သားရဲ့ အိမ်ထောင်ရေးအတွက် ကျွန်မ မပူပန်တော့ပါ

06.06.2026

ကျင်းဂန်၊ တရုတ်ပြည်

၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက လယ်သမားမိသားစုတစ်ခုမှာ ကျွန်မ မွေးဖွားခဲ့တယ်။ ကျွန်မအစ်ကို အိမ်ဆောက်ပြီး အိမ်ထောင်ပြုနိုင်ဖို့အတွက် မိဘတွေက မိုးမလင်းခင်ထပြီး မိုးချုပ်တဲ့အထိ ပိုက်ဆံရှာခဲ့ကြတယ်။ သူတို့ တော်တော်လေး ပင်ပန်းခဲ့ကြတာပါ။ မိဘတွေရဲ့ လွှမ်းမိုးမှုနဲ့ ပုံသွင်းမှုတွေအောက်မှာ သားသမီးတွေရဲ့ မင်္ဂလာကိစ္စကို စီစဉ်ပေးတာက မိဘတွေရဲ့တာဝန်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ အိမ်ထောင်ကျပြီးတဲ့နောက် ကျွန်မနဲ့ ကျွန်မအမျိုးသားမှာ သားတစ်ယောက် ထွန်းကားခဲ့တယ်။ ကျွန်မ အမျိုးသားကို ပြောလိုက်တယ်၊ “တို့တွေ ငယ်တုန်းရွယ်တုန်း ပိုက်ဆံရှာကြစို့။ အနည်းဆုံးတော့ သားအတွက် အိမ်တစ်လုံးလောက် ဝယ်ပေးရမယ်လေ” ပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မအမျိုးသားက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ အဲဒီနောက်မှာ သူက စုဝေးပွဲသွားပြီး တာဝန်ထမ်းဆောင်လို့ ရဲတွေ လိုက်ဖမ်းတာခံရတယ်။ သူ အိမ်ကနေ ထွက်ပြေးခဲ့ရတာပေါ့။ နှစ်နှစ်ကြာတော့ ကျွန်မလည်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ ရပ်ကွက်ထဲက အမျိုးသမီးရေးရာ အရာရှိက ကျွန်မအမျိုးသား ဘယ်ရောက်နေလဲဆိုတာ မေးဖို့ အိမ်ကို ခဏခဏလာတာကြောင့် ကျွန်မ အိမ်မှာ ဘုရားသခင်ကို ယုံကြည်လို့မရ၊ တာဝန်ထမ်းဆောင်လို့ မရဖြစ်ခဲ့တယ်။ ရွေးချယ်စရာမရှိတော့လို့ ကျွန်မလည်း အိမ်က ထွက်ခဲ့ရတယ်။ အဲဒီကတည်းက ကျွန်မတို့ လင်မယားနှစ်ယောက် ဇာတိမြေကနေ ထွက်ခွာပြီး အိမ်မပြန်နိုင်ဘဲ တိမ်းရှောင်တဲ့ဘဝနဲ့ စတင် နေထိုင်ခဲ့ရတယ်။

နေ့ရက်တွေ ကုန်ဆုံးတာ မြန်လိုက်တာ။ တစ်ခဏအတွင်းမှာပဲ ကျွန်မသားက အသက်နှစ်ဆယ်ကျော်လာပြီး အိမ်ထောင်ပြုရမဲ့အရွယ် ရောက်လာခဲ့ပြီလေ။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မတို့လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် အခွင့်အရေးတစ်ခုရတုန်း အိမ်ကို တိတ်တဆိတ် ပြန်ခဲ့ကြတယ်။ သားက သူ့အိမ်ထောင်ရေးအကြောင်း ပြောပြပြီး ကောင်မလေးတစ်ယောက် တွေ့ထားတယ်လို့ ပြောတယ်။ ကောင်မလေးဘက်က မိဘတွေက မင်္ဂလာကိစ္စ အမြန်ဖြစ်စေချင်နေကြတယ်။ သူတို့က သားကို ပြောကြတယ်၊ “မင်းတို့မိသားစုက ပိုက်ဆံမရှိမှန်း တို့သိပါတယ်။ တင်တောင်းငွေ မလိုချင်ပါဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်တစ်လုံး ဝယ်ရမယ်လေ။ အိမ်မရှိရင် မင်းတို့နှစ်ယောက် ဘယ်လိုနေကြမလဲ” တဲ့။ သားဆီကနေ ဒါကိုကြားတော့ ကျွန်မ အရမ်း စိတ်ပူသွားတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့လင်မယားနှစ်ယောက်က စီစီပီရဲ့ လိုက်ဖမ်းတာခံနေရလို့ နှစ်ပေါင်းများစွာ အိမ်ကနေ ထွက်ပြေးတိမ်းရှောင်ရင်း တာဝန်ထမ်းဆောင်နေခဲ့ရတာ၊ အပြင်ထွက်ပြီး အလုပ်လုပ် ပိုက်ဆံရှာလို့ မရခဲ့ဘူးလေ။ အိမ်ဝယ်ဖို့ ပိုက်ဆံရှာရမဲ့နည်းလမ်းက လုံးဝမရှိတာ။ သားက သက်ပြင်းချပြီး ညည်းတွားနေတာကို မြင်တော့ ကျွန်မလည်း စိတ်ပူပြီး ဗျာများသွားတာပေါ့၊ “ပိုက်ဆံမရှာနိုင်လို့ သားရဲ့ မင်္ဂလာကိစ္စ မဖြစ်မြောက်ရင်၊ သူ ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူးလား” လို့ တွေးမိတယ်။ သူများသားသမီးတွေ အိမ်ထောင်ပြုရင် မိဘတွေက ကားတွေ၊ အိမ်တွေ ဝယ်ပေးဖို့ ပိုက်ဆံစုထားကြပေမဲ့၊ ကျွန်မကတော့ ပိုက်ဆံမစုနိုင်ခဲ့ဘဲ မိခင်တစ်ယောက်ရဲ့ တာဝန်ကို မဖြည့်ဆည်းခဲ့ဘူး။ ဒါကို သားကို ဘယ်လို ရှင်းပြရမလဲ။ သူ့ရှေ့မှာ ကျွန်မ ခေါင်းမဖော်နိုင်သလို၊ ကိုယ်လုပ်ခဲ့တာကို ရှင်းချက်မထုတ်နိုင်သလို ခံစားရတယ်။ တွေးလေလေ၊ စိတ်ပူလေလေပါပဲ။ သားရဲ့ မင်္ဂလာကိစ္စအတွက် ငါ ဘာလုပ်ရမလဲပေါ့။ တစ်ခါတော့ ယောက္ခမက ကျွန်မတို့လင်မယားကို ပြောတယ်၊ “နင်တို့ သားအတွက် ထည့်တွေးဦးမှပေါ့။ တို့အိမ်ဘေးက ကောင်လေး မင်္ဂလာဆောင်တာ ကြည့်ပါဦး။ သူတို့သားအတွက် အိမ်ဝယ်ပေးပြီး ကောင်မလေးဘက်ကို တင်တောင်းငွေ ယွမ်သောင်းချီ ပေးထားတာ။ ပြီးတော့ နင်တို့ ဝမ်းကွဲညီမကို ကြည့်ဦး။ သူ့သား အိမ်ထောင်ပြုတော့ အိမ်ဝယ်ပေးတဲ့အပြင် တင်တောင်းငွေ ယွမ်တစ်သိန်းကျော် ပေးခဲ့တာ။ နင်တို့သား ရှာထားတဲ့ ကောင်မလေးရဲ့ မိဘတွေက တကယ် သဘောထားကြီးပါတယ်။ သူတို့က တို့ဘက်ကနေ တင်တောင်းငွေ မလိုချင်ကြဘူး၊ အိမ်ဝယ်ဖို့ ကနဦးပေးသွင်းငွေလောက်ပဲ လိုချင်ကြတာ။ သူတို့က သမီးလှလှလေးတစ်ယောက်ကို အလကားသက်သက်ကြီး ကျွေးမွေးစောင့်ရှောက်လာတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား။ ဒါ့အပြင် သူတို့နှစ်ယောက်က တော်တော် လိုက်ဖက်ပါတယ်။ ပိုက်ဆံမရှာနိုင်လို့ နင်တို့သားရဲ့ မင်္ဂလာကိစ္စသာ မဖြစ်မြောက်ရင်၊ နှမြောစရာ မကောင်းဘူးလား။ လူတွေက တို့ကို လှောင်ကြမှာဟေ့” တဲ့။ ယောက္ခမပြောတာ ကြားပြီးတဲ့နောက်၊ ကျွန်မ ရင်ထဲမှာ ဓားနဲ့မွှန်းသလို ခံစားရပြီး စိတ်ဆင်းရဲရတာပေါ့။ မျက်ရည်တွေကလည်း ထိန်းမရသိမ်းမရ ကျလာတယ်။ သားလေး ၈ လသားအရွယ်တုန်းက သူ့အဖေက စီစီပီ လိုက်ဖမ်းလို့ အိမ်က ထွက်သွားခဲ့ရပြီး၊ အဖေမေတ္တာကို သူ ဘယ်တုန်းကမှ မခံစားခဲ့ရတာကို ကျွန်မ သတိရမိတယ်။ နောက်ပိုင်းမှာ၊ လုံခြုံရေးအခြေအနေကြောင့် ကျွန်မလည်း အိမ်ကနေ ထွက်ခဲ့ရပြန်တော့၊ ကျွန်မတို့က သားနဲ့ အတူရှိတာထက် ခွဲနေရတာက ပိုများခဲ့တယ်။ သူ့အသက် ၁၃ နှစ်ကတည်းက သူ့ကို ကျွန်မ လုံးဝ မတွေ့ရတော့ဘူးလေ။ ဒီနှစ်တွေတစ်လျှောက်လုံး၊ သူက အဘိုးအဘွားတွေကိုပဲ မှီခိုနေခဲ့ရတာ။ အခု သူ အိမ်ထောင်ပြုဖို့ ပိုက်ဆံလိုနေပြီ၊ ဒါပေမဲ့ ကျွန်မက ပိုက်ဆံရှာလို့မရဘူး။ ကျွန်မ တာဝန်တစ်ခုမှ မကျေပွန်ခဲ့ဘူး။ တွေးလေလေ၊ သားအပေါ် ကျွန်မ တာဝန်ပျက်ကွက်ခဲ့သလို ခံစားရလေလေပါပဲ။ အမေတစ်ယောက်အနေနဲ့ ကျွန်မ တော်တော် အသုံးမကျခဲ့ဘူး။ ကျွန်မတို့မိသားစုထဲမှာ မွေးလာရတာ သားအတွက် သနားစရာကောင်းလွန်းတယ်။ စီစီပီရဲ့ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေသာ မရှိခဲ့ရင်၊ ကျွန်မတို့ အဝေးမှာ ပုန်းရှောင်နေစရာ မလိုဘဲ ကျွန်မတို့ကလေးအတွက် တစ်နည်းမဟုတ်တစ်နည်းနဲ့ ပိုက်ဆံ နည်းနည်းရှာနိုင်မှာပဲ။ ကျွန်မရဲ့ အစ်ကိုနဲ့ အစ်မဆီကနေ ပိုက်ဆံချေးဖို့ တွေးမိတယ်။ အိမ်ဝယ်ဖို့အတွက် ကနဦးပေးသွင်းငွေပေးနိုင်ပြီး ကျွန်မ ယောက္ခမနဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေက အတင်းပြောတာကို ရှောင်နိုင်ဖို့ပေါ့။ ဒါပေမဲ့ ကျွန်မ ပြန်စဉ်းစားကြည့်တယ်။ ပိုက်ဆံချေးပြီးရင် ပြန်ဆပ်ဖို့အတွက် ကျွန်မ အလုပ်လုပ်ရလိမ့်မယ်၊ အဲဒါဆို ကျွန်မ တာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး။ အသင်းတော် အများကြီးရဲ့ အလုပ်အတွက် ကျွန်မမှာ တာဝန်ရှိတယ်။ ပိုက်ဆံရှာဖို့အတွက် ကိုယ့်တာဝန်ကို စွန့်လွှတ်လိုက်ရင်၊ အဲဒါက ဘုရားသခင်ကို သစ္စာဖောက်ရာ မရောက်ဘူးလား။ ဒါပေမဲ့ သားက အိမ်ထောင်ပြုဖို့ ပိုက်ဆံလိုနေတုန်းပဲ။ ဒီလောက်များတဲ့ ပိုက်ဆံကို ကျွန်မ ဘယ်ကရမှာလဲ။ ကျွန်မ အကျပ်ရိုက်နေတဲ့ အခြေအနေမှာ အသက်ရှင်နေရတယ်။ ဆင်းရဲဒုက္ခရောက်နေချိန်မှာ ဘုရားသခင်ရှေ့မှောက်ကို ကျွန်မ လာပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သားရဲ့ မင်္ဂလာကိစ္စနဲ့ ရင်ဆိုင်ရချိန်မှာ၊ ဘာလုပ်ရမှန်း သမီး တကယ် မသိပါဘူး။ ကိုယ့်တာဝန်ကို လက်လွှတ်လို့ မရမှန်း သမီး သိပါတယ်။ သား အိမ်ထောင်ပြုနိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ဆိုပြီး ကိုယ်တော့်ကို သစ္စာမဖောက်နိုင်ပါဘူး။ ဒါပေမဲ့ သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းပါတယ်။ သူ့မင်္ဂလာကိစ္စရဲ့ ဘောင်ခတ်တာကို သမီး ခံနေရပါတယ်။ ဒီကိစ္စကို ကိုယ်တော့်ဆီ အပ်နှံပြီး ကိုယ်တော့်ကိုပဲ ကိုးစားချင်ပါတယ်။ အို ဘုရားသခင်၊ သားရဲ့ မင်္ဂလာကိစ္စကြောင့် ကိုယ်တော့်ကို သစ္စာမဖောက်မိအောင် ကျေးဇူးပြုပြီး သမီးကို ကူညီတော်မူပါ” ပေါ့။ ဆုတောင်းပြီးတဲ့နောက်၊ ကျွန်မစိတ် တော်တော် တည်ငြိမ်သွားတယ်။

ကျွန်မ တာဝန်ထမ်းဆောင်နေတဲ့နေရာကို ပြန်သွားခဲ့တယ်။ အပေါ်ယံကြည့်ရင်တော့ အသင်းတော်အလုပ်တွေကို ကိုင်တွယ်ရင်း ကျွန်မ နေ့တိုင်း အလုပ်ရှုပ်နေတာပေါ့။ ဒါပေမဲ့ သားရဲ့ မင်္ဂလာကိစ္စကို တွေးမိလိုက်တာနဲ့ စိတ်ဆင်းရဲရတယ်။ ပိုက်ဆံလုံးဝမရှိလို့ သားရဲ့ မင်္ဂလာကိစ္စ မဖြစ်မြောက်မှာကို ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မ တော်တော်ကို သောကရောက်ပြီး စိတ်ဆင်းရဲသလို ခံစားရတယ်။ သားအပေါ် ကျွန်မ အကြွေးတင်နေသလို ခံစားရတယ်။ အဲဒီကာလအတွင်းမှာ ကျွန်မ ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင်ခဲ့ဘူး။ စိုးရိမ်ပူပန်ပြီး စိတ်မကောင်းဖြစ်ရလွန်းလို့ သွားကိုက်၊ လည်ချောင်းနာတွေပါ ဖြစ်ကုန်တယ်။ တစ်ခါတလေ စုဝေးပွဲတွေမှာတောင် ကျွန်မ စိတ်လေနေပြီး သားရဲ့ မင်္ဂလာကိစ္စနဲ့ပတ်သက်လို့ ဘာလုပ်ရမလဲဆိုတာကို အလိုလို စပြီး တွေးမိလျက်သား ဖြစ်နေတတ်တယ်။ ကျွန်မ အမြဲတမ်း ငိုက်မျဉ်းနေပြီး စိတ်မကြည်ခဲ့ဘူး။ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မက ကျွန်မအခြေအနေ မကောင်းဘူးဆိုတာ၊ အရင်တုန်းကလို ကျွန်မတာဝန်မှာ ဝန်တာထားစိတ် မရှိတော့ဘူးဆိုတာကို မြင်သွားတယ်။ သူ့သားနဲ့ပတ်သက်ပြီး သူ ဘယ်လိုကြုံတွေ့ခဲ့ရတယ်ဆိုတာကို ကျွန်မနဲ့ မိတ်သဟာယပြုပေးတယ်။ သူ အိမ်ကနေ ထွက်သွားတုန်းက သူ့သားက ဘယ်လို လွတ်လွတ်လပ်လပ် နေတတ်သွားတယ်၊ ပြီးတော့ ကောင်မလေးတစ်ယောက် ရှာတွေ့သွားတယ်ဆိုတာကို ပြောပြတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာထဲမှာ ရှိတယ်တဲ့။ ညီအစ်မရဲ့ မိတ်သဟာယကို နားထောင်ပြီးတဲ့နောက်၊ ကျွန်မ တွေးမိတယ်၊ “အဲဒါက ရှင့်သားက ကောင်မလေးကောင်းကောင်း ရှာတွေ့သွားလို့လေ” ပေါ့။ နောက်ပိုင်းမှာလည်း၊ ကျွန်မ ခဏခဏ ဘောင်ခတ်ခံနေရတုန်းပဲ။ သားရဲ့ မင်္ဂလာကိစ္စသာ မဖြစ်မြောက်ရင်၊ ကျွန်မစိတ်က တစ်သက်လုံး အေးနိုင်မှာ မဟုတ်ဘူး။ ကျွန်မ စိတ်ဆင်းရဲမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြားမှာပဲ အမြဲ နေနေခဲ့ရတယ်။ ရင်ဘတ်ကို ကျောက်တုံးနဲ့ ဖိထားသလို ခံစားရတယ်။ အဲဒီအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရပြီး၊ ကျွန်မစိတ် နည်းနည်း သက်သာသွားတယ်။ ဘုရားသခင်က ပြောသည် “အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ဘဝတွင် အရေးကြီးသည့် ဆုံမှတ်တစ်ခု ဖြစ်ပါသည်။ ယင်းမှာ ၎င်းတို့၏ ဘဝကံကြမ္မာ၏ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာပြီး ဤကံကြမ္မာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယင်းသည် လူတစ်ဦးတစ်ယောက်၏ တစ်ကိုယ်ရေဆန္ဒ သို့မဟုတ် နှစ်သက်မှုများအပေါ် အခြေမခံသည့်အပြင် မည်သည့် ပြင်ပအချက်များ၏ လွှမ်းမိုးခြင်းကိုမျှ မခံရဘဲ လူနှစ်ဦး၏ ကံကြမ္မာများအားဖြင့်၊ အိမ်ထောင်ဖက်နှစ်ဦးလုံး၏ ကံကြမ္မာများအတွက် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းများနှင့် စီစဉ်မှုများအားဖြင့် လုံးဝ အဆုံးအဖြတ်ပေးခြင်းခံရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) လူတစ်ယောက်ရဲ့ ဘဝကံကြမ္မာကို ဘုရားသခင်က ဟိုးအရင်ကတည်းက စီစဉ်ထားပြီးဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ အိမ်ထောင်ရေးဆိုတာကလည်း ဘုရားသခင်က အမိန့်နဲ့ ပြဋ္ဌာန်းထားတာဖြစ်ပြီး ပြင်ပအခြေအနေတွေရဲ့ သက်ရောက်မှုကို မခံရဘူးဆိုတာက ပိုလို့တောင် မှန်ပါသေးတယ်။ သားနဲ့ သူ့ကောင်မလေးက မိသားစုတစ်ခု ဖြစ်သင့်တယ်လို့ ဘုရားသခင်က အမိန့်နဲ့ ပြဋ္ဌာန်းထားရင် ဘာကမှ သူတို့ကို ခွဲနိုင်မှာ မဟုတ်ဘူး။ သူတို့က မိသားစုတစ်ခု မဖြစ်ရဘူးဆိုရင်၊ နောက်ဆုံးမှာ ဒီမင်္ဂလာကိစ္စက အောင်မြင်မှာ မဟုတ်ဘူး။ အောင်မြင်တာ၊ မအောင်မြင်တာက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်၊ ကျွန်မ ပိုက်ဆံဘယ်လောက်သုံးလဲဆိုတာအပေါ် မူတည်တာ မဟုတ်ဘူး။ အရင်တုန်းက၊ အိမ်ထောင်ရေးကို ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားတယ်ဆိုတာကို အယူဝါဒသဘောအရပဲ ကျွန်မ သိခဲ့တာ။ ဒါပေမဲ့ သားရဲ့ မင်္ဂလာကိစ္စနဲ့ ကြုံလာရတော့၊ ပိုက်ဆံမရှိရင် သူ့ကောင်မလေးနဲ့ သူ လက်ထပ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မက သူ့အတွေ့အကြုံနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအကြောင်း မိတ်သဟာယပြုပေးတုန်းက၊ ကျွန်မ စိတ်ထဲမှာ မယုံခဲ့ဘူး။ သူ့သားက ကံကောင်းလို့ပါလို့ပဲ ကျွန်မ ထင်ခဲ့တာ။ ကျွန်မသားကျတော့ ပိုက်ဆံမရှိရင် အိမ်ထောင်မပြုနိုင်ဘူးပေါ့။ အထူးသဖြင့်၊ ဒီခေတ်လူ့အဖွဲ့အစည်းမှာ ဆင်းရဲတဲ့မိသားစုက ကလေးတွေ မိန်းမမရကြတာ ပိုပိုများလာတာကို တွေ့ရတော့၊ ပိုက်ဆံမရှိရင် အိမ်ထောင်ပြုလို့ မရဘူးလို့ ကျွန်မ ပိုပြီးတောင် ထင်မိတယ်။ သားရဲ့ မင်္ဂလာကိစ္စကြောင့် ကျွန်မ စိတ်ဖိစီးလွန်းလို့ ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင်ဖြစ်ပြီး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့တောင် စိတ်ခွန်အား မရှိတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးမှပဲ ကျွန်မစိတ် ဉာဏ်အလင်းရသွားတယ်။ မင်္ဂလာကိစ္စဆိုတာ အားလုံး ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားတာပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဥပမာ၊ ကျွန်မအစ်မကို ကြည့်လေ။ သူ့မှာ ပိုက်ဆံအများကြီး ရှိပေမဲ့၊ သူ့မြေးက ဘာပဲလုပ်လုပ် မိန်းမရှာလို့ လုံးဝ မရဘူး။ ဒါ့အပြင်၊ ကျွန်မသိတဲ့ မိသားစုတစ်ခုဆိုရင် သားတွေ သုံးလေးယောက်ရှိတယ်။ သူတို့မှာ ပိုက်ဆံမရှိပေမဲ့ သားတွေအားလုံး မိန်းမရသွားကြတယ်။ ဒါမျိုးက ခဏခဏ ဖြစ်တာပါ။ ဘုရားနှုတ်ကပတ်တော်တွေက လုံးဝ မှန်ကန်ပါတယ်။ မင်္ဂလာကိစ္စကို ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားတာပါ။ အဲဒါက ပိုက်ဆံအပေါ် မူတည်တာ မဟုတ်ပါဘူး။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ အရာရာကို မရှုမြင်ခဲ့ဘူး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မယုံကြည်ခဲ့ဘူး၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်မှု အရိပ်အယောင်တောင် မရှိဘဲ ဘာသာတရားမရှိသူတွေရဲ့ ခေတ်ရေစီးကြောင်းနောက်ကိုတောင် လိုက်ခဲ့မိတယ်။ ဒါက မယုံကြည်သူတစ်ယောက်ရဲ့ အမြင်မဟုတ်ဘူးလား။ မင်္ဂလာကိစ္စကို ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားတာပါ။ မိသားစု နောက်ခံအခြေအနေ၊ ဒါမှမဟုတ် ပြင်ပအကြောင်းအချက်တွေနဲ့ ဘာမှမဆိုင်ပါဘူး။ ပိုက်ဆံရှိမှ သားရဲ့ မင်္ဂလာကိစ္စ အောင်မြင်မယ်၊ ပိုက်ဆံမရှိရင် မအောင်မြင်ဘူးလို့ ကျွန်မ ထင်ခဲ့သလို မဟုတ်ပါဘူး။ ဒါကို နားလည်လိုက်တော့၊ ရုတ်တရက် ကျွန်မစိတ် ရှင်းလင်းပြီး လင်းလက်သွားသလို ခံစားရတယ်။ သားရဲ့ မင်္ဂလာကိစ္စကိုလည်း အတိုင်းအတာတစ်ခုအထိ ကျွန်မ လက်လွှတ်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ စဉ်းစားသုံးသပ်ကြည့်တယ်။ ကျွန်မဟာ သားအပေါ် တာဝန်ပျက်ကွက်သလို ဘာလို့ အမြဲ ခံစားနေရတာလဲ၊ ပြီးတော့ စိတ်ထဲမှာ ဘာလို့ မအေးချမ်းရတာလဲပေါ့။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တယ်။ “ဤတကယ့်လူ့အဖွဲ့အစည်းတွင် အသက်ရှင်ကြသည့် လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ လူတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုများစွာသည် လူတို့၏ အတွေးများနှင့် အမြင်များတွင် အရိုးစွဲနေပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့ လင်ယောက်ျားနှင့် သားသမီးများအတွက် မိမိတို့ ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံထားကာ သူတို့အတွက် အသက်ရှင်လျက်၊ မိသားစုက တစ်နေ့ ထမင်းသုံးနပ် ဝဝလင်လင် စားရအောင် သေချာလုပ်ပေးလျက်၊ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးနှင့် အခြား အိမ်အလုပ်အားလုံးကို ကောင်းစွာလုပ်လျက် မိမိတို့ လင်ယောက်ျားကို ပြုစုပြီး မိမိတို့ သားသမီးများကို ပျိုးထောင်ဖို့၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခြင်းခံရသည်။ ဤသည်မှာ ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လက်ခံထားသော စံနှုန်းဖြစ်သည်။ အမျိုးသမီးတိုင်းကလည်း ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုသို့မလုပ်ပါက ကောင်းမြတ်သော အမျိုးသမီးတစ်ဦး မဟုတ်သကဲ့သို့ အသိစိတ်နှင့် ကိုယ်ကျင့်တရား၏ စံနှုန်းများကိုလည်း ချိုးဖောက်မိပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ဤကိုယ်ကျင့်တရား စံနှုန်းများကို ချိုးဖောက်ခြင်းက လူတချို့၏ အသိစိတ်အပေါ် လေးလံစွာ ဖိစီးလိမ့်မည်။ ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဖြစ်ကြောင်းနှင့် ၎င်းတို့က ကောင်းမြတ်သည့် အမျိုးသမီးများ မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သည့်နောက်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်၊ သမ္မာတရားတချို့ကို နားလည်ကာ အချို့သော ကိစ္စရပ်များကို ရိပ်စားမိပြီးသည့်နောက်တွင် သင်က ‘ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်၍ ငါ့တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ထမ်းဆောင်သင့်ပြီး ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်သည်’ ဟု တွေးလိမ့်မည်။ ဤအချိန်တွင် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရေးနှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်လိုလျှင် သင်၏ တာဝန်ကို အချိန်ပြည့် သင်မထမ်းဆောင်နိုင်ပေ။ သို့သော် သင်၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်လိုပါက သင်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဖြစ်နိုင်ပေ။ ဤအခါ သင်မည်သည့်အရာ လုပ်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး အသင်းတော်အလုပ်အတွက် တာဝန်ယူရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိရန် သင်ရွေးချယ်ပါက သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးကို စွန့်ရမည်။ ဤအခါ သင်မည်သည့်အရာ စဉ်းစားမည်နည်း။ သင့်စိတ်ထဲတွင် မည်သည့်သဘောကွဲလွဲခြင်းမျိုး ဖြစ်ပေါ်မည်နည်း။ သင်၏ သားသမီးများကို၊ သင်၏ လင်ယောက်ျားကို သင်စိတ်ပျက်စေမိပြီဟု ခံစားမည်လော။ အပြစ်ရှိပြီး မသက်မသာဖြစ်သည့် ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်မဖြည့်ဆည်းသည့်အခါ၌မူ ဘုရားသခင်ကို သင်စိတ်ပျက်စေမိပြီဟု ခံစားရသလော။ သင်သည် အပြစ်ရှိသည့်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ နှလုံးနှင့် စိတ်တွင် သမ္မာတရား အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်နားလည်သနည်း။ ရိုးရာယဉ်ကျေးမှုနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ ဖြစ်သည်။ ထိုသို့ဖြင့် ‘ကျွန်ုပ်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဟုတ်လျှင် ကောင်းမြတ်သော သို့မဟုတ် ရည်မွန်သော အမျိုးသမီးတစ်ဦး မဟုတ်ပါ’ ဟူသည့် အယူအဆက သင်၏ စိတ်တွင် ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ဤအယူအဆ၏ ချည်နှောင်ခြင်းနှင့် ချုပ်ချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ကာ သင်၏ တာဝန်ကို ထမ်းဆောင်သည့်နောက်တွင်ပင် ဤအယူအဆမျိုးများ၏ ထိုသို့ ချည်နှောင်ချုပ်ချယ်ခြင်းတို့ကို ဆက်လက်ခံနေရလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရေးနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ သင့်အနေဖြင့် ဘုရားသခင်အတွက် သစ္စာစောင့်သိမှု အနည်းငယ် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်လျက် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အင်တင်တင်ဖြင့် ရွေးချယ်နေနိုင်လင့်ကစား သင်၏ စိတ်နှလုံး၌မူ မသက်မသာဖြစ်ကာ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခုကား ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင့်ထံတွင် အချိန်ပိုတချို့ရှိသည့်အခါ သင့်အနေဖြင့် သင်၏ သားသမီးများနှင့် လင်ယောက်ျားကို ပို၍ အတိုးချ ပြုစုပေးရန် အလိုရှိလျက် ၎င်းတို့ကို စောင့်ရှောက်ပေးဖို့ အခွင့်အရေးများ ရှာဖွေလိမ့်မည်ဖြစ်ပြီး သင့်ထံတွင် စိတ်ငြိမ်သက်ခြင်း ရှိသရွေ့ သင့်အနေဖြင့် သာ၍ ဆင်းရဲဒုက္ခခံစားရမည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု တွေးလိမ့်မည်ဖြစ်သည်။ ဤအရာကို ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ရေးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများ၏ လွှမ်းမိုးမှုက ဖြစ်ပေါ်စေသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) “ဇနီးကောင်း၊ မိခင်မွန် ဖြစ်ရမယ်” ဆိုတဲ့ မှားယွင်းတဲ့ အတွေးအခေါ်နဲ့ အမြင်ကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့အတွက် ဖော်ထုတ်ပြထားတယ်။ အမျိုးသမီးတွေက “ခင်ပွန်းကို ပြုစုပြီး သားသမီးကို ပျိုးထောင်ရမယ်၊ ဇနီးကောင်း၊ မိခင်မွန် ဖြစ်ရမယ်”၊ ပြီးတော့ ခင်ပွန်းနဲ့ သားသမီးတွေအတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရမယ်လို့ ရိုးရာယဉ်ကျေးမှုက တောင်းဆိုထားတယ်။ ဒါက အရည်အချင်းပြည့်မီတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ဖို့ စံနှုန်းတစ်ခုလို့ လူတိုင်းက ထင်ကြတယ်။ ဒီလိုမဟုတ်ရင်၊ အမျိုးသမီးကောင်း၊ ဒါမှမဟုတ် မိခင်ကောင်း မဟုတ်ဘူးပေါ့။ ကျွန်မ ငယ်ငယ်တုန်းက၊ အစ်ကို မိန်းမယူနိုင်ဖို့အတွက် မိဘတွေက မိုးမလင်းခင်ထပြီး မိုးချုပ်တဲ့အထိ ပိုက်ဆံရှာခဲ့ကြတာကို ကျွန်မ မြင်ခဲ့တယ်။ သူတို့ ဘယ်လောက်ပဲ ဒုက္ခရောက်ပြီး ပင်ပန်းနွမ်းနယ်နေပါစေ၊ ဒီဝန်ကို ထမ်းရတုန်းပါပဲ။ ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေကို အရွယ်ရောက်လာအောင် ကျွေးမွေးစောင့်ရှောက်ရမယ်၊ အိမ်ထောင်ချပေးရမယ်၊ သူတို့ အသက်မွေးဝမ်းကျောင်း တည်ထောင်ဖို့ ကူညီပေးရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒီလိုနည်းနဲ့မှ မိဘတာဝန် ကျေပွန်နိုင်ပြီး မိဘကောင်းလို့ ခေါ်ထိုက်မှာပေါ့။ ဒီအတွေးအခေါ်၊ အမြင်နဲ့ အသက်ရှင်နေရတော့၊ ကျွန်မက အရည်အချင်းပြည့်မီတဲ့ မိခင်တစ်ယောက် မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ သား ငယ်ငယ်တုန်းက အဆင်းနီတဲ့နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ လွတ်မြောက်ဖို့ ကျွန်မ ထွက်ပြေးခဲ့ရလို့ သူ့အနားမှာနေပြီး စောင့်ရှောက်မပေးနိုင်ခဲ့ဘူး။ သား ကြီးလာလို့ အိမ်ထောင်ပြုတော့မှာဖြစ်ပြီး အိမ်ဝယ်ဖို့ လိုလာတဲ့အချိန်မှာ၊ မိခင်တစ်ယောက်အနေနဲ့ ကျွန်မက ပိုက်ဆံမရှာပေးနိုင်၊ နည်းနည်းလေးမှ မကူညီပေးနိုင်ခဲ့တော့၊ သားအပေါ် အကြွေးတင်နေသလို ခံစားခဲ့ရတယ်။ မိသားစုနဲ့ မိတ်ဆွေတွေက ကျွန်မကို မလှောင်အောင်၊ သားက ကျွန်မကို အပြစ်မတင်အောင်ဆိုပြီး ပိုက်ဆံရှာဖို့အတွက် ကိုယ့်တာဝန်ကို လက်လွှတ်ဖို့တောင် ကျွန်မ တွေးခဲ့တယ်။ “ဇနီးကောင်း၊ မိခင်မွန် ဖြစ်ရမယ်” ဆိုတဲ့ အမြင်က ကျွန်မရဲ့ အတွေးတွေကို ထိန်းချုပ်ပြီး ကျွန်မရဲ့ အပြုအမူကို လမ်းပြနေခဲ့တာပါ။ သားကို ကျေနပ်အောင် မလုပ်ပေးနိုင်လို့ ကျွန်မ စိတ်ဆင်းရဲခဲ့ရတယ်၊ စိတ်ထဲမှာ ဘုရားသခင်ကိုတောင် အပြစ်တင်ပြီး နားလည်မှုလွဲခဲ့မိတယ်။ သားရဲ့ မင်္ဂလာကိစ္စရဲ့ ဖမ်းစားတာ၊ ဘောင်ခတ်တာကို ကျွန်မ ခံခဲ့ရပြီး ပြောမပြတတ်အောင် ဒုက္ခခံစားခဲ့ရတယ်။ ငြိမ်သက်တဲ့စိတ်နဲ့တောင် တာဝန်မထမ်းဆောင်နိုင်ခဲ့ဘူး။ “ဇနီးကောင်း၊ မိခင်မွန် ဖြစ်ရမယ်” ဆိုတဲ့ ရိုးရာယဉ်ကျေးမှု အယူအဆက တကယ်တော့ လူတွေကို ချည်နှောင်ထားတဲ့ သံခြေချင်းတစ်ခု ဖြစ်နေမှန်း ကျွန်မ တွေ့လိုက်ရတယ်။ အဲဒါက လူတွေကို ဘုရားသခင်ကို ရှောင်စေပြီး သစ္စာဖောက်စေရုံပဲ ရှိမှာပါ။ ကိုယ့်အမြင်နဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရပြီးတဲ့နောက်၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ ဆက်ပြီး ရှာဖွေခဲ့တယ်။

တစ်နေ့မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး၊ ထူးကဲသာလွန်သော အိမ်ရှင်မတစ်ဦး၊ သားသမီးဝတ်ရှိသော သမီးတစ်ဦးနှင့် လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်သူ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိခဲ့သော်လည်း မပြီးမြောက်ခဲ့သည့်သူတစ်ဦး၊ လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် သုံးမရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်)၎င်းတို့ကို မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ဘဝတွင် မိဘများ ထမ်းဆောင်ရသည့် တာဝန်မှာ ၎င်းတို့ ကြီးပြင်းလာရန် ပတ်ဝန်းကျင်တစ်ခုကို ပြင်ပမှ ပံ့ပိုးပေးဖို့သာဖြစ်ပြီး ထိုမျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်သာလျှင် မည်သူ၏ ကံကြမ္မာအပေါ်မဆို သက်ရောက်မှု ရှိသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးတွင် မည်သို့သော အနာဂတ်မျိုး ရှိမည်ဟူသည်မှာ မည်သူကမျှ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။ ယင်းကို စောစီးစွာ ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်ကာ မိမိ၏ မိဘများကပင် ၎င်းတို့၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်လာလျှင် လူတိုင်းသည် လွတ်လပ်ကြသည်၊ လူတိုင်းတွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြသည်။ သို့ဖြစ်၍ မည်သူ၏ မိဘများကမျှ ၎င်းတို့၏ ဘဝကံကြမ္မာကို လုံးဝ မဟန့်တားနိုင်သည့်အပြင် ဘဝတွင် ၎င်းတို့ ပါဝင်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်လာလျှင်လည်း ၎င်းတို့ကို ကူညီရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ လူတစ်ဦးသည် မည်သည့် မိသားစုတွင် မွေးဖွားရန် ကြိုတင်ပြဋ္ဌာန်းခံရသည်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည်ဖြစ်စေ ဤအရာများသည် ၎င်းတို့၏ ဘဝ အထူးတာဝန်ကို ပြီးမြောက်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်များထက် မပိုကြောင်း ပြောဆိုနိုင်ပေသည်။ ယင်းတို့သည် လူတစ်ဦး၏ ဘဝကံကြမ္မာ သို့မဟုတ် ၎င်းတို့၏ အထူးတာဝန်ကို ပြီးမြောက်စေမည့် ကံကြမ္မာ အမျိုးအစားကို မည်သည့်နည်းနှင့်မျှ မဆုံးဖြတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘများကမျှ ၎င်းတို့၏ ဘဝအထူးတာဝန်ကို ပြီးမြောက်စေရန် မကူညီနိုင်သကဲ့သို့ မည်သည့် ဆွေမျိုးကမျှ ၎င်းတို့၏ ဘဝအခန်းကဏ္ဍကို ဖြည့်ဆည်းရန် မကူညီနိုင်ပေ။ လူတစ်ဦးသည် မိမိ၏ အထူးတာဝန်ကို မည်သို့ ပြီးမြောက်သည်နှင့် မည်သို့သော နေထိုင်မှု ပတ်ဝန်းကျင်တွင် မိမိ၏ အခန်းကဏ္ဍကို တာဝန်ယူသည်ဟူသောအချက်သည် ၎င်းတို့၏ ဘဝကံကြမ္မာအပေါ် လုံးလုံးလျားလျား မူတည်လေသည်။ တစ်နည်းအားဖြင့် မည်သည့် ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကမျှ ဖန်ဆင်းရှင် ကြိုတင်ပြဋ္ဌာန်းထားသည့် မည်သူ၏ အထူးတာဝန်ကိုမျှ လွှမ်းမိုးနိုင်ခြင်း မရှိပေ။ လူတိုင်းသည် မိမိတို့ ကြီးပြင်းလာသည့် သီးခြား ပတ်ဝန်းကျင်တွင် အရွယ်ရောက်လာကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဘဝလမ်းကြောင်းပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းကြပြီး ဖန်ဆင်းရှင်က ၎င်းတို့အတွက် စီစဉ်ပေးထားသော ကံကြမ္မာကို ဖြည့်ဆည်းကြလေသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ဟူသော ကျယ်ပြောလှတဲ့ လူ့လောကကြီးထဲသို့ သဘာဝကျကျနှင့် အလိုအလျောက် ဝင်ရောက်လာကြပြီး ဘဝတွင် မိမိတို့၏ နေရာကို ယူကြကာ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်အတွက်လည်းကောင်း၊ ကိုယ်တော်၏ အချုပ်အခြာအာဏာအတွက်လည်းကောင်း ဖန်ဆင်းခံတစ်ဦးအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ စတင် ဖြည့်ဆည်းကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ကျွန်မ ဘုရားသခင်ကို ယုံကြည်နိုင်တာ၊ တာဝန်တွေ ထမ်းဆောင်နိုင်တာက ဘုရားသခင် ပေးထားတဲ့ အခွင့်အရေးတစ်ခုဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ ကျေးဇူးတော်လည်း ဖြစ်ပါတယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာက လူတစ်ယောက်ရဲ့ ဘဝမှာ ထိပ်တန်း ဦးစားပေးပါပဲ။ အဲဒါက တခြားဘယ်အရာထက်မဆို ပိုအရေးကြီးပါတယ်။ သားကို ကျေနပ်အောင်လုပ်ဖို့အတွက် မိခင်တစ်ယောက်ရဲ့ တာဝန်တွေကိုပဲ ကျွန်မ ဖြည့်ဆည်းရင် သူများတွေကတော့ ကျွန်မကို ဇနီးကောင်း၊ မိခင်မွန်လို့ မြင်ကြမှာပေါ့၊ ဒါပေမဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ကျွန်မ ကောင်းကောင်း မဖြည့်ဆည်းရင် ဒါက ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု မရှိတာကို ပြနေတာပါပဲ။ ဒါက ဘုရားသခင်ကို ပုန်ကန်တဲ့သူ ဖြစ်နေတာပါ။ လူတိုင်းမှာ ကိုယ်ပိုင် အထူးတာဝန် ရှိပြီး၊ လူတိုင်းရဲ့ ကံကြမ္မာက သီးခြားစီဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မက သားကို မွေးပေးခဲ့ပေမဲ့၊ သူ့ကံကြမ္မာ ဘယ်လိုရှိလဲဆိုတာက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ မိဘတွေက ဒါနဲ့ပတ်သက်ပြီး ဘာမှ သက်ရောက်မှု မရှိပါဘူး။ လူတစ်ယောက်စီက သူတို့ဘဝမှာ ဆင်းရဲဒုက္ခ၊ ဒါမှမဟုတ် ကောင်းချီးမင်္ဂလာ ဘယ်လောက် ကြုံတွေ့ရမယ်၊ ဘယ်လို မိသားစု၊ ဘယ်လို အိမ်ထောင်ရေးမျိုး ရှိမယ်၊ ဘယ်လို ပတ်ဝန်းကျင်မှာ ကြီးပြင်းပြီး ဘာတွေ ကြုံတွေ့ရမယ်ဆိုတာကို ဘယ်သူမှ ပြောင်းလဲလို့ မရပါဘူး။ မိဘတွေဆို ပိုပြီးတောင် ပြောင်းလဲပေးလို့ မရပါဘူး။ အားလုံးကို ဘုရားသခင် အမိန့်နဲ့ပြဋ္ဌာန်းထားတာပါ။ ဒါကို နားလည်သွားတော့၊ သားရဲ့ မင်္ဂလာကိစ္စကို ကျွန်မ လက်လွှတ်နိုင်ခဲ့ပြီး၊ သားအပေါ် တာဝန်ပျက်ကွက်တယ်လို့ မခံစားရတော့ဘူး။ ဖြစ်သမျှအကြောင်း အကောင်းပဲဆိုပြီး ထားနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ သားကို ပြောပြတယ်၊ “မင်္ဂလာကိစ္စကို ဘုရားသခင် အမိန့်နဲ့ပြဋ္ဌာန်းထားတာ၊ အောင်မြင်တာ၊ ကျရှုံးတာက ဘုရားသခင် လက်ထဲမှာပဲ ရှိတယ်။ သူတို့ကို ပိုက်ဆံဘယ်လောက်ပေးလဲ ဆိုတာနဲ့ မဆိုင်ဘူး။ မင်္ဂလာကိစ္စကို သိပ်မတွေးနဲ့။ အိမ်ထောင်ပြုရမဲ့အချိန် ရောက်လာရင်၊ ဘုရားသခင် ဘယ်လိုစီစဉ်ပေးမယ်ဆိုတာ တို့တွေ ကြိုမသိနိုင်ဘူး။ ဘုရားသခင်ရဲ့ အချိန်ကို စောင့်ဖို့ တို့တွေ သင်ယူရမယ်။ ဆိုရိုးစကား ရှိသလိုပေါ့၊ ‘ကိုယ့်ဟာဆိုရင် သူများ ယူလို့မရပါဘူး။ ကိုယ့်ဟာမဟုတ်ရင်လည်း သူများဆီကနေ ကိုယ် ယူလို့မရပါဘူး’ လေ” လို့ပေါ့။ သိပ်မကြာခင်မှာပဲ၊ သားက အရင်လို ဗျာမများတော့ဘူး။ အိမ်ဝယ်ဖို့ကိစ္စကိုလည်း သူ ဆက်မပြောတော့ဘူး။ သူ့မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ သိပ်မပူပန်တော့ဘူး။ တာဝန်ထမ်းဆောင်တဲ့အခါ ကျွန်မစိတ်ကို ငြိမ်ငြိမ်ထားနိုင်ခဲ့တယ်။ စိတ်ထဲမှာ အများကြီး လွတ်လပ်သွားသလို ခံစားရတယ်။

သုံးလေးလကြာတော့၊ သားက ဖုန်းဆက်ပြီး ဝမ်းသာအားရ ပြောတယ်၊ “အမေ၊ အံ့ဩစရာပဲ၊ သား အိမ်ဝယ်လိုက်ပြီ။ ကနဦးပေးသွင်းငွေ ပေးစရာ မလိုဘူး။ သားရဲ့ လုပ်ဖော်ကိုင်ဖက်က တောင်ဘက်ပိုင်းကို အလုပ်ပြောင်းရလို့ ပိုက်ဆံအရေးပေါ် လိုနေတာ၊ ဒါကြောင့် သူက ယွမ် သုံးသိန်းနဲ့ ရောင်းလိုက်တယ်။ သားက ဘဏ်ကနေ ယွမ် လေးသိန်း ချေးလိုက်တော့ အိမ်ပြင်ဆင်ဖို့အတွက်ပါ လောက်သွားတာပေါ့။ လစဉ် ယွမ် တစ်ထောင်ကျော်ပဲ ပြန်ဆပ်ရမှာ။ ဒါကြောင့် အိမ်ကိစ္စက ဒီလိုပဲ ချောချောမွေ့မွေ့ ပြီးသွားရော” တဲ့။ ဒါကို ကြားတော့၊ ကျွန်မ အရမ်း ဝမ်းသာသွားတယ်။ ဘုရားသခင်ကို မပြတ် ကျေးဇူးတင်ခဲ့တယ်။ တစ်နှစ်ကြာတော့ သားနဲ့ သူ့ကောင်မလေးက အလုပ်လုပ်ပြီး စုထားတဲ့ပိုက်ဆံနဲ့ သူတို့မင်္ဂလာပွဲကို စီစဉ်လိုက်ကြတယ်။ ကျွန်မတို့က တစ်ပြားမှ ကုန်စရာမလိုခဲ့ဘူး၊ စိတ်ပူစရာလည်း မလိုခဲ့ဘူး။ သားက ကျွန်မတို့ တာဝန်ထမ်းဆောင်ရင်း အခက်အခဲရှိရင် သုံးဖို့ဆိုပြီး မုန့်ဖိုးလည်း ပေးလိုက်သေးတယ်။ ကျွန်မ လုံးဝ မျှော်လင့်မထားတဲ့အရာကတော့ သားကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို စပြီး ယုံကြည်လာတာပါပဲ။ ဒီအတွေ့အကြုံကနေတစ်ဆင့်၊ ဘုရားသခင်ရဲ့ အံ့သြဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ကျွန်မ မြင်တွေ့ခဲ့ရတယ်။ လူတစ်ယောက်ရဲ့ အိမ်ထောင်ရေး၊ စိတ်နှလုံးနဲ့ ဝိညာဉ်၊ အားလုံး ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို မြင်တွေ့ခဲ့ရတယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး၊ မိဘတွေက အရွယ်ရောက်ပြီးသား သားသမီးတွေကို ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာ နားလည်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတစ်ယောက်ချင်းစီ၏ ကံကြမ္မာကို ဘုရားသခင်က ဆုံးဖြတ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘဝတွင် ကောင်းချီး၊ သို့မဟုတ် ဒုက္ခမည်မျှကို တွေ့ကြုံသည်၊ မည်သည့်မိသားစု၊ အိမ်ထောင်နှင့် သားသမီးများရှိသည်၊ လူ့အဖွဲ့အစည်းတွင် မည်သည့်အတွေ့အကြုံများကို ၎င်းတို့ ဖြတ်သန်းရသည်၊ ဘဝတွင် မည်သည့်ဖြစ်ရပ်များကို ၎င်းတို့တွေ့ကြုံရသည်ဆိုသည့်အရာများကို ၎င်းတို့ကိုယ်တိုင် ကြိုတင်မမြင်နိုင်ပေ၊ သို့မဟုတ် ထိုသို့သောအရာများကို မပြောင်းလဲနိုင်ပေ။ ပြီးလျှင် မိဘများသည် ယင်းတို့ကို ပြောင်းလဲရန် ပို၍ပင် အစွမ်းမရှိပေ။ ထို့ကြောင့် သားသမီးများသည် မည်သည့်အခက်အခဲကိုမဆို ကြုံရလျှင် မိဘများသည် တတ်နိုင်လျှင် အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ကူညီသင့်သည်။ မတတ်နိုင်လျှင်မူ မိဘများအနေဖြင့် စိတ်အေးသက်သာနေပြီး ဤအရာများကို ဖန်ဆင်းခံတစ်ယောက်၏ အမြင်ရှုထောင့်မှ ကြည့်ကာ သားသမီးများအား ဖန်ဆင်းခံများအဖြစ် တန်းတူညီမျှစွာ ဆက်ဆံခြင်းက အကောင်းဆုံးဖြစ်သည်။ သင်တွေ့ကြုံရသည့် ဒုက္ခကို ၎င်းတို့လည်း တွေ့ကြုံရမည်။ သင်နေထိုင်သည့်ဘဝကို ၎င်းတို့လည်း နေထိုင်ရမည်။ သင်ဖြတ်သန်းခဲ့သည့် ငယ်ရွယ်သော ကလေးများအား ပျိုးထောင်ခြင်းဖြစ်စဉ်ကို ၎င်းတို့လည်း ဖြတ်သန်းရမည်။ လူ့အဖွဲ့အစည်းနှင့် လူတို့ကြားတွင် သင်တွေ့ကြုံသည့် အလှည့်အပြောင်းများ၊ လိမ်လည်မှုများနှင့် လှည့်စားမှုများ၊ သင်တွေ့ကြုံခဲ့ရသည့် စိတ်ခံစားချက်ဆိုင်ရာ အနှောင်အဖွဲ့များ၊ လူအချင်းချင်း သဘောထားကွဲလွဲမှုများနှင့် အလားတူအရာတိုင်းကို ၎င်းတို့လည်း တွေ့ကြုံရမည်။ ၎င်းတို့အားလုံးသည် သင်ကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်။ အားလုံးက ဆိုးယုတ်မှုခေတ်ရေစီးကြောင်း၏ သယ်ဆောင်ခြင်းကို ခံရပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ သင်သည် ဤအရာမှ မလွတ်မြောက်နိုင်သကဲ့သို့ ၎င်းတို့လည်း မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့အား ကမ္ဘာပေါ်ရှိ ဒုက္ခအားလုံးကို ရှောင်ကြဉ်ပြီး ကောင်းချီးအားလုံးကို ခံစားရရန် ကူညီလိုခြင်းသည် ကလေးဆန်သော ထင်ယောင်ထင်မှားဖြစ်မှုနှင့် မိုက်မဲသော အယူအဆတစ်ခုဖြစ်သည်။ လင်းယုန်တစ်ကောင်၏ အတောင်များသည် မည်မျှကျယ်ပြန့်ပါစေ လင်းယုန်ငယ်ကို သူ၏ ဘဝတစ်လျှောက်လုံးတွင် ကာကွယ်မပေးနိုင်ပေ။ လင်းယုန်ငယ်သည် နောက်ဆုံးတွင် အရွယ်ရောက်ပြီး တစ်ဦးတည်းပျံသန်းရမည့် အခြေအနေသို့ ရောက်လိမ့်မည်။ လင်းယုန်ငယ်က တစ်ကောင်တည်းပျံသန်းရန် ရွေးချယ်သောအခါ သူ၏ ကောင်းကင်တစ်ခွင်က မည်သည့်နေရာတွင် ရှိနိုင်သည်၊ သို့မဟုတ် မည်သည့်နေရာ၌ ပျံသန်းရန် ရွေးချယ်မည်ကို မည်သူမျှ မသိပေ။ ထို့ကြောင့် သားသမီးများ အရွယ်ရောက်ပြီးနောက် မိဘများအတွက် ဆင်ခြင်တုံတရားအရှိဆုံး သဘောထားမှာ လက်လွှတ်ရန်၊ သားသမီးများအား ဘဝကို ၎င်းတို့ဘာသာ တွေ့ကြုံခွင့်ပြုရန်၊ ၎င်းတို့အား အမှီအခိုကင်းစွာ နေထိုင်ခွင့်ပြုရန်၊ ဘဝတွင် အမျိုးမျိုးသော စိန်ခေါ်မှုများကို အမှီအခိုကင်းစွာ ရင်ဆိုင်ခွင့်၊ ကိုင်တွယ်ခွင့်၊ ဖြေရှင်းခွင့်ပြုရန် ဖြစ်သည်။ ၎င်းတို့က သင့်အား အကူအညီတောင်းပြီး သင်က ကူညီရန် အစွမ်းနှင့် အခြေအနေရှိလျှင် သင်သည် လက်ကမ်းကူညီပေးနိုင်ပြီး လိုအပ်သော အကူအညီကို ပေးနိုင်သည်မှာ မှန်သည်။ သို့ရာတွင် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်မှာ မည်သည့်အကူအညီကို သင်ပေးသည်ဖြစ်စေ၊ ငွေရေးကြေးရေးဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ယာယီသာဖြစ်နိုင်ပြီး မည်သည့်အဓိကပြဿနာကိုမျှ မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဘဝတွင် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို သွားလာရမည်။ ပြီးလျှင် ၎င်းတို့၏ မည်သည့်အရေးကိစ္စ၊ သို့မဟုတ် အကျိုးဆက်များကိုမဆို ထမ်းရွက်ရန် သင့်၌ ဝတ္တရားမရှိပေ။ ဤသည်မှာ မိဘများက အရွယ်ရောက်သော သားသမီးများအပေါ် ရှိသင့်သည့် သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) မိဘတွေက သားသမီးတွေကို မွေးဖွားပြီး အရွယ်ရောက်အောင် ပျိုးထောင်ပေးပြီးရင်၊ သူတို့တာဝန် ကျေပြီဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ အဲဒီနောက်မှာ၊ မိဘတွေက သားသမီးတွေကို လက်လွှတ်ပေးလိုက်သင့်ပြီး လောကကြီးထဲမှာ ကိုယ့်လမ်းကိုယ် ဖောက်ခွင့်ပေးပြီးတော့ ဘဝတစ်လျှောက်မှာ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်ခွင့်ပေးသင့်တယ်။ ဘဝကို သူတို့ဘာသာ ကြုံတွေ့ခံစားခွင့် ပေးသင့်တယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာအမျိုးမျိုးကို သူတို့ဘာသာ ရင်ဆိုင်ပြီး ဖြေရှင်းခွင့် ပေးသင့်တယ်။ သားသမီးတွေ အခက်အခဲရှိတဲ့အခါ၊ မိဘတွေမှာ အခြေအနေပေးပြီး လုပ်နိုင်စွမ်းရှိရင်၊ တကယ့်အခက်အခဲတွေကို ဖြေရှင်းဖို့ ကူညီပေးနိုင်ပါတယ်။ မိဘတွေမှာ အခြေအနေ မပေးဘူးဆိုရင်တော့ ဖြစ်သမျှအကြောင်း အကောင်းပဲဆိုပြီး လွှတ်ထားသင့်ပါတယ်။ လူတိုင်းက ဘုရားသခင် အမိန့်နဲ့ပြဋ္ဌာန်းထားတဲ့ လမ်းကြောင်းပေါ်မှာပဲ လျှောက်လှမ်းနေကြတာပါ။ မိဘတွေက သားသမီးတွေရဲ့ ကံကြမ္မာကို လုံးဝ လွှမ်းမိုးလို့ မရပါဘူး။ သားရဲ့ မင်္ဂလာကိစ္စနဲ့ပတ်သက်ရင်၊ ကျွန်မ သူ့ကို အိမ်ထောင်ပြုဖို့ ပိုက်ဆံပေးခဲ့ရင်တောင် အဲဒါက ယာယီပြဿနာကိုပဲ ဖြေရှင်းပေးနိုင်ခဲ့မှာပါ။ သူ့အိမ်ထောင်ရေး အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာကိုတော့ ဖြေရှင်းမပေးနိုင်ပါဘူး။ လင်းယုန်ကြီးရဲ့ အတောင်ပံတွေ ဘယ်လောက်ပဲ ကြီးပါစေ၊ သူ့သားပေါက်လေးတွေကို တစ်သက်လုံး ကာကွယ်မပေးနိုင်ပါဘူး။ သားသမီးတွေ အရွယ်ရောက်လာတဲ့အခါ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့အညီ၊ အမိန့်နဲ့ပြဋ္ဌာန်းထားခြင်းနဲ့အညီ သူတို့ရဲ့ အထူးတာဝန်ကို သူတို့ လုပ်ဆောင်ကြပါတယ်။ ဘဝမှာ သူတို့ကြုံတွေ့ရမယ့် ဆင်းရဲဒုက္ခနဲ့ ကြံ့ခိုင်အောင်ပုံသွင်းပေးတာတွေကို ဘယ်သူမှ ပြောင်းလဲပေးလို့ မရပါဘူး။ မိဘပဲဖြစ်ဖြစ်၊ သားသမီးပဲဖြစ်ဖြစ် လူတိုင်းမှာ ကိုယ်ပိုင် အထူးတာဝန် ရှိတယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ သူတို့အားလုံး သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကိုလိုက်စားသင့်ပါတယ်။ သူတို့ရထားတဲ့ အကန့်အသတ်ရှိတဲ့ အချိန်အတွင်းမှာ၊ သူတို့ရဲ့ အချိန်နဲ့ ခွန်အားကို ကိုယ့်တာဝန်ပေါ်မှာ အသုံးပြုပြီး ကိုယ့်အထူးတာဝန်ကို ပြီးစီးအောင် လုပ်သင့်ပါတယ်။ ဒါကသာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ တစ်ခုတည်းသော အရာပါ။ သားသမီးတွေရဲ့ မျှော်လင့်ချက်နဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ သက်သက်အတွက်နဲ့၊ မိဘတွေက သူတို့အတွက် စိုးရိမ်ပူပန်နေမယ်၊ ဒါမှမဟုတ် သားသမီးတွေရဲ့ ကျွန်အဖြစ် မနားမနေ ကြိုးစားလုပ်ကိုင်ပြီး ကိုယ့်တာဝန်တွေကို စွန့်လွှတ်လိုက်ရင် ဒါက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိတဲ့ ဘဝပါပဲ။ သူတို့ ဒီလို ဘယ်လောက်ပဲ လုပ်လုပ်၊ ဘုရားသခင်ရဲ့ အမှတ်ရတာကို မခံရနိုင်တဲ့အပြင် သားသမီးတွေရဲ့ ကံကြမ္မာကိုလည်း မပြောင်းလဲနိုင်ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်၊ ကျွန်မစိတ်က အရမ်း လင်းလက်သွားတယ်။ သားကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ အခု ကျွန်မ သိပါပြီ။ သူ အခက်အခဲတွေရှိတဲ့အခါ ကျွန်မ လုပ်နိုင်ရင် ကူညီပေးမယ်၊ မလုပ်နိုင်ရင်တော့ လက်လွှတ်လိုက်မယ်။ သူ့ဘဝကို သူဘာသာ ကြုံတွေ့ခံစားခွင့် ပေးမယ်။ ကျွန်မ လုပ်နိုင်တဲ့ အတိုင်းအတာအထိ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းပြီး ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ရမယ်။ ဒါက ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်ပါပဲ။

ကျွန်မက ရိုးရာယဉ်ကျေးမှုရဲ့ လွှမ်းမိုးတာ၊ ချည်နှောင်တာကို ခံခဲ့ရပြီး၊ ဇနီးကောင်း၊ မိခင်မွန် ဖြစ်ဖို့ လိုက်စားရင်းနဲ့ အများကြီး ဒုက္ခခံခဲ့ရတာပါ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နာကျင်မှုတွေကနေ လွတ်မြောက်စေခဲ့ပြီး၊ ဦးတည်ချက်နဲ့ လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းကို ရှာတွေ့အောင် ကူညီပေးခဲ့တာပါ။ သားကို ဆက်ဆံဖို့အတွက် အခု ကျွန်မမှာ စည်းမျဉ်းတွေ ရှိသွားပြီ၊ ကျွန်မဘဝက လွတ်လပ်ပြီး ပေါ့ပါးသွားပါပြီ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သားသမီးများအပေါ် အကြွေးတင်စိတ်အား ကျွန်မ စွန့်လွှတ်ခဲ့

ယီရှင်း၊ တရုတ်ပြည်၂၀၀၃ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ သခင်ယေရှုရဲ့ ပြန်ကြွလာတာကို...

ကျွန်မသမီးအတွက် ကျွန်မ၏ ချစ်ခြင်းမေတ္တာက စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလား

ချူးယန်၊ တရုတ်ပြည်ကျွန်မက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တာပါ။ ကျွန်မမိဘတွေက ပညာသိပ်မတတ်ကြတော့ မိုးလင်းမိုးချုပ် လယ်ထဲမှာ ပင်ပင်ပန်းပန်း...

မိဘတွေက သားသမီးတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သလား။

တရုတ်နိုင်ငံမှ၊ ကျိန်းချီအနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးနောက်မှာ လူသားတွေအနေနဲ့ ဘုရားသခင်ကို...

ကျွန်မရဲ့သားအပေါ်ထားတဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားပြီးတဲ့နောက်

ချန်မော့၊ တရုတ်ပြည်ကျွန်မက ပညာတတ်မိသားစုတစ်စုမှာ မွေးဖွားခဲ့တာပါ။ ကျွန်မမိဘတွေက “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။