ကျွန်ုပ်၏ မာနထောင်လွှားမှုမှ နိုးထခြင်း

16.02.2022

ရှန်းရှင့် အီတလီနိုင်ငံ

၂၀၁၅ မှာ ဧဝံဂေလိ ဖြန့်တာကို ကျွန်တော် စလုပ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဘုရားရဲ့ လမ်းပြမှုနဲ့ အောင်မြင်မှုတချို့ ရခဲ့တယ်။ တစ်ခါတလေ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို မစစ်ဆေးချင်တဲ့၊ ဘာသာရေး အယူအဆတွေ တကယ်လွန်ကဲတဲ့ လူတွေနဲ့ ကြုံရတယ်။ ဒါကြောင့် ဘုရားအပေါ် အားကိုးပြီး သမ္မာတရားကို စိတ်ရှည်ရှည် မိတ်သဟာယပြုပေးခဲ့တယ်။ သူတို့လည်း မြန်မြန်ဆန်ဆန် လက်ခံခဲ့ကြတာပဲ။ ကိစ္စတချို့ ဖြစ်မြောက်အောင် လုပ်ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် တော်တော်စွမ်းဆောင်နိုင်တဲ့ မရှိမဖြစ် ပါရမီရှင်လို စခံစားလာရတယ်။

နောက်တော့ အစ်ကိုလျူနဲ့ ကျွန်တော်က အသင်းတော်တစ်ပါးအတွက် ရေလောင်းတာဝန် အသီးသီး ယူလိုက်တယ်။ ကျွန်တော်ယူလိုက်တဲ့ အသင်းတော်က အသင်းသား အတော်များပြီး တော်တော်ကြီးတာ။ ဒီတော့ ကျွန်တော် စလုပ်တဲ့အချိန်မှာ ဘုရားဆီ အမြဲဆုတောင်းပြီး ညီအစ်ကို မောင်နှမတွေနဲ့ ကိစ္စတွေကို အမြဲဆွေးနွေးတယ်။ သိပ်မကြာခင် ကိစ္စတွေက စအဆင်ပြေလာတယ်။ အသင်းသား အများစုက စုဝေးပွဲတွေ ပုံမှန်တက်တဲ့အပြင် သူတို့တာဝန်တွေမှာလည်း တကယ်ကို တက်ကြွကြတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် နည်းနည်း ကျေနပ်အားရမိတာပေါ့။ အသင်းတော်က ဒီလောက်ကြီးပြီး အသင်းသားတွေ တအားများတာတောင် ရလဒ်တွေကို သိပ်မြန်မြန်ရနေတော့ ကျွန်တော် အစွမ်းအစနည်းနည်း ရှိလို့ဖြစ်ရမယ်လို့ တွေးနေမိတာ။ အစ်ကိုလျူရဲ့ ရေလောင်းတဲ့အလုပ်က သိပ်အဆင်မပြေတာ၊ သူ့အသင်းတော်ထဲက အမှုဆောင်တချို့ လူစားထိုးဖို့လိုပြီး တချို့က အပျက်သဘောဆောင်တဲ့ အခြေအနေမှာရှိလို့ မိတ်သဟာယပြုဖို့လိုတာကိုလည်း တွေ့ရတယ်။ ဒီတော့ သူ့ကို နည်းနည်း အထင်သေးသွားတယ်။ ကျွန်တော် ပိုပြီးကောင်းကောင်း လုပ်နိုင်မှာပဲလို့ တွေးမိတာ။ အဲဒီနောက် သူ့အလုပ်မှာ ကျွန်တော် စပါဝင်ခဲ့တယ်၊ စုဝေးပွဲတွေမှာ အမှားတွေကို ပေါင်းရုံးသုံးသပ်ပြတယ်၊ တခြားလူတွေရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေတွေကို ကူညီဖို့ နှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုပေးတယ်၊ လိုအပ်တဲ့နေရာတိုင်းမှာ ရေလောင်းနေတဲ့ သူတွေရဲ့ တာဝန်တွေကို ပြောင်းပေးလိုက်တယ်။ အလုပ်က ခပ်မြန်မြန်ပဲ ပိုကောင်းလာတယ်။ ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ခပ်မြန်မြန် ဖြေရှင်းလိုက်ပြီလို့ တွေးမိတော့ ကိုယ့်ကိုယ်ကိုယ် သိပ်ပါရမီရှိသလို ပိုပြီးတောင် ခံစားခဲ့ရတာ။ မာနထောင်လွှားမှုလည်း တိုးလာတယ်။ ကျွန်တော်တို့အလုပ်ကို ပေါင်းရုံးသုံးသပ်တဲ့အခါ သူတို့ရဲ့ အားနည်းချက်နဲ့ သတိမမူမိတာတွေ အများကြီး တွေ့ရတော့ မကြိမ်းမောင်းဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်တော်ပြောတယ်၊ “ရေလောင်းတဲ့အလုပ်က တအားကို နှောင့်နှေးနေတာပဲ။ ဘုရားအလိုတော်ကို လုပ်ပြီး ဒါကို ပြီးအောင် ကြိုးစားနေတဲ့လူ တစ်ယောက်တောင် ရှိရဲ့လား။ ခင်ဗျားတို့အားလုံးက အရမ်းကို တာဝန်မဲ့တာပဲ။ ပြီးခဲ့တဲ့ နှစ်ပတ်တာမှာ တိုးတက်မှု နည်းနည်းရှိသွားလို့ တော်သေးတယ်၊ မဟုတ်ရင် ဒီနှောင့်နှေးမှုအတွက် ဘယ်သူတာဝန်ယူနိုင်မှာလဲ” လို့ပေါ့။ အဲဒီတုန်းက ဘယ်သူမှ စကားတစ်ခွန်းမဟဘူး။ ကျွန်တော်တွေးနေမိတာက ကျွန်တော့်ရဲ့ တုံ့ပြန်မှုက နည်းနည်းများ လွန်နေသလားပေါ့။ ဒါပေမဲ့ နောက်တော့တွေးမိတယ်၊ အသံမာမာနဲ့ မပြောရင် သူတို့ဂရုစိုက်မှာ မဟုတ်ဘူးလို့လေ။

ကျွန်တော်ပြောတဲ့အတိုင်း လုပ်ဖို့ ပြောရင်းနဲ့ သူတို့ကို အများကြီး အထင်သေးမိသလို သူတို့အမှားတွေအတွက် သူတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဒီတော့ အချိန်ကြာလာတာနဲ့ သူတို့ ကျွန်တော်နဲ့ ခပ်ကင်းကင်းနေလာကြပြီး အလုပ်နဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေကလွဲလို့ တခြားဘာမှ ကျွန်တော့်ကို မပြောကြတာ သတိထားမိတယ်။ တစ်ခါတလေ သူတို့တွေ အတူဝိုင်းဖွဲ့ စကားပြောပြီး ရယ်မောနေကြပေမဲ့ ကျွန်တော်ပေါ်လာတာနဲ့ ကျွန်တော့်ကို ကြောက်သလိုမျိုး လူစုကွဲသွားကြတာ။ အမှားလုပ်မိပြီး ဝေဖန်ခံရမှာကို ကြောက်တဲ့အတွက် တစ်ခုခု ဖြစ်လာတိုင်း သူတို့ကျွန်တော့်ကို မေးကြပြီး ကျွန်တော့်ဆုံးဖြတ်ချက်ကို စောင့်ကြတယ်။ အဲဒီအခြေအနေကို တွေ့တော့ နည်းနည်းစိတ်မသက်မသာ ခံစားရတယ်။ ကျွန်တော်တွေးမိတယ်၊ ငါပဲ ထင်ရာမြင်ရာလုပ်နေမိတာလား၊ အာဏာရှင် ဆန်နေမိတာလားပေါ့။ ဒါပေမဲ့ နောက်တော့ အလုပ်မှာ ကျွန်တော် ပြတ်သားဖို့လိုတယ်လို့ တွေးမိတယ်။ နည်းနည်းမကြမ်းပြရင် ဘယ်သူမှ နားထောင်မှာ မဟုတ်ဘူး။ အဲဒါဆို ဘယ်လိုအလုပ်တွင်မှာလဲပေါ့။ ပြဿနာတွေကို တိုက်ရိုက်ထောက်ပြတာက ဖြောင့်မတ်တဲ့သဘော ရှိတာပဲလို့ ကျွန်တော်ခံစားခဲ့ရတယ်။ အဲဒီနောက်မှာ ကျွန်တော့်ရဲ့ မာနထောင်လွှားမှုက ပိုလို့တောင် ကြီးလာပြီး ကြီးကြီး၊ ငယ်ငယ် ကိစ္စတိုင်းမှာ ကျွန်တော်အဆုံးအဖြတ်ပေးရမှ ဖြစ်လာတယ်။ အဖွဲ့မှာ ကျွန်တော့်လောက် ဘယ်သူမှ မစွမ်းဆောင်နိုင်ဘူးဆိုပြီး ခံစားရလို့ ကျွန်တော်တို့အလုပ်ရဲ့ ကဏ္ဍတိုင်းကို ကျွန်တော်တစ်ယောက်တည်း စီစဉ်နေခဲ့တယ်။ သူတို့နဲ့ ကိစ္စတွေကို ဆွေးနွေးထားရင်တောင် နောက်ဆုံးတော့ ကိုယ်လိုချင်တဲ့အရာကိုပဲ အမြဲလုပ်ဖြစ်သွားတယ်။ ဒီတော့ ကျွန်တော်ချက်ချင်းဆုံးဖြတ်ရင် အချိန်ကုန်သက်သာနိုင်မယ်လို့ ထင်ခဲ့တယ်။ စုဝေးပွဲကို ခေါင်းဆောင်လာရင်တောင် ကျွန်တော် ဘာမှ အရေးမစိုက်ခဲ့ဘူး။ “ခင်ဗျား ခေါင်းဆောင်ဖြစ်တော့ရော ဘာအရေးလဲ။ ဧဝံဂေလိဝေမျှပြီး သက်သေခံနိုင်လို့လား။ ဒီအလုပ်ကို ခင်ဗျားလုပ်နိုင်လား။ စုဝေးပွဲတွေမှာ သမ္မာတရားကို မိတ်သဟာယပြုရုံသက်သက်က လက်တွေ့အလုပ် ပြီးမြောက်တာ မဟုတ်ဘူး။ ကျွန်တော့်ကို ခင်ဗျား မမီပါဘူး” လို့ တွေးနေမိတာ။ ဒီတော့ ကျွန်တော်တို့ရဲ့ အလုပ်အခြေအနေကို ခေါင်းဆောင်မေးတဲ့အခါတိုင်း ပြောချင်စိတ်ရှိတဲ့အခါ ပိုပြောလိုက်တယ်၊ မဟုတ်ရင်တော့ ဖော့ပြောလိုက်တာပဲ။ အဲဒီအကြောင်း ပြောဖို့မလိုအပ်ဘူးလို့ ကျွန်တော်တွေးခဲ့တာ၊ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ လုပ်ရမဲ့သူက ကျွန်တော်ပဲလေ။ မာနထောင်လွှားတယ်ဆိုပြီး ခေါင်းဆောင်က ကျွန်တော့်ကို ထောက်ပြတယ်၊ ကျွန်တော်က အမြဲအဆုံးအဖြတ်ပေးပြီး ညီအစ်ကို မောင်နှမတွေနဲ့ ကောင်းကောင်းလက်တွဲမလုပ်ဘူးတဲ့။ ဒီလိုဝေဖန်ခံရတော့ ကျွန်တော် မာနထောင်လွှားတယ်လို့ သူ့ရှေ့မှာ ဝန်ခံခဲ့ပေမဲ့ စိတ်ထဲတော့ တကယ် ဘာကိုမှ ဂရုမထားခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် အစွမ်းအစကောင်းရှိပြီး စွမ်းဆောင်နိုင်တယ်လို့ ထင်တာလေ၊ ဒီတော့ အလုပ်ကို ကောင်းကောင်းလုပ်သရွေ့ နည်းနည်းမာနထောင်လွှားလည်း ဘယ်သူဂရုစိုက်လို့လဲပေါ့။ ဒါ့အပြင် အသင်းတော်အလုပ် အများစုကို ကြီးကြပ်နေတာက ကျွန်တော်လေ၊ ဒီတော့ ကျွန်တော့်ကို သူတို့ဘာလုပ်မှာလဲ၊ ထုတ်ပစ်မှာလားပေါ့။ ကျွန်တော့်အတွက် ခေါင်းဆောင်ရဲ့ တုံ့ပြန်ချက်ကို နည်းနည်းမှ လက်မခံခဲ့ဘူး၊ ကိုယ့်တာဝန်ကို အပြည့်အဝ ကြီးကြပ်ပြီး ကိုယ်သဘောကျတဲ့အတိုင်း အတိအကျ ဆက်လုပ်ခဲ့တယ်။ ဒီလိုနဲ့ တစ်ခါတော့ အသင်းတော်သစ်မှာ ရေလောင်းပေးမဲ့လူ ပိုလိုအပ်လာတယ်။ အဲဒါကို ဘယ်သူနဲ့မှ မဆွေးနွေးဘဲ ညီအစ်မတစ်ယောက်ကို သူတို့ဆီ သွားကူညီခိုင်းဖို့ ကျွန်တော်စီစဉ်လိုက်တယ်။ များသောအားဖြင့် ကျွန်တော်အကြံပြုတာကို သူတို့သဘောတူကြတာပဲ၊ ဒီတော့ ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်လည်း အဆင်ပြေပါတယ်လို့ တွက်လိုက်မိတာ။ ဒါပေမဲ့ အဲဒီညီအစ်မက သမ္မာတရားကို လုံလုံလောက်လောက် နားမလည်သလို လက်တွေ့အလုပ် မလုပ်နိုင်တာကို နောက်ပိုင်းမှာ တွေ့လိုက်ရတော့ ကျွန်တော်အံ့ဩသွားတယ်၊ အဲဒါ ဆိုးရွားတဲ့ အတားအဆီးပဲလေ။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မသုံးသပ်သေးဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ မဆုတ်မနစ် မာနထောင်လွှားမှုနဲ့ သမ္မာတရား စည်းမျဉ်းတွေ မရှာဖွေနိုင်တာ၊ တခြားလူတွေကို သူတို့တာဝန်မှာ စည်းမျဉ်းတွေ လိုက်လျှောက်ဖို့ လမ်းမပြပေးနိုင်တာကြောင့် တကယ့်ရလဒ်ဘာမှမရှိဘဲ လူတိုင်းက တောင်ပြေးမြောက်ပြေး လုပ်ရင်းနဲ့ပဲ အလုပ်များခဲ့ကြတာ။ အဲဒါက တိုးတက်မှုကို တကယ်ဟန့်တားခဲ့တယ်။ ဒါပေမဲ့ အဲဒါတောင်မှ ကိုယ့်ပြဿနာတွေကို မမြင်သေးဘဲ ဝန်ထုပ်ကို မထမ်းဘူးဆိုပြီး တခြားလူတွေကို အပြစ်တင်နေခဲ့တာ။ ခဏလောက်တော့ ကိစ္စတွေ လုပ်ပြီးနေတဲ့ပုံပေါ်ပေမဲ့ ဆိုးရွားတဲ့ အရာတစ်ခုခု ဖြစ်တော့မလို ထူးဆန်းတဲ့ စိတ်တထင့်ထင့် ခံစားချက် ရှိခဲ့တယ်။ စုဝေးပွဲတွေ၊ ဆုတောင်းချက်တွေမှာ ဘာပြောရမှန်း မသိခဲ့ဘူး၊ အလုပ်အစည်းအဝေးတွေမှာလည်း အိပ်ငိုက်ပြီး ဘာကိုမှ ထိုးထွင်းအမြင် မရှိခဲ့ဘူး။ စိတ်တွေ ဝေဝါးနေပြီး လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိဘူး၊ အနားပဲ ယူချင်ခဲ့တာ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုကို ဆုံးရှုံးသွားခဲ့ပြီမှန်း သဘောပေါက်လိုက်ပေမဲ့ ဘာကြောင့်မှန်း မသိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကူညီပေးဖို့ တောင်းလျှောက်ရင်း ဘုရားဆီ ဆုတောင်းလိုက်တယ်။

စုဝေးပွဲတစ်ခုကို ခေါင်းဆောင်လာပြီး ကျွန်တော်ပြုမူနေခဲ့ပုံအတွက် ကျွန်တော့်ကို ထောက်ပြခဲ့တယ်။ သူက “ရှင့်တာဝန်မှာ ရှင်က မာနထောင်လွှားနေခဲ့တယ်။ လူတွေကို မောက်မောက်မာမာ ရှင်အမြဲကြိမ်းမောင်း၊ ထိန်းချုပ်ထားပြီး ကိုယ့်ရဲ့ အထက်လူကြီးကို ကြွားလုံးထုတ်တယ်။ ရှင်နဲ့ အတူအလုပ်လုပ်ဖို့ ခက်သလို ကိစ္စတွေကို တခြားလူတွေနဲ့လည်း ရှင်ဘယ်တော့မှ မဆွေးနွေးဘူး။ ကိုယ်လုပ်ချင်တဲ့အတိုင်း ရှင်လုပ်တယ်။ ထင်ရာမြင်ရာလုပ်ပြီး အာဏာရှင်ဆန်တယ်။ အဲဒါ အန္တိခရစ်ရဲ့ စိတ်သဘောထားတစ်ခုပဲ။ ရှင့်ရဲ့ အပြုအမူအရ ရှင့်ကို ထုတ်ပစ်ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ပြီ” တဲ့။ သူ့ရဲ့ စကားလုံးတိုင်းက စိတ်နှလုံးကို တည့်တည့်ထိတာ။ ကျွန်တော်ပြုမူခဲ့ပုံကို ပြန်တွေးကြည့်မိတယ်။ ကိစ္စတွေကို ဘယ်သူနဲ့မှ လုံးဝ မဆွေးနွေးခဲ့ဘဲ ကိုယ့်သဘောအတိုင်း လုပ်ခဲ့ပြီး အာဏာရှင်ဆန်ခဲ့တယ်။ အဲဒါ အန္တိခရစ်တစ်ယောက်လိုပဲ မဟုတ်လား။ အဲဒီလိုတွေးမိတော့ ကျွန်တော်တကယ်လန့်သွားတာ။ ကျွန်တော့်ကို ဖော်ထုတ်၊ ဖယ်ရှင်းဖို့ ဘုရားက အဲဒီအခြေအနေကို အသုံးပြုနေခဲ့တာများလား။ ကျွန်တော့်ရဲ့ နှစ်နဲ့ချီ ယုံကြည်မှုက ဒီလိုအဆုံးသတ်သွားမှာလားပေါ့။ နှစ်ရက်၊ သုံးရက်လောက် ဖုတ်ကောင်လို ခံစားခဲ့ရတယ်။ နိုးလာတဲ့အချိန်ကစပြီး အကြောက်တရားနဲ့ ပြည့်တော့တာပဲ၊ တစ်နေ့တာကို ဘယ်လိုရင်ဆိုင်ရမယ်မှန်းကို မသိခဲ့တာ။ ဘုရားဆီပဲ ဆုတောင်းမြဲတောင်းနေမိတယ်၊ “ဘုရားသခင်၊ ဒီအရာထဲမှာ ကောင်းမြတ်တဲ့ ကိုယ်တော့်အလိုတော် ပါရှိမှန်း သိပေမဲ့ ဒါကို ဘယ်လိုဖြတ်သန်းရမယ်မှန်း မသိပါဘူး။ အို၊ ဘုရားသခင်၊ သားအရမ်းစိတ်ညိုးငယ်ပြီး နာကျင်နေပါတယ်။ ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ အလိုတော်ကို သိဖို့ ဉာဏ်အလင်းပေးတော်မူပါ” ဆိုပြီးပေါ့။ အဲဒီအချိန် ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါဖတ်ရတယ်။ “ဘုရားသခင်က တစ်ရက်ချင်းစီတွင် သင်၌ မည်သည့်အရာ ဖြစ်ပျက်နေသည်၊ သို့မဟုတ် သင်အလုပ်မည်မျှလုပ်သည်၊ သင်မည်မျှ အားစိုက်ထုတ်သည်တို့ကို အရေးမစိုက်ပေ။ သူကြည့်သောအရာမှာ ဤအရာများအပေါ် သင်၏ သဘောထားက မည်သို့ရှိသည်ဆိုသည်ကို ဖြစ်သည်။ ဤအရာများကို သင်လုပ်ဆောင်သည့် သဘောထားနှင့် သင်လုပ်ဆောင်သည့်ပုံစံသည် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ ယင်းသည် သမ္မာတရားကို သင်လိုက်စားခြင်းရှိမရှိနှင့် ဆက်နွှယ်ပြီး သင်၏ အသက်ဝင်ရောက်မှုနှင့်လည်း ဆက်နွှယ်သည်။ ဘုရားသခင်က သင်၏ အသက်ဝင်ရောက်မှုကို ကြည့်သည်။ သင်လျှောက်လှမ်းသည့် လမ်းကြောင်းကို ကြည့်သည်။ အသက်ဝင်ရောက်မှုလမ်းကြောင်းကို သင်လျှောက်လှမ်းလျှင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် လက်ခံနိုင်ဖွယ်ရှိသည့် လမ်းကြောင်းပေါ်သို့ ခြေချမိလိမ့်မည်။ သို့သော် သင်၏တာဝန်ကိုထမ်းဆောင်စဉ်တွင် သင်သည် အရင်းအနှီးရှိကြောင်း၊ သင်၏အလုပ်လမ်းကြောင်းကို နားလည်ကြောင်း၊ သင့်ထံတွင် အတွေ့အကြုံရှိကြောင်း၊ ဘုရားအလိုတော်ကို သတိပြုမိကြောင်း၊ မည်သူမဆိုထက် သမ္မာတရားကိုပို၍ လိုက်စားကြောင်း အစဉ် အလေးထားပြောဆိုလျှင်၊ ထို့နောက်တွင် ဤအရာများကြောင့် သင်သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသင့်သည်ဟု ထင်မြင်ပြီး မည်သည့်အရာကိုမဆို အခြားမည်သူမဆိုနှင့် မဆွေးနွေးလျှင်၊ အစဉ်သဖြင့် ထင်ရာစိုင်းပြီး၊ သင်၏ ကိုယ်ပိုင်လုပ်ငန်းကို လည်ပတ်ဖို့ ကြိုးစားကာ အစဉ်သဖြင့် ‘တစ်ပွင့်တည်းသောပန်း’ ဖြစ်ချင်လျှင် သင်သည် အသက်ဝင်ရောက်မှုလမ်းကြောင်းကို လျှောက်သလော။ (မလျှောက်ပါ။) မလျှောက်ပေ။ ဤသည်မှာ ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်းဖြစ်သည်။ ပေါလု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်သည်။ အသက်ဝင်ရောက်မှုလမ်းကြောင်း မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”)ဧဝံဂေလိဖြန့်ဝေရာတွင် ပါရမီရှိသောသူတစ်ယောက် ရှိခဲ့သည်။ သူသည် ဧဝံဂေလိဖြန့်ဝေစဉ်တွင် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရပြီး ထောင်ပင်ကျကာ ထောင်ထဲတွင် နှစ်များစွာ ပြစ်ဒဏ်ကျခံခဲ့ရသည်။ ထောင်မှထွက်လာပြီးနောက်တွင် သူသည် ဧဝံဂေလိဆက်လက်ဖြန့်ဝေပြီး လူရာချီကာ ပြောင်းလဲစေခဲ့သည်။ ၎င်းတို့ထဲမှ အချို့မှာ အရေးပါသော ပါရမီရှိသူများ ဖြစ်လာကြသည်။ အချို့မှာ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်များအဖြစ်ပင် ရွေးချယ်ခံရသည်။ ရလဒ်အနေဖြင့် ဤလူသည် သူ့ကိုယ်သူ အလွန်ပင် ချီးကျူးဂုဏ်ပြုထိုက်သည်ဟု ယုံကြည်ပြီး သူ့ကိုယ်သူ ကြွားလုံးထုတ်ပြီး သက်သေခံလျက် ဤအရာကို သူသွားသည့်နေရာတိုင်းတွင် ကြွားဝါပြောဆိုဖို့ အရင်းအနှီးအဖြစ် အသုံးပြုခဲ့သည်။ ‘ကျွန်ုပ်သည် ထောင်ရှစ်နှစ်ကျခဲ့သည်။ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့သည်။ လူများစွာကို ကျွန်ုပ်ပြောင်းလဲစေခဲ့သည်။ အချို့မှာ ယခုအခါတွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်များဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်တွင် ကျွန်ုပ်သည် ဂုဏ်ပြုခံရထိုက်သည်။ ပံ့ပိုးမှုတစ်ခုကို ကျွန်ုပ်ပြုလုပ်ခဲ့ပြီးဖြစ်သည်’ဟူ၍။ မည်သည့်နေရာ၌ ဧဝံဂေလိ ဖြန့်ဝေသည်ဖြစ်စေ သူသည် နယ်ခံခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များကို သေချာပေါက် ကြွားဝါပြောဆိုသည်။ သူက၊ ‘ကျွန်ုပ်ပြောသည့်အရာကို သင်တို့ နားထောင်ရမည်။ သင်တို့၏ သက်ကြီးဝါရင့်ခေါင်းဆောင်များပင် ကျွန်ုပ်ကို စကားပြောသည့်အခါ ယဉ်ကျေးကြသည်။ နားမထောင်သည့် မည်သူကိုမဆို ကျွန်ုပ် သင်ခန်းစာပေးမည်’ ဟူလည်း ပြောဆိုသည်။ ဤသူသည် အနိုင်ကျင့်သူတစ်ယောက်ဖြစ်သည် မဟုတ်လော။ ဤကဲ့သို့သောသူသည် ဧဝံဂေလိဖြန့်ဝေပြီး ထိုလူများကို ပြောင်းလဲစေခဲ့ခြင်းမရှိလျှင် သူသည် အလွန် ကြီးကျယ်ဝံ့မည်လော။ ဤသည်မှာ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ အလွန်မာနထောင်လွှားသည်မှာ ၎င်းတို့သည် အသိစိတ်အနည်းငယ်မျှပင် မပိုင်ဆိုင်ိပေ။ ဧဝံဂေလိဖြန့်ဝေပြီး လူအချို့ကို ပြောင်းလဲစေပြီးနောက်တွင် ၎င်းတို့၏ မာနထောင်လွှားသော သဘာဝမှာ ကြီးမားလာပြီး ပို၍ပင် ကြီးကျယ်လာသည်။ ဤကဲ့သို့သော သူတို့သည် ၎င်းတို့သွားသည့်နေရာတိုင်းတွင် ၎င်းတို့၏ အရင်းအနှီးကို ကြွားဝါပြောဆိုကြသည်။ ၎င်းတို့သွားသည့်နေရာတိုင်းတွင် ဂုဏ်ပြုခံထိုက်ကြောင်း အခိုင်အမာဆိုရန် ကြိုးစားကြသည်။ ပြီးလျှင် အမျိုးမျိုးသောအဆင့်များတွင်ရှိသော ခေါင်းဆောင်များနှင့် တန်းတူညီမျှဖြစ်ရန်ကြိုးစားလျက်၊ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့ကိုယ်တိုင် အကြီးတန်းခေါင်းဆောင်ဖြစ်ကိုဖြစ်သင့်သည်ဟု ထင်မြင်လျက် ထိုခေါင်းဆောင်များကိုပင် ဖိအားပေးသည်။ ဤကဲ့သို့သောသူမျိုး၏ အပြုအမူအားဖြင့် ထင်ရှားသည့်အရာကို အခြေခံပြီး ၎င်းတို့တွင် မည်သည့်သဘာဝမျိုးရှိသည်၊ ၎င်းတို့အဆုံးသတ်သည် မည်သို့ဖြစ်နိုင်ခြေရှိသည်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့အားလုံး ရှင်းလင်းစွာသိသင့်သည်။ မကောင်းဆိုးဝါးတစ်ကောင်သည် ဘုရားသခင်၏ အိမ်တော်ထဲသို့ ကပ်ဖားရပ်ဖားပြုပြီး ဝင်ရောက်လာသောအခါ ၎င်းတို့သည် ၎င်းတို့၏သရုပ်မှန်ကို မပြသခင်တွင် အနည်းငယ် အစေခံကြသည်။ ၎င်းတို့သည် မည်သူက ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သို့မဟုတ် ပြုပြင်သည်ဖြစ်စေ နားမထောင်ကြပေ။ ဘုရားသခင်၏ အိမ်တော်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် မလျှော့တမ်းပြုလုပ်ကြသည်။ ၎င်းတို့လုပ်ရပ်များ၏ သဘာဝမှာ အဘယ်နည်း။ ဘုရားသခင်၏ အမြင်တွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သေခြင်းသို့ပို့နေကြပြီး၊ မိမိတို့ကိုယ်ကိုယ် မသတ်မိမချင်း အနားယူကြမည်မဟုတ်ပေ။ ဤသည်မှာ ရှင်းလင်းပြရန် သင့်လျော်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်”) ဒါကို ဖတ်လိုက်ရတော့ ကျွန်တော့်စိတ်ထဲ အကြောက်တရား တကယ်ဝင်သွားတာ။ ဘုရားက ကျွန်တော့်ကို မျက်နှာချင်းဆိုင် ဖော်ထုတ်နေသလိုပဲ၊ ကျွန်တော့်အခြေအနေနဲ့ လူတစ်ယောက်ကိုမှ လုံးဝမပြောပြဖူးတဲ့ လျှိူ့ဝှက်ချက်တွေကို ထုတ်ဖော်ပြနေသလိုပဲ။ ဒီနှစ်တွေအတွင်း ဧဝံဂေလိဝေမျှရာမှာ အဆင်ပြေခဲ့တယ်လေ၊ ဒီတော့ ပံ့ပိုးမှု အများကြီး ကျွန်တော်လုပ်ခဲ့တယ်၊ ကျွန်တော်က မရှိမဖြစ်တဲ့သူပဲလို့ ထင်ပြီး ကိုယ်လုပ်ထားသမျှကို တေးမှတ်နေခဲ့မိတယ်။ အသင်းတော်ထဲမှာ ကျွန်တော်က ဂုဏ်ယူရတဲ့ နေရာမှာ ရှိတယ်၊ အဓိကလူဖြစ်တယ်လို့ ခံစားခဲ့တယ်။ လူတိုင်းကို ထောင်ထောင်လွှားလွှား အထင်သေးရင်း အဲဒါကို ကိုယ်ရေးကိုယ်တာ အရင်းအနှီးလို သဘောထားခဲ့တယ်။ လူတွေကိုလည်း မတူမတန် ကြိမ်းမောင်းချင်ခဲ့တယ်၊ အဲဒါက ညီအစ်ကို မောင်နှမတွေကို စိတ်ကျဉ်းကျပ်နေစေခဲ့တာပဲ။ ကိုယ့်တာဝန်မှာ အများနဲ့ ပူးပေါင်းမလုပ်ဘဲ အာဏာရှင်ဆန်ပြီး အသင်းတော် အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်နှေးစေရင်းနဲ့ ကိုယ်လုပ်ချင်တဲ့အတိုင်း လုပ်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းတဲ့အချိန်မှာတောင် ကျွန်တော်အလေးမထားခဲ့ဘူး။ ကျွန်တော့်အရည်အချင်းတွေကိုတောင် ကြွားလုံးထုတ်ခဲ့တယ်။ သူကျွန်တော့်ထက် ဘာမှ ပိုမတော်ဘူးထင်ပြီး ဘာအကူအညီမှ လက်မခံချင်ခဲ့ဘူး။ အရာရာကို ကိုယ့်ဘာသာ ဆုံးဖြတ်ချင်ခဲ့တယ်။ ကျွန်တော့်စကားကို ညီအစ်ကို မောင်နှမတွေ နားမထောင်ကြတဲ့အခါ တာဝန်ကို ကောင်းကောင်းမလုပ်ရင် အထုတ်ခံရမယ်လို့ ခြိမ်းခြောက်ရင်း ကျွန်တော် သူတို့ကို ပြစ်တင်ကြိမ်းမောင်းခဲ့တယ်။ ဒီတော့ ချွတ်ချော်သွားရင် သူတို့တာဝန် ဆုံးရှုံးသွားမှာ စိုးပြီး စိတ်ဆင်းဆင်းရဲရဲ အသက်ရှင်ရင်း အလုပ်တာဝန်တွေ ပြီးဖို့အရေးပဲ သူတို့တွေ သဲကြီးမဲကြီး ဖြစ်သွားတော့တယ်။ အဲဒါ ဘယ်လိုလုပ် တာဝန်ထမ်းဆောင်တာ ဖြစ်မှာလဲ။ မကောင်းမှုလုပ်တာ၊ ဘုရားကို ဆန့်ကျင်နေတာ မဟုတ်လား။ အဲဒီလိုတွေးမိတော့ ကျွန်တော်တကယ်လန့်သွားတာပဲ။ ညီအစ်ကို မောင်နှမတွေကို ထိခိုက်စေပြီး အရမ်းကို ထိန်းထားဖို့၊ ကျွန်တော်တို့ရဲ့ အလုပ်ကို အဲဒီအတိုင်းအတာထိ တားဆီးဖို့ အဲဒီလို မကောင်းမှုမျိုး လုပ်မိမယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ဘုရားကို ကျွန်တော်ဆန့်ကျင်တိုက်ခိုက်နေပေမဲ့ သူစိတ်ကျေနပ်ဖို့ ကိုယ့်တာဝန်ကို လုပ်နေတာလို့ ထင်ခဲ့တယ်။ ကျွန်တော်က ဆင်ခြင်တုံတရား ရှိမနေခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ထဲမှာ တွေ့ရတာက အဲဒီလို ပြုမူတာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပဲတဲ့။ ဘုရားနှုတ်ကပတ်တော်တွေထဲက လေသံ၊ အထူးသဖြင့် “သူတို့ကိုယ်သူတို့ သေကြောင်းကြံ” ဆိုတဲ့ စကားစုကို ကြားရတော့ အဲဒီလိုလူမျိုးကို ဘုရားဘယ်လောက် စက်ဆုပ်သလဲဆိုတာ သိသွားတယ်။ ဘုရားသေဒဏ်ပေးတာ ခံရသလိုမျိုး ဝမ်းနည်းကြေကွဲခဲ့ရတာဗျာ။ ကိုယ့်တာဝန်အတွက် အရာရာကို စွန့်လွှတ်နိုင်တယ်၊ ကိုယ့်တာဝန်မှာ အမြဲအောင်မြင်ခဲ့တော့ ဘုရားက ကျွန်တော့်ကို လက်ခံမှာ သေချာတယ်၊ နည်းနည်းမာနထောင်လွှားတာက သိပ်ကိစ္စမရှိဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်တော့ သဘောပေါက်သွားတယ်၊ သမ္မာတရားကို ကျွန်တော်မလိုက်စားရင်၊ ကိုယ့်တာဝန်မှာ ဘယ်လောက်စွမ်းဆောင်ရရှိပါစေ၊ ဘယ်လောက်အတွေ့အကြုံများလာပါစေ အဲဒါက ဘုရားအဖို့ စက်ဆုပ်စရာပါ။ သူက အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့ မရမှန်း ပြခဲ့တယ်။ ဘုရားက သူ့လုပ်ရပ်တွေမှာ လုံးဝ ကိုယ်ကျင့်တရားရှိတယ်။ အပြင်လောကမှာ တစ်ခုခုကို ပြီးမြောက်အောင် ကျွန်တော်လုပ်ရင် အရင်းအနှီးနဲ့ အရှိန်အဝါတချို့ ရှိချင်ရှိနိုင်တယ်။ ဒါပေမဲ့ ဘုရားအိမ်တော်ထဲမှာတော့ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက ဩဇာလွှမ်းမိုးတယ်။ အရင်းအနှီးနဲ့ အရှိန်အဝါတွေကို သုံးတာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာဖြစ်ပြီး ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပဲ။

နောက်ပိုင်းတော့ ကိုယ့်တာဝန်မှာ နည်းနည်းစွမ်းဆောင်ရရှိပြီးတာနဲ့ သိပ်အရှိန်အဝါရှိတယ်လို့ ဘာကြောင့်ခံစားရပြီး အရမ်းကို အာဏာရှင်ဆန်လာခဲ့ရတာလဲလို့ တွေးနေမိတယ်။ ကျွန်တော့်ကို ဘယ်သဘာဝမျိုးက ထိန်းချုပ်နေတာလဲပေါ့။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ တစ်ခုခု ကျွန်တော်ဖတ်ခဲ့ရတယ်။ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်သည် အခြားလူများထက်ရော၊ ဘုရားသခင်ထက်ပါ သာလွန်သည်ဟု သင့်ကိုယ်သင် တွေးစေပေမည်၊ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”)မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်သည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်တွေ သွန်သင်တာက ဘုရားကို ပုန်ကန်မှု အရင်းအမြစ်က မာနထောင်လွှားခြင်းဖြစ်တယ်ဆိုတာပဲ။ တစ်ယောက်ယောက်မှာ မာနထောင်လွှားတဲ့ သဘာဝရှိရင် ဘုရားကို မဆန့်ကျင်အောင် ကိုယ့်ကိုယ်ကိုယ် မတားနိုင်ဘူး။ ကျွန်တော့်အပြုအမူက မာနထောင်လွှားတဲ့ ကိုယ့်သဘာဝရဲ့ ထိန်းချုပ်တာကို ခံရတဲ့ ရလဒ်ပဲ။ ကိစ္စနည်းနည်း စွမ်းဆောင်ရရှိပြီးတဲ့နောက်မှာ အူမြူးနေခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အစွမ်းအစရှိတယ်၊ စွမ်းဆောင်နိုင်ပြီး မရှိမဖြစ်ဖြစ်တယ်၊ ကျွန်တော်မရှိဘဲ အသင်းတော်က အလုပ်မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တယ်။ တခြားဘယ်သူ့ကိုမှ အရေးမစိုက်ဘဲ တခြားလူတွေကို ကြိမ်းမောင်းပြီး ဘောင်ခတ်ဖို့ ကိုယ့်ရာထူးကို အသုံးပြုရင်း သူတို့ကို အထင်သေးခဲ့တယ်။ တခြားဘယ်သူနဲ့မှ မဆွေးနွေးဘဲ ကိုယ့်တာဝန်မှာ ကျွန်တော်က ထင်ရာမြင်ရာလုပ်ပြီး အာဏာရှင်ဆန်ခဲ့တာ။ ကိုယ့်ဘာသာ အဆင်ပြေတယ်၊ ဆုံးဖြတ်ချက်တွေကို တစ်ဖက်သတ် ချနိုင်တယ်လို့ ခံစားခဲ့တယ်။ ကိုယ့်အဖော်ကို တန်ဖိုးမထားခဲ့ဘူး။ ကျွန်တော်က အရမ်းကို မာနထောင်လွှားခဲ့ပြီး ဘုရားကို ကြောက်ရွံ့မှုတစ်စက်မှ မရှိခဲ့တာပါ။ ခေါင်းဆောင်က ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းတော့ ကိုယ့်မာနထောင်လွှားမှုကို ဝန်ခံခဲ့ပေမဲ့ တကယ်ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ မာနထောင်လွှားတာ အဲဒီလောက် မဆိုးပါဘူး၊ အဲဒီလို အပြောခံရတာက ကျွန်တော့်မှာ ကျွမ်းကျင်မှုတချို့ရှိတယ်လို့ ဆိုလိုတာပဲ၊ မဟုတ်ရင် ဘာကြောင့် ကျွန်တော်မာနထောင်လွှားမှာလဲလို့တောင် ခံစားခဲ့တယ်။ ကျွန်တော် အရမ်းကို မလျော်ကန်ဖြစ်ပြီး လုံးဝ အရှက်မဲ့ခဲ့တာပါ။ တခြားဘယ်သူကိုမှ မစဉ်းစားဘဲ အသင်းတော်ထဲမှာ လူတွင်ကျယ်လို ပြုမူရင်း “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” ဆိုတဲ့ စာတန်ရဲ့ အဆိပ်နဲ့ အသက်ရှင်နေခဲ့တယ်။ ကျွန်တော်က ကွန်မြူနစ်ပါတီနဲ့ ဘယ်လိုများ ကွာခြားလို့လဲ။ ကွန်မြူနစ်ပါတီက သူ့စကား နားမထောင်တဲ့သူ ဘယ်သူ့မဆိုအပေါ် မကြုံစဖူး ပြင်းထန်တဲ့ ဖိနှိပ်မှု နည်းလမ်းတွေကို ကျင့်သုံးရင်း မာနထောင်လွှားပြီး ဥပဒေမဲ့လုပ်တာ။ ကျွန်တော်က ဘယ်သူ့ရဲ့ ကြီးကြပ်တာကိုမှ လက်မခံဘဲ အသင်းတော်ထဲမှာ အာဏာရှင်ဆန်ပြီး ပေကပ်ကပ်နိုင်တယ်။ အဲဒါက အဆင်းနီတဲ့ နဂါးကြီးလိုပဲ မဟုတ်လား။ နောက်တော့ ကျွန်တော်မာနထောင်လွှားခဲ့ပုံ၊ တခြားဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့တာ၊ ဘုရားကိုတောင် ဂရုမစိုက်ခဲ့တာ၊ ဘုရားကို ဆန့်ကျင်တဲ့လမ်းကြောင်းပေါ် ရောက်နေခဲ့တာကို သဘောပေါက်လိုက်တယ်။ ကျွန်တော်နောင်တမရရင် ဘုရားရဲ့ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးခံရတာနဲ့ တကယ်အဆုံးသတ်မှာ။ နောက်တော့ မာနထောင်လွှားတဲ့ ကျွန်တော့်သဘာဝရဲ့ အကျိုးဆက်တွေ ဘယ်လောက်ဆိုးရွားတာ၊ ကျွန်တော့်ပြဿနာက ပေါ်လွင်နေတဲ့ ဖောက်ပြန်ပျက်စီးခြင်း နည်းနည်းလောက် မရိုးရှင်းတာကို တကယ်တွေ့လိုက်ရတယ်။ အဲဒီအတွေးကြောင့် တခြားလူတွေကို ကျွန်တော်ဘယ်လိုနှိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုချီးမြှောက်ခဲ့ပုံရယ်၊ လောကမှာ ကိုယ်က အတုမရှိသလိုမျိုး ပြောဆို၊ ပုံဖမ်းပြခဲ့တာရယ်ကို အမှတ်ရသွားတယ်။ ကျွန်တော်မအီမသာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိတယ်။ ထောင်ထောင်လွှားလွှား အသက်ရှင်ပြီး ဘုရားကို ဆန့်ကျင်နေမိတာ ရပ်ဖို့ အရာရာမှာ စည်းမျဉ်းတွေကို ရှာဖွေရင်း သမ္မာတရားကို စလိုက်စားရမယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

နောက်တော့ ကျွန်တော့်မှာ ရှိလောက်မဲ့ အောင်မြင်မှုတစ်ခုခုကို သင့်သင့်တော်တော် ချဉ်းကပ်ရမဲ့နည်းကို ရှာဖွေနေတုန်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “သင်တို့၏တာဝန်ကို ထမ်းဆောင်ခြင်းတစ်လျှောက်တွင်၊ သင်သည် ဘုရားသခင်၏လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းတို့ကို ခံစားနိုင်သလော။ (ခံစားနိုင်ပါသည်။) သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို သင်ခံစားနိုင်ပြီး သင့်ကိုယ်သင် အထင်ကြီးနေဆဲဖြစ်ကာ သင်သည် စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု ထင်နေဆဲဖြစ်ပါက၊ ဤတွင် အဘယ်အရာ ဖြစ်နေသနည်း။ (ကျွန်ုပ်တို့ တာဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်ခြင်းသည် အသီးအပွင့်အချို့ ဖြစ်ထွန်းသည့်အခါ၊ ဂုဏ်ပြုခြင်းတစ်ဝက်သည် ဘုရားသခင်နှင့်သက်ဆိုင်ပြီး တစ်ဝက်က ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်ဟု တဖြည်းဖြည်း စတင်တွေးတောလာကြသည်။ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းထက် သာ၍ အရေးကြီးသည့်အရာ မရှိဟုလည်းကောင်း၊ ထိုအရာမပါဘဲ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည်လည်း မဖြစ်နိုင်ဟုလည်းကောင်း တွေးထင်လျက်၊ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကို အကန့်အသတ်မရှိသော အတိုင်းအတာတစ်ခုအထိ ပုံကြီးချဲ့သည်။) သို့ဆိုလျှင် ဘုရားသခင်သည် သင့်ကို အဘယ့်ကြောင့် ဉာဏ်အလင်းပေးသနည်း။ ဘုရားသခင်သည် အခြားသူများကိုရော ဉာဏ်အလင်းပေး၍ ရနိုင်သလော။ (ရနိုင်ပါသည်။) ဘုရားသခင်သည် တစ်စုံတစ်ဦးကို ဉာဏ်အလင်းပေးသည့်အခါ၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ပြီးလျှင် သင်၏အပိုင်းတွင် အနည်းငယ်သော ထိုပူးပေါင်းဆောင်ရွက်ခြင်းက အဘယ်နည်း။ ယင်းမှာ သင် နာမည်ကောင်းရဖို့ ထိုက်တန်သည့် အရာတစ်ခုဖြစ်သလော— သို့မဟုတ် ယင်းမှာ သင်၏တာဝန်၊ သင်၏ ဝတ္တရားဖြစ်သလော။ (တာဝန်နှင့် ဝတ္တရားတို့ ဖြစ်ပါသည်။) ယင်းသည် တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု သင် သတိပြုမိသည့်အခါ၊ ဤသည်မှာ မှန်ကန်သော စိတ်နေစိတ်ထား ဖြစ်ပြီး သင်သည် နာမည်ကောင်းယူဖို့ ကြိုးစားသည့် အတွေးများ ရှိလိမ့်မည် မဟုတ်ချေ။ အကယ်၍ သင်ယုံကြည်သည့်အရာသည် ‘ဤသည်မှာ ကျွန်ုပ်၏ အရင်းအနှီးဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည် ကျွန်ုပ်၏ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ဖြစ်နိုင်ခဲ့မည်လော။ ဤအရာသည် လူများ၏ ပူးပေါင်းဆောင်ရွက်ခြင်း လိုအပ်သည်။ ဤအရာ၏အများစုသည် လူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်သည်’ဟု အစဉ် ဖြစ်ပါက၊ ဤသည်မှာ မှားယွင်းပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းမပေးခဲ့ပါက၊ ပြီးလျှင် ဘုရားသခင်က အဘယ်အရာမျှ မလုပ်ဆောင်ခဲ့ဘဲ၊ မည်သူကမျှလည်း သင့်အား သမ္မာတရား၏ အခြေခံသဘောတရားများကို မိတ်သဟာယမပြုခဲ့ပါက၊ သင် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မည်နည်း။ သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အရာကို သင် သိမည်လော။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကိုပင် သိမည် မဟုတ်ချေ။ သင်သည် ဘုရားသခင်ကို နာခံလိုပြီး ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်လိုလျှင်ပင်၊ မည်သို့ လုပ်ဆောင်ရမည်ကို သင်သိမည် မဟုတ်ချေ။ သင်၏ ဤ ‘ပူးပေါင်းဆောင်ရွက်ခြင်း’ သည် အနှစ်မဲ့သော စကားများသာ မဟုတ်လော။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ၊ သင်သည် သင်၏ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း ပြုမူဆောင်ရွက်နေခြင်းသာ ဖြစ်ပေသည်— ထိုအခြေအနေတွင် သင်ထမ်းဆောင်သည့် တာဝန်သည် စံနှုန်းမီသလော။ (မမီပါ။) မမီပေ၊ ယင်းက ပြဿနာကို ရည်ညွှန်းပေသည်။ ဤအရာက အဘယ်ပြဿနာကို ရည်ညွှန်းသနည်း။ လူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် သူ၏လက်ခံမှုကို ရရှိဖို့ ရလဒ်များ အောင်မြင်ရရှိခြင်းနှင့် မိမိ၏တာဝန်ကို စံနှုန်းအတိုင်း ထမ်းဆောင်ခြင်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များပေါ်တွင် မူတည်သည်။ သင်၏ဝတ္တရားများကို သင်ဆောင်ရွက်သော်လည်း၊ သင်၏တာဝန်ကို သင်ဆောင်ရွက်သော်လည်း၊ ဘုရားသခင်က မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ၊ မည်သည့်အရာ လုပ်ရမည်ကို သင့်အား မပြောပါက၊ သင်သည် သင်၏လမ်းကြောင်း၊ ဦးတည်ချက် သို့မဟုတ် သင်၏ပန်းတိုင်တို့ကို သိမည် မဟုတ်ပေ။ အဆုံးသတ်၌ မည်သည့်ရလဒ်ကို ရရှိမည်နည်း။ ယင်းမှာ အချည်းနှီး အားထုတ်ကြိုးပမ်းမှုတစ်ခု ဖြစ်မည်၊ သင်သည် အဘယ်အရာမျှ ရရှိမည် မဟုတ်ချေ။ သို့ဖြစ်၍ သင်၏တာဝန်ကို စံနှုန်းအတိုင်း လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏အိမ်တော်အတွင်း ခိုင်မာစွာ ရပ်တည်နိုင်ခြင်း၊ ညီအစ်ကိုမောင်နှမများအတွက် စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းတို့က ဘုရားသခင်အပေါ် လုံးလုံး မူတည်လေသည်။ လူများသည် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်စွမ်းသည့် အရာများ၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများ၊ ၎င်းတို့၏ ပင်ကိုစွမ်းရည်များအတွင်း ရှိသည့် အရာများကိုသာ လုပ်ဆောင်နိုင်သည်။ ထို့ထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ။ ထို့ကြောင့် သင်၏တာဝန်မှ အဆုံးသတ် ရိတ်သိမ်းရရှိသည့် ရလဒ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းတို့အားဖြင့် အဆုံးအဖြတ်ပေးသည်၊ ယင်းက သင့်အား ဘုရားသခင်ပေးသည့် လမ်းကြောင်း၊ ပန်းတိုင်များ၊ ဦးတည်ချက်နှင့် အခြေခံသဘောတရားတို့ကို နားလည်စေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ဘုရားနှုတ်ကပတ်တော်တွေကနေ မြင်ရတာက ကိုယ့်တာဝန်မှာ ကိစ္စတချို့ကို စွမ်းဆောင်ရရှိတာဟာ ဘုရားရဲ့ ကျေးဇူးတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု သက်သက်ကြောင့် ဖြစ်တယ်ဆိုတာပဲ။ ကျွန်တော်တို့အတွက် သမ္မာတရားနဲ့ စည်းမျဉ်းတွေအပေါ် ဘုရားမိတ်သဟာယပြုပေးတာကြောင့်လည်း ဖြစ်တယ်၊ ကျွန်တော့်မှာ အစွမ်းအစကောင်းရှိလို့၊ အလုပ်တချို့ကို လုပ်နိုင်လို့ လုံးဝမဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှု၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု မရှိရင် ကျွန်တော်ဘယ်လောက်အစွမ်းအစရှိပါစေ၊ ဘယ်လိုပဲ ချေငံပြေပြစ်ပါစေ ဘာကိုမှ လုံးဝ စွမ်းဆောင်ရရှိမှာ မဟုတ်ဘူး။ ဒီအလုပ်နည်းနည်းကို ကျွန်တော်လုပ်တာက ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို လုပ်တာပဲလေ။ အဲဒါ ကျွန်တော့်တာဝန်ဝတ္တရားပဲ။ ဘာတာဝန်ပဲဖြစ်ပါစေ ဒါဟာ ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တဲ့ အရာပဲ။ ပြီးမြောက်ထားတဲ့ ဘယ်အရာမဆိုက ကိုယ့်ကိုယ်ပိုင် ပံ့ပိုးမှု၊ အရင်းအနှီး မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကို ဘာနဲ့လုပ်ထားလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး။ အောင်မြင်မှုနည်းနည်းရတော့ ဒါဟာ ကိုယ်လုပ်တဲ့အရာမှာ တော်တဲ့ သဘောပဲလို့ တွေးပြီး အဲဒါကို အသုံးချလို့ရတဲ့ အရာတစ်ခုလို သဘောထားခဲ့တယ်။ ဘုရားရဲ့ ဘုန်းအသရေကို ခိုးယူဖို့ ကြိုးစားရင်း အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။ ကျွန်တော်အရမ်းမာနထောင်လွှားပြီး မလျော်ကန်ခဲ့တာပါ။ ကိုယ့်တာဝန်မှာ စွမ်းဆောင်ရရှိတဲ့ ဘယ်အရာမဆိုက တကယ်တော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ ဘုရားနှုတ်ကပတ်တော်တွေကနေ လာတာ။ ကိုယ့်ဘာသာ ဘာကိုမှ မလုပ်နိုင်ဘူး။ ပြန်တွေးကြည့်ရင် ကိုယ့်ရဲ့ မာနထောင်လွှားမှုနဲ့ အလုပ်လုပ်တဲ့အခါ ဘာကိုမှ ကျွန်တော်မပြီးမြောက်နိုင်ခဲ့ရုံမက ကျွန်တော်တို့ရဲ့ အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တာပဲ။ ရေလောင်းတဲ့ ရာထူးမှာ မမှန်တဲ့ လူကို ကျွန်တော်ထားမိသလိုပေါ့၊ အဲဒါကြောင့် ညီအစ်ကို မောင်နှမ အများကြီးက သူတို့လိုအပ်တဲ့ အထောက်အပံ့ကို မရနိုင်ဘဲ ဖြစ်သွားတာ။ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်ယှက်ခဲ့တယ်။ ပြီးတော့ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ကျွန်တော်ရှာဖွေမနေခဲ့ဘူး၊ တခြားလူတွေကို သူတို့တာဝန်မှာ စည်းမျဉ်းတွေ လိုက်လျှောက်ဖို့ ဦးဆောင်မနေခဲ့ဘူး။ ဒီတော့ ကျွန်တော်တို့တာဝန်မှာ ကိစ္စတွေက မပြီးမြောက်တော့ဘဲ ကျွန်တော်တို့ အလုပ်လည်း နှောင့်နှေးကုန်တာပဲ။ ဒါပေမဲ့ အဲဒါတွေအားလုံးကို ကျွန်တော် လုံးဝ မဆင်ခြင်ခဲ့ဘူး။ အဲဒီအစား အသင်းတော်က ကျွန်တော့်ကို ချန်ထားလို့မရသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပြီး ပိုမာနထောင်လွှားလာခဲ့တာ။ ဒါပေမဲ့ ဘုရားက ကျွန်တော့်ကို ဉာဏ်အလင်းပေးနိုင်ရင် တခြားလူတွေကိုလည်း ဉာဏ်အလင်းပေးနိုင်တာပဲလေ။ ဒါကြောင့် ကျွန်တော်အထုတ်ခံရပြီးတဲ့နောက် အသင်းတော်အလုပ်က ပုံမှန်အတိုင်း ဆက်နိုင်ခဲ့တယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းတော့ ကျွန်တော်မပါဘဲ အသင်းတော်က အလုပ်မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ။ ကျေးဇူးတော်ခေတ်ထဲက ပေါလုအကြောင်း တွေးမိတယ်။ သူက အလုပ်တချို့ လုပ်ပြီးတဲ့နောက်မှာ အရင်းအနှီးတချို့ရှိတယ်လို့ ထင်ခဲ့တယ်၊ ဒါကြောင့် တခြားလူတွေကို အရေးမစိုက်ခဲ့ဘူး။ သူက တခြားတပည့်တော်တွေထက် မလျော့ဘူးလို့ တိုက်ရိုက်ပြောခဲ့တာ၊ ပေတရုကို အထင်လည်းသေးခဲ့သလို မကြာခဏလည်း နှိမ်ခဲ့တယ်။ နောက်ဆုံးမှာ ဘုရားဆီ သရဖူတောင်းဖို့အတွက် သူ့အလုပ်ကို အသုံးချဖို့ ကြိုးစားခဲ့တယ်။ ဆင်ခြင်တုံတရား ဆုံးရှုံးသွားတဲ့အထိ သူမာနထောင်လွှားခဲ့တာ။ ကျွန်တော်က ပေါလုလိုပဲ၊ သူ့လို တူညီတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာပဲဆိုတာ မြင်လိုက်ရတယ်။ ဘုရားရဲ့ တင်းကျပ်တဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း မရှိရင် ကျွန်တော်ကြီးမြတ်တယ်လို့ တွေးရင်း ကိုယ့်ပြဿနာတွေကို သတိမမူဘဲ ဖြစ်နေဦးမှာ။ ဒီအရာအားလုံးကို မြင်တော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ဘုရားဆီ ဝန်ခံပြီး နောင်တရချင်ခဲ့တယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်ရတယ်။ “လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့ကြားတွင် ဘုရားသခင်သည် နှစ်ပေါင်း မည်မျှကြာ အလုပ်လုပ်နေပြီးဖြစ်သည်ကို တစ်ဦးတစ်ယောက် သိပါသလော။ ယနေ့ထိ ဘုရားသခင် အမှုပြုပြီး လူသားမျိုးနွယ် အားလုံးကို စီမံခန့်ခွဲနေပြီးဖြစ်သည့် နှစ်ပေါင်းအရေအတွက် အတိအကျကို မည်သူမျှ မသိပေ။ ထိုသို့သော အရာကို လူသားမျိုးနွယ်အား သူ အသိမပေးပေ။ သို့သော် ဤအရာကို စာတန်က အတန်ကြာ ပြုလုပ်ခဲ့မည်ဆိုပါက၊ သူ ကြေညာလိမ့်မည်လော။ သေချာပေါက် ကြေညာပါလိမ့်မည်။ စာတန်သည် ပိုများသော လူတို့ကို လှည့်ဖြားနိုင်ဖို့အလို့ငှာနှင့် သူ့ကို ၎င်းတို့က ပိုပြီးချီးကျူးကြစေဖို့အလို့ငှာ မိမိကိုယ်ကိုယ် ကြွားဝါချင်၏။ ဤတာဝန်ယူလုပ်ဆောင်မှုကို ဘုရားသခင်သည် အဘယ်ကြောင့် အသိမပေးပါသနည်း။ နှိမ့်ချပြီး ကွယ်ဝှက်သော ဘုရားသခင်၏ အနှစ်သာရ လက္ခဏာ သွင်ပြင်တစ်ခု ရှိ၏။ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ကို ဆန့်ကျင်သည့် မည်သည့်အရာများ ရှိသနည်း။ မာနထောင်လွှားခြင်း၊ မိုက်ရိုင်းခြင်းနှင့် ရည်မှန်းချက်တို့ ဖြစ်သည်။...လူသားမျိုးနွယ်ကို လမ်းပြလျက် ဘုရားသခင်သည် အလွန်ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်သည်။ စကြဝဠာတစ်ခုလုံးကို ဦးဆောင်သည်။ သူ၏အာဏာနှင့် ဘုန်းတန်ခိုးသည် အလွန်ကျယ်ပြန့်သည်။ သို့တိုင်အောင် သူသည် ‘ငါ၏ အရည်အချင်းသည် သာလွန်ထူးခြားသည်’ ဟု မည်သည့်အခါမျှ မဆိုပေ။ သူသည် အရာရာအပေါ် အုပ်စိုးလျက်၊ လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်ပြီး ပံ့ပိုးလျက်၊ လူသားမျိုးနွယ်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်တည်ရှိစေလျက် အရာအားလုံးအထဲတွင် သူသည် ပုန်းကွယ်မြဲ ပုန်းကွယ်လျက်ရှိသည်။ ဥပမာ လေနှင့် နေရောင်၊ သို့မဟုတ် လူသားဖြစ်တည်မှုအတွက် လိုအပ်သော မြင်နိုင်သော အရာဝတ္ထုပစ္စည်းများအားလုံးကို ကြည့်လော့— ယင်းတို့အားလုံးသည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်ရွေ့လျားသည်။ လူသားအတွက် ဘုရားသခင်က ထောက်ပံ့သည်မှာ မေးခွန်းထုတ်စရာမလိုပေ။ ဤသို့ဆိုလျှင် စာတန်က ကောင်းသောအရာတစ်ခုခုပြုလုပ်လျှင် တိတ်ဆိတ်စွာနေပြီး တိမ်မြုပ်နေသော သူရဲကောင်းတစ်ယောက်အဖြစ် နေမည်လော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ အသင်းတော်၌ ယခင်က အန္တရာယ်ရှိသောအလုပ်ကို တာဝန်ယူဆောင်ရွက်ခဲ့သော၊ သို့မဟုတ် တစ်ကြိမ်တွင် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိခိုက်စေသည့်အလုပ်ကို လုပ်ခဲ့သော၊ ထောင်ကျခဲ့ရခြင်းပင်ဖြစ်နိုင်သော အန္တိခရစ်အချို့ရှိခဲ့သည့်ပုံစံကဲ့သို့ပင်ဖြစ်သည်။ ဘုရားအိမ်တော်၏အလုပ်၏ ကဏ္ဍတစ်ခုတွင် တစ်ချိန်က ပါဝင်ပံ့ပိုးခဲ့သောသူများလည်းရှိသည်။ ၎င်းတို့က ဤအရာများကို မည်သည့်အခါမျှ မမေ့ပေ။ ၎င်းတို့သည် ဤအရာတို့အတွက် တစ်သက်လုံး နာမည်ရသင့်သည်ဟု ထင်မြင်ကြသည်။ ဤအရာတို့သည် ၎င်းတို့တစ်သက်လုံးအတွက် အရင်းအနှီးဖြစ်သည်ဟု ထင်မြင်ကြသည်— ဤသည်မှာ လူတို့သည် မည်မျှသေးနုပ်သည်ကို ပြသည်။ လူတို့သည် သေးနုပ်ပြီး စာတန်က အရှက်မဲ့သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၂)”)ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်၏၊ လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး၊ လူသားမျိုးနွယ်အတွက် ပူပန်မှုကို ပြသည့်အပြင်၊ လူသားမျိုးနွယ်အတွက် စဉ်ဆက်မပြတ် ရပ်တန့်ခြင်း မရှိဘဲ ထောက်ပံ့ပေးလျက်ရှိသည်။ ဤသည်မှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာ ရထိုက်သည့်အရာ ဖြစ်သည် သို့မဟုတ် များစွာ ချီးကျူးထိုက်သည့်အရာတစ်ခုဟု သူ၏နှလုံးသားတွင် ဘုရားသခင်သည် လုံးဝ မခံစားရပေ။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာ ပေးအပ်ခြင်းသည် လူသားမျိုးနွယ်ကို ဧရာမ အထောက်အကူပြုခြင်းတစ်ခု ဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည် လူသားမျိုးနွယ်ကို သူ၏ ကိုယ်ပိုင်နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှတစ်ဆင့် တိတ်ဆိတ်စွာနှင့် ငြိမ်သက်စွာ သက်သက် ထောက်ပံ့ ပေးလေသည်။ လူသားမျိုးနွယ်သည် သူ့ထံမှ မည်မျှထောက်ပံ့မှုနှင့် မည်မျှအကူအညီတို့ကို ရရှိသည် ဖြစ်စေ၊ ဘုရားသခင်သည် ချီးကျူးမှုရဖို့ လုံးဝ မစဉ်းစား သို့မဟုတ် မကြိုးစားပေ။ ဤအရာကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင်၏ စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်လည်း အတိအကျ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တော့ သူ့စိတ်သဘောထားနဲ့ အနှစ်သာရတွေ ကောင်းမြတ်ပုံကို မြင်ခဲ့ရတယ်။ ဘုရားက ခပ်သိမ်းသောအရာကို အုပ်စိုး၊ တည်တံ့စေတဲ့ ဖန်ဆင်းရှင်ပဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားတွေ ဖော်ပြရင်း၊ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အဖိုးအခကို ပေးဆပ်ရင်း သူလူ့ဇာတိ ထပ်ခံခဲ့တယ်။ ဒါပေမဲ့ အဲဒါကို လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ပံ့ပိုးမှုတစ်ခုလို့ သူလုံးဝ မတွေးခဲ့ဘူး။ ဘာတစ်ခုကိုမှ သူလုံးဝစန်းမတင်ခဲ့ဘူး၊ မကြွားခဲ့ဘူး။ ထောင်ထောင်လွှားလွှား ကြွားဝါတာမျိုး ဘာမှ မရှိဘဲ သူ့ကိုယ်ပိုင် အလုပ်ရှိသမျှကို တိတ်တိတ်လေးပဲ လုပ်တာ။ သူက ကျွန်တော်တို့ရဲ့ ချစ်ခြင်း၊ ထာဝရ ချီးမွမ်းခြင်းနဲ့ လုံးဝထိုက်တန်လွန်းတယ်။ ကျွန်တော်က အင်မတန်တန်ဖိုးမဲ့တဲ့လူ၊ လုံးဝအညတရဖြစ်ပေမဲ့ အရမ်းမာနထောင်လွှားခဲ့တယ်။ အသေးဆုံး အောင်မြင်မှုလေး ရတာနဲ့ အဲဒါက အပြောင်မြောက်ဆုံးအရာ၊ ကြီးမားတဲ့ ပံ့ပိုးမှုကြီးဖြစ်တဲ့အလား ချာချာလည်သွားခဲ့တယ်။ လူတိုင်းကို အထင်သေးပြီး ကိစ္စတွေကို ကိုယ့်သဘောအတိုင်း လုပ်ခဲ့တယ်။ အရမ်းကို မလျော်ကန်၊ ဆိုးယုတ်ပြီး ပေါ့တန်လွန်းခဲ့တာ။ ဘုရားကတော့ သိပ်ကို နှိမ့်ချ၊ ကွယ်ဝှက်ပြီး အင်မတန် ကောင်းမြတ်တဲ့ အနှစ်သာရရှိတယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ဘယ်လောက်စက်ဆုပ်စရာဖြစ်တာကို ပိုတောင် ခံစားမိပြီး အဲဒါကို အမြန်ဖယ်ရှားရအောင် သမ္မာတရားကို သင်ယူဖို့၊ လူသားသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့ တကယ်တောင့်တမိခဲ့တယ်။

နောက်တော့ တစ်ခါ စုဝေးပွဲအတောအတွင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သင်သည် မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်တော် တကယ်တို့ထိခံစားရပြီး သူ့အလိုတော်ကို နည်းနည်းပိုနားလည်သွားတယ်။ ကျွန်တော်က ဘုရားအိမ်တော်ရဲ့အလုပ်အတွက် ပြဿနာတွေ ဖြစ်စေရင်း မာနထောင်လွှားမှုနဲ့ ကိုယ့်တာဝန်ကို လုပ်နေခဲ့တာပဲ၊ အဲဒါကြောင့် စည်းမျဉ်းတွေအရ ကျွန်တော်အထုတ်ခံခဲ့ရတာ။ ဘုရားက ကျွန်တော့်ကို ဖော်ထုတ်၊ ဖယ်ရှင်းဖို့ ဒီအခြေအနေကို အသုံးပြုနေတာလို့ ထင်ခဲ့တယ်၊ ဒါကြောင့် သူကျွန်တော့်ကို ရှုတ်ချနေတာဖြစ်ပြီး ကျွန်တော် ကယ်တင်မခံရနိုင်ဘူးလို့ တွက်ခဲ့တာ။ ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းရယ်၊ လမ်းကြောင်းမှားပေါ် ကျွန်တော်ရှိနေတာရယ်ကို မြင်အောင် ဘုရားက ကျွန်တော့်ကို တာဝန်ကနေ ထုတ်ပယ်ပြီး သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို အသုံးပြုခဲ့မှန်း နောက်ဆုံးမှာ ကျွန်တော်သဘောပေါက်သွားတယ်။ ဘုရားက ကျွန်တော့်ကို ကယ်တင်နေခဲ့တာပဲ။ အဲဒီတရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုကတစ်ဆင့် နည်းနည်း ဆင်းရဲဒုက္ခခံခဲ့ရပေမဲ့ အဲဒါ သိပ်အဖိုးတန်၊ အဓိပ္ပာယ်ရှိပြီး ကျွန်တော့်ကို ကွယ်ကာခဲ့တာပဲ။ အဲဒါ ကျွန်တော့်အတွက် ဘုရားရဲ့ အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာပဲ။ ဘုရားက ကျွန်တော်တို့ကို ဘယ်လိုဆုံးမပဲ့ပြင်ပါစေ အဲဒါ သူ့ရဲ့ ကယ်တင်ခြင်းနဲ့ ချစ်ခြင်းပါပဲ။

အဲဒီနောက်မှာ ကိုယ့်တာဝန်မှာ ကျွန်တော်မာနထောင်လွားခဲ့ပုံ၊ ညီအစ်ကို မောင်နှမတွေကို ထိခိုက်စေခဲ့ပုံနဲ့ အထုတ်ခံရပြီးတဲ့နောက် သုံးသပ်ခဲ့တဲ့အရာကို စုဝေးပွဲတစ်ခုမှာ ကျွန်တော်ဖွင့်ပြောလိုက်တယ်။ အရမ်းလူမဆန်ခဲ့တဲ့အတွက် တခြားလူတွေက ကျွန်တော့်ကို စက်ဆုပ်ပြီး ကျွန်တော်နဲ့ လုံးဝပတ်သက်ချင်ကြမှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ အံ့ဩစရာကောင်းတာက သူတို့ ကျွန်တော့်ကို အပြစ်မတင်၊ မဝေဖန်ခဲ့ကြဘူး။ အဲဒီအခါ သူတို့ကို ပိုလို့တောင် အကြွေးတင်သလို ခံစားခဲ့ရတယ်။ ကိုယ့်ရဲ့ မာနထောင်လွှားမှုနဲ့ တခြားလူအားလုံးကို ကျွန်တော်ထိခိုက်စေခဲ့တာ၊ ကျွန်တော် အရမ်းလူမဆန်ခဲ့တာပါ။ ညီအစ်ကို မောင်နှမတွေနဲ့အတူ တာဝန်ပြန်ယူတဲ့အခါမှာ ကျွန်တော် အများကြီး ပိုပြီး ခပ်လျှိုလျှိုနေခဲ့တယ်။ လူတွေကို သူတို့အမှားတွေအတွက် အထင်မသေးတော့ဘူး။ ပြီးတော့ ကိစ္စတွေကို ပိုပြီးကောင်းကောင်း ကိုင်တွယ်ဖြေရှင်းတယ်။ ပြဿနာတွေအပေါ် တခြားလူတွေ အကြံပေးတာကို တကူးတက အားထုတ်ပြီး နားထောင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အရမ်းအားမကိုးတော့ဘူး။ ကျွန်တော့်အလုပ်ကို စစ်ဆေးဖို့ ခေါင်းဆောင်တွေ လာတဲ့အခါ ကျွန်တော်ပူးပေါင်းဆောင်ရွက်ပြီး နှိမ့်နှိမ့်ချချ လက်ခံခဲ့တယ်။ နည်းနည်းကြာတော့ ကျွန်တော့်အခြေအနေက အကောင်းဘက်ကို ပြောင်းလဲလာပြီး ကျွန်တော်လည်း ကြီးကြပ်ရေးမှူး ပြန်ဖြစ်လာတယ်။ အဲဒါ ဘုရားက ကျွန်တော့်ကို ချီးမြှောက်ပြီး ကျေးဇူးပြုတာမှန်း သိခဲ့တယ်။ အရင်က ကိုယ့်တာဝန်မှာ ကျွန်တော် အရမ်းကို မာနထောင်လွှားပြီး အနှောင့်အယှက်ဖြစ်စေခဲ့ပေမဲ့ ဘုရားက ကျွန်တော့်ကို မဖယ်ရှင်းခဲ့ဘူး။ အင်မတန်အရေးပါတဲ့ တာဝန်ကို လုပ်ဖို့ နောက်ထပ် အခွင့်အရေးပေးခဲ့တယ်။ ကျွန်တော်တို့အတွက် ဘုရားရဲ့ ကရုဏာနဲ့ သက်ညှာမှုကို တကယ်တွေ့ကြုံခဲ့ရတာ။ အဲဒီနောက် ကျွန်တော့်တာဝန်မှာ မာနထောင်လွှားမှုနဲ့ ထင်ရာမြင်ရာ ပြုမူတာ ရပ်လိုက်တယ်၊ အဲဒီအစား ဘုရားကို ကြောက်ရွံ့ပြီး သူ့ကို အမြဲ ဆုတောင်းခဲ့တယ်။ နားလည်ရခက်တဲ့ အရာတစ်ခု ကြုံရတဲ့အခါ သမ္မာတရားကို အတူတူ ရှာနိုင်အောင်လို့ တခြားလူတွေနဲ့ ကျွန်တော်ဆွေးနွေးတယ်။ အဲဒါကို ခဏကြာ လုပ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့အဖွဲ့တစ်ခုလုံးရဲ့ စွမ်းဆောင်မှုက အတော်လေး တိုးတက်လာတာ သဘောပေါက်လိုက်တယ်။ ကိုယ့်ဘာသာ အားလုံးကို လုပ်နေခဲ့တုန်းက ကျွန်တော့်အတွက် တကယ်ကို ခြေကုန်လက်ပန်းကျစရာ ဖြစ်ခဲ့တာ။ အားလုံးကို ကျွန်တော်ထည့်မတွက်ခဲ့သလို ရလဒ်ကောင်းတွေ မရခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ပေါ်လာတဲ့ ပြဿနာတွေကို ညီအစ်ကို မောင်နှမတွေနဲ့ ဆွေးနွေးပြီး ကျွန်တော်တို့ အချင်းချင်း ကူညီကြတော့ ပြဿနာဖြေရှင်းဖို့ အများကြီး ပိုလွယ်သွားတယ်။ ပြီးတော့ တခြားလူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် သူတို့မှာ တကယ်ကို အားသာချက်တချို့ရှိမှန်း မြင်ခဲ့ရတယ်။ သူတို့ထဲက တချို့ဆို အလုပ်ကြိုးစားပြီး အားထုတ်ကြတာ။ တချို့က အစွမ်းအစအများကြီး မရှိလောက်ဘူးဆိုပေမဲ့ လုံ့လဝီရိယရှိပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းတယ်။ အဲဒါတွေက ကျွန်တော့်မှာ မရှိတဲ့ အားသာချက်တွေပဲ။ ကိုယ်ကိုယ်တိုင်ရဲ့ အမှားတွေကို ဖာထေးဖို့ ညီအစ်ကို မောင်နှမတွေဆီကလည်း သင်ယူနိုင်ခဲ့တယ်။ အဲဒါက အများကြီး ပိုလွတ်လပ်ပြီး ပိုလွယ်ကူတဲ့ အသက်ရှင်နည်းပဲ။

တစ်နှစ်ကြာပြီးတော့ လူတိုင်းက အဲဒီနှစ်တစ်လျှောက် သူတို့ သင်ယူ၊ တွေ့ကြုံခဲ့တာကို ဝေမျှနိုင်အောင် အသင်းတော်ခေါင်းဆောင်က အထွေထွေ အစည်းအဝေးတစ်ခု စီစဉ်ခဲ့တယ်။ သင်ယူခဲ့ရတာတွေကို အချိန်ယူစဉ်းစားရင်း ဆိတ်ဆိတ်လေး သုံးသပ်ဆင်ခြင်ခဲ့တယ်။ အဲဒီအခါ ကျွန်တော့်ကို ထုတ်ပယ်ခြင်းနဲ့ ဘုရားက ကျွန်တော့်ဘဝကို ကယ်တင်ခဲ့မှန်း၊ အဲဒါ ကျွန်တော့်ရဲ့ အကြီးမြတ်ဆုံး အကျိုးဖြစ်မှန်း သဘောပေါက်သွားတယ်။ အဲဒီအတွက်သာ မဟုတ်ရင်၊ ကျွန်တော့်ရဲ့ မာနထောင်လွှားမှု ဘယ်လောက်ဆိုးမှန်း၊ ကျွန်တော့်မှာ ဆုကျေးဇူးလေး နည်းနည်းရှိတာကြောင့်ပဲ ဘဝင်ခိုက်ပြီး ထင်ရာမြင်ရာ လုပ်ခဲ့မှန်း မြင်ဦးမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ သဘာဝကို ပြခဲ့တာက ဘုရားရဲ့ ပဲ့ပြင်ဆုံးမမှု၊ တရားစီရင်မှုနဲ့ ရိုက်နှက်ဆုံးမမှုတွေပဲ။ အဲဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းအကြောင်းကိုလည်း နည်းနည်းသွန်သင်ပေးသလို ဘုရားအပေါ် ကြောက်ရွံ့စိတ်တချို့လည်း ပေးခဲ့တယ်။ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် သိပ်ကျေးဇူးတင်မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ

ရှောင်ရွေ့ ဆွီဒင်နိုင်ငံ အရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ...

ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။