မာနထောင်လွှားတဲ့ စိတ်သဘောထားကို ပြောင်းလဲမရနိုင်ဘူးလို့ ဘယ်သူ ပြောလဲ

ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့ကျလွန်းပါတယ်။ နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ကျွန်မတို့ကို ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းပေးတာ မရှိဘူးဆိုရင်၊ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ပြောင်းလဲနိုင်မှာမဟုတ်သလို၊ သာမန်လူ့သဘာဝတစ်ခုနဲ့လည်း အသက်ရှင်နေထိုင်နိုင်ကြမှာ မဟုတ်ဘူး။ ကျွန်မဆိုရင် တော်တော် မာနထောင်လွှားခဲ့ဖူးပါတယ်။ ကိုယ့်အလုပ်မှာ ကိုယ်က သူများတွေထက် သာတယ်လို့ပဲ အမြဲခံစားမိတယ်။ ဒီတော့ ကျွန်မ ပြောတာကိုပဲ သူတို့နားထောင်သင့်တယ်လို့ ထင်ခဲ့မိတာပေါ့။ ဘုရားသခင်ကို ယုံကြည်အားကိုးပြီးတဲ့နောက်မှာလည်း၊ ဒီလို မာနထောင်လွှားစိတ်က မကြာမကြာ ပေါ်ခဲ့တာပါ။ ကျွန်မကပဲ အမြဲတမ်း အဆုံးအဖြတ်ပေးချင်ခဲ့တယ်။ လူတိုင်းကို အထက်စီးကနေ ဆရာလုပ်ခဲ့တယ်။ ဒါက ညီအစ်ကိုမောင်နှမတွေကို ထိခိုက်နစ်နာစေခဲ့ပါတယ်။ ဘုရားရဲ့တရားစီရင်ခြင်းနဲ့ ပြုပြင်ခြင်းကြောင့်သာ၊ ကျွန်မရဲ့မာနထောင်လွှားစိတ်ကို နားလည်မှုနည်းနည်း ရခဲ့တဲ့အပြင်၊ ကိုယ့်ကိုယ်ကိုယ် ရွံရှာမိပြီး နောင်တရနိုင်ခဲ့တာပါ။ နောက်ပိုင်းတော့ အလုပ်တာဝန်တွေကို တခြားသူတွေနဲ့ အတူလုပ်ရပြီဆိုရင်၊ ကျွန်မလည်း သိုသိုသိပ်သိပ်နဲ့ နေတတ်လာတယ်။ လူတွေ အကြံပေးတာတွေကို လက်ခံတတ်လာတဲ့အပြင်၊ သမ္မာတရားကိုလည်း ရှာဖွေတတ်လာတယ်။ ပြီးတော့ လူသားပုံသဏ္ဌာန်မျိုးနဲ့ အသက်ရှင်နေထိုင်ခဲ့ပါတယ်။

၂၀၁၅ မှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံရဖူးတယ်။ ကျွန်မလည်း တော်တော်ပျော်ခဲ့တာပေါ့။ စိတ်ထဲမှာလည်း၊ “အသင်းတော်ထဲက လူတွေအများကြီးက ငါ့ကို ရွေးကြတယ်ဆိုတာ ငါက ဒီမှာ အတော်ဆုံးမို့လို့ပဲ။ ဒီတာဝန်ကို ကျေပွန်အောင် ငါ ကြိုးစားအလုပ်လုပ်ရမယ်။ ဒါမှ သူတို့အရွေးမှန်တယ်လို့ ညီအစ်ကိုမောင်နှမတွေက မြင်ကြမယ်” ပေါ့။ ဒီလိုနဲ့ ကျွန်မလည်း နေ့တိုင်း အလုပ်တွေအများကြီး လုပ်တယ်။ ညီအစ်ကိုမောင်နှမတစ်ယောက်ယောက် ပြဿနာရှိနေတာကို မြင်တာနဲ့၊ ကျွန်မက အဲဒီပြဿနာကို ဘုရားနှုတ်ကပတ်တော်တွေ သုံးပြီး ဖြေရှင်းပေးဖို့ အမြန်ဆုံးကြိုးစားတယ်။ အချိန်နည်းနည်း ကြာလာတော့၊ အသင်းတော်အသက်တာကလည်း တော်တော်လေး တိုးတက်သွားတယ်။ လုပ်ရတဲ့အလုပ်တွေက တော်တော်များခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက အဲဒါတွေကို သေသေသပ်သပ်နဲ့ စီမံနိုင်ခဲ့တယ်။ ကျွန်မတို့အသင်းတော်ရဲ့ အသက်တာက တခြားအသင်းတော်တွေထက် နည်းနည်း ပိုသာနေမှန်း မြင်မိတော့၊ ကျွန်မ တကယ် ကျေနပ်ခဲ့မိတယ်။ ကျွန်မတို့အသင်းတော်ရဲ့အလုပ်က တော်တော် အောင်မြင်နေမှန်း ခေါင်းဆောင်တွေက မြင်ကြတော့၊ တခြားအသင်းတော်တွေကို ကျွန်မတို့ဆီက လမ်းညွှန်စာအုပ်ကို ငှားပြီး လေ့လာခိုင်းသေးတာ။ အဲဒါအပြင် အသင်းတော်မှာရှိတဲ့ အရေးကြီးတဲ့အလုပ်တချို့မှာလည်း သူတို့က ကျွန်မကို ပါဝင်စေချင်ကြတယ်။ ကျွန်မ တွေးတာက၊ “ခေါင်းဆောင်တွေကတောင် ငါ့ကို အထင်ကြီးပြီး၊ ငါ့အရည်အချင်းတွေကို ချီးမွမ်းတယ်ဆိုတော့၊ ငါ့ပင်ကိုစွမ်းရည်က သိပ်မဆိုးဘူးနဲ့တူတယ်။ လူအများစုထက် သာတာတော့ သေချာတယ်” ပေါ့။ ကျွန်မက အမှတ်တမဲ့နဲ့ ကိုယ့်ကိုယ်ကိုယ် တော်တော်ကြီး အထင်ကြီးမိနေပြီ။ ငါ အားလုံးလုပ်နိုင်တယ်လို့ပဲ ထင်မိတယ်။ အဲဒီတော့ တွဲဖက်အကျိုးဆောင်တွေက အကြံပြုချက်တွေ ပေးတယ်ဆိုရင်၊ ကျွန်မက သူတို့ကို ခေါင်းထဲမထည့်သလောက်ပဲ။ ကျွန်မက သူတို့ထက် သာတယ်လို့ ထင်မိတာကိုး။ ကိုယ် ဖြစ်စေချင်တာကို သူတို့က မလုပ်ဘူးဆိုရင်လည်း၊ ကျွန်မက မနေနိုင်ဘူး၊ အပြစ်တင်မိတယ်။ တစ်ခါတော့၊ ကျွန်မနဲ့အတူတူ လုပ်နေတဲ့ ညီမတစ်ယောက်မှာ အဖြေပေးရမယ့် မေးခွန်းတစ်ခု ရှိလာတယ်။ နောက်တော့ သူက အဲဒါကိုဆွေးနွေးဖို့ ကျွန်မဆီ လာတယ်။ ကျွန်မ စဉ်းစားတာက၊ “ဘာများ ဆွေးနွေးလောက်စရာရှိလို့လဲ။ ဒါက ခက်ခက်ခဲခဲမေးခွန်းမျိုး မဟုတ်ဘူး။ အဲဒါကြောင့် ငါက နင့်ကို ဖြေခိုင်းလိုက်တာ။ နင် ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့၊ အလုပ်မှာ အရည်အချင်းမရှိဘူးဆိုတာ ရှင်းနေပြီ။ ငါသာဆို ဖြေရှင်းပြီးနေလောက်ပြီ” ပေါ့။ ဒါနဲ့ ကျွန်မက “ထားလိုက်ပါ။ ကျွန်မပဲ ဖြေပေးလိုက်မယ်” ဆိုပြီး မောက်မောက်မာမာလေသံမျိုးနဲ့ ပြောလိုက်တယ်။ သူလည်း ကျွန်မကြောင့် မချင့်မရဲဖြစ်သွားတာပေါ့။ အဲဒီအချိန်ကစပြီး သူက ကျွန်မဆီကနေ အကူအညီ လုံးဝ မတောင်းရဲတော့ဘူး။ နောက်တစ်ခါကျတော့ ကျွန်မက အစ်မဝမ်ကို တာဝန်တစ်ခုအတွက် ထောက်ခံပေးမိတယ်။ အဲဒီမှာ အစ်မချန်က ပြောလာတယ်၊ “ဒီတာဝန်က အရေးကြီးလွန်းတယ်။ ဒါကြောင့် ငါတို့စိတ်ချနိုင်အောင်၊ အစ်မဝမ်ရဲ့ ပုံမှန်အမူအကျင့်ကို ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်” ပေါ့လေ။ ကျွန်မလည်း ဒီစကားကြောင့် နည်းနည်း မကျေမနပ်ဖြစ်တယ်။ စိတ်ထဲမှာလည်း၊ “ဒီတာဝန်မျိုးကို အရင်တုန်းက ငါ အများကြီး လုပ်ခဲ့ပြီးပြီ။ ငါ့ကို နားမလည်ဘူးလို့ ထင်တာလား။ ပြီးတော့ အစ်မဝမ်ကိုလည်း သိလာတာကြာပြီ။ ဘာကို မေးမြန်းနေစရာလိုလို့လဲ။ အယောက်တိုင်းကို သူ့အကြောင်း လိုက်မေးနေရင်၊ အချိန်တွေ မကြာကုန်ဘူးလား” ပေါ့။ ဒါနဲ့ ကျွန်မလည်း သူ့ကို၊ “အချိန်မဖြုန်းပါနဲ့။ ဒီအတိုင်းပဲ ဆက်လုပ်ကြတာပေါ့” ဆိုပြီး ပြောလိုက်တယ်။ ကျွန်မက အလျှော့မပေးဘူးဆိုတာမြင်တော့၊ သူလည်း တိတ်သွားတယ်။ အဲဒီအချိန်မှာ သူ နည်းနည်း လက်မခံချင်မှန်း ကျွန်မ မြင်ပါတယ်။ ဒါပေမဲ့ အရေးကိုမစိုက်ခဲ့ဘူး။ ဒီလိုနဲ့ ညီအစ်ကိုမောင်နှမတစ်ယောက်ယောက်က အကြံပေးပြီဆိုရင်၊ သူတို့က သိပ်တော်တဲ့လူတွေမဟုတ်ဘူးလို့ပဲ အမြဲတမ်း တွေးတယ်။ အဲဒီတော့ သူတို့အမြင်တွေကို ငြင်းပစ်ဖို့၊ ကျွန်မက ဆင်ခြေတွေအမျိုးမျိုး သုံးတယ်။ ပြီးတော့မှ ကျွန်မ သဘောကျတဲ့ စိတ်ကူးတွေကို ဖော်ပြတယ်။ ပြီးရင် လူတိုင်းကို ကျွန်မ ပြောတဲ့အတိုင်း လုပ်ခိုင်းတယ်။ အချိန်ကြာလာတော့ သူတို့အားလုံးက ကျွန်မကြောင့် မလုပ်ချင်ဘဲလုပ်ရသလို ဖြစ်လာကြတယ်။ အလုပ်အကြောင်း ဆွေးနွေးနေပြီဆိုရင်၊ ဘာမှမပြောဘဲ နေကြတော့တယ်။ နောက်တော့ ကျွန်မလည်း အဲဒါတွေကို လုပ်ရိုးလုပ်စဉ်သက်သက်ပဲ၊ အချိန်ဖြုန်းတာပဲဆိုပြီး၊ သူတို့ကို ဘာမှ မပြောဆိုတော့သလောက်ပဲ။ ဒီလိုနဲ့ ကျွန်မက ကိုယ့်တာဝန်ကို မာနထောင်လွှားတဲ့ အခြေအနေမျိုးနဲ့ လုပ်ခဲ့တယ်။ ပိုပြီး မဆင်မခြင်နဲ့ ထင်တိုင်းကြဲလာတယ်။

တစ်ခါတော့ အဖွဲ့ခေါင်းဆောင်တစ်ယောက်က သူ့တာဝန်ကို သေချာမလုပ်မှန်း မြင်မိတော့၊ ကျွန်မက သူ့ကို ညံ့ဖျင်းတယ်၊ နေရာပြောင်းဖို့ လိုတယ်လို့ပဲ တွေးလိုက်တယ်။ တွဲဖက်အကျိုးဆောင်တွေနဲ့ ဆွေးနွေးသင့်မှန်းတော့ သိတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ စဉ်းစားတာက၊ “ဆွေးနွေးစရာမလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံး နောက်ဆုံးတော့ သဘောတူမှာပဲ” ပေါ့။ ဒါနဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင်နေရာကို အစားထိုးလိုက်ရော။ ပြီးတော့မှ တွဲဖက်အကျိုးဆောင်တွေကို ကျွန်မ ဘယ်လိုကိုင်တွယ်လိုက်လဲဆိုတာ ပြောပြတယ်။ အဲဒီအချိန်မှာပဲ အစ်မချန်က ပြောတယ်၊ “အဲဒီခေါင်းဆောင်မှာ ပြဿနာတွေ ရှိခဲ့တယ်ဆိုပေမဲ့၊ သူက သမ္မာတရားကို အားထုတ်တဲ့လူပါ။ ယုံကြည်သူတစ်ယောက် ဖြစ်လာတာ မကြာသေးလို့ပါ။ သမ္မာတရားကို သိပ်ပြီး နားမလည်တဲ့အပြင်၊ မပြည့်စုံတာတွေလည်း သူ့မှာ ရှိတယ်။ ဒါပေမဲ့ ဒါက ပုံမှန်ပါ။ ကျွန်မတို့က သူ့ကို မိတ်သဟာယပြုရင်း ကူညီပေးလို့ရတယ်။ သူ့ကို အစားထိုးလိုက်တာက သမ္မာတရားနဲ့ မညီပါဘူး” ပေါ့။ ကျွန်မက လုံးဝ လက်မခံခဲ့ဘူး။ ဒါနဲ့ ကျွန်မက ပြောလိုက်တယ်၊ “သူက အလုပ်ကို လက်တွေ့ကျကျမလုပ်နိုင်လို့၊ ကျွန်မက သူ့ကို အစားထိုးလိုက်တာ။ ဒီကိစ္စမျိုးကို အရင်ကလည်း ကျွန်မက ဖြေရှင်းဖူးတယ်။ ရှင်က ဘာသိလို့လဲ” ပေါ့။ ကျွန်မက သဘောထားမပြောင်းဘူးဆိုတာ မြင်တော့၊ သူလည်း ဘာမှမပြောတော့ဘူး။ နောက်တော့ တွဲဖက်အကျိုးဆောင်တွေက အဲဒီကိစ္စကို သေချာသိအောင်၊ အကဲဖြတ်ဖို့ လုပ်ကြတယ်။ ကျွန်မက နည်းလမ်းတကျ မကိုင်တွယ်ခဲ့ဘူးဆိုတာ သူတို့တွေ့သွားတယ်။ အဖွဲ့ခေါင်းဆောင်ကိုလည်း အရင်နေရာမှာ ပြန်ခန့်တယ်။ တာဝန်တွေကို လွှဲလိုက်ပြောင်းလိုက်နဲ့ဆိုတော့၊ အဖွဲ့ရဲ့အလုပ်ကို အနှောင့်အယှက်ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ ကျွန်မလည်း ရှက်မိတယ်။ ကိုယ်က စည်းမျဉ်းနဲ့အညီ မလုပ်ခဲ့ဘူးဆိုတာ မြင်တယ်လေ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်မိသေးသလို၊ သမ္မာတရားကိုလည်း မရှာဖွေမိဘူး။

တစ်လလောက်ကြာတော့ အသင်းတော်မှာ အရေးကြီးတဲ့အလုပ်တစ်ခု ပေါ်လာတယ်။ သင့်တော်သူတစ်ယောက်ကို ကျွန်မတို့တွဲဖက်အကျိုးဆောင်တွေ အဖွဲ့ထဲကနေ ရွေးမှာ။ ကျွန်မ တကယ် စိတ်လှုပ်ရှားမိတယ်။ အလုပ်အတွေ့အကြုံနဲ့ပတ်သက်ရင် ကျွန်မက တခြားသူတွေထက် သာတယ်လို့ တွေးရင်းနဲ့၊ ကျွန်မကိုပဲ သူတို့ မဲပေးကြမှာပါဆိုပြီး ထင်လိုက်တယ်။ မဲရလဒ်တွေ ထွက်လာတော့မှ ကျွန်မ အံ့ဩခဲ့ရတယ်။ ရသင့်တဲ့ မဲအရေအတွက်ကို မရခဲ့ဘူး။ တစ်မဲမှ မရခဲ့တာပါ။ ကျွန်မ အရမ်းစိတ်ပျက်သွားတယ်။ ကျွန်မရဲ့ကမ္ဘာလေး ပြိုလဲနေပြီလို့ ထင်မိတယ်။ ဒါ ဘယ်လိုဖြစ်ရတာလဲ။ ကျွန်မက ဘာလို့အရွေးမခံရတာလဲ။ သူတို့မှာ ချင့်ချိန်နိုင်စွမ်း မရှိကြတာလား။ ကျွန်မလည်း အကြောင်းရင်းကို သိချင်လွန်းတာနဲ့၊ ကျွန်မမှာ ဘာအားနည်းချက်တွေ ရှိလို့လဲလို့ မေးလိုက်တယ်။ အစ်မကျိုး ချီတုံချတုံဖြစ်နေတာကိုလည်း မြင်မိတော့၊ “ကျွန်မကို အရည်အချင်းမမီဘူးလို့ မြင်ထားကြတယ်ဆိုရင်၊ အဲဒီအကြောင်းကို ဆွေးနွေးကြတာပေါ့” ဆိုပြီး သူတို့ကို ပြောလိုက်တယ်။ အဲဒီအချိန်ကျမှ သူလည်း ပြောဖို့ သတ္တိရှိသွားတယ်။ “ညီမက အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် အမှန်ယူမှတ်တတ်တယ်လို့ အစ်မ ထင်တယ်။ တခြားလူတွေရဲ့ထင်မြင်ချက်တွေကိုလည်း လက်မခံဘူး။ ပြီးတော့ အစ်မတို့ကို ဩဇာတွေပေးတယ်။ ညီမနဲ့ အတူရှိနေတဲ့အချိန်တိုင်း၊ အစ်မ မွန်းကျပ်တယ်” တဲ့။ အဲဒီအချိန်မှာ တခြားညီအစ်မတစ်ယောက်ကလည်း ဝင်ပြောတယ်၊ “ကျွန်မလည်း အစ်မကို အောင့်အည်းနေရတာပါ။ အစ်မက မာနထောင်လွှားလွန်းတယ်။ ကျွန်မတို့ကိုလည်း အထင်သေးတယ်။ အသင်းတော်ရဲ့အလုပ်ကို လုပ်နိုင်တာ အစ်မတစ်ယောက်ပဲ ရှိသလိုလိုပုံစံမျိုး။ တခြားသူတွေကို လုံးဝ လုပ်နိုင်စွမ်းမရှိဘူးလို့ ထင်တာပါ” တဲ့။ အဲဒီအချိန်မှာ အစ်မချန်ကလည်း ပြောတော့တာပဲ၊ “အစ်မလည်း ညီမကို စိတ်ကြီးဝင်နေတယ်လို့ ထင်တယ်။ ညီမက သမ္မာတရားကို မရှာဖွေဘူး၊ တခြားသူတွေရဲ့ ထင်မြင်ချက်တွေကိုလည်း လက်မခံဘူး။ ညီမပဲ အဆုံးအဖြတ်ပေးနိုင်တယ်လို့ ထင်တယ်။ ကိစ္စအားလုံးကို ညီမချည်းပဲ ဆုံးဖြတ်တတ်တယ်...” ပေါ့။ ကျွန်မနဲ့ အလုပ်အတူလုပ်တဲ့ ညီအစ်မတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် ပြောသွားတာက၊ သူတို့ကို ကျွန်မက ကန့်သတ်နေတယ်ပေါ့။ ကျွန်မ စဉ်းစားတယ်၊ “ရှင်တို့အားလုံးက ကျွန်မကို မာနထောင်တယ်၊ ကန့်သတ်တယ်လို့ ပြောတယ်။ ရှင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်ဖို့ တာဝန်မသိတာကျတော့ ဘာလို့ ဝန်မခံကြတာလဲ။ ရတယ်။ အခုအချိန်ကစပြီး ကျွန်မလည်း တိတ်တိတ်နေတော့မယ်။ ရှင်တို့ကြိုက်သလို လုပ်ကြ” ပေါ့လေ။ အဲဒီနေ့ ညရောက်တော့၊ ကျွန်မ အိပ်လို့မရဘူး။ အိပ်ရာထဲ လူးလှိမ့်နေတာ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်စွမ်းရှိတယ်လို့ပဲ အမြဲတမ်း ထင်ခဲ့တာလေ။ အဲဒီလောက် ဆိုးဝါးမယ်လို့ မထင်ခဲ့ဘူး။ သူတို့က ကျွန်မကို မာနထောင်လွှားတယ်၊ အသိစိတ် မရှိဘူးလို့ မြင်တယ်ဆိုတာမျိုး၊ ကျွန်မ လုံးဝ မတွေးမိခဲ့ဘူး။ သူတို့တွေ စိတ်ထိခိုက်ပြီး တော်တော် အောင့်အည်းခဲ့ရတယ်ဆိုတာကို ဘယ်သူက စဉ်းစားမိခဲ့မှာလဲ။ ကျွန်မလည်း တကယ်ကို ဝမ်းနည်းလာမိတယ်။ လူတိုင်းက ကျွန်မကို တော်တော် မနှစ်သက်ကြဘူးဆိုတော့၊ ကျွန်မက လမ်းပေါ်က အမုန်းခံအပယ်ခံ ကြွက်စုတ်တစ်ကောင်လိုပဲပေါ့။ ဘုရားကလည်း ကျွန်မလိုလူမျိုးကို လုံးဝ ကယ်တင်မှာမဟုတ်ဘူးလေ။ ကျွန်မလည်း အပျက်သဘောဆောင်လာတယ်။ စိတ်ထဲမှာ မခံစားနိုင်လွန်းတော့၊ ဘုရားသခင်ဆီ မနားတမ်း ဆုတောင်းတော့တာပဲ။ “ဘုရားသခင်၊ ကျွန်မ အရမ်းကို နာကျင်ရပါတယ်။ ဒီကိစ္စကို ဘယ်လိုလုပ်ရမှန်း မသိပါဘူး။ ကိုယ်တော့်အလိုကို နားလည်နိုင်အောင် ကျွန်မကို အသိဉာဏ်ဖွင့်ပေးတော်မူပါ” ပေါ့။

နောက်နေ့မနက်ကျတော့ ကျွန်မလည်း ကွန်ပျူတာဖွင့်ပြီး၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို နားထောင်မိတယ်။ “အကြိမ်များစွာ ကျရှုံးခြင်းနှင့် ပြိုလဲကျခြင်းသည် ဆိုးသည့် အရာမဟုတ်သလို၊ ဖော်ထုတ်ခံနေရခြင်းသည်လည်း ဆိုးသည့် အရာ မဟုတ်ပါ။ သင် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ဖော်ထုတ်ခံရသည်ဖြစ်စေ၊ ဤအရာကို တစ်ချိန်လုံး သင် မှတ်မိရမည်- ဖော်ထုတ်ခံရခြင်းဆိုသည်မှာ သင်သည် ရှုတ်ချခံနေရခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဖော်ထုတ်ခံနေရခြင်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ် သိရှိရန် ယင်းမှာ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင့်အတွင်းရှိ အမှုအရာများ၊ သတိပြုမိဖို့ ခဲယဉ်းပြီး တူးဖော်ဖို့ ခက်ခဲ့သည့် သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် ထိုကဏ္ဍများအားလုံးကို သင် သိရှိလာနိုင်လျှင်၊ ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး မိမိကိုယ်ကိုယ် စိတ်ပါလက်ပါ ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ဘုရားနှုတ်ကပတ်တော်တွေက ရင်ထဲမှာ ထိခိုက်လွန်းတော့၊ ကျွန်မလည်း မျက်ရည်တွေပဲ ဆက်တိုက်ကျလာမိတယ်။ ညီအစ်ကိုမောင်နှမတွေကို ကျွန်မအပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းစေတဲ့ ဒီလို အခြေအနေကို ချမှတ်တယ်ဆိုတာ၊ ဘုရားက ကျွန်မကို ဖယ်ရှင်းနေတာမဟုတ်ဘူး၊ အရှက်ရအောင် လုပ်တာလည်း မဟုတ်ဘူး။ အဲဒီအစား ကျွန်မက တကယ်ကို မာနထောင်လွန်းနေတဲ့အတွက်၊ ကျွန်မကိုယ်ကျွန်မ ဆင်ခြင်မိအောင်၊ နောင်တရပြီး ပြောင်းလဲအောင်၊ တွန်းအားပေးဖို့အတွက် သတိပေးချက်အနေနဲ့ ဘုရားက ဒါကို အသုံးပြုခဲ့တာပါ။ ဘုရားသခင်က ကျွန်မကို ကယ်တင်နေတာပါ။ ဒါကို နားလည်မိတော့ လွတ်မြောက်သွားသလို ခံစားရတယ်။ ဘုရားကိုလည်း နားလည်မိတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်ပြီး ကိုယ့်အကြောင်းကိုယ် သိချင်လာတာနဲ့၊ ကျွန်မလည်း ကိုယ်တော့်ဆီ ဆုတောင်းတယ်။

နောက်တော့ လူသားရဲ့မာနထောင်လွှားပုံအကြောင်း ပြောဆိုထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်မိတယ်။ ဘုရားသခင်က ပြောသည်- “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ သင်၌ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ရှိခဲ့ပါက ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ စိတ်ထဲမှာ မသက်မသာဖြစ်တယ်၊ ကြောက်လည်း ကြောက်မိတယ်။ ကျွန်မက မာနထောင်လွှားမှုထဲမှာ ရှင်သန်နေခဲ့တာလေ။ လူတွေကို ချုပ်ချယ်ကန့်သတ်ပြီး ဒုက္ခပေးရုံတင်မကဘူး၊ ဟိုးအစမှာကတည်းက ကျွန်မရဲ့စိတ်နှလုံးထဲမှာ ဘုရားအတွက်နေရာ မရှိခဲ့တာပါ။ ကျွန်မက ကိုယ်တော့်ကို အချိန်မရွေး ခုခံတတ်နေတာပါ။ ကျွန်မရဲ့ ခေါင်းဆောင်တာဝန်နဲ့ပတ်သက်ပြီး စဉ်းစားကြည့်တယ်။ ကိုယ့်မှာ အရည်အချင်းနည်းနည်း ရှိတဲ့အတွက်၊ ငါက တော်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးစိတ် ဖြစ်ခဲ့တာပဲ။ သူများတွေနဲ့ အလုပ်အတူလုပ်တဲ့အခါ၊ ငါက သာတယ်ဆိုပြီး အမြဲတမ်း ထင်နေတော့၊ သူတို့တွေကို ချုပ်ချယ်ပြီး ဆရာကြီးလုပ်မိတယ်။ တစ်ယောက်ယောက်မှာ အယူအဆတစ်ခုရှိတယ်ဆိုရင်၊ ကျွန်မက သမ္မာတရားရဲ့အဆုံးအမတွေကို လုံးဝ မရှာဖွေခဲ့ဘူး။ ကျွန်မက အတွေ့အကြုံရှိတယ်၊ အကြောင်းကိစ္စတွေကို သေချာမြင်တတ်တယ်ဆိုတော့၊ လူတွေကို ကျွန်မ ဖြစ်စေချင်သလို လုပ်ခိုင်းလို့ရတယ်လို့ပဲ ထင်ခဲ့တာ။ ကိုယ့်အမြင်ကိုပဲ မှန်တယ် စံပြဖြစ်တယ်လို့ မြင်ပြီး၊ ကျန်တဲ့သူတွေလည်း အဲဒီလိုမြင်သင့်တယ်ဆိုတာမျိုးပေါ့။ တခြားသူတွေ သူတို့ကိုယ်သူတို့ မဖော်ပြနိုင်တော့တဲ့အထိ ငါက ချုပ်ချယ်ခဲ့တာပဲဆိုတာကို စဉ်းစားကြည့်တော့ ကြောက်စရာကြီးပါ။ ဒါပေမဲ့ ကျွန်မက လုံးဝ သတိမမူမိခဲ့ဘူးလေ။ သူများတွေကို ကိုယ်နဲ့ တစ်သဘောတည်းလို့တောင် ထင်နေခဲ့တာ။ ကျွန်မကိုယ်ကျွန်မ အရမ်းအထင်ကြီးမိတဲ့စိတ်နဲ့၊ ကိုယ့်ကိုယ်ကိုယ် ညီအစ်ကိုမောင်နှမတွေရဲ့အထက်မှာ ထားလိုက်တဲ့အတွက်၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်ကို သူတို့တွေနဲ့ မတိုင်ပင်ဘဲ အစားထိုးမိတဲ့အထိ ဖြစ်သွားတယ်။ အစ်မတစ်ယောက်က ဒီကိစ္စကို ပြောလာတော့လည်း၊ ကျွန်မက လက်မခံဘဲ အချေအတင်ပြန်ပြောတယ်။ ကျွန်မက မာနထောင်လွန်းခဲ့တယ်ဆိုတာကို မြင်ခဲ့မိတာပါ။ ကျွန်မမှာ ဘုရားကို ကြောက်ရွံ့မှုဆိုတာ လုံးဝမရှိခဲ့ဘူး၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို အကျိုးပြုရဲ့လားဆိုတာကိုလည်း ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မက တစ်ဖက်သတ် ထင်တိုင်းကြဲပြီး ပြုမူခဲ့တော့၊ ဘုရားရဲ့အိမ်တော်ကို ထိခိုက်စေခဲ့တယ်၊ အသင်းတော်ရဲ့အလုပ်ကိုလည်း ကိုယ့်ရဲ့မာနထောင်လွှားတဲ့ သဘာဝနဲ့ နှောင့်ယှက်မိခဲ့တယ်၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကိုလည်း အများကြီး နစ်နာစေခဲ့ပါတယ်။ အဲဒါတွေက ကိုယ့်အလုပ်တာဝန်ကို ကျေပွန်ခဲ့တာဟုတ်ပါ့မလား။ သေချာစဉ်းစားကြည့်ရင်၊ ကျွန်မက ကိုယ့်အလုပ်အတွက် တာဝန်သိတယ်လို့ပဲ ထင်ခဲ့တာပါ။ တကယ်တော့ ကျွန်မက အာဏာအတွက် ကိုယ့်လောဘကိုပြည့်အောင် ကြိုးစားခဲ့တဲ့ အာဏာရှင်တစ်ယောက်ပဲ။ ကျွန်မက ဘုရားကို ခုခံနေခဲ့တာပဲ။ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ထပ်ခါထပ်ခါ မေးမိတယ်။ ငါက ဒုစရိုက်လမ်းကို ခြေချမိလောက်အောင် ဘယ်လိုဖြစ်ပြီး မာနထောင်လွှားလွန်းခဲ့တာလဲ။ သေချာဆင်ခြင်ကြည့်တော့မှ ကျွန်မ သဘောပေါက်မိတယ်၊ ဥပမာ “အောင်မြင်ကျော်ကြားခြင်းသည် ဘိုးဘေးများကို ဂုဏ်တက်စေ၏” တဲ့၊ ဒီလိုဆိုးယုတ်တဲ့ အဆိပ်တွေက ကျွန်မကို ထိန်းချုပ်ထားတာဆိုတော့၊ ကျွန်မက ငယ်ငယ်လေးကတည်းက လိုက်ပြီး ဆရာလုပ်တတ်လာခဲ့တာပဲ။ ကျွန်မပြောတာကို သူများတွေ နားထောင်အောင်၊ အာရုံစိုက်အောင်၊ ကျွန်မကို ဝန်းရံအောင်ပဲ အမြဲကြိုးစားမိတယ်။ အဲဒါက အများရဲ့အာရုံစိုက်မှုကို ခံရဖို့ တစ်ခုတည်းသောနည်းလမ်းပဲ၊ အဲဒီလိုနေထိုင်တာကပဲ တန်ဖိုးရှိတယ်ဆိုပြီး ထင်ခဲ့တယ်။ ကျွန်မက ဒီလိုဆိုးယုတ်တဲ့အဆိပ်တွေနဲ့ အမြဲတမ်း နေထိုင်ခဲ့လို့၊ ကျွန်မရဲ့မာနထောင်လွှားမှုက ထိန်းမရဖြစ်ခဲ့တဲ့အပြင်၊ လူ့သဘာဝဆိုတာလည်း မရှိခဲ့ဘူးဆိုတာကို ကျွန်မ အခုတော့ သိပါပြီ။ ကျွန်မက လူတွေကို ကန့်သတ်ချုပ်ချယ်ပြီး ဒုက္ခပေးခဲ့ရုံမကဘူး၊ အသင်းတော်ရဲ့အလုပ်ကိုပါ နှောင့်ယှက်မိခဲ့တာပါ။ အဲဒီတော့မှပဲ ကျွန်မ နားလည်မိတယ်၊ “အောင်မြင်ကျော်ကြားခြင်းသည် ဘိုးဘေးများကို ဂုဏ်တက်စေ၏” ဆိုတဲ့ ယုံကြည်ချက်မျိုးတွေက စာတန်ရဲ့အဆိပ်တွေပဲ။ အဲဒါတွေက ယုတ်ညံ့ပြီး အဓိပ္ပာယ်မရှိတဲ့အပြင်၊ ကျွန်မတို့ကို ဒုက္ခပေးပြီး အကျင့်ပျက်စေတာပဲ ရှိတယ်။ သူများတွေထက် သာပြီး ချီးကျူးခံရတယ်ဆိုတာ ကျေနပ်စရာမျိုးပဲဆိုပြီး ကျွန်မ အမြဲတွေးခဲ့ဖူးတယ်။ နောက်တော့မှ ကျွန်မက ဆိုးယုတ်တဲ့အဆိပ်တွေနဲ့ နေထိုင်မိလို့ တစ္ဆေသရဲလို ဖြစ်ခဲ့ရမှန်း နားလည်မိတာပါ။ ဘယ်သူကမှ ကျွန်မအနားကို မလာချင်တော့ဘူးလေ။ လူတွေက ကျွန်မကို ရွံခဲ့ကြသလို၊ ဘုရားကလည်း ရွံသွားခဲ့တာပါ။ ဒါတွေက စာတန်ရဲ့အဆိပ်တွေနဲ့ နေထိုင်မိလို့ ရခဲ့တဲ့ ခါးသီးတဲ့အသီးတွေပါ။ ဘုရားနဲ့ တစ်တန်းတည်းဖြစ်အောင် ကြိုးစားခဲ့တဲ့ ကောင်းကင်တမန်မင်းဆိုရင် ဘယ်လောက် မာနထောင်လွှားခဲ့မလဲဆိုတာလည်း စဉ်းစားကြည့်တယ်။ ဒါက ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာဆိုတော့၊ ဘုရားက သူ့ကို ကျိန်ဆိုခြင်းပြုပြီး၊ လေထဲကို ပစ်ချလိုက်တာလေ။ ကျွန်မဆိုလည်း သူများတွေကို ချုပ်ချယ်တာတွေ၊ ကိုယ်ပြောတာကိုပဲ နားထောင်စေချင်တာတွေနဲ့ မာနထောင်လွန်းခဲ့တယ်။ ဒါက ကောင်းကင်တမန်မင်းရဲ့ စိတ်သဘောထားနဲ့ အတူတူပဲ မဟုတ်ဘူးလား။ အဲဒီလိုစိတ်သဘောထားနဲ့ နေထိုင်တာက ဘယ်လောက် ကြောက်ဖို့ကောင်းမှန်း၊ နောက်ဆုံးမှ ကျွန်မ နားလည်ခဲ့တာပါ။ ကျွန်မ ဘာတွေလုပ်နေမိတယ်ဆိုတာကို ဘုရားကသာ မပြခဲ့ဘူးဆိုရင်၊ ကိုယ့်အလုပ်တာဝန်ကို မာနထောင်လွှားစိတ်နဲ့ လုပ်မိနေဦးမှာပဲ။ ကျွန်မကြောင့် ထိခိုက်နစ်နာတာတွေလည်း ပိုများပြီး၊ နောက်ဆုံးမှာ ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမှာပဲလေ။ ကျွန်မလည်း နောက်ဆုံး နားလည်သွားတော့၊ အနန္တတန်ခိုးရှင်ဘုရားဆီ ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်မ မာနထောင်လွှားမှုထဲမှာ မနေထိုင်ချင်တော့ပါဘူး။ ကျွန်မရဲ့မာနထောင်လွှားစိတ်ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေချင်ပါတယ်၊ အမှန်တကယ် နောင်တရချင်ပါတယ်” ပေါ့။

နောက်တော့ ဒီကျမ်းပိုဒ်ကို ကျွန်မ ဖတ်မိတယ်၊ “မာနထောင်လွှားသောသဘာဝက သင့်ကို ခေါင်းမာစေသည်။ လူတို့က ဤခေါင်းမာသော စိတ်သဘောထား ရှိသောအခါ သူတို့သည် တစ်ဇွတ်ထိုးလုပ်တတ်သည် မဟုတ်လော။ သို့ပြုလျှင် သင်သည် သင်၏တစ်ဇွတ်ထိုးလုပ်တတ်ခြင်းကို မည်သို့ဖြေရှင်းသနည်း။ သင်၌ စိတ်ကူးတစ်ခုရှိသောအခါ ဤကိစ္စအကြောင်း သင်ထင်မြင်ယုံကြည်သည့်အရာကို သင်ထုတ်ပြောသည်၊ ထို့နောက် ထိုအကြောင်းကို လူတိုင်းအား သင်ပြောပြသည်။ ပထမဦးစွာ သင့်အမြင်ကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာ ဤတစ်ဇွတ်ထိုးလုပ်ခြင်း စိတ်သဘောထားကို အောင်နိုင်ရန်အတွက် လက်တွေ့လုပ်ဆောင်ရမည့် ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်- တစ်ဇွတ်ထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်စေကာမူ၊ ယင်းကို ထပ်တလဲလဲ မလျှော့ တမ်း မပြောသင့်ပေ။ ပထမအနေဖြင့် ၎င်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ ဆုတောင်းတော့သည်။ သင်သည် အမှားနှင့်အမှန်ကို မသိသောကြောင့် အကောင်းဆုံး၊ အသင့်တော်ဆုံး ပြုလုပ်ရမည့်အရာကို ထုတ်ဖော်ရန်နှင့် ပြောပြရန် သင်က ဘုရားသခင်ကို အခွင့်ပေးသည်။ အယောက်တိုင်းက မိတ်သဟာယတွင် ပါဝင်လာကြသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်း အားလုံးကို ယူဆောင်လာပေးသည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) လက်တွေ့လုပ်ဆောင်ဖို့လမ်းကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ တွေ့လိုက်တာပါ။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ်၊ ကျွန်မအနေနဲ့ ဘုရားအပေါ် ကြောက်ရွံ့နာခံခြင်းကို မဖြစ်မနေ ထိန်းသိမ်းထားရမယ်ဆိုတာ သိလိုက်တယ်။ ကျွန်မအနေနဲ့ ဆုတောင်းရမယ်၊ သမ္မာတရားကို ရှာဖွေရမယ်။ ပြီးရင် အားလုံး အတူတူဆုံးဖြတ်နိုင်အောင်၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးပြီး မိတ်သဟာယပြုရမယ်။ ကိုယ်က မှန်တယ်ထင်ရင်တောင်၊ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ငြင်းပယ်ပြီး စွန့်လွှတ်ရမယ်။ ညီအစ်ကိုမောင်နှမတွေ ပြောတာကို နားထောင်ရမယ်။ ပြီးတော့မှ အသင်းတော်အတွက် ဘယ်ဟာက အကျိုးရှိဆုံးလဲ၊ စည်းမျဉ်းနဲ့အညီဆုံး ဖြစ်မလဲဆိုတာကို ကြည့်ရမယ်။ အဲဒီနောက်ပိုင်း စည်းဝေးပွဲတစ်ခုမှာ၊ ကျွန်မလည်း ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ရင်ဖွင့်လိုက်တယ်။ ကျွန်မကြောင့် သူတို့ ချုပ်ချယ်ခံရပြီး ထိခိုက်ခဲ့ရတာတွေအတွက် တောင်းပန်လိုက်တယ်။ သူတို့ကလည်း ဒီကိစ္စကို အရမ်းကြီး စိတ်ဆိုးမပြကြပါဘူး။ ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောပြကြတော့၊ ကျွန်မလည်း စိတ်ထဲမှာ တော်တော်ပေါ့သွားတယ်။ အဲဒီနောက်ပိုင်း အလုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးကြရင်လည်း၊ တခြားသူတွေကို သူတို့ရဲ့အမြင်တွေ ဖော်ပြခိုင်းတယ်။ ထင်မြင်ချက်တွေ ပေါ်လာပြီဆိုရင်၊ အားလုံး သဘောတူတဲ့အထိ ကျွန်မတို့တွေ မိတ်သဟာယပြုတယ်။ တဖြည်းဖြည်းနဲ့ အယောက်တိုင်းက ကျွန်မကြောင့် အောင့်အည်းရတယ်ဆိုတာမျိုး မခံစားမိကြတော့ဘူး။ အားလုံးရဲ့အခြေအနေကလည်း အများကြီး ပိုပြီး သဟဇာတဖြစ်လာတယ်။

တစ်ရက်မှာ ကျွန်မက ညီအစ်မတစ်ယောက်နဲ့ အလုပ်အကြောင်း ဆွေးနွေးတယ်။ သူက အသင်းတော်ထဲက တချို့ပြဿနာတွေကို ခေါင်းဆောင်တွေဆီ ပြောဖို့ စာတစ်စောင် ရေးထားတယ်လို့ ပြောလာတယ်။ ကျွန်မတို့တာဝန်တွေမှာ ရှိခဲ့ဖူးတဲ့ ပြဿနာတွေရယ်၊ အဲဒါတွေကို ကျွန်မတို့ ဘယ်လိုတွေ့ကြုံခဲ့ရတယ်ဆိုတာတွေပေါ့။ ဒါကိုကြားတော့ မာနထောင်လွှားတဲ့ ကျွန်မရဲ့စိတ်သဘောထားက ပြန်ပေါ်သွားတယ်။ စိတ်ထဲမှာလည်း၊ “ငါတို့တွေ ပြောဆိုကြတာ လုံလောက်ပြီလေ။ ဘာလို့ စာရေးပြောဦးမှာလဲ” ပေါ့။ ကျွန်မ သူ့ကို အပြစ်တင်မယ်လုပ်တုန်းမှာ၊ ဟိုအရင်က ကျွန်မ ဆိုးဆိုးဝါးဝါး မာနထောင်လွှားခဲ့ဖူးတာကို ပြန်သတိရသွားတယ်။ သူများတွေကို ကျွန်မ ပြောတာပဲ အမြဲနားထောင်စေချင်ခဲ့တာလေ။ အဲဒီတော့ လူတိုင်းက ချုပ်ချယ်ခံရသလို ဖြစ်ခဲ့တယ်။ ကျွန်မလည်း လူသားပုံသဏ္ဌာန်တစ်ခုနဲ့ မနေထိုင်ဖြစ်ခဲ့ဘူး။ ဒါနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်ပြီး၊ ဘုရားဆီ ဆုတောင်းတယ်၊ ကိုယ့်ရဲ့မာနထောင်လွှားမှုနဲ့ မနေထိုင်ချင်တော့ဘူး၊ သမ္မာတရားကိုပဲ လက်တွေ့လုပ်ဆောင်ချင်တယ်လေ။ နောက်တော့မှ ဒီညီအစ်မက ကျွန်မတို့ခေါင်းဆောင်တွေဆီ ဆက်သွယ်ပြောဆိုတယ်ဆိုတာ ဘယ်လောက် ကောင်းမှန်း၊ ကျွန်မ နားလည်သွားတယ်။ ဒါနဲ့ သူ့စာကို ပိုကောင်းအောင် ကူညီမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနားလည်ပြီးပြီးချင်း ကျွန်မရဲ့လေသံက ချက်ချင်း ပျော့ပျောင်းသွားတယ်။ ပြီးတော့ ကျွန်မတို့မှာ ရှိနေတဲ့ပြဿနာတွေကို သူနဲ့ ပြောဆိုနိုင်သွားတယ်၊ သူ့အမြင်တွေကိုလည်း နားထောင်ပေးလိုက်နိုင်တယ်။ တချို့နေရာတွေမှာ သူက လွဲသလိုဖြစ်နေတယ်လို့ ထင်မိပေမဲ့၊ သူ့ကို မဝေဖန်မိအောင် ထိန်းလိုက်တယ်။ မပြောခင်မှာ အရင် စဉ်းစားကြည့်လိုက်တယ်လေ နောက်တော့မှ သူ ပြောတဲ့တချို့အကြောင်းတွေက ကျွန်မ ဟိုအရင်က လုံးဝ မစဉ်းစားမိခဲ့တာမျိုးတွေပဲဆိုတာကို တွေ့လာတယ်။ ကျွန်မ နည်းနည်းလည်း ရှက်မိတယ်။ ကျွန်မက မာနထောင်လွှားပြီး၊ ညီအစ်ကိုမောင်နှမတွေကို သူတို့တာဝန်တွေမှာ သေချာ မလုပ်နိုင်အောင် ချုပ်ချယ်ခဲ့မိတာတွေကို မြင်မိပြီလေ။ တကယ်တော့ သူတို့အားလုံးမှာ အားသာချက်တွေရှိကြတယ်။ သူတို့သာ ကျွန်မနဲ့တွဲပြီး အလုပ်မလုပ်ခဲ့ကြဘူးဆိုရင်၊ တာဝန်တွေကို ကျွန်မဘာသာ ကျေပွန်အောင် လုပ်နိုင်ခဲ့မှာမဟုတ်ဘူး။ အဲဒီနောက်မှာ ကျွန်မတို့နှစ်ယောက်ပေါင်းပြီး ပြဿနာတွေကို အကျဉ်းချုပ်ရေးကြတယ်။ ပြီးတော့မှ စာကို အချောသပ်ပြီး ပို့လိုက်တယ်။ နောက်ပိုင်းတော့ အလုပ်တွေ လုပ်ကြရင်းနဲ့၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝက အလိုလို ပေါ်လာပြီဆိုရင်၊ ကျွန်မလည်း ဘုရားကို သတိရှိရှိနဲ့ ဆုတောင်းတယ်။ သူများတွေနဲ့လည်း ပိုပြီး မိတ်သဟာယပြုရင်းနဲ့၊ ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်လိုက်တယ်။ ကျွန်မတို့ကြား ဆက်ဆံရေးကလည်း အများကြီး ပိုကောင်းသွားတယ်။ အထူးသဖြင့် ကျွန်မလည်း စိတ်ထဲမှာ ငြိမ်းချမ်းပြီး ပေါ့ပါးသွားတယ်။ ကိုယ့်တာဝန်ကို အဲဒီလိုပုံစံနဲ့ လုပ်ဆောင်တာက အကောင်းဆုံးပဲလို့ ခံစားမိတယ်။ ကျွန်မလို မာနထောင်လွှားလွန်းတဲ့လူက နည်းနည်းလေး ပြောင်းလဲသွားတယ်ဆိုတာ၊ တကယ်ကို ဘုရားရဲ့တရားစီရင်ခြင်းနဲ့ တွေ့ကြုံလိုက်ရတဲ့ ရလဒ်ပါပဲ။

အရှေ့သို့- ရှုံးနိမ့်မှုနှင့် တွေ့ကြုံရာတွင် ရုန်းထခြင်း

နောက်တစ်ခုသို့- မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

အနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာ သည်လည်း...

လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှား ကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသော ကာလ ခရစ်တော်— ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်