၄။ မောဘ၏ အမျိုးအနွယ်တို့ကို စမ်းသပ်မှု

ကျွမ်းရီ တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယခု အမှုပြုရန်မှာ အကြီးမားဆုံးသော အမှောင်ထဲသို့ ကျဆင်း သွားကြပြီးဖြစ်သူများကို ကယ်တင်ရန် ဖြစ်သည်။ ၎င်းတို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသော်လည်း၊ ၎င်းတို့အားလုံးသည် အစကတည်းက မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိခဲ့ကြသည့် လူများဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ထံမှ ဘုန်းအသရေကိုရရန် လိုလားလျက်ရှိသည်။ မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိသောသူတို့ကို သူ့အား နာခံစေပြီး ချစ်စေခြင်းသည်သာ စစ်မှန်သော သိမ်းပိုက်ခြင်း ဖြစ်ကာ၊ ထိုသို့သော အမှု၏အသီးအပွင့်သည် တန်ဖိုးအရှိဆုံးနှင့် ယုံကြည်လက်ခံနိုင်ဖွယ် အဖြစ်ဆုံး ဖြစ်သည်။ ဤအရာသည်သာ ဘုန်းအသရေ ရရှိခြင်းဖြစ်သည်- ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင် ရရှိလိုသည့် ဘုန်းအသရေ ဖြစ်သည်။ ဤလူတို့သည် အဆင့်အတန်း နိမ့်ကျသော်လည်း၊ ၎င်းတို့ ယခုအခါ ထိုသို့ ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိနိုင်ကြသည်မှာ အမှန်တကယ် ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ ဤအမှုသည် အလွန် အဓိပ္ပာယ်ရှိပြီး ဤလူတို့ကို သူ ရယူခြင်းမှာ တရားစီရင်ခြင်း မှတစ်ဆင့် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ဤလူတို့ကို အပြစ်ပေးဖို့မဟုတ်ဘဲ၊ ၎င်းတို့ကို ကယ်တင်ဖို့ ဖြစ်သည်။ အကယ်၍ နောက်ဆုံးသောကာလ အတွင်းတွင် သူသည် ဣသရေလနိုင်ငံ၌ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်နေဆဲ ဖြစ်ပါက၊ ယင်းမှာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ။ ယင်းက အကျိုးအမြတ် ဖြစ်ထွန်းခဲ့လျှင်ပင်၊ ယင်းသည် တန်ဖိုး သို့မဟုတ် ကြီးမားသော အရေးပါမှု တစ်ခုတလေ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုန်းအသရေအားလုံးကို သူရရှိနိုင်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်) ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုလိုက်ရသည့်အခါ၊ ကျွန်မကို မောဘ၏ အမျိုးအနွယ် တစ်ယောက်အဖြစ်နှင့် စမ်းသပ်မှုကို သွားသတိရပါသည်။

၁၉၉၃ခုနှစ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်က သိမ်းပိုက်ခြင်း အလုပ်၏ အတွင်းသမ္မာတရား (၂) နှင့် လူ၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာ တို့ကို ဖော်ပြခဲ့သည်ကို ကျွန်မ မှတ်မိသည်။ တရုတ်ပြည်မှာ ရှိသည့် ဘုရားသခင် ရွေးကောက်ထားသူများ အားလုံးက မောဘ၏အမျိုးအနွယ်များ ဖြစ်သည်ဟု သူက ထုတ်ဖော်ပြောခဲ့သည်။ ထိုစဉ်က ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်မိခဲ့သည်၊ “မောဘ၏ သားစဉ်မြေးဆက်များသည် ကမ္ဘာ့ လူမျိုးအားလုံးထဲမှ အနိမ့်ကျဆုံး ဖြစ်သည်။ လူအချို့က၊ ‘ဟာမ၏ သားစဉ်မြေးဆက်များက အနိမ့်ကျဆုံး ဖြစ်သည်မဟုတ်လော။’ ဟု မေးကြသည်။ အဆင်းနီသော နဂါးကြီး၏ သားသမီးနှင့် ဟာမ၏ သားစဉ်မြေးဆက်တို့သည် ကွဲပြားသော ကိုယ်စားပြု အရေးပါမှုများ ရှိကြပြီး ဟာမ၏ သားစဉ်မြေးဆက်များက ကွဲပြားသော အကြောင်းအရာ တစ်ခု ဖြစ်သည်။ ၎င်းတို့ မည်သို့ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ၎င်းတို့သည် နောဧ၏ သားစဉ်မြေးဆက်များ ဖြစ်ကြဆဲ ဖြစ်သည်။ ထိုအတောအတွင်းတွင် မောဘ၏ ဇာစ်မြစ်များက မသန့်စင်ပေ။ မောဘသည် လိင်ကိစ္စ မှောက်မှားခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဤအရာ၌ ခြားနားမှု ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂))ဥပဒေကို ခြွင်းချက်အဖြစ် သင်တို့သည် လူတို့အကြားတွင် ထားရှိသော သနားစဖွယ် စိတ်ဝိညာဉ်များ ဖြစ်နေကြစဉ် ငါကယ်တင်သောသူတို့သည် လွန်ခဲ့သောအချိန်က ငါကြိုတင်ခွဲခန့်မှတ်သားထားသောသူများနှင့် ရွေးနှုတ်ခဲ့ပြီးသောသူများဖြစ်ကြသည်။ သင်တို့သည် ဒါဝိဒ် သို့မဟုတ် ယာကုပ်၏ အိမ်သူအိမ်သားနှင့် သက်ဆိုင်ခြင်းမရှိဘဲ တစ်ပါးအမျိုးသားများဖြစ်သော မောဘ၏ အိမ်သူအိမ်သားများ ဖြစ်ကြသည်ကို သိသင့်သည်။ သင်တို့နှင့် ပဋိညာဉ်ကို ငါပြုသည်မဟုတ်သောကြောင့် သင်တို့တွင် အမှုတော်ကို ထမ်းရွက်ခြင်း၊ ပြောဆိုခဲ့ခြင်းနှင့် သင်တို့အား ဦးဆောင်လမ်းပြခြင်းမျှသာ ဖြစ်သည်။ သင်တို့အတွက် ငါ့အသွေးကို သွန်းသည်မဟုတ်။ ငါ့သက်သေခံတော်မူချက် အဘို့အလို့ငှါ အမှုတော်ကို သင်တို့တွင် ငါထမ်းရွက်ခြင်းမျှသာ ဖြစ်သည်။ ထိုအကြောင်းကို သင်တို့မသိကြသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာ) ကျွန်မ အလွန် အံ့အားသင့်ခဲ့ရသည်။ ကျွန်မက “ငါတို့က မောဘရဲ့အမျိုးအနွယ်တွေလား။ ဒါ အမှန်ပဲလား။ မောဘဆိုတာ လောတနဲ့ သူ့သမီးက မွေးခဲ့တာ။ သူက ကိုယ်ကျင့်တရားမဲ့ခြင်းရဲ့ ရလဒ်တစ်ခုပဲ၊ မသန့်စင်တဲ့ ဇာတိက လာတာ။ ဒီတော့ ငါတို့က သူ့အမျိုးအနွယ်တွေ ဖြစ်နိုင်ပါ့မလား။ သခင့်ကို ယုံကြည်ခြင်းမှာ၊ ငါတို့က ဣသရေလအမျိုးအနွယတွေ ဖြစ်တယ်၊ ယာကုပ် အမျိုးအနွယ်တွေ ဖြစ်တယ်လို့ ဆိုခဲ့ကြတယ်လေ။ အဲဒါဆို ဘုရားက ငါတို့ကို မောဘအမျိုးအနွယ်တွေ ဖြစ်တယ်လို့ ဘာလို့ ပြောရတာလဲ။” ဟု တွေးမိသည်။ ကျွန်မက ဤသည်ကို တကယ် လက်မခံနိုင်ခဲ့ပါ။ သို့ရာတွင် ထို့နောက် “ဘုရားနှုတ်ကပတ်တော်တွေ အားလုံးက သမ္မာတရားပဲ၊ သူက အဖြစ်မှန်တွေကိုပဲ ထုတ်ဖော်ပြောတယ်။ ဒါ မမှားနိုင်ဘူး။ ငါက ဘာကြောင့် မောဘရဲ့အမျိုးအနွယ် ဖြစ်ရတာလဲ။ ငါက ဘာလို့ တရုတ်ပြည်မှာ မွေးလာတာလဲ။” ဟု စဉ်းစားမိသည်။ ကျွန်မက နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုအတွက် အဦးဆုံးလူများထဲမှာ ပါဝင်သောကြောင့်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ဦးဆုံး တွေ့ကြုံရသူများထဲက တစ်ယောက် ဖြစ်သည်၊ ပြီးလျှင် ကပ်ဘေးများမတိုင်မီအချိန်တွင် စံပြ ယုံကြည်သူတစ်ယောက်၊ အောင်မြင်သူတစ်ယောက်အဖြစ် ပြုလုပ်ခံရမည့်သူတစ်ယောက် ဖြစ်သည်၊ သို့ဖြစ်၍ ကျွန်မ၏ အဆင့်အတန်းက အခြားတိုင်းပြည်များက ဘုရားသခင် ရွေးကောက်ထားသူများထက် အများကြီး သာမည်ဟု ထင်ခဲ့ပါသည်။ သို့ရာတွင် ကျွန်မက မောဘ၏ အမျိုးအနွယ် တစ်ယောက်ဖြစ်သည်ကို အံ့ဩသွားပါသည်။ ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည့်အပြင်၊ ကိုယ်ကျင့်တရား မဲ့ခြင်း၏ ရလဒ်တစ်ခုလည်း ဖြစ်နေသည်။ လူသားများ အားလုံးထဲမှာ ကျွန်မက အနိမ့်ကျဆုံး၊ အယုတ်ညံ့ဆုံး ဖြစ်နေသည်။ မယုံကြည်သူများက ထိုအကြောင်း သိသွားပါက၊ ကျွန်မကို မည်သို့ ထင်ကြမည်နည်း။ မယုံကြည်သူများဖြစ်သည့် ကျွန်မ၏ မိသားစုဝင်များကပါ မည်သည့်အရာ ပြောလာကြမည်နည်း။ ကျွန်မက ယုံကြည်ခြင်းအတွက် ဆင်းရဲဒုက္ခခံပြီး မိမိကိုယ်ကိုယ် အသုံးခံရင်းနှင့်၊ မိမိအိမ်နှင့် မိမိအလုပ်ကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် နောက်ဆုံး၌ ကျွန်မက မောဘ၏ အမျိုးအနွယ် တစ်ယောက်ဖြစ်လေသည်။ အလွန် မျက်နှာပျက်စရာ၊ ရှက်စရာကောင်းသည့် ကိစ္စဖြစ်သည်။ ကျွန်မမှာမူ ဆိတ်ဆိတ်နေပြီး ခံနေရတော့မည်ဟု တွေးမိသည်။ ဤကာလတစ်လျှောက်လုံးမှာ ကျွန်မက ကိုယ်ကျင့်တရားမဲ့ခြင်း၏ ရလဒ်တစ်ခု ဖြစ်သည့် မောဘ၏အမျိုးအနွယ် တစ်ယောက် ဖြစ်သည်ကို တွေးလိုက်မိတိုင်း၊ တော်တော်ကို ရှက်မိသည်၊ မိမိမျက်နှာကို မပြဝံ့ခဲ့ပါ။ တစ်ခါဆို မည်သည့်အရာမျှ စားလည်းမစား၊ အိပ်လည်း မအိပ်ဘဲနှင့်၊ အိမ်မှာပဲ အကြာကြီး နေနေမိသည်။ အိမ်ထဲမှာလည်း မည်သည့်အရာမျှကို လုပ်ချင်ကိုင်ချင်စိတ် မရှိခဲ့ပါ။ စိတ်နှလုံးထဲမှာမူ “ငါက မောဘရဲ့ အမျိုးအနွယ် တစ်ယောက်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ငါ့ရဲ့မျိုးရိုးနဲ့ အဆင့်အတန်းက အဲဒီလောက် နိမ့်ကျနိုင်ပါ့မလား။” ဟု မပြတ်တမ်းကို မကျေမနပ်ဖြစ်နေမိသည်။ ကျွန်မ အဖြစ်က ချမ်းသာသည့် မိသားစုတစ်ခုမှာ ကြီးပြင်းလာပြီး၊ မိမိကိုယ်ကိုယ် ဆွေကြီးမျိုးကြီးဟု ထင်ပြီး ဂုဏ်ယူနေရာကနေ၊ တစ်ရက်မှာ မိမိက ယုတ်ညံ့သည့်ဘဝကနေ လာပြီး ဤမျိုးနွယ်ဝင် မဟုတ်ဟု မိမိဘဝမှန်ကို ရုတ်တရက် သိလိုက်ရသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်သည်။ ကျွန်မစိတ်ထဲမှာ ဝမ်းနည်းခြင်းများ၊ ကူရာမဲ့ခြင်းများ၊ စိတ်ပျက်ခြင်းများနှင့် ဗြောင်းဆန်နေသည်။ ဤအဖြစ်မှန်ကို ကျွန်မက လက်မခံနိုင်ဘဲ ဖြစ်နေသည်။ ဟုတ်တာပေါ့။ ကျွန်မစိတ်ထဲမှာ မကျေနပ်ခြင်းများ၊ အဆိုးမြင်ခြင်းများ၊ အထင်မှားခြင်းများနှင့် ပြည့်နေသည်။ မောဘ၏အမျိုးအနွယ် တစ်ယောက်ဆိုတော့၊ ကျွန်မက ကျိန်ဆိုခြင်းခံရပြီ။ ဘုရားသခင်က ကျွန်မကို မည်သည့်အခါမျှ ကယ်တင်တော့မည်မဟုတ်ဟု ထင်မိသည်။ ယင်းကို စဉ်းစားလေလေ၊ ကျွန်မက မတရားခံရသည်ဟု တွေးမိလေလေ ဖြစ်သည်။ ကျွန်မစိတ် အလေးကြီးတစ်ခု ဖိထား၍ အသက်ရှူမရသကဲ့သို့ ဖြစ်နေသည်။ ကျွန်မက ရေချိုးခန်းထဲမှာ တစ်ယောက်တည်း တိတ်တိတ်လေး သွားငိုတတ်သည်။... ဤအချိန်တုန်းက လူတိုင်း ဝမ်းနည်းခဲ့ကြခြင်း ဖြစ်သည်။ အချို့လူများက ထိုအကြောင်း ထုတ်ပြောမိသည်နှင့် ငိုကြသည်။

ကျွန်မတို့က ဤကဲ့သို့ ဒုက္ခဆင်းရဲ ရောက်နေစဉ်တွင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က သူ့နှုတ်ကပတ်တော်များ ဖြစ်သည့် “မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်” ကို ထုတ်ပြန်ပြီး၊ ကျွန်မတို့၏အခြေအနေကို ထုတ်ဖော်ပြသည်၊ သူ့အလိုတော်က မည်သို့ရှိသည်ကိုလည်း ပြောသည်။ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရသည်၊ “အစအဦး၌ ငါသည် သင်တို့ကို ဘုရားသခင်၏ လူမျိုးနေရာ ပေးခဲ့ချိန်တွင်၊ သင်တို့သည် အခြားမည်သူမဆိုထက် သာ၍ ကြီးမားသော ဝမ်းမြောက်မှုဖြင့် မြူးထူးခုန်ပေါက်ခဲ့ကြသည်။ သို့သော် သင်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ငါပြောလျှင်ပြောချင်း၊ သင်တို့ မည်ကဲ့သို့ ဖြစ်ခဲ့ကြသနည်း။ သင်တို့အားလုံး တစ်စစီ ပြိုလဲကုန်သည်။ သင်တို့၏ ဝိညာဉ်အသက်တာမှာ အဘယ်မှာနည်း။ သင်တို့၏ နေရာနှင့်ဆိုင်သော အမြင်မှာ အလွန် အားကောင်းလွန်းသည်။...အလွန် မတရားခံခဲ့ရသည်ဟု သင်တို့ ခံစားရဖို့ မည်သည့် ဒုက္ခဆင်းရဲမျိုးကို သင်တို့ ခံရပ်ခဲ့ကြရပြီးပြီနည်း။ ဘုရားသခင်က သင်တို့ကို အတိုင်းအတာတစ်ခုအထိ ညှဉ်းပန်း ပြီးသည်နှင့်တစ်ပြိုင်နက်၊ သူသည် သင့်ကို ရှုတ်ချဖို့ ရည်ရွယ်လျက် လာခဲ့သည့်အလား သူ ပျော်ရွှင်လိမ့်မည်ဖြစ်ပြီး၊ သင့်ကို ရှုတ်ချကာ ဖျက်ဆီးပြီးနောက်၊ သူ၏ အမှုပြီးဆုံးမည်ဟု သင်တို့ ထင်ကြသည်။ ယင်းမှာ ငါပြောခဲ့သောအရာလော။ သင်တို့၏ မျက်စိကန်းခြင်းကြောင့် ထိုသို့ သင်တို့တွေးထင်ကြသည် မဟုတ်လော။ ယင်းမှာ သင်တို့ကိုယ်တိုင်သည် ကောင်းစွာ လုပ်ဆောင်ရန် မကြိုးပမ်းခြင်းလော၊ သို့မဟုတ် သင်တို့ကို ငါတမင်တကာ ရှုတ်ချခြင်းလော။ ငါသည် ထိုအရာကို မည်သည့်အခါမျှ မလုပ်ဆောင်ဖူးပေ- ယင်းသည် သင်တို့ကိုယ်တိုင် ကြံဆခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ယင်းသည် ဘယ်သောအခါမျှ ငါ အမှုပြုသည့်ပုံ လုံးဝ မဟုတ်သကဲ့သို့ ငါသည် ထိုရည်ရွယ်ချက်လည်း မရှိပေ။ သင်တို့ကို ငါ အမှန်တကယ် ဖျက်ဆီးလိုခဲ့ပါက၊ ထိုသို့သော ဆင်းရဲဒုက္ခခံရန် လိုအပ်မည်လော။ သင်တို့ကို ငါတကယ်ဖျက်ဆီး လိုခဲ့ပါက၊ သင်တို့ကို ငါအလွန်လေးနက်စွာ စကားပြောရန် လိုအပ်မည်လော။ ငါ၏ အလိုမှာ ဤသို့ဖြစ်သည်- သင်တို့ကို ငါကယ်တင်ပြီးသည့် အချိန်သည်၊ ငါအနားယူနိုင်သည့် အချိန် ဖြစ်လိမ့်မည်။ လူတစ်ဦးသည် နိမ့်ကျလေလေ၊ ၎င်းတို့သည် ငါ၏ကယ်တင်ခြင်း ခံရသည့်အရာ ဖြစ်လေလေ ဖြစ်သည်။ သင်တို့သည် ပို၍ တက်ကြွစွာ ဝင်ရောက်နိုင်လေလေ ငါသည် သာ၍ပျော်လေလေ ဖြစ်မည်။ သင်တို့ တစ်စစီပြိုလဲလေလေ ငါ ဝမ်းနည်းလေလေ ဖြစ်သည်။ သင်တို့သည် အမြဲ ဟန်ပါပါလျှောက်ပြီး ပလ္လင်ကို အရယူလိုကြသည်- ငါ သင်တို့ကို ပြောမည်- ယင်းသည် သင်တို့ကို ညစ်ညူးခြင်းမှ ကယ်တင်သော လမ်းကြောင်း မဟုတ်။ ပလ္လင်ပေါ်တွင် ထိုင်ခြင်းတည်းဟူသော စိတ်ကူးသည် သင်တို့ကို မစုံလင်စေနိုင်။ ယင်းမှာ လက်တွေ့မကျပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်) ဤသည်ကို ဖတ်မိသည့်အခါ၊ ကျွန်မ တော်တော် အပြစ်ရှိသလို ခံစားခဲ့ရသည်။ ကျွန်မတို့က နိုင်ငံတော်သားများ ဖြစ်လာလိမ့်မည်။ အောင်မြင်သောသူများ၊ စံနမူနာများအဖြစ် ပြုလုပ်ခံရလိမ့်မည် ဆိုပြီး၊ ဘုရားသခင် ပြောသည့်အခါ ယခင်က ကျွန်မ မာနထောင်လွှားခဲ့ပြီး၊ မိမိကိုယ်ကိုယ် ဘယ်သူမှန်း မသိခဲ့ပုံများကို စဉ်းစားမိသည်။ ကျွန်မက ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံသည့် အဦးဆုံးလူများထဲက တစ်ယောက်၊ ပြီးလျှင် စုံလင်ခြင်းကို အဦးဆုံးခံရသူများထဲမှာလည်း ပါဝင်သောကြောင့်၊ ကျွန်မက အခြားတိုင်းပြည်များက ဘုရားသခင်ရွေးကောက်ထားသူများထက် ပိုမြင့်သည့်အဆင့်အတန်း ရှိရမည်ဟု ယုံကြည်ခဲ့သည်။ မိမိကိုယ်ကိုယ် မော်ကြွားခြင်းများ၊ ကျေနပ်မိခြင်းများ အပြည့်နှင့် ဖြစ်သည်။ ကျွန်မတို့ကို မောဘ၏အမျိုးအနွယ်များ ဖြစ်သည်ဟု ဘုရားသခင်က ထုတ်ဖော်သည့်အချိန်ကျမှ၊ ကျွန်မက နိမ့်ကျသည့် မျိုးရိုးအဆင့်အတန်းကဖြစ်သည်၊ ဘုရားသခင်၏ကျိန်ဆိုခြင်းကို ခံရသည်တို့ကို မြင်ခဲ့သည်။ ဘုရားသခင်က ကျွန်မကို မည်သည့်အခါမျှ ကယ်တင်မည်မဟုတ်ဟု ထင်မိသည်။ ထို့ကြောင့် အဆိုးမြင်ခြင်းများ ဖြစ်ပြီး၊ စိတ်ညစ်၍ မဆုံးနိုင်ခဲ့ပါ။ ကျွန်မက အဆင့်အတန်းကို လိုချင်စိတ် ပြင်းထန်လွန်းသကဲ့သို့၊ ကျွန်မ၏ ဝိညာဉ်အသက်တာကလည်း တကယ် ကင်းမဲ့နေသည်ကို နားလည်ခဲ့မိသည်။ တကယ်တော့ ဘုရားသခင်က ကျွန်မတို့ကို မောဘ၏အမျိုးအနွယ်များ ဖြစ်သည်ဟု ဖော်ထုတ်ပြသော်လည်း၊ ကျွန်မတို့ကို မကယ်တင်တော့ဟု လုံးဝ မပြောခဲ့ပါ။ တကယ်တမ်းတွင် အညစ်ညမ်းဆုံး အကျင့်ပျက်ဆုံး လူများဖြစ်သည့် ကျွန်မတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရခွင့် ရနိုင်ကြဖို့အလို့ငှာ၊ ကျွန်မတို့ကို တရားစီရင်ဖို့ ပြစ်တင်ဆုံးမဖို့၊ ရေလောင်းထောက်ပံ့ဖို့အတွက်၊ သူက အဆင်းနီသည့်နဂါးကြီး၏တိုင်းပြည်မှာ လူ့ဇာတိခံယူပြီး၊ သမ္မာတရားများကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ညှာတာသည့် ရည်ရွယ်ချက်များက ယင်းတို့ အားလုံး၏ နောက်ကွယ်မှာ ရှိနေခြင်း ဖြစ်သည်။ သို့ရာတွင် ကျွန်မက ဘုရားသခင်၏အလိုကို နားမလည်ခဲ့ပါ။ မောဘ၏အမျိုးအနွယ် တစ်ယောက်ဖြစ်သည့်၊ ကျွန်မကဲ့သို့ ညစ်ညမ်းနိမ့်ကျသည့်သူ တစ်ယောက်ကို ဘုရားသခင်က အမုန်းတီးဆုံး အရွံရှာဆုံး ဖြစ်လိမ့်မည်၊ ကျွန်မကို မည်သည့်နည်းနှင့်မျှ ကယ်တင်မည် မဟုတ်ဟု တွေးခဲ့မိသည်။ မကျေမနပ်နှင့် အထင်လွဲခြင်းများ ဖြစ်ပြီး၊ အပျက်သဘောဆောင်လာသည်။ ဘုရားသခင်ကို အတိုက်အခံ လုပ်လာခဲ့သည်။ ကျွန်မက တော်တော်ကို အဆင်အခြင်မဲ့ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သိပ်မကြာခင်ပဲ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်မိသည်၊ “သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်ကြသည်ကို မသိကျိုးကျွန် ပြုလျက်ပင်၊ သင်တို့၏သဘာဝဗီဇ၊ သို့မဟုတ် သင်တို့၏ မွေးရပ်မြေသည် အမြင့်မြတ်ဆုံး အမျိုးအစားလော။ သင်တို့သည် သူ၏သားစဉ်မြေးဆက်များ ဖြစ်ကြသည်ကို မသိကျိုးကျွန် ပြုလျက်ပင်၊ သင်တို့အားလုံးသည် မောဘ၏ သားစဉ်မြေးဆက်များ စစ်စစ် ဖြစ်ကြသည် မဟုတ်လော။ အချက်အလက်များနှင့်ဆိုင်သည့် အမှန်တရားသည် ပြောင်းလဲနိုင်သလော။ သင်တို့၏ သဘာဝကို ယခု ဖော်ထုတ်ခြင်းသည် အချက်အလက်များနှင့်ဆိုင်သော အမှန်တရားကို မှားယွင်းစွာဖော်ပြသလော။ သင်တို့၏ ခယဝယလုပ်ခြင်း၊ သင်တို့၏အသက်တာများနှင့် သင်တို့၏ အကျင့်စရိုက်များကို ကြည့်လော့- သင်တို့သည် လူသားမျိုးနွယ်ကြား နိမ့်ကျသူများထဲမှ အနိမ့်ကျဆုံး ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် ကြွားစရာ မည်သည့်အရာ ရှိသနည်း။ လူ့အဖွဲ့အစည်းထဲရှိ သင်တို့၏ အဆင့်အတန်းကို ကြည့်လော့။ သင်တို့သည် အနိမ့်ကျဆုံး အဆင့်၌ ရှိသည် မဟုတ်လော။ ငါသည် မမှန်မကန် ပြောလေပြီဟု သင်တို့ ထင်သလော။ အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။ နှိုင်းယှဉ်ခြင်းအရ၊ သင်တို့သည် ထိုသို့ ကြီးမားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားရန် အရည်အချင်း လုံးဝ မပြည့်မီကြပေ။ သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ယနေ့ဆိုခြင်းသည် မတရားသလော။ သင်တို့ကိုယ်သင်တို့ အထင်မကြီးကြလွန်းနှင့်။ သင်၌ ဝါကြွားစရာ မည်သည့်အရာမျှ မရှိပေ။ ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်း၊ ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို သင်တို့အား အခမဲ့ပေးထားခြင်းဖြစ်သည်။ သင်တို့သည် မည်သည့်အရာကိုမျှ စွန့်လွှတ်ရခြင်း မရှိသော်လည်း၊ ကျေးဇူးတော်ကို အခမဲ့ မွေ့လျော်ခံစားကြသည်။ သင်တို့ မရှက်ကြသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်) ဘုရားသခင်၏မေးခွန်းများ တစ်ခုစီတိုင်းက ကျွန်မ၏ စိတ်နှလုံးတံခါးကို ခေါက်ခဲ့ခြင်း ဖြစ်သည်။ တော်တော်လည်း ရှက်မိသကဲ့သို့၊ အရမ်းလည်း အနေရခက်မိခဲ့သည်။ ခေတ်ကာလများ တစ်လျှောက်လုံးက သန့်ရှင်းသူများအကြောင်း ကျွန်မ စဉ်းစားကြည့်သည်။ သူတို့က ဘုရားသခင်ကို အစဉ်အမြဲ ချစ်ခင်ပြီး နာခံခဲ့ကြသည်။ စမ်းသပ်မှုကြီးများ ကြုံရသည့်အခါလည်း၊ ဘုရားသခင်ကို လုံးဝ အပြစ်မတင်ခဲ့ကြပါ။ ဘုရားသခင်ကိုသာ သက်သေရပ်တည်ပြီး၊ သူ၏ သဘောကျမှုနှင့် ကောင်းချီးများကို ရခဲ့ကြသည်။ အာဗြဟံက သူ့အချစ်ဆုံးသား ဖြစ်သည့် ဣဇာက်ကို ဘုရားသခင်ထံ ပူဇော်ပြီး ဘုရားသခင်၏ အမိန့်များကို နာခံခဲ့သည်။ သူက ဘုရားသခင်ကို စည်းကမ်းချက်များ ညှိနှိုင်းခြင်းမျိုး မရှိခဲ့သကဲ့သို့၊ ဘုရားသခင်နှင့်လည်း မငြင်းခုံခဲ့ပါ။ အကြွင်းမဲ့ နာခံခဲ့ခြင်း ဖြစ်ပါသည်။ ယောဘကလည်း စမ်းသပ်မှုကြီးနှင့် ကြုံပြီး၊ သူ့မိသားစု၏ ပစ္စည်းဥစ္စာများအားလုံးနှင့် သူ့ကလေးများ အားလုံးကို ဆုံးရှုံးခြင်းများ၊ သူ့တစ်ကိုယ်လုံး အနာစိမ်း ပေါက်ခြင်းများ ဖြစ်ခဲ့သော်လည်း၊ သူက ဘုရားသခင်ကို ဆက်ပြီး ချီးမွမ်းသည့်အပြင်၊ ယခုကဲ့သို့ပင် ပြောခဲ့သည်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘ ဝတ္ထု ၁:၂၁) သို့ရာတွင် ကျွန်မက အဆင်းနီသည့်နဂါးကြီး၏ တိုင်းပြည်မှာ မွေးလာသည်၊ လူငယ် ဘဝကတည်းက ဘုရားမဲ့ဝါဒ၊ ဆင့်ကဲဖြစ်စဉ်၊ ရုပ်ဝါဒတို့ကို သင်ကြားရသည်။ ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ကို သိဖို့ဝေးစွ၊ ဘုရားသခင် ရှိသည်ကိုပင် လုံးဝ မသိခဲ့ပါ။ ကျွန်မ၏ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏ကျေးဇူးတော်နှင့် ကောင်းချီးများကို ရဖို့သက်သက်သာ ဖြစ်သည်။ သို့မှသာ နောက်ပိုင်းမှာ ကျွန်မအနေနှင့် ကောင်းကင်နိုင်ငံကို ဝင်ရောက်နိုင်မည်၊ ကောင်းမွန်သည့် ပန်းတိုင်တစ်ခု ရနိုင်မည် ဖြစ်သည်။ မည်သည့်အဆင့်အတန်းမျှလည်း မရှိ၊ မည်သို့ ကောင်းချီးများမျှလည်း မရဘဲ၊ စမ်းသပ်မှုတစ်ခုကို ကြုံရသည့်အချိန် ရောက်သည့်အခါ၊ ကျွန်မက အထင်မှားပြီး မကျေမနပ် ဖြစ်သည်။ အပျက်သဘောဆောင်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်လာသည်။ ကျွန်မက အမှန်တကယ် နာခံခဲ့ခြင်းမဟုတ်ပါ။ ကိုယ်တော့်ကို ဘုရားသခင်အဖြစ် သဘောထားခဲ့ခြင်း မဟုတ်ပါ။ ဤကဲ့သို့ ယုံကြည်ခြင်းနှစ်များတစ်လျှောက်လုံးမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အာဟာရနှင့် ဘုရားသခင့်အမှုတော်၏ တစ်ဆင့်ချင်း လမ်းပြခြင်းများကို ကျွန်မက အကန့်အသတ်မရှိ ခံစားနေခဲ့ရတာပါ။ သို့ရာတွင် ကျွန်မက ကိုယ်တော့်ချစ်ခြင်းကို ပြန်ဆပ်ဖို့၊ မိမိတာဝန်ကို ကောင်းအောင် မလုပ်ခဲ့သည့်အပြင်၊ ကျွန်မဘက်က ကိုယ်တော့်ကို ပြန်ပေးသည်မှာ အထင်မှားခြင်းများ၊ မကျေမနပ်ဖြစ်ခြင်းများ၊ ပုန်ကန်ခုခံခြင်းများ ရှိခဲ့သည်။ ကျွန်မက မည်သို့ယုံကြည်သူမျိုး ဖြစ်ခဲ့သနည်း။ သို့ရာတွင် မိမိကိုယ်ကိုယ် ကျွန်မက ဘုရားသခင်၏ချစ်ခြင်းကို ခံရသည့်သူ၊ သူ့အတွက် အရေးပါသည့်သူဟု ထင်လာခဲ့သေးသည်။ ပြီးလျှင် ကျွန်မက အခြားမည်သည့်နိုင်ငံများမှမဆို ဘုရားသခင် ရွေးကောက်ထားသူများထက် ပိုမြင့်သည့် အဆင့်အတန်းရှိသည်၊ ဘုရားသခင်၏ဆုလာဘ်များနှင့် ကောင်းချီးများ ရဖို့ ကျွန်မသာ အရည်အချင်းအမီဆုံး ဖြစ်သည်တို့ကို တွေးခဲ့ပါသည်။ မည်သည့်အရာက မည်သို့ ဖြစ်သည်ကို မသိလောက်အောင်၊ ကျွန်မက မာနထောင်လွှားလွန်းခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် သိနားလည်မှုဆိုသည်မှာ လုံးဝ မရှိခဲ့ပါ။ ကျွန်မ၏ညစ်ညမ်းသည့် နိမ့်ကျသည့် မျိုးရိုးကို ဘုရားသခင်က ထုတ်ဖော်မပြောခဲ့ပါက၊ ကျွန်မက မိမိကိုယ်ကိုယ် ယာကုပ်၏ လူမျိုး ၁၂ မျိုးထဲမှာ ပါဝင်သည်၊ မိမိကိုယ်ကိုယ် ဒါဝိဒ်၏အမျိုးအနွယ်တစ်ယောက်၊ ဣသရေလ၏ကလေးငယ်တစ်ယောက် ဖြစ်သည်ဟု ထင်နေဦးမည် ဖြစ်သည်။ ကျွန်မက တကယ်ကို ရှက်ရကောင်းမှန်း မသိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျွန်မ၏ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို သိပြီဖြစ်သောကြောင့်၊ သိုသိုသိပ်သိပ်သာ နေထိုင်ပါသည်။ ယခင်ကကဲ့သို့ မာန်မာန မရှိတော့ပါ။ ဘုရားသခင်ရှေ့မှောက်မှာ အသိစိတ်နည်းနည်းလည်း ရနေပြီ ဖြစ်သည်။ ဤသည်မှာ ကျွန်မအတွက် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ခဲ့ပါသည်။ ကျွန်မအနေနှင့် ဘုရားသခင်အပေါ်မှာ အလွန်အကျွံ တောင်းဆိုမှုများ မထားသင့်ပါ။ နောက်ဆုံးမှာ ကျွန်မအနေနှင့် ကောင်းမွန်သည့်ရလဒ်တစ်ခု၊ ပန်းတိုင်တစ်ခု မရလျှင်ပင်၊ ဘုရားသခင် စီစဉ်သည်ကို နာခံပြီး၊ သူ၏ ဖြောင့်မတ်မှုကို ချီးမွမ်းနေဦးမည် ဖြစ်သည်။

နောက်ပိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုပြီး ဖတ်မိသည်၊ မောဘ၏ အမျိုးအနွယ်များကြားမှာ အမှုတော်ပြုနေသည့် ဘုရားသခင်၏ ရည်ရွယ်ချက်ကိုလည်း ပိုပြီး နားလည်ခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောဆိုသည်မှာလည်း ဤအတိုင်း ဖြစ်သည်ကို မြင်ခဲ့သည်။ “မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယခု အမှုပြုရန်မှာ အကြီးမားဆုံးသော အမှောင်ထဲသို့ ကျဆင်း သွားကြပြီးဖြစ်သူများကို ကယ်တင်ရန် ဖြစ်သည်။ ၎င်းတို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသော်လည်း၊ ၎င်းတို့အားလုံးသည် အစကတည်းက မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိခဲ့ကြသည့် လူများဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ထံမှ ဘုန်းအသရေကိုရရန် လိုလားလျက်ရှိသည်။ မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိသောသူတို့ကို သူ့အား နာခံစေပြီး ချစ်စေခြင်းသည်သာ စစ်မှန်သော သိမ်းပိုက်ခြင်း ဖြစ်ကာ၊ ထိုသို့သော အမှု၏အသီးအပွင့်သည် တန်ဖိုးအရှိဆုံးနှင့် ယုံကြည်လက်ခံနိုင်ဖွယ် အဖြစ်ဆုံး ဖြစ်သည်။ ဤအရာသည်သာ ဘုန်းအသရေ ရရှိခြင်းဖြစ်သည်- ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင် ရရှိလိုသည့် ဘုန်းအသရေ ဖြစ်သည်။ ဤလူတို့သည် အဆင့်အတန်း နိမ့်ကျသော်လည်း၊ ၎င်းတို့ ယခုအခါ ထိုသို့ ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိနိုင်ကြသည်မှာ အမှန်တကယ် ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ ဤအမှုသည် အလွန် အဓိပ္ပာယ်ရှိပြီး ဤလူတို့ကို သူ ရယူခြင်းမှာ တရားစီရင်ခြင်း မှတစ်ဆင့် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ဤလူတို့ကို အပြစ်ပေးဖို့မဟုတ်ဘဲ၊ ၎င်းတို့ကို ကယ်တင်ဖို့ ဖြစ်သည်။ အကယ်၍ နောက်ဆုံးသောကာလ အတွင်းတွင် သူသည် ဣသရေလနိုင်ငံ၌ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်နေဆဲ ဖြစ်ပါက၊ ယင်းမှာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ။ ယင်းက အကျိုးအမြတ် ဖြစ်ထွန်းခဲ့လျှင်ပင်၊ ယင်းသည် တန်ဖိုး သို့မဟုတ် ကြီးမားသော အရေးပါမှု တစ်ခုတလေ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုန်းအသရေအားလုံးကို သူရရှိနိုင်လိမ့်မည် မဟုတ်ပေ။...မောဘ၏သားစဉ်မြေးဆက်များဖြစ်သည့် သင်တို့အပေါ်၌ ယနေ့ အမှုပြုခြင်းသည် သင်တို့ကိုအရှက်ရစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ အမှု၏ အဓိပ္ပာယ်ကို ထုတ်ဖော်ပြရန် ဖြစ်သည်။ သင်တို့အတွက် ယင်းမှာ ကြီးမားသော ချီးမြှောက်မှုတစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဆင်ခြင်တုံတရားနှင့် ထိုးထွင်းသိမြင်မှု ရှိပါက၊ ၎င်းတို့က၊ ‘ကျွန်ုပ်သည် မောဘ၏သားစဉ်မြေးဆက်တစ်ဦး ဖြစ်သည်၊ ယနေ့ ထိုသို့သော ဘုရားသခင်၏ ကြီးမားသည့် ချီးမြှောက်ခြင်း သို့မဟုတ် ထိုသို့ကြီးမားသည့် ကောင်းချီးမင်္ဂလာများကို ရရှိခြင်းငှာ အမှန်တကယ် မထိုက်တန်ပါ။ ကျွန်ုပ် လုပ်ဆောင်ကာ ပြောဆိုသည့် အရာအားလုံး၌၊ ပြီးလျှင် ကျွန်ုပ်၏ အဆင့်အတန်းနှင့် တန်ဖိုးအရ၊ ကျွန်ုပ်သည် ဘုရားသခင်ထံမှ ထိုသို့ကြီးမားသော ကောင်းချီးမင်္ဂလာများနှင့် လုံးဝ မထိုက်တန်ပါ။ ဣသရေလလူမျိုးများသည် ဘုရားသခင်အတွက် ကြီးမားသော ချစ်ခြင်းမေတ္တာရှိကြပြီး၊ ၎င်းတို့ မွေ့လျော် ခံစားသော ကျေးဇူးတော်မှာ ၎င်းတို့အပေါ် ဘုရားသခင် အပ်နှင်းထားခြင်း ဖြစ်သော်လည်း၊ ၎င်းတို့၏ အဆင့်အတန်းသည် ကျွန်ုပ်တို့ထက် များစွာမြင့်မားသည်။ အာဗြဟံသည် ယေဟောဝါကို အလွန်ဆက်ကပ်ခဲ့ပြီး၊ ပေတရုသည် ယေရှုကို အလွန် ဆက်ကပ်ခဲ့ပါသည်- ၎င်းတို့၏ ဆက်ကပ်မှုမှာ ကျွန်ုပ်တို့ထက် အဆတစ်ရာ ကြီးမားခဲ့သည်။ ကျွန်ုပ်တို့၏ လုပ်ရပ်များပေါ် အခြေခံ၍၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော် ခံစားခြင်းငှာ လုံးဝထိုက်တန်ခြင်း မရှိပါ’ ဟု ဆိုကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်)မောဘ၏ သားစဉ်မြေးဆက်တို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် သူတို့သည် ခေတ်နောက်ကျန်သော ဤနိုင်ငံ၌ မွေးဖွားလာခဲ့ကြသည်။ အမှောင်ထု၏ လွှမ်းမိုးမှုအောက်တွင် ရှိကြကုန်သော လူအားလုံးထဲတွင် မောဘ၏ သားစဉ်မြေးဆက်တို့သည် အဆင့်အတန်းအနိမ့်ဆုံးဖြစ်ကြသည်မှာ သံသယဝင်ဖွယ်ရာ မရှိပေ။ ဤလူတို့သည် ယခင်က အနိမ့်ကျဆုံးသော အဆင့်အတန်း ရှိခဲ့ဖူးသူများဖြစ်ကြသောကြောင့် သူတို့အပေါ်၌ လုပ်သော အလုပ်သည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်လည်း အကျိုးအရှိဆုံးဖြစ်၏။ ဤလူတို့အကြား၌ ထိုသို့သောအလုပ်ကို လုပ်ခြင်းသည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်သည့် နည်းလမ်းဖြစ်ပြီး ထိုအလုပ်နှင့် ဘုရားသခင်သည် ခေတ်တစ်ခေတ်ကို အစပျိုး၏။ ထိုအလုပ်နှင့် သူသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်၏။ ထိုအလုပ်နှင့် ကျေးဇူးတော်ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို အဆုံးသတ်လေသည်။ သူ၏ပထမအလုပ်ကို ဣသရေလပြည်၏ နယ်နိမိတ်အတွင်းရှိ ယုဒပြည်၌ ဆောက်ရွက်ခဲ့သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် သူသည် ခေတ်သစ်ကို အစပျိုးရန်အလို့ငှာ မည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ပေ။ အလုပ်၏ နောက်ဆုံးအဆင့်ကို တစ်ပါးအမျိုးသားတို့အကြားတွင် ဆောင်ရွက်သည်သာမကသေးဘဲ ကျိန်ဆဲခြင်းခံထားရသော သူများအကြားတွင် ပို၍ဆောင်ရွက်၏။ ဤအချက်တစ်ချက်က စာတန်ကို အရှက်အခွဲနိုင်ဆုံးသော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် စကြဝဠာထဲရှိ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်၊ အရာခပ်သိမ်း၏ သခင်၊ အသက်ရှိသမျှတို့ ကိုးကွယ်ရသည့်အရာ ‘ဖြစ်လာ’ လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏) ကျွန်မမှာ ဤ အယူအဆ ရှိခဲ့ဖူးသည်။ ဘုရားသခင်က မည်သူ့ကို ကယ်တင်ကို ကြိုပြီးပြဋ္ဌာန်းထားသည်။ ဤလူများက သူ ရွေးကောက်ထားသည့်လူများ ဖြစ်သည်။ သို့ဆိုလျှင် ကျွန်မတို့ တရုတ်လူမျိုးများက မောဘ၏ အမျိုးအနွယ်များ ဖြစ်သည်၊ ယုတ်ညံ့သည့်မျိုးရိုး၏ အယုတ်ညံ့ဆုံးများ ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်ကို လက်ခံမှုအနည်းဆုံး၊ ခုခံမှုအများဆုံး လုပ်သည့်သူများ ဖြစ်သကဲ့သို့၊ ဘုရားသခင်၏ ကျိန်ဆိုခြင်းနှင့် ပစ်ပယ်ခြင်းကိုလည်း ခံရသူများ ဖြစ်သောကြောင့်၊ သူက ကျွန်မတို့ကို လုံးဝ ကယ်တင်မည် မဟုတ်ပါ။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာများက ဤကဲ့သို့ လုံးဝ မဟုတ်ပါ။ ကျွန်မတို့ကို နိမ့်ကျသည်ဆိုပြီး၊ သူက မပစ်ပယ်ခဲ့ပါ။ ကျွန်မတို့က ယုတ်ညံ့ပြီး အကျင့်ပျက်သောကြောင့်၊ ကျွန်မတို့ကို မကယ်တင်ဘဲ လက်လျှော့ခဲ့တာမျိုးလည်း မရှိခဲ့ပါ။ ထိုအစား မောဘအမျိုးအနွယ်များဖြစ်သည့် ကျွန်မတို့ကြားမှာ အမှုတော် ပြုဖို့အတွက်၊ အကြီးအကျယ် စော်ကားခြင်းများ၊ ဆင်းရဲဒုက္ခများကို သည်းခံရင်းနှင့်၊ ကိုယ်တော်တိုင် လူ့ဇာတိခံယူခဲ့သည်။ ကျွန်မတို့ကို သူ့နှုတ်ကပတ်တော်များနှင့် အကြိမ်ကြိမ် တရားစီရင်သည်၊ ပြစ်တင်ဆုံးမသည်၊ စမ်းသပ်စစ်ဆေးခဲ့သည်။ ထိုအရာများ အားလုံးက ကျွန်မတို့ကို သန့်စင်ပေးဖို့၊ ကယ်တင်ပေးဖို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာက မည်မျှပင် ကြီးမားသနည်း။ သခင်ယေရှုက အပြစ်သားများနှင့်အတူ တစ်စားပွဲတည်း စားသောက်ခဲ့သကဲ့သို့ ဖြစ်သည်။ ကျွန်မတို့က ယုတ်ညံ့နိမ့်ကျလေလေ၊ ဘုရားသခင်၏ချစ်ခြင်းနှင့် ကယ်တင်ခြင်းက မည်မျှကြီးမားသည်ကို ပိုမြင်လေလေ ဖြစ်သည်။ မည်သို့ပင်ရှိပါစေ၊ ဘုရားသခင်က ကျွန်မတို့ကဲ့သို့ ဆိုးဆိုးဝါးဝါး အကျင့်ပျက်ဆုံး၊ ယုတ်ညံ့အနိမ့်ကျဆုံး လူများကို စာတန်၏ အမှောင်စွမ်းအားများထဲမှနေ ကယ်တင်ချင်ပါသည်။ ကျွန်မတို့အနေနှင့် သူ့ကို မွန်မွန်မြတ်မြတ် သက်သေခံနိုင်ဖို့အတွက်သာ ဖြစ်သည်။ ယင်းက စာတန်အတွက်မူ ရှက်စရာအကောင်းဆုံး ဖြစ်လိမ့်မည်။ ယင်းက မောဘ အမျိုးအနွယ်များ ကြားမှာ ဘုရားသခင်အမှုတော်၏ အဓိပ္ပာယ် ဖြစ်သည်။ ထို့အပြင် မောဘအမျိုးအနွယ်များကြားက ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် ကျွန်မတို့၏ အယူအဆများအားလုံးကို ပျောက်ပျက်စေခဲ့ပြီဖြစ်သည်။ သူက ဣသရေလအမျိုးများ၏ဘုရားသခင် ဖြစ်ရုံသာမကဘဲ၊ ဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင်လည်း ဖြစ်သည်ကို ကျွန်မတို့ကို မြင်စေခဲ့ပြီ ဖြစ်သည်။ ကျွန်မတို့က မည်သည့်ဘဝမှာ မွေးဖွားသည်၊ မည်သည့်တိုင်းပြည် မည်သည့်လူမျိုးထဲမှာ ပါဝင်သည်၊ ကျွန်မတို့က ဣသရေလအမျိုးများဖြစ်မဖြစ်၊ မောဘအမျိုးအနွယ်များ ဖြစ်မဖြစ်၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရသူများ ဖြစ်မဖြစ်၊ ကျိန်ဆိုခြင်း ခံရသူများဖြစ်မဖြစ် ဆိုသည်တို့ကို သူက မကြည့်ပါ။ ကျွန်မတို့က ဖန်ဆင်းခံသတ္တဝါများ ဖြစ်နေသရွေ့၊ သမ္မာတရားကို အားထုတ်ပြီး ဘုရားသခင့်အမှုတော်ကို နာခံနေသရွေ့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်ပါသည်။ ဘုရားသခင်က ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်စီတိုင်းအပေါ် တရားမျှတပြီး ဖြောင့်မတ်ပါသည်၊ တစ်ဦးတစ်ယောက်စီတိုင်းက သူ၏ကယ်တင်ခြင်း ခံရခွင့်ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုပြီး ဆင်ခြင်လေလေ၊ မောဘအမျိုးအနွယ်များကြားက ဘုရားသခင်အမှုတော်၏ ကြီးမားသည့် ရည်ရွယ်ချက်ကို ပိုပြီး ခံစားမိသည့်အပြင်၊ အကျင့်ပျက်လူသားများအတွက် ဘုရားသခင်၏ချစ်ခြင်းနှင့် ကယ်တင်ခြင်းက မည်မျှ စစ်မှန်သည်ကို ကျွန်မ သိလာလေလေ ဖြစ်သည်။ သို့ရာတွင် ကံမကောင်းချင်တော့၊ ကျွန်မက သိပ်ပြီး အရည်အချင်းမရှိသည့်အပြင်၊ ဘုရားသခင်၏အမှုတော်ကို နားလည်မှုကလည်း အကန့်အသတ် ရှိနေသည်။ ကျွန်မ၏ ခံစားချက်များနှင့် နားလည်ခြင်းများကို နည်းနည်းသာ မျှဝေတတ်သည်။ ကောင်းသည့်သက်သေခံချက်မျိုး မပေးနိုင်ပါ။ ဘုရားသခင်ကို ကျွန်မ အများကြီး ပြန်ဆပ်ရမည် ဖြစ်သည်။

ယခု ပြန်စဉ်းစားကြည့်သည့်အခါ၊ မောဘ၏အမျိုးအနွယ် တစ်ယောက် ဖြစ်ခြင်းဆိုသည့် စမ်းသပ်မှုကို ခံရင်းနှင့်၊ ထိုအချိန်က နည်းနည်းလောက် ဆင်းရဲဒုက္ခရောက်ခဲ့သော်လည်း၊ ကျွန်မ၏ ကိုယ်ပိုင်လက္ခဏာနှင့် တန်ဖိုးကို ကျွန်မ သိလာခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင်၏အမှုတော်နှင့် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နည်းနည်းလေး နားလည်မှုရခဲ့သည်။ ပြီးလျှင် ထိုအချိန်ကစပြီး ကျွန်မမှာ မာနထောင်လွှားခြင်းများ၊ မိမိကိုယ်ကိုယ် ကျေနပ်နေခြင်းများ သိပ်ပြီး မရှိတော့ပါ။ ကျွန်မက မည်မျှ နိမ့်ကျပြီး ပျက်စီးနေသည်၊ သူ၏ချစ်ခြင်းနှင့် ကယ်တင်ခြင်းကို မထိုက်တန်ဟု ခံစားမိလာသည်။ သူ့အပေါ် မျက်စိနောက်စရာ တောင်းဆိုချက်များကိုလည်း ထပ်ပြီး မလုပ်ဝံ့တော့ပါ။ ဘုရားသခင်က ကျွန်မအပေါ် မည်သို့ပြုမူပါစေ၊ မည်သို့ စီစဉ်ပါစေ၊ ကျွန်မမှာ လက်ခံနာခံချင်စိတ် ရှိပါသည်။ ဘုရားသခင် နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို အမှန်တကယ် လက်ခံပြီး၊ ကျွန်မ၏အသက်တာ စိတ်သဘောထားမှာ အပြောင်းအလဲတစ်ခုကို ရှာဖွေကြည့်လိုခဲ့သည်။ မောဘ၏အမျိုးအနွယ်တစ်ယောက် ဖြစ်နေဦးတော့၊ ကျွန်မက သမ္မာတရားကို အားထုတ်ပြီး၊ ဘုရားသခင်အတွက် သက်သေရပ်တည်နေရဦးမည် ဖြစ်သည်။ “‘ကျွန်ုပ်တို့သည် ဣသရေလအမျိုး မဟုတ်သော်လည်း၊ စွန့်ပစ်ခံရသည့် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြပါသည်၊ ၎င်း၏အရည်အချင်းကို ကျွန်ုပ်တို့ တတ်စွမ်းနိုင်ခြင်း မရှိသည့် ပေတရု မဟုတ်ဘဲ၊ ယောဘလည်း မဟုတ်ပါ၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့နှင့် မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်ဖို့ ပေါလု၏ စိတ်ဆုံးဖြတ်ချက်နှင့်ပင် ကျွန်ုပ်တို့ နှိုင်းယှဉ်၍ မရပါ၊ ပြီးလျှင် ကျွန်ုပ်တို့သည် အလွန် ခေတ်နောက်ကျကြသည်၊ ထို့ကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ အရည်အချင်း မပြည့်မီကြပါ။ ယနေ့ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချီမခဲ့ဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ စိတ်ကျေနပ်စေရမည် ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် လုံလောက်သော အရည်အသွေး သို့မဟုတ် အရည်အချင်းများ မရှိသော်လည်း၊ ဘုရားသခင်၏ အလိုကို ဖြည်ဆည်းဖို့ လိုလိုလားလား ရှိနေကြပါသည်- ဤသန္နိဌာန် ကျွန်ုပ်တို့၌ ရှိသည်။ ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး ကျိန်ခြင်းခံခဲ့ရပါသည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခဲ့ခြင်း ဖြစ်ကာ ကျွန်ုပ်တို့ ပြောင်းလဲနိုင်စွမ်း မရှိပါ၊ သို့သော် ကျွန်ုပ်တို့၏ အသက်ရှင်နေထိုင်ခြင်းနှင့် ကျွန်ုပ်တို့၏ အသိပညာတို့က ပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ ကျွန်ုပ်တို့ သန္နိဋ္ဌာန် ချထားကြပါသည်။’ ဟု ဆိုလိမ့်မည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကို သီဆိုပါ “မောဘအမျိုးအနွယ်များ၌ ရှိသင့်သော ဆုံးဖြတ်ချက်”)

အရှေ့သို့- ၃။ အဖြည့်ခံတစ်ယောက် စမ်းသပ်ခံရခြင်း

နောက်တစ်ခုသို့- ၅။ ကံမကောင်းအကြောင်းမလှခြင်းမှတစ်ဆင့် ကောင်းချီးရရှိခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။