ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ဘယ်တော့မှ မစွန့်ခွာသွားကြောင်း ကျွန်မ မြင်တွေ့ခဲ့ရ

18.03.2026

ယန်ရှောင်လင်၊ တရုတ်ပြည်

၁၉၉၇ ခုနှစ်မှာ ရောဂါတစ်ခုကြောင့် သခင့်ကို ကျွန်မ စယုံကြည်ခဲ့တယ်၊ မကြာခင်မှာပဲ ကျွန်မရဲ့ ရောဂါအခြေအနေ သက်သာသွားခဲ့တယ်။ သခင့်ကျေးဇူးတော်အတွက် ကျွန်မ အရမ်း ကျေးဇူးတင်ခဲ့တယ်။ ၂၀၀၃ ခုနှစ် နွေဦးပေါက်မှာ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တယ်ဆိုတာကို ကျွန်မ သိလိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ဘုရားသခင်ရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ခွဲထားတယ်ဆိုတာနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးအဆင့်ဖြစ်တဲ့ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်ခံရတဲ့သူအားလုံးဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရနိုင်ပြီး နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်တယ်။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ လက်ခံခဲ့ပြီး ဧဝံဂေလိတရား ဟောပြောတဲ့အလုပ်မှာ တက်တက်ကြွကြွ ဆက်ကပ်ခဲ့တယ်။ ကျွန်မ မိသားစုက တားဆီးဖို့ ကြိုးစားခဲ့ပြီး အိမ်နီးနားချင်းတွေက လှောင်ပြောင်ခဲ့ကြပေမဲ့၊ အဆင်းနီတဲ့ နဂါးကြီးက နောက်ကလိုက်ပြီး ဖမ်းဖို့ ကြိုးစားခဲ့ပေမဲ့၊ ဘုရားသခင်က ကျွန်မရောဂါကို ကုသပေးခဲ့ပုံနဲ့ လူသားအတွက် သူ ကတိပေးထားတဲ့ အံ့သြစရာ ပန်းတိုင်အကြောင်းကို တွေးမိတဲ့အခါတိုင်းမှာ ဒီလို ဒုက္ခနည်းနည်းလေး ခံစားရတာက အရမ်းကို တန်တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ၂၀၂၁ ခုနှစ် အစောပိုင်းကို ရောက်လာခဲ့ပြီး အသင်းတော်မှာ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ဆီးစပ်ကိုက်ပြီး အောင့်နေတာ ခဏခဏ ဖြစ်ခဲ့တယ်။ အစတုန်းကတော့ အဲဒါကို သိပ်မစဉ်းစားဘဲ ရာသီဥတုအေးလို့ အအေးမိတာနေမှာလို့ပဲ တွက်ဆခဲ့တယ်။ ဒါပေမဲ့ ဇွန်လအကုန်မှာ နာတာက အများကြီး ပိုဆိုးလာပြီး ဆီးထဲမှာ သွေးခဏခဏ ပါလာတော့ မိသားစုက ကျွန်မကို ဆေးရုံအမြန်တင်လိုက်ကြတယ်။ စစ်ဆေးပြီးတဲ့နောက် ဆရာဝန်က လေးလေးနက်နက် ပြောလာတယ်၊ “ခင်ဗျား ဘာလို့ စောစောမလာတာလဲ။ ခင်ဗျားသားအိမ်က ကိုယ်ဝန် ဆယ်ပတ်ရှိတဲ့ အရွယ်အစားလောက် ဖြစ်နေပြီး အထဲမှာ အကြိတ်တွေ အပြည့်ပဲ။ ဒါ ဆီးထဲ သွေးပါရုံတင် မဟုတ်ဘူး၊ သားအိမ်သွေးဆင်းနေတာ။ အခြေအနေ မကောင်းဘူး။ ချက်ချင်း ခွဲစိတ်ဖို့ လိုတယ်” တဲ့။ ဒါကို ကြားရတဲ့အခါ ကျွန်မ ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ “ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ” လို့ ကျွန်မ တွေးမိတယ်။ “ငါ ဒီတစ်ချိန်လုံး ငါ့တာဝန်ထမ်းဆောင်နေခဲ့တာလေ။ ဘုရားသခင်ရဲ့ ကွယ်ကာမှု ငါ ရသင့်တယ်” လို့ တွေးမိတယ်။ အိမ်ရောက်တော့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီရောဂါ ဖြစ်ရတာ ကိုယ်တော်ရဲ့ ခွင့်ပြုချက်နဲ့ ဆိုတာ သမီး သိပါတယ်၊ ဒါပေမဲ့ ဆရာဝန်ရဲ့ စကားတွေကြောင့် ကျွန်မ ကြောက်မိတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်နိုင်အောင် သမီးကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေထဲက စာတစ်ကြောင်းကို ကျွန်မ သတိရသွားတယ်။ “ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။” ဒါနဲ့ ကျွန်မ ကွန်ပျူတာဖွင့်ပြီး အဲဒီ ဘုရားနှုတ်ကပတ်တော် အပိုဒ်ကို ရှာလိုက်တယ်။ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်နှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။ ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) သူ့ရဲ့နှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကျွန်မရဲ့စိတ်နှလုံးက တဖြည်းဖြည်း တည်ငြိမ်သွားတယ်။ ကျွန်မ ဒီရောဂါ ဖြစ်ရတဲ့အထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိကိုရှိရမယ်လို့ ကျွန်မ သိလိုက်တယ်။ အခုလောလောဆယ် နားမလည်သေးပေမဲ့ ဆုတောင်းရမယ်၊ ရှာဖွေရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ လမ်းပြမှုကို စောင့်ဆိုင်းရမယ်ဆိုတာ ကျွန်မ သိတယ်။ ဘုရားသခင်က အနန္တတန်ခိုးရှိပြီး ကျွန်မရဲ့ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိတယ်လေ။ ဆရာဝန်တွေက သူတို့ရဲ့ အသိပညာနဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ရောဂါရှာဖွေမှုတွေ လုပ်ကြပေမဲ့၊ သူတို့စကားကြောင့် ကြောက်သွားလို့ မဖြစ်ဘူး။ ဘုရားသခင်ကို ကျွန်မ ယုံကြည်မှု ရှိရမယ်။ ဒီလို တွေးမိလိုက်တော့ ကျွန်မ မကြောက်တော့ဘူး။ ဇူလိုင်လ အစောပိုင်းမှာ သားအိမ်၊ သားဥအိမ်နဲ့ သားဥပြွန်တွေကို ဖယ်ရှားဖို့ ကျွန်မ ခွဲစိတ်မှု ခံယူခဲ့တယ်။ ဆရာဝန်က ကျွန်မကို ပြောတယ်၊ “ခင်ဗျား အရမ်း ကံကောင်းတယ်။ ရောဂါဗေဒ အဖြေက မပြန့်ပွားတဲ့ အကြိတ်လို့ပြောတယ်” တဲ့။ ကျွန်မ နှလုံးသားထဲကနေ ဘုရားသခင်ကို တိတ်တဆိတ် ကျေးဇူးတင်လိုက်တယ်။ ရက် ၂၀ ကျော် နားပြီးတဲ့နောက်မှာ ကျွန်မရဲ့တာဝန် ပြန်စပြီး ထမ်းဆောင်ခဲ့တယ်။

ရောဂါ ပျောက်သွားပြီလို့ ထင်ခဲ့ပေမဲ့ ဒါက အစပဲ ရှိသေးမှန်း ကျွန်မ မသိခဲ့ဘူး။ သည်းခြေအိတ် ထုတ်တာ၊ အူအတက်ဖြတ်တာ၊ အခု သားအိမ်ထုတ်တာနဲ့ဆိုရင် ကျွန်မဘဝမှာ ခွဲစိတ်မှုကြီး သုံးကြိမ် လုပ်ဖူးတော့ မကြာခင်မှာပဲ ခွဲစိတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဆက်တိုက် ခံစားလာရတော့တာပဲ။ ဩဂုတ်လ အစောပိုင်း တစ်ညမှာ ရုတ်တရက် ပြင်းပြင်းထန်ထန် ဗိုက်နာလာလို့ မိသားစုက ကျွန်မကို ဆေးရုံ အမြန်ပို့လိုက်ကြတယ်။ အူလမ်းကြောင်း ပိတ်နေတယ်လို့ ရောဂါစစ်တမ်းက အဖြေထွက်တယ်။ အစာအိမ်ထဲက အရည်တွေကို ရှင်းထုတ်ဖို့နဲ့ အူတွေကို ဆေးကြောဖို့ ဆရာဝန်တွေက ချက်ချင်း ပိုက် ထည့်လိုက်ကြတယ်။ အစာရေမျိုပြွန်က ပိုက်ကြောင့် ယားပြီး အဆက်မပြတ် အန်ခဲ့တာပေါ့။ အဲဒါအပြင် ဗိုက်နာတာကလည်း မခံမရပ်နိုင်အောင် ဖြစ်နေတော့ ငြိမ်ငြိမ်လည်း ထိုင်မရ၊ လှဲလည်းမရ ဖြစ်နေတာပေါ့။ တစ်နေ့နဲ့ တစ်ညလုံးလုံး ကြာခဲ့တဲ့ ဒီဒုက္ခတစ်ခုလုံးကြောင့် ကျွန်မ လုံးဝ ခြေကုန်လက်ပန်းကျသွားခဲ့တယ်။ နောက်ရက် ည ၁၁ နာရီမှာ နောက်ထပ် ပြင်းပြင်းထန်ထန် နာကျင်မှုတစ်ခု ထပ်ဖြစ်လာပြန်တယ်။ ကျွန်မ မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်နေပုံကို မြင်တော့ ကျွန်မယောက်ကျားက ဆရာဝန်တစ်ယောက် သွားရှာခဲ့တယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ အူပေါက်နေပြီး ဗိုက်ထဲမှာ အရည်တွေ အများကြီး တည်နေတာ တွေ့ရလို့ ချက်ချင်း ခွဲစိတ်ဖို့ လိုအပ်ခဲ့တယ်။ အဲဒီအချိန်မှာ နာလွန်းလို့ ကျွန်မ သတိလစ်တော့မလို ဖြစ်နေပြီ၊ မျက်နှာပေါ်မှာလည်း မျက်ရည်တွေ၊ ချွေးတွေ စီးကျလို့ပေါ့။ ကျွန်မစိတ်နှလုံးထဲမှာ အခါခါ အော်ဟစ်မိတယ်။ “ဘုရားသခင်၊ သမီးကို ကယ်ပါ...အို ဘုရားသခင်...” လို့ပေါ့။ မူးနောက်နေချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်ထဲ ပေါ်လာတယ်။ “ဘုရားသခင်သည် သေချာပေါက် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) အချိန်ဘယ်လောက် ကြာသွားမှန်း မသိလိုက်ချိန်မှာပဲ ဆရာဝန်က ကျွန်မကို လှုပ်နှိုးပြီး “ခင်ဗျား ဘယ်လိုနေလဲ။ ဘယ်လိုလုပ် အိပ်ပျော်သွားတာလဲ” လို့ မေးတယ်။ အဲဒီကျမှပဲ ဒီလောက် နာကျင်နေတဲ့ ကြားထဲကနေ ကျွန်မ တကယ် အိပ်ပျော်သွားမှန်း သဘောပေါက်လိုက်တယ်။ ခွဲစိတ်ဆရာဝန်နဲ့ ဆက်သွယ်ဖို့ အရမ်း နောက်ကျနေပြီမို့လို့ စောင့်ကြည့်ဖို့အတွက် ကျွန်မရဲ့ အခန်းကိုပဲ သူတို့ ပြန်ပို့ပေးနိုင်ခဲ့ကြတယ်။ မမျှော်လင့်ဘဲနဲ့ နောက်တစ်နေ့မနက် ၇ နာရီကျော်ထိ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ ဆရာဝန်က ကျွန်မကို လာစစ်ဆေးတဲ့အခါ နားမလည်နိုင်တဲ့ ပုံစံနဲ့ ပြောတယ်၊ “ဓာတ်မှန်မှာတုန်းက ဗိုက်ထဲမှာ အရည်တွေ ရှိနေတာ ရှင်းရှင်းလင်းလင်း ပေါ်နေတာ။ အခု ဘယ်လိုလုပ် အခြေအနေ တည်ငြိမ်သွားတာလဲ” တဲ့။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို အကြိမ်ကြိမ် ကျေးဇူးတင်မိတယ်။ တစ်ပတ်ကြာတော့ ဆေးရုံက ဆင်းရတယ်။

သည်းခြေအိတ် ထုတ်ထားလို့ သည်းခြေရည် ပြန်ဆန်တက်တဲ့ ဒဏ်ကြောင့် ကျွန်မ အစာအိမ်က ခဏခဏ လေပွပြီး ပူလောင်တဲ့ ဝေဒနာ ခံစားရတယ်။ ရင်ဘတ်နဲ့ ကျောအောင့်တာလည်း အရမ်း ပြင်းထန်ပြီး တစ်နေ့လုံး တောက်လျှောက် ကျွန်မ ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင် ဖြစ်ခဲ့ရတယ်။ မတူတဲ့ ဆေးရုံတချို့မှာ သွားပြပြီး တိုင်းရင်းဆေးတွေ အများကြီး သောက်ကြည့်ခဲ့ပေမဲ့ ဘာမှ အထောက်အကူမဖြစ်ခဲ့ဘူး။ အိပ်မပျော်တဲ့ ရောဂါကလည်း ပိုဆိုးလာခဲ့တယ်။ တစ်ခါတလေဆို ကျွန်မ တစ်ညလုံး လုံးဝ အိပ်မပျော်နိုင်ဘူး။ နေ့တိုင်း ပိုပိန်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး အမြဲလိုလို စိုးရိမ်ပူပန်မှုတွေနဲ့ ကျွန်မ ရှင်သန်နေခဲ့ရတယ်။ “ဒီတိုင်းသာ ဆက်ဖြစ်နေရင် ငါ တာဝန်ထမ်းဆောင်နိုင်ပါဦးမလား” လို့ တွေးမိတယ်။ “မစားနိုင် မအိပ်နိုင်ရင် ငါ သေသွားမလား။ သေသွားရင်ကော ငါ ဘယ်လို ကယ်တင်ခြင်း ခံရနိုင်ဦးမလဲ” ပေါ့။ ကျွန်မ ဘုရားသခင်ကို နည်းနည်းတော့ အထင်လွဲလိုက်မိတာပေါ့။ “ငါ ယုံကြည်လာတဲ့ ဒီနှစ်တွေတလျှောက်လုံး အခက်အခဲတွေကြားကနေ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ငါ တစ်နှစ်ကျော် နေမကောင်းဖြစ်ခဲ့ပေမဲ့ တာဝန်ထမ်းဆောင်တာကို မရပ်ခဲ့ဘူး။ ဘုရားသခင်က ငါ့ကို ဘာလို့ ကာကွယ်မနေခဲ့တာလဲ။ ဘုရားသခင်က ငါ့ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ဒီရောဂါကို သုံးနေတာများ ဖြစ်နိုင်မလား”လို့ပေါ့။ ကျွန်မ မျက်ရည်တွေနဲ့ အကြိမ်ကြိမ် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ သမီး အရမ်း အားနည်းနေပါတယ်။ သမီးရဲ့တာဝန်ကို ကောင်းကောင်း မဖြည့်ဆည်းနိုင်မှာ စိုးရိမ်မိသလို သေသွားရင် ကယ်တင်ခြင်း မခံရမှာကို ပိုပြီးတော့တောင် ကြောက်မိပါတယ်။ ဘုရားသခင်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းကို ရှာတွေ့နိုင်အောင် လမ်းပြဖို့ သမီးတောင်းလျှောက်ပါတယ်” လို့ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့တယ်။ “နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ မည်သည့် လမ်းကြောင်းကို လူတို့ လိုက်လျှောက်သင့်သနည်း။ ၎င်းတို့ မည်သို့ ရွေးချယ်သင့်သနည်း။ လူတို့သည် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ မကျဆင်းသင့်သကဲ့သို့၊ မိမိတို့ကိုယ်ပိုင် အနာဂတ် ရှေ့ရေးများနှင့် လမ်းကြောင်းများကို မစဉ်းစားသင့်ပေ။ ထို့ထက် ဤကဲ့သို့သော အချိန်များ၊ ထိုသို့သော အထူးအခြေအနေနှင့် ဆက်စပ်အကြောင်းအရာများတွင် မိမိတို့ကိုယ်ကို လူတို့ သာ၍ တွေ့ရှိပြီး ထိုသို့သော လောလောလတ်လတ် အခက်အခဲများတွင် မိမိတို့ကိုယ်ကို တွေ့ရှိရလေ သမ္မာတရားကို သာ၍ ရှာဖွေပြီး လိုက်စားသင့်ပေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ အတိတ်တွင် သင် ကြားပြီးသည့် တရားဒေသနာများနှင့် သင် နားလည်ပြီးသည့် သမ္မာတရားတို့ အချည်းနှီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်သည်။ ဤသို့သော အခက်အခဲများတွင် မိမိကိုယ်ကို တွေ့ရှိရလေ သင်၏ ကိုယ်ပိုင်ဆန္ဒများကို သင် သာ၍ စွန့်လွှတ်သင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသင့်သည်။ သင့်အတွက် ဤအခြေအနေမျိုးကို ပြင်ဆင်ခြင်းနှင့် ဤအနေအထားကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှု စိတ်ခံစားချက်များထဲသို့ သင့်အား ကျဆင်းသွားစေဖို့ မဟုတ်သကဲ့သို့၊ နာမကျန်းမှု ကျရောက်သည့်အခါ သူ သင့်ကို ကုသပျောက်ကင်းစေလိမ့်မည်လောဆိုသည်ကို ကြည့်ဖို့ ဘုရားသခင်ကို သင် စစ်ဆေးကာ ထိုသို့ဖြင့် ကိစ္စရပ်၏ အမှန်တရားကို သိရှိရန် ကြိုးစားဖို့အလို့ငှာလည်း မဟုတ်ပေ။ ထိုသို့သော အခြေအနေများနှင့် အနေအထားများတွင် လက်တွေ့ကျသည့် သင်ခန်းစာများကို သင်ယူနိုင်ရန်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းထဲသို့ သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု ရရှိရန်အလို့ငှာနှင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပုံအား သာ၍ ရှင်းလင်းစွာနှင့် တိကျမှန်ကန်စွာ သင် သိရှိရန်အလို့ငှာ ဤအထူးအခြေအနေများနှင့် အနေအထားများကို သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည်။ လူ၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တွင်ရှိပြီး ထိုအရာကို လူတို့ ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့ အမှန်တကယ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားသခင်ကို ကျိုးနွံနာခံသင့်ပြီး အတိုက်အခံမလုပ်သင့်၊ မငြင်းပယ်သင့်သကဲ့သို့ ဧကန်မုချ မစစ်ဆေးသင့်ပေ။ မည်သို့ပင်ဆိုစေ သင် သေဆုံးသွားနိုင်ပြီး သင် ဘုရားသခင်ကို အတိုက်အခံလုပ်၊ ငြင်းပယ်ကာ စစ်ဆေးပါက သင်၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်မှာ အလွန်သိသာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလားတူ အခြေအနေများနှင့် အနေအထားများတွင် သင်သည် အဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများအား မည်သို့ ကျိုးနွံနာခံသင့်သည်ကို ရှာဖွေနိုင်ပါက၊ သင့်အတွက် ဘုရားသခင် ဖြစ်စေသည့် အခြေအနေများတွင် မည်သည့် သင်ခန်းစာများ သင်ယူရမည်ဆိုသည်နှင့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သိရမည်ဆိုသည်တို့ကို ရှာဖွေနိုင်ပြီး ထိုသို့သော အခြေအနေများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်နိုင်ကာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန် သင်၏ သက်သေခံချက်ကို ကောင်းမွန်စွာ သက်သေခံနိုင်ပါက ဤသည်မှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက် ကျွန်မ နားလည်သွားတယ်။ ကျွန်မအပေါ် ဒီရောဂါ ကျရောက်ခွင့်ပေးရာမှာ ဘုရားသခင် ရည်ရွယ်ချက်က ဝမ်းနည်း၊ ပူဆွေးသောကနဲ့ စိုးရိမ်ပူပန်မှုတွေထဲမှာ ကျွန်မကို နစ်မွန်းစေဖို့ မဟုတ်ဘဲ၊ သမ္မာတရား ရှာဖွေဖို့၊ သင်ခန်းစာ ယူဖို့နဲ့ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်လာဖို့အတွက် ဖြစ်တယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်း ရှိမရှိကို စမ်းသပ်ဖို့လည်း ဖြစ်တယ်။ ကျွန်မ ရောဂါဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကို ပြန်တွေးကြည့်ရင် တရုတ်တိုင်းရင်းဆေး၊ အနောက်တိုင်းဆေးနဲ့ ဆေးမြီးတိုတွေလို ကုသတဲ့နည်းလမ်းမျိုးစုံကို ကျွန်မ စမ်းခဲ့တယ်။ နာမည်ကြီး ဆရာဝန်တွေ၊ အထူးကုတွေနဲ့ ပြခဲ့ပေမဲ့ ရောဂါအခြေအနေက သက်သာမလာတဲ့အပြင် တကယ် ပိုဆိုးသွားခဲ့တယ်။ ဝမ်းနည်း၊ ပူဆွေးပြီး စိုးရိမ်ပူပန်တဲ့ အခြေအနေမှာ ကျွန်မ အသက်ရှင်နေခဲ့တယ်။ ရောဂါ ပိုဆိုးလာတာနဲ့အမျှ တာဝန်မထမ်းဆောင်နိုင်တော့မှာ ကြောက်ခဲ့ပြီး သေသွားရင် ကယ်တင်ခြင်း မခံရမှာ ပိုတောင် ကြောက်ခဲ့တယ်။ စိတ်နှလုံး နာကျင်အားနည်းပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားခဲ့တယ်။ အရင်တုန်းက ကျွန်မ နေမကောင်းဖြစ်ပြီး ဘုရားသခင်ရဲ့ ကွယ်ကာမှုနဲ့ ကျေးဇူးတော်ကို မြင်ရတဲ့အခါ သူ့ကို အရမ်း ကျေးဇူးတင်ခဲ့တယ်။ ဒါပေမဲ့ အခု ရောဂါက ပြင်းထန်ပြီး ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို မမြင်ရတဲ့အခါကျတော့ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ကျွန်မရဲ့ ရောဂါကို သုံးနေတယ်လို့ သံသယဝင်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ နှစ်တွေတလျှောက် စွန့်လွှတ်ခဲ့တာ၊ ဆင်းရဲဒုက္ခခံခဲ့တာတွေကို အရင်းအနှီးအနေနဲ့ သုံးပြီးတော့တောင် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့သလို၊ ဘာလို့ ကျွန်မကို သူ ကာကွယ်မပေးခဲ့တာလဲလို့ ညည်းညူခဲ့တယ်။ တကယ်တော့၊ ကျွန်မ ယုံကြည်ခြင်းမှာ မသန့်ရှင်းတာတွေကို ထုတ်ဖော်ဖို့နဲ့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ကိုယ်သိပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံစေဖို့ ဒီရောဂါကို ဘုရားသခင် အသုံးပြုနေခဲ့တာပါ။ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို နားလည်လိုက်ရတော့ ကျွန်မ အရမ်း နောင်တရမိတယ်။ ဒူးထောက်ပြီး ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး ကိုယ့်ကိုယ်ကိုယ် ကိုယ်တော့်လက်ထဲ အပ်နှံပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ လိုလားနေပါတယ်။ သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။

နောက်ပိုင်းကာလတွေမှာ တရုတ်တိုင်းရင်းဆေး ဆက်သောက်ခဲ့ပေမဲ့ ကျွန်မရဲ့ရောဂါအခြေအနေက သက်သာမလာသေးဘူး။ အစာအိမ်က မီးလောင်နေသလိုမျိုး ဖြစ်ပြီး ပျို့လွန်းလို့ ဘာမှ မစားနိုင်ခဲ့ဘူး။ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး ညဘက်ဆို အိပ်ဆေးသောက်မှ နှစ်နာရီ သုံးနာရီလောက်ပဲ အိပ်ပျော်တယ်။ နောက်ပိုင်းကျတော့ ကျွန်မရဲ့တာဝန် မထမ်းဆောင်နိုင်တော့တဲ့အပြင် စုဝေးပွဲတွေကိုတောင် လိုက်မတက်နိုင်တော့ဘူး။ ၂၀၂၃ ဇူလိုင်လမှာ ကျွန်မ အခြေအနေအရ အသင်းတော် အသက်တာကို ခဏ ရပ်နားပြီး အိမ်မှာပဲ အနားယူ ကုသဖို့ အသင်းတော်က အကြံပေးတယ်။ ကျွန်မ အရမ်း ခံစားရတယ်။ “အရင်တုန်းက ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံစားရပါစေ၊ ဘုရားသခင် ကုပေးမှာပါလို့ တွေးရင်းနဲ့ အံကြိတ်ပြီးတော့ တာဝန်ကို မရမက ထမ်းဆောင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ စုဝေးပွဲတောင် ငါ မတက်နိုင်တော့ဘူး။ သက်သေခံချက် တစ်ခုတလေကို ငါ သက်သေခံနိုင်ပါ့မလား။ ဘုရားရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရဖို့ပဲ ငါ စောင့်နေတာ ဖြစ်မှာ မဟုတ်လား”လို့ ကျွန်မ တွေးမိတယ်။ ကျွန်မမှာရှိတဲ့ နောက်ဆုံး မျှော်လင့်ချက်ရေးရေးက တစ်စစီပြိုကွဲသွားခဲ့တယ်။ အဲဒီနေ့မှာ ကျွန်မ အိမ်ပြန်သွားတော့ အိပ်ရာပေါ်မှာ ပစ်လှဲပြီး ရှိုက်ကြီးတငင် ငိုခဲ့တယ်။ ကျွန်မရဲ့အနီးအနားက ညီအစ်ကိုမောင်နှမတွေ အားလုံး ကျန်းမာပြီး စုဝေးပွဲတွေ တက်၊ တာဝန်တွေ ပုံမှန် ထမ်းဆောင်နိုင်ကြတာကို တွေးမိတယ်။ တချို့ ဘာသာတရားမရှိသူတွေတောင် ကျန်းမာကြတယ်။ ဘာလို့ ကျွန်မက ရောဂါရဲ့ ဖိစီးတာကို အမြဲ ခံနေရတာလဲ။

ဩဂုတ်လကုန်မှာ အူလမ်းကြောင်းပိတ်လို့ ဆေးရုံ ထပ်တက်ရပြန်တယ်။ အဲဒီအချိန်အတောအတွင်းမှာ နေ့တိုင်း ဗိုက်နာ၊ အစာအိမ်နာပြီး ကျောနာတာတွေကြောင့် မခံမရပ်နိုင်အောင် ဝေဒနာ ခံစားရတယ်။ ဘာမှ မစားနိုင်သလောက်ဖြစ်ခဲ့တော့၊ အာဟာရရဖို့ ပရိုတိန်းနဲ့ ဂလူးကို့စ် ပုလင်း ချိတ်တာကိုပဲ အားကိုးနေရတယ်။ မြန်မြန်ဆန်ဆန်နဲ့ ကိုယ်အလေးချိန် ကီလို ၂၀ ကျော်ကျသွားတယ်။ ကျွန်မယောာက်ျားက ဆေးရုံမှာ ကျွန်မနဲ့ နေပေးဖို့ အလုပ်နားလိုက်ပြီး နေ့တိုင်း ကျောကို နှိပ်နယ်ပေးတယ်။ တစ်ခါတလေ သူ့မျက်ရည်တွေ ကျွန်မ ကျောပေါ် ကျလာတာကို ခံစားရတယ်။ ကျွန်မ နေ့ရက်တွေ သိပ်မကျန်တော့ဘူးဆိုတာ သိလိုက်တယ်။ ညဘက်မှာ ကျွန်မ အိပ်မပျော်နိုင်တဲ့အခါ၊ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ အနှစ် ၂၀ ကြာ ပုံရိပ်တွေ ခေါင်းထဲ ပြန်ပေါ်လာတယ်။ ကျွန်မယောက်ျားက ဘုရားသခင်ကို မယုံကြည်ဖို့ ကျွန်မကို တားဆီးပြီး ကွာရှင်းမယ်လို့တောင် ခြိမ်းခြောက်ခဲ့ပေမဲ့ ကျွန်မ အလျှော့မပေးခဲ့ဘူး။ လောကီသားတွေက လှောင်ပြောင်၊ ကဲ့ရဲ့ပြီး စော်ကားခဲ့ကြပေမဲ့ ကျွန်မ နောက်မဆုတ်ခဲ့ဘူး။ အဆင်းနီတဲ့ နဂါးကြီးက နောက်ယောင်ခံလိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ပေမဲ့ ကျွန်မ ယုံကြည်ခြင်း မပျောက်ဆုံးခဲ့ဘူး။ နှစ်တွေတလျှောက် ကျွန်မ စွန့်လွှတ်ပြီး ဆင်းရဲဒုက္ခခံခဲ့ပုံကို ဘုရားသခင် မြင်ပြီးတော့ အဆုံးထိ ကျွန်မကို ကွယ်ကာပေးမယ်၊ နိုင်ငံတော်ရဲ့ ခမ်းနားထည်ဝါမှုကို မြင်ခွင့်ပေးမယ်လို့ ထင်ခဲ့တာ။ အခု ကျွန်မ ရင်ဆိုင်နေရတာက ဘဝရဲ့ အဆုံးသတ် ဖြစ်နိုင်မယ်လို့ လုံးဝ စိတ်မကူးခဲ့မိဘူး။ ကျွန်မ စိတ်နှလုံးကွဲကြေခဲ့ရတယ်၊ “ဒီလောက် ဒုက္ခတွေ ခံပြီး အဆုံးကျတော့ သေရဦးမှာပဲ။ ဒီလိုဖြစ်လာမယ်မှန်း သိရင် အစကတည်းက ငါ ဘာလို့ ဘုရားသခင်ကို စယုံကြည်ခဲ့မိတာလဲ” ဆိုပြီး တွေးမိတာပေါ့လေ။ ရက်ပိုင်းလောက် ဆုတောင်းတာ၊ ဘုရားနှုတ်ကပတ်တော်ဖတ်တာတွေ မလုပ်ဘဲ ဆေးရုံကုတင်ပေါ် လှဲနေမိတယ်။ စိတ်ထဲမှာ သေပြီးရင် ဖြစ်မယ့် ပုံရိပ်တွေပဲ တွေးမိတယ်။ အထူးသဖြင့် ဝိညာဉ်ရေးရာနယ်ပယ်က အမှောင်၊ မြူမှုန်တွေ ဖုံးလွှမ်းနေပြီး မှောင်လွန်းလို့ လက်တစ်ကမ်းစာတောင် မမြင်ရဘဲ အဖော်ပြုပေးမဲ့ မိသားစုလည်း ရှိမှာမဟုတ်တာကို တွေးမိပြီး ကြောက်စိတ်နဲ့ ကျွန်မ တုန်နေမိတယ်။ တစ်နေ့တော့ ကျွန်မရဲ့ အစ်ကိုနဲ့ သူ့မိန်းမက ဆေးရုံမှာ ကျွန်မကို လာကြည့်ကြတယ်။ ကျွန်မ ပိန်ချုံးပြီး အားပြတ်နေတာကို မြင်တော့ အစ်ကိုက မျက်ရည်ဝဲပြီး ပြောတယ်၊ “လက်မလျှော့လိုက်ပါနဲ့။ နင် ဆုတောင်းပြီး ဘုရားသခင်ကို ပိုအားကိုးရမယ်” တဲ့။ သူ့စကားတွေကြောင့် ကျွန်မ အပြစ်ရှိစိတ်၊ မလုံမလဲစိတ်တွေနဲ့ ပြည့်သွားတယ်။ “ငါ နေမကောင်း စဖြစ်ကတည်းက ဘုရားသခင်က ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးတုန်းကတော့ ကျေးဇူးတင်ပြီး ဘုရားသခင်ကို ယုံကြည်ရတာ အရမ်း ကောင်းတယ်လို့ ခံစားခဲ့တယ်။ ဒါပေမဲ့ အခု သေရတော့မဲ့အချိန်မှာ၊ ဘုရားကို ညည်းညူပြီး ယုံကြည်ခဲ့တာကိုတောင် နောင်တရနေမိတယ်။ ဒါ ဘုရားသခင်ကို သစ္စာဖောက်တာပဲ” လို့ တွေးမိတယ်။ အဲဒီကာလအတောအတွင်းမှာ နေ့တိုင်း ၁၀ နာရီကျော်ကြာအောင် ပုလင်း ချိတ်နေရတယ်။ ကိုးရက်မြောက်နေ့ကျတော့ လက်နှစ်ဖက်လုံး အရမ်းရောင်နေလို့ ဆေးမသွင်းနိုင်တော့ဘူး၊ ဒါကြောင့် ကျွန်မ ဆေးရုံကဆင်းဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ဘူး။ အိမ်ပြန်ရောက်တော့ ဘုရားသခင်ဆီ အကြိမ်ကြိမ် ဆုတောင်းမိတယ်၊ “အို ဘုရားသခင်၊ သေခြင်းတရားကို ရင်ဆိုင်ရတဲ့အခါ သမီးစိတ်နှလုံးထဲမှာ ကြောက်ရွံ့ခြင်းတွေ၊ ကူကယ်ရာမဲ့ခြင်းတွေ ပြည့်နှက်နေသလို၊ ကိုယ်တော့်အပေါ် အထင်လွဲတာတွေ၊ ညည်းညူတာတွေနဲ့ ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေလည်း ပြည့်နေပါတယ်။ ဘုရားသခင်၊ သမီးရဲ့ ဖောက်ပြန်ပျက်စီးမှုကို သိမြင်ဖို့နဲ့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်နိုင်ဖို့ သမီးကို ကျေးဇူးပြုပြီး လမ်းပြပေးပါ” လို့ပေါ့။

ကုတင်ပေါ် မှီရင်းနဲ့ ကွန်ပျူတာဖွင့်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ကြည့်လိုက်တယ်။ “လူတိုင်း၏ စိတ်တွင် ၎င်းတို့စဉ်းစားနိုင်သည့် တစ်ခုတည်းသောအရာမှာ ယေဟောဝါက လူတို့အားချပေးသည့် အားလုံးသော ကျေးဇူးတော်၊ ကောင်းချီးနှင့် ကတိတော်များသာ ဖြစ်သော်လည်း ယေဟောဝါက ၎င်းတို့ထံမှ ဤအရာများအားလုံးကို နုတ်သိမ်းသောအခါတွင် မည်သို့သောမြင်ကွင်းမျိုး ဖြစ်ပေါ်လိမ့်မည်ကို ၎င်းတို့ လုံးဝ မစဉ်းစားပေ၊ သို့မဟုတ် မြင်ယောင်မကြည့်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်လာသောသူတိုင်းသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီး၊ ကတိတော်များကိုသာ လက်ခံရန် အဆင်သင့်ဖြစ်နေကြပြီး ဘုရားသခင်၏ ကြင်နာခြင်းနှင့် သနားကရုဏာကိုသာ လက်ခံလိုစိတ်ရှိသည်။ သို့တိုင်အောင် မည်သူကမျှ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု၊ စမ်းသပ်မှုနှင့် စစ်ဆေးမှု၊ သို့မဟုတ် ပိတ်ပင်မှုတို့ကို လက်ခံရန် စောင့်ဆိုင်းခြင်း၊ သို့မဟုတ် ပြင်ဆင်ခြင်းမရှိပေ။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပိတ်ပင်ခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်းများကို လက်ခံရန် တစ်ဦးတစ်ယောက်မျှ ပြင်ဆင်မှုများ မပြုလုပ်ပေ။ လူတို့နှင့် ဘုရားသခင်ကြားရှိ ဤဆက်ဆံရေးမှာ သာမန်ဟုတ်သလော၊ မဟုတ်သလော။ (သာမန်မဟုတ်ပါ။) သာမန်မဟုတ်ဟု အဘယ်ကြောင့်ဆိုသနည်း။ မည်သည့်နေရာတွင် ချို့ယွင်းသနည်း။ လူတို့အနေဖြင့် သမ္မာတရားကို နားမလည်ခြင်းတွင် ချို့ယွင်းမှုရှိသည်။ ဤသည်မှာ လူတို့၌ အယူအဆများနှင့် စိတ်ကူး များစွာရှိသောကြောင့်လည်းကောင်း၊ ဘုရားသခင်အား စဉ်ဆက်မပြတ် နားလည်မှုလွဲသောကြောင့်လည်းကောင်း၊ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဤအရာများကို မပြုပြင်သောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအတွက်ကြောင့် ပြဿနာများပေါ်ပေါက်ရန် အလားအလာများသည်။ အထူးသဖြင့် လူတို့သည် ကောင်းချီးခံရရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူသာ လုပ်ဆောင်လိုကြပြီး ဘုရားသခင်ထံမှ အရာဝတ္ထုများ တောင်းဆိုလိုကြသည်။ သို့သော် သမ္မာတရားကို မလိုက်စားလိုကြပေ။ ဤသည်မှာ အလွန်အန္တရာယ်ရှိသည်။ ၎င်းတို့၏ အယူအဆနှင့် ကွဲလွဲသည့်အရာတစ်ခုကို ကြုံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ချက်ချင်းပင် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ နာကြည်းမှုများ၊ နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်ကြသည်။ ပြီးလျှင် ဘုရားသခင်အား သစ္စာဖောက်သည်အထိပင် လုပ်ဆောင်နိုင်ကြသည်။ ဤအရာတို့၏ အကျိုးဆက်မှာ ဆိုးရွားသလော။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီး သမ္မာတရား အတော်များများကို နားလည်လာသည်ဟု ခံစားရနိုင်သော်လည်း အမှန်မှာ သင်တို့သည် ဗိုက်ဝစေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သည့်လမ်းကြောင်းကို လျှောက်နေဆဲဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁))ယောဘသည် စစ်မှန်သော ယုံကြည်ခြင်းရှိသူတစ်ယောက် ဖြစ်ခဲ့၏။ ဘုရားသခင်က သူ့အား ကောင်းချီးပေးသောအခါ၊ သူသည် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့၏။ ဘုရားသခင်က သူ့အား ဆုံးမပဲ့ပြင်ပြီး ခံစားခွင့်ပိတ်ပင်ထားသောအခါတွင်လည်း၊ သူက ဘုရားသခင်ကို ကျေးဇူးတင်ခဲ့သည်။ သူ၏အတွေ့အကြုံ အဆုံးသတ်ချိန်၌ သူသည် အိုမင်းမစွမ်းဖြစ်ပြီး ဘုရားသခင်က သူ့တွင် ရှိသမျှအရာအားလုံးကို သိမ်းယူသောအခါ၊ ယောဘသည် မည်သို့ တုံ့ပြန်ခဲ့သနည်း။ သူသည် မကျေမနပ်ပြောဆိုခြင်း မရှိခဲ့ရုံသာမက၊ ဘုရားသခင်ကို ချီးမွမ်းကာ၊ ကိုယ်တော့်အတွက် သက်သေခံခဲ့လေသည်။...‘လူများအတွက် ဘုရားသခင် ပြုလုပ်သော အရာအားလုံးသည် အကျိုးရှိပြီး၊ သူ၏ စေတနာသည်လည်း အတူပါရှိသည်’ ဟု လူအများက မကြာခဏ ပြောဆိုကြသည်။ ဤသည်မှာ အမှန်ပင်လော။ (အမှန်ပင်ဖြစ်ပါသည်။) သို့သော် သင်သည် ယင်းကို လက်ခံနိုင်သလော။ ဘုရားသခင်က သင့်အား ကောင်းချီးပေးသည့်အခါ၊ သင်သည် ယင်းကို လက်ခံနိုင်သည်။ သို့သော် ဘုရားသခင်က သိမ်းယူသည့်အခါတွင်၊ သင်သည် ယင်းကို လက်ခံနိုင်သလော။ သင် လက်မခံနိုင်သော်လည်း ယောဘက လက်ခံနိုင်ခဲ့၏။ သူသည် ဤပြောဆိုချက်ကို သမ္မာတရားအဖြစ် မှတ်ယူခဲ့လေသည်။ သူသည် သမ္မာတရားကို မချစ်ခဲ့သလော။ ဘုရားသခင်သည် သူ့အား အလွန်ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေလျက်၊ သူ့ထံတွင် ရှိသမျှ အရာအားလုံးကို သိမ်းယူသောအချိန်နှင့် ယောဘသည် အလွန်ပြင်းထန်သော အနာရောဂါကို ခံစားရသည့် အချိန်တွင်၊ ‘ဘုရားသခင် ပြုလုပ်သော အရာအားလုံးမှာ မှန်ကန်ပြီး၊ ဘုရားသခင်၏ စေတနာက အတူပါရှိသည်’ ဟူသော ဤပြောဆိုချက်တစ်ခုကြောင့်လည်းကောင်း။ ဤအရာသည် သမ္မာတရား ဖြစ်သည်ဟု သူ၏ စိတ်နှလုံးတွင် နားလည်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ မည်မျှ ကြီးမားစွာ ဆင်းရဲဒုက္ခ ကြုံရသည်ဖြစ်စေ၊ ဤ ပြောဆိုချက်မှာ မှန်ကန်သည်ဟူ၍ သူက အခိုင်အမာ ပြောနိုင်ဆဲဖြစ်သည်။ ယင်းကြောင့် ယောဘသည် သမ္မာတရားကို ချစ်ခဲ့သည်ဟု ငါတို့ ဆိုခြင်း ဖြစ်၏။ ထို့အပြင် ဘုရားသခင်က သူ့အား စမ်းသပ်ရန် မည်သည့် နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ၊ ယောဘက လက်ခံခဲ့သည်။ ပစ္စည်းဥစ္စာများကို သိမ်းယူခြင်းဖြစ်စေ၊ သူခိုးဓားပြတို့အား လုယူစေခြင်းဖြစ်စေ၊ ယောဘကို အနာများဖြင့် နှိပ်စက်ခြင်းပင်ဖြစ်စေ၊ ဤအမှုအရာများအားလုံးသည် လူသား အယူအဆများနှင့် ဆန့်ကျင်နေပေသည်။ သို့သော် ယောဘသည် ဤအရာများကို မည်သို့ သဘောထားခဲ့သနည်း။ သူသည် ဘုရားသခင်ကို မကျေမနပ် ပြောဆိုခဲ့သလော။ သူသည် ဘုရားသခင်အပေါ် အပြစ်တင်ခြင်းစကား တစ်ခွန်းကိုမျှ မပြောခဲ့ချေ။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း၊ တရားမျှတမှုကို ချစ်ခြင်းနှင့် ဖြောင့်မတ်မှုကို ချစ်ခြင်း ဖြစ်သည်။ သူ၏စိတ်နှလုံးတွင် သူက ‘ဘုရားသခင်သည် ကျွန်ုပ်တို့လူများအပေါ် အလွန်တရားမျှတပြီး အလွန် ဖြောင့်မတ်ပေစွတကား။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်ပေ၏’ ဟု ဆိုခဲ့သည်။ ထိုသို့ဖြင့် ‘ဘုရားသခင်က မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ၊ ကျွန်ုပ်သည် မကျေမနပ် ပြောဆိုမည်မဟုတ်။ ဘုရားသခင်၏ အမြင်၌ ဖန်ဆင်းခံများသည် လောက်ကောင်များသာ ဖြစ်ကြသည်။ ဘုရားသခင်က ၎င်းတို့အပေါ် မည်သို့ ပြုမူသည်ဖြစ်စေ၊ ကိစ္စမရှိ၊ လျော်ကန်ပေသည်’ဟု ဆိုကာ၊ သူသည် ဘုရားသခင်ကို ချီးမွမ်းနိုင်ခဲ့၏။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာအားလုံးမှာ မှန်ကန်သည်၊ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်ဟု သူ ယုံကြည်ခဲ့သည်။ ပြင်းထန်သော နာကျင်မှုနှင့် မသက်မသာဖြစ်ရသော်လည်း သူ မညည်းညူခဲ့ပေ။ ဤသည်မှာ အားလုံး လေးစားကြရမည့်၊ သမ္မာတရားကို အစစ်အမှန် ချစ်ခြင်းပင် ဖြစ်သည်။ ယင်းကို လက်တွေ့ကျစွာ ထင်ထင်ရှားရှား ပြခဲ့ပေသည်။ သူ့အနေဖြင့် မည်မျှ ဆုံးရှုံးခဲ့သည်ဖြစ်စေ၊ သူ၏ အခြေအနေများမှာ မည်မျှ ခက်ခဲသည်ဖြစ်စေ၊ ယောဘသည် ဘုရားသခင်ကို မကျေမနပ် မပြောဆိုခဲ့ချေ။ သူသည် ကျိုးနွံနာခံခဲ့၏။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသည် သမ္မာတရားကို လိုက်စားခြင်း၌ မရှိမဖြစ်လိုအပ်၏) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆလိုက်တဲ့အခါ ကျွန်မ ရှက်စိတ် ဖုံးလွှမ်းသွားတယ်။ ကျွန်မရဲ့ ရှုထောင့်အမြင်မှာ၊ ဘုရားသခင်ကို ယုံကြည်တယ် ဆိုတာ သူ့ဆီက ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရဖို့ သက်သက်ပဲ။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ရင်ဆိုင်ဖို့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ကြိုတင် ပြင်ဆင်ထားဖို့ မပြောနဲ့၊ တစ်နေ့ကျရင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ ဒါမှမဟုတ် စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေ ကျွန်မဆီ ကျရောက်လာမယ်လို့ လုံးဝ စိတ်မကူးခဲ့ဖူးဘူး၊ ယောဘရဲ့ အတွေ့အကြုံတွေကို ကျွန်မ အလွတ်ရနေပြီး သူ့ရဲ့ သက်သေခံချက်မှာ သူ ခိုင်ခိုင်မာမာ ရပ်တည်တုန်းက ပြောခဲ့တဲ့ ပဓာနကျတဲ့ စကားတွေကို အလွတ်ရွတ်နိုင်ပေမဲ့၊ ကျွန်မ နားလည်ခဲ့သမျှက အယူဝါဒပါပဲ။ ယောဘက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လို့ ဘုရားသခင်ရဲ့ စမ်းသပ်မှုတွေကို ကြုံတွေ့ခဲ့ရတာပါ။ သူ ပိုင်ဆိုင်သမျှတွေနဲ့ သားသမီးတွေကို ဆုံးရှုံးခဲ့ရပြီး တစ်ကိုယ်လုံးလည်း အနာစိမ်းတွေ ပေါက်ခဲ့တယ်။ သူ့မိန်းမရဲ့ လှောင်ပြောင်တာနဲ့ သူ့မိတ်ဆွေတွေရဲ့ ကဲ့ရဲ့တာကို ခံခဲ့ရပေမဲ့ သူက သူ့ရဲ့ သမာဓိကို မြဲမြဲမြံမြံ စွဲကိုင်ထားခဲ့တုန်းပဲ။ ပြင်းပြင်းထန်ထန် ဒုက္ခခံစားရတုန်းမှာ၊ ဘုရားသခင်ကို ညည်းညူတာ၊ ဘုရားနာမတော်ကို စွန့်ပယ်တာတွေထက် သူ့မွေးနေ့ကိုပဲ ကျိန်ဆဲခဲ့တယ်။ “ဘုရားသခင် ပြုလုပ်သော အရာအားလုံးမှာ မှန်ကန်ပြီး၊ ဘုရားသခင်၏ စေတနာက အတူပါရှိသည်” ဆိုတာကို လက်တွေ့လုပ်ဆောင်ရမဲ့ အမြင့်မားဆုံး သမ္မာတရား အဖြစ် သူ သတ်မှတ်ခဲ့တယ်။ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ဘုရားသခင်ဆီက လာသရွေ့ သူ လက်ခံပြီး ကျိုးနွံနာခံနိုင်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်း၊ ကြောက်ရွံ့ခြင်းတွေနဲ့ သူဟာ စာတန်ကို အနိုင်ယူပြီး ဘုရားသခင်အတွက် ထူးကဲတဲ့ သက်သေခံချက်ကို သက်သေခံနိုင်ခဲ့တယ်။ အယူဝါဒအရတော့ ဘုရားသခင် ပြုသမျှ အရာတိုင်းဟာ မှန်ကန်ပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ပါရှိတယ် ဆိုတာ ကျွန်မ သိခဲ့ပေမဲ့၊ နာတာရှည်ရောဂါကြောင့် သေလုနီးပါး ဖြစ်လာတဲ့အချိန်ကျတော့မှ ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုက လုံးဝ ထုတ်ဖော်ခံလိုက်ရတော့တာပဲ။ ကျွန်မရဲ့ ကောင်းမှုတွေကို စပြီး ရေတွက်တယ်၊ ဘာလို့ ဘုရားသခင်က ကျွန်မကို မကာကွယ်ပေးတာလဲ ဆိုပြီး ညည်းညူတယ်၊ ပြီးတော့ ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ကျွန်မ စွန့်လွှတ်၊ အသုံးခံခဲ့တာတွေ အားလုံးကိုတောင် နောင်တရမိတယ်။ ဘုရားသခင် ကောင်းချီးပေးတုန်းကတော့ သူ့ကို ကျေးဇူးတင်စိတ်နဲ့ ပြည့်ခဲ့ပေမဲ့ ဘုရားသခင် လုပ်တာက ကျွန်မ အယူအဆနဲ့ မကိုက်ညီတဲ့အခါကျတော့ ကျွန်မ သူ့ကို ငြင်းခုံပြီး အတိုက်အခံ လုပ်တယ်။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ် ကင်းမဲ့ခဲ့တာပါ။ ကျွန်မ လူ့သဘာဝ တော်တော် ကင်းမဲ့ခဲ့တာပဲ။ အဲဒီနောက် ကျွန်မ မြေကြီးပေါ် ဝပ်စင်းပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော်က ဖန်ဆင်းရှင် ဖြစ်ပြီး သမီးက ဖန်ဆင်းခံ ဖြစ်ပါတယ်။ ကိုယ်တော် ဘာပဲလုပ်လုပ်၊ သမီးအနေနဲ့ ကိုယ်တော့်အပေါ် ဘာမကျေနပ်ချက်မှ မရှိသင့်ဘူး၊ ဘာတောင်းဆိုမှုမှ မရှိသင့်ပါဘူး။ ဘုရားသခင်၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ သမီး လိုလားပါတယ်” လို့ပေါ့။

နောက်ရက်နည်းနည်းမှာ ကျွန်မ ကိုယ့်ကိစ္စတွေကို စပြီး စီစဉ်တယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို သိမ်းဆည်းပြီး ဘယ်နားမှာ ထားတယ် ဆိုတာ ညီအစ်မတစ်ယောက်ကို ပြောပြတယ်။ သေခြင်းတရားကို ဘယ်လို မှန်မှန်ကန်ကန် ရင်ဆိုင်ရမလဲ ဆိုတာကိုလည်း ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ တွေ့လိုက်တယ်။ “ဤသည်မှာ သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်ကို သင် မှတ်ယူသင့်သည့်ပုံဖြစ်သည်။ လူတိုင်း ဤဘဝတွင် သေခြင်းကို ရင်ဆိုင်ရမည်၊ ဆိုလိုသည်မှာ သေခြင်းသည် မိမိတို့၏ ခရီးအဆုံး၌ လူတိုင်း ရင်ဆိုင်ရမည့်အရာ ဖြစ်သည်။ သို့ရာတွင် သေခြင်းနှင့်ဆိုင်သည့် မတူကွဲပြားသော အင်္ဂါရပ်များစွာ ရှိ၏။ ဤအရာများထဲမှ တစ်ခုမှာ ဘုရားသခင် ကြိုတင်စီမံထားသည့် အချိန်တွင် သင်သည် သင်၏ တာဝန်ကို ပြီးစီးပြီးဖြစ်ကာ ဘုရားသခင်သည် သင်၏ ဇာတိခန္ဓာ အသက်ကို နိဂုံးချုပ်လိုက်ပြီး သင်၏ ဇာတိခန္ဓာအသက်က အဆုံးသတ်တစ်ခုသို့ ရောက်လာလင့်ကစား ဤသည်မှာ သင်၏ အသက် အဆုံးသတ်သွားခြင်းဖြစ်သည်ဟု မဆိုလိုပေ။ လူတစ်ဦးသည် ဇာတိခန္ဓာမရှိသည့်အခါ ၎င်းတို့၏ အသက်အဆုံးတိုင်သွားပေသည်။ ထိုသို့ဖြစ်သလော။ (မဟုတ်ပါ။) သေပြီးနောက်တွင် သင်၏ အသက် တည်ရှိသည့် ပုံသဏ္ဌာန်သည် သင် အသက်ရှင်နေခဲ့စဉ် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို သင် သဘောထားခဲ့ပုံအပေါ် မူတည်ပေသည်။ ဤသည်မှာ အလွန် အရေးကြီး၏။ သေပြီးနောက် သင် တည်ရှိသည့် ပုံသဏ္ဌာန်၊ သို့မဟုတ် သင် တည်ရှိမည်၊ မတည်ရှိမည်ဆိုသည်မှာ သင်အသက်ရှင်နေစဉ် ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားအပေါ် မူတည်လိမ့်မည်။ သင် အသက်ရှင်နေစဉ် သေခြင်းနှင့် နာမကျန်းမှုမျိုးစုံကို သင် ရင်ဆိုင်ရသည့်အခါ သမ္မာတရားအပေါ် သင်၏ သဘောထားမှာ ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း သဘောထားတစ်ခု ဖြစ်ပါက သင်၏ ဇာတိခန္ဓာအသက် အဆုံးတိုင်သွားမည့် အချိန်ရောက်လာသည့်အခါ သေဆုံးပြီးနောက် မည်သည့် နည်းလမ်းဖြင့် သင် တည်ရှိလိမ့်မည်နည်း။ သင်သည် အခြား တစ်နည်းနည်းဖြင့် မုချ တည်ရှိလိမ့်မည်ဖြစ်ပြီး သင်၏ အသက်သည် မုချ ဆက်ရှိလိမ့်မည် မဟုတ်။ အပြန်အလှန်အားဖြင့် သင် အသက်ရှင်နေစဉ် ဇာတိခန္ဓာတွင် အသိရှိနေချိန် သမ္မာတရားနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတစ်ခုဖြစ်ကာ သင်သည် စစ်မှန်သည့် ယုံကြည်ခြင်းရှိပါက သင်၏ ဇာတိခန္ဓာ အသက် အဆုံးသတ်တစ်ခုသို့ ရောက်လာလျှင်ပင် သင်၏ အသက်သည် အခြားသောလောကတွင် မတူကွဲပြားသည့် ပုံသဏ္ဌာန်တစ်ခုဖြင့် ဆက်လက် တည်ရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သေခြင်းနှင့်ဆိုင်သည့် ရှင်းပြချက်တစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းတည်ငြိမ်သွားတယ်။ လူတိုင်း သေခြင်းတရားကို ရင်ဆိုင်ရမှာပဲ၊ ဒါပေမဲ့ လူတစ်ယောက်စီရဲ့ သေဆုံးခြင်း သဘောသဘာဝနဲ့ သေပြီးတဲ့နောက် အဆုံးသတ်ကတော့ အရမ်း ကွာခြားတယ်။ ဖန်ဆင်းရှင် ရှေ့မှောက် ပြန်ရောက်မှာလား၊ ဒါမှမဟုတ် စာတန်နဲ့အတူ ငရဲကျမှာလား ဆိုတာက အသက်ရှင်စဉ်မှာ ဘုရားသခင်နဲ့ သမ္မာတရားအပေါ် ထားရှိတဲ့ သဘောထားအပေါ် မူတည်တယ်။ ကျမ်းစာမှာ ဒီလိုပြောတဲ့ ကျမ်းချက်တစ်ခုကို ကျွန်မ သတိရမိတယ်။ “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘဝတ္ထု ၄၂:၁၇) ယောဘဟာ တသက်လုံး ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့တယ်။ စာတန်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ညှဉ်းပန်းမှုတွေ ကြားမှာ သူဟာ ဘုရားသခင်အတွက် သူ့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပြီး အဲဒါက ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်မှု ပေးခဲ့တယ်။ သေခြင်းတရားကို ရင်ဆိုင်ရာမှာ ယောဘက စိတ်နှလုံးထဲကနေ ကျိုးနွံနာခံနိုင်ခဲ့တယ်။ သူ့ရဲ့ စိတ်က ဘာစိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုမှမရှိဘဲ တည်ငြိမ်အေးချမ်းနေခဲ့တယ်။ အဲဒီအချိန်မှာ သေခြင်းတရားသက်သက်က ကြောက်စရာကောင်းတဲ့အရာ မဟုတ်မှန်း ကျွန်မ နားလည်သွားတယ်။ သမ္မာတရားကို မလိုက်စားဘဲ၊ မရရှိဘဲ ကိုယ့်ဘဝကို အသက်ရှင်တာ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပြင် စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်နေသေးတာ၊ ပြီးတော့ ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံ လုပ်နေသေးတာကမှ ကြောက်စရာကောင်းတာပါ။ ဒီလို ရုပ်ပိုင်းဆိုင်ရာ ဘဝက ဘယ်လောက်ပဲ ခံပါစေ၊ ဘယ်လောက်ပဲ သက်သောင့်သက်သာ ရှိပါစေ၊ ယာယီပဲဖြစ်ပြီး သေပြီးရင်တော့ အပြစ်ဒဏ်ခံရဖို့ ငရဲကို သွားရမှာပဲလေ။ ဒါပေမဲ့ အသက်ရှင်တုန်းမှာ လူတစ်ယောက်က သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို အသက်အနေနဲ့ ရရှိနိုင်ရင်၊ ယောဘလိုမျိုး ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံတဲ့ လက်တွေ့ကျမှုနဲ့ အသက်ရှင်နေထိုင်ပြီး စာတန်ကို အရှက်ရစေဖို့ ကိုယ့်ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရင်၊ တစ်နေ့ ရုပ်ခန္ဓာ သေဆုံးသွားရင်တောင် ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာခံရတဲ့သူ ဖြစ်နေဦးမှာပဲ။ သေခြင်းတရားကို ရင်ဆိုင်ရာမှာ ကျွန်မ ထုတ်ဖော်ခဲ့မိတာတွေ အားလုံးက ဘုရားသခင်အပေါ် အထင်လွဲတာတွေ၊ ညည်းညူတာတွေနဲ့ ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေချည်းပဲ။ ကိုယ်တော့်အပေါ် ပုန်ကန်မှုတွေ၊ အတိုက်အခံ လုပ်တာတွေနဲ့ ပြည့်နှက်နေခဲ့တာ။ ကျွန်မ ဆက်အသက်ရှင်နေရင်တောင်မှ၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား မပြောင်းလဲရင် နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရပြီး အပြစ်ဒဏ်ပေးခံရဦးမှာပဲ။

နောက်ပိုင်းမှာ ကျွန်မ စပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ သုံးနှစ်နီးပါး ရောဂါဝေဒနာ ခံစားခဲ့ရပြီးနောက် ကျွန်မဟာ ဘုရားသခင်အပေါ် ပုန်ကန်မှုတွေနဲ့ အထင်လွဲမှုတွေ အများကြီး ထုတ်ဖော်ခဲ့တယ်။ ကိုယ်တော် လုပ်သမျှ မှန်ကန်ပြီး ကျွန်မ ကျိုးနွံနာခံသင့်တယ်ဆိုတာ သိပေမဲ့၊ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ကျိုးနွံနာခံလို့ကို မရနိုင်ခဲ့သေးဘူး။ ဘုရားသခင်ကို ငြင်းခုံပြီးတော့တောင် ဆန့်ကျင်နိုင်သေးတယ်။ ဖောက်ပြန်ပျက်စီးတဲ့ ကျွန်မ စိတ်သဘောထားရဲ့ ဘယ်သွင်ပြင်လက္ခဏာက ဒါကို ဖြစ်စေခဲ့တာလဲ။ တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့လိုက်တယ်။ “အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မဆုံးဖြတ်မီတွင် မိမိတို့၏ အလားအလာများ၊ ကောင်းချီးများ ရရှိခြင်း၊ ပန်းတိုင်ကောင်းတစ်ခုအပြင် သရဖူတစ်ခုတို့အပေါ် မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြည့်လျှံလျက် ရှိကြသည်။ ပြီးလျှင် ဤအရာများကို ကြိုးပမ်းရရှိရာတွင် ၎င်းတို့၌ အဆုံးစွန်သော ယုံကြည်ချက်ရှိကြ၏။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ထိုသို့သော ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒတို့ဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာကြသည်။ သို့ဖြစ်၍ တာဝန်ကို ၎င်းတို့၏ ထမ်းဆောင်မှုသည် ဘုရားသခင် တောင်းဆိုသော ရိုးသားစစ်မှန်ခြင်း၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ ပါဝင်သလော။ လူတိုင်းသည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်မီတွင် လုံးလုံးလျားလျား အပေးအယူလုပ်ခြင်း စိတ်ဓာတ်တစ်ခု ထားသိုသောကြောင့် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် ရိုးသားစစ်မှန်ခြင်းတို့ကို ယခုအခြေအနေတွင် မမြင်နိုင်သေးချေ။ လူတိုင်းက အကျိုးစီးပွားများဖြင့် တွန်းအားပေးခံရသည့်အပြင် မိမိတို့၏ ပြည့်လျှံသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကြိုတင်သတ်မှတ်ခြင်းကို အခြေပြု၍လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရား ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားစစ်မှန်မှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားစစ်မှန်မှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။ သို့ဖြစ်၍ အပြင်ပန်းတွင် အန္တိခရစ်များစွာတို့သည် နှင်ထုတ်ခြင်းမခံရမီတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကာ သာမန်လူတစ်ဦးထက်ပင် သာ၍ စွန့်လွှတ်ပြီး သာ၍ ဒုက္ခခံစားသည်ဟု ထင်ရသည်။ ၎င်းတို့ အသုံးခံသည့်အရာနှင့် ၎င်းတို့ အဖိုးအခပေးသည့်အရာတို့သည် ပေါလုနှင့်တူညီပြီး ၎င်းတို့ ပြေးလွှားလှုပ်ရှားကြသည်မှာလည်း ပေါလုထက် မနည်းခဲ့ပေ။ ဤသည်မှာ လူတိုင်းမြင်နိုင်သည့်အရာဖြစ်သည်။ ဒုက္ခခံစားပြီး အဖိုးအခပေးရန် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့၏ သန္နိဋ္ဌာန် အရ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခြင်း မဖြစ်အပ်ချေ။ သို့ရာတွင် ဘုရားသခင်သည် လူတစ်ဦးအပေါ် သူ၏ အပြင်ပန်းအပြုအမူအရ ကြည့်ခြင်းမဟုတ်ဘဲ သူ၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထား၊ သူထုတ်ဖော်သည့်အရာနှင့် သူလုပ်ဆောင်သမျှ၏ သဘာဝနှင့် အနှစ်သာရတို့အရ ကြည့်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေဟာ ကောင်းချီးနဲ့ ဆုလာဘ်ရဖို့အတွက်ပဲ တာဝန်ထမ်းဆောင်တယ် ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကောင်းမွန်တဲ့ အဆုံးသတ်၊ ဆုလာဘ်တွေ၊ ကောင်းချီးတွေ မရှိရင် အန္တိခရစ်က သူ့တာဝန်အတွက် ဆင်းရဲဒုက္ခခံဖို့ မပြောနဲ့၊ ဘုရားသခင်ကို ယုံကြည်နိုင်မှာ မဟုတ်ဘူး၊ အန္တိခရစ် လုပ်သမျှ အရာအားလုံးက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတာ ဖြစ်ပြီး၊ ကြီးမားတဲ့ ကောင်းချီးတွေအတွက် အဖိုးအခ သေးသေးလေးကို အလဲအလှယ်လုပ်ဖို့ ထင်ယောင်ထင်မှား မျှော်လင့်နေတာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ ဘုရားသခင်ကို စယုံကြည်ပြီး သူ့ရဲ့ ကတိတော်တွေ၊ ကောင်းချီးတွေနဲ့ လူတွေ ကောင်းကင်နိုင်ငံတော် ဝင်ရောက်ပြီး ထာဝရအသက် ရနိုင်တယ်ဆိုတာတွေကို သိရပြီးတဲ့နောက်မှာ ဧဝံဂေလိ ဟောပြောပြီး တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကျွန်မ တက်တက်ကြွကြွရှိလာခဲ့တယ်။ ကျွန်မ မိသားစုက ဘယ်လိုပဲ တားဆီးဖို့ ကြိုးစားပါစေ၊ ကျွန်မအနီးအနားမှာရှိတဲ့ သူတွေက ဘယ်လိုပဲ လှောင်ပြောင်၊ စော်ကားပါစေ၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်တာ ခံရတဲ့အချိန်မှာတောင်မှ ကျွန်မ နောက်မဆုတ်ခဲ့ဘူး။ ရောဂါဝေဒနာ ခံစားရပြီး မစားနိုင် မအိပ်နိုင် ဖြစ်နေချိန်မှာတောင် ကျွန်မ တာဝန်ကို မလျှော့တမ်း ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ ရောဂါ ပိုဆိုးလာပြီး သေခြင်းတရားရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတဲ့အခါကျတော့ ဘာလို့ ဘုရားသခင်က ကျွန်မကို မကာကွယ်ပေးတာလဲ ဆိုပြီး ညည်းညူခဲ့တယ်၊ ဒီနှစ်တွေတလျှောက် စွန့်လွှတ်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တွေကိုတောင် နောင်တရပြီး ယုံကြည်မှုကို နောင်တရခဲ့တယ်။ ကျွန်မ ထုတ်ဖော်ခဲ့တာတွေက ဘုရားသခင်အပေါ် ပုန်ကန်မှုနဲ့ သစ္စာဖောက်မှု သက်သက်ပါပဲ။ ပေါလုအကြောင်း ကျွန်မ တွေးမိတယ်။ သူက ဧဝံဂေလိဟောရင်းနဲ့ ဥရောပအနှံ့ ခရီးထွက်ခဲ့ပြီး ဆင်းရဲဒုက္ခ အများကြီး ခံခဲ့ရသလို အဖိုးအခကြီးတစ်ခု ပေးခဲ့ပေမဲ့ သူ့ရဲ့ ဆင်းရဲဒုက္ခနဲ့ သူ ပေးခဲ့တဲ့ အဖိုးအခတွေက ကောင်းချီးတွေနဲ့ သရဖူတစ်ခု ရဖို့သက်သက်ဖြစ်ခဲ့တယ်။ သူ ပြောခဲ့တယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုက သူ့ရဲ့ ဆင်းရဲဒုက္ခနဲ့ သူပေးခဲ့တဲ့ အဖိုးအခတွေကို ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ အရင်းအနှီး အဖြစ် သုံးခဲ့ပြီး ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း အော်ဟစ်တောင်းဆိုခဲ့တယ်။ သူ ဆိုလိုတာက သူ အသုံးခံပြီး စွမ်းဆောင်ရရှိခဲ့တဲ့အရာအပေါ် မူတည်ပြီး ဘုရားသခင်က သူ့ကို သရဖူနဲ့ ကောင်းမွန်တဲ့ ပန်းတိုင်နဲ့ ဆုလာဘ်တွေ ပေးမှရမယ်၊ မဟုတ်ရင် ဘုရားသခင်က မဖြောင့်မတ်ဘူး ဆိုတဲ့ သဘောပဲ။ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားက ပေါလုရဲ့ စိတ်သဘောထားနဲ့ အတူတူပါပဲ။ ကျွန်မ လုပ်ရပ်တွေအရ ကျွန်မ ပျက်စီးဆုံးရှုံးထိုက်ပေမဲ့ ဘုရားသခင်က အသက်ရှင်ခွင့် ပေးနေတုန်းပဲ။ ဒါက ကျွန်မ နောင်တရဖို့ အခွင့်အရေး တစ်ခုပါပဲ၊ ဘုရားသခင်ရဲ့ ကြီးမားတဲ့ သနားကရုဏာနဲ့ ကျေးဇူးတော် လုပ်ဆောင်ချက်တစ်ခုပါပဲ။

ညှဉ်းပန်းနှိပ်စက်မှု၊ ဆင်းရဲဒုက္ခ၊ ဒါမှမဟုတ် အသက်အန္တရာယ်ရှိတဲ့ ရောဂါပဲ ကြုံရပါစေ၊ ကျွန်မရဲ့တာဝန်ကို ကျွန်မ ထိန်းသိမ်းနိုင်သရွေ့၊ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကွယ်ကာမှုကို ရရှိမှာဖြစ်ပြီး အသက်ရှင် ကျန်ရစ်နိုင်မယ်၊ ကယ်တင်ခြင်း ခံရနိုင်မယ်လို့ ကျွန်မ ယုံကြည်ခဲ့ဖူးတယ်။ ဒီရှုထောင့်က လုံးဝ ယုတ္တိမရှိဘူး ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “နောက်ဆုံးတွင် လူတို့ အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို လုပ်ဆောင်သည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ ကျိုးနွံနာခံနိုင်ခြင်းရှိမရှိ၊ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုခံပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲ စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက် ကျွန်မ နောက်ဆုံးတော့ နားလည်သွားတယ်။ ကယ်တင်ခြင်း ခံရဖို့ ဆိုတာ အပြင်ပန်း တာဝန်ထမ်းဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှုကိုပဲ ထိန်းသိမ်းရမှာ မဟုတ်ဘူး။ အရေးကြီးတာက စိတ်သဘောထား ပြောင်းလဲမှု ရရှိဖို့ တာဝန်ထဲမှာ သမ္မာတရားကို လိုက်စားပြီး ရရှိဖို့နဲ့ ဘုရားသခင် စီစဉ်ပေးထားတဲ့ ပတ်ဝန်းကျင် အမျိုးမျိုးမှာ သင်ခန်းစာတွေ ယူဖို့၊ ပြီးတော့ ယောဘလိုမျိုး ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေအတိုင်း ပြုသမျှကို ခံဖို့ပဲ ဖြစ်တယ်။ ဒါမှသာ ကယ်တင်ခြင်း ခံရဖို့နဲ့ အသက်ရှင် ကျန်ရစ်ဖို့ အရည်အချင်း ပြည့်မီနိုင်မှာလေ။ ကျွန်မရဲ့ ဆုံတောင်းချက်မှာ ဆုံးဖြတ်ချက်တစ်ခု ကျွန်မ ချလိုက်တယ်။ ကျွန်မရဲ့ အဆုံးသတ်က ဘာပဲဖြစ်ပါစေ၊ ဆင်ခြင်တုံတရားရှိတဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်ဖို့ ကျွန်မ လိုလားနေခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဆက်အသက်ရှင်ခွင့်ပေးသေးရင် ကျွန်မ အသစ်ပြန်စဖို့၊ ကောင်းချီးရလိုတဲ့ ရည်ရွယ်ချက်ကို လက်လွှတ်ပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတာကို ရပ်တန့်ဖို့ လိုလားခဲ့တယ်။ သမ္မာတရား ရရှိဖို့နဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့အတွက် ကျွန်မ တာဝန်ထမ်းဆောင်ပါမယ်။ ဒီအချိန်မှာ ကျွန်မ အသက် ဆုံးမယ်လို့ ဘုရားသခင်က ပြဋ္ဌာန်းထားရင်လည်း သူ့ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားနေခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်မ အခြေအနေက အများကြီး တိုးတက်လာတယ်။ ကျွန်မရဲ့ ရောဂါက မသက်သာသေးသလို အချိန်တော်တော်များများမှာ တစ်ကိုယ်လုံး နာကျင်နေပြီး တခါတလေ စိတ်သိပ်မကြည်လင်တာမျိုးတောင် ဖြစ်ပေမဲ့၊ ကျွန်မရဲ့ စိတ်နှလုံးကတော့ အေးချမ်းနေခဲ့တယ်။ ကျွန်မရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားသခင်လက်ထဲ အပ်နှံဖို့ လိုလားရင်းနဲ့ ဘုရားသခင်ဆီ ကျွန်မ အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ သူ ဘာကိုပဲ စီစဉ်ညွှန်ကြားပါစေ ကျွန်မ ကျိုးနွံနာခံမယ်။

အဲဒီနောက်ပိုင်း ကျွန်မ ကျန်းမာရေး အခြေအနေက ပိုဆိုးလာတယ်။ ရေတစ်ငုံ သောက်ရင်တောင် ပျို့ပြီး ပြန်အန်တယ်။ လမ်းလျှောက်ဖို့တောင် အားမရှိတော့ဘူး။ ကျွန်မ ပြက်ပြက်ထင်ထင် အမှတ်မိဆုံးက စက်တင်ဘာ ၁၈ ရက်ညပဲ။ ကျွန်မ တစ်ညလုံး လူးလှိမ့်နေပြီး အိပ်မပျော်နိုင်ခဲ့ဘူး။ မိုးလင်းခါနီးကျတော့ ကိုယ်ပူလာပြီး တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲကနေ တိတ်တိတ်လေး ဆုတောင်းမိတယ်။ “အို ဘုရားသခင်၊ သမီး ခံတော့မယ် မထင်ဘူး။ သမီး ချန်မထားရက်ခဲ့တာတွေ အများကြီးဆိုပေမဲ့ သမီးက ဖန်ဆင်းခံ တစ်ယောက်ပါ။ အသက်ရှင်တာပဲ ဖြစ်ဖြစ်၊ သေတာပဲ ဖြစ်ဖြစ်၊ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင် ရှိတာပဲ ဖြစ်ဖြစ်၊ မရှိတာပဲ ဖြစ်ဖြစ်၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ပဲ သမီး တောင်းဆိုပါတယ်” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌ ပေတကား။” “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သောဆေးဝါး ဖြစ်ပေသည်တကား။ ယင်းက နတ်ဆိုးများနှင့် စာတန်ကို အရှက်ရစေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်ခြင်းက ငါတို့ကို ထောက်ပံ့မှုပေး၏။ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို ကယ်တင်ဖို့ အလျင်အမြန် လုပ်ဆောင်လေသည်။ ယင်းက အရာအားလုံးကို ပပျောက်စေပြီး၊ အရာအားလုံးကို အေးချမ်းစေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဟုတ်တယ်၊ ဘုရားသခင်က အနန္တတန်ခိုးရှင်ပဲ။ အသက်ရှင်ခြင်းနဲ့ သေခြင်း ဆိုတာ ဘုရားသခင်ရဲ့ အကြံအစည် တစ်ခုတည်း အပေါ်မှာပဲ မူတည်တယ်။ ဆရာဝန်တွေက ရောဂါကို ကုပေးနိုင်ပေမဲ့ အသက်ကို မကယ်နိုင်ဘူး။ ဘုရားသခင်က ကျွန်မရဲ့ တစ်ခုတည်းသော အထောက်အပံ့ ဖြစ်ပြီး၊ သူ့ရဲ့နှုတ်ကပတ်တော်ထဲမှာ အသက်ရှင်မှသာ ကျွန်မ စိတ်ဝိညာဉ် ငြိမ်သက်ခြင်း ရှာတွေ့နိုင်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်သုံးသပ်ရင်းနဲ့ ကျွန်မ သတိမထားမိဘဲ အိပ်ပျော်သွားတယ်။ နှစ်နှစ်ကျော် အတွင်းမှာ အိပ်ဆေး မသောက်ဘဲ အိပ်ပျော်သွားတာ ဒါ ပထမဆုံး အကြိမ်ပဲ၊ လေးနာရီ နီးပါးလောက် အိပ်ပျော်သွားတာ။ နိုးလာတော့ စိတ်ပိုင်းဆိုင်ရာ အများကြီး ပိုသက်သာလာသလို ခံစားရပြီး နာကျင်ကိုက်ခဲတာတွေလည်း တော်တော်လေး သက်သာသွားတယ်။ စကားလုံးတွေနဲ့ ဖော်ပြဖို့အတွက် အရမ်းအံ့ဩစရာကောင်းလွန်းတဲ့ ခံစားချက်တစ်ခုပေါ့။ နောက်ပိုင်းမှာ ပိုပြီးတောင် အံ့သြစရာ ကောင်းတာတစ်ခု ဖြစ်ခဲ့တယ်။ တစ်နေ့ ညစာ စားပြီးတော့ ကျွန်မယောက်ျားက ကျွန်မကို တွဲပြီး အောက်ထပ်မှာ လမ်းလျှောက်ပေးနေတုန်း ကျွန်မနဲ့ ရွယ်တူလောက်ရှိတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့တယ်။ သူက ကျွန်မကို ကြည့်ပြီး “အစ်မကြီးက ဘာလို့ ဒီလောက် အားနည်းနေတာလဲ” လို့ မေးတယ်။ ကျွန်မယောက်ျားက ကျွန်မရဲ့ ရောဂါအခြေအနေအကြောင်း ပြောပြလိုက်တယ်။ သူက ပြောတယ်၊ “ကျွန်မမှာ ဒီလိုပဲ ဖြစ်ဖူးတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်။ အနားက ဆေးရုံလေး တစ်ခုမှာ ကုလိုက်တာ၊ အခု သူ အားလုံး သက်သာသွားပြီ”တဲ့။ နောက်တစ်နေ့မှာ ကျွန်မယောက်ျားက ကျွန်မကို အဲဒီဆေးရုံဆီ ခေါ်သွားတယ်။ ယွမ် ဆယ်ဂဏန်းလောက်ပဲ ကျတဲ့ အနောက်တိုင်းဆေး သောက်လိုက်တာ ကျွန်မ ရောဂါ ပျောက်သွားပါလေရော။ တစ်လအကြာမှာတော့ ကျွန်မ ပုံမှန်အတိုင်း ပြန်ပြီး တာဝန်ထမ်းဆောင်နေခဲ့ပါပြီ။ ငါးလ ကြာတဲ့အခါ ကျွန်မ ကိုယ်အလေးချိန် ကီလိုဂရမ် ၂၀ ကျော်လောက် ပြန်တက်လာတယ်။ ညီအစ်ကိုမောင်နှမတွေရော၊ ကျွန်မကို သိတဲ့ ဘာသာတရားမရှိသူတွေရော အားလုံးက ဒါက အံ့စရာတစ်ခုပဲလို့ ပြောကြတယ်။ ဒါဟာ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ ကျေးဇူးတော် လုံးလုံးဖြစ်ပြီး၊ ဘုရားသခင်ရဲ့ အံ့ဖွယ်ရာအမှုတွေပဲ ဆိုတာ ကျွန်မ စိတ်နှလုံးထဲမှာ ရှင်းရှင်းလင်းလင်း သိလိုက်တယ်။ အရင်က ကျွန်မ ဘယ်လို ပုန်ကန်ခဲ့တယ်၊ ကိုယ့်တာဝန်မှာ ဘုရားသခင်နဲ့ အမြဲတမ်း အပေးအယူလုပ်ဖို့ ကြိုးစားပြီး လှည့်ဖြားခဲ့တာတွေ ပြန်တွေးမိတော့၊ ဘုရားသခင်ဆီက ဒီလောက် ကြီးမားတဲ့ ကျေးဇူးတော်ကို ခံစားဖို့ ကျွန်မ တကယ် မထိုက်တန်ပါဘူး။ ဒီနေ့ထိ ကျွန်မ အသက်ရှင်နေသေးတာ၊ တာဝန်ထမ်းဆောင်နိုင်သေးတာ၊ ဒါတွေဟာ ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့ သနားကရုဏာနဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ ဒီတန်ဖိုးရှိတဲ့ အခွင့်အရေးကို တန်ဖိုးထားမိတယ်။

ဒီရောဂါ ကြုံရတုန်းက ကျွန်မ ဇာတိပကတိ နည်းနည်း ဒုက္ခခံခဲ့ရပေမဲ့၊ ကျွန်မ ရလိုက်တာက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပါပဲ။ ဘုရားသခင်ကို ယုံကြည်တယ် ဆိုတာ ကောင်းချီး ဒါမှမဟုတ် အကျိုးကျေးဇူးတွေ ရဖို့ မဟုတ်ဘဲ၊ သန့်စင်ခြင်း ခံရဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့ ဆိုတာ ကျွန်မ နားလည်သွားပြီ။ ဘုရားသခင် နောက်လိုက်ပြီး ဖန်ဆင်းခံ တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာဟာ ကျွန်မရဲ့ တာဝန်ဝတ္တရား ဖြစ်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကြောက်ရွံ့ဖို့က ကျွန်မ လိုက်စားရမယ့် ပန်းတိုင် ဖြစ်ပါတယ်။ ဒီအတွေ့အကြုံကနေ ကျွန်မ လေးလေးနက်နက် နားလည်သဘောပေါက်လာတာက “နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင် ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး ယင်းအတွင်းတွင် သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များ မုချ ပါဝင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဒါဟာ သမ္မာတရား ဖြစ်သလို၊ အမှန်တရားလည်း ဖြစ်တယ်။ ဒီအတွေ့အကြုံက ကျွန်မ ဘဝရဲ့ တန်ဖိုးအရှိဆုံး ရတနာပါပဲ။ အဲဒါက ဘုရားသခင်ရဲ့ ထူးခြားတဲ့ ချစ်ခြင်းမေတ္တာ၊ မတူကွဲပြားတဲ့ ချစ်ခြင်းမေတ္တာမျိုးပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကယ်တင်ခြင်းရဖို့ ဂုဏ်ရှိရန် လိုသလော

ရီးရွှင် တရုတ်နိုင်ငံအိမ်နဲ့ဝေးရာမှာ အသင်းတော်တချို့ကို တာဝန်ယူရတဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မအစေခံလာတာ နှစ်ချီကြာသွားပြီ။ ကျွန်မမှာ မွေးရာပါ...

ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းပေါ် စတင်ခြင်း

ယုံကွမ်၊ ဟေလောင်ကျန်းစီရင်စု ၁၉၉၁ တွင်၊ နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်တော်ကို...

နာမကျန်းမှုနှင့်ပတ်သက်သော စိုးရိမ်ပူပန်ခြင်းမှ ကျွန်မ ရုန်းထွက်လာခဲ့ပြီ

ရှောင်ရှီး တရုတ်ပြည်၂၀၂၂ ခုနှစ်၊ ဇွန်လမှာ အနီးအနားက အသင်းတော်တော်တော်များများ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝင်ရောက်စီးနင်းတာကို ခံခဲ့ရတယ်။...

သူတစ်ပါးကို ပျိုးထောင်ပေးခြင်းက ကျွန်ုပ်ကို ထုတ်ဖော်လိုက်သည်

ရှောင်ရှီး၊ တရုတ်ပြည်၂၀၂၁ ခုနှစ်၊ ဇွန်လ တစ်ရက်မှာ၊ ကျွန်တော် ခေါင်းမူးပြီး နေလို့မကောင်းတာနဲ့ သွေးပေါင်ချိန်စစ်ကြည့်လိုက်တော့ အပေါ်သွေးက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။