မိတယ်။ ခေါင်းထဲမှာ ကျွန်မ ချီတုံချတုံဖြစ်ပြီး အရမ်းဒွိဟဖြစ်သလို စိတ်ဒုက္ခရောက်ခဲ့ရတယ်။ ကျွန်မရဲ့ ပူပန်မှုအလယ်မှာ၊ ဘုရားကို ကျွန်မ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်။ အခုအခြေအနေမှာ ကျွန်မဟာ ဆိုးရွားတဲ့အချိန်ကို ကြုံတွေ့နေရပါတယ်။ ဒီတာဝန်ကို ကျွန်မ မဆုံးရှုံးချင်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်ပြီး ကျွန်မရဲ့ဇာတိပကတိ အားနည်းချက်ကို ကျွန်မ မကျော်လွန်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပြီး ယုံကြည်ခြင်းနဲ့ ခွန်အားပေးပါ”လို့ပေါ့။
ရှာဖွေနေရင်းနဲ့ ဘုရားဘယ်လိုပြောတယ်ဆိုတာကို တွေးမိတယ်။ “အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။” ကျွန်မ နောက်ဆက်တွဲ စာပိုဒ်ကို ဖတ်ပြီး အမြန်ကြည့်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့် စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်။ နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။...ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို အလေးထားပြီး ဘုရားရဲ့ စေခိုင်းချက်ကို လက်ခံတဲ့သူတွေပဲ ဘုရားရဲ့ စုံလင်အောင်ပြုခြင်းခံရဖို့ ပိုအခွင့်အရေး ရှိမှာဖြစ်တယ်ဆိုတာပေါ့။ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို အလေးထားဖို့ လိုလားမနေတဲ့သူတွေကတော့ တစ်ကိုယ်ကောင်းဆန်ပြီး ဘုရားရဲ့ စုံလင်အောင်ပြုခြင်းခံရမှာ မဟုတ်ဘူး။ ဧဝံဂေလိအလုပ်က အဓိကကျတဲ့ အကြီးစား တိုးချဲ့မှုကာလတစ်ခုထဲကို ဝင်ရောက်နေပြီဖြစ်ပြီး၊ အသင်းတော်က အဲဒီလို အရေးကြီးတဲ့ တာဝန်တစ်ခုကို ကျွန်မကို ပေးတယ်ဆိုတဲ့အချက်က ဘုရားရဲ့ ထူးခြားတဲ့ မျက်နှာသာပေးခြင်းနဲ့ ချီးမြှောက်ခြင်း ပေးသနားတာပဲလေ။ ဒါပေမဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ အလေးမထားခဲ့ဘူး။ အဲဒီအစား၊ ကျွန်မရဲ့ ဇာတိပကတိနဲ့ တခြားလူတွေရဲ့ အထင်ကြီးခြင်းကို ရဖို့ ငွေရှာတာကိုပဲ အရေးထားခဲ့တယ်။ ကျွန်မက ယုတ္တိမတန်လိုက်တာ။ ကျွန်မက သမ္မာတရာနဲ့ ကယ်တင်ခြင်းရဖို့ ဘုရားကို ယုံကြည်ပြီး ဘုရားနောက်လိုက်ခဲ့တာ၊ သူ့နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကျွန်မတာဝန်ကို လုပ်ခဲ့တာ မဟုတ်လား။ ဒီတာဝန်ကတစ်ဆင့် လေ့ကျင့်မှုကို ရပြီး သမ္မာတရားကို ရဖို့ ကြီးမားတဲ့ အခွင့်အရေးကို ဘုရားပေးခဲ့တယ်။ အဲဒါကို မယူရင် ကျွန်မ နုံအတာ ဖြစ်မှာ မဟုတ်လား။ အဲဒါကိုယူဖို့ ကျွန်မ သဘောတူတဲ့အချိန်မှာ၊ ဘုရားအမှုတော်က အဆုံးသတ်ပြီးသားဖြစ်ရင်၊ ကျွန်မရဲ့ အခွင့်အရေးကို ကျွန်မ လွဲသွားမှာ။ အဲဒါဆိုရင် ကျွန်မ အရမ်း နောင်တရမှာပဲ။ ခါနာန်ပြည်ကို အဝေးကနေမြင်ရပေမဲ့ မဝင်ရောက်နိုင်ခဲ့ဘဲ သူ့တစ်ဘဝလုံး နောင်တရခဲ့ရတဲ့ မောရှေလိုပဲ ကျွန်မ ဖြစ်သွားမှာပဲ။ ဘုရားကို ကျွန်မ ကျိုးနွံနာခံပြီး တာဝန်ကို ပထမဆုံး လက်ခံရမယ်။ ဆေးခန်းမှာ လတ်တလော ကျွန်မနေရာကိုဝင်ပေးဖို့ လူတစ်ယောက် ရှာလို့ရတာပဲ။ ဆုံးဖြတ်ပြီးတော့ အဲဒီခေါင်းဆောင်မှုတာဝန်ကို ကျွန် လက်ခံခဲ့တယ်။
အဲဒီနောက်မှာ ကျွန်မရဲ့ အချိန်အများစုကို ကျွန်မတာဝန်မှာ ရင်းနှီးမြှုပ်နှံခဲ့တယ်။ ကျွန်မ အားလပ်တဲ့အချိန်တစ်ခုခုရှိရင်၊ ဆေးခန်းကို အမြန်သွားတယ်။ ပထမတော့ လူနာတွေကို ကျွန်မတို့ ထိန်းထားနိုင်ခဲ့ပေမဲ့ အချိန်ကြာလာပြီး ကျွန်မက ဆေးခန်းမှာ ခဏခဏ မရှိတာနဲ့အမျှ၊ လူတွေက ကျွန်မကို မတွေ့ရတာနဲ့ တခြားနေရာကို သွားကုန်ကြတာပဲ။ ကျွန်မတို့ ဆေးခန်းက လူနာတွေ နည်းသထက်နည်းသွားပြီး ဆေးခန်းမပြုတ်အောင် မနည်းကြိုးစားနေရတယ်။ ကျွန်မအနေနဲ့ မြင့်မားတဲ့ အသက်ရှင်နေထိုင်မှု စံနှုန်းတစ်ခု ရှိခဲ့တယ်၊ တခြားလူတွေရဲ့ အထင်ကြီး၊ လေးစာတာခံခဲ့ရပြီး၊ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေက သူတို့မှာ ပြဿနာတွေ ရှိတဲ့အခါ အားလုံးက ကျွန်မကို လာရှာခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မရဲ့ ဆေးခန်း စီမံခန့်ခွဲမှုမှာ ကျွန်မက ပေါ့ဆနေတယ်လို့ ပြောပြီး ကျွန်မရဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေအားလုံးက ကျွန်မကို ဝေဖန်နေကြတယ်။ တစ်နေ့လုံး ကျွန်မ လုပ်နေတဲ့အရာကို သူတို့ မသိကြဘူး။ အဲဒီနောက်မှာ ကျွန်မအပေါ် ထားတဲ့ သူတို့ သဘောထားက အရမ်းကွဲပြားသွားခဲ့တယ်။ တစ်ချိန်က ကျွန်မက ရိုသေ၊ လေးစားခံရပြီး အခုတော့ လူတိုင်းရဲ့ လှောင်ပြောင်တာခံရတဲ့သူ ဖြစ်လာခဲ့ပုံကို တွေးမိတဲ့အခါ၊ ကျွန်မ စိတ်ခံစားမှုတွေ ဗြောင်းဆန်နေခဲ့တယ်။ ဖော်ပြဖို့ခက်တဲ့ ခံစားချက်တစ်ခုပဲ။ “ငါ့မှာ ငွေရှာဖို့ အရည်အချင်း မရှိတာမဟုတ်ဘူး၊ ငါ့မှာ ကျွမ်းကျင်မှုတွေရှိတယ်။ ဒီတော့ ကိစ္စတွေကို ကောင်းကောင်း ငါ စီမံရင်၊ လူနာတွေ အများကြီး ရမှာ ကျိန်းသေတယ်။ အထက်တန်းစား ရုပ်ဝတ္ထု ဇိမ်ခံပစ္စည်းတွေရှိတဲ့ ဘဝနေထိုင်မှု ပုံစံကို ငါ နောက်ထပ်တစ်ကြိမ် အသက်ရှင်နိုင်မယ်၊ တခြားလူတွေရဲ့ ရိုသေ၊ လေးစားမှုကို ပြန်ရပြီး ဂုဏ်သတင်းကြီးတဲ့ ဘဝတစ်ခုကို ရှင်သန်နိုင်မှာပဲ” လို့ ကျွန်မ တွေးမိတယ်။ ကျွန်မ ဘုရားကို ယုံကြည်တာ အဲဒီလောက် မကြာသေးဘူး၊ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်သလို၊ သမ္မာတရားအများကြီးလည်း နားမလည်သေးဘူး၊ ဒီတော့ ငါ့အရည်အချင်းတွေနဲ့ ကိုက်တဲ့ တာဝန်တစ်ခုကိုပဲ လုပ်ဖို့ လိုအပ်တယ် ထင်တယ်လို့လည်း ကျွန်မ စဉ်းစားမိခဲ့တယ်။ သိပ်အားထုတ်ဖို့မလိုတဲ့ တာဝန်တစ်ခုကို ကျွန်မ ပြောင်းလိုက်ချင်ခဲ့တယ်။ အဲဒါဆိုရင် ကျွန်မအလုပ်အတွက် ကျွန်မ အချိန်ပိုရမှာဖြစ်ပြီး၊ ကျွန်မတာဝန်ပဲဖြစ်ဖြစ်၊ ဆေးခန်းပဲဖြစ်ဖြစ် ထိခိုက်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မတာဝန်မှာ ဝန်ထုပ်ထမ်းတာကို ရပ်ခဲ့တယ်။ ကျွန်မတာဝန်မှာ ကျွန်မ ဝတ်ကျေတမ်းကျေဖြစ်လာပြီး စုဝေးပွဲတွေမှာ ဖြစ်သလိုလုပ်ခဲ့တယ်။ စုဝေးပွဲတစ်ခုအတောအတွင်းမှာ၊ ကျွန်မရဲ့ ဆေးခန်းအကြောင်းပဲ ကျွန်မ စဉ်းစားနိုင်ခဲ့တာကို သတိရမိတယ်။ အဲဒီနေ့မှာ ကျွန်မတို့ လူနာဘယ်လောက်ရခဲ့လဲ။ ရက်ချိန်းပေးထားတဲ့သူတွေ ပေါ်လာခဲ့ကြရဲ့လားပေါ့။ ကိုယ့်ဆေးခန်းမှာ အချိန်ပိုပေးဖို့ လုပ်နိုင်အောင်လို့ အခြေအနေကို နှိုက်နှိုက်ချွတ်ချွတ် နားမလည်ဘဲ ကိုယ့်အစီရင်ခံစာရေးပြီး ကျွန်မရဲ့ အထက်ခေါင်းဆောင်ဆီ အစီရင်ခံစာအကျဉ်းကိုပဲ ပေးလိုက်တယ်။ အသေးစိတ်အချက်အလက်တွေ မပြည့်စုံတဲ့ ရလဒ်ကတော့ အဲဒါကို အဆုံးမှာ ကျွန်မ ပြန်လုပ်ရတာပဲ။ ရေလောင်းတဲ့အလုပ်အတွက်လည်း ကျွန်မ တာဝန်မယူခဲ့ဘူး။ လူသစ်တချို့ဆို ရေလောင်းမခံခဲ့ရလို့ ထွက်တောင်သွားကြတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အထက်ခေါင်းဆောင်က အကြိမ်အတော်များများ ကျွန်မကို မိတ်သဟာယပြုပြီး ကူညီဖို့ ကြိုးစားခဲ့တယ်။ ကျွန်မအနေနဲ့ အတော်အပြစ်ရှိတဲ့စိတ် ခံစားခဲ့ရတယ်။ ဘုရားဆီ အကြိမ်အတော်များများ ဆုတောင်းပြီး၊ ကျွန်မရဲ့ ဇာတိပကတိကို ပုန်ကန်ဖို့နဲ့ ကျွန်မတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ဆုံးဖြတ်ချက်တွေလုပ်ခဲ့ပေမဲ့ ကျွန်မရဲ့ ဆေးခန်းကြောင့် မလွှဲသာမရှောင်သာ အမြဲ အာရုံထွေပြားခဲ့ရတယ်။ ဘုရားရှေ့မှာ ဆုံးဖြတ်ချက်တွေ ဆက်လုပ်ပြီး ဆက်ချိုးဖောက်နေခဲ့မိတယ်။ သူ့ဆီကနေ ကျွန်မ ဝေးသထက်ဝေးလွင့်သွားခဲ့တယ်။ ကျွန်မ မကြာခဏ မတွေးတတ်အောင် ဟာတာတာဖြစ်ပြီး ကြောက်ရွံ့ခဲ့တယ်။ အချိန်အတော်များများမှာ ကျွန်မ ဆေးခန်းကို စွန့်လွှတ်လိုက်ချင်ခဲ့ပေမဲ့ နောက်တော့ လူတွေရဲ့ အထင်သေးတာ ပြန်ခံရမဲ့ပုံကို စဉ်းစားမိပြီး၊ အဲဒါကို လုပ်ဖို့ ကျွန်မမှာ အားကိုမထုတ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ အခြေအနေကို ကျွန်မ မပြုပြင်နိုင်ခဲ့သလို အဲဒါက အလုပ်ကို နှောင့်နှေးစေခဲ့တာကို မြင်တော့၊ အထက်ခေါင်းဆောင်က ကျွန်မကို ထုတ်ခဲ့တယ်။
အထုတ်ခံရပြီးတဲ့နောက်မှာ ကျွန်မ တကယ်ကို စိတ်ပျက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် အများကြီးကို ကျွန်မ စားသောက်ခဲ့ပြီးပြီဖြစ်သလို၊ သမ္မာတရားကို လိုက်စားတာနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာက ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်မှန်း ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဆေးခန်းကို ကျွန်မ လက်မလွှတ်နိုင်ခဲ့သလို ကျွန်မတာဝန်ကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ကျွန်မ တကယ်ကို အပြစ်ရှိသလို ခံစားရပြီး ဘုရားကို အရမ်းအကြွေးတင်တယ်လို့ ခံစားခဲ့ရတယ်။ ဘုရားဆီကို ကျွန်မ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်။ ကျွန်မ အရမ်းပုန်ကန်တတ်ပြီး ကိုယ်တော့်ကို အရမ်းအကြွေးတင်ပါတယ်။ အို ဘုရားသခင်၊ ကျွန်မအနေနဲ့ ကျွန်မတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းပြီး ကိုယ်တော်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ချမ်းသာကြွယ်ဝမှု အချုပ်အနှောင်တွေကနေ ကျွန်မကို လွတ်မြောက်စေဖို့ တောင်းလျှောက်ပါတယ်”လို့ပေါ့။
ဆုတောင်းပြီးတဲ့နောက်မှာ၊ “သင်မည်သူ့ကို သစ္စာစောင့်သိသနည်း”ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် အခန်းကြီးတစ်ခုရဲ့ ခေါင်းစဉ်ကို သတိရခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ “ဘယ်သူ့ကို ငါ သစ္စာစောင့်သိတာလဲ။ ဘုရားကို ငါ သစ္စာစောင့်သိတာလား”လို့ပေါ့။ နောက်တော့ ဒီအခန်းကြီးကနေ စာပိုဒ်တစ်ခုကို ကျွန်မ ဖတ်ခဲ့တယ်။ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများသည် ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။...သင်တို့၏ အတိတ်က အရာအားလုံးကို ငါသည်လည်း မေ့ပစ်ချင်၏၊ သို့သော် ဤအရာ ပြုလုပ်ရန်မှာ ခက်ကားခက်လှ၏။ သို့ဖြစ်စေကာမူ ဤသည်ကို လုပ်နိုင်မည့် အလွန် ကောင်းသောနည်းလမ်းတစ်ခု ငါ၌ရှိ၏။ အနာဂတ်သည် အတိတ်ကို အစားထိုးပါစေ၊ သင်တို့၏ ယနေ့ သရုပ်မှန်အတွက် အတိတ်က အရိပ်များကို လွင့်ပြယ်သွားခွင့်ပေးလော့။ ထို့ကြောင့် နောက်ထပ်တစ်ခါ ရွေးချယ်မှုပြုရန် ငါသည် သင်တို့ကို ဒုက္ခပေးရပေဦးမည်။ သင်တို့အနေဖြင့် မည်သူ့ကို အတိအကျ သစ္စာစောင့်သိကြသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်း တို့ထိခဲ့တယ်။ ဒီစကားတွေက ကျွန်မရဲ့ လက်ရှိအခြေအနေ၊ လက်ရှိအနေအထားကို ဖော်ထုတ်ခဲ့တာ မဟုတ်လား။ ယုံကြည်သူတစ်ဦးအနေနဲ့၊ သမ္မာတရားကို လိုက်စားပြီး၊ ဘုရားကို စိတ်ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်မှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မတာဝန်နဲ့ ဆေးခန်း၊ ကောင်းမွန်တဲ့ ဘဝကို ရှင်သန်တာ၊ ရိုသေလေးစားခံရတာနဲ့ တခြားဇာတိပကတိကိစ္စတွေကြားမှာ ရွေးချယ်ရမဲ့အခါတိုင်းမှာ၊ ဒုတိယဟာကို ကျွန်မ အမြဲရွေးမှာ သေချာတယ်။ ကျွန်မရဲ့ ဆေးခန်းကို မထိန်းသိမ်းနိုင်ရင် လူတွေ ကျွန်မကို အထင်သေးမှာ ကျွန်မ ကြောက်ခဲ့တယ်။ အပေါ်ယံအနေနဲ့၊ ဒီနှစ်တွေမှာ ကျွန်မတာဝန်ကို ကျွန်မ လုပ်တယ်လို့ အမြဲထင်ရပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ကျွန်မရဲ့ အလိုဆန္ဒကို ကျွန်မ လုံးဝ မစွန့်ပစ်နိုင်ခဲ့သလို၊ ငွေအများကြီး ရှာတာကိုပဲ အမြဲ တွေးခဲ့တယ်။ အဲဒီလိုနဲ့၊ ဟန်ဆောင်လုပ်ပြရင်းနဲ့ ကျွန်မတာဝန်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တယ်။ ဘယ်တစ်ခုကိုမှ ကျွန်မ ကောင်းကောင်း မလုပ်ခဲ့ဘူး၊ ကျွန်မအတော်လေး ပင်ပန်းသွားပြီး စိတ်ပိုင်းဆိုင်ရာ ချုံးချုံးကျသွားတယ်။ ဒါက အသင်းတော်အလုပ်အပေါ် အရမ်းအပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိခဲ့ပြီး၊ ကျွန်မဘဝကိုလည်း ဆုံးရှုံးမှု ဖြစ်စေခဲ့တယ်။ ဘုရားကို ကျွန်မ သစ္စာမစောင့်သိခဲ့ဘဲ အဲဒါထက် ကျွန်မကိုယ်ပိုင် ဇာတိပကတိနဲ့ ရည်မှန်းချက်တွေလိုမျိုး စာတန်ဆန်တဲ့ အရာတွေကိုပဲ သစ္စာစောင့်သိခဲ့မှန်း မြင်ခဲ့ရတယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ ဘုရားကို မကြာခဏ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်။ ကျွန်မအခု သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျွန်မရဲ့ ဆေးခန်းကို စွန့်ပစ်လိုစိတ် ရှိနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ ဆေးခန်းကို မြန်မြန် ရောင်းဖို့ ယုံကြည်ခြင်း ပေးပါ”လို့ပေါ့။ ဆုတောင်းတဲ့အပြင် ဆေးခန်းကို ရောင်းဖို့ ပြင်ဆင်ရအောင် ဒါတွေအားလုံးကိုလည်း ကျွန်မယောက်ျားကို စပြီး ရှင်းပြလိုက်တယ်။
၂၀၁၁ မှာ၊ ဘုရားရဲ့ ချီးမြှောက်မှုကြောင့်၊ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ ထပ်အရွေးခံခဲ့ရတယ်။ ဘုရားက ကျွန်မကို နောက်ထပ် အခွင့်အရေး ပေးနေခဲ့မှန်း ကျွန်မ သိခဲ့တယ်။ အရင်က ဆေးခန်းအလုပ်ကို လိုက်စားခဲ့တဲ့အတွက် ကျွန်မ နောင်တရပြီး ဘုရားကို အကြွေးတင်တဲ့စိတ်ခံစားခဲ့ရပုံကို တွေးမိပြီး၊ ဒီတစ်ခါ ပိုပူးပေါင်းလုပ်ဆောင်တတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မတာဝန်ကို ကျွန်မ အမြန် ခေါင်းမဖော်ဘဲ လုပ်ခဲ့ပြီး၊ ကျွန်မရဲ့ ဆေးခန်းက ဘယ်လိုပုံစံပဲ ဖြစ်နေပါစေ၊ ကျွန်မ အာရုံထွေပြားမခံခဲ့သလို၊ ကျွန်မရဲ့ ဆေးခန်းကို လွှဲယူဖို့ တစ်ယောက်ယောက်ကို ကြိုးစားရှာခဲ့တယ်။ ဒါပေမဲ့ သူတို့ စာချုပ်ကို ရေးဆွဲပြီး လက်မှတ်ထိုးဖို့ ပြင်နေတုန်းမှာပဲ၊ ကျွန်မမှာ သံသယတချို့ ရှိခဲ့တယ်။ ကျွန်မက ကျွန်မဘဝရဲ့ တစ်ဝက်ကို ဒီဆေးခန်းမှာပဲ မြှုပ်နှံထားခဲ့တာလေ။ ငယ်တဲ့အရွယ်ကစပြီး ကျွန်မ အလုပ်ကြိုးစားခဲ့ပုံ၊ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ဆိုတဲ့ ကျွန်မရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အခက်အခဲကို ကျော်လွှားခဲ့ရပုံတွေကို ကျွန်မ တွေးမိတယ်။ ဆေးခန်းကို ရောင်းလိုက်ရင်၊ တစ်ခါက ကျွန်မ ကြိုးစားခဲ့တဲ့ ဘဝကို ကျွန်မ ခွဲခွာလိုက်ရမှာပဲ။ တွေးလေ၊ လက်လွှတ်ဖို့ မလိုလားလေ ဖြစ်ခဲ့တယ်။ စိတ်ထဲမှာ ကျွန်မ အရမ်းကို ဟာတာတာ ခံစားခဲ့ရတယ်။ နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို အမှတ်မထင် ကျွန်မ တွေ့ခဲ့တယ်။ “သင်၏ခေါင်းကို သင် ရှင်းရှင်းထားသင့်၏။ အဘယ်အရာတို့ကို စွန့်လွှတ်သင့်သနည်း၊ သင်၏ ရတနာများက မည်သည့်အရာများနည်း၊ သင်၏ သေလောက်သော အားနည်းချက်များသည် မည်သည့် အရာများနည်း၊ သင်၏ အတားအဆီးများသည် မည်သည့်အရာများနည်း။ ဤမေးခွန်းများကို သင်၏ စိတ်ဝိညာဉ်၌ သာ၍ တွေးဆပြီး ငါနှင့် မိတ်သဟာယပြုလော့။ ငါအလိုရှိသည်မှာ သင်တို့၏ စိတ်နှလုံးများက ငါ့ကို တိတ်တဆိတ် ကိုးစားရန် ဖြစ်သည်၊ သင်တို့၏ အပြောသက်သက်ကို ငါ အလိုမရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈)) “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသော ဤလူအုပ်စုသည်သာ အဆုံးစွန်အဓိပ္ပာယ်ရှိသည့် အသက်တာကို ရှင်သန်နိုင်သည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာတစ်ခုကို အသက်မရှင်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) “သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေကို အချိန်ယူတွေးရင်းနဲ့ ကျွန်မ သဘောပေါက်လိုက်တယ်။ လူတွေ လိုက်စားတဲ့ လောကီ အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှုနဲ့ ဇာတိပကတိ အပျော်အပါးတွေက တန်ဖိုးရှိတဲ့ ရည်မှန်းချက်တွေ မဟုတ်ဘူးဆိုတာပေါ့။ ဖန်ဆင်းရှင်ရှေ့ကို လာတာ၊ ဖန်ဆင်းခံတွေအနေနဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းတာ၊ သမ္မာတရား လိုက်စားတာ၊ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်ပယ်တာအပြင်၊ နောက်ဆုံးမှာ ဘုရားရဲ့ ကယ်တင်ခြင်းရပြီး သူ့နိုင်ငံတော်သားတွေ ဖြစ်လာတာကသာ စစ်မှန်တဲ့ အနာဂတ်ဖြစ်ပြီး၊ အဓိပ္ပာယ်အရှိဆုံးနဲ့ တန်ဖိုးအရှိဆုံး ဘဝကို ဖြစ်စေတာပဲ။ ကျွန်မရဲ့ ဆေးခန်းက အလုပ်များလာရင်တောင်၊ ကျွန်မ ငွေအများကြီးရှာရရင်တောင်၊ လေးစားမှု ပိုရပြီး၊ ကျွန်မဇာတိပကတိက နောက်ဆုံးမှာ ကျေနပ်သွားရင်တောင်၊ သမ္မာတရား၊ အသက်နဲ့ ဘုရားရဲ့ ကယ်တင်ခြင်းတွေကို ကျွန်မ ဆုံးရှုံးသွားမှာပဲ။ ဘုရားရဲ့ချီးကျူးတာ၊ အသိအမှတ်ပြုတာကို ကျွန်မ ရမှာမဟုတ်သလို၊ အားလုံးက အချည်းနှီး ဖြစ်မှာပဲ။ ကပ်ဘေးတွေ ရောက်လာတဲ့အခါ၊ ဘယ်ငွေပမာဏနဲ့ လေးစားမှုကမှ ကျွန်မတို့ကို ကယ်တင်မှာ မဟုတ်ဘူး။ အဲဒီလို လိုက်စားမှုမှာ ဘာအဓိပ္ပာယ်၊ တန်ဖိုးမှ မရှိဘူး။ သခင်ယေရှု ပြောခဲ့တဲ့အတိုင်းပါပဲ။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ဒါပေမဲ့ ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရာမှာ ကျွန်မ အစွမ်းကုန် အားထုတ်ခဲ့ပြီး၊ အဲဒါတွေကို သဲသဲမဲမဲ ရှာဖွေခဲ့တယ်။ ဒီအရာတွေကို ရှိမှပဲ တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်နိုင်မယ်လို့ ထင်ခဲ့တယ်။ ကျွန်မ ဘယ်လောက်ပဲ စွန့်လွှတ်ရပါစေ၊ အားအင် ဘယ်လောက်ပဲ သုံးခဲ့ပါစေ၊ ကျွန်မ မညည်းခဲ့ဘူး။ ကျွန်မ အရမ်း မမြင်မကန်းဖြစ်ခဲ့တယ်၊ မိုက်မဲပြီး ရေရှည်ကို မကြည့်တတ်ခဲ့ဘူး။ ပေတရုကို တွေးမိတယ်။ သူ့မိဘတွေက သူ့ကို နိုင်ငံရေး လုပ်စေချင်ခဲ့ကြတယ်။ ဒါပေမဲ့ ပေတရုက သူ့ဘဝကို ဘုရားနောက်လိုက်ဖို့အတွက် ဆက်ကပ်အပ်နှံဖို့ ရွေးခဲ့တယ်။ ဘုရားကို သိပြီး ချစ်ဖို့ သူ ကြိုးစားခဲ့သလို၊ နောက်ဆုံးမှာ ဘုရားရဲ့စုံလင်အောင်ပြုခြင်း ခံရပြီး၊ ဖန်ဆင်းရှင်ရဲ့ ချီးကျူးတာကို ရခဲ့တယ်။ ပေတရုက တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး ဘဝကို အသက်ရှင်ခဲ့တယ်။ ပေတရုကို အတုယူသင့်မှန်း၊ ဒီလောကီ လိုက်စားမှုတွေကို စွန့်ပစ်ရမယ်မှန်း၊ သမ္မာတရားကို လိုက်စားပြီး ကျွန်မတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရမယ်မှန်း ကျွန်မ သိခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ ချီတုံချတုံမဖြစ်တော့ဘူး။ အဲဒီစာချုပ်ကို ကျွန်မ လက်မှတ်ထိုးတဲ့အချိန်မှာ၊ ကျွန်မပုခုံးကနေ မဖြစ်နိုင်တဲ့ ဝန်ထုပ် ပင့်မခံသလိုမျိုး ခံစားရပြီး ပေါ့သွားသလို သက်သောင့်သက်သာဖြစ်သွားတယ်။ အဲဒီနောက်မှာ ကျွန်မတာဝန်ကို အစွမ်းကုန် လုပ်ခဲ့တယ်။
၂၀၁၅ ခုနှစ်ထဲက ရက်တစ်ရက်မှာ၊ ကျွန်မ အလုပ်လုပ်ခဲ့ဖူးတဲ့ ဆေးရုံက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်မကို ဖုန်းခေါ်တယ်။ သူက ပုဂ္ဂလိက ဆေးရုံတစ်ခုရဲ့ ဒါရိုက်တာတစ်ယောက်က ခရိုင်ထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်မဲ့ ဘိုးဘွားရိပ်သာတစ်ခု ဖွင့်နေတယ်လို့ ပြောပြီး အဲဒီမှာ ကျွန်မ အလုပ်လုပ်ချင်မလားလို့ မေးတယ်။ အဲဒီတုန်းက ကျွန်မ ချက်ချင်း ငြင်းခဲ့တယ်။ ဒါပေမဲ့ နောက်တော့ အဲဒီဒါရိုက်တာက ကျွန်မကို ကိုယ်တိုင်ဖုန်းဆက်ပြီး၊ သူ့အတွက် ကျွန်မ အလုပ်သွားလုပ်ပေးရင်၊ ကျွန်မကို ကိုယ်ပိုင် အခန်းပေးမယ်၊ လစဉ် လစာ ယွမ် ၃၀၀၀ ပေးမှာဖြစ်ပြီး ကျွန်မယောက်ျားလည်း လေဖြတ်ရောဂါ နာလန်ပြန်ထူအောင် လုပ်တာကို အဲဒီမှာ အခမဲ့ လုပ်လို့ရမယ်လို့ ပြောတယ်။ ကျွန်မတို့မှာ လက်တွေ့အနေနဲ့ ဘာနေထိုင်မှု စရိတ်စကမှရှိမှာ မဟုတ်သလို၊ အဲဒါအပြင် သီးသန့် ယွမ် ၃၀၀၀ လည်း ရှာနိုင်မယ်။ ကျွန်မရဲ့ အရင်က အဖြေနဲ့ပတ်သက်လို့ ကျွန်မ စဝေခွဲမရဖြစ်လာပြီး၊ သေချာစဉ်းစားမယ်လို့ ပြောလိုက်တယ်။ အဲဒီညမှာ ကျွန်မ အိပ်ရာထဲ လူးလှိမ့်ပြီး အိပ်လို့ မရခဲ့ဘူး။ ကမ်းလှမ်းချက်ကို ကျွန်မ ငြင်းရင်၊ အရမ်းကောင်းတဲ့ အခွင့်အရေးနဲ့ ကျွန်မ လွဲသွားမှာဖြစ်ပေမဲ့၊ လက်ခံရင်လည်း၊ ကျွန်မတာဝန်ကို ကျွန်မ လုပ်နိုင်မှာ မဟုတ်ဘူး။ ဆေးခန်းနဲ့ ကျွန်မတာဝန်ကြား ကျွန်မရဲ့ အချိန်ကို ခွဲခဲ့ရတဲ့ အရင်အချိန်က ခက်ခဲ၊ နာကျင်ခဲ့ရပုံကို ကျွန်မ ပြန်တွေးမိတယ်။ ဘုရားက ကျွန်မအတွက် အရမ်းစွန့်လွှတ်ခဲ့ပြီးပြီ။ ကျွန်မအနေနဲ့ တွန့်ဆုတ်တာ၊ နောက်ပြန်ကြည့်တာတွေကို ရပ်မှဖြစ်မယ်။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်တွင်မူ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီးတဲ့နောက်မှာ၊ ကျွန်မအတွက် ရှင်းလင်းလာတယ်။ အပေါ်ယံမှာ အရင်က လုပ်ဖော်ကိုင်ဖက်တွေကြား ပုံမှန် ဖုန်းခေါ်ဆိုမှုတစ်ခုသာဖြစ်တဲ့အရာက တကယ်တော့ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုပဲ။ စာတန်က ကျွန်မကို စုံစမ်းသွေးဆောင်ဖို့ ကြိုးစားနေပြီး ဘုရားက စစ်ဆေးနေတာပဲ။ ဆုံးဖြတ်ဖို့က ကျွန်မ သဘောပဲ။ လောတရဲ့ မိန်းမက သောဒုံမြို့ကနေ ကောင်းကင်တမန်တွေရဲ့ ကယ်တင်တာ ခံခဲ့ရချိန်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သူ ဆက်စဉ်းစားပြီး နောက်ပြန်လှည့်ကြည့်ခဲ့လို့ သူက ဆားတိုင်အဖြစ် ပြောင်းလဲသွားခဲ့ပုံကို ကျွန်မ တွေးမိတယ်။ စာတန်ရဲ့ လက်ခုပ်ထဲကနေ ရုန်းထွက်လွတ်မြောက်ဖို့ ကျွန်မအတွက် အတော့်ကို ခက်ခဲခဲ့ပြီးပြီ။ လောတရဲ့ မိန်းမလို အရှက်ရစရာ အမှတ်အသားတစ်ခု ကျွန်မ ဖြစ်လာလို့ မဖြစ်ဘူး။ ဒါကို သဘောပေါက်သွားတော့၊ ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ကျွန်မ ငြင်းလိုက်တယ်။
နောက်ပိုင်းမှာ ကျွန်မ ဘာလို့ ဒီစုံစမ်းသွေးဆောင်မှုတွေနဲ့ အာရုံထွေပြားခဲ့ရတယ်ဆိုတာကို စဆင်ခြင်သုံးသပ်မိတယ်။ ဒီအရာတွေကို လိုက်စားတာက အဓိပ္ပာယ်မဲ့ပြီး တန်ဖိုးမဲ့တာကို ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့ပေမဲ့၊ ကျွန်မ အရမ်း ဒွိဟဖြစ်ပြီး အဲဒါတွေကို မစွန့်ပစ်နိုင်သေးဘူး။ ဒီပြဿနာရဲ့ ရင်းမြစ်မှာ ဘာရှိလဲ။ ကျွန်မ ရှာဖွေနေတုန်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့တယ်။ “အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ တို့ ဖြစ်၏။ စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေပြီး ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အလင်းမြင်အောင် ကူညီခဲ့တယ်။ ကျွန်မရဲ့ ဆေးခန်းကို စွန့်လွှတ်တာနဲ့ ပတ်သက်လို့ ကျွန်မအရမ်း ဒွိဟဖြစ်ရတဲ့ အကြောင်းရင်းက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ ထိန်းချုပ်တာ၊ လှောင်ပိတ်တာကို ကျွန်မ ခံနေခဲ့ရလို့ ဖြစ်မှန်း သဘောပေါက်ခွင့်ပေးခဲ့တယ်။ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သုံးပြီး သူတို့ကို သူတို့တစ်ဘဝလုံး ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေနောက်လိုက်စေတယ်။ နောက်ဆုံးမှာ ဒီအရာတွေအတွက် သူတို့ ဘဝတွေကို စတေးစေတယ်။ ငယ်တဲ့အရွယ်ကစပြီး ကျွန်မမိဘတွေက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုခံရအောင် လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက အလုပ်ကောင်းတစ်ခု ရဖို့ပဲလို့ သွန်သင်ခဲ့ကြပုံကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ ဆရာဝန်တွေက ကောင်းမွန်ပြီး တည်ငြိမ်တဲ့ ဝင်ငွေရှိကြသလို အရမ်းလေးစားခံရတာကို ကျွန်မ မြင်တဲ့အခါ၊ ဆရာဝန်ဖြစ်လာဖို့ ကျွန်မ ရည်မှန်းချက်ထားခဲ့ပြီး၊ အဲဒီရည်မှန်းချက်ရဖို့ မမောနိုင်မပန်းနိုင် အလုပ်လုပ်ခဲ့တယ်။ ယုံကြည်ချက်ရလာပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ သမ္မာတရားကို လိုက်စားသင့်မှန်းနဲ့ ကြွယ်ဝမှုနဲ့ အဆင့်အတန်းကို လိုက်စားတာက အနှစ်မဲ့တဲ့ လိုက်စားမှုမှန်း သိလာခဲ့တယ်။ ဒါပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ ချုပ်နှောင်တာခံရလို့ ကျွန်မတာဝန်ကို ထမ်းဆောင်ချိန်မှာတောင် ကျော်ကြားဖို့ဆိုတဲ့ ကျွန်မရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ချင်နေတုန်းပဲ။ ကျွန်မတာဝန်နဲ့ ဆေးခန်းကြားမှာ ကျွန်မ အတင်းရွေးချယ်ခဲ့ရချိန်မှာ၊ ပိုလွယ်တဲ့တာဝန်ကို ကျွန်မ ပြောင်းချင်ခဲ့တယ်။ ကျွန်မတာဝန်မှာ စပြီး ဖြစ်သလိုလုပ်ခဲ့တယ်။ အဲဒါက အသင်းတော်အလုပ်အတွက် အန္တရာယ်ရှိခဲ့တယ်။ စာတန်က ကျွန်မကို ဒီအတွေးတွေ၊ ရှုထောင့်တွေနဲ့ အသက်ရှင်စေချင်ခဲ့တယ်။ ကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေမှာ အစွန်းကုန် အားထုတ်စေချင်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ သမ္မာတရားကို လိုက်စားပြီး ကျွန်မတာဝန်ကို လုပ်ဖို့ ကျွန်မှာ အချိန်၊ အားအင်မရှိခဲ့ဘူး။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ကြောင့် ဘုရားကိုတောင် သစ္စာဖောက်ခဲ့ပြီး ကယ်တင်ခြင်း အခွင့်အရေး လုံးဝ ဆုံးရှုံးခဲ့တယ်။ ဒါက လူသားမျိုးနွယ်ကို စာတန် ဖောက်ပြန်ပျက်စီးစေတဲ့ပုံစံပဲ။ ကျော်ကြားတဲ့လူတွေက သူတို့တစ်ဘဝလုံး ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အချိန်ကုန်ကြပေမဲ့၊ နောက်ဆုံးမှာ အဲဒီအရာတွေကို သူတို့ ရတဲ့အခါ၊ သူတို့ စိတ်နှလုံးထဲက ဝိညာဉ်ရေးရာ ကွက်လပ်ကို မဖြည့်နိုင်ကြသလို၊ ပိုပိုပြီး အကျင့်ပျက်လာကြတယ်။ သူတို့ထဲက တချို့ဆိုရင် အဲဒီကြည်နူးတဲ့ခံစားမှုကို ပြန်ရဖို့ ဆေးတောင်ချကြတယ်။ တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်။ ကျွန်မရဲ့ အရင်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို တွေးမိတယ်။ သူ့ဆေးရုံမှာ သူက အတော်လေး ကျော်ကြားခဲ့ပေမဲ့၊ မကျေနပ်သေးဘဲ သူ့ကိုယ်ပိုင် ဆေးရုံတစ်ခု ဖွင့်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ကြောင့် လူနာတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် သူကြိုးစားရှာခဲ့တဲ့ စုငွေတွေ အားလုံး ဆုံးရှုံးခဲ့ရုံမက၊ လူနာရဲ့ မိသားစုက သူ့အနေနဲ့ လူနာဟောင်းရဲ့ နိဗ္ဗာန်ယာဉ်ထဲမှာ ၁၀ ရီကျော်ကြာ ဝမ်းနည်းတဲ့အထိမ်းအမှတ် အဝတ်အစားတွေ ဝတ်ပြီး ကန်တော့ရမယ်လို့လည်း စည်းကမ်း သတ်မှတ်ခဲ့တယ်။ နောက်ဆုံးမှာ၊ သူ့ရဲ့ နာမည်ဂုဏ်သတင်း ပျက်စီးသွားပြီး သူ့ဇနီးနဲ့ ကလေးတွေက သူ့ကို စွန့်သွားကြတယ်။ လူတွေက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ရိုသေလေးစားမှုတွေကို လိုက်စားရင်းနဲ့ သူတို့ တစ်ဘဝလုံးကုန်ဆုံးကြတယ်။ ဒါပေမဲ့ ဒီအရာတစ်ခုတလေက တကယ်တော့ လူတွေကို ဘာပေးလို့လဲ။ အဲဒါက သူတို့ရဲ့ ဘဝင်မြင့်တာကိုသာ ခဏတဖြုတ် အားဖြည့်ပေးလိုက်လို့ သူတို့ဟာ အဲဒီခံစားချက်ကို စွဲလမ်းတဲ့အပြင် တသသဖြစ်လာတယ်။ အဲဒီလိုနဲ့ သူတို့မှာ ဘုရားကို ရှာဖို့ အချိန်၊ အားအင် မရှိသလို၊ ဘုရားရဲ့ ကယ်တင်ခြင်းကို လုံးဝ ဆုံးရှုံးသွားတယ်။ ဒါက လူသားမျိုးနွယ်ကို ညှဉ်းဆဲပြီး ဝါးမျိုဖို့ စာတန် အသုံးပြုတဲ့ စက်ဆုပ်စရာ နည်းလမ်း မဟုတ်လား။ ဘုရားရဲ့ အမှုတော်က နောက်ဆုံးအဆင့်မှာ ရှိနေပြီ။ နိုင်ငံတော် ဧဝံဂေလိတရားက ကမ္ဘာအနှံ့ကို ပျံ့နေပြီဖြစ်သလို၊ ဘုရားရဲ့ အမှုတော် ပြီးသွားတာနဲ့တစ်ပြိုင်နက်၊ သမ္မာတရား လိုက်စားဖို့ အခွင့်အရေးတွေ ထပ်ရှိတော့မှာ မဟုတ်ဘူး။ သမ္မာတရားကို လိုက်စားပြီး ဘုရားရဲ့ အမှုတော်ကို တွေ့ကြုံဖို့ အချိန် သိပ်မကျန်တော့ဘူး။ ပြီးတော့ အဲဒါကို ကျွန်မတို့ အချိန်ရှိသမျှ လုပ်ရင်တောင်၊ သမ္မာတရားကို ရဖို့ မလွယ်သေးဘူး။ ကျွန်မရဲ့ အချိန်တစ်ဝက်ကို ကျွန်မရဲ့ ဆေးခန်းအတွက် မြှုပ်နှံပြီး ကျန်တဲ့ တစ်ဝက်ကို သမ္မာတရားလိုက်စားဖို့အတွက် မြှုပ်နှံတဲ့အချိန်မှာ ဘယ်လိုဖြစ်ပြီး သမ္မာတရားရဖို့ ကျွန်မ မျှော်လင့်ခဲ့တာလဲ။ ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ လမ်းပြမှုအတွက် မဟုတ်ရင်၊ ဒီအရာအားလုံးကို ကျွန်မ သဘောပေါက်ခဲ့မှာ မဟုတ်ဘူး။ စာတန်ရဲ့ ညှဉ်းဆဲတာ ဆက်ခံရပြီး ကယ်တင်ခြင်း ရဖို့ အခွင့်အရေး လွဲနေမိဦးမှာပဲ။
ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်တွေကို ပြန်တွေးကြည့်တဲ့အခါ၊ ကျွန်မရဲ့ ဇာတိပကတိက အတိုင်းအတာတစ်ခုထိ ဆင်းရဲဒုက္ခခံခဲ့ရပြီး၊ တစ်ချိန်ကရှိခဲ့တဲ့ ဂုဏ်သိက္ခာမျိုးကို မရကောင်းမရနိုင်ပေမဲ့ ကျွန်မ နားလည်လာပြီ၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပုံနဲ့ ဘယ်ဘဝမျိုးက တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးဖြစ်တယ်ဆိုတာတွေကို ကျွန်မ သိနားလည်လာပြီ။ ကျွန်မ အများကြီး ပိုအေးချမ်းတယ်၊ စိတ်အေးလက်အေးဖြစ်ပြီး လွတ်မြောက်တယ်။ ဒါက လောကီအရာက ကျွန်မကို မပေးနိုင်တဲ့ ခံစားချက်တစ်ခုပဲ။ နောက်ပိုင်းမှာ၊ ကြီးမားတဲ့ အကျိုးခံစားခွင့်တွေရှိတဲ့ အလုပ်သစ်တွေကို ယူဖို့ ကျွန်မကို လူတွေက ဘယ်လိုပဲ သွေးဆောင်ဖို့ ကြိုးစားပါစေ၊ ကျွန်မထပ်ပြီး ဝေခွဲမရဖြစ်တော့ဘူး။ ဒီရက်တွေမှာ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားခြင်းက ကျွန်မကို ထိခိုက်နစ်နာစေပုံကို ကျွန်မ မြင်လာပြီး၊ ကျွန်မတာဝန်ကို လုပ်ဖို့ ဆေးခန်းကို စွန့်လွှတ်လိုက်ပြီ။ ဒါက ဘုရားရဲ့ ကယ်တင်ခြင်းသက်သက်ကြောင့် ဖြစ်သလို၊ ကျွန်မအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။ ဘုရားကျေးဇူးတော်ပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။