အသက်တာ ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို ယခုမှသာ ကျွန်မ နားလည်သည်

16.09.2019

ယုလု၊ ပေါ်တူဂီ

၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်၊ ကျွန်မသည် အသင်းတော်ထဲက ခေါင်းဆောင်မှု တာဝန်တစ်ခုကို ဖြည့်ဆည်းနေခဲ့သည်။ အချိန်ကာလတစ်ခုကြာ သင်တန်းပေးပြီးနောက်တွင် ညီအစ်ကို မောင်နှမအချို့က ကျွန်မကို အကြံပြုချက်တစ်ခု ပေးခဲ့ကြပါသည်။ သူတို့၏ အခြေအနေများ၊ အခက်အခဲများနှင့် စပ်လျဉ်း၍ ကျွန်မတွင် သိနားလည်မှု အလွန်နည်းပါးပြီး တကယ့်အလုပ် တစ်ခုတစ်လေမှ ကျွန်မ မလုပ်ဆောင်ခဲ့ပါဟု သူတို့ဆိုခဲ့ကြသည်။ ဤအတိမ်းအစောင်းဖြစ်ခြင်းကို ပြောင်းလဲဖို့ရန် ကျွန်မသည် အသင်းတော်ထဲက ညီအစ်ကို မောင်နှမများအားလုံး၏ အခြေအနေများကို နားလည်ဖို့ရန်အလို့ငှာ နောက်ဆက်တွဲ အလှည့်ကျအလုပ်တစ်ခုကို လုပ်ဆောင်ရန် ပြင်ဆင်ခဲ့ပါသည်။ ဤအရာကို လုပ်ဆောင်ရန် ကျွန်မသည် ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုခြင်းဖြင့် အလုပ်များလျက် အားပေးမှုနှင့် အထောက်အပံ့တို့ကို ပေးရင်း နေ့တိုင်း ဘုရားကျောင်းကို ကျွန်မ ခေါက်တုံ့ခေါက်ပြန်သွားခဲ့သည်။ သူတို့၏ အခြေအနေများတွင် အပြောင်းအလဲအနည်းငယ်နှင့် အခက်အခဲများကို ဖြေရှင်းမှုတို့ကို သူတို့ လုပ်ဆောင်သည့်အခါ၊ တကယ့် အလုပ်အနည်းငယ်ကို ကျွန်မ အမှန်ပင် လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု ကျွန်မကောက်ချက်ချခဲ့ပြီး အတော်လေး စိတ်ကျေနပ်ခဲ့ရသည်။ ကျွန်မ အလွန်အံ့အားသင့်ရသည်မှာ၊ တစ်နေ့ ရေလောင်းပေးသည့် အဖွဲ့ခေါင်းဆောင်က ကျွန်မကို၊ “ဒီနေ့ အစည်းအဝေးအတွင်းမှာ၊ ကျွန်မတို့ရဲ့ အခြေအနေကို နားလည်ပြီးတဲ့နောက် အထက်ခေါင်းဆောင်က ကျွန်မတို့ အလုပ်တွေနဲ့ပဲ အလုပ်ရှုပ်နေကြပြီး အသက်တာဝင်ရောက်မှု မလုပ်ဆောင်ကြဘူးလို့ ပြောတယ်...” ဟု ဆိုလေသည်။ ဤအရာကို ကြားရသည့်အခါ၊ ကျွန်မ အလွန် အံ့အားသင့်သွားခဲ့ပြီး၊ “ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ အခြေအနေတွေကို ဝတ်ပြုအစည်းအဝေးအတွင်းမှာ ဆွေးနွေးပြောဆိုခဲ့ကြပြီး သူတို့ကိုယ်သူတို့အကြောင်း အသိပညာအချို့ ရရှိကြပြီးပြီလို့ ငါ ထင်ခဲ့တာ။ ဒီတော့ ဘယ်လိုဖြစ်ပြီး သူတို့ အသက်တာဝင်ရောက်မှု မရှိဘူးလို့ ပြောနိုင်တာလဲ။ သူတို့ထဲက ဘယ်သူကမှ အသက်တာဝင်ရောက်မှု မရှိဖြစ်ပြီး ငါက သူတို့ရဲ့ အလုပ်အတွက် တာဝန်ရှိတယ်ဆိုရင်၊ ဒါက ငါလည်းဘဲ အသက်တာ ဝင်ရောက်မှု မရရှိသေးဘူးလို့ မဆိုလိုဘူးလား” ဟု တွေးမိခဲ့သည်။ ကျွန်မသည် သဘောထားကွဲလွဲမှု ဖြစ်ပြီး ကျွန်မ အထက်လူကြီးများ၏ ထောက်ပြချက်များကို လက်မခံနိုင်ခဲ့ပါ။

နောက်ပိုင်း ရက်အနည်းငယ်အကြာတွင် အစ်မလီက ဝတ်ပြုအစည်းအဝေးပြီးသည့်နောက် ကျွန်မထံ ချဉ်းကပ်ပြီး လေးနက်သော လေသံဖြင့်၊ “ဒီနေ့ ရှင့်ရဲ့ မိတ်သဟာယကို နားထောင်ပြီးတဲ့နောက်မှာ၊ ကျွန်မ နှစ်သက်ဝမ်းမြောက်မှုကို မခံစားခဲ့ရဘူး။ ရေလောင်းပေးတဲ့ အဖွဲ့ထဲက ညီအစ်ကို မောင်နှမတွေက အသက်တာဝင်ရောက်မှု မရရှိဘူးလို့ အထက်ခေါင်းဆောင်တွေက ပြောတယ်ဆိုပြီး ဆွေးနွေးပြောဆိုနေတုန်းမှာ ရှင်ပြောပြခဲ့တယ်။ ဒီတော့ ဒါကို ရှင် ဘယ်လိုသိတာလဲ။ ခုတလော ရှင့်ရဲ့ ကိုယ်ပိုင်အသက်တာ ဝင်ရောက်မှုကို အာရုံစိုက်ပြီးပြီလား။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ရှင် အချိန်နည်းနည်း ယူသင့်တယ်” ဟု ဆိုလေသည်။ အစ်မ၏ စကားများက ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ရေခဲရေအေးအေး တစ်ဇလုံ လောင်းချလိုက်သလို ဖြစ်ခဲ့သည်။ ထိုစကားတို့ကို လက်ခံဖို့ရန် အလွန် စိတ်ထိခိုက်လျက်ဖြင့်၊ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ်၊ “ငါ နေ့တိုင်း ဝတ်ပြုအစည်းအဝေးလုပ်ပြီး ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုတယ်။ သူတို့ရဲ့ အခြေအနေ ဘာပဲဖြစ်ဖြစ်၊ ငါ့ရဲ့ အထောက်အပံ့နဲ့ အားပေးမှုတွေ ငါပေးနိုင်တယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ပြောဆိုဆွေးနွေးတဲ့အခါ ငါ့ရဲ့ကိုယ်ပိုင် အတွေ့အကြုံတွေကိုလည်း ငါ ပေါင်းစပ်ပြီး ဆွေးနွေးတယ်။ ဒီတော့ ငါကအသက်တာ ဝင်ရောက်မှု မရသေးဘူးလို့ နင် ဘယ်လို ပြောနိုင်တာလဲ။ ငါ့မှာ ရှိ၊ မရှိဆိုတာကို နင် တကယ်ပဲ သိမြင်နိုင်လို့လား။ နင် ငါ့ကို တောင်းဆိုတာ များလွန်းသွားပြီ။ ငါ့ အမြင်မှာတော့၊ နင် မိတ်သဟာယပြုတဲ့အခါ၊ ငါ့မှာရှိတဲ့ နက်နဲတဲ့ သိနားလည်မှုမျိုး နင့်မှာ မရှိပါဘူး။ နင့်ရဲ့ တောင်းဆိုမှုတွေကို လိုက်နာရင် ငါ ဘယ်လို မိတ်သဟာယပြုရမလဲ မသိတော့ဘူး” ဟု တွေးမိခဲ့သည်။ အစ်မ၏ စကားများက ကျွန်မ စိတ်နှလုံးထဲတွင် စွဲကျန်နေခဲ့ပြီး ထိုအရာများကို တွေးလေလေ၊ ကျွန်မ ပိုမို ဒေါသထွက်လေလေ ဖြစ်ခဲ့သည်။ အစ်မလီကို ကျွန်မ နောက်ထပ် ကြည့်ပင်မကြည့်ချင်တော့ပါ။ နောက်တစ်နေ့မနက်တွင်၊ ကျွန်မ၏ လုပ်ဖော်ဆောင်ဖက် အစ်မ ဝမ်က ကျွန်မကို၊ “မနေ့ ညနေတုန်းက၊ အစ်မ ကျန်က ခုတစ်လော အသက်တာဝင်ရောက်မှု ရရှိခြင်းအပေါ် မဟုတ်ဘဲ အလုပ်လုပ်ဆောင်ခြင်းအပေါ်မှာပဲ ကျွန်မတို့ အာရုံစိုက်ကြတာ ဟုတ်၊ မဟုတ် ကျွန်မကို မေးခဲ့တယ်” ဟု ဆိုလေသည်။ ဤအရာကို ကြားရသည်တွင်၊ အထူးသဖြင့် ကျွန်မ စိတ်ပျက်မိပါသည်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်၊ “အစ်မ ကျန်ကလည်း ဘယ်လိုဖြစ်ပြီး အဲဒီလို ပြောနိုင်ရတာလဲ။ ငါ သူနဲ့ မကြာခဏ ဝတ်ပြုအစည်းအဝေး အတူလုပ်ခဲ့တာပဲလေ။ ပြီးတော့ ငါ့ရဲ့ မိတ်သဟာယထဲမှာ ငါ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို ငါ အမြဲတမ်း ပေါင်းစပ်ပြီး ပြောတာကို သူ ကြားခဲ့တာပဲ။ ဒီတာ့ သူက ဘယ်လိုဖြစ်ပြီး ငါ့မှာ အသက်တာ ဝင်ရောက်ခြင်း မရှိသေးဘူးလို့ ပြောနိုင်တာလဲ။ အခု ညီအစ်မ နှစ်ယောက်က အဲဒါကိုပဲ ပြောကြတယ်။ ငါ တကယ်ပဲ အသက်တာ ဝင်ရောက်မှု တစ်ခုတစ်လေမှ မရသေးတာ ဖြစ်နိုင်မလား။ အဲဒီလိုဖြစ်ရင် ညီအစ်ကို မောင်နှမတွေကို ငါ ဘယ်လို ရေလောင်းနိုင်မှာလဲ။ ဒီတာဝန်ကို ငါ ဆောင်ရွက်နိုင်စွမ်းမရှိတာများလား” ဟု တွေးမိခဲ့သည်။ ထို့နောက်တွင် ကျွန်မသည် လေလျော့နေသည့် ရာဘာ ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်ခဲ့သည်။ ကျွန်မ လုံးဝ စိတ်ဓာတ်ကျသွားသည်။ ကျွန်မ၏ ဒုက္ခခံစားရခြင်းအလယ်တွင်၊ ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့ပါသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်။ ခုချိန် ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အရမ်းကို မချိတင်ကဲ ဝေဒနာ ခံစားရပါတယ်။ ဒီအခြေအနေကို ကျွန်မ ဘယ်လို တွေ့ကြုံရမယ်ဆိုတာ မသိသလို ဘာသင်ခန်းစာ သင်ယူရမယ်ဆိုတာကို မသိပါဘူး။ ဘုရားရှင် ကျွန်မကို ဦးဆောင်လမ်းပြဖို့ ကိုယ်တော့်ကို အနူးအညွှတ် တောင်းပန်ပါတယ်။ ကိုယ်တော်ရဲ့ အလိုတော်ကို ကျွန်မကို နားလည်စေပါ...”

ဆုတောင်းပြီးနောက်တွင် မိတ်သဟာယထဲက စာတစ်ပိုဒ်ကို ကျွန်မ တွေးမိခဲ့ပါသည်၊ “ဘုရားသခင်၏ အလိုတော်သည် အလွန်ရိုးရှင်း၏။ ယင်းသည် သင့်ကို စစ်ဆေးရန်၊ အကြပ်အတည်းကို သင့်အား ရင်ဆိုင်စေဖို့၊ သင့်ကို စစ်ဆေးမှု ဖြတ်သန်းရစေဖို့နှင့် သင့်ကိုယ်သင် သိစေဖို့ရန် အခြေအနေမျိုးစုံ၊ ညီအစ်ကို မောင်နှမမျိုးစုံနှင့် ပြဿနာမျိုးစုံတို့ကို အသုံးပြုရန် ဖြစ်သည်။ နောက်ဆုံးတွင်၊ သင်သည် သမ္မာတရားကို ပျော်ရွှင်စွာ လက်ခံရင်း၊ ရိုက်နှက်ဆုံးမခံရခြင်းနှင့် ပြုပြင်ခံရခြင်းအဖြစ်ကို လက်ခံရင်း၊ သင်၏ ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းထဲသို့ ဝင်ရောက်ဖို့ ဘုရားသခင်၏ အမှုတော်ကို နာခံရင်းဖြင့် သင်သည် မိမိကိုယ်ကိုယ် သိရှိလိမ့်မည်ဖြစ်ပြီး သင်က လုံးဝ ဘာမှမဟုတ်သည်ကို မြင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်မှာ သင့်ကို လဲကျစေပြီး ပြန်မထနိုင်စေဘဲ ထို့နောက်တွင် သေဆုံးခွင့်ပေးဖို့ အခြေအနေများကို အသုံးပြုရန် လုံးဝ မဟုတ်ရပါ။ ယင်းမှာ ထိုသို့ မဟုတ်ပါ။ ယင်းမှာ သင့်ကိုယ်သင် အပြည့်အဝ နားလည်စေပြီးနောက် သင့်ကိုယ်သင် အလျှင်အမြန် ပြန်ဆွဲထူပြီး သမ္မာတရားကို လိုက်စားစေဖို့ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့က ဘုရားသခင်အပေါ်သာ မှီခိုကြပြီး သူတို့ ကြံရာမရဖြစ်သည့်အခါတွင်သာ သမ္မာတရားကို လိုက်စားကြသောကြောင့် ဖြစ်သည်။ သင့်ကို ထိန်းချုပ်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် အကြောင်းရင်းမှာ သင့်ကို လဲလျောင်းစေဖို့လော သို့မဟုတ် အသုံးပြုရန် သင့်ကို ပိုမို သင့်လျော်စေဖို့လော။ သင်၏ သမ္မာတရားနှင့် လက်တွေ့အရှိတရား ကင်းမဲ့ခြင်းကို ဖော်ထုတ်ခြင်း ပြုသည်မှာ သင့်ကို စီရင်ပြီး ရှုတ်ချဖို့လော သို့မဟုတ် သင့်ကို ရပ်တည်စေပြီး သမ္မာတရားနှင့် သင့်ကိုယ်သင် ပြင်ဆင်စေကာ သမ္မာတရားကို လိုက်စားစေဖို့လော။ ဤအရာကို သင် အချိန်ယူ စဉ်းစားလျှင်၊ ဘုရားသခင်၏ အလိုတော်ကို သင် နားလည်လိမ့်မည်မဟုတ်လော။” (အသက်တာထဲသို့ ဝင်ရောက်ခြင်းနှင့် ပတ်သက်သော တရားဒေသနာများနှင့် မိတ်သဟာယ ၇ ထဲက “မေးခွန်းများနှင့် အဖြေများ”) ဤတရားဒေသနာကို ချင့်ချိန်စဉ်းစားပြီးနောက်တွင်၊ လတ်တစ်လောတွင် တစ်ခုပြီးတစ်ခု ကျွန်မ ကြုံဆုံခဲ့ရသည့် ဤမနှစ်မြို့ဖွယ်ရာ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများသည် အမှန်တွင် ကျွန်မကို ဘုရားသခင်၏ ပြုပြင်ခြင်း နှင့် ရိုက်နှက်ဆုံးမခြင်းတို့မှ ထွက်ပေါ်လာခြင်းဖြစ်သည်ကို ကျွန်မ ရုတ်တရက် နားလည်သွားခဲ့သည်။ ထိုအရာများသည် ကျွန်မ အပေါ် ထင်ရှားသည့် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ပြီး ၎င်းတို့အထဲတွင် ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များ ရှိပါသည်။ ကိုယ်တော်၏ အလိုတော်မှာ ကျွန်မကို အပျက်သဘောဆောင်ခြင်းထဲတွင် နောက်ဆုတ်လိုက်စေဖို့ မဟုတ်သလို၊ အမှန် အမှားနှင့် ပတ်သက်၍ အငြင်းပွားနေသည့် အခြေအနေတစ်ခုတွင် ကျွန်မကို တည်ရှိနေစေဖို့လည်း မဟုတ်ပါ။ ယင်းမှာ ကျွန်မအနေဖြင့် ကိုယ်ကိုယ်ကိုယ် သိရှိဖို့ရန်၊ သမ္မာတရား လိုက်စားခြင်းအပေါ် အာရုံစိုက်ရန်နှင့် ကျွန်မ၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခု ရရှိဖို့ ကြိုးပမ်းစေဖို့ရန်အလို့ငှာ မိမိကိုယ်ကိုယ် ဆင်ခြင်ခြင်းဖြင့် ကိုယ်တော့်ရှေ့မှောက် ကျွန်မကို ခေါ်ဆောင်ဖို့ ဖြစ်ပါသည်။ သို့သော်၊ ယင်းအစား၊ ပြုပြင်ခံရပြီး ရိုက်နှက်ဆုံးမခံရသည့် အဖြစ်နှင့် ပတ်သက်၍၊ ကျွန်မက မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ သို့မဟုတ် သမ္မာတရားကို ရှာဖွေဖို့ ငြင်းပယ်ခဲ့သည်။ ကျွန်မ၏ နှလုံးသားက သဘောထားကွဲလွဲမှု၊ မနာခံမှုများနှင့် ပြည့်နေခဲ့ပြီး ထိုသို့သော အခြေအနေထဲသို့ ကျွန်မ တွန်းပို့ခံရခြင်းအဖြစ်၏ ရည်ရွယ်ချက်မှာ ဤတာဝန်မျိုးကို ဖြည့်ဆည်းခြင်းအတွက် ကျွန်မ မသင့်လျော်ခြင်းကို ဖော်ထုတ်ဖို့ဖြစ်သည်ဟူ၍ပင်လျှင် ကျွန်မတွေးမိခဲ့ပါသည်။ ထို့ကြောင့် ကျွန်မသည် အပျက်သဘောဆောင်သော မတုန်မလှုပ် အခြေအနေတစ်ခုတွင် အမှန်တကယ် အသက်ရှင်နေခဲ့ပါသည်။ ကျွန်မသည် အမှန်တကယ်ပင် ကျိုးကြောင်းဆင်ခြင်မှုမရှိခဲ့ပေ။ ပြီးခဲ့သည့် ရက်အနည်းငယ်တစ်လျှောက်တွင် ညီအစ်မအချို့က ကျွန်မကို အသက်တာ ဝင်ရောက်မှု မရရှိသေးဟု ပြောခဲ့ပုံကို ကျွန်မ စဉ်းစားမိခဲ့ပြီး ကျွန်မအနေဖြင့် စိတ်လျှော့ကာ ကျွန်မ၏ ပြဿနာများက မည်သည့်အရာများ ဖြစ်သည်၊ ညီအစ်မများက ကျွန်မကို အသက်တာ ဝင်ရောက်ခြင်း မရရှိသေးဟု အဘယ်ကြောင့် ပြောကြသည်ဆိုသည်နှင့် ပထမဦးစွာ အသက်တာထဲ ဝင်ရောက်ခြင်းက မည်သည့်အရာ အတိအကျဖြစ်သည် ဆိုသည်တို့ကို သဘောပေါက်ဖို့ရန် မိမိကိုယ်ကိုယ် ကြိုးကြိုးစားစား ဆင်ခြင်သုံးသပ်ရမည်ကို ကျွန်မအား အသိပေးဖို့ရန် ဘုရားသခင်က သူတို့ကို အသုံးပြုနေခဲ့မှန်း နားလည်ခဲ့ပါသည်။

နောက်တွင်၊ မိတ်သဟာယမှ အောက်ပါတို့ကို ကျွန်မ ဖတ်ခဲ့ရပါသည်။ “အသက်တာထဲ ဝင်ရောက်ခြင်းနှင့် အသက်တာထဲ ဝင်ရောက်ခြင်း လမ်းကြောင်းတို့မှာ အဘယ်နည်း”။ ”အသက်တာထဲ ဝင်ရောက်ခြင်းသည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ခြင်းကို ရည်ညွှန်းပါသည်။ ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို နားလည်သဘောပေါက်ခြင်း၊ သူတို့၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရနှင့်ဆိုင်သော သမ္မာတရားကို သိနားလည်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်ခြင်းနှင့် ၎င်းတို့ကို မိမိတို့၏ အသက်ဖြစ်လာစေခြင်းကို ရည်ညွှန်းသည်။ ဤအတွေ့အကြုံမျိုးနှင့် ဆက်စပ်သော အရာတစ်ခုခုကသာ အသက်တာထဲ ဝင်ရောက်ခြင်း ဖြစ်သည်။” “အသက်တာထဲ ဝင်ရောက်ခြင်းသည် သမ္မာတရားထဲ ဝင်ရောက်ခြင်းကို ရည်ညွှန်းပါသည်။ သမ္မာတရားထဲ ဝင်ရောက်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့ တွေ့ကြုံခြင်းနှင့် သမ္မာတရားကို သိနားလည်ခြင်းတစ်ခုကို လက်လှမ်းမီခြင်းအပေါ် အခြေခံသည်။” “ကျွန်ုပ်တို့တွင် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းမှုရှိလျှင်၊ ယင်းက ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ထဲ အမှန်တကယ် ဝင်ရောက်မှု ရှိခြင်းကို သက်သေပြသည်။ ကျွန်ုပ်တို့တွင် ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့်ဆိုင်သည့် မှန်သော အသိပညာနှင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော သမ္မာတရား ရှိကြလျှင်၊ ယင်းသည်လည်း ကျွန်ုပ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ စစ်မှန်သော ဝင်ရောက်မှု ရှိခြင်းကို သက်သေပြပါသည်။ ဘုရားသခင်၏ အမှုတော်၊ သူ၏ စစ်မှန်မှု နှင့် သူ၏ အနှစ်သာရတို့ကို အမှန်တကယ် ကျွန်ုပ်တို့ နာခံမှုရှိကြသည့်အခါ၊ သူ၏ သတ်မှတ်ချက်များအားလုံးကို အမှန်တကယ် ကျွန်ုပ်တို့ ဖြည့်ဆည်းကြသည့်အခါတွင်၊ ယင်းကလည်း သူ၏ နှုတ်ကပတ်တော်များထဲသို့ ကျွန်ုပ်တို့ အမှန်တကယ် ဝင်ရောက်မှု ရှိကြသည်ကို သက်သေပြပါသည်။ သမ္မာတရားထဲ စစ်မှန်သော ဝင်ရောက်ခြင်းဖြစ်သည့် ကိုယ်တော်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံသော စစ်မှန်သည့် ဝင်ရောက်မှုရှိပြီး စွမ်းဆောင်ရရှိသင့်သည့် ရလဒ်များ စွမ်းဆောင်ရရှိပြီးသရွေ့၊ ဤအရာက အသက်တာထဲ ဝင်ရောက်ခြင်း လက်တွေ့အရှိတရားကို ကျွန်ုပ်တို့ ပိုင်ဆိုင်ကြသည်ဟု ဆိုလိုပါသည်။” (အသက်တာထဲ ဝင်ရောက်ခြင်းနှင့် ပတ်သက်သော တရားဒေသနာများ နှင့် မိတ်သဟာယ ၂) ဤစကားများက ကျွန်မကို ရုတ်တရက် အသိအမြင် ပွင့်သွားစေခဲ့သည်။ ဖြစ်ချင်တော့၊ အသက်တာ ဝင်ရောက်ခြင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ တွေ့ကြုံခြင်း၊ သမ္မာတရားကို သိနားလည်ခြင်းတစ်ခု ရရှိခြင်းနှင့် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရသည့်အချိန်တွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သူတို့ လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အမှုတော်အပြင်၊ သူတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော သဘာဝနှင့် အနှစ်သာရ၊ သူတို့၏ ဖောက်ပြန်ပျက်စီးခြင်း၏ တကယ့်အသွင်အပြင်နှင့်ဆိုင်သော မှန်ကန်သည့်အသိပညာကို သူတို့ ရရှိသည်အထိ သမ္မာတရားကို သူတို့ တဖြည်းဖြည်း သဘောပေါက်နိုင်ကြသည်ကို ဆိုလိုပါသည်။ သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံ့ရှာနိုင်သည်ကို ဆိုလိုသည်။ သူတို့၏ ကိုယ်ပိုင် မှားယွင်းသော ရည်ရွယ်ချက်များနှင့် ဆိုးယုတ်သော သဘာဝတို့အပေါ် ကျောခိုင်းနိုင်ပြီး သမ္မာတရားကို အကောင်အထည်ဖော်နိုင်ကာ၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး သူ၏ အလိုတော်နှင့် သတ်မှတ်ချက်များနှင့်အညီ သူ့ကို စိတ်ကျေနပ်စေနိုင်သည်ကို ဆိုလိုပါသည်။ ဤနည်းဖြင့်သာ သူတို့ကို အသက်တာ ဝင်ရောက်မှုအား အမှန်တကယ် ရရှိသကဲ့သို့ ယူဆနိုင်သည်။ ကျွန်မကိုယ်ကျွန်မ ဤအခြေအနေများ၊ လုပ်ရပ်များနှင့် နှိုင်းယှဉ်ကြည့်သည့်အခါတွင် လတ်တလော ကျွန်မ၏ အခြေအနေအပေါ် ကျွန်မ မသုံးသပ်ပဲ မနေနိုင်ခဲ့ပါ။ ကျွန်မ၏ ညီအစ်ကို မောင်နှမများက ကျွန်မ တာဝန်၏ ဝန်ထုပ်ကို ကျွန်မ မထမ်းရွက်ခဲ့သလို သူတို့၏ ပြဿနာများကို ဖြေရှင်းဖို့ ကျွန်မ အာရုံမစိုက်ပါဟု အကြံပြုချက် ပေးခဲ့ကတည်းက၊ ကျွန်မ အကြောင်း ထိုသို့သော အရာများကို ပြောဆိုခြင်းမှ သူတို့ကို ကာကွယ်တားဆီးဖို့ရန်အလို့ငှာ၊ ကျွန်မသည် ညီအစ်ကို မောင်နှမများ၏ အခြေအနေများအပေါ် နောက်ဆက်တွဲ ဆောင်ရွက်ပေးခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် အလုပ်များစေခဲ့ပြီး၊ သူတို့၏ ပြဿနာများကို ဖြေရှင်းနိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်များအတွက် အချိန်ပေးခြင်းကိုပင် အသုံးချခဲ့သည်။ သို့သော် ကျွန်မသည် စိတ်လျော့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိကိုယ်ကိုယ် ချင့်ချိန်စဉ်းစားခဲလှပါသည်၊ သို့မဟုတ် ထိုမိန့်မြွက်ချက်များထဲရှိ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ ရှာဖွေခဲလှပါသည်။ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင်၊ ကျွန်မ၏ ကိုယ်ပိုင် အတွေးများနှင့် အယူအဆများကို လုံးဝ အာရုံမစိုက်ခဲ့သလို၊ ကျွန်မ ရှိနေခဲ့သည့် လမ်းကြောင်းက မှန်သည်၊ မှားသည်ကို မပြောနှင့်၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်မ ထုတ်ဖော်ပြီး မည်သည့် သမ္မာတရားကို ကျွန်မ ဝင်ရောက်ဖို့လိုသည်ကိုပင် ရှာဖွေတွေ့ရှိဖို့ရန် မိမိကိုယ်ကိုယ် မသုံးသပ်ခဲ့ပါ။ သူတို့နှင့် ဝတ်ပြုအစည်းအဝေးများ၌ ကျွန်မ မိတ်သဟာယပြုသည့် အခါတိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူရုံမျှသာယူပြီး သူတို့အနေဖြင့် သွားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ရန်အလို့ငှာ ထိုနှုတ်ကပတ်တော်များကို ညီအစ်ကို မောင်နှမများထံ မိတ်သဟာယပြုရုံမျှသာပြုခဲ့သည်။ သို့သော် ကျွန်မကိုယ်၌က မိမိကိုယ်ကိုယ် သုံးသပ်ဖို့ သို့မဟုတ် သူတို့နှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ဖို့ ဤအခွင့်အရေးများကို မရယူခဲ့ပါ။ တစ်ခါတစ်ရံတွင်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ ထုတ်ဖော်ခံရပြီးနောက်၊ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကျွန်မ တိုက်ကြည့်ရုံ တိုက်ကြည့်ခဲ့သည်၊ သို့မဟုတ် ဖတ်ဖို့ ခွန်းအားရစရာ၊ နှစ်သိမ့်မှုပေးသည့် ကျမ်းပိုဒ်အချို့ကို ရှာခဲ့ပါသည်။ ဤအရာက ကျွန်မ စိတ်နှလုံးထဲတွင် ခံစားခဲ့ရသည့် မသက်မသာဖြစ်ခြင်းကို ကျေနပ်စေခဲ့သည်။ သို့သော် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိဖို့ရန် မိမိကိုယ်ကိုယ်အပေါ် ကျွန်မ သုံးသပ်ခဲလှသလို ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့်အညီ မိမိကိုယ်ကိုယ် စိစစ်ခဲလှပါသည်။ အကျိုးဆက်အနေဖြင့်၊ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ခြင်းမရှိခဲ့သလို နောက်ပိုင်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်ခဲ့ပါ။ နောက်ထပ် ထိုသို့သော အခြေအနေများကို ကြုံရသည့်အခါ၊ အလားတူ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ တစ်ဖန် ပြသခဲ့ပြန်ပါသည်။ ကျွန်မအထဲက သိသာသည့် ဤဖော်ပြချက်များအားလုံးကို ထောက်ဆလျှင်၊ ကျွန်မသည် အသက်တာ ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်သည်ဟု အဘယ်သို့ ပြောနိုင်မည်နည်း။ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းဖို့အလို့ငှာ၊ ကျွန်မသည် မိမိကိုယ်ကိုယ် အလုပ်ပေါ်သို့ မြှုပ်နှံဖို့ အစွမ်းကုန် လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်သည့်အချိန်တွင် ၎င်းတို့ကို တွေးဆခြင်းအပေါ် ကျွန်မ အရေးမထားခဲ့ပါ။ ကျွန်မသည် အယူဝါဒဆိုင်ရာ အသိပညာဖြင့် မိမိကိုယ်ကိုယ် ကျေနပ်စေရုံသက်သက် ကျေနပ်စေခဲ့သော်လည်း ကိုယ်တော်၏ အလိုတော်နှင့် တောင်းဆိုချက်များအပြင် သူ မိန့်မြွက်ခဲ့သည့် ဤနှုတ်ကပတ်တော်များဖြင့် ကိုယ်တော်က မည်သည့်ရလဒ်များကို စွမ်းဆောင်ရရှိရန် ရည်ရွယ်သည်ကို ကျွန်မ စစ်မှန်စွာ နားမလည်ခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း သက်သေခံချက် ကျွန်မတွင် ရှိဖို့မပြောနှင့်၊ သမ္မာတရားကိုပင် ကျွန်မ အမှန်တကယ် နားမလည်ခဲ့ပါ။ ကျွန်မသည် တကယ့်အတွေ့အကြုံ အမှန်တကယ် ဘာမျှမရှိသလို အသက်တာ ဝင်ရောက်ခြင်း တစ်ခုတစ်လေကိုမျှ ကျွန်မ လုံးဝ မရရှိခဲ့သေးပါ။ လတ်တလောတွင် အထက်ခေါင်းဆောင်များနှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများအားဖြင့် ကျွန်မ ပြုပြင်ခံရပြီး အရေးယူကိုင်တွယ်ခံခဲ့ရပုံကို နောက်ထပ် စဉ်းစားပြီးသည့်နောက်တွင်၊ ကျွန်မသည် ရှေ့နောက်မညီသူ၊ မနာခံသူနှင့် အငြင်းပွားတတ်သူဖြစ်ကြောင်း ထုတ်ဖော်ခံခဲ့ရသည်ကို ကျွန်မ တွေ့မြင်ခဲ့ရသည်။ အသက်တာ ဝင်ရောက်ခြင်းကို ကျွန်မ အမှန်တကယ် ရရှိခဲ့ပါလျှင်၊ ပြုပြင်ခံရပြီး ရိုက်နှက်ဆုံးမခံရခြင်းအပေါ် ကျွန်မ အနေဖြင့် သမ္မာတရားကို ရှာဖွေနိုင်ခဲ့လိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုယ် သုံးသပ်နိုင်ခဲ့လိမ်မည်ဖြစ်သော်လည်း ကျွန်မကိုယ်ကျွန်မ အပျက်သဘောဆောင်ခြင်းနှင့် ခေါင်းမာမှုထဲတွင် အသက်ရှင်နေသည်ကို တွေ့ခဲ့ရလိမ့်မည်မဟုတ်ပေ။ အသက်တာ ဝင်ရောက်ခြင်းကို ကျွန်မ အမှန်တကယ် မရရှိခဲ့သလို ကျွန်မ၏ ညီအစ်ကို မောင်နှများနှင့် ကျွန်မ မိတ်သဟာယပြုရာတွင် စကားများ နှင့် အယူဝါဒများအကြောင်း စကားကြီးစကားကျယ်များစွာကိုသာ ကျွန်မ ပြောဆိုခဲ့သည်ကို ယခုမှ လုံးလုံးလျားလျား ကျွန်မ လက်ခံယုံကြည်သွားခဲ့ပါသည်။ “ဗိုလ်မှူးများ၏ လုပ်ရပ်များက ၎င်းတို့ စစ်သားများ၏ လုပ်ရပ်များကို သက်ရောက်သည်” ဟု ဆိုရိုးစကားကဲ့သို့ဖြစ်သည်။ ကျွန်မ ကိုယ်၌က အသက်တာ ဝင်ရောက်မှု မရရှိခဲ့မှတော့၊ ကျွန်မ၏ ညီအစ်ကို မောင်နှများကို ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲ ကျွန်မ အဘယ်သို့ ခေါ်ဆောင်နိုင်မည်နည်း။ ကျွန်မ လုပ်ဆောင်ခဲ့သည့် ဤနည်းလမ်းက ကျွန်မ၏ ညီအစ်ကို မောင်နှများကို ပိတ်လှောင်ဖို့နှင့် ဖျက်ဆီးဖို့ ဖြစ်စေတတ်ခဲ့သည် မဟုတ်ပါလား။ ဤနားလည်သဘောပေါက်ခြင်းက ကျွန်မကို တော်တော် ကြောက်လန့်စေခဲ့သည်။ ကံအားလျော်စွာ၊ ကျွန်မကိုယ်ကျွန်မ သိနိုင်ဖို့ရန်အလို့ငှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ကျွန်မကို ချိန်ကိုက် သတိပေးချက်တစ်ခုပေးရန် ထိုညီအစ်မများကို ဘုရားသခင်က အသုံးပြုခဲ့ပါသည်။ ထိုသို့မဟုတ်လျှင်၊ ကျွန်မအနေဖြင့် အပြင် အလုပ်များ နှင့် တောက်တိုမယ်ရအလုပ်များအပေါ်သာ ဆက်လက် အာရုံစိုက်ခဲ့လိမ်မည်ဖြစ်သော်လည်း ကျွန်မကိုယ်၌က အသက်တာထဲ ဝင်ရောက်ခဲ့လိမ့်မည်မဟုတ်သလို၊ နောက်ဆုံးတွင် ကျွန်မ၏ စိတ်သဘောထားထဲတွင် အသေးငယ်ဆုံး ပြောင်းလဲမှုပင် ရှိခဲ့လိမ့်မည်မဟုတ်ပါ။ ပြီးလျှင် ကျွန်မသည် ဘုရားသခင်အားဖြင့်သာ ဖော်ထုတ်ခံရပြီး ပယ်ရှင်းခံခဲ့ရနိုင်သည်။ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ထိုသို့သော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့်ဆိုင်သော ဘုရားသခင်၏ စီမံခန့်ခွဲမှုက အလွန်အံ့သြစရာကောင်းခဲ့ပြီး ကျွန်မ လိုအပ်သည့်အရာ အတိအကျ ဖြစ်ခဲ့ပါသည်။ ထိုသို့ ပြုပြင်ခံရပြီး ရိုက်နှက်ဆုံးမခံရသည့် နည်းလမ်းဖြင့်သာ၊ စစ်မှန်သော အသက်တာ ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို ကျွန်မ နားလည်လာခဲ့ခြင်းဖြစ်ပြီး ကျွန်မ၏ ကိုယ်ပိုင် တကယ့်အခြေအနေနှင့်ဆိုင်သော အသိပညာအချို့ကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ သမ္မာတရားကို လိုက်စားခြင် မရှိသလို အသက်တာဝင်ရောက်ခြင်းလည်း မရှိသည့်အခါတွင် နောက်ဆုံး၌ ကျရှုံးမှုတွင် ကျွန်မ အဆုံးသတ်ခဲ့ရသည်အထိ ကျွန်မ၏ ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းခဲ့မိမည်ဖြစ်သည်ကို ကျွန်မ မြင်ခဲ့ရသည်။

ထို့နောက်တွင် ကျွန်မ၏ ကိုယ်ပိုင် ဝင်ရောက်ခြင်းအပေါ် သတိရှိရှိ ကျွန်မ အာရုံစိုက်ခဲ့ပါသည်။ နေ့တိုင်း ကျွန်မ၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှုများအတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆဖို့နှင့် ၎င်းတို့ထဲက သမ္မာတရားကို ရှာဖွေခြင်းအပြင် တကယ့်ဘဝတွင် ၎င်းတို့ကို အကောင်အထည်ဖော်ခြင်းတို့အား အာရုံစိုက်ရန် ကြိုးစားဖို့ မိမိကိုယ်ကိုယ် လေးလေးနက်နက် ကျွန်မ လေ့ကျင့်ခဲ့သည်။ ကျွန်မ ကြုံရသည့် လူများ၊ အဖြစ်အပျက်များ နှင့် အမှုအရာများကြားတွင်၊ ကျွန်မ၏ ကိုယ်ပိုင် အတွေးများနှင့် အယူအဆများကို သဘောပေါက်ခြင်း၊ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ကျွန်မ၏ ရည်ရွယ်ချက်များနှင့် မစင်ကြယ်မှုများအပေါ် ဆင်ခြင်သုံးသပ်ခြင်း၊ ကျွန်မ၏ သဘာဝနှင့် အနှစ်သာရတို့ကို စိတ်ဖြာလေ့လာခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့၊ အသက်တာထဲ ဝင်ရောက်ဖို့ လမ်းကြောင်းတစ်ခုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ရှာဖွေခြင်းတို့အပေါ် ကျွန်မ အာရုံစိုက်ခဲ့ပါသည်။ ကျွန်မ၏ ညီအစ်ကို မောင်နှများ၏ ပြဿနာများကို ဖြေရှင်းနေသည့်အချိန်တွင် သူတို့၏ အခြေအနေများကို ပြေလည်စေဖို့ ကျွန်မ မိတ်သဟာယပြုလုပ်ရုံသာ လုပ်ဆောင်ခြင်း မပြုတော့ပါ။ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့်အတူ အသက်တာ ဝင်ရောက်ခြင်းကို ကျွန်မ ရရှိဖို့ရန်အလို့ငှာ အလားတူ ပြဿနာရပ်များ ကျွန်မတွင် ရှိ၊မရှိ သဘောပေါက်ဖို့ရန် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိရှိခြင်းတို့အပေါ် ကျွန်မ အာရုံစိုက်ခဲ့ပါသည်။ ဤအရာကို တစ်ခဏမျှ လုပ်ဆောင်ပြီးသည့်နောက်တွင် ဘုရားသခင်နှင့် ကျွန်မ၏ ဆက်နွယ်မှုက များစွာ ပိုမိုနီးကပ်လာခဲ့သည်ကို ကျွန်မ ခံစားခဲ့ရပြီး၊ သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အတွေ့အကြုံနှင့် အသိပညာ အနည်းငယ်ကို ကျွန်မ ရရှိခဲ့သည်။ အသင်းတော်အတွက် ကျွန်မ၏ အလုပ်တွင် ရလဒ်အချို့ကိုလည်း ကျွန်မ စွမ်းဆောင်ရရှိခဲ့ပါသည်။ နောက်ပိုင်းတွင်၊ ပြဿနာများကို ကြုံနေရသည့်အခါ၊ သူတို့အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မစင်ကြယ်မှုများအပေါ် စတင်သုံးသပ်ခဲ့ကြပြီး မိမိတို့၏ ကိုယ်ပိုင် သဘာဝများနှင့် အနှစ်သာရများအား စိစစ်နေခဲ့ကြသည်ကို ကျွန်မ၏ ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယမှ ကျွန်မ တွေ့ခဲ့ရပါသည်။ သူတို့သည်လည်း ဘုရားနှုတ်ကပတ်တော်အချို့ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

ပြုပြင်ခံရခြင်းနှင့် ရိုက်နှက်ဆုံးမခံရခြင်းတို့နှင့်ဆိုင်သော ဤဖြစ်ရပ် နောက်တွင်၊ အသက်တာ ဝင်ရောက်ခြင်းမှာ မည်သည့်အရာဖြစ်သည်ဆိုသည့် စစ်မှန်သော အသိပညာအချို့ကို ကျွန်မ ရရှိခဲ့ပြီး ကျွန်မ၏ ကိုယ်ပိုင် အားနည်းချက်များကို အနည်းငယ် ပို၍ရှင်းလင်းစွာ မြင်လာခဲ့ရသည်။ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရာတွင်၊ ကျွန်မ၏ ကိုယ်ပိုင် ဝင်ရောက်ခြင်းအပေါ် ကျွန်မ စတင်အာရုံစိုက်ခဲ့ပြီး သမ္မာတရားကို လိုက်စားပြီး ယင်းကို လက်တွေ့လုပ်ဆောင်ရန်မှာ အဘယ်မျှ ချိုမြိန်သည်ကို မြည်းစမ်းခဲ့ရပါသည်။ ဤအရာအားလုံးမှာ ကျွန်မအပေါ် ဘုရားသခင်၏ လုပ်ဆောင်ချက် ရလဒ်များ ဖြစ်ပါသည်။ ဘရားသခင်ကို ကျေးဇူးတင်ပါသည်။ ယခုမှစ၍ ကျွန်မ တွေ့ကြုံသည့် အရာတိုင်း၌၊ သမ္မာတရားကို ကျွန်မ လိုက်စားခြင်းနှင့် ကျွန်မ၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို တစ်နေ့နေ့ မကြာခင် ရရှိဖို့ ကြိုးပမ်းရာတွင် ကျွန်မအနေဖြင့် တည်ကြည်ခိုင်မာပြီး လက်တွေ့ကျဖို့ရန် မျှော်လင့်မိပါသည်။

နောက်တစ်ခုသို့- တဖန်မွေးဖွားခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဧဝံဂေလိဟောခြင်း လမ်းကြောင်း

ဧဝံဂေလိ ဝေမျှဖို့ ပထမဆုံး သင်ယူတဲ့အချိန်ကို ကျွန်တော် အမှတ်ရမိတယ်။ ဟူဘေးမှာ ကြီးမားသော ချီးမွမ်းခြင်း အသင်းတော်ရဲ့ အသင်းသား အစ်ကိုဆူးနဲ့...

ကျရှုံးမှုများ၊ အနှောင့်အယှက်များမှတစ်ဆင့် ကြီးထွားတိုးတက်ခြင်း

ကျိန်းရှင်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါသည်။...

တရားစီရင်ခြင်းသည်အလင်းဖြစ်သည်

ရှန်ဒေါင် စီရင်စုမှ၊ ကျိုးရှာ ရေးသားသည် ကျွန်မနာမည် ကျိုးရှာ ဖြစ်ပါသည်။ ကျွန်မသည် သာမန်မိသားစုတစ်စုတွင် ဖွားမြင်ခဲ့ပါသည်။ “ငန်းသည်...

အခက်အခဲများက ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်ထမ်းဆောင်ခြင်းအား မတားဆီးနိုင်

ယန်ဖင်း တရုတ်နိုင်ငံ အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံလိုက်ရတဲ့နောက်မှာပဲ ဒီအရာ ဖြစ်ခဲ့တာ မှတ်မိတယ်။ အဲဒီကာလ အတောအတွင်းမှာ၊ စီစီပီက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။