တဖန်မွေးဖွားခြင်း

12.09.2019

ယန်ကျင်း၊ ဟေးလုံကျန်း စီရင်စု

ကျွန်တော်သည် အတွေးအခေါ် ခေတ်နောက်ကျပြီး ဆင်းရဲသော ကျေးလက်နေ မိသားစုတစ်စုထဲတွင် မွေးဖွားခဲ့သည်။ ကျွန်တော်သည် အသက်ငယ်ရွယ်စဉ်အချိန်မှ မာနထောင်လွှားခဲ့ပြီး အဆင့်အတန်းအပေါ် ကျွန်တော်၏ တပ်မက်မှုမှာ အထူးပြင်းပြခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ လူမှုရေးပတ်ဝန်းကျင် နှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသိပညာတို့၏ လွှမ်းမိုးမှုအားဖြင့် ကျွန်တော်သည် ဆက်လက်ရှင်သန်ရေးအတွက် စာတန်၏ စည်းမျဉ်းပေါင်းစုံကို စိတ်နှလုံးသွင်းခဲ့သည်။”ထင်ပေါ်ကျော်စောခြင်းသည် သင့်ကို အစဉ်မမေ့အပ်သောသူ ဖြစ်စေမည်၊” “အောင်မြင်အောင် ကြိုးစားပြီး သင့်ဘိုးဘေးတွေကို ဂုဏ်တက်စေ၊” “သစ်ပင်တစ်ပင်သည် အခေါက် လိုအပ်သကဲ့သို့ လူတို့၌ အသရေ လိုအပ်သည်၊” “မိမိလုပ်သည့်နယ်ပယ်တွင် အောင်မြင်သောသူဖြစ်ပါစေ၊” “သင့် ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် လှပသောအိမ်တစ်လုံးကို တည်ဆောက်ပါ” စသဖြင့် မှားယွင်းသော အတွေးပေါင်းစုံသည် ကျွန်တော်၏ ထင်ပေါ်ကျော်စောလိုသည့် ဆန္ဒကို မြေတောင်မြှောက်ပေးခဲ့သည်။ ၎င်းတို့သည် တဖြည်းဖြည်းချင်း ကျွန်တော့်၏ ဘဝ ဖြစ်လာခဲ့ပြီး ဤလောကကြီးထဲ၌ ကျွန်တော်တို့ အသက်ရှင်နေသည့် ကာလပတ်လုံး အခြားသူများ၏ အထင်ကြီးလေးစားခြင်းကို ခံရရန် လုပ်ဆောင်ကြရမည်ဟု ကျွန်တော့်အား မြဲမြံစွာ ယုံကြည်စေခဲ့သည်။ ကျွန်တော်တို့သည် မည်သည့် လူစုလူဝေးနှင့်အတူ ရှိနေပါစေ ကျွန်တော်တို့၌ အဆင့်အတန်း ရှိရမည်၊ ကျွန်တော်တို့သည် အထင်ပေါ်ဆုံးသောသူတစ်ဦး ဖြစ်သင့်သည်။ ဤပုံစံအတိုင်း အသက်ရှင်မှသာ ကျွန်တော်တို့၌ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ရှိနိုင်သည်။ ဤပုံစံဖြင့် ဘဝတစ်ခုကို ဤပုံစံဖြင့် အသက်ရှင်ခြင်းသာ တန်ဖိုးရှိသည်။ ကျွန်တော်၏ အောင်မြင်လိုသော ဆန္ဒပြည့်စေရန် မူလတန်းကျောင်းသားအရွယ်ကတည်းက ကျွန်တော် အလွန်လုံ့လဝီရိယရှိရှိ ပညာသင်ယူခဲ့သည်၊ မုန်တိုင်းများနှင့် နေမကောင်းဖြစ်သည့်ကြားမှ မည်သည့်အခါမျှ အတန်း မလွတ်ခဲ့ပါ။ ကျွန်တော်သည် တစ်ရက်ပြီးတစ်ရက် ထိုပုံစံဖြင့် နောက်ဆုံးတွင် အလယ်တန်းကျောင်းသို့ ရောက်ခဲ့သည်။ ကျွန်တော့်၏ မျှော်မှန်းချက်သို့ ပို၍ပို၍ နီးလာကြောင်း မြင်သောအခါ ကျွန်တော် မပေါ့ဆဝံ့ခဲ့ပါ။ ကျွန်တော် မဆုတ်မနစ်လုံ့လထုတ်ရမည်၊ ကျွန်တော်၏ ဆရာများနှင့် အတန်းဖော်များရှေ့တွင် ကောင်းစွာနေပြရမည်ဟု ကိုယ့်ကိုယ်ကို မကြာခဏ ပြောခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင်ပင် မမျှော်လင့်ထားသော အရာတစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။ ကျွန်တော်တို့၏ အတန်းပိုင်ဆရာမနှင့် ကျောင်းအုပ်ကြီးတို့အကြောင်း ရုတ်ရုတ်သဲသဲ ဖြစ်စေသော မကောင်းသတင်းတစ်ခု ထွက်ခဲ့သည်။ ဆရာများနှင့် ကျောင်းသားအားလုံး ၎င်းအကြောင်းကို သိခဲ့ကြသည်။ တစ်ရက် အတန်းထဲတွင် ထိုဆရာမက ကျွန်တော်တို့ကို ၎င်းသတင်း ကြားမိသည်၊ မကြားမိသည်ကို မေးရာ ကျန်သည့်ကျောင်းသား အားလုံးက”မကြားမိပါ” ဟု ဆိုခဲ့ကြသည်။”ကြားမိပါသည်” ဟု ရိုးရိုးသားသား ပြန်ဖြေခဲ့သူမှာ ကျွန်တော်တစ်ဦးတည်းသာ ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ထိုဆရာမက ကျွန်တော့်ကို သူမ၏ နံကြားမှ ဆူးတစ်ချောင်းအဖြစ် မြင်ခဲ့ပြီး ကျွန်တော် အခက်ကြုံစေရန်၊ ပိုင်ပိုင်နိုင်နိုင် နှိမ်ရန် မကြာခဏ အခွင့်အလမ်းများကို ရှာခဲ့သည်။ ကျွန်တော်၏ အတန်းဖော်များသည် စတင်၍ ကျွန်တော်နှင့် ဝေးဝေးနေကာ ကြဉ်ခဲ့ကြသည်။ ၎င်းတို့သည် ကျွန်တော့်ကို လှောင်ပြီး အရှက်ခွဲခဲ့ကြသည်။ နောက်ဆုံးတွင် ကျွန်တော်သည် ထိုကဲ့သို့ ညှဉ်းပန်းမှုဒဏ်ကို ဆက်သည်းမခံနိုင်တော့ဘဲ တစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ခဲ့သည်။ အောင်မြင်ရန်နှင့် ထိပ်ဆုံးမှလူဖြစ်ရန် ကျွန်တော် တောင့်တခဲ့သော မျှော်မှန်းချက် ကြေမွပျက်စီးခဲ့ရသည်။ ကျွန်တော့် မျက်နှာကို အောက်ငုံ့ပြီး ကောင်းကင်ပေါ်သို့ ပြန်မော့ကာ ကျွန်တော်၏ အနာဂတ်နေ့ရက်များကို စဉ်းစားသည့်အခါ ကျွန်တော်သည် မဖော်ပြနိုင်လောက်သော ဝမ်းနည်းမှုနှင့် လွမ်းဆွေးမှုကို ခံစားခဲ့ရသည်။”ငါ့ဘဝက အရမ်းကိုပဲ မထင်မရှား ကုန်ဆုံးသွားနိုင်လား။ အရိုက်အရာ မရှိ၊ သိက္ခာ မရှိ၊ အနာဂတ် မရှိ။ ဒီလိုအသက်ရှင်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ” ဟု ကျွန်တော် တွေးမိခဲ့သည်။ ကျွန်တော်သည် ထိုအချိန်က ယင်းအမှန်တရားကို လက်မခံလိုသော်လည်း ကျွန်တော်၏ အခြေအနေများကို ပြောင်းလဲရန်အတွက် ကျွန်တော် ခိုကိုးရာမဲ့ဖြစ်ခဲ့ရသည်။ နာကျင်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ မတတ်နိုင်သည့် မျှော်လင့်ချက်မဲ့ခြင်းထဲ၌ အသက်ရှင်နေခဲ့စဉ် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ကျွန်တော်ထံ ရောက်လာခဲ့ပြီး ကွယ်ပျောက်ခဲ့ပြီးသော ကျွန်တော်၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက်ကို တဖန်လောင်မြိုက်စေခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် လုံးလုံးသစ်လွင်သော အသက်တာတစ်ခုကို စတင်ခဲ့သည်။

ထိုအချိန်မှာ ၁၉၉၉ ခုနှစ် မတ်လ ဖြစ်ပြီး ကံအားလျော်စွာဖြစ်သော အခွင့်အရေးတစ်ခုအားဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂလိသတင်းစကားကို ကျွန်တော် ကြားခဲ့ရသည်။ လူသားမျိုးနွယ်သည် ၎င်းတို့၏ နာကျင်ခြင်းနှင့် ပျက်စီးခြင်း အသက်တာများကို စွန့်လွှတ်နိုင်ပြီး လွတ်လပ်စွာ အသက်ရှင်ပြီး လွတ်မြောက်ခြင်း ရနိုင်ဖို့ရန်အလို့ငှာ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်ကို တရားစီရင်ရန်နှင့် သန့်စင်စေရန်၊ ပြီးလျှင်လူသားမျိုးနွယ်ကို စာတန်၏ အုပ်စိုးမှုအောက်မှ ဦးဆောင်ရန်အတွက် ကိုယ်တော်တိုင် သမ္မာတရားကို ဖော်ပြရန် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခဲ့သည်ကို ကျွန်တော် ကြားသိခဲ့ရသည်။ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများထံမှ စိတ်ရှည်ပြီး အပင်ပန်းခံကာ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ကျွန်တော်သည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ လျှို့ဝှက်နက်နဲမှုအကြောင်း၊ ဖောက်ပြန်ပျက်စီးသောလူများသည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်ကြောင်း၊ ဖန်ဆင်းခံတို့၌ မည်သည့် အသိစိတ်မျိုး ရှိသင့်ကြောင်း၊ ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင်ကို မည်ကဲ့သို့ ကိုးကွယ်ကြောင်း၊ လျော်ကန်သော လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင်မည်ဆိုသည်နှင့် လူ့ဘဝ အစစ်အမှန် ဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းအစရှိသည့် ယခင်က တစ်ခါမျှမကြားခဲ့ဖူးသော သမ္မာတရားများစွာကို သိခဲ့ရသည်။ ကျွန်တော်သည် ဤသမ္မာတရားများထဲ၌ ကျွန်တော် လေးလေးနက်နက် အာရုံရောက်ခဲ့ပြီး ဤအရာမှာ စစ်မှန်သော ဘုရားသခင်၏အမှုဖြစ်ကြောင်း ကျွန်တော့်ကို အခိုင်အမာ ယုံကြည်စေခဲ့သည်။ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများက”ဘုရားသခင်က ကျွန်ုပ်တို့ကို အနက်ရှိုင်းဆုံး ချစ်သည်” ဟူသည့် ဓမၼသီချင်းတစ်ပုဒ်ကိုလည်း သီဆိုခဲ့ကြသည်။ “ဘုရားသခင်က ကျွန်ုပ်တို့ကို အနက်ရှိုင်းဆုံး ချစ်ပေသည်”- ”အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ချယုံကြည်ပါ၏။ လောကတစ်လျှောက် ကျွန်ုပ် အဘယ်သို့ လှည့်လည်သွားလာခဲ့သည်ကို ပြန်စဉ်းစားသော်၊ လူတို့၏ မတည်တံ့ပြောင်းလဲလွယ်ခြင်း နှင့် ဥပက္ခာပြုခြင်းတို့ကို ကျွန်ုပ် နက်နက်ရှိုင်းရှိုင်း ခံစားမိသည်။ အမှောင်ထဲ ကျွန်ုပ် ရုန်းကန်ပြီး စမ်းတဝါးဝါး သွားခဲ့သည်။ ဘဝ၏ ဆင်းရဲဒုက္ခက အဆုံးမရှိပေ၊ ကျွန်ုပ်၏ မျက်နှာကို မျက်ရည်များဖြင့် ဆေးကြောရင်း၊ နှစ်ကာလများတစ်လျှောက် ကျွန်ုပ် အားအင်လျော့လာခဲ့သည်။ မျှော်လင့်ချက်ကင်းမဲ့လျက်၊ စိတ်ပျက်ခြင်းဖြင့် ကျွန်ုပ် ခိုကိုးရာမဲ့စွာသာ အသက်ရှင်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်တို့ကို အနက်ရှိုင်းဆုံး ချစ်ပေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို နိုးထစေသည်။ ကိုယ်တော့်ထံ နောက်ဆုံး ကျွန်ုပ် ပြန်လာပြီး ကျွန်ုပ်၏ နာကျင်သော ဘဝကို စွန့်ပစ်လေပြီ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အလင်းပြသည်၊ တောက်ပသော အသက်တာကို ကျွန်ုပ် မြင်ရပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ၌ ကျွန်ုပ် မွေ့လျော်ပြီး ကိုယ်တော်၏ မျက်မှောက်တော်တွင် ကျွန်ုပ် ရှင်သန်၊ ကျွန်ုပ်၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နေသည်။” ဤအရာသည် မှောင်မိုက်ထဲ၌ အချိန်ကြာမြင့်စွာ ရှိနေခဲ့သော ကျွန်တော့် ဝိညာဉ်ကို အလင်းတန်းတစ်ခုကဲ့သို့ ထိန်လင်းစေခဲ့ပြီး ကျွန်တော် မျက်ရည် မကျဘဲ မနေနိုင်ခဲ့ပါ။ နှစ်ပေါင်းများစွာ ဖိနှိပ်မှု၊ မတရားမှုများနှင့် ဝမ်းနည်းခြင်းတို့မှာ ရုတ်တရက် လွတ်ငြိမ်းသွားသကဲ့သို့ ထင်ရသည်။ ကျွန်တော့် စိတ်နှလုံး များစွာ ပို၍ပေါ့ပါးသွားသည်ကို ခံစားခဲ့ရသည်။ ဤစိတ်လှုပ်ရှားဖွယ်ရာအပြင် ဘုရားသခင်သည် ကျွန်တော့်ကို ရွေးချယ်ပြီး ကျွန်တော်၏ ဝမ်းနည်းပင်ပန်းသော ဝိညာဉ်ကို နွေးထွေးသောခိုလှုံရာ နေရာတစ်ခုရစေသည့်အတွက် ဘုရားသခင်ကို ပို၍ပင် ကျေးဇူးတင်မိခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော့် ဘဝ အကြီးအကျယ် ပြောင်းလဲခဲ့သည်။ ကျွန်တော် စိတ်မချမ်းမသာဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း မရှိတော့ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ ဝတ်ပြုအစည်းအဝေးများသို့ သွားခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအပေါ် ကျွန်တော့် စိတ်တစ်ခုလုံးကို ပုံအပ်ခဲ့သည်။ နေ့ရက်တိုင်း ပြည့်စုံပြီး ပျော်ရွှင်ခဲ့သည်။

နောက်ပိုင်းတွင် ကျွန်တော်သည် အသင်းတော်၌ ဧဝံဂလိဟောပြောသည့် တာဝန်ကို စတင်ထမ်းရွက်ခဲ့သည်။ ကျွန်တော်သည် အတော်အတန် စိတ်အားထက်သန်ခဲ့ပြီး အပြုသဘောဆောင်ခဲ့သည့်အပြင် ကျွန်တော့်တွင် အစွမ်းအစအနည်းငယ်ရှိခဲ့သည့်အတွက် ကျွန်တော်၏ အလုပ်တွင် အသီးအပွင့်အချို့ ခံစားနေခဲ့ရသည်။ ကျွန်တော်သည် ကျွန်တော့် ဧဝံဂလိအဖွဲ့ခေါင်းဆောင်၏ ချီးကျူးခြင်းကို ခံခဲ့ရပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကလည်း ကျွန်တော့်ကို လေးစားခဲ့ကြသည်။ ၎င်းတို့သည် ကျွန်တော့ထံ အမြဲလာ၍ ဧဝံဂလိဟောပြောခြင်းနှင့် ပတ်သက်၍ နားမလည်သောအရာများကို ဖြေရှင်းရန်နှင့် မိတ်သဟာယဖွဲ့ရန် မေတ္တာရပ်ခံခဲ့ကြသည်။ ကျွန်တော်သည် သတိမမူမိဘဲ စတင်ကာ မိမိကိုယ်ကို အနည်းငယ် ကျေနပ်အားရလာခဲ့ပြီး”လောကမှာ နှစ်ပေါင်းများစွာ ငါမျှော်လင့်ခဲ့တဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အသင်းတော်ထဲမှာ အရမ်းကို မြန်မြန်ဆန်ဆန် ရခဲ့ပြီပဲ။ ငါ့ရဲ့”သူရဲကောင်း”ဘက်ခြမ်းက နောက်ဆုံးမှာ နေရာရသွားပြီပဲ” ဟု ကျွန်တော် တွေးမိခဲ့သည်။ ကျွန်တော်၏”အောင်မြင်မှုများကို”မြင်ရသည့်အခါ ကျွန်တော် အလွန်ကျေနပ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် ကျွန်တော့်၏ တာဝန်များကို ပို၍ပင် ကြိုးစားလုပ်ဆောင်ခဲ့သည်။ အသင်းတော်က် ကျွန်တော့်အတွက် မည်သည့်တာဝန်ကိုစီစဉ်ပေးပါစေ ကျွန်တော် နာခံပြီး ပြီးမြောက်စေဖို့အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့သည်၊ ကျွန်တော်၏ တာဝန်၌ မည်မျှ ကြီးမားသော အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ရပါစေ ၎င်းကို ကျော်လွှားရန် ကျွန်တော် အစွမ်းကုန် လုပ်ဆောင်ခဲ့ပြီး အခက်အခဲ တစ်စုံတစ်ရာကြောင့် မည်သည့်အခါမျှ မညည်းညူခဲ့ပါ။ တစ်ခါတစ်ရံ ကျွန်တော်သည် ကျွန်တော်၏ တာဝန်ကို ကောင်းစွာ မလုပ်ဆောင်ခဲ့သောကြောင့် ကျွန်တော့်ကို အသင်းတော် ခေါင်းဆောင်က ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ကျွန်တော် မည်မျှ ဝမ်းနည်းပါစေ အပေါ်ယံတွင် ကိုယ့်ကိုယ်ကိုယ်အတွက် ဆင်ခြေများ မပေးနိုင်ခဲ့ပါ။ ဤအချိန်ကာလအတောအတွင်း ကျွန်တော် အတော်များများ ဒုက္ခဆင်းရဲခံခဲ့ရသော်လည်း ကျွန်တော်၏ ညီအစ်ကိုမောင်နှမများအကြားတွင် အဆင့်အတန်းရှိပြီး ၎င်းတို့၏ အထင်ကြီးလေးစားခြင်းကို ခံရသည့်ကာလပတ်လုံး ဤအဖိုးအခကို ပေးရသည်မှာ အလွန်ထိုက်တန်ကြောင်း ကျွန်တော် တွေးခဲ့သည်။

ကျွန်တော်တို့၏ ဧဝံဂလိအဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်တော် အရွေးခံခဲ့ရသည်မှာ ၂၀၀၃ ခုနှစ်က ဖြစ်သည်။ ကျွန်တော့်၏ အဆင့်အတန်း ဤသို့ မြင့်မားလာခြင်းနှင့်အတူ ကျွန်တော့် အလုပ်၏ အတိုင်းအတာလည်း ကျယ်ပြန့်လာခဲ့ပြီး ရွှေသည် နေရာတိုင်း၌ တောက်ပြောင်သည်ဟု တွေးရင်း ကျွန်တော် မိမိကိုယ်ကို ပို၍ပင် ကျေနပ်အားရမိခဲ့သည်။ ထိုအခါ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများသည် ကျွန်တော့်ကို ပို၍ လေးစားပြီး လုံးဝ ကြည်ညိုကြဖို့ရန်အလို့ငှာ ကျွန်တော်၏ အလုပ်ကို ကောင်းမွန်စွာလုပ်ပြီး ပုံမှန် တိုးတက်ရပါမည်။ ယင်းမှာ အလွန်ဝမ်းမြောက်ဖွယ် ဖြစ်လိမ့်မည်။ ကျွန်တော့်တာဝန်ကို ထမ်းရွက်ရမည့်နေရာသို့ ကျွန်တော် ရောက်သောအခါ ခေါင်းဆောင်က ကျွန်တော်သည် ဤအလုပ်ကို စတင်လုပ်ဆောင်သည်မှာ မကြာသေးဘဲ ကျွန်တော်၌ အတွေ့အကြုံနှင့် နည်းစနစ်နှစ်မျိုးစလုံး ကင်းမဲ့နေသည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစားသဖြင့် တစ်ဦးထံမှ တစ်ဦး လေ့လာသင်ယူနိုင်ရန် အနီးအနားရှိ နယ်မြေများမှ အခြား ဧဝံဂလိအဖွဲ့ခေါင်းဆောင်အချို့ကို အတူတကွ စုဝေးစေခဲ့သည်။ သို့သော် မိတ်သဟာယဖွဲ့စဉ် ၎င်းတို့အားလုံးသည် ကျွန်တော့်ထက် အသက်ကြီးပြီး အစွမ်းအစ ပိုနည်းကြောင်း ကျွန်တော် မြင်တွေ့ခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည့်အခါတွင်လည်း ၎င်းတို့သည် ကျွန်တော့်ကဲ့သို့ ရှင်းလင်းစွာ မိတ်သဟာယ မဖွဲ့ကြပါ။ ကျွန်တော် မာနမထောင်လွှားဘဲ မနေနိုင်ဖြစ်လာခဲ့ပြီး ၎င်းတို့အကြောင်း တစ်စုံတစ်ရာတွေးခြင်း လုံးဝမရှိခဲ့ပါ။ ကျွန်တော့်၏ ကိုယ်ပိုင်စွမ်းရည်အပေါ် အမှီပြု၍ သေချာပေါက် ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ကျွန်တော်ခံစားမိခဲ့သည်။ အစည်းအဝေးပြီးသောအခါ အဖွဲ့တိုင်းထံ ကျွန်တော်ချက်ချင်း သွားကာ ၎င်းတို့၏ အလုပ်အကြောင်းကို နားလည်အောင်လုပ်ခဲ့သည်။ ၎င်းတို့၏အလုပ်ထဲတွင် အမှားအယွင်းနှင့် ထိမ်ချန်မှုအချို့၎င်းတို့ထဲမှ အချို့သည် ဧဝံဂလိတရားကို ဟောပြောနိုင်သလို ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိကြောင်းကို ကျွန်တော် ရှာဖွေတွေ့ရှိသည့်အခါ ဒေါသစိတ်နှင့် စိုးရိမ်စိတ်နှစ်မျိုးလုံး ဖြစ်ခဲ့သည်။ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများကို မဆူဘဲ မနေနိုင်ဖြစ်ခဲ့သည်။”ခင်ဗျားတို့ရဲ့တာဝန်ကို ဒီပုံစံနဲ့ ကျေပွန်အောင် ထမ်းရွက်တာက ဘုရားသခင်ရဲ့ အလိုတော်နဲ့ တစ်ထပ်တည်း အမှန်တကယ် ဖြစ်နိုင်လား။ ခင်ဗျားတို့က အဖိုးအခကို မပေးချင်ဘဲ ဘုရားသခင်ရဲ့ ကယ်တင်တာကို ခံလိုကြတယ်။ ခင်ဗျားတို့မှာ အသိစိတ် ရှိရဲ့လား...။” ထို့ပြင် မိတ်သဟာယဖွဲ့သည့် အချိန်အတောအတွင်း တစ်ခါတစ်ရံ ကျွန်တော် ကြွားဝါခဲ့ပြီး ဧဝံဂလိအမှုကို မည်ကဲ့သို့လုပ်ဆောင်ခဲ့ကြောင်း၊ အဖိုးအခ မည်မျှပေးခဲ့ကြောင်းနှင့် ကျွန်တော်ရခဲ့သော ရလဒ်များမှာ မည်မျှကောင်းကြောင်း...စသဖြင့် အယောက်တိုင်းကို ပြောပြလျက်နေခဲ့သည်။ ကျွန်တော့် ညီအစ်ကိုမောင်နှမများ၏မျက်နှာများပေါ်တွင် အားကျမှုကို ကျွန်တော် မြင်ခဲ့ရသောအခါ ကိုယ့်ကိုယ်ကို ဟုတ်လှပြီဟု အလွန်ဘဝင်မြင့်ခဲ့ပြီး ကျွန်တော်သည် အခြားသူများထက် ပို၍ တတ်စွမ်းနိုင်သည်ဟု ခံစားခဲ့ရသည်။ အချိန်ကြာလာသည့်အခါ ကျွန်တော်၏ညီအစ်ကိုမောင်နှမများသည် မည်သည့်ကိစ္စကိုမဆို ကျွန်တော်နှင့် အမြဲဆွေးနွေးခဲ့ကြပြီး ဘုရားသခင်ထံ ဆုတောင်းခြင်း သို့မဟုတ် သူ့အပေါ် ကိုးစားခြင်းကို အာရုံမစိုက်ကြတော့ပါ။ သို့သော်လည်း ကျွန်တော် လမ်းမှားပေါ်ရောက်နှင့်ပြီးဖြစ်သည်ကို သဘောမပေါက်ခဲ့သလို စိုးရိမ်မှုကို မခံစားခဲ့ရဘဲ၊ ယင်းကို ကျွန်တော် မွေ့လျော်ခဲ့သည်။ နောက်ဆုံးတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ကျွန်တော် လုံးဝဆုံးရှုံးခဲ့ရပြီး အမှန်တကယ် ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါ။ ကျွန်တော့်တာဝန်များမှ ကျွန်တော် ဖယ်ရှားခံခဲ့ရပြီး ဝိညာဉ်ရေးရာတွင် ဆင်ခြင်ရန်အတွက် ကျွန်တော့်ကို အိမ်သို့ ပြန်စေခဲ့သည်။ ဤရလဒ်ကို ရင်ဆိုင်ခဲ့ရသောအခါ ကျွန်တော်သည် အနက်ဆုံးသောတွင်းတစ်ခုထဲသို့ အလွန်အလျင်အမြန် ကျသကဲ့သို့ ဖြစ်ခဲ့သည်။ အပြင်းအထန် စိတ်ပျက်သော ခံစားချက်တစ်ခုကြောင့် ကျွန်တော့်၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေပြီး အားနည်းခဲ့ပြီး ကျွန်တော် မတွေးဘဲ မနေနိုင်ခဲ့ပါ။ ကျွန်တော်၏ တာဝန်ကို ပထမဆုံး စတင်လုပ်ဆောင်စဉ်အချိန်က အလွန်ဝမ်းမြောက်ခဲ့ရသည်။ ယခုတွင် ယင်းကဲ့သို့ ဂုဏ်သရေပျက်စွာဖြင့် ပြန်သွားရပါက ကျွန်တော်၏မိသားစုနှင့် ဇာတိမြို့ရှိ ညီအစ်ကိုမောင်နှမများကို မည်ကဲ့သို့ ရင်ဆိုင်နိုင်မည်နည်း။ ၎င်းတို့ ကျွန်တော့်ကို မည်သို့ ထင်ကြမည်နည်း။ ၎င်းတို့ ကျွန်တော့်ကို လှောင်ပြောင်ကြမည်၊ အထင်သေးကြမည်လော။ အခြားလူတို့၏ စိတ်ထဲရှိ ကျွန်တော်၏ ပုံရိပ်နှင့် အဆင့်အတန်းကို ဆုံးရှုံးရမည့်အကြောင်း ကျွန်တော် တွေးမိလျှင်တွေးမိချင်း ကျွန်တော်၏ဖြစ်တည်မှုတစ်ခုလုံး ပြိုလဲလုမတတ် မခံမရပ်နိုင်လောက်သော နာကျင်မှုတစ်ခုကို ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော်သည် ကိုယ့်ကိုယ်ကို မလွတ်မြောက်နိုင်သည့် အပျက်သဘောဆောင်မှုထဲ၌ အသက်ရှင်နေခဲ့သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် ဆက်လက်၍ မဖတ်ရှုနိုင်တော့ပါ။ ဤမချိမဆံ့ဝေဒနာအလယ်တွင် ကျွန်တော်သည် ဘုရားသခင်ထံ”အို ဘုရားသခင်။ ကျွန်တော် ယခု အလွန် အားနည်လာပြီး ကျွန်တော်၏ ဝိညာဉ်သည် မှောင်မိုက်ထဲ၌ ရှိပါ၏။ ကျွန်တော် လူစားလဲခံခဲ့ရသည့် အချက်ကို လက်မခံနိုင်ပါ။ ကျွန်တော်သည် အသင်းတော်၏အစီအစဉ်များကိုလည်း မနာခံလိုသော်လည်း ကိုယ်တော် ပြုသမျှသည် ကောင်းမွန်ကြောင်းနှင့် ကိုယ်တော်၏ စေတနာပါသော အလိုတော်ပါဝင်ကြောင်း ကျွန်တော် သိပါ၏။ ကိုယ်တော်၏ အလိုတော်ကို နားလည်စေရန် ကိုယ်တော် ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေပါ”ဟူ၍သာ ဆုတောင်းနိုင်ခဲ့သည်။ ဆုတောင်းပြီးနောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် ကျွန်တော့်ထံ ဉာဏ်အလင်းကို ဆောင်ယူလာခဲ့သည်၊ “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။...သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။...ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ထုတ်ဖော်ခဲ့သော တရားစီရင်ခြင်းသည် ကျွန်တော့်ကို ကြမ်းတမ်းသော နိုးထမှုတစ်ခုကိုပေးခဲ့ပြီး ထိုအချိန်က ဘုရားသခင်၏အမှုမှာ ကျွန်တော်၏ အမှားကို ကျွန်တော်သိနိုင်ပြီး နောက်ပြန်လှည့်နိုင်ကာ သမ္မာတရားကို လေ့လာလိုက်စားသည့် မှန်သော အသက်လမ်းကြောင်းအပေါ် စတင်လျှောက်လှမ်းရန်အလို့ငှာ အဆင့်အတန်းအပေါ် ကျွန်တော့်၏ တပ်မက်မှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဘုရားသခင်အပေါ် ကျွန်တော်၏ ယုံကြည်မှုထဲတွင် လမ်းမှားနောက်သို့ ကျွန်တော် လိုက်လျှောက်နေခဲ့ကြောင်းကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်စေရန်ဖြစ်ကြောင်း ကျွန်တော့်ကို နားလည်စေခဲ့ပါသည်။ ကျွန်တော်၏ တာဝန်ကို စတင် ထမ်းရွက်ခဲ့သည့် အချိန်ကို ပြန်တွေးကြည့်ပါက အဆင့်အတန်းရှိခဲ့စဉ်ကာလ၌ ကျွန်တော်သည် အလွန်အပြုသဘောဆောင်ခဲ့သည်။ ကျွန်တော်သည် လွန်ကဲစွာ ယုံကြည်စိတ်ချမှုရှိခဲ့ပြီး ဒုက္ခဆင်းရဲ သို့မဟုတ် အခက်အခဲများကို မကြောက်ရွံ့ခဲ့ပါ။ ကျွန်တော့်ကို တစ်စုံတစ်ဦးက ဆုံးမခြင်း သို့မဟုတ် ပြုပြင်ပေးခြင်းကို ကျွန်တော် ရင်ဆိုင်ခဲ့ရသည့်အခါ ၎င်းကို မခုခံခဲ့ပါ။ သို့သော်လည်း ကျွန်တော့်ကို သွားစေ၍ အိမ်ပြန်လာခဲ့ရသည့်အခါ ကျွန်တော်သည် ကျွန်တော်၏ အပျက်သဘောဆောင်ခြင်းထဲမှ ပြန်ရုန်းမထွက်နိုင်ခဲ့ပါ။ ကျွန်တော်၏ တာဝန်၌ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ကျွန်တော်၏ တပ်မက်မှုကို ဖြည့်ဆည်းရန်အလို့ငှာ မိမိကိုယ်ကို ဝါကြွားရန်နှင့် သက်သေပြရန် အရာခပ်သိမ်းကို ကျွန်တော်လုပ်ဆောင်ခဲ့သည်၊ ထို့အပြင် နာကျင်မှုတစ်စုံတစ်ရာကို မရှောင်ဘဲ ကျွန်တော် လုပ်ဆောင်ခဲ့ပြီး မိမိကိုယ်ကိုအသုံးခံခဲ့သည်၊ ညီအစ်ကိုမောင်နှမများ၏ တာဝန်များထဲ၌ ၎င်းတို့၏ အားနည်းချက်များကို ကျွန်တော် မြင်ခဲ့သောအခါ ၎င်းတို့ကို ကျွန်တော် မေတ္တာစိတ်ဖြင့် ကူညီပံ့ပိုးပေးခြင်းနှင့် ၎င်းတို့အား သမ္မာတရားကို ရှာဖွေရန် ဦးဆောင်လမ်းပြခြင်းမရှိခဲ့သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းပေးခဲ့ခြင်းမရှိဘဲ ယင်းအစား အထက်စီးမှနေ၍ ၎င်းတို့ကို ပြစ်တင်ဆုံးမခဲ့သည်။ အခြားသူများ ကျွန်တော့်ကို အထင်ကြီးလေးစားစေရန်နှင့် ကြည်ညိုစေရန် မိမိကိုယ်ကို ရည်ရွယ်ချက်ပါပါဖြင့်လည်း ချီးမြှောက်ခဲ့ပြီး မိမိကိုယ်ကို သက်သေခံခဲ့သည်၊ ထို့ပြင် မိမိကိုယ်ကို၏ရှေ့သို့် ညီအစ်ကိုမောင်နှမများကို ဦးဆောင်လမ်းပြခဲ့သည်။ အပေါ်ယံတွင် ကျွန်တော်သည် ကျွန်တော့်တာဝန်ကို လုပ်ဆောင်နေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် ကျွန်တော့်တာဝန်ကို လုပ်ဆောင်နေသည်ဟူသော ခေါင်းစဉ်အောက်တွင် ကျွန်တော့် ကိုယ်ပိုင်အလုပ်ထဲ၌ အလုပ်ရှုပ်နေခဲ့ပြီး ကျွန်တော့်၏ ပြင်းပြသော ရည်မှန်းချက်နှင့် အောင်မြင်လိုသောဆန္ဒကို ဖြည့်ဆည်းရန် နှင့် အခြားသူများ ကျွန်တော့်ကို အထင်ကြီးလေးစားစေရန်အတွက် ကျွန်တော့်တာဝန်ကို လုပ်ဆောင်ရန် အခွင့်အရေးကို အပြည့်အဝ အသုံးချနေခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော် မြင်တွေ့ခဲ့ရသည်။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ခဲ့ပါသည်၊ ကျွန်တော်သည် ဘုရားသခင်ကို အရှက်မရှိ အာခံနေခဲ့သည် မဟုတ်ပါလား။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံခဲ့ရသဖြင့် ကျွန်တော်တို့သည် ကိုယ်တော့်ကို ကိုးကွယ်ပြီး ကြည်ညိုလေးစားသင့်ပါသည်။ ကျွန်တော်တို့၏စိတ်နှလုံးများတွင် ဘုရားသခင်၏ အဆင့်အတန်းတစ်ခုတည်းသာ ရှိသင့်သော်လည်း ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသော၊ နိမ့်ကျသောသူတစ်ဦးဖြစ်သည့် ကျွန်တော်သည် အခြားသူများ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခုကို အမြဲ ရလိုခဲ့သည်။ဤသည်မှာ အလွန့်အလွန် မာနကြီးခြင်းပင် မဟုတ်ပါလား။ ဤသည်မှာ တရားလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်ဖီလာခြင်း မဟုတ်ပါလား။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ဆန့်ကျင်သော ပြင်းထန်သည့် ပုန်ကန်ပြစ်မှားခြင်းတစ်ခု မဟုတ်ပါလား။ ယင်းကို ကျွန်တော် တွေးမိသောအခါ ကျွန်တော့် ကိုယ်ပိုင်လုပ်ရပ်များအပေါ် ကြောက်ရွံ့ခြင်းဖြင့် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပါ။ ဘုရားသခင်၏စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည့်အပြင် လူသားမျိုးနွယ်၏ ပုန်ကန်ပြစ်မှားခြင်းများကို မသည်းခံပါ။ သူသည် ကျွန်တော့်ကို ဤကဲ့သို့ သူ့ကို မနာခံရန်နှင့် အာခံရန် မည်သို့ ခွင့်ပြုနိုင်မည်နည်း။ ထိုအခါမှသာ ကျွန်တော်၏ဖြစ်တည်ခြင်းကို လွှတ်ပေးခဲ့ခြင်းမှာ ဘုရားသခင်၏ ကြီးမားသော သည်းခံခြင်းနှင့် ကြီးမားသော ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်းကို ကျွန်တော် သဘောပေါက်ခဲ့သည်။ ထိုသို့မဟုတ်ပါက ကျွန်တော်သည် သူ့ကိုခုခံရန် နောက်ထပ် ပို၍ကြီးလေးသော အမှုအရာများကို ပြုမိခဲ့လိမ့်မည်ဖြစ်ပြီး ကျွန်တော့်ကို သူ ခွင့်မလွှတ်နိုင်သည့် အဆင့်အထိ ရောက်လာခဲ့ပါက ထိုအချိန်တွင် အလွန်နောက်ကျသွားလိမ့်မည် ဖြစ်သည်။ ထိုအရာကိုကျွန်တော် ပိုတွေးလေ ပို၍ ကြောက်လေ ဖြစ်ခဲ့ပြီး ဘုရားသခင်ထံ ကျွန်တော် အလွန်အကြွေးတင်နေကြောင်း ပို၍ ခံစားခဲ့ရသည်။”အို ဘုရားသခင်။ ကျွန်တော့်ရဲ့သဘာဝက အလွန်မာနထောင်လွှားပါတယ်၊ အလွန်ပေါ့ပြက်ပါတယ်။ ကျွန်တော့်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းရွက်နေတုန်းမှာ သမ္မာတရားကို ကျွန်တော် လေ့လာလိုက်စားခဲ့ခြင်း မရှိပါဘူး၊ ပြီးတော့ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်တော် မတွေးခဲ့ပါဘူး။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်တော် ဟိုဟို သည်သည် ပြေးလွှားနေရင်းနဲ့ အလုပ်ရှုပ်နေခဲ့တယ်၊ အသင်းတော်ထဲမှာ အောင်မြင်ဖို့အတွက် ကျွန်တော့်ရဲ့ စိတ်နှလုံးကို ပိုင်းဖြတ်ခဲ့ပြီး ကျွန်တော်ဟာ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းပါတယ်၊ ဒီတော့ ဒီပုံစံနဲ့ ကျွန်တော့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တဲ့အခါ ခလုတ်တိုက် မလဲဘဲ ဘယ်လို နေနိုင်မှာလဲ။ အကယ်လို့ ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ ကိုယ်တော့်ရဲ့ ဆုံးမခြင်းနဲ့ ပြုပြင်ခြင်း ကျွန်တော့်ထံ အချိန်မီ မရောက်လာခဲ့ရင် ကျွန်တော်ဟာ အန္တိခရစ်ရဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်နေဦးမှာ သေချာပါတယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ ကယ်တင်ခြင်းအတွက် ကျွန်တော့်ရဲ့ အခွင့်အရေးကို ဖျက်စီးမိခဲ့မှာဖြစ်ပါတယ်။ အို ဘုရားသခင်။ ကိုယ်တော့်ရဲ့ သနားခြင်းကရုဏာနဲ႔ ကျွန်တော့်ကို ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဒီနေ့ကစပြီးကျွန်တော့်ရဲ့ ရည်မှန်းချက်ပြင်းတဲ့ တပ်မက်မတွေကို စွန့်လွှတ်ဖို့နဲ့ သမ္မာတရားကို လေ့လာလိုက်စားဖို့အလိုရှိပြီး ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ ပြောင်းလဲခြင်းကို မကြာမီ ရဖို့ ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ပိုပြီး လက်ခံလိုပါတယ်” ဟူ၍ သူ့ရှေ့တွင် ကျွန်တော် ပြပ်ဝပ်ကာ ဆုမတောင်းဘဲ မနေနိုင်ခဲ့ပါ။ ဘုရားသခင်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြခြင်းသည် ကျွန်တော့်၏ အပျက်သဘောဆောင်ခြင်းထဲမှ ကျွန်တော့်ကို ဆွဲထုတ်ခဲ့ပြီး ကျွန်တော်၏ မာနထောင်လွှားသော သဘာဝနှင့် ဘုရားသခင်ကို ခုခံသော အနှစ်သာရအကြောင်း အနည်းငယ်သောအသိကို ရစေခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအကြောင်း အနည်းငယ်သော နားလည်မှုကိုလည်း ကျွန်တော်ရခဲ့ပြီး ကျွန်တော့် စိတ်နှလုံးထဲတွင် ကြီးမားသော လွတ်ငြိမ်းမှုတစ်ခုကို ခံစားခဲ့ရသည်။ ကျွန်တော့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသော မည်သည့် ပတ်ဝန်းကျင်တွင်မဆို သမ္မာတရားကို ကျွန်တော် ဆက်လက်ရှာဖွေရန်နှင့် သူ၏ အလိုတော်ကို ပို၍ နက်နက်နဲနဲ နားလည်ရန်လည်း အလိုရှိခဲ့သည်။

ထို့နောက်ပိုင်း ကျွန်တော်၏ လေ့လာလိုက်စားမှုများထဲတွင် ဘုရားသခင်ထံမှ နှုတ်ကပတ်တော်များမှ ဤကဲ့သို့ ဆိုထားကြောင်းကို မြင်တွေ့ခဲ့ရသည်၊ ”ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါ၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့)ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) လူသားမျိုးနွယ်သည် မှန်ကန်သည့် လေ့လာလိုက်စားသော လမ်းနှင့် မည်သည့်အရာမှာ လမ်းမှားဖြစ်ကြောင်းကို နားလည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အလိုတော်နှင့် သတ်မှတ်ချက်များမှာ အဘယ်အရာများ ဖြစ်ကြောင်းကို နှုတ်ကပတ်တော်များက လူတို့ကို အပြည့်အဝ ရှင်းရှင်းလင်းလင်းနှင့် နားလည်နိုင်လောက်အောင် ပြောပြခဲ့နှင့်ပြီ ဖြစ်သည်။ ကျွန်တော်သည် ထိုအချိန်က ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အရာခပ်သိမ်း၏ အထက်တွင် ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ ဘုရားသခင်သည် တစ်စုံတစ်ဦး၏ အဆင့်အတန်း မည်မျှမြင့်ကြောင်း၊ ၎င်းတို့ မည်သို့ ဝါရင့်ကြောင်း၊ သို့မဟုတ် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုအတွက် ၎င်းတို့ မည်မျှ ဒုက္ခဆင်းရဲခံခဲ့ရကြောင်းကို မကြည့်ခဲ့ပါ။ ၎င်းတို့သည် သမ္မာတရားကို လေ့လာလိုက်စားပြီး ဘုရားသခင်အကြောင်း စစ်မှန်သော နားလည်မှု ရှိမရှိကို သူ ကြည့်ခဲ့သည်။ မြင့်မားသော အဆင့်အတန်းတစ်ခု မရှဘဲ သမ္မာတရားရှိသောသူများသည်လည်း သူ၏ ချီးမွမ်းခြင်းကို ခံနိုင်သော်လည်း မြင့်မားသော အရိုက်အရာ ရှိပြီး သမ္မာတရားမရှိသောသူများမှာ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသောသူများ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။ အဆင့်အတန်းသည် လူတစ်ဦး၏ ကံကြမ္မာကို အဆုံးအဖြတ်မပေးနိုင်သည့်အပြင် ၎င်းမှာ ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်ခြင်း၌ တစ်စုံတစ်ဦး၏ ကယ်တင်ခြင်း သင်္ကေတတစ်ခု မဟုတ်ပါ။ ၎င်းမှာ အထူးသဖြင့် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံပြီးသောသူ တစ်စုံတစ်ဦး၏ အမှတ်အသားတစ်ခု မဟုတ်ပါ။ သို့သော်လည်း ကျွန်တော်သည် ကျွန်တော်၏ တန်ဖိုးကို တိုင်းတာရန် ကျွန်တော်၏ အရိုက်အရာကို အမြဲ အသုံးပြုခဲ့ပြီး အခြားသူများ၏ အထင်ကြီးလေးစားခြင်းနှင့် ကြည်ညိုခြင်းကို ခံရခြင်းမှာ ကျွန်တော်၏ အကြီးမားဆုံး သာယာမှု ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေခဲ့သည် မဟုတ်ပါလား။ ဘုရားသခင်ကို ဤပုံစံဖြင့် ယုံကြည်ခြင်းမှာ အချည်းနှီးသက်သက် ဖြစ်ခဲ့သည်မဟုတ်လား။ ကျွန်တော်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်မဟုတ်သည့်အပြင် အဆုံးတွင် ကျွန်တော်၏ မကောင်းသော အကျင့်စရိုက်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံစားခဲ့ရလိမ့်မည် ဖြစ်သည်။ ကျွန်တော့်ကို သမ္မာတရားထဲ ဝင်ရောက်စေရန်၊ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရှာဖွေနိုင်ရန်၊ ဘုရားသခင်ကို နာခံခြင်းနှင့် ချစ်ခြင်းကို ရှာဖွေရန် နှင့် အဆုံးတွင် သူ၏ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းသို့ ရောက်စေခြင်းကို ခံရရန် ဘုရားသခင်က ကျွန်တော့်ကို တာဝန်တစ်ခု ပေးခဲ့သည်။ ဤအရာသည်သာ မှန်သော လမ်းကြောင်း ဖြစ်ခဲ့သည်။ ဤအရာအားလုံးကို နားလည်ပြီးနောက်တွင် ကျွန်တော်၏ စိတ်နှလုံးသည် ဘုရားသခင်အပေါ် ကျေးဇူးတင်ခြင်းနှင့် ပြည့်နှက်ခဲ့သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရှာဖွေခြင်း၏ အန္တရာယ်နှင့် အကျိုးဆက်များကို နောက်ဆုံးတွင် ကျွန်တော့်ကို ရှင်းလင်းစွာ မြင်စေရင်း လွှဲမှားသော လမ်းကြောင်းမှ ကျွန်တော့်ကို ပြန်ဆွဲခေါ်ခဲ့ပြီး သူ၏ အလိုတော်ကို နားလည်စေသည့် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကျေးဇူးတင်ပါသည်။ ထို့နောက်တွင်မှ ကျွန်တော် အချိန်မီ နိုးထကာ နောက်ပြန်လှည့်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအတွေ့အကြုံမှတဆင့် လေ့လာလိုက်စားမှုအပေါ် ကျွန်တော့်၏ မှားယွင်းသောအမြင်များကိုသာမက ဘုရားသခင်၏ သနားကြင်နာသော ရည်ရွယ်ချက်များအကြောင်း အနည်းငယ်သော အသိရခဲ့ပြီး ကျွန်တော့်၏အခြေအနေ နောက်ထပ်တဖန် နလန်ထူလာခဲ့သည်။ ကျွန်တော်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန် စိတ်အားထက်သန်စွာဖြင့် တဖန် စတင်လုပ်ဆောင်ခဲ့သည်။

၂၀၀၄ ခုနှစ်၊ ဇူလိုင်လတွင် ဝေးလံသော တောင်ပေါ်ဒေသတစ်ခုသို့ ကျွန်တော်သွားရောက်ခဲ့ပြီး ဧဝံဂလိအလုပ်ကို တာဝန်ယူဆောင်ရွက်ရန် ညီအစ်ကိုတစ်ဦးနှင့် လက်တွဲလုပ်ဆောင်ခဲ့သည်။ တကယ့်အစပိုင်းတွင် ကျွန်တော်၏ ယခင်က ကျရှုံးခြင်းများကို သင်ခန်းစာများအဖြစ် စိတ်ထဲ၌ မှတ်သားခဲ့သည်။ ဂုဏ်သတင်း သို့မဟုတ် အဆင့်အတန်းကို မရှာဖွေဘဲ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ကျွန်တော့်၏တာဝန်ကို ရိုးသားစွာဖြင့် ကျေပွန်အောင် ထမ်းဆောင်ရန် မိမိကိုယ်ကို ကျွန်တော်အကြိမ်ကြိမ် သတိပေးခဲ့သောကြောင့် ကျွန်တော် နားမလည်သော သို့မဟုတ် မရှင်းသော ကိစ္စများရှိသည့်အခါ ကျွန်တော်သည် မိမိကိုယ်ကို ဘေးချိတ်ကာ မိတ်သဟာယဖွဲ့ရန်၊ ဆွေးနွေးရန်နှင့် ၎င်းကို ဖြေရှင်းရန်အတွက် ကျွန်တော်၏ ညီအစ်ကိုထံမှ အကြံဉာဏ်ကို တက်ကြွစွာ တောင်းခံခဲ့သည်။ သို့သော် ကျွန်တော်၏ အလုပ်သည် ပို၍ပို၍ အကျိုး ဖြစ်ထွန်းလာသည်နှင့်အမျှ ကျွန်တော်၏ မာနထောင်လွှားသော သဘာဝသည် နောက်ထပ်တဖန် ခေါင်းထောင်လာခဲ့ပြီး ကျွန်တော်သည် ကျွန်တော်၏ ပုံရိပ်နှင့် အဆင့်အတန်းကို တဖန် စတင်ကာ အာရုံစိုက်ခဲ့သည်။ တစ်ကြိမ်တွင် အစည်းအဝေးတစ်ခု ပြုလုပ်စဉ် ဒေသခံဧဝံဂလိအဖွဲ့ထဲမှ ညီအစ်ကိုတစ်ဦးက ကျွန်တော့်အား”ညီအစ်ကို ဒီနေရာကို ရောက်လာပြီး နောက်ထပ် ယုံကြည်သူများကို ကျွန်တော်တို့ ပြောင်းလဲပေးနိုင်ခဲ့လို့ ကျေးဇူးတင်တယ်...” ဟူ၍ ဝမ်းမြောက်စွာ ပြောခဲ့သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရလဒ်ကြောင့် ဖြစ်သည်ဟု ကျွန်တော်၏ ပါးစပ်ကဆိုခဲ့သော်လည်း ကျွန်တော်၏ စိတ်နှလုံးထဲတွင် ကျွန်တော်သည် မိမိကိုယ်ကို အလွန်အားရကျေနပ်ခဲ့သည်။ အစည်းအဝေးပြီးနောက် ကျွန်တော့်ကို ဧည့်ခံကျွေးမွေးသော မိသားစုနေအိမ်သို့ ကျွန်တော် ပြန်လာခဲ့သည်၊ ကျွန်တော့် အိပ်ယာပေါ်တွင် ကျွန်တော် ထိုင်ကာ စိတ်ထဲတွင် ထိုအချိန်အတောအတွင်း ကျွန်တော်၏တာဝန်ကို လုပ်ဆောင်ခဲ့သည့် မြင်ကွင်းတစ်ခုချင်းစီကို ပြန်မြင်ယောင်ခဲ့သည်။ ကျွန်တော်သည် မိမိကိုယ်ကို ဂုဏ်ယူဝမ်းမြောက်ခြင်း မရှိဘဲ မနေနိုင် ဖြစ်ခဲ့ပြီး၊ ကျွန်တော်သည် ဤအလုပ်၌ အမှန်တကယ် အစွမ်းအစ ရှိပုံရသည်ဟု တွေးနေမိခဲ့သည်။ ကျွန်တော် ဆက်လက် ကြိုးစားလုပ်ဆောင်သရွေ့ ကျိန်းသေပေါက် ထပ်မံ ရာထူးတိုး်ခံရနိုင်သည်။ ကျွန်တော်သည် ထိုအချိန်က မိမိကိုယ်ကို သူရဲကောင်းတစ်ဦးအဖြစ် လုံးလုံးလျားလျား ထင်မြင်ခဲ့ပြီး ဘုရားသခင်၏ အဆင့်အတန်းကကျွန်တော်၏ စိတ်နှလုံးထဲမှ ပျောက်ကွယ်နှင့်ပြီး ဖြစ်သည်။ ယင်းနောက်ပိုင်း ကျွန်တော်၏ တာဝန်ကို ထမ်းရွက်သည့်အခါ ကျွန်တော်သည် အဆင့်အတန်းအတွက် စတင်ကာ ယှဉ်ပြိုင်ခဲ့ပြီး ကျွန်တော်၏ လုပ်ဖော်ဆောင်ဖက်များနှင့် ရာထူးချင်း နှိုင်းယှဉ်ခဲ့သည်။ ကျွန်တော်သည် ကျွန်တော်၏ ညီအစ်ကိုမောင်နှမများရှေ့တွင် ကျွန်တော်တို့၏ အလုပ်မှ ရလဒ်တစ်စုံတစ်ရာမှာ ကျွန်တော်၏ ကြိုးပမ်းမှုများကြောင့်သာ ဖြစ်သည့်အလား စတင်ကာ ပေါ်တင်ဝါကြွားလာခဲ့သည်။ ကျွန်တော်သည် ချောက်နက်ထဲသို့ တစ်ကြိမ်လျှင် တစ်လှမ်းချင်း တဖန်လျှောကျနေခဲ့သည့်အနည်းတူ ဘုရားသခင်သည် ကျွန်တော့်ထံ နောက်ထပ်တဖန် ကယ်တင်ခြင်းလက် ကမ်းခဲ့သည်။ တစ်ခုသော ညနေခင်းတွင် ကျွန်တော်သည် ပြင်းထန်သော တုပ်ကွေးကြောင့် ရုတ်တရက် ဗုန်းဗုန်းလဲခဲ့သည်။ ကျွန်တော်၏ ကိုယ်အပူချိန်မှာ ၃၉ ဒီဂရီဆဲလ်စီယပ်အထိ တက်ခဲ့ပြီး ရက်အနည်းငယ်ကြာ ဆေးသောက်ပြီးသော်လည်း ကျွန်တော် သက်သာလာခဲ့ခြင်း မရှိပါ။ ဆေးတစ်လုံးသွင်းရန် ဆေးရုံသို့ ကျွန်တော်သွားခဲ့သော်လည်း ကျွန်တော်၏ အခြေအနေမှာ မတိုးတက်လာဘဲ ပို၍ဆိုးရွားလာခဲ့သည်။ ကျွန်တော် မည်သည့်အရာကိုမျှ မမြိုချနိုင်ခဲ့ပါ၊ ရေပင် မသောက်နိုင်ခဲ့ပါ။ နောက်ဆုံးတွင် ကျွန်တော် အိပ်ယာထဲလဲခဲ့ပြီး သေလုမျောပါး ခံစားခဲ့ရသည်။ ထိုနာမကျန်းဖြစ်ခြင်း၏ နှိပ်စက်ညှဉ်းပန်းမှုအောက်တွင် နောက်နေ့ မည်ကဲ့သို့ အရိုက်အရာမျိုး ရမည့်အကြောင်းကို ကျွန်တော် မတွေးတော့ပါ။ ကျွန်တော် အလျင်အမြန် ဒူးထောက်ကာ”အို ဘုရားသခင်။ ကျွန်တော့်အပေါ် ကျရောက်တဲ့ ဒီဖျားနာခြင်းက ကိုယ်တော့်ရဲ့ ကောင်းမြတ်တဲ့ အလိုတော်နဲ့ကိုယ်တော့်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ဖြစ်ပါတယ်။ ကိုယ်တော့်ကို ကျွန်တော် အထင်လွှဲတာ ဒါမှမဟုတ် အပြစ်တင်တာ ကျွန်တော် မပြုလိုပါဘူး။ ကျွန်တော့်ကို နောက်ထပ်တစ်ကြိမ် အသိဉာဏ်ပွင့်လင်းစေပြီး အလင်းပေးဖို့ပဲ ကျွန်တော် တောင်းလျှောက်ပါတယ်။ အဲဒါမှပဲ ကိုယ်တော့်ရဲ့ အလိုတော်ကို ကျွန်တော် နားလည်နိုင်ပြီး ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ပိုနက်နက်နဲနဲ နားလည်နိုင်မှာဖြစ်ပါတယ်” ဟု ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးနောက် ကျွန်တော်၏ စိတ်နှလုံးသည် အလွန် ငြိမ်သက်ခြင်း ရခဲ့သည်။ ထိုအချိန်တွင်ပင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များ ကျွန်တော်ထံ ရုတ်တရက် ရောက်လာခဲ့သည်၊ “သင်တို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် သဘာဝသည် သင်တို့၏ ကိုယ်ပိုင်အသိစိတ်များကို သစ္စာဖောက်ရန်၊ ခရစ်တော်ကို ပုန်ကန်ပြီး ခုခံမိစေရန်နှင့်၊ သင်တို့၏အကျည်းတန်မှုကို ထုတ်ဖော်ပြသရန်၊ ထိုသို့ဖြင့် သင်တို့၏ရည်ရွယ်ချက်များ၊ အယူအဆများ၊ လွန်ကျူးသော အလိုဆန္ဒများနှင့် လောဘနှင့်ပြည့်သော မျက်လုံးများကို ဖော်ထုတ်ဖို့ တိုက်တွန်းလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော) ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော် တစ်လုံးချင်းသည် ကျွန်တော့်စိတ်နှလုံးကို ဓားတစ်ချောင်းကဲ့သို့ ထိုးဖောက်ခဲ့သည်။ ၎င်းတို့သည် ကျွန်တော့်၏ ချက်ကောင်းကို ထိမှန်ခဲ့သည်။ ကျွန်တော် ထုတ်ဖော်ခဲ့ပြီးသော မာနထောင်လွှားခြင်း၏ အကျည်းတန်မႈ အမျိုးအစားတစ်ခုချင်း ကျွန်တော့် စိတ်ထဲသို့ အလွန်ရှင်းရှင်းလင်းလင်း ရောက်လာခဲ့သည်။ ကျွန်တော့်၏စိတ်နှလုံး နာကျင်ခဲ့ပြီး အတိုင်းမသိ စိတ်ကသိကအောက်ဖြစ်ကာ အရှက်ရခဲ့သည်။ ဘုရားသခင်ကို အမြဲ ရိုးသားစွာ နာခံပြီး မကိုးကွယ်နိုင်ဖို့ရန်အလို့ငှာ ကျွန်တော့် အသိစိတ်၏ မူလအလုပ်ကို ဆုံးရှုံးစေခဲ့သည်မှာ ကျွန်တော့်၏ မာနထောင်လွှားသော သဘာဝဖြစ်ကြောင်း ထိုအခါမှ ကျွန်တော် ရှင်းလင်းစွာ မြင်ခဲ့ရသည်။ ဤအရာသည် ကျွန်တော့်အား ပြင်းပြသော ရည်မှန်းချက်နှင့် တပ်မက်မှုကို အမြဲ ထားသိုစေခဲ့ပြီး အခွင့်အရေး အနည်းငယ် ကျွန်တော် ရသည်နှင့် အဆင့်အတန်းနောက် လိုက်ပြီး မိမိကိုယ်ကို ကြွားလို၍ အခြားသူများကို ဖိနှိပ်လိုခဲ့သည်။ ကျွန်တော်သည် ကောင်းစွာပြုမူနေထိုင်သူတစ်ဦး မဖြစ်နိုင်ခဲ့ပါ။ ကျွန်တော့် အလုပ်၏ မည်သည့်အသီးအပွင့်များမဆို သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုအပေါ် မူတည်သည်မှာ ရှင်းပါသည်။ ၎င်းမှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်ခဲ့သည်။ သို့သော်လည်း ကျွန်တော်သည် ဘုရားသခင်၏ ဘုန်းအသရေကို အရှက်မရှိ ခိုးယူခဲ့ပြီး၊ မိမိကိုယ်ကို ချီးမြှောက်ရန် အခွင့်အရေးကို အပြည့်အဝအသုံးချခဲ့ကာ ကျွန်တော့် ညီအစ်ကိုမောင်နှမများက အထင်ကြီးလေးစား၍ ကိုးကွယ်နေသည်ကို သာယာကြည်နူးခဲ့သည်။ ကျွန်တော် အလွန်မာနထောင်လွှားလာခဲ့သဖြင့် ကျွန်တော်၏ ဆင်ခြင်တုံတရား ပျောက်ဆုံးခဲ့သည်။ ထိုအခါမှသာ ကျွန်တော်၏ မာနထောင်လွှားသော ဤသဘာဝမှာ ဘုရားသခင်ကို ကျွန်တော့်၏ ခုခံခြင်း အရင်းအမြစ် ဧကန်အမှန် ဖြစ်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့သည်။ အကယ်၍ ၎င်းကို ကျွန်တော် မဖြေရှင်းခဲ့ပါက ကျွန်တော့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်အတွက် ဘုရားသခင်အပေါ် နာခံခြင်း သို့မဟုတ် အလေးထားခြင်းကို မည်သည့်အခါမျှ ရမည်မဟုတ်ပါ။

ဘုရားသခင်၏ လမ်းပြမှုအောက်တွင် သူ၏ နှုတ်ကပတ်တော်များကို ကျွန်တော် နောက်ထပ်တဖန် ဆင်ခြင်မိခဲ့သည်၊ “လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ ‘ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်’ ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်အတွက် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်း လမ်းကြောင်းကို ညွှန်ပြခဲ့ပြီး အကယ်၍ ကျွန်တော်၏ နာမည်ဂုဏ်သတင်းနှင့် အရိုက်အရာအကြောင်း အတွေးများကို အကုန်အစင် စွန့်လွှတ်လိုပါက ကျွန်တော်၏ သဘာဝကို သိရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ကျွန်တော်သည် မည်မျှ နိမ့်ကျကြောင်း၊ အရေးမပါကြောင်းနှင့် အသုံးမကျကြောင်းကို စစ်မှန်စွာ မြင်နိုင်သောအခါ ကျွန်တော် ဆက်၍ မာနထောင်လွှားလိမ့်မည်မဟုတ်ပါ။ ထိုအချိန် ရောက်သောအခါ ကျွန်တော်သည် ခပ်လျှိုလျှိုနေသော လူတစ်ဦး ဖြစ်နိုင်လိမ့်မည်ဖြစ်၍ ကျွန်တော့် ခြေနှစ်ဖက်ကို မြေကြီးပေါ်တွင် မြဲမြံစွာ ရပ်တညလျက် သမ္မာတရားကို လေ့လာလိုက်စားနိုင်လိမ့်မည် ဖြစ်သည်။ အမှန်အားဖြင့် ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဤထိုးနှက်ချက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ဘုရားသခင် စီမံခန့်ခွဲနေခြင်းမှာ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ မွေးရာပါ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းအကြောင်း စစ်မှန်သော နားလည်မှုတစ်ခု ရှိစေရန်အတွက် ဖြစ်ခဲ့သည်။ ၎င်းမှာ ကျွန်တော်သည် ဘုရားသခင်၏ ရှေ့တွင် မိမိကိုယ်ကို သိရှိခြင်း ရှိစေရန်၊ ကျွန်တော့်၏ကိုယ်ပိုင် ဝိညာဉ်ဆင်းရဲခြင်း၊ ကျွန်တော်၏ အချည်းနှီးဖြစ်ခြင်းကို သတိပြုမိစေရန် ဖြစ်ခဲ့သည်။ ကျွန်တော် လိုအပ်ခဲ့သောအရာမှာ သမ္မာတရား၊ ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ကြောင်း ထိုအရာက သိစေခဲ့သည်၊ ထိုမှ ကျွန်တော်သည် ဘုရားသခင်ရှေ့တွင် ပြပ်ဝပ်နိုင်ပြီး ကောင်းစွာပြုမူနေထိုင်သူတစ်ဦး ဖြစ်နိုင်မည်။ ယင်းမှာ ကျွန်တော်ဘုရားသခင်ကို ကျေနပ်စေရန်နှင့် ကိုယ်တော်၏ စိတ်နှလုံးကို မနာကျင်စေ ရင်းဖြင့် အဆင့်အတန်းနောက် ဆက်မလိုက်ဘဲ ကျွန်တော့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန်အလို့ငှာ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်၏ လမ်းပြမှုအောက်တွင် ကျွန်တော့်၌ ရှေ့ဆက်မည့် လမ်းတစ်ခုသာမက သမ္မာတရားကို လေ့လာလိုက်စားရန် ယုံကြည်စိတ်ချခြင်းရှိခဲ့သည်။ ကျွန်တော်သည် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ကျွန်တော်၏ မာနထောင်လွှားသော သဘောဝက် နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သော်လည်း ကျွန်တော်သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို လက်ခံနိုင်သည့် ကာလပတ်လုံး၊ ထိုအရာအားဖြင့် ကျွန်တော်၏ သဘာဝနှင့် အနှစ်သာရကို သိလာပြီး သမ္မာတရားကို မမောနိုင်မပန်းနိုင် လေ့လာလိုက်စားသရွေ့ ကျွန်တော်သည် နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်း၏ ချည်နှောင်မှုများနှင့် ဒုက္ခဝေဒနာကို သေချာပေါက် စွန့်ပယ်နိုင်ပြီး ကယ်တင်ခံရမည့်၊ စုံလင်ခြင်းသို့ ရောက်စေမည့် လမ်းကြောင်းထဲ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဘုရားသခင်ထံ ကျွန်တော် ပြန်လှည့်ပြီးသောအခါ နှစ်ရက်အတွင်း ကျွန်တော်၏ ဖျားနာခြင်းမှ ပြန်လည်သက်သာလာခဲ့သည်။ သူသည် ထိုဖျားနာခြင်းကို ကျွန်တော့်ကို ဆုံးမပဲ့ပြင်ရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်းကို ဤအရာက ကျွန်တော့်ကို ပို၍ သဘောပေါက်စေခဲ့သည်။ ၎င်းမှာ ကျွန်တော့်ကို တမင်တကာ ဒုက္ခဆင်းရဲခံစေဖို့ မဟုတ်သည့်အပြင် ၎င်းထဲ၌ အပြစ်ဒဏ်ပေးခြင်း တစ်ခုတစ်လေမျှ မရှိခဲ့ပါ၊ ၎င်းမှာ ကျွန်တော့်၏ ထုံထိုင်းနေသော စိတ်နှလုံးကို နိုးထစေရန်၊ ကျွန်တော့်၏ မှားယွင်းသော လေ့လာလိုက်စားမှုများကို အမြန်ဆုံး လက်လွှတ်စေရန်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သောလမ်းကြောင်းပေါ်တွင် ခြေလှမ်းစေရန် ဖြစ်ခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် လွန်စွာ စိတ်လှုပ်ရှားပြီး အံ့အားသင့်ခဲ့ရသည်။ ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ကျွန်တော် ရိုးသားစွာ ဆက်ကပ်ခဲ့ပါသည်။

ကျွန်တော့်၏ ဖျားနာခြင်းမှ ပြန်လည် သက်သာလာခဲ့ပြီးနောက် ကျွန်တော်သည် အလုပ်ထဲ၌ စိတ်အားထက်သန်စွာဖြင့် နောက်ထပ်တဖန် စတင်လုပ်ဆောင်ခဲ့သည်။ နာမည်ဂုဏ်သတင်း သို့မဟုတ် အဆင့်အတန်းနှင့် ပတ်သက်သည့် တစ်စုံတစ်ရာကို ကျွန်တော် ကြုံတွေ့သည့်အခါ ဘုရားသခင်အတွက် ကျွန်တော် သေချာပေါက် သက်သေရပ်တည်မည်ဟု ကျွန်တော့် စိတ်နှလုံးထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ခဲ့သည်။ လအနည်းငယ် ကြားခဲ့ပြီးနောက် အခြားသော ဧဝံဂလိအဖွဲ့သည် ရလဒ်ကောင်းများကို ရရှိနေခဲ့ပြီး ဘုရားသခင်၏ အံ့သြဖွယ်ရာ လုပ်ဆောင်ချက်အချို့ကို တွေ့ကြုံခဲ့ပြီးကြောင်းနှင့် ၎င်းတို့၏အောင်မြင်သော အတွေ့အကြံများနှင့် ၎င်းတို့၏လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ပေါင်းရုံးခဲ့ပြီးကြောင်းကို ကျွန်တော် ကြားသိခဲ့ရသည်။ သို့သော်လည်း ကျွန်တော် တာဝန်ယူခဲ့သည့် အလုပ်မှာ ကျဆင်းလာခဲ့သည်။ ကျွန်တော့် ညီအစ်ကိုမောင်နှမများ၏ မျက်နှာများပေါ်တွင် စိတ်ပျက်ခြင်းကို ကျွန်တော် မြင်တွေ့ရသောအခါ၊ အထူးသဖြင့် ညီအစ်မတစ်ဦးက”ကျွန်မတို့ ဘုရားသခင်ဆီကနေ ဒီလောက် ကြီးမားတဲ့ ကယ်တင်ခြင်းကို အခု ခံစားကြရပေမယ့် သူ့ရဲ့ အမှုအတွက် ကျွန်မတို့ သက်သေမခံနိုင်ကြဘူး။ ကျွန်မတို့က သူ့အပေါ် အမှန်တကယ် အကြွေးတင်နေတာပဲ” ဟု ပြောခဲ့ပြီး အယောက်တိုင်းက မငိုဘဲ မနေနိုင် ဖြစ်ခဲ့ကြသည်ကို ကျွန်တော် ကြားသောအခါ ကျွန်တော်၏ စိတ်နှလုံး လွန်စွာနာကျင်ခဲ့ရသည်။ ထို အကျပ်အတည်းထဲမှ မည်ကဲ့သို့ ထွက်မြောက်ရမည်ကို ကျွန်တော် မသိခဲ့ဘဲ”အို ဘုရားသခင်။ ကျွန်တော်တို့ အားလုံးက လက်တွေ့ကျတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ အားနည်းကြပါတယ်၊ ဒါပေမယ့် ဒီအရာဟာ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို စမ်းသပ်နေတာ၊ ကျွန်တော်တို့ရဲ့ အလေးထားမှုကို စစ်ဆေးနေတာ ဖြစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ ဝိညာဉ်အသက်တာက အလွန် သေးငယ်ပြီး ကျွန်တော်အဲဒီဝန်ကို တကယ် မခံနိုင်ပါဘူး။ကိုယ်တော့်ရဲ့ အလိုတော်ကို နားလည်စေဖို့ ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေဖို့် ကိုယ်တော့်ကို ကျွန်တော် အသနားခံပါတယ်။ ကိုယ်တော့်ရဲ့ လမ်းပြမှုနဲ့အညီ ကျွန်တော် လုပ်ဆောင်လိုပါတယ်” ဟု ဘုရားသခင်ထံ ထပ်ခါတလဲလဲ ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးသောအခါ အတွေးတစ်ခု ကျွန်တော့်ဆီရုတ်ခြည်း ပေါ်လာခဲ့သည်။ ကျွန်တော်သည် လုပ်ဖော်ဆောင်ဖက်ကို ကျွန်တော်တို့နှင့်အတူ မိတ်သဟာယဖွဲ့ရန် ဖတ်ခေါ်သင့်ပြီး ထိုသို့အားဖြင့် ကျွန်တော်တို့သည် သူ၏ အားသာချက်များနှင့် အတွေ့အကြုံအချို့ကို ယူနိုင်မည်ဖြစ်သည်။ ထိုနည်းအားဖြင့် ညီအစ်ကိုမောင်နှမများသည်လည်း အသိဉာဏ် ပွင့်လင်းစေခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုကို မွေ့လျော်ခံစားနိုင်လိမ့်မည် ဖြစ်၍ ရလဒ်ကောင်းများရရန် ဧဝံဂလိကို မည်ကဲ့သို့ ဟောပြောရမည်ကို သိနိုင်မည် ဖြစ်သည်။ ဤခံယူချက်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းမှ လာခဲ့ခြင်း ဖြစ်သော်လည်း ကျွန်တော်၏ စိတ်နှလုံးထဲ၌ ဒွိဟများ ရှိနေဆဲဖြစ်သည်။ ကျွန်တော်သည် ထိုညီအစ်ကိုထက် နည်းလမ်းတိုင်းတွင် ပို၍ကောင်းမွန်သော အလုပ်ရလဒ်များကို ရရှိခဲ့ဖူးပြီး အစည်းအဝေးများတွင် ကျွန်တော်သည် သူ့ကို အမြဲ အထင်သေးခဲ့သော်လည်း ယခုအခါ သူ၏ လုပ်ဆောင်ချက်သည် ကျွန်တော့်ထက် ပိုသာနေသည်ဟု ကျွန်တော် ဆင်ခြင်မိခဲ့သည်။ အကယ်၍ ယခုအခါ ကျွန်တော် ကြံရာမရဖြစ်နေပြီး အရှက်ရသည့်ပုံကို သူ မြင်ပါက သူ ကျွန်တော့်ကို လှောင်မည်လား။ ညီအစ်ကိုမောင်နှမများက ကျွန်တော့်ကို အထင်သေးကြမည်လား။...ကျွန်တော့် မျက်နှာကို အဖတ်ဆယ်ရမည်လား...ကျွန်တော် ဆက်တိုက် တွေးတောခဲ့ပြီး ကျွန်တော်၏ နာမည်နှင့် အဆင့်အတန်း၏ ခံယူချက်ကို လက်မလွှတ်နိုင်ခဲ့သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် ဘုရားသခင်၏ အရေးတကြီးဖြစ်သော အလိုတော်နှင့် ကျွန်တော့်၏ ညီအစ်ကိုမောင်နှမများ၌ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် လမ်းပြမှုနှင့် ခေါင်းဆောင်မှု မရှိကြောင်းကို ကျွန်တော် တွေးမိသည်နှင့်တစ်ပြိုင်နက် ကျွန်တော့်၏ စိတ်နှလုံးအတွင်း ပြစ်တင်ဆုံးမခြင်းကို ခံခဲ့ရသည်။ ကျွန်တော် ဝေခွဲမရ ဖြစ်နေစဉ်တွင် ဘုရားသခင်ထံမှ ဤ နှုတ်ကပတ်တော်များသည် ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေခဲ့သည်။ “သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်မလုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။ စုံလင်စေခြင်းလမ်းကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအား သင်၏နာခံမှုအားဖြင့် ရောက်ရှိလေသည်။ ဘုရားသခင်က မည်သည့်လူအမျိုးအစားအားဖြင့် သင့်ကို စုံလင်စေမည်ကိုလည်းကောင်း၊ သူက မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့် သင့်အား အမှုအရာများကို ရရှိခွင့်ပြုမည် သို့မဟုတ် မြင်ခွင့်ပြုမည်ကိုလည်းကောင်း သင်မသိချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) ဘုရားနှုတ်ကပတ်တော်များ၏ ဦးဆောင်မှုအောက်တွင် သူ၏ အလိုတော်ကို ကျွန်တော် နားလည်ခဲ့ပြီး လူတို့ကို ဦးဆောင်လမ်းပြရန်နှင့် စုံလင်ခြင်းသို့ ရောက်စေရန်အတွက် သန့်ရှင်းသောဝိညာဉ်တော် မည်ကဲ့သို့ အမှုပြုကြောင်း အသိအနည်းငယ်ကို ရရှိခဲ့သည်။ ဘုရားသခင်၏ အမှု နှင့် ဘုရားသခင်၏ ဉာဏ်ပညာသည် အံ့သြဖွယ်ဖြစ်ပြီး ဉာဏ်ဖြင့်စဉ်းစား၍ မမီနိုင်ဟု ကျွန်တော် သဘောပေါက်ခဲ့သည်။ သူ၏ အလိုတော်ကို နားလည်စေရန် မည်သည့်လူအမျိုးအစား သို့မဟုတ် မည်သည့်အရာတို့အားဖြင့် ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေပြီး ဦးဆောင်လမ်းပြမည်ကို ကျွန်တော် မသိသည့်အပြင် မည်သည့် ပတ်ဝန်းကျင် အမျိုးအစားအားဖြင့် ကျွန်တော်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းမည်ကို ကျွန်တော် မသိပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို နာခံရန် ကျွန်တော် လေ့လာသင်ယူရမည် ဖြစ်ပြီး တစ်စုံတစ်ဦး၏ အဆင့်အတန်းမည်မျှ မြင့်မားသည်ဖြစ်စေ သို့မဟုတ် နိမ့်ကျသည် ဖြစ်စေ၊ ၎င်းတို့၏ အသက်အရွယ် မည်မျှ ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို ၎င်းတို့ မည်မျှကြာကြာ ယုံကြည်ခဲ့ပြီးပါစေ၊ ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီသရွေ့ ၎င်းမှာ ဘုရားသခင်၏ လက်ရှိ အလိုတော်ပင် ဖြစ်ပြီး ၎င်းက် လက်တွေ့ကျသော လမ်းကြောင်းကို ညွှန်ပြနိုင်သည်၊ ၎င်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းမှ လာခြင်းဖြစ်သည်။ ကျွန်တော် လက်ခံရမည်၊ နာခံပြီး လက်တွေ့လုပ်ဆောင်ရမည်၊ ဤသည်မှာ ကျွန်တော်၌ ရှိသင့်သော လူ့သဘာဝနှင့် ဆင်ခြင်တုံတရား ဖြစ်သည်။ အကယ်၍ ကျွန်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုမနာခံပါက ကျွန်တော်သည် ကျွန်တော့်၏ ဘဝင်မြင့်ခြင်းကို ဆက်လက်ထိန်းထားရန်အတွက် ကျွန်တော့်၏ အလုပ်ကို အပေးအယူ လုပ်ခွင့်ပေးလိုခြင်းဖြစ်သည်။ကျွန်တော်သည် ကျွန်တော်၏ နာမည်နှင့် အဆင့်အတန်းကို ဆက်လက်ထိန်းထားရန်အတွက် ညီအစ်ကိုမောင်နှမများကို မှောင်မိုက်ထဲ၌ နေစေလိုသည်။ ထိုအခြေအနေတွင် ကျွန်တော်သည် ဆိုးယုတ်သော အစေခံတစ်ဦး နှင့် အန္တိခရစ်တစ်ဦး အမှန် ဖြစ်သည်။ ထိုအရာကို ကျွန်တော် သဘောပေါက်ခဲ့သောအခါ ကျွန်တော် မကြောက်ဘဲ မနေနိုင်ခဲ့သည့်အပြင် နောက်ထပ်တဖန် ခေါင်းမာပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြခြင်းတို့ကို မဆန့်ကျင်ဝံ့ခဲ့ပါ။ ကျွန်တော်သည် ကျွန်တော်၏ ဆိုးယုတ်သော သဘာဝကို စွန့်လွှတ်ရန်နှင့် လက်တွေ့ကျသော လုပ်ဆောင်ချက်များအားဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို သက်သာစေရန် အလိုရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ထိုလုပ်ဖော်ဆောင်ဖက်ထံ ချက်ချင်း စာရေးသား၍ ကျွန်တော်တို့နှင့်အတူ မိတ်သဟာယ လာ၍ဖွဲ့ရန် မေတ္တာရပ်ခံခဲ့သည်။ ကျွန်တော့်ကို အရှက်ရစေခဲ့သည့်အရာမှာ ကျွန်တော်တို့ လူချင်း တွေ့ခဲ့ပြီးနောက် ထိုညီအစ်ကိုသည် ကျွန်တော့်ကို နည်းနည်းမျှ အထင်သေးခြင်း သို့မဟုတ် လှောင်ခြင်း မရှိခဲ့ခြင်းပင် ဖြစ်သည်။ သူက ၎င်းတို့အလယ်၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်နေခဲ့စဉ် ၎င်းတို့ မည်ကဲ့သို့ အတူတကွ လုပ်ဆောင်ခဲ့ကြောင်း၊ ပြဿနာများ နှင့် ဆုံးရှုံးခြင်းများကို ၎င်းတို့ တွေ့ကြုံခဲ့ရသောအခါ ဘုရားသခင်အပေါ် မည်သို့ ကိုးစားပြီး ဆုတောင်းခဲ့ကြကြောင်း၊ ထိုအရာနောက်ပိုင်း ဘုရားသခင်ထံမှ မည်သည့် လုပ်ဆောင်ချက်များကို ၎င်းတို့ မြင်ခဲ့ရကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော မည်သည့် သိနားလည်ခြင်းမျိုးကို ၎င်းတို့ ရရှိခဲ့ကြောင်းနှင့် နောက်ထပ် အကြောင်းအရာတို့ကို မိတ်သဟာယ၌ အလွန် စစ်မှန်စွာ ဝေငှခဲ့သည်။ ကျွန်တော့် ညီအစ်ကို၏ ငြိမ်းအေးပြီး ဝမ်းမြောက်သော ပုံသဏ္ဌာန်ကို မြင်ရသည့်အခါ ် ကျွန်တော့်၏ ညီအစ်ကိုမောင်နှမများက စူးစိုက်ပြီး အားရပါးရ နားထောင်နေကြပြီး ၎င်းတို့ မျက်နှာများပေါ်တွင် တဖြည်းဖြည်း အပြုံးများပေါ်လာသည်ကို မြင်ရသောအခါ ကျွန်တော် အသဲကွဲသကဲ့သို့ အလွန်ပြင်းထန်သော နာကျင်မှုတစ်ခုကို ကျွန်တော် ခံစားခဲ့ရသည်။ သို့သော်လည်း ဤအကြိမ်တွင် ၎င်းမှာ ကျွန်တော်၏ ဂုဏ်သို့မဟုတ် အဆင့်အတန်းကို အားရကျေနပ်စေရန်အလို့ငှာ မဟုတ်ခဲ့ဘဲ ဘုရားသခင်အပေါ် ကျွန်တော်၏ အကြွေးတင်ရှိခြင်းကြောင့် ကျွန်တော်၏ စိတ်နှလုံးထဲ၌ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရခြင်းကြောင့် ဖြစ်သည်။ ဤအရာကြောင့် ကျွန်တော်သည် ခေါင်းဆောင်တစ်ဦး သယ်ပိုးထားသော တာဝန်နှင့် ဝတ္တရားကို ရိုးရှင်းစွာ တွေ့ကြုံခံစားခဲ့ရသည်။ အကယ်၍ ကျွန်တော် ကိုယ်တိုင် လျှောက်သည့်လမ်း မမှန်ကန်ပါက လူပေါင်းများစွာ၏ အသက်များကို အန္တရာယ်ပေးပြီး ပျက်စီးခြင်းသို့ ရောက်စေလိမ့်မည် ဖြစ်သည်။ ၎င်းသည် များစွာသော ညီအစ်ကိုမောင်နှမများထံ ဝိညာဉ်ရေးရာ ဒုက္ခဆင်းရဲကို ယူဆောင်လာလိမ့်မည် ဖြစ်သည်။ ထိုအခြေအနေတွင် ကျွန်တော်သည် ဘုရားသခင်ကို အာခံသော အဓိက တရားခံတစ်ဦး ဖြစ်လာလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ အမှု ပြီးပြည့်စုံသောအခါ၊ သူ့ကို ကျွန်တော် မည်ကဲ့သို့ တင်ပြရမည်နည်း။ ထိုအချိန်တွင် ကျွန်တော်သည် စိတ်နှလုံးအတွင်းမှ မိမိကိုယ်ကို နောက်ဆုံးတွင် အမှန်တကယ် စက်ဆုပ်ရွံမုန်းခဲ့သည်။ အတိတ်တွင် ကျွန်တော်၏ တာဝန်ကို လုပ်ဆောင်စဉ် အလုပ်ကို ရိုးသားစွာ ကျွန်တော် မလုပ်ဆောင်ခဲ့ဘဲ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းနောက်သို့ လိုက်ရန်နှင့် အဆင့်အတန်း ကောင်းချီးမင်္ဂလာများ၌ အကြိုက်တွေ့ရန်သာ စဉ်းစားခဲ့သည်ကို ကျွန်တော် မုန်းတီးခဲ့သည်။ ၎င်းသည် ကျွန်တော်၏ ညီအစ်ကိုမောင်နှမများ၏ အသက်တာထဲ ဝင်ရောက်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့သည်သာမက ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းတွင် ပို၍ပင် အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကျွန်တော်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မကြာခဏ ဆုံးရှုံးခဲ့ပြီး မှောင်မိုက်ထဲ ကျဆင်းခဲ့ပြီး ဖြစ်သည်။ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းနောက်သို့ လိုက်ခြင်းသည် ကောင်းစေသည်ထက် အန္တရာယ် များစွာ ပိုပေးကြောင်း ကျွန်တော် မြင်ခဲ့ရသည်။ သို့သော်လည်း ကျွန်တော် အပြစ်ရှိကြောင်း ခံစားရပြီး နောင်တရနေစဉ် အနည်းငယ်မျှသော သက်သာရာရခြင်းကိုလည်း ခံစားခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏ ဦးဆောင်မှုအောက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပုဂ္ဂိုလ်ရေးရာ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းတို့ကို ဤတစ်ကြိမ်တွင် နောက်ဆုံး ကျွန်တော် လက်လွှတ်ခဲ့သောကြောင့် ဖြစ်သည်။ ဧဝံဂလိအမှုအတွက်၊ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများ၏ အသက်တာနှင့် ကျွန်တော့် အသက်တာအတွက် အကျိုးရှိစေမည့် အရာတစ်စုံတစ်ခုကို ကျွန်တော် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှုများအားဖြင့် စာတန်ကို ကျွန်တော် အရှက်ရစေခဲ့ပြီး ဤအကြိမ်တွင် ဘုရားသခင်အတွက် သက်သေခံတစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။

ဘုရားသခင်၏ အမှုနှင့်ဆိုင်သော ကျွန်တော်၏ အတွေ့အကြုံထဲနှင့် နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းနောက်သို့ လိုက်ခြင်းကြောင့် အခက်အခဲနှင့် ဆုံးရှုံးမှုများစွာကို ကျွန်တော် ကြုံတွေ့ခဲ့ရသည်။ မှားယွင်းသော ခြေလှမ်းများစွာ ကျွန်တော် လျှောက်ခဲ့ပြီး ဤအရာကြောင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် စစ်ဆေးခြင်းကို ဖြတ်ကျော်ခဲ့ရခြင်း ဖြစ်သည်။ တဖြည်းဖြည်းနှင့်၊ အဆင့်အတန်းက များစွာ အရေးပါမှုလျော့နည်းသည်ကို ကျွန်တော် မြင်ခဲ့ရပြီး အဆင့်အတန်း မရှိပါက အနာဂတ် မရှိကြောင်းနှင့် မည်သူမျှ သင့်ကို အထင်ကြီးလေးစားမည် မဟုတ်ကြောင်းစသည့် ကျွန်တော် ယခင်က ယုံကြည်ခဲ့သည့် ဤလွှဲမှားသော အမြင်က ပြောင်းလဲသွားခဲ့သည်။ ကျွန်တော် ဘုရားသခင် နောက်သို့ လိုက်ခဲ့သည်မှာ ယခု ၁၅ နှစ် ရှိပြီဖြစ်သည်။ ကျွန်တော့်အပေါ် ဘုရားသခင်၏ အမှုကို ကျွန်တော် တွေးသည့် အချိန်တိုင်း ချိုမြိန်သောခံစားချက်တစ်ခု ကျွန်တော့်အပေါ် အမြဲသက်ရောက်လာသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်တော့်အတွက် ကယ်တင်ခြင်းကို ကျွန်တော် မည်သည့်အခါမျှ မေ့လျော့နိုင်မည် မဟုတ်ပါ။ ကျွန်တော်၏ ပတ်ဝန်းကျင်ကို ဘုရားသခင် စီစဉ်ပေးခြင်းနှင့် ကျွန်တော့် ဘဝ၏ အစောပိုင်း အဆင့်များတွင် ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းတို့အပေါ် ကျွန်တော့်၏ တပ်မက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိပါကကျွန်တော်နှင့်အတူ နှစ်ပေါင်းများစွာရှိပြီး ကျွန်တော်၏အသက် ဖြစ်လာခဲ့ပြီးသော ယုံကြည်ခြင်းကို မည်ကဲ့သို့ ကျွန်တော် လက်လွှတ်လိုမည်နည်း။ အကယ်၍ ဘုရားသခင်၏ ကယ်တင်ခြင်းသည် ကျွန်တော့်အပေါ် အချိန်မီ မရောက်လာခဲ့ပါက ကျွန်တော်သည် စာတန်၏ အဆိပ်အတောက်များနှင့်အညီ အသက်ဆက်ရှင်နေဦးမည် ဖြစ်၍ မည်သည့်အခါမျှ ပြည့်မြောက်နိုင်မည် မဟုတ်သော အိပ်မက်တစ်ခုအဖို့အလို့ငှာ ကျွန်တော့်ဘဝကို ဖြန်းတီးနေဦးမည် ဖြစ်သည်။ ထို့ပြင် အကယ်၍ ဘုရားသခင်၏ အကြိမ်ကြိမ် ထုတ်ဖော်ခြင်းများနှင့် စစ်ဆေးခြင်းများကြောင့်သာ မဟုတ်ပါက ကျွန်တော်သည် လမ်းမှားပေါ်တွင် ရှေ့ဆက်တိုးနေဦးမည် ဖြစ်ပြီး ကျွန်တော်၏ ဘဝင်မြင့်ခြင်းမှာ မည်မျှ ဆိုးဝါးကြောင်းနှင့် အဆင့်အတန်းအပေါ် ကျွန်တော်၏ တပ်မက်မှုမှာ မည်မျှ ပြင်းထန်ကြောင်း ကျွန်တော် မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပါ။ အထူးသဖြင့် ကျွန်တော် ဘုရားသခင်၏ ရန်သူ ဖြစ်ကြောင်းကို သဘောပေါက်ခဲ့မည် မဟုတ်ပါ။ ၎င်းမှာ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်း နောက်သို့လိုက်ခြင်း၏ အနှစ်သာရနှင့် အန္တရာယ်များစွာကို ကျွန်တော့်ကို ထွင်းဖောက်မြင်စေခဲ့သော ဘုရားသခင်၏ အံ့ဖွယ်အမှုပင် ဖြစ်သည်။ ၎င်းသည် ကျွန်တော်၏ မှားယွင်းသော တန်ဖိုးများနှင့် ဘဝအမြင်များကို ပြောင်းလဲမှုတစ်ခု ကြုံစေခဲ့ပြီး သမ္မာတရားကို လေ့လာလိုက်စားခြင်းနှင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းသာလျှင် စစ်မှန်သော လူ့ဘဝတစ်ခု ဖြစ်ကြောင်းနှင့် စာတန်၏ အမှောင်လွှမ်းမိုးမှုကို စွန့်ပယ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြု၍ အသက်ရှင်ခြင်းဖြင့်သာ အဓိပ္ပာယ်နှင့် တန်ဖိုးရှိသော ဘဝကို ရှင်သန်နိုင်မည်ဖြစ်ကြောင်း ကျွန်တော့်ကို မြင်စေခဲ့သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ ရလဒ်သက်သက်ကြောင့်သာ ကျွန်တော်သည် ယနေ့ ကျွန်တော်၌ ရှိသော သိနားလည်ခြင်းနှင့် အပြောင်းအလဲများကို ရရှိနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဖြတ်ကျော်ခြင်းသည် ကျွန်တော့်အား စစ်ဆေးခြင်း၏ နာကျင်မှုကို ခံစေသော်လည်း ကျွန်တော်သည် ဘုရားသခင်၏ အမှုိ၊ သူ၏ ကောင်းမြတ်သော အနှစ်သာရနှင့် သူ၏ ဖြောင့်မတ်ခြင်း စိတ်သဘောထားနှင့် သန့်ရှင်းခြင်းတို့နှင့်ဆိုင်သော အနည်းငယ်သော အသိကို ရရှိခဲ့သည်။ ကျွန်တော့်ကို နှစ်ပေါင်းများစွာ အန္တရာယ်ပေးခဲ့သော စာတန်၏ အဆိပ်အတောက်များကို ရှင်းလင်းစွာ မြင်နိုင်စွမ်း၊ မုန်းတီးနိုင်စွမ်းနှင့် စွန့်ပစ်နိုင်စွမ်း ယခု ကျွန်တော် ရှိပြီး ကျွန်တော်သည် စစ်မှန်သော လူ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။ ဤအရာတစ်ခုမျှ အချည်းနှီး ဒုက္ခခံစားခဲ့ရခြင်း မဟုတ်ပါ။ ၎င်းမှာ အဓိပ္ပာယ်အရှိဆုံး၊ တန်ဖိုးအရှိဆုံးအရာ ဖြစ်ခဲ့သည်။ ယနေ့ လမ်းကြောင်းပေါ်မှ ရှေ့လျှောက်၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မကြာမီ သန့်စင်ခြင်းသို့ ရောက်နိုင်ပြီး ဘုရားသခင်၏ အလိုတော်နှင့်ညီသောသူတစ်ဦး ကျွန်တော် ဖြစ်နိုင်ဖို့ရန်အလို့ငှာ ဘုရားသခင်ထံမှ လာသော နောက်ထပ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကျွန်တော် လက်ခံလိုပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တွဲဖက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းသည် တာဝန်တွင် အဓိကသော့ချက်ဖြစ်သည်

ကျင့်ခေါက် အမေရိကန်နိုင်ငံ ၂၀၂၀ ခုနှစ် နွေရာသီမှာ အစ်မဝမ်နဲ့ ကျွန်မက အဆင့်မီ ဗီဒီယိုတွေကို ဆေးရောင်ခွဲဖို့ အတူလုပ်ကြတယ်။ ကျွန်မက...

လှည့်စားခြင်းနှင့် သံသယဝင်ခြင်းသည် ဒုက္ခကိုသာ သယ်ဆောင်လာသည်

ကျန်ဟန် ဂရိနိုင်ငံ ကျွန်မက အသင်းတော်က ဗီဒီယိုထုတ်လုပ်ရေးသင်တန်းမှာ ဆက်တိုက်ရှိနေခဲ့တာ။ နောက်တော့ ၂၀၂၀ခုနှစ်၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ...

နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အမှန်အတိုင်းမြင်နိုင်ခဲ့ပြီဖြစ်သည်

ရှန်ရှင်းဝေ့ အီတလီနိုင်ငံကျွန်မ၏တာဝန်က ၂၀၁၈ ခုနှစ်က အသင်းတော်မှာ စာရွက်စာတမ်းများကို အစ်မကျန်း အစ်မလျူတို့နှင့်အတူတူ...

အမှုထမ်းများကို ချိန်ညှိခြင်းအား ရင်ဆိုင်ရခြင်းက ကျွန်မကို ဖော်ထုတ်ခဲ့သည်

ကျိုးကျင့် တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ မတ်လမှာ ကျွန်မက အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ဦးဆောင်ရတယ်။ ကျွန်မက ကျွန်မတာဝန်နယ်ပယ်က ကြီးပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။