ဘုရားသခင်ရှေ့မှောက် နေထိုင်ခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတစ်ဦးသည် အသက်တာဝင်ရောက်မှုကို ရှာဖွေရာတွင် နေ့စဉ်အသက်တာ၌ သူကြုံတွေ့ရသော ကိစ္စတိုင်းတွင် မိမိကိုယ်တိုင်၏ စကားလုံးများ၊ လုပ်ရပ်များ၊ အတွေးများနှင့် စိတ်ကူးများကို ဆန်းစစ်ရမည်။ သူသည် မိမိကိုယ်တိုင်၏ အခြေအနေများကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို သမ္မာတရားနှင့် နှိုင်းယှဉ်စစ်ဆေးရမည်၊ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိနားလည်သည့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ဝင်ရောက်ခြင်း ဖြစ်စဉ်အတွင်းတွင် သူသည် မိမိကိုယ်တိုင်၏ အခြေအနေများကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ဘုရားသခင်ထံ ဆုတောင်းဖို့ရန်နှင့် သူ့အား အသနားခံဖို့ရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရမည်ဖြစ်သည်။ သူသည် ပွင့်လင်းသော စိတ်နှလုံးဖြင့် အခြားညီအစ်ကို မောင်နှမများနှင့်အတူ မကြာခဏ မိတ်သဟာယဖွဲ့ခြင်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရာလမ်းကြောင်းကို ရှာခြင်းနှင့် သမ္မာတရား၏ အခြေခံ သဘောတရားများအား ရှာဖွေခြင်းတို့ကို ပြုလုပ်ရမည်။ နောက်ဆုံးတွင် သူသည် နေ့စဉ်အသက်တာ၌ မည်သည့် စိတ်သဘောထားများကို ဖော်ထုတ်ပြကြောင်း၊ ယင်းတို့တွင် ဘုရားသခင် ကျေနပ်အားရခြင်း ရှိမရှိ၊ သူလက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းက မှန်မမှန်၊ မိမိအထဲ၌တွေ့ရသော အခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ယှဉ်၍ မိမိဘာသာဆန်းစစ်ခြင်းမှတဆင့် စစ်ဆေးခြင်း ရှိမရှိ၊ ဤအရာများကို အတိအကျ စစ်ကြောထားခြင်း ရှိမရှိ၊ ယင်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်နှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသည့် ထိုအခြေအနေများနှင့်စပ်လျဉ်း၍ သူသည် အောင်မြင်မှုတစ်ခု အမှန်တကယ် ရရှိထားပြီး ဝင်ရောက်မှုကို အမှန်တကယ် ရယူထားခြင်းရှိမရှိ ဟူသည်တို့ကို သိမြင်လာလိမ့်မည်။ သင်သည် ဤအခြေအနေများ၊ ဤအနေအထားများထဲ၌ မကြာခဏ အသက်ရှင်သည့်အခါ သမ္မာတရားအချို့နှင့် သင်၏ တကယ့်အခြေအနေများအပေါ် အခြေခံသိနားလည်မှုကို တဖြည်းဖြည်း သင်ရရှိလာလိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ) ဘုရားရဲ့နှုတ်ကပတ်တော်တွေက အသက်တာဝင်ရောက်မှုအတွက် လမ်းကြောင်းကို ပြပေးတာပါ။ အဲဒီလမ်းကြောင်းဆိုတာက တကယ့်လက်တွေ့ဘဝ ဖြစ်ပျက်တာတွေအားလုံးထဲမှာ ကျွန်မတို့ရဲ့ အတွေးတိုင်း လုပ်ရပ်တိုင်းကို ဆန်းစစ်ဖို့၊ ပြီးရင် အဲဒါတွေကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်မှုတွေနဲ့ ချိန်ဆပြီး အထိန်းအကွပ်ရှိဖို့၊ ကျွန်မတို့ရဲ့ အကျင့်ပျက် စိတ်သဘောထားတွေကို ဆင်ခြင်ပြီး သိဖို့၊ ပြီးတော့ အဲဒါတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အသုံးပြုတတ်အောင် ကြိုးစားဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိကြဖို့၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့အတွက်၊ ဒါက တစ်ခုတည်းသောလမ်းပါပဲ။

လွန်ခဲ့တဲ့ ခြောက်လက စည်းဝေးပွဲတစ်ခုမှာ အစ်ကိုချန်းက သူ့အတွေ့အကြုံတစ်ခုကို မျှဝေတယ်။ သူ ပြောတာ ပြီးသွားတော့၊ ကျွန်မ စဉ်းစားကြည့်တယ်။ သူက သူ့တာဝန်မှာ ခေါင်းမာမာနဲ့၊ အခြေခံစည်းမျဉ်းတွေကို ဆန့်ကျင်ခဲ့တယ်။ ဒါကြောင့် ပြုပြင်ခံရတယ်၊ ကိုင်တွယ်ဖြေရှင်းခံရတယ်။ သူက အကြောင်းပြချက်တွေ မပေးဘဲ၊ သူ့ကိုယ်သူ စိတ်ထိန်းနိုင်အောင်ပဲ အားထုတ်ခဲ့တာပါ။ နာခံတယ်လို့တော့ ထင်ရတာပေါ့။ ဒါပေမဲ့ သူ့အလုပ်မှာ ဘာကြောင့် ခေါင်းမာခဲ့တာလဲ၊ ဘယ်လို ဖောက်ပြန်တဲ့ စိတ်သဘောထားတွေက သူ့ကို ထိန်းချုပ်ခဲ့တာလဲ၊ ဒါမှမဟုတ် အရင်းခံအကြောင်းရင်းက ဘာလဲ ဆိုတာတွေနဲ့ပတ်သက်ရင်၊ သူက အဲဒါတွေကို အမှန်တကယ် ဆင်ခြင်ကြည့်တာမျိုး၊ နားလည်အောင် ကြိုးစားတာမျိုး မရှိခဲ့ဘူး။ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကိုလည်း မရှာဖွေခဲ့ဘူး။ သူ လိုက်နာတယ်ဆိုတာ သူ့ဘာသာ စည်းကမ်းတွေအတိုင်း လိုက်လုပ်နေတာမျိုးပဲ။ စစ်မှန်တဲ့ နာခံမှုလို့ မခေါ်နိုင်ဘူးလေ။ ကျွန်မလည်း “ဒီချို့ယွင်းချက်ကို သူ့ကို ပြောပြလိုက်သင့်လား” ဆိုပြီး စဉ်းစားတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိပြန်တယ်၊ “အစ်ကိုချန်းက ယုံကြည်သူတစ်ယောက် ဖြစ်ခဲ့တာ ငါ့ထက် ကြာနေပြီ။ သူ နားလည်ပုံနဲ့ အတွေ့အကြုံက ငါ့ထက် သာတယ်။ ငါက သူ့ကို အကြံပေးမယ်ဆိုရင်၊ ကလေးတစ်ယောက်က ကြီးကြီးကျယ်ကျယ်ပြောသလို ဖြစ်သွားမှာလား။ ငါကပဲ အထက်စီးဆန်သွားမလား။ ဘာမှမပြောတာဘဲ ကောင်းပါတယ်” ပေါ့။ သူက သူ့မိတ်သဟာယ ပြီးသွားတော့၊ သူ့ဆီမှာ ကျွန်မတို့မြင်မိတဲ့ ချို့ယွင်းချက်တွေကို ပြောပြပေးခိုင်းတယ်။ ကျွန်မလည်း သူ့အကြောင်းကို ထောက်ပြချင်တာပေါ့။ ဒါပေမဲ့ မလုပ်ခဲ့မိဘူး။ ကျွန်မ စဉ်းစားတာက၊ “သူက ငါ့ထက် အများကြီးအသက်ကြီးတယ်။ ရှင်က အမှန်တကယ် နာခံနေတာမဟုတ်ဘူး၊ စည်းကမ်းတွေကို လိုက်နာနေတာသက်သက်ပဲဆိုပြီး ငါက ပြောလိုက်ရင်၊ သူ အများကြီး မျက်နှာပျက်ရမယ်။ ငါက ဒုက္ခပေးမိသလိုလည်း ဖြစ်မယ်။ သူက အဲဒါကို လက်မခံဘဲ၊ ငါ့ကို အထက်စီးဆန်လွန်းတယ် အတွေ့အကြုံမရှိဘူးလို့ ပြောရင်လည်း၊ ငါပဲ အများကြီး အရှက်ရမိလိမ့်မယ်။ ငါက သူ့ကိုလည်း သေချာ သိတာမဟုတ်ဘူး။ ငါ့ကို မကောင်းမြင်တာမျိုး ဖြစ်သွားရင် မတန်ဘူး” ပေါ့။ ကျွန်မလည်း တော်တော်ကြာအောင် ချီတုံချတုံဖြစ်ပြီးတော့မှ၊ ပြောလိုက်တယ်၊ “အစ်ကို့မှာ အတွေ့အကြုံတွေအများကြီး ရှိပါတယ်။ လက်တွေ့ကျကျ နားလည်မှုလည်း ရှိတယ်” ပေါ့။

ဒါကို ပြောပြီးတော့ ကျွန်မ ဘဝင်မကျမိဘူး။ ကျွန်မက သူ့ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမဲ့၊ အဲဒါတွေအကြောင်းကို တစ်ခွန်းမှ မဟခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့အသိစိတ်နဲ့ ဆန့်ကျင်နေတဲ့ အဆင်ပြေတာမျိုးကိုပဲ ပြောခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်မှန် ရိုးသားတာမျိုး မရှိခဲ့ဘူး။ နောက်တော့ အဲဒီကာလတစ်လျှောက်လုံး ကျွန်မတို့ စည်းဝေးခဲ့တာတွေကို စဉ်းစားကြည့်တယ်။ ပွဲတိုင်းမှာလည်း အယောက်တိုင်းက မိတ်သဟာယပြုခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ သိလာဖို့ကို နေ့တိုင်း လုပ်ခဲ့ကြရတယ်။ မုသားတွေဖြစ်ဖြစ်၊ သမ္မာတရားကို လျှော့ပေါ့ပြောခဲ့တာဖြစ်ဖြစ် ကျွန်မတို့တွေ ဘယ်လောက်များများ ပြောခဲ့လဲဆိုတာကို မြင်အောင်၊ ပြီးတော့ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်တွေနဲ့ ပြောခဲ့တာတွေ ဘယ်လောက်များနေလဲ၊ ကျွန်မတို့ ပြောခဲ့လုပ်ခဲ့တာတွေမှာ ဘယ်ဟာတွေက သမ္မာတရားနဲ့ ဆန့်ကျင်လဲဆိုတာတွေကို မြင်အောင်ပေါ့။ ကျွန်မက အစ်ကိုချန်းကို လိမ်ခဲ့တာတစ်ခုပဲရှိတယ်ဆိုတာကို နားလည်မိတယ်။ ဘုရားက ကျွန်မတို့ကို ရိုးသားဖို့၊ ပွင့်လင်းဖို့၊ အရှိကို အရှိအတိုင်းပြောဖို့ အကြိမ်ကြိမ် တိုက်တွန်းတယ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ဒီလို အခြေခံအကျဆုံး သတ်မှတ်ချက်ကို ကျွန်မက လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူးလေ။ ဒီအချိန်မှာ ကျွန်မ စပြီး စိတ်ပျက်သွားမိတယ်။ ကိုယ့်ကိုယ်ကိုယ်သိအောင် ကျွန်မကို လမ်းပြပေးဖို့၊ ဘုရားသခင်ရှေ့မှောက်မှာ ချက်ချင်းပဲ ဆုတောင်းတယ်။ အဲဒီအချိန်မှာပဲ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်မိတယ်၊ “သင်တို့အားလုံး ကောင်းစွာ ပညာတတ်မြောက်ကြသည်။ သင်တို့အားလုံးသည် သင်တို့၏ပြောဆိုပုံ၌ အဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်ခြင်းနှင့် ကျစ်လျစ်သိုသိပ်စွာ ပြောဆို၊ ပြုမူခြင်းတို့ကိုလည်းကောင်း၊ သင်စကားပြောသော ဟန်ပန်ကိုလည်းကောင်း အာရုံစိုက်ကြသည်- သင်တို့သည် လိမ္မာပါးနပ်ပြီး အခြားသူများ၏ မိမိကိုယ်ကို လေးစားတန်ဖိုးထားခြင်းနှင့် ဂုဏ်သိက္ခာအား ထိခိုက်မှုမပြုမိရန် သင်ယူထားကြသည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်ချက်များတွင်၊ သင်တို့သည် လူတို့ လှုပ်ရှားဆောင်ရွက်ရန်အတွက် နေရာချန်ပေးတတ်ကြသည်။ သင်တို့သည် လူတို့အား အေးငြိမ်းသက်သာစေဖို့ တတ်နိုင်သမျှ ပြုလုပ်ကြသည်။ သူတို့၏ အမာရွတ်များ သို့မဟုတ် အားနည်းချက်များကို သင်မဖော်ထုတ်သကဲ့သို့ သူတို့ကို မနာကျင်စေရန် သို့မဟုတ် အရှက်မရစေရန် သင်ကြိုးစားသည်။ ထိုသို့သောအရာမှာ ပြုမူရာတွင် လူအများစု အသုံးပြုသည့် နိယာမဖြစ်သည်။ ထိုသို့ဆိုသော် ဤသည်မှာ မည်သို့သော နိယာမမျိုးဖြစ်သနည်း။ ယင်းမှာ ဒုက္ခပေးသည်၊ ယုံကြည်၍မရ၊ စဉ်းလဲဖောက်ပြန်ပြီး မသိမသာ အန္တရာယ်ပေးတတ်သည်။ လူတို့၏ အပြုံးမျက်နှာများ နောက်ကွယ်တွင် ကွယ်ဝှက်ထားသည်မှာ မလိုမုန်းထားသော၊ အန္တရာယ်ပေးတတ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အရာများစွာ ဖြစ်သည်။ ဥပမာ၊ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် လူအချို့တို့သည် အခြားလူက အဆင့်အတန်း အနည်းငယ်ရှိသည်ကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ စိတ်လက်ချမ်းသာစေဖို့ ညက်ညောသော၊ နားဝင်ချိုသော၊ မြှောက်ပင့်ခယသော နည်းလမ်းဖြင့် စကားစပြောကြလိမ့်မည်။ သို့သော် ယင်းမှာ ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည့်အရာ ဖြစ်သလော။ ၎င်းတို့သည် အဘယ့်ကြောင့် ထိုသို့ စကားပြောကြသနည်း။ ၎င်းတို့သည် ကြံရွယ်ချက်များနှင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ သိုဝှက်ထားကြသည်မှာ အလွန်သေချာပေသည်။ ထိုကဲ့သို့သော လူတို့သည် မိမိတို့၏စိတ်နှလုံးထဲတွင် မှောင်မိုက်ခြင်းရှိပြီး အလွန်စက်ဆုပ်ဖွယ်ကောင်းကြသည်။ အသက်တာတွင် ထိုသို့သောလူများ ပြုမူနေထိုင်သည့်ပုံစံမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး အလွန်မနှစ်မြို့စရာ ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ကျွန်မ ဖြစ်နေတဲ့ အခြေအနေကို ဘုရားနှုတ်ကပတ်တော်တွေက အတိအကျ ထုတ်ဖော်ပြတာပါ။ ကျွန်မရဲ့စကားတွေက နည်းနည်းလေးမှ မရိုးသားခဲ့ဘူး။ လှည့်ဖြားလွန်းခဲ့တယ်။ လူတွေကို မထိခိုက်အောင်လို့၊ ကျွန်မက ဝေ့ဝိုက်ပြီး ပြောခဲ့တယ်။ ကောင်းတာတွေကိုပဲ အမြဲပြောခဲ့တယ်။ အပြင်ပန်းအရ၊ ကျွန်မက သူများတွေအတွက် စဉ်းစားပေးတယ်လို့ ထင်စရာပဲ။ ဒါပေမဲ့ ကျွန်မရဲ့ တကယ့်ရည်ရွယ်ချက်တွေက သူများတွေ ကိုယ့်ကို အကောင်းပြောဖို့၊ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်ပဲ။ အစ်ကိုချန်းရဲ့အတွေ့အကြုံတွေကို နားထောင်ရင်းနဲ့၊ သူက စည်းကမ်းတွေကိုပဲ လိုက်နာလွန်းမှန်း ကျွန်မ ကောင်းကောင်းသိခဲ့တယ်။ ဒါက သူ့အတွက် အသက်တာဝင်ရောက်မှုကို အထောက်အကူမဖြစ်မှန်းလည်း ကျွန်မ သိတယ်။ ဒါပေမဲ့ ဒါကို ထုတ်ပြောလိုက်ရင်၊ သူ့ကို အရှက်ရစေမယ်။ ကျွန်မကိုလည်း မကောင်းမြင်လာမယ်ဆိုပြီး ကျွန်မက တွေးတယ်။ ဒါကြောင့် ပါးစပ်ပိတ်ခဲ့မိတယ်။ သူက အကြံပေးကြဖို့ ပြောလာတဲ့အချိန်မှာတောင်၊ ကျွန်မက ပွင့်ပွင့်လင်းလင်း မရှိသေးဘူးလေ။ အဲဒီအစား သူ့ကို မြှောက်ပင့်ပြီး လှည့်စားလိုက်တယ်။ ကျွန်မက မရိုးသားလွန်းတာပါ။ အစ်ကိုချန်းက သူ့ချို့ယွင်းချက်တွေ၊ ဟာကွက်တွေကို ပြင်ချင်လို့၊ ကျွန်မတို့ကို သူ့အမှားတွေကို ထောက်ပြခိုင်းတာပါ။ ဒါပေမဲ့ ကျွန်မက သူ့ကို ကူညီဖို့ တာဝန်မကျေတဲ့အပြင်၊ သူ့ကို လိမ်ညာလှည့်ဖြားဖို့အတွက် ချီးမွမ်းလိုက်သေးတယ်။ အဲဒီတော့မှ ကျွန်မ နားလည်မိတယ်၊ ကျွန်မ ပြောတာတွေက ကောင်းကောင်းမွန်မွန်ဆိုတော့၊ ဘယ်သူမှ မကျေမနပ် မဖြစ်ဘူးဆိုပေမဲ့၊ အကြောင်းကိစ္စတစ်ခုနဲ့ ကြုံတဲ့အခါ ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘူးလေ။ အဲဒါက တကယ်တော့ လူကောင်းတစ်ယောက် ဖြစ်နေတာမဟုတ်ဘူး။ လိမ်ညာလှည့်ဖြားနေတာပါ။ ကိုယ့်ကိုယ်ကိုယ် ငယ်သေးတယ်၊ အတွေ့အကြုံမရှိဘူး။ လောကကြီးရဲ့သဘောတွေကို မသိဘူးဆိုပြီး ထင်ခဲ့ဖူးတယ်။ ကျွန်မက တကယ်တော့ ဉာဏ်များလွန်းတယ်ဆိုတာကို၊ အဖြစ်မှန်တွေနဲ့ ဖော်ထုတ်ခံရတော့မှပဲ မြင်မိတာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း စပြီး ရွံလာမိတယ်။ မရိုးမသားနဲ့ လိမ်ညာလွန်းတာတွေ ထပ်ပြီး မဖြစ်ချင်တော့ဘူး။ နောက်တော့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းတယ်။ နောင်တရချင်တယ်၊ အမှန်ကိုပဲ ပြောချင်တယ်၊ ကိုယ်တော် သတ်မှတ်တဲ့အတိုင်း ရိုးသားသူတစ်ယောက် ဖြစ်ချင်တယ်ပေါ့။

အစ်ကိုချန်းဆီမှာ ကျွန်မ တွေ့မိတဲ့ ပြဿနာတွေကို စာနဲ့ရေးပြီး၊ သူ့ဆီ ပို့ပေးဖို့ ရည်ရွယ်လိုက်တယ်။ ဒါပေမဲ့ စာကိုရေးရင်း၊ ထပ်ပြီး ချီတုံချတုံဖြစ်ပြန်ရော။ ကျွန်မ ရေးတာတွေက အသုံးအနှုန်း မသင့်တော်ဘူး၊ သူက သဘောကျမှာ မဟုတ်ဘူး၊ ဘာမဟုတ်တာတွေကို ရေးကြီးခွင့်ကျယ်လုပ်နေတယ်လို့ ထင်သွားမယ်ဆိုပြီး စိုးရိမ်တယ်။ ပြီးတော့ ဟိုအချိန်တုန်းက ထုတ်မပြောဘဲ၊ အခုမှ အရေးတကြီး လုပ်တယ်ဆိုရင်၊ ကျွန်မက ဘာမဟုတ်တာကို ဇာချဲ့နေတယ်လို့ သူက ထင်မှာလား။ “ဒီတစ်ခါတော့ ငါ ဘာမှ မပြောသင့်ဘူးထင်တယ်။ နောက်တစ်ခါမှ ပြောမယ်” ဆိုပြီး တွေးပြန်ရော။ ဒါပေမဲ့ အဲဒီအတွေးနဲ့ ကျွန်မ ထပ်ပြီး စိတ်ပျက်လာတယ်။ ဘုရားက ဒီအခြေအနေကို ကျွန်မကိုယ်တိုင် နားလည်ဖို့အတွက်ပဲ စီစဉ်ထားတာမဟုတ်ဘူးလေ။ ကျွန်မအနေနဲ့ သူ့နှုတ်ကပတ်တော်တွေကို လက်ခံပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ကို၊ ကိုယ်တော်က မျှော်လင့်နေတာပါ။ ကျွန်မက အဲဒါကို လက်လျှော့ပြီး ရှောင်ပြေးတယ်ဆိုရင်၊ ဘုရားကို လှည့်စားနေတာ ဖြစ်မသွားဘူးလား။ ကျွန်မလည်း ဘုရားသခင်ဆီ ထပ်ပြီး ဆုတောင်းလိုက်တယ်။ “အစ်ကိုချန်းရဲ့ဂုဏ်မာနနဲ့ပတ်သက်ပြီး စိုးရိမ်တာမျိုး၊ သူများတွေ ကျွန်မကို ဘယ်လိုထင်မလဲဆိုပြီး စဉ်းစားတာမျိုးတွေ ကျွန်မ ထပ်မဖြစ်ချင်တော့ပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖြစ်အောင် ကျွန်မကို လမ်းပြတော်မူပါ၊ ဘုရားသခင်” ဆိုပြီး ပြောမိတယ်။ ပြီးတော့မှ ကျွန်မလည်း အစ်ကိုချန်းရဲ့အတွေ့အကြုံကို သေချာဆင်ခြင်ကြည့်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ပေါင်းစပ်ပေးတယ်။ ကျွန်မ သတိပြုမိထားတဲ့အချက်တွေနဲ့ ကိုယ်တိုင်နားလည်မိတာ နည်းနည်းလောက်ကို ချရေးပြီး၊ အစ်ကိုချန်းဆီ ပို့လိုက်တယ်။ အဲဒီနည်းနဲ့ လက်တွေ့လုပ်ဆောင်လိုက်တော့၊ ပိုပြီး ငြိမ်းအေးသွားသလို ခံစားရတယ်။ အစ်ကိုချန်းဆီက တုံ့ပြန်မှုကိုလည်း နောက်တစ်နေ့မှာတင် ရတယ်။ ကျွန်မရဲ့စာကို ဖတ်ရတာ၊ သူ တော်တော် လှိုက်လှိုက်လှဲလှဲဖြစ်မိတယ်လို့ ပြောတယ်။ သူ့အကြောင်းတွေကို စာရေးပြီးပြောတယ်ဆိုတာ ဘုရားရဲ့ချစ်ခြင်းကနေ ရရှိလာတာပဲတဲ့။ အကြောင်းကိစ္စတွေ ပေါ်တဲ့အခါ၊ သူ့အနေနဲ့ သမ္မာတရားကို ရှာဖွေဖို့ အာရုံမစိုက်ခဲ့ဘူးဆိုတာ သူ နားလည်သွားတယ်။ ပြုပြင်ခံရချိန် ကိုင်တွယ်ဖြေရှင်းခံရချိန်မှာလည်း၊ သူက အိုးနင်းခွက်နင်းနဲ့ပဲ ပြီးသွားခဲ့တယ်ပေါ့။ အကြောင်းကိစ္စတွေနဲ့ ကြုံတဲ့အခါ သူ လုပ်မိနေတဲ့ အမှားတွေကို ပြုပြင်ဖို့ အသင့်ဖြစ်နေပါပြီလို့ ရေးထားတယ်။ သူ့ဆီက ပြန်စာကို ဖတ်ပြီးတော့၊ ကျွန်မလည်း တော်တော် လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ အပြန်အလှန်ဆက်ဆံရေးမှာ အများကြီး စိုးရိမ်စရာမလိုဘူးလို့လည်း ခံစားမိတယ်။ အကြောင်းအရာတစ်ခုကို ထောက်ပြရင်၊ နောက်ကွယ်မှာ မှန်ကန်တဲ့ ရည်ရွယ်ချက်တော့ ရှိရမယ်။ အဲဒါဆို သူတို့က လက်ခံချင်စိတ် ရှိကြမှာပဲ။ ကျွန်မ စိုးရိမ်တာတွေအားလုံးက ကိုယ့်ရဲ့စိတ်အထင်သက်သက်ပဲ။ ပျက်စီးတဲ့ ကိုယ့်စိတ်သဘောထားရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေခဲ့လို့ပဲ။ အသင်းတော်ထဲက ပေါင်းသင်းဆက်ဆံရေးဆိုတာ ရှင်သန်ရေး အတွေးအခေါ်ဆိုတာတွေ၊ မရိုးသားတဲ့လှည့်ကွက်တွေပေါ်မှာ အမှီပြုတာမဟုတ်ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်မှုနဲ့ အပြန်အလှန် ရိုးသားမှုပေါ်မှာ တည်ဆောက်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်လာတယ်။ ဒါပေမဲ့ ကျွန်မက စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့တဲ့အပြင်၊ ကိုယ့်ရဲ့ အကျင့်ပျက် စိတ်သဘောထားကလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာဆိုတော့၊ ကျွန်မရဲ့သိက္ခာနဲ့ အကျိုးအမြတ်တွေ ထိပါးခံရမယ်ဆိုရင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲသွားတာပါ။

နောက်ပိုင်း အချိန်နည်းနည်းကြာတော့၊ ညီမငယ်တစ်ယောက်က အွန်လိုင်းက ဝတ္ထုတွေကို မကြာမကြာ ဖတ်လေ့ရှိတယ်ဆိုတာကို တွေ့မိတယ်။ ကျွန်မရင်ထဲမှာ ပူပန်လာပြီးတော့၊ စဉ်းစားကြည့်တယ်၊ “ဒီအွန်လိုင်းဝတ္ထုတွေ အများစုက လူက ဖန်တီးထားတဲ့ စိတ်ကူးယဉ်သက်သက်တွေပဲ။ သူ့ခေါင်းထဲမှာ အဲဒါတွေနဲ့ပြည့်နေရင်၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ချင်တော့မှာမဟုတ်ဘူး၊ သူ့တာဝန်ကိုလည်း လုပ်ချင်တော့မှာမဟုတ်ဘူး။ အဲဒါဆို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကို သူ ဆုံးရှုံးရလိမ့်မယ်။ သူ့အသက်တာမှာလည်း ဆုံးရှုံးမှုကြီးလိမ့်မယ်။ ငါ ဒီကိစ္စကို သူနဲ့ ပြောမှဖြစ်မယ်” ပေါ့။ ဒါပေမဲ့ ကျွန်မ ထုတ်ပြောမယ်လည်းလုပ်ရော၊ ချီတုံချတုံ ဖြစ်တယ်၊ “သူက မကျေမနပ်ဖြစ်ပြီး၊ ကျွန်မကို မဆိုင်တာ ဝင်ရှုပ်နေတယ်လို့ ထင်မှာလား။ သူက ကျွန်မ ပြောတာကို လက်မခံဘူးဆိုရင်၊ တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်း တွေ့နေရတော့ တော်တော် ကသိကအောက်ဖြစ်မယ်။ အသင်းတော်ခေါင်းဆောင်ကိုပဲ အသိပေးပြီး၊ အဲဒီအကြောင်းကို သူနဲ့ပဲ မိတ်သဟာယပြုခိုင်းလိုက်တာ ကောင်းမယ်ထင်တယ်” ပေါ့။ ဒါပေမဲ့ ဒီစဉ်းစားပုံက မှားမှန်း ကျွန်မ သိတယ်။ ကျွန်မက အဲဒီကိစ္စကို တွေ့မိတဲ့သူ ဖြစ်နေတော့၊ သူ့ကို အဲဒီအကြောင်း မိတ်သဟာယပြုပေးဖို့ ကျွန်မမှာ တာဝန်ရှိတယ်လေ။ ကျွန်မအနေနဲ့ တခြားတစ်ယောက်ဆီ တာဝန်လွှဲမချသင့်ဘူး။ အဲဒီနောက်ပိုင်းမှာ ကျွန်မလည်း သူ့ကိစ္စကို ထုတ်ပြောလိုက်ဖို့ အကြိမ်တော်တော်များများ စဉ်းစားတယ်။ ဒါပေမဲ့ စဉ်းစားလိုက်တိုင်း ဘာမှပြောမထွက်ဘူး။ ဘယ်က စပြောရမှန်း မသိခဲ့ဘူး။ ဒီအတိုင်းပဲ တစ်ရက်ပြီးတစ်ရက် ကုန်သွားရင်းနဲ့၊ တစ်ရက်တော့ အသင်းတော်ခေါင်းဆောင်က အဲဒီညီမရဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျွန်မကို မေးလာတယ်။ အဲဒီတော့မှပဲ ကျွန်မလည်း ခေါင်းဆောင်ကို ဒီအကြောင်း ပြောမိတယ်။ အံ့အားလည်း သင့်မိတယ်။ သူက တခြားကိစ္စတစ်ခုနဲ့ အလုပ်များနေလို့၊ အဲဒီညီမကို ကျွန်မကပဲ မိတ်သဟာယပြုပေးဖို့ ပြောလာတယ်လေ။ ကျွန်မက ကိုယ့်ဇာတိပကတိကို စွန့်လွှတ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရဲ့လားဆိုတာကို သိရအောင်၊ ဘုရားက ဒီအခြေအနေကို ကျွန်မအတွက် စီစဉ်နေတာဖြစ်မှန်း၊ နားလည်မိတယ်။ ကျွန်မ တော်တော်လေးကြာအောင် စိတ်မသက်မသာ ဖြစ်ခဲ့ရတာကိုလည်း စဉ်းစားမိတယ်။ အထူးသဖြင့် အဲဒီညီမကို မြင်ရင်၊ သူ့ကို ထုတ်မပြောမိသေးတော့ ကိုယ့်ဘာသာ ချောက်ချားနေတာ။ ကျွန်မက သူ့အပေါ် ချစ်ခြင်းမေတ္တာ မပြမိသေးဘူး၊ တာဝန်မယူမိသေးဘူးလေ။ ကိုယ့်အသိစိတ်မှာ ဒုက္ခရောက်နေတာပါ။ အွန်လိုင်းဝတ္ထုတွေကို အများကြီး အာရုံစိုက်မိနေရင် ဖြစ်လာမယ့် အန္တရာယ်တွေကို ကျွန်မ သိတယ်။ လူတွေကို လှည့်ဖြားဖို့ အကျင့်ပျက်စေဖို့၊ လူတွေရဲ့အတွေးတွေကို ထိန်းချုပ်ပြီး ဘုရားကို ရှောင်ဖယ်စေဖို့အတွက် စာတန်နတ်ဆိုးက ဒီ အန္တရာယ်ရှိတဲ့ ခေတ်ရေစီးတွေကို အသုံးပြုတာပါ။ ဒါမှ လူတွေက ပိုပိုပြီးတော့ ဆုတ်ယုတ်ပြီး အားငယ်လာမယ်။ နောက်ဆုံးကျမှ စာတန်က သူတို့ကို ဝါးမျိုပစ်မှာလေ။ အဲဒီညီမရဲ့အသက်တာက ဘယ်လောက် ပျက်စီးသွားနိုင်တယ်ဆိုတာတွေ၊ သူ့တာဝန်မှာ အာရုံမရောက်တာက အသင်းတော်ရဲ့အလုပ်ကို အများကြီး ထိခိုက်စေနိုင်တယ်ဆိုတာတွေကို ကျွန်မက နည်းနည်းလေးမှ မစဉ်းစားကြည့်ခဲ့ဘူး။ ထုတ်ပြောမိလို့ သူ မကျေမနပ်ဖြစ်မှာကိုပဲ စိုးရိမ်နေခဲ့တယ်။ ကျွန်မတို့ကြား ဆက်ဆံရေး မပျက်အောင် ကျွန်မက အရမ်း သတိထားလွန်းခဲ့တာပါ။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းလွန်းခဲ့တာပဲ။

အဲဒီအချိန်မှာပဲ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်မိတယ်၊ “ကောင်းမွန်သော လူတစ်ယောက်ဖြစ်ရန် အမှန်တကယ် လွယ်ကူပြီး နည်းနည်းပြော၍ များများလုပ်ခြင်းကိုသာ တောင်းဆိုကာ စိတ်ကောင်း ရှိခြင်းနှင့် မကောင်းသောအကြံ မရှိခြင်း ဖြစ်သည်ဟု များစွာသော လူတို့က ယုံကြည်ကြသည်။ ဤအရာက သူတို့ဘယ်သွားသွား သူတို့အား ကြွယ်ဝစေရန် သေချာစေလိမ့်မည်၊ လူတို့သည် သူတို့ကို နှစ်သက်မည်ဖြစ်ပြီး ထိုကဲ့သို့သော လူဖြစ်ရခြင်းမှာ ကျေနပ်ရလောက်အောင် ကောင်းမွန်ပေသည်ဟု သူတို့က ယုံကြည်ကြသည်။ ထိုသူတို့သည် သမ္မာတရားကို မလိုက်လျှောက်လိုသည်အထိပင် ဖြစ်ကြသည်။ လူကောင်းများ ဖြစ်ခြင်းဖြင့်သာ သူတို့ကျေနပ်နေကြသည်။ ထိုသူတို့သည် သမ္မာတရားအား လိုက်လျှောက်ခြင်းနှင့် ဘုရားသခင်အားအစေခံခြင်း ကိစ္စတို့မှာ အလွန်ပင်ရှုပ်ထွေးသည်ဟု ထင်ကြသည်။ ထိုအရာက များစွာသော သမ္မာတရားတို့ကို နားလည်ရန် တောင်းဆိုသည်ဟု သူတို့ထင်ပြီး အဘယ်သူသည် ထိုအရာကို ပြီးမြောက်နိုင်မည်နည်း။ ထိုသူတို့သည် လူကောင်းများဖြစ်ပြီး ၎င်းတို့၏တာဝန်များကို ဆောင်ရွက်ခြင်းဟူသည့် ပိုမိုလွယ်ကူသော လမ်းကိုသာ လျှောက်လိုကြပြီး ထိုအရာက လုံလောက်လိမ့်မည်ဟု ထင်ကြသည်။ ဤသဘောထားမှာ ယုတ္တိတန်သလော။ လူကောင်းဖြစ်ရန်မှာ အမှန်တကယ် လွယ်ကူလှသလော။ သင်တို့သည် လွန်စွာမြင့်မြတ်သော ပုံစံဖြင့် စကားပြောတတ်သော လူကောင်းမြောက်မြားစွာကို လူ့အဖွဲ့အစည်းတွင် ရှာတွေ့လိမ့်မည်ဖြစ်ပြီး ထိုသူတို့သည် အပြင်ပန်းတွင် ကြီးမားသော ဆိုးယုတ်မှု တစ်စုံတစ်ရာကိုမျှ မပြုဖူးဟန်တူသော်ငြားလည်း အတွင်းပိုင်း၌မူ ၎င်းတို့သည် ကောက်ကျစ်၍ စိတ်မချရပေ။ အထူးသဖြင့် ထိုသူတို့သည် အခြေအနေကို လေ့လာသိမြင်နိုင်စွမ်းရှိ၍ ထိုသူတို့၏ နှုတ်ရေးကောင်းခြင်း၌ သူတို့သည် ချောမွတ်၍ လောကီဆန်လေသည်။ ငါ၏အမြင်အရ ထိုကဲ့သို့သော ‘လူကောင်း’ တစ်ဦးမှာ အတုအယောင်သမား၊ သူတော်ကောင်းယောင်ဆောင်သူ ဖြစ်သည်။ ထိုကဲ့သို့သော လူမှာ ကောင်းချင်ယောင်ဆောင်နေခြင်းသာလျှင် ဖြစ်သည်။ အလယ်အလတ် လမ်းစဉ်လိုက်သူတို့ အားလုံးသည် အန္တရာယ် အပြုဆုံးသူတို့ဖြစ်သည်။ ထိုသူတို့သည် မည်သူ့ကိုမျှ မစော်ကားမိစေဖို့ ကြိုးစားကြသည်၊ ထိုသူတို့သည် လူမုန်းမခံချင်သူများဖြစ်သည်၊ ထိုသူတို့သည် အမှုအရာများကို လိုက်လျော၍ မည်သူမျှ ထိုသူတို့ကို မခန့်မှန်းနိုင်ပေ။ ထိုသို့သော သူသည် အသက်ရှင် နေသော စာတန်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရင်ထဲကို ထိုးဖောက်ဝင်သွားတယ်။ ကျွန်မက အလယ်အလတ်လမ်းကိုပဲ အမြဲရွေးတဲ့သူ၊ ဘယ်သူ့ကိုမှ မစော်ကားသလို၊ ဘယ်သူ့ပြဿနာတွေကိုမှ လုံးဝ မထောက်ပြတဲ့သူ၊ “ယဉ်ကျေးလိမ္မာ” သူတစ်ယောက် ဖြစ်နေမှန်း မြင်မိပြီလေ။ ဘုရားနှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြတဲ့အတိုင်း အတိအကျပဲ။ တစ်ခုခု ပြောမိတယ်ဆိုလည်း၊ ကိုယ် ပြောနေတဲ့သူနဲ့ အခြေအနေကို ကျွန်မက သုံးသပ်ကြည့်တတ်တယ်။ ဆက်ဆံရေးတစ်ခု ထိခိုက်တာမျိုး၊ တစ်ယောက်ယောက်က ကျွန်မဆီမှာ အပြစ်ရှာတွေ့တာမျိုးကို လုံးဝ အဖြစ်မခံနိုင်ခဲ့ဘူး။ ဒီညီမမှာ ပြဿနာတစ်ခုရှိမှန်း ကျွန်မ မြင်ခဲ့သလို၊ သူ့ကိုလည်း အဲဒီအကြောင်း ပြောပြချင်ခဲ့တယ်။ ဒါပေမဲ့ သူ မကျေမနပ်ဖြစ်သွားနိုင်တာကို တွေးမိလိုက်တာနဲ့၊ ကျွန်မက မပြောမိအောင် အကြိမ်ကြိမ်ရှောင်တယ်။ အဲဒီအစား အသင်းတော်ခေါင်းဆောင်ဆီ တာဝန်လွှဲချလိုက်တယ်။ ကျွန်မ နားလည်မိတာက၊ ကျွန်မက ကိုယ့်အတွက်ပဲ စဉ်းစားနေခဲ့တာပါ။ သူများတွေကိုတော့ အငြင်းပွားစရာ တာဝန်တွေ ယူခိုင်းတယ်။ ကိုယ့်အကျိုးကိုတော့ ဘယ်နည်းနဲ့မှ ထိခိုက်မခံချင်ခဲ့ဘူး။ အဲဒါက ညီအစ်ကိုမောင်နှမတွေအပေါ် ကျွန်မ ပြုမူနေခဲ့တဲ့ပုံစံပဲ။ တစ်ခါတလေ တစ်ယောက်ယောက်က အခြေအနေဆိုးနေတာမျိုး၊ ယိုယွင်းမှု ပေါ်နေတာမျိုးကို မြင်မိရင်၊ ကျွန်မက အဲဒါကို ထုတ်လည်း မပြော၊ မိတ်သဟာယလည်း မပြုဘဲနဲ့၊ မမြင်သလိုနေတတ်တယ်။ အပေါ်ယံမှာတော့ ကျွန်မက အယောက်တိုင်းနဲ့ အဆင်ပြေသလိုထင်ရတယ်။ တကယ်ပဲ ညှာတာတတ်သလိုလိုပေါ့။ ဒါပေမဲ့ အဲဒါတွေအားလုံးက အတုအယောင်တွေ၊ ဟန်ဆောင်တာတွေပဲ။ ကျွန်မက အပြင်ပန်းမှာ ဟန်လုပ်ရင်း၊ ရင်ထဲက အစစ်အမှန် စကားတွေကို ဖုံးကွယ်ခဲ့တာပါ။ ကျွန်မက တကယ်ကို ကြောင်သူတော်ပါပဲ။ ညီအစ်ကိုမောင်နှမတွေကို အရှက်မရှိ လှည့်စားထားတာတောင်၊ ကိုယ့်ကျတော့ အကောင်းမြင်စေချင်သေးတယ်လေ။ တော်တော် မရှက်တတ်ခဲ့တာပါ။ ကျွန်မက လှည့်စားပြီး မသိမသာ အန္တရာယ်ပေးတတ်တဲ့ လူပါးတစ်ယောက်ပဲ၊ ဟန်ပြသမားပဲဆိုတာကို မြင်ခဲ့မိတယ်။

အဲဒီအချိန်မှာပဲ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်မိပါတယ်၊ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ်သနည်း။ သင်၏ စိတ်ခံစားမှုများသည် အဘယ်ကြောင့် အလွန် ပြင်းထန်နေသနည်း။ ထိုမတရားသောအရာများကို သင်သည် အဘယ်ကြောင့် နှစ်သက်ရသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုကဲ့သို့သောအရာများကို သင်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိကအကြောင်းရင်းမှာ သူတို့၌ စာတန်၏အဆိပ်ပါဝင်ခြင်းကြောင့်ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ မကောင်းမှုပြုသူအချို့ကို သူတို့သည် အဘယ်ကြောင့် ထိုသို့ပြုကြောင်းကို သင်မေးပါက သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်- စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့် သူတို့သည် ရာထူးနေရာကောင်းတစ်ခုနှင့် သူတို့လိုအပ်သည့် အစာနှင့်အဝတ်ကို ရယူနိုင်ဖို့ရန် သူတို့၏တတ်နိုင်စွမ်းထဲရှိ အရာရာကို ပြုလုပ်ရင်း မိမိကိုယ်ကိုယ်၏ အကျိုးအတွက်သာ အသက်ရှင်သင့်သည် လူခပ်သိမ်းတို့က ထင်မှတ်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်တာနှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ ဤပြောဆိုချက်မှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး လူတို့၏ နှလုံးသွင်းခြင်းကို ခံရသောအခါ ၎င်းသည် သူတို့၏ သဘာဝဗီဇဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ၎င်းတို့က ယင်းကို လုံးလုံးကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်တာများဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်းလျှောက်လှမ်းနည်း”) လူပါးတစ်ယောက်ဖြစ်ခြင်းရဲ့ အရင်းခံအကြောင်းရင်းကို ဒီနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နည်းနည်း နားလည်သွားတယ်။ အဓိကကတော့ စာတန်ရဲ့အတွေးအခေါ်တွေနဲ့ အဆိပ်တွေက ကျွန်မဆီမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလို့ပါ။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာမျိုး၊ “မိတ်ဆွေတို့၏ အပြစ်အနာအဆာတို့အပေါ် ဆိတ်ဆိတ်နေပေးခြင်းသည် ခင်မင်မှုကို ရှည်စေ၏” “ပွင့်လင်းခြင်းသည် စိတ်အနှောင့်အယှက် ဖြစ်စေတတ်၍၊ တစ်ပါးသူတို့၏ ခံစားချက်နှင့် အသိစိတ်ကို လိုက်ကာ ကောင်းသောစကားတို့ကို ဆိုပါ” စသဖြင့်၊ အဲဒါမျိုးတွေနဲ့ ဖျက်ဆီးခံထားရတော့၊ ကိုယ့်ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက်ပဲ စဉ်းစားမိတော့တာပေါ့။ တခြားသူတွေကို ကျွန်မ လုပ်သမျှတိုင်းမှာ အကောင်းပဲပြောစေချင်ခဲ့တယ်။ ပြီးတော့ တစ်ကိုယ်ကောင်းဆန်လွန်းလာပြီး၊ မရိုးမသားနဲ့ လှည့်ဖြားတတ်လာတယ်။ ငယ်ငယ်လေးကတည်းက၊ အဖေနဲ့ အမေက ကျွန်မကို၊ ကိုယ်က ပြောတာနဲ့စာရင် ပိုပြီးနားထောင်တတ်အောင် အမြဲသင်ပေးခဲ့တာလေ။ နည်းနည်းပြောလေ၊ ပိုကောင်းလေပေါ့။ ပွင့်ပွင့်လင်းလင်း ဖြစ်လွန်းရင်၊ သူများတွေက ကြိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့ကြတယ်။ ကျွန်မက ဒီလိုမကောင်းတဲ့ အတွေးအခေါ်တွေနဲ့ ရှင်သန်လာခဲ့တော့၊ တခြားသူတွေအပေါ် ပွင့်လင်းရိုးသားတယ်ဆိုတာ မရှိသလောက်ပဲ။ အခင်ဆုံးသူငယ်ချင်းတွေနဲ့ဆိုရင်တောင်၊ ကိုယ့်ကို သဘောမကျဖြစ်ပြီး တစ်မျိုးမြင်မှာစိုးလို့၊ ကျွန်မက သူတို့အပြစ်တွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြခဲတယ်။ အဲဒီအစား၊ သူတို့ခံစားတဲ့အတိုင်း အဆင်ပြေအောင်လိုက်နေပြီး၊ မြှောက်ပင့်ရတာကိုပဲ သဘောကျခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးက အလိမ်အညာပဲ၊ ဟန်ပြပဲ။ အသက်တာအတွက် ဒီလိုမကောင်းတဲ့ အတွေးအခေါ်တွေနဲ့ ရှင်သန်နေတယ်ဆိုရင်၊ ဟန်ဆောင် ကောက်ကျစ်လွန်းတာတွေ၊ တစ်ကိုယ်ကောင်းဆန် ယုတ်မာတာတွေပဲ ဖြစ်စေနိုင်မှန်း ကျွန်မ နားလည်ခဲ့မိတယ်။ ကျွန်မက ကိုယ့်အကျိုးအတွက်ပဲ စဉ်းစားပြီး၊ သူများတွေအတွက် လုံးဝ မစဉ်းစားခဲ့ဘူး။ လူတွေအပေါ် မစစ်မှန်ခဲ့ဘူး၊ သူတို့အပေါ် ချစ်ခြင်းမေတ္တာ မထားခဲ့ဘူး။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်၊ ကျွန်မလိုလူတစ်ယောက်က ဘယ်သူ့ကိုမှ အကူအညီမဖြစ်စေခဲ့ဘူး။ အကျိုးမပြုနိုင်ခဲ့ပါဘူး။ အဲဒါတွေနဲ့နီးစပ်တဲ့ အခြေအနေမျိုးတောင် မရောက်ခဲ့ပါဘူး။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေက တကယ်ကို အဓိပ္ပာယ်မရှိဘူးဆိုတာရယ်၊ အဲဒါတွေက ပြုမူနေထိုင်ဖို့အတွက် အခြေခံစည်းမျဉ်းတွေ မဖြစ်သင့်ဘူးဆိုတာရယ်ကို ကျွန်မ မြင်ခဲ့တယ်။ အသက်တာအတွက် ဒီလိုမကောင်းတဲ့ အတွေးအခေါ်တွေနဲ့ ရှင်သန်နေတာက ကျွန်မတို့ကို ပျက်စီးတာတွေ၊ လူ့သဘာဝ ကင်းမဲ့တာတွေပဲ ပိုပြီးဖြစ်စေနိုင်မှန်း သဘောပေါက်မိတယ်။ ပြဿနာတစ်ခုကို မြင်မိတိုင်း ဘာမှမပြောမိခဲ့တာတွေကို၊ ကျွန်မ စဉ်းစားကြည့်တယ်။ ကျွန်မက ပြီးသွားတော့မှ အပြစ်ရှိသလို ခံစားနေတာ။ ထုတ်မရတဲ့ ကျောက်ခဲတစ်လုံး ကိုယ့်ရင်ထဲ ဝင်နေသလိုမျိုးပေါ့။ ကျွန်မက သမ္မာတရားကို သိပေမဲ့၊ လက်တွေ့မလုပ်ဆောင်နိုင်သလို ခံစားခဲ့ရတယ်။ ဘယ်လို သိက္ခာသမာဓိမှ မရှိတဲ့ လူကြောက်တစ်ယောက်လို ဖြစ်ခဲ့တာပါ။ ကျွန်မအသက်အရွယ်မှာ ကျွန်မက ရည်ရည်မွန်မွန်ရှိသူတစ်ယောက် ဖြစ်မလာနိုင်သေးဘူးလေ။ လူတွေရဲ့ပေါင်းသင်းဆက်ဆံရေး စည်းမျဉ်းတွေကိုလည်း မသိသေးပါဘူး။ အဲဒီအစား ကျွန်မက စာတန် ဖြန့်ဝေတဲ့ သင်ပေးတဲ့ လောကီသဘောတွေကို လက်ကိုင်ပြုခဲ့မိတာပါ။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် တကယ် မုန်းခဲ့မိတယ်။ ဒီမကောင်းတဲ့ အတွေးအခေါ်တွေနဲ့ ဆက်ပြီး မနေထိုင်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီပဲ ပြုမူနေထိုင်ချင်တော့တယ်။

အဲဒီအချိန်မှာပဲ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်မိတယ်၊ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အရေးကြီးဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အဘယ်နည်း။ ယင်းမှာ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ ပွင့်လင်းရမည့်အကြောင်း ဖြစ်သည်။ ‘ပွင့်လင်းသည်’ ဟု ဆိုရာတွင် မည်သည့်အရာကို ငါဆိုလိုသနည်း။ ယင်းမှာ သင်စဉ်းစားသမျှအရာတိုင်း၊ သင်၏ ကြံရွယ်ချက်များက အဘယ်အရာဖြစ်ပြီး အဘယ်အရာက သင့်ကိုထိန်းချုပ်သည် ဆိုသည့်အရာနှင့်ဆိုင်သော ရှင်းလင်းပြတ်သားသောအမြင်ကို ဘုရားသခင်အား ပေးခြင်းဖြစ်သည်။ ကွာခြားချက် စိုးစဉ်းမျှမရှိသကဲ့သို့ မည်သည့်ဖုံးကွယ်မှုမျှ မရှိဘဲ၊ အပျက်သဘောဆောင်သည့်အပိုင်း မပါဘဲ၊ မေးခွန်းများ မေးခြင်းအားဖြင့် အခြားသူများကို မှန်းဆချက်များ ပြုလုပ်စေခြင်း သို့မဟုတ် ပို၍ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေစေခြင်း မပြုဘဲ၊ ပြီးလျှင် သင်သည် ဝေ့လည်ကြောင်ပတ် ပြောနေစရာမလိုဘဲ၊ ထို့အစား သင် ထင်သည့်အရာကို ပြောခြင်း၊ အခြားသော မည်သည့်အကြံမျှ မပါဘဲနှင့် သင်ပြောသည့်အရာသည် သင့်စိတ်နှလုံးထဲတွင် ရှိသည့်အရာဖြစ်ပါက၊ ဤသည်မှာ သင့်စိတ်နှလုံးက ပွင့်လင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်၏ ရိုးဖြောင့်ခြင်းက အခြားသူများကို နာကျင်စေနိုင်ပြီး ဒေါသထွက်စေနိုင်သည်။ သို့သော်လည်း တစ်ဦးတစ်ယောက်က၊ ‘သင်သည် ဤမျှ ရိုးသားသောနည်းဖြင့် စကားပြောနေပြီး ကျွန်ုပ်ကို အမှန်တကယ် နာကျင်စေသည်။ သင်၏ ရိုးသားမှုကို ကျွန်ုပ် လက်မခံနိုင်ပါ။’ ဟု ဆိုမည်လော။ မည်သူမျှ ဆိုမည်မဟုတ်။ အကယ်၍ သင်သည် ရံဖန်ရံခါ လူတို့ကို နာကျင်စေလျှင်ပင်၊ သင်သည် သူတို့အား ဖွင့်ဟပြီး ဝန်ချတောင်းပန်နိုင်ကာ၊ သင်သည် အမြော်အမြင်မရှိဘဲ စကားပြောခဲ့ပြီး ၎င်းတို့၏ အားနည်းချက်များကို အမှုမထားခဲ့ကြောင်း ဝန်ခံနိုင်ပါက ၎င်းတို့က သင်၌ ခက်ထန်သော ခံစားချက်များ မရှိကြောင်း၊ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ကြောင်းနှင့် သင်သည် တကယ်ပင် သင်စကားပြောသည့်ပုံစံကို သိပ်အာရုံမစိုက်တတ်ဘဲ၊ အလွန်ရိုးဖြောင့်ခြင်းသာ ဖြစ်ကြောင်းကို သူတို့မြင်တွေ့ကြလိမ့်မည်။ မည်သူကမျှ သင့်အပေါ် အာဃာတထားလိမ့်မည် မဟုတ်ပေ။... ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အရေးကြီးဆုံးသောအပိုင်းမှာ သင်၏စိတ်နှလုံးက ဘုရားသခင်ထံ ပွင့်လင်းရမည့်အကြောင်းပင် ဖြစ်သည်။ ထို့နောက်တွင် သင်သည် အခြားလူတို့ထံ ပွင့်လင်းတတ်ရန်၊ ရိုးသားစွာနှင့် မှန်ကန်စွာ ပြောဆိုရန်၊ သင်၏စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောရန်၊ ဂုဏ်သိက္ခာ၊ သမာဓိနှင့် အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံသော လူတစ်ဦးဖြစ်ရန်နှင့် အရည်မရအဖတ်မရ၊ မဟုတ်မမှန် စကားပြောဆိုခြင်းမပြုရန် သို့မဟုတ် သင့်ကိုယ်သင် ဖုံးကွယ်ထားဖို့၊ အခြားသူများကို လှည့်ဖြားဖို့ စကားလုံးများကို အသုံးမပြုရန် သင်ယူနိုင်လာမည် ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်လိုက်တော့၊ ကျွန်မ တော်တော် စိတ်လှုပ်ရှားသွားတယ်။ ကိုယ့်ကိုယ်ကိုယ် လူသားတစ်ယောက်အဖြစ် ဘယ်လိုပြုမူနေထိုင်မလဲဆိုတာကို သွန်သင်ပေးဖို့၊ ဘုရားက ကျွန်မကို လက်ဆွဲခေါ်လာသလိုမျိုး ခံစားရတယ်။ ရိုးသားသူတစ်ယောက် ဖြစ်ဖို့၊ ရိုးသားမှုနဲ့ ပြောဆိုပြုမူဖို့၊ ကိုယ့်စိတ်နှလုံးကို ဘုရားသခင်ဆီ လုံးလုံး ဖွင့်ပြဖို့၊ ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်း ရှိဖို့၊ ပြီးတော့ မရေမရာ ပြောတာမျိုး၊ လှည့်စားတာမျိုးတွေ မလုပ်ဖို့ပေါ့။ ဒီနည်းလမ်းအတိုင်း နေထိုင်တယ်ဆိုတာ မပင်ပန်းပါဘူး။ အဲဒီညီမရဲ့ကိစ္စကိုလည်း သူ့ကို နောက်ပိုင်းမှာ ထုတ်ပြောလိုက်တယ်။ အွန်လိုင်းဝတ္ထုတွေမှာ အာရုံရောက်လွန်းနေရင် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို မိတ်သဟာယပြုပေးတယ်။ ပထမတော့၊ သူ တော်တော် မပျော်မရွှင်ဖြစ်ပုံရတယ်။ နည်းနည်းတော့ ကသိကအောက်ဖြစ်တာပေါ့။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းနဲ့ မိတ်သဟာယပြုပေးလိုက်တော့၊ သူ့ကိုယ်သူ အန္တရာယ်ရှိတဲ့ အခြေအနေထဲ ရောက်နေမှန်း နားလည်လာတယ်။ အွန်လိုင်းဝတ္ထုတွေ ထပ်ပြီး မဖတ်တော့ဘူး၊ သူ့တာဝန်ကိုပဲ အာရုံစိုက်တော့မယ်လို့ ပြောတယ်။ သူ ဒီလိုပြောတာကို ကြားရတော့မှ၊ ကျွန်မလည်း နောက်ဆုံး သက်ပြင်းချနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိတယ်။ ကျွန်မသာ အစောကြီး ထုတ်ပြောခဲ့ရင်၊ သူ့အခြေအနေက မြန်မြန်ဆန်ဆန်နဲ့ ပြုပြင်ပြီးလောက်ပြီလေ။ ကျွန်မက အမြဲတမ်း ရည်ရည်မွန်မွန်ဖြစ်ချင်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် အလျှော့ပေးပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့တာတွေကြောင့်၊ အခြေအနေတွေက ကြန့်ကြာကုန်တာပါ။ လူပါးတစ်ယောက် ဖြစ်နေပြီဆိုရင် တကယ် အန္တရာယ်ရှိပါတယ်။ အဲဒီနောက်ပိုင်းတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်တာဝန်တွေမှာ အကြောင်းကိစ္စတစ်ခုကို မြင်တယ်ဆိုရင်၊ တစ်ခါတလေတော့ သူတို့ကို စော်ကားသလိုဖြစ်မှာ စိုးရိမ်နေသေးတယ်။ ဒါပေမဲ့ ဘုရားဆီ ဆုတောင်းတယ်၊ သမ္မာတရားကို သတိရှိရှိ လက်တွေ့လုပ်ဆောင်ပြီး၊ ရိုးသားသူတစ်ယောက်အဖြစ် နေလိုက်တော့၊ ဖြစ်နေတဲ့ ပြဿနာကို နောက်ပိုင်းမှာ အရှိကိုအရှိအတိုင်း အမြဲတမ်း ထောက်ပြနိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြုမူနေထိုင်မလဲ၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတာတွေကို၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုကြောင့်သာ ကျွန်မ သင်ယူနိုင်ခဲ့တာပါ။ ဘုရားနှုတ်ကပတ်တော်တွေက ဘယ်လောက် အဖိုးတန်မှန်း၊ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ အဲဒါတွေက ကျွန်မတို့ပြုမူနေထိုင်ပုံတွေအတွက် အခြေခံစည်းမျဉ်းတွေပါပဲ။ ကိုယ့်အလုပ်တာဝန်မှာဖြစ်ဖြစ်၊ ပြုမူနေထိုင်ပုံမှာဖြစ်ဖြစ်၊ ကျွန်မတို့ကို လမ်းပြဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေ လိုပါတယ်။ အကြောင်းကိစ္စတစ်ခု ပေါ်လာရင် ကျွန်မတို့က သမ္မာတရားကို ရှာဖွေနေသရွေ့၊ လိုက်နာဖို့လမ်းတစ်ခုကို ရလာမှာပဲ။

ပြန်စဉ်းစားကြည့်တော့၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လူပါးတစ်ယောက် ဖြစ်တယ်၊ လှည့်စားတတ်တယ်ဆိုတဲ့ သဘောကိုပဲ လက်ခံခဲ့တာပါ။ ကိုယ့်ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားကို ဆန်းစစ်ဖို့ ချင့်ချိန်ဖို့အတွက်၊ ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်တွေနဲ့ လေးလေးနက်နက် နှိုင်းယှဉ်မကြည့်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေဆီက အခြေခံစည်းမျဉ်းတွေဖြစ်ဖြစ်၊ လက်တွေ့လုပ်ဆောင်ဖို့လမ်းတစ်ခု ဖြစ်ဖြစ်၊ ရှာဖွေတာလည်း မရှိခဲ့သလောက်ပဲ။ ဒါကြောင့် တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်တဲ့ ကျွန်မရဲ့စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့တာပါ။ ကျွန်မက အသက်တာမှာ တချို့ အသေးအဖွဲကိစ္စလောက်ပဲ တွေ့ကြုံခဲ့ရပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်တာတွေ၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ သမ္မာတရား ရှာဖွေတာတွေကို အာရုံစိုက်လိုက်တော့၊ စိုက်မိသမျှ ရိတ်သိမ်းမိတဲ့အပြင်၊ နားလည်မှုနည်းနည်းလည်း ရလာတာပါ။ စိတ်ထဲမှာ ငြိမ်းချမ်းမှုစစ်စစ်ကို ခံစားရသလို၊ အသက်တာဝင်ရောက်မှုအတွက် လမ်းကြောင်းလေးကိုလည်း ရရှိပါတယ်။ ဒီလို နားလည်လာတယ်၊ ဒီလို ရိတ်သိမ်းမိတယ်ဆိုတာ တကယ်ကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုကြောင့်ပါပဲ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။

အရှေ့သို့- ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် သိရှိခြင်း

နောက်တစ်ခုသို့- မိမိတာဝန်ကို ကျေပွန်ခြင်း၏ ဆုလာဘ်များ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဆင်းရဲဒုက္ခကြီးစွာ ခံစားရခြင်းသည် ဘုရားသခင်အတွက် ကျွန်တော့်၏ချစ်ခြင်းမေတ္တာကို လှုံ့ဆော်ပေးခဲ့သည်

မွန့်ယုံ၊ ရှန်ဇီ စီရင်စုကျွန်တော်သည် ပင်ကိုယ်သဘာဝအားဖြင့် လူကောင်းတစ်ယောက်ဖြစ်သည်။ မှောင်မိုက်ဆိုးညစ်သည့် ဤလူ့အဖွဲ့အစည်းတွင် ကျွန်တော်...

စာတန်၏ တင်းကျပ်သော ဝန်းရံမှုမှ ထိုးဖောက်ထွက်ခြင်း

ဇောက်ဂန်း၊ တရုတ်ပြည် ဤပြီးခဲ့သည့် နိုဝင်ဘာလတွင် တရုတ်ပြည်မြောက်ပိုင်း၌ ခါးသီးစွာ အေးချမ်းလေသည်၊ မြေပေါ်သို့ကျသည့် မည်သည့်နှင်းမျှ...

နာကျင်ခံစားခြင်းများနှင့် စမ်းသပ်မှုများ— မျက်နှာသာပေးခံရခြင်း၏ကောင်းချီးမင်္ဂလာများ

ဝမ်ဂန်၊ ရှန်တုံစီရင်စုကျွန်တော်သည် တောရွာတွင်နေထိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏မိသားစုသည် ဆင်းရဲသည်။ ကျွန်တော်သည် ရှာလို့ရသမျှ...

ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံ ကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်