၄၄။ နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အမှန်အတိုင်းမြင်နိုင်ခဲ့ပြီဖြစ်သည်

ရှန်ရှင်းဝေ့ အီတလီနိုင်ငံ

ကျွန်မ၏တာဝန်က ၂၀၁၈ ခုနှစ်က အသင်းတော်မှာ စာရွက်စာတမ်းများကို အစ်မကျန်း အစ်မလျူတို့နှင့်အတူတူ ဘာသာပြန်ပေးရခြင်းဖြစ်သည်။ ကျွန်မတို့အချင်းချင်း အလွန် အဆင်ပြေပါသည်။ တွေ့ဆုံပွဲတစ်ခုမှာ ခေါင်းဆောင် အတုအယောင်ကို မည်သို့သိသည်ကို ကျွန်မတို့ မိတ်သဟာယဖွဲ့ကြသည်။ အစ်မလျူက ခေါင်းဆောင် အတုအယောင်ကို ဤသို့ အကဲဖြတ်သည်။ “သူက ဘာမူဝါဒမှမရှိဘဲ၊ လူတွေကိုလျှောက်ပြောင်းတယ်။ အစ်မကျန်းကို ပြောင်းတယ်၊ ဒါပေမဲ့ အစ်မကျန်းလောက် အလုပ်မကြိုးစား အာရုံစူးစိုက်မှုလည်းမရှိတဲ့ တခြားအစ်မ တစ်ယောက်ကိုတော့ အဖွဲ့မှာဆက်ထားတယ်။” အခြားခေါင်းဆောင်က ဒါကို ညီအစ်ကိုမောင်နှမများကို ဖတ်ပြသည့်အချိန်မှာ၊ ကျွန်မချက်ချင်းပဲ မျက်နှာပျက်သွားသည်။ အစ်မလျူ၏ စကားများက အလွန်ပြင်းထန်လွန်းသည်ဟု ကျွန်မ ခံစားရသည်။ မိမိကိုယ်ကိုယ် တည်ငြိမ်အောင်ထားသော်လည်း၊ စိတ်ထဲမှာတော့ ဗြောင်းဆန်နေပြီဖြစ်သည်။ ကျွန်မတို့အသင်းမှာ သုံးယောက်သာ ရှိသောကြောင့် သူမကျွန်မကို ပြောသည့်အရာကို ကျွန်မ သေချာသိသည်။ အကုန်လုံးက ကျွန်မတာဝန်ကို မကြိုးစားဘဲ၊ အာရုံစူးစိုက်မှုမရှိဟု ထင်သွားမည်ကို ခံစားမိသည်။ ကျွန်မ မည်သို့မျက်နှာပြရမည်နည်း။ ထိုအချိန်မှစပြီး ကျွန်မက အစ်မလျူကို အငြိုးအတေးထားခဲ့ပြီး ကျွန်မတို့၏ ဆက်ဆံရေးကလည်း ပို၍ စိမ်းကားလာခဲ့သည်။

သိပ်မကြာမီတွင် အစ်မလျူ အသင်းခေါင်းဆောင်အဖြစ် အရွေးခံရသည်။ သူမက အလွန်တာဝန်ကျေပွန်ပြီး ကျွန်မ ဘာသာပြန်ထားသည့်အရာများကို အမြဲတမ်း သေချာစစ်သည်။ အစတွင် ကျွန်မလည်း စိတ်ကောင်းကောင်းထားသော်လည်း၊ နောက်ပိုင်း၌ သူမကို အတိုက်အခံလုပ်ချင်လာသည်။ ကျွန်မအနေနှင့် ဤတာဝန်ကို ထမ်းဆောင်လာသည်မှာကြာပြီ ဖြစ်သော်လည်း၊ သူမက ကျွန်မကို ယခုထိမယုံသေးသည်မှာ၊ ကျွန်မက အရည်အချင်းမပြည့်မီသကဲ့သို့ပင် ဖြစ်သည်။ သူမက ကျွန်မကိုလည်း မကြာခဏ အကဉာဏ်များ ပေးလေ့ရှိသောကြောင့်၊ သူမက ကျွန်မကို အထင်သေးပြီး လုပ်ရကိုင်ရသည်မှာ ပိုရှုပ်အောင်လုပ်သည်ဟု ခံစားလာရသည်။ ကျွန်မ လုံးဝသည်းမခံနိုင်သည်မှာ ကျွန်မတို့ အလုပ်ကိစ္စ ဆွေးနွေးသည့် အချိန်တွင်၊ သူမက ကျွန်မ၏ အားနည်းချက်များကို ကြီးကြပ်သူရှေ့မှာ ပြောလေ့ရှိသည်။ “ငါ့ကို သူ့ရှေ့မှာ သိက္ခာကျအောင်လုပ်နေတာမဟုတ်လား။” ဟု တွေးမိသည်။ သူမအပေါ် ကျွန်မ၏မကျေနပ်ချက်များက ပိုများလာပြီး အငြိုးအတေးကလည်း ပိုကြီးလာခဲ့သည်။ ကျွန်မတို့၏ ထိုအလုပ်တာဝန်ပြီးသည့်နောက်မှာ ကျွန်မသူမကို မြင်ကို မမြင်ချင်တော့ဘဲ၊ သူမကို သည်းမခံနိုင်တော့ပါ။ ကျွန်မ၏ အလုပ်များကို သူမလိုက်စစ်နေသည်ကို ကျွန်မ မကြိုက်ဘဲ၊ သူမကျွန်မကိုအကြံဉာဏ်များပေးသည့် အခါတိုင်းလည်း ကျွန်မက မနှစ်မြို့သည့်မျက်နှာပေးနှင့်နေလေ့ရှိသည်။ တစ်ခါတစ်ရံတွင် သူမသိက္ခာကျပြီး ထင်သလောက် မတော်ပုံပေါက်စေရန် မည်သို့လုပ်ရမည်ကို ကျွန်မစဉ်းစားသည်။ သူမတာဝန်မှာ ပြဿနာများရှိပါကလည်း ကျွန်မသူမကို ကူညီရမည့်အစား သူမကိုအထင်သေးပြီး သူမမှတ်သွားစေဖို့ တာဝန်မှာအခက်အခဲများတွေ့ပါစေဟု မျှော်လင့်မိသည်။ တစ်ခါက တွေ့ဆုံပွဲတစ်ခုမှာ ကျွန်မက အလွန် စိတ်ဆတ်သောကြောင့်၊ သူမက ကျွန်မနှင့် မည်သို့ အလုပ်တွဲလုပ်ရမည်ကိုမသိကြောင်း၊ ကျွန်မတို့ ပူးပေါင်း ဆောင်ရွက်သည့်အခါ၊ ကျွန်မကြောင့် သူမ စိတ်ကျဉ်းကျပ်ကြောင်း အစ်မလျူက ပြောသည်။ သူမ ထိုသို့ပြောသည့်အခါ၊ ကျွန်မလည်း အလွန်စိတ်တိုသွားသည်။ “ပွင့်ပွင့်လင်းလင်း ပြောတယ်ဆိုပြီး ငါ့ကို ဒေါက်ဖြုတ်တာ မဟုတ်လား။ အခုဆိုအားလုံးက ငါ့ဒေါသကြောင့် နင် စိတ်ကျဉ်းကျပ်ရတယ်လို့ သိသွားတဲ့အတွက် ငါ့ကို သူတို့က ဘယ်လို ထင်ကြမလဲ။” ဟု တွေးမိသည်။ ကျွန်မ ယင်းကိုတွေးမိလေ ဒေါသထွက်လေဖြစ်သည်။ သူမက ကျွန်မကို အခြားသူများ အထင်သေးအောင်လုပ်နေသည်ဟု ခံစားရသည်။ ကျွန်မသူမကို မကျေမနပ်နှင့် တွေ့ဆုံပွဲတစ်ခုလုံးမှာ စကားမပြောဘဲ၊ မျက်နှာကြီးစူပုပ်ပြီး ထိုင်နေခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မတစ်ခုခု ဖြစ်နေသည်ကို အစ်မလျူ ရိပ်မိသွားသောကြောင့်၊ ကျွန်မကို “စိတ်ညစ်နေတဲ့ပုံပဲ၊ တွေ့ဆုံပွဲမှာလည်း ဘာမှမပြောဘူး။ စိတ်ထဲမှာတစ်ခုခု ဖြစ်နေတာဆိုရင်၊ အစ်မကို ပြောပြလို့ရပါတယ်။ အစ်မရဲ့အားနည်းချက်တွေ ရှိရင်လည်း ပြောလို့ရပါတယ်။” ဟု တိုးတိုးလေးလာပြောသည်။ သို့ရာတွင် ကျွန်မက သူမကို မြင်ကိုမမြင်ချင်ဘဲ၊ စိတ်ထဲမှာလည်း သူမကို မနှစ်မြို့ခြင်းသာ ရှိသည်။ ကျွန်မစိတ်ထဲမှာ “မေးစရာ လိုသေးလို့လား။ ကိုယ့်အကြောင်းကို အဲဒီလိုဖွင့်ချခံရတာကို ဘယ်သူကပျော်မလဲ။” ဟု တွေးမိသည်။ ပြီးလျှင် သူမက ကျွန်မဘေးကို လာထိုင်သည်။ ကျွန်မ သူမကို အထင်သေးသည့်ပုံစံ အပြည့်နှင့် ကြည့်ပစ်လိုက်သည်၊ ပြီးလျှင် ကျွန်မ မကောင်းကြောင်းကို အားလုံးရှေ့မှာ ပြောခဲ့သည်ကို တွေးမိတိုင်း စိတ်အလွန်တိုမိသည်။ ကျွန်မလည်း သူမ၏အမှားများနှင့် သူမပြခဲ့သည့် အကျင့်ပျက်မှုများကို ထုတ်ပြောလိုက်သည်၊ သူမက အမြော်အမြင်မရှိဘဲ၊ ရည်ရွယ်ချက်ရှိရှိနှင့် အခြားသူများကို အထင်သေးခံရအောင်လုပ်သည်၊ ဖိနှိပ်သည် စိတ်ကြီးဝင် နေသည်ဟု ကျွန်မလည်း ဆက်တိုက် ပြောလိုက်သည်။ သူမ ခေါင်းငိုက်စိုက်နှင့် စိတ်မသက်မသာ ဖြစ်သွားသည်ကို မြင်ရသည့်အခါ၊ ကျွန်မကျေနပ်သည်။ ကျွန်မ မျိုသိပ်ထားသမျှကို ပေါက်ကွဲလိုက်သည်။ ပြီးလျှင် အစ်မလျူက “အစ်မကြောင့် အဲဒီလောက် စိတ်ထိခိုက် သွားရမယ်လို့ တစ်ခါမှမတွေးမိခဲ့ဘူး တကယ် တောင်းပန်ပါတယ်။” ဟု ကျွန်မကို ပြောသည်။ သူမထွက်သွားပြီး မျက်ရည်များ ခိုးသုတ်နေသည့်ကို တွေ့သည့်အခါ၊ ကျွန်မ များစွာ စိတ်မကောင်း ဖြစ်သွားသည်။ ကျွန်မ ပြောသည့်အရာက လွန်များသွားလား။ သူမ အလွန် စိတ်ထိခိုက်သွားလား။ သို့သော်လည်း ထို့နောက်တွင် “ငါက ပွင့်ပွင့်လင်းလင်းပြောတာပဲ။ အဲဒါမှ သူ့ကိုယ်သူ သိမှာ။” ဟု ကျွန်မတွေးမိသည်။ ထိုသို့ တွေးသည့်အခါ၊ ကျွန်မက အပြစ်ရှိသကဲ့သို့ မခံစားရတော့ပါ။ ထိုနောက်ပိုင်း အစ်မလျူက ကျွန်မကြောင့် ပို၍ စိတ်ကျဉ်းကျပ်လာပြီး ကျွန်မအလုပ်နှင့် ပတ်သက်ပြီး မည်သည့်အရာမျှ မပြောရဲတော့ပါ၊ အကြံဉာဏ်လည်း သိပ်မပေးတော့ပါ။

နောက်ရက်တွင် အဖွဲ့ခေါင်းဆောင်များ၏ ထိရောက်မှုကို မူဝါဒများနှင့်အညီ ဆန်းစစ်ဖို့အတွက် အသင်းတော် ခေါင်းဆောင်က လူတိုင်းကို အဖွဲ့ခေါင်းဆောင်များအကြောင်း သုံးသပ်ချက် ရေးခိုင်းသည်။ ယင်းကိုကြားသည့်အခါ၊ ကျွန်မ ကျိတ်ပျော်သွားသည်။ အစ်မလျူ ဖော်ပြခဲ့သည့် အကျင့်ပျက်မှုများကို ကျွန်မဖွင့်ချဖို့ စိတ်အားထက်သန်ခဲ့သည်၊ သို့မှသာ လူတိုင်းက သူမ၏အရှိအတိုင်းကို သိပြီး သူမလည်း အချိုးပြေသွားမည် ဖြစ်သည်။ ထိုအတွေး၌ ကျွန်မဖြတ်ကနဲ စိုးရိမ်သွားပြီး ကျွန်မ၏အတွေးအခေါ် မှားနေကြောင်း၊ ကျွန်မအနေနှင့် မျှတပြီး ဓမ္မဓိဌာန် ကျသင့်ပြီး ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသင့်ကြောင်းတို့ကို သတိထားမိလိုက်သည်။ ကျွန်မ၏သုံးသပ်ချက်မှာ မျှတပြီး ဓမ္မဓိဌာန်ကျဖို့ ရည်ရွယ်ခဲ့သည်၊ သို့ရာတွင် အစ်မလျူ ကျွန်မကို အမြဲတမ်း အခက်တွေ့အောင် လုပ်ခဲ့သည်ကို တွေးမိပါက၊ မကျေနပ်ချက်က လွှမ်းမိုးသွားသည်။ ကျွန်မ၏မကျေနပ်ချက်များ အကုန်လုံးကို သုံးသပ်ချက်ထဲ ထည့်ခဲ့ပြီး ခေါင်းဆောင်ကသူမကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ၊ ပြောင်းရွှေ့သည်ဖြစ်စေ လုပ်ပါစေဟုပင် မျှော်လင့်မိသည်။ ကျွန်မအဖွဲ့ထဲမှာ သူမ မရှိပါကလည်း အဆင်ပြေပါသည်။ မကြာမီတွင် အစ်မလျူ အထုတ် ခံလိုက်ရသည်။ ထိုသတင်းကြားသည့်အခါ၊ ကျွန်မ စိတ်မသက်မသာဖြစ်မိသည်။ ကျွန်မက “ငါ ရေးလိုက်တာကြောင့်များလား ငါက သူမအကျင့်ပျက်တာ တချို့ကိုပဲ ရေးလိုက်တာ အဲဒါကြောင့်တော့ သူမ အထုတ်မခံရလောက်ပါဘူး။” ဟု တွေးမိသည်။ ထို့နောက်တွင် အစ်မလျူ စိတ်ဆင်းရဲနေသည်ကို ကျွန်မတွေ့ခဲ့သည်။ ကျွန်မလည်း အပြစ်မကင်းသကဲ့သို့ ခံစားရသည်။ တာဝန်ထမ်းဆောင်ဖို့လည်း အားမရှိပါ။

နောက်နှစ်ရက်လောက်နေသည့်အခါ ကျွန်မ ခံစားနေရသည်ကို ခေါင်းဆောင်ကို ပြောပြခဲ့သည်၊ သူမက အစ်မလျူ အရည်အချင်းမပြည့်မီသောကြောင့်၊ ထုတ်လိုက်ကြောင်းနှင့် သူမက အသင်းခေါင်းဆောင် မဖြစ်ထိုက်ကြောင်း ပြောသည်။ ကျွန်မ၏သုံးသပ်ချက်နှင့် မည်သို့မျှမဆိုင်ကြောင်း ပြောသည်။ သို့ရာတွင် ကျွန်မက သူမ၏အားနည်းချက်များကို တောက်လျှောက် ထောက်ပြခဲ့ပြီး လူများကို မျှမျှတတ မဆက်ဆံပါ၊ ကျွန်မက အငြိုးကြီးပြီး မလိုမုန်းထားတတ်သည့် စိတ်သဘောထားရှိသည်ဟု ပြောသည်။ သူမက ထိုသို့ပြောသည့်အခါ၊ ကျွန်မ အလွန်ဝမ်းနည်းသွားသည်။ အငြိုးကြီးပြီး မလိုမုန်းထားတတ်သည့် စိတ်သဘောထား ရှိခြင်းသည် ဆိုးယုတ်သည့်လူများကို ပြောသည့်အရာများ မဟုတ်ပါလား။ နောက်လေးရက် ငါးရက်အထိ သူမ ပြောခဲ့သည့်အရာကို ပြန်တွေးတိုင်း ကျွန်မအလွန် စိတ်သောကရောက်ရသည်။ ကျွန်မက တကယ် မလိုမုန်းထားတတ်သည့် လူစားမျိုးဖြစ်သလားဟု တွေးမိသည်။ ကျွန်မ၏သောကများကြားထဲမှ ဘုရားသခင်ရှေ့မှောက်မှာ ဝတ်ပြုဆုတောင်းဖို့သွားခဲ့သည်။ “ဘုရားသခင် အဲဒီအစ်မက ကျွန်မမှာ မလိုမုန်းထားတတ်တဲ့ စိတ်သဘောထား ရှိတယ်လို့ပြောတယ်၊ ဒါပေမဲ့ ကျွန်မတော့အဲဒီလိုမထင်မိဘူး ကျွန်မကိုယ်ကျွန်မ အမှန်အတိုင်းသိနိုင်အောင် အလင်းပြ ပေးတော်မူပါ” ဟု ဆုတောင်းခဲ့သည်။

ဝတ်ပြုဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤကျမ်းပိုဒ်ကို ကျွန်မဖတ်ခဲ့သည်။ “လူများသည် သင်တို့၏ အကြိုက်မဟုတ်ကြသောကြောင့် သို့မဟုတ် ၎င်းတို့က သင်နှင့် အဆင်မပြေကြသောကြောင့် ၎င်းတို့ကို အပြစ်ပေးဖို့ နည်းလမ်းများစွာ သင်တို့ အကြံထုတ်နိုင်စွမ်း ရှိကြသလော။ ထိုသို့သော အရာမျိုးကို ယခင်က သင်တို့ လုပ်ဆောင်ဖူးကြပါသလော။ ထိုအရာ မည်မျှ သင်တို့ လုပ်ဆောင်ပြီးကြပြီနည်း။ သင်တို့သည် လူတို့ကို အမြဲ သွယ်ဝိုက်၍ သိမ်ငယ်နေစေခဲ့သည်၊ ထိခိုက်နာကြည်းစေသော ဝေဖန်ချက်များ ပြုလုပ်နေခဲ့ပြီး ၎င်းတို့ကို ထေ့ငေါ့နေခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော အရာများကို လုပ်ဆောင်နေခဲ့ချိန်တွင် သင်တို့သည် မည်သည့်အခြေအနေများတွင် ရှိခဲ့ကြသနည်း။ ထိုအချိန်တွင်၊ သင်တို့သည် မကျေနပ်ချက်ဖွင့်ပြောနေခဲ့ကြပြီး ပျော်ရွှင်ခဲ့ကြပေသည်။ သင်တို့ အသားစီးရထားခဲ့ကြသည်။ သို့သော်၊ နောက်ပိုင်းတွင်၊ သင်တို့က၊ ‘လွန်စွာစက်ဆုပ်ဖွယ် အရာတစ်ခုကို ငါ လုပ်ဆောင်ခဲ့သည်။ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူ မဟုတ်သကဲ့သို့၊ ထိုလူကို အလွန် မတရား ငါ ဆက်ဆံမိလေပြီ’ ဟု မိမိတို့ကိုယ်ကိုယ် တွေးခဲ့သည်။ စိတ်ထဲတွင်၊ အပြစ်ရှိခြင်းကို သင် ခံစားခဲ့ရပါသလော။ (ခံစားရပါသည်။) သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူများ မဟုတ်သော်လည်း၊ သင်တို့သည် အနည်းဆုံးအနေဖြင့် အသိတရား ခံစားချက်တစ်စုံတစ်ရာ ရှိလေသည်။ ထို့ကြောင့်၊ သင်သည် အနာဂတ်တွင် ဤအရာမျိုးကို တစ်ဖန် လုပ်ဆောင်နိုင်စွမ်း ရှိသေးသလော။ ထိုသူတို့ကို ဒုက္ခပေးရင်းနှင့် ၎င်းတို့ကို သင် အထင်သေးသည့်အခါတိုင်းနှင့် ၎င်းတို့နှင့် အဆင်မပြေသည့်အခါတိုင်း၊ သို့မဟုတ် သင့်ကို ၎င်းတို့ မနာခံသည့်အခါတိုင်း သို့မဟုတ် နားမထာင်သည့်အခါတိုင်းတွင် အာဏာပြရင်း၊ ၎င်းတို့ကို တိုက်ခိုက်ခြင်းနှင့် လက်တုန့်ပြန်ရန် ကြိုးစားခြင်းတို့ကို သင် စဉ်းစားနိုင်သလော။ သင်က၊ ‘ငါ လုပ်စေချင်သည့်အရာကို သင် မလုပ်ဆောင်ပါက၊ မည်သူမျှမသိဘဲ သင့်ကို အပြစ်ပေးဖို့ အခွင့်အရေးတစ်ခု ငါ ရှာမည်။ မည်သူမျှ သိမည်မဟုတ်ဘဲ ငါ့ရှေ့ သင့် ကျိုးနွံနာခံအောင် ငါ လုပ်မည်။ ငါ၏ အာဏာကို သင့်အား ပြမည်။ ထို့နောက်တွင်၊ မည်သူမျှ ငါ့ကို ဒုက္ခပေးဝံ့မည်မဟုတ်’ ဟု ပြောလိမ့်မည်။ ငါ့ကို ပြောလော့- ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်သော လူတစ်ဦးသည် မည်သည့် လူ့သဘာဝမျိုးကို ပိုင်ဆိုင်သနည်း။ ၎င်းတို့၏ လူ့သဘာဝအရ၊ သူသည် မလိုမုန်းထားသောသူ ဖြစ်ပေသည်။ သမ္မာတရားနှင့်ယှဉ်၍ တိုင်းတာပါက၊ သူသည် ဘုရားသခင်ကို မကြောက်ရွံ့ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖတ်လိုက်ရသည့်အခါ၊ ကျွန်မ ဝမ်းနည်းစိတ်ပျက်သွားသည်။ နှုတ်ကပတ်တော်များက ကျွန်မ၏အခြေအနေကို အတိအကျ ဖော်ပြလိုက်သည်။ ပြန်စဉ်းစားကြည့်သည့်အခါ အစ်မလျူနှင့် ကျွန်မက အစကဆို အလုပ်တွဲလုပ်ရသည်မှာ အလွန် အဆင်ပြေသည်။ သူမ၏အခြားတစ်ယောက်အပေါ် သုံးသပ်ချက်က ကျွန်မကို လာထိပြီး အခြားသူများရှေ့မှာ ကျွန်မကို သိက္ခာကျအောင်လုပ်သည်ဟု ခံစားရရာမှ သူနှင့်ပြဿနာက စခဲ့ခြင်းဖြစ်သည်။ သူမအသင်းခေါင်းဆောင် ဖြစ်လာသည့်အခါ၊ ကျွန်မ၏ အားနည်းချက်များကို သူမက စပြောလာသည်။ ကျွန်မကို သိက္ခာကျပြီး အရှက်ရအောင် လုပ်သည်ဟု ခံစားလာရသည်။ ကျွန်မသူမကို သည်းမခံနိုင် ဖြစ်လာပြီး သူမကိုလည်း အရှက်ကွဲအောင် လုပ်ချင်ခဲ့သည်။ သူမ၏အခြေအနေကို ဖွင့်ပြောပြီး ပြေလည်အောင် လုပ်တော့လည်း ကျွန်မ၏အားနည်းချက်များကို ဖော်ထုတ်ပြီး ကျွန်မကို အရှက်ခွဲသည်ဟုသာ ထင်ခဲ့သည်။ ညီအစ်ကိုမောင်နှမများ ရှေ့မှာ ကျွန်မ သိက္ခာကျအောင် လုပ်သည်။ ကျွန်မ၏သူမအပေါ် မကျေနပ်ချက်က ပိုကြီးလာပြီး မလိုမုန်းထားစိတ်နှင့် သူမကိုဒုက္ခပေးဖို့ သူမကိုဖော်ထုတ်ဖို့ သူမ၏ပြဿနာများကို ပုံကြီးချဲ့ရှာဖွေခဲ့သည်။ ကျွန်မ၏ သုံးသပ်ချက်ကို သူမကိုလက်စားချေဖို့ အသုံးချခဲ့သည်။ သူမ၏ အားသာချက်များကို လုံးဝမပြောဘဲ ကျွန်မသတိထားမိသည့် သူမ၏အားနည်းချက်များနှင့် အကျင့်ပျက်မှုများ အကုန်လုံးကို ချရေးခဲ့သည်။ ခေါင်းဆောင်က သူမအကြောင်းကိုသိပြီး သူမကိုပြောင်းရွှေ့ဖို့ မျှော်လင့်ခဲ့သည်။ ကျွန်မလုပ်ခဲ့သည့် အရာများကို ပြန်တွေးလိုက်ပါက၊ အလွန် စိတ်မသက်မသာ ဖြစ်ရသည်။ အစ်မလျူ၏စကားလုံးများက ကျွန်မ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကိုထိခိုက်သောကြောင့်၊ သူမကို တေးထားခဲ့ပြီး ရန်လိုခဲ့သည်။ ကျွန်မစိတ်ခံစားချက်အတိုင်း အကုန်လုပ်ခဲ့သည်။ ဘုရားသခင်အပေါ်မှာ ကြည်ညိုမှုမရှိဘဲ၊ ကျွန်မမှာ တကယ်သာ မလိုမုန်းထားတတ်သည့် သဘာဝရှိတာကို ကျွန်မသဘောပေါက်သွားသည်။ ကျွန်မက ညီအစ်ကို မောင်နှမများနှင့် အလွန်အဆင်ပြေပြီး အခက်အခဲ ရှိနေသည့် မည်သူ့ကိုမဆို ကူညီပေးတတ်သည်ဟု မိမိကိုယ်ကို ထင်ခဲ့သည်။ ကောင်းသည့်အရာအချို့လုပ်ခဲ့သောကြောင့်၊ ကျွန်မက လူကောင်း ဖြစ်သည်ဟု ထင်ခဲ့သည်။ ယခုတော့ ကျွန်မ၏ ကိုယ်ကျိုးကို မထိခိုက်မှသာ ကျွန်မက ကောင်းတတ်သည်ကို သဘောပေါက်သွားသည်။ ကျွန်မ၏ကိုယ်ကျိုးနှင့် ပတ်သက် လာသည့်အခါ၊ ကျွန်မ၏ဆိုးယုတ်သည့် စိတ်သဘောထားက အရှိန်အဟုန်နှင့်ထွက်ပေါ်လာသည်။ တိုက်ခိုက် လက်စားချေလိုစိတ်ကို ကျွန်မလုံးဝမတားနိုင်ခဲ့ပါ။ ထိုစိတ်သဘောထားကို မဖြေရှင်းနိုင်ပါက၊ ကျွန်မအနေနှင့် မကောင်းမှုကို အချိန်မရွေး ကျူးလွန်နိုင်သည်ဟု သဘောပေါက် သွားသည်။ ယင်းက အလွန်အန္တရာယ်များသည်။

ထို့နောက်တွင် ကျွန်မက မိမိကိုယ်ကိုယ် သေချာ ပြန်စဉ်းစားသည်။ ကျွန်မက ထိုကဲ့သို့မကောင်းမှုများကို လုပ်နိုင်ပါက၊ မည်သို့အတွေးများက ကျွန်မကို ထိန်းချုပ်နေသနည်း။ ဘုရားသခင်၏ဤနှုတ်ကပတ်တော်ကို ကျွန်မဖတ်ကြည့်သည်။ “လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးမှုကို ခံထားရပြီးဖြစ်သောကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် သူ၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်းဖြစ်သည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)လူတို့က ‘သင်က ကြင်နာသနားမှု မရှိလျှင်၊ ငါသည်လည်း တရားမျှတမှုရှိမည် မဟုတ်ပေ။ သင်က ငါ့အပေါ် ရိုင်းလျှင်၊ ငါကလည်း သင့်အပေါ်ရိုင်းမည်။ သင်က ငါ့ကို လေးစားစွာမဆက်ဆံလျှင် ငါကလည်း သင့်ကို အဘယ်ကြောင့် လေးစားစွာဆက်ဆံရမည်နည်း’ ဟုတွေးကြ၏။ ယင်းသည် မည်သို့သော တွေးတောမှုမျိုးပါလိမ့်။ ထိုအတွေးမှာ လက်တုန့်ပြန်သော တွေးတောနည်း မဟုတ်ပေဘူးလော။ သာမန်လူတစ်ဦး၏ အမြင်များတွင် ဤသဘောထားအမြင်မျိုး ဖြစ်နိုင်ချေရှိသည် မဟုတ်လော။ ‘မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း’၊ ‘ပါးကိုက်၊ နားကိုက်’ စသည်တို့ အားလုံးသည် မယုံကြည်သူများကြားတွင် မခိုင်မာသော အကြောင်းပြချက်များသာဖြစ်ပြီး လူသားအယူအဆများနှင့် လုံးလုံးကိုက်ညီသည်။ သို့ရာတွင်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်၊ ဆိုလိုသည်မှာ သမ္မာတရားကို နားလည်ရန်နှင့် စိတ်သဘောထားအတွင်း ပြောင်းလဲမှုဖြစ်ရန် ကြိုးစားသူတစ်ဦးအနေဖြင့် ယင်းကဲ့သို့သော စကားလုံးများကို မှန်သည်ဟု ပြောမည်လော၊ မှားသည်ဟု ပြောမည်လော။ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် သင်ဘာလုပ်သင့်သနည်း။ ယင်းကဲ့သို့သောအရာများ ဘယ်ကလာသနည်း။ စာတန်၏ အငြိုးထားသော ပင်ကိုသဘာဝမှ လာသည်။ ယင်းတို့ထဲတွင် အဆိပ်ပါ၀င်သည်၊ ထို့ပြင် အငြိုးထားခြင်းနှင့် အကျည်းတန်ခြင်းတို့ဖြင့်ပြီးသော စာတန်၏ ဇာတိရုပ်အမှန် ပါ၀င်သည်။ ၎င်းတို့တွင် ထိုသဘောသဘာ၀၏ တကယ့်အနှစ်သာရ ပါ၀င်သည်။ ယင်းသဘောသဘာဝ၏ အနှစ်သာရထဲ ပါဝင်သော ရှုထောင့်များ၊ အတွေးများ၊ ဖော်ပြချက်များနှင့် ပြောစကားသာမက လုပ်ရပ်များ၏ လက္ခဏာမှာ အဘယ်နည်း။ ၎င်းတို့သည် စာတန်၏လက္ခဏာများ မဟုတ်သလော။ စာတန်၏၎င်းသွင်ပြင်လက္ခဏာများ သည် လူသားနှင့် မကိုက်ညီပေဘူးလော။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသလော၊ သို့မဟုတ် သမ္မာတရား၏ လက်တွေ့တရားနင့် ကိုက်ညီသလော။ ၎င်းတို့သည် ဘုရားသခင်၏နောက်လိုက်များ လုပ်သင့်သည့် လုပ်ရပ်များလော။ သူတို့ပိုင်ဆိုင်သင့်သော အတွေးအမြင်ရှုထောင့်များ ဖြစ်သလော။ (မဟုတ်ပါ။)” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် သင်သည် အပျက်သဘောဆောင်သည့် အခြေအနေမှ လွတ်မြောက်နိုင်သည်”) လူများသည် စာတန်၏ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် အကျင့်ပျက်ပြီး ဆိုးယုတ်နေသည်ကို ကျွန်မ သဘောပေါက်သွားသည်။ သမာရိုးကျ ပညာရေးစနစ်နှင့် လူမှုပတ်ဝန်းကျင်၏ လွှမ်းမိုးမှုများမှတစ်ဆင့် နတ်ဆိုး စာတန်က ကျွန်မတို့ကို “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏၊” နှင့် “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ၊” “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ။” တို့ကဲ့သို့ သူ၏အဆိပ်အတောက်များထဲ လုံးဝနစ်မြုပ်အောင်လုပ်သည်။ လူများက သေချာသဘောမပေါက်ဘဲ၊ ယင်းတို့ကို ဘဝရှင်သန်ရေး ဥပဒေသများအဖြစ် ယူဆလိုက်ကြသည်။ ပို၍ မာနထောင်လွှားကာ လူလည်ကျ အတ္တကြီးပြီး မလိုမုန်းထားစိတ်များနှင့် တစ်ချိန်လုံးပြည့်နှက်ကုန်သည်။ လူများမှာ တကယ်ဂရုစိုက်ခြင်းနှင့် ခွင့်လွှတ်ခြင်း မရှိတော့ဘဲ၊ စစ်မှန်သည့်ချစ်ခြင်းမေတ္တာကို မရှိတော့ပါ။ သူတို့၏ကိုယ်ကျိုးကို ထိပါးလာသည့်အခါ၊ စိတ်ဆိုးပြီး ပို၍ဝေးကွာကုန်ကြသည်။ ရန်သူအဖြစ် သတ်မှတ်လိုက်ခြင်း၊ ကလဲ့စားချေခြင်းပင် လုပ်ကြသည်။ လူများက သွေးအေးရက်စက်လာပြီး ပို၍ ဝေးကွာလာကာ၊ သာမန်လူ့သဘာဝ ခံစားမှုများ အကုန်ပျောက်ကုန်ကြသည်။ ကျွန်မငယ်ငယ်ကတည်းက ထိုကဲ့သို့ အတွေးအခေါ်များထဲမှာ နှစ်မြုပ်ခံခဲ့ရပြီး ထိုအတွေးအခေါ်များနှင့် ကျွန်မရှင်သန်ခဲ့သည်။ တစ်ယောက်ယောက်က ကျွန်မ၏ကိုယ်ကျိုးစီးပွားကို ထိပါး လာသည့်အခါ၊ သူတို့ကိုမုန်းပြီး လက်စားချေချင်စိတ် ဖြစ်ဖို့သာသိသည်။ အစ်မလျူနှင့် အတူရှိသည့်အချိန်များမှာ ကျွန်မ၏ကိုယ်ကျိုးကို ထိခိုက်စေမည့်အရာများကို သူမက ပြောဆိုလုပ်ဆောင်ခဲ့သောကြောင့်၊ ကျွန်မက မကျေမချမ်းနိုင် ဖြစ်ပြီး အခွင့်အရေးရသည်နှင့် သူမကို ပြန်လုပ်ခဲ့သည်။ ကျွန်မကို ထပ်ပြီးထိုသို့မလုပ်ရဲစေဖို့ ကျွန်မ မည်သူဖြစ်သည်ကို သူမကို ပြချင်ခဲ့သည်။ သူမကို ရှင်းပင် ထုတ်ပစ်ချင်ခဲ့သည်။ အသင်းတော်က နှင်ထုတ်ခဲ့သည့် အန္တိခရစ်များ၊ မကောင်းသည့်လူများနှင့် ကျွန်မ၏ အပြုအမူများနှင့် မည်သို့များ ကွာခြားသေးသနည်း။ ထိုကဲ့သို့သောလူများက အခြားသူများ အထင်ကြီးပြီး ချီးမွမ်းခြင်းကိုသာ ခံချင်သော်လည်း၊ သူတို့၏ အကျင့်ပျက်ခြင်းကို ဖော်ထုတ်မည့် မည်သည့်ပွင့်လင်းသည့် စကားလုံးကိုမျှ သည်းမခံနိုင်ပါ။ သူတို့ကိုစိတ်ဆိုးအောင် လုပ်သည့်၊ ပြောသည့် မည်သူ့ကိုမဆို သူတို့က တိုက်ခိုက်ဖို့ ဝန်မလေးပါ။ သူတို့၏မကောင်းမှုများကြောင့်၊ နောက်ဆုံးမှာတော့ ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပစ်မှားမိကြသည်၊ အခြားလူများကိုလည်း စိတ်တိုစေပြီး အသင်းတော်မှ နှင်ထုတ်ခံရသည်။ သူတို့က ကယ်တင်ခံရမည့် အခွင့်အရေးကို ထာဝရ ဆုံးရှုံးလိုက်ရသည်။ ကျွန်မကလည်း အစ်မလျူ၏ စကားလုံးများက ကျွန်မ၏ဂုဏ်သိက္ခာကို ထိပါးသည်နှင့် သူမကို သဲကြီးမဲကြီး တိုက်ခိုက်ခဲ့သည်။ ကျွန်မသူမကို ထိခိုက်အောင်သာ လုပ်ခဲ့သည်။ ကျွန်မ၏မကောင်းမှုများကို ကျူးလွန်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မမှာ ဆိုးဝါးသည့် လူ့သဘာဝရှိနေသည်ကို၊ အန္တိခရစ်တစ်ယောက်၊ မကောင်းမှုပြုသူတစ်ယောက်ကဲ့သို့ သဘာဝနှင့် အနှစ်သာရရှိနေပြီး ဤသည်ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်ကို ကျွန်မ သိခဲ့ရသည်။ ကျွန်မသာ ချက်ချင်းဝန်ချဆုမတောင်းပါက၊ မကောင်းမှုနွံထဲနစ်ပြီး အန္တိခရစ်ကဲ့သို့ မကောင်းမှု ကျူးလွန်သူအလား ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းကိုခံရလိမ့်မည်။ ယင်းကိုတွေးမိလေ ကျွန်မ ပိုကြောက်လေဖြစ်သည်။ ကျွန်မ ဘုရားသခင်၏ရှေ့မှောက်မှာ ဝတ်ပြုဆုတောင်းခဲ့သည်။ “ဘုရားသခင် ကျွန်မမှာ လူ့သဘာဝ ပျောက်ဆုံးနေတယ်။ ကျွန်မဟာ အကျင့်ပျက်တဲ့ စိတ်သဘောထားနဲ့ နေထိုင်နေခဲ့ပြီးတော့ အစ်မအပေါ် ရန်လိုခဲ့မိတယ်။ ကျွန်မ လူသားတစ်ယောက်နဲ့ လုံးဝ မတူတော့ဘူး။ အရှင်သာ ကျွန်မကို ကိုင်တွယ်ဖြေရှင်းဖို့ ဒီအခြေအနေကို မဖန်တီးခဲ့ရင်၊ ကျွန်မကိုယ့်ကိုယ်ကို ဘယ်တော့မှပြန်သိမှာ မဟုတ်ပါဘူး။ ကျွန်မရဲ့မကောင်းမှုတွေကို ဆက်ကျူးလွန်ပြီး သူ့ကို ထိခိုက်အောင်လုပ်နေမိဦးမှာ။ ဘုရားသခင် ကျွန်မဝန်ချဆုတောင်းချင်ပါတယ်။ စာတန်ရဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မထပ်မနေချင်တော့ဘူး။ တာဝန်ကျေပွန်ပြီး လူသားဆန်ပြီး မျှတတဲ့လူတစ်ယောက်ဖြစ်ဖို့ ကျွန်မကို လမ်းပြပေးတော်မူပါ။”

ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဤအပိုဒ်ကို ကျွန်မဖတ်ရပါသည်။ “ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့မှာ ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သော်လည်း၊ သင် ချစ်သည့်အရာနှင့် မုန်းသည့်အရာများကြား ရှင်းရှင်းလင်းလင်း သင် ခွဲခြားရပေမည်။ သင်၏ စိတ်နှလုံးတွင်၊ ဘုရားသခင်ကို သင် ချစ်သင့်သည်၊ သမ္မာတရားကို ချစ်သင့်သည်၊ အပြုသဘောဆောင်သည့် အရာများကို ချစ်သင့်ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများကို ချစ်သင့်သည်၊ နတ်ဆိုးစာတန်ကိုမူ သင် မုန်းသင့်သည်၊ အပျက်သဘောဆောင်သော အရာများကို သင် မုန်းသင့်သည်၊ အန္တိခရစ်များကို မုန်းသင့်ပြီး ဆိုးယုတ်သော လူတို့ကို မုန်းသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများအတွက် မုန်းတီးမှုကို သင် သိုထားပါက၊ သင်သည် ၎င်းတို့ကို ဖိနှိပ်လေ့ရှိလိမ့်မည် ဖြစ်ပြီး ၎င်းတို့အပေါ် လက်တုန့်ပြန်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အလွန် ထိတ်လန့်စရာ ဖြစ်ပေမည်။ လူအချို့သည် မုန်းတီးမှု အတွေးများနှင့် ဆိုးယုတ်သည့် စိတ်ကူးများသာ ရှိကြ၏။ တစ်ခဏ ကြာပြီးနောက်၊ ထိုသို့သော လူတို့သည် ၎င်းတို့ မုန်းတီးသည့် လူနှင့် အဆင်မပြေနိုင်တော့ပါက ထိုသူနှင့် ကင်းအောင် စတင်၍ နေလိမ့်မည် သို့သော်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ရှိပြီး သူ့ကို ကြည်ညိုကြသောကြောင့်၊ ဤအရာကို ၎င်းတို့၏ တာဝန်များအား သက်ရောက်ခွင့် မပေးကြပေ၊ သို့မဟုတ် ၎င်းတို့၏ ပုံမှန်လူလူချင်း ဆက်ဆံရေးများကို လွှမ်းမိုးခွင့် မပေးကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မပြုချင်ကြသကဲ့သို့၊ ထိုသို့ လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤလူတို့သည် တစ်စုံတစ်ဦးနှင့် ပတ်သက်သည့် အမြင်အချို့ သိုထားကောင်းသိုးထားမည် ဖြစ်သော်လည်း၊ ထိုအတွေးများကို လုံးဝ မလုပ်ဆောင်ကြပေ၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားရန် လိုလားခြင်းမရှိဘဲ မပြောသင့်သည့် စကားတစ်လုံးကိုမျှပင် လုံးဝ မပြောဆိုကြချေ။ ဤသည်မှာ မည်သည့် အပြုအမူမျိုးနည်း။ ဤသည်မှာ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းနှင့် အမှုအရာများကို ကိုယ်ကျင့်တရားနှင့် သမာသမတ်ကျမှုဖြင့် ကိုင်တွယ်ခြင်း ဥပမာတစ်ခု ဖြစ်ပေသည်။ သင်သည် တစ်စုံတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း၊ သူနှင့်အတူ သင် အလုပ်လုပ်သည့်အခါ၊ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် သင်၏ စိတ်ပျက်မှုများအတွက် ဒေါသထွက်မည်မဟုတ်၊ သင်၏ တာဝန်ကို စတေးလိမ့်မည် မဟုတ်၊ သို့မဟုတ် သင်၏စိတ်ပျက်မှုများကြောင့် ဘုရားသခင်၏မိသားစု အကျိုးစီးပွားများအပေါ် ဆိုးရွားစွာ ပြုမူလိမ့်မည်မဟုတ်ပေ။ သင်သည် အမှုအရာများကို အခြေခံသဘောတရားအတိုင်း လုပ်ဆောင်နိုင်သည်။ ထိုသို့ဖြစ်သည့်အတွက် သင်သည် ဘုရားသခင်အတွက် အခြေခံ ကြည်ညိုမှုတစ်ခု ရှိပေသည်။ သင်သည် ထို့ထက် အနည်းငယ် သာ၍ရှိပါက၊ တစ်စုံတစ်ဦးသည် အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များ အချို့ ရှိသည်ကို သင် မြင်သည့်အခါ- သူက သင့်ကို ပြစ်မှားလျှင်ပင် သို့မဟုတ် သင်၏ ကိုယ်ကျိုးများကို ထိခိုက်စေလျှင်ပင်- သူ့ကို သင်ကူညီနိုင်ဆဲ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းက သာ၍ပင် ကောင်းလိမ့်မည်။ ယင်းမှာ သင်သည် လူ့သဘာဝ၊ သမ္မာတရား၏ စစ်မှန်မှုနှင့် ဘုရားသခင်ကို ကြည်ညိုခြင်းပိုင်ဆိုင်သော လူတစ်ဦးဖြစ်သည်ဟု ဆိုလိုပေလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဘုရားသခင်ကို ကြောက်သည့်သူများက အခြားလူများကို သမ္မာတရားမူဝါဒအတိုင်း ဆက်ဆံနိုင်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ သိလိုက်ရသည်။ သူတို့မှာ တစ်ခါတစ်ရံ ညီအစ်ကိုမောင်နှမများကို မကျေနပ်ခြင်း ရှိချင်ရှိလိမ့်မည် ဖြစ်သော်လည်း၊ သူတို့က ထိုကဲ့သို့လုပ်ဖို့ ဝန်လေးလိမ့်မည်၊ ဘုရားသခင်ကို ပုန်ကန်ခြင်း သို့မဟုတ် အခြားသူများကို ထိခိုက်အောင်လုပ်ခြင်းတို့ လုပ်မည်မဟုတ်ပါ။ ဘုရားသခင်ကို မကြောက်သည့်သူများမှာမူ သူတို့၏ဆိုးယုတ်သည့်နှလုံးသားက စေစားသည်ကို လုပ်ကြလိမ့်မည်၊ ပြီးလျှင် ယင်းက မကောင်းမှု ကျူးလွန်ခြင်းသာဖြစ်ပြီး ဘုရားသခင်ကလည်း ပြစ်တင်ရှုတ်ချပါသည်။ အစ်မလျူက တဲ့တိုး ပြောတတ်သော်လည်း၊ သူမက ကျွန်မအကြောင်း ပြောသည်မှာ ရိုးရိုးသားသား ပြောခြင်း ဖြစ်သည်။ ကျွန်မကို ပစ်မှတ်ထားပြီး ပြောခြင်း မဟုတ်ပါ။ သူမက တာဝန်ကို အလေးအနက်ထားပြီး တာဝန်လည်း ကျေပွန်ပါသည်၊ ပြီးလျှင် သူမ၏အကြံပေးချက် အများစုကလည်း ကျွန်မတို့အလုပ်အတွက် အထောက်အကူ ဖြစ်ပါသည်။ ကျွန်မက သူမနှင့်အဆင်မပြေအောင် ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့သင့်ပါ။ နောက်ပိုင်းတွင် ကျွန်မ၏ အကျင့်ပျက်မှု အကြောင်းကို သူမကိုဖွင့်ပြောပြပြီး ကျွန်မတောင်းပန်ခဲ့သည်။ အစ်မလျူက သူမ မည်သို့မျှ သဘောမထားကြောင်းပြောပြီး ကျွန်မကို ကူညီဖို့ သမ္မာတရားအချို့ကို မိတ်သဟာယ ဖွဲ့ပေးခဲ့သည်။ ကျွန်မရှက်ပြီး မိမိကိုယ်ကိုယ် ပို၍မုန်းပင် မိခဲ့သည်။ ကျွန်မ၏ အကျင့်ပျက်နေသည့် စိတ်သဘောထားနှင့် ဆက်မနေချင်တော့ပါ။ ထိုနောက်ပိုင်းတွင် အစ်မလျူက ကျွန်မကို အကြံဉာဏ်များ ပေးသည်ဖြစ်စေ၊ ကျွန်မမာနကို ထိပါးအောင် တစ်ခုခုပြောသည် သို့မဟုတ် လုပ်သည်ဖြစ်စေ၊ ကျွန်မအနေနှင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့ပြီး သမ္မာတရားကို လိုက်စားဖို့နှင့် မိမိကိုယ်ကိုယ် ဆန်းစစ်ဖို့ကိုသာ အာရုံစိုက်ခဲ့သည်။ ကျွန်မတို့ အတူတူအလုပ်လုပ်ရသည်မှာ အကုန်လုံး ပြန်အဆင်ပြေ သွားခဲ့သည်။ ဤသည်မှာ ကျွန်မအတွက် အလွန် စိတ်သက်သာရာရခဲ့သည်။ ကျွန်မကို ဤကဲ့သို့နည်းလမ်းနှင့် ပြောင်းလဲပေးခဲ့သည့် ဘုရားသခင်၏တရားစီရင်မှုကို ကျေးဇူးတင်မိပါသည်။

အရှေ့သို့- ၄၃။ တစ်ကိုယ်ကောင်းဆန်မှုကို လက်လွှတ်ခြင်းဖြင့် ကျွန်တော်လွတ်မြောက်သည်

နောက်တစ်ခုသို့- ၄၅။ ဘုရားသခင်ရှေ့မှောက် နေထိုင်ခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။