အမှားများကို ဝန်ခံရန် ရုန်းကန်ရခြင်း

15.11.2024

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ စနေနေ့မှာ မိုးဖွဲဖွဲရွာနေပါတယ်။

ဒီနေ့မှာ အလုပ်မှတ်တမ်းစာရွက်ကို စီစဉ်နေတုန်းမှာ၊ မမှန်မကန် တာဝန်ပေးထားပြီး ထုတ်လုပ်ရေးအလုပ် ထပ်တလဲလဲ လုပ်ထားရတဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ အမှတ်တမဲ့ တွေ့တယ်။ ကျွန်မ အရမ်းအံ့ဩသွားတယ်။ သေချာစစ်ဆေးပြီးတဲ့နောက်မှာ မထုတ်လုပ်ခင် မှတ်တမ်းတွေကို စစ်ဖို့ ကျွန်မ မေ့သွားခဲ့လို့ ဖြစ်မှန်း သဘောပေါက်လိုက်တယ်။ မှတ်တမ်းတွေကို မစစ်ခဲ့လို့ အရင်တုန်းက ကျွန်မ ဒီလိုအမှားကို နှစ်ခါ လုပ်ခဲ့မိတာကို သတိရတယ်။ အဲဒီတုန်းက ကျွန်မ လုံ့လမရှိတဲ့အတွက် ခေါင်းဆောင်က ကျွန်မကို ဝေဖန်ပြီး၊ အမှားဖြစ်ရတဲ့ အကြောင်းတရားတွေကို အကျဉ်းချုပ်ခဲ့တယ်။ အနာဂတ်မှာ အဲဒီလို အမှားမျိုး မလုပ်မိအောင် ရှောင်ဖို့ ကျွန်မကို ပြောခဲ့တယ်။ ဒီတစ်ခါ အဲဒီအမှားကိုပဲ လုပ်မိမယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး။ ကျွန်မ အရမ်းကို အားနည်းသလိုခံစားရတယ်။ “ငါ ကြီးကြပ်ရေးမှူးလုပ်တာ နှစ်ရက်၊ သုံးရက်ပဲရှိသေးတယ်။ အဲဒီလို အဆင့်နိမ့်တဲ့ အမှားတစ်ခုကို ထပ်လုပ်မိပြန်ပြီ။ ခေါင်းဆောင်သာ သိသွားရင်၊ ငါ့ကို ဘယ်လောက် စိတ်ပျက်လိုက်မလဲ။ ငါ့ကို သူ ထပ်ပြီး ပြုပြင်၊ ဝေဖန်ရင်၊ ငါ ဘယ်လို ခေါင်းမော့နိုင်မှာလဲ”လို့ပေါ့။ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်မှာ ကျွန်မတို့အဖွဲ့ထဲက ညီအစ်မ စင်းကျင်းက အထုတ်ခံခဲ့ရတာကိုလည်း သတိရသွားတယ်။ သူ့တာဝန်တွေမှာ အမြဲတမ်း ဝတ်ကျေတမ်းကျေ ဖြစ်ခဲ့လို့လေ။ အဲဒီတုန်းက သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေဖြစ်တာရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကိုတောင် ကျွန်မ မိတ်သဟာယပြုပြီး ဖော်ထုတ်ခဲ့တာလေ။ ဒါပေမဲ့ အခု ကျွန်မ ဝတ်ကျေတမ်းကျေဖြစ်လို့ အဲဒီလို အဆင့်နိမ့်တဲ့ အမှားတစ်ခုကို ကျွန်မလည်း လုပ်မိတယ်။ ညီအစ်ကို မောင်နှမတွေက သိရင်၊ ကျွန်မက စကားတွေနဲ့ အယူဝါဒတွေကို ကောင်းကောင်းဟောပေမဲ့ ကျွန်မတာဝန်တွေကို ဝတ်ကျေတမ်းကျေ လုပ်ပြီး သမ္မာတရား စစ်မှန်မှု မရှိဘူး၊ ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ဖို့ မသင့်တော်ဘူးလို့ သေချာပေါက် ပြောကြမှာပဲ။ အဲဒီအကြောင်းတွေးလေ၊ ပိုကသိကအောက်ဖြစ်လေဖြစ်ပြီး၊ အဲဒီတုန်းက သေချာမစစ်ဆေးခဲ့တာကို နောင်တရမိတယ်။ လူတိုင်းကို ကျွန်မ အမှားဝန်ခံဖို့ ကျွန်မ အရမ်းရှက်ခဲ့တယ်။ ဒါကြောင့် အရင်ကထုတ်လုပ်ရေး မှတ်တမ်းကို ဖျက်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်မှာရှိတဲ့ စကားရပ်တစ်ခုက ကျွန်မစိတ်ထဲမှာ ဖျတ်ခနဲ ပေါ်လာတယ်။ “သူလျှို့ဝှက်စွာ ပြောဆိုခဲ့သည့် စကားနှင့် လျှို့ဝှက်စွာ လုပ်ခဲ့သည့် အရာများသည် ငါ၏ တရားစီရင်သည့် ပလ္လင်ရှေ့၌ အစဉ် ရှိနေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်) ကျွန်မစိတ်နှလုံးမှာ ကြောက်ပြီး တုန်လှုပ်တဲ့ ခံစားချက်တစ်ခု ခံစားရတယ်။ ဘုရားကလူ့ရဲ့ အတွင်းဆုံး ဖြစ်တည်မှုကို စိစစ်တယ်။ ဒါကို လူတွေဆီကနေ ကျွန်မ ဖုံးကွယ်လို့ရနိုင်ပေမဲ့ ဘုရားကို လှည့်စားလို့မရဘူး။ လှည့်ဖြားတာကို ကျွန်မ အားထားရင်၊ ဘုရားက ရှင်းရှင်းလင်းလင်း မြင်ပြီး ကျွန်မကို ရှုတ်ချမှာပဲ။ ကျွန်မ အရမ်း ကြောက်သွားပြီး ဖျက်ထားတဲ့ မှတ်တမ်းကို အမြန် ပြန်ထည့်လိုက်တယ်။ ဒီမှတ်တမ်းကို ကြည့်ရတာက ဖျက်လို့မရတော့တဲ့ အစွန်းအထင်းတစ်ခုကို မြင်နေရသလိုမျိုးပဲ။ ဒါပေမဲ့ ကျွန်မရဲ့ အမှားကို ခေါင်းဆောင်ဆီ ဝန်ခံရဲတဲ့ သတ္တိ ကျွန်မမှာ တကယ် မရှိခဲ့ဘူး။ ကျွန်မ ဘာတစ်ခုမှ မပြောရင်၊ ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ တွေးမိတယ်။ ဒါကြောင့် အလုပ်မှတ်တမ်းစာရွက်ကို အမြန် ပိတ်လိုက်တယ်။

ညမှာ အိပ်ရာထဲ ဟိုလူးဒီလှိမ့်နဲ့ အိပ်လို့မရသလို စိတ်မသက်မသာ ခံစားနေရတယ်။ အလုပ်ကို ဆုံးရှုံးမှုဖြစ်စေတဲ့ အမှားတစ်ခုကို ကျွန်မ သိသိသာသာ လုပ်မိခဲ့ပေမဲ့ အဲဒီကြောင်း မသိသလို ဟန်ဆောင်ခဲ့ပြီး၊ ဒီကိစ္စကို ခေါင်းဆောင်ဆီ ပြောပြဖို့ အစီအစဉ်မရှိခဲ့ဘူး။ ကျွန်မက အရှက်မရှိ လှည့်ဖြားတတ်နေခဲ့တာပဲ။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေမှာ ဒါကို ဖတ်ရတယ်။ “ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို မရလျှင် မည်သို့ အဓိပ္ပာယ်ရသနည်း။ သင်သည် ဘုရားသခင်ကို မရရှိလျှင် သင်သည် သမ္မာတရားကို နားမလည်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ကို သင်သိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်ဖို့ လမ်းမရှိပေ။ ဤဖြစ်ရပ်တွင် သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်လျှင် သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းကို ရယူရန် မရှာဖွေလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သနည်း။ အကယ်၍ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက၊ သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ရလဒ် ချမှတ်ခံရလိမ့်မည်။ ထို့ကြောင့် လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက ရိုးသားခြင်းဖြင့် စတင်ရမည်။ အဆုံးတွင် ဘုရားသခင်၏ ရယူခြင်းခံရသောသူတို့သည် လက္ခဏာတစ်ခုဖြင့် အမှတ်အသားပြုခံရကြသည်။ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်။ ‘အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။’ (ဗျာဒိတ်ကျမ်း ၁၄:၅) သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ ‘သူတို့’ ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရသူများ ဖြစ်သည်။ ဤလူများကို ဘုရားသခင်က မည်သို့ ဖော်ပြသနည်း။ ၎င်းတို့ အပြုအမူ၏ ထူးခြားသော လက္ခဏာများနှင့် ဖော်ပြချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။ မုသားများ မပြောကြပေ။ မုသားများ မပြောဆိုခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်တို့အားလုံး နားလည်သဘောပေါက်ခြင်း ရှိကောင်းရှိနိုင်သည်။ ယင်းမှာ ရိုးသားခြင်းကို ဆိုလိုပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု)လူတိုင်းတွင် လှည့်စားသော စိတ်သဘောထားရှိသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ မည်မျှဆိုးဝါးသနည်းဆိုသည့်အချက်ပင်ဖြစ်သည်။ သင်သည် စုဝေးပွဲများတွင် သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ကောင်းဖွဲ့နိုင်သော်လည်း သင့်တွင် လှည့်စားသော စိတ်သဘောထားမရှိဟု ဆိုလိုသလော။ မဆိုလိုပေ။ သင့်တွင်လည်း လှည့်စားသော စိတ်သဘောထားရှိသည်။ အဘယ်ကြောင့် ငါ ဤသို့ ပြောသနည်း။ ဥပမာတစ်ခုမှာ ဤသို့ဖြစ်သည်။ သင်သည် သင်၏ မာန၊ သို့မဟုတ် ဘဝင်မြင့်မှုနှင့်မသက်ဆိုင်သောအရာများ၊ ရှက်ဖွယ်မဟုတ်သောအရာများ၊ ပြုပြင်ခြင်းကိုသင်မခံရမည့်အရာများအား မိတ်သဟာယတွင် ဖွင့်ပြောကောင်း ဖွင့်ပြောနိုင်သည်။ သို့သော် သင်သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့်အရာ၊ လူတိုင်းက စက်ဆုပ်ရွံရှာမည့်အရာတစ်ခုကို လုပ်ဆောင်ခဲ့လျှင် စုဝေးပွဲများတွင် ဤအကြောင်းကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်မည်လော။ ပြီးလျှင် သင်သည် ပြောရက်စရာမရှိအောင် ဆိုးရွားသောအရာတစ်ခုကို လုပ်ဆောင်ခဲ့လျှင် ထိုအရာနှင့်ပတ်သက်ပြီး ဖွင့်ပြောကာ အမှန်တရားကို ဖွင့်ပြရန် သင့်အတွက် ပို၍ပင် ခက်ခဲလိမ့်မည်။ တစ်စုံတစ်ယောက်က ထိုအရာကို စူးစမ်းလျှင်၊ သို့မဟုတ် အပြစ်တင်ဖို့ ကြိုးစားလျှင် သင်သည် ယင်းကို ဖုံးကွယ်ရန် သင့်တွင်ရှိသမျှ နည်းလမ်းအားလုံးကို အသုံးပြုလိမ့်မည်။ ဤအကြောင်းအရာ ပေါ်ကောင်းပေါ်သွားမည်ကို သင်သည် ကြောက်လန့်နေလိမ့်မည်။ သင်သည် အစဉ်သဖြင့် ဖုံးဖိပြီး လွတ်မြောက်သွားရန် ကြိုးစားနေလိမ့်မည်။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားတစ်ခုမဟုတ်သလော။ လူကြားအောင် မပြောလျှင် မည်သူကမျှ သင် သိမည်မဟုတ်၊ ဘုရားသခင်ပင်လျှင် ယင်းကို သိရန် မဖြစ်နိုင်ချေဟု သင် ယုံကြည်ကောင်းယုံကြည်နိုင်သည်။ ဤသည်မှာ မှားယွင်းသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို စိစစ်သည်။ သင်သည် ဤအရာကို သတိမမူမိနိုင်လျှင် ဘုရားသခင်ကို သင် လုံးဝ မသိပေ။ လှည့်စားသောသူများသည် အခြားလူများကို လှည့်စားခြင်းသာမဟုတ်ဘဲ ဘုရားသခင်ကို လှည့်စားရန်ပင် ကြိုးစားပြီး ဘုရားသခင်အား အာခံရန် လှည့်စားသောနည်းလမ်းများကို အသုံးပြုရဲကြသည်။ ဤသို့သောလူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ လှည့်စားသောသူများသည် ဘုရားသခင် အရွံ့မုန်းဆုံးသောသူများဖြစ်သည်။ ထို့ကြောင့် လှည့်စားသူများသည် ကယ်တင်ခြင်းကိုရယူရန် အခက်ခဲဆုံးသောသူများဖြစ်သည်။ လှည့်စားတတ်သည့် သဘာဝရှိသောသူများသည် အလိမ်ညာဆုံးသောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် လိမ်ညာပြီး လှည့်စားဖို့ ကြိုးစားလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် ခေါင်းမာစွာဖြင့် နောင်တမရကြပေ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရယူနိုင်သည့် သဘောဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်) အမှားလုပ်မိပြီးတဲ့နောက် ကျွန်မရဲ့ အတွေးတွေ၊ လုပ်ရပ်တွေကို ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ကြည့်တဲ့အခါ၊ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားတစ်ခုကို ကျွန်မ ထုတ်ဖော်နေမိမှန်း သဘောပေါက်သွားတယ်။ ကျွန်မက ကိုယ့်တာဝန်တွေကို ဝတ်ကျေတမ်းကျေ လုပ်ခဲ့တယ်၊ အဲဒါကြောင့် အလုပ်ကို ထပ်တလဲလဲ လုပ်ရပြီး၊ လူနဲ့ ပစ္စည်း ရင်းမြစ်တွေ ဖြုန်းတီးတယ်ဆိုတာက အမှန်တရားတစ်ခုပဲ။ ကျွန်မ ရိုးသားတဲ့ လူတစ်ယောက်ဖြစ်သင့်တယ်၊ ကျွန်မရဲ့ အမှားကို ခေါင်းဆောင်ဆီ မှန်မှန်ကန်ကန် ဝန်ခံပြီး တာဝန်ယူသင့်တယ်။ ဒါပေမဲ့ ခေါင်းဆောင်နဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်သေးမှာ ကြောက်ခဲ့တယ်။ အဲဒါနဲ့ အရင်က ထုတ်လုပ်ရေးမှတ်တမ်းကို ဖျက်ပစ်ပြီးတော့ ကျွန်မအမှားကို ဖုံးဖိတဲ့နည်းကို သုံးခဲ့တယ်။ ဒါဆိုရင် ပြဿနာကို ဘယ်သူမဆို ရှာတွေ့တာမျိုး ဖြစ်မှာမဟုတ်ဘူးလို့ တွေးပြီးတော့ပေါ့။ နောက်ပိုင်းမှာ မှတ်တမ်းကို ကျွန်မ ပြန်ထည့်ထားပေမဲ့၊ ကျွန်မရဲ့ အမှားကို ဝန်မခံချင်သေးဘူး။ သတိမထားမိဘဲ ပြီးသွားစေဖို့ မျှော်လင့်ခဲ့တယ်။ နောက်ပိုင်းမှာ ဘယ်သူကမှ အဲဒါကို မသိသရွေ့၊ အဲဒီကိစ္စကို မဖြေရှင်းဘဲ ထားလို့ရတယ်ပေါ့။ တကယ်လို့ တစ်ယောက်ယောက်က နောက်ပိုင်းမှာ သိသွားခဲ့ရင်၊ အဲဒီတုန်းက ကျွန်မ သတိထားမိခဲ့ပေမဲ့ ပြောဖို့ မေ့သွားတယ်၊ တမင်ဖုံးကွယ်တာ မဟုတ်ပါဘူးဆိုပြီး ပြောလို့ရတယ်ပေါ့။ ဒီလိုနဲ့ ကျွန်မရဲ့ အမှားကို လှည့်စားတဲ့ပုံမပေါ်ဘဲ ကျွန်မ ဖုံးဖိလို့ရမှာလေ။ ကျွန်မ အရမ်း လှည့်ဖြားတတ်တာပဲ။ ဘုရားရဲ့ အနှစ်သာရက သန့်ရှင်းတယ်။ ပြီးတော့ သူက ရိုးသားသူတွေကို နှစ်သက်ပြီး လှည့်ဖြားတတ်သူတွေကို စက်ဆုပ်တယ်။ ဘုရားက အရာရာကို စိစစ်တာ သိပေမဲ့၊ လှည့်ဖြားမှုနဲ့ လှည့်ကွက်တွေကို ကျွန်မ လုပ်နေမိတုန်းပဲ။ ကျွန်မရဲ့ လုပ်ရပ်တွေကို ဘုရားက စက်ဆုပ်တယ်။ ကျွန်မ နောင်တရပြီး ရိုးသားတဲ့လူတစ်ယောက် ဖြစ်မလာရင်၊ အပြင်ပန်းမှာ ကျွန်မ ဘယ်လောက်ပဲ စွန့်လွှတ်ပါစေ၊ နောက်ဆုံးမှာ ကယ်တင်ခံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အမှားကို ခေါင်းဆောင်ဆီ ဝန်ခံတာက အရမ်းရှက်စရာကောင်းတယ်လေ။ ခေါင်းဆောင်က ကျွန်မကို စိတ်ပျက်ပြီး ပြုပြင်မှာကို ကျွန်မ ကြောက်ခဲ့တယ်။ ထုတ်ပြောဖို့ သတ္တိမရှိခဲ့ဘူး။ ကျွန်မစိတ်နှလုံးမှာ ဒွိဟဖြစ်ပြီး နာကျင်ရတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ တနင်္ဂနွေနေ့၊ မိုးအုံ့နေတယ်။

နှစ်ရက်ကုန်သွားပြီး၊ ခေါင်းဆောင်ကို ပြောပြဖို့ ကျွန်မမှာ သတ္တိ မရှိသေးဘူး။ ပြီးခဲ့တဲ့ နှစ်ရက်မှာ၊ ကျွန်မရဲ့ မှတ်ဉာဏ်ကနေ ဒီအဖြစ်အပျက်ကို ကျွန်မ အသည်းအသန် ဖျက်ပစ်ချင်ခဲ့တယ်။ အဲဒါဆိုရင် ကျွန်မရဲ့အမှားကို ကျွန်မ ဝန်ခံစရာလိုမှာ မဟုတ်သလို အရှက်နဲ့ရင်ဆိုင်ရမှာ မဟုတ်ဘူးလေ။ ကျွန်မရဲ့အလုပ်ကို ကျွန်မ လုံးဝ ခေါင်းမဖော်တမ်းလုပ်ခဲ့တယ်။ အဲဒါက ခဏတော့ ဒီအဖြစ်အပျက်ကို မေ့ပျောက်အောင် ကျွန်မကို ကူညီပေးခဲ့တယ်။ ဒါပေမဲ့ အလုပ်နားတဲ့ခဏမှာ အဲဒါကို ထပ်မစဉ်းစားဘဲ မနေနိုင်ပြန်ဘူး။ ဒီအမှားက ကျွန်မကို အိမ်မက်ဆိုးတစ်ခုလို တွယ်ကပ်နေတာ။ ကျွန်မ စားနေတာပဲဖြစ်ဖြစ်၊ သန့်ရှင်းရေးလုပ်တာ၊ လမ်းလျှောက်နေတာပဲဖြစ်ဖြစ် အဲဒါကို စဉ်းစားလိုက်မိတာနဲ့ ကျွန်မနှလုံးသားက လိမ်ရွဲ့သွားသလို နာကျင်တယ်။ ကျွန်မခေါင်းထဲမှာ ကျွန်မကို အမြဲ စွပ်စွဲနေတဲ့ အသံတစ်သံရှိနေသလိုမျိုးပဲ။ “နင်က ရိုးသားတဲ့သူမဟုတ်ဘူး။ ကယ်တင်မခံရနိုင်ဘူး”လို့ပေါ့။ ညမှာလည်း ကျွန်မ ကောင်းကောင်း အိပ်လို့မရသလို ကျွန်မစိတ်နှလုံးက ညှဉ်းဆဲခံရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) အရင်က ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ၊ အတော့်ကို နားမလည်ခဲ့ဘူး။ “ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ တကယ် ခက်တာလား။ ငါတို့ ရိုးသားတဲ့လူတွေ ဖြစ်မလာရင် ကယ်တင်မခံရနိုင်ဘူးလို့ ဘုရားက ရှင်းရှင်းလင်းလင်း ပြောတယ်။ အကျိုးဆက်တွေကို ငါ သိထားတဲ့အတွက် ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့အတွက် ဘယ်ဆင်းရဲဒုက္ခကိုပဲ ခါးစီးခံရပါစေ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ရိုးရိုးသားသား စကားပြောပြီး ပြုမူသင့်တယ်။ ဒါ မခက်သင့်ဘူး။ ပြီးတော့ ငါ့ဗီဇက ရိုးရှင်းတဲ့ ပင်ကိုစရိုက်ရှိတယ်။ ငါ့စိတ်ထဲရှိတာကို အမြန်ပြောတတ်တယ်။ ဒီတော့ ရိုးသားတာနဲ့ အမှန်ကို ပြောတာတွေက ငါ့အတွက် မခက်ခဲသင့်ဘူး”လို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ အဖြစ်မှန်တွေ ပေါ်လာတော့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်တာက ကျွန်မတွေးသလောက် မရိုးရှင်းမှန်း သိလိုက်ရတယ်။ ကျွန်မကိုယ်တိုင်ရဲ့ အမှားကို ဝန်ခံဖို့ သတ္တိတောင် ကျွန်မမှာ မရှိဘူး။ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းကို အဖတ်ဆယ်ဖို့အတွက် အမှန်တရားကို ဖုံးဖိဖို့ လှည့်ကွက်တွေတောင် သုံးခဲ့တယ်။ မရိုးသားဘဲနဲ့ ကျွန်မ ကယ်တင်မခံရနိုင်တာကို ရှင်းရှင်းလင်းလင်း သိပေမဲ့၊ ကိုယ့်အမှားကို ဝန်မခံချင်သေးဘူး။ ကျွန်မက ရိုးရိုးသားသား စကားပြောဖို့ထက် ငရဲမှာပဲ စီရင်ခြင်းခံချင်တဲ့သူအနေနဲ့ ဘုရားက ဖော်ပြတဲ့ လူစားမျိုး မဟုတ်ဘူးလား။ ဆယ်နှစ်ကျော် ဘုရားကို ကျွန်မ ယုံကြည်ခဲ့ပေမဲ့ ဒီလိုသေးငယ်တဲ့ ကိစ္စမှာတောင် ရိုးသားတဲ့လူတစ်ယောက် မဖြစ်နိုင်သေးသလို ကျွန်မရဲ့အမှားကို မှန်မှန်ကန်ကန် ဝန်မခံနိုင်သေးတဲ့ပုံကို ကျွန်မ တွေးမိတယ်။ သမ္မာတရား စစ်မှန်မှု နည်းနည်းမှ ကျွန်မ မပိုင်ဆိုင်ပါဘူး။ ကျွန်မ အရမ်း စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတယ်။ သမ္မာတရားကို လက်တွေ့လုပ်ချင်တယ်လို့ ကျွန်မ အမြဲ ကြွေးကြော်ပေမဲ့ ကျွန်မရဲ့ မာန၊ အဆင့်အတန်းနဲ့ဆိုင်တဲ့ အရာတစ်ခုကို ရင်ဆိုင်ရတဲ့အခါ၊ အဲဒါကို သိလျက်နဲ့ လက်တွေ့လုပ်ဖို့ ပျက်ကွက်တယ်။ ကျွန်မ ဝမ်းနည်းပြီး၊ ညီအစ်ကို မောင်နှမတွေကို စကားမပြောချင်ဘူး။ ကျွန်မ သမ္မာတရားကို လက်တွေ့မလုပ်သလို ရိုးသားတဲ့ လူတစ်ယောက် မဟုတ်လို့ သူတို့ကို တွေ့ဖို့ သိက္ခာမရှိဘူးလို့ အမြဲ ခံစားရတယ်။ ညမှာ မအိပ်ခင်၊ မျက်လုံးမှာ မျက်ရည်တွေနဲ့ ကျွန်မရဲ့ စိတ်နှလုံးကနေ နာကျင်မှုကို သွန်ချပြီး ဘုရားဆီ ဆုတောင်းတယ်။ “ဘုရားသခင်၊ ကျွန်မ ဘယ်လောက် သနားစရာဖြစ်တာကို ကျွန်မ မြင်ပါတယ်။ အဲဒီလို အသေးအမွှားကိစ္စမှာတောင် သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်နိုင်ဘူး။ မှန်ကန်တဲ့ ထွက်ဆိုချက်တစ်ခုကိုတောင် ကျွန်မ မပြောနိုင်ဘူး၊ အမှားကို ဝန်မခံနိုင်ဘူး။ စာတန်က ဖျက်ဆီးတာကို ကျွန်မ တော်တော်ခံထားရပါတယ်။ ဘုရားသခင်၊ ကျွန်မ အရမ်း စိတ်ဓာတ်ကျပါတယ်။ ဒီလို အသက်မရှင်ချင်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မကို ကယ်တင်ပါ”လို့ပေါ့။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့၊ တနင်္ဂလာနေ့၊ တိမ်ထူရာကနေ တိမ်ကင်းစင်လာနေတယ်။

နဂိုက ခေါင်းဆောင်ဆီ ကျွန်မရဲ့အမှားကို ကျွန်မ ဝန်ခံချင်ခဲ့ပေမဲ့ စကားပြောရမဲ့အချိန်ရောက်လာတဲ့အခါ၊ အတော်လေး စိုးရိမ်နေတုန်းပဲ။ ကျွန်မ မတွေးဘဲ မနေနိုင်ဘူး။ ငါ့အမှားကို ဝန်ခံပြီး အမှန်တရားကို ပြောဖို့ ဘာလို့ ငါ့အတွက် အရမ်းခက်တာလဲ။ ဘာက ငါ့ကို မရိုးသားအောင် တကယ်တမ်း တားဆီးနေတာလဲ ပေါ့။ ကျွန်မရဲ့ အခြေအနေကို အစ်မ လီတုန်ဆီ ပြောပြခဲ့ပြီး၊ သူက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ အဲဒါက နောက်ဆုံးမှာ ကိစ္စရပ်နဲ့ပတ်သက်လို့ သိနားလည်မှုတချို့ ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ သင်သည် စိတ်ဆန္ဒရှိပါက သင်သည် တွန်းအားတစ်ခုတည်းဖြင့် ကောင်းစွာ လုပ်ဆောင်နိုင်သော်လည်း မုသားမပါဘဲ အမှန်တရားကို ပြောခြင်း ဖြစ်ရပ်တစ်ခုတည်းက အပြီးအပိုင် ရိုးသားသောလူတစ်ဦး မဖြစ်စေပေ။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုပါဝင်ပြီး ယင်းက အတွေ့အကြုံ ဆယ်နှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ် လိုအပ်သည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်း၏ အခြေခံစံနှုန်းကို မရောက်ရှိနိုင်မီ သင်၏လှည့်စားတတ်သော စိတ်သဘောထား ဖြစ်သည့် မုသားများနှင့် လိမ်လည်လှည့်စားခြင်းများကို ဖယ်ရှားပစ်ရမည်။ ဤသည်မှာ လူတိုင်းအတွက် ခက်ခဲသည် မဟုတ်လော။ ယင်းက အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ ဘုရားသခင်သည် ယခုအခါတွင် လူတစ်စုကို စုံလင်စေပြီး ရရှိလိုပြီး သမ္မာတရားကို လိုက်စားသူအားလုံးသည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို လက်ခံရမည်ဖြစ်ကာ ယင်း၏ ရည်ရယ်ချက်မှာ ၎င်းတို့၏ လှည့်စားတတ်သော စိတ်သဘောထားများကို ဖြေရှင်းဖို့နှင့် ၎င်းတို့ကို ရိုးသားသောလူများဖြစ်စေဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့်လူများ ဖြစ်စေဖို့ဖြစ်သည်။ ဤသည်မှာ တစ်ချက်တည်းသောတွန်းအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းက စစ်မှန်သော ယုံကြည်ခြင်း လိုအပ်ပြီး ယင်းကို မရရှိနိုင်မီတွင် အကြင်သူသည် စမ်းသပ်မှုများစွာနှင့် စစ်ဆေးမှုများစွာကို ခံစားရမည် ဖြစ်သည်။ ဘုရားသခင်က သင့်အား ရိုးသားသောသူတစ်ဦးဖြစ်ဖို့နှင့် အမှန်တရားကို ပြောရန် ယခုတောင်းဆိုလျှင် အမှန်တရားများ၊ သင်၏ အနာဂတ်နှင့် ကံကြမ္မာ၊ သင့်အတွက် အကျိုးဖြစ်ကောင်းဖြစ်မည်မဟုတ်သော အကျိုးဆက်များပါဝင်သော အရာတစ်ခုခုကို ပြောရမည်ဖြစ်ကာ၊ အခြားလူတို့က သင့်ကို အထင်မကြီးတော့လျှင်၊ သင်၏ ဂုဏ်သတင်း ပျက်စီးပြီဟု ခံစားရလျှင် ထိုသို့သော အခြေအနေမျိုးတွင် သင်သည် ပွင့်လင်းပြီး အမှန်ကိုပြောနိုင်သလော။ သင်သည် ရိုးသားနိုင်သေးသလော။ ဤသည်မှာ လုပ်ဆောင်ရန် အခက်ခဲဆုံးအရာဖြစ်သည်။ သင်၏ အသက်ကို စွန့်လွှတ်ခြင်းထက် များစွာ်ပို၍ ခက်ခဲသည်။ သင်က ‘ကျွန်ုပ်အား အမှန်တရားကို ပြောစေခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ အမှန်တရားကိုပြောခြင်းထက် ဘုရားအတွက် အသေသာခံလိုက်မည်။ ကျွန်ုပ်သည် ရိုးသားသောလူတစ်ဦး လုံးဝ မဖြစ်လိုပါ။ လူတိုင်းအား ကျွန်ုပ်ကို အထင်သေးပြီး ကျွန်ုပ်သည် သာမန်လူတစ်ယောက်ဖြစ်သည်ဟု တွေးထင်ခွင့် ပေးမည့်အစား သေသာ သေလိုက်မည်’ ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအရာက လူတို့ အမြတ်နိုးဆုံးအရာကို ပြသလော။ လူတို့ အမြတ်နိုးဆုံးအရာမှာ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းဖြစ်သည်။ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် ထိန်းချုပ်ခြင်းခံရသည့် အရာများဖြစ်သည်။ အသက်က ဒုတိယသာဖြစ်သည်။ အခြေအနေက တွန်းအားပေးလာလျှင် ၎င်းတို့သည် မိမိတို့၏ အသက်ကို ပေးဖို့ အားအင်အကုန်ထုတ်မည် ဖြစ်သော်လည်း အဆန့်အတန်းနှင့် ဂုဏ်သတင်းကို စွန့်လွှတ်ရန် မလွယ်ကူပေ။ ဘုရားသခင်ကို ယုံကြည်သည့်လူများအတွက်မူ မိမိတို့၏ အသက်ကို ပေးခြင်းသည် အဆုံးစွန် အရေးမပါသောကြောင့် ဖြစ်သည်။ လူများကို သမ္မာတရားကို လက်ခံဖို့၊ သူတို့၏စိတ်နှလုံးတွင်ရှိသော မည်သည့်အရာကိုမဆို ပြောဆိုပြီး ပွင့်လင်းကာ လူတိုင်းအား ဖော်ထုတ်ပြသသော အမှန်တကယ် ရိုးသားသည့် လူများဖြစ်ဖို့ ဘုရားသခင်က တောင်းဆိုသည်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အမှန်မှာမူ ဘုရားသခင်က သင့်ကို သင်၏အသက်ကို စွန့်လွှတ်ရန် မခိုင်းစေပေ။ သင်၏အသက်ကို ဘုရားသခင်က ပေးထားသည် မဟုတ်လော။ သင်၏အသက်သည် ဘုရားသခင်အတွက် အဘယ်အသုံးကျမည်နည်း။ ယင်းကို ဘုရားသခင်က အလိုမရှိပေ။ ဘုရားသခင်သည် သင့်အား ရိုးသားစွာ စကားပြောဆိုစေလိုသည်။ သင်သည် မည်သူဖြစ်ပြီး သင့်စိတ်နှလုံးတွင် မည်သည့်အရာ စဉ်းစားသည်ကို ပြောဆိုစေလိုသည်။ ဤအရာများကို သင်ပြောနိုင်သလော။ ဤတွင် လုပ်ဆောင်ရမည့်အရာသည် ခက်ခဲလာသည်။ သင်က ‘ကျွန်ုပ်အား ကြိုးစားလုပ်ကိုင်စေပါ။ ကျွန်ုပ်တွင် လုပ်ဆောင်ရန် အားအင်ရှိပါမည်။ ကျွန်ုပ် ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ အားလုံးကို စွန့်လွှတ်စေပါ၊ ကျွန်ုပ်စွန့်လွှတ်နိုင်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိဘနှင့် သားသမီး၊ ကျွန်ုပ်၏ အိမ်ထောင်နှင့် အသက်မွေးအလုပ်တို့ကို လွယ်ကူစွာ စွန့်ခွာပါမည်။ သို့သော် ကျွန်ုပ်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောခြင်း၊ ရိုးသားစွာ ပြောဆိုခြင်းတို့မှာ ကျွန်ုပ်မလုပ်နိုင်သော အရာဖြစ်သည်’ ဟု ပြောဆိုနိုင်သည်။ ယင်းကို သင် မလုပ်ဆောင်နိုင်သည့် အကြောင်းရင်းမှာ အဘယ်နည်း။ သင်လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက် သင်နှင့်သိသော၊ သို့မဟုတ် ရင်းနှီးသော မည်သူမဆိုသည် သင့်အပေါ် ထင်မြင်ပုံ ကွဲပြားသွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် သင့်ကို အထင်ကြီးတော့မည် မဟုတ်ပေ။ သင်သည် ဂုဏ်သိက္ခာ ဆုံးရှုံးသွားမည်ဖြစ်ပြီး လုံးလုံး အရှက်ကွဲပြီးဖြစ်ပေလိမ့်မည်။ သင်၏ သမာဓိနှင့် သိက္ခာသည်လည်း ရှိလိမ့်မည်မဟုတ်တော့ချေ။ အခြားလူတို့၏ စိတ်နှလုံးတွင်ရှိသော သင်၏ မြင့်မားသော ဂုဏ်အဆင့်အတန်းနှင့် သိက္ခာတို့သည် တည်ရှိတော့မည်မဟုတ်ပေ။ ဤအကြောင်းကြောင့် ဤသို့သော အခြေအနေမျိုးတွင် မည်သို့ပင်ဖြစ်စေ သင် အမှန်တရားကို ပြောလိမ့်မည်မဟုတ်ပေ။ ဤအရာကို လူတို့ ကြုံရသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် တိုက်ပွဲတစ်ခုဖြစ်သည်။ ထိုတိုက်ပွဲပြီးဆုံးသောအခါတွင် အချို့က အဆုံး၌ ၎င်းတို့၏ အခက်အခဲများကို ကျော်လွှားသွားပြီး အခြားလူများကမူ မကျော်လွှားကြသေးဘဲ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထားများ၊ ၎င်းတို့၏ ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် သိက္ခာဆိုသောအရာများ၏ ထိန်းချုပ်ခြင်းကို ဆက်၍ ခံနေရဆဲဖြစ်သည်။ ဤသည်မှာ အခက်အခဲတစ်ခုဖြစ်သည် မဟုတ်လော။ ရိုးသားစွာပြောဆိုပြီး အမှန်တရားကို ပြောခြင်းသက်သက်သည် ကြီးကျယ်သော စွမ်းဆောင်ချက်တစ်ခုခု မဟုတ်၊ သို့တိုင် သတ္တိရှိသော သူရဲကောင်းများစွာ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဆက်ကပ်၊ မိမိတို့ကိုယ်ကို အသုံးခံပြီး သူတို့၏အသက်တာကို အသုံးခံဖို့ ကတိသစ္စာပြုထားကြသူ များစွာရှိသကဲ့သို့ ဘုရားသခင်အား ကြီးကျယ်ခမ်းနားသော အရာများကို ဆိုခဲ့ဖူးသောသူများကလည်း တကယ်လုပ်ဖို့ မဖြစ်နိုင်မှန်း တွေ့ရှိကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မက မာနနဲ့ အဆင့်အတန်းကို အရမ်းတန်ဖိုးထားလို့ ကိုယ့်အမှားကို ခေါင်းဆောင်ဆီ ဝန်မခံရဲတာဖြစ်မှန်း သဘောပေါက်လိုက်တယ်။ ပြီးတော့ တခြားလူတွေရဲ့ အမြင်မှာရှိတဲ့ ကျွန်မရဲ့ ပုံရိပ်ကို ကျွန်မ အရမ်းအလေးထားလွန်းတယ်။ ပြန်စဉ်းစားကြည့်တော့၊ ကျွန်မ ငယ်ငယ်ကတည်းက “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ”ဆိုတာနဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဆိုတဲ့ စာတန်ရဲ့ အဆိပ်တွေကို အမြော်အမြင်ရှိတဲ့ ဆိုရိုးတွေအနေနဲ့ သဘောထားမိခဲ့တယ်။ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းကို ကျွန်မ အမြဲ အလေးထားခဲ့တယ်။ ကျွန်မ ဘာပဲလုပ်လုပ်၊ တခြားလူတွေကို အထင်အမြင်ကောင်းစေချင်ပြီး၊ သူတို့ရဲ့ ချီးမွမ်းတာကို ရချင်တယ်။ ကျွန်မ လုပ်တာမကောင်းသလို မျက်နှာပျက်ရတဲ့အခါ၊ ကျွန်မ အရမ်းစိတ်ဖိစီးတယ်။ ကျွန်မ ကျောင်းတက်တုန်းက၊ အမှားလုပ်မိတဲ့ ကျောင်းသူကျောင်းသားတွေကို ဆရာက လက်ထောင်ခိုင်းတာကို သတိရမိတယ်။ ကျွန်မ မကြာမကြာ အမှားတွေ လုပ်မိတဲ့အခါ၊ ဆရာနဲ့ အတန်းဖော်တွေက ကျွန်မကို နုံအတယ်ထင်ပြီး လှောင်ရယ်ကြမယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ လက်မထောင်ရဲခဲ့ဘူး။ ဆရာက ကျွန်မဘေးနား ဖြတ်သွားတဲ့အချိန်မှာ ကျွန်မရဲ့ အမှားတွေကို ဆရာမမြင်အောင် ဖုံးကွယ်ခဲ့တယ်။ ကျွန်မရဲ့ မာနကို ထိန်းသိမ်းဖို့၊ ငယ်တဲ့အရွယ်မှာပဲ လှည့်ကွက်တွေကို အားထားဖို့နဲ့ လှည့်ဖြားတတ်ဖို့ သင်ယူခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်၊ အသင်းတော်မှာ ဗီဒီယို ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ကျွန်မ အလုပ်လုပ်ခဲ့တယ်။ သေးငယ်တဲ့ ဘယ်အမှားမဆိုက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်လို့ ဒီအလုပ်က အသေးစိတ် အရမ်းဂရုစိုက်ဖို့လိုတာကို ကျွန်မ သိခဲ့တယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ စေ့စပ်တိကျဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မ လုံ့လရှိပြီး တာဝန်ယူတယ်လို့ ညီအစ်ကို မောင်နှမတွေကို ထင်စေချင်သလို၊ သူတို့ကို ကျွန်မအပေါ် အကောင်းမြင်စေချင်ခဲ့တယ်။ ခေါင်းဆောင်ကလည်း ကျွန်မကို တန်ဖိုးထားမယ်လို့ မျှော်လင့်ခဲ့တယ်။ အထူးသဖြင့် အခုရက်ပိုင်းမှာပဲ ဗီဒီယိုအလုပ်ကို ကြီးကြပ်လာရတော့ လူတိုင်းက ကျွန်မကို အသိအမှတ်ပြုကြလို့ပဲဖြစ်ပြီး ကျွန်မကို တည်ကြည်လေးနက်တဲ့၊ တာဝန်ယူတတ်ပြီး အားကိုးယုံကြည်ထိုက်တဲ့လူတစ်ယောက်အနေနဲ့ မြင်လို့ပဲဖြစ်ရမယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် ကျွန်မ အမှားတွေ လုပ်မိတဲ့အခါ၊ ကျွန်မ ပထမဆုံး ပူပန်တာက ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းပဲ။ အဲဒီလို အခြေခံကျတဲ့ အမှားတစ်ခု ကျွန်မ လုပ်ခဲ့မိတာကို ခေါင်းဆောင်သိရင်၊ သူ ကျွန်မကို သေချာပေါက် ယုံကြည်တန်ဖိုးထားမှာ မဟုတ်တော့သလို ညီအစ်ကို မောင်နှမတွေကလည်း ကျွန်မကို တာဝန်မဲ့၊ လူဖျင်းတစ်ယောက်ပဲလို့ တွေးပြီး အထင်သေးကြမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ အဲဒါက နှစ်နဲ့ချီပြီး ကျွန်မ ပုံသွင်းလာခဲ့တဲ့ ပုံရိပ်ကို ဖျက်ဆီးမှာပဲပေါ့။ ကျွန်မရဲ့ မာနကို ကာကွယ်ပြီးလူတိုင်းရဲ့ အမြင်မှာရှိတဲ့ ကျွန်မရဲ့ ပုံရိပ်ကောင်းကို ထိန်းသိမ်းဖို့အတွက် လှည့်ဖြားတာ၊ လိမ်လည်တာတွေကို ကျွန်မ လုပ်ခဲ့ပြီး၊ ကျွန်မရဲ့ အမှားကို ဖုံးဖိဖို့ ကြိုးစားခဲ့တယ်။ ပြဿနာကို ဘေးချိတ်ထားပြီး ဘယ်သူ့ကိုမှ မပြောဖို့တောင် ကျွန်မ တွေးခဲ့တယ်။ ပြဿနာကို မှေးမှိန်သွားအောင်လုပ်ပြီး လွတ်သွားဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ကျွန်မ အရမ်းလှည့်ဖြားတတ်တာပဲ။ ဘုရားက အရာရာကို စိစစ်တာ ကျွန်မ အရမ်းကို ကောင်းကောင်း သိပေမဲ့၊ ကျွန်မရဲ့ အမှားကို ဖုံးဖိဖို့ ကြိုးစားနေခဲ့တုန်းပဲ။ ကျွန်မက လှည့်ဖြားတတ်ရုံမက စိတ်နှလုံးလည်းခိုင်မာတယ်ဆိုတာကို ပြနေခဲ့တယ်။ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းက ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ အကြီးမားဆုံး အတားအဆီးတွေဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းရဲ့ ချုပ်နှောင်မှုနဲ့ ဘောင်ခတ်မှုတွေကို ကျွန်မ ရုန်းထွက်မလွတ်မြောက်နိုင်ရင်၊ သမ္မာတရားကို လက်တွေ့လုပ်နိုင်မှာ မဟုတ်သလို၊ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ။

ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း ကျွန်မ ဖတ်တယ်။ “လူတို့သည် ရိုးသားခြင်းကို တွေ့ကြုံသည့်အခါ လက်တွေ့ကျသော ပြဿနာများစွာ ပေါ်ပေါက်လာသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် မတွေးဘဲ စကားပြောပြီး ခဏတာ ချွတ်ချော်ကာ မုသားကိုဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသော စေ့ဆော်မှု သို့မဟုတ် ရည်ရွယ်ချက်၊ သို့မဟုတ် ဝင့်ဝါမှုနှင့် မာန်မာန၏ လွှမ်းမိုးခြင်းကို ခံရပြီးလျှင် ရလဒ်အနေဖြင့် ယင်းကို ဖုံးကွယ်ရန်အတွက် မုသားများကို ပို၍ပို၍ ဆက်ပြောနေရသည်။ အဆုံးတွင် ၎င်းတို့သည် စိတ်နှလုံးထဲ၌ မအေးချမ်းသော်လည်း ထိုမုသားများကို ပြန်နုတ်၍ မရတော့ပေ။ ၎င်းတို့သည် မိမိတို့၏ အမှားများကို ပြုပြင်ရန်၊ မိမိတို့သည် မုသားဆိုခဲ့မိကြောင်း ဝန်ခံရန်အတွက် သတ္တိမရှိသည့်အပြင် ၎င်းတို့၏ အမှားများက ဤပုံစံအတိုင်း ဆက်ကာဆက်ကာ သွားနေတော့သည်။ ဤသို့ဖြစ်ပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို ကျောက်ဆောင်ကြီးက ဖိထားသကဲ့သို့ အစဉ်သဖြင့် ဖြစ်နေလေတော့သည်။ ၎င်းတို့သည် ဖွင့်ပြောပြရန်၊ ၎င်းတို့၏ အမှားကို ဝန်ခံပြီး နောင်တရရန် အခွင့်အရေးကို အစဉ်အမြဲ ရှာတွေ့လိုကြသည်။ သို့သော် ဤအရာကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ အဆုံးတွင် ၎င်းတို့က သေချာစဉ်းစားပြီး ‘နောင်တစ်ချိန်တွင် ငါ၏တာဝန်ကို ထမ်းဆောင်ရသောအခါ ဤအရာအတွက် ဖာထေးလုပ်ဆောင်ပေးမည်’ ဟု မိမိတို့ကိုယ်ကို ပြောကြသည်။ ဖာထေးလုပ်ဆောင်ပေးမည်ဟု ၎င်းတို့က အစဉ်ပြောကြသော်လည်း မည်သည့်အခါမျှ မလုပ်ဆောင်ပေ။ ဤသည်မှာ မုသားပြောဆိုပြီးနောက်တွင် တောင်းပန်ခြင်းကဲ့သို့ပင် မရိုးရှင်းလှ။ မုသားပြောဆိုပြီး လှည့်စားခြင်း၌ ပါဝင်ခြင်း၏ ထိခိုက်မှုနှင့် အကျိုးဆက်များအတွက် သင်ဖာထေးလုပ်ဆောင်ပေးနိုင်သလော။ မိမိကိုယ်မိမိ လွန်စွာမုန်းတီးလျက်ဖြင့် သင်သည် နောင်တရခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ထိုအရာမျိုးကို မည်သည့်အခါမျှ မလုပ်ဆောင်တော့လျှင် သင်သည် ဘုရားသခင်၏ သည်းခံခြင်းနှင့် သက်ညှာခြင်းကို လက်ခံရရှိနိုင်သည်။ သင်သည် ချိုသာသော စကားများကို ပြောပြီး သင်၏ မုသားများအတွက် နောင်တစ်ချိန်တွင် ထေမိအောင် လုပ်ဆောင်ပေးပါမည်ဟု ဆိုသော်လည်း အမှန်တကယ် နောင်တမရဘဲ နောက်ပိုင်းတွင်လည်း ဆက်လက်၍ လိမ်လည်လှည့်စားလျှင်၊ သင်သည် နောင်တရဖို့ သင်၏ငြင်းဆန်မှုတွင်အလွန်တရာ ခေါင်းမာသည့်အပြင် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။...လူတို့အား လှည့်စားခြင်းသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအား ထုတ်ဖော်ခြင်း တစ်ခုပင်ဖြစ်သည်။ ဘုရားသခင်ကို ပုန်ကန်ခုခံခြင်းပင် ဖြစ်သောကြောင့် ယင်းသည် သင့်ကို နာကျင်မှုပေးလိမ့်မည်ဖြစ်သည်။ သင်သည် လိမ်ညာပြီး လှည့်ဖြားသောခါ သင်သည် အလွန် ကျွမ်းကျင်စွာနှင့် ပါးနပ်စွာ စကားပြောပြီးပြီဖြစ်ကာ သင်၏ လိမ်လည်လှည့်ဖြားမှုနှင့်ဆိုင်သည့် မည်သည့်သဲလွန်စ သေးသေးလေးကိုမျှ ထုတ်ဖော်မထားခဲ့ဟု ခံစားကောင်း ခံစားရမည်ဖြစ်သည်။ သို့သော် ထို့နောက်တွင် သင်သည် ပြစ်တင်စွပ်စွဲခြင်းအသိကို ခံစားရမည်ဖြစ်ကာ ယင်းက သင့်နောက်သို့ ဘဝတစ်လျှောက်လုံး လိုက်ကောင်းလိုက်နေမည် ဖြစ်သည်။ အကယ်၍ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် တမင်တကာ လိမ်လည်လှည့်ဖြားပြီး ဤအရာ၏ ကြီးလေးမှုကို သင် နားလည်သည့်တစ်နေ့ ရောက်လာလျှင် ယင်းက သင်၏ စိတ်နှလုံးကို ဓားတစ်ချောင်းကဲ့သို့ ထိုးဖောက်မည်ဖြစ်ပြီး သင်သည် ကျေရာကျေကြောင်းလုပ်ဖို့ အခွင့်အ ရေးတစ်ခုကို အမြဲတမ်း ရှာဖွေနေမည်ဖြစ်သည်။ ထို့အပြင် သင်၌ အသိတရားမရှိ၊ သင်၏အသိစိတ်ဖြင့် မည်သည့်အခါမျှ အသက်ရှင်ခဲ့ခြင်း မရှိသည့်အပြင် လူ့သဘာဝမရှိ၊ အကျင့်စာရိတ္တ သို့မဟုတ် ဂုဏ်သိက္ခာမရှိခြင်း မဟုတ်ခဲ့လျှင် ယင်းမှာ သင် ပြုလုပ်သင့်သောအရာ ဖြစ်သည်။ အကယ်၍ သင်၌ အကျင့်စာရိတ္တနှင့် ဂုဏ်သိက္ခာ အနည်းငယ်အပြင် အသိတရားနှင့်ဆိုင်သည့် အမြင်ပွင့်ခြင်း တစ်ခုတလေရှိပါက သင်သည် လိမ်လည်လှည့်ဖြားမှု၌ ပါဝင်နေကြောင်း သင် သဘောပေါက်သောအခါ ဤအပြုအမူက ရှက်စရာဖြစ်ကြောင်း၊ ဂုဏ်သရေပျက်စရာဖြစ်ပြီး နိမ့်ကျကြောင်း သင် ခံစားရမည် ဖြစ်သည်။ သင်သည် မိမိကိုယ်ကို စက်ဆုပ်ရွံရှာပြီး အလွန် မုန်းတီးမည်ဖြစ်ကာ မုသားများနှင့် လိမ်လည်လှည့်ဖြားခြင်း လမ်းကြောင်းကို စွန့်လွှတ်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ အရမ်းတို့ထိခံရတယ်။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်မှာ၊ ကျွန်မရဲ့ တာဝန်ကို လုပ်တဲ့နေရာမှာ ကျွန်မရဲ့အမှားနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ ကျွန်မ မပြောခဲ့ဘူး။ ကျွန်မရဲ့ မာနက ဘာထိခိုက်နစ်နာမှုမှ မခံစားရတဲ့အခါ ကျွန်မ အားနေတဲ့အခါတိုင်း စိတ်နှလုံးထဲမှာ အမြဲ စနိုးစနောင့် ခံစားရတယ်။ ဒီဟာကြောင့် ကျွန်မ နေ့တိုင်း ဂနာမငြိမ်ဖြစ်ပြီး စိတ်မသက်မသာဖြစ်ရတယ်။ ညမှာ ကျွန်မ ကောင်းကောင်း မအိပ်နိုင်သလို ကျွန်မစိတ်နှလုံးက အပြစ်ရှိတဲ့ ဒုက္ခကိုခံစားရတယ်။ ရိုးသားတဲ့လူတစ်ယောက်မဖြစ်ဘဲနဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းမရှိဘူးလို့ ကျွန်မ အရမ်းခံစားရတယ်။ လှည့်ဖြားတာ၊ ဟန်ဆောင်တာတွေကို အမှီပြုပြီးတော့ ကိုယ့်မာနကို ကျွန်မ ယာယီ အဖတ်ဆယ်ခဲ့ပေမဲ့ သိက္ခာနဲ့ သမာဓိကိုတော့ ဆုံးရှုံးလိုက်ရတယ်။ ပြီးတော့ အပြစ်ရှိတဲ့စိတ်ကလာတဲ့ နာကျင်မှုက လွှမ်းမိုးနေတယ်။ ပြန်ကြည့်လိုက်တဲ့အခါ၊ ဗီဒီယိုတွေ မဖန်တီးခင်မှာ အရင်က မှတ်တမ်းတွေကို မစစ်မိခဲ့လို့ တူညီတဲ့ အမှားတွေကိုပဲ အကြိမ်အတော်များများ ကျွန်မ လုပ်ခဲ့တာကို သဘောပေါက်လိုက်တယ်။ အလုပ် လုပ်ထုံးလုပ်နည်းကို ကျွန်မ လိုက်နာပြီး အရာရာကို မှန်မှန်ကန်ကန် စစ်ခဲ့ရင်၊ ဒီအမှားတွေကို လုံးဝ ရှောင်လွဲလို့ရတယ်။ ကျွန်မရဲ့ ပထမ အမှားနှစ်ခုပြီးတဲ့နောက် ဖောင်တွေကို ဖြည့်ပြီး စစ်ဆေးတာ အရေးကြီးတယ်လို့ ခေါင်းဆောင်က အလေးပေးပြောခဲ့ပေမဲ့၊ လုပ်ငန်းစဉ်ကို အရမ်း ဒုက္ခများတယ်လို့ ကျွန်မ မြင်ခဲ့ပြီး၊ မစစ်ဆေးတာက ဘာပြဿနာမှ ဖြစ်မှာ မဟုတ်လောက်ဘူးလို့ တွေးပြီးတော့ ဖြစ်သလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တစ်ခါတလေ ကျွန်မ အလုပ်များတဲ့အခါ၊ ဒီအဆင့်ကို ကျော်လိုက်တယ်။ ကျွန်မတာဝန်တွေကို လုပ်ရာမှာ ကျွန်မက ဝတ်ကျေတမ်းကျေဖြစ်ခဲ့ရုံမက၊ မာနလည်းထောင်လွှားပြီး ကိုယ်မှန်တယ်ထင်ခဲ့သလို အရမ်းကို လူဖျင်းတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကို မြင်မိတယ်။ အမှားတွေ ဖြစ်တဲ့အခါ၊ အဲဒါတွေကို ဖုံးဖိဖို့တောင် ကြိုးစားခဲ့တယ်။ ကျွန်မ ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကို ဟန်လုပ်ပြီး အယောင်ဆောင်ပုံရိပ်နဲ့ တခြားလူတွေကို လှည့်စားခဲ့တယ်။ ဒါက တကယ်ကို စက်ဆုပ်စရာဖြစ်ပြီး အရှက်မဲ့တာပဲ။ ဒီကိစ္စရဲ့ ဆိုးရွားမှုကို သဘောပေါက်တဲ့အခါ၊ ဘုရားဆီ ကျွန်မ ဆုတောင်းပြီး နောင်တရခဲ့တယ်။

ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကိုလည်း ဖတ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး သင့်ကိုယ်သင် ချပြခြင်းမရှိလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ရိုးသားသော သဘောထားရှိရမည်။ ရိုးသားသော သဘာထားတစ်ခုမရှိဘဲ သင်၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ သင်သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပုံစံဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်လျှင်၊ တစ်စုံတစ်ခုကို ကောင်းမွန်စွာ မလုပ်နိုင်လျှင် သင့်ကိုယ်သင် ပြန်ဆင်ခြင်ကြည့်သင့်သည်။ သင့်ကိုယ်သင် သိသင့်သည်။ သင့်ကိုယ်သင် ပိုင်းခြားစိစစ်ရန်အတွက် ဖွင့်ဟသင့်သည်။ ထို့နောက် ဝတ်ကျေတမ်းကျေလုပ်မည့်အစား နောက်တစ်ကြိမ်တွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေပြီး ပိုကောင်းအောင် လုပ်ဆောင်ဖို့ ကြိုးစားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့၊ ကျွန်မရဲ့ စိတ်နှလုံး ရုတ်တရက် ရှင်းလာတယ်။ တာဝန်တွေကို လုပ်နေတုန်း အမှားတွေ ဖြစ်ရင်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်သင့်တယ်။ သွေဖည်တာတွေကို အကျဉ်းချုပ်ပြီး လူတိုင်းရဲ့ ကြီးကြပ်မှုကို လက်ခံပြီးတော့ သူတို့ရှေ့မှာ ကိုယ့်ကိုယ်ကို ဖွင့်ဟ၊ ချပြပြီး စိစစ်သင့်တယ်။ ဒါက အနာဂတ်အမှားတွေကို တားဆီးကာကွယ်ဖို့ ကူညီနိုင်သလို ရိုးသားတဲ့လူဖြစ်ခြင်းကိုလည်း လက်တွေ့လုပ်တာ ဖြစ်တယ်။ ကြီးကြပ်သူအနေနဲ့ ကျွန်မရဲ့ အခန်းကဏ္ဍက ကျွန်မ လက်တွေ့လုပ်ဖို့အတွက် ဘုရားပေးထားတဲ့ အခွင့်အရေးတစ်ခုပဲ။ ပြီးတော့ ဘုရားအိမ်တော်က လူတွေကို အမှားတွေ လုပ်တဲ့အတွက် အဆင့်အတန်းခွဲဖို့မပြောနဲ့ သူတို့တာဝန်တွေကို လုပ်တဲ့နေရာမှာ အမှားတွေ လုံးဝမလုပ်ဖို့ မတောင်းဆိုပါဘူး။ အဓိကအချက်က အမှားတစ်ခုလုပ်ပြီးတဲ့နောက်မှာ လူတစ်ယောက်က အကြောင်းရင်းတွေကို ချက်ချင်း အကျဉ်းချုပ်နိုင်လား၊ သူ့ကိုယ်သူ သုံးသပ်နိုင်လား၊ သမ္မာတရား စည်းမျဉ်းတွေကို ရှာပြီး အဲဒီအမှားတွေကိုပဲ ထပ်မှားတာကို ရှောင်နိုင်မလားဆိုတာပဲ။ လူတစ်ယောက်ရဲ့ တာဝန်ထမ်းဆောင်မှုက တစ်သမတ်တည်း ဝတ်ကျေတမ်းကျေဖြစ်ပြီး ပြင်လို့မရတာ မဟုတ်သရွေ့၊ ဘုရားအိမ်တော်က သူ့ကို မှန်မှန်ကန်ကန် ဆက်ဆံပြီး အခွင့်အရေးတွေ ပေးမှာပဲ။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ လှုံ့ဆော်တာကို ခံရတဲ့အခါ၊ ကျွန်မတာဝန်တွေကို လုပ်တဲ့နေရာမှာ ကျွန်မ ဝတ်ကျေတမ်းကျေဖြစ်တာက အမှားတွေ ဖြစ်စေပြီး အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ဆုံးရှုံးမှုတွေ ဖြစ်စေတယ်။ ဒါက အမှန်တရားတစ်ခုပဲ။ ကျွန်မ ရိုးသားတဲ့ လူတစ်ယောက်ဖြစ်သင့်တယ်၊ ကျွန်မကိုယ်ကျွန်မ ချပြပြီး စိစစ်သင့်တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရား ရှာတာကို အာရုံစိုက်သင့်ပြီး ကျွန်မတာဝန်တွေကို ဝီရိယရှိရှိနဲ့ ထမ်းဆောင်သင့်တယ်။ ဒါက သမ္မာတရားကို လက်ခံတဲ့ သဘောထားပဲ။ အမှားတွေကို ကျွန်မ လုပ်မိတဲ့အခါ ဖုံးထားပြီး လှည့်ဖြားရင်၊ ကျွန်မတာဝန်တွေမှာ သိသိသာသာကို ဝတ်ကျေတမ်းကျေလုပ်တာတွေနဲ့ ပြည့်နေချိန်မှာ တခြားလူတွေကို လှည့်စားဖို့ အယောင်ဆောင် ပုံရိပ်နဲ့ ကျွန်မရဲ့ အမှားတွေကို ဖုံးဖိရင်၊ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းကို ယာယီ ထိန်းသိမ်းနိုင်မှာ ဖြစ်ပေမဲ့ ဝတ်ကျေတမ်းကျေဖြစ်တဲ့ ပြဿနာက မပြေမလည်ရှိနေမှာဖြစ်ပြီး၊ ကျွန်မရဲ့တာဝန်တွေကို စံချိန်မီ ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ ဒါက ကိုယ့်ကိုယ်ကိုယ် တကယ် ထိခိုက်နစ်နာစေတာပဲ။ ကျွန်မရဲ့ မာနကို ကာကွယ်ဖို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဟန်လုပ်နေလို့ မရတော့ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ပြီး ရိုးသားတဲ့လူဖြစ်ရမယ်။ ထုတ်လုပ်ရေးကို ထပ်တလဲလဲလုပ်ရတဲ့ ပြဿနာတွေရှိတဲ့ တခြား ညီအစ်ကို မောင်နှမတွေကိုလည်း ကျွန်မ တွေးမိတယ်။ ကြီးကြပ်ရေးမှူးအနေနဲ့ ကိုယ့်ပြဿနာကို ဖော်ထုတ်တာ၊ လူတိုင်းနဲ့ အဲဒါတွေကို စုပေါင်းသုံးသပ်တာ၊ လမ်းကြောင်းတစ်ခုရှာပြီး အလုပ်ကို ထိခိုက်နိုင်တဲ့ အလားတူ အမှားတွေကို မလုပ်မိအောင် လူတိုင်းကို တားဆီးတာတွေ လုပ်ပြီးတော့ ကျွန်မ ပုံသက်သေပြသင့်တယ်။ ဒါကို တွေးမိတော့ သမ္မာတရားကို လက်တွေ့လုပ်ဖို့ တွန်းအားနဲ့ ကျွန်မအမှားကို ဝန်ခံဖို့ သတ္တိရှိခဲ့တယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ နေသာတယ်။

စုဝေးပွဲမှာ၊ ကျွန်မရဲ့ အခြေအနေကို လူတိုင်းနဲ့ ကျွန်မ ပွင့်ပွင့်လင်းလင်း မျှဝေခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အမှားကို ဖော်ထုတ်ပြီး ဒီသင်ခန်းစာတွေကနေ သင်ယူဖို့ လူတိုင်းကို အသိပေးတယ်။ စုဝေးပွဲပြီးသွားတဲ့အခါ ကျွန်မရဲ့ ရင်ဘတ်ကနေ လေးလံတဲ့ ဝန်ထုပ်တစ်ခု နောက်ဆုံးမှာ ပေါ့သွားသလို ခံစားရတယ်။ ကျွန်မရဲ့ နှလုံးသား သက်သာရာရသွားတယ်။ အမှန်တရားကို ဖွင့်ဟပြီး ပြောရာကနေ လာတဲ့ ချိုမြိန်မှုနဲ့ စိတ်သက်သာမှုကို ကျွန်မ တွေ့ကြုံခံစားခဲ့တယ်။ ကျွန်မရဲ့ မျှော်လင့်ချက်တွေနဲ့ မတူဘဲ၊ ခေါင်းဆောင်က ကျွန်မကို အထင်မသေးခဲ့ဘဲ အဲဒီအစား ကျွန်မကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုပေးတယ်။ အဲဒါက အရမ်းအကျိုးပြုတယ်။ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်မတာဝန်တွေကို လုပ်တဲ့နေရာမှာ ဝတ်ကျေတမ်းကျေဖြစ်တဲ့ ပြဿနာကို ဖြေရှင်းတာကို အာရုံစိုက်ဖို့ပေါ့။ အဲဒါမှ ကျွန်မရဲ့ တာဝန်တွေက ရလဒ်ကောင်းတွေ ရနိုင်မှာလေ။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ရိုးသားတဲ့လူတစ်ယောက် ဖြစ်တာက ကျွန်မစိတ်ကူးသလောက် မရိုးရှင်းမှန်း သဘောပေါက်ရတယ်။ အဲဒါက ရိုးရှင်းတဲ့ ပင်ကိုစရိုက်ရှိတာ၊ တဲ့တိုး စကားပြောတာတွေ မဟုတ်ဘူး။ ဒါက ကျွန်မရဲ့ မူမမှန်တဲ့ နားလည်မှုပဲ။ စာတန်ရဲ့ ဖျက်ဆီးတာကို ကျွန်မ အရမ်းခံရတယ်၊ လှည့်စားမှု၊ မာနထောင်လွှားမှု၊ တစ်ကိုယ်ကောင်းဆန်မှုလိုမျိုး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေတယ်။ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်မ လိမ်ညာ၊ လှည့်စားနိုင်တယ်။ ပြောင်းလဲမှုကို ကြုံဖို့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနဲ့ ပြုပြင်မှုတွေကို ကျွန်မ လက်ခံဖို့လိုတယ်။ အရင်က ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရမိတယ်။ “ဘုရားသခင်၏ အမြင်တွင် ရိုးသားသောလူတစ်ဦး ဖြစ်နေနိုင်ခြင်း၌ အနေအထိုင်နှင့် အမူအကျင့်ပိုင်း ပြောင်းလဲမှုမျှထက် ပို၍ပါဝင်သည်။ ယင်း၌ လူတစ်ဦး၏ စိတ်နေစိတ်ထားနှင့် အရေးကိစ္စများအပေါ် အမြင်သဘောထားများ၌ ပဓာနကျသော ပြောင်းလဲမှုများလည်း ပါဝင်သည်။ ထိုသူ၌ လိမ်ပြောဖို့ သို့မဟုတ် လှည့်စားဖို့ ရည်ရွယ်ချက် မရှိတော့သည့်အပြင် သူပြောဆိုလုပ်ကိုင်သည့်အရာ၌ မှားယွင်းမှု သို့မဟုတ် လှည့်စားမှု လုံးဝ မရှိပေ။ သူ၏ စကားများနှင့် လုပ်ရပ်များသည် ပို၍ပို၍ ရိုးသားသော စကားလုံးများနှင့်အတူ ပို၍ပို၍ ဖြောင့်မတ်မှန်ကန်လာသည်။ သာဓကအားဖြင့် သင်သည် တစ်စုံတစ်ခုကို ပြုလုပ်ပြီးခြင်းရှိမရှိ အမေးခံရသောအခါ ယင်းကို ဝန်ခံပြောခြင်းက အရိုက်ခံရခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခံရခြင်းသို့ ဆိုက်ရောက်စေမည်ဖြစ်လျှင်ပင် သင်သည် အမှန်တရားကို ပြောနေနိုင်သေးသည်။ ယင်းကို ဝန်ခံပြောခြင်းက အရေးပါသော တာဝန်ဝတ္တရား၊ သေခြင်းကို ရင်ဆိုင်ရခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ကို ခံရသည်အထိ ဖြစ်ပေါ်စေလျှင်ပင် သင်သည် အမှန်တရားကို ပြောနိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလိုရှိလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သဘောထားက အတော်ပင် ခိုင်မာလာကြောင်း ဤအရာက ပြညွှန်သည်။ မည်သည့်အချိန်၌မဆို ဘုရားသခင် သတ်မှတ်ထားသည့် လက်တွေ့လုပ်ဆောင်မှု၏ စံချိန်စံညွှန်းများ တစ်ခုခုကို ရွေးချယ်ခြင်းသည် သင့်အတွက် နည်းနည်းမျှ ပြဿနာ မဟုတ်တော့ချေ။ သင်သည် ယင်းကို အလွယ်တကူ ကြိုးပမ်းရရှိနိုင်ပြီး ပြင်ပ အခြေအနေများ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ လမ်းညွှန်မှု၊ သို့မဟုတ် သင်၏နံဘေးတွင် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့်ဆိုင်သော အသိဟူသည့် ချုပ်ထိန်းမှုများမရှိဘဲ ယင်းကို လက်တွေ့လုပ်ဆောင်ကြည့်နိုင်သည်။ ဤအရာများကို မိမိဘာသာ အတော်ပင် သက်သောင့်သက်သာ လုပ်ဆောင်နိုင်သည်။ ပြင်ပအခြေအနေများ၏ ချုပ်ထိန်းမှုမရှိ၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအား ကြောက်ရွံမှုကြောင့် မဟုတ်သကဲ့သို့ သင့်အသိတရား၏ အပြစ်တင်မှုကြောင့်မဟုတ်၊ ပြီးလျှင် အခြားသူများ၏ လှောင်ပြောင်သရော်မှု သို့မဟုတ် ကြီးကြပ်မှုအား ကြောက်ရွံ့မှုကြောင့် လုံးဝမဟုတ်၊ ဤအရာများတစ်ခုကြောင့်မျှ မဟုတ်ဘဲ သင်သည် သင်၏ကိုယ်ပိုင် အမူအကျင့်ကို လိုလားတက်ကြွစွာ ဆန်းစစ်နိုင်သည်၊ ယင်း၏ မှန်ကန်မှုကို တိုင်းတာနိုင်သည့်အပြင် ယင်းသည် သမ္မာတရားနှင့် လိုက်လျောညီထွေခြင်းနှင့် ဘုရားသခင်အား ကျေနပ်စေခြင်း ရှိမရှိကို အကဲဖြတ်နိုင်သည်။ ထိုအဆင့်တွင် သင်သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းနှင့်ဆိုင်သည့် စံချိန်စံညွှန်းကို အခြေခံအားဖြင့် ပြည့်မီပြီးသား ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)) ဘုရားသခင်တောင်းဆိုတဲ့ ရိုးသားတဲ့လူတစ်ယောက်ရဲ့ စံနှုန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်တဲ့အခါ၊ ကျွန်မ အရမ်းစံမမီသေးတာကို သိရတယ်။ ဒါပေမဲ့ ဘုရားရဲ့ သတ်မှတ်ချက်တွေ ပြည့်မီအောင် ကြိုးစားဖို့၊ ဖြစ်ပေါ်တတ်တဲ့ အခြေအနေတိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဖို့၊ မှန်မှန်ကန်ကန် စကားပြောတာကို အာရုံစိုက်ပြီး ရိုးသားတဲ့ လူတစ်ယောက်ဖြစ်အောင် သမ္မာတရားကို လက်တွေ့လုပ်ဖို့ ကျွန်မ လိုလားနေပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မှားယွင်းသော ခေါင်းဆောင်ကို ရွေးချယ်ပြီးနောက် ဆင်ခြင်စဉ်းစားခြင်း

ရှန့်ရွှင် တရုတ်နိုင်ငံ အရင်အောက်တိုဘာလတုန်းက ကျွန်မနဲ့ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေက အသင်းတော်တချို့ရဲ့ အလုပ်ကို...

ရိုးသားမှုကသာလျှင် လူသားဆန်မှုကို ယူဆောင်ပေးပါတယ်

ကျားကျား တရုတ်နိုင်ငံကျွန်မအမျိုးသားနဲ့ ကျွန်မက ရုံးသုံးပရိဘောဂလုပ်ငန်း လုပ်ကြတာပါ။ စီးပွားရေးကိုလည်း တကယ့်ကိုရိုးရိုးသားသားနဲ့...

ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

နှင်ထုတ်ခံရပြီးနောက် နိုးထခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့သည် အနည်းငယ်သော ချုပ်တည်းမှု၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရသည့်အခါ ၎င်းမှာ သင်တို့အတွက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။