နာမည်နှင့် အကျိုးအမြတ် ရှာဖွေခြင်းအပေါ် သုံးသပ်ဆင်ခြင်မှုများ

03.02.2022

၂၀၂၁ မေလမှာ ရေလောင်းပေးတဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်တွေကို ကျွန်မယူခဲ့တယ်။ ညီအစ်ကို မောင်နှမ နှစ်ဖွဲ့ကို ရေလောင်းပေးဖို့ တာဝန်ယူခဲ့ပြီး သိပ်မကြာခင်မှာ နောက်ထပ် ညီအစ်ကို မောင်နှမတွေကို ရေလောင်းပေးဖို့ ခေါင်းဆောင်က ကျွန်မအတွက် စီစဉ်ပေးခဲ့တယ်။ ဒီသတင်းကိုကြားတော့ ကျွန်မသိပ်ပျော်သွားခဲ့တာ။ ညီအစ်ကို မောင်နှမတွေကို ရေလောင်းပေးခြင်းအားဖြင့် ဉာဏ်အလင်းပေးမှု အများကြီးရမယ်၊ ပိုထူးကဲတဲ့ အတွေ့အကြုံနဲ့ ပိုများတဲ့ သမ္မာတရား သိနားလည်မှု ရမယ်လို့ ထင်ခဲ့တယ်။ အသက်ဝင်ရောက်မှုမှာ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ကျွန်မဖြေရှင်းနိုင်ရင် ကျွန်မဟာ တော်ပြီး သမ္မာတရားကို နားလည်တဲ့သူဖြစ်တယ်၊ ဘုရားအိမ်တော်ရဲ့ မဏ္ဍိုင်ဖြစ်လာနိုင်တယ်ဆိုပြီး ညီအစ်ကို မောင်နှမတွေက သေချာပေါက် ပြောကြမှာပဲလို့လေ။ ဒါကြောင့် ကိုယ့်တာဝန်မှာ ကျွန်မနှစ်မြှုပ်ထားတယ်၊ မိတ်သဟာယပြုဖို့ အစည်းအဝေးတွေကို မကြာခဏ သွားတယ်၊ ညီအစ်ကို မောင်နှမတွေမှာ ပြဿနာတွေ ရှိတဲ့အခါ သူတို့ကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော်မှာ ရှာခဲ့တယ်။ နည်းနည်းကြာလာတော့ ညီအစ်ကို မောင်နှမတွေက သူတို့မှာ မေးစရာတစ်ခုခုရှိရင် မိတ်သဟာယအတွက် ကျွန်မဆီလာကြရော၊ ကျွန်မလည်း သိပ်ပျော်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံတဲ့ လူတွေ ပိုများလာတာနဲ့အမျှ အသင်းတော်ထဲမှာ လူအရေအတွက် တဖြည်းဖြည်း တိုးလာခဲ့တယ်။ တစ်နေ့ အစည်းအဝေးတစ်ခုမှာ အသင်းတော်ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းပေးပြီး ကျွန်မအလုပ်ကို နောက်ဆက်တွဲ လုပ်ပေးဖို့ လာမယ်လို့ ကျွန်မသိရတယ်။ ညီအစ်ကို မောင်နှမတွေက ဖြေရှင်းစရာ ပြဿနာတွေရှိရင် သူ့ကိုလည်း မေးလို့ရတယ်လေ။ ခေါင်းဆောင်က ကျွန်မနဲ့တွဲလုပ်ဖို့ လာနေတာကို ကြားတော့ လုံးဝ သိပ်မပျော်မိဘူး။ အရင်က ဒီခေါင်းဆောင်က ကျွန်မကို ရေလောင်းပေးခဲ့ပြီး အစွမ်းအစကောင်း ရှိတယ်။ ကျွန်မထက် သူပိုသိနားလည်သလို ဘုရားနှုတ်ကပတ်တော်တွေအပေါ်လည်း ကောင်းကောင်းမိတ်သဟာယပြုပေးတယ်။ သူ့အတွက် ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးတာက လွယ်တယ်၊ ကျွန်မတွေးမိလိုက်တယ်၊ “အခု သူက ငါနဲ့တွဲလုပ်ဖို့ လာနေပြီ၊ ဒီတော့ ညီအစ်ကို မောင်နှမတွေက အရင်လို ငါ့ဆီ မေးစရာတွေနဲ့ လာကြပါတော့မလား။ ငါ့ကို ဘေးဖယ်ထားပြီး ငါ့ခေါင်းဆောင်ကိုပဲ မေးကြမလား။ အနာဂတ်မှာ ဘယ်သူက ငါ့ကို အထင်ကြီးကြတော့မလဲ။ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်နှလုံးထဲက ငါ့ရဲ့ ပုံရိပ်ကောင်းက ပျောက်သွားတော့မှာပဲ” လို့ပေါ့။ ဒါကို တွေးမိတော့ ခေါင်းဆောင်နဲ့ လုံးဝ ပူးပေါင်းမလုပ်ချင်ခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ အကျပ်အတည်းသဘောမျိုး ခံစားရရော။ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်၊ “ဒါကို ဖြစ်ခွင့်ပေးလို့ မဖြစ်ဘူး။ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်နှလုံးထဲက ငါ့နေရာကို ငါထိန်းဖို့လိုတယ်။ ညီအစ်ကို မောင်နှမတွေကို သူတို့မှာ အခြေအနေတစ်ခုခုရှိရင်၊ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ရှာဖို့လိုရင် ငါ့ကို မေးလို့ရတယ်၊ သူတို့ကို ငါကူညီနိုင်တယ်လို့ ပြောထားရမယ်” ဆိုပြီးပေါ့။ အဲဒီအချိန်ကစပြီး ညီအစ်ကို မောင်နှမတွေ အခြေအနေမကောင်းတာ၊ အခက်အခဲတွေ ရှိတာကို ကြားတဲ့အခါ ကျွန်မရဲ့ခေါင်းဆောင် အရင်ရောက်သွားမှာစိုးလို့ အပြေးသွားပြီး သူတို့နဲ့ မိတ်သဟာပြုခဲ့တယ်။ အကူအညီလိုလားဆိုတာ မေးဖို့ ညီအစ်ကို မောင်နှမတွေကိုလည်း တစ်ဦးချင်း ဆက်သွယ်ခဲ့ပြီး သူတို့မှာ မေးစရာတို့၊ မရှင်းတာတို့ တစ်ခုခုရှိရင် ကျွန်မကို ဆက်သွယ်အကူအညီတောင်းလို့ ရတယ်ဆိုပြီး ပြောခဲ့တယ်။ အဲဒီလိုနဲ့ ခေါင်းဆောင်က သူတို့ကို ဆက်သွယ်တဲ့အခါ ကျွန်မကူညီပြီးပြီဆိုပြီး ညီအစ်ကို မောင်နှမတွေက ပြောကြမှာပဲလို့ တွေးမိခဲ့တယ်။ ဒါပေမဲ့ ကျွန်မစီစဉ်သလို ချောချောမွေ့မွေ့ ဖြစ်မလာခဲ့ဘူး။ ကျွန်မကို သူတို့မေးတဲ့ ပြဿနာအတော်များများအပေါ် ကျွန်မထိုးထွင်းသိမြင်မှု မရှိသလို ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး၊ ဒါပေမဲ့ ခေါင်းဆောင်ကို ကျွန်မ မမေးချင်ခဲ့ဘူး။ ကျွန်မတွေးမိတယ်၊ “ခေါင်းဆောင်ကို မေးလိုက်ရင် သမ္မာတရားကို ငါနားမလည်ဘူး၊ ဘုရားနှုတ်ကပတ်တော် သိပ်မဖတ်ဘူးလို့ ထင်သွားမလား။ ပြဿနာတွေကို ငါမဖြေရှင်းနိုင်ဘူးလို့ သူထင်သွားမလား။ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ခေါင်းဆောင်က ဖြေရှင်းပေးရင် ငါအရည်အချင်း မပြည့်မီဘူး၊ သူတို့ကို မကူညီနိုင်ဘူးလို့ သူတို့ထင်ကြမလား။ ငါမလုပ်နိုင်တာကို သူတို့ကို မပြချင်ဘူး။ မေးစရာတွေ ရှိတဲ့အခါ ငါ့ကို ဆက်မေးကြအောင်လို့ ဒီတာဝန်ကို ငါလုပ်နိုင်တယ်ဆိုတာ ညီအစ်ကို မောင်နှမတွေကို ငါသိစေချင်တယ်” လို့ပေါ့။ ဒါပေမဲ့ ကိုယ့်ဘာသာ ညီအစ်ကို မောင်နှမတွေကို ကူညီရတာ ကျွန်မအတွက် ခက်ခဲခဲ့တယ်။ ကျွန်မ မကြုံဖူးသလို ဘယ်လိုမိတ်သဟာယပြုရမလဲ မသိတဲ့ အရာတချို့ရှိခဲ့တယ်၊ တစ်ခါတလေ သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော် အပိုင်းတွေ ရှာတာ တွေ့ဖို့ သုံး၊ လေးရက် ကြာတယ်၊ ဒီတော့ တခြားညီအစ်ကို မောင်နှမတွေက မေးစရာတွေနဲ့ ကျွန်မဆီ လာကြ‌တဲ့အခါ သူတို့အတွက် အချိန်မရှိခဲ့ဘူး။ အဲဒီလိုနဲ့ပဲ အချိန်တစ်လက ခဏလေးနဲ့ ကုန်သွားတယ်၊ ညီအစ်ကို မောင်နှမတွေကို အချိန်မီ မကူညီနိုင်ခဲ့လို့ သူတို့ပြဿနာတွေက မပြေမလည် ဖြစ်နေတုန်းပဲ၊ မကောင်းတဲ့ အခြေအနေမှာပဲ သူတို့ဆက်ရှိနေခဲ့ကြတယ်။ ကျွန်မနားမလည်တဲ့ ဒီပြဿနာတွေအကြောင်း ခေါင်းဆောင်ကို ကျွန်မပြောခဲ့မယ်ဆိုရင် သူတို့ကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ အတူရှာနိုင်ခဲ့မှာပဲ၊ သူတို့ပြဿနာတွေကို မြန်မြန် ဖြေရှင်းပေးနိုင်ခဲ့မှာပဲ။ ဒါပေမဲ့ ကျွန်မ အဲဒီလို မလုပ်ခဲ့ဘူး၊ သူတို့စိတ်နှလုံးထဲက ကျွန်မရဲ့ ပုံရိပ်ကို ထိန်းသိမ်းချင်ခဲ့လို့လေ။ ဒီလိုကျွန်မ လုပ်တဲ့အချိန်မှာ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ ဒါကို ဆက်လုပ်နေရင် ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဆိုးဆိုးရွားရွား ဟန့်တားမိမှာဖြစ်ပြီး ဒီတာဝန်ကို ကျွန်မ ကောင်းကောင်းမွန်မွန် လုပ်မှာမဟုတ်မှန်း ကျွန်မသိခဲ့တယ်။

တစ်နေ့၊ ကိုယ့်တာဝန်တွေအပေါ် လူတွေရဲ့ မမှန်ကန်တဲ့ သဘောထားတွေကို ထုတ်ဖော်ပြတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့ခဲ့တယ်။ “တာဝန်များဟူသည်မှာ ဘုရားသခင်မှ လူတို့အား အပ်ထားသော အလုပ်များဖြစ်သည်။ ယင်းတို့မှာ လူတို့ပြီးမြောက်ရမည့် အထူးတာဝန်များဖြစ်သည်။ သို့သော်လည်း တာဝန်တစ်ခုဟူသည်မှာ သင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ စီမံရသည့် လုပ်ငန်းမဟုတ်သည်မှာ အသေအချာပင်ဖြစ်သကဲ့သို့ အများသူငါထဲမှ သင် ပိုမိုပေါ်လွင်ဖို့အတွက် အသာစီးရခြင်းတစ်ခုလည်း မဟုတ်ပေ။ လူအချို့က ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ကိုယ်ပိုင် စီမံအုပ်ချုပ်မှုထဲ ပါဝင်ပတ်သက်ဖို့ နှင့် အုပ်စုများ ဖွဲ့ဖို့ အခွင့်အရေးများအဖြစ် အသုံးချတတ်သည်၊ သူတို့အနေဖြင့် သူတို့၏တာဝန်များကို ဆောင်ရွက်နေသရွေ့ သူတို့သည် ဘုရားသခင်၏အိမ်တော်နှင့် လူသားအတွက် ဘုရားသခင်စီမံပေးသည့် အံ့သြဖွယ်ကောင်းသော ခရီးဆုံးပန်းတိုင်ကို မျှဝေခံစားကြရလိမ့်မည်ဟု တွေးထင်လျက်၊ အချို့က မိမိတို့၏အလိုဆန္ဒများကို ဖြည့်ဆည်းရန်၊ အချို့က မိမိတို့အထဲတွင် ခံစားရသော လစ်ဟာမှုများကို ပြည့်စေရန်နှင့် အချို့က မိမိတို့၏ ကံကို ယုံ၍ဆူးပုံနင်းသော စိတ်ထားကို ကျေနပ်စေရန် မိမိတို့၏ တာဝန်များကို အခွင့်အရေးများအဖြစ် အသုံးချတတ်ကြလေသည်။ တာဝန်နှင့်ပတ်သက်၍ ထိုသို့သော သဘောထားများမှာ မမှန်ကန်ပေ။ ယင်းတို့က ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေသဖြင့် အဆောတလျင် ဖြေရှင်းရမည်ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) ကျွန်မတို့တာဝန်တွေဟာ ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ဘဲ ဘုရားက ကျွန်မတို့ကို ပေးထားတဲ့ စေခိုင်းချက်တစ်ခုဖြစ်တဲ့အကြောင်း၊ တခြားလူတွေ ကိုယ့်ကို လေးစားအားကျလာစေဖို့ နည်းလမ်းတစ်ခုအနေနဲ့ ကိုယ့်တာဝန်တွေကို သဘောမထားသင့်သလို တခြားလူတွေ ကိုယ့်နောက်လိုက်စေဖို့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက် မလိုက်သင့်မှန်း ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် နားလည်ခဲ့ရတယ်။ ကျွန်မတို့ရဲ့ တာဝန်တွေကို ဝတ္တရားတစ်ခုလို သဘောထားပြီး ဘုရားတောင်းဆိုတဲ့အတိုင်း ဆောင်ရွက်သင့်တာ။ ဒါပေမဲ့ ကိုယ့်တာဝန်အပေါ် ကျွန်မရဲ့ သဘောထားက ဘာဖြစ်ခဲ့လဲ။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားဖို့နဲ့ ကိုယ့်ရဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ ကျွန်မတာဝန်ထမ်းခဲ့တာ။ ညီအစ်ကို မောင်နှမတွေကို ကျွန်မအပေါ် လေးစား၊ ကြည်ညိုစေချင်ခဲ့သလို သူတို့ပြဿနာတွေနဲ့ ကျွန်မဆီ လာစေချင်ခဲ့တယ်။ သူတို့အပေါ် ကျွန်မ စစ်မှန်ရိုးသားမှု မရှိခဲ့သလို သူတို့ကို တကယ်မကူညီချင်ခဲ့ဘူး၊ ဒါပေမဲ့ သူတို့ ကျွန်မအကြောင်း ပြောတဲ့အခါ သူတို့ကို ကျွန်မကူညီခဲ့တယ်၊ ကျွန်မက သိပ်သဘောကောင်းပြီး ကြင်နာတတ်တယ်လို့ ပြောကြအောင် သူတို့ကို ကျွန်မအပေါ် ထင်မြင်ချက်ကောင်း ရှိစေချင်ခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မစိတ်ကျေနပ်နိုင်မှာလေ။ လူတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်မနေရာရှိအောင်၊ ပြဿနာတွေနဲ့ သူတို့ ကျွန်မဆီ လာပြီး ဘုရားကို ဘေးဖယ်ထားအောင်လို့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေကို လိုက်စားဖို့ ကိုယ့်တာဝန်ကို ကျွန်မအသုံးချခဲ့တယ်။ ကျွန်မက ကိုယ်ရေးကိုယ်တာ လုပ်ငန်းတစ်ခု စီမံနေခဲ့တာပဲ။ တာဝန်အပေါ် ကျွန်မရဲ့ သဘောထား မမှန်ခဲ့တာကို ဒီအချိန်မှာ ကျွန်မသဘောပေါက်လိုက်တယ်။ ညီအစ်ကို မောင်နှမတွေကို ကျွန်မကူညီနိုင်ခဲ့ရင်တောင် ကျွန်မရဲ့ ရည်ရွယ်ချက်က ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ မဟုတ်ခဲ့ဘူး၊ အဲဒါက ဘုရားကို လုံးဝ ကျေနပ်စေနိုင်မှာ မဟုတ်ဘူး။

နောက်ပိုင်းမှာ အန္တိခရစ်တွေကို ဘုရားဖော်ထုတ်တဲ့ ကျမ်းတစ်ပိုဒ်ကို တွေ့ခဲ့တယ်၊ ကျွန်မအခြေအနေနဲ့ အတော်ကိုက်နေတာ။ “အခြေအနေမှာ မည်သို့ဖြစ်ပါစေ၊ ၎င်းတို့၏တာဝန်ကို ၎င်းတို့ မည်သည့်နေရာတွင် ထမ်းဆောင်ပါစေ၊ အန္တိခရစ်သည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ၊ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ လုံးဝ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ၎င်းတို့၏ စစ်မှန်သောအမြင်ရှုထောင့်ကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ မည်သည့်အခါမျှ မထုတ်ဖော်ပေ။ ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင်၊ ၎င်းတို့ လုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့သည် အားမနည်းကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်း မထွက်လာကြောင်း အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး ဂုဏ်သရေရှိသည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး မှောင်မိုက်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ အခြားသူများရှေ့တွင် သိက္ခာရှိဖို့၊ ဤလူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့်‌ နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကို ဖွင့်ဟလျှင်၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်ကို ထုတ်ဖော်ပြလျှင်၊ ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ကြီးလေးသော ခြိမ်းခြောက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး— ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့၏အားနည်းချက်နှင့် ပုန်ကန်လိုစိတ်တို့ကို စိတ်ထဲတွင်သာ ထားရှိလိုကြသည်။ ပြီးလျှင် လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်၊ ၎င်းတို့က ဆက်လက် ဟန်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ သေးငယ်ပြီး အရေးမပါသောသူတစ်ဦးဖြစ်ခြင်းကို ဝန်ခံလျှင်၊ လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးပြီး လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ၊ လူများကို ၎င်းတို့ ဖွင့်မပြောနိုင်ကြချေ။ မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ မပေးနိုင်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားကာ၊ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)”) အန္တိခရစ်တွေက အဆင့်အတန်း ကြိုက်မှန်း ဒီကျမ်းပိုဒ်ကို ဖတ်ပြီးတဲ့နောက် ကျွန်မနားလည်သွားခဲ့တယ်။ လူတွေရဲ့နှလုံးသားထဲက သူတို့ရဲ့ ပုံရိပ်ကောင်းကို ထိန်းသိမ်းဖို့ သူတို့ရဲ့ အားနည်းချက်တွေကို လူတိုင်းမြင်သွားမှာ ကြောက်တဲ့အတွက် လူတွေကို သူတို့ရဲ့ အခက်အခဲတွေ လုံးဝ မပြောပြကြဘူး။ သူတို့တာဝန်တွေမှာ ပြဿနာတွေ ရှိတဲ့အခါမှာတောင် တခြားလူတွေက သူတိုကို အရာရာတတ်စွမ်းနိုင်ပြီး သမ္မာတရားကို နားလည်တဲ့သူတစ်ယောက်လို မြင်အောင်လို့ ဟန်ဆောင်ကြတယ်။ ဒါကျွန်မရဲ့ အခြေအနေပဲ။ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အချိန်မှာတောင် ကျွန်မ ဘယ်သူ့ကိုမှ အကူအညီမတောင်းခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေအနေနဲ့ တခြားဘယ်သူ့ကိုမှ မေးစရာမလိုအောင် ကျွန်မမှာ အားနည်းချက်၊ ချွတ်ယွင်းချက်တွေ မရှိသလို သူတို့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ သူတို့ထင်အောင် လုပ်ဖို့ လူတွေရဲ့ စိတ်နှလုံးထဲမှာ ပုံရိပ်ကောင်းတစ်ခု ကျွန်မထူထောင်ချင်ခဲ့တယ်။ သူတို့ကို ကျွန်မတို့ရဲ့ ခေါင်းဆောင်က ကူညီမှာလည်း စိုးခဲ့တယ်။ အဲဒါက သူတို့စိတ်နှလုံးထဲက ကျွန်မရဲ့ ရာထူးနဲ့ ပုံရိပ်ကို ဆုံးရှုံးသွားစေမှာလေ။ ကျွန်မရဲ့ ရာထူးကို ထိန်းသိမ်းဖို့၊ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်သယောင် ဟန်ဆောင်ခဲ့တယ်။ ခေါင်းဆောင်ဆီကနေ ရှာဖွေတာထက် ကိစ္စတွေကို အချိန်ကုန် ရှာကြည့်ဖို့ ရွေးချယ်ခဲ့တယ်။ ရလဒ်ကတော့ ကိုယ့်တာဝန်မှာ မထိရောက်သလို ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဟန့်တားမိခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဆိုးရွားပြီး ကျွန်မက ကြောင်သူတော်ဖြစ်မှန်း တွေ့ခဲ့ရတယ်။ ကျေးဇူးတော်ခေတ်မှာ ဖာရိရှဲတွေက အပြင်ပန်းအားဖြင့် နှိမ့်ချပြီး သည်းခံခဲ့တာကို တွေးမိတယ်။ လမ်းဆုံတွေမှာ မကြာခဏ သူတို့ဆုတောင်းတယ်၊ တခြားလူတွေကို ကျမ်းစာရှင်းပြခဲ့ကြတယ်။ သူတို့ဟာ လူတွေရဲ့ စိတ်နှလုံးမှာ ပုံရိပ်ကောင်းတစ်ခု ရှိခဲ့ကြပေမဲ့ အထဲမှာတော့ ကြောင်သူတော်ဆန်ပြီး မောက်မာ၊ ဆိုးယုတ်ကြတယ်၊ ဘုရားကို နာခံတာ၊ ကြောက်ရွံ့တာ မရှိခဲ့ကြဘူး၊ သူတို့လုပ်ခဲ့တာက ဘုရားနှုတ်ကပတ်တော်ကို နာခံဖို့ မဟုတ်ဘူး။ အဲဒီအစား သူတို့ကို တခြားလူတွေ ကြည်ညို၊ လေးစားအောင်လို့ အပြုအမူကောင်းတွေ၊ ဖန်တီးထားတဲ့ အတွေးမှားတွေနဲ့ လူတွေကို လှည့်စားခဲ့ကြတယ်။ ကျွန်မက ဖာရိရှဲတွေလောက် ကြောင်သူတော်ဆန်တတ်ပြီး ဘုရားကို ဆန့်ကျင်တဲ့ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခဲ့မှန်း ကျွန်မတွေ့ခဲ့ရတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့ခဲ့တယ်။ “အန္တိခရစ်များ၏ အပြုအမူနှင့်သက်ဆိုင်သည့် အနှစ်သာရသည် ရာထူးအဆင့်အတန်း ရှိခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်းနှင့် လူများကို ၎င်းတို့နောက်လိုက်စေပြီး ကြည်ညိုစေခြင်းတို့နှင့်ပတ်သက်သည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အစဉ်အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သည်၊ သို့ရာတွင် တစ်ခုတော့ သေချာပေသည်။ ၎င်းတို့သည် လူသားများအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်သည့်အခါတွင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ရရှိဖို့ ဆန္ဒရှိဆဲဖြစ်သည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည်ကို ၎င်းတို့သဘောပေါက်သည့် နေ့ရက်အချိန် ရောက်လာပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းလျှင်ပင်၊ အသင်းတော်တွင် အခြားသူများ၏ အတည်ပြုချက်နှင့်ထောက်ခံမှုတို့ကို ရရှိခြင်းအားဖြင့် တရားဝင်ဖြစ်ခြင်းကို ရရှိလိမ့်မည်ဟု ယုံကြည်လျက်၊ ရာထူးအဆင့်အတန်း ရရှိဖို့ အခြားနည်းစနစ်များကို အသုံးပြုဆဲဖြစ်သည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များ လုပ်သမျှအရာအားလုံးသည် ၎င်းတို့၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်မှု တစ်ခုပါဝင်ပုံရပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်များဖြစ်ပုံရသော်လည်း၊ လူများကို ထိန်းချုပ်ဖို့- ပြီးလျှင် လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာရဖို့- ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူများကို သူမည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်တို့နှင့် လိုက်လျောညီထွေဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ပေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းပေ၊ သူ၏မိန့်မြွက်ချက်များနှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းကို ၎င်းတို့၏ လိုက်စားခြင်းကိုလည်း ၎င်းတို့မစွန့်ပယ်ပေ။ တစ်လျှောက်လုံးတွင် ၎င်းတို့၏ ရည်မှန်းချက်က ၎င်းတို့ကို ဖမ်းစားထားကာ၊ ၎င်းတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို ထိန်းချုပ်ပြီး ညွှန်ကြား၍ ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို သတ်မှတ်ပေးသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာကို အလေးထား ပြောထားသနည်း။ လူအချို့က ‘အန္တိခရစ်များသည် လူများကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်သူများ၊ သူ့ကို အသိအမှတ်မပြုသူများဖြစ်ကြသည် မဟုတ်ပါသလား’ ဟု မေးကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုကောင်း ပြုနိုင်မည်၊ ၎င်းတို့သည် သူ၏တည်ရှိမှုကို စစ်မှန်စွာ အသိအမှတ်ပြုပြီး ယုံကြည်ကောင်း ယုံကြည်နိုင်မည်၊ ပြီးလျှင် ၎င်းတို့သည် သူ့နောက်ကို လိုက်ဖို့နှင့် သမ္မာတရားကို ရရှိအောင်အားထုတ်ဖို့ လိုလားကောင်း လိုလားနိုင်မည်၊ သို့ရာတွင် တစ်ခုတော့ မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းအတွက် ၎င်းတို့၏ ရည်မှန်းချက်ကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားကြောင့်ဖြစ်စေ ထိုအရာများကို ၎င်းတို့၏လိုက်စားမှုကိုလည်း မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ပေ။ ဤသည်တို့မှာ အန္တိခရစ်များ၏ ထူးခြားသောလက္ခဏာများ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏”) လူတွေ သူတို့နောက်လိုက်စေဖို့နဲ့ လူတွေကို ထိန်းချုပ်၊ ပိုင်ဆိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို ရရှိအောင် အန္တိခရစ်တွေက ကျော်ကြားမှုနဲ့ အဆင့်အတန်း လိုက်စားကြတယ်လို့ ဘုရားက ပြောတယ်။ လူတွေကို ပိုင်ဆိုင်ရဖို့ ဘုရားကို သူတို့ပြိုင်ဆိုင်ကြတယ်။ ဒါက ကျွန်မလျှောက်နေခဲ့တဲ့ လမ်းကြောင်းအတိအကျပါပဲ။ ဘုရားကို ကျွန်မယုံကြည်ခဲ့ပြီး သူ့ကို ချစ်ချင်ခဲ့တယ်၊ ဘုရားက အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး အရာခပ်သိမ်းအထက်မှာ ရှိမှန်းလည်း သိခဲ့တယ်။ သူက ဖန်ဆင်းရှင်ဖြစ်ပြီး သူ့ကို ကျွန်မတို့ ကိုးကွယ်သင့်တယ်၊ အဆင့်အတန်းနဲ့ လူတွေအတွက် သူ့ကို မပြိုင်ဆိုင်သင့်ဘူး။ ဒါပေမဲ့ ကျွန်မက လူတွေရဲ့ စိတ်နှလုံးထဲမှာ ကိုယ်တိုင်အတွက် နေရာတစ်ခု ရဖို့ ကိုယ့်တာဝန်ကတစ်ဆင့် ကိုယ့်ကို လူတွေလေးစား၊ ကြည်ညိုလာအောင် လုပ်ချင်ခဲ့တယ်။ ဒါက သူရွေးချယ်ထားတဲ့လူတွေအတွက် ဘုရားကို ဖက်ပြိုင်နေခဲ့တာ မဟုတ်လား။ လူတွေ ကျွန်မကို ကြည်ညိုကြတဲ့အခါ သူတို့စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိဘူး၊ သူတို့မှာ ပြဿနာတွေ ရှိတဲ့အခါ ဆုတောင်းပြီး ဘုရားအပေါ် မှီခိုအားကိုးမဲ့အစား ကျွန်မဆီ လာကြတယ်။ လူတွေကို ကိုယ့်ရှေ့မှောက်ဆီ ကျွန်မခေါ်ဆောင်မိခဲ့တာ၊ အန္တိခရစ်ရဲ့ လမ်းကြောင်းကို ကျွန်မလျှောက်နေမိခဲ့တာပဲ။ ဘာသာရေးလောကထဲက သင်းအုပ်တွေနဲ့ အကြီးအကဲတွေကို တွေးမိတယ်၊ ဘယ်လိုပဲ ဧဝံဂေလိ သူတို့ဟောပါစေ၊ ကျမ်းစာအနက်ပြန်ပါစေ၊ ကောင်းချီးတွေ ပေးပြီး ကောင်းတဲ့လုပ်ရပ်တချို့ လုပ်ကြပါစေ ဒီအရာအားလုံး လုပ်ရာမှာ သူတို့ရဲ့ ရည်ရွယ်ချက်က ယုံကြည်သူတွေ အထင်ကြီးပြီး သူတို့နောက်လိုက်အောင် လုပ်ဖို့ပဲ။ ယုံကြည်သူတွေမှာ မေးစရာတွေ ရှိတဲ့အခါတိုင်း သင်းအုပ်ဆရာတွေဆီ သွားပြီး သူတို့ရဲ့ လမ်းပြမှုကို လက်ခံကြလိမ့်မယ်။ သခင့်ရဲ့ ကြွလာခြင်းကို သူတို့ကြားပြီး ရှာဖွေ၊ လေ့လာစုံစမ်းချင်တဲ့အချိန်မှာတောင် သူတို့သင်းအုပ်ဆရာရဲ့ သဘောတူညီချက်ကို တောင်းခံကြတယ်။ ဒါက သူတို့ကို ဘုရားလို လူတွေဆက်ဆံအောင် လုပ်နေတာ မဟုတ်လား။ ဒီဘာသာရေး ခေါင်းဆောင်တွေက လူတွေအပေါ် အခိုင်အမာ ထိန်းချုပ်ကြတယ်၊ သူတို့စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိသလို ဘုရားကို ပွင့်ပွင့်လင်းလင်း ရန်လိုကြတယ်။ ကျွန်မလည်း အဲဒီအတိုင်းပဲ။ ကိုယ့်ညီအစ်ကို မောင်နှမတွေကို ကိုယ့်နောက်လိုက်စေချင်ခဲ့တယ်၊ လုပ်ဖော်ကိုင်ဖက် မလိုချင်ခဲ့ဘူး၊ သူတို့ကို ဆွဲဆောင်သိမ်းသွင်းပြီး သူတို့ကြားမှာ အဆင့်အတန်းရဖို့ ဘာပြဿနာပဲရှိရှိ ကျွန်မဆီလာလို့ရတယ်၊ ကျွန်မကူညီပါ့မယ်လို့ ပြောခဲ့တယ်။ ဒါက သူတို့ကို ကျွန်မလည်း ထိန်းချုပ်ချင်ခဲ့တဲ့ သဘောမဟုတ်လား။ တကယ်တော့ ကျွန်မယုံကြည်တာ မကြာသေးသလို အတွေ့အကြုံလည်း နည်းသေးတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေတွေနဲ့ ပြဿနာတွေထဲကို ထိုးထွင်းသိမြင်မှု မရှိခဲ့ဘူး။ တစ်ယောက်တည်းဆိုတော့ သူတို့ကို လုံးဝ သိပ်ကောင်းကောင်း မကူညီနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ခေါင်းဆောင်ဆီ ကျွန်မ အကူအညီ မတောင်းခဲ့သေးဘူး။ ကျွန်မအရမ်းမောက်မာပြီး မလျော်ကန်ခဲ့တာ။ အဲဒီအခါမှပဲ ကျွန်မဖော်ထုတ်တဲ့အရာနဲ့ ပြုမူခဲ့တဲ့ပုံက အန္တိခရစ်နဲ့ တူမှန်း သဘောပေါက်သွားရော။ အရင်တုန်းက အစည်းအဝေးတွေမှာ အန္တိခရစ်တွေအကြောင်း ပြောကြတဲ့အခါ အန္တိခရစ်ဖြစ်လာမှာကို ကြောက်လို့ ကျွန်မအမြဲ ရင်ထိတ်ခဲ့ရတာ၊ ဒါပေမဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပဲ အန္တိခရစ်တွေဖြစ်လာဖို့ အလားအလာရှိတယ်၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ မြင့်မားတဲ့ အဆင့်အတန်းမရှိဘဲ အဲဒီလမ်းကြောင်းကို ကျွန်မလျှောက်မိမှာ မဟုတ်ဘူးလို့လည်း ခံစားမိခဲ့တယ်။ ဒီအမြင်က မှားမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း မရှိဘဲ ကျွန်မ လုံးဝ သိခဲ့မှာ မဟုတ်ဘူး၊ မကောင်းမှုကို ပိုလုပ်ချင်လုပ်ခဲ့မိမှာ၊ ဖာရိရှဲတွေလို ဘုရားရဲ့ ငြင်းပယ်၊ ဖယ်ရှင်းတာ ခံကောင်းခံခဲ့ရမှာပါ။ ဒါကို သဘောပေါက်အောင် ဉာဏ်အလင်းဖွင့်၊ လမ်းပြပေးလို့ ဘုရားကို ကျေးဇူးတင်မိသလို ကျွန်မအနေနဲ့ နောင်တရရမယ်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းနောက် မလိုက်ရတော့ဘူး၊ ဘုရားရဲ့ သတ်မှတ်ချက်တွေအတိုင်း တာဝန်ထမ်းဆောင်ရမယ်ဆိုတာ သိခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားတို့အား ဘုရားသခင် တောင်းဆိုသောအရာသည် အလုပ်တာဝန်များကို အရေအတွက်တစ်ခုထိ ပြီးစီးနိုင်စွမ်းရှိခြင်း သို့မဟုတ် ဧရာမတာဝန်ယူမှုများကို ပြီးမြောက်ခြင်း မဟုတ်သကဲ့သို့ ကိုယ်တော်သည် ၎င်းတို့အား တာဝန်ကြီးတစ်ခုခုကို စတင်ပြုလုပ်စေလိုသည်လည်း မဟုတ်ပေ။ ဘုရားသခင်က လိုချင်သည်မှာ လူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ၎င်းတို့တတ်နိုင်သမျှအားလုံးကို လုပ်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကြီးမြတ်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်း ရှိစေလိုသည် မဟုတ်သကဲ့သို့၊ သူသည် သင့်အား အံ့သြဖွယ်ရာတစ်ခုခုကို ဖြစ်ပွားစေလိုသည်လည်း မဟုတ်၊ ထို့ပြင် သင့်အထဲ၌ နှစ်လိုဖွယ် အံ့အားသင့်စရာများကို တွေ့လိုခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို မြင်တွေ့လိုသည်လည်း မဟုတ်ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော အရာများကို အလိုရှိသည် မဟုတ်ပေ။ ဘုရားသခင် လိုအပ်သမျှမှာ သူ၏ နှုတ်ကပတ်တော်များနှင့်အညီ တည်ကြည်ခိုင်မာစွာ သင်လက်တွေ့လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်နားထောင်သည့်အခါ သင်နားလည်ခဲ့သည့်အရာကို လုပ်ဆောင်ပါ။ သင်သဘောပေါက်သည့်အရာကို ဆောင်ရွက်ပါ။ သင်မြင်ပြီးခဲ့သည့်အရာကို သတိရပါ။ ထို့နောက်တွင် အချိန်ကျသောအခါ ဘုရားသခင်ပြောသည့်အတိုင်း လက်တွေ့လုပ်ဆောင်ပါ။ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်ရှင်နေထိုင်မှုနှင့် သင်၏အသက်တာ ဖြစ်လာစေရန် ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှုနှင့် ဂုဏ်သိက္ခာကို အစဉ်ရှာဖွေနေသည်။ သင်သည် ဂုဏ်သရေကို အစဉ်ရှာဖွေသည်။ ဘုရားသခင်သည် ၎င်းအဖြစ်ကိုတွေ့ပါက မည်သို့ခံစားရမည်နည်း။ ကိုယ်တော်သည် ၎င်းကို စက်ဆုပ်ပြီး မကြည့်လိုပေ။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှု စသောအရာများနောက်ကို လိုက်လေလေဖြစ်ပြီး၊ အခြားသူများထက် သာလွန်သော၊ အောင်မြင်သော၊ ထူးချွန်သော၊ ဂရုပြုထိုက်သောသူ ဖြစ်လိုလေလေ၊ ဘုရားသခင်သည် သင့်အားစက်ဆုပ်လေလေ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် သင့်ကို စက်ဆုပ်ရွံရှာပြီး စွန့်ပစ်လိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်အောင်နေလော့။ ဤသို့ဆိုလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အကြင်သူသည် မည်သို့ ရရှိနိုင်သနည်း။ သမ္မာတရားကို မှန်မှန်ကန်ကန် လက်ခံခြင်းအားဖြင့်၊ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ရပ်တည်ခြင်းအားဖြင့်၊ ရိုးသားသောသူတစ်ဦးဖြစ်ပြီး မိမိ၏တာဝန်များကို ထမ်းဆောင်ဖို့ ဘုရားနှုတ်ကပတ်တော်အပေါ် ခိုင်မာစွာ မှီခိုခြင်းအားဖြင့်၊ ပြီးလျှင် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဖြစ်ပေသည်။ ဤသည်မှာ လုံလောက်ပေသည်။ ရည်မှန်းချက်များဖြစ်စေ၊ အခြေအမြစ်မရှိသော စိတ်ကူးယဉ်မျှော်မှန်းချက်များကိုဖြစ်စေ စိတ်ထဲမထည့်ထားလေနှင့်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို မရှာဖွေနှင့်၊ သို့မဟုတ် လူကြားထဲတွင် ထင်ပေါ်အောင် မလုပ်နှင့်။ ထို့အပြင် လူသားတို့အလယ်တွင် သာလွန်ပြီး အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် ထင်ရှားကျော်ကြားသူတစ်ဦး၊ သို့မဟုတ် စွမ်းအားရှင်တစ်ဦး ဖြစ်ဖို့ မကြိုးစားနှင့်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အလိုဆန္ဒဖြစ်ပြီး ယင်းမှာ စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော ဖန်ဆင်းခံလူသားများကို မကယ်တင်ပေ။ အကယ်၍ လူအချို့က ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ပြီး နောင်တရဖို့ ငြင်းဆန်နေဆဲဖြစ်ပါက၊ ၎င်းတို့အတွက် ကုစားမှု မရှိပေ၊ ပြီးလျှင် ၎င်းတို့အတွက် အဆုံးသတ် တစ်ခုတည်းသာ ရှိသည်။ သုတ်သင်ဖယ်ရှင်းခံရဖို့ ဖြစ်ပေသည်။ ယနေ့တွင် သင်တို့သည် လမ်းကြောင်းကို ပြောင်းပြန်လှန်ပြီး နောင်တတရားကို လက်တွေ့လုပ်ဆောင်ဖို့ အလျင်အမြန်ပြုလုပ်လျှင် အချိန်ရှိသေးသည်။ သို့သော် နေ့ရက်သည် ရောက်လာပြီး ဘုရားသခင်၏ အမှုပြီးဆုံးသောအခါ၊ ကပ်ဘေးများ ကျရောက်လာသောအခါ ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသောသူများ၊ နောင်တရရန် ငြင်းဆန်သောသူတို့အားလုံးသည် ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မည်သို့သောလူစားမျိုးကို ကယ်တင်သည်၊ ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း အဓိပ္ပာယ်သည် မည်သည့်အရာဖြစ်သည်ကို သင်တို့အားလုံး ရှင်းလင်းသင့်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ရန်၊ ဘုရားသခင်ပြောသည့်အတိုင်း၊ အမိန့်ပေးသည့်အတိုင်း ပြုမူ၊နေထိုင်ရန်၊ မိမိ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များသို့မဟုတ် စာတန်၏ တွေးခေါ်ပုံအတိုင်း လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်ခြင်းမပြုရန်မှာ လူသားက ပြုလုပ်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံသကဲ့သို့၊ စာတန်၏ အတွေးအခေါ်များဖြင့်၊ စာတန်၏ စိတ်သဘောထားများဖြင့် ရှင်သန်နေထိုင်ဆဲဖြစ်ပြီး နောင်တရရန် ငြင်းဆိုလျှင်၊ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကိုခံရသည့် လူစားမျိုးမဟုတ်ပေ။ ဘုရားသခင်၏ နောက်သို့ သင်လိုက်သောအခါတွင် သင့်ကို ဘုရားသခင်က ရွေးချယ်ပြီးဖြစ်သည်မှာ မှန်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်ကို ရွေးချယ်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းသည် သင့်အား ဘုရားသခင်ကို ယုံကြည်သူ၊ ဘုရားနောက်သို့ အမှန်တကယ်လိုက်သူ၊ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သူ၊ ဘုရားသခင်၏ လမ်းခရီးနောက်သို့လိုက်နိုင်သောသူတစ်ယောက်၊ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ကို ဘေးဖယ်ထားသူ၊ မိမိ၏ ဆိုးယုတ်သော စိတ်သဘောထားကို ခါချထားပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအောက်တွင် အသက်မရှင်သူတစ်ယောက်အဖြစ် ပြောင်းလဲရန်ဖြစ်သည်။ သင်သည် ဘုရားသခင်နောက်သို့လိုက်ပြီး ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း ကိစ္စရပ်တိုင်းတွင် သင့်ကိုယ်သင် ဘုရားသခင်နှင့် ဆန့်ကျင်စေလျှင်၊ ကိစ္စရပ်တိုင်းတွင် ဘုရားနှုတ်ကပတ်တော်အတိုင်း မလုပ်ဆောင်လျှင်၊ သို့မဟုတ် အသက်မရှင်လျှင် သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရနိုင်သလော။ လုံးဝ မခံရနိုင်ပေ။ အဘယ်ကြောင့် ကျွန်ုပ်က ဤသို့ဆိုလိုသနည်း။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းက အမှန်တွင် မခက်ခဲသကဲ့သို့ သစ္စာရှိစွာနှင့် လက်ခံနိုင်ဖွယ် စံနှုန်းအထိ ထမ်းဆောင်ရန်လည်း မခက်ခဲပေ။ သင့်အသက်ကို စွန့်လွှတ်ရန်၊ သို့မဟုတ် ခဲရာခဲဆစ် ကိစ္စတစ်ခုခုကို ပြုလုပ်ရန် မလိုပေ၊ သင့်အနေဖြင့် သင့်ကိုယ်ပိုင် ထင်မြင်ချက်များကို ထပ်မဖြည့်ဘဲ၊ သို့မဟုတ် မိမိကိုယ်ပိုင် အရေးကိစ္စကို မလုပ်ဆောင်ဘဲ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များကို ရိုးသားစွာနှင့် တည်ကြည်ခိုင်မာစွာ လိုက်နာရန်သာ လိုသည်။ အကယ်၍ လူတို့သည် ဤသို့ပြုလုပ်နိုင်ပါက သူတို့၌ ပင်ကိုအားဖြင့် လူသားအသွင် ရှိသည်၊ သူတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှုရှိပြီး ရိုးသားသောသူတစ်ယောက်ဖြစ်လာသည့်အခါ ၎င်းတို့သည် လူသားပုံသဏ္ဍန်ကို ပိုင်ဆိုင်လိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ဘုရားနှုတ်ကပတ်တော်တွေကြောင့် သူ့အလိုတော်ကို ကျွန်မနားလည်သွားတယ်။ ဒီခေတ်မှာ ဘုရားက သူ့နှုတ်ကပတ်တော်တွေကို ကျွန်မတို့ နားထောင်ပြီး လက်တွေ့လုပ်ဆောင်မယ်၊ ဖန်ဆင်းခံတွေအနေနဲ့ ကိုယ့်နေရာကိုယ်ယူကြမယ်၊ သူ့နှုတ်ကပတ်တော်နဲ့ အလိုတော်အတိုင်း ကိုယ့်တာဝန်တွေကို ထမ်းဆောင်ကြမယ်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး ကယ်တင်ခံရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူတွေကို ကယ်တင်ဖို့ နှုတ်ကပတ်တော်အများကြီး ဖော်ပြပြီးပြီ။ ကျွန်မတို့အနေနဲ့ ကိုယ့်တာဝန်တွေမှာ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ ရှိသင့်တယ်၊ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ကိုယ်ရေးကိုယ်တာ ကြံဆတာ မလုပ်သင့်ဘူး။ အဲဒီအစား သမ္မာတရားကို ကြိုးကြိုးစားစား လိုက်စားပြီး ဖန်ဆင်းခံတွေအနေနဲ့ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းသင့်တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကြောင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ကျွန်မရှာတွေ့ခဲ့တယ်။

ရက်တချို့ကြာပြီးတဲ့နောက် ညီအစ်မတစ်ယောက်က ကျွန်မကို သူ့အခက်အခဲတွေ ဖွင့်ပြောပြီး အကူအညီလိုတယ် ပြောလာရော။ ပြဿနာက ကျွန်မအတွက် နည်းနည်းခက်တယ်။ ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး။ ဒါပေမဲ့ အရင်လို ပြုမူပြီး ကိုယ့်အရည်အချင်းကို သက်သေပြဖို့ ကျွန်မရဲ့ ခေါင်းဆောင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းလို့မဖြစ်မှန်းလည်း သဘောပေါက်ခဲ့တယ်၊ ဒီတော့ ဒီပြဿနာအကြောင်း ကျွန်မရဲ့ ခေါင်းဆောင်ကို ကျွန်မမေးခဲ့တယ်။ “ဒီပြဿနာကို ကျွန်မ မဖြေရှင်းနိုင်ဘူး။ ကူညီပေးနိုင်မလား” လို့ပေါ့။ ခေါင်းဆောင်က သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုင်းတွေကို ရှာတွေ့ပြီး ပို့ပေးခဲ့တယ်၊ အဲဒီညီအစ်မရဲ့ ပြဿနာကို ကျွန်မတို့ အတူတူ ဖြေရှင်းခဲ့တယ်။ အဲဒီနောက်တော့ ကျွန်မမှာ ပြဿနာတစ်ခုခုရှိတိုင်း ခေါင်းဆောင်နဲ့အတူ ရှာဖွေပြီး သူနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်၊ အရင်ကလိုမျိုး တစ်ယောက်တည်း မလုပ်တော့ဘူး။ ညီအစ်ကို မောင်နှမတွေကို ကျွန်မကူညီတဲ့အချိန်မှာ ကျွန်မရဲ့ သဘောထားက အရင်နဲ့ မတူတာကို ခံစားရတယ်။ အရင်ကတော့ ကိုယ့်ပုံရိပ်နဲ့ ဂုဏ်သတင်း ကာကွယ်ဖို့ လုပ်ခဲ့တာဖြစ်ပြီး ခေါင်းဆောင်ကို လုံးဝ မမေးခဲ့ဘူး။ ပြဿနာကို သူဖြေရှင်းပြီး ဘယ်သူမှ ကျွန်မကို အထင်မကြီးမှာ ကြောက်ခဲ့တယ်။ အခု ကျွန်မကို သူတို့အထင်ကြီးမကြီး ကျွန်မမစဉ်းစားတော့ဘူး။ အဲဒီစား ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ပိုပြီး ဘယ်လိုကောင်းကောင်း ဖြေရှင်းရမယ်ဆိုတာကို တွေးတယ်။ ပြီးတော့ ကျွန်မရဲ့ ခေါင်းဆောင်နဲ့ တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တာက ကျွန်မကို ကြီးမားတဲ့ စိတ်အေးချမ်းမှု ပေးတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နာမကျန်းဖြစ်သည့် အချိန်များမှတစ်ဆင့် ဆင်ခြင်သုံးသပ်မှုများ

ရှီကျိ အမေရိကန်နိုင်ငံ ကျွန်မက ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာ လေ့ရှိတယ်။ ကျွန်မကို လမစေ့ခင်မွေးပြီး၊ အမေ့ဗိုက်ထဲက ထွက်လာကတည်းက...

ဧဝံဂေလိဟောခြင်း လမ်းကြောင်း

ဧဝံဂေလိ ဝေမျှဖို့ ပထမဆုံး သင်ယူတဲ့အချိန်ကို ကျွန်တော် အမှတ်ရမိတယ်။ ဟူဘေးမှာ ကြီးမားသော ချီးမွမ်းခြင်း အသင်းတော်ရဲ့ အသင်းသား အစ်ကိုဆူးနဲ့...

လှည့်စားခြင်းနှင့် သံသယဝင်ခြင်းသည် ဒုက္ခကိုသာ သယ်ဆောင်လာသည်

ကျန်ဟန် ဂရိနိုင်ငံ ကျွန်မက အသင်းတော်က ဗီဒီယိုထုတ်လုပ်ရေးသင်တန်းမှာ ဆက်တိုက်ရှိနေခဲ့တာ။ နောက်တော့ ၂၀၂၀ခုနှစ်၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ...

သူများတွေကို သင်ပေးတဲ့အခါ ဘာကြောင့် ကျွန်မက ဆရာစားချန်တာလဲ

ဆုတုန်း အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးလုပ်တယ်။ ဒါ တကယ် အရေးကြီးတဲ့တာဝန်ဆိုတာ ကျွန်မသိတော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။