ဘဝ၏လမ်းမှန်ကို ယခုမှ ကျွန်မ စလျှောက်ခဲ့ခြင်းဖြစ်သည်

12.09.2019

ရှီဟန်၊ ဟူဘေစီရင်စု

ကျွန်မသည် ဆင်းရဲသော တောင်သူလယ်သမားမိသားစုတစ်စု၌ မွေးဖွားခဲ့ပါသည်။ ကျွန်မသည် ကလေးဘဝ၌ပင် စဉ်းစားတတ်ခဲ့ပြီး အခြားသော ကလေးများနှင့် မည်သည့်အခါမှ ရန်မဖြစ်ခဲ့သလို ကျွန်မ၏မိဘများကိုလည်း နာခံခဲ့ပါသည်၊ ထို့ကြောင့် လူကြီးများ၏မျက်စိ၌ ကျွန်မသည် လိမ္မာသော သမီးတစ်ယောက်ဖြစ်ခဲ့ပါသည်။ ကျွန်မတို့၏ ကျွန်မတို့၏ အနီးဝန်းကျင်ရှိလူများက ကျွန်မ၏မိဘများအား သူတို့၌ ထိုမျှလောက် လိမ္မာသော သမီးလေးတစ်ယောက်ရှိခြင်းသည် ကံကောင်းခြင်းဖြစ်သည်ဟု ပြောဆိုကာ လွန်စွာ အားကျခဲ့ကြသည်။ ဤကဲ့သို့ ကျွန်မသည် ပတ်ဝန်းကျင်၏ ချီးမွမ်းသံများကို နားထောင်ရင်းဖြင့် ကြီးပြင်းလာခဲ့ပါသည်။ မူလတန်းကို တက်ရောက်သောအချိန်၌ ကျွန်မ၏ပညာရေးမှတ်တမ်းသည် အထူးကောင်းမွန်ခဲ့ပါသည်။ ကျွန်မသည် စာမေးပွဲများ၌ အမြဲတစေ ပထမရခဲ့သည်။ တစ်ကြိမ်တွင် ကျွန်မသည် ကျွန်မ၏မြို့၌ ကျင်းပသော စာစီစာကုံးပြိုင်ပွဲတွင် အမှတ်ပြည့်ရခဲ့၍ ကျွန်မ၏ကျောင်းအတွက် ဂုဏ်ကို ရယူနိုင်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီးက ကျွန်မအား ဆုတစ်ဆုနှင့် လက်မှတ်တစ်ခုကိုချီးမြှင့် ရုံသာမက တစ်ကျောင်းလုံး၏ရှေ့မှောက်၌ ကျွန်မအား ချီးမွမ်းကာ ကျောင်းသားများကို ကျွန်မထံမှ သင်ယူကြရန်လည်း တိုက်တွန်းခဲ့ပါသည်။ ကျွန်မသည် ရုတ်ချည်းပင် ကျောင်း၏ “ကျော်ကြားသူတစ်ယောက်” ဖြစ်လာခဲ့ပြီး ကျွန်မ၏အတန်းဖော်များက ကျွန်မကို “အမြဲအောင်နိုင်နေသော ဗိုလ်ချုပ်” ဟူ၍ ခေါ်ခဲ့ကြပါသည်။ ကျွန်မ၏ဆရာများဆီမှ ချီးမွမ်းမှုများ၊ ကျွန်မ၏အတန်းဖော်များဆီမှ အားကျမှုနှင့် ကျွန်မ၏မိဘများထံမှ တုန်နေအောင် ချစ်ခြင်းများသည် ကျွန်မ၏နှလုံးသားထဲ၌ ဘဝမြင့်စိတ်တစ်မျိုးကို ပေးခဲ့ပြီး ကျွန်မသည် လူတိုင်း၏လေးစားခြင်းကို ခံရသော ခံစားမှုကို အမှန်တကယ်ပင် နှစ်သက်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်မ ခိုင်မာစွာ ယုံကြည်မိခဲ့သည်မှာ ဘဝ၌ အကြီးကျယ်ဆုံးသော ဝမ်းမြောက်ရမှုသည် အခြားသူများ၏လေးစားမဖြစ်ပြီးပျော်ရွှင်ခံစားမှုသည်လည်း အခြားသူများ၏ချီးမွမ်းခြင်းမှ လာသည်ဟူ၍ဖြစ်သည်။ ကျွန်မကိုယ် ကျွန်မ တိတ်ဆိတ်စွာပြောခဲ့သည်မှာ မည်မျှလောက်ခက်ခဲ၍ ပင်ပန်းနွမ်းနယ်ပါစေ၊ ကျွန်မသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းရှိသူတစ်ယောက်ဖြစ်လာရမည်ဖြစ်ပြီး အခြားသူများ၏အထင်သေးခြင်းကို မည်သည့်အခါမှ မခံရသည့် လူတစ်ဦးဖြစ်လာရမည်ဟူ၍ ဖြစ်သည်။ ထိုအချိန်မှစ၍ အဆိုအမိန့်များဖြစ်ကြသော “ဘဲငန်းတစ်ကောင်သည် သူပျံသန်းသော နေရာတိုင်း၌ ၎င်း၏အော်မြည်သံ ထွက်ပေါ်သကဲ့သို့၊ လူတစ်ယောက်သည်လည်း သူနေထိုင်ရာ နေရာတိုင်း၌ ၎င်း၏နာမည်ကို ချန်ရစ်သည်” နှင့် “လူသားတို့သည် ၎င်းတို့၏ခေတ်ပြိုင်များထက် ပိုမိုတော်တတ်စေရန် အစဉ်ကြိုးပမ်းသင့်သည်” စသည်တို့သည် ကျွန်မ၏ဘဝဆောင်ပုဒ်များဖြစ်လာကြပါသည်။

သို့သော် ကျွန်မ အသက် ၁၃နှစ်အရွယ်၌ ကျွန်မ၏ဖခင်သည် အပြင်းအထန်နာမကျန်းဖြစ်၍ ဆေးရုံတင်ခဲ့ရပါသည်။ ယင်းက ကျွန်မတို့ဆင်းရဲသော မိသားစုကို အကြွေးများ နစ်မွန်းစေခဲ့ပါသည်။ ကျွန်မ၏ဖခင်က် နာမကျန်းမှုမှ နာကျင်သဖြင့် ညည်းတွားခြင်း၊ ကျွန်မ၏မိခင်သည် ကျွန်မတို့၏ စားဝတ်နေရေးအတွက် သူကိုယ်တိုင် ခြေကုန်လက်ပန်းကျသည်အထိ ရှာဖွေရခြင်းများကို မြင်ရသည့်အခါ ကျွန်မသည် လွန်စွာ ဝမ်းနည်း၍ နာကျင်မှုအား မျှဝေခံစားနိုင်ရန်အတွက် အလျှင်အမြန် အရွယ်ရောက်ရန် ဆန္ဒရှိခဲ့ပါသည်။ ထို့ကြောင့် ကျွန်မသည် ကျောင်းမှ ထွက်ရန် နာကျင်စွာ ဆုံးဖြတ်ချက်ချခဲ့ရပါသည်။ ကျွန်မ စဉ်းစားခဲ့သည်မှာ “တကယ်လို့ ငါကျောင်းမတက်ခဲ့ရျှင်တောင်၊ အခြားသူတွေထက် ဆိုးအောင်နေလို့ မရဘူး။ ငါကြီးလာတဲ့အခါ ကြံ့ခိုင်ပြီးအောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ရမယ်။ ဒါမှ ငါ ကြီးမြတ်တဲ့ ဘဝတစ်ခုမှာနေနိုင်လိမ့်မယ်” ဟူ၍ ဖြစ်သည်။ ကျွန်မ၏ပညာရေး ထက်မြက်မှုကြောင့် ကျွန်မသည် ကျွန်မ၏ရပ်ကွက်ထဲ၌ “ဆယ်လီဘရက်တီလေး” တစ်ယောက်ကဲ့သို့ ဖြစ်ခဲ့ပါသည်။ ထို့ကြောင့်၊ ကျောင်းမှထွက်သည့် ကျွန်မ၏သတင်း ပြန့်သွားသည့်အခါ၌ ရွာသားအားလုံးသည် ထိုအကြောင်းကို စတင်ပြောဆိုကြသည်၊ ၎င်းတို့က “ဒီကလေးမလေး အတော် မိုက်မဲလွန်းတာပဲ၊ ကျောင်းထွက်လိုက်တာက သူ့ရဲ့အနာဂတ်ကို ဖျက်စီးလိမ့်မယ်” ဆိုပြီး “ဘယ်သူကမှပညာမတတ်တဲ့ သူတွေကို လေးစားမှာ မဟုတ်ဘူး။ အကျပ်အတည်းတွေနဲ့ ဆင်းရဲခြင်းကို သူ့ဘဝတစ်လျှောက်လုံး ခံစားရမှာပဲ” ဟု ဆိုကြသည်။ ကလေးဘဝကတည်းက ချီးမွမ်းခြင်းများအား ရရှိခဲ့သူတစ်ယောက်အနေဖြင့်” ကျဆုံးသွားသော ဖီးနစ်ငှက်သည် ကြက်ထက်ပင် နိမ့်ကျသည်” ဆိုသော စိတ်ဓာတ်ကျဖွယ် ခံစားချက်သည် ကျွန်မထံသို့ ရုတ်ချည်းရောက်လာခဲ့ပါသည်။ ကျွန်မသည် အပြင်ထွက်ရန်၊ လူများနှင့် ဆုံတွေ့ရန် ကြောက်ရွံ့ခဲ့ပါသည်၊ အထင်သေးခံရသော ခံစားချက်ကိုလည်း ကြောက်ရွံ့ခဲ့ပါသည်။ ထိုနာကျင်မှုအား ရှောင်ရှားရန် ကျွန်မသည် နှစ်နှစ်လောက် အိမ်ထဲက အိမ်ပြင်ထွက်ခြင်းမရှိခဲ့သလို တစ်ချိန်လုံး နူတ်နည်းစွာ နေထိုင်ခဲ့ပါသည်။ တစ်ချိန်တည်း၌ပင် ကြံ့ခိုင်၍ အောင်မြင်သော အမျိုးသမီးတစ်ယောက်ဖြစ်ချင်သော ကျွန်မ၏ဆန္ဒသည် ပိုမိုအားကောင်းလာခဲ့ပါသည်။ ထို့ကြောင့် အသက်အနည်းငယ်ကြီးလာသောအခါ အပြင်ထွက်၍ ကျွန်မ အလုပ်လုပ်ခဲ့ပါသည်။ ကျွန်မသည် များစွာသော အလုပ်များကို လုပ်ခဲ့သော်လည်း အလုပ်က အလွန်ပင်ပန်း၍ စိတ်ဖိစီးမှုများသည် (သို့) လစာအလွန်နည်းလွန်းသည် (သို့) သူဌေးက မကောင်းဘူးဟု ခံစားခဲ့ရသောကြောင့် အကြိမ်တိုင်း၌ လက်လျှော့ချင်စိတ်ပေါက်ခဲ့ရပါသည်။ ထပ်ခါထပ် ကျဆုံးပြီးနောက် ကျွန်မသည် လုံးလုံးလျားလျားစိတ်ဓာတ်ကျလာ၍ ကြံ့ခိုင်ပြီး အောင်မြင်သော အမျိုးသမီးဖြစ်လာရန်ဆိုသည့် ကျွန်မ၏အိပ်မက်သည်လည်း လက်တွေ့ဘဝနှင့် အလွန်ကွာခြားနေကြောင်း ခံစားမိခဲ့ပါသည်။

၂၀၀၅ခုနှစ်၌ ကျွန်မသည် အနန္တတန်ခိုးရှိသော ဘုရားသခင်၏ နောက်ဆုံးကာလ အမှုတော်ကို လက်ခံရန် အထူးအခွင့်အရေးကို ရရှိခဲ့ပါသည်။ ဘုရားသခင်၏နူတ်ကပတ်တော်ထဲ၌ ကျွန်မ မြင်ခဲ့ရသည်မှာ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏အင်အားကြီးမားသော နူတ်ကပတ်တော်များသည် ကျွန်မ၏နှလုံးသားအား ထိတွေ့ခဲ့ပါသည်၊ လူတိုင်း၏ကံကြမ္မာသည် သူ၏လက်ထဲ၌ ရှိပြီးလူများသည် ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်နေခြင်း မဟုတ်ပဲ၊ မည်သည့်အချိန်တွင်ဖြစ်ပါစေ၊ လူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အကြံအစည်များကို ရှောင်လွဲမရနိုင်ပဲ ဘုရားသခင်၏ သြဇာအာဏာအောက်၌ နာခံသင့်သည်ကို နားလည်သဘောပေါက်စေပါသည်။ ဤသည်မှာ လူတို့ကောင်းသော ကံကြမ္မာရရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ကျွန်မသည် မည်သို့သော မိသားစုထဲ၌ မွေးဖွားခဲ့မည်နည်း၊ ကျွန်မသည် မည်မျှလောက်ယဉ်ကျေးမည်နည်း၊ ကျွန်မ၏ဘဝသည် ဆင်းရဲမည် လော (သို့) ချမ်းသာမည် လော- ဤအရာများအားလုံးအား ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ၎င်းသည် ကျွန်မ၏စိတ် (သို့) စွမ်းရည်များက ပြောင်းလဲနိုင်သောအရာတစ်ခုမဟုတ်ပါ။ ကျွန်မသည် မိမိ ကံကြမ္မာကို ပြောင်းလဲရန် ကိုယ်ပိုင် အားထုတ်ကြိုးစားမှုကိုသာ မှီခိုနိုင်မည်ဟု ယုံကြည်ခဲ့ရင်းဖြင့် ကြံ့ခိုင်သော အမျိုးသမီးတစ်ယောက်ဖြစ်လာဖို့ရန် စိတ်ရောကိုယ်ပါ ခိုင်မာစွာ ကြိုးစားခဲ့သည်။ သို့သော် ဆင်းရဲဒုက္ခများစွာကို ဒုက္ခခံစားခဲ့ကာ၊ စိတ်ဆင်းရဲမှုများကို ကြံ့ကြံ့ခံခဲ့ပြီးနောက်တွင်လည်း ကျွန်မ လိုချင်ခဲ့သော အရာကို အဆုံးသတ်တွင် မရရှိခဲ့ပါ။ ယခုအခါတွင် ကျွန်မ ကြုံတွေ့ခဲ့ရသည့် နာကျင်မှုအားလုံးကို တွေးမိရာတွင် ၎င်းမှာ ဘုရားသခင်၏ အချုပ်အခြာကို မသိခြင်းနှင့် ကံကြမ္မာကို အတိုက်အခံပြုကာ ခေါင်းမာမာဖြင့် ရုန်းကန်ခြင်းတို့မှ လာခြင်းမဟုတ်ပါလေလား။ ဘုရားသခင် မျက်မှောက်တော်သို့ လာရောက်ကာ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုတို့တွင် ဆက်ကပ်အပ်နှံခြင်း အားဖြင့်သာလျှင် ကျွန်မသည် ဤနာကျင်မှုများအားလုံးမှ တဖြည်းဖြည်းချင်း ထွက်ပြေးလွတ်မြောက် နိုင်မည် ဆိုသည်ကို ယခု ကျွန်မ သိခဲ့ရပါပြီ။ ဘုရားသခင်၏အလိုတော်အား နားလည်ပြီးနောက် ကျွန်မသည် ကျွန်မ၏အတွေ့အကြုံကြောင့် မချင့်မရဲမှုမဖြစ်တော့ပဲ၊ အခြားသူများ ပြောသည့်အရာကိုလည်း အရေးစိုက်ခဲ့ခြင်း မရှိတော့ပါ။ ထိုအစား ကျွန်မသည် ဘုရားသခင်ကိုယုံကြည်ပြီး သမ္မာတရားအား ကောင်းမွန်စွာ လေ့လာလိုက်စားရန်နှင့် အဓိပ္ပါယ်ရှိသော ဘဝတစ်ခု၌ နေထိုင်ဖို့ရန်အခိုင်အမာဆုံးဖြတ်ချက်ချခဲ့ပါသည်။ ထို့နောက် ကျွန်မသည် ဇွဲရှိစွာနှင့် ဘုရားသခင်၏နူတ်ကပတ်တော်များကို နေ့စဉ်ဖတ်ရူခဲ့ပါသည်။ ထို့အပြင် ဆုတောင်းခြင်း၊ ဓမ္မတေးများအား သီဆိုခြင်းနှင့် ညီအစ်ကို မောင်နှမများနှင့် အစည်းအဝေးပွဲများအား တက်ရောက်ခြင်းများကို လုပ်ဆောင်ခဲ့သည်။ ကျွန်မ၏သမ္မာတရားအား လျှင်မြန်စွာ နားလည်နိုင်ခဲ့ခြင်းနှင့်ပြင်းပြစွာ လိုက်စားခြင်းတို့ကြောင့် ကျွန်မသည် ကျွန်မအားရေလောင်းပေးသော အစ်မ၏အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး ယင်းက ကျွန်မအား အတွင်းထဲတွင် ဘဝင်မြင့်စေခဲ့သည်။ နောက်ပိုင်း၌ ကျွန်မက ပျိုးထောင်ခြင်းရဲ့အချက်အချာ ဖြစ်သင့်သည်ဟု အသင်းတော်ခေါင်းဆောင်များ ပြောဆိုကြသည်ကို ကျွန်မ ကြားမိပြီး ယင်းက ကျွန်မ၏နှလုံးသားထဲ၌ရှိသော အားရဝမ်းသာဖြစ်ခြင်းကို ထိန်းချုပ်ဖို့ရန် ပိုမိုခက်ခဲစေ၍ ဖျတ်လတ်တက်ကြွစေခဲ့ပါသည်။ ထို့ကြောင့် ကျွန်မကိုယ် ကျွန်မ၊ ငါ စိတ်ရောကိုယ်ပါ နှစ်ပြီး လေ့လာလိုက်စားရမယ်။ ကျွန်မအပေါ် အသင်းတော်ခေါင်းဆောငတွေ စိတ်မပျက်စေရဘူး။ တကယ်လို့ အဲဒါက ငါနာမည်ကောင်းရရန်အတွက်ပဲဖြစ်ပါစေ၊ ငါ အလုပ်ကို ကြိုးစားသင့်တယ်၊ ဒါမှ၊ ငါ အပြင်လောကမှာ လိုက်လေဝေးလေဖြစ်ခဲ့တဲ့ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ပြန်ရနိုင်မှာဖြစ်တယ်၊ ဟု ပြောခဲ့ပါသည်။ ထိုအချိန်၌ ကျွန်မသည် ဘုရားသခင်၏ဆန္ဒအား လုံးဝအရေးစိုက်ခြင်းမရှိခဲ့ပါ။ ကျွန်မ၏စိတ်ထဲ၌ ရှိသော တစ်ခုတည်းသောအရာမှာ ကျွန်မအား ဝှေ့ယမ်းပြနေသော စူးရှတောက်ပသော ဦးထက်ရောင်လျှံစက်ဝန်းများကဲ့သို့ ကျွန်မ၏အရှေ့၌ ရှိနေကြသော ဂုဏ်သတင်း၊အခွင့်အလမ်းနှင့် အဆင့်အတန်းတို့ပင်ဖြစ်ကြပါသည်။

များမကြာမီတွင် ကျွန်မသည် အသင်းတော်ထဲ၌ ယုံကြည်သူအသစ်များအား ရေလောင်းပေးခြင်းတာဝန်ကို ထမ်းဆောင်ခဲ့ရပါသည်။ ညီအစ်ကိုမောင်နှမများထံမှ ချီးမွမ်းခြင်းများကို ရယူရန်နှင့် “ပျိုးထောင်ခြင်းရဲ့အချက်အချာ” ဆိုသည့် ဘွဲ့နှင့်လျော်ညီအောင် နေထိုင်ရန်၊ ကျွန်မ၏တာဝန်ကို တတ်စွမ်းနိုင်သမျှ အကောင်းဆုံး ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ကျွန်မ၏ “အလုပ်ကြိုးစားမှုနှင့် အားထုတ်မှုများ” ကြောင့် ကျွန်မသည် အဆုံး၌ အချိန်ကာလ တစ်ခု ကြာပြီးနောက် ကျွန်မ၏ဆန္ဒကို ဖြည့်ဆည်းနိုင်ရန် စီမံနိုင်ခဲ့ပြီး ညီအစ်ကိုမောင်နှများ၏အားပေးမှုနှင့် ချီးမွမ်းမှုကို ရရှိခဲ့ပါသည်။ ကျွန်မအနေနှင့်၊ “ညီအစ်ကိုမောင်နှမအမြောက်အများက ငါ့ကို ထောက်ခံနေတာဟာ ငါက အခြားသူတွေထက် တောတယ်လို့ ဆိုလိုတာပဲ။ မဲပေးဖို့် အချိန်ကျတဲ့အခါ ညီအစ်ကိုမောင်နှမတွေက ငါ့ကိုကျိန်းသေ မဲပေးကြမှာ၊ ငါ့ကိုအသင်းတော်ထဲမှာ အရေးကြီးတဲ့ ရာထူးနေရာမှာ သေချာပေါက် တင်မြှောက်ကြမှာပဲ။ နောက်ပြီး ငါ့အနာဂတ်က အကန့်အသတ်မရှိတဲ့ အလားအလာတွေနဲ့ပြည့်နှက်နေပြီး ဘုရားသခင်က ငါ့ကို မျှော်လင့်ထားတဲ့အတိုင်း ချီးမွမ်းမှာပဲ” ဟု မတွေးပဲ မနေနိုင်ခဲ့ပါ။ ကျွန်မသည် မိမိဘာသာ အားရမှုနှင့် မိမိဘာသာ ကျေနပ်မှု၌ နေထိုင်ခဲ့ခြင်းကြောင့်၊ ကျွန်မ၏တာဝန်အား ဝိုးတိုးဝါးတားနှင့်ဝတ်ကျေတမ်းကျေ ထမ်းဆောင်၍ ယုံကြည်သစ်များအား လုံ့လဝီရိယရှိစွာ ရေလောင်းပေးခြင်းကို ရပ်တန့်ခဲ့ပါသည်။ အကျိုးဆက်တစ်ခုအနေဖြင့်၊ တစ်ချို့သော ယုံကြည်သူအသစ်များသည် စစ်မှန်သော ရေလောင်းပေးခြင်းအား လက်ခံနိုင်စွမ်း မရှိတော့ပဲ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းမှု၌ နေထိုင်ခဲ့ကြရပါသည်။ ထိုအခြေအနေအား ရင်ဆိုင်ရသောအခါ၌ ကျွန်မသည် အလွန်ပင် စိတ်ပျက်ကာ- ဒီနေ့ ငါ့မှာ ရှိတဲ့ “ဂုဏ်” ကို ရရှိဖို့အရမ်း ကြိုးပမ်းခဲ့ရတယ်။ အခြေအနေတွေကို ဒီအတိုင်း ဆက်ဖြစ်နေစေဖို့ ဘယ်လို ခွင့်ပြုနိုင်မှာလဲ။ တကယ်လို့ အသင်းတော်ခေါင်းဆောင်တွေက သိရင် သူတို့ သေချာပေါက်ပြောကြမှာက ငါကစွမ်းဆောင်ရည်မရှိဘူးဆိုပြီး ငါ့ရဲ့တာဝန်ကိုလည်း ရပ်နားကောင်းရပ်နားကြလိမ့်မယ်။ အဲဒီလိုဖြစ်ရင် ငါ့အတွက် အဆုံးသတ်ပဲ မဟုတ်လား။ အဲဒီအခြေအနေကို ပြန်လှည့်နိုင်စေဖို့ တစ်ခုခုကို ငါလုပ်ဆောင်ရမယ် ဟု စဉ်းစားမိခဲ့သည်။ နောက်ရက်များ၌ ကျွန်မသည် ယုံကြည်သူအသစ်များအား ထောက်ပံ့ရန်အတွက် နေ့စဉ် အပြင်ထွက်ခဲ့လေသည်။ တစ်ခါတရံ၌ အစည်းအဝေးတစ်ခုအတွက်နှင့် ကျွန်မသည် တောင်ကုန်းများစွာကို တက်၍ အသွားအပြန်အတွက် သုံးလေးနာရီအချိန်ယူခဲ့ရသည်။ သို့သော် ကျွန်မသည် ခါးသီးခြင်းကို လုံးဝမခံစားခဲ့ရပါ။ တစ်လကြာပြီးနောက် ကျွန်မ ခြေကုန်လက်ပန်းကျခဲ့ပါသည်။ ကျွန်မ၌ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်မရှိခဲ့ခြင်းကြောင့် ဘုရားသခင့် နူတ်ကပတ်တော်များနှင့် သက်ဆိုင်၍ ကျွန်မ၏ မိတ်သဟာယဖွဲ့ခြင်းသည် ငြီးငွေ့ဖွယ် ဖြစ်ပြီး အသက်မပါဖြစ်ခဲ့ရသည်၊ အကျိုးဆက်အနေဖြင့်၊ ယုံကြည်သူအသစ်များ၏အခြေအနေများသည် ပြန်လည်ကောင်းမွန်ခြင်းမရှိခဲ့ပါ။ ထို့အတွက် ကျွန်မသည် လွန်စွာ ညှင်းပန်းခြင်းကို ခံရသဖြင့် ခေါင်းကိုက်ဝေဒနာစွဲခဲ့သည့်အထိပင် ဖြစ်ပါသည်။ သို့သော် ကျွန်မသည် ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ရန် ဘုရားသခင်၏မျက်မှောက်ရှေ့လာသင့်သည်ကို သဘောပေါက်ခြင်းမရှိခဲ့ပါ။ ကျွန်မ၏အလုပ်၌ ကြာရှည်စွာ ထိရောက်မှုမရှိခြင်းသည် ယုံကြည်သူ အသစ်များ၏အသက်တာအား ထိခိုက်နစ်နာခြင်းဖြစ်စေခဲ့၍ အဆုံး၌ ကျွန်မသည် အစားထိုးခြင်းကို ခံခဲ့ရပါသည်။ အိမ်ကို ကျွန်မပြန်ရောက်သောအချိန်၌ ကောင်းကင်မှမြေပြင်ပေါ်သို့ ကျလာသကဲ့သို့ ကျွန်မ ခံစားခဲ့ရပါသည်။ ကျွန်မ၏တကိုယ်လုံးအားနည်းပြီးဖျော့တော့တော့ဖြစ်ခဲ့ရပါသည်။ အတိတ်က ညီအစ်ကိုမောင်နှမအမြောက်အများက ကျွန်မအပေါ် မည်သို့မျှော်လင့်ခဲ့ကြသည်ကို ပြန်စဉ်းစားမိခဲ့သည်၊ သို့တိုင်အောင် ကျွန်မသည် ဤအတိုင်းအတာအထိ ကျဆုံးခဲ့ရသည်။ အကယ်၍ ညီအစ်ကိုမောင်နှမများ သိရှိသွားပါက ကျွန်မအား မည်သို့ ကြည့်ကြမည်နည်း။ ထိုအကြောင်းကို ကျွန်မ ပို၍ စဉ်းစားမိတိုင်း ညီအစ်ကိုမောင်နှမများကို ရင်ဆိုင်စွမ်း ပိုမိုကင်းမဲ့လာသကဲ့သို့ ခံစားရပါသည်။ ထို့ကြောင့် ကျွန်မသည် အစည်းအဝေးများအား တက်ရောက်ရန် ငြင်းဆန်ခဲ့ကာ ထိုအစား အိမ်တွင် နေ့တိုင်း နေကာ ငိုကြွေးခဲ့ပါသည်။ ကျွန်မ၏အတွင်း၌ ပူပန်သောကဒဏ်ကို ခံစားခဲ့ရပါသည်။ တစ်နေ့၌ ကျွန်မသည် အောက်ပါ ဘုရားသခင်၏နူတ်ကပတ်တော်များကို မြင်ခဲ့ပါသည်။ “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။...လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားသခင်၏နူတ်ကပတ်တော်များက ထုတ်ဖော်ခြင်းမှ တစ်ဆင့် ကျွန်မ၏ဘုရားသခင်အပေါ် ယုံကြည်ခြင်းအမြင်မှာ အစကတည်းက မှားယွင်းခဲ့ကြောင်းကို သဘောပေါက်မိခဲ့သည်။ ကျွန်မ၏ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို အသုံးချ၍ လောက၌ ကျွန်မ ရယူရန် မအောင်မြင်ခဲ့သော ဂုဏ်၊ အခွင့်အလမ်းနှင့် အဆင့်အတန်းများအား ရယူချင်ခဲ့သည်။ ညီအစ်ကိုမောင်နှမများ၏ ချီးမွမ်းမှုကို ခံရသရွေ့ ကျွန်မသည် အရေးကြီးသော ရာထူး၌ ရွေးချယ်၊တင်မြောက်ခြင်းခံရလိမ့်မည် ဖြစ်သည်။ ထို့နောက် ဘုရားသခင်သည်လည်း ကျွန်မအား နှစ်သက်၍ ချီးမွမ်းပေလိမ့်မည်ဟု မတော်မတရား တွေးခဲ့မိသည်။ ထိုအတွေးများ၏ စိုးမိုးမှုအောက်၌ ကျွန်မသည် အင်အားနည်းပါးလာပြီး စက်ဆုပ်ဖွယ်ကောင်းလာခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများက ကျွန်မအား ချီးမွမ်းသောအခါ၌ ကျွန်မသည် ကိုယ့်ကိုကိုယ် ယုံကြည်ခြင်းအပြည့်ဖြင့် ဖြစ်ခဲ့သော်လည်း ထိုအရာများအား ကျွန်မ ဆုံးရှုံးသည်နှင့် တပြိုင်နက်၊ကျွန်မသည် ချက်ချင်းပင် စိတ်ဓာတ်ကျလာပြီးစိတ်မချမ်းသာဖြစ်ခဲ့ရပါသည်။ အပျက်သဘောဆောင်ကာ နောက်ကြောင်း ပြန်ဆုတ်ခဲ့ပါသည်။ ၎င်းသည် အဘယ်သို့ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြစ်နိုင်မည်နည်း။ ကျွန်မ ယုံကြည်သော တစ်ခုတည်းသော အရာမှာ ဂုဏ်၊ အခွင့်အလမ်းနှင့် အဆင့်အတန်းပင်ဖြစ်ပါသည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ ကျွန်မအား အံ့ဖွယ်ကောင်းလောက်အောင် အလုပ်လုပ်သော ပါရမီရှိသူတစ်ယောက်အဖြစ်သို့ လေ့ကျင့်ပေးရန် မဟုတ်ပါ၊ ထို့အပြင်၊ ကျွန်မ၏တာဝန်ကို ထမ်းဆောင်ခြင်း၌ အခွင့်အရေးယူ၍ ကိုယ်ရေးကိုယ်တာ ဆန္ဒများကို ပြည့်ဝစေရန်အတွက်လည်း မဟုတ်ပါ။ ထိုအစား၊ ကျွန်မ၏တာဝန်ကို ထမ်းဆောင်ခြင်းလုပ်ငန်းစဉ်မှ တဆင့်၊ ကျွန်မသည် ကျွန်မ၏ဟာကွက်များကို ရှာတွေ့၍ ဘုရားသခင်၏ နူတ်ကပတ်တော်နှင့် အလုပ်ကို ကြုံတွေ့ခံစားမည်။ ထို့ကြောင့် သမ္မာတရားအား ပိုမိုနားလည်ရရှိလာကာ နောက်ဆုံး၌ ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရရှိသည်ကို သူ မျှော်လင့်ခဲ့ပါသည်။ တစ်ချိန်တည်း၌ ကျွန်မ၏ကိုယ်ပိုင်အတွေ့အကြုံများနှင့် ကျွန်မ နားလည်ခဲ့သော သမ္မာတရားအား အသုံးချ၍ ဘုရားသခင်အား ယုံကြည်သူအသစ်များဖြစ်ကြသော ညီအစ်ကိုမောင်နှမများကို ထောက်ပံ့ပေးလို့ရပါသည်၊ မှန်ကန်သော လမ်း၌ အုတ်မြစ်ချရန်အတွက် သူတို့ကို ကူညီနိုင်ပါသည်။ ထို့ကြောင့် သူတို့သည် ဘုရားအားယုံကြည်ခြင်း၏လမ်းမှန်ထဲသို့ စောနိုင်သမျှ အစောဆုံး ဝင်ရောက်နိုင်ကြမည်ဖြစ်ပါသည်။ သို့သော်၊ ကျွန်မသည် ဂုဏ်၊အဆင့်အတန်းနှင့် ကျွန်မ၏ကိုယ်ပိုင်ရည်မှန်းချက်များအတွက် အစဉ်ကြိုးပမ်းခဲ့ သည်နှင့်အညီ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါမှ ရှာဖွေခြင်းမရှိခဲ့ပါ။ ပြီးနောက် ရလဒ်တစ်ခုမှာ အဘယ်နည်း။ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့သည်၊ ကျွန်မသည် ဘုရားသခင်၏ မျက်မှောက်တော်ကို နောက်ထပ်လုံးဝ ခံစားရခြင်း မရှိတော့ပါ၊ ကျွန်မ၏ ဝိညာဉ်တွင် အမှောင်ထု ရှိနေခဲ့ပြီး, ကျွန်မ ပြောသမျှ နှင့် လုပ်သမျှ တို့သည် မထိရောက်ခဲ့ပါ၊ ပြီးလျှင် အသင်းတော်က ကျွန်မ၏ တာဝန်များကို ရပ်ဆိုင်းလိုက်ပါသည်။ ထိုအချိန်မှ ကျွန်မသည် ဘုရားသခင်၏နူတ်ကပတ်တော်များကို ရုတ်ချည်း ပြန်လည်အမှတ်ရလာခဲ့ပါသည်။ “သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်)လူတို့သည် လေးလေးနက်နက် ရှာဖွေခြင်း ရှိမရှိဆိုသည်ကို အခြားသူတို့က ၎င်းတို့ကို မည်သို့ အကဲဖြတ်သည် သို့မဟုတ် ၎င်းတို့ အနီးအနားရှိ လူများက ၎င်းတို့ကို မည်သို့ ရှုမြင်သည်ဆိုသည်အားဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့အပေါ် အမှုပြုခြင်း ရှိမရှိဆိုသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက်ကို ၎င်းတို့ ရရှိပြီးခြင်း ရှိမရှိဆိုသည်တို့အားဖြင့် ဆုံးဖြတ်ပေသည်။ ထို့အပြင် ယင်းသည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲမှု ရှိမရှိနှင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကြုံပြီးသည့်နောက်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာ ၎င်းတို့ ရပြီးခြင်း ရှိမရှိတို့အပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်၏နူတ်ကပတ်တော်များထဲမှ ကျွန်မသည် သူ၏ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို နားလည်ခဲ့ရပါသည်။ မြင့်မားသော အဆင့်အတန်းက ပိုမိုအလားအလာရှိသော အနာဂတ်နှင့် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို ပိုမိုခံယူရခြင်းဖြစ်သည်ဟု အရင်က ကျွန်မ၏ယုံကြည်ခြင်းသည် ဘုရားသခင်၏အလုပ်ကို လောကီအမြင်နှင့် တိုင်းတာခဲ့ခြင်းဖြစ်သည်ကို သိလာခဲ့ရပါသည်၊ ၎င်းထက် မှားသည့်အရာမရှိတော့ပါ။ လူတစ်ယောက်၏အဆုံးသတ်အား ဘုရားသခင်က တိုင်းတာဆုံးဖြတ်သည့် ပုံစံမှာ ၎င်းတို့၏အဆင့်အတန်း၊ဝါရင့်ခြင်းနှင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်အတိုင်းအတာ၌ မူတည်နေခြင်းမဟုတ်ပဲ၊ သူတို့သည် သမ္မာတရား ရရှိခြင်း ရှိမရှိ နှင့် စိတ်သဘောထားပြောင်းလဲခြင်း ရှိမရှိအပေါ်၌သာ မူတည်နေပါသည်။ အကယ်၍ လူတစ်ယောက်သည် သမ္မာတရားအား ရရှိခဲ့ခြင်း မရှိပါက (သို့) ဘုရားသခင်၏အလုပ်မှ တဆင့် စိတ်သဘောထားပြောင်းလဲခြင်းအား မရရှိခဲ့ပါက၊သူတို့၏အဆင့်အတန်း မည်သို့ပင်မြင့်မားပါလေ့စေ (သို့) လူမည်မျှက ၎င်းတို့ကို ထောက်ခံချက်ပေးပါလေ့စေ အားလုံးသည် အဓိပ္ပါယ်မဲ့နေမည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏အတည်ပြုချက်အား လက်ခံရရှိမည် မဟုတ်သည့်အပြင် ဘုရားသခင်၏ငြင်းပယ်ခြင်း၊ အလွန်မုန်းတီးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့အား ခံကြရမည်ဖြစ်သည်။ သမ္မာတရားအား လေ့လာလိုက်စားခြင်းကို အာရုံစိုက်ခြင်း၊ ၎င်းတို့ တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း၌ ၎င်းတို့ကိုယ်ကို ၎င်းတို့ သိရှိခြင်းနှင့် သူတို့၏စစ်မှန်သော အတွေ့အကြုံများကို အသုံးချ၍ ညီအစ်ကိုမောင်နှမများအား ရေလောင်းပေးခြင်း၊ ထောက်ပံ့ပေးခြင်းတို့အားဖြင့်သာ၊ သူတို့သည် တကယ့်ပြသာနာများကို ဖြေရှင်းနိုင်စွမ်းရှိမည်ဖြစ်ပြီးညီအစ်ကိုမောင်နှမများအား လမ်းညွှန်မှုပေးနိုင်သော လမ်းအား ရှာတွေ့မည်ဖြစ်ကာ၊ ၎င်းတို့၏ကိုယ်ပိုင်အလုပ်ကို ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် သူတို့၏တာဝန်ကို ဤနည်းဖြင့် ထမ်းဆောင်ခြင်းအားဖြင့်သာ သူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည်ဖြစ်သည်။ အလုပ်လုပ်နေစဉ်အတွင်း ကိုယ်ပိုင်ဝင်ရောက်မှုနှင့် ပြောင်းလဲမှုကို လုံးဝလေ့လာလိုက်စားခြင်းမရှိခဲ့ပဲ ထိုအစား ဂုဏ်၊ အခွင့်အလမ်းနှင့် အဆင့်အတန်းကို စုံလုံးကန်း လိုက်စားနေခဲ့ပြီး အဆုံး၌ ပို၍ များပြားသော ညီအစ်ကိုမောင်နှမများအပေါ်၌ ထိခိုက်နစ်နာခြင်းကိုသာ ဖြစ်စေခဲ့သည့် ကျွန်မလိုလူတစ်ယောက်အနေနှင့် အဆုံးသတ်တွင် ကိုယ်တိုင်ကိုယ်ကျဖယ်ရှားခြင်းကို ခံရမည်ဖြစ်ပါသည်။ ဤအကြောင်းကို ကျွန်မ စဉ်းစားမိသောအခါတိုင်း၊ အသင်းတော်မှ ကျွန်မ၏တာဝန်ကို ရပ်တန်ခဲ့ခြင်းသည် ဘုရားသခင်မှ ကျွန်မ၏မှားယွင်းနေသော ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများသာမက ကျွန်မ၏ဖောက်ပြန်ပျက်စီးတတ်သော သဘာဝကိုလည်း ပစ်မှတ်ထားကာ ဖန်တီးပေးသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်ကိုနားလည်ခဲ့မိပါသည်။ သို့မှသာ ကျွန်မသည် ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်နိုင်မည်ဖြစ်ပြီး ကိုယ့်ကိုကိုယ် သိရှိလာမည်၊ လေ့လာလိုက်စားခြင်းအပေါ် ကျွန်မ၏မှားယွင်းနေသောအမြင်များကို ပြောင်းလဲ၍ သမ္မာတရားအား လိုက်စားခြင်း၏လမ်းမှန်ကို စောလျှင်စွာ လိုက်နိုင်မည်ဖြစ်ပါသည်။ ထိုအချိန်၌ ကျွန်မသည် ဘုရားသခင်၏ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ အကြံအစည်တို့ကို ခံစားမိခဲ့ပြီး “အိုး ဘုရားသခင်၊ ကျွန်မအပေါ် ကိုယ်တော်၏ကြီးမြတ်လှသော ချစ်ခြင်းမေတ္တာကို အပ်နှင်းသည့်အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ကျွန်မသည် ကိုယ်တော်၏ရည်ရွယ်ချက်များကို နားလည်ခြင်းမရှိပဲ ဂုဏ်၊အခွင့်အလမ်းနှင့် အဆင့်အတန်းတို့သည် ကိုယ်တော်၏နှစ်သက်မြတ်နိုးခြင်းကိုခံရမည်လို့ စဉ်းစားမိခဲ့ပါသည်။ ဤအရာက ကျွန်မအား ကျွန်မ၏အလုပ် ကာလအတွင်း၌ သမ္မာတရားလိုက်စားခြင်းကိုလုံးဝလစ်လျူရှုစေခဲ့ပါသည်။ ကျွန်မ လုပ်ဆောင်ခဲ့သည် တစ်ခုတည်းသော အရာမှာ ဂုဏ်၊အခွင့်အလမ်းနောက်သို့ မျက်စိစုံမှိတ်လိုက်ခဲ့ခြင်းဖြစ်ပါသည်၊ ၎င်းသည် ကိုယ်တော်၏ သတ်မှတ်ချက်များ နှင့်လုံးဝဆန့်ကျင်လျှက်ရှိနေပါသည်။ ကိုယ်တော့်နူတ်ကပတ်တော်၏ ဉာဏ်အလင်းပွင့်စေခြင်းကြောင့်၊ ကိုယ်တော်၏ရည်ရွယ်ချက်များကို ကျွန်မ ယခုနားလည်ပါပြီ။ ကျွန်မသည် အတိတ်ကလို ကိုယ်တော်၏အလုပ်နှင့် တိုက်ရိုက်ဆန့်ကျင်နေစေရန် လုပ်ဆောင်တော့မည် မဟုတ်ပါ။ စိတ်သဘောထားပြောင်းလဲမှုအား လိုက်စား၍ သမ္မာတရားကို လေ့လာလိုက်စားခြင်း၏လမ်းမှန်ကို ကျွန်မ လိုက်ပါတော့မည်။” ဟု ဘုရားသခင်ကို ဆုတောင်းခြင်း မပြုပဲ မနေနိုင်ခဲ့ပါ။

များမကြာမီ၊ အသင်းတော်သည် ကျွန်မအား ယုံကြည်သူအသစ်များ ကိုရေလောင်းပေးရန် ထပ်မံစီစဉ်ခဲ့ပါသည်။ ထို့အပြင် ညီမလေးတစ်ယောက် နှင့်လည်း အတူတူနေထိုင်စေခဲ့ပါသည်။ ညီမလေးက အမြဲ အလုပ်သွားလေ့ရှိသည်။ သူ တစ်ချိန်လုံး အလုပ်များနေခြင်းကို မြင်ရသည့်အတွက် ကျွန်မသည် သူ၏အထင်ကြီးမှုကိုခံရရန်အတွက် အိမ်အလုပ်အားလုံးကိုလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ နောက်လပေါင်းများစွာ ကြာသောအခါ၌ ကျွန်မတို့၏ ဆက်ဆံရေး ပို၍ အခြေအနေတင်းမာလာမည်ကို မည်သည့်အခါမှ မမျှော်လင့်ခဲ့မိပါ၊ ယင်းက ကျွန်မသည် စိတ်ဓာတ်ကျ၍ နာကျင်စေခဲ့ပါသည်။ တစ်နေ့၌ ညီမလေးသည် အလုပ်မှ ပြန်လာ၍ ကျွန်မအား အလုပ်များလုပ်နေခြင်းကိုမြင်ရသောအခါ သူက ကျွန်မ ထိုသို့လုပ်ဆောင်နေခြင်းမှာ စိတ်အားထက်သန်နေခြင်းကြောင့်ဟု တဲ့တိုးပြောလေသည်။ ဤသည်ကို ကြားရသောအခါ ကျွန်မသည် နာကြည်းချက်ကြောင့် ပေါက်ကွဲထွက်လာသော မျက်ရည်များကို ဆက်လက်ရပ်တန့်နိုင်စွမ်း မရှိခဲ့ပါ။ ထိုအချိန်၌ ထွက်သွားပြီး လုံးဝပြန်မလာတော့ရန် တကယ်ပင် ကျွန်မ ဆန္ဒရှိခဲ့သည်။ သို့သော် ညီမလေးသည် ကျွန်မထက် မည်မျှငယ်ကြောင်း နှင့် ဘုရားသခင်ကို သူ ယုံကြည်ခြင်းမရှိသည်မှာလည်းအချိန်အတော်ကြာညောင်းခဲ့ပြီးဖြစ်ပါသည်ကို ကျွန်မ တွေးမိသည်။ အကယ်၍ ကျွန်မကိုယ် ကျွန်မ ထိန်းချုပ်ခြင်းမရှိပဲ သူ့အပေါ် ဆက်လက်၍ မကျေနပ်ချက်များ ထားနေပါက အသင်းတော်၏ ခေါင်းဆောင်များနှင့်အခြားသော ညီအစ်ကိုမောင်နှမများက ကျွန်မအား မည်သို့ မြင်ကြမည်နည်း၊ ကျွန်မသည် ညီမလေးအား ချစ်ခြင်းမေတ္တာကို ပြသခြင်းမရှိသည့်အပြင် တာဝန်ယူမှုလည်း ကင်းမဲ့သည်ဟု သူတို့ပြောဆိုကြမည်ဖြစ်သည်။ ထိုအခါ သူတို့ကိုကျွန်မ မည်သို့ မျက်နှာချင်းဆိုင်နိုင်တော့မည်နည်း။ ထိုသို့အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရသောအခါ၌ ကျွန်မလုပ်ရမည့်အရာကို မသိခဲ့ပါ။ နာကျင်မှုကြားမှာ ကျွန်မက်၊ “အိုး၊ ဘုရားသခင်၊ ကျွန်မ အရမ်းပဲ နာကျင်နေရပါတယ်။ အဲဒါကကျွန်မရဲ့အပေါ်လေးလံတဲ့ ကျောက်တုံးကြီးတွေ ဖိချနေသလို ခံစားနေရပါတယ်။ ဒါပေမယ့် ကျွန်မအပေါ် ကျရောက်လာတဲ့ ဒီအခြေအနေထဲမှာ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ကိုယ်တော် ကျွန်မကို ဉာဏ်အလင်းပွင့်အောင်လုပ်ဆောင်ပေးဖို့ပဲ တောင်းလျှောက်ပါတယ်၊ အဲဒီအခါကျွန်မအနေနဲ့ ကိုယ်တော့်ရဲ့ရည်ရွယ်ချက်တွေကို နားလည်ပြီး ကျွန်မ သင်ယူသင့်တဲ့ သင်ခန်းစာကို သင်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု ဘုရားသခင်၏ရှေ့မှောက်၌ ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးသည့်နောက် မကြာမီတွင်၊ အစ်မတစ်ယောက် ကျွန်မကို လာရှာခဲ့သည်၊ ထို့ကြောင့် ကျွန်မသည် ကျွန်မ၏နှလုံးသားကို ဖွင့်ဟ၍ ကျွန်မ၏အခြေအနေနှင့် ပတ်သက်၍ သူနှင့် မိတ်သဟာယဖွဲ့ခဲ့သည်။ ၎င်းကို နားထောင်ပြီးနောက် အစ်မက၊ “ဘုရားသခင်ရဲ့အလုပ်အားလုံးဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက်ဖြစ်တယ်၊ ကျွန်မတို့အပေါ်ကျရောက်တဲ့ အခြေအနေအားလုံးကလည်း ကျွန်မတို့ကို သင်ခန်းစာတွေ သင်ပေးဖို့ ရည်ရွယ်ပါတယ်။တကယ်လို့ ကျွန်မတို့အထဲမှာအဲဒီအပျက်သဘောဆောင် တဲ့အရာတွေရှိနေရင်၊ ဘုရားစက်ဆုပ်တဲ့ စာတန်ရဲ့အဆိပ်တစ်ချို့ ကျွန်မတို့ ကိုယ်တွင်းမှာရှိနေသေးတယ် လို့ ဆိုလိုတာပဲ ဘုရားသခင်က ကျွန်မတို့ကို အဲဒီအခြေအနေတွေကနေ တဆင့် သန့်စင်စေပြီးပြောင်းလဲစေပါတယ်” ဟု ပြောခဲ့သည်။ အစ်မထွက်သွားပြီးသည့်နောက် ကျွန်မသည် အိပ်ရာထဲတွင် လူးလှိမ့်နေ၍ အိပ်ပျော်ခြင်းမရှိခဲ့ပါ။ စဉ်းစားနေမိသည်မှာလည်း- ဘုရားသခင်သည် ကျွန်မအား မည်သို့ သန့်စင်ပြောင်းစေမည်နည်းဟူ၍ ဖြစ်သည်။ ထို့ကြောင့် ကျွန်မထ၍ ဘုရားသခင်၏နူတ်ကပတ်တော်ကို ဖတ်ခဲ့ပါသည်။ “သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများမှ သင် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။...လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရား၏နူတ်ကပတ်တော်များကို ကျွန်မ ဆင်ခြင်နေမိသည်နှင့်အညီ ကျွန်မသည် အတွေးထဲနှစ်ခဲ့ပါတယ်။ ပြီးခဲ့သော လအနည်းငယ်အတွင်း၊ ကျွန်မ အဘယ်ကြောင့် ထိုမျှလောက် စိတ်ဖိစီးမှု၊ နာကျင်မှုထဲ ၌ နေခဲ့ရသနည်း။ ကျွန်မ၏အပြုအမူအား လွှမ်းမိုးထားသော စာတန်၏အဆိပ်မှာ မည်သည့်အဆိပ်မျိုးဖြစ်သနည်း။ ဘုရားသခင်၏ဉာဏ်အလင်းပွင့် စေခြင်း အောက်၌ ကျွန်မ၏နှလုံးသားသည် အတွင်းမှ တဖြည်းဖြည်း အားတက်လာသလိုခံစားခဲ့ရပါသည်။ ထို့အပြင် ဂုဏ်နှင့်အဆင့်အတန်းကို ကျွန်မ အမြဲ အလွန်အမင်းအရေးစိုက်ခဲ့ရသည့် အကြောင်းရင်းမှာ စာတန်၏အဆိပ်များလွှမ်းမိုးမှုနှင့် လှည့်စားမှုဖြစ်သော “ဘဲငန်းတစ်ကောင်သည် သူ ပျံသန်းသောနေရာတိုင်းတွင် ၎င်း၏အော်မြည်သံ ထွက်ပေါ်သကဲ့သို့ ၊လူတစ်ယောက်သည် သူနေထိုင်ရာ နေရာတိုင်းတွင် ၎င်း၏နာမည်ကို ချန်ရစ်ခဲ့သည်” နှင့် “လူသားတို့သည် ၎င်းတို့၏ ခေတ်ပြိုင်များထက် ပိုမိုတော်တတ်စေရန် အမြဲကြိုးပမ်းသင့်သည်”၊ “သစ်ပင်တစ်ပင်သည် ၎င်းရဲ့အခေါက်အတွက် အသက်ရှင်သကဲ့သို့၊ လူတစ်ယောက်သည်လည်း သူ၏ဂုဏ်သရေအတွက် အသက်ရှင်ရ သည်” တို့ကြောင့် ဖြစ်သည်ကို ကျွန်မ သဘောပေါက်လာခဲ့ပါသည်။ ဤအရာသည် ကျွန်မအား တခြားသူများက မည်သို့ ထင်မြင်ကြသနည်းဆိုသည်ကိုသာမက အပြင်ပန်းသဏ္ဍာန် နှင့် ဝင့်ဝါခြင်းကိုပါ အလွန်အမင်းအရေးစိုက်စေသည်။ ကျွန်မလုပ်ခဲ့သောအရာနှင့် ပြောခဲ့သမျှ တို့သည် အခြားသူများ၏နှလုံးသားများထဲ၌ ကျွန်မ၏ပုံရိပ်နှင့် အဆင့်အတန်းများကို ထိန်းသိမ်းဖို့ရန်သာဖြစ်ခဲ့သည်။ တစ်ခုခုသည် ကျွန်မ၏ အပြင်ပန်းသဏ္ဍာန် (သို့) ဝင့်ဝါခြင်းကို ထိခိုက်လာပါက ကျွန်မသည် နာကျင်၍ ညင်းပန်းခံရသကဲ့သို့ ဖြစ်နေမည်။ ဤဒုက္ခခံစားရခြင်းနှင့် ခါးသီးမှုများမှာ စာတန်ကြောင့်ပင်ဖြစ်သည်။ ကျွန်မ ပြန်လည်အမှတ်ရမိသည်မှာ ထိုညီမလေးနှင့် စတင်နေထိုင်ကတည်းက လေးစားမှုရစေရန်အတွက် အမြဲ သူနှင့်သတိထားနေထိုင်ခဲ့သည်၊အကယ်၍ တစ်ခုခုအပြောမှား (သို့) အလုပ်မှားရှိခဲ့ရင် လေးစားမှုမခံရမည်ကို ကြောက်ရွံခဲ့သည်။ ကျွန်မသည် ထို့ကြောင့် မျက်နှာလိုမျက်နှာရနေထိုင်ခဲ့ပြီး အရူးတစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။ ညီမလေးက ကျွန်မနှင့် ဖြေရှင်းသောအခါ၊ ကျွန်မသည် ကိုယ့်ကိုကိုယ်သိရန် အခွင့်အရေးကို အသုံးချခြင်းမရှိခဲ့ပါ။ ကျွန်မ အရှက်မကွဲချင်ခဲ့သောကြောင့် ညီမလေးအပေါ် အမြင်တွေ၊ မလိုမုန်းတီးမှုတွေနဲ့ ပြည်နေခဲ့မိသည်။ ထို့အပြင် ကျွန်မသည် ဤပတ်ဝန်းကျင်ကိုပင် လွတ်မြောက်ချင်ခဲ့သည်။ ကျွန်မ၏ပုံရိပ်နှင့် အပြင်ပန်းသဏ္ဍာန်ကို ထိန်းသိမ်းဖို့ရန်အတွက်၊ ကျွန်မသည် တခါတရံ၌ သူ၏ဖောက်ပြန် ပျက်စီးခြင်းကို အနည်းငယ်ထုတ်ဖော်မှု(သို့) သမ္မာတရားနှင့် သဟဇာတမဖြစ်မှု တစ်ခုခုကို သူမ လုပ်ဆောင်သည်ကို မြင်ခဲ့လျင်ပင် သူ့အား စိတ်အနှောင့်အယှက်ပေးသလိုဖြစ်ပြီး ကျွန်မတို့၏ ဆက်ဆံရေးကို ပို၍ ခပ်တန်းတန်းဖြစ်လာစေမည်ကို ကြောက်နေမိရင်း ကျွန်မသည် ညီမလေးနှင့် ပွင့်ပွင့်လင်းလင်းဖြစ်ရန် မလုပ်ဆောင်ရဲခဲ့ပါ။ စာတန်၏ထိုအဆိပ်များက ကျွန်မအား ပို၍ သူတော်ကောင်းဟန်ဆောင်စေကာ ဉာဏ်နီဉာဏ်နက်များ စေသည်၊ ၎င်းက ကျွန်မ၏ဘဝကို အလွန် ပင်ပန်းစေပြီး ခါးသီးစေသည်။ ကျွန်မ တကယ်ပင်ဆန္ဒရှိသည်မှာ ဤမှောင်မိုက်သော လှောင်အိမ်ကို ချိုးဖောက်ပြီး ကျွန်မ၏မျက်နှာဖုံးအတုကို ဆွဲဆုတ်ပစ်နိုင်ဖို့ရန်ဖြစ်သည်၊ သို့မှာသာ ကျွန်မသည် ပြီးပြည့်စုံသော လွတ်လပ်မှု၊ သက်သာရာရခြင်းတို့ဖြင့် နေနိုင်မည်ဖြစ်သည်။ သို့သော် ဤအရာကို ကျွန်မကိုယ်တိုင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ၊ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်ကို- “အိုး ဘုရားသခင်၊ ကျွန်မ ချီးမွမ်းခြင်းနဲ့၊ ကျော်ကြားမှုကို ပျော်မွေ့စရာလိုမျိုး သဘောထားခဲ့ပါတယ်။ အခု ကျွန်မ မှားယွင်းနေတာကို ကျွန်မသိပါပြီ။ အဲဒီအရာတွေကို လေ့လာလိုက်စားခြင်းက နာကျင်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ချည်နှောင်ခြင်းနဲ့ဖိအားတွေကို ဖြစ်စေပါတယ်။ စာတန်ရဲ့ ဒဿနတွေက ကျွန်မကို လှည့်စား၊ ထိန်းချုပ်ပြီး ဂုဏ်၊ အခွင့်အလမ်းနဲ့ အဆင့်အတန်းသာမက အပြင်ပန်းသဏ္ဍာန်နဲ့ ဝင့်ဝါခြင်းတွေနောက်လိုက်ဖို့ လုပ်ဆောင်ခဲ့တာကို အခု ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ပါတယ်။ ကျွန်မရဲ့နာကျင်မှုအားလုံးကို စာတန်က ယူဆောင်လာခဲ့တာပါ။ အိုး ဘုရားသခင်၊ ကိုယ်တော်ရဲ့ကယ်တင်ခြင်းအတွက် ကျွန်မ တောင်းလျှောက်ပါတယ် ကျွန်မကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ လမ်းမှန်ကို ပြသပြီး စာတန်ရဲ့ ထောင်ချောက်ကို ချိုးဖောက်ဖို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ စွမ်းအားကို ပေးရုံသာမက ကိုယ်တော်ရဲ့လိုအပ်ချက်တွေနဲ့အညီ ပြုမူစေပါ” ဟု ကျွန်မ ရင်ဖွင့်ခဲ့ပါသည်။ ဆုတောင်းပြီးနောက်မှာ၊ အရင်ကနှင့်မတူသော သက်သာရာရခြင်းကို ကျွန်မ ခံစားခဲ့ရပါသည်။ တချိန်တည်း၌ ကျွန်မသဘောပေါက်မိခဲ့သည်မှာ ကျွန်မ၏ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောကို သမ္မာတရား နောက်လိုက်ခြင်းမှ တဆင့် ဖြေရှင်းနိုင်မည်ဟူ၍ဖြစ်သည်။ ထို့နောက်၊ ကျွန်မသည် ဘုရားသခင်၏နူတ်ကပတ်တော်တွေထဲက အောက်ပါ အပိုဒ်ကို မြင်ခဲ့ရသည်။ “အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။...သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏) ဘုရားသခင်၏ နူတ်ကပတ်တော်များက ကျွန်မအား လက်တွေ့လုပ်ဆောင်နိုင်သော ရှင်းလင်းသည့် လမ်းကို ညွှန်ပြပေးသည်။ ၎င်းက ပထမဆုံး ဘုရားသခင်နှင့် သင့်တော်သော ဆက်ဆံရေးကို တည်ဆောက်ဖို့ဖြစ်ပြီး လူများ၏နှလုံးသားများထဲမှာ ကျွန်မ၏ပုံရိပ်နှင့် အဆင့်အတန်းအား ထိန်းသိမ်းထားဖို့ ဆက်လက်မကြိုးပမ်းရန်ပဲဖြစ်ပါသည်။ ထိုအစား၊ ကျွန်မသည် ကျွန်မ၏နှသားလုံးကို ဘုရားသခင်အား ပေးအပ်သင့်ပြီး ၊သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်အား အရာရာ၌ နာခံသင့်ပါသည်။ ထို့အပြင် ကျွန်မသည် ညီအစ်ကိုမောင်နှများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာအား အခြေခံသင့်ပါသည်။ တစ်ယောက်ကိုတစ်ယောက်ဖြည့်ဆည်း၊ထောက်ပံ့ပေး၍ တစ်ယောက်လိုအပ်မှုကို တစ်ယောက် ဖြည့်ဆည်းပေးနိုင်ဖို့ရာ တစ်ယောက်၏အားသာချက်မှ တစ်ယောက်က သင်ယူသင့်ပါသည်။ ကျွန်မတို့သည် ဘုရားသခင်နှင့်သင့်တော်မှန်ကန်သော ဆက်ဆံရေးရှိသောအခါ အခြားသူများနှင့်လည်း အလိုအလျှောက် သင့်တော်မှန်ကန်သော ဆက်ဆံရေးများလည်း ရှိလာမည်ဖြစ်ပါသည်။ ထို့ကြောင့်၊ ကျွန်မသည် ဘုရားသခင်၏နူတ်ကပတ်တော်များနှင့်အညီ ပြုမူ၍ ကျွန်မ၏ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို တဖြည်းဖြည်း ပပျောက်စေဖို့ရန် တိတ်တဆိတ် စိတ်ပိုင်းဖြတ်လိုက်ပါသည်။ ထိုအချိန်ကတည်းက၊ ကျွန်မသည် ညီမလေးနှင့် သတိရှိစွာ မိတ်သဟာယဖွဲ့ပြီး ဘုရားသခင်၏နူတ်ကပတ်တော်များကို ဖတ်ကာသမ္မာတရားနှင့် ပတ်သက်ပြီး မိတ်သဟာယဖွဲ့ခြင်းကို အတူတကွ မျှဝေလုပ်ဆောင်ခဲ့ပါတယ်။ အကယ်၍ ကျွန်မတို့ တာဝန်များကို ထမ်းဆောင်ရာတွင် ကျွန်မတို့ မဖြေရှင်းနိုင်သော ပြသနာများကို ရင်ဆိုင်ရသောအခါ၊ ကျွန်မတို့သည် ဘုရားသခင်အား အတူကွ ဆုတောင်းကြပြီး ဘုရားသခင်၏နူတ်ကပတ်တော်များထဲမှာ အဖြေရှာကြကာ ကျွန်မတို့၏ဇာတိပကတိ ဆက်ဆံရေးကို အရေးထားခြင်းမရှိတော့ပါ။ မသိမသာနှင့် ကျွန်မတို့ တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေလာခဲ့ကြသည်။ ကျွန်မ၏ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးများနှင့် ကျွန်မ၏နှလုံးသားထဲက စိတ်ဖိစီးမှုလည်း အားလုံး အရည်ပျော်သွားခဲ့ပါသည်။ ထို့အပြင် ပျောက်ဆုံးနေတာ ကြာပြီဖြစ်သော အပြုံးလည်း ကျွန်မ၏မျက်နှာ၌ ပေါ်လာပါတော့သည်။ ကျွန်မသည် ဘုရားသခင်၏နူတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှ ယူဆောင်လာသော သက်သာရာရခြင်းနှင့်၊ ပျော်ရွှင်မှုကို စင်စစ်တွေ့ကြုံခဲ့ရပါသည်။ ကျွန်မအား ကယ်တင်ခဲ့သည့်အတွက် ဘုရားသခင်ကို ရိုးသားစွာ ကျေးဇူးတင်ခဲ့မိပါသည်။

နာကျင်စရာ လအနည်းငယ်ကြာ စစ်ဆေးခြင်းပြီးနောက်၊ ကျွန်မသည် နောက်ဆုံးမှာ ဘုရားသခင်က ကျွန်မတို့ကို အခြားသူများနှင့် ဆက်ဆံရေးကိုထိန်းသိမ်းသောနေရာ၌ ဘဝ၏အတွေးအခေါ် ကို အဘယ်ကြောင့် အသုံးပြုခွင့်မပေးသည်ကို နားလည်ခဲ့ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဘဝ၏ထိုဒဿနများအားလုံးနှင့် အဆိုအမိန့်များသည် လူတို့ထဲတွင် စာတန် သွတ်သွင်းပေးသော အဆိပ်အတောက်များဖြစပြီး လူများအား ချည်နှောင်ဖို့ရန်နှင့် ထိခိုက်နစ်နာစေရန်အလို့ငှာ စာတန်အသုံးပြုသော လက်နက်များပင်ဖြစ်ကြသောကြောင့် ဖြစ်သည်။ ဤစာတန်၏အတွေးအခေါ်များသည် လူများကြား၌ သေခြင်း၊ သဘောထားကွဲလွဲမှုများနှင့် ကွဲပြားခြားနားမှုသာ ဖြစ်စေသည်၊ ထို့အပြင် လူသားများအား စိတ်ဖိစီးခြင်းနှင့် နာကျင်ခြင်းများသာ ယူဆောင်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စာတန်ကိုယ်တိုင်သည် ဖောက်ပြန်ပျက်စီးခြင်းနှင့် ကွဲပြားခြားနားခြင်းဖြစ်သောကြောင့် ဖြစ်သည်၊ ထို့အပြင် ဘုရားသခင်၏နူတ်ကပတ်တော်များနှင့် လူများထံမှ သူတောင်းဆိုသော အရာသည်သာ သူတို့ကို တစ်ယောက် နှင့် တစ်ယောက် ငြိမ်းချမ်းအောင်ပြုလုပ်နိုင်စွမ်းရှိသည်။ ဘုရားသခင်၏နူတ်ကပတ်တော်များ၌ နေထိုင်ခြင်းနှင့် သူ၏နူတ်ကပတ်တော်များအတိုင်း ပြုမူဆောင်ရွက်ခြင်း အားဖြင့်သာ လူတို့သည် စာတန်၏အမှောင်လွမ်းမိုးမှုများကို ချိုးဖောက်၍ ဘုရားသခင်၏မျက်မှောက်တော်၌ ပြီးပြည့်စုံသော လွတ်လပ်မှု၊ သက်သာရာရခြင်းတို့ဖြင့် နေထိုင်နိုင်သည်။ တချိန်တည်း၌၊ ညီမလေးနှင့် အတူနေထိုင်ရခြင်းသည် ကျွန်မ၏လက်တွေ့ကျသော လိုအပ်ချက်များနှင့် ကျွန်မ၏ကိုယ်တွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသော အဆိပ်အတောက်များကို ပစ်မှတ်ထားနိုင်ရန်အတွက် ဘုရားသခင် စီစဉ်ပေးသော အံ့ဖွယ်အမှုတစ်ခုဖြစ်သည်ကိုလည်း ကျွန်မ သဘောပေါက်မိ လာခဲ့ပါသည်။ အကယ်၍ ဘုရားသခင်သည် ထိုနည်းအတိုင်း လုပ်ဆောင်ခြင်းမရှိခဲ့ပါက ကျွန်မအား အန္တရာယ်ဖြစ်စေခဲ့သော စာတန် အဆိပ်အတောက်များဖြစ်သည့် “ဘဲငန်းတစ်ကောင်သည် သူ ပျံသန်းသောနေရာတိုင်းတွင် ၎င်း၏အော်မြည်သံ ထွက်ပေါ်သကဲ့သို့ ၊လူတစ်ယောက်သည် သူနေထိုင်ရာ နေရာတိုင်းတွင် ၎င်း၏နာမည်ကို ချန်ရစ်ခဲ့သည်” နှင့် “သစ်ပင်တစ်ပင်သည် ၎င်း၏အခေါက်အတွက် အသက်ရှင်သကဲ့သို့၊ လူတစ်ယောက်သည်လည်း သူ၏ဂုဏ်သရေအတွက် အသက်ရှင်ရသည်” တို့၏ပမာဏကို မည်သည့်အခါမှ သတိပြုမိခဲ့မည် မဟုတ်ပါ။ ကျွန်မသည် ထိုအဆိပ်အတောက်များကို အပြုသဘောဆောင်သော အရာများအဖြစ် ဆက်လက်ကိုးကွယ်နေဦးမည်ဖြစ်သည်၊ ၎င်းအရာများက ကျွန်မကို ပို၍ ဖောက်ပြန်ပျက်စီးအောင်လုပ်ဆောင်မည်ဖြစ်ပြီး နောက်ဆုံး၌ ပျက်စီးခြင်းနှင့် သေပြီးနောက် တာဝရပြစ်ဒဏ်ခံရစေသောအဖြစ်ကို ဦးတည်စေမည်ဖြစ်သည်။ ဤအခြေအနေများနှင့် စမ်းသပ်မှုများသည် ကျွန်မအတွက် ဘုရားသခင်၏ကြီးမြတ်သော ကယ်တင်ခြင်းပင် ဖြစ်ပါတော့သည်။

နောက်ပိုင်းတွင် ကျွန်မသည် အသင်းတော်၏ခေါင်းဆောင် တစ်ယောက်အဖြစ် ညီအစ်ကိုမောင်နှမများ၏ ရွေးကောက်တင်မြောက်ခြင်းကို ခံခဲ့ရသည်။ အစပိုင်း၌ ပြသာနာများ ရင်ဆိုင်ရသောအခါ ကျွန်မသည် ညီအစ်ကိုမောင်များထံမှ အကြံပေးချက်များကို အမြဲနားထောင်လေ့ရှိသည်၊ ထို့အပြင် အခြားသူများမှ ကျွန်မအား မည်သို့ ထင်မြင်ကြသည်ကို အရေးစိုက်ခြင်းမရှိခဲ့ပါ။ သို့သော် ဂုဏ်နှင့်အခွင့်အလမ်းကိုလိုက်စားသော ကျွန်မ၏ဆန္ဒ စတင်၍ ထပ်မံ ကြီးမားလာရန် သိပ်မကြာခဲ့ပါ။ ကျွန်မသည် ကျွန်မနှင့် တွဲဖက်လုပ်ကိုင်သော အစ်မထက် တာဝန်များကို စောလျှင်စွာ စတင် ကျေပွန်အောင်ဆောင်ရွက် ချိန်မှစ၍ ညီအစ်ကိုမောင်နှမများသည် သူတို့၌ ပြသာနာများရှိသောအခါတိုင်း ကျွန်မဆီသို့ အလိုလို ရောက်လာတတ်ကြပါသည်။ တဖြည်းဖြည်းနှင့် ကျွန်မသည် စတင်၍ စိတ်မထိန်းနိုင်ဖြစ်ကာ ထိုအစ်မထက် ပိုသာလွန်သည်ဟု တွေးမိခဲ့သည်။ ထိုအစ်မနှင့် အစည်းအဝေးများဆုံရာတွင် ကျွန်မသည် ကြွားဝါဖို့ရန်နှင့် ညီအစ်ကိုမောင်နှမများထံမှ အသိအမှတ်ပြုခြင်းနှင့် လေးစားမှုကို ရယူနိုင်ရန်အတွက် အရေးပုံရသော အယူဝါဒများကို ပြောလေ့ရှိပြီး၊ကျွန်မသည် ယင်းအစ်မထက် သာလွန်ကြောင်းကိုလည်း သူတို့ကို ခံစားမိစေချင်ခဲ့သည်။ တစ်ခါ၌၊ အုပ်စုလိုက်အစည်းအဝေးငယ်လေးလုပ်နေချိန်တွင်၊ အစ်မနှင့် အတန်ကြာ မိတ်သဟာယဖွဲ့ပြီးနောက် ကျွန်မရဲ့စိတ်ထဲ၌ ကျွန်မ ပိုပြီး မိတ်သဟာယပြုရမယ် ဒါမှမဟုတ်ရင် ညီအစ်ကိုမောင်နှမတွေက သူ့လောက် မတော်ဘူးလို့ ထင်ကြမှာပဲဟု ကျွန်မစိတ်ထဲ အတွေးတစ်ချက် ဝင်လာသည်။ ထို့ကြောင့် ခဏရပ်နားချိန်လေး၌ ကျွန်မသည် ကြားဖြတ်၍ အဆက်မပြတ် မိတ်သဟာယဖွဲ့ခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ ကျွန်မသည် ၎င်းကို စျာန်ဝင်နေသောအချိန်အတွင်း၌ ကျွန်မ၏ဘေးမှ အစ်ကိုတစ်ယောက်သည် ကျွန်မအား “ကျွန်တော်တို့အနှစ်သာရမဲ့တဲ့ အယူဝါဒတွေကိုပဲ ပြောဆိုနေလို့ မရဘူး။ ညီအစ်ကိုမောင်နှမတွေကို ဖြည့်ဆည်းပေးဖို့ လက်တွေ့ကျတဲ့ အတွေ့အကြုံတစ်ချို့နဲ့ဗဟုသုတကိုလည်း မိတ်သဟာယဖွဲ့သင့်တယ်” ဟု ကြားဖြတ် ပြောဆိုခဲ့သည်။ အစ်ကို၏နူတ်ကပတ်တော်များကို နားထောင်ပြီးသည့်နောက်၊ ကျွန်မကို လူပုံအလယ်၌ ပါးရိုက်လိုက်သလိုပင် ကျွန်မခံစားမိသည်။ ကျွန်မ၏မျက်နှာသွေးရောင်ဖြန်း၍၊ ကျွန်မ စဉ်းစားမိသည်မှာ “ကျွန်မသည် မူလက အပိုစကားအနည်းငယ်ပြောမည်ဟု ရည်ရွယ်ခဲ့ပါသည်။ထိုမှသာ ညီအစ်ကိုမောင်နှမများသည် ကျွန်မအား ချီးမွမ်းကြမည်ဖြစ်ပါသည်၊ သို့သော် ယခု ၎င်းသည် ကျွန်မအား လွန်စွာ အရှက်ကွဲစေခဲ့ပြီ ဟူ၍ ဖြစ်သည်။ထိုအချိန်က ကျွန်မသည် မြေကြီးထဲ၌ ပုန်းအောင်းရန် အပေါက်တစ်ပေါက်ရှာချင်ခဲ့သည်။ ကျွန်မ၏ကိုယ်တွင်း၌ ညှင်းပန်းနှိပ်စက်မှုကို ခံစားနေရသောအချိန်၌၊ အစ်ကိုက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ အပိုဒ်တစ်ပိုဒ်ကို ဖတ်ပြခဲ့သည်။ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။...အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားသခင်၏နူတ်ကပတ်တော်တိုင်းသည် ကျွန်မ၏နှလုံးသားအား ဖောက်ထွင်းသွားသော အပ်တစ်ချောင်းကဲ့သို့ ပင်ဖြစ်ပါသည်။ ကျွန်မအား ပို၍ ရှက်ရွံ့စေခဲ့ပါသည်။ ကျွန်မ ပြန်လည် စဉ်းစားမိခဲ့သည်မှာ အရင်က ကျွန်မသည် ဘုရားသခင်အား ယုံကြည်ခဲ့သည်။ လူတိုင်း၏လေးစားမှုကို အထူးသဖြင့် နှစ်ခြိုက်ခဲ့သည်၊ ထို့အပြင် စိတ်ရောကိုယ်ပါ နှစ်၍ မားမားမတ်မတ်ရပ်တည်ကာ ကြံ့ခိုင်၊အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာရန် ကျွန်မ ကြိုးပမ်းခဲ့ သည်။ ထိုအိပ်မက် ပျက်သုဉ်းသွားပြီးနောက်၊ ကျွန်မစဉ်းစားခဲ့မိသည်မှာ ကျွန်မ၏ဂုဏ်၊ အခွင့်အလမ်းနှင့် အဆင့်အတန်းအတွက် အိပ်မက်ကို အသင်းတော်ထဲ၌ ပြည့်စုံစေနိုင်မည် ဟူ၍ ဖြစ်သည်။ အထူးသဖြင့် ထိုအချိန်ကာလအတွင်းတွင် ကျွန်မသည် ညီအစ်ကိုမောင်နှများ၏ လေးစားမှုကို ခံရယူဖို့အတွက် အစ်မနှင့် တိတ်တဆိတ် ပြိုင်ဆိုင်ခဲ့ပါသည်။ အပေါ်ယံ၌ ကျွန်မသည် လူတစ်ယောက်နှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေခဲ့ခြင်း ဖြစ်သော်လည်း အနှစ်သာရအရ ကျွန်မသည် ဘုရားသခင်အား သူ၏ရွေးကောက်ထားသောလူများအတွက် တုပြိုင်နေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်အား ကြည်ညိုသင့်ကြသည်။ သူ့ကို ရှိခိုးကိုးကွယ်ကြသင့်သည်၊ ထို့အပြင် သူတို့၏နှလုံးသားထဲ၌ ဘုရားသခင်အား နေရာတစ်နေရာပေးသင့်သည်။ ထိုအစား၊ ကျွန်မသည် ညီအစ်ကိုမောင်နှများ ၏နှလုံးသားများထဲတွင် နေရာတစ်နေရာကို လိုချင်ခဲ့ပြီး သူတို့ ကျွန်မအား ကြည်ညိုကာ ကိုးကွယ်စေချင်သည်။ ၎င်းသည် ဘုရားသခင်အား ပေါ်တင် အတိုက်အခံလုပ်ခြင်းမဟုတ်ပါသလား။ အမှန်တရားများရှေ့တွင်သာ ကျွန်မ၏သဘာဝက ဘုရားသခင်အား ဆန့်ကျင်နေခြင်းကို မြင်နိုင်စွမ်း ရှိခဲ့သည်။ အကယ်၍ ကျွန်မသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကြုံတွေ့ခြင်းမရှိပဲ၊ ကျွန်မ၏ စိတ်သဘောထား ၌လည်း ပြောင်းလဲခြင်းမရှိပါက၊ အကယ်၍ အပြင်ပန်း၌ ကျွန်မသည် ပြင်းပြစွာနှင့် တက်ကြွစွာ ဘုရားသခင်အဘို့ အသုံးခံနေသယောင်ရသော်လည်း၊ အမှန်တော့ ကျွန်မက ဒုစရိုက်မှုကိုပြုပြီး ဘုရားသခင်ကို အတိုက်အခံ လုပ်နေခြင်း ပဲဖြစ်ပါသည်။ တစ်ချိန်တည်း၌၊ ကျွန်မ ရှင်းလင်းစွာမြင်ခဲ့ရသည်က စာတန်သည် လူသားများအား သူတို့ရဲ့ စိတ်များနှင့်ဝိညာဉ်များထဲတွင် အဆိပ်အတောက်များကို နည်းမျိုးစုံနှင့် သွတ်သွင်းပေးခြင်းဖြင့် ဖောက်ပြန် ပျက်စီးစေသည်၊ သူတို့အား ဂုဏ်၊ အခွင့်အလမ်းနှင့် အဆင့်အတန်းအတွက် အလုအယက်ကြိုးပမ်းရန် လုပ်ဆောင်သည်၊ ထိုမှတဆင့် သူတို့အား ဘုရားသခင်နှင့် တဖြည်းဖြည်း ဝေးကွာသွားစေရန် လုပ်ဆောင်ပြီး နောက်ဆုံးတွင် သူတို့ကို ငရဲသို့ ဆွဲချလေသည်။ ထိုအရာကိုတွေးမိသောအခါ၊ ကျွန်မသည် ကြောက်ရွံ့ခြင်း မဖြစ်ပဲမနေနိုင်ခဲ့ပါ။ ကျွန်မ၏ မျက်ကန်းဖြစ်ခြင်းနှင့် မိုက်မဲမှု၊ ကျွန်မ၏ နက်ရှိုင်းသည့် ဖောက်ပြန် ပျက်ဆီးခြင်းနှင့် ကျွန်မ၏ အတွင်းနက်နက်ထဲမှာ အမြစ်တွယ်ခဲ့ သည့် ဆိုးယုတ်သည့် အဆိပ်အတောက်များကို ကျွန်မ စတင် စက်ဆုပ်ရွံ့ရှာမိပါသည်။ အကယ်၍ ကျွန်မသည် ဂုဏ်၊ အခွင့်အလန်းနှင့် အဆင့်အတန်းတို့၏ အုပ်စိုးမှုနယ်ပယ်အောက်တွင် မရှိခဲ့လျှင်၊ ပုဂ္ဂိုလ်တစ်စုံတစ်ဦး၊ ဖြစ်ရပ်၊ (သို့) အမှုအရာ၏ ထိန်းချုပ်မှုအောက်တွင် ရှိမည်မဟုတ်ပဲ ကျွန်မသည် ဖန်ဆင်းခံ သတ္တဝါတစ်ယောက်အနေနှင့် ကျွန်မ၏တာဝန်ကို ထမ်းဆောင်ခြင်းမှ တဆင့် ဘုရားသခင်ကို ရှာဖွေခြင်းကိုသာ ပြုလိမ့်မည်ဖြစ်သည်။ အကယ်၍ ကျွန်မသည် ဂုဏ်၊အခွင့်အလမ်းနှင့်အဆင့်အတန်းတို့ရဲ့ထိန်းချုပ်ခြင်းကို မခံရလျှင်၊ ကျွန်မ၏ တာဝန်ကိုထမ်းဆောင်ခြင်းကနေ တဆင့် ဘုရားသခင်အား ချီးမွမ်းထောမနာ ပြုခြင်း၊ ဘုရားသခင်အား သက်သေခံခြင်းနှင့် ညီအစ်ကိုမောင်နှမများအား သူ၏မျက်မှောက်တော်သို့ခေါ်ဆောင်လာခြင်းများကို လုပ်ဆောင်မည်ဖြစ်သည်။ အကယ်၍ ကျွန်မသည် ဂုဏ်၊ အခွင့်အလမ်း၊နှင့် အဆင့်အတန်းများ ၏ထိန်းချုပ်မှုကို မခံရလျှင် ကျွန်မသည် စိတ်ဓာတ်ကျခြင်းနှင့် ညှင်းပန်းမှုထဲတွင် နေ့စဉ် နေထိုင်မည်မဟုတ်ပါ၊ အခြားသူများနှင့်လည်း အရာအားလုံး၌ သာလွန်မှုအတွက် ပြိုင်ဆိုင်မည် မဟုတ်ပါ။ အခြားသူများ၏ကျွန်မအပေါ် ချင့်တွက်မှုကိုလည်း အာရုံစိုက်မည်မဟုတ်ပဲ သမ္မာတရားမှ ယူဆောင်လာသော သက်သာရာရခြင်းနှင့် ပျော်ရွှင်ခြင်းများကို လုံးဝ ခံစားနှစ်သက်နိုင်မည်ဖြစ်သည်။ အကယ်၍ ကျွန်မသည် ဂုဏ်၊အဆင့်အတန်း၊ အခွင့်အလမ်းများ၏ ထိန်းချုပ်ခြင်းကို မခံရလျှင်၊ ကျွန်မသည် ညီအစ်ကိုမောင်နှမများနှင့် သင့်တော်သော ဆက်ဆံရေး များကို တည်ဆောက်မည်ဖြစ်ပြီး အခြားသူများ၏ ယုံကြည်မှုနှင့်လေးစားမှုများကို လှည့်ဖြားရန်အတွက်် ဟန်ဆောင်မှုတစ်ခုကိုအသုံးချမည့်အစား တစ်ယောက်ကို တစ်ယောက် စိတ်ဝိညာဉ်၌ ဖေးမအားပေးကြမည်ဖြစ်သည်။ ထိုအရာအားလုံး သည် စာတန်၏အဆိပ်အတောက်များ၏ အန္တရာယ်ကြောင့်သာဖြစ်သည်။ စာတန်သည် စင်စစ်ပင် အလွန်ဆိုးသွမ်းပြီးစက်ဆုပ်ဖွယ်ကောင်းပါသည်။ ၎င်းသည် သေချာပေါက် ဝိညာဉ်ကိုဝါးမြိုသော မိစ္ဆာတစ်ကောင်ဖြစ်သည်။ ဘုရားသခင်၏လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပွင့်စေခြင်းအောက်တွင်၊ ကျွန်မသည် ကျွန်မ၏ဇာတိပကတိကို စွန့်လွှတ်၍ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရန် ဆန္ဒနှင့် ရဲရင့်မှု ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်ကို၊ “အိုး ဘုရားသခင်၊ ကျွန်မကို ဒီနေ့အခြေအနေထဲသို့ ရောက်အောင်လုပ်ခဲ့တဲ့အရာက ဂုဏ်၊အခွင့်အလမ်းနဲ့ အဆင့်အတန်းတွေရဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။ အဲဒီအရာတွေကို လေ့လာလိုက်စားဖို့အတွက် ကျွန်မ ကိုယ်တော်ရဲ့သတ်မှတ်ချက်တွေကို နောက်ချန်ထားခဲ့ပြီး၊ ကိုယ်တော့်ကို ထပ်ခါတလဲလဲ မနာခံပဲ ကိုယ်တော့်ကို ဝမ်းနည်းစေပြီး စက်ဆုပ်ရွံရှာစေခဲ့ပါတယ်။ ကျွန်မအခုအဲဒီအရာတွေကို ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ မုန်းတီးမိပါတယ်။ အဲဒီအရာတွေကို လုံးဝ စွန့်လွှတ်ပါတော့မယ်။ ကိုယ်တော် ကျွန်မကိုကျွန်မရဲ့အနာဂတ်လမ်းမှာ လမ်းညွှန်ပြသတော်မူပါ” ဟု ဆုတောင်းခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျွန်မသည် မထင်မရှားနေခဲ့ပြီး အစည်းအဝေးများထဲ၌လည်း ကျွန်မ၏စစ်မှန်သော အတွေ့အကြုံများကို ပြောရန် စတင်အာရုံစိုက်ခဲ့သည်။ ညီအစ်ကိုမောင်နှများ၌ ပြသာနာရှိသောအခါတွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ချစ်ခြင်းမေတ္တာတို့ကို သူတို့ သိရှိနိုင်ဖို့ ကျွန်မသည် ကျွန်မတကယ် ကိုယ်တိုင် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး ဘုရားသခင်၏ဉာဏ်အလင်းပွင့်စေခြင်း၊ လမ်းညွှန်ခြင်းများ၏အခြေအနေများကို သူတို့နှင့် မိတ်သဟာယဖွဲ့ရန်အတွက် သတိရှိစွာနှင့် ကျွန်မ၏နှလုံးသားကို ဖွင့်ပါ့သည်၊ ကျွန်မ ထိုနည်းအတိုင်းလုပ်ဆောင်သောအခါ၊ ကျွန်မသည် ပိုစိတ်သက်သာရာ၍ ကျွန်မ၏ ရင်ထဲ၌ ရှင်းလင်းသွားသလိုခံစားရပါသည်၊ နေ့တိုင်းသည် အထူးသဖြင့် စိတ်ချမ်းသာသလိုခံစားရပါသည်။

ဘုရားသခင်ရဲ့အလုပ်အား နှစ်ပေါင်းများစွာ ကြုံတွေ့ပြီးနောက်၊ ကျွန်မ ရှင်းလင်းစွာ နားလည်ခဲ့ရသည်မှာ ဂုဏ်၊အခွင့်အလမ်းနှင့်အဆင့်အတန်းတို့သည် လူများကို အရူးလုပ်ရန်အတွက် အသုံးပြုသော စာတန်၏ လှည့်ကွက်များ၊ လူများကို ချည်နှောင်ရန် သံကြိုးများနှင့်လူများကို ထိန်းချုပ်ရန် အသုံးပြုသော နည်းလမ်းများဖြစ်သည်ဟူ၍ဖြစ်သည်။ ၎င်း၏လွမ်းမိုးမှုအောက်တွင် နေထိုင်ကြသော လူများကိုသာ ၎င်းက ချည်နှောင်၍ အရူးလုပ်နိုင်သည်၊ ထိုသူတို့သည် မည်သို့သောလွတ်လပ်မှုမှမရှိပဲ လူသားစင်စစ်နှင့် အသွင်တူအောင် နေနိုင်စွမ်းရှိမည် မဟုတ်ပါ။ တဖက်၌၊ ဘုရားသခင်၏နူတ်ကပတ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်လည်းဖြစ်သည်။ ဘုရားသခင်၏နူတ်ကပတ်တော် အောက်တွင်နေ ကြသော လူများသည် အလင်းနှင် ဘုရားသခင်၏ကောင်းချီးများ ထဲတွင်နေထိုင်ကြသူများဖြစ်သည်။ သမ္မာတရားကို လေ့လာလိုက်စားခြင်း အားဖြင့်သာ လူများသည် အသက်တာ၏ မှန်ကန်သောလမ်းခရီးပေါ်တွင် လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပြီး စစ်မှန်သော လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရရှိနိုင်ကြမည်ဖြစ်သည်။ ဂုဏ်၊အခွင့်အလမ်းနှင့် အဆင့်အတန်းများက ယူဆောင်လာသော နာကျင်မှုနှင့် ဒုက္ခများကို နောက်ပြန်ကြည့်လိုက်ပြီးနောက် ဘုရားသခင် ကျွန်မအပေါ်လုပ်ဆောင်သော ကယ်တင်ခြင်းအမှုကို ပြန်ကြည့်ရာတွင် ကျွန်မသည် အမှန်တကယ်ပင် ဘုရားသခင်အား ကျေးဇူးတင်မိသလို အကြွေးတင်လျှက်ရှိနေပေသည်။ ဂုဏ်၊အခွင့်အလမ်းနှင့် အဆင့်အတန်းတို့၏ ကျွန်ပြုခြင်းမှ ကျွန်မကို ကယ်ဆယ်ရန်အတွက် ဘုရားသခင်သည် အမျိုးမျိုးသော ပတ်ဝန်းကျင်များ၊လူများ ၊အမှုအရာများ၊ဖြစ်ရပ်များကို အသေးစိတ်ကျယ်ပြန့်စွာ စီစဉ်ခဲ့ပြီး ကျွန်မကို သူ့အမှုတော်အားဖြင့် တဆင့်ချင်းစီ လမ်းညွှန်ပြသခဲ့သည်၊ မှန်ကန်သော အသက်တာ၏လမ်းခရီးတွင် ကျွန်မအား ပြန်လျှောက်စေခဲ့ပါသည်။ ပတ်ဝန်းကျင်တိုင်းနှင့် သရုပ်သကန်တိုင်းသည် ဘုရားသခင် ကျယ်ပြန့်စွာ စီစဉ်ထားသောအရာအားလုံးဖြစ်ကြပြီး ထိုအရာတစ်ခုချင်းစီနောက်၌ ကျွန်မအတွက် ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းနှင့် ကယ်တင်ခြင်းများ တည်ရှိကြသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ထပ်ခါတလဲလဲ ကြုံတွေ့ခံစားပြီးနောက်၌ ကျွန်မသည် တဖြည်းဖြည်းနှင့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်း၏ စစ်မှန်မှုကိုမြင်ခဲ့သည်။ ဘုရားသခင်၏အမှုတော်နှင့် သက်ဆိုင်သည့် အသိတစ်ချို့ကိုလည်း ရရှိခဲ့သည်၊ ဘုရားသခင်၏သန့်ရှင်းမှု၊ ကြီးမြတ်မှု၊ အတ္တကင်းမဲ့မှုတို့ကို မြင်ခဲ့ပြီး လူသားအားကယ်တင်ခြင်း၌ ဘုရားသခင်အကြံအစည်တော်နှင့် ဂရုစိုက်ခြင်းများကို နက်ရှိုင်းစွာ ခံစားခဲ့ရပါသည်။ ကျွန်မ၏အနာဂတ်အတွေ့အကြုံများ၌ ကျွန်မ၏ဖောက်ပြန် ပျက်စီးတတ်သော စိတ်သဘောထား လုံးလုံးလျားလျား သန့်စင်ကာ ပြောင်းလဲသွားနိုင်ဖို့နှင့် အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိသော အသက်တာတစ်ခုကို ကျွန်မ စစ်မှန်စွာ နေထိုင်နိုင်ဖို့ရန် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ သူ၏ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများကို လက်ခံရန် ကျွန်မပို၍ ဆန္ဒရှိပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာ စစ်မှန်သည်

ရှောင်ဒုန်၊ စီချွမ်းစီရင်စု ဘုရားသခင်က- “နှစ်ထောင်ပေါင်းများစွာကြာ ဖောက်ပြန်ပျက်စီးခဲ့သည့် တရုတ်တိုင်းနိုင်ငံသည် ‘ရောဂါပိုးမွှား’မျိုးစုံ...

အထူးသီးသန့် ဆုံးမပဲ့ပြင်ခြင်း အတွေ့အကြုံတစ်ခု

ရှောင်းဟန် တရုတ်နိုင်ငံ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အားကောင်းတဲ့ လိုအင်ဆန္ဒတစ်ခု ကျွန်မမှာ ရှိဖူးတယ်၊ မနာလိုမှုနဲ့ ညီအစ်ကို မောင်နှမတွေကို...

ကျွန်တော့်အလုပ်ဖော်အပေါ် ကျွန်တော် အထင်မသေးတော့ပါ

ချီဟန် ကိုးရီးယားနိုင်ငံ အသင်းတော်စာအုပ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော် စီမံခန့်ခွဲရတယ်။ ပစ္စည်းမျိုးစုံကို စီမံခန့်ခွဲပြီး သိမ်းဆည်းထားလား၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။