၃၂။ ကျွန်မ၏စိတ်ဝိညာဉ် လွတ်မြောက်ခြင်း

မီပူ စပိန်နိုင်ငံ

သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏ကျူး”) ဘုရားသခင်၏နှုတ်ကပတ်တော်များ ဤဓမ္မသီချင်းက ကျွန်မအား လွန်ခဲ့သည့် နှစ်အနည်းငယ်က အတွေ့အကြုံတစ်ခုကို သွားသတိရစေသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၌ ကျွန်မ ကူညီပြီး ကကွက်ဖန်တီးထားသည့် သီဆိုကခုန်ခြင်း သီချင်းဗီဒီယို တစ်ခုကို အွန်လိုင်းမှာတင်ခဲ့သည်။ ညီအစ်ကိုမောင်နှမများက ယင်းကို အရမ်းကြိုက်ခဲ့ကြပြီး၊ အသင်းတော်၏အကအသင်းကို ကျွန်မ ဦးဆောင်ဖို့ ၎င်းတို့က အကြံပြုကြသည်။ ကျွန်မ အမှန်တကယ် စိတ်လှုပ်ရှားပြီး ဤတာဝန်ကို သေချာပေါက် ကောင်းစွာ ထမ်းဆောင်ပြီး သူ့ကို သက်သေခံဖို့ ဗီဒီယိုများ ထပ် ထုတ်လုပ်ပါမည်ဟု ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ မကြာမီတွင် အကအသင်းက များစွာ တိုးတက်လာပါသည်။ ညီအစ်ကိုမောင်နှမများက ကျွန်မကို အမှန်တကယ် အထင်ကြီးပြီး သူတို့၌ ရှိသော မည်သည့် ကခုန်ခြင်း အခက်အခဲကိုမဆို ကူညီပေးဖို့ ကျွန်မထံ လာကြသည်။ ဤသည်က ကျွန်မ၏ အတ္တကို အစာကျွေးပြီး အသင်းတော်မှာ ကျွန်မက မရှိမဖြစ် ပါရမီထူးသူတစ်ဦးကဲ့သို့ ခံစားခဲ့ရသည်။ သိပ်မကြာမီ အခြားအသင်းတော် ခေါင်းဆောင်တစ်ယောက်က အစ်မယီအား ကျွန်မနှင့် အလုပ်တွဲလုပ်ဖို့ စီစဉ်ပေးခဲ့သည်။ ကျွန်မက “အစ်မယီက ပညာရှင် အကအတွေ့အကြုံလည်း ရှိတယ်၊ မတူညီတဲ့ အကပုံစံတွေမှာလည်း ငါ့ထက် အများကြီးပိုတော်တယ်။ ငါတို့ အချင်းချင်း တစ်ယောက်က တခြားတစ်ယောက် လိုအပ်တာကို ဖြည့်ပေးပြီး ငါတို့တာဝန်ကို သေချာပေါက် ကောင်းကောင်း ထမ်းဆောင်နိုင်မယ်။” ဟု တွေးလျက်၊ ယင်းနှင့်ပတ်သက်ပြီး အရမ်းပျော်မိသည်။ အချိန်နည်းနည်းကြာတော့ ကျွန်မတို့ သီချင်းဗီဒီယိုတစ်ခုရိုက်ဖို့ ပြင်ဆင်ကြပြီး ကကွက်အတွက် အစ်မယီ၏အတွေးအခေါ်များက ပိုတိုးတက်ကာ ကျွန်မထက် ပိုပြီးထိုးထွင်းအမြင်ရှိသည်ကို တွေ့ရသည်။ ညီအစ်ကို မောင်နှမများ အားလုံးက ယင်းတို့ကို သဘောကျကြသည်။ ကျွန်မက ယင်းကို သိပ်မကျေနပ်ဘဲ “သူများတွေက ငါ့ကို ဘယ်လိုထင်မလဲ။ ငါက အစ်မယီလောက် အရည်အချင်း မရှိဘူးလို့များ ထင်သွားမလား။ သူက ငါ့ထက်ပိုတော်သွားရင် အသင်းမှာ ငါ့ရဲ့အခန်းကဏ္ဍက အရေးပါပါဦးမလား။” ဟု တွေးမိသည်။ အခြားသူများက ပြဿနာတစ်ခုရှိသည့်အခါတိုင်း အစ်မယီကို စကားပြောဖို့ သွားကြသည့်အခါ၊ ယင်းက ကျွန်မကို အထူးတလည် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကျွန်မ ကြီးကြပ်သူ ဖြစ်ခဲ့သော်လည်း၊ သူတို့က သူတို့မှာ ပြဿနာရှိတိုင်း သူမကို သွားရှာကြသည်။ ယင်းက သူမသည် ကျွန်မထက် သာသည်ဆိုသည့်သဘော မဟုတ်ပါလား။ သူမက ကျွန်မထက် သာသွား၍ မဖြစ်ဟု ကျွန်မ ခံစားရသည့်အတွက်၊ ကျွန်မလည်း သူမကဲ့သို့ တော်သည်ကို လူတိုင်း မြင်ရစေဖို့အလို့ငှာ၊ ကျွန်မတို့၏နောက်အစီအစဉ်တွင် အမှန်တကယ် အစွမ်းပြဖို့လိုသည်ဟု ဆုံးဖြတ်ခဲ့သည်။

နောက်ပိုင်းတွင် အလုပ် လိုအပ်ချက်များကို ကူညီဆောင်ကြဉ်းရန် အစ်မယီနှင့် ကျွန်မလူခွဲပြီးတော့ ကျွန်မတို့၏တာဝန်များကို လုပ်ဆောင်ကြသည်။ ကျွန်မက သီချင်းဗီဒီယိုကို တာဝန်ယူရစဉ်၊ သူမကစတိတ်ရှိုးကို တာဝန်ယူရသည်။ ကျွန်မ တိတ်တဆိတ် ကျေနပ်နေမိသည်။ ယခင်က ကျွန်မတို့ အတူတူအလုပ်တွဲလုပ်သည့်အခါ၊ ကျွန်မက လောင်းရိပ်မိနေခဲ့သည်ဟု ခံစားရသောကြောင့်၊ ကျွန်မက သူမထက် တတ်နိုင်စွမ်းရှိသည်ကို အားလုံးမြင်စေဖို့ ထိုအခွင့်အရေးကို အမိအရအသုံးချဖို့ လိုသည်ဟု ခံစားခဲ့ရသည်။ သီချင်းဗီဒီယိုကို အကောင်းဆုံး ဖန်တီးနိုင်ဖို့အလို့ငှာ၊ ကျွန်မက သုတေသနနှင့် ကကွက်များအပေါ် အချိန်ပိုသုံးခဲ့သော်လည်း၊ ကျွန်မ၏ ကကွက်အတွက် မပြီးသေးမီ အစ်မယီက သူမ၏အက ရိုက်ကူးရေး ပြီးခါနီးဖြစ်သည်ကို မြင်သည့်အခါ၊ ကျွန်မ အလွန် စိုးရိမ်ကြောင့်ကြခဲ့ရသည်။ ကျွန်မ ပိုမြန်အောင်နှင့် အရည်အသွေး တိုးတက်အောင် ကြိုးစားလျက်၊ ကျွန်မတို့၏ အကတိုက်ခြင်းတွင် ညီအစ်ကိုမောင်နှမ တကယ်ကို တင်းကျပ်ခဲ့သည်။ တစ်ခါက အစ်ကိုတစ်ယောက်က ကကွက် အနည်းငယ် မှားသည်ကို ကျွန်မတွေ့သည့်အခါ၊ ကျွန်မက သူ့ကို လေသံမာမာနှင့် ဆူပူကြိမ်းမောင်းခဲ့သည်၊ သူက ကောင်းကောင်း မကပါက၊ အစီအစဉ်ကို ထိခိုက်ပြီး ကျွန်မက အစ်မယီလောက် မကောင်းမည်ကို စိုးရိမ်ခဲ့သည်။ ရိုက်ကူးရေးမစမီ အစပိုင်းမှာ အကများ နည်းနေသည်ဟု အစ်ကိုတစ်ယောက်က ထောက်ပြသည်။ သူက မှန်သော်လည်း ထိုအချိန်တွင် ကျွန်မ မည်သည့်အရာ ထည့်ဆောင်း ထည့်ရမည်ကို မတွေးနိုင်ခဲ့သောကြောင့်၊ သူက အစ်မယီကို အကူအညီတောင်းကြည့်ဖို့ အကြံပေးခဲ့သည်။ ဤသည်ကို ကြားရသည်မှာ ကျွန်မ တကယ် မပျော်ခဲ့ပါ။ ထိုကဲ့သို့ အရေးကြီးနေသော အဆင့်တစ်ခုတွင် သူမကို စကားသွားပြောခြင်းက ကျွန်မသည် သူမလောက် အရည်အချင်း မရှိသကဲ့သို့ ဖြစ်မသွားပါလား။ အစ်မယီကသာ ပါဝင်ပတ်သက်လာပါက၊ နောက်ဆုံးချီးကျူးမှုကို မည်သူက ရမည်နည်း။ ကျွန်မက ယင်းနှင့်ပတ်သက်၍ အချိန်နှင့်လုပ်အား များစွာ ရင်းနှီးထားရပြီး၊ အချောသတ်အလုပ်အတွက် ပြီးခါနီး ဖြစ်ပါသည်။ ကျွန်မ သူမကို လုံးဝ အကူအညီ မတောင်းနိုင်ပါ။ ထို့ကြောင့် ကျွန်မက “အသေးအမွှားလေးတွေကို ဂရုစိုက်မနေပါနဲ့။ ရိုက်ပြီးသွားရင် ဘယ်လိုနေလဲ ကြည့်လို့ရတာပဲ။” ဟုပြောခဲ့သည်။ နောက်တော့ ခေါင်းဆောင်က ကျွန်မတို့၏သီချင်းဗီဒီယိုကို ကြည့်ပြီး ယင်းက ဘုရားသခင်ကို သက်သေခြင်း စံနှုန်းမပြည့်မီဘဲ၊ ပြန်လုပ်ဖို့ လိုအပ်သည်ဟု ပြောသည်။ ဤသည်ကို ကြားရသည်မှာ ကျွန်မ အရမ်းစိတ်ပျက်မိသည်- ယင်းက ကျွန်မ၏နှလုံးသားကို ဓားတစ်ချောင်း ထိုးဖောက်သွားသကဲ့သို့ ဖြစ်သည်။ ကျွန်မက “အခုဆို ငါ တကယ့်ကို အရှက်ကွဲပြီး။ လူတွေက ငါ့ကို အမှန်အတိုင်း မြင်သွားကြတော့မယ်။ ငါကအစ်မယီလောက် မတော်ဘူ၊ ပြီးတော့ အလုပ်ကို လုပ်နိုင်စွမ်း မရှိဘူးလို့ ထင်ကြတော့မယ်။ အသင်းမှာ ငါ့နေရာတည်မြဲအောင် ဘယ်လို လုပ်ရပါတော့မလဲ။” ဟုတွေးမိသည်။ ထိုရက် အနည်းငယ်အတွင်း ကျွန်မ၏သိက္ခာနှင့် ဂုဏ်ဒြပ်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ စဉ်းစား၍မရနိုင်ခဲ့ပါ။ ကျွန်မ ညအိပ်မပျော်ဘဲ၊ တွေ့ဆုံပွဲများ၌ အိပ်ငိုက်ပြီး ကျွန်မ၏ တာဝန်မှာလည်း စိတ်မပါခဲ့ပါ။

တစ်နေ့တွင် ကျွန်မ၏ခေါင်းဆောင်က မိတ်သဟာယပြုဖို့ ကျွန်မဆီကို လာသည်။ ကျွန်မက မိမိကိုယ်ကိုယ် နားလည်ခြင်း လုံးဝ မရှိသည်ကို မြင်သည့်အခါ၊ သူမက ကျွန်မ၏ နာမည်နှင့် ရာထူးကို ကာကွယ်ဖို့ အခြားသူ၏ ပင်ကိုစွမ်းရည်ကို ကျွန်မ မနာလိုဖြစ်လာကြောင်း၊ ကျွန်မက အသင်းတော်၏အလုပ်ကို လုံးဝ ထည့်မတွက်ကြောင်း၊ ပြီးလျှင် ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြောင်း ပြောလျက်၊ ကျွန်မကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ကျွန်မကို မိမိကိုယ်ကိုယ် အမှန်တကယ် ပြန်လည်ဆန်းစစ်ဖို့ ပြောပြီး၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မကို ဖတ်ပြသည် “ရာထူး မျက်နှာ သို့မဟုတ် နာမည်ဂုဏ်သတင်းတို့ကို့ ထိုအရာက ပတ်သက်မိသည်နှင့်တပြိုင်နက်၊ လူတိုင်း၏ စိတ်နှလုံးများက မျှော်လင့်စောင့်စားချက်ဖြင့် ခုန်တက်သွားကြပြီး သင်တို့အသီးသီးက ထင်ပေါ်ချင်ကြသည်၊ ကျော်ကြားချင်ကြပြီး အသိအမှတ်ပြုခံချင်ကြသည်။ လူတိုင်းက အလျှော့ပေးရန် မလိုလားကြ၊ ယင်းအစား ယှဉ်ပြိုင်ခြင်းက စိတ်ကသိကအောက်ဖြစ်စေကာ ဘုရားအိမ်တော်ထဲတွင် ခွင့်မပြုထားသော်လည်း အမြဲ ဖက်ပြိုင်ချင်ကြသည်။ သို့သော်၊ ယှဉ်ပြိုင်မှုမရှိဘဲ သင်တို့သည် မရောင့်ရဲနိုင်ကြသေး။ တစ်စုံတစ်ဦးက ထင်ပေါ်သည်ကို သင်မြင်သည့်အခါ၊ မနာလိုဝန်တိုမှုကို သင်ခံစားရသည်၊ မုန်းတီးမှုကို ခံစားရပြီး ယင်းမှာ မျှတခြင်းမရှိဟု သင်ခံစားရသည်။ ‘ဘာကြောင့် ငါ မထင်ပေါ်နိုင်ရတာလဲ။ အဲဒီလူက ဘာလို့ အမြဲ ထင်ပေါ်ရတဲ့သူ ဖြစ်ရပြီး ငါ့အလှည့် ဘယ်တော့မှ မရောက်ရတာလဲ။’ ထို့နောက် သင်သည် မကျေမချမ်းမှုအနည်းငယ် ခံစားရ၏။ ယင်းကို သင် ချုပ်တည်းရန် ကြိုးစားသော်လည်း သင် မတတ်နိုင်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး တစ်ခဏမျှ သင် သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် သင် ကြုံရသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ ထိုသို့သော အခြေအနေတွေထဲ လူတစ်ဦး ကျဆင်းရခြင်းသည် ထောင်ချောက် တစ်ခုမဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။...သင် ပိုမို ကြိုးပမ်းလေလေ၊ အမှောင်ထုက သင့်ကို ဝိုင်းရံ လေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မနာလို ဝန်တိုမှုနှင့် မုန်းတီးမှုတို့ကို သာ၍ သင်ခံစားရလေလေဖြစ်ကာ သင်၏ ရယူလိုသည့်စိတ်ဆန္ဒက ပို၍သာ သန်မာလာလိမ့်မည် ဖြစ်သည်။ သင်၏ ရယူလိုသည့်ဆန္ဒ ပိုမိုသန်မာလေလေ၊ ထိုသို့လုပ်ဆောင်နိုင်စွမ်း လျော့နည်းလေလေ ဖြစ်လိမ့်မည် ဖြစ်ပြီး ရရှိမှုလျော့နည်းသည်နှင့်အမျှ သင်၏ မုန်းတီးမှု တိုးပွားလေလေ ဖြစ်လိမ့်မည်။ သင်၏ မုန်းတီးမှု တိုးပွားသည်နှင့်အမျှသင်သည် အတွင်း၌ ပိုတိုး၍ မှောင်မိုက်လေလေ ဖြစ်မည်။ အတွင်း၌ သင် မှောင်မိုက်လေလေ၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေဖြစ်ပြီး၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေ၊ သင် အသုံးဝင်မှု လျော့နည်းလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ ချိတ်ဆက်ထားသော ရုန်းမထွက်နိုင်သည့် ဝဲသြဃ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်နိုင်ပါက၊ တဖြည်းဖြည်း ဖယ်ရှားခံရလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက ကျွန်မအတွက် ပြင်းထန်သော ထိုးနှက်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင် ထုတ်ဖော်လိုက်သည့် အရာသည် ကျွန်မ၏အခြေအနေ အတိအကျပင် ဖြစ်သည်။ ကျွန်မသည် မိမိ၏နာမည်နှင့် အကျိုးအမြတ်အတွက်သာ ရုန်းကန်လျက်၊ အစ်မယီ၏ အရည်အချင်းများကို မပြတ် မနာလိုဖြစ်နေခဲ့သည်။ ယင်းက ဘုရားသခင်အတွက် အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းပါသည်။ အစ်မယီအသင်းကို ရောက်လာပြီး သူမသည် မည်မျှ ကျွမ်းကျင်သည်ကို မြင်ရကတည်းက၊ ကျွန်မ မည်မျှမနာလို ဖြစ်ခဲ့သည်ကို ပြန်စဉ်းစားမိသည်။ အခြားလူများက သူမကို အထင်ကြီးပြီး ကျွန်မကို အထင်သေးပြီး ကျွန်မ၏ရာထူးအတွက် စိုးရိမ်ဖွယ်ဖြစ်မည်ကို ကျွန်မကြောက်ခဲ့သည်။ ထို့ကြောင့် ကျွန်မက မိမိကိုယ်ကိုယ် သက်သေပြနိုင်မည့် နည်းလမ်းများကို ရှာလျက်၊ သူနှင့် ဖက်ပြိုင်ခဲ့သည်။ သူ့အကအစီအစဉ်၏ ကကွက် ဖန်တီးခြင်းက ကျွန်မ၏ကကွက်များထက် ပိုလျင်မြန်စွာ တိုးတက်နေသည်ကို မြင်သည့်အခါ၊ နောက်ကောက် မကျစေဖို့ ညီအစ်ကိုမောင်နှမများကို ကျွန်မ အလွန်အကျွံ မရမနေ ခိုင်းခဲ့သည်။ အစ်မယီနှင့် ကျွန်မတို့ ဆွေးနွေးတိုင်ပင်ဖို့ အရာအချို့ ရှိသည်မှာ သိသာထင်ရှားသော်လည်း၊ သူမက ချီးကျူးမှုအားလုံးကို ရသွားမည်ကို စိုးရိမ်လျက်၊ ကျွန်မက သူမ မပါဝင်လာအောင် ဆင်ခြေများ ရှာခဲ့သည်။ အကျိုးဆက်အနေဖြင့် အချို့ ပြဿနာများကို အချိန်မီ မကိုင်တွယ်နိုင်ခဲ့ဘဲ၊ ညီအစ်ကိုမောင်နှမများ ပင်ပင်ပန်းပန်းကြိုးစားခဲ့သည့်တိုင်၊ ယင်းက ဘုရားသခင်အတွက် သက်သေခံချက် တစ်ခုအဖြစ် သုံးရလောက်အောင် မကောင်းခဲ့ပါ။ ကျွန်မတို့၏ မတူညီသော အားသာချက်များကို အတူထုတ်သုံးနိုင်ဖို့၊ ဘုရားသခင်ကို သက်သေခံဖို့ ကကွက်များ ကောင်းစွာ ဖန်တီးနိုင်ဖို့ အလို့ငှာ၊ အသင်းတော်ခေါင်းဆောင်က ကျွန်မနှင့် အစ်မယီကို ကျွန်မ၏တာဝန်တွင် တွဲအလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့သော်လည်း၊ ဘုရားသခင်၏အလိုတော်ကို ကျွန်မ လုံးဝထည့်မစဉ်းစားခဲ့ပါ။ ကျွန်မသည် နာမည်နှင့် အကျိုးအမြတ်အတွက် မပြတ် ပြိုင်ဆိုင်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးခဲ့သည်။ ကျွန်မသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး မကောင်းမှုများသာ လုပ်ခဲ့မိသည်။ ဤအတွေးက ကျွန်မကို အနည်းငယ် ကြောက်လန့်စေပြီး ကျွန်မမှာ နောင်တများဖြင့် ပြည့်နှက်နေခဲ့သည်။ ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့ပြီး အခြားသူများ၏ အောင်မြင်မှုကို မနာလို မဖြစ်ချင်တော့သကဲ့သို့၊ နာမည်နှင့် အကျိုးအမြတ်အတွက် မယှဉ်ပြိုင်လိုတော့ပါ။ ကျွန်မက ဘုရားသခင်ထံတွင် နောင်တရပြီး အစ်မယီနှင့် ကောင်းစွာ အလုပ်လုပ်ကာ၊ ကျွန်မတို့၏တာဝန်ကို အတူတူ ထမ်းဆောင်ချင်ခဲ့သည်။

ထို့နောက်တွင် ကျွန်မတို့အတူတူ ကကွက်များ ဖန်တီးခဲ့ကြကာ ကျွန်မ၏သဘောထားသည် အတော်အတန် တိုးတက်လာခဲ့ပါသည်။ အစ်မယီကို မနာလိုဖြစ်မိသည့် အချိန်များ ရှိသေးသော်လည်း၊ ကျွန်မ၏ကိုယ်ကျိုးကိုမဟုတ်ဘဲ အသင်းတော်၏အလုပ်ကို ထိန်းသိမ်းသင့်သည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မသည် အစီအစဉ်ပိုကောင်းလာဖို့အတွက် အစ်မနှင့်မည်သို့တွဲလုပ်ရမည်ကို စဉ်းစားလျက်၊ ဇာတိပကတိကို အသိစိတ်ရှိစွာ စွန့်လွှတ်ပြီး မိမိကိုယ်ကိုယ် ဘေးဖယ်ထားခဲ့သည်။ ပြဿနာများ သို့မဟုတ် အခက်အခဲများ ရှိလာပါက၊ ကျွန်မတို့ မကြာခဏ အတူတကွ မိတ်သဟာယ ဖွဲ့ကြပြီး၊ ကျွန်မတို့ ပြသသည့် မည်သည့် ဖောက်ပြန်ပျက်စီးခြင်း အကြောင်းကိုမဆို ဖွင့်ပြောကြကာ၊ ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို အတူတကွ ရှာဖွေကြသည်။ ထိုနောက်တွင် ဘုရားသခင်၏ လမ်းညွှန်ချက်နှင့် ကောင်းချီးမင်္ဂများကို ကျွန်မ မြင်ခဲ့ရသည်- ကကွက်များအား တကယ့်ကို လျင်မြန်စွာ ဖန်တီးနိုင်ခဲ့သည်။ ကျွန်မသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ လာသည့် သောကကင်းဝေးခြင်းနှင့် သက်သာရာရခြင်း ခံစားမှုကိုလည်း တွေ့ကြုံခံစားခဲ့ရပါသည်။

နှစ်လသုံးလကြာပြီးသည့်နောက် အစ်မယီနှင့် ကျွန်မတို့ စင်မြင့်တင်ဆက်မှုတစ်ခုအတွက် အတူတူ အလုပ် လုပ်ခဲ့ကြသည်။ အစတွင် ကိစ္စများ အမှန်တကယ် လျင်မြန်စွာ ပြီးဆုံးခဲ့ပြီး ညီအစ်ကိုမောင်နှမများက ကျွန်မတို့ ကကွက်ဖန်တီးသည့် နည်းလမ်းကို သဘောကျခဲ့ကြသည်။ ကျွန်မက မိမိကိုယ်ကိုယ် တကယ့်ကို ကျေနပ်မိသည်။ တစ်ရက်တွင် ခေါင်းဆောင်က ကကွက်နှင့်ပတ်သက်၍ အခြေအနေ မည်သို့ရှိသည်ကို မေးခဲ့ပြီး၊ ကျွန်မက “ကျွန်မတို့ တိုးတက်လာပါတယ်။” ဟု ပျော်ပျော်ရွှင်ရွှင် ပြန်ပြောခဲ့သည်။ ထို့နောက် ညီအစ်မတစ်ယောက်က “အစ်မယီမှာ အကြံဉာဏ် ကောင်းတွေရှိတယ်၊ ပြီးတော့ အကြမ်းဖျင်း အစီအစဉ်ကလည်း တော်တော်လေး ကောင်းမယ့်ပုံပဲ။” ဟု ဝင်ပြောသည်။ ကျွန်မလည်း စိတ်အနှောင့်အယှက် ဖြစ်သွားပြီး “ရှင်က ဘာလို့ အဲဒီလိုပြောရတာလဲ။ အခုဆို အကအတွက် အကြံဉာဏ်တွေက အစ်မယီဆီက ရပြီး ငါက သူ့လောက် မတော်ဘူးဆိုတာ လူတိုင်း သိသွားကြပြီ၊ ငါလည်း တစ်ခုခု ရမဲ့နည်းလမ်းကို စဉ်းစားရမယ်။ အဲဒီလိုသာမဟုတ်ရင် ခေါင်းဆောင်နဲ့ ညီအစ်ကိုမောင်နှမတွေက ငါ့ကိုဘယ်လို ထင်ကြမလဲ။” ဟု တွေးမိသည်။ တစ်ခါက အကတိုက်စဉ် ကျွမ်းဘားဆန်ဆန် ဆန်းသစ်သော ကကွက်တစ်ခုကို ကျွန်မ စဉ်းစားမိသည်။ စိတ်လှုပ်ရှားလျက်၊ ကျွန်မက “ငါက ကျွမ်းဘားကျွမ်းတာပဲ။ ငါတို့ ဒါကို ကောင်းကောင်း လေ့ကျင့်နေသမျှ ကကွက်က ပိုကောင်းရုံတင်မကဘူး လူတွေကလည်း ငါ့အားသာချက်တွေကို သိသွားကြမယ်။ ပြီးရင် အားလုံးကလည်း ငါ့ကို အထင်ကြီးကြလိမ့်မယ်။” ဟု တွေးမိသည်။ သို့ရာတွင် နောက်နေ့ ထိုကကွက်ကို ညီအစ်ကိုမောင်နှမများကို သင်ပေးသည့်အခါ၊ ကကွက်က အရမ်းမြန်ပြီး အရမ်းခက်သည်ဟု သူတို့က ထင်မြင်ချက် ပေးကြသည်။ ထိုညနေက ညီအစ်မတစ်ယောက်က “အဲဒီကကွက်နဲ့ဆို လူတွေက ဒဏ်ရာရလွယ်တယ်။ အဲဒါကို မလေ့ကျင့်သင့်ဘူးလို့ ကျွန်မထင်တယ်။” ဟု သတိပေးသည်။ ကျွန်မ၏ကကွက်ကို အခြားလှုပ်ရှားမှုနှင့် အစားထိုး လိုက်မည်ကို ကျွန်မ တကယ်ကို စိုးရိမ်မိပြီး၊ သို့ဆိုလျှင် အချိန်ကျလာသည့်အခါ ကျွန်မက အစ်မယီနှင့် မည်သို့များ ယှဉ်ပြိုင်နိုင်တော့မည်နည်း။ ထို့ကြောင့် ကျွန်မက လူတိုင်းကို အကြိမ်ရေ အနည်းငယ် ထပ်လေ့ကျင့်ဖို့ တိုက်တွန်း အားပေးခဲ့ပြီး၊ ညီအစ်မတော်တော်များများ ချော်လဲပြီး ဒဏ်ရာရသည့်အခါမှသာ ကျွန်မ လက်လျှော့ခဲ့သည်။ ကျွန်မအရမ်းစိတ်ပျက်ပြီး စိတ်မကောင်းဖြစ်မိသောကြောင့်၊ အဖွဲ့ကို တောင်းပန်ပြီး ကကွက်ကိုပြန်ပြင်ခဲ့သော်လည်း၊ ယင်းနှင့်ပတ်သက်၍ မိမိကိုယ်ကိုယ် ပြန်မဆန်းစစ်ခဲ့ပါ။ သိပ်မကြာမီတွင်ပင် ရုပ်ရှင်စရိုက်ဖို့ ပြင်ခဲ့သည်။ ကျွန်မရော အစ်မယီရော တင်ဆက်မှုတွင် ပါဝင်ခဲ့သည်။ ရိုက်ကူးမှု ကာလအတွင်းတွင် ရိုက်ကူးနေစဉ်က ကျွန်မ ကောင်းစွာ မကခဲ့ဟု ခံစားရသောကြောင့်၊ ဒါရိုက်တာကို အကြိမ်အချို့ ပြန်ရိုက်ခိုင်းခဲ့သည်။ နောက်ပိုင်းတွင် အစ်မယီပါသည့် ရိုက်ကွက်များ အားလုံးနီးပါး တိုက်ရိုက် ရိုက်ချက်များဖြစ်သော်လည်း၊ ကျွန်မ၏တစ်ခုတည်းသော အနီးကပ်ရိုက်ချက်မှာမူ ဘေးတိုက် ဖြစ်နေသည်။ ကျွန်မ အရမ်း စိတ်ဓာတ်ကျသွားသည်။ နောက်ပိုင်းရိုက်ချက်များတွင် ကျွန်မမှာ ပြုံးပင်မပြုံးနိုင်ဘဲ၊ ကျွန်မ၏အကမှာလည်း အသက်မပါခဲ့ပါ။ ကျွန်မက အစ်မယီထက် မည်သို့ပိုကောင်းအောင်ကနိုင်သည်ကိုသာ စွဲလမ်းနေခဲ့သည်။ ကျွန်မပြန်စစ်ရမည့် အကအခန်းများကိုလည်း ကြည့်ချင်စိတ် မရှိခဲ့သကဲ့သို့၊ အစီအစဉ်က ဘုရားသခင်ကို သက်သေခံသည် မခံသည်ကိုလည်း ကျွန်မဂရုမစိုက်တော့ပါ။ ထို့ကြောင့် ဗီဒီယိုထွက်လာသည့်အခါ၊ အကက တောင့်တောင့်ကြီးနှင့် မလွတ်လပ်သကဲ့သို့ ဖြစ်နေသည်ဟု ပြောကြသည်၊ ယင်းက ဘုရားသခင်ကို သက်သေမခံရုံတင်မကဘဲ၊ ဘုရားသခင်ကို အရှက်ပါရစေသည့်လုပ်ရပ် ဖြစ်လေသည်။ နောက်ပိုင်းတွင် ခေါင်းဆောင်က ကျွန်မက နာမည်နှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ခြင်း အခြေအနေတစ်ခုတွင် ပိတ်မိနေခဲ့ပြီး မိမိ၏တာဝန်တွင် မည်သည့်အရာမျှ စွမ်းဆောင်ရရှိခြင်း မရှိသောကြောင့် ကျွန်မ၏တာဝန် ရာထူးမှ ကျွန်မကို ထုတ်တော့မည့်အကြောင်း ပြောခဲ့သည်။ ကျွန်မ အရမ်း စိတ်ပျက်မိသည်။ အစတွင် ကျွန်မသည် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး ဘုရားသခင် ကျေနပ်အောင်သာ လုပ်ချင်ခဲ့သော်လည်း၊ ကျွန်မ၏ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်အတွက် အလုပ်လုပ်နေခဲ့သည့်အတွက်၊ ကျွန်မ စီစဉ်ခဲ့သည့် အစီအစဉ်များသည် ဘုရားသခင်ကို စိတ်မကျေနပ်စေရုံသာမက၊ ယင်းက ဘုရားသခင်ကို အရှက်ရစေခဲ့သည်။ ဤသည်မှာ ပြစ်မှားခြင်းဖြစ်သည်။ အကမှတစ်ဆင့် ကျွန်မ၏တာဝန်ကို ထမ်းဆောင်ရမည့် အခွင့်အရေးကို ကျွန်မ ဆုံးရှုံးခဲ့ရသည်။ ကျွန်မ အရမ်း ငိုခဲ့ရသည်။

နောက်ပိုင်းတွင် ကျွန်မ “နာမည်နဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်တိုက်ခိုက်တာက မမှန်တာကို ငါ ကောင်းကောင်း သိလျက်နဲ့ ဘာလို့အဲဒါတွေနောက် ခဏခဏ လိုက်နေမိတာလဲ။ တကယ့်အကြောင်းအရင်းက ဘာလဲ။” ဟု မကြာခဏ ပြန်စဉ်းစားသည်။ တစ်ခါက ဝတ်ပြုနေသည့်အခါ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များထဲမှ ဤအပိုဒ်ကို ဖတ်ခဲ့ရပါသည် “ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိ ဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်၏နှုတ်ကပတ်တော်များက လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် စာတန်၏နည်းဗျူဟာများနှင့် ဆိုးယုတ်သည့် ရည်ရွယ်ချက်တို့ကို ထုတ်ဖော်လိုက်သည်။ လူများက ပို၍ ပို၍ စာရိတ္တပျက်စီးပြီး ဖောက်ပြန်ပျက်စီးကာ၊ ဘုရားသခင်ကိုပင် ပုန်ကန်ပြစ်မှားပြီး မကောင်းမှုများကို လုပ်ကြစေဖို့အလို့ငှာ၊ ၎င်းက ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးချပြီး လူများကိုထိန်းချုပ်ကာ ပျက်စီးစေသည်။ ကျွန်မ ငယ်ငယ်ကတည်းက စာတန်၏ လွှမ်းမိုးခြင်းနှင့် သင်ကြားပို့ချခြင်းတို့ကို ခံခဲ့ရသည်။ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊” နှင့် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏၊” စာတန်၏ ဤအတွေးအခေါ်စနစ်များက ကျွန်မ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ကျွန်မ မည်သည့်အဖွဲ့ကိုရောက်ပါစေ ထူးခြားချင်သည်၊ လေးစားပြီးချီးကျူးသည်ကို ခံချင်သည်။ ထူးချွန်သည့် တစ်ယောက်ယောက်ကို မြင်ရခြင်းက ကျွန်မ မနာလိုစေဖြစ်ပြီး၊ နာမည်နှင့်အကျိုးအမြတ်အတွက် အစဉ် ရုန်းကန်နေလျက် သူ့ထက်သာဖို့ ကျွန်မ အရာအားလုံးကို တွေးရန်ကြိုးစားပြီး စာတန်၏လှည့်ကွက်များအားဖြင့် စိတ်ဆင်းရဲရစေသည်။ ကျွန်မ၏ စိတ်သဘောထားသည်လည်း ပို၍ မာနထောင်လွှားလာပြီး ရက်စက်ကြမ်းကြုတ်လာသည်။ ကကွက်ဖန်တီးမှုအကြောင်း ပြန်တွေးလျက်၊ ကျွန်မ၏နည်းစနစ်ပိုင်းကျွမ်းကျင်မှုနှင့် အရည်အသွေးများကို ထုတ်ပြပြီးတော့ အစ်မယီထက် သာချင်ခဲ့သော်လည်း၊ တင်ဆက်သည့်သူများ ကိုယ်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ကျွန်မ ဂရုမစိုက်ခဲ့ပါ၊ ယင်းက အဆုံး၌ အကတိုက်ချိန်အတွင်းတွင် ညီအစ်မအချို့ကို ဒဏ်ရာရစေခဲ့သည်။ ကျွန်မတို့ ဗီဒီယိုရိုက်နေစဉ်တွင် ကျွန်မ၏ တစ်ခုတည်းသော အနီးကပ် ရိုက်ချက်ကိုအသုံးချပြီး အစ်မယီထက် သာကြောင်း ပြချင်သောကြောင့်၊ ကျွန်မ၏ ကကွက်များက ကျွန်မအတွက် ပြီးပြည့်စုံခြင်း မရှိသည့်အခါ၊ အလုပ်ကို နှောင့်နှေးစေလျက် ဒါရိုက်တာကို ပြန်ရိုက်ခိုင်းခဲ့သည်။ နောက်ဆုံးတွင် ကျွန်မ၏ မျက်နှာဘေးတိုက်သာ ရိုက်ချက်ထဲ ပါပြီး အစ်မယီ၏ ရိုက်ချက်များ အားလုံးနီးပါးက အရှေ့မှ ဖြစ်သည်ကို ကျွန်မ တွေ့သည့်အခါ၊ ကျွန်မက မကျေနပ်ချက်များပြည့်နှက်ပြီး အပျက်သဘောဆောင်ပြီး ခုခံသည့်အခြေအနေနှင့်နေခဲ့ကာ၊ ဘုရားသခင်ကို သက်သေခံဖို့ ကောင်းစွာ ကခုန်ရန် စိတ်မပါခဲ့ပါ။ အကျိုးဆက်အနေဖြင့် ကျွန်မ၏အကက ဘုရားသခင်ကို အရှက်ရစေခဲ့ပါသည်။ ကျွန်မ ကကွက်ဖန်တီးခြင်းက ဘုရားသခင်ကို သက်သေမခံဘဲ၊ ကျွန်မ ကိုယ်တိုင်ကိုယ်ကျ ကြွားဝါနေခြင်းသာ ဖြစ်သည်။ အမည်နှင့် အကျိုးအမြတ်အတွက် ကျွန်မ၏တိုက်ခိုက်မှုက အသင်းတော်၏ အလုပ်ကို ပြင်းထန်စွာ ဟန့်တားခဲ့ပြီး ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို ထိခိုက်စေခဲ့သည်။ ကျွန်မ၏အပြုအမူသည် ဘုရားသခင်အတွက် အလွန် ရွံရှာဖွယ်၊ မသတီဖွယ် ဖြစ်ခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက စိတ်ထဲကို ရောက်လာခဲ့သည်။ “ဤ ‘ဆိုးယုတ်သည့်လမ်း’ က ဆိုးယုတ်သည့် လုပ်ရပ်တချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ထိုအစား လူတို့၏အပြုအမူ ပေါက်ဖွားလာသည့် ဆိုးယုတ်သည့် အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ကျွန်မ မကောင်းသည့်အရာ အနည်းငယ် လုပ်မိခဲ့သောကြောင့်၊ ထုတ်ပယ်ခံရခြင်းမဟုတ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို သတိပြုမိစေခဲ့သည်။ ယင်းက ကျွန်မလုပ်ရပ်များ၏ဇာစ်မြစ်၊ အစနှင့် ကျွန်မသွားနေသည့် လမ်းကြောင်းတို့အားလုံးက ဆိုးယုတ်သောကြောင့် ဖြစ်ခဲ့ရသည်။ အစ်မယီက ကျွန်မနှင့် အလုပ်စလုပ်ကတည်းက၊ ကျွန်မက မိမိကိုယ်ကျိုးအတွက် ရန်ဖြစ်လျက်၊ သူမကို မနာလိုဖြစ်နေခဲ့သည်။ ကျွန်မ၏ အကျိုးကိုသာ ဆောင်ရွက်ခဲ့သည်။ ကျွန်မက ဒုစရိုက်မှုကို ပြုပြီး ဘုရားသခင်ကို ဆန့်ကျင်နေခြင်းသက်သက် ဖြစ်သည်။ ထိုအတွေး၌ ကျွန်မမှာကြောက်ရွံ့မှုများနှင့် ပြည့်နှက် လာခဲ့သည်။ နာမည်နှင့် ဂုဏ်ဒြပ်ကို လိုက်စားခြင်းက ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းကြောင်း တစ်ခု ဖြစ်သည်ကို ကျွန်မ တွေ့ခဲ့ရပြီး ဝန်ချမတောင်းပန်ပါက အဆုံးသတ်တွင် ကျွန်မက သုတ်သင်ဖယ်ရှင်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်း ခံရမည် ဖြစ်သည်။ ကျွန်မသည် ကြီးစွာ ဆိုးရွားသော နောင်တကို ခံစားခဲ့ရသည်။ ကျွန်မ ခါးသီးစွာ ငိုကြွေးပြီး ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ “အို ဘုရားသခင်၊ ကျွန်မတာဝန်က ထုတ်ပယ်ခံရပါတယ်။ ဒါက ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ကျွန်မကို ထုတ်ဖော်ပြနေတာဖြစ်ပြီး အဲဒါဟာ ကျွန်မအတွက် ကိုယ်တော်ရဲ့ ကွယ်ကာမှု ဖြစ်ပါတယ်။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ လမ်းကြောင်းကို အချိန်မီရပ်တန့်ပေးဖို့ ဒီအခြေအနေကို စီစဉ်ပေးတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်”

နောက်ပိုင်းရက်များတွင် ကျွန်မ အသင်းတော်မှာ ဧဝံဂေလိတရားကို တရားဟောသည့်ကာလ အတောအတွင်း ဝတ်ပြုခြင်းများနှင့် မိမိကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။ နာမည်နှင့် အကျိုးအမြတ်အတွက် ကျွန်မ၏တာဝန်တွင် ကျွန်မ၏ ပေါ့ပျက်မှုများနှင့်ပတ်သက်၍ ပြန်စဉ်းစားသည့်အခါတိုင်း နောင်တတွင်တွင်ရမိသည်။ အကအဖွဲ့တွင် ဘုရားသခင်က ပေးသည့်အခွင့်အရေးကို တန်ဖိုးမထားမိခဲ့သည့်အတွက် မိမိကိုယ်ကိုယ်လည်း မုန်းတီးမိသည်။ ထိုသီချင်းဗီဒီယိုများကို ပြန်ကြည့်သည့်အချိန်တွင်၊ ကျွန်မအရမ်းပြန်သွားချင်ပြီး အားလုံးက အစကနေပြန်လုပ်ချင်မိသော်လည်း၊ ယင်းက မဖြစ်နိုင်သည်ကို ကျွန်မ သိခဲ့ပါသည်။ အတိတ်က မိမိ၏ပြစ်မှားခြင်းများအတွက် ထေမိစေဖို့ ယခု မိမိ၏ ဧဝံဂေလိတာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်ဖို့သာ ကျွန်မ လုပ်နိုင်ပေသည်။ တစ်လကြာပြီးနောက် ခေါင်းဆောင်က ကျွန်မကို အကအဖွဲ့ကို တစ်ဖန် ပါဝင်စေသည်မှာ ကျွန်မ အံ့အားသင့်ခဲ့ရသည်။ ဤသတင်းကြောင့် ကျွန်မ အလွန် တို့ထိခြင်းခံရသည်မှာ မျက်ရည်ကိုမဆည်နိုင်ခဲ့ဘဲ၊ နာမည်နှင့် အကျိုးအမြတ်နောက်လိုက်ခြင်းမှ ရပ်ဖို့၊ အခြား ညီအစ်ကိုမောင်နှမများနှင့် ကောင်းစွာ အလုပ်လုပ်ဖို့နှင့်၊ ဘုရားသခင်၏မေတ္တာကို ပြန်ပေးဆပ်ဖို့ ဤအခွင့်အရေးကို အမှန်တကယ် တန်ဖိုးထားရန် သန္နိဌာန်ချခဲ့သည်။

အသင်းကိုပြန်ရောက်ပြီးနောက် တစ်ခါက ကျွန်မတို့၏ အကတိုက်ခြင်းတစ်ခုတွင် ညီအစ်ကိုမောင်နှမများကို သင်ပေးသည့် ကကွက်တစ်ခုက စံချိန်မမီပါဟု အစ်မယီက ပြောသည်။ ထိုအချိန်မှာ ကျွန်မရှက်သွားခဲ့သည်။ “လူတွေရှေ့မှာ ဘယ်လိုများ ဒီနည်းနဲ့ ငါ့ကို ဝေဖန်နိုင်တာလဲ။ အခု ငါက နင့်အဆင့်လောက် မရှိဘူးလို့ သူတို့က သေချာပေါက် ထင်သွားတော့မှာပေါ့။ ငါ့ကို အထင်သေးတာ မခံနိုင်ဘူး။ ငါလည်း ပညာရှင်တစ်ယောက်ပဲ။ နင့်ကကွက်တွေလည်း အကုန်လုံးပြီးပြည့်စုံမနေတာကို ငါသတိပြုမိတယ်။” ဟုတွေးခဲ့သည်။ သူဖန်တီးထားသည့် ကကွက်များကို ကျွန်မ ဖယ်ထုတ်ပစ်ချင်ခဲ့သည်။ ထို့နောက်တွင် ကျွန်မက မိမိ၏နာမည်နှင့် အကျိုးအမြတ်အတွက် တစ်ဖန် စဉ်းစားနေခြင်း ဖြစ်သည်ကို သဘောပေါက်လိုက်သောကြောင့်၊ ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့သည်။ ကျွန်မ၏ဆုတောင်းချက်ပြီးသည့်နောက် ဘုရားသခင်၏ဤနှုတ်ကပတ်တော်များကို စဉ်းစားမိသည်။ “အခိုက်အတန့်တစ်ခုသည် အရေးပါလေလေ၊ လူတို့သည် ကျိုးနွံနာခံနိုင်လေလေ ဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးများ၊ ဘဝင်မြင့်ခြင်း၊ မာနတို့ကို လက်လွှတ်နိုင်လေလေ ဖြစ်ကာ ၎င်းတို့၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နိုင်လေလေ ဖြစ်ပါက၊ ထိုအခါတွင်မှသာ ၎င်းတို့ကို ဘုရားသခင် အမှတ်ရမည် ဖြစ်သည်။ ထိုအရာအားလုံးသည် ကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်ကြပေသည်။ လူတို့ မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ၊ မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- ၎င်းတို့၏ ဘဝင်မြင့်ခြင်းနှင့် မာနလော၊ သို့မဟုတ် ဘုရားသခင်၏ ဘုန်းအသရေလော။ (ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်ပါသည်။) မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- သင်၏ တာဝန်ဝတ္တရားများလော၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးများလော။ သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်ပြီး၊ သင်သည် ထိုအရာများအတွက် တာဝန်ရှိပေသည်။...သင်သည် သင် ကိုယ်တိုင်၏တာဝန်၊ ဘုရားသခင်၏ အလိုတော်၊ သူ့အတွက် သက်သေခံဖို့နှင့် သင်ကိုယ်တိုင်၏ဝတ္တရားများကို ပထမဦးစားပေး ရပေလိမ့်မည်။ ဤသည်မှာ အင်မတန် ကြီးမြတ်သည့် သက်သေခံခြင်း နည်းလမ်းတစ်ခုဖြစ်ပြီး ယင်းက စာတန်ကို အရှက်ရစေပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သမ္မာတရားကို ရရှိခြင်းသည် ပျော်ရွှင်စရာအကောင်းဆုံးအရာဖြစ်၏”) ကျွန်မ စိတ်ထဲမှာ ဖြတ်ကနဲ လင်းသွားသည်။ ဤအခြေအနေဖြင့် ဘုရားသခင်က ကျွန်မကိုစမ်းသပ်နေခြင်း မဟုတ်ပါလား။ ကျွန်မ၏ အကျိုးစီးပွားနှင့် ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားတို့အကြား ပဋိပက္ခရှိသည့်အခါတိုင်း ကျွန်မသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ကို အာရုံစိုက်ပြီး စာတန်ကို အရှက်ကွဲစေဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ကျွန်မ စိတ်တည်ငြိမ် သွားသည်နှင့် တစ်ပြိုင်နက်၊ ယင်းကို ကျွန်မ တွေးမိသည်၊ ကျွန်မက ညီအစ်ကိုမောင်နှမများကို ကကွက် မှန်ကန်စွာ တကယ် မသင်ပေးရသည်ကို တွေ့မြင်သွားခဲ့သည်။ အစ်မယီက တဲ့တိုးပြောခဲ့ပြီး၊ ယင်းက ကျွန်မ အတွက် အရှက်ရစရာ ဖြစ်သော်လည်း သူမက မှန်နေပြီး၊ သူမ၏ အကြံပြုချက်ကို ကျွန်မ လက်ခံသင့်သည်ကို ကျွန်မ သိခဲ့သည်။ မိမိကိုယ်ကိုယ် ဘေးဖယ်လိုက်ပြီး မိမိ၏ကြံရွယ်ချက်များကို ပြင်ဆင်လိုက်ပြီးသည့်နောက်၊ အစ်မယီနှင့် ကျွန်မတို့က ကကွက်ဖန်တီးခြင်းကို လျင်မြန်စွာ အတူတကွ လက်စသတ်လိုက်ကြသည်။ ထိုနည်းလမ်းဖြင့် ကျွန်မ၏ တာဝန်ကို လုပ်ဆောင်ခြင်းအားဖြင့် သောကကင်းဝေးခြင်းနှင့် ငြိမ်သက်ခြင်း ခံစားမှုတစ်ခုကိုလည်း ကျွန်မ ခံစားရသည်။

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်မအတွက် သူ၏ကယ်တင်ခြင်းနှင့် မေတ္တာဖြစ်သည်ကို ထိုအတွေ့အကြုံက ကျွန်မကို အမှန်တကယ် ပြသလိုက်ပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်မကို နိုးထစေခဲ့ပြီး နာမည်နှင့် အကျိုးအမြတ် နောက်ကိုလိုက်ခြင်း၏ အနှစ်သာရနှင့် အန္တရာယ်ရှိသော အကျိုးဆက်များကို မြင်စေခဲ့ပါသည်။ ယင်းက ကျွန်မ၏မှားနေသည့် အမြင်ရှုထောင့်ကို ပြင်ပေးခဲ့ပြီး၊ ကျွန်မက အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သမ္မာတရားကို စတင် လိုက်စားပြီး ကျွန်မ၏တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

အရှေ့သို့- ၃၁။ မိမိတာဝန်ကို စွဲမြဲစွာလုပ်ခြင်း

နောက်တစ်ခုသို့- ၃၃။ ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ ချည်နှောင်မှုများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။