ရှုံးနိမ့်မှုနှင့် တွေ့ကြုံရာတွင် ရုန်းထခြင်း

ဘုရားသခင်ကို မယုံကြည်ခင်တုန်းကတော့၊ ကျွန်မက စီစီပီကြောင့် ပညာတတ်ဖြစ်ခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် တစ်ခုခု ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ ကျွန်မရဲ့ မိသားစုကို ဘယ်လိုဂုဏ်တက်စေမလဲ ဆိုတာကလွဲလို့ ကျွန်မ ဘာမှမစဉ်းစားခဲ့ဘူး။ နောက်တော့၊ ဘွဲ့လွန်သင်တန်းကို ကျွန်မ ဖြေခဲ့ပြီး ရှေ့နေတစ်ဦး ဖြစ်လာခဲ့တယ်။ အခြားသူတွေထက် သာတယ်လို့ ကျွန်မ အမြဲ ခံစားခဲ့တယ်။ ဒါကြောင့် ကျွန်မ ဘယ်နေရာကို သွားသွား၊ ဟန်ထုတ်ဖို့ပဲ အမြဲကြိုးစားတယ်။ တခြားလူတွေကို အရာရာတိုင်းမှာ ကျွန်မ မြင်သလိုမြင်ကြဖို့နဲ့၊ ကျွန်မ ပြောသလိုပဲ လုပ်ကြဖို့ လိုလားခဲ့မိတယ်။ အဲဒီအချိန်တုန်းက၊ ဒါဟာ မာနထောင်လွှားတဲ့ စိတ်သဘောထားမျိုးမှန်း ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မက တကယ်တော့ သိပ်တော်တဲ့လူပဲဆိုပြီး ထင်ခဲ့မိတာ။ ဘုရားသခငကို ကျွန်မ စယုံကြည်ခဲ့တဲ့နောက်မှာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရာကတစ်ဆင့်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို နောက်ဆုံးမှာ သတိပြုမိခဲ့တယ်။ ကျွန်မမှာ ရည်မှန်းချက်တွေနဲ့ စိတ်ဆန္ဒတွေရှိရုံသာမက ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်ပြီး မှန်တယ်လို့လည်း မှတ်ယူခဲ့တယ်ဆိုတာကို သိခဲ့တယ်။ တစ်ခါတလေ ကျွန်မ စကားပြောတဲ့အခါ၊ ကိစ္စတွေကို လုပ်ဆောင်တဲ့အခါ၊ အဲဒါတွေကို တခြားဘယ်သူနဲ့မှ ကျွန်မ မဆွေးနွေးခဲ့ဘူး။ ကိုယ့်ဘာသာပဲ မရမက လုပ်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုတချို့ ရခဲ့ပေမဲ့၊ ဒါတွေက အဓိကပြဿနာတွေ မဟုတ်ဘူးလို့ပဲ ထင်ခဲ့တယ်။ တစ်ခါ ဘုရားရဲ့ နှုတ်ကပတ်တော်ထဲမှာ ဖတ်မိတာ ကျွန်မ သတိရတယ်၊ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” ပြီးတော့၊ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” တဲ့။ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်း ဖြစ်သည်”ဆိုတဲ့ စာကြောင်းကို ကျွန်မ စဉ်းစားဆင်ခြင်ခဲ့တယ်။ ဒီတော့ ကောင်းမွန်တဲ့ လူ့သဘာဝ ရှိတဲ့လူတွေက ဘယ်လိုများလဲ။ ဒါမှမဟုတ် ဘုရားသခင်ကို နာခံတဲ့လူတွေကရော ဘယ်လိုလဲ။ သူတို့ရဲ့စိတ်သဘောထားတွေက ပြောင်းလဲဖို့ လိုနေတုန်းလား။ ပြောင်းလဲတဲ့ စိတ်သဘောထားတစ်ခု ဆိုတာကိုက ဘာများလဲ။ ကျွန်မတို့က ခရစ်တော်ကို ယုံကြည်နေကြပြီး ခရစ်တော်က လက်တွေ့ကျတဲ့ ဘုရားသခင်ဖြစ်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒီတော့ ခရစ်တော်ကို ယုံကြည်ခြင်းဆိုတာ ခရစ်တော်ကို နာခံခြင်းဆိုတဲ့ အဓိပ္ပာယ်မျိုး မသက်ရောက်သင့်ဘူးလား။ ဒါဆိုရင် ခရစ်တော်ကို နာခံခြင်းဆိုတာ ခရစ်တော်နဲ့ သဟဇာတ ဖြစ်ဖို့ကို ဆိုလိုတာပဲလေ။ အထူးသဖြင့် ဘုရားသခင်အတွက် အသုံးခံဖို့ပဲ ရွေးချယ်ရင်း၊ ကျွန်မအလုပ်အကိုင်ကို စွန့်ပြီး၊ မိသားစုကို စွန့်ခွာခဲ့ပုံတွေကို စဉ်းစားကြည့်တဲ့အခါ၊ ဒါက ကျွန်မအနေနဲ့ ခရစ်တော်ကို ယုံကြည်ပြီး၊ ခရစ်တော်နဲ့ သဟဇာတဖြစ်ခဲ့တဲ့ လက္ခဏာတစ်ခု မဟုတ်ဘူးလားလို့ တွေးမိတယ်။ ဒါပေမဲ့ ခရစ်တော်နဲ့ သဟဇာတဖြစ်ဖို့ဆိုရင် ကျွန်မရဲ့ အသက်တာစိတ်သဘောထားမှာ ပြောင်းလဲမှု ရှိရမယ်ဆိုတာကို အဲဒီတုန်းက ကျွန်မ မသိခဲ့ဘူး။ နားမလည်ခဲ့ဘူး။ ဒါကြောင့် ကျွန်မရဲ့တာဝန်တွေကို စိတ်အားထက်သန်မှုသက်သက်နဲ့ပဲ လုပ်ခဲ့ပါတယ်။ အသက်တာ ဝင်ရောက်ခြင်းက ဘာလဲဆိုတာကိုလည်း ကျွန်မမသိခဲ့သလို စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုက ဘာလဲဆိုတာကို မသိခဲ့ဘူး။ ကျွန်မမှာ အသက်တာ အတွေ့အကြုံ လုံး၀ မရှိခဲ့ဘူးလို့ ပြောလို့ရပါတယ်။ နောက်ဆုံးမှာ စစ်မှန်တဲ့ သိနားလည်မှုကို ဘယ်အချိန် ကျွန်မ ရလာခဲ့သလဲ။ တော်တော် ပြင်းထန်တဲ့ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို တွေ့ကြုံပြီးသွားတော့မှ၊ ကျွန်မကိုယ်ကျွန်မ ဆင်ခြင်မိပြီး၊ ကျွန်မရဲ့ကိုယ်ပိုင်သဘာဝက တကယ်တော့ တော်တော် မာနထောင်လွှားခဲ့မှန်း မြင်ခဲ့တာပါ။ ကိစ္စရပ်တွေ ကျွန်မဆီ ဖြစ်ခဲ့ချိန်မှာ သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားရဲ့ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်တာကို အာရုံစိုက်ဖို့ မသိခဲ့သလို ဘုရားသခင်ကို နာခံမှု ကျွန်မ လုံးဝ မရှိခဲ့ဘူး။ အခြေခံအားဖြင့် ကျွန်မက ခရစ်တော်နဲ့ သဟဇာတဖြစ်တဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူးလို့ ပြောနိုင်တယ်။ ဒီပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို ကြုံရတဲ့နောက်မှာ၊ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” လို့ ဘုရားသခင် မိန့်ခဲ့တဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကို နောက်ဆုံးမှာ ကျွန်မ အစစ်အမှန် နားလည်မှု ရခဲ့တယ်။

၂၀၁၄ ခုနှစ်မှာ၊ ဘုရားသခင်ကို ယုံကြည်လို့၊ စီစီပီအစိုးရရဲ့နှိပ်စက်မှုကို ခံရတာနဲ့၊ ကျွန်မလည်း နိုင်ငံခြားကို မဖြစ်မနေ ထွက်ပြေးလာရတယ်။ နိုင်ငံခြားကို ကျွန်မ ရောက်တဲ့နောက်မှာ၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ထက်ထက်သန်သန် အသုံးခံပြီး၊ အရည်အချင်းကောင်း ရှိတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေက မြင်ကြတယ်။ ဒါကြောင့် ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးခဲ့ကြတယ်။ ပွဲတချို့မှာ ပါဝင်ပေးဖို့၊ မီဒီယာတွေ မေးမြန်းတာကို ဖြေပေးဖို့ ကျွန်မကိုပဲ မကြာမကြာ ရွေးကြတယ်။ ဒါပေမယ့် ဒီအရာတွေက ကျွန်မရဲ့ အရင်းအနှီး ဖြစ်လာခဲ့တယ်။ ကျွန်မက မာနထောင်လွှားနေပြီးသားလေ။ ဒီအရင်းအနှီးနဲ့ဆိုတော့ ကျွန်မက မယုံနိုင်လောက်အောင် မာနထောင်လွှားလာခဲ့တယ်။ အသင်းတော်က ကျွန်မ မပါဘဲ မလည်ပတ်နိုင်ဘူးလို့ ထင်မိသလို၊ ကျွန်မက အရေးကြီးတဲ့အလုပ်ကို လုပ်နေတာလို့လည်း ထင်ခဲ့မိတယ်။ ကျွန်မအနေနဲ့ အရမ်းကို မဖြစ်စလောက်လို့ မြင်မိတဲ့ ကိစ္စတွေကို ညီအစ်ကိုမောင်နှမတွေက ကျွန်မနဲ့ ဆွေးနွေးချင်တဲ့အခါမျိုးမှာ၊ ကျွန်မက စိတ်ရှုပ်မခံချင်ခဲ့သလို၊ ဘာမှမဟုတ်တာကို ရေးကြီးခွင့်ကျယ်လုပ်နေကြတယ်လို့ ထင်ခဲ့မိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ မရမက မေးရင်၊ ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်။ အဲဒီအရေးမပါတာတွေကို ဘာလို့ မေးနေကြတာလဲ။ ဒါက ကျွန်မအချိန်ပေးဖို့ တန်လို့လား။ ကိုယ့်ဘာသာ ဖြေရှင်းကြ ဆိုတာမျိုးပေါ့။ သူတို့က နောက်ထပ် တောင်းဆိုလာရင်တော့၊ ကျွန်မလေသံက စစ်မေးသလိုလို အပြစ်ရှာသလိုလို ပုံစံမျိုး ချက်ချင်းကို ဖြစ်လာတော့တာပဲ။ ကျွန်မက အထက်လူကြီးလိုလိုနဲ့ သူတို့ကို ဩဝါဒတောင် ပေးခဲ့တယ်။ တကယ်တော့ ညီအစ်ကိုမောင်နှမတွေကို ဒီလိုဆက်ဆံမိတဲ့အခါ၊ မသင့်တော်ဘူးလို့ ကျွန်မကိုယ်တိုင်တောင် ခံစားမိပါတယ်။ အဲဒါက သူတို့ကို တစ်နည်းနည်းနဲ့ နာကျင်နေစေတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒါပေမယ့် အဲဒီ မာနထောင်လွှားတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်ရင်း ကျွန်မက လူ့သဘာဝအားလုံးကို ဆုံးရှုံးနေခဲ့ပြီဆိုတာတော့ ရှင်တို့ နားလည်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် နည်းနည်းတောင်မှ မရှိခဲ့ဘူး။ ဒါဟာ အလုပ်နဲ့ အသက်တာထဲမှာ ကျွန်မ ပြုမူခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်။ တာဝန်တွေကို ဆောင်ရွက်ရင်း ကျွန်မ လုပ်ခဲ့တဲ့ အရာရာတိုင်းမှာ၊ ကျွန်မ အဆုံးအဖြတ်ပေးတာ ဖြစ်ချင်တယ် ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ကိစ္စတွေ ဆွေးနွေးပြီး ကျွန်မ မကြိုက်တဲ့ ထင်မြင်ချက်တွေ၊ အကြံပေးချက်တွေကို ကြားရပြီဆိုရင်၊ ဘာမှမစဉ်းစားတော့ဘဲ သူတို့ကို ချက်ချင်း အပြစ်တင်ပစ်တယ်။ သူတို့ထင်မြင်ချက်တွေကို အသုံးမကျသလိုလို လုပ်ပစ်တယ်။ ကျွန်မ ဖြစ်ချင်တဲ့အတိုင်း အရာရာ အတိအကျဖြစ်ဖို့ ကျွန်မ လိုချင်ခဲ့တယ် ဆွေးနွေးရှာဖွေခြင်းအတွက် အလုပ်မှာ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ပြဿနာတွေ ဖြစ်ခဲတယ် ဘာလို့လဲဆိုတော့ တာဝန်တွေကို အချိန်ကာလတစ်ခုလောက် လုပ်ပြီးတဲ့နောက်မှာ၊ ကျွန်မက အမှုအရာတွေကို စိစစ်လေ့လာရင်းနဲ့ နားလည်နိုင်လောက်အောင်၊ လုံလောက်တဲ့ အတွေ့အကြုံရနေပြီလို့ ထင်ခဲ့သလို၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အလုပ်နဲ့ အကျွမ်းမဝင်တာကြောင့် သိပ်နားမလည်ကြဘူးလို့ ကျွန်မ တွေးခဲ့လို့ပါပဲ။ သူတို့ကို ကျွန်မ စကားပြောမယ်ဆိုရင်၊ ဘာကိုမှ ဆက်ပြောနိုင်ကြမှာ မဟုတ်သလို ကျွန်မထက်လည်း ကိစ္စရပ်တွေကို နားလည်မှာမဟုတ်ဘူးလို့ ကျွန်မတွေးခဲ့တယ်။ ဆွေးနွေးတာတွေ လုပ်တယ်ဆိုရင်လည်း၊ အချိန်ဖြုန်းတာသက်သက်ပဲ။ ဟန်ဆောင်လုပ်ကြတာမျိုးပဲလို့ ထင်မိတယ်။ ဒါကြောင့် သူတို့နဲ့ ကျွန်မ တဖြည်းဖြည်းနဲ့ အလုပ်မလုပ်ချင်တော့ဘူး အထက်လူကြီးတွေက ကျွန်မရဲ့လုပ်ရပ်ကို သိသွားပြီဆိုရင်လည်း၊ ကျွန်မ တော်တော် စိတ်အနှောင့်အယှက် ဖြစ်မိတယ်။ တခြားလူတွေရဲ့ ကြီးကြပ်မှု ဒါမှမဟုတ် တိုက်တွန်းမှုတွေကို ကျွန်မ လက်မခံချင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မရဲ့အခြေအနေ မူမမှန်မှန်း ကျွန်မ တကယ် ခံစားမိပါတယ်။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို သတိပေးတယ်။ ရှင် တော်တော် မာနထောင်လွှားပြီး၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်နေတယ်။ ဘယ်သူနဲ့မှလည်း အလုပ်မလုပ်ချင်ဘူး။ ရှင့်တာဝန်တွေ၊ အလုပ်တွေမှာ တခြားလူတွေ ကြီးကြပ်တာ တိုက်တွန်းတာတွေကိုလည်း ရှင်က လက်မခံဘူး။ ရှင့်အလုပ်မှာ တစ်ယောက်ယောက်က နှောင့်ယှက်တာကို မလိုချင်ဘူးဆိုတာမျိုး ဖြစ်နေတယ်ပေါ့။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက ဒီသတိပေးချက်တွေနဲ့ ဒီအကူအညီဟာ ပြုပြင်တာနဲ့ ကိုင်တွယ်ဖြေရှင်းတာမျိုး ဖြစ်ခဲ့ပေမယ့်၊ ကျွန်မ လျစ်လျူရှုခဲ့တယ်။ ကျွန်မ ထင်ခဲ့မိတာက၊ ကျွန်မဟာ မာနထောင်လွှားတယ်၊ အသက်တာ ဝင်ရောက်ခြင်းကို အများကြီး မရခဲ့သေးဘူး၊ ဘယ်လို ပြောင်းလဲမှုမှ မရရှိသေးဘူးဆိုရင်တောင်၊ ကျွန်မက ကျွန်မတာဝန်တွေကို ဆောင်ရွက်နေတုန်းပဲလေ။ ဒါကြောင့် ဒါက အဓိကပြဿနာတစ်ခု မဟုတ်ဘူးပေါ့။ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အကူအညီနဲ့ သတိပေးချက်တွေကို ကျွန်မ လေးလေးနက်နက် မခံယူခဲ့ဘူး။ အဲဒါကို အများကြီး မတွေးခဲ့ဘူး။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထား ဒါမှမဟုတ် ဆိုးယုတ်တဲ့ သဘာဝက ညတွင်းချင်း ကျွန်မ ပြောင်းလဲနိုင်တဲ့ အရာတစ်ခု မဟုတ်ဘူးလို့ ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့်၊ ဒါက ရေရှည်ဖြစ်စဉ်တစ်ခုပဲ၊ လောလောဆယ် ကျွန်မအလုပ်ကို ကောင်းကောင်းလုပ်သင့်တယ်။ တာဝန်တွေကိုပဲ ထမ်းဆောင်သင့်တယ်ဆိုပြီး တွေးခဲ့မိတယ်။

ဒါပေမယ့် မာနထောင်လွှားတဲ့ စိတ်သဘောထားအတွင်း ကျွန်မတို့ အသက်ရှင်ချိန်မှာ၊ ဘာကိုမှ ကျွန်မတို့ မခံစားရတာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ကျွန်မရဲ့စိတ်နှလုံးက တော်တော် အနှစ်မဲ့သလို ခံစားခဲ့ရတယ်။ တစ်ခါတလေ အလုပ်တစ်ခု ပြီးသွားတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး ပြန်မေးမိတယ်၊ ငါ အဲဒါကို လုပ်နေတုန်းအချိန်မှာဖြစ်ဖြစ်၊ ပြီးသွားတဲ့အခါမှာဖြစ်ဖြစ်၊ ဘယ်သမ္မာတရားကို ငါ ရပြီးပြီလဲ။ ဘယ်အခြေခံ သဘောတရားတွေထဲကို ငါ ဝင်ရောက်ပြီးပြီလဲ။ ငါ့အသက်တာစိတ်သဘောထားက တစ်နည်းနည်းနဲ့ ပြောင်းလဲသွားပြီလားပေါ့။ ဒါပေမဲ့ ကျွန်မ ဘာကိုမှ လုံးလုံး မဖြစ်မြောက်ခဲ့ပါဘူး။ အဲဒါ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့၊ ကျွန်မက အလုပ်ပြီးဖို့ကို နေ့တိုင်း အလုအယက်ကြိုးပမ်းပြီး ကိုယ့်ဘာသာ ခြေကုန်လက်ပန်းကျစေတဲ့အပြင်၊ လုပ်စရာတွေ များလွန်းတဲ့အခါတိုင်း၊ ကျွန်မမှာ စိတ်ပျက်ဒေါသဖြစ်တာတွေ ပြည့်လာတာကြောင့်ပဲ။ ဘာမဟုတ်တဲ့ ကိစ္စတစ်ခုလောက်နဲ့တင် ကျွန်မကိုယ်ကျွန်မ လုံး၀ မထိန်းချုပ်နိုင်သလို ဖြစ်လာတာမျိုးပဲ။ ဘုရားသခင်ဆီ ဆုတောင်းပြီဆိုလည်း၊ ဟန်ဆောင်လုပ်နေရုံသက်သက်ပဲ။ စိတ်နှလုံးကနေ ဘုရားကို ပြောစရာ ဘာမှမရှိခဲ့ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ရာကနေ ဘာအလင်းပြမှု ဒါမှမဟုတ် ဉာဏ်အလင်းပေးတာကိုမှ မရခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မ အရမ်းကို အနှစ်မဲ့ပြီး အရမ်း စိတ်ပူပန်တာကို ခံစားခဲ့ရတယ်။ ကျွန်မရဲ့တာဝန်တွေကို ပိုလုပ်ဆောင်လေလေ၊ ဘုရားသခင်ဆီက ပိုဝေးလေလေပဲလို့ ခံစားခဲ့ရတယ်။ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို မခံစားမိခဲ့ဘူး။ ဘုရားသခင် စွန့်ပစ်မှာကို ကျွန်မ စိုးကြောက်မိခဲ့တယ်။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက်ကို အလောတကြီး သွားပြီးတော့၊ “ဘုရားသခင်။ ကျွန်မကိုယ်ကျွန်မ မကယ်တင်နိုင်သလို၊ မထိန်းချုပ်နိုင်ပါဘူး၊ ဒါကြောင့် ကျွန်မကို ကယ်တင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏”လို့ ဆုတောင်းခဲ့တယ်။ အဲဒီနောက် မကြာခင်မှာ၊ရုတ်တရက် ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း ကျွန်မဆီ ရောက်လာတယ်။

တစ်ခါတော့ အထက်က ညီအစ်ကိုက ကျွန်မရဲ့အလုပ်နဲ့ပတ်သက်ပြီး စုံစမ်းတဲ့အခါ၊ အသင်းတော်ငွေ အသုံးပြုခြင်းကို ကျွန်မ ကိုင်တွယ်ပုံမှာ ပြဿနာတစ်ခုရှိတာကို သူ ရှာတွေ့သွားခဲ့တယ်။ ဒီငွေကိုဘယ်လိုသုံးမယ်ဆိုတာ ကျွန်မ ဆုံးဖြတ်တဲ့အခါ၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် အဆုံးအဖြတ်ပေးတဲ့ အဖွဲ့နဲ့ ကျွန်မ မဆွေးနွေးခဲ့တာကို သူ သိသွားခဲ့တယ်။ သူက ကျွန်မကို ပြောတယ်၊ ဒါက အသင်းတော် အသုံးစရိတ်တွေနဲ့ဆိုင်တဲ့ ကိစ္စပဲ။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် အဆုံးအဖြတ်ပေးတဲ့ အဖွဲ့နဲ့ ဘာလို့ မဆွေးနွေးခဲ့တာလဲ။ ဒါက မင်းဘာသာမင်း ချလို့ရတဲ့ ဆုံးဖြတ်ချက်မျိုးလားပေါ့လေ။ သူ့မေးခွန်းကို ဖြေဖို့၊ ကျွန်မမှာ ပြောနိုင်တာ ဘာမှမရှိမှန်း ခံစားမိခဲ့တယ်။ အဲဒီတုန်းက၊ ညီအစ်ကိုကို ဘယ်လိုဖြေရမှန်း ကျွန်မ တကယ်ကို မသိခဲ့ဘူး။ ဘာကြောင့်လဲ။ ကျွန်မက အဲဒါနဲ့ပတ်သက်ပြီး တစ်ခါမှ တွေးမထားခဲ့တဲ့အတွက်၊ ဘာကြောင့်လဲဆိုတာကို လုံး၀ မသိခဲ့တာပဲ။ အဲဒီနောက် ကျွန်မ စပြီး ပြန်စဉ်းစားခဲ့တယ်။ အဲဒီအတောအတွင်းမှာ၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝထဲမှာ ကျွန်မ အသက်ရှင်နေခဲ့လို့၊ ကျွန်မမှာ ဘာသာမန်အသိစိတ်မှ လုံးဝ မရှိခဲ့ဘူး။ ကျွန်မရဲ့ တာဝန်တွေက ကျွန်မအဖို့ ဘုရားသခင်ရဲ့ စေခိုင်းချက်တွေမှန်း ကျွန်မ မသိခဲ့သလို၊ အခြေခံသဘောတရားတွေအတိုင်း အဲဒါတွေကို ကျွန်မ ထမ်းဆောင်သင့်ပြီး သမ္မာတရားကို ရှာဖွေသင့်မှန်း ကျွန်မ မသိခဲ့ဘူး။ အမှုအရာတွေကို ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆုံးအဖြတ်ပေးတဲ့ အဖွဲ့နဲ့ အတူတကွ ဆွေးနွေးပြီး ဆုံးဖြတ်သင့်ခဲ့မှန်း ကျွန်မ မသိခဲ့ဘူး။ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားထဲမှာ ရှင်သန်ခဲ့တော့၊ အဲဒီအသိစိတ် ချို့တဲ့ခဲ့တာပါ။ ပြီးတော့ အဲဒီအဖြစ်ကို နည်းနည်းမှ သတိမထားမိခဲ့ဘူး။ ဒါဟာ ကျွန်မ နားလည်တဲ့ အရာတစ်ခုခု၊ အဲဒါကို ကျွန်မ ရှာဖွေ၊ လေ့လာစရာ မလိုဘူးလို့ ကျွန်မ ထင်တောင်ထင်ခဲ့တယ်။ ညီအစ်ကိုကတော့ အခုလို ပြောရင်း ကိုင်တွယ်ဖြေရှင်းပေးတယ်၊ မင်းက မာနထောင်လွှားပြီး၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မှတ်ယူတယ်။ အသိစိတ်ဆိုတာလည်း မရှိဘူး။ ဒီအလှူငွေတွေက ဘုရားကို သူရွေးချယ်ထားသူတွေက ပေးထားတာပဲ။ အဲဒါတွေကို ကိုယ်ကျင့်တရားနဲ့အညီ မျှမျှတတ သုံးခဲ့သင့်တယ်။ အခု အလှူငွေတွေ ဖြုန်းတီးခံရတယ်။ ဒါကြောင့် ငါတို့က ကိုယ်ကျင့်တရားနဲ့အညီ တာဝန်ယူမှုကို သတ်မှတ်ရမယ် တဲ့။ သူ့ကို ကျွန်မ ဘာမှပြန်မပြောခဲ့ပေမယ့်၊ အထဲမှာတော့ ကျွန်မ မှန်တယ်လို့ ခံစားရတုန်းပဲ။ အလှူငွေတွေကို ကျွန်မ မခိုးခဲ့ဘူး၊ အသင်းတော်ရဲ့ လုပ်ငန်းကို လုပ်ဆောင်ရာမှာ အဲဒါတွေကို ကျွန်မ သုံးခဲ့တာလေ၊ ဒီတော့ တာဝန်ယူမှုဆိုတာ ကျွန်မမှာ ရှိရဦးမှာလား။

အဲဒီနောက်မှာ ကျွန်မတို့နဲ့တွေ့ဖို့ အထက်ကခေါင်းဆောင်တွေ အသင်းတော်ကို လာကြတယ်။ သူတို့က ကျွန်မရဲ့ပြဿနာကို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ မိတ်သဟာယပြုပြီး စိစစ်ကြတယ်။ အဲဒီတုန်းက ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် နားလည်ထားပုံကို ရှင်းပြဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကို သုံးတာပေါ့။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဒီလိုမိတ်သဟာယပြုနေတာက ကျွန်မစိတ်နှလုံးထဲမှာ အခြေတည်နေတဲ့ အာခံတာတွေ၊ မကျေနပ်တာတွေ၊ နားလည်မှုကင်းမဲ့တာတွေကို ဖြေချဖို့သက်သက် ဖြစ်မှန်း၊ ကျွန်မစိတ်နှလုံးထဲမှာတော့ သိနေခဲ့တယ်။ အသိအမှတ်ပြုတာ တစ်ခုမှ မရရှိပေမယ့် ကျွန်မ အလုပ်ကြိုးစားခဲ့တယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ခေါင်းဆောင်တွေကတော့ ကျွန်မက ကျွန်မရဲ့ကိုယ်ပိုင်သဘာဝအပေါ် စစ်မှန်တဲ့ သိနားလည်မှု မရှိဘူးလို့ မြင်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေဆီက သဘောတူညီချက်ကို ယူပြီးတော့၊ ကျွန်မကို အသင်းတော်ခေါင်းဆောင်ရာထူးကနေ ချက်ချင်း ဖြုတ်ခဲ့ကြတယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မ နောင်တ အရမ်းကြီး မခံစားခဲ့ဘူး။ ဒါပေမဲ့ အဲဒီနောက်မှာ ခေါင်းဆောင်တွေက အသုံးစရိတ်တစ်ခုစီရဲ့အသေးစိတ်ကို စပြီး စစ်ဆေးတယ်။ အဲဒီလို စစ်ဆေးနေတုန်းမှာပဲ၊ တချို့ပြဿနာတွေက တကယ်ရှိခဲ့တယ်ဆိုတာ ကျွန်မ နောက်ဆုံးမှာ နားလည်သွားတယ်။ ဆုံးရှုံးတာတွေက တစ်ပုံကြီးဖြစ်လာတဲ့အပြင်၊ ပမာဏကလည်း တိုး တိုးလာတော့၊ ကျွန်မ ပြန်လျော်နိုင်တာထက်ကို ကျော်သွားတယ်။ ကျွန်မ စပြီး စိုးရိမ်လာခဲ့တယ်။ အဲဒီငွေကို သုံးဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေ၊ ပြီးတော့ ကျွန်မရဲ့ အထင်သေး၊ အလေးမထားခဲ့တဲ့ သဘောထားတွေကို စပြီး တွေးမိလာတယ်။ ကျွန်မ အမှန်တကယ်ကို နောင်တ စရလာတယ်။ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်လာမိတယ်။ တာဝန်တွေ လုပ်ဆောင်တဲ့အခါ ကျွန်မရဲ့ကိုယ်ပိုင် ဆိုးယုတ်တဲ့သဘာဝကို အားကိုးတာက အသင်းတော်ကို အဲဒီလိုဆုံးရှုံးမှုတွေ ဖြစ်စေနိုင်မှန်း ကျွန်မ လုံး၀ မထင်ခဲ့မိဘူး။ အမှန်တရားတွေနဲ့ ရင်ဆိုင်လိုက်ရတော့၊ အမြဲ ဝင့်ဝင့်ကြွားကြွားနေခဲ့တဲ့ ကျွန်မလည်း ခေါင်းငုံ့ရတော့တာပဲ။ ကျွန်မရဲ့ မျက်နှာကို ကျွန်မ ရိုက်ပဲရိုက်လိုက်ချင်တော့တယ်။ ဒါတွေက တကယ်ကို ကျွန်မ လုပ်ခဲ့မိတဲ့ကိစ္စတွေပါလားဆိုတာ မယုံကြည်နိုင်ခဲ့ဘူး။

အဲဒီနောက်၊ ညီအစ်ကိုက မိတ်သဟာယပြုတာကို ကျွန်မ နားထောင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မ ရေးထားတဲ့ မှတ်စုတွေကို ဖတ်ပြပါ့မယ်။ “ဒီနေ့မှာ ဘုရားသခင်ကို ၁၀ နှစ်၊ အနှစ် ၂၀ ယုံကြည်လာကြတဲ့ ခေါင်းဆောင်တွေနဲ့ အမှုတော်ဆောင်တချို့ ရှိကြပေမဲ့၊ သူတို့က သမ္မာတရားနည်းနည်းလောက်ကိုတောင် ဘာဖြစ်လို့ လက်တွေ့မလုပ်ဆောင်ကြတာလဲ။ အဲဒီအစား အကြောင်းကိစ္စတွေကို သူတို့သဘောအတိုင်း လုပ်ကြတယ်။ သူတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေက သမ္မာတရားမဟုတ်မှန်း သူတို့ နားမလည်ကြဘူးလား။ သမ္မာတရားကို ဘာလို့ သူတို့ မရှာဖွေနိုင်တာလဲ။ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် မမောနိုင်မပန်းနိုင် အသုံးခံကြတယ်။ သူတို့တာဝန်တွေကို မိုးလင်းကနေ မိုးချုပ်၊ ခက်ခဲတာ ပင်ပန်းတာတွေကို မကြောက်မလန့်နဲ့ ဆောင်ရွက်နေကြတယ်။ ဒါပေမယ့် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးတဲ့နောက်မှာ ဘာလို့ ကိုယ်ကျင့်တရားတွေ ကင်းမဲ့ကြသေးတာလဲ။ သူတို့ လုပ်ချင်တာမှန်သမျှ လုပ်ရင်းနဲ့ သူတို့ရဲ့ တာဝန်တွေကို ကိုယ်ပိုင်စိတ်ကူးတွေအတိုင်း သူတို့ ထမ်းဆောင်ကြတယ်။ သူတို့လုပ်တာတွေကို မြင်တဲ့အခါ တစ်ခါတလေ ကျွန်တော် အံ့အားသင့်မိတယ်။ သူတို့က ပုံမှန်အားဖြင့်တော့ တကယ့်လူကောင်းတွေလို့ ထင်ရတယ်။ မကောင်းမှုလုပ်တဲ့သူတွေ မဟုတ်သလို၊ ကောင်းကောင်းမွန်မွန် ပြောဆိုကြတယ်။ သူတို့က အဲဒီလို အဓိပ္ပာယ်မရှိတဲ့အရာတွေကို လုပ်နိုင်စွမ်းရှိနေမှန်း တွေးကြည့်ဖို့ ခက်တယ်။ အဲဒီလိုအရေးကြီးတဲ့ကိစ္စတွေမှာ၊ သူတို့က ဘာလို့ အကြံဉာဏ်ကို မရှာဖွေ မတောင်းဆိုတာလဲ။ အမှုအရာတွေမှာ သူတို့သဘောအတိုင်းလုပ်ဖို့နဲ့ အဆုံးအဖြတ်ပေးဖို့ကို ဘာလို့ မရမက လုပ်ကြတာလဲ။ ဒါက ဆိုးယုတ်တဲ့ စိတ်သဘောထားကလွဲလို့ ဘာလဲ။ အရေးကြီးတဲ့ အရာတွေကို ကိုင်တွယ်တဲ့အခါ၊ ဘုရားသခင်နဲ့ မကြာခဏ ကျွန်တော် စကားပြောပြီး အကူညီအတွက် သူ့ကို ရှာပြီး တောင်းလျှောက်တယ်။ တစ်ခါတလေ ကျွန်တော့်စိတ်ကူးတွေနဲ့ မကိုက်တဲ့ အရာတွေကို ဘုရားသခင်က ပြောတယ်။ ဒါပေမယ့် ကျွန်တော် နာခံရမှာဖြစ်ပြီး အမှုအရာတွေကို ဘုရားရဲ့ နည်းလမ်းအတိုင်း လုပ်ရမှာဖြစ်တယ်။ အရေးကြီးတဲ့ ကိစ္စတွေမှာ၊ ကိုယ့်စိတ်ကူးတွေအတိုင်း ကျွန်တော် မလုပ်ရဲဘူး။ ကျွန်တော် အမှားလုပ်မိရင် ဘာဖြစ်မလဲ။ ဘုရားသခင်ကို အမှုအရာတွေ ဆုံးဖြတ်ခွင့်ပေးတာ အကောင်းဆုံးပဲ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရဲ့ ဒီအခြေခံအဆင့်က ခေါင်းဆောင်နဲ့ အမှုတော်ဆောင်တွေအားလုံး ပိုင်ဆိုင်သင့်တဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ တချို့ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အရမ်း အဆင်အခြင်မဲ့တာကို ကျွန်တော် တွေ့မြင်ပြီးပါပြီ။ ကိစ္စအားလုံးကို သူတို့ သဘောအတိုင်းလုပ်ဖို့ သူတို့ တောင်းဆိုကြတယ်။ ဒီမှာ ဘာပြဿနာရှိလဲ။ ကျွန်တော်တို့စိတ်သဘောထားတွေ မပြောင်းလဲသေးတဲ့အခါမျိုးမှာ တကယ်ကို အန္တရာယ်ရှိပါတယ်... ဘုရားသခင်ရဲ အိမ်တော်က အဆုံးအဖြတ်ပေးတဲ့ အုပ်စုကို ဘာလို့ တည်ထောင်တာလဲ။ အဆုံးအဖြတ်ပေးတဲ့အုပ်စုဆိုတာ အဓိကအမှားတွေ ဆုံးရှုံးမှုတွေကို ရှောင်ရှားဖို့အတွက်၊ ကိစ္စရပ်တစ်ခုကို အတူတူ ဆွေးနွေး လေ့လာဆန်းစစ်ပြီး ဆုံးဖြတ်ကြတဲ့ လူအချို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် လူအချို့က အဆုံးအဖြတ်ပေးတဲ့ အုပ်စုကို ရှောင်လွဲပြီး သူတို့ သဘောအတိုင်း လုပ်ကြတယ်။ သူတို့တွေဟာ စာတန်နတ်ဆိုး မဟုတ်ဘူးလား။ အဆုံးအဖြတ်ပေးတဲ့ အုပ်စုတွေကို ရှောင်ကွင်းပြီး ကိုယ့်သဘောအတိုင်း လုပ်ကြသူ ဘယ်သူမဆိုဟာ စာတန် နတ်ဆိုးဖြစ်တယ်။ သူတို့က ဘယ်ခေါင်းဆောင် အဆင့်ဖြစ်ပါစေ၊ အဆုံးအဖြတ်ပေးတဲ့အုပ်စုတွေကို ရှောင်ပြီးတော့၊ အစီအစဉ်တွေကို အတည်ပြုဖို့ မတင်ပြဘဲ၊ သူတို့သဘောအတိုင်း လုပ်တယ်ဆိုရင် သူတို့ဟာ စာတန်နတ်ဆိုးဖြစ်ပြီး ဖယ်ရှားခံရမှာဖြစ်သလို မောင်းထုတ်ခံရမှာဖြစ်တယ်။” (အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ) ညီအစ်ကိုရဲ့ မိတ်သဟာယ စကားလုံးတိုင်းက ကျွန်မရဲ့ စိတ်နှလုံးကို စူးဝင်ခဲ့တယ်။ ဒီပြဿနာတွေရဲ့နောက်ခံကို တချို့ညီအစ်ကိုမောင်နှမတွေက သိနိုင်မှာ မဟုတ်ပေမဲ့၊ သူ ပြောတဲ့စကားလုံးတိုင်းက ကျွန်မအကြောင်းကို ပြောနေမှန်း ကျွန်မ သိခဲ့တယ်။ ကျွန်မရဲ့ အခြေအနေကို သူ လုံးဝ ဖွင့်ချလိုက်တာပါပဲ။ ဒီလိုလူတွေက ဖယ်ရှားခံရပြီး မောင်းထုတ်ခံရမယ့် စာတန်နတ်ဆိုးတွေ ဖြစ်တယ်လို့ ညီအစ်ကို ပြောတာကို ကျွန်မ ကြားရတဲ့အချိန်မှာ ကျွန်မ ရုတ်တရက် ကြက်သေသေသွားခဲ့တယ်။ သေဖို့ စီရင်ချက်ချခံလိုက်ရသလို ကျွန်မ ခံစားခဲ့ရတယ်။ ငါတော့ သွားပြီ။ အခုဆို ငါ ဘယ်တော့မှ အပြည့်အဝ ကယ်တင်ခံရတော့မှာ မဟုတ်ဘူး။ ဒါဟာ ဘုရားသခင်ကို ယုံကြည်တဲ့ ငါ့အသက်တာရဲ့ အဆုံးသတ်ပဲ - ငါ့ရဲ့ ဘုရားကို ယုံကြည်ခြင်းက ပြီးသွားပြီ” လို့ ကျွန်မ တွေးခဲ့တယ်။ အဲဒီအချိန်မှာ၊ ကျွန်မ အရမ်းကို ကြောက်သွားခဲ့တယ်။ ဘုရားသခင်က ကျွန်မကို အရမ်း ဂရုစိုက်တယ်လို့ ကျွန်မ အမြဲ ခံစားခဲ့တာလေ။ ကျွန်မမှာ ကောင်းမွန်တဲ့ ပညာရေးနဲ့ အလုပ်ရှိခဲ့တယ်၊ ဘုရားရဲ့ အိမ်တော်မှာ ကျွန်မ ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေက အရမ်းကို အရေးကြီးသလို၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို လေးစားခဲ့ကြတယ်။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ ဘုရားသခင်အတွက် သိပ်ကို အထူးတလည်ဖြစ်သူတစ်ယောက်အဖြစ် အမြဲတမ်း မြင်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ရဲ့အိမ်တော်မှာ လေ့ကျင့်ပေးခံရတဲ့ အရေးပါသူတစ်ယောက် ဖြစ်တယ်လို့ ထင်ခဲ့တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပြစ်မှားမိခဲ့လို့ ကျွန်မကို ဘုရားသခင်က စက်ဆုပ်ပြီး ဖယ်ရှားလိမ့်မယ်မှန်း ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ဘုရားသခင်ရဲ့စိတ်သဘောထားက ဖြောင့်မတ်သလို၊ ဘယ်လို ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံဘူးဆိုတာရယ်၊ ဘုရားသခင်ရဲ့အိမ်တော်ကို သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက အုပ်စိုးတယ်ဆိုတာရယ်၊ လက်မခံနိုင်တဲ့ အပြုအမူမျိုးကို ဘယ်သူ့ကိုမှ ခွင့်မပြုဘူးဆိုတာရယ်ကို အဲဒီအချိန်ကစပြီး ကျွန်မ ခံစားမိခဲ့တယ်။ အသင်းတော်ထဲမှာ ကျွန်မတို့ လုပ်ချင်သလိုလုပ်တာ၊ ကြိုက်သလိုလုပ်တာမျိုး မဟုတ်ဘဲ၊ ကျွန်မတို့တာဝန်တွေကို ကိုယ်ကျင့်တရားနဲ့အညီ ထမ်းဆောင်သင့်တာပါ။ သမ္မာတရားကို ရှာဖွေသင့်တာပါ။ ကျွန်မကြောင့် ဒုက္ခတွေရောက်ကြပြီး၊ အသင်းတော်ရဲ့ အလှူငွေတွေကိုလည်း အရေးမစိုက်ဘဲ သုံးခဲ့တဲ့အတွက်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ကျွန်မ ပြစ်မှားမိခဲ့ပြီဖြစ်သလို ဘယ်သူမှ ကျွန်မကို မကယ်တင်နိုင်ဘူးလို့ ကျွန်မ တွေးခဲ့မိတယ်။ ဘုရားအိမ်တော်ရဲ့ ဖယ်ရှားခြင်းကို စောင့်ဖို့ပဲ ရှိတော့တယ်ပေါ့။

နောက်ပိုင်း ရက်တွေမှာ၊ မနက်တိုင်း မျက်လုံးဖွင့်လိုက်တာနဲ့၊ ခဏလောက် ကြောက်လန့်နေတာမျိုးကို ခံစားရတယ်။ အိပ်ရာကနေ ထဖို့ ခွန်အားမရှိလောက်အောင်ကို တော်တော် စိတ်ဓာတ်ကျလာခဲ့တာပါ။ နောက်ထပ် ကျွန်မ ဘယ်နေရာမှာ ရှိမယ်ဆိုတာ မသိဘူး၊ ကျွန်မ လုပ်မိခဲ့တဲ့ အမှားက အရမ်းကြီးမားလွန်းပြီး ဘယ်သူမှ ကျွန်မကို မကယ်တင်နိုင်ဘူးလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ရှေ့မှောက်ကိုပဲ ကျွန်မ သွားနိုင်ခဲ့တာပါ။ ဘုရားဆီ ဆုတောင်းပြီး၊ ကျွန်မစိတ်နှလုံးထဲ ရှိတာတွေကို ပြောပြနိုင်ခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ လျှောက်ခဲ့တယ်၊ “ဘုရားသခင်။ ကျွန်မ မှားခဲ့ပါတယ်။ ကိစ္စတွေက ဒီလိုမျိုး အဆုံးသတ်မယ်မှန်း ကျွန်မ လုံး၀ မတွေးမိခဲ့ပါဘူး။ အရင်တုန်းက ကိုယ်တော့်ကို ကျွန်မ မသိခဲ့သလို၊ စိတ်နှလုံးထဲမှာ ကိုယ်တော့်ကို မကြောက်ရွံ့ခဲ့ပါဘူး။ ကိုယ်တော့်ရဲ့ မျက်မှောက်တော်ထဲမှာ၊ ကျွန်မက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မှတ်ယူခဲ့တယ်၊ လက်မခံနိုင်တဲ့ အပြုအမူကို ကျွန်မ ပြုမိခဲ့ပြီး အသိစိတ် လုံးဝ မရှိခဲ့ဘူး၊ ဒါကြောင့် ဒီနေ့ ဒီပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းတွေကို ကျွန်မ ကြုံနေရပါတယ်။ ကိုယ်တော့်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ မြင်ပါတယ်။ ကျွန်မ နာခံချင်ပါတယ်။ ဒီအခြေအနေကနေ သင်ခန်းစာတွေ သင်ယူချင်ပါတယ်။ ဘုရားသခင်၊ ကိုယ်တော် မပါဘဲ ကျွန်မ မဖြစ်နိုင်တာမို့ ကျွန်မကို မစွန့်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏”လို့ ပြောခဲ့တယ်။ နောက်ပိုင်းရက်တွေမှာ ကျွန်မ ဒီလိုပဲ ဆက်ပြီး ဆုတောင်းခဲ့တယ်။ တစ်မနက်ကျတော့၊ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ ကြားလိုက်မိတယ်။ “တစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါတိုင်း ဤသိနားလည်မှုမျိုး သင်ရှိရမည်- ‘မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ထိုအရာအားလုံးသည် ကျွန်ုပ်၏ ပန်းတိုင်ကို ရရှိခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဘုရားသခင်က လုပ်ဆောင်နေခြင်းဖြစ်သည်။ ကျွန်ုပ်အထဲ၌ အားနည်းချက်ရှိသော်လည်း၊ ကျွန်ုပ် အပျက်သဘောဆောင်မည် မဟုတ်။ ကျွန်ုပ်အပေါ် အပ်နှင်းသည့် ချစ်ခြင်းမေတ္တာနှင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုကို ကျွန်ုပ်အတွက် စီစဉ်ပေးခြင်းအတွက် ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်သည်။ ကျွန်ုပ်၏ စိတ်ဆန္ဒနှင့် သန္နိဋ္ဌာန်ကို ကျွန်ုပ် စွန့်လွှတ်ရမည်မဟုတ်။ လက်လျှော့ခြင်းသည် စာတန်နှင့် အပေးအယူလုပ်ခြင်း သဘောသက်ရောက်လိမ့်မည်၊ မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းသဘော သက်ရောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်း သဘောသက်ရောက်လိမ့်မည်။’ ဤသည်မှာ သင် ရှိရမည့် တွေးခေါ်မှုအလေ့အထမျိုး ဖြစ်သည်။ အခြားသူများ မည်သည့်အရာ ပြောပါစေ၊ မည်သို့ ဆောင်ရွက်ကြပါစေ၊ ပြီးလျှင် ဘုရားသခင်က သင့်အပေါ် မည်သို့ဆက်ဆံပါစေ၊ သင်၏ စိတ်ပိုင်းဖြတ်ချက် မယိမ်းယိုင်ရ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သမ္မာတရားကို လိုက်စားဖို့ မရှိမဖြစ်လိုအပ်သည့် သန္နိဋ္ဌာန်”) ဒီ ဘုရားနှုတ်ကပတ်တော်ဓမ္မသီချင်းကို ကျွန်မ ကြားတဲ့အခါ၊ ကျွန်မကိုယ်ကျွန်မ ကယ်တင်ဖို့ မျှော်လင့်ချက်တစ်ခု ရှာတွေ့ခဲ့ပြီလို့ ခံစားခဲ့ရတယ်။ အဲဒါကို အခေါက်ခေါက်အခါခါ ဆိုမိတယ်။ ဆိုလေလေ၊ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ခွန်အား တလိပ်လိပ်ပိုတက်လေလေ ခံစားခဲ့ရတယ်။ ဘုရားသခင်က ကျွန်မကို မောင်းထုတ်ပြီး ဖယ်ရှားချင်လို့ မဟုတ်ဘဲ၊ ကျွန်မ နောင်တရပြီး ပြောင်းလဲနိုင်ဖို့အတွက် ကျွန်မကိုယ်ကျွန်မ သိလာအောင်၊ ဒီလိုနည်းနဲ့ ကျွန်မကို ဖော်ထုတ်ပြတယ်၊ ပြုပြင်ပေးတယ်၊ ကိုင်တွယ်ဖြေရှင်းပေးတယ်ဆိုတာတွေကို ကျွန်မ နားလည်သွားမိတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ကျွန်မ မသိခဲ့ဘူး။ ဘုရားကို နားလည်မှုလွဲပြီး၊ ဘုရားဆီကနေ ကိုယ့်ကိုယ်ကိုယ် ကာဆီးထားခဲ့မိတယ်။ ဒါကြောင့် ဘုရားက ကျွန်မကို မလိုချင်ဘူးလို့ တွေးရင်းနဲ့၊ လုံး၀ မျှော်လင့်ချက်ပျက်သုဉ်းတဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ ကျွန်မ အသက်ရှင်ခဲ့တာပဲ။ ဒါပေမဲ့ အဲဒီနေ့မှာ ဘုရားရဲ့နှုတ်ကပတ်တော်ကို ကျွန်မ တွေ့ပြီး၊ ဘုရားအလိုတော်ကို နားလည်ခဲ့တာက ကျွန်မ တွေးထားမိသလို လုံး၀ မဟုတ်ခဲ့ဘူး။ ကျွန်မရဲ့ဝိညာဉ်ရေးရာ အသက်တာက သိပ်ပြီး မရင့်ကျက်မှန်း ဘုရားသခင် သိခဲ့တယ်။ ဒီအခြေအနေတွေထဲမှာ ကျွန်မ အပျက်သဘောဆောင်ပြီး အားနည်းလာမှာဖြစ်သလို၊ သမ္မာတရားကို ရှာဖွေဖို့ စိတ်ပိုင်းဖြတ်မှုကိုတောင် စွန့်လွှတ်မိလိမ့်မယ်ဆိုတာ ကိုယ်တော် သိခဲ့တယ်။ ဒါကြောင့်၊ကျွန်မကို နှစ်သိမ့်ဖို့နဲ့ တိုက်တွန်းခွန်အားပေးဖို့၊ ပြီးတော့ ဘယ်လိုအခြေအနေပဲဖြစ်ပါစေ၊ လူတွေအနေနဲ့ သမ္မာတရားကို အမြဲလိုက်စားဖို့ လိုအပ်တယ်ဆိုတာ ကျွန်မ နားလည်အောင်၊ ဘုရားက သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တာပါ။ လူတွေ ကျရှုံးပြီးလဲကျတဲ့အခါ၊ ဒါမှမဟုတ် ကျွန်မတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ၊ ဒါတွေအားလုံးက အပြည့်အဝ ကယ်တင်ခံရခြင်း ဖြစ်စဉ်မှာ လိုအပ်တဲ့ အဆင့်တွေ ဖြစ်တယ်။ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိလာနိုင်သရွေ့၊ နောင်တရပြီး ပြောင်းလဲနိုင်သရွေ့၊ ဒီအဆင့်တွေကို ကျွန်မတို့ တွေ့ကြုံရတဲ့နောက်၊ အသက်တာထဲမှာ ကြီးထွားမှုကို ကျွန်မတို့ ကြုံရပါတယ်။ ဒါကို ကျွန်မ နားလည်တာနဲ့တစ်ပြိုင်နက်၊ ဘုရားသခင်ကို သိပ်ပြီး နားလည်မှုမလွဲတော့သလို၊ ဘုရားသခင်ကို ကာဆီးမထားမိတော့မှန်းလည်း ခံစားမိခဲ့တယ်။ ဘုရားသခင်က ဘာကိုပဲ စီစဉ်စီမံပါစေ၊ အဲဒါတွေအားလုံးက ကျွန်မကို သေချာပေါက် အကျိုးပြုဖို့ပဲဖြစ်တယ်။ ပြီးတော့ ကျွန်မအသက်ကို ဘုရားက တာဝန်ယူနေတယ်လို့ ခံစားမိခဲ့တယ်။ ဒါကြောင့်၊ ကျွန်မရဲ့သတ္တိကို မောင်းတင်ပြီး နောက်ထပ် ဖြစ်မယ့်အရာ ဘာပဲဖြစ်ပါစေ၊ ရင်ဆိုင်ဖို့ ကျွန်မ ပြင်ဆင်ခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ်လည်း တည်ငြိမ်အောင် ထပ်လုပ်ပြီး၊ ဆင်ခြင်ရသေးတာပေါ့။ ကျွန်မက ဘာဖြစ်လို့ တော်တော် ဆိုးဆိုးရွားရွား ကျရှုံးခဲ့တာလဲ။ ကျွန်မရဲ့ ကျရှုံးခြင်း အရင်းအမြစ်က ဘာလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်တဲ့နောက်မှပဲ နောက်ဆုံးမှာ ကျွန်မ နားလည်သွားခဲ့တယ်။ ဘုရားရဲ့နှုတ်ကပတ်တော်မှာ ပြောတယ်လေ၊ “သင်သည် သင့်အထဲ၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး ကိုယ်တိုင်မရည်ရွယ်သော်လည်း ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ သင်၌ မောက်မာခြင်းနှင့် ထောင်လွှားခြင်းတို့ရှိခဲ့ပါက ဘုရားသခင်ကို ဖီဆန်ခြင်းမှကာကွယ်ရန် မဖြစ်နိုင်ကြောင်း ကြုံရမည်၊ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ဤသို့ပြုမည်မဟုတ်ဘဲ သင်သည် သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် ထောင်လွှားခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို ကိုးကွယ်ရန်အလို့ငှာ သမ္မာတရားများအဖြစ် ပြုကြလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်”) အရင်တုန်းက၊ ကျွန်မရဲ့ မာနထောင်လွှားမှုကို သဘောတရားအရ ကျွန်မ ဝန်ခံခဲ့ပေမယ့်၊ ကျွန်မရဲ့ကိုယ်ပိုင်သဘာဝအပေါ် စစ်မှန်တဲ့ သိနားလည်မှု မရှိခဲ့ဘူး။ ဒါကြောင့် ကျွန်မရဲ့ ကိုယ်ပိုင် အယူအဆနဲ့ စိတ်ကူးတွေထဲမှာ အသက်ရှင်ရင်း ကျွန်မကိုယ်ကျွန်မ လေးစားမိတုန်းပဲဖြစ်ခဲ့တယ်။ ကျွန်မက အရည်အချင်းရှိလို့ မာနထောင်လွှားခဲ့တာပဲလို့ ထင်ခဲ့မိတယ်။ အဲဒါကြောင့် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ပြုပြင်ဖို့ ကိုင်တွယ်ဖြေရှင်းပေးဖို့ ကူညီဖို့ ကြိုးစားတဲ့အခါ၊ ကျွန်မက လျစ်လျူရှုခဲ့တာပဲ။ အဲဒါကို ကျွန်မ လုံးဝ အရေးမထားခဲ့ဘူး။ ဒါပေမယ့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တဲ့အချိန်မှာ၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့၊ စိတ်ကြီးဝင်တဲ့ သဘာဝက ဘုရားသခင်ကို ကျွန်မရဲ့ ပုန်ကန်မှုနဲ့ အာခံမှု အရင်းအမြစ်ဖြစ်မှန်း နောက်ဆုံးမှာ ကျွန်မ နားလည်ခဲ့တယ်။ အဲဒါက တကယ်ကို ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုပဲ။ အဲဒီလို မာနထောင်လွှားတဲ့၊ စိတ်ကြီးဝင်တဲ့ သဘာဝထဲမှာ လူတွေ အသက်ရှင်ကြတဲ့အခါ မကောင်းမှုပြုတာ၊ ဘုရားကို အာခံတာတွေက အမှုမဲ့အမှတ်မဲ့သဘောဖြစ်လာတာပါ။ အသင်းတော် ခေါင်းဆောင် တာဝန်ကို ကျွန်မ စထမ်းဆောင်ကတည်းက ကိုယ့်ကိုယ်ကိုယ် အ‌မြဲ အထင်အရမ်းကြီးခဲ့ပုံကို ကျွန်မ ပြန်တွေးမိခဲ့တယ်။ ဘယ်အရာမဆို ကျွန်မ လုပ်နိုင်တယ်၊ လူတိုင်းထက် ပိုတော်တယ်လို့ ထင်ခဲ့သလို၊ အရာရာမှာ ကိုယ့်သဘောအတိုင်း ဖြစ်ချင်ခဲ့တယ်။ အဲဒါတင်မကဘူး။ ကျွန်မတို့တစ်ဖွဲ့လုံးရဲ့အလုပ်ကို လွှဲယူပြီး ဦးဆောင်ချင်ခဲ့တယ်။ ကျွန်မ ဖြစ်စေချင်တဲ့အတိုင်း ညီအစ်ကိုမောင်နှမတွေကို လုပ်စေချင်ခဲ့တယ်။ ကျွန်မရဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေ မှန် မမှန်၊ အဲဒါတွေက ဘက်လိုက်မှု ရှိ မရှိ၊ အဲဒါတွေက အသင်းတော်ရဲ့ အလုပ်ကို ဆုံးရှုံးမှု ဖြစ်စေမလား မဖြစ်စေဘူးလားဆိုတာကို ကျွန်မ လုံး၀ မတွေးခဲ့ဘူး။ နောက်ဆုံးမှာ အဲဒီညီအစ်ကိုက သူ့အနေနဲ့ အကြောင်းကိစ္စတွေ ကြုံရတဲ့အခါ၊ မှားယွင်းပြီးလုပ်မိမှာစိုးလို့၊ သူကတော့ ဘုရားသခင်ကို မေးလျှောက်တယ်။ ပြီးတော့ ဘုရားသခင်ဆီက ရှင်းလင်းတဲ့ အဖြေတစ်ခုကို ရရှိတဲ့နောက်မှပဲ သူ လုပ်ဆောင်တယ်လို့ ပြောပြတာကို ကျွန်မ ကြားခဲ့ရတာပါ။ အထက်မှာ ပြောထားတဲ့ ညီအစ်ကိုက သမ္မာတရားကို ပိုင်ဆိုင်တဲ့သူ၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိပြီး၊ ကိုယ်ကျင့်တရားနဲ့အညီ လုပ်ဆောင်သူတစ်ယောက်ပါ။ ဒါပေမဲ့ သူတောင် သူ့ကိုယ်သူ လုံးလုံး မယုံကြည်ရဲသေးပါဘူး။ အမှုအရာတွေ သူ့မှာ ဖြစ်တဲ့အခါ၊ ဘုရားသခင်ကို သူ မေးမြန်းခဲ့ပြီး ဆုံးဖြတ်ခွင့်ပေးခဲ့တယ်။ အသင်းတော်ခေါင်းဆောင်ဆိုတာ အရာအားလုံးမှာ သမ္မာတရားကို တခြားသူတွေထက်ကို ပိုပြီး ရှာဖွေဖို့လိုပါတယ်။ ဒါပေမယ့် ကျွန်မက ဘုရားသခင်ကို မရှာဖွေခဲ့ဘူး၊ ဒါမှမဟုတ် ဘုရားသခင်ကို ကြောက်ရွံ့တဲ့ နှလုံးသား လုံးဝ မရှိခဲ့ဘူး။ ကျွန်မဆီ ကိစ္စတွေ ဖြစ်တဲ့အခါ၊ ကျွန်မကို လမ်းညွှန်ဖို့ ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေကို မှီခိုခဲ့ပြီး၊ ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ကူးတွေကို သမ္မာတရားအဖြစ် သဘောထားခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ အထင်ကြီးပြီး၊ အရေးပါတယ်လို့ ယူဆခဲ့တယ်။ အဲဒါက တကယ်ကို ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခု မဟုတ်ဘူးလား။ ကျွန်မက ဘုရားသခင်နဲ့ တန်းတူထိုင်ချင်ခဲ့တဲ့ ကောင်းကင်တမန်မင်းလိုပါပဲ။ ပြီးတော့ အဲဒါက ဘုရားရဲ့စိတ်သဘောထားကို ပြင်းပြင်းထန်ထန် ပြစ်မှားမိခဲ့တာမျိုးပဲ။ ဒီအရာတွေကို နောက်ဆုံး ကျွန်မ နားလည်လိုက်တာနဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့၊ စိတ်ကြီးဝင်တဲ့ သဘာဝက ကြောက်စရာကောင်းမှန်း ကျွန်မ ခံစားခဲ့ရတယ်။ အဲဒီသဘာ၀ကြောင့် ကျွန်မက အသိစိတ်မရှိဘဲ အသက်ရှင်ခဲ့တာပါ။ လူတွေကို ထိခိုက်စေတဲ့၊ ဘုရားကို ပြစ်မှားတဲ့ အရာတွေအများကြီးကို ကျွန်မ လုပ်မိခဲ့သလို၊ မိစ္ဆာတစ်ကောင်လို ကျွန်မကို အသက်ရှင်စေခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်က ဖြောင့်မတ်ပါတယ်။ ဆိုးယုတ်တဲ့စိတ်သဘောထားတွေ အပြည့်နဲ့ ကျွန်မလိုလူတစ်ယောက်က ဘုရားအိမ်တော်ရဲ့အမှုကို ရမ်းသန်းဖျက်ဆီးပစ်တာမျိုး၊ ဘုရားသခင်က ခွင့်ပြုနိုင်မှာတဲ့လား။ ဒါကြောင့် ခေါင်းဆောင်တာဝန်ကနေ ကျွန်မ ဖြုတ်ချခံရတာ ထိုက်တန်ပါတယ်။ ဒီလိုဖြစ်အောင် ကျွန်မကိုယ်တိုင်ပဲ လုပ်ခဲ့တာလေ။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်တွေအားလုံးမှာ၊ ကျွန်မရဲ့ အလုပ်ကို လုပ်ဖို့ ကျွန်မရဲ့ဆုကျေးဇူးတွေ၊ ကျွန်မရဲ့အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ်ပဲ မှီခိုပြီး၊ သမ္မာတရားကို မရှာခဲ့သလောက်ပဲဆိုတာ နားလည်ခဲ့တယ်။ ဒါကြောင့် အဲဒီလောက်အချိန်တွေ ကြာခဲ့တာတောင်၊ အခု ကျွန်မမှာ သမ္မာတရားရဲ့စစ်မှန်မှုဆိုတာ မရှိသလောက်ပါပဲ။ တကယ်တော့ ကျွန်မက ဝိညာဉ်ရေးရာ ချို့တဲ့ပြီး၊ သနားစရာကောင်းခဲ့တာပါ။ ငါ ဘာလို့ သမ္မာတရားကို မရှာနိုင်ရတာလဲ၊ ငါ့အယူအဆတွေ၊ ဆုံးဖြတ်ချက်တွေကို ဘာလို့ အမြဲမှန်တယ်လို့ ထင်ရတာလဲဆိုပြီး ကျွန်မ တွေးကြည့်တယ်။ ဒါက ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိဖို့ မပြောနဲ့၊ ကျွန်မရဲ့ နှလုံသားထဲမှာ ဘုရားသခင်အတွက် နေရာမရှိမှန်း အမှန်တကယ်ကို သက်သေပြခဲ့တာပါ။ ဒီနေ့ ကျွန်မရဲ့အလုပ်မှာ ဘုရားရဲ့ဖော်ထုတ်ပြခြင်းကို ခံရတယ်ဆိုတာ တကယ်တော့ ကျွန်မအတွက် ဘုရားသခင်ရဲ့အသိပေးချက်၊ သတိပေးချက်ပါပဲ။ ကျွန်မ မပြောင်းလဲခဲ့ဘူးဆိုရင်၊ ကျွန်မရဲ့ အဆုံးသတ်က ဖယ်ရှားခံရဖို့နဲ့ ငရဲကို အပို့ခံရဖို့ ဖြစ်မှာပါ။ ဒီအရာတွေကို ကျွန်မ နားလည်လိုက်တာနဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းတွေက လူတွေအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကွယ်ကာမှုဖြစ်မှန်း၊ အဲဒီနောက်ကွယ်မှာ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေရှိမှန်း ကျွန်မ ခံစားခဲ့ရတယ်။ ဘုရားသခင်က လူတွေကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတာဟာ သူတို့ကို မုန်းလို့ မဟုတ်ဘဲ၊ စာတန်ရဲ့ လွှမ်းမိုးမှု နဲ့ သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကနေ သူတို့ကို ကယ်တင်ဖို့ ဖြစ်ပါတယ်။ ဒါကို ကျွန်မ နားလည်တာနဲ့တစ်ပြိုင်နက်၊ ဘုရားသခင်ကို နားလည်မှုလွဲတာတွေ ပိုနည်းသွားပြီး၊ ဘုရားသခင်ကို ကာဆီးမိတာလည်း နည်းသွားသလို ခံစားခဲ့ရတယ်။ လာမယ့်နေ့တွေမှာ ကျွန်မအတွက် ဘယ်အခြေအနေတွေကို ဘုရားသခင် စီစဉ်ပါစေ၊ အဲဒီအရာ အားလုံးရဲ့ နောက်မှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံခန့်ခွဲမှုတွေ ရှိမယ်လို့လည်း ခံစားမိသလို၊ အဲဒါတွေကိုလည်း နာခံချင်ခဲ့ပါတယ်။

ကျွန်မအလုပ်တွေမှာ လက်စသတ်ဖို့လိုတဲ့ နောက်ဆက်တွဲအလုပ်တချို့ ကျန်နေခဲ့သေးတယ်။ ဒါဟာ နောင်တရဖို့ အခွင့်အရေးတစ်ခုကို ဘုရားသခင်က ကျွန်မကို ပေးနေတာဖြစ်မှန်း ကျွန်မ ခံစားခဲ့ရတယ်၊ ဒါကြောင့် ဒီနောက်ဆုံးတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့လိုတယ်လို့ ကျွန်မ ခံစားမိခဲ့တယ်။ အဲဒီနောက် ကျွန်မရဲ့တာဝန်တွေကို လုပ်ရင်း၊ အလုပ်အကြောင်းကို ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးတဲ့အခါ၊ ကျွန်မကိုယ်ကျွန်မ မှန်တယ်ထင်တာမျိုး၊ တခြားအယောက်တိုင်းကို ကျွန်မစကား နားထောင်စေတာမျိုး မလုပ်တော့ဘူး။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအပေါ် ကျွန်မ မမှီခိုရဲတော့ဘူး။ အဲဒီအစား၊ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့အယူအဆတွေ ဖော်ပြဖို့ အခွင့်ပေးလိုက်တယ်။ နောက်ဆုံးမှာမှ အယောက်တိုင်းရဲ့စိတ်ကူးတွေကို ချိန်ဆကြည့်ပြီး၊ ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မတို့ရဲ့ အမြင်‌တွေ ကွဲပြားတဲ့အခါ၊ ကျွန်မအနေနဲ့ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တာမျိုး၊ ကိုယ့်အမြင်တွေကို စွဲကိုင်တာမျိုး ရှိနိုင်တုန်းပဲ။ အခြားသူတွေရဲ့ အယူအဆတွေ၊ အကြံဉာဏ်တွေကို လက်မခံချင်တာမျိုးလည်း ရှိနိုင်တုန်းပါပဲ။ ဒါပေမဲ့ ကျွန်မ ဘယ်လို ကျရှုံးခဲ့တယ်၊ လဲကျခဲ့တယ်။ ပြီးတော့ ပြုပြင်ခံရ၊ ကိုင်တွယ်ဖြေရှင်းခံရတယ်ဆိုတာတွေကို ပြန်သတိရတယ်။ ပြီးတာနဲ့ ကျွန်မ ကြောက်ရွံ့မိပြီးတော့၊ ဘုရားသခင်ရှေ့မှောက် ဆုတောင်းဖို့ သွားတော့တာပဲ။ ကျွန်မကိုယ်ကျွန်မလည်း သတိရှိရှိနဲ့ ပစ်ပယ်လိုက်တယ်။ ပြီးတော့မှ သမ္မာတရားနဲ့ အခြေခံစည်းမျဉ်းတွေကို ညီအစ်ကိုမောင်နှမတွေနဲ့အတူတွဲပြီး၊ ဘုရားကိုကြောက်ရွံ့တဲ့ စိတ်နှလုံးတစ်ခုနဲ့ ရှာဖွေခဲ့ပါတယ်။ ကျွန်မရဲ့တာဝန်တွေကို ဒီနည်းနဲ့လုပ်ဆောင်တာ ပိုပြီး စိတ်ချရတယ်လို့ ခံစားရသလို၊ ကျွန်မရဲ့ဆုံးဖြတ်ချက်တွေကလည်း စိစစ်ခံနိုင်လိမ့်မယ်လို့ ခံစားမိခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ တွဲပြီး အလုပ်လုပ်ရတဲ့အခါ၊ ကျွန်မရဲ့စိတ်ကူးတချို့က တကယ်ကို တစ်ဖက်သတ်ဆန်မှန်း နားလည်ခဲ့တယ်။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုတာ၊ ပြီးရင် အကြောင်းကိစ္စတွေကို နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေတာတွေက ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့၊ သမ္မာတရား၊ ကိုယ်ကျင့်တရားနဲ့ ထိုးထွင်းသိမြင်မှု ကိစ္စတွေနဲ့ပတ်သက်ရင်၊ တော်တော့်ကို အထောက်အကူပြုခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေ အကြောင်းကိစ္စတွေ ကြုံတဲ့အခါ၊ သူတို့တွေ ဘုရားသခင်ဆီ ဆုတောင်းတာတွေ၊ ရှာဖွေပြီး မိတ်သဟာယပြုတာတွေ၊ သူတို့ကိုယ်သူတို့ နည်းနည်းမှ မကိုးစားကြတာတွေကို မြင်မိတော့၊ ကျွန်မတုန်းက သမ္မာတရားကို မရှာဖွေဘဲ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် လွယ်လွယ်လေး ကိုးစားခဲ့တာလဲဆိုတာ အံ့ဩခဲ့မိတယ်။ ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ စိတ်ကြီးဝင်မှုက ဘယ်အရာကိုမဆို ကျွန်မကို လုပ်နိုင်စွမ်း ရှိစေမှန်း ကျွန်မ မြင်ခဲ့တယ်။ ကျွန်မဟာ စာတန်ကြောင့် အရမ်း ဖောက်ပြန်ပျက်စီးခဲ့ပြီး၊ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေထက် ဘာမှကို မသာခဲ့ပါဘူး။ အဲဒီနောက်မှာမှ၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေထက် ကျွန်မက အသိပညာ နည်းနည်း ပိုရှိနိုင်ပေမယ့်၊ ကျွန်မရဲ့ စိတ်ဝိညာဉ် အတွင်းနက်နက်မှာ၊ သူတို့ကို ကျွန်မ နှိုင်းယှဉ်လို့တောင် မရနိုင်ခဲ့ပါဘူး။ သူတို့ထက် ကျွန်မက ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး နည်းပါးခဲ့တယ်။ ဒီအရာမှာ၊ ညီအစ်ကို မောင်နှမတွေက ကျွန်မထက် အများကြီးသာခဲ့ပါတယ်။ အဲဒါကို ကျွန်မ မြင်ခဲ့တဲ့အချိန်မှာ၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမအသီးသီးမှာ အထူးအားသာချက်တွေ ရှိကြမှန်း ကျွန်မ နားလည်ခဲ့တယ်၊ အဲဒါက အရင်တုန်းက ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ မြင်ခဲ့တဲ့ပုံနဲ့ ကွာခြားခဲ့တယ်။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေက တကယ်တော့ ကျွန်မထက် ပိုတော်ကြတယ်၊ ကျွန်မမှာ ဘာမှ မာနထောင်လွှားစရာ မရှိဘူးဆိုတာ ခံစားမိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မ နှိမ့်နှိမ့်ချချနဲ့ စနေခဲ့တယ်။ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ အဆင်ပြေနိုင်ခဲ့သလို သူတို့နဲ့ အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ နောက်ဆက်တွဲ အလုပ်ကို ကျွန်မ ပြီးစီးတဲ့အချိန်မှာ၊ ကျွန်မကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာနဲ့ပတ်သက်ပြီး အသင်းတော်ရဲ့ ဆုံးဖြတ်ချက်ကို ငြိမ်ငြိမ်သက်သက် ကျွန်မ စောင့်ခဲ့ပါတယ်။ ညီအစ်ကိုဆီက ပြောလာတာတွေကိုလည်း ကျွန်မ လုံး၀ မမျှော်လင့်ထားမိဘူး။ ကျွန်မက ပြုပြင်ခံရ၊ ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက်မှာ၊ အမှုအရာတွေ အလုပ်တွေကို ဆက်ပြီး ဆောင်ရွက်နိုင်သေးမှန်း သူ မြင်ခဲ့တဲ့အပြင်၊ ကျွန်မကိုယ်ကျွန်မ သိနားလည်မှုတချို့လည်း ရခဲ့ပြီလို့ ဆိုတယ်။ ဒါကြောင့် ကျွန်မရဲ့ တာဝန်တွေကို ဆက်လက်လုပ်ဆောင်ခွင့် ပေးတယ်လို့ သူ ပြောခဲ့ပါတယ်။ ကျွန်မရဲ့တာဝန်တွေကို ထမ်းဆောင်ရာမှာ ပြဿနာတချို့ကိုလည်း သူက ထောက်ပြခဲ့ပါတယ်။ ကျွန်မရဲ့ တာဝန်တွေ ဆက်လက်လုပ်ဆောင်ခွင့်ပေးမယ်လို့ ညီအစ်ကို ပြောတာကို ကျွန်မ ကြားတဲ့အချိန်မှာ အဲဒီ အခိုက်အတန့်မှာ ဘုရားသခင်ကို ကျေးဇူးတင်တာကလွဲဖို့ ကျွန်မ ဘာမှ မပြောနိုင်ခဲ့ဘူး။ ဒါကို တွေ့ကြုံပြီးတဲ့နောက်၊ ဖော်ထုတ်ခံရတာကို ဖြတ်သန်းပြီးတဲ့နောက်၊ ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာတွေကို မဆိုသလောက် တွေ့ကြုံလိုက်ရတဲ့နောက်မှာ၊ ကျွန်မရဲ့ဆိုးယုတ်တဲ့သဘာဝအပေါ် နောက်ဆုံးတော့ သိနားလည်မှုတချို့ ရခဲ့ပြီလို့ ကျွန်မ ခံစားမိခဲ့တယ်။ ဒါပေမယ့် အဖိုးအခက အရမ်းမြင့်မားခဲ့ပါတယ်။ ကျွန်မရဲ့အလုပ်တွေမှာ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီး ဆိုးယုတ်တဲ့ စိတ်သဘောထားကို အားကိုးခဲ့တာကြောင့်၊ အသင်းတော်ကို ဆုံးရှုံးမှုတွေ ကျွန်မ ဖြစ်စေခဲ့တယ်၊ ပြီးတော့ အခြေခံသဘောတရားတွေအရ၊ ကျွန်မက ပြစ်ဒဏ်ပေးခံရသင့်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ပြစ်မှားမှုတွေအလျောက် ကျွန်မကို မဆက်ဆံခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ တာဝန်တွေကို ဆက်လက်လုပ်ဆောင်ခွင့်ပေးခဲ့တယ်။ မယုံနိုင်စရာကောင်းတဲ့ ဘုရားသခင်ရဲ့ ကရုဏာတော်နဲ့ သည်းခံခြင်းကို ကိုယ်တိုင်ကိုယ်ကျ ကျွန်မ တွေ့ကြုံခဲ့တယ်။

ဒီအတွေ့အကြုံကို ကျွန်မ ပြန်တွေးတဲ့အချိန်တိုင်းမှာ၊ ကျွန်မရဲ့အလုပ်တွေမှာ ကျွန်မရဲ့ဆိုးယုတ်တဲ့သဘာဝအပေါ် အားကိုးတာတွေကြောင့်၊ အသင်းတော်မှာ ကြုံခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် ကျွန်မ နောင်တခံစားရတယ်။ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” ဆိုတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုလည်း ကျွန်မ လုံး၀ လက်ခံပါတယ်။ ဒါပေမယ့်၊ အဲဒါထက် ပိုပြီး၊ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းတွေဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ အကြီးမားဆုံး ကွယ်ကာမှုနဲ့ အစစ်မှန်ဆုံး ချစ်ခြင်းဖြစ်မှန်း ကျွန်မ ခံစားရပါတယ်။

အရှေ့သို့- အရာရှိတစ်ဦး၏ နောင်တ

နောက်တစ်ခုသို့- မာနထောင်လွှားတဲ့ စိတ်သဘောထားကို ပြောင်းလဲမရနိုင်ဘူးလို့ ဘယ်သူ ပြောလဲ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

အနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာ သည်လည်း...

ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှား ကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်