ကျွန်ုပ်၏ ရောဂါနှင့်ပတ်သက်သည့် သောကမှ လွတ်မြောက်ခြင်း

29.04.2024

ကျွန်မအမေက ကင်ဆာဖြစ်ပြီး ကျွန်မအိမ်ထောင်မကျခင် ဆုံးပါးသွားခဲ့တယ်။ အဖေလည်း အသက် ၅၇နှစ်မှာ သွေးတိုးဖြစ်ပြီး သွေးကြောပေါက်သွားခဲ့တယ်၊ ကိုယ်တစ်ပိုင်းသေသွားပြီး ၁၅ နှစ်ကြာ အိပ်ရာထဲလဲနေခဲ့ရတယ်။ မချိမဆံ့ဝေဒနာနဲ့ သူသေဆုံးသွားခဲ့တယ်။ ကျွန်မအဖေ ဝေဒနာနဲ့ လဲနေတာကို မြင်ရတော့ ကျွန်မ စိတ်နှလုံးထဲမှာ အရိပ်မည်းကြီးတစ်ခု ကျန်ရစ်ခဲ့တယ်။ ကျွန်မမှာလည်း သွေးတိုးနဲ့ နှလုံးအောင့်ရောဂါ ရှိတယ်။ တစ်ခါတလေ၊ ခေါင်းတစ်ခြမ်းက ထုံသွားပြီး၊ အပ်တွေနဲ့ အထိုးခံနေရသလိုပဲ။ ကျွန်မမှာ တခြားကျန်းမာရေး ပြဿနာမျိုးစုံလည်းရှိသလို၊ ရေရှည်ဆေးကုနေရတယ်။ ကျွန်မအဖေလိုမျိုး ရောဂါလက္ခဏာတွေ ကျွန်မမှာလည်းရှိတာ သိလိုက်ရပြီး၊ အမြဲ စိုးရိမ်နေမိခဲ့တယ်။ “အခု ငါ အသက်ကြီးလာပြီဆိုတော့ အဖေ့လို မသန်မစွမ်းဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုနဲ့ ငါ ဘယ်လိုအသက်ရှင်နိုင်မလဲ။ ကိုယ့်တာဝန်ကို ဘယ်လိုလုပ်ပြီး၊ သမ္မာတရားကို လိုက်စားရမလဲ။ တာဝန်ကို မလုပ်နိုင်ရင်၊ ငါ ဘယ်လို ကယ်တင်ခံရနိုင်မှာလဲ”ပေါ့။ ဒါကြောင့် ရောဂါလက္ခဏာတွေ ပေါ်လာတိုင်း၊ ပူပန်တဲ့ခံစားချက်တွေနဲ့ ကျွန်မ ဖိစီးခဲ့ရတယ်။ တစ်ခါ၊ ထောက်ပံ့ပေးဖို့ အသင်းတော်က တစ်ယောက်ယောက်ကို အရေးပေါ် လိုနေခဲ့တယ်။ အထက်ခေါင်းဆောင်က ကျွန်မကို သွားကူညီဖို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မ စဉ်းစားနေမိတယ်။ “အသင်းတော်မှာ ပြဿနာတွေ အများကြီးပဲ။ ငါသွားရင် အတော် ဗျာများရမှာ၊ ပြီးတော့ အများကြီး အားထုတ်ရမယ်။ နဂိုတည်းက ကျန်းမာရေးညံ့နေတဲ့ ငါဟာ ပိုလို့တောင် ပင်ပန်းရုံပဲရှိမှာ။ ငါ့ရောဂါက ပိုဆိုးသွားမလား။ ငါ တကယ် နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ”ပေါ့။ ဒါကြောင့် ကျွန်မ ငြင်းလိုက်တယ်။ တစ်လ၊ နှစ်လကြာတော့၊ အဲဒီအသင်းတော်က တစ်ယောက်ယောက်ကို တကယ်လိုအပ်နေခဲ့ပြီး၊ အထက်ခေါင်းဆောင်က ကျွန်မကို အဲဒီအကြောင်း လာပြောပြန်ရော။ ကျွန်မ တော်တော် လိပ်ပြာမလုံဘူး။ အရင်က ဘုရားအလိုတော်ကို ကျွန်မ မထောက်ထားခဲ့ဘူး၊ နောက်တော့ ကျွန်မ တော်တော် ဒုက္ခရောက်ခဲ့တာလေ။ အဲဒီတာဝန်ကို ကျွန်မ ထပ်မငြင်းနိုင်တော့လို့၊ သွားဖို့ သဘောတူလိုက်တယ်။

ဒါပေမဲ့ အသင်းတော်ကို ကျွန်မ ရောက်တာနဲ့ အလုပ်နဲ့ပတ်သက်လို့ ဘာမှ မစွမ်းဆောင်ကြတာကို တွေ့ခဲ့ရပြီး၊ ဖိအားအများကြီး ခံစားခဲ့ရတယ်။ အလုပ်ရလဒ်တွေကို တိုးတက်စေချင်ရင် ဖြေရှင်းရမဲ့ ပြဿနာတွေ အများကြီးရှိပြီး၊ အဲဒါ တကယ်ကို ခက်ခဲခဲ့တယ်။ အမြဲ အာရုံနောက်နေခဲ့တယ်။ ခေါင်းက ပြန်ပြီး ထုံလာတယ်။ ပြီးတော့ ဦးနှောက်ထဲမှာ အင်းဆက်တွေ တွားသွားနေသလိုမျိုး မသက်မသာခံစားရတယ်။ အိပ်ရေးတွေပျက်ပြီး နေ့ခင်းပိုင်းမှာ နုံးချည့်နေတယ်။ တစ်ကိုယ်လုံး အားနည်းပြီး၊ အားလုံးဝ မရှိခဲ့ဘူး။ စိုးရိမ်သလိုမျိုး ဖြစ်မိတယ်။ ငါ့ရောဂါက ပိုဆိုးသထက် ဆိုးနေမလား။ အဖေ့လိုမျိုး သွေးကြောတွေ ပိတ်လာရင် ကျွန်မ လဲများသွားမလား။ ကျွန်မ ဘာမှမလုပ်မကိုင်နိုင်ဖြစ်လာရင်၊ အကြောသေသွားရင်၊ ဒါမှမဟုတ် အသက်ကိုတောင် ဆုံးရှုံးလိုက်ရရင် တာဝန်ကို ဘယ်လိုလုပ်မလဲ၊ ကယ်တင်ခြင်းကို ဘယ်လို ရနိုင်မှာလဲ။ ကိုယ့်ရောဂါနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေနဲ့ ကျွန်မ ဖိစီးနေခဲ့သလို၊ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ရပေမဲ့ ပြဿနာရဲ့ အသေးစိတ်တွေနဲ့ ဒုက္ခမခံချင်ခဲ့ဘူး၊ အလုပ်ရဲ့ အသေးစိတ်အချက်တွေကို ကျွန်မ ကြီးကြပ်ခဲတယ်။ ကျွန်မ ခြေကုန်လက်ပန်းကျရင် မသန်မစွမ်းဖြစ်မှာစိုးခဲ့တယ်။ တော်တော် စိတ်မရှည်ခဲ့တာ။ ဒီဗျာများရတဲ့ ဧဝံဂေလိအလုပ်ကို အသစ်ရွေးကောက်ခံရတဲ့ ခေါင်းဆောင်ဆီ လွှဲလိုက်ချင်ခဲ့တယ်။ အသင်းတော်က နဂိုတည်းက ဧဝံဂေလိအလုပ်မှာ မဖြစ်ထွန်းရတဲ့အထဲ ပြဿနာကို အသေးစိတ် ကျွန်မ မဖြေရှင်းရင်၊ အလုပ်က လုံးဝ ကောင်းမလာမဲ့ သဘောပဲ။ အဲဒီတုန်းက ကျွန်မရောဂါ ပြန်ထလို့ ပိုဆိုးသွားမလား၊ အသက်ပဲ ဆုံးရှုံးရမလားဆိုတာ စိုးရိမ်မိခဲ့တယ်။ သေသွားရင် တာဝန်လည်း မလုပ်နိုင်၊ ကယ်တင်တာလည်း မခံရနိုင်ဘူး။ ဒါပေမဲ့ ကိုယ်က တာဝန်ထမ်းဆောင်နေတာဆိုတော့ ဘုရားက ကျွန်မကို ကွယ်ကာသင့်တယ် အသည်းအသန်ဖြစ်ဖို့တော့ ရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါကြောင့် ကျွန်မ နည်းနည်း ပိုပြီးစိတ်အေးသွားတယ်။ ဒါပေမဲ့ သောကတွေက မကြာမကြာ ခြောက်လှန့်နေတုန်းပဲ။ အထူးသဖြင့် ကျွန်မနဲ့ အတူအလုပ်လုပ်နဲ့ အသက် ၇၀အရွယ် အစ်ကိုက ကျန်းမာရေးပြဿနာ မရှိဘဲ၊ သူ့ထက်ငယ်တဲ့ ကျွန်မက ရောဂါတွေခံစားနေတာ မြင်တော့ ဝမ်းမနည်းဘဲ မနေနိုင်ဘူး။ “သူက ကျန်းမာရေးကောင်းတော့ တာဝန်ထမ်းဆောင်ရတာ လွယ်မှာ။ ဘာလို့ ငါ မကျန်းမာရတာလဲ”ပေါ့။ တကယ် ကူကယ်ရာမဲ့ခံစားရပြီး တာဝန်မှာ အပျက်သဘောဆောင်သလိုမျိုးဖြစ်တယ်။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းမှာ၊ ကပ်ရောဂါက ထလာခဲ့တယ်။ ကျွန်မမှာ နဂိုတည်းက ငုပ်နေတဲ့ ရောဂါတွေများရတဲ့အထဲ ကိုဗစ်က ကူးလိုက်သေးတယ်။ ကျွန်မ အဖျားရှိတယ်၊ တစ်ကိုယ်လုံး နုံးချည့်ပြီး၊ ချောင်းဆိုးရင် သွေးပါတယ်။ ခံတွင်းပျက်လို့ နှစ်ပတ်လောက် ဘာမှမစားခဲ့ဘူး။ အဲဒီတုန်းက တော်တော် နေလို့မကောင်းဘူး။ ကျွန်မ တွေးမိတယ်။ “ငါတော့ သွားပြီ၊ ငါ့ကျန်းမာရေးက တကယ် ပျက်စီးသွားပြီ။ ငါ့အသက်ကို ဆုံးရှုံးလိုက်ရရင်၊ တာဝန်ကို ဘယ်လိုလုပ်နိုင်ဦးမလဲ။ လူတချို့က ကိုဗစ်ဖြစ်တယ်၊ သုံးလေးရက် ချောင်းဆိုးပြီး နေကောင်းသွားကြတယ်။ ဒါပေမဲ့ ငါက တာဝန်လုပ်တာ လုံးဝ မရပ်ခဲ့သလို၊ ရက်အတော်ကြာ အဖျားကြီးခဲ့ပြီး၊ ဘာကိုမှ မစားနိုင်ခဲ့ဘူး။ ငါ ဘယ်လိုလုပ်ပြီး အရမ်းနေမကောင်း ဖြစ်သွားရတာလဲ”ပေါ့။ အဲဒီအကြောင်း တွေးလေ ပိုစိတ်ဓာတ်ကျပြီး၊ စိတ်မချမ်းမြေ့ ဖြစ်ခဲ့တယ်။ ခဏနေတော့ ကျွန်မရဲ့ အဖျားက ကျသွားခဲ့ပေမဲ့၊ ကျွန်မနဲ့ အလုပ်လုပ်နဲ့ လူနှစ်ယောက် အကူးခံလိုက်ရတယ်။ အသင်းတော်အလုပ်ကို လုပ်ပေးမဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ တခြားရွေးစရာမရှိတော့၊ စုဝေးပွဲကို ကျွန်မရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး သွားခဲ့ရတယ်။ နေမကောင်းဖြစ်နေတုန်း နှစ်ရက်၊ သုံးရက်ကြာ ဟိုသည်ပြေးလွှားခဲ့ပြီး၊ ကပ်ရောဂါကြောင့် အလုပ်အတော်များများကို ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲ့တယ်။ ကိုယ့်စိတ်အားထက်သန်မှုက လျော့လာပြီး အလုပ်က အရမ်းခက်တယ်လို့ ခံစားခဲ့တယ်။ ကျွန်မရဲ့ ကျန်းမာရေး ဆိုးသထက်ဆိုးလာခဲ့သလို၊ အလုပ် ကောင်းကောင်းမလုပ်မယ့်အတူတူ အိမ်ပြန်ပြီး အားမွေးလိုက်တာကောင်းမယ်လို့ တွေးမိတယ်။ ကျွန်မ နည်းနည်း ပိုသက်သာသွားနိုင်တယ်လို့ပေါ့။ ကျွန်မရဲ့ ဧည့်ခံအိမ်ကို ပြန်ရောက်တော့၊ နှလုံးရောဂါက ရုတ်တရက် ထလာပြီး မခံနိုင်တော့သလိုမျိုး ခံစားခဲ့ရတယ်။ ကျွန်မ တွေးနေမိတယ်။ “ခေါင်းဆောင်တာဝန်ကို ငါ ဆက်လုပ်ရင်၊ ငါ့ ကျန်းမာရေးက ခံနိုင်တော့မှာ မဟုတ်ဘူး။ ဒီတာဝန်ကို မလုပ်တာပိုကောင်းမယ်”ပေါ့။ ကျွန်မ တကယ် စိတ်ဓာတ်ကျပြီး၊ နှစ်ရက်၊ သုံးရက်ကြာ အိပ်ရာထဲမှာ နေနေမိခဲ့တယ်။ ကျွန်မ ပိုသက်သာချင်ရင်၊ ကိုယ့်ဘာသာလုပ်ရမှာဖြစ်ပြီး ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ရမယ်လို့ ခံစားခဲ့တယ်။ အဲဒါ လက်တွေ့ကျတယ်လို့ပေါ့။ ကျွန်မရဲ့ အတွေးကို ရှင်းပြဖို့ ခေါင်းဆောင်ဆီ စာရေးပြီး စာပို့ပြီးတာနဲ့ ကျွန်မ အိမ်ပြန်လာခဲ့တယ်။ အိမ်လာတဲ့လမ်းမှာ၊ ကိုယ့်ဘာသာ မတွေးဘဲ မနေနိုင်ခဲ့ဘူး။ “ဒီတစ်ချိန်လုံး ငါ ယုံကြည်သူဖြစ်ခဲ့ပေမဲ့၊ ငါ့ ကျန်းမာရေးက ဒီအခြေအနေမှာရှိပြီး တာဝန်ကို ကောင်းကောင်း မလုပ်နိုင်ဘူး။ ဒီတစ်ခါ ငါ လုံးဝ ဖော်ထုတ်ခံလိုက်ရပြီထင်တယ်။ ငါ ကယ်တင်ခံရနိုင်ဦးမလား”လို့ပေါ့။ အိမ်ရောက်တော့ အိပ်ရာထဲလှဲပြီး၊ စိတ်ထဲ ဟာတာတာခံစားရသလို၊ မအိပ်နိုင်ခဲ့ဘူး။ အပြစ်ရှိတဲ့စိတ်နဲ့ ပြည့်နေခဲ့တယ်။ ကျွန်မတာဝန်ယူထားတဲ့ ဧဝံဂေလိအလုပ်က အသေးစိတ်စီစဉ်စရာတွေ ရှိတာကိုလည်း တွေးမိတယ်။ အိမ်မှာပဲနေရင်၊ အသင်းတော်အလုပ်ကို သေချာပေါက် နှောင့်နှေးစေမှာပဲ။ အဲဒီလိုလုပ်တာက ဘုရားအလိုတော်နဲ့ မကိုက်ဘူး။ ကျွန်မက အရှုံးပေးပြီး ဘုရားကို သစ္စာဖောက်နေတာပဲ မဟုတ်လား။ ဒီတော့ ကျွန်မ ဘုရားဆီ ဆုတောင်းတယ်။ “ဘုရားသခင်။ ဒီအခြေအနေကို ရင်ဆိုင်ရတော့ ဘာလို့ ကျွန်မ အရမ်းပျော့ညံ့ပြီး တာဝန်ကို မလုပ်ချင်ဖြစ်နေရတာလဲ။ ဒါ ကိုယ်တော်ရဲ့ အလိုတော်နဲ့ မကိုက်မှန်း ကျွန်မ သိပေမဲ့ ဆက်မလုပ်နိုင်ပါဘူး။ ကျွန်မမှာ အားတစ်စက်မှ မကျန်တော့ပါဘူး။ အို ဘုရားသခင်၊ ကျွန်မ အရမ်းလမ်းပျောက်ပြီး၊ အရမ်းနာကျင်ခံစားရပါတယ်။ ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြပါ၊ ယုံကြည်ခြင်းနဲ့ ခွန်အားပေးပါ”လို့ပေါ့။

ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ နာကျင်မှုဝေဒနာခံစားရသည်ဖြစ်စေ ထွက်သက်တစ်ခု ကျန်ရှိသရွေ့၊ သင် အသက်ရှင်နေသေးသရွေ့၊ သင်စကားပြောပြီး လမ်းလျှောက်နေသေးသရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တွင် အားအင်ရှိနေပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ပြုမူသင့်သည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်၊ သို့မဟုတ် ဖန်ဆင်းရှင်က သင့်ကို ပေးထားသည့် တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် မသေသေးသရွေ့ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်ပြီး ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃))လူသားကို ကယ်တင်ဖို့ အလွန်ခက်ခဲသည်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်လည်း နားထောင်ခဲ့တယ်။ “ဘုရားသခင်နောက်သို့ လိုက်လျှောက်သည့် လမ်းကို မိမိတို့၏ တစ်ဘဝလုံး လျှောက်လှမ်းရန်ဖြစ်စေ၊ အသက်ကို ရရှိရန်အလို့ငှာ သမ္မာတရားကို လိုက်စားရန်ဖြစ်စေ၊ ဘုရားသခင်အပေါ် သိကျွမ်းခြင်း ရရှိရန်ဖြစ်စေ၊ နောက်ဆုံးတွင် ပေတရုကဲ့သို့ အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင် နေထိုင်သွားရန်ဖြစ်စေ မည်သူကမျှ မရည်ရွယ်ကြပေ။ ထို့ကြောင့် လူများသည် လူ့ဇာတိ၏ သာယာမှုများကို အငမ်းမရဖြစ်လျက် ၎င်းတို့ လျှောက်လှမ်းသည့်အခါ လမ်းလွဲကြသည်။ ၎င်းတို့သည် စိတ်ဆင်းရဲမှုကို တွေ့ကြုံရသည့်အခါ အပျက်သဘောဆောင်ကာ အားနည်းလာနိုင်ခြေရှိပြီး ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်ခု မရှိတော့ဖို့ ဖြစ်နိုင်ခြေရှိပေမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အလုပ်လုပ်တော့မည် မဟုတ်ဘဲ အချို့သောလူများမှာ နောက်ကြောင်းပင် ပြန်လှည့်ချင်မိကြလိမ့်မည်။ မိမိတို့၏ ယုံကြည်ခြင်း နှစ်များတစ်လျှောက်တွင် အားစိုက်ထုတ်ခဲ့သမျှ အချည်းနှီးဖြစ်သွားရပြီး ယင်းသည် အလွန် အန္တရာယ်ရှိသော အရာတစ်ခုပင် ဖြစ်၏။ ၎င်းတို့၏ ဆင်းရဲဒုက္ခများအားလုံး၊ ၎င်းတို့ ကြားနာခဲ့သည့် မရေမတွက်နိုင်သော တရားဒေသနာများအားလုံး၊ ဘုရားသခင်နောက် ၎င်းတို့ လိုက်လျှောက်ခဲ့သည့် နှစ်များအားလုံး အချည်းနှီး ဖြစ်သွားခဲ့ရသည်မှာ နှမြောစရာ ကောင်းပေစွ။ လူတို့အနေဖြင့် ယိုယွင်းပျက်စီးသွားရန် လွယ်ကူသကဲ့သို့ မှန်ကန်သော လမ်းကို လျှောက်လှမ်းရန်နှင့် ပေတရု၏ လမ်းကို ရွေးချယ်ရန် ခက်ခဲသည်မှာလည်း အမှန်ပင် ဖြစ်သည်။ လူအများစုတွင် မရှင်းလင်းသော တွေးခေါ်ခြင်း ရှိကြ၏။ မည်သည့်လမ်းကြောင်းသည် မှန်ကန်သောလမ်း ဖြစ်ပြီး မည်သည့်လမ်းကြောင်းသည် ယင်းမှ သွေဖည်ခြင်း ဖြစ်သည်ကို ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ ၎င်းတို့သည် တရားဒေသနာမည်မျှကို ကြားနာသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မည်မျှကို ဖတ်ရှုသည်ဖြစ်စေ သူသည် ဘုရားသခင်ဖြစ်ကြောင်း ၎င်းတို့ သိသော်ငြားလည်း ၎င်းတို့သည် သူ့ကို အပြည့်အဝ မယုံကြည်ကြသေးချေ။ ၎င်းတို့သည် ဤအရာကို မှန်သောလမ်းခရီး ဖြစ်မှန်း သိကြသော်လည်း စတင်၍ မလျှောက်လှမ်းနိုင်ကြ။ လူတို့ကို ကယ်တင်ရန်မှာ ခက်ခဲလိုက်လေခြင်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းခရီးကို ရွေးချယ်ခြင်းသည် အရေးပါဆုံးဖြစ်သည်) ဒီဓမ္မတေးကို နားထောင်တော့ မျက်ရည်ကျမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် အရမ်းတို့ထိစရာ ဖြစ်ခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းကို ညွှန်ပြခဲ့တယ်။ ကျွန်မ နေမကောင်းဖြစ်ခဲ့ပေမဲ့၊ ကျွန်မမှာ နောက်ထပ် ထွက်သက်ဝင်သက် ရှိသရွေ့၊ စကားပြောပြီး လမ်းလျှောက်နိုင်သရွေ့၊ အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို လက်လျှော့လို့မရဘူး။ ကိုယ့်ရောဂါအကြောင်း ထပ်စဉ်းစားကြည့်တော့ ဘုန်းဘုန်းလဲနေလောက်အောင် မဆိုးခဲ့တာကို တွေ့ရတယ်။ နုံးချည့်နေတာမျိုးလောက်ပဲ ရှိခဲ့ပြီး၊ ကိုယ့်တာဝန်ကို လုပ်ဖို့ နည်းနည်း ဆင်းရဲဒုက္ခခံဖို့ပဲ လိုခဲ့တာပါ။ ဒါပေမဲ့ ကိုယ့်တာဝန်ကို ဘေးဖယ်ပြီး အိမ်ပြန်ခဲ့တယ်။ ကျွန်မ နှစ်ချီ ယုံကြည်သူဖြစ်ခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော် အများကြီး နားထောင်ခဲ့ပြီးပြီ။ ကျွန်မ တကယ်ပဲ ကိုယ့်တာဝန်ကို လက်လျှော့ချင်ခဲ့တာလား။ အဲဒါ လွန်တာပဲ။ ကျွန်မ ဆက်ပြီး အပျက်သဘောဆောင်နေလို့ မရမှန်း သိလိုက်တယ်။ ကျွန်မတာဝန်ကို အဲဒီလို လက်လျှော့လိုက်ရင်၊ ဘုရားအမြင်မှာ ရှက်စရာ အမှတ်လက္ခဏာတစ်ခု ဖြစ်သွားမှာ မဟုတ်လား။ ဘယ်အချိန်မှာ ကျွန်မ သက်သာသည်ဖြစ်စေ၊ ထွက်သက်ဝင်သက်ရှိသရွေ့၊ ကျွန်မတာဝန် ဘယ်လိုပဲ ခက်ခဲပါစေ၊ ပူးပေါင်းလုပ်ဆောင်ဖို့ တတ်နိုင်သမျှ ကျွန်မ လုပ်ရမယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်မတာဝန်အတွက် စိတ်လှုံ့ဆော်မှုပေးခဲ့ပြီး၊ ကျွန်မ ရုတ်တရက် အများကြီး ပိုလွတ်မြောက်သွားသလို ခံစားရတယ်။ ကျွန်မအခြေအနေ ပြောင်းလဲသွားတာ ခံစားရပြီး၊ ကိုယ့်တာဝန်ကို ထပ်ယူဖို့ ကျွန်မ ပြန်သွားခဲ့တယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “ထို့နောက် ကျန်းမာရေး နုံချာသည့်သူများ၊ ကြံ့ခိုင်မှုအခြေအနေနည်းပြီး အားအင် ချို့တဲ့သည့် သူများ၊ အကြီးစား၊ သို့မဟုတ် အသေးစား နာမကျန်းဖြစ်ခြင်းဖြင့် မကြာခဏ နေမကောင်း ဖြစ်သည့်သူများ၊ နေ့စဉ်ဘဝတွင် လိုအပ်သည့် အခြေခံအမှုအရာများကိုပင် မလုပ်ဆောင်နိုင်သည့်သူများ၊ ပုံမှန်လူများကဲ့သို့ အသက်မရှင်နိုင်၊ သို့မဟုတ် ထူထူထောင်ထောင် မဖြစ်နိုင်သည့်သူများ ရှိသည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် မကြာခဏ သက်သောင့်သက်သာမရှိ ခံစားရပြီး နေမကောင်း ဖြစ်ကြသည်။ အချို့မှာ ရုပ်ပိုင်ဆိုင်ရာအရ အားနည်းကြသည်၊ အချို့မှာ တကယ့် နာမကျန်းမှုများ ရှိကြပြီး ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နိုင်သည့် အလားအလာ ရှိသူများလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့တွင် ထိုသို့သော လက်တွေ့ကျသည့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ရှိသောကြောင့် ထိုသို့သောလူများသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ မကြာခဏ ကျဆင်းပြီး စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်နေကြသနည်း။ မိမိတို့၏ တာဝန်ကို ဤသို့ ဆက်လက် ထမ်းဆောင်နေလျှင် ဤသို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး ပြေးလွှားနေကာ ဤသို့ အမြဲ ပင်ပန်းနွမ်းနယ်နေလျှင် ၎င်းတို့၏ ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလိမ့်မည်လော။ ၎င်းတို့ အသက် ၄၀ သို့မဟုတ် ၅၀ အရွယ်ရောက်သည့်အခါ မိမိတို့ အိပ်ရာများတွင် လှဲနေကြရမည်လောဟူသည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ ဤစိုးရိမ်မှုများ ခိုင်လုံသလော။ ဤအရာကို ကိုင်တွယ်ဖြေရှင်းသည့် ခိုင်မာသော နည်းလမ်းတစ်ခုကို တစ်ဦးတလေက ပေးလိမ့်မည်လော။ ဤအတွက် အဘယ်သူသည် တာဝန်ယူလိမ့်မည်နည်း။ အဘယ်သူ တာဝန်ရှိလိမ့်မည်နည်း။ နုံချာသည့် ကျန်းမာရေးရှိသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်ကြလေသည်။ နာမကျန်းမှုတစ်ခု ရှိသည့်လူများသည် ‘အို ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ငါစိတ်ပိုင်းဖြတ်ထားသော်လည်း ဤနာမကျန်းမှု ငါ ရလေပြီ။ အန္တရာယ်မှ ကွယ်ကာရန် ဘုရားသခင်ကို ငါတောင်းလျှောက်ပြီး ဘုရားသခင်၏ ကွယ်ကာမှုဖြင့် ငါစိုးရွံ့ရန် မလိုပါ။ သို့သော် ငါ၏ တာဝန်များကို ထမ်းဆောင်နေချိန် ငါ ခြေကုန်လက်ပန်း ကျသွားသည့်အခါ ငါ၏ ရောဂါ ပြန်ထလိမ့်မည်လား။ ငါ၏ ရောဂါ အမှန်တကယ် ထလာခဲ့လျှင် မည်သည့်အရာကို ငါ လုပ်ရမည်နည်း။ ခွဲစိတ်မှုခံရန် ဆေးရုံတက်ဖို့ ငါ လိုအပ်ပါက ထိုအတွက် ပေးရမည့် ငွေ ငါ့မှာမရှိပါ။ ထို့ကြောင့် ငါ၏ ကုသမှုအတွက် ပေးဖို့ ငွေမချေးလျှင် ငါ၏ ရောဂါ သာ၍ပင် ဆိုးသွားလိမ့်မည်လော။ တကယ်ကို ဆိုးလာလျှင် ငါသေလိမ့်မည်လော။ ထိုသို့သော သေခြင်းကို ပုံမှန်သေခြင်းတစ်ခုအဖြစ် မှတ်ယူနိုင်မည်လော။ ငါ အမှန် သေဆုံးလျှင် ငါ ထမ်းဆောင်ပြီးဖြစ်သည့် တာဝန်များကို ဘုရားသခင် အောက်မေ့လိမ့်မည်လော။ ကောင်းမှုများ လုပ်ဆောင်ပြီးဖြစ်သည်ဟု ငါ မှတ်ယူခံရလိမ့်မည်လော။ ငါသည် ကယ်တင်ခြင်းကို ရရှိမည်လော’ဟု မကြာခဏ စဉ်းစားကြသည်။ ၎င်းတို့ နေမကောင်းကြောင်း သိကြသူအချို့လည်း ရှိ၏။ ဆိုလိုသည်မှာ ၎င်းတို့တွင် တကယ် နာမကျန်းဖြစ်ခြင်း အချို့ သို့မဟုတ် အခြားတစ်ခု၊ ဥပမာအားဖြင့် အစာအိမ်ရောဂါများ၊ ခါးနှင့် ခြေထောက် နာကျင်ကိုက်ခဲမှု၊ အဆစ်ရောင်နာရောဂါ၊ ဒူလာရောဂါအပြင် အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ အသည်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စသည်တို့ ရှိကြသည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့က ‘ငါ၏ တာဝန်ကို ဆက်ထမ်းဆောင်လျှင် ငါ၏ နာမကျန်းဖြစ်ခြင်းအတွက် ကုသစရိတ်ကို ဘုရားအိမ်တော်က ပေးလိမ့်မည်လော။ ငါ၏ နာမကျန်းမှုက ပိုဆိုးသွားပြီး ငါ့တာဝန် ထမ်းဆောင်ခြင်းကို ထိခိုက်လျှင် ဘုရားသခင်ကို ငါ့ကို ကုသပျောက်ကင်းစေလိမ့်မည်လော။ အခြားလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကုသပျောက်ကင်းသွားကြပြီး ဖြစ်သောကြောင့် ငါလည်း ကုသပျောက်ကင်းမည်လော။ အခြားသူများကို ဘုရားသခင်က သနားကြင်နာမှု ပြသကဲ့သို့ပင် ငါ့ကိုလည်း သူကုသပျောက်ကင်းစေမည်လော။ ငါ၏ တာဝန်ကို ငါသစ္စာစောင့်သိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ကို အနာငြိမ်းစေသင့်သော်လည်း ဘုရားသခင် ငါ့ကို အနာငြိမ်းစေဖို့ ငါ ဆန္ဒရှိရုံသာဖြစ်ပြီး သူက အနာမငြိမ်းစေပါက မည်သည့်အရာကို ငါ လုပ်ရမည်နည်း’ဟု တွေးကြသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံးများ၌ နက်နဲသည့် ပူပန်သောကတစ်ခု ထွက်ပေါ်နေသည်ကို ခံစားကြရသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မည်သည့်အခါတွင်မျှ ၎င်းတို့ ရပ်တန့်ခြင်း မရှိကြသကဲ့သို့ လုပ်သင့်သည့်အရာကို အမြဲ လုပ်ကြသော်လည်း မိမိတို့၏ နာမကျန်းမှု၊ မိမိတို့၏ ကျန်းမာရေး၊ အနာဂတ်အကြောင်းနှင့် မိမိတို့၏ အသက်တာနှင့် သေခြင်းတို့အကြောင်း စဉ်ဆက်မပြတ် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် ‘ဘုရားသခင်က ငါ့ကို အနာငြိမ်းစေလိမ့်မည်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ငါ့ကို ဘုရား စွန့်ပစ်မည် မဟုတ်သကဲ့သို့ ငါ နေမကောင်းဖြစ်သည်ကို မြင်လျှင် ဘုရားသခင်က ရပ်နေပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေမည်မဟုတ်’ဟု ဆန္ဒရှိစွာ တွေးတောလျက် ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အတွေးများအတွက် အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထိုအရာများကို အယူအဆတစ်မျိုးအဖြစ်ပင် ပြော၍ ရနိုင်သည်။ ထိုသို့သော အယူအဆများနှင့် ဤကဲ့သို့သော စိတ်ကူးများဖြင့် လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အခက်အခဲများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျန်းမာရေး၊ နာမကျန်းမှုများနှင့်ပတ်သက်၍ ရေးတေးတေး စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ဤအရာများအတွက် မည်သူက တာဝန်ယူမည်၊ သို့မဟုတ် ၎င်းတို့အတွက် တစ်ဦးတလေက တာဝန်ယူမည်၊ မယူမည်ကို ၎င်းတို့ လုံးဝ မသိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဒါကို ဘုရားမပြောရင်၊ ကိုယ့်ရောဂါကို အမြဲ စိုးရိမ်တာက အပျက်သဘောဆောင်တဲ့ ခံစားမှုမှန်း ကျွန်မ သိဦးမှာမဟုတ်ဘူး။ ပြီးတော့ အဲဒါမှန်တယ်လို့ တွေးခဲ့မှာပဲ။ ကျွန်မက ဒီအပျက်သဘောခံစားချက်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့မှန်း အခု နောက်ဆုံး သိလိုက်ရတယ်။ ကျွန်မမှာ သွေးတိုးနဲ့ နှလုံးအောင့်ရောဂါရဲ့ ငုပ်နေတဲ့ ရောဂါအခြေအနေတွေ ရှိခဲ့တော့၊ အတော့်ကို မကြာခဏ ရောဂါလက္ခဏာတွေ ထလာခဲ့တယ်။ ကိုယ့်တာဝန်မှာ ပိုဒုက္ခခံစားရပြီး၊ နည်းနည်း ပိုအားနည်းသွားတော့၊ ကျွန်မရဲ့ ရောဂါ ပိုဆိုးသထက်ဆိုးသွားမှာကို စိုးရိမ်ခဲ့တယ်။ အသက်ဆုံးရှုံးသွားခဲ့ရင်၊ ဘယ်လိုလုပ် ကိုယ့်တာဝန်ကို လုပ်နိုင်မှာလဲပေါ့။ ဒါကြောင့် ကယ်တင်ခံရမဲ့ အခွင့်အရေး ဆုံးရှုံးမှာကို ကြောက်ခဲ့တယ်။ ကျွန်မရဲ့ ကျန်းမာရေး သိပ်မဆိုးတဲ့အချိန်မှာ၊ တာဝန်ကို ဆက်လုပ်နေလို့ရတယ်။ ကျွန်မက အဖိုးအခပေးနေသလိုဖြစ်ပြီး ဘုရားက ကွယ်ကာမှာပဲလို့ ခံစားခဲ့ပေမဲ့၊ ရောဂါလက္ခဏာတွေ ပေါ်လာတာနဲ့၊ ဒီသောကဖိစီးတဲ့ ခံစားချက်အားလုံးနဲ့ ပြည့်သွားခဲ့တယ်။ ကိုယ့်အနာဂတ်အကြောင်းကို အမြဲ စိုးရိမ်ပြီး တာဝန်ကို လွတ်လွတ်လပ်လပ် မလုပ်နိုင်ခဲ့ဘူး။ ဇာတိခန္ဓာအကြောင်းတွေးလေ၊ သေဖို့ ကြောက်လေပဲ။ ပြီးတော့ ကျန်းမာရေး ချို့တဲ့မှုက အခက်အခဲနဲ့ နာကျင်မှုတွေ ဖြစ်စေခဲ့တယ်။ နေ့တိုင်း ဆိုးရွားတဲ့ နာကျင်မှုနဲ့ အပြည့်နဲ့ ဘဝမှာ ဘာမျှော်လင့်ချက်မှ မရှိဘဲ၊ အဖြူရောင် နံရံကို ကူကယ်ရာမဲ့ ငေးကြည့်ရင်းနဲ့ အိပ်ရာထဲ လှဲနေခဲ့ရတဲ့ ကျွန်မအဖေကို တွေးမိတဲ့အခါ၊ သူလို ဖြစ်လာမှာကို အရမ်းကြောက်ခဲ့တယ်။ အဲဒါကြောင့် တာဝန်ကို လုပ်နေရင်းနဲ့ ကိုယ့်ဇာတိကိုပဲ အမြဲတွေးနေမိခဲ့တယ်။ ကျွန်မ တွန့်ဆုတ်နေမိတယ်၊ ရှိသမျှအားထုတ်ဖို့ ကြောက်နေခဲ့တယ်။ ဧဝံဂေလိအလုပ်ရဲ့ အသေးစိတ် သိရဖို့ အလုပ်မကြိုးစားချင်ခဲ့ဘူး။ အလုပ်က လုံးဝ ကောင်းကောင်း မတိုးတက်ခဲ့ဘူးဆိုတဲ့ သဘောပဲ။ ကျွန်မ ကိုဗစ်ဖြစ်လာပြီး၊ အခြေအနေ ဆိုးသွားတဲ့နောက်မှာ၊ ကျွန်မရဲ့ စိုးရိမ်မှုတွေက ပိုပြင်းထန်သွားတယ်။ ကိုယ့်တာဝန်ကို မလုပ်ချင်တော့ဘူး။ ပြီးတော့ လက်လျှော့ပြီး အိမ်ကိုပြေးသွားခဲ့တယ်။ အဲဒီအပျက်သဘောခံစားမှုက ကျွန်မကို ဘယ်လောက် သက်ရောက်ခဲ့မှန်း မြင်ခဲ့ရတယ်။ ပူပန်သောကထဲ အသက်ရှင်ရင်းနဲ့၊ ဘုရားကိုပဲ ပိုပိုပြီး ပုန်ကန်ခဲ့သလို၊ ဘဝကို ပိုပို စိတ်ဓာတ်ကျစရာနဲ့ နာကျင်စရာ ဖြစ်လာခဲ့တယ်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေခြင်းအားလုံး ဘုရားလက်ထဲမှာ ရှိတယ်၊ ကျွန်မ မထိန်းချုပ်နိုင်သလို၊ နာမကျန်းမှုကို ရှောင်ရှားဖို့ နည်းလမ်းမရှိမှန်း သိခဲ့တာ တကယ်ပါ။ အဲဒါကို ကျွန်မ မှန်မှန်ကန်ကန် ရင်ဆိုင်ပြီး ဘုရားရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်။ ဘယ်လောက်ပဲ စိုးရိမ်ပါစေ၊ ဘာကိုမှ ကျွန်မ မပြောင်းလဲနိုင်ဘူးလေ။ ဒါပေမဲ့ ကျွန်မရဲ့ ရှေ့ရေးတွေနဲ့ ထွက်ပေါက်ကို အမြဲ တွေးနေမိတဲ့အတွက်၊ ပူပန်သောကရောက်တဲ့ အခြေအနေနဲ့ အသက်ရှင်နေရတော့တာပေါ့။ ကိုယ့်ကိုယ်ကို ပူပင်သောကနဲ့ စိတ်ဆင်းရဲမှု အများကြီး ဖြစ်စေခဲ့တာပါ။ အရမ်း မိုက်မဲခဲ့တာ။ ဒါကို သိလိုက်တော့၊ အဲဒီ အပျက်သဘော အခြေအနေထဲ အသက်မရှင်ချင်တော့ဘူး။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်တယ်။ “နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ မည်သည့် လမ်းကြောင်းကို လူတို့ လိုက်လျှောက်သင့်သနည်း။ ၎င်းတို့ မည်သို့ ရွေးချယ်သင့်သနည်း။ လူတို့သည် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ မကျဆင်းသင့်သကဲ့သို့၊ မိမိတို့ကိုယ်ပိုင် အနာဂတ် ရှေ့ရေးများနှင့် လမ်းကြောင်းများကို မစဉ်းစားသင့်ပေ။ ထို့ထက် ဤကဲ့သို့သော အချိန်များ၊ ထိုသို့သော အထူးအခြေအနေနှင့် ဆက်စပ်အကြောင်းအရာများတွင် မိမိတို့ကိုယ်ကို လူတို့ သာ၍ တွေ့ရှိပြီး ထိုသို့သော လောလောလတ်လတ် အခက်အခဲများတွင် မိမိတို့ကိုယ်ကို တွေ့ရှိရလေ သမ္မာတရားကို သာ၍ ရှာဖွေပြီး လိုက်စားသင့်ပေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ အတိတ်တွင် သင် ကြားပြီးသည့် တရားဒေသနာများနှင့် သင် နားလည်ပြီးသည့် သမ္မာတရားတို့ အချည်းနှီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်သည်။ ဤသို့သော အခက်အခဲများတွင် မိမိကိုယ်ကို တွေ့ရှိရလေ သင်၏ ကိုယ်ပိုင်ဆန္ဒများကို သင် သာ၍ စွန့်လွှတ်သင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသင့်သည်။ သင့်အတွက် ဤအခြေအနေမျိုးကို ပြင်ဆင်ခြင်းနှင့် ဤအနေအထားကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှု စိတ်ခံစားချက်များထဲသို့ သင့်အား ကျဆင်းသွားစေဖို့ မဟုတ်သကဲ့သို့၊ နာမကျန်းမှု ကျရောက်သည့်အခါ သူ သင့်ကို ကုသပျောက်ကင်းစေလိမ့်မည်လောဆိုသည်ကို ကြည့်ဖို့ ဘုရားသခင်ကို သင် စစ်ဆေးနိုင်ရန်အလို့ငှာ၊ သို့မဟုတ် ကိစ္စရပ်၏ အမှန်တရားကို သိရှိရန် ကြိုးစားဖို့အလို့ငှာလည်း မဟုတ်ပေ။ ထိုသို့သော အခြေအနေများနှင့် အနေအထားများတွင် လက်တွေ့ကျသည့် သင်ခန်းစာများကို သင်ယူနိုင်ရန်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းထဲသို့ သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု ရရှိရန်အလို့ငှာနှင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပုံအား သာ၍ ရှင်းလင်းစွာနှင့် တိကျမှန်ကန်စွာ သင် သိရှိရန်အလို့ငှာ ဤအထူးအခြေအနေများနှင့် အနေအထားများကို သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေသည်။ လူ၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တွင်ရှိပြီး ထိုအရာကို လူတို့ ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့ အမှန်တကယ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားသခင်ကို နာခံသင့်ပြီး အတိုက်အခံမလုပ်သင့်၊ မငြင်းပယ်သင့်သကဲ့သို့ ဧကန်မုချ မစစ်ဆေးသင့်ပေ။ မည်သို့ပင်ဆိုစေ သင် သေဆုံးသွားနိုင်ပြီး သင် ဘုရားသခင်ကို အတိုက်အခံလုပ်၊ ငြင်းပယ်ကာ စစ်ဆေးပါက သင်၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်မှာ အလွန်သိသာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလားတူ အခြေအနေများနှင့် အနေအထားများတွင် သင်သည် အဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများအား မည်သို့ ကျိုးနွံနာခံသင့်သည်ကို ရှာဖွေနိုင်ပါက၊ သင့်အတွက် ဘုရားသခင် ဖြစ်စေသည့် အခြေအနေများတွင် မည်သည့် သင်ခန်းစာများ သင်ယူရမည်ဆိုသည်နှင့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သိရမည်ဆိုသည်တို့ကို ရှာဖွေနိုင်ပြီး ထိုသို့သော အခြေအနေများတွင် ဘုရားသခင်၏ အလိုတော်ကို သင်နားလည်နိုင်ကာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန် သင်၏ သက်သေခံချက်ကို ကောင်းမွန်စွာ သက်သေခံနိုင်ပါက ဤသည်မှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် ဒုက္ခများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို အသိအမှတ်ပြုရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ အလိုတော်အတွက် မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် နာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော အစီအစဉ်များ၊ အကဲဖြတ်ချက်များနှင့် အကြံအစည်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ တွေ့ကြုံခြင်းနှင့် ကျိုးနွံနာခံခြင်း လက်တွေ့လုပ်ဆောင်မှုတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သူ၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် အသက်ထဲသို့ သင် ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်အသိအမှတ်ပြုနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့ သူ့အလိုတော်ကို နားလည်သွားတယ်။ မကျန်းမာတဲ့အခါ၊ ပူပန်သောကနဲ့ဆိုင်တဲ့ အပျက်သဘော ခံစားမှုထဲ ကျွန်မ ပိတ်မိမနေသင့်ဘူး။ ကျွန်မကို ဘုရားဂရုစိုက်လားဆိုတာကို မစစ်ဆေးသင့်ဘူး။ အဲဒီအစား၊ သူပြင်ဆင်တဲ့ ပတ်ဝန်းကျင်မှာ ဘုရားရဲ့အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ သင်ယူသင့်တယ်။ နေမကောင်းဖြစ်တာဟာ ကိစ္စတွေကို ဘုရားက တမင်ခက်ခဲစေတဲ့ သဘောမဟုတ်ပါဘူး။ သူက ကျွန်မကို သမ္မာတရား ရှာဖွေစေချင်ပြီး ဘယ်သင်ခန်းစာ သင်ယူသင့်မှန်း နားလည်စေချင်တာပါ။ ကျွန်မ နေမကောင်းဖြစ်လာခဲ့ပြီး၊ ရုပ်ပိုင်းနာကျင်မှုတချို့ တွေ့ကြုံခဲ့ချိန်ကို ပြန်တွေးကြည့်တော့၊ ကျွန်မက ရှေ့ဆက်ရမဲ့လမ်းနဲ့ အနာဂတ်ကို စိုးရိမ်နေခဲ့တာ၊ သေပြီး ကယ်တင်ခြင်း မရနိုင်မှာကို ကြောက်ခဲ့တာပါ။ ကျွန်မကို ဖယ်ရှားဖို့ ဘုရားက အဲဒီအခြေအနေ ပြင်ဆင်ခဲ့သလိုမျိုး ခံစားခဲ့တယ်။ အဲဒါ ဘုရားအပေါ် ကျွန်မရဲ့ အကြီးမားဆုံး အထင်လွဲမှုပဲ။ ဒါပေမဲ့ တကယ်တော့ အဲဒါ ဘုရားအလိုတော် လုံးဝ မဟုတ်ခဲ့ဘူး။ လက်တွေ့နာမကျန်း ဖြစ်ပြီး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ချို့ယွင်းချက်တွေကို ဖော်ထုတ်ဖို့၊ ဘုရားကို ယုံကြည်တယ်လို့ ကျွန်မ ပြောခဲ့ပေမဲ့၊ အရာရာကို သူ အုပ်စိုးမှန်းကို ကျွန်မစိတ်နှလုံးထဲ မယုံကြည်ခဲ့တာကို ပြဖို့ အဲဒီအခြေအနေကို သူ ပြင်ဆင်ခဲ့တာပဲ။ ကျွန်မ နေမကောင်းဖြစ်တဲ့အခါ၊ ကိုယ့်ဇာတိခန္ဓာ တစ်ခုတည်းပဲ ထည့်တွက်တယ်ဆိုတာလည်း မြင်ခွင့်ပေးခဲ့တယ်။ အသင်းတော်အလုပ်အတွက် အရေးပေါ် လိုအပ်မှန်းသိခဲ့ပေမဲ့၊ ကိုယ့်တာဝန်ကို ကျွန် မငြင်းနေတုန်းပဲ။ နောက်ပိုင်းမှာ အင်တင်တင်နဲ့ လက်ခံခဲ့ပေမဲ့၊ အဲဒီအတွက် စိတ်အကြွင်းမဲ့ အဖိုးအခ ပေးမနေခဲ့ဘူး။ ကိုဗစ်ဖြစ်ပြီး ကျွန်မအခြေအနေ ဆိုးသွားတော့၊ ဘုရားနဲ့ ငြင်းခုံပြီး အတိုက်အခံလုပ်ခဲ့တယ်။ နောက်ဆုံးမှာ ကိုယ့်တာဝန်ကို စွန့်ပြီး ဘုရားကို သစ္စာဖောက်ခဲ့တယ်။ အသင်းတော်အလုပ်ကို ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။ ယုံကြည်ခဲ့တဲ့တစ်လျှောက်လုံးမှာ ကျွန်မက ဘုရားကို ကြောက်ရွံ့မှုတစ်စက်မှ မရှိခဲ့မှန်းနဲ့ ကျွန်မတာဝန်အပေါ် အရမ်းပေါ့တန်တဲ့ သဘောထားတစ်ခု ရှိခဲ့မှန်း ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မ ရုပ်ပိုင်းအရ ကျန်းမာခဲ့ရင်တောင် ကျွန်မအထဲမှာရှိတဲ့ အဲဒီဖောက်ပြန်ပျက်စီးမှုအားလုံးကို မဖြေရှင်းဘဲနဲ့ဆိုရင်၊ ဘုရားကို ကျွန်မ ဆက်အတိုက်အခံလုပ်ပြီး၊ သစ္စာဖောက်နေမိမှာဖြစ်သလို သူ့ရဲ့ လက်ခံမှုကို ရမှာမဟုတ်မှန်း နောက်ဆုံး သဘောပေါက်ခဲ့တယ်။ ကျွန်မရောဂါကို ဘုရားခွင့်ပြုခဲ့တာက ကျွန်မရဲ့ ယုံကြည်ချက်မှာရှိတဲ့ အရောအနှောတွေကို သန့်စင်စေဖို့နဲ့ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ပြောင်းလဲစေဖို့ပဲ။ ဒါပေမဲ့ ဘုရားရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ လုံးဝ မစဉ်းစားခဲ့ဘူး။ ကျွန်မရဲ့ နာမကျန်းမှုနဲ့ပတ်သက်လို့ သောကနဲ့ ပူပန်မှုထဲ အမြဲ နှစ်မြှုပ်နေခဲ့ပြီး၊ ဘုရားကို ဒီအခြေအနေ ပြင်ဆင်နေတာလို့ အမြဲ အတိုက်အခံလုပ်တယ်၊ ကိုယ့်အကြံအစည်နဲ့ အစီအစဉ်တွေကို အမြဲတွေးခဲ့နေခဲ့တယ်။ ဘုရားက ကျွန်မကို ဖယ်ရှားချင်တာလို့တောင် တွေးခဲ့တယ်။ ကျွန်မ တကယ်ကို ပုန်ကန်ခဲ့ပြီး လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား မဲ့နေခဲ့တယ်။ အဲဒီလိုသဘောထားမျိုးနဲ့ ကိုယ့်မကျန်းမာမှုကို ကျွန်မ ဆက်ချဉ်းကပ်လို့ မဖြစ်ဘူး။ ကိုယ့်သဘောထားကို ပြုပြင်ဖို့ လိုတယ်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သုံးသပ်၊ သိမှတ်ပြီး၊ ဒီနာမကျန်းမှုတွေထဲမှာ သမ္မာတရားကို လိုက်စားဖို့လိုတယ်။ အဲဒါ ကျွန်မလုပ်သင့်ခဲ့တဲ့ အရာပဲ။

အဲဒီနောက်မှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခဲ့တယ်။ နေမကောင်းဖြစ်ပြီးတော့ ကျွန်မ အတောမသတ် ပူပန်သောကဖြစ်ရတဲ့ ရင်းမြစ်က ဘာများလဲ။ ဒါကို ဘုရားနှုတ်ကပတ်တော်တွေထဲ ဖတ်ရတယ်။ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။...ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားက ကျွန်မရဲ့ အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ သူ ဖော်ပြခဲ့တာက ယုံကြည်ခြင်းအပေါ် ကျွန်မရဲ့ အမြင် အတိအကျပဲ မဟုတ်လား။ ကိုယ့်ယုံကြည်ခြင်းက ကောင်းချီးတွေအတွက်ပဲ၊ ဘုရားနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာ။ တာဝန်တွေမှာ ကြီးကြီးမားမား ကျန်းမာရေး ပြဿနာတစ်ခုမှ မရှိခဲ့ချိန် ဘုရားရဲ့ ဂရုစိုက်မှုနဲ့ ကွယ်ကာမှု ရခဲ့ပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးရှိတယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် တာဝန်အတွက် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့ လိုလားခဲ့တယ်။ ကျွန်မ နေမကောင်းဖြစ်လာခဲ့ပြီး ရောဂါလက္ခဏာတွေ လျော့တာ မမြင်တော့၊ တာဝန်ကို ခေါင်းမဖော်တမ်း မလုပ်နိုင်ခဲ့သလို၊ ဧဝံဂေလိအလုပ်မှာလည်း စိတ်မနှစ်ခဲ့ဘူး။ ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာကိုပဲ တွေးခဲ့တယ်။ ကျွန်မ သေမလား၊ ကောင်းချီးခံစားနိုင်မလားဆိုတာကို စိုးရိမ်ခဲ့တယ်။ ကိုဗစ်နဲ့ အပြင်းအထန် နာမကျန်းဖြစ်ပြီး၊ နှစ်ပတ်ကြာ နေထိုင်မကောင်းဖြစ်တော့၊ ဘုရားက ကျွန်မကို မကွယ်ကာပေးဘူးလို့ ညည်းခဲ့တယ်။ ပြီးတော့ ကိုယ့်တာဝန်ကိုတောင် မလုပ်ချင်တော့ဘူး။ ကောင်းချီးတွေအတွက် မျှော်လင့်ချက်တွေ ပြိုကွဲသွားတာ မြင်တော့ ကျွန်မရဲ့ တကယ့် သဘာဝက ပေါ်လွင်သွားတယ်။ ဘုရားကို ကျောခိုင်းခဲ့တယ်၊ တာဝန်ကို စွန့်ပြီး သူ့ကို သစ္စာဖောက်ခဲ့တယ်။ လုံးဝ ဘုရားကို ဆန့်ကျင်ခဲ့တယ်၊ သူ့ကို ပုန်ကန်ပြီး အခိုက်အခံ လုပ်ခဲ့တယ်။ ဘုရားနဲ့ ငြင်းခုံတယ်၊ အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်နေခဲ့တယ်။ ကျွန်မရဲ့ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား သဘောက ဘယ်မှာလဲ။ အဲဒီအကြောင်း တွေးမိတော့၊ ကျွန်မအတွက် အဲဒီအခြေအနေ ပြင်ဆင်ပေးလို့ ဘုရားကို တကယ် ကျေးဇူးတင်မိတယ်။ ဇာတိခန္ဓာမှာ နည်းနည်း ဆင်းရဲဒုက္ခခံခဲ့ရပေမဲ့၊ ကျွန်မရဲ့ ယုံကြည်ချက်မှာရှိတဲ့ အရောအနှောတွေနဲ့ ဘုရားကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ကျွန်မ နည်းနည်း နားလည်သွားခဲ့တယ်။ ကျွန်မထဲမှာ ဘုရား လုပ်သမျှတိုင်းက ကယ်တင်ခြင်းအတွက်ဖြစ်ပြီး ချစ်ခြင်းမေတ္တာပဲဆိုတာကို စိတ်နှလုံးထဲ ခံစားခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ခဲ့ပြီး၊ သေခြင်းနဲ့ပတ်သက်လို့ ပိုပြီး ထိုးထွင်းအမြင်ရခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင့်အနေဖြင့် အကြီးစား နာမကျန်းမှု ကြုံရသည်ဖြစ်စေ၊ အသေးစား နာမကျန်းမှုတစ်ခု ကြုံရသည်ဖြစ်စေ သင်၏ နာမကျန်းမှု ဆိုးရွားသွားသည့် အခိုက်၊ သို့မဟုတ် သေခြင်းကို သင် ရင်ဆိုင်နေရသည့်အခိုက်တွင် အကြောင်းအရာ တစ်ခုကိုသာ သတိရလော့။ သေခြင်းကို မကြောက်နှင့်။ ကင်ဆာနောက်ဆုံးအဆင့်တွင် သင် ရှိနေလျှင်ပင် သင်၏ နာမကျန်းမှုတစ်ခု၏ သေနှုန်းက အလွန်မြင့်လျှင်ပင် သေခြင်းကို မကြောက်နှင့်။ သင်၏ ဆင်းရဲဒုက္ခမည်မျှ ကြီးမားလင့်ကစား သေခြင်းကို ကြောက်ရွံ့ပါက သင်သည် ကျိုးနွံနာခံလိမ့်မည် မဟုတ်။...သင်သေဆုံးသွားနိုင်လောက်အောင် သင်၏ နာမကျန်းမှု အလွန်ဆိုးရွားပြီး ထိုအတွက် နာမကျန်းမှု ကူးစက်ခံရသည့်လူသည် အသက်အရွယ် မည်မျှရှိသည်ဖြစ်စေ သေနှုန်းက မြင့်မားကာ နာမကျန်းမှု ကူးစက်ခံရသည့်အချိန်မှသည် သေဆုံးသည့်အချိန်က အလွန်တိုတောင်းပါက သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို သင် စဉ်းစားသင့်သနည်း။ ‘သေခြင်းကို ငါမကြောက်ရ။ အဆုံးတွင် လူတိုင်း သေရသည်။ သို့သော် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် လူအများစု မလုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ရန် ဤနာမကျန်းမှုကို ငါ အသုံးပြု၍ရသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည့် အတွေးနှင့် သဘောထားတို့ကို ငါ ရှိသင့်ပြီး သေခြင်းကို ငါမကြောက်ရ’ဟူ၍ ဖြစ်သည်။ သေခြင်းသည် လွယ်၏၊ အသက်ရှင်ခြင်းထက် များစွာ သာ၍ လွယ်ကူ၏။ သင့်အနေဖြင့် ပြင်းထန်သော ဝေဒနာဖြင့် ရှိနိုင်ပြီး ထိုအရာကို သင် သတိမပြုမိဘဲရှိမည်ဖြစ်ကာ သင်၏ မျက်လုံးများကို ပိတ်သည်နှင့် သင်၏ ထွက်သက်ရပ်သွားသည်၊ သင့်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ပြီး သင့်ဘဝ အဆုံးသတ်လေသည်။ ဤသည်မှာ သေခြင်းဖြစ်သည့်ပုံ ဖြစ်သည်။ ဤမျှ ရိုးရှင်းပေသည်။ သေခြင်းကို မကြောက်ရွံ့ခြင်းသည် ခံယူရမည့် သဘောထားတစ်ခု ဖြစ်သည်။ ဤအရာအပြင် သင်၏ နာမကျန်းမှု ဆိုးရွားသွားမည်၊ မဆိုးရွားသွားမည်၊ သို့မဟုတ် သင် ကုသပျောက်ကင်းမရနိုင်ပါက သေဆုံးမည်လော၊ သို့မဟုတ် သင် မသေမချင်း အချိန်မည်မျှကြာလိမ့်မည်၊ သို့မဟုတ် သေမည့်အချိန်ရောက်လာသည့်အခါ မည်သည့်ဝေဒနာ ခံစားရမည်ဆိုသည်တို့ကို သင် မစိုးရိမ်ရ။ ဤအရာများကို သင် မစိုးရိမ်ရပေ။ ဤသည်တို့မှာ သင်စိုးရိမ်သင့်သည့်အရာများ မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် နေ့ရက်ရောက်လာရမည်ဖြစ်ပြီး ထိုနေ့ရက်သည် တစ်နှစ်နှစ်၊ တစ်လလနှင့် ရက်တစ်ရက်ရက်တွင် ရောက်လာရမည် ဖြစ်သည်။ ထိုအရာမှ သင် ပုန်းကွယ်၍ မရနိုင်သကဲ့သို့ မရှောင်ရှားနိုင်ပေ။ ထိုအရာမှာ သင်၏ ကံကြမ္မာ ဖြစ်သည်။ သင်၏ ကံကြမ္မာဟု ခေါ်သောအရာကို ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်ကာ သူက စီစဉ်နှင့်ပြီး ဖြစ်သည်။ သင်၏ နှစ်ကာလသက်တမ်းနှင့် သင် သေဆုံးသည့် အသက်အရွယ်နှင့် အချိန်ကာလတို့ကို ဘုရားသခင်က သတ်မှတ်ပြီးသားဖြစ်ပေသည်။ ထို့ကြောင့် သင် မည်သည့်အရာကို စိုးရိမ်နေသနည်း။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ယင်းက မည်သည့်အရာကိုမျှ ပြောင်းလဲစေမည် မဟုတ်။ ထိုအရာနှင့်ပတ်သက်၍ သင်စိုးရိမ်နိုင်သော်လည်း ထိုအရာ မဖြစ်အောင် သင်တား၍မရနိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ထိုနေ့ကို ရောက်မလာအောင် သင်မတားနိုင်ပေ။ ထို့ကြောင့် သင်၏ စိုးရိမ်မှုသည် မလိုလားအပ်သကဲ့သို့ ထိုအရာလုပ်ဆောင်သမျှမှာ သင့်နာမကျန်းမှု၏ ဝန်ထုပ်ကို ယခင်ထက် သာ၍ လေးလံစေခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီးတော့ ကျွန်မအတွက် ရှင်းသွားတယ်။ လူတိုင်းရဲ့ သေခြင်းကို ဘုရားစီမံထားတာဖြစ်ပြီး၊ ဘယ်စိုးရိမ်မှုပမာဏကမှ အသုံးမဝင်ဘူးဆိုတာပဲ။ ရောဂါလက္ခဏာတွေ ကျွန်မတွေ့ကြုံခံစားရတဲ့အခါတိုင်း၊ မသက်မသာခံစားရတဲ့အခါတိုင်း၊ အဲဒီလက္ခဏာတွေ ပိုဆိုးသွားမှာ၊ ကျွန်မအသက် ဆုံးရှုံးသွားမှာကို စိုးရိမ်ခဲ့တယ်။ လူတိုင်းရဲ့ သေရမဲ့အချိန်ကို အချိန်ကြာမြင့်စွာကတည်းက ဘုရားသတ်မှတ်ထားပြီးဖြစ်မှန်းနဲ့ ကျွန်မတို့ရဲ့ တာဝန်တွေကြောင့် ပင်ပန်းနွမ်းနယ်လို့ ဖြစ်တာမဟုတ်မှန်းကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မရဲ့ အဒေါ် ငယ်ရွယ်တုန်းက၊ အားနည်းပြီး ရောဂါနဲ့ ဖိစီးခံရတာ၊ ဆေးရုံ တက်လိုက်၊ ဆင်းလိုက် အမြဲလုပ်နေခဲ့ရတာကို တွေးမိတယ်။ ဒီလောကမှာ သူ ကြာကြာမနေရဘူးလို့ အားလုံးက တွေးခဲ့တယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းစွာပဲ၊ အခု ပိုအသက်ရလာတော့၊ သူ့ကျန်းမာရေးက ပိုကောင်းသထက်ကောင်းသွားပြီ။ သူက အသက် ၈၀ ကျော်ပြီဖြစ်သလို၊ သူ့ကိုယ်သူ ဂရုစိုက်နိုင်တုန်းပဲ။ ဒါပေမဲ့ အမြဲကျန်းမာပြီး နေမကောင်းဖြစ်ခဲတဲ့ သူ့ယောက်ျားကတော့ မမျှော်လင့်ဘဲ အသည်းကင်ဆာဖြစ်ပြီး ဆုံးသွားတယ်။ တို့တွေရဲ့ သေရေးရှင်ရေးဟာ ဘုရားအုပ်စိုးမှုနဲ့ အစီအစဉ်ထဲမှာဆိုတာ ဒီလက်တွေ့ဘဝ သာဓကတွေက ပြခဲ့တယ်။ ကျွန်မမှာ ရောဂါအနည်းအကျဉ်းရှိခဲ့တယ်။ ကျွန်မရဲ့ အခြေအနေက ပိုဆိုးသွားသည်ဖြစ်စေ၊ ကျွန်မ သေသည်ဖြစ်စေ၊ ဒါကို စိုးရိမ်စိတ်နဲ့ လိုက်ဖြေရှင်းနေလို့ မရဘူး။ ဘုရားရဲ့ အုပ်စိုးခြင်း သဘောအတိုင်းပါပဲ။ ကျွန်မ သေမသေဆိုတာ တာဝန်တွေကြောင့် ပင်ပန်းနွမ်းနယ်တာနဲ့ ဘာမှမဆိုင်ဘူး။ လူတချို့က တာဝန်မလုပ်ကြဘဲ ကျန်းမာရေးကိုပဲ စောင့်ရှောက်ကြတယ်။ ဒါပေမဲ့ သေခြင်းက ရောက်လာဦးမှာပဲ။ ကျွန်မက ဘုရားရဲ့ အုပ်စိုးမှုကို မယုံကြည်ခဲ့တဲ့ ယုံကြည်သူတစ်ယောက်ပါ။ သေမှာကြောက်တဲ့ ပူပန်သောကထဲမှာ အမြဲ အသက်ရှင်ခဲ့တယ်။ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ အမှန်တရားကတော့ လူတိုင်းသေတာပဲ။ အဲဒါ သဘာဝရဲ့ နည်းဥပဒေသဖြစ်တယ်။ သေခြင်းဆိုတာ ကြောက်ရမဲ့အရာတစ်ခု မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ရှင်ခြင်းနဲ့ သေခြင်းတွေကို ဘုရားကြိုတင်စီမံထားတာဖြစ်ပြီး ဘုရားစီစဉ်တာကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ဘယ်အချိန်မှာ ကျွန်မအတွက် သေခြင်းရောက်လာသည်ဖြစ်စေ၊ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သင့်တယ်။ ကျွန်မတို့တာဝန်ကို ဆက်ကပ်ပြီး ရှိသမျှ အားထုတ်သင့်တယ်၊ ပြီးတော့ ကျွန်မသေတဲ့အချိန်မှာ ဘာနောင်တမှ ချန်မထားဖို့ ကြိုးစားရမယ်။ အဲဒါက ရောင့်ရဲပြီး အေးချမ်းဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ သောကနဲ့ဆိုင်တဲ့ အပျက်သဘော စိတ်ခံစားမှုမှာ အမြဲ အသက်ရှင်ရင်၊ ကိုယ့်ဇာတိခန္ဓာအတွက် အစီအစဉ်တွေ အမြဲလုပ်ပြီး၊ ကိုယ့်တာဝန်ကို ရိုးသားစွာနဲ့ အစွမ်းကုန် အားမထုတ်ရင် နောင်တ၊ အပြစ်ရှိတဲ့စိတ်နဲ့ ကျွန်မ ကျန်ခဲ့ရမှာ။ ပြီးတော့ ကျွန်မက အသင်းတော်အလုပ်ကို ကြန့်ကြာစေမှာဖြစ်ပြီး၊ ကျွန်မရဲ့ ကျန်းမာရေး ဘယ်လောက်ပဲကောင်းပါစေ၊ ကျွန်မဘဝက အဓိပ္ပာယ်မဲ့နေမှာပဲ။ ဘုရားရဲ့ အပြစ်ပေးတာကို ကျွန်မ မလွဲမသွေ ခံရမှာပဲ။ အဲဒါတွေအားလုံး နားလည်လိုက်တာနဲ့ ကျွန်မ အများကြီး ပိုလွတ်လပ်သွားတယ်။

နောက်ပိုင်းမှာ ကျွန်မကို တကယ်တို့ထိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။... သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော တာဝန်၊ အလုပ် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းကို ငါတို့ ပြောဆိုနေခြင်းမဟုတ်ပေ။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။ ဥပမာ အသင်းတော်တွင် လူအချို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကို အားကုန်စိုက်ထုတ်၍ လုပ်ဆောင်ကြပြီး ၎င်းတို့ တစ်ဘဝလုံး၏ အားအင်ကို ဆက်ကပ်အပ်နှံကြသည်။ အဖိုးအခ ကြီးစွာပေးဆပ်ပြီး လူများစွာကို ရရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ဘဝများသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းမရှိ၊ ၎င်းတို့သည် တန်ဖိုးရှိပြီး ကိုယ်စိတ်ချမ်းသာမှု ရှိသည်ဟူ၍ ၎င်းတို့က ခံစားရသည်။ ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ တစ်ဘဝလုံးကို အနှစ်ချုပ်ပြီး ၎င်းတို့ အစဉ်လုပ်ဆောင်ခဲ့သမျှတိုင်းကို၊ ၎င်းတို့ လျှောက်ခဲ့သောလမ်းကို ပြန်လည်စဉ်းစားသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်သက်သာမှုကို တွေ့ရှိကြသည်။ အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ မခံစားရပေ။ လူအချို့သည် အသင်းတော်ကို ဦးဆောင်စဉ်တွင်၊ သို့မဟုတ် အလုပ်ကဏ္ဍတစ်ခုအတွက် တာဝန်ခံရစဉ်တွင် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စွမ်းရည် အပြည့်အဝကို ထုတ်လွှတ်ကြပြီး အားကုန် ထုတ်သုံးကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်အတွက် အားအင်အလုံးစုံကို အသုံးပြုပြီး အဖိုးအခပေးဆပ်ကြသည်။ ၎င်းတို့သည် အားကြီးပြီး ခိုင်မာစွာ ရပ်တည်ရန်၊ နောက်မဆုတ်ရန်၊ ထိုအစား ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်လာပြီး နောက်ဆုံး၌ ဘုရားသခင်အတွက်ပင် သက်သေခံရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းတို့အလယ်တွင် ၎င်းတို့၏ ရေလောင်းခြင်း၊ ခေါင်းဆောင်ခြင်း၊ ကူညီပံ့ပိုးခြင်းမှတစ်ဆင့် လူများစွာကို ကူညီကြသည်။ ထို့အပြင် ၎င်းတို့ ခေါင်းဆောင်သည့် အချိန်ကာလအတွင်းတွင် အရေးပါသော အလုပ်များစွာကို ပြီးမြောက်ကြပြီး ဆိုးယုတ်သောသူ တော်တော်များများကို ရှင်းလင်းပစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည်။ ကြီးမားသော ဆုံးရှုံးမှုအချို့ကို ပြန်လည် ရယူပေးသည်။ ဤအောင်မြင်မှုအားလုံးသည် ၎င်းတို့ ခေါင်းဆောင်သည့်အချိန်အတွင်းတွင် ဖြစ်ပေါ်သည်။ ၎င်းတို့လျှောက်ခဲ့သည့်လမ်းကြောင်းကို ပြန်ကြည့်လျှင်၊ ဤနှစ်များတစ်လျှောက်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ပေးဆပ်ခဲသည့် အဖိုးအခကို ပြန်ပြောင်းတွေးကြည့်လျှင် ၎င်းတို့သည် နောင်တရခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်းကို မခံစားရပေ။ ၎င်းတို့သည် နောင်တနှင့် ထိုက်တန်ရန်အတွက် မည်သည့်အရာကိုမျှ မလုပ်ခဲ့ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တန်ဖိုးကို သိသည့်စိတ်၊ ၎င်းတို့၏ စိတ်နှလုံးတွင် တည်ငြိမ်မှု၊ သက်သာမှုတို့နှင့် အသက်ရှင်ကြသည်။ ဤသည်မှာ အဘယ်မျှ ကောင်းလှသနည်း။ ဤသည်မှာ အကျိုးရလဒ် မဟုတ်လော။ (ဟုတ်သည်။) ဤတည်ငြိမ်ပြီး သက်သာသည့် ခံစားချက်သည်၊ ဤနောင်တများမရှိခြင်းသည် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို လိုက်စားခြင်း၏ ရလဒ်နှင့် ဆုလာဘ်ဖြစ်သည်။ လူတို့အတွက် မြင့်မားသောစံနှုန်းများကို မသတ်မှတ်ဘဲ နေကြစို့။ လူတစ်ယောက်က သူ၏ ဘဝတစ်လျှောက်တွင် သူလုပ်ဆောင်သင့်သည့်၊ သို့မဟုတ် လုပ်ဆောင်လိုသည့် အလုပ်တစ်ခုနှင့် ရင်ဆိုင်ရသည့် အခြေအနေတစ်ခုကို စဉ်းစားကြည့်ကြစို့။ သူ၏ နေရာကို ရှာတွေ့ပြီးနောက်တွင် သူသည် သူ၏နေရာတွင် ခိုင်မာစွာရပ်တည်သည်။ သူ၏ နေရာကို စွဲကိုင်ထားသည်။ ကြီးမားသော ဝေဒနာများကို ခံယူပြီး အဖိုးအခပေးဆပ်သည်။ သူ လုပ်ဆောင်သင့်ပြီး ပြီးမြောက်သင့်သည့်အရာကို အောင်မြင်ပြီး ပြီးမြောက်ရန် သူ၏ အားအင်အလုံးစုံကို ဆက်ကပ်အပ်နှံသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ရှင်းလင်းပြောဆိုရန်အတွက် ဘုရားရှေ့၌ ရပ်သောအခါ အတော်အတန်ပင် ကျေနပ်မှုရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးတွင် အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိပေ။ ၎င်းတို့တွင် စိတ်သက်သာပြီး ဆုလာဘ် ရရှိသည်ဆိုသည့်၊ တန်ဖိုးရှိသော ဘဝကို နေထိုင်ခဲ့သည်ဆိုသည့် ခံစားချက်ရှိသည်။ ဤသည်မှာ အရေးပါသော ပန်းတိုင်မဟုတ်လော။ ယင်း၏ အတိုင်းအတာက မည်သို့ရှိသည်ဖြစ်စေ ယင်းသည် လက်တွေ့ကျသလောဆိုသည်ကို ငါ့အားပြောလော့။ (လက်တွေ့ကျသည်။) ယင်းသည် အသေးစိတ်ကျသလော။ လုံလောက်စွာပင် အသေးစိတ်ကျပြီး လုံလောက်စွာပင် လက်တွေ့ကျသည်။ ပြီးလျှင် လုံလောက်စွာပင် အရှိအတိုင်းဖြစ်သည်။ ဤသို့ဆိုလျှင် တန်ဖိုးရှိသောဘဝကို နေထိုင်ပြီး အဆုံးတွင် ဤဆုလာဘ်မျိုးကို ရရှိရန်အတွက် လူတစ်ယောက်သည် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖျားနာခြင်းကို တွေ့ကြုံရလျှင်ပင် သူ၏ ရုပ်ခန္ဓာက အနည်းငယ်ဒုက္ခခံပြီး အနည်းငယ် အဖိုးအခ ပေးရသည်မှာ ထိုက်တန်သည်ဟု သင် ထင်သလော။ (ထိုက်တန်သည်။) လူတစ်ယောက်သည် ဤလောကသို့ ရောက်လာသောအခါ ဇာတိပကတိ ပျော်မွေ့မှုအတွက်သာ မဟုတ်သကဲ့သို့ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းသက်သက်အတွက်လည်း မဟုတ်ပေ။ ထိုအရာများအတွက်သာ အသက်မရှင်သင့်ပေ။ ဤသည်မှာ လူသားဘဝ၏ တန်ဖိုးမဟုတ်သကဲ့သို့ မှန်ကန်သော လမ်းကြောင်းလည်းမဟုတ်ပေ။ လူသားဘဝ၏ တန်ဖိုးနှင့် လိုက်လျှောက်ရန် လမ်းမှန်တွင် တန်ဖိုးရှိသောအရာတစ်ခုကို ဖြစ်မြောက်ခြင်းနှင့် တန်ဖိုးရှိသော အလုပ်တစ်ခု၊ သို့မဟုတ် များစွာကို ပြီးမြောက်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ အသက်မွေးအလုပ်ဟု မခေါ်ပေ။ လမ်းမှန်ဟု ခေါ်သည်။ သင့်လျော်သော အလုပ်တာဝန်ဟုလည်း ခေါ်သည်။ ပြောလော့။ လူတစ်ယောက်သည် တန်ဖိုးရှိသောအလုပ်အချို့ကို ပြီးမြောက်ရန်၊ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသော ဘဝကို အသက်ရှင်ရန်၊ သမ္မာတရားကို လိုက်စားပြီး ရယူရန်အတွက် အဖိုးအခပေးဆပ်ဖို့ ထိုက်တန်သလော။ သင်သည် အမှန်တကယ်ပင် သမ္မာတရားကို လိုက်စားပြီး နားလည်ရန်၊ ဘဝတွင် လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းရန်၊ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ရန် ဆန္ဒရှိလျှင် သင်၏ အားအင်အလုံးစုံကို ပေးဆပ်ရန်၊ အဖိုးအခပေးဆပ်ရန်၊ သင်၏အချိန်နှင့် ဘဝသက်တမ်း တစ်ခုလုံးကို ပေးဆပ်ရန် မတွန့်ဆုတ်သင့်ပေ။ ဤအချိန်ကာလအတွင်းတွင် ဖျားနာခြင်းအနည်းငယ်ကို သင်ကြုံတွေ့ရလျှင် ယင်းသည် အရေးကြီးမည်မဟုတ်၊ သင့်အား ဒုက္ခပေးမည်မဟုတ်ပေ။ ဤသည်မှာ ဘဝတစ်လျှောက်လုံး အေးဆေးပြီး အလဟဿနေထိုင်ခြင်း၊ ကောင်းစွာစားသောက်ရပြီး ကျန်းမာသည်အထိ ရုပ်ခန္ဓာကို ပျိုးထောင်၍ အဆုံး၌ အသက်ရှည်ခြင်းတို့ထက် အလွန်ပင်ပို၍ သာလွန်သည် မဟုတ်လော။ (ဟုတ်သည်။) ဤရွေးချယ်စရာနှစ်ခုထဲမှ မည်သည့်တစ်ခုက တန်ဖိုးရှိသောဘဝကို ဖြစ်စေသနည်း။ လူတို့သည် အဆုံးတွင် သေခြင်းကို ရင်ဆိုင်ရသောအခါ မည်သည့်တစ်ခုက ၎င်းတို့ကို သက်သာခြင်း၊ နောင်တမရှိခြင်းကို ယူဆောင်လာနိုင်သနည်း။ (အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်း ဖြစ်သည်။) အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်းဆိုသည်မှာ သင်၏ စိတ်နှလုံးတွင် အကျိုးရလဒ်များနှင့် ကိုယ်စိတ်ချမ်းသာမှုကို ခံစားရခြင်းဖြစ်သည်။ ကောင်းစွာစားသောက်ပြီး သေသည်အထိ ပန်းသွေးရောင် အသားအရည်ကို ထိန်းသိမ်းထားသူများကမူ အဘယ်သို့ ရှိသနည်း။ ၎င်းတို့သည် အဓိပ္ပာယ်ရှိသောဘဝကို မလိုက်စားပေ။ ထို့ကြောင့် သေဆုံးသောအခါ ၎င်းတို့သည် မည်သို့ ခံစားရသနည်း။ (အချည်းနှီး အသက်ရှင်ခဲ့သကဲ့သို့ ခံစားရသည်။) ‘အချည်းနှီး အသက်ရှင်ခြင်း’ ဟူသည့် ဤစကားနှစ်လုံးသည် ပြတ်သားသည်။ ‘အချည်းနှီး အသက်ရှင်ခြင်း’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဘဝကို ဖြုန်းတီးခြင်းကို ဆိုလိုသည်။) အချည်နှီး အသက်ရှင်ခြင်း၊ ဘဝကို ဖြုန်းတီးခြင်းဆိုသည့် ဤစကားနှစ်ခုအတွက် အခြေပြုချက်မှာ အဘယ်နည်း။ (၎င်းတို့ဘဝ၏ အဆုံးတွင် မည်သည့်အရာကိုမျှ ၎င်းတို့ မရရှိခဲ့သည်ကို တွေ့ရှိရသည်။) ဤသို့ဆိုလျှင် လူတစ်ယောက်သည် မည်သည့်အရာကို ရရှိသင့်သနည်း။ (သူသည် သမ္မာတရားကို ရရှိသင့်သည်၊ သို့မဟုတ် ဤဘဝတွင် တန်ဖိုးရှိသော၊ အဓိပ္ပာယ် ရှိသောအရာများ ဖြစ်မြောက်သင့်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ သူသည် ဤအရာများအားလုံးကို လုပ်ဆောင်ရန် ပျက်ကွက်ပြီး သူ၏ ရုပ်ခန္ဓာအတွက်သာ အသက်ရှင်လျှင် သူ၏ဘဝကို အချည်းနှီးအသက်ရှင်ခဲ့ပြီး ဖြုန်းတီးခဲ့သည်ဟု ခံစားရမည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတော့၊ လူ့ဘဝရဲ့ အဓိပ္ပာယ်ကို ကျွန်မ နားလည်သွားတယ်။ အခု အဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို လုပ်ဖို့ အခွင့်အရေး ကျွန်မမှာ ရှိပုံနဲ့ အဲဒါက လုပ်ဆောင်ဖို့ အဖြောင့်မတ်ဆုံး အရာဖြစ်မှန်းကို ကျွန်မ တွေးမိတယ်။ မယုံကြည်သူတွေက အစား၊ အသောက်နဲ့ ပျော်ရွှင်မှုတွေကို လိုက်စားကြတယ်။ ဇာတိခန္ဓာရဲ့ ပျော်ရွှင်မှုတွေ သူတို့မှာ ရှိပြီး ဆင်းရဲဒုက္ခ သိပ်မခံစားကြပေမဲ့၊ သူတို့ဆီ သေခြင်းတရား ရောက်လာတော့၊ ဘာအတွက် လူတွေက ဘဝတွေကို အသက်ရှင်ကြမှန်း သူတို့ မသိကြဘူး။ အချည်းနှီး အသက်ရှင်တဲ့ ဘဝတစ်ခုပဲ။ ကျွန်မတစ်သက်တာအတွင်းမှာ ဘုရားရဲ့ ချီးမြှောက်တာခံရနိုင်ပြီး ကျွန်မတာဝန်မှာ ခေါင်းဆောင်အနေနဲ့ အစေခံနိုင်တယ်။ ဒါကြောင့် ကျွန်မ အစွမ်းကုန် အားထုတ်ပြီး၊ အထက်က တောင်းဆိုတဲ့အတိုင်း အသင်းတော် ပရောဂျက်တွေအတွက် တာဝန်ယူသင့်တယ်။ ညီအစ်ကို မောင်နှမတွေကို သမ္မာတရားလိုက်စားဖို့နဲ့ စည်းမျဉ်းတွေအတိုင်း တာဝန်တွေကို လုပ်ဆောင်ဖို့ ဦးဆောင်ပြီး၊ နိုင်ငံတော်ရဲ့ ဧဝံဂေလိတရား တိုးချဲ့ဖို့ ကိုယ့်အပိုင်းကို လုပ်သင့်တယ်။ ဒါက အဓိပ္ပာယ်အရှိဆုံးအရာပဲ။ ဒါပေမဲ့ လူတွေက ဇာတိအတွက်ပဲ သူတို့ဘဝတွေကို ရှင်သန်ရင်၊ သူတို့အချိန်တွေကို ဖြုန်းတီးနေတာဖြစ်ပြီး၊ လုံးဝကို အဓိပ္ပာယ်မဲ့တာပဲ။ အရင်က ကျွန်မတာဝန်ကို လက်လျှော့ပြီး ဗုန်းဗုန်းလဲမသွားအောင် အိမ်ပြန်သွားတုန်းကလိုပေါ့။ ကျွန်မအိမ်မှာနေပြီး ကိုယ်ဆင်းရဲဒုက္ခမခံရသလို၊ အသင်းတော်အလုပ်နဲ့ပတ်သက်လို့ သိပ်စိုးရိမ်စရာမရှိခဲ့ပေမဲ့၊ ကျွန်မ ထမ်းသင့်တဲ့ တာဝန်တွေကို ထမ်းမနေခဲ့သလို၊ စိတ်ထဲမှာ ဟာတာတာဖြစ်နေခဲ့တယ်။ အပြစ်ရှိတဲ့စိတ်နဲ့လည်း ပြည့်နေခဲ့ပြီး၊ တကယ့် ငြိမ်သက်၊ ဝမ်းမြောက်ခြင်း မရှိခဲ့ဘူး။ ဇာတိအတွက် အသက်ရှင်တဲ့ဘဝက လုံးဝ အဓိပ္ပာယ်မဲ့သလို၊ ကျွန်မရဲ့ ကျန်းမာရေးကို ကျွန်မ ဘယ်လောက်ပဲ ဂရုစိုက်ပါစေ၊ အနှစ်မဲ့မှန်းကို မြင်ခဲ့တယ်။ ကိုယ့်တာဝန်ကို လုပ်ရင်း နည်းနည်း ပင်ပန်းဆင်းရဲခဲ့ရပေမဲ့၊ သမ္မာတရားကို ရနိုင်သလို တည်ငြိမ်ပြီး အေးချမ်းနိုင်ခဲ့တယ်။ အဲဒါ တစ်ခုတည်းသော အဓိပ္ပာယ်ရှိတဲ့ ဘဝပဲ။ ဒီအရာကတစ်ဆင့် အဖန်ဆင်းခံရဲ့ တာဝန်ကို လုပ်ဆောင်ခြင်းက ကျွန်မတို့အတွက် ကျေနပ်အားရ၊ အဓိပ္ပာယ်ရှိတဲ့ ဘဝတွေ ရှင်သန်ဖို့နဲ့ စိတ်နှလုံးထဲမှာ စစ်မှန်တဲ့ ငြိမ်သက်၊ ဝမ်းမြောက်ခြင်းတွေ ရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပုံကိုလည်း ကိုယ်တိုင် တွေ့ကြုံခဲ့ရတယ်။ ဇာတိကို တန်ဖိုးထားတာက အနှစ်မဲ့တဲ့ ဘဝဆီပဲ ဆိုက်ရောက်စေသလို သမ္မာတရားလိုက်စားပြီး ကယ်တင်ခံရမဲ့ အခွင့်အရေးကို ပျက်စီးစေတယ်။ ဒါတွေကို ကျွန်မနားလည်လိုက်တာနဲ့၊ ကိုယ့်တာဝန်လုပ်ဖို့ စိတ်လှုံ့ဆော်မှု ပြန်ရခဲ့တယ်။ ဧဝံဂေလိအလုပ်မှာ ဘာကိုမှ ကျွန်မ စွမ်းဆောင်မနေခဲ့ဘူး။ ဒါကြောင့် အခြေအနေအပေါ် လက်တွေ့ကျတဲ့ နားလည်မှု ကျွန်မရဖို့ လိုတယ်၊ ပြဿနာတွေကို ဖြေရှင်းဖို့ စည်းမျဉ်းတွေ ရှာဖို့လိုတယ်၊ ကျွန်မတတ်နိုင်သမျှ အရာရာကို အကောင်းဆုံးလုပ်ဖို့လိုတယ်၊ အလုပ်ရဲ့ ရလဒ်တွေကို တိုးတက်စေဖို့ ကြိုးစားရမယ်။ အဲဒီလိုနဲ့ ကိုယ့်တာဝန်လုပ်ဆောင်ပုံမှာ ဘာရှက်စရာ၊ နောင်တရစရာမှ ရှိမှာမဟုတ်ဘူး။ ဧဝံဂေလိအလုပ်မှာ ကျွန်မ ပါဝင်ပြီး အခက်အခဲတွေ ကြုံခဲ့ရချိန်မှာ၊ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ဖတ်ဖတ်မောစေမိမှာ ဒါမှမဟုတ် ပြဿနာတွေကို ဖြေရှင်းရာကနေ ပိုဆိုးသွားမှာကို စိုးရိမ်မိခဲ့ပေမဲ့ သောကဖိစီးတဲ့ အခြေအနေမှာ ဆက်အသက်ရှင်လို့မဖြစ်မှန်း ခံစားခဲ့တယ်။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မရဲ့ ရောဂါ ပိုဆိုးသည်ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ ကိုယ်တော့်ကို အရင်လို ဆက်မပုန်ကန်ချင်တော့ပါဘူး။ ကျွန်မ ရှင်ခြင်း၊ သေခြင်းက ကိုယ်တော့်လက်မှာရှိပြီး၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံချင်ပါတယ်”လို့ပေါ့။ ဆုတောင်းပြီးတော့ ကျွန်မ သိပ်မစိုးရိမ်တော့ဘူး။ ဧဝံဂေလိအလုပ်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ညီအစ်ကို မောင်နှမတချို့နဲ့ ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ လူတိုင်းက စည်းမျဉ်းတွေ အတူရှာခဲ့ကြတယ်၊ ရွေးချယ်စရာတွေ ဆွေးနွေးပြီး၊ တာဝန်တွေအတွက် လမ်းကြောင်း ရှာတွေ့ခဲ့ကြတယ်။ ဧဝံဂေလိအလုပ်မှာ တိုးတက်မှုရှိခဲ့ပြီး၊ တချို့ စည်းမျဉ်းတွေနဲ့ပတ်သက်လို့ ပိုရှင်းလာကြတယ်။

၂၀၂၃ ခုနှစ် မတ်လမှာ၊ အသင်းတော်က အထက်ခေါင်းဆောင်တွေအတွက် ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး၊ အဆုံးမှာ ကျွန်မ အရွေးခံခဲ့ရတယ်။ ဒီတာဝန်မှာ ပိုကြီးမားတဲ့ ဝန်ထုပ်ရှိမှန်း ကျွန်မ သိခဲ့သလို၊ ကျွန်မရဲ့ ကျန်းမာရေးကိုလည်း တွေးနေမိတုန်းပဲ။ ဒါပေမဲ့ ဇာတိကို ကျွန်မ အလေးမထားချင်တော့ဘူး။ ဒီတာဝန်နဲ့ဆိုင်တဲ့ အခွင့်အရေးကို ကျွန်မ တကယ် တန်ဖိုးထားချင်ခဲ့တယ်။ နောက်ပိုင်းတော့ ကိုယ့်တာဝန်ကို လုပ်ရာမှာ၊ ကျန်းမာရေးအတွက် လိုအပ်တဲ့အတိုင်း ပြင်ဆင်ချက်တွေ လုပ်နိုင်ခဲ့တယ်။ နေမကောင်းတဲ့အခါ နည်းနည်း အနားယူပြီး၊ လေ့ကျင့်ခန်းတချို့လုပ်ဖို့ အချိန်ယူတာတွေပေါ့။ ကိုယ့်တာဝန်ကို အဲဒီလိုလုပ်တော့၊ ကျွန်မ သိပ်မပင်ပန်းခဲ့သလို၊ ရောဂါရဲ့ ဟန့်တားတာကို မခံခဲ့ရဘူး။ အချိန်ကြာလာတာနဲ့အမျှ၊ ခေါင်းထဲမှာ ထုံထိုင်းတာ သိပ်မရှိတော့ဘူး။ အခု ကျွန်မမှာကျန်တဲ့ အချိန်ကို တန်ဖိုးထားရမယ်ဆိုတာနဲ့ အရေးအကြီးဆုံးက တာဝန်ကို ကောင်းကောင်း ဘယ်လိုလုပ်ရမယ် ဆိုတာဖြစ်မှန်း တွေးမိတယ်။ သင်ခန်းစာရအောင် ဒီအခြေအနေ ပြင်ဆင်ပေးလို့ ဘုရားကို ကျေးဇူးတင်မိတယ်။ နေမကောင်းဖြစ်တာနဲ့ပတ်သက်လို့ ကျွန်မ အမြဲ စိုးရိမ်မနေတော့ပါဘူး။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူတစ်ယောက်ကို မျက်စိစုံမှိတ် ကိုးကွယ်ခြင်းရဲ့ အကျိုးဆက်များ

ဝမ်ယင်း တရုတ်နိုင်ငံ ၂၀၁၅ခုနှစ်မှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက အသင်းတော်မှာ ကိုင်တွယ်ဖို့လိုတဲ့...

ရိုးသားစွာပြောဆိုခြင်းမှ ကျွန်မ ရရှိခဲ့သည့်အရာ

ချူးဂို အမေရိကန်နိုင်ငံ သိပ်မကြာခင်တုန်းက ဘုရားရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ညီမ ကြားခဲ့ရတယ်။ အဲဒီမှာပြောတာက “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊...

လိမ်ညာပြောဆိုမှုများကို ကျွန်မ ရပ်ခဲ့သည့် နည်းလမ်း

မာလီနက်ထက် ပြင်သစ်နိုင်ငံ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံခင်တုန်းက ကျွန်မဟာ အမှန်အတိုင်းပြောပြီးလူတွေကို စိတ်ပျက်စေမှာ၊...

စစ်ပွဲတွင် စာတန်ကို အနိုင်ယူခြင်း

ချမ်မိုရမ်၊ ဟီနန်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားသည်။ “သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။