နှုတ်ကပတ်တော်သည် မုသားအားလုံးကို အောင်နိုင်သည်

28.08.2023

ယေ့ချိုး တရုတ်နိုင်ငံ

အခုနှစ်၊ ဇွန်လမှာ ကျွန်မက ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။ တစ်နေ့တော့ အစ်မချန်းလင်နဲ့ ကျွန်မတို့ လူသစ်တွေနဲ့ စုဝေးပွဲလုပ်ဖို့ သွားကြတယ်။ ယုံကြည်သူအသစ်တွေက အယူအဆတွေ အများကြီးရှိတယ်။ ကျွန်မ မိတ်သဟာယက မရှင်းဘဲ သူတို့ပြဿနာတွေ မပြေလည်မှာကို ကျွန်မ ကြောက်တယ်။ အဲဒါနဲ့ သူတို့အယူအဆတွေနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ကူရှာပေးဖို့ ခေါင်းဆောင်ကို ကျွန်မ ကြိုပြောလိုက်တယ်။ စုဝေးပွဲနေ့မှာ ယုံကြည်သူအသစ်တွေရဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး ကျွန်မ ကြိုပြင်ထားတဲ့ နှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့ရင်းနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကို ကျွန်မ ခံစားရတယ်။ ပြီးတော့ သူတို့အယူအဆတွေက ပြေလည်သွားတယ်။ ကျွန်မတို့ အဆုံးသတ်ဖို့ လုပ်နေတုန်းမှာ ချန်းလင်က ကျွန်မကို မေးတယ်။ “လူသစ်တွေရဲ့ မေးခွန်းတွေကို အစ်မပြန်ဖြေတာတွေက ဒီနေ့ တော်တော်အသေးစိတ်ကျတာပဲ။ အစ်မ ခေါင်းဆောင်နဲ့ ကြိုပြီး မိတ်သဟာယဖွဲ့ခဲ့တာလား။” တဲ့။ ဒါကို ကြားတော့ ကျွန်မ စိတ်တွေ လှုပ်ရှားလာတယ်။ ကျွန်မက ဒီတာဝန်မှာ လူသစ်ဆိုတော့ ဒီနေ့လုပ်တဲ့ပုံစံက ကျွန်မရဲ့ တကယ့်အဆင့်ကို မပြဘူးလို့ သူက သံသယဖြစ်တာလား။ ဒါပေမဲ့ ကျွန်မက အမှန်အတိုင်းပြောရင် ချန်းလင်က ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကိုမြင်ပြီး ကျွန်မက လုပ်နိုင်ကိုင်နိုင်တဲ့ အမှုဆောင်တစ်ယောက်မဟုတ်ဘူးလို့ ထင်မှာကို ကြောက်မိတယ်။ ကျွန်မက မိတ်သဟာယအများစုကို ခေါင်းဆောင်ဆီကနေရတာကို သူသိသွားရင် သူက ကျွန်မကို လေးစားဦးမှာလား ပေါ့။ ကျွန်မ သူ့ကို အမှန်အတိုင်းပြောလို့မဖြစ်ဘူးလို့ ကိုယ့်ဘာသာ တွေးလိုက်တယ်။ အဲဒါနဲ့ ကျွန်မက “မဟုတ်ဘူး” လို့ ပြောလိုက်တယ်။ ပြောပြီးတာနဲ့ တစ်ပြိုင်နက် ကျွန်မက ကိုယ့်အသိစိတ်ကို ဆန့်ကျင်မိသလို ခံစားရတယ်။ ခေါင်းဆောင်နဲ့ ကျွန်မက ဒါကို မိတ်သဟာယဖွဲ့ပြီးတာပေါ့။ ဒါပေမဲ့ ကျွန်မက သူ့မျက်လုံးကို ကြည့်ပြီး မဖွဲ့ဘူးလို့ ပြောခဲ့တယ်။ ကျွန်မက သိသိကြီးနဲ့ လိမ်ညာနေတာမဟုတ်ဘူးလား။ တစ်နေ့နေ့မှာ ခေါင်းဆောင်ရောက်လာပြီး ဒီအကြောင်းကို ချန်းလင်ကို မေးရင် ကျွန်မ လိမ်တာက ပေါ်သွားမှာပဲ။ ဘယ်လောက် အရှက်ကွဲမလဲ။ ကျွန်မက တော်တော် လှည့်စားတတ်တာပဲလို့ သူတို့အားလုံးက ကျွန်မကို ပြောကြမှာပဲ။ ကျွန်မ တွေးကြည့်လေလေ စိတ်မသက်သာလေလေပဲ။ အဲဒီညမှာ ကျွန်မ အိပ်ရာပေါ်လှဲပြီး အိပ်ပျော်လိုက်၊ မပျော်လိုက်ပါပဲ။ နောက်နေ့ကျတော့ ကျွန်မ သူ့ကို ဖွင့်ပြောဖို့ အဆင်သင့်ဖြစ်နေတယ်။ ဒါပေမဲ့ စကားတွေက လျှာဖျားမှာတင်ရှိနေပြီး ထုတ်မပြောနိုင်နေဘူး။ ကျွန်မ သူ့ကို ပြောလိုက်ရင် ချန်းလင်က ကျွန်မကို အထင်သေးပြီး ကျွန်မက မကျွမ်းကျင်ဘူး၊ အသိအမှတ်ပြုခံရဖို့နဲ့ ဂုဏ်အဆင့်အတန်းကို အလွန်အကျွံအာရုံစိုက်နေတယ်လို့ ထင်မှာ ကြောက်မိတယ်။ ကျွန်မက ဒီလိုအသေးအဖွဲကိစ္စတစ်ခုကိုတောင် လိမ်တာ တကယ်ကို မရိုးသားတာပဲလို့ ပြောကောင်းပြောနိုင်တယ်ပေါ့။ ဒါတွေအားလုံးကို စဉ်းစားပြီးတော့ ကျွန်မ ဘာမှမပြောခဲ့ဘူး။ အိမ်အပြန်လမ်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ကျွန်မ ပိုပြီးတော့တောင် လိပ်ပြာမလုံဖြစ်တယ်။ ရိုးသားတဲ့အရာတစ်ခုကိုတောင် မပြောနိုင်ဘူး။ ဘုရားက ကြိုက်နှစ်သက်တဲ့ ရိုးသားသူတစ်ယောက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အလေးကြီးတစ်ခုက ကျွန်မ နှလုံးသားကို ဖိနေသလို ခံစားရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်မေးတယ်။ ဘုရားသခင်က ဖောက်ပြန်တဲ့ လူလိမ်တွေကို မုန်းတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ဒါဆို ဘာလို့ အမှန်အတိုင်းပြောဖို့ အရမ်းခက်နေတာလဲ။

ဆင်ခြင်သုံးသပ်ကြည့်ရင်းနဲ့ ကျွန်မက တစ်ခုတည်းကိုပဲ လိမ်တာမဟုတ်ဘူးဆိုတာ တွေးမိတယ်။ တခြားကိစ္စတွေမှာလဲ ကျွန်မက ခဏခဏ ဒီလိုပဲဖြစ်တယ်။ တစ်ခါတော့ တစ်လမှာ လူသစ်ဘယ်လောက်ကို ကျွန်မတို့ ရေလောင်းနိုင်လဲဆိုပြီး ခေါင်းဆောင်က ကျွန်မတို့ကို မေးတယ်။ ကျွန်မက ဒီအလုပ်မှာ လူသစ်ဖြစ်ပြီး ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို နားမလည်ဘူးဆိုတော့ အများကြီးကို တာဝန်မယူနိုင်ဘူး။ ဒါပေမဲ့ ကျွန်မက အမှန်အတိုင်းပြောရင် ကျွန်မက အားနည်းတယ်။ အလုပ်ကို မလုပ်နိုင်ဘူးလို့ ခေါင်းဆောင်ကပြောမှာကို ကြောက်တယ်။ အဲဒါနဲ့ ကျွန်မရဲ့ အရေအတွက်ကို နည်းနည်း တိုးပြောလိုက်တယ်။ ကျွန်မ အရေအတွက်က ကောင်းကောင်းမြင့်နေပြီ။ ဒါပေမဲ့ ကျွန်မက စိတ်မအေးသေးဘူး။ နောက်ပိုင်းကျရင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် သတိထားမိခြင်းမရှိဘူးလို့ပေါ်လွင်မှာ ကြောက်တယ်၊ ဒါမှမဟုတ် ပိုဆိုးရင် ယုံကြည်သူအသစ်တွေရဲ့ အသက်ဝင်ရောက်မှုက နှောင့်နှေးနိုင်တာကို ကြောက်မိတယ်။ ဒါပေမဲ့ ကျွန်မက ပြောပြီးနေပြီ။ ပြီးတော့ ခေါင်းဆောင်ကို ဖွင့်ပြောရမှာကို ရှက်တယ်လေ။ ကျွန်မ မတတ်သာဘဲ ဆေးခါးကြီးကို မျိုချရပြီး ရှေ့ဆက်ရတယ်။ အရင် သုံးလေးရက်က ခေါင်းဆောင်က လူသစ်တစ်ယောက်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကျွန်မ ဘယ်လောက်ကြာလဲဆိုပြီး မေးတယ်။ အဲဒီလူသစ်ရဲ့ အယူအဆကို ကျွန်မက အစမှာ ကောင်းကောင်းနားမလည်ဘူး။ အဲဒါနဲ့ အကြိမ်တော်တော်လေး မိတ်သဟာယပြုခဲ့ရတယ်။ ခေါင်းဆောင်က ဒီအကြောင်းကိုမေးတော့ ကျွန်မက အမှန်အတိုင်းပြောရင် ကျွန်မက အစွမ်းအစမရှိဘူးဆိုပြီး ခေါင်းဆောင်ပြောမှာစိုးမိတယ်။ ဒီလိုအသေးအဖွဲပြဿနာမှာ မိတ်သဟာယတွေအများကြီးလိုနေတာက ကျွန်မကို ကျွမ်းကျင်မှုမရှိ၊ ထိရောက်မှုမရှိတဲ့ပုံစံအနေနဲ့ မြင်ခံရနိုင်တယ်။ ကျွန်မ ပုံရိပ်ကိုကာကွယ်ဖို့ ညာပြီးတော့ မိတ်သဟာယတစ်ခုထဲနဲ့ ပြေလည်သွားတယ်လို့ ပြောလိုက်တယ်။ နောက်ကျတော့ ကျွန်မ အနေရခက်နေတယ်။ တစ်နေ့ကျရင် ပေါ်သွားမှာ ကြောက်နေတာပေါ့။ ကျွန်မ အပြုအမူကို ပြန်ကြည့်ကြည့်တော့ ကျွန်မပုံရိပ်ကို ကာကွယ်ပြီး လူတွေအတွက် အမြင်ကောင်းစေဖို့ ကျွန်မ အားထုတ်တဲ့အနေနဲ့ အများကြီး လိမ်ညာခဲ့တယ်ဆိုတာ တွေ့ရတယ်။ ကျွန်မက မှောင်မိုက်ခြင်းနဲ့ နာကျင်မှုထဲမှာ နေနေခဲ့တာပါ။ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ဘုရားရဲ့ စံနှုန်းတွေနဲ့ အရမ်းဝေးနေတာပေါ့။ ရိုးသားသူတွေဖြစ်ပြီး လှည့်စားတတ်တဲ့ သဘာဝတွေကို ဖြေရှင်းဖို့ လုပ်နေကြတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ တွေးမိတယ်။ တချို့တွေကဆို ကိုယ်တွေ့ သက်သေခံချက်တွေကိုတောင် ရေးပြီးကြပြီ။ ဒါပေမဲ့ နှစ်တွေအများကြီး ယုံကြည်လာပြီးတဲ့နောက်မှာ ကျွန်မက အများကြီး လိမ်ညာနေတုန်းပဲ။ ရိုးသားမှု လုံးဝ ကင်းမဲ့နေတယ်။ ကျွန်မက ကိုယ့်ယုံကြည်ခြင်းမှာ ဒီလိုဆက်သွားနေရင် ဘုရားက စွန့်ပစ်တာကိုသေချာပေါက် ခံရမှာပဲ။ ကျွန်မ အမြန်ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကိုယ့်တော့်ကို သမီး နှစ်များစွာ ယုံကြည်ခဲ့ပါတယ်။ အခုတောင်မှ သမီးရဲ့ အကျိုးစီးပွားတွေ ပါဝင်တဲ့အခါမှာ လိမ်ညာနေဆဲဖြစ်ပြီး ဒါက ကိုယ်တော့်ကို ရွံရှာစေပါတယ်။ သမီး ဒီလိုဆက်မသွားချင်ပါဘူး။ သမီးရဲ့ လိမ်ညာတဲ့ ပြဿနာကို ဖြေရှင်းဖို့ လမ်းပြတော်မူပါ။” ဆိုပြီးတော့။

ကျွန်မ ဘုရားဝတ်ပြုရင်းနဲ့ ဖတ်တဲ့ အပိုဒ်တစ်ပိုဒ်ရှိတယ်။ “လူတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် အဓိပ္ပာယ်မရှိသော၊ မမှန်ကန်သော၊ မသိနားမလည်သော၊ မိုက်မဲသော၊ ကျိုးကြောင်းပြပြောဆိုသောအရာများစွာကို ပြောဆိုကြသည်။ အခြေခံအကြောင်းရင်းမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်၏ ဘဝင်မြင့်မှုကို ဖြည့်ဆည်းရန်အတွက်လည်းကောင်း ဤအရာများကို ပြောဆိုကြသည်။ ဤမုသားများကို ၎င်းတို့ ဖွင့်ဟခြင်းသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်ထွက်လာခြင်းဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းခြင်းသည် သင်၏ စိတ်နှလုံးကို သန့်စင်စေလိမ့်မည်ဖြစ်ပြီး၊ ဤသို့ဖြင့် သင့်အား ပို၍ပင် သန့်စင်စေပြီး အစဉ်ပို၍ ရိုးသားစေလိမ့်မည်။ အမှန်တကယ်တွင် လူတို့အားလုံးသည် ၎င်းတို့က အဘယ်ကြောင့် မုသားများကို ပြောဆိုကြသည်ကို သိကြသည်။ ယင်းသည် ၎င်းတို့၏ အကျိုးစီးပွား၊ ဂုဏ်သိက္ခာ၊ မာန်မာနနှင့် အဆင့်အတန်းအတွက်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် နှိုင်းယှဉ်ရာတွင် မိမိတို့၏လုပ်နိုင်ရည်စွမ်းထက် ကြိုးစားဆောင်ရွက်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏ မုသားများကို အခြားသူများက မြင်သာပြီး ရိပ်စားမိကြကာ၊ အကျိုးဆက်မှာ မျက်နှာပျက်ရပြီး၊ သိက္ခာကျကာ၊ ဂုဏ်မဲ့ရလေသည်။ ဤသည်မှာ အလိမ်အညာများလွန်းခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် အလွန် လိမ်ညာသည့်အခါတွင်၊ သင်ပြောသမျှ စကားတိုင်းသည် ညစ်ညမ်းနေသည်။ ယင်းမှာ အမှားချည်းသာဖြစ်ပြီး၊ ယင်းတို့ထဲမှ တစ်ခုမျှသည် မမှန်ကန်နိုင်ပေ၊ သို့မဟုတ် အဖြစ်မှန် မဟုတ်နိုင်ပေ။ သင်လိမ်သည့်အချိန်တွင် သင်မျက်နှာမပျက်ရသော်ငြားလည်း၊ သင်၏စိတ်ထဲတွင် ရှက်ဖွယ်ကောင်းသည်ဟု ခံစားနှင့်ပြီးဖြစ်သည်။ သင်၏ အသိစိတ်က သင့်ကို အပြစ်တင်သည်ကို သင်ခံစားရလိမ့်မည်၊ ပြီးလျှင် သင်သည် သင့်ကိုယ်သင် ရွံရှာပြီး အထင်သေးလိမ့်မည်။ ‘ငါသည် အဘယ်ကြောင့် အလွန် သနားဖွယ်ကောင်းစွာ အသက်ရှင်နေသနည်း။ ရိုးသားသည့်အရာတစ်ခုပြောဖို့ အမှန်တကယ် အလွန် ခက်ခဲသလော။ ဂုဏ်သိက္ခာသက်သက်အတွက် ငါဤမုသားများကို ပြောဖို့လိုသလော။ ဤနည်းလမ်းဖြင့် အသက်ရှင်ရသည်မှာ အဘယ်ကြောင့် အလွန် ပင်ပန်းလှသနည်း’ သင်သည် မပင်ပန်းသော နည်းလမ်းတစ်ခုဖြင့် အသက်ရှင်နိုင်ပေသည်။ ရိုးသားသည့်သူတစ်ဦးဖြစ်ဖို့ သင် လက်တွေ့လုပ်ဆောင်လျှင်၊ သင်သည် အလွယ်တကူနှင့် လွတ်လပ်စွာ အသက်ရှင်နိုင်သည်၊ သို့ရာတွင် သင်၏ ဂုဏ်သိက္ခာနှင့် မာန်မာနတို့ကို ကာကွယ်ဖို့ လိမ်ညာရန် သင် ရွေးချယ်သည့်အခါ၊ သင်၏ဘဝသည် အလွန် ပင်ပန်းပြီး နာကျင်လှသည်၊ ယင်းက မိမိဘာသာမိမိရသော နာကျင်မှု ဖြစ်သည်။ အလိမ်အညာများ ပြောခြင်းမှ သင် ရရှိသည့် ဂုဏ်သိက္ခာမှာ အဘယ်နည်း။ ယင်းမှာ အနှစ်သာရမဲ့သော အရာတစ်ခု၊ လုံးလုံး တန်ဖိုးမရှိသော အရာတစ်ခု ဖြစ်သည်။ သင် လိမ်ညာသည့်အခါ၊ သင်သည် မိမိ၏ကိုယ်ပိုင် စရိုက်နှင့် သိက္ခာတို့ကို ဇာတိရုပ်ပြခြင်း ဖြစ်သည်။ ဤအလိမ်အညာများသည် လူများအား ၎င်းတို့၏သိက္ခာကို ဆုံးရှုံးစေသည်၊ ၎င်းတို့၏ စရိုက်ကို ဆုံးရှုံးစေပြီး၊ ဘုရားသခင်က ၎င်းတို့အား သဘောမကျစရာနှင့် မုန်းတီးစရာအဖြစ် မြင်လေသည်။ ယင်းမှာ ထိုက်တန်သလော။ လုံးဝ မထိုက်တန်ပါ။ ဤသည်မှာ မှန်ကန်သောလမ်းကြောင်းဖြစ်သလော။ မဟုတ်ပေ။ မကြာခဏ လိမ်ညာသည့်သူများသည် မိမိတို့၏ ဆိုးယုတ်သော စိတ်သဘောထားများနှင့် စာတန်၏အုပ်စိုးမှုအောက်တို့တွင် ပိတ်မိလျက် အသက်ရှင်နေကာ၊ အလင်းရောင်၌ဖြစ်စေ၊ ဘုရားသခင်၏ ရှေ့မှောက်၌ဖြစ်စေ အသက်ရှင်နေခြင်း မဟုတ်ပေ။ သင်သည် လိမ်ညာဖို့နည်းလမ်းကို မကြာခဏ စဉ်းစားဖို့လိုသည်၊ ပြီးလျှင် သင်လိမ်ညာပြီးသည့်နောက်တွင် ယင်းကို မည်သို့ဖုံးကွယ်ရမည့်အကြောင်း သင်တွေးတောဖို့ လိုအပ်သည်၊ ပြီးလျှင် ယင်းကို သင်ကောင်းစွာ ဖုံးကွယ်ခြင်း မရှိပါက၊ အလိမ်ပေါ်သွားလိမ့်မည် ဖြစ်သည်၊ သို့ဖြစ်၍ ဖုံးကွယ်ဖို့အတွက် သင် ဦးနှောက်ခြောက်ခံ စဉ်းစားရန် လိုအပ်ပေသည်။ ဤသည်မှာ အသက်ရှင်ရန် ပင်ပန်းသော နည်းတစ်ခုမဟုတ်လော။ ပင်ပန်းလွန်းသည်။ ယင်းသည် ထိုက်တန်သလော။ လုံးဝ မထိုက်တန်ပေ။ မာန်မာနနှင့် ဂုဏ်အဆင့်အတန်းအတွက် သက်သက်ဖြင့် လိမ်ညာပြီး ဖုံးကွယ်ဖို့အတွက် ဦးနှောက်ခြောက်ခံစဉ်းစားခြင်းသည် မည်သည့်အဓိပ္ပာယ်နည်း။ အဆုံးတွင် သင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ စဉ်းစားပြီး သင့်ကိုယ်သင် ပြောလိမ့်မည်။ ‘အဘယ်ကြောင့် ငါ့ကိုယ်ငါ ဤသို့ပြုရသနည်း။ လိမ်ညာပြီး ဖုံးကွယ်ရန်မှာ ပင်ပန်းလွန်းသည်။ အမှုအရာများကို ဤသို့ပြုလုပ်ခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ရန်မှာ ပို၍ လွယ်ကူသည်။’ သင်သည် ရိုးသားသောသူတစ်ယောက် ဖြစ်လိုသော်လည်း သင်၏ သိက္ခာ၊ မာန်မာနနှင့် အကျိုးစီးပွားများကို သင် လက်မလွှတ်နိုင်ပေ။ သင်သည် ဤအရာများကို ကာကွယ်ရန် လိမ်ညာပြီး မုသားများကိုသာ အသုံးပြုနိုင်မည်။...မုသားများကို အသုံးပြုခြင်းသည် သင် ဆန္ဒရှိသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ ပကာသနတို့ကို ကာကွယ်နိုင်သည်ဟု သင် ထင်ကောင်းထင်နိုင်သည်။ သို့သော် ဤသည်မှာ ကြီးမားသော အမှားဖြစ်သည်။ မုသားများသည် သင်၏ မာန်မာနနှင့် တစ်ကိုယ်ရေ ဂုဏ်သိက္ခာကို မကာကွယ်နိုင်ရုံမကဘဲ ပို၍ အရေးကြီးသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူတစ်ယောက်ဖြစ်ရန် အခွင့်အရေးကိုလည်း သင့်ကို လွဲချော်စေသည်။ ထိုအချိန်တွင် သင်က သင့်ဂုဏ်သတင်းနှင့် မာန်မာနကို ကာကွယ်လျှင်ပင် သင်ဆုံးရှုံးသည့်အရာမှာ သမ္မာတရားဖြစ်ပြီး ဘုရားသခင်ကို သင် သစ္စာဖောက်သည်။ ဤသည်မှာ သင်က ဘုရားသခင်၏ ကယ်တင်ခြင်းကို ရပြီး စုံလင်ခြင်းခံရရန် အခွင့်အလမ်းကို လုံးဝ ဆုံးရှုံးရသည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အကြီးမားဆုံး ဆုံးရှုံးမှုနှင့် ထာဝရနောင်တတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်အားလုံးက ကျွန်မရဲ့ တကယ့် အခြေအနေကို ဖော်ပြတယ်။ ကျွန်မက ကိုယ့်ရဲ့ ဘဝင်နဲ့ မာနကို ကာကွယ်ဖို့ အမြဲတမ်း လိမ်ညာလှည့်စားနေခဲ့တာ။ ကျွန်မက ကြွားဝါနေခဲ့တယ်။ ကျွန်မကို စိတ်ဒုက္ခရောက်စေတဲ့၊ အသက်ရှင်ဖို့ ပင်ပန်းတဲ့ နည်းလမ်းတစ်ခုပါပဲ။ ယုံကြည်သူအသစ်တွေကို ကျွန်မ စပြီးရေလောင်းတော့ ကျွန်မ မိတ်သဟာယက မဆိုးဘူးလို့ ချန်းလင်က မြင်ပြီး ခေါင်းဆောင်နဲ့ မိတ်သဟာယဖွဲ့ပြီးပြီလားဆိုပြီး မေးတယ်။ ဒါက တကယ့်ကို သာမန်မေးခွန်းတစ်ခုပဲ။ “ဖွဲ့ပြီးပြီ” လို့ ရိုးရိုးလေး ဖြေလိုက်လို့ရတယ်။ ဒါပေမဲ့ ကျွန်မက အမှန်အတိုင်းပြောလိုက်ရင် သူက အထင်သေးမှာကြောက်တယ်။ စိတ်ထဲမှာ ကျွန်မရဲ့ ဂုဏ်သတင်းကို တွေးပြီး သိသိကြီးနဲ့ လိမ်ညာခဲ့တယ်။ ပြီးတော့လည်း တစ်လမှာ လူသစ်ဘယ်လောက်ကို ကျွန်မတို့ရေလောင်းနိုင်လဲလို့ ခေါင်းဆောင်က မေးတော့ ကျွန်မ တကယ်လုပ်နိုင်တာကို အခြေခံပြီး မဖြေခဲ့ဘူး။ ကျွန်မက အရေအတွက် နည်းပြီးပြောရင် ကျွန်မက အရည်အချင်းမရှိဘူးလို့ ခေါင်းဆောင်က ပြောမှာကြောက်ပြီး တမင်တကာ တိုးပြောလိုက်တယ်။ နောက်တော့ ကျွန်မက ဒါကို မကိုင်တွယ်နိုင်မှာကို စိတ်ပူတယ်။ ကျွန်မတာဝန်မှာရှိတဲ့ ဖိအားက ပင်ပန်းပါတယ်။ ယုံကြည်သူအသစ်တွေကို ရေလောင်းတဲ့နေရာမှာလည်း ကျွန်မက ဒီလိုပဲ။ ကျွန်မက သမ္မာတရားကို သိပ်နားမလည်တော့ လူသစ်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ မိတ်သဟာယတွေ အများကြီး လိုခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်မကို ဘယ်လိုထင်မလဲဆိုတာကို ကျွန်မ တွေးနေခဲ့တယ်။ အဲဒါနဲ့ မိတ်သဟာယတစ်ခုပဲလုပ်ဖို့ လိုခဲ့တယ်လို့ ပြောလိုက်တယ်။ ကျွန်မရဲ့ ဘဝင်နဲ့ မာနကို ကာကွယ်ဖို့ တစ်ခါပြီး တစ်ခါ လိမ်ညာ လှည့်စားခဲ့တယ်။ သူများတွေ ကျွန်မကို လက်ခံအောင်ပေါ့။ ကျွန်မက တော်တော်မရိုးသားဘဲ အယောင်ဆောင်ခဲ့တာပဲ။ ကျွန်မက အမှန်အတိုင်းမပြောရင် သူများတွေနဲ့ ခေါင်းဆောင်က ကျွန်မရဲ့ တကယ် ကျွမ်းကျင်တဲ့အဆင့်ကို သိမှာမဟုတ်ဘူး၊ ကျွန်မပုံရိပ်ကို ကာကွယ်နိုင်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားက အားလုံးကို မြင်တယ်။ တခြားလူတွေကို အရူးလုပ်လို့ရပေမဲ့ ဘုရားကိုတော့ လုံးဝ မရဘူး။ အချိန်နည်းနည်းကြာရင် လူတိုင်းက ကျွန်မအကြောင်း သိလာကြမယ်။ ကျွန်မက သမ္မာတရား စစ်မှန်မှုမရှိဘဲ အဆက်မပြတ်လိမ်နေတယ်ဆိုတာ မြင်ကြမယ်။ မုသားတစ်ခုကို ပြောပြီးတော့ ကျွန်မ တကယ်ကို နေလို့မကောင်းဘူး။ ကျွန်မ လိမ်တာပေါ်လာပြီး ကျွန်မရဲ့ အရှိအတိုင်း ဖော်ထုတ်ခံရမယ့်နေ့ကို ကြောက်နေခဲ့တယ်။ သိက္ခာကျရုံတင်မကဘူး။ သူများတွေက ကျွန်မကို သေချာပေါက် ယုံမှာမဟုတ်တော့ဘူး။ ရေရှည်ကျတော့ စိတ်ပူတာ၊ စိတ်မအေးနိုင်တာတွေကြောင့် စိတ်ဆင်းရဲရတယ်။ တော်တော်ပင်ပန်းပါတယ်။ ကျွန်မက မှောင်မိုက်ခြင်းနဲ့ နာကျင်မှုထဲမှာ ရောက်နေတာပေါ့။ အဆက်မပြတ် လိမ်ညာနေပြီး သမ္မာတရားကို လက်တွေ့မလုပ်တော့၊ ရိုးသားသူတစ်ယောက်မဖြစ်တော့ ကျွန်မကိုယ်တိုင်ရဲ့ဘဝက ဒုက္ခခံရုံတင်မကဘူး။ ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်နေခဲ့ရတယ်။ ဘုရားသခင်က ဒါကို ရွံရှာတယ်။ သခင်ယေရှုပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။(ရှင်မဿဲခရစ်ဝင် ၅:၃၇)သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၄) ဘုရားက ရိုးသားသူတွေကို နှစ်သက်ပြီး လှည့်စားသူတွေကို မုန်းတယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ စကားပြောပြီး ပြုမူခဲ့သင့်တာ။ အရှိကို အရှိအတိုင်း ပြောသင့်တယ်။ ဟုတ်တယ်ဆိုရင် ဟုတ်တယ်။ မဟုတ်ဘူးဆိုရင် မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ပုံရိပ်ကို ကာကွယ်ဖို့ ထပ်ခါထပ်ခါ လိမ်ညာခဲ့တယ်။ စာတန်နတ်ဆိုးနဲ့ ဘာကွာဦးမှာလဲ။ နတ်ဆိုးက အမြဲတမ်း လိမ်ညာတယ်။ အမှန်အတိုင်းပြောစရာ ဘာမှမရှိဘူး။ အဲဒီအချိန်တုန်းက ကျွန်မလည်း တော်တော်များများ လိမ်ပြီးနေပြီ။ နောင်တမရရင် ဘုရားက စွန့်ပစ်တာကို သေချာပေါက် ခံရမှာပဲ။ ကျွန်မပုံရိပ်ကို ကာကွယ်ပြီး လတ်တလော အကျိုးအမြတ်တချို့ရဖို့ ဦးနှောက်ခြောက်ခံစဉ်းစားပြီး ဟန်လုပ်နေခဲ့တယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ ဘုရားသခင်က ရွံရှာတယ်။ လူတွေက စက်ဆုပ်ကြတယ်။ ကျွန်မက ဒုက္ခခံရတယ်။ ဒါ မိုက်မဲတာပဲ။

ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆက်ဆင်ခြင်သုံးသပ်ပြီး ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခုကို ဖတ်ရတယ်။ “လူတို့သည် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်သောအခါ ဤအရာမှ မည်သည့်ကြံရွယ်ချက်များ အစပြုသနည်း။ ပြီးလျှင် ရည်မှန်းချက်က အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ရဖို့အတွက်ဖြစ်သည်မှာ ခြွင်းချက်မရှိပေ။ လိုရင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ဖြစ်သည်။ ပြီးလျှင် အကျိုးစီးပွားများကို လိုက်စားခြင်း၏ အရင်းအမြစ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိကိုယ်ကျိုးအတွက် လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားများက ထုတ်ဖော်ပြလာသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ရှေးဦးစွာ အကျိုးစီးပွားများသည် မည်သည့်အရာဖြစ်သည်၊ လူတို့အတွက် မည်သည့်အရာများ ရရှိစေသည်၊ ထိုအရာများကို လိုက်စားခြင်းအတွက် အကျိုးဆက်များက မည်သည့်အရာဖြစ်သည်တို့ကို သင် ခွဲခြားဖော်ထုတ်ပြီး သိရမည်။ ဤအရာကို သင် အဖြေမရှာနိုင်လျှင် ထိုအရာများကို စွန့်ပစ်ခြင်းသည် ပြောဖို့လွယ်ပြီး လုပ်ဖို့ခက်သည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခြင်းထက် ပို၍ ခက်သည့်အရာမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဘဝ အတွေးအခေါ်များသည် ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော၊’ ‘သေမြေကြီး၊ ရှင်ရွှေထီး’ ဆိုသည်တို့ ဖြစ်သောကြောင့်တည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ ရှင်သန်သည်မှာ ရှင်းသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးရလျှင် ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ကြသည်။ ၎င်းတို့ ရှင်သန်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ခွဲခြား၍မရသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ထိုအရာများကို အရာအားလုံးထက် မြင့်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ အသက်ရှင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခိုင်းခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ရန် တောင်းဆိုသကဲ့သို့ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏)လှည့်စားတတ်သောသူတစ်ဦးက ၎င်းသည် ကောက်ကျစ်ကြောင်း၊ လိမ်လည်ရခြင်းကို နှစ်သက်ပြီး သမ္မာတရားကို ပြောခြင်းအား မနှစ်သက်ကြောင်းနှင့် ၎င်းသည် မည်သည့်အရာ လုပ်ဆောင်နေသည်ဆိုသည်ကို အခြားလူများထံမှ ဖုံးကွယ်ဖို့ အစဉ်သဖြင့် ကြိုးစားနေကြောင်းကို သတိပြုမိကောင်း ပြုမိနိုင်သည်၊ သို့သော် ဤသို့သတိပြုမိနိုင်သော်ငြားလည်း ‘ဤသို့ ရှင်သန်ရခြင်းမှာ ကောင်းလှသည်။ တခြားလူများကို ငါအဆက်မပြတ် လှည့်စားလျက်ရှိသော်လည်း ၎င်းတို့က ငါ့ကို ထိုကဲ့သို့ မပြုလုပ်နိုင်။ ငါ၏ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်၊ အဆင့်အတန်း၊ မာနနှင့်ပတ်သက်လျှင် ငါသည် အမြဲလိုလို ကျေနပ်မှုရှိ၏။ အမှုအရာများသည် ငါ၏အစီအစဉ်များအတိုင်း အမှားကင်းစွာ၊ ချောမွေ့စွာ ဖြစ်ပျက်ပြီး မည်သူမျှ ၎င်းတို့ကို မရိပ်စားမိ’ ဟူ၍ တွေးတောလျက် ထိုအရာကို ၎င်းတို့က အကြိုက်တွေ့ကြလိမ့်မည်။ ထိုလူစားမျိုးတွင် ရိုးသားလိုသော ဆန္ဒရှိသလော။ မရှိပေ။ လှည့်စားခြင်းနှင့် ကောက်ကျစ်ခြင်းသည် ဉာဏ်ရှိခြင်းနှင့် အသိပညာဖြစ်သည်၊ အပြုသဘောဆောင်သောအရာများဖြစ်သည်ဟု ဤသူက ယုံကြည်သည်။ သူသည် ဤအရာများကို တန်ဖိုးထားပြီး ဤအရာများမရှိဘဲ မနေနိုင်ပေ။ ‘ဒါက ပြည့်စုံတဲ့ ပြုမူနေထိုင်နည်းပဲ။ သက်သောင့်သက်သာ အသက်ရှင်နည်းပဲ။’ ဟူ၍ ထင်သည်။ ‘ဒီနည်းနဲ့မှသာ ဘဝက တန်ဖိုးရှိတယ်။ ဒီနည်းနဲ့မှ သူများတွေက ငါ့ကို အားကျပြီး အထင်ကြီးလေးစားမယ်။ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်မရှင်တာဟာ ငါက မိုက်မဲပြီး နုံအတာဖြစ်မှာပဲ။ ငါဟာ ဆုံးရှုံးမှုတွေ၊ အနိုင်ကျင့်တာတွေ၊ ခွဲခြားဆက်ဆံတာတွေ၊ လက်ပါးစေတစ်ယောက်လို ဆက်ဆံတာတွေကို အမြဲတမ်း ခံရမယ်။ ဒီလို အသက်ရှင်ရတာ တန်ဖိုးမရှိဘူး။ ငါ ဘယ်တော့မှ ရိုးသားသူတစ်ယောက် ဖြစ်မှာမဟုတ်ဘူး။’ ဟူ၍ ဖြစ်သည်။ ဤသို့သောသူမျိုးသည် သူ၏ လှည့်စားတတ်သော စိတ်သဘောထားကို စွန့်လွှတ်ပြီး ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်မည်လော။ လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။...၎င်းတို့၌ အပြုသဘောဆောင်သောအရာတို့ကို ချစ်မြတ်နိုးခြင်း မရှိ၊ အလင်းကို ၎င်းတို့မတောင့်တ၊ ဘုရားသခင်၏လမ်းကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ၎င်းတို့မချစ်မြတ်နိုးကြပေ။ ၎င်းတို့က လောကီရေပန်းစားမှုများနောက် လိုက်လိုကြသည်၊ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို စွဲမက်နှစ်သက်ကြသည်၊ ၎င်းတို့သည် အခြားသူများအလယ်တွင် သာလွန်ထူးကဲရသည်ကို နှစ်သက်သည်၊ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ကို ထောက်ခံအားပေးသူများဖြစ်ကြသည်၊ ၎င်းတို့သည် ကြီးမြတ်ပြီး ကျော်ကြားသူများကို ကြည်ညိုသည်၊ သို့ရာတွင် တကယ့်ဖြစ်ရပ်မှန်မှာမူ ၎င်းတို့သည် မကောင်းဆိုးဝါးများနှင့် စာတန်ကို ကြည်ညိုနေကြခြင်းဖြစ်သည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့သည် သမ္မာတရားကိုဖြစ်စေ၊ အပြုသဘောဆောင်သော အရာများကိုဖြစ်စေ မလိုက်စားဘဲ၊ ပညာရေးကို ထောက်ခံအားပေးသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို သက်သေခံသူများကို မထောက်ခံပေ။ ထိုအစား ၎င်းတို့သည်အထူးပါရမီများနှင့် ဆုကျေးဇူးများရှိသောလူများကို ထောက်ခံပြီး လေးစားအားကျသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို မလျှောက်ကြဘဲအဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အာဏာကို လိုက်စားကြသည်။ ၎င်းတို့သည် လျှို့ဝှက်ပြီး ဉာဏ်များသောသူတစ်ဦးဖြစ်ဖို့ ကြိုးပမ်းကြသည်။ ၎င်းတို့သည် လူသိများသည့် ပုဂ္ဂိုလ်တစ်ဦးဦး ဖြစ်လာဖို့ လူ့အဖွဲ့အစည်း၏ အထက်တန်းစားအလွှာများတွင် မိမိတို့ကိုယ်ကိုယ် တစ်သားတည်းဖြစ်အောင် ကြိုးစားကြသည်။ ၎င်းတို့သည် ၎င်းတို့မည်သည့်နေရာကိုသွားပါစေ ချစ်ခင်လေးစားစွာဖြင့် ကြိုဆိုနှုတ်ဆက်ခံလိုကြသည်။ လူများက စွဲလမ်းကြည်ညိုသူတစ်ဦး ၎င်းတို့ ဖြစ်လိုကြသည်။ ဤသည်မှာ ၎င်းတို့ဖြစ်လိုသည့် လူစားမျိုးဖြစ်သည်။ ဤသည်မှာ မည်သို့သော လမ်းမျိုးဖြစ်သနည်း။ နတ်ဆိုးတို့၏ လမ်း၊ ဆိုးယုတ်မှု၏ လမ်းကြောင်းပင်ဖြစ်သည်။ ဘုရားယုံကြည်သူများက လျှောက်သောလမ်းမဟုတ်ပေ။ လူတို့ကို အယုံသွင်း၍ ၎င်းတို့၏ပုဂ္ဂိုလ်ရေးယုံကြည်မှုကို ချိုင်ယူရန်၊ ၎င်းတို့အား ကိုးကွယ်ပြီး ၎င်းတို့၏နောက်သို့ လိုက်စေဖို့၊ စာတန်၏အတွေးအမြင်များ၊ ၎င်း၏ဆင်ခြင်တွေးခေါ်မှုစနစ်တို့ကို အသုံးပြုသည်။ ၎င်းတို့သည် စာတန်၏ ပရိယာယ်တိုင်းကို အသုံးပြုကြသည်။ ၎င်းတို့သည် နေရာတိုင်းတွင် ပရိယာယ်၊ မာယာရှိသမျှကို အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူများ လျှောက်ရမည့် လမ်းကြောင်းမဟုတ်ပေ။ ထိုသို့သော လူများသာ ကယ်တင်ခြင်း မခံရမည်သာမကဘဲ ဘုရားသခင်၏ အပြစ်ပေးခံရခြင်းကိုလည်း ကြုံရမည်ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သံသယအနည်းငယ်မျှပင် မရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ) ကျွန်မက ဘာကြောင့် ထပ်ခါထပ်ခါ လိမ်ညာလှည့်စားနိုင်တယ်၊ ဘာကြောင့် လုံးဝ ဖွင့်ပြောပြီး ရိုးသားသူတစ်ယောက်မဖြစ်ရဲတယ် ဆိုတာကို ဘုရားနှုတ်ကပတ်တာ်က ပြခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မက လှည့်စားတတ်တဲ့ သဘာဝရှိလို့ပဲ။ ကျွန်မက သမ္မာတရားကို စိတ်ကုန်ပြီး အပြုသဘောဆောင်တာတွေကို မချစ်ဘူး။ သမ္မာတရားကို ရဖို့ ရှာဖွေခြင်း၊ ဘုရားသခင်ကို ဝမ်းမြောက်စေတဲ့သူဖြစ်ခြင်းကို ဦးစားမပေးခဲ့ဘူး။ အဲဒီအစား “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့ လူတစ်ဦးသည် သူ၏ မျက်နှာအတွက် အသက်ရှင်၏” “မုသားမပြောဘဲ ဘာကိုမျှ ရယူအောင်မြင်နိုင်မည်မဟုတ်” ဆိုတာမျိုး ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ပုံရိပ်နဲ့ အကျိုးစီးပွားတွေကိုပါ တန်ဖိုးထားခဲ့တယ်။ ကျွန်မ ငယ်ငယ်တုန်းက အလယ်တန်းပညာရေးပဲရှိပေမဲ့ ကောလိပ်ဘွဲ့ရလို့ပြောတဲ့ အမျိုးတစ်ယောက်ရှိခဲ့တယ်။ သူ ကျွမ်းကျင်မှုမရှိတာ ရှင်းနေတာတောင် သူ့ကိုယ်သူ ရှိတာထက်ပိုပြောပြီး လေ့လာထားတယ်လို့ပြောတယ်။ သူက ဒီလိုမျိုး လိမ်ညာပြီး ဟန်လုပ်တော့ လူတွေက သူ့ကို အထင်မသေးရုံမကဘူး။ အထင်ကြီးလေးစားကြတယ်။ ကျွန်မက ဒါရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ကျွန်မ ကိုယ်တိုင် သတိမထားမိလိုက်ဘဲ ကျွန်မ စိတ်နှလုံးထဲမှာ ဒီဆိုးယုတ်တဲ့ နည်းလမ်းတွေကို လက်ခံခဲ့တယ်။ တစ်ခါတလေမှာ လိမ်ညာတာက အကြောင်းအရာတစ်ခုကို တကယ် ဖြေရှင်းပေးနိုင်တယ်လို့ ခံစားမိခဲ့တယ်။ အလေးစားခံရရုံတင်မကဘူး။ ကိုယ်လိုချင်တာကိုတောင် ရနိုင်တယ် ပေါ့။ အဲဒါနဲ့ ဘုရားအိမ်တော်ကို လာပြီးတဲ့နောက်မှာ ဒီအမြင်နဲ့ ဆက်ပြီး အသက်ရှင်ခဲ့တယ်။ တစ်ခုခုက ကျွန်မရဲ့ ပုံရိပ်နဲ့၊ အကျိုးစီးပွားနဲ့ ပတ်သက်ရင် ကျွန်မ မထိန်းနိုင်ဘဲ လိမ်ညာတယ်။ ဟန်ဆောင်တယ်။ လိမ်ညာပြီးတဲ့နောက်မှာ လိပ်ပြာမလုံဖြစ်ရင်တောင် လူတိုင်းကို ဖွင့်မပြောရဲသေးဘူး။ ကျွန်မက တဲ့တိုးပြောရင် ကျွန်မကို လုံးဝ ရိပ်စားမိပြီး ကျွန်မကို အကောင်းမမြင်တော့မှာကို ကြောက်မိတယ်။ ဒီလိုအရှက်ရတာကို တွေးမိတော့ ကျွန်မကို သတ်လိုက်တာပဲ ကောင်းမယ် ပေါ့။ စကားအမှန်တစ်ခွန်းကို ပြောဖို့ထက် မှောင်မိုက်ခြင်းနဲ့ ဆင်းရဲဒုက္ခထဲမှာ အသက်ရှင်ဖို့ ပိုနှစ်သက်ခဲ့ပြီး ပိုပြီးတော့ အယောင်ဆောင်လာပြီး လှည့်စားလာတယ်။ ကွန်မြူနစ်ပါတီက ဒီလိုမျိုးပဲ။ မကောင်းသတင်းတွေ၊ ဆိုးယုတ်တာတွေ ဘယ်လောက်ပဲ လုပ်ပါစေ၊ ဒါတွေကို ဘယ်တော့မှ ဖွင့်မပြဘဲ ကမ္ဘာကို သူ့ရဲ့ အလိမ်အညာတွေနဲ့ လှည့်ဖြားတယ်။ လူတွေကို အမြင်မှားစေဖို့၊ သာမန်လူတွေကို အရူးလုပ်ဖို့တွက် ကြီးမြတ်တဲ့၊ ဂုဏ်သရေရှိတဲ့ ပုံရိပ်ဖမ်းတယ်။ တော်တော် စက်ဆုပ်စရာကောင်းပြီး ဆိုးယုတ်ပါတယ်။ ကျွန်မ ညာတာ၊ လှည့်စားတာတွေက အခြေခံအားဖြင့် ကွန်မြူနစ်ပါတီနဲ့ အတူတူပဲမဟုတ်ဘူးလား။ ဒီဟာကြောင့် ဘုရားနှုတ်ကပတ်တော်တွေကို သတိရတယ်။ “ဤသည်မှာ မည်သို့သော လမ်းမျိုးဖြစ်သနည်း။ နတ်ဆိုးတို့၏ လမ်း၊ ဆိုးယုတ်မှု၏ လမ်းကြောင်းပင်ဖြစ်သည်။ ဘုရားယုံကြည်သူများက လျှောက်သောလမ်းမဟုတ်ပေ။ လူတို့ကို အယုံသွင်း၍ ၎င်းတို့၏ပုဂ္ဂိုလ်ရေးယုံကြည်မှုကို ချိုင်ယူရန်၊ ၎င်းတို့အား ကိုးကွယ်ပြီး ၎င်းတို့၏နောက်သို့ လိုက်စေဖို့၊ စာတန်၏အတွေးအမြင်များ၊ ၎င်း၏ဆင်ခြင်တွေးခေါ်မှုစနစ်တို့ကို အသုံးပြုသည်။ ၎င်းတို့သည် စာတန်၏ ပရိယာယ်တိုင်းကို အသုံးပြုကြသည်။ ၎င်းတို့သည် နေရာတိုင်းတွင် ပရိယာယ်၊ မာယာရှိသမျှကို အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူများ လျှောက်ရမည့် လမ်းကြောင်းမဟုတ်ပေ။ ထိုသို့သော လူများသာ ကယ်တင်ခြင်း မခံရမည်သာမကဘဲ ဘုရားသခင်၏ အပြစ်ပေးခံရခြင်းကိုလည်း ကြုံရမည်ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သံသယအနည်းငယ်မျှပင် မရှိနိုင်ပေ။” ဘုရားသခင်က သစ္စာရှိပါတယ်။ ဘုရားသခင်က လူတွေကို အဆုံးမှာ သူ့ရဲ့ ကယ်တင်ခြင်းရစေဖို့ ရိုးသားကြဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ လူတွေကို အမြင်မှားအောင်လုပ်ပြီး ဖျက်ဆီးဖို့အတွက် စာတန်က အတွေးအခေါ်တွေနဲ့ အတွေးမှားမျိုးစုံကို အသုံးပြုပြီး ကျွန်မတို့ရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အဆက်မပြတ် လိမ်ညာအောင်လုပ်ပြီး ပိုပိုပြီး အယောင်ဆောင်လာပြီး လှည့်စားတတ်အောင်လုပ်တယ်။ နောက်ဆုံးမှာ ကျွန်မတို့က စာတန်နဲ့အတူ ငရဲကျပြီး အပြစ်ဒဏ်ပေးခံရမှာပဲ။ ဒီအချိန်မှာ စာတန်ရဲ့ ဉာဏ်များပြီး ကြမ်းတမ်းတဲ့ ရည်ရွယ်ချက်ကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ကျွန်မ စိတ်နှလုံးအတွင်းထဲကနေ စာတန်ကို မုန်းတီးပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားချင်စိတ်ဖြစ်လာတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခြားတစ်ခုကို ကျွန်မ ဖတ်ရတယ်။ “လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်စားသောလူတို့ကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်နည်းလမ်း၊ ၎င်းတို့၏ စိတ်သဘောထား၊ ရည်ရွယ်ချက်များနှင့် ၎င်းတို့၏ လှည့်စားသည့်နည်းလမ်းတို့ကို မနှစ်သက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က မနှစ်သက်ပေ။ လှည့်စားတတ်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ လှည့်စားသော စိတ်သဘောထားများကို အသိအမှတ်ပြုပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ လိုလားလျှင် လူအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဆက်ဆံပြီး သမ္မာတရားကလည်း ထိုသို့ဖြစ်သည့်အတွက် ၎င်းတို့သည်လည်း ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေသူများ ဖြစ်လိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ ကျွန်ုပ်တို့၏ ပြုမူနေထိုင်မှုစည်းမျဉ်းများကို ပြောင်းလဲခြင်းဖြစ်သည်။ ဆိုးယုတ်သော အတွေးအခေါ်များနှင့်အညီ အသက်ရှင်၍ မရတော့ပေ။ မုသားများ၊ လှည့်စားမှုများနှင့် နေ၍ မရတော့ပေ။ ကျွန်ုပ်တို့၏ မုသားအားလုံးကို နောက်တွင် စွန့်ပစ်ပြီး ရိုးသားသူများဖြစ်လာရမည်။ ထို့နောက်တွင် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည်အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်စားမှုတို့ကို အစဉ် အားကိုးပြီး ဆိုးယုတ်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု၊ ၎င်းတို့၏ ဘဝများ၏အခြေခံအဖြစ်၊ လူသား၏ ပြုမူနေထိုင်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် ရွံမုန်းသောအရာတစ်ခု ဖြစ်သည်။ မယုံကြည်သူများကြားတွင် သင်က ပွင့်လင်းစွာပြောဆိုလျှင်၊ အမှန်တရားကို ပြောလျှင်၊ ရိုးသားသောသူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသရေဖျက်ခံရမည်။ ဝေဖန်အပြစ်တင်ခံရပြီး စွန့်ပစ်ခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ ဆိုးယုတ်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် မသိမသာ အန္တရာယ်ဖြစ်စေသောနည်းများကို အသုံးပြုဖို့လည်း သင်ယူသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့သည်အထိ အပြစ်ထဲသို့ ပိုပို၍ နစ်မြုပ်သည်။ အမှုအရာများသည် ဘုရားသခင်၏ အိမ်တော်တွင် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ သင် လိမ်ညာပြီး လှည့်စားသောအရာများ လုပ်ဆောင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို စိတ်ကုန်ပြီး စွန့်ပစ်လေဖြစ်သည်။ သင်က နောင်တရရန် ငြင်းဆန်ပြီး ဆိုးယုတ်သော အတွေးအခေါ်များနှင့် ယုတ္တိများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ အယောင်ဆောင်ပြီး ဖုံးကွယ်ရန်အတွက်ပရိယာယ်သုံးပြီး အကြံအစည်များကို အသေးစိတ်စီစဉ်လျှင် သင်သည် ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရဖို့ အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ ဘုရားသခင်က လှည့်စားသောသူများကို မုန်းတီးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်သည်။ လှည့်စားသောသူတို့သည် နောက်ဆုံးတွင် ပစ်ပယ်ခံရပြီး ဖယ်ရှားခံရလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်)သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိခြင်းသည် သင့်အသက်တာ၏ ကြီးထွားမှုနှင့် ကယ်တင်ခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ စိစစ်မှုကို လက်ခံရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး အသက်နှင့် သမ္မာတရားကို ရရှိရန်အတွက် ဘုရားသခင် ရှေ့မှောက်ကို လာဖို့ သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင်သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် သင်ကိုယ်တိုင်၏ အကျိုးစီးပွားတို့အတွက် သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိခြင်း၊ ကယ်တင်ခြင်းကို ရရှိခြင်း အခွင့်အလမ်းကို စွန့်လွှတ်သည့် သဘောသက်ရောက်သည်။ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို သင်ရွေးချယ်သည်။ သို့သော် သင် စွန့်လွှတ်သည့်အရာမှာ သမ္မာတရားဖြစ်သည်။ သင်ဆုံးရှုံးသည့်အရာမှာ အသက်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးဖြစ်သည်။ မည်သည့်အရာက ပိုအရေးပါသနည်း။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပြီး သမ္မာတရားကို စွန့်လွှတ်လျှင် သင်သည် မမိုက်မဲသလော။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ သေးငယ်သော အကျိုးကျေးဇူးအတွက် ကြီးမားစွာ ဆုံးရှုံးခြင်းဖြစ်သည်။ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ပိုက်ဆံနှင့် အကျိုးစီးပွားများအားလုံးတို့သည် ခဏတာပေါ်ပင်သာဖြစ်သည်။ သမ္မာတရားနှင့် အသက်မှာမူ ထာဝရဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ လူတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားဖို့ ဖြစ်လာစေသော ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းလျှင် ၎င်းတို့သည် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်။ ထို့အပြင် လူတို့ရရှိသည့် သမ္မာတရားမှာ ထာဝရဖြစ်သည်။ စာတန်က ၎င်းတို့ထံမှ နုတ်မယူနိုင်သကဲ့သို့ အခြားမည်သူကမျှ နုတ်မယူနိုင်ပေ။ သင်သည် သင်၏အကျိုးစီးပွားများကို စွန့်လွှတ်ပြီး သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါက၊ ဤရလဒ်များသည် သင်နှင့် သက်ဆိုင်သည်။ သင်သည် ယင်းတို့ကို သင့်ဘာသာ ရရှိခဲ့ခြင်း ဖြစ်လေသည်။ လူတို့က သမ္မာတရားကိုလက်တွေ့လုပ်ရန် ရွေးချယ်ပါက သူတို့၏ အကျိုးစီးပွားများကို သူတို့ဆုံးရှုံးလျှင်ပင် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် သမ္မာတရားကို အဆုံးရှုံးခံလျက် အကျိုးရရှိနေပါက သူတို့ဆုံးရှုံးသောအရာမှာ အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်သည်။ ထိုသူတို့မှာ အညံ့ဖျင်းဆုံးသောသူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ရိုးသားသူသာ ကယ်တင်ခြင်းခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရနိုင်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို သတိပေးခဲ့တယ်။ လှည့်စားတတ်တဲ့သူတွေက နောက်ဆုံးမှာ ဘုရားက ဖော်ထုတ်ပြီး စွန့်ပစ်ခြင်းကို ခံရတယ်။ လူတစ်ယောက်က ဘယ်လမ်းကို ရွေးတယ်၊ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာက သူတို့ရဲ့ နောက်ဆုံး ခရီးပန်းတိုင်ကို တိုက်ရိုက် သက်ရောက်မှုရှိတယ်။ ဒါပေမဲ့ ကျွန်မက အရမ်းကို မမြင်မကန်းဖြစ်ခဲ့တယ်။ ကျွန်မက သမ္မာတရားကို ချစ်ရမဲ့အစား ကျွန်မပုံရိပ်ကို ထိန်းသိမ်းဖို့ပဲ အာရုံစိုက်ခဲ့တယ်။ ထပ်ခါထပ်ခါ လိမ်ညာပြီး ဟန်ဆောင်တဲ့ အခြေအနေအထိပေါ့။ ဒီလိုလုပ်ပြီးတဲ့နောက်ကျတော့ ဖွင့်ပြောဖို့ သတ္တိမရှိဘူး။ အခြေခံအကျဆုံး အလိမ်အညာတွေကိုတောင် ကျွန်မ မကိုင်တွယ်ခဲ့ဘူး။ ကျွန်မ စိတ်သဘောထားကို တစ်စက်လေးတောင် မပြောင်းလဲခဲ့ဘူး။ ကျွန်မယုံကြည်ခြင်းမှာ ဒီလိုဆက်လုပ်နေရင် ဘုရားက ကယ်တင်ခြင်းကို ဘယ်လိုခံရနိုင်မှာလဲ။ ဂုဏ်သတင်းကို ဂရုစိုက်ပြီး တစ်ကိုယ်ရေအကျိုးအမြတ်နောက်လိုက်တာက တန်ဖိုးမရှိဘူးဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ဒီနည်းနဲ့ သူများတွေက လေးစားတာ၊ ပံ့ပိုးတာ ရကောင်းရနိုင်တယ်။ ဒါပေမဲ့ အဆက်မပြတ်လိမ်တာကြောင့် ဘုရားကို ရွံရှာစေပြီး ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးရတာက မတန်ပါဘူး။

ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လမ်းကြောင်းအတွက် ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ တွေ့တယ်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်သို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာဖြစ်လိမ့်မည်။ သင်သည် ချည်နှောင်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သင်ယူခဲ့ရတာက ရိုးသားသူတစ်ယောက်ဖြစ်ပြီး အမှန်အတိုင်း ပြောဖို့အတွက်၊ တစ်ခုခုက ကျွန်မရဲ့ မာန၊ ဒါမှမဟုတ် အကျိုးစီးပွားနဲ့ ပတ်သက်လာရင် အရင်ဆုံး ဆုတောင်းပြီး ဘုရားရဲ့ စိစစ်မှုကို လက်ခံသင့်တယ်။ ကျွန်မမှာ ဘာအပြစ်အနာအဆာတွေ၊ အားနည်းချက်တွေရှိပါစေ၊ ဘာဖောက်ပြန်ပျက်စီးမှုကို ပြပါစေ ဖုံးကွယ်လို့၊ ဟန်ဆောင်လို့ မရဘူး။ ကျွန်မရဲ့ သရုပ်မှန်ကို ဖွင့်ပြပြီး သမ္မာတရားကို ရှာဖွေမှပဲ ဒီ လိမ်ညာတဲ့ ပြဿနာကို နည်းနည်းချင်း ဖြေရှင်းနိုင်တယ်။ ဘာ ဖောက်ပြန်ပျက်စီးမှုကို ကျွန်မ ပြပါစေ၊ ဘာအမှားတွေ၊ အားနည်းချက်တွေရှိပါစေ ဘုရားသခင်က တကယ်ကို လုံးဝ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒါကြောင့် ဒါတွေကို လိမ်ညာတာ၊ အယောင်ဆောင်တာတွေနဲ့ ဖုံးလို့မရဘူး။ အစပိုင်းမှာ တခြားလူတွေက ကျွန်မကို ကောင်းကောင်းမသိရင်တောင် ကြာလာရင် လူတိုင်းက ကျွန်မကို ရှင်းရှင်းလင်းလင်း မြင်လာမှာပဲ။ ကျွန်မက ရေလောင်းအလုပ်အတွက် တာဝန်ယူရပေမဲ့ ဒီတာဝန်မှာ လူသစ်ဖြစ်ပြီးတော့ ချို့ယွင်းချက်တွေ အများကြီးရှိသေးတယ်။ လူသစ်တစ်ယောက်ရဲ့ အယူအဆတွေ၊ ပြဿနာတွေကို ကောင်းကောင်းနားမလည်တဲ့အချိန်မှာ၊ ကျွန်မ ကောင်းကောင်းမသိတဲ့ သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့နိုင်တဲ့အခါမှာ ခေါင်းဆောင်တစ်ယောက်ရဲ့ အကူအညီကို ရှာတာက သာမန်နည်းလမ်းပါပဲ။ လုံးဝ ရှက်စရာမဟုတ်ဘူး။ အမှန်အတိုင်းပြောဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဖို့၊ ရိုးသားသူတစ်ယောက်ဖြစ်ဖို့အတွက် ကျွန်မ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ပြီး ကောင်းကောင်း သတ္တိရှိဖို့ လိုတယ်။ ဒါက ရှေ့ဆက်ဖို့ လမ်းမှန်ပဲ။ ဒါကို တွေးမိတော့ ကျွန်မ စိတ်နှလုံးက လင်းလက်သွားတယ်။ ဘုရားကို ဆုတောင်းပြီး နောင်တရခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားအတွက် ပြောဆိုပြုမူတာကို ရပ်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ အစ်မချန်းလင်ကို ကျွန်မ တွေ့ပြီး ကျွန်မရဲ့ လိမ်ညာတဲ့ ပြဿနာတွေအကြောင်း အကုန်လုံးကို ပြောပြလိုက်တယ်။ ကျွန်မ တော်တော် သက်သောင့်သက်သာရှိပြီး လွတ်လပ်သွားတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရမ်း သတိနဲ့နေပြီး လူတွေက ကျွန်မအပေါ် ဘယ်လိုထင်မလဲဆိုတာကို အမြဲတမ်း ဂရုစိုက်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ အကြောင်းကိစ္စတွေ ပေါ်လာရင် ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်တတ်တယ်။ မညာဘဲ မနေနိုင်ဘူး။ ဘုရားသခင်ကို ကျွန်မ ဆက်တိုက်ဆုတောင်းပြီး ကျွန်မ စိတ်နှလုံးကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆုတောင်းတယ်။ ဒါဆို ကျွန်မ လိမ်ညာတော့မယ်ဆိုရင် သတိထားမိပြီး အမြန် လမ်းကြောင်းပြောင်းနိုင်မယ်၊ ပွင့်လင်း ရိုးသားတဲ့သူဖြစ်လာမယ်ပေါ့။

တစ်ခါကျတော့ ခေါင်းဆောင်တစ်ယောက်နဲ့ စုဝေးပွဲတစ်ခုမှာ သူက ယုံကြည်သူအသစ်တစ်ယောက်ရဲ့ ပြဿနာနဲ့ပတ်သက်ပြီး လူတိုင်းရဲ့ အမြင်ကို မျှဝေဖို့ ပြောတယ်။ ကျွန်မ တော်တော်လေး စိတ်လှုပ်ရှားမိတယ်။ ခေါင်းဆောင်တစ်ယောက် ရှိနေတယ်။ သူက ကျွန်မထက် သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ပိုသိတယ်။ ပြဿနာကို ကျွန်မ ခွဲခြားနိုင်မလား၊ ကျွန်မ မှန်သလား၊ မှားသလား၊ လမ်းလွဲတာတွေရှိသလား၊ ပြဿနာရဲ့ အဓိကအချက်ကို ကျွန်မ မမြင်နိုင်ဘူးလား၊ မဖြေရှင်းနိုင်ဘူးလားဆိုတာ ချက်ချင်းရှင်းသွားမှာပဲ။ ခေါင်းဆောင်က ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်မ စဉ်းစားရင်းနဲ့ ပိုစိတ်ပူလာပြီး စိတ်ငြိမ်အောင်ထားပြီး သေချာမစဉ်းစားနိုင်တော့ဘူး။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ တွေးမိတယ်။ “သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာဖြစ်လိမ့်မည်။ သင်သည် ချည်နှောင်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်မ စဉ်းစားတယ်။ “မှန်တယ်။ ငါ ရိုးသားသူတစ်ယောက်ဖြစ်ပြီး အမှန်အတိုင်းပြောသင့်တယ်။ ပြဿနာကို ကျွန်မ မြင်နိုင်သည်၊ မမြင်နိုင်သည်ဖြစ်စေ၊ တစ်ခုခုမှားနေသည်ဖြစ်စေ တဲ့တိုးပဲ ပြောသင့်တယ်။ ဖုံးကွယ်တာ၊ အယောင်ဆောင်တာ၊ ဟန်ဆောင်တာ၊ ကိုယ့်အပေါ် ခေါင်းဆောင်ရဲ့ ထင်မြင်ချက်ကို စဉ်းစားတာတွေ မလုပ်သင့်ဘူး။ အရေးကြီးတာက ဘုရားရှေ့မှာ သမ္မာတရားကို လက်တွေ့လုပ်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ပဲ” ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မ စိတ်ငြိမ်သွားတယ်။ နောက်တော့ ကျွန်မ ထင်မြင်ချက်ကို မျှဝေနိုင်ခဲ့တယ်။ ခေါင်းဆောင်က နားထောင်ပြီးတဲ့နောက်မှာ ကျွန်မတို့ မပြောမိခဲ့တာတွေကို သူ့မိတ်သဟာယမှာ ဖြည့်စွက်ပြောတယ်။ ဒီလို အပြန်အလှန်ပြောဆိုတဲ့ ပုံစံကနေ ကျွန်မ တော်တော်ရခဲ့တယ်။ အဲဒီနောက်တော့ ရေလောင်းတဲ့အချိန်အတွင်းမှာ ကျွန်မ နားမလည်တဲ့ ပြဿနာတွေကို ကြုံရတဲ့အခါ ခေါင်းဆောင်ကို ရှာတယ်။ သူက ကျွန်မ အားနည်းတာတွေကို အခြေခံပြီး ကူညီပေးတယ်။ ဒီကနေ ကျွန်မ တော်တော်ပိုပြီး သိလာခဲ့တယ်။

ဒီအတွေ့အကြုံကတစ်ဆင့် ဘုရားက ကျွန်မတို့ကို တောင်းဆိုသလို အမှန်အတိုင်းပြောတာက ဘယ်လောက်ကောင်းသလဲဆိုတာ ခံစားရတယ်။ အရမ်း သက်သောင့်သက်သာဖြစ်ပြီး လွတ်လပ်ပါတယ်။ စိတ်မအေးနိုင်တာ၊ လိမ်တာတွေကြောင့် ဒုက္ခခံရတာတွေထဲမှာ ကျွန်မ အသက်မရှင်တော့ဘူး။ ဘုရားကို တော်တော်ကျေးဇူးတင်တယ်။ ဒီအခြေအနေတွေမှာ ကျွန်မ ဖော်ထုတ်မခံရရင် ဘုရားနှုတ်ကပတ်တော်တွေက တရားစီရင်တာ၊ ဖွင့်ပြတာ မခံရရင် ဒီလို နားလည်မှုရပြီး ပြောင်းလဲတာ လုံးဝ ဖြစ်မှာမဟုတ်ဘူး။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားစွာပြောဆိုခြင်းမှ ကျွန်မ ရရှိခဲ့သည့်အရာ

ချူးဂို အမေရိကန်နိုင်ငံ သိပ်မကြာခင်တုန်းက ဘုရားရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ညီမ ကြားခဲ့ရတယ်။ အဲဒီမှာပြောတာက “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊...

အမှုထမ်းများကို ချိန်ညှိခြင်းအား ရင်ဆိုင်ရခြင်းက ကျွန်မကို ဖော်ထုတ်ခဲ့သည်

ကျိုးကျင့် တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ မတ်လမှာ ကျွန်မက အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ဦးဆောင်ရတယ်။ ကျွန်မက ကျွန်မတာဝန်နယ်ပယ်က ကြီးပြီး...

သင် အလုပ်ခန့်သည့် လူများကို လုံးဝ သံသယမရှိခြင်း၏ အကျိုးဆက်

ရွှင်းချို အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့နှစ်က အသင်းတော်ရဲ့ ရေလောင်းခြင်းနဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ စခါစဆိုတော့...

ဘုရားသခင်အတွက် ဘယ်လိုသက်သေခံရမယ်ဆိုတာ အခု ကျွန်မသိပြီ

ရွှင်လု တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ဧဝံဂေလိ မျှဝေရင်းနဲ့ အစ်မချန်နဲ့အတူ အလုပ်လုပ်တယ်။ ကျွန်မက ဒီအလုပ်နဲ့ပတ်သက်ပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။