မုသားပြောခြင်း၏ ဒုက္ခ

13.12.2022

ညီချန်း မြန်မာနိုင်ငံ

၂၀၁၉ အောက်တိုဘာမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါတယ်။ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေက သူတို့အတွေ့အကြုံနဲ့ နားလည်မှုတွေကို မိတ်သဟာယဖွဲ့နိုင်တာ ကျွန်တော် တွေ့ရတယ်။ သူတို့က ဒွိဟတွေမရှိဘဲနဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို ဖွင့်ပြောနိုင်ကြတယ်။ ကျွန်တော်က အရမ်းမနာလိုဖြစ်တာပေါ့။ ကျွန်တော်လည်း ရိုးသားသူတစ်ယောက်ဖြစ်ချင်တယ်။ သူတို့လိုမျိုးပဲ အလွယ်လေး ဖွင့်ပြောချင်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်က ရိုးရိုးသားသားကို မပြောနိုင်ဘူး။ တစ်ခါတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို မေးတယ်။ “မင်းက ငယ်သေးတယ်။ ကျောင်းသားပဲရှိသေးတာလား” တဲ့။ အမှန်ကတော့ ကျွန်တော် ကျောင်းသားမဖြစ်တာ တော်တော်ကြာပြီ။ စားသောက်ဆိုင်တစ်ခုမှာပဲ အချက်အပြုတ်နဲ့ သန့်ရှင်းရေးလုပ်တယ်။ ဒါပေမဲ့ သူများတွေက ဒါကိုသိသွားတာနဲ့ ကျွန်တော့်ကို အထင်သေးမှာ ကြောက်မိတယ်။ အဲဒါနဲ့ ကျောင်းသားပဲရှိသေးတယ်လို့ ပြောလိုက်တယ်။ ဒီလိုပြောပြီးတာနဲ့ ကျွန်တာ်က ဒါကို သိပ်မတွေးတော့ဘဲ ထားထားလိုက်တော့တယ်။ တစ်နေ့တော့ သက်သေခံချက်ဗီဒီယိုတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့တယ်။ အဲဒီအပိုဒ်အကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ်သုံးသပ်မိသွားတယ်။ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားသခင်က ရိုးသားတဲ့လူတွေကို နှစ်သက်တယ်၊ ရိုးသားသူတွေက ဘုရားကို အလွယ်တကူ ဖွင့်ပြောနိုင်တယ်၊ သူတို့ပြောတဲ့၊ လုပ်တဲ့အရာတွေမှာ ပြတ်သားတယ်၊ ဘုရားကိုရော၊ တခြားလူတွေကိုပါ လှည့်စားဖို့ မကြိုးစားဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး ကျွန်တော် နားလည်သွားတယ်။ ဒါပေမဲ့ ကျွန်တော်ကကျတော့ သူများတွေက ကျွန်တော့်ကို “မင်း ကျောင်းသားပဲရှိသေးတာလား” မေးတော့ ဘုရားရှေ့မှာ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ မပြောနဲ့၊ အထင်သေးခံရမှာကြောက်လို့ အမှန်အတိုင်းတောင် မပြောနိုင်ခဲ့ဘူး။ ကျွန်တော်က လုံးဝ မရိုးသားခဲ့ပါဘူး။ အဲဒါနဲ့ ကျွန်တော်က တခြားလူတွေကို ဖွင့်ပြောချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို လှောင်ကြမှာကြောက်မိတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာလည်း ထုတ်မပြောရင် ကျွန်တော်က တော်တော်ကို စိတ်မအေးနိုင်ဘူး။ အဲဒါနဲ့ အမှန်အတိုင်းပြောပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်အောင် ကျွန်တော့်ကို ကူညီပေးဖို့ ဘုရားဆီ တောင်းလျှောက်ဆုတောင်းခဲ့တယ်။ နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ ကျွန်တော့်ရဲ့ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြောပြီး ကျွန်တော့်ရဲ့ မုသားတွေနဲ့ လှည့်စားမှုတွေကို ဖော်ထုတ်ပြလိုက်တယ်။ သူများတွေက ကျွန်တော့်ကို အထင်မသေးရုံမကဘဲ ကျွန်တော့် အတွေ့အကြုံက ကောင်းတယ်ဆိုတဲ့ စာတွေတောင် ပို့တယ်။ ဒါကြောင့် ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကျွန်တော် ပိုပြီး ယုံကြည်မှုရှိသွားတာပေါ့။ ဒီဖြစ်ရပ်မှာ ရိုးသားသူတစ်ယောက်ဖြစ်ဖို့၊ အမှန်အတိုင်းပြောဖို့ လက်တွေ့လုပ်ပေမဲ့ ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို သတိမထားမိသေးဘူး။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားနဲ့ဆိုင်တာတွေနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ် အယောင်ဆောင်ဖို့အတွက် လှည့်စားတဲ့ စိတ်သဘောထားကို မဖော်ပြဘဲ မနေနိုင်ဖြစ်နေတုန်းပဲ။

နောက်ပိုင်းတော့ ကျွန်တော်က တရားဟောဆရာအဖြစ် အရွေးခံရပြီး အသင်းတော်သုံးခုရဲ့အလုပ်အတွက် တာဝန်ယူရတယ်။ တွဲဖက်အမှုဆောင်အစည်းအဝေးမှာ ခေါင်းဆောင်တစ်ယောက်က အသင်းတော်တစ်ခုစီမှာ လူသစ်တွေကို ဘယ်လိုရေလောင်းတယ်၊ တချို့လူသစ်တွေက ဘာလို့ ကောင်းကောင်းမပံ့ပိုးခံရသလဲဆိုတာတွေရဲ့ အသေးစိတ်အချက်တွေကို သိချင်တယ်။ ကျွန်တော် နည်းနည်းပျာယာခတ်လာတယ်။ အသင်းတော်တစ်ခုမှာပဲ အခြေအနေဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်သိပြီး တခြားနှစ်ခုကို မသိလို့လေ။ ဒီတော့ ငါ ဘာပြောရမှာလဲ ပေါ့။ အမှန်အတိုင်းပြောလိုက်ရင် လူတိုင်းက ငါ့ကို ဘယ်လိုထင်မလဲ။ ကျွန်တော်က ဒါကိုတောင် ကောင်းကောင်း နားမလည်ရင် တရားဟောဆရာ လုပ်နိုင်ပါ့မလားဆိုပြီး သူတို့တွေးကြမှာလား။ ကျွန်တော်က တကယ့်အလုပ်ကို မလုပ်ဘူး၊ ဒီတာဝန်ကို လုပ်နိုင်စွမ်းမရှိဘူးလို့ ပြောကြမှာလားပေါ့။ ကျွန်တော်က အပြောင်းခံရတာ၊ အထုတ်ခံရတာဖြစ်ရင် အရမ်းရှက်ဖို့ကောင်းမှာပဲပေါ့။ ကျွန်တော် ထွက်ပဲပြေးလိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော် စောစောထွက်လိုက်ရင် တကယ့်အလုပ်မလုပ်တာကို သူတို့တွေ့သွားမှာစိုးမှန်း လူတိုင်းက သိသွားမှာပဲ။ အဲဒါနဲ့ တခြားတရားဟောဆရာတွေက သူတို့တာဝန်ယူရတဲ့ အလုပ်အကြောင်းပြောနေတုန်းမှာ ကျွန်တော်က တခြားရွေးစရာမရှိဘဲ ဆက်နေပြီး နားထောင်နေလိုက်ရတယ်။ ကျွန်တော်က မျောက်မီးခဲကိုင်သလိုဖြစ်နေပြီး ဘာလုပ်ရမှန်းမသိဘူး။ ခေါင်းဆောင်က ကျွန်တော့်နာမည်ကို ခေါ်တော့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားပြီး သူ့ကိုမကြားသလို ဟန်ဆောင်လိုက်တယ်။ “ဘာပြောလိုက်တာလဲ” ပေါ့။ ခေါင်းဆောင်ကပြောတယ်။ “ကျွန်တော်တို့က လူသစ်တွေကို ရေလောင်းတဲ့အကြောင်းပြောနေတာပါ။ အစ်ကို့ရဲ့လူသစ်တွေအကြောင်း ပြောပြလို့ရမလား” တဲ့။ ကျွန်တော့်ရင်ဘတ်ကနေ နှလုံးပွင့်ထွက်တော့မလို ခံစားရတယ်။ ကျွန်တော်သိတဲ့ အသင်းတော်အကြောင်းကို အရင်ပြောပြဖို့က လွဲပြီး ရွေးစရာမရှိဘူးလေ။ ဒါပေမဲ့ တခြားအသင်းတော်နှစ်ခုအကြောင်းကို ကျွန်တော် မပြောချင်ဘူး။ ဒါပေမဲ့ ကျွန်တော်က နောက်ဆက်တွဲလိုက်မလုပ်တာကို လူတိုင်းသိသွားမှာ ကြောက်တော့ အံကြိတ်ပြီး ညာလိုက်တယ်။ “ဒုတိယအသင်းတော်က လူသစ်တော်တော်များများက ကောင်းကောင်း ပံ့ပိုးမခံရဘူး။ ကပ်ရောဂါကြောင့် သူတို့နဲ့ တွေ့လို့မရဘူး။ ဒီတစ်ချိန်လုံးမှာ တခြားအသင်းတော်နှစ်ခုရဲ့အလုပ်ကို ကျွန်တော် နောက်ဆက်တွဲလုပ်နေရလို့ တတိယအသင်းတော်ရဲ့ အခြေအနေကို သိပ်သေချာမသိဘူး” ပေါ့။ ဒီလိုပြောပြီးတော့ ကျွန်တော် တော်တော် စိတ်မချမ်းမသာဖြစ်တယ်။ ပြီးတော့ ကျွန်တော်လိမ်တာကို လူတိုင်း ရိပ်စားမိမှာကို တော်တော်ကြောက်မိတယ်။ ဒါဆိုရင် ပိုပြီးတော့တောင် ရှက်စရာကောင်းမှာလေ။ စုဝေးပွဲတစ်ချိန်လုံးမှာ ကျွန်တော် နေမထိထိုင်မထိ ဖြစ်နေခဲ့ပြီး၊ ပြီးသွားတော့မှပဲ သက်ပြင်းချနိုင်တယ်။ ကျွန်တော်အံ့ဩသွားရတာက နောက်တော့ ခေါင်းဆောင်က ကျွန်တော့်ကို ဖုန်းခေါ်ပြီး မေးတယ်။ “ကပ်ဘေးကြောင့် ကောင်းကောင်းပံ့ပိုးမပေးရတဲ့ အဲဒီလူသစ်နှစ်ယောက်နဲ့ပတ်သက်ပြီး သူတို့ကို ဖုန်းဆက်၊ မေးကြည့်ဖို့ ရေလောင်းအမှုထမ်းတွေကို ပြောခဲ့လား” တဲ့။ ခေါင်းဆောင်ရဲ့ မေးခွန်းကြောင့် ကျွန်တော် အကျပ်ရိုက်သွားတယ်။ အခြေအနေ အသေးစိတ်ကို ကျွန်တော် မသိဘူးလေ။ အမှန်အတိုင်းပြောလိုက်ရင် ကျွန်တော် လိမ်ခဲ့တာကို ခေါင်းဆောင်က သိသွားမှာ မဟုတ်ဘူးလား။ ကျွန်တော် မသိဘူးလို့ မပြောနိုင်ခဲ့ဘူး။ အဲဒါနဲ့ ဆက်ပြီးတော့ပဲ လိမ်လိုက်တယ်။ “ကျွန်တော် ဒီအကြောင်းကို သူတို့ကို ပြောပေမဲ့၊ တချို့လူသစ်တွေက ဖုန်းမကိုင်ဘူး” ပေါ့။ အဲဒီမှာ ခေါင်းဆောင်က “ဘယ်လူသစ်တွေလဲ” လို့မေးတယ်။ ကျွန်တော် ကိုယ့်ဘာသာ စဉ်းစားတယ်။ “ခေါင်းဆောင်က ငါလိမ်တာကို သူသိသွားလို့ ဆက်ပြီးမေးနေတာလား” ပေါ့။ ကျွန်တော် အမြန်ပြန်ပြောလိုက်တယ်။ “ဘုရားအမှုတော်ကို လက်ခံတာ မကြာသေးတဲ့သူတွေလို့ ထင်တယ်” ပေါ့။ ကျွန်တော် ကောင်းကောင်းရှင်းမပြနိုင်တာကို မြင်တော့ ခေါင်းဆောင်က “အင်း သိတဲ့အခါကျရင် ကျွန်တော့်ကို ပြောပါ” ဆိုပြီး ပြောတယ်။ ကျွန်တော် ဖုန်းချပြီးတဲ့အခါ တော်တော်အပြစ်ရှိသလို ခံစားရတယ်။ ထပ်ပြီး လိမ်ညာ၊ လှည်စားမိပြန်ပြီလေ။ ဒီတော့ ပထမမုသားကိုဖုံးဖို့ မုသားတွေ ဆက်တိုက်သုံးရတာပေါ့။ တခြားမုသားတွေကို ဖုံးဖို့ မုသားတွေသုံးရတာ ဘယ်လောက် ဗျာများနေရမလဲ။ စုဝေးပွဲကို ပြန်စဉ်းစားကြည့်တော့ တရားဟောဆရာတစ်ယောက်ကပြောတယ်။ သူတာဝန်ယူရတဲ့ အသင်းတော်သုံးခုမှာ တစ်ခုကို သူမစစ်ဆေးရသေးဘူးတဲ့။ သူက အမှန်အတိုင်းပြောနိုင်တယ်။ ဒါဆို ဘာကြောင့် ကျွန်တော်က ရိုးသားတဲ့စကားတစ်ခွန်းကို မပြောနိုင်ရတာလဲ။ ဒီလို လိမ်ညာတာ၊ လှည့်စားတာ၊ မဟုတ်တဲ့ပုံစံဖမ်းတာက အမှန်တရားကို ဖုံးကွယ်နိုင်မှာ မဟုတ်ဘူးလေ။ ဘုရားက အားလုံးကို စိစစ်တယ်။ ကျွန်တော်က အနှေးနဲ့အမြန် ဖော်ထုတ်ပြီး ဖွင့်ပြခံရမှာပဲ။ အဲဒါနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် ဒီနေ့ စုဝေးပွဲမှာ ခေါင်းဆောင်က အလုပ်အကြောင်း မေးမြန်းတော့ ကျွန်တော် အမှန်အတိုင်းမပြောဘဲ လိမ်ညာခဲ့ပါတယ်။ ကျွန်တော် တကယ့်အလုပ် မလုပ်တာကို လူတိုင်းကသိသွားရင် ကျွန်တော့်ကို အထင်သေးမှာ ကြောက်ခဲ့ပါတယ်။ ဘုရားသခင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်သိပြီး ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်ဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။

နောက်ကျတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် အဓိပ္ပာယ်မရှိသော၊ မမှန်ကန်သော၊ မသိနားမလည်သော၊ မိုက်မဲသော၊ ကျိုးကြောင်းပြပြောဆိုသောအရာများစွာကို ပြောဆိုကြသည်။ အခြေခံအကြောင်းရင်းမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်၏ ဘဝင်မြင့်မှုကို ဖြည့်ဆည်းရန်အတွက်လည်းကောင်း ဤအရာများကို ပြောဆိုကြသည်။ ဤမုသားများကို ၎င်းတို့ ဖွင့်ဟခြင်းသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်ထွက်လာခြင်းဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းခြင်းသည် သင်၏ စိတ်နှလုံးကို သန့်စင်စေလိမ့်မည်ဖြစ်ပြီး၊ ဤသို့ဖြင့် သင့်အား ပို၍ပင် သန့်စင်စေပြီး အစဉ်ပို၍ ရိုးသားစေလိမ့်မည်။ အမှန်တကယ်တွင် လူတို့အားလုံးသည် ၎င်းတို့က အဘယ်ကြောင့် မုသားများကို ပြောဆိုကြသည်ကို သိကြသည်။ ယင်းသည် ၎င်းတို့၏ အကျိုးစီးပွား၊ ဂုဏ်သိက္ခာ၊ မာန်မာနနှင့် အဆင့်အတန်းအတွက်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် နှိုင်းယှဉ်ရာတွင် မိမိတို့၏လုပ်နိုင်ရည်စွမ်းထက် ကြိုးစားဆောင်ရွက်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏ မုသားများကို အခြားသူများက မြင်သာပြီး ရိပ်စားမိကြကာ၊ အကျိုးဆက်မှာ မျက်နှာပျက်ရပြီး၊ သိက္ခာကျကာ၊ ဂုဏ်မဲ့ရလေသည်။ ဤသည်မှာ အလိမ်အညာများလွန်းခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် အလွန် လိမ်ညာသည့်အခါတွင်၊ သင်ပြောသမျှ စကားတိုင်းသည် ညစ်ညမ်းနေသည်။ ယင်းမှာ အမှားချည်းသာဖြစ်ပြီး၊ ယင်းတို့ထဲမှ တစ်ခုမျှသည် မမှန်ကန်နိုင်ပေ၊ သို့မဟုတ် အဖြစ်မှန် မဟုတ်နိုင်ပေ။ သင်လိမ်သည့်အချိန်တွင် သင်မျက်နှာမပျက်ရသော်ငြားလည်း၊ သင်၏စိတ်ထဲတွင် ရှက်ဖွယ်ကောင်းသည်ဟု ခံစားနှင့်ပြီးဖြစ်သည်။ သင်၏ အသိစိတ်က သင့်ကို အပြစ်တင်သည်ကို သင်ခံစားရလိမ့်မည်၊ ပြီးလျှင် သင်သည် သင့်ကိုယ်သင် ရွံရှာပြီး အထင်သေးလိမ့်မည်။ ‘ငါသည် အဘယ်ကြောင့် အလွန် သနားဖွယ်ကောင်းစွာ အသက်ရှင်နေသနည်း။ ရိုးသားသည့်အရာတစ်ခုပြောဖို့ အမှန်တကယ် အလွန် ခက်ခဲသလော။ ဂုဏ်သိက္ခာသက်သက်အတွက် ငါဤမုသားများကို ပြောဖို့လိုသလော။ ဤနည်းလမ်းဖြင့် အသက်ရှင်ရသည်မှာ အဘယ်ကြောင့် အလွန် ပင်ပန်းလှသနည်း’ သင်သည် မပင်ပန်းသော နည်းလမ်းတစ်ခုဖြင့် အသက်ရှင်နိုင်ပေသည်။ ရိုးသားသည့်သူတစ်ဦးဖြစ်ဖို့ သင် လက်တွေ့လုပ်ဆောင်လျှင်၊ သင်သည် အလွယ်တကူနှင့် လွတ်လပ်စွာ အသက်ရှင်နိုင်သည်၊ သို့ရာတွင် သင်၏ ဂုဏ်သိက္ခာနှင့် မာန်မာနတို့ကို ကာကွယ်ဖို့ လိမ်ညာရန် သင် ရွေးချယ်သည့်အခါ၊ သင်၏ဘဝသည် အလွန် ပင်ပန်းပြီး နာကျင်လှသည်၊ ယင်းက မိမိဘာသာမိမိရသော နာကျင်မှု ဖြစ်သည်။ အလိမ်အညာများ ပြောခြင်းမှ သင် ရရှိသည့် ဂုဏ်သိက္ခာမှာ အဘယ်နည်း။ ယင်းမှာ အနှစ်သာရမဲ့သော အရာတစ်ခု၊ လုံးလုံး တန်ဖိုးမရှိသော အရာတစ်ခု ဖြစ်သည်။ သင် လိမ်ညာသည့်အခါ၊ သင်သည် မိမိ၏ကိုယ်ပိုင် စရိုက်နှင့် သိက္ခာတို့ကို ဇာတိရုပ်ပြခြင်း ဖြစ်သည်။ ဤအလိမ်အညာများသည် လူများအား ၎င်းတို့၏သိက္ခာကို ဆုံးရှုံးစေသည်၊ ၎င်းတို့၏ စရိုက်ကို ဆုံးရှုံးစေပြီး၊ ဘုရားသခင်က ၎င်းတို့အား သဘောမကျစရာနှင့် မုန်းတီးစရာအဖြစ် မြင်လေသည်။ ယင်းမှာ ထိုက်တန်သလော။ လုံးဝ မထိုက်တန်ပါ။ ဤသည်မှာ မှန်ကန်သောလမ်းကြောင်းဖြစ်သလော။ မဟုတ်ပေ။ မကြာခဏ လိမ်ညာသည့်သူများသည် မိမိတို့၏ ဆိုးယုတ်သော စိတ်သဘောထားများနှင့် စာတန်၏အုပ်စိုးမှုအောက်တို့တွင် ပိတ်မိလျက် အသက်ရှင်နေကာ၊ အလင်းရောင်၌ဖြစ်စေ၊ ဘုရားသခင်၏ ရှေ့မှောက်၌ဖြစ်စေ အသက်ရှင်နေခြင်း မဟုတ်ပေ။ သင်သည် လိမ်ညာဖို့နည်းလမ်းကို မကြာခဏ စဉ်းစားဖို့လိုသည်၊ ပြီးလျှင် သင်လိမ်ညာပြီးသည့်နောက်တွင် ယင်းကို မည်သို့ဖုံးကွယ်ရမည့်အကြောင်း သင်တွေးတောဖို့ လိုအပ်သည်၊ ပြီးလျှင် ယင်းကို သင်ကောင်းစွာ ဖုံးကွယ်ခြင်း မရှိပါက၊ အလိမ်ပေါ်သွားလိမ့်မည် ဖြစ်သည်၊ သို့ဖြစ်၍ ဖုံးကွယ်ဖို့အတွက် သင် ဦးနှောက်ခြောက်ခံ စဉ်းစားရန် လိုအပ်ပေသည်။ ဤသည်မှာ အသက်ရှင်ရန် ပင်ပန်းသော နည်းတစ်ခုမဟုတ်လော။ ပင်ပန်းလွန်းသည်။ ယင်းသည် ထိုက်တန်သလော။ လုံးဝ မထိုက်တန်ပေ။ မာန်မာနနှင့် ဂုဏ်အဆင့်အတန်းအတွက် သက်သက်ဖြင့် လိမ်ညာပြီး ဖုံးကွယ်ဖို့အတွက် ဦးနှောက်ခြောက်ခံစဉ်းစားခြင်းသည် မည်သည့်အဓိပ္ပာယ်နည်း။ အဆုံးတွင် သင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ စဉ်းစားပြီး သင့်ကိုယ်သင် ပြောလိမ့်မည်။ ‘အဘယ်ကြောင့် ငါ့ကိုယ်ငါ ဤသို့ပြုရသနည်း။ လိမ်ညာပြီး ဖုံးကွယ်ရန်မှာ ပင်ပန်းလွန်းသည်။ အမှုအရာများကို ဤသို့ပြုလုပ်ခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ရန်မှာ ပို၍ လွယ်ကူသည်။’ သင်သည် ရိုးသားသောသူတစ်ယောက် ဖြစ်လိုသော်လည်း သင်၏ သိက္ခာ၊ မာန်မာနနှင့် အကျိုးစီးပွားများကို သင် လက်မလွှတ်နိုင်ပေ။ သင်သည် ဤအရာများကို ကာကွယ်ရန် လိမ်ညာပြီး မုသားများကိုသာ အသုံးပြုနိုင်မည်။...မုသားများကို အသုံးပြုခြင်းသည် သင် ဆန္ဒရှိသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ မာန်မာနတို့ကို ကာကွယ်နိုင်သည်ဟု သင် ထင်ကောင်းထင်နိုင်သည်။ သို့သော် ဤသည်မှာ ကြီးမားသော အမှားဖြစ်သည်။ မုသားများသည် သင်၏ မာန်မာနနှင့် တစ်ကိုယ်ရေ ဂုဏ်သိက္ခာကို မကာကွယ်နိုင်ရုံမကဘဲ ပို၍ အရေးကြီးသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူတစ်ယောက်ဖြစ်ရန် အခွင့်အရေးကိုလည်း သင့်ကို လွဲချော်စေသည်။ ထိုအချိန်တွင် သင်က သင့်ဂုဏ်သတင်းနှင့် မာန်မာနကို ကာကွယ်လျှင်ပင် သင်ဆုံးရှုံးသည့်အရာမှာ သမ္မာတရားဖြစ်ပြီး ဘုရားသခင်ကို သင် သစ္စာဖောက်သည်။ ဤသည်မှာ သင်က ဘုရားသခင်၏ ကယ်တင်ခြင်းကို ရပြီး စုံလင်ခြင်းခံရရန် အခွင့်အလမ်းကို လုံးဝ ဆုံးရှုံးရသည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အကြီးမားဆုံး ဆုံးရှုံးမှုနှင့် ထာဝရနောင်တတစ်ခုဖြစ်သည်။ လှည့်စားသောလူတို့သည် ဤအရာကို မည်သည့်အခါမျှ ရှင်းရှင်းလင်းလင်း မမြင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့် အခြေအနေကို ထုတ်ဖော်ပြတယ်။ ခေါင်းဆောင်က အသင်းတော်တစ်ခုစီရဲ့ ရေလောင်းတဲ့ အခြေအနေကို သိချင်ခဲ့တယ်။ ဒါက ရိုးရှင်းတဲ့ ကိစ္စဆိုတာ ရှင်းပါတယ်။ အမှန်အတိုင်းပြောလိုက်ဖို့က ဘာမှဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ဒါက အရမ်းခက်ခဲနေတယ်။ ကျွန်တော်က စိုးရိမ်မှုတွေ ပြည့်နေပြီး ခေါင်းဆောင်နဲ့ တခြားတရားဟောဆရာတွေက အမှန်ကို သိသွားရင် ကျွန်တော့်ကို အထင်သေးမှာ၊ ကျွန်တော်က တကယ့်အလုပ်မလုပ်ဘူး၊ ဒီကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘူးလို့ ပြောမှာ ကို ကြောက်နေခဲ့တယ်။ ကျွန်တော် အထုတ်ခံရရင် ရှက်စရာကောင်းမှာပဲ ပေါ့။ ကျွန်တော့်ရဲ့ ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ သူများတွေ ကျွန်တော့်အပေါ်ရှိတဲ့ ကောင်းတဲ့အမြင်ကို ကာကွယ်ဖို့ အသင်းတော်တစ်ခုကိုပဲ ကောင်းကောင်းနားလည်တဲ့အချိန်မှာ အသင်းတော်နှစ်ခုကို စစ်ဆေးခဲ့တယ်လို့ လိမ်ညာခဲ့တယ်။ ဒုတိယအသင်းတော်ရဲ့ အသေးစိတ်အချက်တွေထိတောင် သွားပြီးတော့ ကပ်ဘေးကြောင့်မို့လို့ အဲဒီက လူသစ်တွေက ပံ့ပိုးတာ မခံရဘူးလို့ ပြောခဲ့တယ်။ ဒါက မျက်နှာပြောင်တိုက်ပြီး လိမ်တာပဲမဟုတ်ဘူးလား။ လူသစ်တွေကိုခေါ်ဖို့ ရေလောင်းအမှုထမ်းတွေကို ကျွန်တော် ပြောခဲ့လားဆိုတာ ခေါင်းဆောင်ကမေးတော့ ကျွန်တော် ခုလေးတင် ပြောခဲ့တဲ့ မုသားအကြောင်းကို ခေါင်းဆောင်သိသွားမှာစိုးပြီး ပထမမုသားကို ဖုံးဖို့ ဒုတိယမုသားကို လုပ်ခဲ့တယ်။ ပြီးတော့ သူ့ကို နှပ်ချဖို့အတွက် ဆင်ခြေတစ်ခုပေးခဲ့တယ်။ ကျွန်တော့်နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် တခြားမုသားကို ဖုံးကွယ်ဖို့ နောက်ထပ်မုသားတစ်ခု အသုံးပြုတယ်။ ကျွန်တော်က တကယ်ကို လှည့်စားတတ်ပါတယ်။ ကျမ်းစာထဲမှာ မှတ်သားထားတဲ့ ဘုရားနဲ့စာတန်ကြားက စကားတွေအကြောင်း ကျွန်တော် တွေးမိတယ်။ စာတန်ကို ဘယ်ကနေလာသလဲလို့ ဘုရားကမေးတော့ စာတန်က ပြန်ပြောတယ်။ “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု။” (ယောဘ ဝတ္ထု ၁:၇) စာတန်က အရမ်း ဉာဏ်များတယ်။ ဘုရားမေးတာကို တိုက်ရိုက်မဖြေဘဲ လှည့်ပတ်ကွေ့ကောက်ပြီးပြောတယ်။ စာတန်ဘယ်ကလာတယ်ဆိုတာ ပြောဖို့ မဖြစ်နိုင်ဘူး။ သူ့ပါးစပ်က မုသားတွေနဲ့ ပြည့်နေပြီး ဘယ်တော့မှ ရိုးရိုးသားသားမပြောဘူး။ မပြတ်မသား၊ မရေမရာနဲ့ပဲ အမြဲတမ်းပြောတယ်။ ကျွန်တော်က လိမ်ညာ လှည့်စားနေတော့ စာတန်နတ်ဆိုးနဲ့ အတူတူပဲမဟုတ်ဘူးလား။ ခေါင်းဆောင်သိချင်တဲ့ အလုပ်အကြောင်းကို ကျွန်တော် ဖြေပေးခဲ့ပေမဲ့ အကုန်လုံးက မုသားတွေ၊ လှည့်စားတာတွေပဲ။ ခေါင်းဆောင်က ကျွန်တော့်အဖြေကို ကြားတော့ ကျွန်တော်တာဝန်ယူရတဲ့ ရေလောင်းအလုပ်ရဲ့ အခြေအနေ အတိအကျကို မရှင်းမလင်း ဖြစ်သေးတယ်။ ကျွန်တော်က ကောင်းကောင်း နောက်ဆက်တွဲလိုက်လုပ်သလားဆိုတာကို သူ အကဲမဖြတ်နိုင်ဘူး။ တကယ်တော့ ဒီလိုမျိုး ကျွန်တော် လိမ်ညာ၊ လှည်စားတာက ကျွန်တော့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ယာယီ ထိန်းပေးပေမဲ့၊ ကျွန်တော် တကယ်ဆုံးရှုံးသွားတာက ကျွန်တော့်ဣန္ဒြေ၊ သိက္ခာနဲ့ သူများတွေရဲ့ ယုံကြည်မှုပဲ။ ဒီလိုဆက်သွားနေရင် ကျွန်တော်က ရိုးသားသူမဟုတ်ဘူး၊ မယုံကြည်ထိုက်ဘူးဆိုတာ လူတိုင်းက အနှေးနဲ့အမြန် သိမှာပဲ။ ဘယ်သူမှ ကျွန်တော့်ကို ယုံမှာမဟုတ်ဘူး။ ပြီးရင် ဘုရားသခင်က ကျွန်တော့်ကို ယုံမှာမဟုတ်ဘူး။ ဒါဆို ကျွန်တော်က ဣန္ဒြေနဲ့ သိက္ခာလုံးဝ ကင်းမဲ့သွားမှာမဟုတ်ဘူးလား။ ကျွန်တော်က မိုက်မဲတာဖြစ်နေမှာမဟုတ်ဘူးလား။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ “လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ လိမ်လည်လှည့်ဖြားသော လူများကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်စားသောလူတို့ကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်နည်းလမ်း၊ ၎င်းတို့၏ စိတ်သဘောထား၊ ရည်ရွယ်ချက်များ၊ ၎င်းတို့၏ လှည့်စားသည့်နည်းလမ်းတို့ကို မနှစ်သက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က မနှစ်သက်ပေ။ လှည့်စားတတ်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ လှည့်စားသော စိတ်သဘောထားများကို အသိအမှတ်ပြုပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ လိုလားလျှင် လူအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဆက်ဆံပြီး သမ္မာတရားက လူအားလုံးကို ညီတူညီမျှဆက်ဆံသည့်အတွက်၊ ၎င်းတို့သည်လည်း ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင် အလွန်ချစ်ခင်သောသူများ ဖြစ်လိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ ကျွန်မတို့ဖြစ်တည်မှု၏ စည်းမျဉ်းများကို ပြောင်းလဲခြင်းဖြစ်သည်။ စာတန်၏ အတွေးအခေါ်များနှင့်အညီ အသက်ရှင်၍ မရတော့ပေ။ မုသားများ၊ လှည့်စားမှုများနှင့် နေ၍ မရတော့ပေ။ မုသားအားလုံးကို နောက်တွင် ချန်ရစ်ထားပြီး ရိုးသားရမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် လူတို့ကြားတွင်နေထိုင်ရန်အတွက် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်စားမှုတို့ကို အစဉ် အားကိုးပြီး ဆိုးယုတ်သော အတွေးအခေါ်များကို မိမိတို့ကိုယ်ကို ပြုမူဆောင်ရွက်သော လူ့ဘဝနှင့်ဆိုင်သော အခြေခံ၊ ဘဝ၊ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် ရွံ့မုန်းသောအရာတစ်ခု ဖြစ်သည်။ မယုံကြည်သူများကြားတွင် သင်က ပွင့်လင်းစွာပြောဆိုလျှင်၊ အမှန်တရားကို ပြောလျှင်၊ ရိုးသားသောသူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသေရဖျက်ခံရမည်။ ဝေဖန်အပြစ်တင်ခံရပြီး ငြင်းပယ်ခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ ဆိုးယုတ်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် မသိမသာ အန္တရာယ်ဖြစ်စေသောနည်းများကို အသုံးပြုဖို့လည်း သင်ယူသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့သည်အထိ အပြစ်ထဲသို့ ပိုပို၍ နှစ်မြုပ်သည်။ အမှုအရာများသည် ဘုရားသခင်၏ အိမ်တော်တွင် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ သင် လိမ်ညာပြီး လှည့်စားလေလေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို စိတ်ကုန်ပြီး ငြင်းပယ်လေဖြစ်သည်။ သင်က နောင်တရရန် ငြင်းဆန်ပြီး ဆိုးယုတ်သော အတွေးအခေါ်များနှင့် ယုတ္တိများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ သင့်ကိုယ်သင် အယောင်ဆောင်ပြီး ဟန်လုပ်ရန်အတွက် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများကို အသုံးပြုပြီး အကြံအစည်များကို အသေးစိတ်စီစဉ်လျှင် သင်သည် ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရဖို့ အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ ဘုရားသခင်က လှည့်စားသောသူများကို မုန်းတီးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်သည်။ လှည့်စားသောသူတို့သည် နောက်ဆုံးတွင် ငြင်းပယ်ခံရပြီး စွန့်ပစ်ခံရလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ ထို့ကြောင့် သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး သင်၏ သရုပ်မှန်ကို ပြသခြင်းမရှိလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားက လှည့်စားတဲ့လူတွေကို မနှစ်သက်ဘူး၊ မကယ်တင်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကို တွေးပြီးတော့ ကျွန်တော် သဘောပေါက်သွားတယ်။ ဒါဟာ သူတို့က စာတန်နဲ့ သက်ဆိုင်တာကြောင့်ပဲ။ လှည့်စားတဲ့လူတွေက သူတို့လုပ်သမျှမှာ သစ္စာမဲ့မှုတွေ၊ လှည့်ကွက်တွေ သုံးတယ်။ ရိုးသားမှုမရှိဘဲ စကားပြောတယ်။ ဒါတွေအားလုံးက သူတို့ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့သက်သက်ပဲ။ ဒီလူတွေမှာရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ သုံးတဲ့နည်းလမ်းတွေက ဘုရားအတွက် စက်ဆုပ်ရွံရှာစရာပဲ။ ကျွန်တော်က ဘုရားကို ယုံကြည်ပေမဲ့ ဘာသမ္မာတရားကိုမှ မရသေးဘူး။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့ လူတစ်ဦးသည် သူ၏ မျက်နှာအတွက် အသက်ရှင်၏” ဆိုတာမျိုး ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ ရှင်သန်နေတုန်းပဲ။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေက ကျွန်တော့် စိတ်နှလုံးထဲမှာ အမြစ်တွယ်၊ အမြင်မှားစေပြီး ကျွန်တော့်ကို ဖျက်ဆီးနေခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်ကိုလိုက်တဲ့လမ်းကြောင်းကို လျှောက်စေတယ်။ လူတွေက ကိုယ့်အတွက်ကိုယ် အသက်ရှင်သင့်တယ်၊ သူများတွေကြားမှာ ထင်ပေါ်သင့်တယ်၊ နာမည်ကြီးပြီး အကျိုးအမြတ်ရသင့်တယ်၊ အဲဒီအခါကျမှ လူတစ်ယောက်က အထင်သေးမခံရမှာလို့ ကျွန်တော် ထင်ခဲ့တယ်။ လူတစ်ယောက်က လုံးဝ အမှန်အတိုင်းပဲ ပြောပြီး မလိမ်ညာခဲ့ဘူးဆိုရင် အဲဒီလူက လူမိုက်ဖြစ်ပြီး အလကားလူပဲလို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က အမြဲတမ်း လှည့်စားခဲ့တယ်။ ကိုယ့်အကျိုးအတွက် မုသားတွေတစ်ပုံကြီး သုံးခဲ့တယ်။ ပိုပိုပြီး လှည့်စားတတ်ပြီး အတုအယောင်ဖြစ်လာတယ်။ သာမန် လူသားပုံသဏ္ဌန်မရှိတော့ဘူး။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သမ္မာတရားထက်ပိုပြီး အရေးကြီးတယ်လို့ မြင်ခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် လိမ်ညာပြီး အမှန်တရားကို ဆန့်ကျင်လိုစိတ်ရှိခဲ့တယ်။ စာတန်က လိမ်လည်သူပဲ။ ကျွန်တော်က ဒီလိုလိမ်ညာ၊ လှည့်စားတော့ အတူတူပဲ မဟုတ်ဘူးလား။ ဒီမကောင်းတဲ့ကမာ္ဘမှာ ရိုးသား၊ ပွင့်လင်းတဲ့သူက အလုပ်မဖြစ်ဘူး။ ဒါပေမဲ့ ဘုရားအိမ်တော်မှာတော့ အတော်ဆန့်ကျင်ဘက်ဖြစ်တယ်။ ဘုရားအိမ်တော်မှာ ဖြောင့်မတ်ခြင်းနဲ့ သမ္မာတရားက အဆုံးစွန် အုပ်စိုးတယ်။ လူတစ်ယောက်က လှည့်စားလေလေ၊ ကျရှုံးဖို့ များလေလေပဲ။ နောက်ဆုံးမှာ လှည့်စားသူအားလုံးက ဘုရားသခင်ရဲ့ ဖော်ထုတ်ပြီး စွန့်ပစ်တာကို ခံရတယ်။ ဘုရားသခင်က ပြောသည်- “လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက၊ ရိုးသားခြင်းဖြင့် စတင်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု)ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။...(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားက သန့်ရှင်းတယ်။ ညစ်ညမ်းတဲ့လူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်မရဘူး။ ကျွန်တော် ဒါကို သဘောပေါက်သွားတော့ ဘုရားက သန့်ရှင်းပြီးတော့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို လက်မခံဘူးဆိုတာ ခံစားမိတယ်။ ညီအစ်ကိုမောင်နှမတွေကို လိမ်ခဲ့တာကို တကယ်ကို နောင်တရမိတယ်။ ကိုယ့်ကိုယ်ကိုယ် တကယ်ကို မုန်းပြီး လိမ်တာ၊ လှည့်စားတာကို လုံးဝ ထပ်မလုပ်ချင်တော့ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ချင်တယ်။ ရိုးသားသူတစ်ယောက်ဖြစ်ချင်တယ်။ လူတိုင်းနဲ့ ရိုးရိုးသားသားစကားပြောချင်တယ်။ ကျွန်တော့်နှုတ်က မုသားတွေနဲ့ ကျွန်တော့်စိတ်နှလုံးက လှည့်စားခြင်းတွေကို ဆွဲထုတ်ပြီး အဲဒီလိုနဲ့ ဘုရားရဲ့လက်ခံမှုနဲ့ ထိုက်တန်ပြီးတော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ချင်ခဲ့တယ်။

ကျွန်တော် ဘုရားဝတ်ပြုတဲ့တစ်ချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ “ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းက ရှုထောင့်များစွာ ခြုံငုံသည်။ တစ်နည်းအားဖြင့် ရိုးသားခြင်းအတွက် စံနှုန်းသည် အကြောင်းအရာတစ်ခုတည်းမှတစ်ဆင့် ရရှိခြင်းမဟုတ်ပေ။ သင်သည် မရိုးသားနိုင်ခင်တွင် အကြောင်းအရာများစွာ၌ စံနှုန်းဖြင့် ကိုက်ညီရမည်။ လူအချို့က ရိုးသားဖို့ရန်အတွက် မလိမ်ညာမိဖို့သာလိုသည်ဟု အစဉ် ထင်မြင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ရိုးသားခြင်းသည် မလိမ်ညာခြင်းသာ ပါဝင်သလော။ မဟုတ်ပေ။ အခြားရှုထောင့်အချို့နှင့်လည်း ဆက်နွှယ်နေသည်။ ရှေးဦးစွာ သင်သည် မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်ကိုယ်တိုင်၏ မျက်စိဖြင့် မြင်ပြီးသောအရာ၊ သို့မဟုတ် တခြားတစ်ယောက်ယောက်က သင့်အား ပြောပြသည့်အရာတစ်ခုဖြစ်စေ၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းခြင်းဖြစ်စေ၊ သင်ထမ်းဆောင်သင့်သည့် တာဝန်၊ သို့မဟုတ် ဘုရားသခင်က သင့်အား အပ်နှံထားသည့်အရာဖြစ်စေ သင်သည် ယင်းကို ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အစဉ် ချဉ်းကပ်ရမည်။ ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အမှုအရာများကို ချဉ်းကပ်ခြင်းအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိမိထင်သည့်အရာကို ပြောပြီး ရိုးသားစွာ စကားပြောလော့။ အနှစ်မရှိသောစကားများ၊ တရားဝင် ဗန်းစကားများ၊ သို့မဟုတ် ကြားကောင်းသောစကားများကို မပြောနှင့်။ မြှောက်ပင့်သော၊ သို့မဟုတ် သူတော်ကောင်းယောင်ဆောင်သော မှားယွင်းသည့်အရာများကို မပြောဘဲ၊ သင်၏စိတ်နှလုံးတွင်ရှိသော စကားများကို ပြောဆိုလော့။ ဤသည်မှာ ရိုးသားသောသူတစ်ယောက်ဖြစ်ခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသော မှန်ကန်သော အတွေးအမြင်များကို ဖော်ပြခြင်း - ဤသည်မှာ ရိုးသားသောသူများ လုပ်ဆောင်ရမည့်အရာဖြစ်သည်။ သင်ထင်သည့်အရာနှင့် သင့်စိတ်နှလုံးထဲတွင် မျိုးသိပ်ထားသည့် စကားများကို မည်သည့်အခါမျှ မပြောသကဲ့သို့၊ သင်ပြောဆိုသည့်အရာသည် သင်ထင်သည့်အရာနှင့် အစဉ် ကွဲလွဲနေလျှင်၊ ဤသည်မှာ ရိုးသားသူတစ်ယောက် လုပ်ဆောင်သည့်အရာ မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခုပေးခဲ့တယ်။ သူများတွေနဲ့ ဆက်ဆံတာဖြစ်စေ၊ ကိုယ့်တာဝန်ကို ကိုင်တွယ်တာဖြစ်စေ ချဉ်းကပ်တဲ့နေရာမှာ ရိုးသားတဲ့ စိတ်နှလုံးရှိရမယ်။ ကျွန်တော်က နောက်ဆက်တွဲလိုက်မလုပ်ထားတာကြောင့် ဒါကို ရိုးရိုးသားသားပြောသင့်တယ်။ ကျွန်တော့်ဂုဏ်သတင်းက ထိခိုက်မှာလားဆိုတာကို တွေးမနေသင့်ဘူး။ ရိုးသားသူတစ်ယောက်ဖြစ်အောင် လက်တွေ့လုပ်ဖို့က အဓိကပဲ။

နောက်ထပ် တွဲဖက်အမှုဆောင်အစည်းအဝေးမှာ ကျွန်တော်ကအရင်စပြီးတော့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြချင်တယ်။ ဒါပေမဲ့ လူတိုင်းက ကျွန်တော့်ကို ဘာများထင်ကြမလဲဆိုတာကို စိတ်ပူလာတယ်။ ကျွန်တော်က ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်နေချင်ပြန်ပြီဆိုတာ သတိထားမိလိုက်တယ်။ အဲဒါနဲ့ ဘုရားကို တိတ်တဆိတ်ဆုတောင်းပြီး ကျွန်တော့်ကို လမ်းပြဖို့၊ ခွန်အားပေးဖို့၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖာ့််ပြနိုင်တဲ့ သတ္တိပေးဖို့ တောင်းလျှောက်လိုက်တယ်။ ကျွန်တော် အရင်ကဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရသွားတယ်။ “အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ သင်၏လျှို့ဝှက်ချက်များနှင့် အခက်အခဲများကို မည်သည့်အခါမျှ စိစစ်ခြင်း မရှိသည့်အပြင် အခြားသူများနှင့် မိတ်သဟာယတွင် သင့်ကိုယ်သင် မည်သည့်အခါမျှ မဖွင့်ဟသလို သင်၏ ဖောက်ပြန်ပျက်စီးခြင်းများနှင့် ဆိုးရွားသော အားနည်းချက်များကို ၎င်းတို့နှင့် မိတ်သဟာယပြုခြင်း၊ သို့မဟုတ် ဆန်းစစ်လေ့လာခြင်း၊ သို့မဟုတ် ထုတ်ပြောခြင်းတို့ မရှိပါက သင်သည် ကယ်တင်ခြင်းမခံရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ကျွန်တော်က ရိုးသားသူမဟုတ်ရင် ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို ဆက်ပြီး ဖုံးကွယ်နေရင် ဖွင့်ပြောတာ၊ ထုတ်ဖော်ပြတာ၊ ကိုယ့်ကိုယ်ကိုယ် စိစစ်တာမရှိရင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်တော် ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး၊ ဘယ်တော့မှ ကယ်တင်ခံရမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်။ ဘုရားသခင်ကို ကျွန်တော် နောက်ထပ်ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်တော် အလွယ်တကူ ဖွင့်ပြောနိုင်ပြီး ရိုးသားသူတစ်ယောက် ဖြစ်နိုင်ဖို့အတွက် ခွန်အားပေးတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ကျွန်တော်က အရင်စပြီး သူများတွေကို အမှန်အတိုင်း ဖွင့်ပြောလိုက်တယ်။ “အရင်စုဝေးပွဲမှာ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့အကြောင်းမေးတော့ ကျွန်တော် လိမ်ညာခဲ့ပါတယ်။ အမှန်ကတော့ အသင်းတော်တစ်ခုအကြောင်းကိုပဲ ကျွန်တော်သိပြီး တခြားနှစ်ခုအကြောင်းကို မသိခဲ့ပါဘူး။ အမှန်အတိုင်းပြောရင် အထင်သေးခံရမှာကြောက်လို့ လိမ်ညာပြီး အသင်းတော်နှစ်ခုအကြောင်း သိတယ်လို့ ပြောခဲ့တယ်။ အားလုံးကို ကျွန်တော် လှည့်စားခဲ့ပါတယ်” ဆိုပြီးတော့။ ဒါကိုပြောပြီးသွားတော့ သူများတွေက ကျွန်တော့်ကို မရှုတ်ချဘူး။ အထင်လည်းမသေးဘူး။ ဆန့်ကျင်ဖက်အနေနဲ့၊ ကျွန်တော်က အလွယ်တကူ ဖွင့်ပြောနိုင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်တာ ကောင်းတယ်လို့ ပြောကြတယ်။ ဒီလိုလက်တွေ့လုပ်တော့ တော်တော်ပိုပြီး နေသားတကျဖြစ်ပြီး စိတ်အေးသွားတယ်။ ဆက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေရင် ဒီလိုသဘောပေါက်တာတွေ၊ ဒီအကျိုးအမြတ်တွေကို ရမှာမဟုတ်ဘူး။

သိပ်မကြာဘူး။ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ကို မေးတယ်။ “အခုလက်ရှိမှာ အသင်းတော်ခေါင်းဆောင်တွေရဲ့ အခြေအနေတွေကို နားလည်လား” တဲ့။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသိပ်မရှိနေဘူး။ ကျွန်တော်က အသင်းတော်ခေါင်းဆောင်တစ်ယောက်ရဲ့ အခြေအနေကိုပဲသိပြီး တခြားနှစ်ယောက်ရဲ့ အခြေအနေကို မသိဘူးလေ။ ကျွန်တော် တွေးလိုက်တယ်။ “ငါ အမှန်အတိုင်းပြောလိုက်ရင် ငါက တကယ့်အလုပ်ကို မလုပ်ဘူးလို့ ခေါင်းဆောင်က ပြောမှာလား” ပေါ့။ အဲဒါနဲ့ ကျွန်တော်က တကယ်နားလည်တယ်လို့ ပြောချင်တယ်။ နောက်တော့ ကျွန်တော်က ထပ်ပြီး လိမ်ချင်နေပြီဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဘုရားကိုဆုတောင်းပြီး အမှန်အတိုင်းပြောလိုက်တယ်။ “အသင်းတော်ခေါင်းဆောင်တစ်ယောက်ရဲ့ အခြေအနေကိုပဲ ကျွန်တော် သိတယ်။ တခြားနှစ်ယောက်ရဲ့ အခြေအနေကို မသိဘူး” ပေါ့။ အဲဒီမှာ ခေါင်းဆောင်က ကျွန်တော့်ကို မဝေဖန်ဘဲနဲ့ အကြံနည်းနည်းပေးတယ်။ အသင်းတော်ခေါင်းဆောင်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပိုပြီးတော့ ပုံမှန် ဖုန်းဆက်သင့်တယ်၊ သူတို့အခက်အခဲတွေကို ချက်ချင်း ကူညီဖြေရှင်းသင့်တယ်လို့ ပြောတယ်။ ကျွန်တော်လိုက်လျှောက်ဖို့ လမ်းကြောင်းတချို့ကိုလည်း ပေးတယ်။ ကျွန်တော်က အမှန်အတိုင်းပြောလေလေ၊ ရိုးသားသူဖြစ်လေလေ၊ ကျွန်တော့် ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို ဖွင့်ပြရဲလေလေ ညီအစ်ကိုမောင်နှမတွေကို အကျိုးအမြတ်တွေရအောင် ကူညီနိုင်လေလေပဲဆိုတာ ကျွန်တော် သိသွားတယ်။ အရင်တုန်းက ကျွန်တော့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့လိမ်ညာလှည့်စားခဲ့တယ်။ ဒါပေမဲ့ မုသားတစ်ခုစီတိုင်းကို ပြောပြီးတဲ့အခါမှာ ကျွန်တော့်စိတ်နှလုံးက လေးလံပြီး ကျွန်တော့် အသိစိတ်က လိပ်ပြာမလုံဘူး။ အရေးကြီးဆုံးက ကျွန်တော့်ဣန္ဒြေနဲ့ သိက္ခာပျောက်ဆုံးသွားတာပဲ။ ရိုးသားတဲ့လူတွေကို ဘုရားရော၊ လူကပါ နှစ်သက်ကြတယ်၊ ရိုးသားလေလေ၊ သူများတွေနဲ့ ဆက်ဆံရေးက ပိုပြီး သဟဇာတဖြစ်လေလေ၊ စိတ်အေးပြီး ငြိမ်းချမ်းလေလေပဲဆိုတာ ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်တော် နားလည်သွားတယ်။ သူများတွေက ကိုယ့်ကို အထင်မသေးရုံမကဘဲ အဲဒီအစား ညီအစ်ကိုမောင်နှမတွေက ကိုယ့်ကို ကူညီကြမယ်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက တကယ်ကို အရမ်းကောင်းပါတယ်။ ရိုးသားတဲ့သူတွေဖြစ်မှသာ ဘုရားရဲ့ ကောင်းချီးနဲ့ ကယ်တင်ခြင်းကိုရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင်ခရစ်တော်များကို သတိထားခြင်းမှ ရရှိခဲ့သည့် သင်ခန်းစာများ

ကျစ်ကျန်း တရုတ်နိုင်ငံ ကျွန်တော်က အိမ်တွင်းအသင်းတော်တစ်ခုမှာ တွဲဖက်အမှုဆောင်ပါ။ ၂၀၀၀ခုနှစ် နေ့တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက...

လမ်းမှန်သို့ ပြန်ရောက်ခြင်း

ချန်ကွမ်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏...

သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

ဇန်ယူရီ၊ ဟန်ဂျိုးမြို့၊ ဂျယ်ဂျန်းမြို့နယ် ဘုရားသခင်သည် ရိုးသားသော သူများကို နှစ်သက်တော်မူပြီး၊ လှည့်ဖြားတတ်သောသူများကို မုန်းတီးကြောင်း၊...

ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။