အိန်ဂျယ်၏ ဇာတ်လမ်း
၂၀၂၀၊ ဩဂုတ်လမှာ အစ်မရီရှန်ကို ဖေ့ဘွတ်ကနေ တွေ့ခဲ့ပါတယ်။ သူက ကျွန်မကို ပြောတယ်။ သခင်ယေရှု ပြန်ကြွလာပြီ၊ သူက သမ္မာတရားတွေအများကြီးကို ဖော်ပြနေပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုနေတယ် တဲ့။ ဒီတရားစီရင်ခြင်းအမှုကိုပြုဖို့ သူပြန်ကြွလာခြင်းနဲ့ ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကိုလည်း ကျွန်မကို ပြောပြတယ်။ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒါကို ဖတ်ပြီး ရီရှန်ရဲ့ မိတ်သဟာယကို နားထောင်ပြီးတော့ သခင်ယေရှုလုပ်ခဲ့တာအားလုံးက ရွေးနုတ်ခြင်းအမှုဖြစ်တယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ယုံကြည်သူတွေရဲ့ အပြစ်တွေက ဖြေလွှတ်ခြင်းခံရပေမဲ့ ကျွန်မတို့ရဲ့ အပြစ်ပြုတဲ့ သဘာဝတွေက မပြေလည်ဘဲ ရှိနေတုန်းပဲ။ ကျွန်မတို့က အသင်းတော်ကို သွားတာ၊ ဆုတောင်းတာ၊ ဝန်ချတာတွေလုပ်ပေမဲ့ ဆက်ပြီးတော့ လိမ်ညာပြီး အပြစ်ပြုကြတယ်။ အပြစ်ရဲ့ ချည်နှောင်မှုတွေကနေ မလွတ်မြောက်နိုင်ဘူး။ ဘုရားက တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုပြုတာကို ကျွန်မတို့ လိုအပ်တယ်။ ဒါမှ ကျွန်မတို့က ဒီချည်နှောင်မှုတွေကနေ တကယ်လွတ်မြောက်နိုင်ပြီး ဘုရားရဲ့ နိုင်ငံတော်ကို ဝင်ဖို့ ထိုက်တန်နိုင်တယ်။ ရီရှန်းရဲ့ မိတ်သဟာယက တော်တော်ဉာဏ်အလင်းပွင့်စေတယ်။ အသင်းတော်မှာ ကျွန်မ တစ်ခါမှ မကြားဖူးတာတွေကို သူက ပြောပြတယ်။ ကျွန်မ ရှာဖွေစူးစမ်းချင်စိတ် ဖြစ်ခဲ့တာပေါ့။
အစ်ကိုနှစ်ယောက်က ဧဝံဂေလိဖြန့်ဝေဖို့ ကျွန်မတို့ရွာကို လာတယ်။ ကျွန်မက သူတို့ကို ဧည့်ခံတယ်။ တစ်ခါတော့ ရွာသားအယောက်နှစ်ဆယ်ကျော်က သူတို့တရားဟောတာနားထောင်ဖို့ ကျွန်မအိမ်ကို လာကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က အရမ်းကောင်းတယ်လို့ သူတို့က ထင်ပြီး တော်တော်ခွန်အားရကြတယ်။ ဆက်ပြီး စူးစမ်းလေ့လာချင်ကြတယ်။ နောက်နေ့ကျတော့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဒီအစ်ကိုတွေ ဧဝံဂေလိဟောတဲ့အကြောင်း ကြားသွားပြီး ကျွန်မကို တားဆီးဖို့ ရောက်လာကြတယ်။ သင်းအုပ်ထျန်က တံခါးပေါက်က ဝင်လာလာချင်း ကျွန်မကိုမေးတယ်။ “မင်းအိမ်ကို တရားဟောဖို့ ဘယ်သူလာတာလဲ” တဲ့။ သူတို့ရဲ့ ခက်ထန်တဲ့ အမူအရာတွေကိုမြင်တော့ ကျွန်မ စိတ်တင်းကျပ်သွားတယ်။ ဒီအစ်ကိုနှစ်ယောက်က ဧဝံဂေလိဟောဖို့လာတာကို သင်းအုပ်တွေသိသွားရင် သူတို့ ဒုက္ခရောက်မှာကို ကျွန်မ စိတ်ပူတာပေါ့။ အဲဒါနဲ့ ကျွန်မ ပြောလိုက်တယ်။ “သူတို့တွေက ကျွန်မအွန်လိုင်းမှာဆုံခဲ့တဲ့ သူငယ်ချင်းတွေပါ” ပေါ့။ အဲဒီမှာ သင်းအုပ်ချန်းကပြောတယ်။ “သူတို့က သူတို့ရဲ့ ဧဝံဂေလိဖြန့်ဖို့လာတယ်လို့ ကြားတယ်။ သူတို့ကို မင်းထပ်ပြီး ဧည့်မခံရဘူး။ မင်းဧည့်ခံတယ်လို့ ငါသိရရင် မင်းက ဒီမှာ ယောက်ျားတွေကို ဧည့်ခံနေတယ်လို့ မင်းယောက်ျားကို ငါတို့ ပြောမှာ” တဲ့။ သူဒီလိုပြောတော့ ကျွန်မ တော်တော်စိတ်ဆိုးသွားတယ်။ သူတို့က ရွာသားတွေကို ဧဝံဂေလိဖြန့်ဝေနေချိန်လေးပဲ ကျွန်မက ဧည့်ခံတာပါ။ အရှက်ရစရာ ဘာတစ်ခုမှ မလုပ်ထားဘူး။ ဒါပေမဲ့ သင်းအုပ်ဆရာက လိမ်ညာပြီး ကျွန်မကို ခြိမ်းခြောက်ချင်စိတ်ရှိနေတယ်။ အဲဒီမှာ သင်းအုပ်ဆရာထျန်က ပြောတယ်။ “သူတို့ဧဝံဂေလိကို မယုံနဲ့။ သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) နောက်ဆုံးသောကာလမှာ အယောင်ဆောင်ခရစ်တော်တွေ အများကြီး ထွက်ပေါ်လာမယ်။ သခင်ကြွလာပြီလို့ ပြောတဲ့သူအားလုံးက မှားတယ်။ သူတို့ အယုံသွင်းတာ မခံနဲ့။ ငါဒါတွေပြောတာ မင်းကို ကာကွယ်ပေးဖို့ပဲ။ မင်းလှည့်စားခံရမှာစိုးတယ်” တဲ့။ အဲဒီအချိန်တုန်းက ကျွန်မက သင်းအုပ်ရဲ့ စကားတွေကို မချင့်ချိန်နိုင်ဘူး။ သူတို့က ယုံကြည်သူတွေဖြစ်တာ တော်တော်ကြာနေပြီး တော်တော်နားလည်တယ်၊ သူတို့ပြောတာက ကျမ်းစာနဲ့ညီတယ်လို့ ကျွန်မ ထင်တာပေါ့။ သူတို့က မှန်နေပြီး ကျွန်မက တကယ်ပဲ လမ်းမှားလိုက်နေတာဆိုရင် ဘာလုပ်ရမလဲ ပေါ့။ အဲဒါနဲ့ သူတို့ကို ယုံလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားတွေက စုဝေးဖို့ ကျွန်မကို ဆက်သွယ်ကြတယ်။ ဒါပေမဲ့ ကျွန်မက ငြင်းဖို့ ဆင်ခြေတွေ ကြံဆပြီး ဖေ့ဘွတ်အကောင့်ကိုတောင် ပြောင်းလိုက်တယ်။ ပြီးတော့ သူတို့နဲ့ လုံးဝ အဆက်အသွယ်ဖြတ်လိုက်တယ်။
ကျွန်မ နှစ်ပတ်လောက် မစုဝေးဘူး။ အိမ်မှာပဲ အွန်လိုင်းကနေ သူငယ်ချင်းတွေနဲ့ စကားပြောရင်း၊ ဗီဒီယိုတွေကြည့်ရင်းနဲ့ ပြီးပြီးရော အချိန်ကုန်ခဲ့တယ်။ ကျွန်မ တော်တော်ပျင်းနေတာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေနဲ့ စုဝေးခဲ့တဲ့နေ့တွေကို ခဏခဏ ပြန်စဉ်းစားမိတယ်။ ကျွန်မ စိတ်နှလုံးက ပြည့်ဝပြီး ပျော်ရွှင်ခဲ့တဲ့အချိန်ပေါ့။ ဒါပေမဲ့ အခုတော့ အရင်ထက် ပိုလို့ ဘဝင်မကျဖြစ်လာတယ်။ ကျွန်မ စဉ်းစားတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဆိုရင် ငါက သူ့ကို လက်မခံရင် သူ့ရဲ့ ကယ်တင်ခြင်းကို လက်လွှတ်ဆုံးရှုံးရမှာလား။ ဒါပေမဲ့ အယောင်ဆောင်ခရစ်တော်တွေက လူတွေကို လှည့်စားဖို့ နောက်ဆုံးသောကာလမှာ ထွက်ပေါ်လာမယ်၊ သခင်ပြန်ကြွလာခြင်းကို ဟောတဲ့သူအားလုံးက မှားတယ်ဆိုပြီး သင်းအုပ်တွေကပြောတယ်။ ငါ လှည့်စားခံရရင် ဘယ်လိုလုပ်မလဲ” ပေါ့။ ကျွန်မ တော်တော်ဒွိဟဖြစ်နေပြီး စိတ်ရှုပ်ထွေးနေတယ်။ အဲဒါနဲ့ ကျွန်မ ရှာဖွေရင်းနဲ့ သခင့်ကို ဆုတောင်းတယ်။ “သခင်ယေရှု၊ သမီးမှာ ချင့်ချိန်နိုင်စွမ်းမရှိပါဘူး။ ဘယ်သူ့ကို နားထောင်ရမယ်ဆိုတာ မသိဘူး။ ကိုယ်တော့်အလိုတော်ကို နားလည်ပြီး ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို မဆုံးရှုံးရအောင် သမီးကို ဉာဏ်အလင်းပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတော့ ကျွန်မက ထွက်ပြေးနေပြီး မရှာဖွေလို့ မရဘူး၊ ဒီပြဿနာတွေ ရှင်းသွားဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေကို ရှာရမယ်ဆိုတာ သဘောပေါက်သွားတယ်။ ဒါပေမဲ့ ကျွန်မ အံ့ဩသွားတာက သင်းအုပ်တွေက စုဝေးပွဲနှစ်ခုအပြီးမှာတင် သိသွားတယ်။ သင်းအုပ်ထျန်ရဲ့အိမ်မှာ အစည်းအဝေးလုပ်ဖို့ သူတို့က ကျွန်မတို့ကို ခေါ်တယ်။ ကျွန်မ တော်တော်စိတ်လှုပ်ရှားနေတာပေါ့။ သင်းအုပ်တွေက ဘာလုပ်မယ်ဆိုတာ ကျွန်မ လုံးဝ မသိဘူး။ အဲဒီညနေမှာ ကျွန်မတို့ သင်းအုပ်ထျန်ရဲ့အိမ်ကို သွားကြတယ်။ အဲဒီမှာ တခြားသင်းအုပ်နဲ့ အကြီးအကဲတွေလည်း ရောက်နေကြတယ်။ သင်းအုပ်ထျန်က ပြောတယ်။ “မင်းက အခုတလော အွန်လိုင်းတရားပွဲတွေ တက်နေတယ်လို့ ကြားတယ်။ ငါတို့ပွဲတွေအစား ဘာလို့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က တရားပွဲတွေကို တက်နေတာလဲ။ မင်း အသင်းတော်ကို လာပြီး ငါတို့ တရားတွေကို နားထောင်သရွေ့၊ သခင့်ဆီမှာ ဆုတောင်းပြီး ဝန်ချသရွေ့ ဘုရားက ဒါကို အမှတ်ရမှာမဟုတ်ဘူး။ သခင်ပြန်ကြွလာတဲ့အခါ ငါတို့ကို ကောင်းကင်ဘုံဆီ ခေါ်ဆောင်လိမ့်မယ်” တဲ့။ ကျွန်မ စဉ်းစားတယ်။ “ဘုရားကို ယုံကြည်သူတွေက ဘုရားစကားကို နားထောင်သင့်တယ်။ သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေက အမြဲတမ်း သူတို့စကားကို နားထောင်ခိုင်းတယ်။ သူတို့က လူတွေကို ဘုရားရှေ့ခေါ်ရမယ့်အစား သူတို့ရှေ့ကို ခေါ်နေတာမဟုတ်ဘူးလား” ပေါ့။ သင်းအုပ်ပြောတာကို ကျွန်မ သဘောမတူပေမဲ့ သူ့ကို မချေပရဲဘူး။ နောက်တော့ သင်းအုပ်ထျန်က ကျွန်မတို့ကို မှတ်စုစာအုပ်တစ်အုပ်ပေးပြီး အော်ပြောတယ်။ “တခြားဘုရားတွေကို မင်းဆက်ယုံနေမှာလား။ အခု ရွေးစမ်း။ မင်းတို့နာမည်တွေက ဒီမှာရှိတယ်။ အမြန် လက်မှတ်ထိုးကြ။ မယုံကြည်တော့ဖို့ ရွေးချယ်ရင် အမှန်ခြစ်လိုက်။ ဒီလိုမဟုတ်ရင် ကြက်ခြေခတ်ခြစ်လိုက်။ တခြားဘုရားတွေကို ဆက်ယုံနေရင် မင်းတို့ အများကြီး ဒုက္ခရောက်လိမ့်မယ်။ မင်္ဂလာဆောင်၊ အသုဘ၊ ကလေးမွေးတာ၊ အိမ်ဆောက်တာတွေလိုကိစ္စတွေမှာ မင်းတို့ မိသားစုတွေကို ငါတို့ ကူညီပေးမှာမဟုတ်တော့ဘူး” တဲ့။ ကျွန်မနေတဲ့နေရာမှာက ဒီဓလေ့တွေကို တော်တော်တန်ဖိုးထားတယ်။ သင်းအုပ်ဆရာတွေရဲ့ ပံ့ပိုးမှုမရှိရင် ရွာသားတွေကလည်း ကူညီမှာမဟုတ်ဘူး။ အဲဒီတုန်းက ကျွန်မက နည်းနည်းအားလျော့သွားတယ်။ ကျွန်မ တွေးကြည့်တယ်။ “ငါ့မိသားစုက အိမ်ဆောက်ဖို့ စီစဉ်နေတာ။ ရွာဓလေ့အရ ဒါကို သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေက ဦးဆောင်ရမှာ။ သူတို့က ထောက်ခံချက်မပေးရင် ဘယ်သူမှ လာကူမှာမဟုတ်ဘူး။ ငါက အွန်လိုင်းမှာ စုဝေးပွဲတွေ ဆက်တက်ရင် အိမ်မှာ တစ်ခုခုဖြစ်ရင် ခက်ခဲမှာပဲ။ ဒါပေမဲ့ ငါက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပြီး ဒါတွေက သခင့်အသံနဲ့တူတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုလည်း ဖြစ်နိုင်တယ်။ ငါက သင်းအုပ်တွေကို နားထောင်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို စွန့်ပစ်ရင် သခင့်ကို အာခံနေတာဖြစ်မှာမဟုတ်ဘူးလား” ပေါ့။ ဒီလိုတွေးပြီး စာအုပ်ထဲမှာ ကြက်ခြေခတ်ခြစ်လိုက်တယ်။ သူများတွေလည်း တစ်ယောက်ပြီးတစ်ယောက် ကြက်ခြေခတ်ခြစ်ကြတာ တစ်ယောက်ပဲ အမှန်ခြစ်တယ်။ သင်းအုပ်ဆရာက ဒေါသထွက်ပြီး ပြောတယ်။ “နောက်ကျရင် မင်းတို့မှာ ပြဿနာတွေရှိတဲ့အခါ ရွာသားတွေက လာကူမှာမဟုတ်ဘူး။ မင်းတို့အတွက် ငါတို့က ဆုတောင်းပေးမှာလည်းမဟုတ်ဘူး။ ဒါပြီးရင် ငါတို့က ဇာတ်လမ်းပြီးသွားပြီ” တဲ့။
ကျွန်မက စိတ်ဆိုးတာပေါ့။ ဒါပေမဲ့ စိတ်လည်းရှုပ်ထွေးနေတယ်။ သင်းအုပ်ဆရာတွေပြောတဲ့ အယောင်ဆောင်ခရစ်တော်တွေကရော ဘယ်လိုလဲ ပေါ့။ ကျွန်မနဲ့စုဝေးတဲ့ အစ်မနှစ်ယောက်ကို ကျွန်မ မေးတယ်။ တစ်ယောက်က ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်နှုတ်ကပတ်တော်တချို့ ဖတ်ပြတယ်။ “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ဒါပြီးတော့ သူက မိတ်သဟာယဖွဲ့တော့ “စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်နိုင်မလဲ။ ခရစ်တော်ဆိုတာ ဘုရားဝိညာဉ်တော်ကနေ လူ့ဇာတိဖြစ်လာပြီး လူသားအနေနဲ့ ကမ္ဘာကိုကြွလာတာပါ။ သူက သမ္မာတရားရဲ့ ပြယုဂ်၊ ကယ်တင်ရှင် ကြွလာခြင်းဖြစ်တယ်။ ခရစ်တော်က သမ္မာတရားကို ဖော်ပြနိုင်ပြီး နက်နဲမှုတွေကို ဖွင့်ပြနိုင်တယ်။ လူကို သန့်စင်၊ ကယ်တင်နိုင်ပြီး ဘုရားကိုယ်တိုင်ရဲ့ အမှုကို ဆောင်ရွက်နိုင်တယ်။ အယောင်ဆောင်ခရစ်တော်တွေက ပင်ကိုအရဆိုရင် မကောင်းဆိုးဝါးတွေပဲ။ သူတို့က ဘုရားပါလို့ ဘယ်လိုဆိုပါစေ သမ္မာတရားကို မဖော်ပြနိုင်ဘူး။ ဘုရားရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို မဆောင်ရွက်နိုင်ဘူး။ သူတို့က ကျမ်းစာရဲ့ စကားတချို့ကိုပဲ ဟောနိုင်တယ်။ ဒါမှမဟုတ် လူတွေကို လှည့်ဖြားဖို့ အံ့ဩဖွယ်တချို့ကိုပဲ လုပ်နိုင်တယ်။” တဲ့။ နောက်တော့ သူက ကျွန်မကို နှိုင်းယှဉ်ပြတယ်။ နားကြပ်တွေနဲ့ အဖြူရောင်ကုပ်တွေဝတ်ထားတဲ့ လူဆယ်ယောက်ရှိပြီး သူတို့အားလုံးက ဆရာဝန်တွေပါလို့ ပြောပေမဲ့ တစ်ယောက်တည်းကပဲ တကယ့်ဆရာဝန်ဖြစ်တယ်ဆိုရင် အစစ်နဲ့ အတုကို ဘယ်လို ခွဲခြားသိနိုင်မလဲ။ သူတို့ရဲ့ အဝတ်အစား၊ ပြောဆိုပြုမူပုံကိုပဲ ကြည့်လို့မရဘူး။ အဓိကအချက်က ရောဂါတွေကို ကုနိုင်သလားဆိုတာ ကြည့်ဖို့ပဲ။ ဒီလိုလုပ်နိုင်ရင် သူက ဆရာဝန်ပဲ။ ခရစ်တော်ကို ပိုင်းခြားသိမြင်တဲ့အခါမှာ အသွင်အပြင်တွေကိုပဲ ကြည့်လို့မရဘူး။ သူ့ရဲ့အလုပ်၊ စကား၊ သူထုတ်ဖော်ပြတဲ့ စိတ်သဘောထားကို အခြေခံပြီး ဆုံးဖြတ်ရမယ်။ သမ္မာတရားတွေကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို ပြုနိုင်ရင် သူက ခရစ်တော်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်တဲ့အခါ သူ့စကားတွေအားလုံးက သမ္မာတရားဖြစ်မှန်း၊ တန်ခိုးနဲ့ အာဏာရှိမှန်း ကျွန်မတို့အားလုံး မြင်နိုင်တယ်။ ဘုရားရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေ၊ သူ့ရဲ့ အမှုတော်အဆင့်သုံးဆင့်၊ သူ့ရဲ့ လူ့ဇာတိခံယူခြင်း၊ သူ့ရဲ့ အမည်နာမတွေ၊ ကျမ်းစာရဲ့ အတွင်းပိုင်းကျတဲ့အကြောင်းအရာတွေကို ထုတ်ဖော်ပြတယ်။ စာတန်ကြောင့်ဖြစ်တဲ့ လူရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားနဲ့ အနှစ်သာရ၊ ဘုရားကို လူက ပုန်ကန်ခြင်း၊ အာခံခြင်းရဲ့ အရင်းအမြစ်တွေကိုလည်း ဖွင့်ပြတယ်။ ဒါက လူတွေကို သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိအောင် ကူညီပေးတယ်။ ဘယ်လိုလူမျိုးတွေကို သူ နှစ်သက်တယ်၊ ရွံမုန်းတယ်၊ ဘယ်လိုလူမျိုးတွေက ဘုရားရဲ့နိုင်ငံတော်ကို ဝင်နိုင်တယ်၊ ဘယ်သူတွေက အပြစ်ပေးခံရမယ်ဆိုတာမျိုးတွေကို ပြောပြတယ်။ သူ့ရဲ့ ဖြောင့်မတ်တဲ့၊ ပုန်ကန်ပြစ်မှားလို့မရနိုင်တဲ့ စိတ်သဘောထားကိုလည်း ဖွင့်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ် ကယ်တင်ခံရဖို့ လိုအပ်တဲ့ သမ္မာတရားတွေအားလုံးကို ဖော်ပြခဲ့ပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေပါတယ်။ ဒီကနေ အနန္တတန်ခိုးရှင် ဘုရားသခင်က လူ့ဇာတိခံဘုရားဖြစ်ပြီး နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တယ်ဆိုတာ သေချာနိုင်ပါတယ်။ အယောင်ဆောင်ခရစ်တော်တွေက လူရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ မပြောနဲ့၊ သမ္မာတရားကို တောင် မဖော်ပြနိုင်ဘူး၊ ဘုရားရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို မဆောင်ရွက်နိုင်ဘူး။ သူတို့ကိုယ်သူတို့ ဘုရားလို့ ဘယ်လောက်ခေါ်ပါစေ သူတို့က အယောင်ဆောင်ဖြစ်ပြီး ဝိညာဉ်ဆိုးတွေပဲ။ ကျရှုံးသွားမှာပဲ။
ဒီအစ်မက မိတ်သဟာယဖွဲ့ပြီးသွားတော့ ကျွန်မ တော်တော် စိတ်အားတက်သွားတယ်။ စစ်မှန်တဲ့ ခရစ်တော်ကို သိဖို့က သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေရဲ့ စကားအတိုင်းလုပ်လို့မဖြစ်ဘူး၊ အဓိကက သူဟာ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို လုပ်ဆောင်နိုင်သလားကြည့်ဖို့ပဲဆိုတာကို ကျွန်မ နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေအများကြီး ဖော်ပြခဲ့တယ်။ ကျမ်းစာရဲ့ နက်နဲမှုတွေအများကြီးကို ဖွင့်ပြခဲ့တယ်။ လူကို တရားစီရင်ခြင်း၊ သန့်စင်ခြင်းအမှုကို ပြုခဲ့တယ်။ ဒါတွေက ဘယ်လူသားမှ မလုပ်နိုင်တဲ့အရာတွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ကျွန်မ လုံးဝ သေချာသွားတယ်။ နောက်ပိုင်းကျတော့ ကျွန်မရွာမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ ခဏခဏ စုဝေးတယ်။
၂၀၂၁၊ ဧပြီလမှာ ကျွန်မယောက်ျားရဲ့ ရောဂါဟောင်းက ပြန်ပေါ်လာပြီး ကံမကောင်းစွာနဲ့ပဲ ဆေးကုနေတုန်းမှာ ဆုံးသွားတယ်။ ကျွန်မ ဆွေမျိုးတွေက သင်းအုပ်ဆရာတွေကို လာ ကူဆုတောင်းပြီးတော့ အခမ်းအနားတွေကို စီစဉ်ပေးစေချင်တယ်။ ဒါပေမဲ့ သင်းအုပ်နဲ့ အကြီးအကဲတွေက ကျွန်မကို လှောင်ပြီး ကျွန်မယုံကြည်ခြင်းကို အတင်းစွန့်ခိုင်းဖို့ ဒီအခွင့်အရေးကို အသုံးချတာပေါ့။ ကျေးရွာအုပ်ချုပ်ရေးမှူးကပါ သူတို့ပြောတာနားမထောင်လို့ ကျွန်မကို ဒေါသနဲ့ဆူငေါက်တယ်။ ရွာသားတွေကို ကျွန်မကို မကူညီအောင် ပိတ်ပင်တယ်။ ပြီးတော့ သူကပြောတယ်။ “မင်းက လူတိုင်းကိုသာ ဝန်ခံလိုက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို စွန့်လွှတ်ဖို့ ကတိပေးရင်၊ အသင်းတော်ဝတ်ပြုပွဲတွေ တက်ရင် မင်းယောက်ျားကို မြေမြှုပ်ဖို့ ငါတို့ ကူညီမယ်” တဲ့။ ကျွန်မမယုံကြည်အောင် အကျပ်ကိုင်ဖို့ ကျွန်မယောက်ျားအသုဘကို အသုံးချမယ်လို့ လုံးဝ စိတ်မကူးမိဘူး။ ဒါ တော်တော်စက်ဆုပ်စရာ၊ မုန်းစရာကောင်းပါတယ်။ ကျွန်မမှာ သူတို့ကို ဝန်ခံစရာအကြောင်းမရှိဘူး။ ကျွန်မရဲ့ ငါးလအရွယ်သားလေးကို ချီရင်းနဲ့ ငိုဖို့ပဲတတ်နိုင်တော့တယ်။ ကျွန်မ ပြန်မပြောတော့ ကျွန်မမှားပါတယ်လို့ ဝန်ခံအောင် ကျွန်မမိသားစုကို ခြိမ်းခြောက်ခိုင်းတယ်။ အဲဒီမှာ ကျွန်မဘက်ကပြောပေးမယ့်သူ ဘယ်သူမှ မရှိဘူး။ တစ်ကိုယ်လုံး တုန်နေပြီး မျှော်လင့်ချက်မရှိအောင် အထီးကျန်သလို ခံစားရတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါမှားတယ်လို့ မပြောရင် ငါ့ယောက်ျားကို မြေမြှုပ်ဖို့ ဘယ်သူမှ ကူမှာမဟုတ်ဘူး။ ဒါပေမဲ့ ပြောရင်လည်း ဘုရားကို ငြင်းဆန်ပြီး သစ္စာဖောက်တာဖြစ်မယ်။ ငါ ဘာလုပ်သင့်လဲ” ပေါ့။ နာကျင်နေရင်းနဲ့ ဘုရားကို အော်ခေါ်ခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်က ဘုရားကိုယ်တော်တိုင်ဖြစ်ပြီး အားလုံးရဲ့ အတုမရှိ ဖန်ဆင်းရှင်ဖြစ်တယ်၊ ကိုယ်တော်ဟာ ကောင်းကင်ဗိုလ်ခြေအရှင်တို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တယ်၊ အားလုံးက ကိုယ်တော့်လက်ထဲမှာရှိတာ သမီး ယုံပါတယ်။ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို နာခံဖို့ သမီးဆန္ဒရှိပါတယ်” လို့ပေါ့။ ဆုတောင်းပြီးသွားတော့ ကျွန်မဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပြန်အမှတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ကျွန်မကို ဖိနှိပ်ပြီး နှောင့်ယှက်နေတာက သင်းအုပ်ဆရာတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးလို့ ထင်ရပေမဲ့ တကယ်တမ်း ဒါတွေအားလုံးက စာတန်ရဲ့ လှည့်စားမှုနဲ့ နှောင့်ယှက်မှုဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မကောင်းဖို့အတွက်လို့ သူတို့က ပြောပေမဲ့ ကျွန်မကို ရွာသားတွေ စွန့်ပစ်အောင်လုပ်ဖို့၊ ဘုရားကို ငြင်းပယ်ပြီး သစ္စာဖောက်အောင် ဖိအားပေးဖို့အတွက် အသုဘ၊ မင်္ဂလာဆောင်၊ ကလေးမွေးတာ၊ အိမ်ဆောက်တာတွေလို ရွာဓလေ့တွေကို တကယ်အသုံးပြုနေတာပဲ။ ကျွန်မကို သူတို့ဘာသာရေးဘက်ကိုလည်း ပြန်ဆွဲခေါ်ချင်တယ်။ သူတို့နောက်ကို ဆက်လိုက်နေပြီး နာခံစေချင်တယ်။ ဘုရားက နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုဖို့ ကျေးဇူးတော်ခေတ် အသင်းတော်တွေကို စွန့်ခွာခဲ့တာ ကြာပြီ။ ကျွန်မက သင်းအုပ်ဆရာတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို နားထောင်ပြီး သူတို့နဲ့အတူ အသင်းတော်ကို ပြန်သွားရင် ဘုရားရဲ့ ကယ်တင်ခြင်းခံရဖို့ ကျွန်မ အခွင့်အရေးကို ဆုံးရှုံးရမှာပဲ။ ပြီးရင် ငရဲကျပြီး သူတိုနဲ့အတူ အပြစ်ပေးခံရမှာပဲ။ ဒါက စာတန်ရဲ့ အန္တရာယ်ပေးတဲ့ ရည်ရွယ်ချက်ပဲ။ ကျွန်မကို သူတို့ ဘယ်လိုတားဆီးပါစေ သူတို့ကို နားထောင်လို့မဖြစ်ဘူး။ ကျွန်မ ဆုတောင်းပြီး ဘုရားကို အားကိုးရမယ်။ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး စာတန်ကို အရှက်ရစေရမယ်။ ဒါပေမဲ့ ကျွန်မယောက်ျားရဲ့ အသုဘကိစ္စအတွက် အကူအညီလိုနေသေးတယ်။ ဒါက လက်တွေ့ပြဿနာတစ်ခုပဲ။ ရွာသားတွေ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေအားလုံးက ရွာသူကြီးနဲ့ သင်းအုပ်ဆရာတွေကို နာခံနေပြီး ကူညီမှာမဟုတ်ဘူး။ ဒါဆို ကျွန်မ ဘာလုပ်ရမလဲ ပေါ့။ ဘုရားကိုပဲ ကျွန်မ အော်ခေါ်နေခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် တစ်ယောက်ယောက်က သမီးအမျိုးသားကို မြေမြှုပ်ဖို့ လာကူမလားဆိုတာက ကိုယ်တော့်လက်ထဲမှာ အလုံးစုံရှိပါတယ်။ ဒီကိစ္စတွေကို ကိုယ်တော့်ထံမှာ အပ်နှံပါတယ်။ ဘာပဲဖြစ်ဖြစ် သမီး ကိုယ်တော်ကို နာခံပြီး ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ပါဘူး” ဆိုပြီးတော့။ ဆုတောင်းပြီးသွားတော့ ကျွန်မ နည်းနည်းပိုစိတ်ငြိမ်ပြီး သိပ်စိတ်မညစ်တော့ဘူး။ အဲဒီအချိန်မှာပဲ အပြင်ကနေ ကျွန်မဦးလေးပြောတာကို ကြားရတယ်။ “ကျွန်တော် တောင်းပန်ပါတယ်။ ကူညီပါ။ သူ့ကိုယ်စား တောင်းပန်ပါတယ်” တဲ့။ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောတယ်။ “သူကိုယ်တိုင် တောင်းပန်ရမယ်” တဲ့။ ကျွန်မ စဉ်းစားတယ်။ “ဘုရားကို ငါ သစ္စာဖောက်အောင်လို့ သူတို့က ဘာမဆိုလုပ်မှာပဲ။ ဒါပေမဲ့ သူတို့ ကြိုးစားလေ၊ စာတန်အရှက်ရဖို့ ငါ့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ဖြစ်လေပဲ” ပေါ့။ ဆယ်မိနစ်လောက်ကြာတော့ ကျွန်မအမေက မျှော်လင့်မထားဘဲ ဖုန်းခေါ်တယ်။ သူက ပြောတယ်။ “အားမငယ်နဲ့။ သမီးယောက်ျားရဲ့ စစ်တပ်က သူငယ်ချင်းတချို့က မြေမြှုပ်ဖို့ ကူညီပေးလိမ့်မယ်။ သူတို့က လာနေပြီ” တဲ့။ အဲဒီအချိန်မှာ ကျွန်မ စိတ်ထဲမှာ အရမ်းခံစားရတယ်။ ဘုရားသခင်က ကျွန်မ ခိုကိုးရာအမဲ့ဆုံးအချိန်မှာ ဒီအကျပ်အတည်းကို ကူညီကျော်လွှားပေးဖို့ လူတွေကို စေလွှတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ပြန်အမှတ်ရတယ်။ “သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ ရှင်းရှင်းလင်းလင်း မြင်ကာ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ဖြည့်ဆည်းလော့။ မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) အရာအားလုံးက ဘုရားလက်ထဲမှာရှိတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဘုရားကို ကျွန်မတို့က တကယ်အမှီပြုသရွေ့ ဘုရားက ကျွန်မတို့အတွက် လမ်းတစ်ခုဖွင့်ပေးလိမ့်မယ်။ ကျွန်မက ဖိနှိပ်ခံနေရသေးပေမဲ့ ဘုရားရဲ့ လမ်းပြမှုကို မြင်ခဲ့တယ်။ ကျွန်မ စိတ်နှလုံးက အရှုံးမပေးတော့ဘူး။ ပြီးတော့ အပျက်သဘောဆောင်တာ၊ အားလျော့တာ မဖြစ်တော့ဘူး။
ကျွန်မယောက်ျားရဲ့ အသုဘကို စီစဉ်ပြီးသွားတော့ သူ့အမေက ကျွန်မကို ခဏခဏ ဆူတယ်။ ကျွန်မက သခင်ယေရှုကို သစ္စာဖောက်ခဲ့ပြီး မဟုတ်တဲ့ဘုရားကို ယုံကြည်လို့ ရွာသားတွေက ကျွန်မတို့ကို ရှောင်နေတယ် တဲ့။ ကျွန်မဆွေမျိုးတွေကလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်မကို တိုက်ခိုက်တယ်။ ကျွန်မအမေရဲ့ မိသားစုတောင် ကျွန်မနားကို မလာရဲဘူး။ ကျွန်မအမေပဲ ကျွန်မကို လာတွေ့တယ်။ ဒါပေမဲ့ သူက ကျွန်မကို ဆက်တိုက် တိုက်တွန်းတယ်။ “သင်းအုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူကြီးတို့ကို ဘာလို့ နားမထောင်တာလဲ။ ကြည့်စမ်းပါဦး။ သမီးက ယောက်ျားမရှိတော့ဘူး။ ဒီလူတွေနဲ့ ယောက်ျားဘက်က အမျိုးတွေကို အားမကိုးရင် ဘယ်သူ့ကို အကူအညီတောင်းမှာလဲ။ သမီးရဲ့ ကလေးက အရမ်းငယ်သေးတယ်။ သမီး ဝန်ခံပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို ရပ်သင့်တယ်” တဲ့။ ကျွန်မ ဘယ်သွားသွား ရွာသားတွေက ကျွန်မနောက်ကွယ်မှာ ကျွန်မအကြောင်းပြောတယ်။ ကျွန်မကိစ္စတွေက အတင်းပြောစရာကြီးကိုဖြစ်လို့။ အရင်က ကောင်းကောင်းအဆင်ပြေနေပေမဲ့ အခု ကျွန်မယုံကြည်မှုကြောင့် သူတို့က ကျွန်မကို ဖိနှိပ်ပြီး ဝိုင်းပယ်ထားကြတာကို တွေးမိတယ်။ ဒီဟာကြောင့် ကျွန်မ တော်တော်နာပြီး စိတ်ညစ်မိတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာက အင်တာနက် ဖြတ်ထားတာ။ ဒါကြောင့် အွန်လိုင်းကနေ မစုဝေးနိုင်ဘူး၊ တရားတွေ နားမထောင်နိုင်ဘူး။ ပြီးတော့ တခြားအသင်းသားတွေက ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ပြီး ကျွန်မကို ကူညီဖို့ ကျွန်မအိမ်ကို မလာရဲဘူး။ မှောင်မိုက်ထဲကို ကျသွားပြီး အလင်းကို မမြင်နိုင်သလို ခံစားမိခဲ့တယ်။ ဒီမှောင်မိုက်တဲ့နေ့ရက်နေကနေ လမ်းပြပေးဖို့ တောင်းလျှောက်ရင်း နေ့တိုင်း ဘုရားကို ဆုတောင်းဖို့ပဲ တတ်နိုင်ခဲ့တယ်။ တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ ရတယ်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဒါကို ဖတ်ပြီး ကျွန်မ စိတ်ထဲမှာ အရမ်းခံစားရတယ်။ အရမ်းနေမကောင်းဖြစ်နေတဲ့အချိန်မှာ ရုတ်တရက် ဆေးစွမ်းကောင်းတစ်ခွက် သောက်လိုက်ရသလိုပဲ။ ကျွန်မက ယုံကြည်ခြင်းနဲ့ ခွန်အားနဲ့ ပြည့်သွားတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်တော့ ဘုရားနောက်ကိုလိုက်တာဟာ မလွယ်ဘူး၊ လူတိုင်းက နာကျင်မှုနဲ့ ဒုက္ခတွေကို ကြုံရမယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မ ကိုယ်ခန္ဓာက ဒုက္ခခံနေရပေမဲ့ ဒါက ဘုရားကို ကျွန်မခဏခဏဆုတောင်းပြီး အမှီပြုအောင်လို့ လှုံ့ဆော်ပေးနိုင်တယ်။ ကျွန်မက ဒုက္ခခံရလေလေ၊ သမ္မာတရားကို ရှာဖို့ စိတ်ပါလေလေပဲ။ ဒီလိုနဲ့ ဘုရားရဲ့ အချုပ်အခြာအာဏာကို နည်းနည်းသိလာသလို ဘုရားနဲ့ ကျွန်မဆက်ဆံရေးက ပိုရင်းနှီးလာပြီး ဘုရားနောက်ကိုလိုက်ဖို့ ပိုပြီး စိတ်ခိုင်မာလာတာတောင် သတိမထားမိလိုက်ဘူး။ ငယ်ငယ်တည်းက သခင့်ကို ယုံကြည်ခဲ့တယ်ဆိုပေမဲ့ ကျွန်မက သူပေးတဲ့ ကျေးဇူးတော်၊ ကောင်းချီး၊ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတွေကို ခံစားဖို့ပဲ သိခဲ့တယ်။ ဘာနာကျင်မှု၊ စမ်းသပ်မှုတွေကိုမှ တစ်ခါမှ မကြုံဖူးဘူး။ လူတွေအကြောင်းသိဖို့ မပြောနဲ့။ သခင့်အကြောင်းတောင် ဘာမှ မသိဘူး။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့ ဒီဖိနှိပ်မှုနဲ့ ဆင်းရဲဒုက္ခတွေကနေ နည်းနည်း ဒုက္ခခံရပေမဲ့ လူတွေကို ပိုင်းခြားသိမြင်တတ်လာတယ်။ သင်းအုပ်တွေ၊ အကြီးအကဲတွေရဲ့ အကျည်းတန်တဲ့၊ လှည့်စားတဲ့၊ ဘုရားကို အာခံတဲ့ မျက်နှာတွေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ အရင်တုန်းက သင်းအုပ်တွေက ကျမ်းစာကိုရှင်းပြနိုင်ပြီး ကျွန်မတို့အတွက် ဆုတောင်းပေးနိုင်တာကို မြင်တော့ သူတို့က ကျွန်မတို့ကို ဂရုစိုက်တယ်၊ ကျမ်းစာကို နားလည်ပြီး ဘုရားကို သိတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ သခင်ယေရှုပြန်ကြွလာပြီလို့ သူတို့ကြားတဲ့အခါမှာ ရှာဖွေ၊ စူးစမ်းချင်စိတ်မရှိကြဘူး။ ယုံကြည်သူတွေက ဘုရားအမှုတော်ကို စုံစမ်းတာကိုလည်း သူတို့က တားဆီးကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို စွန့်ပစ်အောင် ကျွန်မကို တိုက်ခိုက်ပြီး အကျပ်ကိုင်ဖို့ ရွာဓလေ့တွေနဲ့ ရွာသားတွေကို အသုံးပြုတယ်။ သူတို့တွေက ကြောင်သူတော်ဖာရိရှဲတွေပဲဆိုတာ ကျွန်မမြင်ပြီး သူတို့ကို လုံးဝ ငြင်းပယ်ခဲ့တယ်။ နာကျင်ပြီး စိတ်ဓာတ်ကျတဲ့ အဲဒီနေ့တွေကို ပြန်စဉ်းစားကြည့်တော့ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုမရှိရင် ဒီမကောင်းဆိုးဝါးတွေကြောင့် ကျွန်မ ရူးသွားနိုင်တယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ပဲ ဒီအခက်အခဲတွေအားလုံးကို ကျော်လွှားခဲ့တာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ တကယ်ကျေးဇူးတင်တယ်။ အချိန်နည်းနည်းကြာတော့ မြန်မာမှာ အင်တာနက်က ပြန်ရလာတယ်။ တခြားအသင်းသားတွေကို ကျွန်မ ဆက်သွယ်ခဲ့ပြီး သူတို့နဲ့ စုဝေးတယ်။ ဒါပေမဲ့ သင်းအုပ်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဖိနှိပ်မှုက ပိုတောင် ဆိုးလာတယ်။
၂၀၂၂၊ ဇန်နဝါရီလရဲ့ နေ့တစ်နေ့မှာ သူတို့က ရွာအစည်းအဝေးလုပ်တယ်။ လူအယောက်သုံးရာလောက် တက်ကြတယ်။ သူတို့က ယုံကြည်သူတွေဖြစ်တဲ့ ကျွန်မတို့ ဆယ့်လေးယောက်ကို နေပူကျဲတဲထဲမှာ ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောတယ်။ “ဒီရွာမှာ အယူဝါဒနှစ်ခု ရှိလို့မရဘူး။ မင်းတို့ အနန္တတန်ခိုးရှင် ဘုရားသခင် နောက်လိုက်တွေ ရွေးချယ်လို့ရအောင် ဒီအစည်းအဝေးကို ခေါ်လိုက်တာ။ ဒီတစ်ရွာလုံးကိုယ်စား ငါ မင်းတို့ကို မေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ယုံမှာလား။ အသင်းတော်ဆီ ပြန်လာမှာလား” တဲ့။ ကျွန်မတို့ကို တစ်ယောက်ချင်း ကြိုးစားပြီး အယုံသွင်းဖို့အတွက် ကျွန်မတို့ ဆွေမျိုးတွေကို သူတို့က ခေါ်တယ်။ အစ်ကို အီဝမ်ရဲ့ အဖေက ရွာလူကြီးတစ်ယောက်ဖြစ်ပြီး သူ့ကို ဒူးထောက်ပြီး ဝန်ချဖို့ ဖိအားပေးတယ်။ အီဝမ်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ ဘာမှမမှားဘူးလို့ပြောပြီး ဒူးထောက်ဖို့ ငြင်းတယ်။ သူ့အဖေက စိတ်ဆိုးပြီး ပြောတယ်။ “မင်းမိဘတွေယုံတဲ့အရာဆို ဘာဖြစ်ဖြစ် မင်း ယုံသင့်တယ်။ ငါတို့ကို နားမထောင်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံနေတော့ မင်းက ငါတို့ကို စွန့်ပစ်နေတာမဟုတ်ဘူးလား” တဲ့။ အီဝမ်က ပြန်ပြောတယ်။ “ကျွန်တော်က ဘုရားကို ယုံကြည်တယ်။ အဖေတို့ကို စွန့်ပစ်တယ်လို့ ဘယ်တုန်းက ပြောလို့လဲ။ ကိုယ့်မိဘတွေကို ချစ်ပေမဲ့ ကိုယ့်ဖန်ဆင်းရှင်ဖြစ်တဲ့ ဘုရားကို ပိုချစ်တယ်” တဲ့။ သူ့အဖေက အရင်ကထက်တောင် ပိုစိတ်ဆိုးပြီး အော်ပြောတယ်။ “မင်းက ငါ့သား။ မင်းနဲ့ပတ်သက်သမျှကို ငါ့လက်ထဲမှာ ကိုင်ထားတာ။ ငါ့ကို ဒီလိုပုံစံနဲ့ စကားပြောတာ ခွင့်မပြုဘူး” တဲ့။ ဒါကို ကြည့်တော့ ဒီလူတွေမာနကြီးတာက ကျွန်မအတွက် ပိုပြီးတော့တောင် ရှင်းသွားတယ်။ သူတို့က သခင့်ကို ယုံပေမဲ့ သူ့ကို မကြောက်ရွံ့သလို ချီးမြှင့်မြှောက်စားတာလည်း မရှိဘူး။ အဲဒီမှာ အစိုးရအရာရှိတစ်ယောက်ကပြောတယ်။ “တရုတ်နိုင်ငံက လူတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံခွင့်မပေးဘူး။ ယုံတဲ့သူတွေကို ဖမ်းတယ်။ ငါတို့က ဒီမှာ ငါတို့ဘာသာ စစ်ဆေးဖို့ စီစဉ်ထားတာ။ ဘယ်သူက မင်းတို့ကို ဒီယုံကြည်ခြင်းရှိအောင် လုပ်တာလဲ။ မင်းတို့ ခေါင်းဆောင်က ဘယ်သူလဲ” တဲ့။ ကျွန်မတို့က ခေါင်းဆောင်မရှိဘူးလို့ အားလုံးက ပြောကြတယ်။ အဲဒီမှာ တခြားအရာရှိတစ်ယောက်က ကျွန်မတို့ကို အဖြေပေးဖို့ ဖိအားပေးပေမဲ့ ခေါင်းဆောင်မရှိဘူးလို့ပဲ ကျွန်မတို့က ဆက်ပြောတယ်။ အဲဒီအချိန်မှာ ခရိုင်အုပ်ချုပ်ရေးအရာရှိတစ်ယောက်က မေးတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ ဘာကိုပြောတာလဲ” တဲ့။ ကျွန်မက ပြန်ပြောလိုက်တယ်။ “မသိဘူးလား။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဖန်ဆင်းခြင်းသခင်၊ ရှင့်ကို ဖန်ဆင်းခဲ့တဲ့ သခင်ကိုယ်တိုင်ပဲ” ပေါ့။ ဒါကို ကြားတော့ သူက ဒေါသထွက်သွားပြီး ကျွန်မတို့ကို နောက်ဆုံးရွေးချယ်မှုလုပ်ဖို့ ပြောတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ယုံဖို့ ရွေးတဲ့သူတွေက “ဆက်လုပ်မယ်” လို့ ပြောရမှာဖြစ်ပြီး မယုံတော့မယ့်သူတွေက “စွန့်ခွာမယ်” လို့ ပြောရမှာ။ ကျွန်မတို့က “ဆက်လုပ်မယ်” လို့ ရွေးရင် ကျွန်မတို့ကို ကိုင်တွယ်ဖို့ အထက်ကို တင်ပြခံရမှာ။ “ဆက်လုပ်မယ်” လို့ ရွေးတဲ့သူတွေက ရွာကနေထွက်ရမယ်၊ ဒါပေမဲ့ “စွန့်ခွာမယ်” လို့ ရွေးတဲ့သူတွေက နေလို့ရပြီး အသင်းတော်ကို ပြန်လာလို့ရတယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကပြောတယ်။ အဲဒီအချိန်မှာ သူတို့က ကျွန်မတို့ ဆုံးဖြတ်ချက်တွေကို တစ်ယောက်ချင်း ပြောခိုင်းတယ်။ ကျွန်မရှေ့မှာ ရပ်နေတဲ့ အစ်မသုံးယောက်က ဖိနှိပ်ခံရမှာကြောက်ပြီး “စွန့်ခွာမယ်”လို့ ရွေးကြတယ်။ ကျွန်မအလှည့်ရောက်တော့ ကျွန်မကလေးကို ကျောပိုးထားတဲ့ ကျွန်မအမေက “စွန့်ခွာ” ဖို့နဲ့ ယုံကြည်တာကို ရပ်ဖို့ အော်ပြောတယ်။ အဲဒီအချိန်တုန်းက ကျွန်မအမေနဲ့ ကလေးကို မြင်ရတာ အရမ်းနာကျင်ရတယ်။ ကျွန်မ အဖမ်းခံရရင် ဘာဖြစ်မလဲ ကြောက်မိတယ်။ ကျွန်မအမေအတွက် ကျွန်မကလေးကို စောင့်ရှောက်ဖို့ တော်တော်ခက်မှာပဲ။ အဲဒါနဲ့ ကျွန်မကို ယုံကြည်ခြင်းပေးဖို့ ဘုရားကို တောင်းလျှောက်ရင်း ဆုတောင်းလိုက်တယ်။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်အမှတ်ရတယ်။ “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၇-၃၈) “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၅:၁၀) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်က၊ ‘ဘုရားသခင်သည် လူသား၏ အသက် အရင်းအမြစ်ဖြစ်သည်’ ဟု ပြောခဲ့သည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းတို့သည် လူအားလုံးအား ဤအရာကို သိခွင့်ပေးရန် ရည်ရွယ်ပေသည်- ကျွန်ုပ်တို့၏ အသက်များနှင့် ကျွန်ုပ်တို့ ဝိညာဉ်များသည် ဘုရားသခင်ထံမှ လာသည်၊ ထိုအရာများကို ဘုရားသခင်က ဖန်ဆင်းသည်။ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့် သဘာဝမှ သေချာပေါက် မဟုတ်ပေ။ ထိုအရာများကို ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကိုသာ မိဘများမှ မွေးဖွားခြင်း ဖြစ်သော်လည်း ထိုအရာပင်လျှင် ဘုရားသခင်၏ အစီအစဉ်များမှ လာသည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းထားပြီး လူတို့၏ ဘိုးဘေးဘီဘင်များကို ဘုရားသခင်က ဖန်ဆင်းခဲ့သောကြောင့် ကျွန်ုပ်တို့၏ မိဘများကိုလည်း ဘုရားသခင်က ဖန်ဆင်းပြီး သဘာဝမှ ဖြစ်ပေါ်လာခြင်းမဟုတ်သည်မှာ သေချာပေသည်။ လူတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် တာဝန်များကို တာဝန်ယူဆောင်ရွက်ရန် သို့မဟုတ် အခြား မည်သည့်လူမဆိုအတွက် တာဝန်ယူရန် တာဝန်မရှိပေ။ သင်၏ တစ်ခုတည်းသော တာဝန်မှာ ဘုရားသခင်အတွက် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ရန် ဖြစ်သည်။ ဤသည်မှာ လူသားက အလုပ်သင့်ဆုံးသော အရာဖြစ်ပြီး၊ လူတစ်ဦး၏ အသက်တာထဲက ကြီးမားသော ကိစ္စရပ်များအားလုံးထဲတွင် ၎င်းတို့ အပြီးစီးစေသင့်ဆုံးသော အရာတစ်ခု ဖြစ်သည်— ယင်းသည် မိမိဘဝ၏ အဓိက အရေးကိစ္စ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ကျွန်မတို့ ကံကြမ္မာက ဘုရားလက်ထဲမှာဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့ ဘယ်မှာမွေးတယ်၊ မိဘတွေက ဘယ်သူတွေဖြစ်တယ်၊ ဘာအခက်အခဲတွေကို ကြုံရတယ် ဒါတွေအားလုံးကို ဘုရားသခင်က ဟိုးအရင်ကတည်းက သတ်မှတ်ဆုံးဖြတ်ပြီးပြီ။ ကျွန်မကလေးကို ကျွန်မက မွေးပေမဲ့ သူ့အတွက် ကျွန်မလုပ်နိုင်သမျှက အမေတစ်ယောက်အနေနဲ့ ကျွန်မတာဝန်ပဲ။ အဲဒါက သူ့ကို မွေးပေးပြီး ပြုစုစောင့်ရှောက်ဖို့ပဲ။ ဒါပေမဲ့ သူ့ကံကြမ္မာကို၊ ဒါမှမဟုတ် သူ့အပေါ် ဖြစ်ပျက်တဲ့အရာကို ကျွန်မ မပြောင်းလဲနိုင်ဘူး။ တချို့ကလေးတွေက ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ပေမဲ့ အားလုံးနဲ့အတူတူပဲ အရွယ်ရောက်လာကြတယ်။ ကျွန်မ ငယ်ငယ်တုန်းက ကျွန်မ မိဘတွေ ကွာရှင်းခဲ့သလိုပေါ့။ အခြားကလေးတွေလိုမျိုး ကျွန်မကို စောင့်ရှောက်ဖို့ အဖေ မရှိခဲ့ဘူး။ ဒါပေမဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာတာပဲ။ ကျွန်မကလေးရဲ့ အနာဂတ်ကို ဘုရားသခင်က ဆုံးဖြတ်ပါတယ်။ ကျွန်မအမေက ငယ်သေးတယ်။ ကျွန်မ မရှိရင်တောင် ကျွန်မကလေးကို စောင့်ရှောက်နိုင်ပါတယ်။ သူတို့ကို ဘုရားလက်ထဲ အပ်နှံပြီး ဘုရားရဲ့ အစီအစဉ်တွေကို နာခံရမယ်။ ဘုရားကို ယုံကြည်ပြီး ဘုရားနောက်လိုက်ဖို့၊ ဘုရားအတွက် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်မာစွာရပ်တည်ပြီး စာတန်ကို အရှက်ရစေဖို့ ရွေးချယ်သင့်တယ်လို့ ကျွန်မ ပိုပိုပြီး ခံစားမိတယ်။ အဲဒါနဲ့ ကျွန်မ ထပြောလိုက်တယ်။ “ကျွန်မ ဆက်လုပ်ပါမယ်” ပေါ့။ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောတယ်။ “ဆက်လုပ်ဖို့ ရွေးတဲ့သူတွေက မှားနေတယ်” တဲ့။ ကျွန်မ ပြန်ပြောတယ်။ “ကျွန်မက ဘုရားကို ယုံကြည်ပြီး ဘုရားနောက်လိုက်တယ်။ သူ့စကားကိုပဲ နားထောင်တယ်။ မမှားပါဘူး” ပေါ့။ အရာရှိတွေက ကျွန်မကို ဒေါသထွက်ပြီး ဆူတယ်။ သခင့်ကို စွန့်ပစ်တဲ့သူ၊ သစ္စာဖောက်လို့ ခေါ်တယ်။ ဒါပေမဲ့ စိတ်ထဲမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားအများကြီး ဖော်ပြခဲ့ပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုပြုခဲ့တယ်၊ သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း ကျွန်မ သိတယ်။ ဘုရားအသံကို ကျွန်မ ကြားပြီး သခင့်ကယ်တင်ခြင်းကို လက်ခံခဲ့တယ်။ ကျွန်မက သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်ကိုလိုက်နေတာပါ။ ဒါက ဘယ်လိုလုပ် သခင့်ကို သစ္စာဖောက်တာဖြစ်မှာလဲ။ ကျွန်မ သူတို့ကို အရမ်းကို ပြန်ချေပချင်တယ်။ ဒါပေမဲ့ သူတို့အားလုံးက ဆူညံနေတော့ အခွင့်အရေးမရလိုက်ဘူး။ အကြီးအကဲလီက ကျွန်မကို ကျေးဇူးကန်းတဲ့ကောင်မလို့ ဆဲပြီး ကျွန်မကို ရိုက်ဖို့ ပျဉ်ပြားတစ်ချောင်းကို ကောက်ကိုင်တယ်။ ကျွန်မ အရမ်းကြောက်သွားပြီး ဘုရားကို တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ ကျွန်မ အံ့ဩသွားရတာက ကျွန်မ ယောက္ခမက သူ့ကို တားဖို့ ချက်ချင်းရှေ့ထွက်လာတယ်။ ဘုရားရဲ့ ကွယ်ကာမှုအတွက် ဘုရားကို ကျေးဇူးတင်ခဲ့တယ်။ နောက်တော့ နောက်ထပ်အသင်းသားငါးယောက်က “ဆက်လုပ်မယ်” လို့ ရွေးကြတယ်။ ကျွန်မတို့က မလျှော့တာကို မြင်တော့ ကျွန်မတို့ခေါင်းဆောင်ဘယ်သူလဲဆိုတာကို ဆက်မေးကြတယ်။ ဘယ်သူမှ ပြန်မပြောဘူး။ ကျွန်မတို့က နေပူထဲမှာ အကြာကြီးဆောင့်ကြောင့်ထိုင်နေကြတာ။ မနက် ကိုးခွဲကနေ ညနေငါးနာရီအထိ၊ ခုနစ်နာရီကျော်ကို ဆက်တိုက်ပဲ။ လုံးဝ မစားရ၊ မသောက်ရဘဲ တောက်လျှောက်ထိုင်ရတာ။ ဒီဟာကြောင့် သွေးပေါင်ကျလို့ အားနည်းနေတဲ့ အစ်ကိုတစ်ယောက်က မူးလဲသွားတယ်။ သူ့မိသားစုက သူ့ကို ကူဖို့လာတယ်။ ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက သူတို့ကို ခွင့်မပြုဘူး။ သူက ပြောတယ်။ “မင်းတို့ဘုရားက တကယ့်ဘုရားဆိုရင် ဘာလို့ သူက မူးလဲသွားတာလဲ” တဲ့။ နောက်ကျတော့ ကျေးရွာအုပ်ချုပ်ရေးမှူးက အဲဒီညနေမှာ ကျွန်မတို့ကို ကျွန်မတို့ မိသားစု၊ ခြံမွေးတိရစ္ဆာန်တွေ၊ ပိုင်ဆိုင်မှုတွေကို ယူပြီး ရွာကနေ ထွက်သွားဖို့ ပြောတယ်။ ကျွန်မတို့ ထွက်သွားပြီးရင် ကျွန်မတို့အိမ်ကို မီးရှို့မယ်လို့လည်း ပြောတယ်။ ခရိုင်အုပ်ချုပ်ရေးအရာရှိကပြောတယ်။ “အချိန်ဖြုန်းမနေနဲ့တော့။ သူတို့ခေါင်းဆောင်က ဘယ်သူဆိုတာ ပြောမယ့်အစား သေသာ သေလိုက်ကြမှာ။ သူတို့ကို အိမ်ကို အရင်ပို့လိုက်။ အထက်က ဆုံးဖြတ်ဖို့ မနက်ဖြန်ကျရင် သူတို့နဲ့ပတ်သက်တဲ့အစီရင်ခံစာတွေကို အစိုးရဆီ ပို့လိုက်မယ်။ ဒါဆို သူတို့ကြောက်မှာပဲ” တဲ့။ ဒါပေမဲ့ ကျွန်မက အဲဒီလောက် မကြောက်ပါဘူး။ အရာရာက ဘုရားလက်ထဲမှာရှိတယ်၊ အထက်အရာရှိတွေက လာသည်ဖြစ်စေ၊ ကျွန်မတို့ကို ဖမ်းသည်ဖြစ်စေ အားလုံးက ဘုရားလက်ထဲမှာရှိပြီး ဘုရားက စီစဉ်တယ်ဆိုတာ ကျွန်မ သိတယ်။
တတိယနေ့မနက်မှာ အစိုးရက ကျေးရွာအုပ်စုအစည်းဝေးလုပ်တယ်။ လူ ၄၀၀ ကျော်ရှိတယ်။ ကျွန်မတို့ကို ဘုရားကို စော်ကားပြီး ဘာသာရေးစွန့်လွှတ်တဲ့ ကတိကို လက်မှတ်ထိုးဖို့ အတင်းခိုင်းမှာကို ကျွန်မ စိတ်ပူမိတယ်။ အဲဒါနဲ့ ကျွန်မတို့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်အောင် ကျွန်မတို့ကို ကာကွယ်ဖို့ ဘုရားကို တောင်းလျှောက်ရင်း ဆုတောင်းခဲ့တယ်။ အစည်းအဝေးမှာ ခရိုင်အစိုးရအကြီးအကဲက ကျွန်မတို့ကို ပြောတယ်။ “မင်းတို့အားလုံးက ငယ်သေးတယ်။ ဘာမှ နားမလည်ကြဘူး။ ငါက ဒီနေ့ မင်းတို့ကို တာဝန်ခံခိုင်းဖို့ လာတာမဟုတ်ဘူး။ ဒါပေမဲ့ အခုကစပြီး မင်းတို့မိဘတွေကို နာခံပြီး အလုပ်ကြိုးစားရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို နားထောင်ပြီး သူ့ရဲ့ ဧဝံဂေလိကို ဖြန့်တာကို ရပ်ရမယ်။ မဟုတ်ရင် ရွာနယ်မြေခေါင်းဆောင်က မင်းတို့ကို ဖမ်းပြီး အစိုးရလက်ထဲ အပ်လိမ့်မယ်။” တဲ့။ စီမံဆိုင်ရာကောင်စီက အရာရှိတစ်ယောက်က လူတိုင်းကို ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် နောက်လိုက်တွေကို စီစီပီက ဆက်ဆံတဲ့ပုံစံအတိုင်းပဲ ကျွန်တော်တို့က ဆက်ဆံမယ်။ စီစီပီက ဒီယုံကြည်သူတွေကို လိုက်ဖမ်းတယ်။ ပြီးရင် သေအောင်ရိုက်လို့ရတယ်။ ရိုက်သူက အပြစ်ဒဏ်ပြန်မခံရဘူး။ ဝါပြည်နယ်မှာ ဒီလိုပဲ လုပ်မယ်။ ဒီယုံကြည်သူတွေအားလုံး တစ်ခုခုမှားတာလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အဖမ်းခံရမယ်။ ပြီးရင် သေအောင်ရိုက်ခံရမယ်။ ရိုက်သူက အပြစ်ဒဏ်ပြန်မခံရဘူး။ ‘ဒီယုံကြည်သူတွေက ဘာအမှားမှ မလုပ်ဘူး။’ ဆိုတာမျိုး ဘယ်သူမှ ပြောလို့မရဘူး ဒါတွေက အစိုးရအမိန့်ပဲ။ ပြန်မခုခံပါနဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေကို မြင်ရင် တိုင်ပါ” တဲ့။ နောက်တော့ ကျွန်မတို့ ယုံကြည်သူတွေက သူက လက်ညှိုးထိုးပြီး လူတိုင်းကို ပြောတယ်။ “သူတို့မျက်နှာတွေကို သေချာကြည့်ကြ။ သူတို့ကို မှတ်မိထားဖို့ လိုမယ်။ ဒီလူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်။ သူတို့ စုဝေးနေတာ၊ တရားဟောနေတာမြင်ရင် တိုင်ပါ။” တဲ့။ နောက်တော့ သူက ခရိုင်စာရေးတစ်ယောက်ကို ဘုရားကို စော်ကားတဲ့စာတွေကို လူတိုင်းဆီကို ဖတ်ပြခိုင်းတယ်။ လူတွေက အစိုးရရဲ့စကားတွေ လှည့်စားတာခံရပြီး တချို့တွေက ကျွန်မတို့ကို ရွံတဲ့အကြည့်နဲ့ကြည့်တယ်။ သူတို့ပြောတာတွေကြောင့် ကျွန်မ တော်တော်စိတ်ဆိုးတယ်။ အစိုးရက ကျွန်မတို့ကို ယုံကြည်ခြင်းစွန့်လွှတ်ဖို့၊ လူတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို စူးစမ်းဖို့အတွက် ကြောက်ပြီး တွန့်ဆုတ်အောင်လုပ်ဖို့၊ ဒီလိုနဲ့ ဘုရားရဲ့ ကယ်တင်ခြင်း ဆုံးရှုံးရဖို့အတွက် ကျွန်မတို့ ယုံကြည်သူတွေကို ဖိနှိပ်နေတယ်ဆိုတာ ကျွန်မ သိတယ်။ ဒီဟာကြောင့် အဲဒီနတ်ဆိုးတွေကို ကျွန်မ ပိုပြီးတော့တောင် မုန်းတယ်။ နောက်တော့ အစိုးရက ကျွန်မတို့ကို အိမ်ပြန်ခွင့်ပေးလိုက်တယ်။ အိမ်ပြန်ရောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “စာတန်က မည်မျှပင် ‘အစွမ်းထက်’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်အဖို့ အဖြည့်ခံဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်တာက ကျွန်မ ယုံကြည်ခြင်းရတယ်။ သင်းအုပ်တွေ၊ အကြီးအကဲတွေက ကျွန်မတို့ကို ဖိအားပေးနိုင်တယ်။ အစိုးရက ကျွန်မတို့ကို ဖမ်းဆီး ဖိနှိပ်နိုင်တယ်။ ကျွန်မတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို စွန့်လွှတ်အောင် အကျပ်ကိုင်ဖို့ ကျွန်မတို့ မိသားစုတွေကို အသုံးချနိုင်တယ်။ ဒါပေမဲ့ သူတို့ ဘာပြောပြော၊ ဘာလုပ်လုပ် ဘုရားခွင့်ပြုချက်မရှိဘဲ ကျွန်မတို့ကို ဘာမှလုပ်လို့မရဘူး။ အကြီးအကဲလီက ပျဉ်ပြားနဲ့ ကျွန်မကို ရိုက်ဖို့ ကြိုးစားတုန်းကလိုပေါ့။ ကျွန်မကို မုန်းခဲ့တဲ့ ကျွန်မ ယောက္ခမက ချက်ချင်းကျွန်မအတွက် ကာကွယ်ပေးပြီး သူ့ကို တားလိုက်တယ်။ ဒါတွေအားလုံးက ဘုရားလက်ထဲမှာရှိတယ်။ အရာရာအပေါ် ဘုရားရဲ့ တန်ခိုးနဲ့ အချုပ်အခြာအာဏာကို ကျွန်မ ခံစားမိတယ်။ ပြီးတော့ သူက ကျွန်မကို စောင့်ရှောက်နေတယ်လို့ ခံစားမိတယ်။ ဘုရားသခင်က ကျွန်မရဲ့ဝိညာဉ်ရင့်ကျက်မှုအရ အခြေအနေတွေကို စီစဉ်မှန်း၊ အရမ်းလေးလွန်းတဲ့ဝန်ကို ထမ်းခိုင်းနေတာမဟုတ်မှန်း ကျွန်မ သိတယ်။ ဒီအတွေ့အကြုံတွေကတစ်ဆင့် ဘုရားအပေါ် ကျွန်မ ယုံကြည်ခြင်းက ကြီးထွားလာပြီး ဘုရားလုပ်ဆောင်သမျှက ကောင်းတယ်လို့ ခံစားမိတယ်။ ဘုရားကို အရမ်း ကျေးဇူးတင်တာပဲ။ ဒီအတွေ့အကြုံက ကျွန်မကို သင်းအုပ်တွေ၊ အကြီးအကဲတွေရဲ့ ဘုရားကိုမုန်းတဲ့၊ ဘုရားကို အာခံတဲ့သဘာဝတွေကိုလည်း ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ခိုင်မာသည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) သင်းအုပ်တွေ၊ အကြီးအကဲတွေက ကျမ်းစာကို လုံးဝ နားမလည်ဘူး။ ကျမ်းစာရဲ့ စကားတွေ၊ အယူဝါဒတွေကိုပဲ သူတို့က သင်ပေးတယ်။ သမ္မာတရားကို ရှာဖို့မပြောနဲ့၊ သခင့်ကိုတောင် လုံးဝ မကြိုဆိုဘူး။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကြုံရရက်သားနဲ့ ရှာဖွေတာ၊ စူးစမ်းတာ မလုပ်ဘူး။ သခင့်စကားကို အဓိပ္ပာယ်ကောက်လွဲပြီး ယုံကြည်သူတွေကို လှည့်စားဖို့ အယူအဆတွေ ဖြန့်တယ်။ သခင်ပြန်ကြွလာခြင်းကို ဟောတဲ့သူအားလုံးက မှားတယ်လို့ ပြောပြီး သူတို့က ယုံကြည်သူတွေကို ဘုရားအသံကို မကြားအောင်၊ သခင့်ကို မကြိုဆိုအောင် ပိတ်ပင်တယ်။ ဒါက ယုံကြည်သူတွေကို ကာကွယ်ဖို့ပါလို့တောင် ပြောတယ်။ ဒါပေမဲ့ တကယ်တမ်းက လူတိုင်းက အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကိုလိုက်ရင် ဘယ်သူမှ သူတို့ကို နားမထောင်မှာ၊ သူတို့အဆင့်အတန်းနဲ့ အသက်မွေးမှုတွေ ခြိမ်းခြောက်ခံရမှာကို ကြောက်ကြတာ။ ဒါကြောင့် သူတို့က ကျွန်မတို့ကို ဘုရားကို အတင်းစွန့်ပစ်ခိုင်းဖို့ ကြိုးစားတာပေါ့။ ကျွန်မကို ခြိမ်းခြောက်ဖို့ အသုဘ၊ မင်္ဂလာဆောင်၊ ကလေးမွေးတာ၊ အိမ်ဆောက်တာတွေရဲ့ ဓလေ့တွေကို အသုံးချပြီး ဘာသာအယူဝါဒ စွန့်လွှတ်တဲ့ ကတိကို လက်မှတ်ထိုးဖို့ အကျပ်ကိုင်တဲ့ထိတောင် လုပ်ကြတယ်။ ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို စွန့်လွှတ်အောင်လုပ်ဖို့ ကျွန်မယောက်ျားအသုဘကိုတောင် အသုံးချကြတယ်။ ကျွန်မ နားမထောင်တဲ့အခါမှာ သူတို့က အစိုးရနဲ့ ပူးပေါင်းပြီး ကျွန်မကို ဖိနှိပ်ဖို့ ရွာအစည်းအဝေးတစ်ခုလုပ်တယ်။ ဘုရားကို ကျွန်မ သစ္စာဖောက်အောင် သွေးဆောင်ဖို့ ကျွန်မ မိသားစုကို အသုံးပြုတယ်။ ကျွန်မတို့ကို ရွာကနေတောင် မောင်းထုတ်ချင်တယ်။ ကျွန်မတို့ အိမ်တွေကို မီးရှို့ပစ်ပြီး ကျွန်မတို့ကို အထက်အရာရှိတွေဆီ လွှဲပြောင်းပေးချင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မတို့ သစ္စာဖောက်ပြီး ကယ်တင်ခံရခွင့်နဲ့ ဘုရားနိုင်ငံတော်ကို ဝင်ရခွင့် ဆုံးရှုံးအောင် ကျွန်မတို့ကို ဖိနှိပ်ဖို့ အစွမ်းကုန်လုပ်တယ်။ ဒီသင်းအုပ်ဆရာတွေက တကယ်ကို အန္တရာယ်ရှိပြီး ကြမ်းတမ်းတယ်။ ဖာရိရှဲတွေကို သခင်ယေရှုက ရှုတ်ချတာကို ကျွန်မ ပြန်အမှတ်ရတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။...လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃၊ ၁၅) သိုးအုပ်ကို ကာကွယ်ယောင်ဟန်ဆောင်ပြီး သင်းအုပ်တွေ၊ အကြီးအကဲတွေက လူတွေကို ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်မခံအောင် တားဆီးတယ်။ ဘုရားကို အာခံရာမှာ လူတွေကို သူတို့နောက်လိုက်အောင် လှည့်စားပြီး နောက်ဆုံးမှာ လူတွေကို ငရဲကို ခေါ်သွားလိမ့်မယ်။ သူတို့တွေက ဘုရားနိုင်ငံတော်ကို လူတွေဝင်တာကို ပိတ်ပင်တဲ့ အသက်ရှင်နေတဲ့ နတ်ဆိုးတွေပဲ။ သူတို့တွေက ဘုရားကို အာခံပြီး လူတွေကို ထိခိုက်စေတဲ့ မကောင်းဆိုးဝါးတွေ၊ အန္တိခရစ်တွေပဲ။ သမ္မာတရားနဲ့ ဘုရားကိုမုန်းတဲ့ သူတို့ရဲ့ အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ဘုရားနောက်လိုက်ဖို့ ကျွန်မ ယုံကြည်ခြင်းမှာ ပိုပြီး တည်ကြည်ခိုင်မာလာတယ်။ သူတို့တွေ ကျွန်မကို ဘယ်လိုပဲ လှည့်စားဖို့၊ နှောင့်ယှက်ဖို့ကြိုးစားပါစေ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ စွန့်ပစ်မှာမဟုတ်ဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားကယ်တင်ခြင်းကို လက်ခံဖို့ ဘုရားပေါ်ထွန်းခြင်းကို တောင့်တတဲ့သူတွေကို ဘုရားရှေ့ကို ပိုပြီး ခေါ်ပါ့မယ်လို့ ဘုရားကို ဆုတောင်းခဲ့တယ်။ ကျွန်မတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံပြီး အွန်လိုင်းမှာ စုဝေးတာတွေကို ပိတ်ပင်ဖို့ ရွာနယ်မြေခေါင်းဆောင်က ဝန်ထမ်းတွေကို ကျွန်မတို့ ဖုန်းတွေကို သုံးရက်တစ်ခါစစ်ခိုင်းပြီး ကျွန်မတို့ဖုန်းထဲက ဖေ့ဘွတ်ကို မြင်တာနဲ့ဖျက်ပစ်တယ်။ သူတို့တွေနဲ့ အစိုးရက စောင့်ကြည့်တာကို ရှောင်ဖို့အတွက် လျှို့ဝှက်ပြီး စုဝေးနိုင်ဖို့ ကျွန်မတို့ရဲ့ ထွန်ယက်ကိရိယာတွေကို တောင်တွေပေါ်ယူသွားပြီး အလုပ်လုပ်ဟန်ဆောင်တယ်။ ရွာထဲမှာ ကျွန်မတို့ ယုံကြည်ခြင်းကို ပုံမှန် လွတ်လွတ်လပ်လပ် မပြောရဲဘူး။ ဒါပေမဲ့ ကျွန်မတို့ကို ဘယ်လိုပဲ ဖိနှိပ်ပါစေ ကျွန်မတို့က ဘုရားကို အမှီပြုပြီး တခြားရွာတွေဆီကို ဧဝံဂေလိ ဆက်ဖြန့်နေတုန်းပဲ။ ကြာလာတော့ ဧဝံဂေလိကို လူတွေ ပိုပြီး လက်ခံလာကြတယ်။ ဒါပေမဲ့ ကျွန်မ ဧဝံဂေလိ ဖြန့်နေတာကို ရွာအကြီးအကဲက သိသွားပြီး တခြားလူတွေအကြောင်း သတင်းပေးဖို့၊ ကျွန်မက ဘယ်သူတွေကို တရားဟောလဲဆိုတာ ဝန်ခံဖို့ ဖိအားပေးတယ်။ ကျွန်မက ဘာမှမပြောတော့ ကျွန်မကို ခြိမ်းခြောက်တယ်။ ကျွန်မ ယုံကြည်ခြင်းကို စွန့်လွှတ်ပြီး လူအုပ်စုထဲကို ပြန်သွားခိုင်းဖို့ ကြိုးစားတယ်။ မဟုတ်ရင် ကျွန်မကို ဖမ်းခိုင်းမယ်ပေါ့။ ပုံမှန်စုဝေးပြီး တရားဟောဖို့၊ ဖိနှိပ်ပြီး ဖမ်းဆီးခံရတာတွေကနေ လွတ်ဖို့အတွက် မြန်မာနိုင်ငံဆီကို ပြေးပြီး တခြားနိုင်ငံတစ်ခုဆီ သွားလိုက်တယ်။ အခု ကျွန်မက တခြားညီအစ်ကိုမောင်နှမတချို့နဲ့ အတူနေတယ်။ ကျွန်မတို့က မိတ်သဟာယဖွဲ့ကြတယ်။ ဧဝံဂေလိ ဖြန့်တယ်။ ဘုရားအမှုတော်ကို သက်သေခံတယ်။ ကိုယ့်ဘာသာ တော်တော်ပျော်နေတာပေါ့။ ဒါတွေအားလုံးကို ဖြတ်သန်းပြီး နာကျင်မှုနဲ့ ဖိနှိပ်မှုကို ကျွန်မ ခံခဲ့ရတယ်။ သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေအကြောင်း နည်းနည်းသိလာတယ်။ အစိုးရရဲ့ ဆိုးယုတ်မှုကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ပြီးတော့ သူတို့တွေ ကန့်သတ်တာကို မခံရတော့ဘူး။ ဘုရားရဲ့ အချုပ်အခြာအာဏာကိုလည်း နည်းနည်းသိလာပြီး ဘုရားအပေါ် ကျွန်မ ယုံကြည်ခြင်းက ကြီးထွားလာတယ်။ ဒါတွေက သက်သက်သာသာရှိတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ မရနိုင်တဲ့အရာတွေပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။