၇၄။ သူတစ်ပါးတို့၏ အကူအညီနှင့် အကြံဉာဏ်ကို ကိုင်တွယ်ရန်နည်းလမ်း

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ စနေနေ့၊ နေသာတယ်၊

အချိန်က အမြန်ကုန်သွားတယ်။ ကျွန်မ ဗီဒီယိုအလုပ် ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်လာတာ နှစ်လရှိသွားပြီ။ သတိတောင် မထားမိခဲ့ဘူး။ အခုရက်ပိုင်းမှာ ကျွန်မ အများကြီးရလိုက်သလို ခံစားမိတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ဖြေရှင်းတဲ့နေရာမှာ ဖြစ်စေ အလုပ်ပြဿနာတွေကို မိတ်သဟာယဖွဲ့တာဖြစ်စေ ကျွန်မက ပိုပိုပြီး သက်သောင့်သက်သာရှိသလို ခံစားရတယ်။ ကျွန်မက အစွမ်းအစနည်းနည်းရှိပြီး ဒီအလုပ်ကို ကျွန်မလုပ်နိုင်တဲ့ပုံစံရှိတယ်။ အော်၊ ဒါနဲ့ မနက်ဖြန်က နှစ်သစ်ကူးနေ့ဆိုတော့ လီရန်က ကိစ္စတစ်ခုကို ကိုင်တွယ်ဖို့အတွက် အိမ်ကို သုံးလေးရက်ကြာ ပြန်သွားခဲ့ရတယ်။ သူက ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်တာကြာလှပြီ၊ ကျွန်မကို အမြဲတမ်း ကူညီနေကျပဲ။ ဒါပေမဲ့ ကျွန်မက အခုဆိုရင် လေ့ကျင့်လာတာ သုံးလေးလရှိပြီဆိုတော့ ကျွန်မနားမှာ သူမရှိဘဲနဲ့တောင် အလုပ်ကို စီစဉ်နိုင်တယ်လို့ ခံစားရတယ်။ အခုရက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေလုပ်နေတဲ့ ဗီဒီယိုတွေက စံမမီဘဲ သူတို့တွေက အပျက်သဘောဆောင်လာကြတယ်။ ကျွန်မက သူတို့ဆီကို စာနဲ့အမြန်ဆုံး မိတ်သဟာယဖွဲ့ဖို့လိုပြီ။ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို သူတို့နားလည်ပြီး သူတို့ရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေတွေကို လွတ်မြောက်နိုင်ဖို့ ကျွန်မ မျှော်လင့်မိတယ်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့၊ တနင်္လာနေ့၊ တိမ်ကင်းစင်ရာမှ တိမ်ထူထပ်၊

ဒီနေ့ ညီအစ်ကိုမောင်နှမတချို့ဆီကနေ ကျွန်မ စာတွေရတယ်။ ကျွန်မတို့ မိတ်သဟာယက သူတို့တွေကို တကယ်ကို ကူညီပေးခဲ့တယ်၊ နောင်မှာ သူတို့ကျွမ်းကျင်မှုတွေကို တိုးတက်အောင်လုပ်ပြီး သူတို့တာဝန်ကို ကောင်းကောင်းလုပ်ချင်စိတ်ရှိတယ်ဆိုပြီး ပြောထားတယ်။ ဒီစာတွေကို ဖတ်ရတော့ ကျွန်မ အရမ်းပျော်ပြီး “တွေ့လား၊ တကယ့်ပြဿနာတချို့ကို ငါ တကယ်ဖြေရှင်းနိုင်တယ်” ဆိုပြီး တွေးမိတယ်။ ပြီးတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခဲ့တယ်။ လီရန်က ဒီညနေ ပြန်ရောက်လာတယ်။ ပြီးခဲ့တဲ့ သုံးလေးရက်မှာ အလုပ်က ဘယ်လိုအခြေအနေရှိနေလဲဆိုတာကို သူက ကျွန်မကို မေးပြီး သတိပေးတယ်။ “လူတိုင်းရဲ့ အခြေအနေတွေကို ဖြေရှင်းတာသက်သက်က မလုံလောက်ဘူး။ နည်းစနစ်တွေ၊ စည်းမျဉ်းတွေကိုလည်း သူတို့ကို မိတ်သဟာယဖွဲ့ပေးဖို့လိုတယ်။ မဟုတ်ရင် အရည်အသွေးကောင်းတဲ့ ဗီဒီယိုတွေကို လုပ်နိုင်မှာမဟုတ်ဘူး” တဲ့။ ကျွန်မက သူပြောတာကို သဘောတူသလိုလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဘဝင်မကျဘဲ မကျေမနပ်ဖြစ်တဲ့လေသံကြောင့် ကျွန်မ ကသိကအောက် ဖြစ်သွားတယ်။ “ကောင်းတဲ့အရာတစ်ခုကို ကျွန်မ အခုပဲလုပ်ခဲ့တာကို ရှင်မမြင်ဘူးလား။ ဒီအမှားလေးကို ဘာကြောင့် မဲနေတာလဲ” ပေါ့။ သူက “လူတွေရဲ့ အခြေအနေတွေကိုပဲ ဖြေရှင်းပြီး ထားလိုက်လို့မရဘူး” လို့ ပြောတာကို ကျွန်မ သုံးလေးခေါက်ကြားရပြီးနောက်မှာ ဒီလိုလုပ်လိုက်တာက ကျွန်မကပဲ တော်တော်ဉာဏ်ရည်နိမ့်နေသလိုမျိုးပဲ ပေါ့။ “ကျွန်မလည်း ကိစ္စတွေကို သေချာစဉ်းစားပြီး လုပ်တာပါ။ ရှင်က မတွေးမိလိုက်တဲ့ အချိန်ခဏမှာ လုပ်မိတဲ့ အမှားတစ်ခုကို ထောက်ပြနေတာပဲ။ ကျွန်မ အဆိုးမြင်ခံရအောင်လုပ်ဖို့များ ရှင်ကြိုးစားနေတာလား။ ပြီးခဲ့တဲ့ သုံးလေးရက်မှာ ကျွန်မလုပ်ခဲ့တဲ့အလုပ်က တန်ဖိုးမရှိနေသလိုပဲ” ပေါ့။ လီရန်က ကျွန်မအလုပ်က ပြဿနာတွေကို အနှစ်ချုပ်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်မက ဆက်ပြီး နားထောင်မနေချင်ဘူး။ သူ့ကို ပက်ကနဲ ပြန်ပြောလိုက်တယ်။ “အင်း ရှင်က အကြံဉာဏ်တွေ တအားပြည့်နေရင် ဒါကို တိတိကျကျ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မကို တဲ့တိုးပဲ ပြောပြလိုက်ပါလား” ပေါ့။ လီရန်က ခဏ ကြက်သေသေသွားပြီး အခြေအနေက အနေရခက်သလိုဖြစ်သွားတယ်။ ကျွန်မက ဒီလိုပြောလိုက်ပြီး သူ့ကို အရှက်ရအောင်လုပ်လိုက်မိတာကို သဘောပေါက်သွားတယ်။ အဲဒါနဲ့ ဘုရားကို ကျွန်မ တိတ်တဆိတ်ဆုတောင်းပြီး ကျွန်မကို စိတ်တည်ငြိမ်စေပြီး ကျွန်မရဲ့ စိတ်ခံစားချက်အတိုင်း မလုပ်မိအောင် ကူညီပေးပါလို့ ဆုတောင်းလိုက်တယ်။ ကျွန်မတို့ ဆွေးနွေးတာ အဆုံးသတ်သွားတော့ ကျွန်မ တွေးမိတယ်။ “လီရန်က သူပြောတာ မမှားဘူး။ ဒါပေမဲ့ ငါက ဒါကိုကြားတော့ လက်မခံချင်သေးဘူး။ ဒါက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ညွှန်ပြတာပဲ။ ဒါပေမဲ့ ငါက ဒါကို ဘယ်လို ဖြေရှင်းရမလဲ” ပေါ့။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၅ရက်နေ့၊ ကြာသာပတေးနေ့၊ တိမ်ထူထပ်၊

ဒီနေ့ ကျွန်မအခြေအနေက အခုတစ်လော ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို လီရန်က မေးတယ်။ ကျွန်မက “ကောင်းပါတယ်။ နည်းနည်းအားနည်းပြီး အိပ်ချင်နေတာပဲရှိတာပါ” လို့ ပြောလိုက်တယ်။ ကျွန်မက ဒီလိုပြောလိုက်တာနဲ့ တစ်ပြိုင်နက် သူက “ဘာလို့ အိပ်ချင်နေတာလဲ။ ရှင့်တာဝန်အပေါ် ရှင့်သဘောထားကို ပြန်သုံးသပ်ဖို့ မလိုဘူးလား။ ရှင့်အခြေအနေက ကောင်းတယ်လို့ ရှင်ပြောတယ်။ ဒါပေမဲ့ ရှင့်အခြေအနေက ပုံမှန်ဆိုရင် ရှင်တာဝန်ယူရတဲ့အလုပ်က ဘာလို့ ဘာရလဒ်မှမရနေတာလဲ။ ရှင့်ရဲ့ နောက်ဆုံးဗီဒီယိုကလည်း ထွက်မလာသေးဘူး။ ဒါဆို ရှင့်အချိန်တွေအကုန်လုံးကို ဘယ်မှာအသုံးချနေတာလဲ” ဆိုပြီး ပြန်ပြောတယ်။ နောက်တော့ လီရန်က သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တဲ့ သူကိုယ်တိုင်ရဲ့ အတွေ့အကြုံကို သုံးရင်း ကျွန်မကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ကျွန်မက မတရားခံရသလို ခံစားမိပြီး ပြန်ပြောချင်တာတွေ အများကြီးရှိခဲ့တယ်။ “ကျွန်မက ဝတ်ကျေတမ်းကျေလုပ်နေတာလား။ မဟုတ်ပါဘူး။ ကျွန်မက ဝတ်ကျေတမ်းကျေလုပ်တတ်တဲ့ ကိုယ့်အပြုအမူကို သတိပြုမိပြီးလို့ စပြီးတောင် ပြုပြင်နေပြီ။ ဒီတော့ ကျွန်မက အဲဒီလိုပြုမူနေတဲ့လို့ ရှင်က ဘာလို့ထင်နေသေးတာလဲ။ ရလဒ်တွေမရတဲ့ အကြောင်းရင်းက ကျွန်မရဲ့တာဝန်တွေကို အာရုံမစိုက်တာကြောင့်မဟုတ်ဘူး။ ကိုယ်လုပ်နေတဲ့ဟာက အရေးတကြီးဖြစ်တယ်ဆိုတဲ့စိတ်ကို ထားထားတဲ့အပြင် သုတေသနလုပ်တဲ့ အဆင့်ကို ကျော်လိုက်လို့ရတာမျိုးလည်းမဟုတ်ဘူးလေ။ ဟုတ်လား။ ရှင်က ကျွန်မပြဿနာတွေကို မဲနေပြီး ပုံကြီးချဲ့နေတယ်။ ကျွန်မ တိုးတက်မှုကိုဘာလို့မမြင်တာလဲ။ ကျွန်မကို လုံးဝ ပြည့်စုံနေဖို့ မျှော်လင့်တာလား” ပေါ့။ လီရန်က မိတ်သဟာယပြုပြီးသွားတော့ ရှာရှာကလည်း သူက ဝတ်ကျေတမ်းကျေလုပ်ပြီး သူ့တာဝန်တွေမှာ ဝန်တာထားတဲ့စိတ် မရှိတဲ့အကြောင်းကို ပြောတယ်။ အမှန်ကတော့ သူပြောတဲ့ အပြုအမူတချို့ကို ကျွန်မ ပြခဲ့တယ်။ ဒါပေမဲ့ ဒါကို ကျွန်မ ဝန်မခံချင်ဘဲ ပြန်ပြောလိုက်တယ်။ “ကျွန်မက ကျွန်မတာဝန်ကို အခုရက်ပိုင်းမှာ တော်တော်ကောင်းကောင်းလုပ်နေတယ်လို့ ထင်တယ်။ ရှင်ပြောသလို ကျွန်မတာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်နေတာကို ကျွန်မ သတိမထားမိဘူး။ ဒါပေမဲ့ ကျွန်မ ဆုတောင်းပြီး ပြန်သုံးသပ်လိုက်ပါမယ်။ ဟုတ်ပြီလား” ပေါ့။ ကျွန်မစိတ်နှလုံးမှာ အရမ်းကို အတိုက်အခံဖြစ်နေတယ်။ ဒီအခြေအနေက တော်တော်ဆိုးတယ်ဆိုတာကို ကျွန်မ သဘောပေါက်လိုက်ပါတယ်။ အဲဒါနဲ့ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင် သမီးရဲ့ စိတ်နှလုံးကို စောင့်ရှောက်တော်မူပါ။ ဘယ်သူပဲဖြစ်ပါစေ သမ္မာတရားနဲ့အညီ ပြောသရွေ့ သမီးနားထောင်သင့်ပါတယ်။ ညီအစ်မတွေရဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်မှုအပေါ် အတိုက်အခံမဖြစ်ချင်တော့ပါဘူး” လို့ပေါ့။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၆ရက်နေ့၊ သောကြာနေ့၊ တိမ်ထူရာမှ နေသာ၊

မနေ့ညက ကျွန်မ ထုတ်ဖော်ခဲ့တဲ့ စိတ်အခြေအနေအကြောင်းစဉ်းစားတဲ့အခါမှာ ကျွန်မစိတ်နှလုံးက လေးလံတုန်းပဲ။ “ငါဘာကြောင့်အရမ်းကို တဇောက်ကန်းဖြစ်နေရတာလဲ။ သူများတွေက ငါ့ပြဿနာတွေကို ထောက်ပြတာကို ငါဘာကြောင့်မခံနိုင်ရတာလဲ။ ဒါက ဘယ်လိုစိတ်သဘောထားမျိုးလဲ။ တစ်ယောက်ယောက်က ငါ့အကြောင်းတစ်ခုခုကို ပြောတဲ့အခါတိုင်းမှာ ငါက ဒေါသတွေ ထိန်းမနိုင်သိမ်းမရ ထွက်လာတယ်။ ဒီလိုမျိုးနဲ့ ငါ့တာဝန်ကို ဘယ်လိုထမ်းဆောင်နိုင်မှာလဲ၊ ဒါမှမဟုတ် သူများတွေနဲ့ ဘယ်လိုပူးတွဲလုပ်နိုင်မှာလဲ” ပေါ့။ ဒီမနက်မှာ ပြုပြင်ခြင်းအား ကိုင်တွယ်ရန်နည်းလမ်းလို့ ခေါင်းစဉ်တပ်ထားတဲ့ အတွေ့အကြုံနဲ့ဆိုင်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့ပါတယ်။ အဲဒီထဲမှာ ကျွန်မကို တကယ်တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရသောအခါ သူလုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ သူ၏ စိတ်နှလုံးအတွင်းထဲတွင် အတိုက်အခံဖြစ်ပြီး ငြင်းပယ်ခြင်းဖြစ်သည်။ သူသည် တွန်းလှန်တိုက်ခိုက်၏။ အဘယ်ကြောင့်နည်း။ ဤသည်မှာ အန္တိခရစ်များသည် ၎င်းတို့၏ တကယ့်သဘာဝအနှစ်သာရအရ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသောကြောင့်၊ သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်ဖြစ်သည်။ အလိုအလျောက်ပင် အန္တိခရစ်၏ အနှစ်သာရနှင့် စိတ်သဘောထားက ၎င်းတို့ကိုယ်တိုင်၏ အမှားများကို ၎င်းတို့အသိအမှတ် မပြုအောင်၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့အသိအမှတ် မပြုအောင် ပိတ်ပင်တားဆီးထားသည်။ ဤနှစ်ချက်ကို အခြေခံလျှင် ပြုပြင်ခံရခြင်အပေါ် အန္တိခရစ်၏ သဘောထားသည် ယင်းကို အပြည့်အဝ၊ လုံးလုံး ငြင်းပယ်ခြင်းနှင့် အာခံခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ယင်းကို ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ မုန်းတီးပြီး အတိုက်အခံပြုသည်။ အမှန်တကယ် ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် နောင်တရခြင်းတို့ ရှိဖို့ မဆိုထားနှင့်၊ လက်ခံခြင်း၊ သို့မဟုတ် နာခံခြင်းအရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရသောအခါ ယင်းကို မည်သူကလုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အမှုကိစ္စအတွက် ၎င်းတို့ကို အပြစ်တင်သည့် ပမာဏက မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အမှားက မည်မျှ ပေါ်လွင်သည်ဖြစ်စေ၊ ဆိုးယုတ်မှု မည်မျှကို ၎င်းတို့ကျူးလွန်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆိုးယုတ်မှုက အသင်းတော်၏ အလုပ်အတွက် မည်သည့်အကျိုးဆက်များကို ဖန်တီးသည်ဖြစ်စေ အန္တိခရစ်သည် ဤအရာတစ်ခုတစ်လေကိုမျှ ထည့်မစဉ်းစားပေ။ အန္တိခရစ်တစ်ဦးအဖို့၊ သူ့ကို ပြုပြင်နေသူသည် သူတစ်ဦးတည်းကိုသာ ပြောဆိုနေခြင်း၊ သို့မဟုတ် သူ့ကို နှိပ်စက်ရန် အမှားများကို ရှာနေခြင်းဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့သည် အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရသည်၊ လူသားတစ်ဦးအနေဖြင့် ဆက်ဆံခံရခြင်းမရှိသကဲ့သို့၊ သိမ်ငယ်အောင်ပြုလုပ်ခံရပြီး အထင်သေးခံရသည်ဟူ၍ပင် တွေးထင်နိုင်သည်။ အန္တိခရစ်များသည် ပြုပြင်ခံရပြီး နောက်တွင် ၎င်းတို့ အမှန်တကယ် မှားယွင်းစွာ လုပ်ဆောင်ခဲ့သည်မှာ မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ဖွင့်ပြခဲ့သည်ကိုလည်းကောင်း၊ ၎င်းတို့ လိုက်နာသင့်သည့် စည်းမျဉ်းများကို ၎င်းတို့ ရှာဖွေခဲ့ခြင်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်းခံရသည့် ကိစ္စတွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းတို့တာဝန်ကို ဖြည့်ဆည်းခဲ့ခြင်း ရှိမရှိကိုလည်းကောင်း မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားကြည့်ခြင်း မရှိပေ။ ၎င်းတို့သည် ဤအရာတစ်ခုတလေနှင့်ပတ်သက်ပြီး ဆန်းစစ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း မရှိသကဲ့သို့ ဤပြဿနာများကို အချိန်ယူတွေးတောခြင်းနှင့် ဆင်ခြင်တွေးဆခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ပြုပြင်ခြင်းကို ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့်အညီ ချဉ်းကပ်သည်။ အန္တိခရစ်များသည် ပြုပြင်ခံရသည့်အချိန်တိုင်းတွင် ဒေါသ၊ မနာခံခြင်းနှင့် မကျေမနပ်ဖြစ်မှုတို့ဖြင့် ပြည့်နေပြီး မည်သူ့ဆီက အကြံဉာဏ်ကိုမျှ နားထောင်မည်မဟုတ်ပေ။ ၎င်းတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းကို လက်ခံရန် ငြင်းဆန်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ သိရှိပြီး ပြန်လည်သုံးသပ်ရန်၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း၊ သို့မဟုတ် တာဝန်တွင် ဒေါသတကြီး ရမ်းကားခြင်းကဲ့သို့သော စည်းမျဉ်းများကို ချိုးဖောက်သည့် ၎င်းတို့ လုပ်ရပ်များကို ကိုင်တွယ်ရန်အတွက် ဘုရားရှေ့မှောက်သို့ ပြန်လာရန် မတတ်နိုင်ကြသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းရန် ဤအခွင်အရေးကိုလည်း အသုံးမပြုကြပေ။ ထိုအစား မိမိတို့ကိုယ်ကိုယ် ခုခံရန်၊ မိမိတို့ကိုယ်ကိုယ် သက်သေထူရန် ဆင်ခြေများရှာကြပြီး သဘောထားကွဲလွဲမှုကို ဆွပေးကာ သူတစ်ပါးတို့ကို လှုံ့ဆော်သည့်အရာများကိုပင် ပြောကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- ရာထူးဂုဏ်သိမ် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ အန္တိခရစ်တွေက သမ္မာတရားကို အလွန်အမင်းမနှစ်မြို့တာကြောင့် သူတို့တွေ ပြုပြင်ခြင်းခံရတဲ့အခါ၊ ဒါမှမဟုတ် သူများတွေက သူတို့ပြဿနာတွေကို ထောက်ပြတဲ့အခါ သူတို့က စွဲစွဲမြဲမြဲကို ဆန့်ကျင်ကြတယ်။ သူတို့ပြဿနာတွေကို လုံးဝ ပြန်သုံးသပ်တာမရှိဘဲ ကိစ္စတွေကိုလည်း သူတို့ရဲ့ တဇောက်ကန်းဖြစ်တဲ့စိတ်အရပဲ အမြဲတမ်း ကိုင်တွယ်ကြတယ်။ သူတို့စိတ်နှလုံးမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေနဲ့တောင်ပြည့်နေပြီး သူများတွေက သူတို့ကို အထင်သေးပြီး အရှက်ရစေချင်တာကြောင့် သူတို့ကို ပြုပြင်နေတာလို့ ပြောတယ်။ သူတို့တွေက သူများတွေအပေါ် စောဒကတက်နေတာချည်းပဲ။ ယှဉ်ကြည့်ရင် ကျွန်မအပြုအမူတွေနဲ့ အန္တိခရစ်ရဲ့ အပြုအမူတွေက အတူတူပဲ။ ကျွန်မက ကိစ္စတွေကို ဖြေရှင်းတဲ့အခါ အဓိကအချက်တွေကို သဘောမပေါက်နိုင်ဖြစ်နေတယ်၊ အတတ်ပညာပိုင်း၊ ဒါမှမဟုတ် နည်းစနစ်ပိုင်းကိစ္စတွေမှာ လုံလုံလောက်လောက် ဆက်သွယ်ပြောဆိုတာမရှိဘူးဆိုပြီး လီရန်က ထောက်ပြခဲ့တယ်။ ဒါတွေက တကယ်ပဲ အာရုံစိုက်သင့်တဲ့ ပြဿနာတွေပါ။ ညီအစ်ကိုမောင်နှမတွေရဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေနဲ့ စည်းမျဉ်းတွေကို သဘောပေါက်မှုက ချို့တဲ့နေပြီး ဒါဟာ သူတို့ဗီဒီယိုတွေက အမြဲတမ်းပြန်လုပ်ရမယ်ဆိုတဲ့သဘောပဲဆိုတာ၊ ပြီးတော့ ဒီပြဿနာက တကယ်ကို ကျွန်မရဲ့ ပေါ့ဆမှုကြောင့်ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ လီရန်က အကြံပေးပြီးသွားတော့ ဒီလမ်းလွဲမှုကို ဘယ်လိုပြုပြင်ရမယ်ဆိုတာ အမြန်ဆွေးနွေးခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်မပြဿနာတွေကို ထောက်ပြတဲ့အချိန်မှာ သူအသုံးပြုတဲ့ လေသံကို ကျွန်မ မခံနိုင်တာကြောင့် သူက ကျွန်မကို အရှက်ခွဲပြီး သေးသိမ်အောင်ကြိုးစားနေတယ်လို့ ကျွန်မ ခံစားမိခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ မကျေနပ်မှုကို ဖွင့်မချဘဲ မနေနိုင်ခဲ့ဘူး။ အဲဒီနောက်မှာ သူပြောတဲ့ဟာတစ်ခုကိုမှ ကျွန်မ နားမထောင်ချင်ခဲ့ဘူး၊ ဒါမှမဟုတ် သူထောက်ပြနေတဲ့ ပြဿနာတွေကို ဝန်မခံချင်ခဲ့ဘူး။ သူက ကျွန်မကို အထင်သေးနေပြီး ကျွန်မကို အရှက်ခွဲပြီး သေးသိမ်အောင်လုပ်ဖို့ ကြိုးစားနေတာလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မထုတ်ဖော်နေတာက သမ္မာတရားကို လက်မခံတဲ့အပြင် ဆင်ခြင်တုံတရားမရှိဘဲ ဆက်တိုက် အဓိပ္ပာယ်မဲ့ ငြင်းခုံနေတဲ့သူတွေရဲ့ အရှက်မရှိတဲ့ အပြုအမူလိုမျိုးပဲ မဟုတ်ဘူးလား။ သမ္မာတရားကို တကယ်ချစ်ပြီး ဆင်ခြင်တုံတရားရှိတဲ့လူတွေက ပြုပြင်ခံရတာ၊ သူတို့ပြဿနာတွေ ထောက်ပြခံရတာကို လက်ခံတဲ့ သဘောထားတစ်ခုနဲ့ ကိုင်တွယ်ပါတယ်။ သူတို့တွေက ဒီလမ်းလွဲမှုတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းဖို့ ပြန်သုံးသပ်ပြီး သမ္မာတရားကို ရှာနိုင်တယ်။ လောလောဆယ်မှာ ဒါတွေကို သူတို့ သတိမထားမိနိုင်ရင်တောင် စိတ်မတိုကြဘူး၊ ဒါမှမဟုတ် သူများတွေရဲ့ ဝေဖန်မှုတွေကို ကြိုးစားပြီး ပြောင်းပြန်လှန်ပစ်ဖို့ အဓိပ္ပာယ်မရှိတဲ့ ငြင်းခုံမှုတွေကို ဆက်လုပ်မနေဘူး။ ဒါပေမဲ့ အလုပ်အတွက် အကျိုးရှိမဲ့ အကြံတချို့ကို ဒီညီအစ်မက ကျွန်မကို ပေးတဲ့အချိန်မှာ ကျွန်မက လက်မခံရုံမကဘဲ သူက ကျွန်မကို အရှက်ခွဲပြီး သေးသိမ်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မနားလည်မှုက အဓိပ္ပာယ်မရှိဖြစ်ပြီး ကျိုးကြောင်းမသင့်ပါဘူး။ ပြီးတော့ ဘုရားကို ဆုမတောင်းခဲ့ဘူး၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် မပုန်ကန်ခဲ့ဘူး။ အဲဒီအစား ဒီညီအစ်မကို အရှက်ရစေဖို့ ကျွန်မရဲ့ နာကြည်းချက်တွေနဲ့ မကျေနပ်ချက်တွေကို ဖွင့်ချခဲ့တယ်။ ကျွန်မက ဘယ်သူ့ကိုမှ ကျွန်မကို စိတ်အနှောင့်အယှက်ပေးခွင့်၊ ချဉ်းကပ်ခွင့်ပေးဖို့ ငြင်းဆန်ပြီး အတင်းခံပြောနေတာပါ။ ဒါက သမ္မာတရားကို အလွန်အမင်းမနှစ်မြို့တဲ့အပြင် ရက်စက်ကြမ်းကြုတ်မှုနဲ့ ပြည့်နေတဲ့ စိတ်သဘောထားတစ်ခုကို ညွှန်ပြပါတယ်။ ဒါကို ကျွန်မ မပြုပြင်ရင် ဘုရားသခင်က ကျွန်မကို သေချာပေါက် ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းမှာပဲ။

ကျွန်မ ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပြန်အမှတ်ရတယ်။ “ယခုခေတ်တွင် လူများစွာက တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း သမ္မာတရားကို လိုက်စားသောသူ အနည်းငယ်သာရှိသည်။ အလွန်နည်းပါးသော လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ကြသည်။ လူအများစုမှာမူ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်ပုံစံတွင် စည်းမျဉ်းများမရှိသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူများ မဟုတ်သေးပေ။ ၎င်းတို့သည် သမ္မာတရားကိုချစ်သည်၊ သမ္မာတရားကို လိုက်စားလိုစိတ်ရှိသည်၊ သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိသည်ဟု ၎င်းတို့ အခိုင်အမာပြောရုံသာ ရှိသည့်တိုင်အောင် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် မည်မျှတည်တံ့မည်ကို မသိရသေးပေ။ သမ္မာတရားကို မလိုက်စားသောသူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မရွေး၊ နေရာမရွေး ထုတ်ဖော်တတ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်အပေါ် တာဝန်သိတတ်စိတ် တစ်စက်မျှ မရှိပေ။ ၎င်းတို့သည် မကြာခဏ ဝတ်ကျေတမ်းကျေပြုသည်။ ၎င်းတို့ဆန္ဒရှိသလို လုပ်ဆောင်ကြသည်။ ပြုပြင်ခြင်းကို လက်ခံနိုင်စွမ်းပင် မရှိကြပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ တာဝန်ကို စွန့်ပစ်တတ်ကြသည်။ ဤသို့ မကြာခဏ ဖြစ်ပျက်သည်။ ဤထက်ပို၍ အဖြစ်များသောအရာမရှိပေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူအားလုံး ပြုမူဆောင်ရွက်သည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို မရရှိသေးသည့်အခါတွင် စိတ်မချရဘဲ မယုံကြည်ထိုက်ပေ။ ၎င်းတို့သည် မယုံကြည်ထိုက်သည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် အခက်အခဲများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ ကြုံတွေ့ရသောအခါတွင် ကျရှုံးနိုင်ခြေများပြီး အပျက်သဘောဆောင်ကာ အားနည်းလာနိုင်ခြေများသည်ကို ဆိုလိုသည်။ မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းသူသည် ယုံကြည်ထိုက်သောသူတစ်ယောက် ဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ သို့သော် သမ္မာတရားကို နားလည်သောသူတို့သည် ကွဲပြားခြားနားသည်။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့သည် အသေအချာပင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးရှိကြသည်။ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောလူတို့သည်သာ ယုံကြည်ထိုက်သောလူများ ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့သည် မယုံကြည်ထိုက်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ချစ်ခင်သော ကူညီမှုနှင့် ပံ့ပိုးမှုကို ၎င်းတို့အား ပေးသင့်သည်မှာ မှန်ပေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့ကို ပို၍ နောက်ဆက်တွဲ လိုက်လုပ်ဆောင်သင့်သည်။ ပြီးလျှင် ကူညီမှုနှင့် ညွှန်ကြားမှု ပို၍ ပေးသင့်သည်။ ထိုအခါမှသာ ၎င်းတို့တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ရန် စိတ်ချရနိုင်သည်။ ဤသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ အဓိက ရည်ရွယ်ချက်မှာ ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းရန်ဖြစ်သည်။ ဒုတိယအနေဖြင့် ပြဿနာများကို ချက်ချင်း ခွဲခြားဖော်ထုတ်ရန်၊ ၎င်းတို့ကို ချက်ချင်းပံ့ပိုးရန်၊ ၎င်းတို့ကို ထောက်ပံ့ရန်၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ရန်၊ ၎င်းတို့၏ လမ်းလွဲမှုများကို တည့်မတ်ရန်နှင့် ၎င်းတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များအတွက် ထေမိအောင် လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် အကျိုးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မလိုမုန်းထားခြင်းတစ်ခုမျှမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)) ဘုရားနှုတ်ကပတ်တော်ကို တွေးပြီး ကျွန်မ သဘောပေါက်သွားတာက ညီအစ်ကိုမောင်နှမတွေက မလိုမုန်းထားလို့၊ ဒါမှမဟုတ် လူတွေရဲ့ အားနည်းချက်တွေကို ဖော်ထုတ်တဲ့အပြင် လူတွေကို လှောင်ပြောင်ပြီး သေးသိမ်အောင် ကြိုးစားနေလို့ ပြဿနာတွေ၊ လမ်းလွဲတာတွေကို ထောက်ပြတာမဟုတ်ဘဲ အသင်းတော်အလုပ်အတွက် တာဝန်သိတတ်နေတာကြောင့်ဖြစ်ပြီး လူတိုင်းက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိတာကြောင့်၊ စိတ်မချနိုင်တာကြောင့်၊ မကောင်းမှုကို မရည်ရွယ်ဘဲ ကျူးလွန်တာ၊ ကိုယ်ပိုင်ဆန္ဒတွေအပေါ် အခြေခံလုပ်ပြီး စည်းမျဉ်းတွေကို ချိုးဖောက်တာ၊ တာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်တာ၊ အသင်းတော်အလုပ်ကို နှောင့်နှေးစေပြီး နှောင့်ယှက်တာ၊ ဒီလိုနဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေတာတွေကို လုပ်နိုင်စွမ်းရှိတာကြောင့်ပဲ ဆိုတာပေါ့။ “လူတွေက လမ်းပျောက်တဲ့အခါ သူတို့ကို ဘယ်သူမှ လမ်းမပြမှာကို ကြောက်ကြတယ်” လို့ ဆိုထားတယ်။ လူတွေမှာ သူတို့တာဝန်တွေမှာ ခဏခဏ ကူညီပေးတဲ့သူ၊ ဒါမှမဟုတ် သူတို့ကို ပြုပြင်တဲ့သူတစ်ယောက်က အနားမှာရှိတဲ့အခါ အဲဒါဟာ သူတို့အတွက် ကြီးမားတဲ့အထောက်အကူနဲ့ အကာအကွယ်ပဲ။ ပုံမှန်ဆိုရင် ကျွန်မက အလုပ်တစ်ခုကို နောက်ဆက်တွဲလိုက်လုပ်ပြီး ကျန်သွားတာ၊ လမ်းလွဲတာတွေကို မြင်တဲ့အခါ ကျွန်မက ဒါတွေကို ထောက်ပြလိမ့်မယ်။ ပြီးတော့ လူတွေကို အဲဒါတွေရဲ့ လေးနက်မှုနဲ့ အကျိုးဆက်တွေကို သတိထားမိအောင် လုပ်မယ်။ ကျွန်မက လူတွေကို သူတို့တာဝန်တွေကို ကောင်းကောင်းလုပ်စေချင်ပြီး အလုပ်မှာ လမ်းလွဲတာတွေ၊ နှောင့်နှေးတာတွေကို ရှောင်ဖို့အတွက် ဒါကို ကျွန်မ လုပ်တာပါ။ လီရန်က ကျွန်မပြဿနာတွေကို ဒီအကြောင်းပြချက်တွေကြောင့်ပဲ ထောက်ပြနေခဲ့တာပဲ။ တစ်ဖက်မှာ ဒါက ရလဒ်ကောင်းတွေကို ကျွန်မ ရအောင်ကူညီဖို့ပဲ။ ဒါပေမဲ့ ဒါကို ချစ်ခြင်းနဲ့ ဝန်တာထားတဲ့စိတ်ကြောင့် လုပ်တာပါ၊ ကျွန်မရဲ့ ကောင်းကျိုးအတွက်ပဲ။ ကျွန်မက သူ့ကို ပက်ကနဲ ပြန်ပြောဖို့မပြောနဲ့။ အတိုက်အခံဖြစ်တာ၊ စိတ်ဆိုးတာတောင် မဖြစ်သင့်ဘူး။ ဗီဒီယိုတွေက စံမမီတဲ့အချိန် အစပိုင်းတုန်းကလိုပဲ ဒါက အဓိကက နည်းပညာပိုင်းစည်းမျဉ်းတွေကို လူတွေ သဘောမပေါက်တာကြောင့်ပဲ။ ဒီပြဿနာကို ကျွန်မ သတိမထားမိခဲ့ဘူး။ ဒါကို သူက ထောက်ပြတော့ ကျွမ်းကျင်မှုတချို့ကို သင်ရအောင်လို့ ဒီလမ်းလွဲမှုတွေကို အနှစ်ချုပ်တဲ့နေရာမှာ လူတိုင်းကို ကျွန်မ လမ်းပြသင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လုံးဝ ပြန်မသုံးသပ်ခဲ့ဘူး၊ ဒါမှမဟုတ် ကျွန်မ ပြဿနာတွေကို အနှစ်မချုပ်ခဲ့ဘဲ သူ့ကိုပဲ ပက်ကနဲ ပြန်ပြောလိုက်တယ်။ ကျွန်မက ဆင်ခြင်တုံတရား ရှိတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ ရှေ့လျှောက်မှာ သူများတွေက ကျွန်မ ပြဿနာတွေကို ထောက်ပြတဲ့အခါ လက်ခံပြီး ဒီအပေါ်မှာ အတိုက်အခံ မဖြစ်သင့်တော့ဘူး ပေါ့။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့၊ စနေနေ့၊ နေသာ၊

ဒီနေ့ ကျွန်မတို့ စုဝေးပွဲကို ခေါင်းဆောင်တစ်ယောက် တက်ခဲ့ပြီး ကျွန်မတို့အလုပ်အချိန်အတွင်းမှာ ထွက်ပေါ်ခဲ့တဲ့ လမ်းလွဲမှုတချို့ကို ရှာတွေ့ခဲ့တယ်။ ဥပမာ ညီအစ်ကိုမောင်နှမတချို့က ဗီဒီယိုတစ်ခုနဲ့ ပတ်သက်ပြီး အငြင်းပွားခဲ့ကြပြီး ကျွန်မတို့က ဒီပြဿနာကို မရှင်းခဲ့ဘူး။ ဒီအစား အကြံပြုချက်တချို့ပဲပေးလိုက်ပြီး သူတို့ကို ရှေ့ဆက်ခွင့်ပြုလိုက်တယ်။ ရလဒ်အနေနဲ့ ဗီဒီယိုက စံမမီဘဲ အလုပ်က နှောင့်နှေးသွားတယ်။ ခေါင်းဆောင်ကလည်း ကျွန်မတို့ကို တကယ့်အလုပ်ကို မလုပ်တဲ့အတွက် ဖော်ထုတ်ပြီး ဝေဖန်ခဲ့တယ်။ ဒီပြဿနာတွေကို တစ်ခုချင်းဖော်ပြောခံရတာကို ကြားပြီး ကျွန်မ တော်တော်ကို အနေရအထိုင်ရခက်လာတယ်။ ကျွန်မ ဘယ်လောက် ထုံထိုင်းလာတယ်ဆိုတာကို သဘောပေါက်သွားတယ်။ ဒီခေါင်းဆောင်က ထောက်ပြတဲ့ ပြဿနာတွေက လီရန် ကျွန်မကို ထောက်ပြတဲ့ ပြဿနာတွေနဲ့အတူတူပဲ။ ဒါပေမဲ့ ကျွန်မက ဒါတွေကို နားမထောင်ချင်ဘဲ အလေးအနက်မထားခဲ့တာကြောင့် မဖြေရှင်းရသေးဘဲ ကျန်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မက သူသတိပေးတာတွေကို လက်ခံနိုင်ပြီး ကိစ္စတွေကို သူနဲ့ အသေးစိတ်ဆွေးနွေးပြီး ဖြေရှင်းဖို့ လမ်းကြောင်းတစ်ခုရှာခဲ့ရင် ဒီပြဿနာတွေက ပြေလည်သွားပြီး နည်းနည်းပြင်ကောင်းပြင်နိုင်လိမ့်မယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ အလုပ်က ဒီလို ဆိုးရွားတဲ့အခြေအနေကို ရောက်မှာမဟုတ်ဘူး။

၂၀၂၃ခုနှစ်၊ မတ်လ ၁၄ရက်နေ့၊ အင်္ဂါနေ့၊ တိမ်တူထပ်ရာမှ နေသာ၊

ကျွန်မ ဝတ်ပြုချိန်တွေမှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့တဲ့ ကျွန်မစိတ်သဘောထားနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ပြီး ဒီပြဿနာရဲ့ ဆိုးရွားမှုကို ပိုပြီး သတိထားမိလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “များစွာ ကြိုးစားအားထုတ်ခြင်း သို့မဟုတ် စွန့်စားရသည့်အရာ အနည်းငယ်ကို လုပ်ဆောင်ခြင်းက ကောင်းမှုတိုးပွားလာအောင် လုပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု တွေးထင်နေသူများ အသင်းတော်ထဲတွင် ရှိသည်။ အမှန်တွင် ၎င်းတို့၏လုပ်ဆောင်ချက်များအရ ၎င်းတို့သည် စင်စစ် ချီးကျူးခံထိုက်သည့်သူများ ဖြစ်သော်လည်း သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားနှင့် သဘောထားတို့သည် အလွန်မနှစ်မြို့စရာကောင်းသကဲ့သို့ စက်ဆုပ်ဖွယ်ဖြစ်၏။...ဘုရားသခင်သည် လူများ၏ညံ့ဖျင်းသော အစွမ်းအစကို ရွံရှာစက်ဆုပ်ခြင်း မရှိ၊ ၎င်းတို့၏ မိုက်မဲမှုကို ရွံရှာစက်ဆုပ်ခြင်း မရှိသကဲ့သို့ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း သူ ရွံရှာစက်ဆုပ်ခြင်းမရှိချေ။ ဘုရားသခင်သည် လူတို့ထဲ၌ အရွံရှာအစက်ဆုပ်ဆုံးဖြစ်သော အရာမှာ အဘယ်နည်း။ ယင်းမှာ လူများက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အချိန် ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက ထိုတစ်ချက်တည်းကြောင့်ပင် ဘုရားသခင်သည် သင့်ကြောင့် မည်သည့်အခါမျှ ဝမ်းမြောက်မည် မဟုတ်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားအပေါ် သင်သည် ဂရုမစိုက်သော သဘောထားရှိပြီး အထင်သေးကာ မာနထောင်လွှားသည့်အပြင် တွန်းပင်တွန်းလှန်ကာ အတိုက်အခံလုပ်ပြီး ငြင်းပယ်လျှင်၊ ဤသည်မှာ သင်ပြုမူသည့်ပုံစံ ဖြစ်လျှင် ဘုရားသခင်က သင့်အား လုံးလုံး ရွံရှာပြီး သင်သည် ကယ်တင်၍မရတော့အောင် ကျရှုံးပြီးဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို အမှန်တကယ် ချစ်ကာ သင်သည် အတော်အတန် အစွမ်းအစနည်းပြီး အသိအမြင် မရှိလျှင်၊ အနည်းငယ် မိုက်မဲပြီး မကြာခဏ အမှားများပြုလုပ်သော်လည်း မကောင်းမှုလုပ်ဖို့ သင် မရည်ရွယ်ခြင်းသာ ဖြစ်လျှင်၊ မိုက်မဲသောအရာ အနည်းငယ်ကိုသာ လုပ်ဆောင်ခဲ့လျှင်၊ သမ္မာတရားနှင့်ပတ်သက်သည့် ဘုရားသခင်၏ မိတ်သဟာယကို ကြားနာရန် သင်၏ စိတ်နှလုံး၌ လိုလားပြီး သမ္မာတရားကို သင်၏ စိတ်နှလုံးက တောင့်တလျှင်၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို သင်ဆက်ဆံရာတွင် ထားရှိသည့် သဘောထားသည် ရိုးသားစစ်မှန်ပြီး တောင့်တခြင်းရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားပြီး မြတ်နိုးနိုင်လျှင် ဤသည်မှာ လုံလောက်သည်။ ဘုရားသခင်သည် ဤသို့သောသူများကို နှစ်သက်သည်။ သင်က တစ်ခါတစ်ရံတွင် အနည်းငယ် မိုက်မဲနိုင်သော်လည်း ဘုရားသခင်က သင့်ကိုနှစ်သက်ဆဲဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို တောင့်တသော သင်၏ စိတ်နှလုံးကို ချစ်သည်။ သမ္မာတရားအပေါ် သင်၏ ရိုးသားစစ်မှန်သောသဘောထားကို ချစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်အပေါ် သက်ညှာမှုရှိပြီး သင့်အား အစဉ်သဖြင့် ကျေးဇူးတော်ပေးသည်။ သူသည် သင်၏ မကောင်းသော အစွမ်းအစ၊ သို့မဟုတ် မိုက်မဲမှုကို ထည့်မတွက်သကဲ့သို့ သင်၏ ပြစ်မှားမှုများကိုလည်း ထည့်မတွက်ပေ။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် ရိုးသားစစ်မှန်ပြီး ထက်သန်သောကြောင့် သင်၏စိတ်နှလုံးသည် စစ်မှန်သဖြင့် သင်၏စိတ်နှလုံး၏ စစ်မှန်မှုနှင့် သင်၏ ဤသဘောထားတို့ကို ထောက်လျက် သူသည် သင့်အပေါ် အစဉ် သနားကရုဏာ ထားရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည်။ ပြီးလျှင် သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိပေမည်။ တစ်ဖက်တွင် သင်၏စိတ်နှလုံးခိုင်မာပြီး သင်သည် စိတ်အလိုလိုက်လွန်းပါက၊ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားပါဝင်သည့် အရာအားလုံးကို အလေးမထားဘဲ သင်၏စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ စက်ဆုပ်ရွံရှာခြင်း၊ ရွံရှာခြင်းနှင့် မစဲသော အမျက်တို့ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်လို့ ကျွန်မ ခံစားမိတယ်။ လူတွေက မိုက်မဲလို့ ဒါမှမဟုတ်အစွမ်းအစမရှိလို့ ဘုရားသခင်က လူတွေကို စက်ဆုပ်တာမဟုတ်ဘူး။ ဒီအစား သမ္မာတရားအပေါ် သူတို့သဘောထားကို ကြည့်တာပါ။ လူတစ်ယောက်က ကြီးမားတဲ့ ဆုကျေးဇူးတွေနဲ့ အစွမ်းအစရှိပြီး အလုပ်ကို လုပ်နိုင်ပေမဲ့ သူ့တာဝန်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့တဲ့ စိတ်သဘောထားတစ်ခုကို ခဏခဏ ထုတ်ဖော်ပြီး ပုံမှန်အနေနဲ့ သမ္မာတရားကို လက်မခံနိုင်ဘူး၊ မဆင်ခြင်မသုံးသပ်နိုင်ဘူးဆိုရင် သူ့အစွမ်းအစက ဘယ်လောက်ကြီးပါစေ ဘုရားသခင်က ဒီလူကို နှစ်သက်မှာမဟုတ်ဘူး။ အစွမ်းအစမဲ့ပြီး ကြီးကြီးမားမားအလုပ်ကို မလုပ်နိုင်ရင်တောင်မှ သမ္မာတရားကို လက်ခံချင်စိတ်ရှိတဲ့သူတွေကို ဘုရားသခင်ချစ်တယ်။ ဘုရားသခင်က လူတွေကို အကဲဖြတ်တဲ့ စံနှုန်းကို ကြည့်ပြီး ကျွန်မ အပြုအမူနဲ့ ယှဉ်ကြည့်ပြီးတော့ ကျွန်မမှာ ကြီးလေးနဲ့ အန္တရာယ်ရှိနေသလို ခံစားမိတယ်။ ကျွန်မက ကျွန်မရဲ့ အသိဉာဏ်နဲ့ အစွမ်းအစကို အားကိုးနေခဲ့တာပဲ။ ကျွန်မက ကြီးကြပ်ရေးမှူးအနေနဲ့ အလုပ်တချို့ကို လုပ်နိုင်ပြီး အသက်ဝင်ရောက်မှုမှာ ကျွန်မအဖွဲ့ဝင်တွေရှိနေတဲ့ အခက်အခဲတချို့ကို ဖြေရှင်းနိုင်ခဲ့တယ်။ ဒါနဲ့ ကျွန်မက ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ်သိသလိုမျိုး ခံစားမိခဲ့တယ်။ ဒါပေမဲ့ သူများတွေက ကျွန်မပြဿနာတွေကို ထောက်ပြတဲ့အခါ ကျွန်မရဲ့ မာနက နေရာဝင်ယူပြီး သူတို့တွေက ကျွန်မကို သေးသိမ်စေပြီး အရှက်ရအောင် ကြိုးစားနေသလိုမျိုး ခံစားမိခဲ့တယ်။ သူများတွေရဲ့ အကြံပြုချက်တွေ၊ အပြုသဘောဆောင်တာတွေနဲ့ သမ္မာတရားအပေါ် ကျွန်မ သဘောထားက အထင်သေးတာ၊ မာနထောင်လွှားတာဖြစ်နေတော့ ဘုရားသခင်က ကျွန်မကို ရွံရှာသွားတာပေါ့။ ကျွန်မတာဝန်တွေမှာ ပြစ်မှားခဲ့ပြီးပါပြီ။ ကျွန်မက ဆက်ပြီးတော့ အရမ်းကို ဆင်ခြင်တုံတရားကင်းမဲ့ပြီး နောင်တမရဖြစ်နေရင် ဘုရားသခင်က သေချာပေါက် ကျွန်မကို ရှင်းပစ်ပြီး ဖယ်ရှားရှင်းလင်းမှာပဲ။ ဒီဟာ ကျွန်မကို တကယ်ကို ကြောက်လန့်စေခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ်နဲ့ လေးလေးနက်နက် ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင် သမီး နောင်တရချင်ပါတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့အတူ သမီးတာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ချင်ပါတယ်။ ဒါပေမဲ့ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အရမ်းဆိုးရွားပါတယ်။ သမီးကို ပိုပြီးတော့ ဆုံးမပဲ့ပြင်ပြီး သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချည်နှောင်မှုတွေကနေ ကယ်တင်တော်မူပါ” ဆိုပြီးတော့။

၂၀၂၃ခုနှစ်၊ မတ်လ၂၁ရက်နေ့၊ အင်္ဂါနေ့၊ နေသာသည်၊

ဒီနေ့ ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပါတယ်။ ဘုရားသခင်က ပြောသည် “သင်သည် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့် သင်ကိုယ်တိုင်အတွင်းရှိ အခက်အခဲများအားလုံးကို ဦးစွာ ဖြေရှင်းရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို အဆုံးသတ်စေပြီး၊ သင်ကိုယ်တိုင်၏ အခြေအနေကို အမှန်တကယ် နားလည်လာနိုင်ကာ၊ မည်သို့ ပြုမူရမည်ကို သိလော့။ နားမလည်သော အရာမှန်သမျှနှင့်ပတ်သက်၍ ဆက်၍ မိတ်သဟာယ ပြုလော့။ လူတစ်ယောက်အတွက် မိမိကိုယ်ကိုယ် မသိခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်ကိုယ်တိုင်၏ အနာရောဂါကို ဦးစွာ ငြိမ်းစေလော့၊ ပြီးလျှင် ငါ၏နှုတ်ကပတ်တော်များကို သာ၍ မကြာခဏ စားသောက်ကာ စဉ်းစားဆင်ခြင်ရင်း၊ ငါ၏နှုတ်ကပတ်တော်များပေါ် အခြေပြု၍ သင်၏အသက်တာကို ရှင်သန်ကာ သင်၏ ဆောင်ရွက်ချက်များကို လုပ်ဆောင်လော့။ သင်သည် အိမ်တွင် ရှိသည်ဖြစ်စေ အခြားနေရာတွင် ရှိသည် ဖြစ်စေ၊ သင်၏အတွင်းတွင် ဘုရားသခင်အား တန်ခိုးအာဏာစွဲကိုင်ခွင့် ပြုသင့်သည်။ ဇာတိပကတိနှင့် သဘာဝကျခြင်းတို့ကို စွန့်ပစ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏အတွင်းတွင် အမြဲစိုးမိုးခွင့်ပေးလော့။ သင်၏ အသက်တာသည် ပြောင်းလဲခြင်းမရှိ ဖြစ်နေသည်ကို စိုးရိမ်စရာ မလိုပေ။ အချိန်နှင့်အမျှ သင်၏စိတ်သဘောထားသည် ကြီးစွာပြောင်းလဲပြီးဖြစ်သည်ကို သင်သည် ခံစားလာရလိမ့်မည်။ ယခင်က သင်သည် ကျော်ကြားဖို့ရန် စိတ်အားထက်သန်ခဲ့၏၊ သင်သည် မည်သူ့ကိုမျှ မနာခံခဲ့ပေ၊ သို့မဟုတ် ရည်မှန်းချက်ကြီးခဲ့ကာ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခဲ့သည်၊ သို့မဟုတ် မာနကြီးခဲ့သည်- ဤအရာများသည် သင် တဖြည်းဖြည်း ဖယ်ရှားပစ်မည့် အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ၎င်းတို့အား ယခုချက်ချင်း စွန့်ပစ်လိုပါက၊ မဖြစ်နိုင်ပေ။ ဤသည်မှာ သင်၏ အတ္တဟောင်းသည် အခြားသူများအား ထိုအရာကို ထိတွေ့ခွင့်ပေးလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်၊ ၎င်း၏ အမြစ်များသည် အလွန် နက်ရှိုင်းလှ၏။ ထို့ကြောင့် သင်သည် စိတ်ခံစားချက်အရ အားထုတ်မှု ပြုရမည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ကျိုးနွံနာခံရမည်၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် သင်၏အလိုဆန္ဒကို အသုံးပြုပြီး၊ ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်း ရှိရမည်။...မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မမှတ်ယူလေနှင့်။ သင်ကိုယ်တိုင်၏ မပြည့်ဝခြင်းတို့ကို ထေမိစေရန် အခြားသူများ၏ အားသာချက်များကို ယူပြီး အသုံးပြုလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အခြားသူများ မည်သို့ အသက်ရှင်ကြသည်ကို ကြည့်ရှုပြီး၊ ၎င်းတို့၏ အသက်တာများ၊ လုပ်ရပ်များနှင့် အပြောအဆိုများက အတုယူထိုက်ခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ အခြားသောသူများကို သင့်ထက် နိမ့်ကျသည်ဟု သဘောထားပါက၊ သင်သည် မိမိကိုယ်ကိုယ်မှန်ကန်သည်ဟု ယူမှတ်သောသူ၊ စိတ်ကြီးဝင်သောသူ ဖြစ်ပြီး၊ မည်သူ့ကိုမျှ အကျိုးမပေးပေ။ ယခုအချိန်တွင် မရှိမဖြစ် လိုအပ်သည်မှာ အသက်တာအပေါ် အာရုံစိုက်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို ပို၍ စားသောက်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရန်၊ ငါ၏ နှုတ်ကပတ်တော်များကို သိရှိရန်၊ ငါ၏နှုတ်ကပတ်တော်များကို အမှန်တကယ် သင်၏အသက်တာ ဖြစ်လာစေရန်တို့ ဖြစ်သည်- ဤအရာများသည် အဓိကကျသောအရာများ ဖြစ်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်မရှင်နိုင်ပါက၊ ၎င်း၏ အသက်တာ ရင့်ကျက်နိုင်သလော။ မရင့်ကျက်နိုင်ပေ။ သင်သည် ငါ၏နှုတ်ကပတ်တော်များဖြင့် တစ်ချိန်လုံး အသက်ရှင်ရမည်ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို အသက်တာအတွက် သင်၏ ကျင့်ဝတ်စည်းကမ်းအဖြစ် ထားရှိရမည်၊ သို့မှသာ ထိုကျင့်ဝတ်စည်းကမ်းဖြင့် ပြုမူခြင်းသည် ဘုရားသခင်ကို ဝမ်းမြောက်စေသောအရာ ဖြစ်ပြီး အခြားသောနည်းဖြင့် ပြုမူခြင်းသည် ဘုရားသခင် မုန်းတီးသောအရာ ဖြစ်သည်ကို သင်ခံစားရလိမ့်မည်ဖြစ်သည်။ ပြီးလျှင် သင်သည် လမ်းကြောင်းမှန်ပေါ် တဖြည်းဖြည်း လျှောက်လှမ်းလာလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၂)) ဘုရားသခင်က ပြောသည် “လူတစ်ယောက်အတွက် မိမိကိုယ်ကိုယ် မသိခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်ကိုယ်တိုင်၏ အနာရောဂါကို ဦးစွာ ငြိမ်းစေလော့။” အမှန်ကတော့ ဘုရားသခင်က လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို တကယ်ကို ရှင်းရှင်းလင်းလင်း လုပ်ခဲ့ပေးပြီးသားပါ။ အမှုကိစ္စတွေနဲ့ ကျွန်မတို့ ရင်ဆိုင်ရတဲ့အခါ ပြန်သုံးသပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် သိဖို့၊ ကျွန်မတို့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖို့ ဘုရားသခင်ရှေ့ကို အမြဲတမ်းလာသင့်ပါတယ်။ အရင်တုန်းက သူများတွေက ကျွန်မပြဿနာတွေကို ထောက်ပြတဲ့အခါ ကျွန်မက ချက်ချင်း တဇောက်ကန်းဖြစ်လာပြီး ပြန်သုံးသပ်ချင်စိတ်မရှိဘူး။ “ရှင်ပြောတာက လက်တွေ့အရှိအတိုင်းမဟုတ်ဘူး။ အဲဒါ တကယ့်အခြေအနေ မဟုတ်ဘူး။” ဒါမှမဟုတ် “ရှင်က ကျွန်မပြဿနာကို ထောက်ပြခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှင်က သေချာပေါက် ကျွန်မထက် တစ်ခုခုပိုသာတာမျိုး မဟုတ်ဘူး” ဆိုပြီး တွေးမိတယ်။ ပြန်ငြင်းပြီး ဆန့်ကျင်တဲ့စိတ်ဖြစ်တယ်။ အခြေအနေကို ဘုရားသခင်ဆီကဖြစ်တာလို့ မမြင်ဘူး။ ဒီလိုနဲ့ ကျွန်မက သူများတွေကို ဆန့်ကျင်ပြီး နောက်ဆုံး ဘာမှမရခဲ့ဘူး။ တကယ်တော့ ကျွန်မပြဿနာကို ထောက်ပြတဲ့သူက ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်နိုင်ပြီး တစ်ခါတလေမှာ အပြည့်အဝ မမှန်တာတွေကို ပြောနိုင်ပေမဲ့ သူတို့ ကျွန်မကို ပြုပြင်ပေးတဲ့နေရာမှာ အမှန်တရားတွေနဲ့ တစ်ပိုင်းတစ်စ ကိုက်ညီသရွေ့ ကျွန်မက လက်ခံသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်သင့်တယ်။ ဒီပြဿနာရဲ့ ဖြေရှင်းချက်နဲ့ ဆက်စပ်တဲ့ သမ္မာတရားကို ရှာဖွေသင့်တယ်။ ဒါက သမ္မာတရားကို လက်ခံတဲ့ သဘောထားပဲ။ ဒီလို လက်တွေ့လုပ်ဆောင်ခြင်းကပဲ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့တဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို တဖြည်းဖြည်းချင်း ဖြေရှင်းနိုင်ပါတယ်။

၂၀၂၃ခုနှစ်၊ ဧပြီလ ၁၀ရက်နေ့၊ တနင်္လာနေ့၊ နေသာ၊

ဒီနေ့ ခေါင်းဆောင်က ကျွန်မဆီကို ဗီဒီယိုတွေလုပ်တဲ့နေရာမှာ ကျွန်မတို့ တိုးတက်မှုနှေးတဲ့အကြောင်း စာရေးပြီး ကျွန်မတို့က ဝတ်ကျေတမ်းကျေပဲလုပ်နေတဲ့အကြောင်း၊ ဒီအလုပ်ကို နောက်ဆက်တွဲလုပ်တဲ့နေရာမှာ အာရုံမစိုက်တဲ့အကြောင်း၊ ဒီနှေးနေရခြင်းနောက်ကွယ်က အကြောင်းပြချက်တွေကို ကျွန်မတို့ မစူးစမ်းတဲ့အကြောင်း၊ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့က ကျွန်မတို့ တာဝန်တွေကို လျစ်လျူရှုနေတယ်ဆိုတဲ့အကြောင်း ပြောထားတယ်။ ကျွန်မရဲ့ ပထမဆုံး တုံ့ပြန်မှုက ပြန်ငြင်းဖို့ပဲ။ ပြီးတော့ ကျွန်မ တွေးတယ်။ “ငါတို့က ဒီပြဿနာတွေကို ဖြေရှင်းနေတာပဲ။ အချိန်တန်ရင် ဖြစ်လာမှာပဲ။ ပြီးတော့ ဗီဒီယိုတွေလုပ်တဲ့သူတွေက နည်းပညာပိုင်းတွေမှာ တကယ့် အခက်အခဲတွေရှိတယ်။ ဒီတော့ ကျွန်မတို့ကို တကယ် အပြစ်တင်နိုင်သလား” ပေါ့။ မတရားခံရသလို ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မက နောက်တစ်ခါ စပြီး အတိုက်အခံဖြစ်ပြီး အကြံပြုချက်တွေကို လက်မခံဖြစ်လာတာကို သဘောပေါက်သွားတယ်။ အဲဒါနဲ့ ဘုရားသခင်ဆီကို ဆက်တိုက်ဆုတောင်းတယ်။ “အို ဘုရားသခင်၊ သမီးက အရမ်းကို ပုန်ကန်ပါတယ်။ ဆက်ပြီးတော့ ဆင်ခြင်တုံတရားမရှိဖြစ်နေပြီး သင်ခန်းစာတွေယူဖို့ သမ္မာတရားကို မရှာနိုင်ပါဘူး။ အို ဘုရားသခင်၊ ခေါင်းဆောင်ရဲ့ လမ်းပြမှုနဲ့ အကူအညီကို လက်ခံနိုင်ဖို့အတွက် သမီးရဲ့ စိတ်နှလုံးကို စောင့်ရှောက်တော်မူပါ” ပေါ့။ ဒီနောက်မှာ ဗီဒီယိုထုတ်လုပ်ရေး နှေးတဲ့ ပြဿနာကို ကျွန်မတို့အတူတူ စစ်ဆေးကြည့်ပြီး ကျွန်မတို့ရဲ့ ထိရောက်မှုက တကယ်ကို နည်းလွန်းနေတာ၊ ကျွန်မတို့က အချိန်ဆွဲလွန်းနေတာတွေကို နောက်ဆုံးမှာ တွေ့လိုက်ရတယ်။ ကျွန်မက သူတို့ကို တိုက်တွန်းဖို့ အနှစ်မရှိတဲ့စကားတွေအများကြီး ပြောလေ့ရှိတယ်။ ဒါပေမဲ့ ဘယ်အပိုင်းတွေမှာ နှေးနေတာလဲ၊ ဘယ်ကဏ္ဍတွေက ကျန်ခဲ့နိုင်တယ်၊ ဘယ်အပိုင်းတွေက ကြာနေနိုင်ပြီး အချိန်ဖြုန်းမိတတ်တယ်၊ ဒါမှမဟုတ် လူတချို့က သူတို့တာဝန်မှာရှိတဲ့ စည်းကမ်းလျော့ရဲတဲ့ သဘောထားကို ဘယ်လိုပြုပြင်ရမယ် ဆိုတာတွေကို တကယ်တမ်း လုံးဝ နားမလည်ခဲ့ဘူး။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားစည်းမျဉ်းတွေကို တကယ်စုံစမ်းစစ်ဆေးပြီး ရှာဖွေခြင်းအားဖြင့် အလုပ်က အနည်းဆုံး နှစ်ဆပိုမြန်ပြီး တိုးတက်နိုင်ပါတယ်။ သူများတွေရဲ့ အကြံပြုချက်တွေကို ကျွန်မ နောက်တစ်ခါ ငြင်းပယ်မိတော့မလို့။ တကယ် ငြင်းပယ်မိရင် ဒီပြဿနာတွေက မပြေလည်ဘဲ ရှိနေမှာပဲ။ အလုပ်ကလည်း ဆက်ပြီး နှောင့်နှေးနေမယ်။ ကိစ္စတွေကို တွေ့ကြုံရလေလေ၊ သူများတွေရဲ့ အကြံကို လက်ခံဖို့၊ ကိစ္စတွေဖြစ်ပျက်တဲ့အခါမှာ ပြန်သုံးသပ်ဖို့က ဘယ်လောက်လိုအပ်တယ်ဆိုတာကို ခံစားရလေလေပဲ။

ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို ပြန်ကြည့်တော့ စိတ်ခံစားမှုတွေ အများကြီးနဲ့ ပြည့်သွားပြီး ဘုရားသခင်က ဘယ်လောက် အမြော်အမြင် ရှိတယ်ဆိုတာ မြင်သွားတယ်။ လီရန်က ကျွန်မပြဿနာကို ထောက်မပြခဲ့ရင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့ ကျွန်မစိတ်သဘောထားက ဘယ်လောက်ဆိုးတယ်ဆိုတာကို လုံးဝ သဘောပေါက်မှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ ထုတ်ဖော်ခြင်းနဲ့ ဖော်ထုတ်တဲ့ နှုတ်ကပတ်တော်တွေမရှိဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ သိခဲ့မှာလည်းမဟုတ်ဘူး။ လမ်းမှားကိုပဲ ဆက်ပြီး လိုက်နေခဲ့မှာပဲ။ နောက်ဆုံးမှာ ညီအစ်ကိုမောင်နှမတွေက ငြင်းပယ်တာကို ကျွန်မခံခဲ့ရမှာဖြစ်ပြီး ဘုရားသခင်က ကျွန်မကို ဖယ်ရှားရှင်းလင်းခဲ့မှာပဲ။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အကျည်းတန်မှုကို ထုတ်ဖော်ခဲ့တာက ဘုရားသခင်ရဲ့ အံ့ဖွယ်လုပ်ဆောင်မှုဖြစ်ပါတယ်။ ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်ခဲ့တာက၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့ ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို မြင်စေပြီး နိုးထပြီးတော့ နောက်ပြန်လှည့်စေခဲ့တာက ဘုရားသခင်ရဲ့ ပြင်းထန်တဲ့ တရားစီရင်ခြင်းနှုတ်ကပတ်တော်တွေဖြစ်ပါတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ချစ်ခြင်းပဲ။ ကျွန်မက အများကြီး မပြောင်းလဲသေးပေမဲ့ တဖြည်းဖြည်းချင်း ပြောင်းလဲနိုင်ဖို့အတွက် နောင်မှာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံချင်စိတ်ရှိနေပါတယ်။

အရှေ့သို့- ၇၀။ ကျွန်ုပ်၏ မုန်းတီးစိတ်များကို ဖယ်ရှားပုံ

နောက်တစ်ခုသို့- ၇၆။ တာဝန်များပြောင်းရွှေ့ပြီးနောက် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။