၆၇။ ကျွန်မ၏အဖေကို ထုတ်ပယ်ပြီးနောက်
ကျွန်မ ပြန်ရောက်တော့ အစ်မအဖေက အသင်းတော်ကနေ ထုတ်ခံရတယ်လို့ ကြားတယ်။ သူက အသင်းတော်အသက်တာကို နှောင့်ယှက်နေခဲ့တာပါ။ အယူအဆတွေ၊ အပျက်သဘောဆောင်တာတွေ ဖြန့်နေပြီး လူတွေကို သူတို့တာဝန်တွေအပေါ် စိတ်ထက်သန်မှုကို ထိန်းချုပ်နေတာ။ ဘာမိတ်သဟာယ၊ ဘာဝေဖန်မှုကိုမှ သူက လက်မခံဘူး။ သူ့ကို ဆန့်ကျင်ပြီးပြောတဲ့သူတွေကို မကျေမချမ်းဖြစ်တယ်။ သူက မကောင်းတဲ့သူလို့ ဆုံးဖြတ်ခံခဲ့ရပြီး သူ့ကို ထုတ်လိုက်တယ်။ အဲဒီတုန်းက ကျွန်မက တာဝန်နဲ့ မြို့ပြင်ရောက်နေတာ။ တော်တော်အံ့အားသင့်သွားတာပေါ့။ သူက စိတ်ဆတ်တယ်ဆိုတာ ကျွန်မသိပေမဲ့ သူ့မှာ လူ့သဘာဝကောင်းရှိတယ်လို့ ကျွန်မခံစားရတယ်။ သူများတွေအပေါ်သူက ချစ်ခင်တတ်တယ်။ ညီအစ်ကိုမောင်နှမတွေကို သူတို့ဘဝ အခက်အခဲတွေနဲ့ပတ်သက်ပြီး အမြဲတမ်း ကူညီပေးခဲ့တယ်။ ကျွန်မတို့ အိမ်နီးချင်းတွေအားလုံးက သူက တကယ်ကို ကူညီတတ်ပြီး ချစ်ခင်တတ်တယ်လို့ ပြောကြတယ်။ သူက လူကောင်းတစ်ယောက်လို့ ကျွန်မ ခံစားရတယ်။ အဲဒီတော့ သူက မကောင်းလို့ဆိုပြီး ဘာကြောင့် ရုတ်တရက် အထုတ်ခံလိုက်ရတာလဲ။ ၂၀ဝ၁ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးကတည်းက သူဟာ ဧဝံဂေလိမျှဝေဖို့ ခရီးတွေသွားနေခဲ့တယ်။ စီစီပီက ဖမ်းဆီးတာကနေ လွတ်မြောက်ဖို့ ထင်းပုံတွေထဲမှာ သင်္ချိုင်းတွေမှာ အိပ်ခဲ့ရတယ်။ ယုံကြည်သူဖြစ်တဲ့၊ ဆင်းရဲဒုက္ခခံရတဲ့ နှစ်တွေအားလုံးမှာ သူက အကျိုးမဖြစ်ရင်တောင် အလုပ်ကြိုးစားခဲ့တယ်လေ။ ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး နှင်ထုတ်ခံရတာလဲပေါ့။ အသင်းတော်ခေါင်းဆောင်က ကိုင်တွယ်တာ မှားသွားတာများလားလို့ ကျွန်မ တွေးမိတယ်။ သူ ဘာလို့ အခွင့်အရေးမရခဲ့တာလဲပေါ့။ အချိန်ခဏလောက်အထိ ကျွန်မအဖေနဲ့ပတ်သက်ပြီး တွေးမိတိုင်း တော်တော်နာကျင်တယ်။ သူ့အတွက် စိတ်မကောင်းဘူး။
တစ်နှစ်လောက်ကြာပြီးတော့ ကျွန်မတာဝန်အတွက် ကျွန်မရဲ့ဇာတိမြို့ကို ပြန်ရောက်လာတဲ့အခါမှာပါ။ ပထမတော့ ကျွန်မအဖေကို မြင်ရတဲ့အချိန်မှာ သူ့အတွက် တော်တော်စိတ်မကောင်းဖြစ်ပြီး သူ့အတွက် ကျွန်မတတ်နိုင်သမျှ လုပ်ပေးချင်ခဲ့တယ်။ ကျွန်မအပေါ် အရမ်းကောင်းခဲ့တာလေ။ ကျွန်မဘဝရဲ့ ကဏ္ဍတိုင်းမှာ ကျွန်မကို အရမ်းဂရုစိုက်တယ်။ ဒါပေမဲ့ သူစကားပြောတဲ့ပုံစံက တမျိုးဖြစ်နေတာကို ကျွန်မ တဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့တယ်။ လူတစ်ယောက်ကနားလည်မှုလွဲပြီး ဘုရားသခင်နဲ့ သူ့ကိုယ်သူဝေးကွာစေပြီး စိတ်ဓာတ်ကျစေနိုင်တဲ့ အပျက်သဘောဆောင်တဲ့အရာတွေကို သူက အမြဲတမ်းပြောနေတာ။ အင်း ဥပမာပေါ့ ကျွန်မအမေက အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက အစွမ်းအစနည်းပြီး လက်တွေ့အလုပ်ကိုမလုပ်လို့ အထုတ်ခံခဲ့ရတယ်။ ဒီတော့ သူက ခဏလောက် စိတ်ဓာတ်ကျနေတာပေါ့။ ကျွန်မအဖေက ဘုရားအလိုတော်အပေါ် မိတ်သဟာယပြုပြီး မကူညီခဲ့ဘဲနဲ့ “ဘုရားအိမ်တော်မှာ လုံခြုံမှုမရှိဘူး။ လူတိုင်းက တစ်နေ့မှာ ထုတ်ခံရမှာပဲ။ မင်းရဲ့အစွမ်းအစနည်းနေတာကို ဘုရားက မသိဘူးလား။ ဘုရားသခင်က တမင်ရည်ရွယ်ပြီး မင်းကို ဒီလိုပြင်ဆင်ပေးခဲ့တာ။ မင်း ဒုက္ခခံရအောင်လို့ မင်းကို ခေါင်းဆောင်ဖြစ်အောင်လုပ်ပြီး ထုတ်ပစ်လိုက်တာ။ မင်းက အစွမ်းအစနည်းတယ်။ မင်းလိုချင်တဲ့ ဘယ်အစွမ်းအစကိုမဆို မရယူနိုင်ဘူး။ အဲဒါကို ဘုရားက မင်းကို မပေးခဲ့ရင် မင်းတာဝန်ကို ဘယ်လိုလုပ်ကောင်းကောင်းလုပ်နိုင်မှာလဲ” ဆိုပြီးတော့ ပြောတယ်။ သူ အဲဒီလိုပြောပြီးတော့ ကျွန်မအမေက ပိုပြီးတော့တောင် အပျက်သဘောဆောင်လာတယ်။ သူပြောတာကို ကျွန်မကြားတဲ့အခါမှာ ကျွန်မ တော်တော်စိတ်ဆိုးသွားပြီး သူက တော်တော်ကျိုးကြောင်းမသင့်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါက တာဝန်မှာ သာမန်အပြောင်းအလဲတစ်ခုပဲ။ ဒါပေမဲ့ ဒါဟာ ဘုရားက လူတစ်ယောက်ကို တမင်ဒုက္ခရောက်အောင်လုပ်တာလို့ သူက ပြောတယ်။ ဒါက မှန်ကန်တိကျမှု မရှိဘူးလေ။ အသင်းတော်က လူတွေရဲ့ အားသာချက်တွေအပေါ် အခြေခံပြီး သူတို့တာဝန်တွေကို စီစဉ်ညှိုနှိုင်းပေးတာ။ အသင်းတော်အလုပ်က ဖွံ့ဖြိုးတိုးတက်ပြီး ပိုအောင်မြင်ဖို့အတွက်ပေါ့။ အဲဒါက ကျွန်မတို့နဲ့ ကောင်းကောင်းသင့်တော်တဲ့ တာဝန်နဲ့နေရာကို ရှာတွေ့အောင် ကူညီပေးဖို့လည်းဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အားသာချက်တွေကို ပိုကောင်းကောင်းအသုံးပြုနိုင်ပြီး ကိုယ့်အပိုင်းကိုယ် လုပ်နိုင်ဖို့်ပေါ့။ ဒါက စည်းမျဉ်းတွေနဲ့ လုံးဝ ကိုက်ညီပြီး အသင်းတော်ရဲ့အလုပ်နဲ့ လူတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ကောင်းတယ်။ ကျွန်မအမေက သူ့ရဲ့ ခေါင်းဆောင်ရာထူးကို ဆုံးရှုံးခဲ့ရပေမဲ့ သူနဲ့သင့်တော်တဲ့တာဝန်တစ်ခုကို သူလုပ်နေတာပဲ။ ဒါကြောင့် သူ့တာဝန်ကို ကောင်းကောင်းမလုပ်လို့ဆိုပြီး စိတ်မကောင်းမဖြစ်ရတော့ဘူးလေ။ ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးလား။ သူက တကယ်ကို လှည့်ပတ်ပြီးပြောနေတာပဲ။ ပြီးတော့ အသင်းတော်မှာ သူ့တာဝန်ကို အချိန်ပြည့်လုပ်နိုင်အောင်လို့ သူ့အလုပ်ကနေထွက်ခဲ့တဲ့ အစ်ကိုတစ်ယောက်ရှိခဲ့တယ်။ သူ့တာဝန်မှာ အလုပ်သိပ်မများတဲ့အချိန်မှာ ပိုက်ဆံနည်းနည်းရှာဖို့၊ သူ့တာဝန်ကိုလုပ်နေရင်းနဲ့ အသက်မွေးမှု ဖန်တီးနိုင်အောင်လို့ အရံအလုပ်တစ်ခုရှာလုပ်ခဲ့တယ်။ အလုပ်က အလုပ်ကြမ်းပဲ။ ကိုယ်ကာယပိုင်းမှာ အရမ်းအားစိုက်ရတဲ့ ဘယ်အလုပ်ကိုမှ သူက မလုပ်ခဲ့ဖူးဘူး။ သူ အားကုန်သွားတဲ့အချိန်မှာ တော်တော်စိတ်ဓာတ်ကျနေခဲ့တယ်။ ကျွန်မအဖေက ဒါကိုသိတဲ့အခါမှာ သူက “ငါတို့က အတော်အတန် ချမ်းသာခဲ့ပေမဲ့ ငါတို့က ဘုရားအိမ်တော်အတွက် ဒီအနစ်နာခံမှုတွေအားလုံးကို လုပ်နေကြတာ။ အခု ဘာပိုက်ဆံမှ သိပ်မရှိတော့ဘူး။ ပြီးတော့ အလုပ်ကြမ်းလည်း လုပ်ရသေးတယ်။ မင်းက အများကြီးကို စွန့်လွှတ်ပြီးနေပြီ။ ဒါပေမဲ့ တစ်နေ့ကျရင် မင်းတကယ်ကို ငိုနေရနိုင်တယ်” ဆိုပြီး အဲဒီအစ်ကိုကို တကယ်ကြီးပြောလိုက်တာ။ သူက ဒီလိုမျိုးပြောတာ တကယ်ထူးဆန်းတယ်လို့ ကျွန်မ တွေးမိခဲ့တယ်။ သူက ဘာလို့ အဲဒီလိုမျိုး မိတ်သဟာယပြုရတာလဲ ပေါ့။ ဒါ တော်တော်လွဲနေတယ်။ ကျွန်မတို့က အရင်ကလောက်တော့ မချမ်းသာပါဘူး။ ဒါပေမဲ့ ကျွန်မတို့ဘဝတွေက အရင်ထက် အရမ်းပိုပြီး မခက်ခဲဘူးလေ။ ပြီးတော့ ကျွန်မအဖေက အလုပ်မှာ၊ ဘဝမှာ ပြဿနာတွေရှိတဲ့အခါ တော်တော်များများမှာ ဘုရားသခင်က သူ့အတွက် လမ်းတစ်ခု ဖွင့်ပေးတယ်။ ဆက်ပြီး အသက်မွေးနိုင်ဖို့အတွက် သင့်တော်တဲ့အလုပ်တစ်ခုကို ရှာတွေ့ဖို့ ကူညီပေးတယ်။ ယုံကြည်ခြင်းမရခင်တုန်းက သူက အမြဲတမ်း ဆေးလိပ်သောက်၊ အရက်သောက်နေခဲ့ပြီး သူ့ကျန်းမာရေးက ဆိုးတယ်။ သူ့လက်တွေက အမြဲတမ်း တုန်နေခဲ့တာ။ သူ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ အရက်ဖြတ်လိုက်ပြီး သူ့တာဝန်ကိုလုပ်ရင်း၊ မိတ်သဟာယပြုရင်းနဲ့ အချိန် ကုန်ဆုံးခဲ့တယ်။ အဲဒါကြောင့် သူ့ကျန်းမာရေးက ပိုပိုပြီး ကောင်းလာတယ်။ သူ့ကိုမြင်တဲ့လူတိုင်းက သူဘယ်လောက်ကြည့်ကောင်းတယ်၊ လူအသစ်တစ်ယောက်နဲ့တူတယ်ဆိုပြီး ပြောကြတယ်။ ဘုရားသခင်က ကျွန်မတို့ မိသားစုကို အများကြီး ကောင်းချီးပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မအဖေက အဲဒါတွေကို တစ်ခုမှ မပြောဘဲ အဲဒီအစား ညည်းညူဖို့အတွက် ကိစ္စတွေကို လှည့်ပတ်ပြောတယ်။ တစ်ယောက်ယောက်ကို ဘုရားကို အထင်လွဲပြီး အပြစ်တင်အောင်လုပ်တယ်။ ဘုရားသခင်နဲ့ သူတို့ဆက်ဆံရေးကို တမင်တကာ နှောင့်ယှက်ပြီး သူတို့ကို ဘုရားနဲ့ဝေးရာကို ရောက်စေတယ်။
အဲဒီလိုမျိုးတွေ အများကြီးရှိတယ်။ ကျွန်မတာဝန်ကို အသင်းတော်မှာ အချိန်ပြည့်လုပ်ဖို့အတွက် ကျွန်မကျောင်းတက်တာ ရပ်လိုက်ပြီးတဲ့နောက်မှာ သူက အမြဲတမ်းပြောတယ်။ “သမီးက ကိုယ့်အတွက် ထွက်ပေါက်တစ်ခု ချန်မထားဘဲ အရမ်းအသုံးတော်ခံလွန်းတယ်။ တစ်နေ့ကျရင် နောင်တရလိမ့်မယ်” တဲ့။ အဲဒါက ကျွန်မအတွက်တော့ မမှန်သလိုပဲ။ ဘုရားအိမ်တော်မှာ ကျွန်မတာဝန်ကိုလုပ်တာက ဖန်ဆင်းခံတစ်ယောက်အတွက် မှန်ကန်ပြီး သင့်တော်တယ်။ ကျွန်မ လုပ်ရမယ့်တာဝန်ဖြစ်တယ်။ ကျွန်မကိုယ်တိုင်ရဲ့ လွတ်လပ်တဲ့စိတ်ဆန္ဒအရ ကျွန်မ ကျောင်းတက်တာရပ်ခဲ့တယ်။ ဘုရားကို ယုံကြည်ပြီး ဘုရားနောက်လိုက်နိုင်တာ၊ အသင်းတော်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်တာဟာ ဘုရားက ကျွန်မကို မြှင့်တင်ပေးနေတာပဲ။ ပြီးတော့ အသင်းတော်မှာရှိတဲ့ ဒီနှစ်တွေအားလုံးမှာ လောကမှာ ကျွန်မလုံးဝ မရခဲ့တဲ့အရာတွေကို ရခဲ့တယ်။ ဘဝမှာ ဘာကို လူတွေလိုက်စားသင့်တယ်ဆိုတာကို ကျွန်မ သိပြီး လောကမှာရှိတဲ့ အရာတွေအများကြီးကို တော်တော်ပိုပြီး နားလည်လာတယ်။ မယုံကြည်သူတွေဖြစ်တဲ့ လူငယ်တွေလိုမျိုး မကောင်းတဲ့ လောကီရေပန်းစားမှုတွေနောက်ကို ကျွန်မ မလိုက်ဘူး။ ဒါတွေက ကျောင်းမှာ ကျွန်မ မရနိုင်တဲ့ ကျွန်မ ရရှိခဲ့တဲ့တကယ့်အရာတွေပဲ။ ဒါပေမဲ့ ကျွန်မအဖေက ကျွန်မတာဝန်မှာ ကျွန်မရဲ့ အားစိုက်ထုတ်မှုနဲ့ပတ်သက်လို့ မကောင်းပြောစရာတွေ ရှိနေခဲ့တယ်။ ဒါက အပျက်သဘောဆောင်တာကို ဖြန့်နေတာမဟုတ်ဘူးလား။ ကျွန်မ ပြန်ပြောလိုက်တယ်။ “သမီးက နောင်တမရပါဘူး။ ကျောင်းမသွားဘဲ သမီးတာဝန်ကိုလုပ်နေတာ သုံးလေးနှစ်လောက်ရှိပြီ။ ဒါပေမဲ့ သမီး သမ္မာတရားတွေအများကြီး သင်ယူခဲ့ရပြီး အများကြီးရခဲ့တယ်။ ဒါကို စာအုပ်တွေထဲကနေ သမီး ဘယ်တော့မှ ရမှာမဟုတ်ဘူး။ အဖေပြောတာက သမ္မာတရားနဲ့ မညီဘူး” ဆိုပြီးတော့။ သူ ဒေါသထွက်လာတဲ့အခါ ကျွန်မ လန့်သွားတယ်။ ကျွန်မကို ထိုးတော့မလိုမျိုး ဒေါသနဲ့ သူ့လက်သီးကို တင်းတင်းဆုပ်ထားတယ်။ အဲဒီအခါမှာ ကျွန်မအဖေက ကျွန်မထင်သလိုမျိုးမဟုတ်ဘူးဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မက သူ့ရဲ့ အပြင်ပန်းကောင်းတဲ့လုပ်ရပ်တွေအပေါ် အခြေခံပြီး အမြဲတမ်း အကဲဖြတ်ခဲ့တာပါ။ သမ္မာတရားစည်းမျဉ်းတွေအပေါ် အခြေမခံခဲ့ဘူး။ ကျွန်မအဖေက ကျွန်မအပေါ် အရမ်းကြင်နာတယ်၊ ညီအစ်ကိုမောင်နှမတွေအပေါ် ချစ်ခင်တယ်၊ လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုပြီး ကျွန်မက အမြဲတမ်း မြင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ ကောင်းတဲ့အပြုအမူနောက်ကွယ်မှာ သူ့စိတ်နှလုံးထဲမှာ မကောင်းတဲ့ အရာတစ်ခုရှိနေတယ်။ သူဟာ ဘုရားသခင်နဲ့ ဘုရားအမှုတော်နဲ့ပတ်သက်ပြီး အယူအဆတွေအများကြီးရှိတယ်။ သူ့စကားတွေက စိတ်အေးချမ်းစေပြီး နားလည်ပေးတတ်တဲ့ပုံစံ၊ ကျွန်မတို့ ရွေးချယ်မှုတွေကို တွေးပေးတဲ့ပုံစံရှိပေမဲ့ သူက ဘုရားသခင်နဲ့ပတ်သက်တဲ့ အယူအဆတွေကို ဖြန့်နေတာ၊ လူတွေကို ဘုရားကို အထင်လွဲပြီး အပြစ်တင်အောင်လုပ်နေတာပဲ။ ဒါကို လက်ခံတာက ကျွန်မတို့ကို ဘုရားသခင်အပေါ် အယူအဆတွေ၊ အထင်လွဲတာတွေ ဖြစ်စေမှာ။ ဒါမှမဟုတ် ကျွန်မတို့တာဝန်ထမ်းဆောင်တာကို ရပ်ပြီး လောကီထဲကိုတောင် ပြန်သွားချင်လာစေမှာ။ ဒါက တကယ်ကို လမ်းမှားရောက်စေတာပဲ။
နောက်ပိုင်းမှာ သူ့အပြုအမူကို ရှင်းပြထားတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။...စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်”) “တိုးတက်မှုအတွက် မကြိုးပမ်းသောသူများသည် အခြားလူများကို သူတို့ကဲ့သို့ပင် အပျက်သဘောဆောင်ဖို့နှင့် ပျင်းရိဖို့ရန် အမြဲ ဆန္ဒရှိကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို မနာလိုကြပေ၊ ထို့အပြင် ယောင်ချာချာ ဖြစ်သောသူများနှင့် ထိုးထွင်းသိမြင်မှု မရှိသောသူများကို အမြဲ လှည့်ဖြားချင်ကြသည်။ ထိုသူများ ဖွင့်ပြောသော အရာများသည် သင်တို့ကို ဆုတ်ယုတ်သွားစေခြင်း၊ လျှောကျသွားစေခြင်း၊ ပုံမှန်မဟုတ်သော အနေအထားများ ဖြစ်ပေါ်စေခြင်းများ ဖြစ်စေနိုင်ပြီး မှောက်မိုက်ခြင်းနှင့် ပြည့်နေစေနိုင်သည်။ သူတို့က သင့်ကို ဘုရားသခင်နှင့် ဝေးသွားအောင် ပြုလုပ်ကာ၊ သူတို့က သင့်ကို ဇာတိပကတိအား မြတ်နိုးစေပြီး သင့်ကိုယ်သင် အလိုလိုက်စေသည်။ သမ္မာတရားကို မနှစ်သက်သောသူများ၊ ဘုရားသခင်ကို ဝတ်ကျေတမ်းကျေသာ အမြဲတမ်း ဆက်ဆံသော သူများသည် ကိုယ့်ကိုယ်ကိုယ်သိစိတ် မရှိသောသူများဖြစ်ပြီး၊ ထိုသူတို့၏ စိတ်သဘောထားများက အခြားသူများကို အပြစ်ကျူးလွန်ဖို့နှင့် ဘုရားသခင်ကို အာခံဖို့ရန် ဖြားယောင်းကြသည်။ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ အခြားသူများကိုလည်း လက်တွေ့လုပ်ဆောင် ခွင့်မပြုပေ။ သူတို့သည် အပြစ်တရားကို မြတ်နိုးပြီး မိမိတို့ကိုယ်ကိုယ် စက်ဆုပ်ခြင်း မရှိကြ။ သူတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြဘဲ၊ အခြားလူများကိုလည်း သူတို့ကိုယ်သူတို့ မသိအောင် ဟန့်တားသည်။ အခြားသူများကို သမ္မာတရားအား မတောင့်တရန် ဆီးတားလေသည်။ ထိုသူတို့ လှည့်ဖြားသောသူများသည် အလင်းကို မမြင်နိုင်ပေ- ၎င်းတို့သည် အမှောင်ထုထဲသို့ ကျသွားကြသည်၊ မိမိတို့ကိုယ်ကိုယ် မသိ၊ သမ္မာတရားကိုလည်း ရှင်းရှင်းလင်းလင်း မသိဘဲ၊ ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးသွားကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်”) ဒါကို တွေးဆကြည့်တော့ ညီအစ်ကိုမောင်နှမတွေကြားမှာ အယူအဆတွေနဲ့ အပျက်သဘောဆောင်တာတွေကို အမြဲတမ်း ဖြန့်နေတာဟာ ဆိုးယုတ်တဲ့ အနှစ်သာရရှိတယ်ဆိုတဲ့ သဘောဖြစ်မှန်း ကျွန်မ မြင်ခဲ့ပါတယ်။ အဲဒီလိုလူတွေဟာ စာတန်ရဲ့ လက်ပါးစေတွေအဖြစ် ပြုမူကြတယ်။ လူတွေကို နှောင့်ယှက်တယ်။ လှည့်စားပြီး၊ ဘုရားရှေ့မှောက်ကိုမလာအောင်လုပ်တယ်။ အဲဒီလိုမျိုးပြောတာ၊ တစ်ချိန်လုံး ပြောနေတာဟာ ဖောက်ပြန်ပျက်စီးမှု ယာယီအားနည်းမှုကို နည်းနည်း ပြတာသက်သက်တင်မဟုတ်ဘဲ ဒါဟာ အနှစ်သာရအားဖြင့် သူက သမ္မာတရားနဲ့ ဘုရားကို မုန်းတီးလို့ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ခုခုဖြစ်ပျက်တဲ့အခါမှာ သူက ဘုရားသခင်ကို လူတွေ အပြစ်တင်အောင်လုပ်ဖို့ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားနဲ့ ဆန့်ကျင်တဲ့ အမြင်တွေက ဖော်ပြတယ်။ သူက သမ္မာတရားကို လုံးဝ မလိုက်စားမှန်း ကျွန်မ မြင်ခဲ့ရပါတယ်။ သူ့အားထုတ်မှုအတွက် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးတွေကို မရတာကြောင့် မတရားခံရတယ်လို့ သူခံစားရတယ်။ ဘုရားသခင်ကိုတောင် မကျေမချမ်း ဖြစ်နေခဲ့တယ်။ သူ့ယုံကြည်ခြင်းကို သူမထိန်းသိမ်းထားချင်ဘူး။ သူများတွေကို ကိုယ့်ကိုယ်ကိုယ် ဘုရားနဲ့ဝေးကွာစေပြီး သူနဲ့အတူ ဘုရားသခင်ကို သစ္စာဖောက်ဖို့ သွေးဆောင်ချင်ခဲ့တယ်။ သူ့စကားလုံးတွေက စာတန်ရဲ့လှည့်ကွက်တွေနဲ့ ပြည့်နေပြီး အားလုံးက လူတွေကို သူတို့တာဝန်အပေါ်ရှိတဲ့ စိတ်တက်ကြွမှုကို ပျက်ပြားစေဖို့နဲ့ ဘုရားသခင်နဲ့ သူတို့ဆက်ဆံရေးကို ဖျက်ဆီးပစ်ဖို့ပဲ။ သူက နတ်ဆိုးနဲ့သက်ဆိုင်တဲ့ စာတန်ရဲ့ လက်ပါးစေသက်သက်ပါ။ သာမန်လူတစ်ယောက်က ဘယ်လောက်ပဲ စိတ်ဓာတ်ကျနေပါစေ အဲဒီလိုမျိုးမလုပ်ဘူး။ နတ်ဆိုးတစ်ကောင်ကပဲ ဘုရားသခင်အပေါ် ဒီလိုရန်လိုတာမျိုး ခံစားရမှာ။ ကျွန်မအဖေက တကယ်ကို ကြောက်ဖို့ကောင်းတယ်၊ လူကောင်းတစ်ယောက်မဟုတ်ဘဲ လူဆိုးဖြစ်တယ်လို့ ခံစားနေရတယ်။
နောက်ပိုင်းမှာ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” ဆိုတဲ့အထဲက တစ်ခုကို ကျွန်မ ဖတ်ခဲ့တယ်။ အပိုဒ် ၄။ ဘုရားသခင်က ပြောသည်- “သင့်အနေဖြင့် ဘုရားသခင်ကိုယုံကြည်သည့် နှစ်ကာလများ တစ်လျှောက်တွင် မည်သူ့ကိုမျှ ကျိန်ဆဲခဲ့ဖူးခြင်း၊ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ခဲ့ဖူးခြင်း မရှိသော်လည်း ခရစ်တော်နှင့် သင်၏ပေါင်းသင်းဆက်ဆံရာ၌ အမှန်တရားကို မပြောနိုင်၊ ရိုးသားစွာ မပြုမူနိုင်၊ သို့မဟုတ် ခရစ်တော်၏နှုတ်ကပတ်တော်ကို မနာခံနိုင်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) သူများကို ဘယ်လိုဆက်ဆံတယ်ဆိုတာကို ကြည့်ပြီး လူကောင်းတစ်ယောက်ဖြစ်တယ်၊ လူဆိုးတစ်ယောက်ဖြစ်တယ်လို့ ကျွန်မတို့ ပြောလို့မရဘူး၊ ဘုရားသခင်နဲ့ သမ္မာတရားအပေါ် သူတို့ရဲသဘောထားကို ကြည့်ပြီးတော့ပဲ ပြောနိုင်တယ်ဆိုတာ ဒါက ကျွန်မကို မြင်အောင် ကူညီပေးခဲ့တယ်။ သူတို့က ဘယ်လောက် သဘောကောင်းပါစေ၊ သူတို့အပေါ် လူတွေက ဘယ်လိုထင်ပါစေ သူတို့က အခြေခံအားဖြင့် သမ္မာတရားနဲ့ ဘုရားကို မုန်းတီးရင် ဘုရားသခင်ရဲ့ ရန်သူဖြစ်တဲ့ မကောင်းတဲ့လူပဲ။ ကျွန်မ အဖေကို ကြည့်လေ။ သူက အနစ်နာခံမှုတချို့လုပ်ပုံပေါ်တယ်။ ညီအစ်ကိုမောင်နှမတွေက တစ်ခုခုလိုအပ်တဲ့အခါမှာ သူက ရက်ရောတယ်။ လှူဒါန်းမှုတွေ လုပ်တယ်။ အသင်းသားတွေကို ဧည့်ခံဖို့ အားလုံးအကုန်အကျခံတယ်။ သဘောကောင်းပြီး ကြင်နာတတ်တဲ့သူနဲ့ တူတယ်။ ဒါပေမဲ့ အနှစ်သာရမှာတော့ သမ္မာတရားကို ရွံရှာမုန်းတီးတယ်။ ယုံကြည်သူတွေဖြစ်လာကတည်းက ကောင်းချီးကိုရှာဖို့သက်သက် ယုံကြည်ခြင်းရှိတဲ့ ကျွန်မတို့ရဲ့ မှားယွင်းတဲ့အမြင်တွေကို ဖော်ထုတ်ပြီး ဘုရားသခင်က သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် လူတွေကို သန့်စင်ကယ်တင်တယ်၊ သမ္မာတရားက ကျွန်မတို့ကို ထာဝရအသက်ပေးတယ်၊ ဒါကြောင့် ကျွန်မတို့ ယုံကြည်ခြင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားရဲ့ကယ်တင်တာခံရဖို့ သမ္မာတရားကို ကျွန်မတို့လိုက်စားသင့်တယ်လို့ပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ ဖတ်ခဲ့ကြတယ်။ အဲဒါကသာ တစ်ခုတည်းသော မှန်ကန်တဲ့ လိုက်စားအားထုတ်မှုပဲ။ ကျွန်မအဖေက သီအိုရီအရ ဒါတွေကို သိပြီး ဒီအကြောင်းတွေကို ပြောတယ်။ ဒါပေမဲ့ သူမကြိုက်တဲ့အရာ၊ သူ့ကို ကောင်းချီးမပေးတဲ့အရာကို ဘုရားသခင်က ပြင်ဆင်တဲ့အခါမှာ သူက ဆိုးလာတယ်။ ဘုရားသခင်အပေါ် အယူအဆတွေပြည့်လာပြီး ဘုရားကို ဝေဖန်တယ်။ မုန်းတောင် မုန်းတီးလာတယ်။ အဲဒီနှစ်တွေအားလုံးမှာ သူ့ကိုယ်သူ လုံးဝ မဆင်ခြင်ခဲ့ဘူး။ သမ္မာတရားကို မရှာဖွေခဲ့ဘူး။ ဘုရားသခင်ရဲ့အမှုတော်ကိုပဲ ဆက်ဝေဖန်နေပြီး သူ့အယူအဆတွေကို ဖြန့်နေခဲ့တယ်။ သူ့စကားတွေထဲက ရည်ရွယ်ချက်တွေက စာတန်ရဲ့လှည့်ကွက်တွေကို သယ်ဆောင်ပြီး လူတွေကို အပျက်သဘောဆောင်ပြီး အားနည်းလာစေတယ်။ ဒါ တော်တော်ကို အန္တရာယ်ရှိပါတယ်။ ဘုရားသခင်က လူတွေကို သူတို့အနှစ်သာရအပေါ်၊ ဘုရားသခင်နဲ့ သမ္မာတရားနဲ့ပတ်သက်တဲ့ သူတို့သဘောထားအပေါ်ကို အခြေခံပြီး ချင့်တွက်တယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မအဖေကို သူ့ရဲ့ အပြင်ပန်းတင်ပြချက်အပေါ် အခြေခံပြီး ချင့်တွက်နေခဲ့တာပါ။ ဒါကြောင့် ကျွန်မက သူ့ကို ထောက်ခံပေးချင်ခဲ့တယ်။ ကျွန်မက သမ္မာတရားကို နားမလည်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မရဲ့ ညွှန်ကြားချက်တွေအနေနဲ့ အသုံးမပြုခဲ့ဘူး။ တော်တော် မိုက်မဲခဲ့တာပါ။ အဲဒီအချိန်မှာ အသင်းတော်က ကျွန်မအဖေကို နှင်ထုတ်တာက သေချာပေါက်မှန်ကန်တယ်လို့ ခံစားမိတယ်။ ဒါကိုနားလည်သွားတော့ လွတ်လပ်သလို ခံစားရပြီး သူ့အတွက် စိတ်မကောင်းမဖြစ်တော့ဘူး။ သူက ဘုရားသခင်နဲ့ သမ္မာတရားကို မုန်းတီးတယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ အဲဒါက သူကိုယ်တိုင်ကြောင့် ဖြစ်တာပဲ။
သူ့အကြောင်းပိုပြီးတော့တောင် သိမြင်လာစေတဲ့ တခြားအကြောင်းအရာတစ်ခုဖြစ်သေးတယ်။ အရင်က ကျွန်မအဖေကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ အစ်မတစ်ယောက်က သူ့ရဲ့ခေါင်းဆောင်တာဝန်ကနေ ထုတ်ခံရတယ်လို့ ကျွန်မအဖေက ကြားတယ်။ သူက ဒီသတင်းနဲ့ ပျော်နေတာ။ သူ့မျက်လုံးက ကောက်ကျစ်တဲ့ပုံစံနဲ့ ဝင်းလက်နေပြီး အံကြိတ်ရင်းနဲ့ပြောတယ်။ “ငါ့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့တယ်ဆိုတာ မှတ်မိလား။ ငါက ငါ့တာဝန်မှာ ကိုယ်ကျင့်တရားမရှိဘူး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘူးလို့ မင်းပြောခဲ့တယ်။ အခုတော့ မင်းအလှည့်ပဲ” တဲ့။ သူ့မျက်လုံးမှာ တော်တော်ခက်ထန်တဲ့အကြည့်ရှိပြီး မျက်နှာက ကြောက်စရာပုံစံရှိတယ်။ သူ့မှာ ဘာစာနာမှုမှ မရှိသလိုမျိုးပဲ။ သူ ဝေဖန်ခံရတဲ့အချိန်မှာ သူက သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာမယူခဲ့ဘဲ သူ့မာနကို ထိခိုက်ခဲ့လို့ အဲဒီလူကို နှစ်ချီပြီး မုန်းတီးခဲ့တယ်။ ကျွန်မအဖေက အနှစ်သာရအရ သမ္မာတရားကို မုန်းတီးတဲ့ မကောင်းတဲ့သူတစ်ယောက်ဖြစ်မှန်း ဒီအချက်က ကျွန်မကို ထပ်ပြီး သက်သေပြခဲ့တယ်။ သူ့ရဲ့ သရုပ်မှန်ကို သူပြသခဲ့တယ်။ ဒါတွေအားလုံးကို အခြေခံလိုက်တော့၊ သူ့ကို ထုတ်ပယ်တာက မှန်ကန်တဲ့လုပ်ရပ်ပါ။
တစ်ယောက်ယောက်က မှားပြီး ထုတ်ခံရသလား၊ အမှန်တကယ် နောင်တရသလားဆိုတာကို စစ်ဆေးကြည့်ရှုဖို့အတွက် ဘုရားအိမ်တော်က အသင်းတော်တွေအပေါ် စီစဉ်ပါတယ်။ နောက်တော့ အသင်းတော်က စည်းမျဉ်းတွေကို အခြေခံပြီး သူတို့ကို အရင်ရာထူးပြန်ပေးဖို့ စဉ်းစားပေးနိုင်တယ်။ အရင်ခေါင်းဆောင်တွေက ပြောင်းရွှေ့သွားပြီးတော့ အသစ်တွေက ကျွန်မတို့မိသားစုအခြေအနေကို မသိကြဘူး။ သူများတွေကို ဧည့်ခံဖို့ ကျွန်မအဖေရဲ့ စိတ်ထက်သန်မှုနဲ့ ဆန္ဒရှိမှုတွေ၊ သူက ညီအစ်ကိုမောင်နှမတွေကို အလုပ်ကူရှာပေးတာတွေ၊ တော်တော်ဂရုစိုက်တတ်တာတွေ၊ အနစ်နာခံမှု တချို့လုပ်ခဲ့တာတွေကို သူတို့က မြင်ကြတယ်။ သူက မှားပြီး အကြဉ်ခံခဲ့ရတာဖြစ်နိုင်တယ်လို့ သူတို့က ထင်ကြပြီး သူ့ကို ပြန်ခေါ်ချင်ကြတယ်။ တော်တော်ထူးဆန်းတယ်လို့ ကျွန်မ မြင်မိတယ်။ ဘာကြောင့်လဲဆိုရင် သူ့ကို ထုတ်လိုက်တာက စည်းမျဉ်းတွေနဲ့ လုံးဝ ကိုက်ညီတယ်၊ အမှားတစ်ခုမဟုတ်မှန်း ကျွန်မ နှလုံးသားထဲကနေ သိနေတယ်လေ။ ကျွန်မ ချက်ချင်းပြောလိုက်တယ်။ “ကျွန်မအဖေကို ပြန်ဝင်ခွင့်ပြုလို့ မဖြစ်ဘူး” ပေါ့။ ကျွန်မအဖေအကြောင်းကို မသိဘဲနဲ့ သူက လူတွေက နောင်တရဖို့ အခွင့်အရေးတွေ လိုအပ်ပုံနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့တယ်။ အစတော့ သူ့ရဲ့ အပြုအမူတချို့ကို ကျွန်မပြောချင်ခဲ့ပေမဲ့ ကျွန်မ တွန့်ဆုတ်သွားပြီး ဘာမှမပြောခဲ့ဘူး။ သူက ဒီနှစ်တွေအားလုံးမှာ ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ ကျွန်မအဖေပဲလို့ စဉ်းစားနေခဲ့တာ။ သူ့ကို ပြန်လက်ခံဖို့ ကျွန်မ တားနေမှန်း သူသိခဲ့ရင်၊ သူ တော်တော်ခံစားရပြီး ကျွန်မကို အရမ်းစိတ်ဆိုးမှာပဲ လို့ပေါ့။ အဲဒီလိုအတွေးနဲ့ ကျွန်မ ပါးစပ်ပိတ်နေခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင် ထွက်သွားပြီးတဲ့နောက်မှာ ကျွန်မ တော်တော် အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ဒီအကြောင်းကို ကျွန်မအမေနဲ့ ကျွန်မပဲ သိတာ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ထုတ်မပြောတာက အသင်းတော်အလုပ်ကို မကာကွယ်နိုင်တာပဲ။ အဲဒီညမှာ ကျွန်မ ဟိုလှည့်ဒီလှည့်လုပ်နေရင်းနဲ့ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” ဆိုတဲ့အထဲက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို စဉ်းစားမိတယ်။ “ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် တစ်တန်းတစ်စားတည်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မ ဒီအကြောင်းကို စဉ်းစားကြည့်တော့ စိတ်ပျက်မိတယ်။ ကျွန်မအဖေက သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို အာခံတယ်၊ အနှစ်သာရအနေနဲ့ သူက ဆိုးယုတ်မှန်း ကျွန်မ ကောင်းကောင်းသိခဲ့တယ်။ လူတွေကို လက်ခံခြင်းနဲ့ ပတ်သက်တဲ့ အသင်းတော်စည်းမျဉ်းတွေနဲ့ သူ မကိုက်ညီဘူး။ ဒါပေမဲ့ ကျွန်မက သူ့ကို ကာပေးချင်တုန်းပဲ။ သူ့ရဲ့ ဆိုးယုတ်တဲ့ အပြုအမူကို ကျွန်မ မဖော်ထုတ်ခဲ့ဘူး။ ကျွန်မက အရမ်းစိတ်ခံစားချက်ပြင်းလွန်းနေတယ်။ “အရေးကြီးတော့ သွေးနီးသည်”၊ “လူသားသည် သက်မဲ့မဟုတ်ပါ။ သူသည် စိတ်ခံစားမှုများနှင့် မည်သို့ကင်းနိုင်မည်နည်း” ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးတာကို ကျွန်မခံခဲ့ရတာပါ။ သူက ကျွန်မအဖေဖြစ်တာကြောင့် ကျွန်မ အရမ်းကြမ်းလို့မဖြစ်ဘဲ သဘောကောင်းပေးရမယ်လို့ ထင်ခဲ့တယ်။ ကျွန်မအဖေက သူ့ပြဿနာတွေအကြောင်းကို ကျွန်မပြောခဲ့တာကို သိရင် ကျွန်မကို မုန်းမှာ၊ ကျွန်မကို ကျေးဇူးမသိတတ်ဘူးလို့ပြောပြီး ကျွန်မကို ပျိုးထောင်ခဲ့တာအလကားပဲလို့ပြောမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အမှုအရာတွေကို မကြည့်ခဲ့ဘဲ ကျွန်မရဲ့ ခံစားချက်တွေကြောင့် အသင်းတော်ရဲ့အလုပ်အစား ကျွန်မအဖေကို ကာကွယ်နေခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်နေတာပါ။ ကျွန်မအဖေက မကောင်းမှုပြုသူဖြစ်မှန်း ကျွန်မသိခဲ့ပါတယ်။ ပြီးတော့ အသင်းတော်ကို သူပြန်လာရင် အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး သူများတွေရဲ့ အသက်ဝင်ရောက်မှုကို တားဆီးမှာပါပဲ။ ဒါဆိုရင် ကျွန်မက မကောင်းမှုပြုသူကို ကူညီပေးတဲ့သူ ဖြစ်မသွားဘူးလား။ ကျွန်မရဲ့ စိတ်ခံစားချက်တွေနဲ့ ရှင်သန်နေရင်းနဲ့ အမှား၊အမှန်ကိုမသိတော့သလို၊ ကျွန်မရဲ့ စည်းမျဉ်းတွေကို မမြင်တော့ဘူး။ ကျွန်မ ခံစားရတာ ပိုပိုဆိုးလာတယ်။
နောက်ပိုင်းမှာ ကျွန်မ ဖတ်ခဲ့တဲ့ စာပိုဒ်တစ်ခုရှိတယ်။ “လူတို့သည် အခြားသူများကို အဘယ်အခြေခံသဘောတရားဖြင့် ဆက်ဆံဖို့ ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုထားသနည်း။ ဘုရားသခင် ချစ်သည့်အရာကို ချစ်ပြီး ဘုရားသခင် မုန်းသည့်အရာကို မုန်းလော့။ ဤသည်မှာ လိုက်နာစောင့်ထိန်းသင့်သည့် အခြေခံသဘောတရားဖြစ်သည်။ သမ္မာတရား လိုက်စားပြီး သူ၏အလိုတော်ကို နာခံနိုင်သည့်သူများကို ဘုရားသခင်ချစ်သည်။ ငါတို့ချစ်သင့်သည့် လူများလည်း ရှိသည်။ ဘုရားသခင်၏အလိုတော်ကို မနာခံနိုင်သည့်၊ ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်ပုန်ကန်သည့်သူများ— ဤလူများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသကဲ့သို့၊ ငါတို့သည်လည်း ၎င်းတို့ကို စက်ဆုပ်ရွံရှာသင့်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည့်အရာဖြစ်သည်။ သင့်မိဘများသည် ဘုရားသခင်ကို မယုံကြည်ပါက၊ ၎င်းတို့သည် ဘုရားသခင်ကို မုန်းတီးသကဲ့သို့၊ ဘုရားသခင်ကလည်း ၎င်းတို့ကို အလိုအလျောက် စက်ဆုပ်ရွံရှာပေသည်။ ထိုသို့သော မိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ အချို့သောလူများသည် ဘုရားသခင်ကို ဆန့်ကျင်တတ်သကဲ့သို့ ပုတ်ခတ်ဝေဖန်တတ်သည်— ဤသို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ကျိန်ခြင်းကို ဧကန်မုချခံရပေသည်။ သင်ရော ၎င်းတို့ကို စက်ဆုပ်ရွံရှာပြီး ကျိန်နိုင်သလော။ ဤအရာအားလုံးသည် စစ်မှန်သော မေးခွန်းများဖြစ်သည်။ သင်၏မိဘများက ဘုရားသခင်ကို ယုံကြည်ခြင်းမှ သင့်အား ဟန့်တားပါက၊ သင်သည် ၎င်းတို့ကို အဘယ်သို့ဆက်ဆံမည်နည်း။ ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုထားသကဲ့သို့ပင်၊ ဘုရားသခင် ချစ်သည့်အရာကို သင်ချစ်ပြီး ဘုရားသခင်မုန်းတီးသည့်အရာကို သင်မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ ‘ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။...ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။’ (ရှင်မဿဲခရစ်ဝင် ၁၂:၄၈၊၅၀) ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ဆီလျော်နေသည်။ ‘ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။’ ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ် အဓိပ္ပာယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) ကျွန်မအဖေအပေါ်ကို အသုံးပြုဖို့ လိုအပ်တဲ့ စည်းမျဉ်းတွေကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပေးခဲ့ပါတယ်။ သူက ကျွန်မအဖေဖြစ်ပေမဲ့ အနှစ်သာရအနေနဲ့ သူဟာ ဆိုးယုတ်သူဖြစ်တယ်။ သူဟာ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ရဲ့ ရန်သူဖြစ်ပါတယ်။ ကျွန်မက စိတ်ခံစားချက်နဲ့ ချစ်ခင်မှုအတိုင်းသွားရင် ဘုရားသခင်ကို ဆန့်ကျင်ပ မကောင်းမှုနဲ့အတူ ရပ်တည်နေမိမှာပါ။ ဘုရားသခင်က အဲဒီလိုလူမျိုးတွေကို မုန်းပြီး စက်ဆုပ်ရွံရှာတယ်။ မကောင်းတဲ့သူတွေကို သူ မကယ်တင်ဘူး။ သူ့အပေါ် ကျွန်မရဲ့ ချစ်ခြင်းကိုပဲ ထည့်တွက်စဉ်းစားတာဟာ ညီအစ်ကို မောင်နှမတွေအပေါ် ရက်စက်ရာကျမှာ၊ ဘုရားအိမ်တော်ကို ထိခိုက်ပြီး ဘုရားကို ဆန့်ကျင်ရာကျမှာပဲ။
ဒီအပေါ်မှာ ကျွန်မအမေနဲ့ ကျွန်မတို့ မိတ်သဟာယပြုခဲ့ပြီး ဒါဟာ ဘုရားသခင်က ကျွန်မတို့ကို စမ်းသပ်နေတာ၊ သမ္မာတရားကို ကျွန်မတို့ လက်တွေ့လုပ်ဆောင်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းရမယ်လို့ ကျွန်မတို့ နှစ်ယောက်လုံး ခံစားခဲ့ရတယ်။ ကျွန်မတို့က အဖေ့ကို ကာကွယ်ပြီး သူ့ရဲ့ မကောင်းတဲ့ အပြုအမူကို ဖွင့်မချခဲ့ရင် သူ့ရဲ့မကောင်းမှုထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေမှာပဲ။ ကျွန်မတို့လည်း ဘုရားသခင်ရဲ့ ကျိန်ဆဲခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရမှာပဲ။ ကျွန်မအဖေက အရင်ရာထူးပြန်မရသေးဘူး။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မတို့ဆီ လာလည်တဲ့အခါ သူတို့အတွက် အနှောင့်အယှက်ဖြစ်စေတဲ့ မကောင်းတဲ့အရာတွေကို ပြောတုန်းပဲ။ သူ တကယ်ပြန်လာခဲ့ရင် သူနဲ့ ထိတွေ့ဆက်ဆံတဲ့ ဘယ်အဖွဲ့မဆို ထိခိုက်မှာပဲ။ သူနဲ့ထိတွေ့ဆက်ဆံတဲ့ ဘယ်အသင်းတော်မဆို နစ်နာသူတွေနဲ့ ပြည့်နေတဲ့ အသင်းတော်တစ်ခုဖြစ်မှာပဲ။ ကျွန်မရဲ့ အသိစိတ်ကို လျစ်လျူရှုပြီး ဆက်ငြိမ်နေခဲ့ရင် ညီအစ်ကိုမောင်နှမတွေကို ထိခိုက်မှာဖြစ်ပြီး၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို တိတ်တဆိတ် တမင်ဖျက်ဆီးမိမှာပဲ။ ကျွန်မ ပိုကြောက်လာပြီးတော့ ဒီအရေးကြီးတဲ့ အခိုက်အတန့်မှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကိုကာကွယ်တာ၊ မကောင်းမှုနောက်ကိုလိုက်တာဟာ ကျွန်မအဖေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးနဲ့မပတ်သက်ဘဲ ကောင်းမှုနဲ့ မကောင်းမှုကြားက တိုက်ပွဲတစ်ခုဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွား၊ အသင်းတော်ရဲ့အလုပ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ဆိုင်တယ်။ ခေါင်းဆောင်က ကျွန်မအဖေကို မသိဘူး။ အပြင်ပန်းမှာ သူမြင်ခဲ့တဲ့အရာကြောင့် နောက်ထပ်အခွင့်အရေးရသင့်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့က သူ့အကြောင်းသိခဲ့တယ်။ ဒါကြောင့် ကျွန်မတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားရမယ်။ သူ့ရဲ့ မကောင်းတဲ့အပြုအမူအားလုံးကို ခေါင်းဆောင်ကို ပြောပြရမယ်။ နောက်ပိုင်းမှာ စုဝေးပွဲတစ်ခုအတွက် ကျွန်မတို့အိမ်ကို သူလာတဲ့အခါမှာ ကျွန်မအမေနဲ့ ကျွန်မက ကျွန်မအဖေရဲ့ အပြုအမူတွေအကြောင်း ဖွင့်ပြောခဲ့ပြီး အဆုံးမှာတော့ သူ့ကို ပြန်မဖိတ်ခေါ်ခဲ့ဘူး။ ဒါကို လက်တွေ့လုပ်ဆောင်တဲ့အခါမှာ ကျွန်မ တကယ်ကို စိတ်အေးချမ်းသွားသလို ခံစားခဲ့ရတယ်။
အစကတော့ ကျွန်မအဖေရဲ့ အပေါ်ယံအပြုအမူတွေရဲ့ အယုံသွင်းတာကို ခံရပြီး ဘာသိမြင်မှုမှ မရှိခဲ့ဘူး။ ကောင်းသူ၊ ဆိုးသူကို ခွဲခြားမပြောနိုင်ခဲ့ဘူး။ ကျွန်မအဖေ နှင်ထုတ်ခံရတာကနေတစ်ဆင့် သမ္မာတရားတချို့ကို ကျွန်မ သင်ယူရရှိခဲ့ပြီး သိမြင်မှုတချို့ကို ရခဲ့တယ်။ ကျွန်မအဖေရဲ့ မကောင်းမှု အမှန်တရားကို မြင်ခဲ့ပါတယ်။ စိတ်ခံစားမှုကို ကျော်လွှားနိုင်ခဲ့ပြီး သမ္မာတရားစည်းမျဉ်းတွေကို အခြေခံပြီး သူ့ကို ဆက်ဆံခဲ့ပါတယ်။ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကွယ်ကာခြင်းနဲ့ ကယ်တင်ခြင်းပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ တကယ်ကျေးဇူးတင်တယ်။