သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ဤဓမ္မသီချင်းစာအုပ်ကို အဓိက အပိုင်းနှစ်ပိုင်းခွဲထားပါသည်- ပထမပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ ဂန္ထဝင် မိန့်မြွက်ချက်များ ဖြင့်ပြုလုပ်ထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော ဓမ္မသီချင်းများပါဝင်ပြီး၊ ဒုတိယပိုင်းတွင် ဘုရားသခင်ရွေးချယ်ထားသောသူများက သူ့နောက်ကို လိုက်စဉ်တွင် သူ၏ တရားစီရင်ခြင်း၊ အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို ကြုံရပြီးနောက် ပေးထားသည့် သက်သေခံချက် အစစ်အမှန်များဖြစ်သည့် အသင်းတော် အသက်တာ ဓမ္မသီချင်းများ ပါဝင်လေသည်။ ဤဓမ္မသီချင်းများသည် လူတို့အဖို့ ၎င်းတို့၏ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့် သမ္မာတရားကို သိနားလည်ခြင်းတို့တွင် ကြီးမားသည့် အကျိုးကျေးဇူး ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ကြသည့် လူတို့အဖို့ သာ၍ပင် အကျိုးရှိလေသည်။