တရားစီရင်ခြင်းသည်အလင်းဖြစ်သည်

25.09.2019

ရှန်ဒေါင် စီရင်စုမှ၊ ကျိုးရှာ ရေးသားသည်

ကျွန်မနာမည် ကျိုးရှာ ဖြစ်ပါသည်။ ကျွန်မသည် သာမန်မိသားစုတစ်စုတွင် ဖွားမြင်ခဲ့ပါသည်။ “ငန်းသည် ပျံသန်းရာနေရာတိုင်းတွင် တွန်ကျူးလေ့ရှိသကဲ့သို့ လူသည်သွားလေရာရာတွင် နာမည်ချန်ထားသည်။” နှင့် “သစ်ပင်သည်သစ်ခေါက်ရှိမှ အသက်ရှင်သကဲ့သို့ လူသည်လည်း မျက်နှာရခြင်းအားဖြင့် အသက်ရှင်သည်။” ဟူသော အဆိုအမိန့်များ၏ လွှမ်းမိုးခြင်းတို့ကြောင့် နာမည်ကောင်းနှင့် မျက်နှာရခြင်းတို့သည် ကျွန်မအတွက် အထူးအရေးကြီးလာခဲ့ပါသည်။ ကျွန်မပြုလုပ်သော အရာတိုင်းသည် အခြားလူတို့၏ချီးမွမ်းမှု၊ ထောပနာပြုမှုနှင့် လေးစားမှုတို့ကို ရရန်ဖြစ်ခဲ့ပါသည်။ အိမ်ထောင်ပြုပြီးနောက် ကျွန်မအတွက်ကျွန်မ သတ်မှတ်ခဲ့သော ပန်းတိုင်များမှာ- အခြားသူများထက် ပိုကြီးပွားတိုးတက်သောဘဝတစ်ခုကို ရရှိရန်။ ကျွန်မ၏ လူကြီးတို့အပေါ်ဆက်ဆံရေး သို့မဟုတ် ကျွန်မ၏အပြုအမူနှင့် နေထိုင်ပုံစံတို့တွင် သူတပါးမကောင်းပြောမခံရရန်။ ကျွန်မ၏ကလေးသည် နာမည်ကြီးသောတက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရကာ ကျွန်မအတွက် ဂုဏ်ကျက်သရေကို သယ်လာဆောင်လာပေးမည့် အလားအလာကောင်းများရရှိဖို့ သေချာဆောင်ရွက်ရန်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မသည် ကျွန်မခင်ပွန်းသည်၏အမျိုးများနှင့် မည်သည့်အခါမှ ရန်မဖြစ်ခဲ့ပေ။ တခါတရံတွင် သူတို့သည် ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုကြသည်။ ကျွန်မ အလွန်မှားယွင်းသည်ဟု ခံစားမိကာ သူတို့အား စိတ်ခံစားချက်တစ်စုံတစ်ခုကို ပြန်ပြသည်ထက် ကျွန်မ တိတ်တဆိတ် ငိုမိပါသည်။ အခြားသူများ တရုတ်နှစ်သစ်ကူး သို့မဟုတ် အခြားသော အားလပ်ရက်များတွင် သူတို့မိဘများအတွက် အဝတ်အစားများဝယ်နေချိန်တွင် ကျွန်မသည် ချက်ချင်းပင် ကျွန်မယောက္ခမအတွက် အကောင်းဆုံးသော အရည်အသွေးသာဖြစ်သည့် အဝတ်အစားအချို့ကို ဝယ်ပေးပါသည်။ ဆွေမျိုးများ လာရောက်လည်ပတ်ချိန်တွင် ဈေးဝယ်ခြင်း၊ ချက်ပြုတ်ခြင်းဖြင့် ကူညီပေးလေ့ရှိပါသည်။ ယင်းသည် ခက်ခပြီး ပင်ပန်းသည့်တိုင်အောင် ကျွန်မသည် လုံးဝ လုပ်လိုသည့် ဆန္ဒရှိနေဆဲဖြစ်ပါသည်။ အခြားသူများနောက် ကျန်ခဲ့မည်ကို စိုးရွံ့သဖြင့် သမီးလေးကို မွေးပြီးတစ်လမျှအကြာတွင် ကျွန်မအလုပ်သို့ ချက်ချင်းပြန်ဝင်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် သူမသည် အာဟာရချို့တဲ့မှုကိုခံစားခဲ့ရကာ၊ သူမကို ကျွန်မ နို့ချို့မတိုက်ကျွေးနိုင်သဖြင့် အရိုးနှင့်အရေသာ ဖြစ်ခဲ့လေသည်။ သူမသည် အာဟာရအတွက် ထိုးဆေးအကြိမ်၁၀ဝထိုးပြီးမှသာ အခြေအနေ ပိုကောင်းလာခဲ့လေသည်။ တစ်ဖက်တွင် ပင်ပန်းလွန်းသဖြင့် ကျွန်မ၏ခါးသည် နေ့စဉ်နှင့်အမျှ နာကျင်ကိုက်ခဲနေခဲ့ပါသည်။ ယင်းသည် ခက်ခဲပြီး ပင်ပန်းသော်လည်း နာမည်ကောင်းတစ်ခုရရန်အတွက် ကျွန်မသည် အခက်အခဲကိုသည်းခံကာ မမောနိုင်မပန်းနိုင် မိမိကိုယ်ကို အသုံးခံခဲ့ပါသည်။ ကျွန်မ၏ပေးဆပ်မှု အရာထင်ခဲ့ပြီး၊ နှစ်အနည်းငယ်အတွင်းတွင် ကျွန်မသည် ချွေးမကောင်းတစ်ဦးအဖြစ် ရွာတွင် လူသိများလာကာ၊ ကျွန်မ၏မိသားစုသည် ချမ်းသာလာပြီး ပတ်ဝန်းကျင်မှလူများ အားကျစရာဖြစ်လာခဲ့ပါသည်။ ရလဒ်အနေဖြင့် ကျွန်မခင်ပွန်း၏အမျိုးများ၊ အိမ်နီးချင်းများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများသည် ကျွန်မအား အပြည့်အဝ ချီးမွမ်းကြလေသည်။ ကျွန်မ၏အနီးအနားတွင် ရှိသောသူများထံမှ ချီးမွမ်းခြင်းနှင့် ထောပနာပြုခြင်းများအလယ်တွင် ကျွန်မ၏ဝင့်ဝါမှုကို အလွန်ပင် အားရကျေနပ်ခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွန်မ၏ ဆင်းရဲဒုက္ခများသည် အချည်းနှီးမဟုတ်တော့ဟု ခံစားရကာ- ကျွန်မ အလွန်ကျေနပ်နှစ်သက်ခဲ့ပါသည်။ သို့ရာတွင် ကျွန်မ၏ ငြိမ်သက်နေသောဘဝသည် ကျွန်မ၏ခဲအို လက်ထပ်ပြီးသည့်နောက်တွင် နှောင့်ယှက ခံခဲ့ရပါသည်။ သူ၏ဇနီးသည်သည် ကျွန်မအား အစဉ် လှောင်ပြောင်သရော်ကာ စကားပြောလေ့ရှိပြီး ကျွန်မသည် ကျွန်မ၏ယောက္ခမကို ကောင်းမွန်စွာဆက်ဆံနေခြင်း ၏လျို့ဝှက်အကြောင်းရင်းမှာ သူမ၏ငွေကြေးတို့အပေါ် စိတ်ဝင်စားခြင်းကြောင့်သာဖြစ်ကြောင်း ပြောလေ့ရှိပါသည်။ ကျွန်မယောက္ခမသည် ကျွန်မတို့ကို သူတို့ထက် ပိုပေးခြင်းကြောင့် ကျွန်မယောက္ခမက် မျက်နှာလိုက်သည်ဟု သူမ အမြဲပြောလေ့ရှိသည်။ သူမသည် ဤအပေါ်တွင် အမြဲတမ်း ပြဿနာရှာလေ့ရှိပါသည်။ ကျွန်မ အလွန်မှားယွင်းသည်ဟု ခံစားရပြီး ကျွန်မ၏ဖြူစင်မှုကို ဖော်ပြရန် သူမကို ပွင့်လင်းစွာ ကြမ်းကြမ်းတမ်းတမ်း ပြန်လည်ပြောဆိုလိုသော်လည်း အခြားသူများရှေ့တွင် ကျွန်မတည်ဆောက်ခဲ့သော ကောင်းမွန်သည့်ပုံရိပ် ပျက်စီးသွားမည်ကို စိုးရွံ့ခဲ့ပါသည်။ ထို့ကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် နောက်ဆုတ်ရန် တွန်းအားပေးကာ ကျွန်မလုံးဝမခံနိုင်တော့သည့်အချိန်တွင် မိမိဖာသာ ငိုကြွေးလေ့ရှိပါသည်။ ကျွန်မ၏ယောင်းမသည် သူမအတွက် ကန့်သတ်ချက်များကို အမှန်တကယ် ကျော်လွန်ကာ ကျွန်မမိသားစုအတွက် ပေးအပ်ထားသောမြေကို ယူခဲ့ပါသည်။ ကျွန်မသည် ဒေါသကြောင့် တုန်ရီနေပြီး ရက်ပေါင်းများစွာ မစားနိုင်မသောက်နိုင်ဖြစ်ခဲ့ပါသည်။ ကျွန်မသည် သူမနှင့်ပင် ရန်ဖြစ်ချင်ခဲ့ပါသည်။ သို့ရာတွင် ထိုသို့ပြုခြင်းကြောင့် မျက်နှာပျက်စရာဖြစ်ကာ ကျွန်မ၏ နာမည်ဂုဏ်သတင်းကို ထိခိုက်ပြီး ပတ်ဝန်းကျင်မှ သူများအထင်သေးမည်ကို သိသဖြင့် ကျွန်မသည် ထိုကိစ္စကို မြိုသိပ်ခဲ့ရပါသည်။ သို့ရာတွင် ကျွန်မသည် စိတ်ဖိစီးမှုတို့ကြားတွင် အလွန် ပိတ်လှောင်နေခဲ့လေသည်။ တံမြတ်စည်းလှည်းရင်း ဤသို့သော ဘဝမျိုး၏အဆုံး မည်သည့်အချိန်တွင် ရောက်လာမည်နည်းဟု တွေးရင်း ဘဝသည်အလွန် နာကျင်ဖွယ်ရာကောင်းပြီး ပင်ပန်းဆင်းရဲလွန်းလှသည်ဟု ခံစားကာ အချိန်တိုင်းသက်ပြင်းချနေမိပါသည်။

လူသား၏အဆုံးသည် အမှန်တကယ်တွင် ဘုရားသခင်၏အစဖြစ်သည်။ ကျွန်မသည် နာကျင်မှုနှင့် အကူအညီမဲ့မှုကို ခံစားနေရစဉ်တွင်ပင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကယ်တင်ခြင်းအတွက် သူလက်များကို ကျွန်မထံသို့ ကမ်းခဲ့ပါသည်။ တစ်နေ့တွင် ကျွန်မ၏ အိမ်နီးချင်းတစ်ဦးက ကျွန်မအား “ဘုရားသခင်ရှိတယ်ဆိုတာကို ရှင် ယုံကြည်လား” ဟု မေးခဲ့ပါသည်။ ကျွန်မက “ဘယ်သူက မယုံတာလဲ။ ကျွန်မ ဘုရားသခင်ကိုယုံကြည်ပါတယ်” ဟု ပြန်ဖြေခဲ့ပါသည်။ ဆက်လက်၍ သူမက သူမယုံကြည်သောဘုရားသခင်သည် စကြဝဠာနှင့်အရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော တစ်ဦးတည်းသော စစ်မှန်တော်မူသော ဘုရားသခင်ဖြစ်ပြီး၊ အစဦးတွင် လူသားမျိုးနွယ်သည် ဘုရားသခင်အား ကိုးကွယ်သဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအတွင်းတွင် နေထိုင်ခဲ့ပြီး စာတန်၏ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်နောက်တွင် သူတို့သည် ဘုရားသခင်ကို ထပ်မံကိုးကွယ်မပြုတော့ပေ။ ထိုသို့ဖြင့် ဘုရားသခင်၏ကျိန်ခြင်းအောက်နှင့် နာကျင်ခံစားမှုတွင် နေထိုင်လာခဲ့ရပါသည်။ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူတို့အပေါ်တွင် သမ္မာတရားကို အပ်နှင်းရန်နှင့် သူတို့ကို နက်ရှိုင်းလှသော ဆင်းရဲဒုက္ခတို့ထံမှ ကယ်တင်ရန် လာခဲ့သည့်အကြောင်းကို သူမက ကျွန်မအားပြောပြခဲ့ပါသည်။ သူမ၏ကိုယ်ပိုင်ယုံကြည်ခြင်း အတွေ့အကြုံများအကြောင်းကိုလည်း ကျွန်မအား ဝေမျှမိဿဟာရပြုခဲ့ပါသည်။ သူမ၏ မိဿဟာယကို ကြားပြီးသည့်နောက်တွင် ကျွန်မနှင့် အနီးစပ်ဆုံးယုံကြည်ရသူတစ်ဦးကို ရှာဖွေတွေ့ရှိပြီဟု ခံစားခဲ့ရသဖြင့် ကျွန်မနှလုံးသားထဲမှ နာကျင်မှုအားလုံးကို သူမထံသို့ ဖွင့်ဟပြောဆိုခဲ့ပါသည်။ ထို့နောက်တွင် ဘုရားသခင့်နှုတ်ကပတ်တော်များထဲမှ စာတစ်ပိုဒ်ကို သူမက ဖတ်ပြခဲ့ပါသည်။ “သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ့်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ့်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ်ပျောက်ဆုံးခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ့်ချိန်တွင် ‘အဖ’ တစ်ဦးရခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း”) ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်မ၏နာကျင်ပြီး ဝမ်းနည်းသော နှလုံးသားကိုနှစ်သိမ့်ရင်း ကျွန်မ၏နှလုံးသားထဲတွင် နွေးထွေးသောရေစီးကြောင်းပမာ စီးဆင်းသွားပြီး ကျွန်မ၏မျက်နှာပေါ်တွင် မျက်ရည်များမထိန်းနိုင်ပဲစီးကျလာခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် မိခင်၏ပွေ့ဖက်မှုဆီ ပြန်လာသည့် လမ်းပျောက်၍ နာကျင်နေသောကလေးတစ်ဦးနှယ် ရုတ်တရက် ခံစားလိုက်ရပါသည်။ ကျွန်မသည် ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုနှင့် စိတ်ထိခိုက်မှုတစ်ခုကို ခံစားခဲ့ရပါသည်။ ကျွန်မသွားစရာနေရာမရှိချိန်တွင် ကျွန်မကို ကိုယ်တော့်အိမ်သို့ ပြန်လည်ခေါ်ဆောင်လာကာ ဂရုပြုခဲ့သော ဘုရားသခင်ကို ထပ်တလဲလဲ ကျွန်မကျေးဇူးတင်ရှိမိပါသည်။ စိတ်နှလုံးနှင့် ဝိညာဉ်ဖြင့် ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မ ငြိမ်သက်စွာ ဆုံးဖြတ်လိုက်ပါသည်။ ထိုအချိန်မှစကာ ကျွန်မသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကိုဖတ်ရှုခြင်း၊ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် နေ့စဉ်နေ့တိုင်း ဘုရားသခင်ကို ချီးမွမ်းသီချင်းသီဆိုခြင်းတို့ကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ကျွန်မသည် နှလုံးသားထဲတွင် အလွန်သက်တောင့်သက်သာရှိကာ အလွန် ပျော်မွေ့ခဲ့ပါသည်။ အစည်းအဝေးများကို တက်ရောက်ခြင်းနှင့် ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်စကားပြောခြင်းမှတဆင့် သူတို့သည် သွေးသားမတော်စပ်သော်လည်း မိသားစုကြီးတစ်ခုနှယ်ဖြစ်သည်ကို တွေ့မြင်ခဲ့ပါသည်။ သူတို့၏ အချင်းချင်းပြောဆိုဆက်ဆံပုံများသည် ဟန်ဆောင်ခြင်း၊ လှည့်ဖျားခြင်း၊ မနာလိုခြင်း၊ ပဋိပက္ခများ၊ သို့မဟုတ် လျှို့ဝှက်ကြံစည်မှုများရိုးရှင်းကာ ပွင့်လင်းပါသည်။ သူတို့သည် ချမ်းသာသူများကို မျက်နှာလိုက်ကာ ဆင်းရဲသူများကိုအနိုင်ကျင့်ခြင်းမရှိပဲ အယောက်တိုင်းကို ရိုးသားမှု၊ မျှတမှုအပြည့်အဝတို့ဖြင့်ဆက်ဆံနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတို့ ဝေမျှမိဿဟာယဖွဲ့ကာ ဘုရားသခင်ကို ချီးမွမ်းသည့် ဓမ္မသီချင်းများကို သီဆိုကြပါသည်။ ကျွန်မ၏နှလုံးသားထဲတွင် စစ်မှန်သော လွတ်လပ်မှုအသိကို ရရှိခဲ့ပါသည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာရှိသော၊ နွေးထွေးသော၊ မျှတပြီး ပျော်ရွှင်ဖွယ်ဖြစ်သော အသင်းတော်အသက်တာအပေါ် ကျွန်မချစ်ခင်မိခဲ့သည့်ပုံဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် စကြဝဠာနှင့်အရာအားလုံးကို ဖန်ဆင်းတော်မူသော တစ်ဦးတည်းသော စစ်မှန်သည့်ဘုရားသခင်ဖြစ်သည်ဟု စတင်ယုံကြည်လာပြီး အဆုံးခန်းတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်မည်ဟု ကျွန်မဆုံးဖြတ်ခဲ့ပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် လူသားမျိုးနွယ်ကို ဖြစ်နိုင်သမျှအကြီးများဆုံး အတိုင်းအတာအထိ ကယ်တင်လိုသည့် ဘုရားသခင်၏အရေးကြီးသော ဆန္ဒကိုနားလည်လာကာ၊ များစွာသော ညီအစ်ကိုညီအစ်မများသည် နိုင်ငံတော်၏ဧဝံဂေလိကို ဖြန့်ဝေရန်အလို့ငှာ သူတို့တတ်စွမ်းသမျှ ပေးကာ အသုံးတော်ခံနေကြသည်ကို ကျွန်မတွေ့မြင်ခဲ့ရသောကြောင့် ကျွန်မလည်း ဧဝံဂေလိတရားဟောခြင်းတွင် စတင်၍ တက်ကြွစွာပါဝင်လာခဲ့ပါသည်။ တစ်ကြိမ်တွင် ကျွန်မသည် ယုံကြည်သူ ဖြစ်လာနိုင်ချေရှိသော သူတစ်ဦးကို ဧဝံဂေလိတရားဟောကြားရန် သွားရောက်ခဲ့ပါသည်။ ထိုအချိန်သည် လယ်လုပ်ငန်းအတွက်အလွန်အလုပ်များသောအချိန်ဖြစ်လေသည်။ လယ်ကွင်းထဲတွင် သူမအလွန်အလုပ်များနေသည်ကိုကြည့်ပြီး သူမနှင့်အတူ နံဘေးတွင်အလုပ်လုပ်ကာ နောက်ဆုံးသောကာလမှ ဘုရားသခင်၏အလုပ်များနှင့်ပတ်သက် သက်သေခံချက်ကို ဝေမျှခဲ့ပါသည်။ သူမနှင့် သုံးရက်ဆက်တိုက် မိဿဟာရဖွဲ့ ဝေမျှပြီးသည့်နောက်တွင် သူမသည် ဧဝံဂေလိကိုလက်ခံရန် လုံးဝဆန္ဒမရှိရုံသာမက၊ ကာ “ရှင်တကယ်ရူးနေတာပဲ။ ကျွန်မမယုံဘူးလို့ပြောထားတာကို တရားဟောလို့ကိုမရပ်နိုင်တော့ဘူး။” ဟု ကျွန်မအား အော်ဟစ်မည်ကို ကျွန်မလုံးဝတွေးမထင်ခဲ့ပေ။ သူမ၏စကားလုံးများသည် ကျွန်မအား အမှန်ပင် အရှက်ကွဲဝမ်းနည်းစေခဲ့ပါသည်။ ကျွန်မ၏နှလုံးသားသည် နာကျင်ထုံကျင်မှုကို တစ်ရစ်ပြီးတစ်ရစ်ခံစားရစဉ် ကျွန်မပါးကို လူအုပ်စုရှေ့တွင် အရိုက်ခံရသကဲ့သို့ ကျွန်မ၏မျက်နှာ ပူလောင်နေခဲ့ပါသည်။ “ရှင့်ကို ကျွန်မက အကောင်းဆုံး ရည်ရွယ်ချက်တွေနဲ့ လာတရားဟောပြီး ကျွန်မခါးတွေနာကျင်တဲ့အထိ ရှင့်ရဲ့ အလုပ်တွေကိုမောပန်းနွမ်းနယ်စွာ ကူညီခဲ့တယ်။ ဒါပေမဲ့ ဧဝံဂေလိကို လက်ခံဖို့အစား ရှင်ကျွန်မကို ဒီလိုဆက်ဆံတယ်။ ရှင်တကယ် အသည်းနှလုံးမဲ့တာပဲ” ဟု ကျွန်မစဉ်းစားမိပါသည်။ ကျွန်မသည် အလွန်အမင်း အရှက်ရခဲ့ပြီး သူမနှင့် ထပ်မံစကားမပြောလိုတော့ပေ။ သို့ရာတွင် ထိုသို့ အရှုံးပေးခြင်းသည် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီခြင်းမရှိဟုလည်း ကျွန်မခံစားမိသဖြင့် နှလုံးသားထဲတွင် တိုးတိတ်စွာဆုတောင်းပြီး သူမ၏အလုပ်ကိုကူညီကာ သူမနှင့် ဆက်လက်မိဿဟာယ ဖွဲ့နိုင်ရန်အတွက် ကျွန်မ၏ စိတ်ထိခိုက်မှုကို ပြန်လည်ရုတ်သိမ်းခဲ့ပါသည်။ သို့ရာတွင် ကျွန်မ မည်သို့ကြိုးစားစေကာမူ သူမကို ကျွန်မပြောပြ၍ မရနိုင်ခဲ့သေးပေ။ ကျွန်မအိမ်သို့ ပြန်လာသောအခါ လေလျော့သွားသည့် ဘောလုံးတစ်လုံးကဲ့သို့ လဲကျခဲ့ပါသည်။ သူမ၏စကားလုံးများသည် ကျွန်မ၏ခေါင်းထဲတွင် လည်ပတ်နေပါသည်။ ထိုအကြောင်းကို ကျွန်မစဉ်းစားလေလေ နာကျင်မှုကို ကျွန်မခံစားရလေလေ ဖြစ်ပါသည်။ “ဘာလို့စိတ်ဆင်းရဲခံနေရမှာလဲ။ ငါ့ရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေအတွက် ပြန်ရတဲ့အရာက ပြက်ရယ်မှု၊ ထိခိုက်နာကျင်စေမှုနဲ့ ဆဲရေးတိုင်းထွာမှုတွေပဲ။ ဒါဟာလုံးဝမတရားဘူး။ ဘယ်သူမှ ငါ့ကိုဒီလိုမဆက်ဆံဖူးဘူး။ ဧဝံဂေလိတရားကိုဖြန့်ဝေခြင်းဟာ နာကျင်စရာကောင်းပြီး ခက်ခဲလွန်းအားကြီးတယ်။ တော်ပြီ။ ဧဝံဂေလိတရား မဟောနိုင်တော့ဘူး။ ငါဆက်ပြီးတရားဟောနေရင် ဘယ်သူ့မျက်နှာကိုမှ ကြည့်ဖို့ကျန်တော့မှာမဟုတ်ဘူး။” ဟု စဉ်းစားမိပါသည်။ ကျွန်မ အလွန်မှားသွားပြီဟု ခံစားရပြီး၊ ဧဝံဂေလိကို ထပ်မံဟောကြားလိုသည့် ဆန္ဒမရှိတော့လောက်အောင် ထိုသို့သော နာကျင်မှုကို ခံစားရစဉ်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်မကို ဉာဏ်အလင်းပေးခဲ့ပါသည်။ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။...၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ ဘုရားသခင်၏ စိုးရိမ်မှုအားလုံးသည် အပြစ်ကင်းစင်သော သူများအတွက် သူ၏ပူပန်မှုနှင့် ဂရုစိုက်မှုတို့ပင် ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်လက်တော်ဖြင့် ဖန်ဆင်းထားသော လူတို့ကို စာတန်မှ လှည့်စားကာ ထိခိုက်အောင်ပြုသည်ကို မတွေ့မြင်လိုပေ။ ဘုရားသခင်သည် ဆက်လက်၍ လူတို့ သူ့အိမ်တော်ဆီသို့ မကြာမှီ ပြန်လာကာ လူတို့အပေါ် သူအပ်နှင်းမည့် အကြီးမားဆုံး ကယ်တင်ခြင်းကို လက်ခံရရှိစေရန် လူသားမျိုးနွယ်တို့ကို အသည်းအသန် ဆက်လက် စောင့်ဆိုင်းနေပါသည်။ သို့သော်လည်း ကျွန်မသည် ကျွန်မတရားဟောခဲ့သောသူထံမှ အနည်းငယ်သော ကြမ်းတမ်းသည့် စကားများကိုရင်ဆိုင်ရချိန်တွင် ကျွန်မမှားသွားပြီဟု ခံစားမိခဲ့ကာ အခက်အခဲနှင့် ဒုက္ခခံစားမှုတို့နှင့်ပတ်သတ်၍ စိတ်ဆင်းရဲကာ မကျေမနပ် ညည်းညူခဲ့ပါသည်။ ကျွန်မသည် မျက်နှာပျက်ခဲ့ရသဖြင့် ဧဝံဂေလိတရားကိုပင် ဟောကြားရန် ဆန္ဒပျောက်ဆုံးခဲ့ပါသည်။ ကျွန်မ၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှာ ဘယ်မှာနည်း။ ကျွန်မသည် ဘုရားသခင်၏အလိုတော်ကို ထည့်သွင်းစဉ်းစားသော သူတစ်ဦးမဟုတ်ပါ။ နောက်ဆုံးသောကာလတွင် ပျက်စီးနေသော လူသားများဖြစ်သည့် ကျွန်မတို့ကို ကယ်တင်ရန်အတွက် ဘုရားသခင်သည် စီစီပီအစိုးရ၏ ရှာဖွေဖမ်းဆီးမှုနှင့် ညှင်းပန်းနှိပ်စက်မှုကို ဆက်တိုက်ခံနေရသည်။ ဘာသာရေး အသိုင်းအဝိုင်းများ၏ ပစ်ပယ်ခြင်း၊ ရှုတ်ချခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းတို့ကို ခံရပြီး ဘုရားသခင်၏ နောက်လိုက်သူများဖြစ်သော ကျွန်မတို့၏ နားလည်မှုလွဲခြင်းနှင့် ခုခံဆန့်ကျင်ခြင်းကို ခံရပါသည်။ ဘုရားသခင်ခံစားခဲ့ရသော နာကျင်ခြင်းနှင့် အရှက်ရခြင်းတို့သည် အလွန်တရာများပြား၊ ကြီးမားလွန်းလှပါသည်။ သို့ရာတွင် သူသည် ကျွန်မတို့အတွက် သူ၏ကယ်တင်ခြင်းကို မစွန့်ပယ်ခဲ့ပဲ အမှောင်ထဲမှ လူသားတို့၏ လိုအပ်ချက်များကို ဆက်လက်ထောက်ပံ့ပေးနေပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန်ကြီးမားပါသည်။ သူ၏အနှစ်သာရသည် အလွန်လှပပြီး ကြင်နာတတ်သည်။ ယနေ့ ကျွန်မ၏အခက်အခဲများသည် လူသားမျိုးနွယ်တို့ကို ကယ်တင်ရန် ဘုရားသခင် သည်းခံခဲ့ရသော ဒုက္ခဆင်းရဲနှင့်စာလျှင် ဘာမှမဟုတ်ပေ။ ကျွန်မသည် လွန်ခဲ့သည့်နှစ်များက စာတန်၏အန္တရာယ်ပြုခြင်းခံရသော သားကောင်တစ်ဦးဖြစ်ခဲ့သည်ဆိုသော အချက်ကို ပြန်စဉ်းစားမိပါသည်။ အကယ်၍ ဘုရားသခင်သည် ကျွန်မအတွက် သူ၏ကယ်တင်ခြင်းလက်များကို မကမ်းလင့်ခဲ့ပါက ကျွန်မသည် အသက်ရှင်ခြင်းအတွက် အလင်းရောင်နှင့် မျှော်လင့်ခြင်းကို မတွေ့နိုင်ပဲ အမှောင်ထဲတွင် နာကျင်စွာ ဆက်လက်ရုန်းကန်နေဦးမည်သာ ဖြစ်ပါသည်။ ဘုရားသခင်ထံမှ ထိုသို့သော ကြီးမြတ်သည့်ကယ်တင်ခြင်းကို ခံစားရပြီးသည့်အခါ ဘုရားသခင်နှင်ပူးပေါင်းကာ ကျွန်မတတ်နိုင်ဆုံးလုပ်ပြီး အရှက်ရခြင်းနှင့်နာကျင်မှုကို သည်းခံပြီး၊ ကျွန်မ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းကာ ဘုရားသခင်၏ရှေ့တော်မှောက်သို့ စာတန်၏ အန္တရာယ်ပြုခြင်းခံရဆဲသော အပြစ်ကင်းစင်သူများကို ခေါ်ဆောင်လာသင့်ပါသည်။ ယင်းသည် ကမ္ဘာပေါ်မှ အခြားသောအလုပ်များထက် ပိုတန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိကာ မည်မျှလောက်သော နာကျင်မှုကို ခံစားရသည်ဖြစ်စေ အဖိုးထိုက်တန်ပါသည်။ ထိုအချင်းအရာကို စဉ်းစားမိသောအခါ ကျွန်မသည် ဧဝံဂေလိတရားဟောခြင်းသည် နာကျင်မှုတစ်ခုဟု မခံစားရတော့ပဲ ထိုအစား နိုင်ငံတော်၏ဧဝံဂေလိသတင်းကို ဖြန့်ဝေရန်အတွက် ကျွန်မ၏နည်းပါးလှသော စွမ်းရည်များကို ပေးအပ်နိုင်ခြင်းသည် အလွန်ပင် ကံထူးလှသည်ဟု ခံစားမိခဲ့ပါသည်။ ယင်းသည် ကျွန်မ၏ဘုရားသခင်အပေါ် ဂုဏ်ပြုခြင်းနှင့် လေးစားခြင်း ဖြစ်ပါသည်။ ကျွန်မသည် ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါသည်။ ကျွန်မ၏ဧဝံဂေလိအလုပ်တွင် မည်သို့သော အခက်အခဲများကို ရင်ဆိုင်ရစေကာမူ ဘုရားသခင်၏နှလုံးသားကို ကျေနပ်မှုရရှိစေရန်အတွက် ဘုရားသခင်၏ရှေ့တော်မှောက်သို့ ဘုရားသခင်၏ပေါ်ထွန်းခြင်းကို တောင့်တနေကြသောသူများကို ပို၍ ခေါ်ဆောင်လာရန် ကျွန်မ်ရှိသမျှကိုပေးကာ ဘုရားသခင်ပေါ်တွင် မှီခိုပါတော့မည်။ ထို့နောက်တွင် ကျွန်မသည် မိမိကိုယ်ကို ဧဝံဂေလိအလုပ်သို့ ခြေစုံပစ် ပြန်ဝင်ရောက်ခဲ့ပါသည်။

ဤသို့ ကျင့်ကြံသည့်ကာလနောက်ပိုင်းတွင် ကျွန်မ၏တာဝန်များကို ဖြည့်ဆည်းနေစဉ် ကျွန်မအား မကောင်းသော စိတ်သဘောထားရှိသူ သို့မဟုတ် ကြမ်းတမ်းသောစကားများကို ပြောသောသူတစ်ဦးဖြစ်သည့် ပြောင်းလဲရန် ကျွန်မမျှော်လင့်မိသောသူတစ်ဦးကို ကြုံတွေ့မိလျှင် သူနှင့် ကောင်းမွန်စွာ ဆက်ဆံလာနိုင်ပြီး ချစ်ခြင်းနှလုံးသားဖြင့် နောက်ဆုံးသောကာလမှ ဘုရားသခင်၏အမှုတော်ကို သက်သေ ဆက်လက်ခံနိုင်လာလေသည်။ ထိုအကြောင်းကြောင့် ကျွန်မသည် အတန်အသင့်ပြောင်းလဲလာပြီး ကျွန်မ၏မျက်နှာရခြင်းနှင့် ရာထူးနှင့်ပတ်သတ်၍ သိပ်ဂရုမစိုက်တော့ပေ။ တစ်နေ့တွင် အသင်းတော်ခေါင်းဆောင်က ကျွန်မအား ဘုရားသခင်၏လက်ရှိအလိုတော်နှင့်လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းတို့နှင့် ပတ်သက်၍ မိဿဟာရလည်းပြုရင်း ကျွန်မ ယခုတလော အခြေအနေမည်သို့ရှိသည်ကို မေးမြန်းပါသည်။ အခြားအသင်းတော်တစ်ခုသို့ သူမ၏တာဝန်များကို ထမ်းဆောင်ရန် ရွှေ့ပြောင်းတော့မည်ဟု စကားပြောရင်း သိရှိရသောအခါ ကျွန်မစိတ်ထဲတွင် စိတ်လှုပ်ရှားမှုမဖြစ်ပဲ မနေနိုင်ဖြစ်ကာ “သူပြောင်းသွားရင် ငါအသင်းတော်ခေါင်းဆောင် ဖြစ်မလားမသိဘူး။ အဲဒီလိုဆိုရင် ငါအလုပ်ကို ကောင်းကောင်းလုပ်ရမယ်” ဟု စဉ်းစားမိပါသည်။ ကျွန်မသည် တိတ်တဆိတ် ပျော်ရွှင်နေချိန်တွင် သူမက မနက်ဖြန် ကျွန်မရွာမှ အခြားညီအစ်မတစ်ဦး လာရောက်မည်ဟု ပြောပါသည်။ ထိုအကြောင်းကို ကြားသိရသောအခါ ကျွန်မ၏နှလုံးသားသည် လှုပ်ရှားတုန်လှုပ်သွားပါသည်။ “သူဘာလို့လာမှာလဲ။ အသင်းတော်ရဲ့ခေါင်းဆောင်ဖြစ်ဖို့လား။” ဟု ကျွန်မစဉ်းစားမိပါသည်။ ကျွန်မ စိုးရိမ်စိတ်မကြီးထွားလာပဲ မနေနိုင်ခဲ့ပါ။ “သူဘုရားသခင်ကိုယုံကြည်တဲ့ အချိန်ဟာ ငါဘုရားသခင်ကို ယုံကြည်ခဲ့တဲ့အချိန်လောက် မကြာသေးဘူး။ သူက ငါနဲ့တစ်ရွာတည်းလည်း ဖြစ်တယ်။ တကယ်လို့ သူသာခေါင်းဆောင်လုပ်မယ်ဆိုရင် ငါ့မျက်နှာ ထိခိုက်စရာဘယ်လောက်ဖြစ်လိုက်မလဲ။ ငါတို့ရဲ့ ညီအစ်ကို ညီအစ်မတွေက ငါ့ကို ဘယ်လိုမြင်မှာလဲ။ငါဟာ သူ့လောက် သမ္မာတရားကို လိုက်မလျှောက်ဘူးလို့ သူတို့ပြောမှာအမှန်ပဲ” ဟု စဉ်းစားမိပြန်ပါသည်။ ထိုအကြောင်းကို ကျွန်မ မစဉ်းစားပဲမနေနိုင်ခဲ့ပေ။ ညအချိန်တွင် ကျွန်မ လူးကာ လှိမ့်ကာဖြင့် အိပ်မပျော်နိုင်ခဲ့ပါ။နောက်တစ်နေ့ အစည်းအဝေးတွင်အသင်းတော်မ ှရွေးချယ်မည့် ခေါင်းဆောင်အသစ်တစ်ဦးသည် မည်သူဖြစ်မည်ဆိုသည်ကို သိချင်လိုစိတ်ပြင်းပြစွာဖြင့် ခေါင်းဆောင်ပြောသမျှ အရာအားလုံး၏ အသံအနေအထားနှင့် စိတ်သဘောထားအားလုံးကို စိတ်ပါဝင်စားစွာ နားထောင်နေခဲ့မိလေသည်။ ခေါင်းဆောင်သည် ကျွန်မကို ကြည့်ပြီး စကားပြောလိုက်သည့် အချိန်တိုင်းတွင် ကျွန်မကို ခေါင်းဆောင်တင်မည်ဟူသော မျှော်လင့်ချက်အချို့ကို ခံစားခဲ့ရပါသည်။ ကျွန်မ၏မျက်နှာသည် ပျော်ရွှင်မှုဖြင့် ပြည့်ဝကာ သူမပြောသမျှကို ခေါင်းညိတ်ပြီး သဘောတူညီခဲ့ပါသည်။ သို့ရာတွင် သူမသည် အခြားညီအစ်မကို စကားပြောနေစဉ် မျက်နှာချင်းဆိုင်လိုက်ပါက သူမသည် ဆုံးဖြတ်ထားသော ခေါင်းဆောင်တစ်ဦး မလွဲမသေဖြစ်နိုင်သည်ဟု ထင်မိကာ ရလဒ်အနေဖြင့် စိတ်ရှုတ်ထွေးကာ နာကျင်မှုကို ခံစားခဲ့ရပါသည်။ ထိုနှစ်ရက်သုံးရက်အတွင်းတွင် ကျွန်မသည် မျက်နှာရခြင်း နှင့်ရာထူးတို့အတွက် စိုးရွံ့မှုနှင့် စိတ်ခြောက်ခြားမှုတို့ဖြစ်သည်အထိ စိတ်ဒုက္ခကို ခံစားခဲ့ရပါသည်။ အစာစားချင်စိတ် ကျွန်မ ပျောက်ဆုံးသွားခဲ့ပြီး အချိန်သည် အေးခဲသွားသည့်နှယ် အလွန်ပင် အထူး နှေးကွေးစွာ သွားနေသည်ဟု ခံစားခဲ့ရပါသည်။ အသင်းတော်ခေါင်းဆောင်သည် ကျွန်မဖြစ်နေသောအခြေအနေကို တွေ့မြင်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာမျက်နှာကိုလှန်လှောကာ ဘုရားသခင်၏နှုတ်ကပတ်တော် “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း” ထဲမှစာပိုဒ်နှစ်ပိုဒ်ကို ကျွန်မအား ဖတ်ပြခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ပြောကြားချက်မှာ- “ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။” “သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” ဘုရားသခင့် နှုတ်ကပတ်တော်၏ စာကြောင်းတစ်ကြောင်းစီသည် ကျွန်မနှလုံးသားတံခါးကို ခေါက်သည့်နှယ်ဖြစ်ကာ ဘုရားသခင်သည် ကျွန်မဘေးတွင်ရှိနေကာ ကျွန်မ၏စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်ဟု ခံစားရစေပါသည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်းက ကျွန်မ၏အတွေးများနှင့် လုပ်ဆောင်မှုများကို ပြန်လည်မစဉ်းစားပဲ မနေနိုင်တော့ပါ။ ကျွန်မ၏ရှာဖွေခြင်းအမြင်သည် အလွန်နိမ့်ကျကာ “ငန်းသည်ပျံသန်းရာနေရာတိုင်းတွင် တွန်ကျူးလေ့ရှိသကဲ့သို့ လူသည် သွားလေရာရာတွင် နာမည်ချန်ထားသည်။” နှင့် “သစ်ပင်သည် သစ်ခေါက်ရှိမှ အသက်ရှင်သကဲ့သို့ လူသည်လည်း မျက်နှာရခြင်းအားဖြင့် အသက်ရှင်သည်။”ဟူသော နဂိုမှန်အဆိုများ၏ လွှမ်းမိုးမှုကို ခံနေရသည်ကို သတိပြုမိပါသည်။ အခြားသူများထံမှ ချီးကျူးမှုကိုရနိုင်ရန်အတွက် ကျွန်မသည် အမြဲတမ်းလိုပင် ရာထူးတို့ကို လိုချင်ခဲ့ပြီး ကျွန်မကိုယ်ကို မျက်နှာရခြင်းနှင့် ရာထူးတို့က စိုးရိမ်မှု၊ စိတ်ကစဉ့်ကလျားဖြစ်မှု၊ အစာစားချင်စိတ်မရှိခြင်း၊ အိပ်မပျော်ခြင်းနှင့် လူပြက်တစ်ဦးကဲ့သို့ မိမိကိုယ်ကို အရူးလုပ်မိသည့် အခြေအနေအထိ မိမိကိုယ်ကို ဒုက္ခပြန်ပေးမိခဲ့ပါသည်။ ထိုအချိန်တွင်မှ ကျွန်မသည် ဘုရားသခင်က ကျွန်မ ကိုယ်ပိုင်အခြေအနေနှင့်အညီ ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ထားပေးကြောင်းနှင့် ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကျွန်မအပေါ် သက်ရောက်လာခြင်းဖြစ်ကြောင်း နားလည်ခဲ့ပါသည်။ ယနေ့အထိ ဘုရားသခင်၏ အမှုတော်သည် ကျွန်မကိုကယ်တင်ရန်၊ ကျွန်မအနေဖြင့် ကယ်တင်ခြင်းရရန်အတွက် အမှောင်ဖုံးလွှမ်းခြင်းမှ လွှတ်မြောက်အောင် ကူညီရန်၊ ကျွန်မ၏ရာထူးကို ရှာဖွေခြင်းနည်းလမ်းသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်သည်ကို ရှင်းရှင်းလင်းလင်း မြင်ရန်အတွက် ဖြစ်ပါသည်။ ကျွန်မသည် ဘုရားသခင်ကို အဆုံးထိတိုင်အောင် ယုံကြည်ခဲ့လျှင်ပင် ဘုရားသခင်၏ လက်ခံမှုကို ရယူနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ကျွန်မသည် မည်သည့်အရာမျှ မရှိပဲကျန်နေခဲ့လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ထံသို့ တိုးတိတ်စွာ ကျွန်မ ဆုတောင်းခဲ့ပါသည်။ “အိုးဘုရားသခင် ကျွန်မ ကိုယ်တော့် အမှုတော်ကို နာခံဖို့၊ ကိုယ်တော့် သတ်မှတ်ချက်များနဲ့အညီ ယုံကြည်မှုလမ်းကြောင်းကို လျှောက်လှမ်းဖို့နဲ့ သမ္မာတရားကို နားလည်မှုရရှိအောင် ဘုရားသခင့်နှုတ်ကပတ်တော်မှာ အားထုတ်မှုထားရှိဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားများကို ဖယ်ထုတ်ပစ်လိုသော ဆန္ဒရှိပါတယ်။ ကျွန်မကို ခေါင်းဆောင်အရာ တင်သည်ဖြစ်စေမတင်သည်ဖြစ်စေ ကျွန်မ သမ္မာတရားကိုလိုက်လံရှာဖွေပြီး ဘုရားသခငရဲ့ဆန္ဒကို ပြည့်စုံစေရန်အတွက် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့အာရုံစိုက်ပါတော့မယ် ” ဘုရားသခင်၏အလိုတော်ကို နားလည်ပြီးသည့်နောက်တွင် ကျွန်မသည် နှလုံးသားထဲတွင် အထူးသဖြင့် ငြိမ်သက်မှုကိုခံစားခဲ့ရပြီး ဘုရားသခင့်နှုတ်ကပတ်တော်၏ သမ္မာတရား မည်သည့်အကြောင်းအချက်ကိုမဆို အခြားသော ညီအစ်ကိုမောင်နှမများနှင့် မိဿရဖွဲ့ရာတွင် ပျော်ရွှင်လာနိုင်ခဲ့ပါသည်။ အစည်းအဝေးပြီးသည့်နောက်တွင် အသင်းတော်ခေါင်းဆောင်က ညီအစ်ကိုမောင်နှမအများစု၏ ထောက်ခံမှုများပေါ် အခြေခံကာ အခြားညီအမတစ်ဦးကို အသင်းတော် ခေါင်းဆောင်အဖြစ်ထားရှိကာ ကျွန်မအနေဖြင့် သူမကို ကူညီရမည်ဖြစ်ကြောင်း ပြောလေသည်။ အတွင်းစိတ်ထဲတွင် ကျွန်မသည် အလွန်ငြိမ်သက်ကာ ဤအရာကို အဆင်သင့်ပင် လက်ခံနိုင်ခဲ့ပြီး ကျွန်မတို့၏ တာဝန်ကို ဖြည့်ဆည်းဖို့ သူမနှင့် သင့်မြတ်စွာ အလုပ်လုပ်ရန် သဘောတူညီခဲ့လေသည်။

တစ်နေ့တွင် အသင်းတော်မှ အခြေအနေမကောင်းသော ညီအစ်မတစ်ဦးရှိသည် ဆိုသည့်အကြောင်းကို အသိပေးခြင်းခံရပါသည်။ ထို့ကြောင့် ကျွန်မနှင့်အတူလုပ်ဆောင်သော ညီအစ်မနှင့် ထိုပြဿနာကိုဖြေရှင်းရန် တိုင်ပင်ကြည့်ခဲ့သည်။ ထိုအချိန်က သူမ ကျန်းမာရေးမကောင်းသဖြင့် ထိုညီအမထံသို့ ကျွန်မသည် ထိုညတွင်ပင် မိဿဟာရဖွဲ့ရန် တစ်ဦးတည်းသွား ရောက်ခဲ့ပါသည်။ ပြဿနာသည် လျင်မြန်စွာ ပြေလည်သွားလေသည်။ ကျွန်မ၏နှလုံးသားသည် မိမိကိုယ်ကိုယ် စိတ်ကျေနပ်မှုတို့ဖြင့် ပြည့်လျှံနေပြီး အထက်မှ ခေါင်းဆောင်သည် ကျွန်မ အားစိုက်ထုတ်ခဲ့ရသည့်အပေါ် ချီးမွမ်းမည်မှာ အမှန်ပင်ဖြစ်သည်ဟု ထင်ခဲ့လေသည်။ သတင်းကောင်းကို စောင့်ဆိုင်းနေသည့်အချိန်တွင် အထက်ခေါင်းဆောင်ထံမှ ထိုညီအစ်မအခြေအနေကို မေးမြန်းသည့် စာတစ်စောင် ရောက်ရှိလာပါသည်။ ထိုစာသည် ကျွန်မအားချီးမွမ်းရန်ဖြစ်မည်ဟု ထင်ကာ ပျော်ရွှင်စွာ ဖွင့်ဖောက်ပြီး စတင်ဖတ်လိုက်သည်။ သို့ရာတွင် ထိုစာသည် ကျွန်မနှင့်အတူ လုပ်ဆောင်သော ညီအစ်မအား ပြဿနာကို သူမည်ကဲ့သို့ဖြေရှင်းခဲ့သည်ကို မေးမြန်းထားသည်ကို တွေ့ရသောအခါ အံ့သြသင့်မိခဲ့ပါသည်။ ကျွန်မသည် ချက်ချင်းဆိုသလိုပင် ခံပြင်းဒေါသထွက်ကာ “ငါကပြဿနာကို ဖြေရှင်းတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာ ရှင်းနေတာပဲ။ ငါ့ဆီကို ဘာလို့စာရေးပြီး မမေးတာလဲ။ ခေါင်းဆောင်တွေရဲ့နှလုံးသားထဲမှာ ငါကနေရာမရှိဘူး၊ သူတို့ ငါ့ကို အထင်သေးတယ်ဆိုတာ ရှင်းနေတာပဲ။ ငါကလက်တိုလက်တောင်း လုပ်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ငါ့ လုပ်ဆောင်ချက် ဘယ်လောက်ကောင်းကောင်း ဘယ်သူမှ ဒါကို ဂရုမစိုက်ဘူး” ဟု တွေးမိပါသည်။ ထိုအကြောင်းကို ကျွန်မစဉ်းစားလေလေ မှားယွင်းနေသည်ဟု ခံစားမိကာ စိတ်ဓါတ်ကျမိပါသည်။ ကျွန်မသည် အရာအားလုံးတွင် မျက်နှာမရရှိဟု ခံစားမိပါသည်။ ထိုစဉ်တွင် လုပ်ဖော်ဆောင်ဖက် ညီအစ်မသည် စာကို လက်ထဲတွင်ကိုင်ကာ ကျွန်မနှင့်အတူ စကားပြောရန်လာလေသည်။ ကျွန်မသည် ကျွန်မစိတ်တွင်းမှ ခံစားချက်များကို မထိန်းထားနိုင်တော့ပဲ ပြင်းထန်စွာ ပြောလိုက်မိပါသည်။ “အထက်ခေါင်းဆောင်တွေဟာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကို မသိကြဘူး။ ဒါကို ရှင်နားမလည်ဘူးလား။ ကျွန်မဟာ ဒီအပေါ်မှာ အကြာကြီးအလုပ်များခဲ့ပေမဲ့ ဘယ်သူမှ ဖော်ရွေတဲ့ စကားတစ်ခွန်းမဆိုကြဘူး။ နောက်ဆုံးတော့ ရှင်ပဲ အချီးမွမ်းခံရတယ်။ လူတိုင်းမျက်လုံးထဲမှာ ကျွန်မဟာ လက်တိုလက်တောင်း စီမံရတဲ့သူတစ်ဦးပဲ။ ကျွန်မ ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် ဘယ်သူမှ ကျွန်မကို အသိအမှတ်မပြုကြဘူး” ဟုပြောမိပါသည်။ ဤအရာကို ပြောပြီးသည့်နောက်တွင် ကျွန်မဟာ စိတ်အလွန်ထိခိုက်သွားပြီး မျက်ရည်များကျလာပါသည်။ ထိုအချိန်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်မ၏နားထဲမှာ ပဲ့တင်ထပ်လာပါသည်။ “သင်သည် အားထုတ်မှုများစွာ အသုံးပြုပြီးဖြစ်သော်လည်း သင့်ကို ငါ အလွန်စိမ်းကားဆဲဖြစ်ပါက၊ မထင်ပေါ်ဘဲ သင်သည် ငါ့အတွက် ဆက်လက် အလုပ်လုပ်နေနိုင်မည်လော။ငါ့အတွက် သုံးစွဲခြင်းများ ပြုပြီးသည့်နောက်၊ သင်၏ အသေးအဖွဲ တောင်းဆိုချက်များကို ငါ မဖြည့်ဆည်းပေးပါက၊ သင်သည် ငါနှင့်ပတ်သက်၍ စိတ်အားငယ်ကာ စိတ်ပျက်လာမည်လော သို့မဟုတ်၊ ဒေါသပင် ထွက်လာပြီး အော်ဟစ် ဆဲရေးမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)) ဘုရားသခင်၏ ဆုံးမသွန်သင်သည့် စကားတော်များသည် ဖြည်းဖြည်းချင်း ကျွန်မကို ငြိမ်သက်စေကာ ကျွန်မခေါင်းကို အတော်ရှင်းသွားစေခဲ့သည်။ ယခုလေးတင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်သည် ကျွန်မ၏စိတ်ထဲတွင် ရုပ်ရှင်ပမာ ထပ်ခါ ပြန်လည်မြင်ယောင်နေမိပါသည်။ ဘုရားသခင် ထုတ်ဖော်ပြသောအရာက ကျွန်မ၏ဆိုးရွားပြီး အန္တရာယ်ရှိသော သဘာဝကိုမြင်စေပြီး ဘုရားသခင်အပေါ် ကျွန်မယုံကြည်ခြင်းနှင့် ကျွန်မ၏တာဝန်ကို ဖြည့်ဆည်းခြင်းတို့သည် ဘုရားသခင်ကို ကျေနပ်စေရန် သို့မဟုတ် သူ၏လက်ခံမှုကို ရယူလိုခြင်းကြောင့်မဟုတ်ပဲ အခြားသူများထံမှ ချီးကျူးမှုနှင့် ထောပနာပြုမှုကို ရရန်အတွက်သာဖြစ်ပါသည်။ ကျွန်မ၏ဆန္ဒများကို မပြည့်မှီသည်နှင့် တစ်ပြိုင်နက်တွင် ကျွန်မသည် မကျေမချမ်းမှုအပြည့် ဖြစ်လာလေသည်။ ကျွန်မ၏ သားရဲသဘာဝသည် ပွင့်ထွက်လာပြီး ဘုရားသခင်ကို ပို၍လွယ်ကူစွာပင် သစ္စာဖောက်ခဲ့လေသည်။ ထိုအချိန်တွင် ကျွန်မသည် လွန်သွားပြီဆိုသည်နှင့် ကျွန်မသည် မယ်မယ်ရရ လူသားဆန်မှု တစ်ခုတစ်လေမျှကို မပိုင်ဆိုင်ကြောင်း တွေ့မြင်ခဲ့ပါသည်။ ကျွန်မခံစားခဲ့ရသော နာကျင်မှုမှာ ဆိုးရွား လှပါသည်။ နာကျင်မှုအတွင်းတွင် ဘုရားသခင်ထံ ကျွန်မဆုတောင်းခဲ့ပါသည်။ “အိုး ဘုရားသခင် ကျွန်မဟာ အနည်းငယ်ပြောင်းလဲခဲ့ပြီ၊ မျက်နှာရခြင်းနှင့် အဆင့်အတန်းတို့အတွက် အသက်မရှင်တော့သည့်အတွက် ဤညီမနှင့် အတူ သင့်တင့်နေထိုင်နိုင်ပြီဟု ထင်ခဲ့မိပါသည်။ သို့ရာတွင် ယနေ့ ကိုယ်တော်၏ ထုတ်ဖော်ပြချက်အားဖြင့် ကျွန်မကြိုးပမ်းချက်များကို ချီးကျူးခြင်းမခံရသဖြင့် စိတ်ခံစားရခြင်းနှင့် အခြားသူများကြားတွင် ကျွန်မသည် အဆင့်အတန်းမရှိခြင်းကြောင့် အမြဲခံစားရခြင်း အစရှိသော ကျွန်မ၏စာတန်နှင့်ဆိုင်သော အကျဉ်းတန်မှုသည် နောက်တစ်ဖန် ထပ်မံပေါ်ထွက်လာပြန်ပါသည်။ အိုး. ဘုရားသခင်၊ စာတန်သည် ကျွန်မအား အလွန်နက်ရှိုင်းစွာ အမှန်ပင် ထိခိုက်စေခဲ့ပါသည်။ အဆင့်အတန်း၊ နာမည်ကောင်းနှင့် ဝင့်ဝါမှုတို့အားလုံးသည် ကျွန်မ၏နှောင်ကြိုးများ ဖြစ်လာခဲ့ပါသည်။ ကိုယ်တော်ကျွန်မကို လမ်းညွှန်ပေးခြင်းအားဖြင့် စာတန်ကြောင့် ကျွန်မ၏ပျက်စီးမှုများ၏ သမ္မာတရားကို နားလည်နိုင်စေရန်နှင့် ယင်း၏လွှမ်းမိုးမှုအောက်မှ ပြန်လည်ထွက်ခွာလာနိုင်စေဖို့ လမ်းပြဖို့ဆုတောင်းပါတယ်။” ထို့နောက်တွင် အောက်ပါဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတွေ့ရှိခဲ့ရပါသည်။ “သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွတ်သို့ တက်ကြပြီးဖြစ်သည်။ လူအမြောက်အများ၏ ဘိုးဘေးများဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် အလွန့်အလွန် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေရင်းနှင့် သင်တို့ထက် ပိုသေးငယ်သော လောက်ကောင်များကို ဝါးမျိုရန် ကြိုးပမ်းလျက်၊ လောက်ကောင်များ အားလုံးကြားတွင် ဒေါသတကြီး လျှောက်ရမ်းကြသည်။ သင်တို့သည် သမုဒ္ဒရာအောက်ခြေ၌ နစ်မြုပ်သွားကြသော သရဲတစ္ဆေများထက်ပင် ကျော်လွန်ပြီး သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်။ သင်တို့သည် လောက်ကောင်များကို မငြိမ်းချမ်းစေသည်အထိ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း၊ အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြရင်း နောက်ချေး၏ အောက်ခြေတွင် နေထိုင်ကြသည်။ သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့ စိတ်နှလုံးထဲတွင် ငါ့အတွက် ကြောက်ရွံ့မှု အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင် ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့) ဘုရားသခင်၏ တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များသည် ထကသော ဓါးတစ်ချောင်းသဖွယ် ကျွန်မ၏ နှလုံးသားကို နာကျင်စွာ စိုက်ဝင်ခဲ့ကာ ကျွန်မ၏ဝိညာဉ်ကို နိုးထစေခဲ့ပြီး ကျွန်မသည် ဘုရားသခင်ကို ချီးမြှောက်ရန်နှင့် ဘုရားသခင်အတွက်သက်သေခံရန် တာဝန်များကို ဖြည့်ဆည်းခဲ့ခြင်းမဟုတ်ဘဲ ကျွန်မသည် အမြဲတမ်းကြွားဝါလိုပြီး ကျွန်မအတွက် ကျွန်မသက်သေခံကာ၊ အခြားသူများထက် သာလွန်သောနေရာတွင် ရပ်တည်ရန် အိပ်မက်မက်ခြင်းဖြင့် သူတို့သည် ကျွန်မကို အားကျကာ အထင်ကြီးရန်အတွက်သာ ဖြစ်သည်ကို ကျွန်မကို နားလည်စေခဲ့ပါသည်။ ကျွန်မ၏နှလုံးသားထဲတွင် ဘုရားကိုကြောက်ရွံ့ခြင်း တစ်ခုတစ်လေ ရှိပါသလား။ ဤသည်မှာဖန်းဆင်းခံတစ်ဦးအနေဖြင့် ကျွန်မ၏တာဝန်ကို ဖြည့်ဆည်းခြင်း အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ကျွန်မသည် ကောင်းကင်တမန်မင်း၏ ရိုင်းစိုင်းသော ရည်မှန်းချက်၊ ဘုရားသခင်နှင့်တူညီလိုသော သူ၏ လှည့်စားခြင်းနှင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်းတို့အကြောင်းကို စဉ်းစားမိခဲ့သည်။ ကျွန်မသည် အခြားသူများ၏ အလွန်အရေးထားမှုကိုရရန် အမြဲတမ်းလုပ်ဆောင်ပြီး၊ ကျွန်မ၏ကိုယ်ပိုင်နေရာနှင့် အခြားသူများနှင့်ပတ်သက်သည့် ပုံရိပ်ကို တည်ဆောက်ရန် ကြိုးစားခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်းကဲ့သို့ အလားတူ ရှာဖွေလိုက်စားနေခဲ့သည် မဟုတ်ပါလား။ ကျွန်မသည် စာတန်၏နက်ရှိုင်းစွာ ဖျက်ဆီးခြင်းကိုခံခဲ့ရသော ဖန်ဆင်းခံတစ်ဦးဖြစ်ပါသည်။ ကျွန်မသည် ငွေတစ်ပြားမှ မထိုက်တန်သော အမှိုက်ကဲ့သို့ပင် ဖြစ်သည်။ ယခု ကျွန်မသည် ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံရရှိခဲ့ပြီး ကျွန်မ၏တာဝန်ကို လုပ်ဆောင်ရန် နှင့် လူသစ်တစ်ဦးဖြစ်ရန် အခွင့်အရေးရရှိသည့်အတွက် ကျွန်မသည် ဘုရားသခင်ကို ကိုးကွယ်ကာ ကျွန်မ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုဖြင့်အချိန်တိုင်း ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းသင့်ပါသည်။ သို့ရာတွင် ကျွန်မသည် အလုပ်ကို ရိုးရိုးသားသား လုပ်ဆောင်ခြင်းမရှိပဲ ထို့အစား ကျွန်မ၏တာဝန်ကို ကြွားဝါရန်၊ မိမိအတွက် သက်သေခံရန်နှင့် ကျွန်မ၏ကိုယ်ပိုင် အကျိုးအတွက်လုပ်ဆောင်ရန် အခွင့်အရေးတစ်ခုအဖြစ် အမြဲတမ်း အသုံးချချင်ခဲ့ပါသည်။ ဘုရားသခင်သည် ဤအရာကို မမုန်းတီးပဲ မရွံရှာပဲ နေမည်လော။ ဘုရားသခင်သည် အလွန်သန့်ရှင်းပြီး ်ကြီးမြတ်သည်။ သြဇာအာဏာ၊ တန်ခိုးတို့နှင့် ပြည့်ဝသည်။ သို့ရာတွင် နှိမ့်ချကာ လျို့ဝှက်စွာနေပြီး လူတို့ သူ့ကို ကြည်ညိုပြီး လေးစားဖို့အလို့ငှာ သူမည်သူမည်ဝါဖြစ်သည်ကို မည်သည့်အခါမျှ ဖော်ပြခြင်းမရှိခဲ့ပေ။ ထိုသို့ပြုမည့်အစား သူသည် သူ့၏ ရှိသမျှအားလုံးကို လူသားမျိုးနွယ်အား ကယ်တင်ရန် တိတ်ဆိတ်စွာ ဆက်လက်ပေးနေပြီး သူအကြောင်း သူရှင်းလင်းပြောဆိုခြင်း သို့မဟုတ် အသိအမှတ်ပြုစေခြင်းမပြုပဲ လူသားမျိုးနွယ်တို့ထံမှ မည်သည့်အရာမှ တောင်းဆိုခြင်း မပြုခဲ့ပေ။ ဘုရားသခင်၏ နှိမ့်ချမှု၊ မြင့်မြတ်မှုနှင့် ကိုယ်ကျိုးစွန့်မှုတို့သည် ကျွန်မ၏ကိုယ်ပိုင် မာနထောင်လွှားမှု၊ နှိမ့်ကျမှုနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့ကို တွေ့မြင်လာစေခဲ့သည်။ ကျွန်မသည် ပုန်းခိုစရာနေရာမရှိသည့်နှယ် အရှက်မရပဲ မနေနိုင်ဖြစ်မိပြီး၊ စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်းကို ကျွန်မ ခံစားခဲ့ရဟုလည်း ခံစားရကာ ဘုရားသခင်၏တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းတို့အားဖြင့် ကယ်တင်ခြင်းကို ကျွန်မ အလွန်လိုအပ်နေသည်ဟု ခံစားမိပါသည်။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်ရှေ့တွင် ထပ်မံပြပ်ဝပ်ခဲ့သည်။ “အိုး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်၏ ဆုံးမပြစ်တင်ခြင်းနှင့် တရားစီရင်ခြင်းတို့မှတဆင့် ကျွန်မသည် မိမိ၏မနာခံမှု၊ ထို့အပြင် ကိုယ်တော်၏မြင့်မြတ်မှုနှင့် ကြီးမြတ်မှုကို တွေ့မြင်ခဲ့ရပါပြီ။ ယခုမှစပြီး ကျွန်မရဲ့တာဝန်များကို ဆောင်ရွက်နေစဉ်တွင် ကိုယ်တော့်ကို ကြောက်ရွံ့သောနှလုံးသားနှင့် သင့်လျော်သော လူသားတစ်ဦးကဲ့သို့ ပြုမူပြီး ကိုယ်တော့် နှုတ်ကပတ်တော်များအပေါ် လုံးဝ အသက်ရှင်ကာ ကျွန်မ၏ ဆိုးယုတ်သော စိတ်သဘောထားကို စွန့်ပစ်ဖို့ပဲမျှော်လင့်မိပါတော့တယ်။”

နောက်ပိုင်းတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ ရွေးချယ်ခံရပြီး ကျွန်မ၏တာဝန်များကို လုပ်ဆောင်ရန် အခြားသော ညီမတစ်ဦးနှင့် ပူးပေါင်းခဲ့ရပါသည်။ ယခင်က ကျွန်မ၏ကျရှုံးမှုများကြောင့် ကျွန်မသည် အသင်းတော်အလုပ်ကို သင့်လျော်စွာ ဆောင်ရွက်ရန် ထိုညီမနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့ လိုအပ်သည်ဟု မိမိကိုယ်ကို စဉ်ဆက်မပြတ်ပြန်လည် အသိပေးနေရပါသည်။ ပထမတွင် ကျွန်မသည် သူမနှင့် အရာအားလုံးကို ဆွေးနွေးပြီး ကျွန်မတို့၏အလုပ်ကဏ္ဍများအားလုံးတွင် အသီးအပွင့်ရစေရန် ကိုယ်တော်၏လမ်းညွှန်မှုကို အတူတကွ ရှာဖွေခဲ့ကြပါသည်။ သို့ရာတွင် အချိန်အနည်းငယ်ကြာပြီးနောက် သူမသည် ကောင်းမွန်သော အရည်အချင်းရှိပြီး၊ သူမ၏သမ္မာတရားနှင့်ဆိုင်သော မိဿဟာရဖွဲ့ခြင်းသည် ရှင်းလင်း၍ နားလည်နိုင်ကာ သူမ၏ အလုပ်လုပ်ဆောင်နိုင်စွမ်းသည် ကျွန်မထက် များစွာ အားကောင်းသည်ကို ကျွန်မတွေ့မြင်လာပါသည်။ အစည်းအဝေးများအတွင်းတွင် ညီအစ်ကို မောင်နှမများက သူမ၏မိဿဟာရဖွဲ့ခြင်းကို အားလုံး ပျော်ရွှင်စွာ နားထောင်ကြပြီး ပြဿနာများ သူတို့ ကြုံရသည့်အခါ သူမနှင့် တိုင်ပင်ဆွေးနွေးကြလေသည်။.ဤသို့သော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရသောအခါ ကျွန်မသည် စာတန်၏ထောင်ချောက်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ ကျရောက်ခဲ့ပြန်ပြီး ကျွန်မက၊ “ဒီညီမဟာ ငါ့ထက် အဖက်ဖက်က သာနေပြီး သူဘယ်သွားသွား ညီအစ်ကို မောင်နှမတွေရဲ့ လေးစားတာကို ခံရတယ်။ မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ထက် ကျွန်မသာပြီး ကျွန်မတို့ရဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို သူ့ထက် နှိမ့်ကျတယ်လို့ မမြင်အောင်လုပ်ရမယ်” ဟု စဉ်းစားမိပါသည်။ ဤအထိ ညီအစ်ကို မောင်နှမတွေနှင့် အစည်း အဝေးလုပ်ခြင်း၊ မည်သူပြဿနာရှိနေသည်ဖြစ်စေ ပြဿနာများကို ဖြေရှင်းရန် လျင်မြန်စွာ သွားရောက်ခြင်းဖြင့် ကျွန်မသည် နေ့စဉ်နှင့်အမျှ အသင်းတော်တွင် အဆက်မပြတ် အလုပ်များနေခဲ့သည်။ အပြင်ပန်းမှကြည့်လျှင် ကျွန်မသည် သစ္စာရှိပြီး နာခံမှုရှိသည့်ပုံပေါက်နေသော်လည်း ကျွန်မ၏အတွင်းမှ ရည်မှန်းချက်များသည် ဘုရားသခင်၏စောင့်ကြည့်မှုမှ အဘယ်သို့ လွှတ်မြောက်ဖို့ ဖြစ်နိုင်ပါမည်နည်း။ ကျွန်မ၏မနာခံခြင်းသည် ဘုရားသခင်၏ဒေါသကို ထွက်ပေါ်လာစေပြီး သူ၏မျက်နှာကို ကျွန်မထံမှ ကွယ်ဝှက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ကျွန်မသည် အမှောငထဲသို့ ကျရောက်ခဲ့ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ကျွန်မ ဉာဏ်အလင်းကိုမရတော့ပေ။ ဆုတောင်းသော အခါတွင် ပြောစရာစကားမရှိပေ။ အစည်းအဝေးများတွင် ခြောက်ခြောက်ကပ်ကပ် ပြောဆိုဆက်ဆံလာပြီး ညီအစ်ကို မောင်နှမများနှင့် တွေ့ဆုံရန်ကိုပင် ကြောက်ရွံ့လာခဲ့ပါသည်။ ကျွန်မသည် အဆင့်အတန်းနှင့် မျက်နှာရခြင်းတို့၏ နှောင်ကြိုးဖွဲ့ခြင်းကို လုံးဝခံလာခဲ့ရပါသည်။ ကြီးမားသောဝန်ထုပ်တစ်ခုကို ပုခုံးပေါ်တွင်ထမ်းထားရသဖြင့် အသက်ဝ၀ မရှုနိုင်သည့်နှယ်ဖြစ်ကာ နေ့တိုင်း ကျွန်မယောင်ချာချာဖြစ်နေခဲ့သည်။ ထိုသို့ ဘုရားသခင်၏ ထုတ်ဖော်ပြသခြင်းနှင့် ရင်ဆိုင်ရသော်လည်း ကျွန်မကို အထင်သေးမည်ကို ကြောက်ရွံ့မိသဖြင့် ကျွန်မသည် မိမိကိုယ်ကို သိရှိရန် မကြိုးစားသေးပဲ ကျွန်မ၏အခြေအနေကို ညီအစ်ကို မောင်နှမများထံ ဖွင့်ဟပြီး ယင်းကိုဖြေရှင်းရန် သမ္မာတရားကိုရှာဖွေလိုခြင်းလည်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် ကျွန်မအပေါ်သို့ ရောက်ရှိလာပါသည်။ ကျွန်မ ဝမ်းဗိုက်သည် ရုတ်တရက် စတင်နာကျင်လာဖြင့် ထိုင်မရ ထမရဖြစ်လာခဲ့ပါသည်။ ဤနာမကျန်းမှု ဒုက္ခဝေဒနာနှင့် အဆင့်အတန်းမရရှိခြင်းမှ ကျွန်မ၏စိတ်မကျေနပ်မှုများက ကျွန်မကို သေမည်လား ရှင်မည်လား ဖြစ်ကျန်ရစ်စေခဲ့သည်။ ကျွန်မသည် ဆုံးဖြတ်ချက် လွဲမှားသော လမ်းကြောင်းတွင် မရမကရပ်တည်ခဲ့ကာ အသင်းတော် အလုပ်ကို ဆက်လက်လုပ်လိုခြင်း မရှိတော့သည့်အတွက် အသင်းတော်သည် ကျွန်မနေရာကို အစားထိုးလိုက်ရုံမှတပါး ရွေးချယ်စရာမရှိ ဖြစ်ခဲ့သည်။ ကျွန်မ၏ အဆင့်အတန်းကို ဆုံးရုံးလိုက်ရပြီးနောက်တွင် ကျွန်မသည် ငရဲသို့ ရှုတ်ချခြင်းခံရသကဲ့သို့ ခံစားခဲ့ရပါသည်။ စိတ်ခံစားချက်အရ၊ ကျွန်မသည် အနှိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ပြီး အားလုံးနှင့် မျက်နှာပျက်ခဲ့ရသည်ဟု ခံစားခဲ့ရပါသည်။ ကျွန်မသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ဆုံးရှုံးလိုက်ရပြီး မည်သည့်တာဝန်ကိုမျှ မလုပ်ဆောင်နိုင်တော့သည့်အချိန်တွင် ညီအစ်ကို မောင်နှမများကသူတို့တာဝန်များကို တက်ကြွစွာ ထမ်းဆောင်နေသည်ကို အထူးသဖြင့် တွေ့သည့်အခါ ကျွန်မသည် စိတ်ဒုက္ခ ပို၍ခံစားခဲ့ရပါသည်။ ကျွန်မ၏နာကျင်မှုအတွင်းတွင် ကျွန်မကိုယ့်ကိုယ်ကို မမေးပဲမနေနိုင် ဖြစ်ခဲ့ပါသည်။ ကျွန်မက ဆက်ပြီးတော့ ဂုဏ်နဲ့ အဆင့်အတန်းအတွက် အကြိမ်ကြိမ် ဘုရားသခင်ကို ဆက်လက် မနာခံဘဲ ဆန့်ကျင်နေစဉ်မှာ အခြားသူတွေဟာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို ပိုပိုပြီးနားလည်နိုင်တာ ဘာလို့လဲ။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်ထံ အကြိမ်များစွာ ဆုတောင်းခဲ့ပြီး ကျွန်မ၏ ကျရှုံးခြင်းအတွက် အခြေအမြစ်ကို တွေ့ရှိဖို့ ဦးဆောင်ပြသပေးပါရန် တောင်းဆိုခဲ့ပါသည်။ တစ်နေ့တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ အောက်ပါစာပိုဒ်ကိုတွေ့ရှိခဲ့ပါသည်။ “ဥပမာ လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ထို့နောက် ဒေသနာတစ်ပုဒ်မှ ဤစကားလုံးအချို့ကို ဖတ်ခဲ့ရပါသည်။ “စာတန်၏အနှစ်သာရနှင့်သဘာဝသည် သစ္စာဖောက်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ရှေးမဆွအစကပင် သစ္စာဖောက်ခဲ့ပြီး၊ ဘုရားသခင်ကို သစ္စာဖောက်ပြီးနောက်တွင် ဘုရားသခင်နှင့် တူညီသည့်အရာတစ်ခုနှယ် ရပ်တည်ရန် နှင့် သီးခြားနိုင်ငံတော်တစ်ခုကို တည်ထောင်ရန် ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာကြီးပေါ်မှ လူတို့ကို လှည့်ဖျားခြင်း၊ အရူးလုပ်ခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။...သင်တွေ့မြင်ပါသလား။ စာတန်၏သဘာဝသည် ဘုရားသခင်ကို သစ္စာဖောက်ခြင်းပင် မဟုတ်ပါလား။ စာတန်မှ လူသားမျိုးနွယ်တို့အပေါ် လုပ်ဆောင်ခဲ့သည့် အရာအားလုံးအရ စာတန်သည် ဘုရားသခင်ကိုဆန့်ကျင်သော မကောင်းဆိုးဝါးစစ်စစ်ဖြစ်ကြောင်းနှင့် စာတန်၏သဘာဝသည် ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်ကြောင်းကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ဤအရာအားလုံးသည် အကြွင်းမဲ့ပင် ဖြစ်လေသည်။” (အသက်တာထဲ ဝင်ရောက်ခြင်းနှင့်ပတ်သက်သော တရားဒေသနာများနှင့် မိတ်သဟာယ ၁ ထဲက “သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိကျွမ်းခြင်း ရရှိဖို့ နည်းလမ်း”) ဤစကားလုံးများကို တွေးဆရင်း ကျွန်မသည် ကြောက်ရွံ့မှုနှင့် မတုန်လှုပ်ပဲ မနေနိုင်ခဲ့ပါ။ ကျွန်မ အသက်ရှင်နေထိုင်ခဲ့သည်မှာ မာနထောင်လွှားပြီးဘဝင်မြင့်ကာ ဘုရားသခင်ကို ကိုးကွယ်ခြင်းမရှိသော စာတန်၏ပုံရိပ်သာ လုံးဝဖြစ်သည်ကို တွေ့မြင်ခဲ့ပါသည်။ ဘုရားသခင်သည် ညီအစ်ကို မောင်နှမများကို ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်ကာ သူတို့နှလုံးသားထဲတွင် ကြောက်ရွံ့မှုရှိစေရန်နှင့် သူတို့၏နှလုံးသားထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခု ရှိရန်ခွင့်ပြုကာ သူ့ကို ကြောက်ရွံ့ပြီးနာခံစေဖို့အလို့ငှာ ကျွန်မကို အသင်းတော်ထဲက တာဝန်တို့ကို ဆောင်ရွက်ရန် ချီးမြှောက်ခဲ့ပါသည်။ သို့ရာတွင် ကျွန်မသည် ကျွန်မ၏တာဝန်ကို ဖြည့်ဆည်းရာတွင် ဘုရားသခင်၏ အလိုတော်ကို အရေးမထားခဲ့ဘဲ ညီအစ်ကို မောင်နှမများကို အသက်တာသို့ ဝင်ရောက်ခွင့်ရရှိရန် ကူညီခြင်းအပေါ် ဝန်တာတစ်ခုအဖြစ် မခံစားခဲ့ပါ။ ယင်းအစား ကျွန်မသည် အခြားသူများ ကျွန်မကိုဂရုပြုမိရန်နှင့် ကျွန်မစကားနားထောင်ရန်သာလိုချင်ပြီး ကျွန်မကိုယ်ပိုင်စိတ်ဆန္ဒဖို့အလို့ငှာ မည်သည့်နေရာသို့သွားသည်ဖြစ်စေ မိမိကိုယ်ကိုသာ တည်ဆောက်ရန် အမြဲကြိုးစားခဲ့ပါသည်။ ကျွန်မသည် တော်သောသူများကိုပင် မနာလိုဖြစ်ကာ အားကောင်းသောသူများကို သဝန်တိုခဲ့ပါသည်။ ကျွန်မသည် သာလွန်မှုအတွက် အခြားသူများနှင့် ခေါင်းမာစွာ ယှဉ်ပြိုင်ခဲ့ပါသည်။ အပြင်ပန်းတွင် ကျွန်မသည် လူတို့နှင့်ယှဉ်ပြိုင်နေသည့်ပုံပေါက်နေသော်လည်း အမှန်တကယ်မှာ ကျွန်မသည် ဘုရားသခင်အား ဆန့်ကျင်တိုက်ခိုက်နေခြင်းဖြစ်ပါသည်။ ယင်းသည် ဘုရားသခင်၏စိတ်သဘောထားကို ဆိုးရွားစွာ ပုန်ကန်ပြစ်မှားနေသည့်အရာ ဖြစ်လေသည်။ ဘုရားသခင်သည် ကျွန်မကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်ကာ မိမိကိုယ်ကို ပြန်လည် သုံးသပ်လေ့လာရန်နှင့် အပြစ်ဝန်ခံရန် ကျွန်မကို အဆင့်အတန်း ခံစားခွင့်မပေးခဲ့ပါ။ကျွန်မအပေါ်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန်နက်ရှိုင်းပြီး အလွန်ကြီးမားလေသည်။ ဤအချက်ကို သတိပြုမိလာသည့်အခါ ကျွန်မသည် နောင်တရလာပြီး စိတ်ထဲတွင် မိမိကိုယ်ကို အပြစ်မတင်ပဲမနေနိုင်တော့ပေ။ ထို့အပြင် ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှု အလွန်နက်ခဲ့သည်ကို မုန်းတီးမိခဲ့သည်။ ကျွန်မသည် ဘုရားသခင်နောက်သို့ လိုက်ခဲ့သော်လည်း သမ္မာတရားကို မရှာဖွေမလိုက်စားခဲ့ပါ။ ထိုသို့ပြုမည့်အစား အဆင့်အတန်းနှင့် ဂုဏ်အတွက် စုံလုံးကန်းရုန်းကန်ခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း တို့နှင့် လျော်ညီအောင် မနေနိုင်ခဲ့ပါ။ ကျွန်မကိုယ်ကိုပြန်ကြည့်မိလေ “ငန်းသည်ပျံသန်းရာနေရာတိုင်းတွင် တွန်ကျူးလေ့ရှိသကဲ့သို့ လူသည်သွားလေရာရာတွင်နာမည်ချန်ထားသည်။” နှင့် “သစ်ပင်သည်သစ်ခေါက်ရှိမှ အသက်ရှင်သကဲ့သို့ လူသည်လည်းမျက်နှာရခြင်းအားဖြင့် အသက်ရှင်သည်။” ဟူသော ကျွန်မနေထိုင်အသက်ရှင်ခဲ့သည့် နဂိုမှန်အဆိုများက လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီးအန္တရာယ်ပြုရန် စာတန်အသုံးပြုသော လိမ်လည်မှုများသာ ဖြစ်သည်ကို ပို၍ရှင်းလင်းစွာ တွေ့မြင်လာခဲ့ပါသည်။ လူသားတို့၏စိတ်ဝိညာဉ်များကို သေဆုံးစေခြင်း၊ သူတို့၏စိတ်များကို ပုံပျက်ယွင်းသွားစေခြင်း နှင့် ဘဝအပေါ်တွင် မှားယွင်းသော အမြင်များရှိစေရန် စာတန်သည် ဤအရာများကို အသုံးပြုသည်ကို ကျွန်မသတိပြုမိပါသည်။ သို့မှသာ လူသားတို့သည် အဆင့်အတန်း၊ ကျော်ဇောမှု၊ အခွင့်အလမ်းများ နှင့် ဂုဏ်ကဲ့သို့သော ဗလာချည်းသာဖြစ်သည့်အရာများကို ရှာဖွေရန် ခါးသီးစွာ ကြိုးစားရုန်းကန်ပြီး ထိုအရာတို့၏ဖျက်ဆီးခြင်းနှင့် အန္တရာယ်ပြုခြင်းကို စိတ်တိုင်းကျခံရကာ နောက်ဆုံးတွင် ယင်း၏ ဝါးမြိုမှုကို ခံကြရလေသည်။ ယင်းသည် စာတန်၏ လျို့ဝှက်ကြံစည်မှုဖြစ်သည်။ ယခု ကျွန်တော်သည် ဘုရားသခင်၏ ကရုဏာတော်ကို မွေ့လျော်နေစဉ်တွင် ဘုရားသခင်အား ဘယ်သောအခါမျှ ဆန့်ကျင်ခြင်းမပြုတော့ပေ။ ကျွန်မသည် မိမိကိုယ်ကို လုံးဝပြန်လည်ပြုပြင်သင့်ပြီး၊ စာတန်ကို လုံးဝစွန့်လွှတ်ကာ ဘုရားသခင်ထံ ကျွန်မနှလုံးသားကို လုံးလုံးလျားလျားပေးအပ်ပြီး ဘုရားသခင့်နှလုံးသားကို နှစ်သိမ့်ရန် စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဍာန် အသက်ရှင်သင့်ပါသည်။ ထို့နောက်တွင် ကျွန်မသည် အနာဂတ်လမ်းကြောင်းကို မည်ကဲ့သို့ ဆက်ရမည်ဆိုသည်နှင့် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီစေရန် သမ္မာတရားကို မည်သို့ ရှာဖွေလိုက်စားမည်ဆိုသည်ကို ရှာဖွေခဲ့ပါသည်။ကျွန်မကို နောက်တစ်ကြိမ် ထပ်မံလမ်းပြပေးခဲ့သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။ ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို တွေ့ရှိခဲ့ရပါသည်။ “ယနေ့ခေတ်တွင် သင်သည် အမှုတော်ဆောင်တစ်ဦး မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သင့်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အားလုံးကို ကျိုးနွံနာခံရန် ကြိုးစားနိုင်သင့်ပေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံနိုင်သင့်ပြီး၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း မျိုးစုံတို့ကို တွေ့ကြုံခံစားနိုင်သင့်သည်၊ ပြီးလျှင် သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်နိုင်ဆဲ ဖြစ်သင့်ပေသည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူသော သူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြပြီး၊ ထိုသို့သော လူများ၏ လိုက်စားခြင်းအပေါ် ရှုထောင့်အမြင်သည် မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လိုအပ်သော လူများ ဖြစ်သည်။...ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားသခင်၏နှုတ်ကပတ်တော်များသည် မီးပြတိုက်ပမာ ကျွန်မနှလုံးသားကို ဉာဏ်အလင်းပြကာ ကျွန်မသွားသင့်သော လမ်းကြောင်းကို ညွှန်ပြခဲ့ပါသည်။ ဘုရားသခင်၏ဆန္ဒမှာ လူတို့ထံတွင် အဆင့်အတန်းများရှိသည်ဖြစ်စေ သို့မဟုတ် မည်သည့်အခြေအနေများ သူတို့အပေါ် ကျရောက်ပါစေ လူတို့အနေဖြင့် သမ္မာတရားကို ရှာဖွေလိုက်စားခြင်းတွင် အတတ်နိုင်ဆုံး လုပ်ဆောင်ရန်နှင့် ဘုရားသခင်၏အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကိုနာခံပြီး ဘုရားသခင်ကို ချစ်ဖို့နှင့် ကျေနပ်စေဖို့ ကြိုးစားစေလိုခြင်းဖြစ်ပါသည်။ယင်းသည် အမှန်ကန်ဆုံးသော ရှာဖွေလိုက်စားခြင်းလမ်းဖြစ်ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် လျှောက်လှမ်းသင့်သည့် အသက်တာ၏မှန်ကန်သောလမ်းကြောင်းလည်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်၏ရှေ့တွင် ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ခဲ့ပါသည်။ အိုး.. ဘုရားသခင် ကျွန်မကို အသက်တာ၏မှန်ကန်သောလမ်းကြောင်းကို ပြသသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ အတိတ်ကှ ကျွန်မ၏အဆင့်အတန်းဟာ ကိုယ်တော်၏ချီးမြှောက်ခြင်းကြောင့် ဖြစ်ပါသည်။ ယနေ့ အဆင့်အတန်းမရှိခြင်းသည်မှာလည်း ကိုယ်တော်၏ဖြောင့်မတ်မှုကြောင့် ဖြစ်ပါသည်။ ကျွန်မသည် သေးငယ်သော ဖန်ဆင်းခံတစ်ဦးသာလျှင်ဖြစ်ပါသည်။ ယခုမှစ၍ ကျွန်မသည် ကိုယ်တော်၏အစီအစဉ်အားလုံးကို နာခံသော သမ္မာတရားကို ရှာဖွေလိုက်စားသောသူဖြစ်ရန်သာ ဆန္ဒရှိပါတော့သည်။

ထို့နောက်တွင် ကျွန်မ၏အခြေအနသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် အသင်းတော်၏အသက်တာကို နေထိုင်ခြင်းတို့မှတဆင့် လျင်မြန်စွာဖြင့် ပုံမှန်အခြေအနေသို့ ရောက်ရှိသွားခဲ့ပါသည်။ အသင်းတော်က ထပ်မံ၍ကျွန်မနှင့် သင့်တော်သောတာဝန်တစ်ခုကို စီစဉ်ပေးခဲ့ပါသည်။ ကျွန်မသည် ကျွန်မ၏တာဝန်ကို ဖြည့်ဆည်းရာတွင် သမ္မာတရားကို ရှာဖွေလိုက်စားခြင်းကို အာရုံစိုက်ခဲ့ပြီး ကျွန်မ၏ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ ထုတ်ဖော်ပြသည့်အခါယင်းကိုဖြေရှင်းရန်အတွက် ဘုရားသခင်၏သက်ဆိုင်ရာ နှုတ်ကပတ်တော်များကို ရှာဖွေပါသည်။ ဂုဏ်နှင့် အဆင့်အတန်းတို့ ပါဝင်သော အရာများကို ရင်ဆိုင်ရသောအခါ အချို့သော အတွေးများ စိတ်တွင်းသို့ဝင်ရောက်လာသော်လည်း ဆုတောင်းခြင်းအားဖြင့် ကျော်ဇောခြင်းနှင့် ရယူလိုမှုတို့၏ အနှစ်သာရကို နားလည်ရန် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ကျွန်မသည် တဖြည်းဖြည်း ဤအရာများ၏ထိန်းချုပ်မှုကို မခံရပဲ နေနိုင်လာကာ ကျွန်မ၏တာဝန်ကို အေးဆေးတည်ငြိမ်စွာဖြင့် ထမ်းဆောင်နိုင်ခဲ့ပါသည်။ ကျွန်မလောက် ဘုရားသခင်ကို ယုံကြည်သည့် ကာလမကြာမြင့်သည့်အချို့သော ညီအစ်ကို မောင်နှမများက တာဝန်များ အပ်နှင်းခံရသည်ကို ကျွန်မ တွေ့သည့်အခါ တစ်ဦးတစ်ယောက်က မည်သည့်အချိန်တွင် မည်သည့်တာဝန်ကို ဖြည့်ဆည်းသည်ဆိုသည်မှာ ဘုရားသခင်က ကြိုတင်ပြငှာန်းထားခြင်းဖြစ်ပြီး ကျွန်မအနေဖြင့် ဘုရားသခင်၏အစီအစဉ်များကို နာခံသင့်ကြောင်း သမ္မာတရားကိုရှာဖွေခြင်းအားဖြင့် နားလည်ခဲ့ပါသည်။ ရလဒ်အနေဖြင့် ကျွန်မသည် ဤအခြေအနေများကို မှန်ကန်စွာ ကိုင်တွယ်နိုင်ခဲ့ပါသည်။ ညီအစ်ကို မောင်နှမများက ကျွန်မ၏သဘာဝနှင့်အနှစ်သာရကို ကိုင်တွယ်ဖြေရှင်းပြီး မြင်သာအောင်ပြသသည့်အခါတွင် ကျွန်မသည် မျက်နှာပျက်ရသည်ဟု ကျွန်မခံစားရသော်လည်း ဆုတောင်းခြင်းမှတဆင့် နာခံမှုရှိလာနိုင်ခဲ့ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ကျွန်မအပေါ်သို့ ကျရောက်လာခြင်းဖြစ်ပြီး ယင်းက ကျွန်မ၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲခြင်းအပေါ်တွင် များစွာသော အကျိုးကျေးဇူးများ ရှိခဲ့ပါသည်။ ယခင်က ကျွန်မသည် မျက်နှာရရန်သာ အလွန်တရာ အာရုံစိုက်ခဲ့ပြီး အခြားသူများ ကျွန်မကို အထင်သေးမည်ကို စိုးသောကြောင့် မည်သူ့ကိုမျှ ပွင့်လင်းစွာ ဖော်ပြလိုသည့် ဆန္ဒမရှိခဲ့ပေ။ ယခုအခါတွင် ကျွန်မသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ရိုးသားသောသူတစ်ဦးဖြစ်ရန် ကျင့်ကြံပြီး ကျွန်မတွင် ပြဿနာများ တစ်စုံတစ်ရာရှိပါက ကျွန်မ၏ညီအစ်ကိုမောင်နှမများထံသို့ ဖွင့်ဟလေသည်။ ယင်းသည် ကျွန်မ၏နှလုံးသားထဲသို့ လွတ်မြောက်မှုနှင့် ပျော်ရွှင်မှု ခံစားချက်ကို နက်ရှိုင်းစွာ ယူဆောင်လာပေးပါသည်။ ကျွန်မအထဲက ဤပြောင်းလဲမှုများကို တွေ့မြင်ရသောအခါ ကျွန်မသည် ဘုရားသခင်ကို ကျေးဇူးမတင်ပဲ မချီးမွမ်းပဲမနေနိုင်တော့ပေ။ အကြောင်းမှာ ယင်းတို့သည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုတော်အားဖြင့် ပေါက်ဖွားလာသော အသီးများပင်ဖြစ်ပါသည်။

ကျွန်မသည် ယခုအခါတွင် အနန္တတန်ခိုးရှင်ဘုရားသခင်နောက်နှစ်အတော်အတန် လိက်ခဲ့ပြီးဖြစ်ပါသည်။ ပြန်စဉ်းစားကြည့်သောအခါ ကျွန်မဝိညာဉ်ကို တိုက်စားခဲ့သည့်အရာမှာ စာတန်၏အဆိပ်များပင်ဖြစ်ပါသည်။ ကျွန်မသည်စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကာ ယင်းအားဖြင့် နှစ်ပေါင်းများစွာ ဖျက်စီးခံရပြီးအရူးလုပ်ခြင်း ခံခဲ့ရပါသည်။ ကျွန်မသည် ဘဝ၏ တန်ဖိုးနှင့်အဓိပ္ပါယ်ကို မသိခဲ့ပေ။ ကျွန်မသည် အလင်းရောင်ကို မမြင်နိုင်ခဲ့သလို စစ်မှန်သော ပျော်ရွှင်မှုနှင့်ဝမ်းမြောက်မှုကို ရှာမတွေ့နိုင်ခဲ့ပါ။ကျွန်မသည် နက်ရှိုင်းလှသော ဒုက္ခဆင်းရဲ ချောက်ကြီးထဲတွင် နှစ်မြှုပ်ခဲ့ပြီး မိမိကိုယ်ကိုလွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ကျွန်မသည် ယခုအခါတွင် စာတန်၏အန္တရာယ်ပြုမှုမှ ကင်းဝေးကာ တစ်ကြိမ်ပြီးတစ်ကြိမ် ဘုရားသခင်၏ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုတို့မှတဆင့် သက်သာရာနှင့် လွတ်မြောက်မှုကို ရရှိခဲ့ပါသည်။ ကျွန်မ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပြန်ကောင်းလာခဲ့ပြီး အသက်တာ၏တောက်ပပြီး မှန်ကန်သော လမ်းကြောင်းမှတဆင့် ဘုရားသခင်နောက်လိုက်ကာ လိုက်လျှောက်ရန် မှန်ကန်သော ပန်းတိုင်လည်း ရှိနေပါသည်။ ဘုရားသခင်၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတဆင့် ကျွန်မသည် ဘုရားသခင်၏ ကိုကျိုးမငဲ့သော စစ်မှန်သည့်ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံခဲ့ပါသည်။ ကျွန်မသည် ကောင်းချီးမင်္ဂလာကို ခံစားကာ လောက၏ လူတို့မရနိုင်သော ချစ်ခြင်းမေတ္တာကို လက်ခံရရှိခဲ့ပါသည်။ ဘုရားသခင်သာလျှင် လူသားကို စာတန်၏ဒုက္ခဆင်းရဲပင်လယ်တွင်းမှ ကယ်တင်နိုင်ပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတော်သာလျှင် စာတန်၏အဆိပ်များမှ ကျွန်ုပ်တို့ကို သန့်စင်ကာ စစ်မှန်သော လူသား၏ ပုံသဏ္ဍာန်ကို အသက်ရှင်စေနိုင်ပြီး အသက်တာတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းနိုင်စေပါသည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် အလင်းဖြစ်လေသည်။ ယင်းသည် အကြီးမားဆုံး ကျေးဇူးတော်ဖြစ်ပြီး အကောင်းဆုံး ကွယ်ကာမှုလည်းဖြစ်ကာ လူသားအပေါ်သို့ ဘုရားသခင်အပ်နှင်းသော ဘဝ၏ တန်ဖိုးအရှိဆုံးကြွယ်ဝမှုဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ပြောထားသည့်အတိုင်း ဖြစ်ပါသည်။ “ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ကျွန်မကို ကယ်တင်ခဲ့ပြီး တဖန်မွေးဖွားခွင့်ပြုခဲ့ခြင်းအတွက် ဘုရားသခင်၏ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုတို့ကို ကျေးဇူးတင်ပါသည်။ ကျွန်မ၏အနာဂတ် ယုံကြည်မှုလမ်းကြောင်းတွင် သမ္မာတရားကို လိုက်လျှောက်ရန်၊ ဘုရားသခင်၏ဆုံးမပြစ်တင်မှုနှင့် တရားစီရင်မှုကို ပို၍ရရှိနိုင်ရန် နှင့် သန့်စင်မှုကိုရရှိဖို့ စာတန်၏အဆိပ်များကို လုံးလုံးလျားလျား စွန့်ပစ်ရန်၊ ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာရရှိရန်နှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ဦး ဖြစ်လာစေရန် ကျွန်မ မချွင်းမချန် အားထုတ်လုပ်ဆောင်ပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ စိတ်နှလုံးတော်က အယူအဆလွဲများကို ပယ်ရှင်းနိုင်သည်ကို သိနားလည်ခြင်း

ချင်ဂန်၊ ဟေဘေးစီရင်စု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊...

သူတစ်ပါးက သာလွန်သွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် စိုးရွံ့သနည်း

ရီနာ ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇွန်လမှာ ဘုရားရဲ့ အမှုတော်သစ်ကို ကျွန်မ လက်ခံခဲ့ပြီး၊ လူသစ်တွေကို စရေလောင်းခဲ့တယ်။ တချို့ လူသစ်တွေက အကူအညီရတော့...

ကိုင်တွယ်ဖြေရှင်းခံရခြင်းမှ ကျွန်မ ရရှိခဲ့တဲ့အရာ

ရှောင်မိ ဂျပန်နိုင်ငံ ၂၀၂၂ခုနှစ်၊ ဇွန်လမှာ ညီမက အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ညီမ တာဝန်ယူရမဲ့ အလုပ်တွေ၊ ရမဲ့ အတော်များတဲ့...

ကျွန်မ၏ မိဘများက အသင်းတော်မှ အထုတ်ခံရသောအခါ

အိုက်ယီး တရုတ်နိုင်ငံ ၂၀၁၈၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ ကြီးကြပ်ရေးမှူးတစ်ယောက်က ညီမကိုပြောတယ်။ “ညီမ မိဘတွေက အသင်းတော်ကနေ ဖယ်ရှားခံရတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။