စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာရာတွင် ကျွန်မ တွေ့ကြုံခဲ့ရသည့်အရာ

21.07.2022

ဖလောရမ့်စ် အင်ဒိုနီးရှားနိုင်ငံ

ကလေးဆိုတော့ ကိုယ့်မိဘတွေ သခင့်ကိုယုံကြည်ကြတဲ့အတိုင်းပဲ ကျွန်မ လိုက်ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ ဆရာမဖြစ်လာပြီး ခရစ်ယာန်နဲ့ လူ့ကျင့်ဝတ်ပညာရေးသင်တန်းတွေ သင်တယ်။ အခုတော့ မြောက်ပိုင်းဆူမာတြားမှာ အစိုးရအလယ်တန်းကျောင်းမှာ ကျွန်မ စာသင်ပါတယ်။ ၂၀၂၀ခုနှစ်၊ မတ်လရဲ့ ညတစ်ညမှာ ကျွန်မ YouTube ဖွင့်ပြီး ကျွန်မ ကျောင်းသားတွေကို သင်ဖို့ နမူနာအနေနဲ့သုံးဖို့ တရားဒေသနာတွေကို ရှာတယ်။ ညဉ့်နက်တဲ့အထိ တရားဒေသနာတွေ အများကြီး ကြည့်တယ်။ ဒါပေမဲ့ အားလုံးက ဟောင်းနေပြီး ထပ်နေတယ်။ အလင်းမပေးဘူး။ အဲဒါတွေကို ကြည့်ပြီးတော့ ကျွန်မ ပျင်းလာတယ်။ နောက်တော့ ခရစ်ယာန်ဗီဒီယိုတစ်ခုကို ကျွန်မ တွေ့တယ်။ ဒီလောက်သာယာလိုက်တဲ့အသံ တဲ့။ ဒီဗီဒီယိုကို ကျွန်မ ချက်ချင်းအာရုံစိုက်မိသွားတယ်။ ဗီဒီယိုထဲမှာ အနန္တတန်ခိုးရှင်ဘုရားသခင်နှုတ်ကပတ်တော်တချို့ကို တွေ့ရပြီး သခင်ပြန်ကြွလာတဲ့ပုံနဲ့ပတ်သက်တဲ့ မိတ်သဟာယတချို့ကို ကြားရတယ်။ အားလုံးက ကျွန်မ အရင်က တစ်ခါမှ မကြားဖူးဘူး။ အရင်က ဝိညာဉ်ရေးရာဗီဒီယိုတချို့ကို ကြည့်ဖူးတယ်။ ဒါပေမဲ့ အခုလိုမျိုး ကိုယ့်ကို အံ့အားသင့်စေတဲ့ ဗီဒီယိုကို မကြည့်ဖူးဘူး နောက်တော့ ဘုရားရဲ့ အမည်နာမပြောင်းသွားတာလား ဆိုတဲ့ နောက်ထပ် ဗီဒီယိုတစ်ခုကို တွေ့တယ်။ ဒါကို ကျွန်မ သိချင်သွားတယ်။ အဲဒါနဲ့ အဆုံးထိ ကြည့်လိုက်တာပေါ့။ အဲဒီညမှာ ဗီဒီယိုထဲမှာ ကျွန်မ ကြည့်ခဲ့တာကို စဉ်းစားရင်းနဲ့ လုံးဝ အိပ်မပျော်ဘူး။ ဘုရားရဲ့ အမည်နာမက တကယ် ပြောင်းသွားတာလား။ ကျွန်မ အရမ်းကို သိချင်ခဲ့တယ်။ ဒါက ဇာတ်လမ်းသက်သက်ပဲလား။ ဗီဒီယိုက ပြောတာက မှန်သလား။ ဘုရားက တကယ် ပြန်လာခဲ့ပြီလားပေါ့။ သူတို့ဖတ်တဲ့ စကားတွေက တကယ်ပဲ ဘုရားနှုတ်ကပတ်တော်တွေလားပေါ့။ ဘုရားပြန်ကြွလာပြီး သူ့အမည်နာမက ပြောင်းသွားတာ ကျွန်မက လွဲချော်သွားရင် တော်တော်ဆိုးမှာမဟုတ်ဘူးလား။ ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖို့ ကျွန်မ အရမ်းစိတ်လောနေတယ်။

နောက်ပိုင်းမှာ ကပ်ရောဂါကြောင့် ကျွန်မ အိမ်မှာပဲ အလုပ်လုပ်ခဲ့ရတယ်။ အဲဒီတော့ အွန်လိုင်းက ဒီဗီဒီယိုတွေကို ကြည့်ဖို့ အချိန်တွေအများကြီးရှိသွားတာပေါ့။ ကျွန်မ တော်တော်ပျော်တယ်။ ဘာကြောင့်လဲဆိုရင် ဒီလောက်ကောင်းတဲ့ ခရစ်ယာန်ဗီဒီယိုတွေကို အရင်က မကြည့်ဖူးဘူးလေ။ သူများတွေ မြင်နိုင်အောင်လို့ ကျွန်မရဲ့ ဖေ့ဘွတ်ပေါ်မှာ ဒီဗီဒီယိုတွေကို ရှယ်တယ်။ လူတော်တော်များများက ကြိုက်တယ်လို့ ကွန်မန့်ပေးကြတယ်။ ဒါပေမဲ့ ကွန်မန့်တွေထဲမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို တိုက်ခိုက်တဲ့ စကားတချို့လည်း တွေ့ရတယ်။ သင်းအုပ်တစ်ယောက်က အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အကြောင်း ဘာပို့စ်မှ မတင်ဖို့ ကျွန်မကို အကြံပေးတယ်။ အရင်က ဒီဗီဒီယိုတွေအားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဆီကမှန်း ကျွန်မ မသိဘူး။ သင်းအုပ်ဆရာက ပြောမှ ကျွန်မ သတိထားမိတာ။ သိချင်စိတ်ဖြစ်ပြီးတော့ အင်တာနက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ရှာလိုက်တယ်။ “နိုင်ငံတော်သက်ဆင်းကြွရောက်ခြင်း၏ ဧဝံဂေလိတရားတော်” ဆိုတဲ့ ဝဘ်ဆိုဒ်ကို တွေ့တယ်။ ဝဘ်ဆိုဒ်က အကြောင်းအရာတွေကို ကျွန်မ စဖတ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်တချို့ကို တွေ့တယ်လေ။ “နိုင်ငံတော်တွင် ဖန်ဆင်းခြင်းနှင့်သက်ဆိုင်သည့် အသင်္ချေများလှသော အရာများသည် စတင်နိုးထလာကြပြီး၊ ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည်လည်း စတင် ရွေ့လျားလာကြသည်။ ကုန်းမြေသည် ကုန်းမြေမှ ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို တစ်စစီဖြစ်အောင် ချေမှုန်းပစ်မည့် အချိန်လည်းဖြစ်သည်ဟု ယခင်က ငါသည် ပရောဖက်ပြုခဲ့ဖူးသည်။ ဤအချိန်တွင် ငါသည် ဖန်ဆင်းခံ လောကတစ်ခုလုံးကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည် ပိုင်းကန့်မည် ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို အစီအစဉ်တကျ ဖြစ်စေမည် ဖြစ်ပြီး၊ ဟောင်းသောအရာကို ပြောင်းလဲကာ အသစ် ဖြစ်စေမည်။ ဤသည်မှာ ငါ၏အစီအစဉ် ဖြစ်ပြီး ဤအရာများမှာ ငါ၏အမှုများပင် ဖြစ်သည်။ ကမ္ဘာကြီး၏ တိုင်းနိုင်ငံများနှင့် လူမျိုးအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ ပြန်လာသောအခါ၊ လူ့လောကသည် ငါ၏ကျေးဇူးကြောင့် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေစေရန် ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်။ သို့သော်လည်း လောကဟောင်း ဆက်လက် တည်ရှိနေသရွေ့၊ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)) ဒီနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို လှုပ်ခါခဲ့ပြီး ကျွန်မ တုန်လှုပ်သွားမိတယ်။ ဒီစကားတွေရဲ့ သြဇာအာဏာကြောင့် ကျွန်မ အံ့အားသင့်သွားတယ်။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုန်းအာနုဘော်တစ်ခုက အဲဒီထဲမှာရှိတယ်။ ဒီစကားတွေမှာ သြဇာအာဏာနဲ့ တန်ခိုးရှိတယ် ဒါတွေကို ဘယ်လူသားကမှ မပြောနိုင်တော့ ဘုရားဆီကလာပုံရတယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါဟာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်ပဲ။ တစ်ချိန်တည်းမှာပဲ နည်းနည်းမရှင်းမလင်းဖြစ်နေတယ်။ ကျွန်မ တွေးတယ်။ “ဒီဗီဒီယိုတွေထဲက သရုပ်ဆောင်တွေအားလုံးက တရုတ်တွေပဲ။ ဒီတော့ ဒီရုပ်ရှင်တွေကို တရုတ်လူမျိုးတွေက လုပ်တာလားပေါ့။ တရုတ်နိုင်ငံက ဘုရားမဲ့ပါတီက အုပ်ချုပ်တဲ့ နိုင်ငံပဲလေ။ တရုတ်လူမျိုးတွေက ပုံမှန်အားဖြင့် အမွှေးနံ့သာတွေထွန်းပြီး ဗုဒ္ဓနဲ့ ဆင်းတုတွေကို ကိုးကွယ်တယ်။ သခင်က တရုတ်နိုင်ငံမှာ ပြန်လာနိုင်သလား။ ဒီစကားတွေက တကယ်ပဲ ဘုရားနှုတ်ကပတ်တော်တွေလား” ပေါ့။ ကျွန်မ တော်တော်ခေါင်းရှုပ်သွားတယ်။ ခေါင်းရှုပ်လာလေလေ၊ ဘာတွေဖြစ်နေသလဲဆိုတာ နားလည်ချင်လေလေပဲ။ အဲဒါနဲ့ ဝဘ်ဆိုဒ်မှာပြထားတဲ့ ဆက်သွယ်ရန် အချက်အလက်ကနေတစ်ဆင့် အစ်မတစ်ယောက်နဲ့ ချိတ်ဆက်မိတယ်။ သူက ကျွန်မကို အစည်းအဝေးတစ်ခုဆီသွားချင်လားလို့ မေးတယ်။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ သမ္မာတရားအကြောင်း ပိုသိချင်တယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ သူက အွန်လိုင်းအစည်းအဝေးအဖွဲ့တစ်ခုမှာ ကျွန်မကို ထည့်ပေးလိုက်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း ကျွန်မကို ဖတ်ပြပြီး ဘုရားရဲ့ လူ့ဇာတိခံယူခြင်း နက်နဲမှုတွေနဲ့ ဘုရားရဲ့ အမှုတော်အဆင့်သုံးဆင့်အကြောင်းကို မိတ်သဟာယဖွဲ့ပေးတယ်။ သူ့မိတ်သဟာယကို ဂရုစိုက်နားထောင်ပြီး ကျွန်မ ခေါင်းရှုပ်နေတာတွေရဲ့ အဖြေကို တွေ့သွားတယ်။ ပြီးတော့ အံ့သြစရာကောင်းတဲ့ သတင်းကောင်းတွေကိုလည်းရတယ်။ သခင်က တကယ်ပဲ ပြန်ကြွလာပြီ၊ လူ့ဇာတိနဲ့ ကြွလာတယ် တဲ့။ စိတ်လှုပ်ရှားနေမှာပဲနော်။ ဒါပေမဲ့ သိပ်မကြာဘူး။ ဘာသာရေးထဲက သင်းအုပ်ဆရာတစ်ယောက်က နှောင့်ယှက်တားဆီးတာကို ထပ်ခံရတယ်။

ဖေ့ဘွတ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို တိုက်ခိုက်ထားတဲ့ စကားတချို့ကို သင်းအုပ်က ကျွန်မဆီပို့ပေးတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က မိစ္ဆာဒိဌိဖြစ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားနှုတ်ကပတ်တော်တွေလို့ ပြောတယ်။ ဒါပေမဲ့ ဒီစကားတွေက ကျမ်းစာထဲမှာမပါဘူး။ ခရစ်ယာန်အနေနဲ့ ကျမ်းစာအပြင် ဘုရားနှုတ်ကပတ်တော်မရှိဘူးဆိုတာ သိဖို့လိုတယ်။ အခုသူတို့နဲ့ဝေးဝေးနေပါ” တဲ့။ အဖွဲ့ထဲက တခြားညီအစ်ကိုမောင်နှမတွေလည်း သင်းအုပ်ဆရာဆီက စာတွေရတယ်။ ကျွန်မနဲ့ အရင်က တည့်ခဲ့တဲ့ လူတချို့က သင်းအုပ်ပြောတာနားထောင်ပြီးတဲ့နောက် အစည်းအဝေးအဖွဲ့ကနေ ထွက်ပြီး ကျွန်မကိုလည်း ထွက်ဖို့ အကြံပေးတယ်။ အစတော့ ကျွန်မ တကယ်ကို စိတ်ရှုပ်ထွေးနေတာ။ ကျွန်မ စဉ်းစားတာပေါ့။ “သူက သင်းအုပ်ဖြစ်ပြီး ကျမ်းစာကို ငါ့ထက်ပိုသိတယ်။ သူပြောတာ မှန်များနေမလား” ပေါ့။ အဲဒါနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က မိစ္ဆာဒိဌိဟုတ်မဟုတ်ဆိုတာကို ကျွန်မ အဖြေရှာချင်ခဲ့တာပေါ့။ သင်းအုပ်ပြောတာကို ပေါ့ပေါ့တန်တန် မယုံခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့ပြီး ဒီနှုတ်ကပတ်တော်တွေက တကယ်ပဲ သမ္မာတရားဖြစ်တယ်လို့ ခံစားမိလို့လေ။ နှုတ်ကပတ်တော်တွေမှာ သြဇာအာဏာပါပြီး ဘုရားရဲ့အသံနဲ့တူတယ်။ ဒါပေမဲ့ ဒီနှုတ်ကပတ်တော်တွေက တကယ်ပဲ ကျမ်းစာထဲမှာ မပါတော့ ဘာဖြစ်နေတာလဲပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က အစ်မအယ်လ်ဆာနဲ့ ကျွန်မ ရှာဖွေတယ်။ သူက ကျွန်မဆီကို ကျမ်းစာထဲက ကျမ်းပိုဒ်တစ်ခုပို့တယ်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းထဲက အခန်းကြီး ၂၁၊ အငယ် ၂၅ ပါ။ “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” အစ်မအယ်လ်ဆာက ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ “ဒီကျမ်းပိုဒ်ကနေ သခင်ယေရှုရဲ့ စကားတွေနဲ့ လုပ်ဆောင်မှုတွေက ကျမ်းစာထဲမှ အပြည့်အဝမှတ်သားမထားဘူးဆိုတာ ကျွန်မတို့ မြင်နိုင်တယ်။ အဲဒီအချိန်တုန်းက တမန်တော်ယောဟန်က သခင်ယေရှုနဲ့အတူရှိပြီး ကျမ်းစာထဲမှာရေးချထားတာထက်ပိုများတဲ့ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို သူ ကြားခဲ့ရတယ်။ အခု ဒါကို စဉ်းစားကြည့်ရအောင်။ သခင်ယေရှုအလုပ်လုပ်တုန်းက တရားဒေသနာတွေကို အနည်းဆုံး သုံးနှစ်ဟောခဲ့တယ်။ သူက နေ့တိုင်း တစ်နာရီကြာစကားပြောခဲ့ရင် သုံးနှစ်ကျော်မှာ ဘယ်လောက်ပြောခဲ့မလဲ။ ရေတွက်လို့မရအောင် များမယ်။ သူ့နှုတ်ကပတ်တော်တွေက ကျမ်းစာမှာ မှတ်တမ်းတင်ထားတာအကုန်ပဲဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ တကယ်တော့ ကျမ်းစာထဲက ဘုရားနှုတ်ကပတ်တော်တွေက အရမ်းနည်းပါတယ်။ ဒါတွေက အဲဒီအချိန်ကာလအတွင်း သေချာပေါက် ဘုရားပြောထားတာအကုန်လုံး မဟုတ်ပါဘူး။ ဒါက ငြင်းလို့မရနိုင်တဲ့ အမှန်တရားပဲ။ သင်းအုပ်ကပြောတယ်။ ကျမ်းစာအပြင် ဘုရားနှုတ်ကပတ်တော်တစ်ခုမှမရှိဘူးဆိုပဲ။ ဘာကို အခြေခံပြီး သူက ဒီလိုပြောတာလဲ” တဲ့။ ကျွန်မက ဒါကိုကြားပြီး တွေးတယ်။ “ဟုတ်တယ်။ သင်းအုပ်ပြောတာက အချက်အလက်တွေနဲ့ မညီဘူး။ မှားနေတာပဲ” ပေါ့။ ကျမ်းစာကို ဖတ်ပြီးပြီ။ ဒါပေမဲ့ ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ ဒီအပိုဒ်ကို လုံးဝ အာရုံမစိုက်ခဲ့ဘူး။ အဲဒီအခါကျမှ ကျမ်းစာထဲမှာ ဘုရားနှုတ်ကပတ်တော်အားလုံးမရှိတာကို ဒီအပိုဒ်က ကျွန်မကိုတို့ကို ပြောပြထားပြီးပြီဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ နောက်တော့ အစ်မအယ်လ်ဆာက နောက်ထပ်ကျမ်းပိုဒ်သုံးလေးခုထပ်ပို့တယ်။ ရှင်ယောဟန် ၁၆:၁၂-၁၃ ကို ပို့လိုက်တယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” ပြီးတော့ ဗျာဒိတ်ကျမ်းထဲက အပိုဒ်တချို့ကိုပို့တယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇)ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။ အားကြီးသောကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။ ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။ ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။(ဗျာဒိတ်ကျမ်း ၅:၁-၅) ကျမ်းပိုဒ်တွေကို ကျွန်မတို့ ဖတ်ပြီးတဲ့နောက်မှာ အစ်မအယ်လ်ဆာက မိတ်သဟာယဖွဲ့တယ်။ “သခင်ယေရှုရဲ့ စကားတွေက အရမ်းရှင်းပါတယ်။ သူက ကျွန်မတို့ကို ပြောဖို့ အများကြီးရှိသေးတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက လူတွေရဲ့ ဝိညာဉ်ရင့်ကျက်မှုက ဒါကိုလက်ခံဖို့ အရမ်းနုသေးတယ်။ ဒါကြောင့် သမ္မာတရား ဝိညာဉ်တော်က ကျွန်မတို့ကို သမ္မာတရားအားလုံးထဲကို ခေါ်ဆောင်ဖို့ နောက်ဆုံးသောကာလမှာ ကြွလာမယ်။ ဒါက သခင်ယေရှု ပြန်ကြွလာရင် သူက နောက်ထပ်သမ္မာတရားတွေဖော်ပြပြီး ဖြစ်လာမယ့်အရာတွေကို ပြောပြမယ်ဆိုတဲ့ သဘောပဲ။ ဒါဟာ ဘုရားမှာ ကျမ်းစာအပြင် အမှုတော်၊ နှုတ်ကပတ်တော်အသစ်တွေရှိတာကို သက်သေပြတယ်။ ဒါကြောင့် လူတွေက ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာရှိတယ်။ ကျမ်းစာအပြင် ဘုရားနှုတ်ကပတ်တော်၊ အမှုတော်တစ်ခုမှမရှိဘူးလို့ ဘယ်လိုပြောနိုင်တာလဲ။ ဒါက ဘုရားနှုတ်ကပတ်တော်ကို ငြင်းဆန်တာမဟုတ်ဘူးလား” တဲ့။ သူ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ နားလည်သွားတယ်။ သင်းအုပ်က ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်က ကျမ်းစာမှာပဲ ကန့်သတ်ထားတယ်လို့ သတ်မှတ်တာဟာ မှားတယ်၊ ဘုရားဟာ နောက်ဆုံးသောကာလမှာ ကျမ်းစာမှာ မှတ်တမ်းတင်ထားတာထက် အများကြီးပိုများတဲ့ စကားတွေထပ်ပြောမှာ။ ဗျာဒိတ်ကျမ်းမှာ ပိတ်ထားတဲ့စာစောင်ကို ဘယ်သူမှ မဖွင့်ဖတ်နိုင်ဘူးလို့ ပြောထားတယ်။ ဒီတော့ စာစောင်က ကျမ်းစာမဟုတ်ဘူးဆိုတာ ရှင်းတယ်။ ဘာကြောင့်လဲဆိုရင် ကျမ်းစာကို ကျွန်မတို့ နေ့တိုင်းဖတ်နိုင်တယ်လေ။ သခင်ယေရှု ပြန်ကြွလာတဲ့အခါမှာသူက စာစောင်ကိုဖွင့်ပြီး အဲဒီထဲက အကြောင်းအရာတွေကို ကျွန်မတို့ကို ပြောပြမယ်။ ဘုရားဟာ ကျမ်းစာအပြင် နှုတ်ကပတ်တော်အသစ်တွေကိုပြောမယ်ဆိုတာ ဒီဟာကြောင့် ကျွန်မ ရှင်းသွားတယ်။

နောက်တော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မတို့ ဖတ်ကြတယ်။ “သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁))ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ ယေဟောဝါသည် ပညတ်တော်ခေတ်တွင် ဓမ္မဟောင်း ပညတ်တရားကို ချမှတ်ခဲ့ချိန်တွင်၊ ကျေးဇူးတော်ခေတ်၏အမှုကို အဘယ်ကြောင့် သူ မလုပ်ဆောင်ခဲ့သနည်း။ သူသည် အဘယ်ကြောင့် ကျေးဇူးတော်ခေတ်၏အမှုကို ကြိုတင်၍ ရှင်းသွားစေဖို့ မပြုခဲ့သနည်း။ ဤအရာက ယင်းကို လူသား လက်ခံရန် အထောက်အကူ ပြုခဲ့မည်မဟုတ်လော။ သားယောက်ျားလေးတစ်ဦး မွေးဖွားကာ တန်ခိုးအာဏာ ရှိလာလိမ့်မည်ဟုသာ သူက ပရောဖက် ပြုခဲ့သော်လည်း၊ ကျေးဇူးတော်ခေတ်၏ အမှုကို ကြိုတင် ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း) ကျမ်းစာက သမိုင်းစာအုပ်တစ်အုပ်သက်သက်ပဲဆိုတာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားတယ်။ ကျမ်းစာထဲမှာ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ ဘုရား ဆောင်ရွက်တဲ့ အမှုတော်နှစ်ဆင့်ကို မှတ်တမ်းတင်ထားတယ်။ ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းနှစ်ခုလုံးကို ဘုရားရဲ့အမှုတော်ပြီးတဲ့နောက် နှစ်များစွာကြာပြီးမှ လူတွေက စုစည်းခဲ့ကြတာ။ ဘုရားက အမှုပြုပြီးတဲ့နောက်ကျမှ အဲဒီမှတ်တမ်းတွေက ကျမ်းစာထဲမှာ ပေါ်လာတာ။ ဒါကြောင့် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်နဲ့ အမှုတော်က ကျမ်းစာထဲမှာ ကြိုပြီး မှတ်တမ်းတင်မထားနိုင်ဘူး။ ကျွန်မတို့က ဘုရားကို ကျမ်းစာမှာပဲ ကန့်သတ်ထားပြီး ကျမ်းစာအပြင် ဘုရားနှုတ်ကပတ်တော်မရှိဘူးလို့ထင်ရင် ဒါက အရမ်းကို အဓိပ္ပာယ်မရှိတဲ့ အမြင်ပဲ။ သခင့်ကို ကျွန်မ ဆယ်စုနှစ်တွေကြာတဲ့အထိ ယုံကြည်ခဲ့ပေမဲ့ အဲဒီအခါကျမှ ကျမ်းစာကဘာလဲဆိုတာ ကျွန်မ နားလည်သွားတယ်။ နောက်တော့ အစ်မအယ်လ်ဆာက ဆက်ပြီး မိတ်သဟာယဖွဲ့တယ်။ သူကပြောတယ်။ “ဘုရားသခင်က အသက်ရဲ့ အရင်းအမြစ်ပဲ။ သူ့နှုတ်ကပတ်တော်တွေက အဆုံးမရှိ အနန္တဖြစ်ပါတယ်။ ဖန်ဆင်းခြင်းကနေ လက်ရှိအချိန်အထိ ဘုရားက လူတွေကို ထောက်ပံ့ပြီး ကယ်တင်ဖို့ အမြဲတမ်း စကားပြော၊ အလုပ်လုပ်နေတယ်။ ဦးဆောင်နေပါတယ်။ ကျမ်းစာဆိုတာ ထားလိုက်တော့။ ဘုရားရဲ့အမှုတော်ဟာ ဘယ်လူ၊ ဘယ်အရာရဲ့ ကန့်သတ်ခြင်းမှ မခံရပါဘူး။ ဘုရားသခင်က သူ့ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်နဲ့ လူသားရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး နှုတ်ကပတ်တော်အသစ်တွေပြောတယ်။ အမှုအသစ်ကို လုပ်တယ်။ သူ့ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်က ဘယ်တော့မှ မထပ်ပါဘူး။ ပညတ်တော်ခေတ်မှာ ယေဟောဝါဘုရားသခင်က လူတွေ ကမ္ဘာပေါ် အသက်ရှင်ရာမှာ ဦးဆောင်ဖို့ ပညတ်တော်ကို ပြဌာန်းပြီး နှုတ်ကပတ်တော်တွေအများကြီး ပြောခဲ့တယ်။ ဒါပေမဲ့ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက နောင်တလမ်းကို ဟောကြားခဲ့တယ်။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ အလုပ်လုပ်ခဲ့တယ်။ အများကြီး ပြောခဲ့တယ်။ ဒီစကားတွေကို ဓမ္မဟောင်းထဲမှာ မှတ်တမ်းတင်မထားဘဲ လုံးဝ ဓမ္မဟောင်းအပြင်မှာရှိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှုရဲ့ အမှုအပေါ် အခြေခံပြီး သမ္မာတရားကို ဖော်ပြဖို့၊ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့ နောက်ဆုံးသောကာလမှာ ကြွလာခဲ့တယ်။ ဒါဟာ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်ပြီး အပြစ်နဲ့ အပြစ်ရဲ့ချည်နှောင်မှုကနေ ကယ်တင်ပေးပြီး လူတွေကို ဘုရားရဲ့ နိုင်ငံတော်ထဲကို ခေါ်ဆောင်ပါတယ်။ ဒါက ပိုသစ်ပြီး ပိုမြင့်မားတဲ့ အမှုတော်အဆင့်ပါ။ ကျမ်းစာထဲမှာ ကြိုပြီး မှတ်တမ်းတင်ထားဖို့ မဖြစ်နိုင်တဲ့အရာတစ်ခုပေါ့။ ဘုရားရဲ့အမှုတော်ကို အကဲဖြတ်ပြီး ဘောင်ခတ်ဖို့ ကျမ်းစာကို မဆင်မခြင်အသုံးပြုရင် ဘုရားကို အာခံတဲ့သူတွေ ဖြစ်လာကြတယ်။ သခင်ယေရှုကို အာခံခဲ့တဲ့ ဖာရိရှဲတွေလိုပေါ့။ သူတို့က ကျမ်းစာကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားကြတယ်။ ဓမ္မဟောင်းကျမ်းကို ကျော်လွန်တဲ့ သခင်ယေရှုရဲ့ စကားတွေနဲ့ အလုပ်တွေအတွက် သခင်ယေရှုကို အရူးအမူး ရှုတ်ချပြီး အာခံကြတယ်။ နောက်ဆုံးမှာ သခင်ယေရှုကို ကားတိုင်မှာ သံမှိုစွဲခဲ့ကြတယ်။ တကယ့် အဖြစ်ဆိုးတစ်ခုပါပဲ” တဲ့။ နောက်တော့ ကျွန်မတို့ နောက်ထပ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်ကြတယ်။ “ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) သူက ဆက်ပြီး မိတ်သဟာယပြုတယ်။ “သင်းအုပ်တွေနဲ့ အကြီးအကဲတွေက သခင်ယေရှုကို အာခံတဲ့ ဖာရိရှဲတွေလိုပဲ။ ကျမ်းစာကို မဆင်မခြင်ကိုးကွယ်ပြီး ကျမ်းစာကို ဘုရားအဖြစ် မှတ်ယူကြတယ်။ စာအုပ်ကို သူတို့က အမြဲတမ်း ခုခံကာကွယ်တယ်။ ဒါပေမဲ့ ဘုရားရဲ့ ခြေလှမ်းတွေကို လုံးဝ မရှာဖွေဘူး။ ဘုရားရဲ့အသံတော်ဖြစ်သလားဆိုတာကို လုံးဝ နားမထောင်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က ကျမ်းစာမှာ မှတ်တမ်းတင်မထားတာကို သူတို့ တွေ့ကြတယ်။ ဒါကြောင့် သူတို့က ထိတ်ထိတ်ပျာပျာနဲ့ ရှုတ်ချအာခံတယ်။ စစ်မှန်တဲ့လမ်းကို လူတွေစုံစမ်းလေ့လာတာကို တားဆီးဖို့ ကြိုးစားတယ်။ သူတို့က ခေတ်သစ်ဖာရိရှဲတွေမဟုတ်ဘူးလား။ ကျမ်းစာဆိုတာ ဘုရားသခင်ရဲ့ အတိတ်ကအလုပ်ကို မှတ်တမ်းတင်ထားတာသက်သက်ပဲ၊ ဘုရားကို ယုံကြည်သူတွေ ဖတ်ရမယ့် စာအုပ်တစ်အုပ်ပဲ၊ ဒါပေမဲ့ ကျမ်းစာက ဘုရားကို ကိုယ်စားမပြုနိုင်သလို လူတွေကို ကယ်တင်ဖို့ ဘုရားကိုယ်စား အလုပ်မလုပ်နိုင်ဘူးဆိုတာကို သူတို့ မမြင်နိုင်ကြဘူး။ လူတွေက ဘုရားကို ယုံကြည်ပေမဲ့ ကျမ်းစာနဲ့ အတိတ်က ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်နောက်ကိုပဲလိုက်ရင် သမ္မာတရားနဲ့ အသက်ကို မရရှိနိုင်ဘူး။ အရေးကြီးဆုံးက အပြစ်ကနေ ကျွန်မတို့ လွတ်မြောက်ဖို့ ဘုရားရဲ့ခြေလှမ်းတွေကို အမီလိုက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံဖို့ပဲ။ အဲဒီအခါမှ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြတဲ့ ဒီသမ္မာတရားတွေအားလုံးက အသင်းတော်တွေအတွက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေပဲ။ ဒီနှုတ်ကပတ်တော်တွေကသာ လူတွေကို အပြည့်အဝသန့်စင်ပြီး ကယ်တင်နိုင်တယ်။ ဒါကသာ နောက်ဆုံးသောကာလမှာ ဘုရားက လူတွေကို ပေးအပ်တဲ့ ထာဝရအသက်လမ်းဖြစ်ပါတယ်။ ဒီအမှုတော်အဆင့်ကို ကျွန်မတို့ အမီမလိုက်နိုင်ရင် ဘုရားသခင်က စွန့်ပစ်ပြီး ထုတ်ပယ်တာကို ခံရမယ်။ ကပ်ဘေးထဲကို ကျွန်မတို့ ကျရောက်ပြီး အပြစ်ဒဏ်ပေးခံရမယ်” တဲ့။ အဲဒီအစ်မရဲ့ မိတ်သဟာယကနေ ကျွန်မ အများကြီးရခဲ့တယ်လို့ ခံစားမိတယ်။ ကျမ်းစာကို အရှိအတိုင်းနားလည်လာတာနဲ့ ကျွန်မ စိတ်အနှောင့်အယှက်မဖြစ်တော့ဘူး။ ဘုရားသခင်ပေါ်ထွန်းပြီး အမှုပြုတဲ့အခါတိုင်းမှာ ဘာသာရေးခေါင်းဆောင်တွေက ဘုရားကို အာခံပြီး ရန်လိုလာကြတယ်ဆိုတာ ဒီကနေ ကျွန်မ တွေ့ရတယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဘုရားရဲ့ အမှုတော်ကို ရှုတ်ချပြီး စစ်မှန်တဲ့လမ်းကို လူတွေလက်ခံတာကို တားဆီးဖို့ လွဲမှားတဲ့ယုံကြည်မှုမျိုးစုံကို ဖန်တီးကြတယ်။ ကိုယ်က သမ္မာတရားကို နားမလည်ဘဲ မရိပ်စားမိနိုင်ရင် သူတို့အသရေဖျက်မှုက ကိုယ့်ကို လှည့်စားလိမ့်မယ်။ သူတို့နောက်လိုက်ပြီး ဘုရားကို အာခံ၊ ငြင်းပယ်လိမ့်မယ်။ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရလိမ့်မယ်။ ဒါဆိုရင် အရမ်းကို ဝမ်းနည်းစရာပါပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “သမ္မာတရားနဲ့ ငါ့ကိုယ်ငါ ပြင်ဆင်ပြီး ပိုင်းခြားသိမြင်မှုကို သင်ယူရမယ်။ ဘုရားကို ငါမငြင်းဆန်ချင်ဘူး” ပေါ့။

တစ်လလောက်ကြာပြီးတဲ့နောက်မှာ နောက်ထပ် သင်းအုပ်ဆရာတစ်ယောက်က မက်ဆင်ဂျာနဲ့ WhatsApp ကနေ ကျွန်မကို စာတွေနဲ့ နှောင့်ယှက်နေတယ်။ သူက ပြောတယ်။ “သခင်ယေရှုက လွန်ခဲ့တဲ့ နှစ်နှစ်ထောင်က မွေးဖွားခဲ့တယ်။ ဒါက ကျမ်းစာပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။ အခု သခင်က အမျိုးသမီးတစ်ယောက်အဖြစ် ပြန်ကြွလာတယ်လို့ ခင်ဗျားကပြောတယ်။ သခင်က အမျိုးသမီးအဖြစ် ပြန်ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တစ်ခုခု ကျမ်းစာထဲမှာပါသလား။ သခင်က လူ့ဇာတိခံကြွလာဖို့ မဖြစ်နိုင်ဘူး။ အမျိုးသမီးအဖြစ်ကြွလာဖို့က ပိုပြီးတောင်မဖြစ်နိုင်ဘူး။ ခင်ဗျားယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က လူတစ်ယောက်ပဲ” တဲ့။ တစ်ချိန်တည်းမှာပဲ တခြားသင်းအုပ်ဆရာနှစ်ယောက်က ကျွန်မကို အတူတူတိုက်ခိုက်တယ်။ သူတို့က ကျွန်မက ယုံကြည်မှုအမှားကို ကိုင်စွဲထားတယ်ဆိုပြီး ဝေဖန်ရှုတ်ချတယ်။ ဘုရားကို အဓိပ္ပာယ်သတ်မှတ်လို့မရဘူးလို့ သူတို့ကိုပြောလိုက်တယ်။ ဘုရားရဲ့ အနှစ်သာရက ဝိညာဉ်ဖြစ်ပြီး သူ့မှာ လိင်မရှိပါဘူး။ သူက လူ့ဇာတိခံပြီး လူသားရဲ့အသွင်ကိုယူတာက သူ့အမှုတော်အတွက် လိုအပ်လို့ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မတို့ယုံကြည်တာက သူဟာဘုရားရဲ့ အနှစ်သာရရှိပြီး သမ္မာတရားကို ဖော်ပြနိုင်လို့ပဲ။ သူ့ရဲ့ ဇာတိပကတိ အသွင်အပြင်ကြောင့်မဟုတ်ဘူး။

အစ်မအယ်လ်ဆာနဲ့လည်း ကျွန်မ ရှာဖွေခဲ့ပြီး သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ “ကျမ်းစာထဲက ပရောဖက်ပြုချက်တွေအများကြီးမှာ နောက်ဆုံးသောကာလမှာ လူသားအဖြစ် ဘုရားရဲ့ လူ့ဇာတိခံယူခြင်းအကြောင်းကို ပြောကြတယ်။ လူသားသည် ကြွလာတော်မူလတံ့၊ လူသားပေါ်ထွန်းသော၊ လူသားသည် ကြွလာလိမ့်မည် ဆိုတာမျိုးတွေပေါ့။ အခု အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကိုပြုဖို့ ကြွလာခဲ့ပြီ။ ဒါဟာ ဒီပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတယ်။ ဘုရားက နောက်ဆုံးသောကာလမှာ အမျိုးသမီးတစ်ယောက်အဖြစ် ကြွလာတယ်။ ဒါက တကယ်ပဲ လူသားအယူအဆတွေနဲ့ မညီဘူး။ ဒါပေမဲ့ ဘုရားရဲ့အမှုတော်က ကျွန်မတို့ အယူအဆတွေနဲ့ မကိုက်ညီလေလေ၊ နက်နဲမှုတစ်ခုပါပြီး အရေးပါလေလေပဲ။ ဘုရားက အမျိုးသမီးအဖြစ် လူ့ဇာတိခံယူခြင်းရဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေက ဘာတွေလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီး အဖြေရှာကြည့်ရအောင်” တဲ့။ သူက ပြီးသွားတော့ ကျွန်မဆီကို ဘုရားနှုတ်ကပတ်တော်ကိုပို့လိုက်တယ်။ “ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ပုံစံဖြင့် လာခဲ့ပြီး၊ ယခုတစ်ကြိမ် ဘုရားသခင် ကြွလာသောအခါမူ သူ၏ပုံစံသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် သူ၏အမှု၌ အသုံးပြုနိုင်သည်ကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။...ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။ ဤအရာများမတိုင်မီတွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်မှာ အမျိုးသားသာလျှင် ဖြစ်နိုင်သည်၊ အမျိုးသမီးကို ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ဟူ၍ ယုံကြည်ထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်)ဘုရားသခင်သည် ယောက်ျားတစ်ဦး အဖြစ်သာ လူ့ဇာတိ ခံယူလာခဲ့ပါက၊ လူများသည် သူ့ကို ယောက်ျားအဖြစ်၊ လူယောက်ျားများ၏ ဘုရားသခင်အဖြစ်၊ သတ်မှတ်လိုက်ကြမည် ဖြစ်ပြီး၊ သူ့ကို မိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။ ထိုအခါ ယောက်ျားများက ဘုရားသခင်ကို ယောက်ျားများကဲ့သို့ တူညီသော လိင်ရှိသည်၊ ဘုရားသခင်သည် ယောက်ျားများ၏ ခေါင်းဆောင်ဖြစ်သည်ဟု ယူဆကြပေမည်- သို့သော် မိန်းမများနှင့်သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု ဖြစ်သည် မဟုတ်လော။ ဤကိစ္စရပ်သည် မှန်ကန်ပါက၊ ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောက်ျားများသာ ဖြစ်မည်ဖြစ်ပြီး၊ မိန်းမတစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ မဖန်ဆင်းခဲ့ဘဲ၊ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို သူ၏ သဏ္ဌာန်အတိုင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်သာ မဟုတ်— မိန်းမများ၏ ဘုရားသခင်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) အစ်မအယ်လ်ဆာက မိတ်သဟာယဆက်ဖွဲ့ပြီး ပြောတယ်။ “ဘုရားသခင်က ဝိညာဉ်ဖြစ်ပြီး အသွင်သဏ္ဌာန်မရှိဘူး။ လိင်မရှိဘူး။ သူက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အလုပ်လုပ်ချင်လို့ လူ့ကမ္ဘာမှာ ပေါ်ထွန်းပြီး အလုပ်လုပ်ဖို့ အမျိုးသား၊ ဒါမှမဟုတ် အမျိုးသမီးအသွင်နဲ့ လူ့ဇာတိခံယူတယ်။ ပထမအကြိမ်မှာ ဘုရားသခင်က ယောကျာ်းအဖြစ် လူ့ဇာတိခံယူတယ်။ နောက်ဆုံးသောကာလမှာ သူက မိန်းမဖြစ်လာတယ်။ လူတွေ ဘုရားသခင်ကို ပိုနားလည်ပြီး သူ့ကို ဘောင်မခတ်အောင်လို့ ဒီလိုလုပ်ဆောင်တာဖြစ်ပါတယ်။ အစအဦးမှာ ဘုရားက လူသားတွေကို သူ့ပုံသဏ္ဌာန်နဲ့အညီဖန်ဆင်းတယ်။ ယောကျာ်းတင်မဟုတ်ဘူး။ မိန်းမလည်းပါတယ်။ ဒါကြောင့် လူ့ဇာတိခံဘုရားသခင်က အမျိုးသားရော၊ အမျိုးသမီးပါ နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ လူ့ဇာတိခံဘုရားသခင်က အမြဲတမ်း အမျိုးသားဖြစ်ရင် ဘုရားသခင်က အမြဲတမ်း အမျိုးသားပဲဖြစ်မယ်လို့ လူတွေက သတ်မှတ်ကြလိမ့်မယ်။ ဘုရားသခင်က ယောကျာ်းတွေရဲ့ ဘုရားဖြစ်တယ်၊ ယောကျာ်းတွေကိုပဲ ကယ်တင်ပြီး မိန်းမတွေကို မကယ်တင်ဘူးလို့ မှားပြီး ထင်ကြမယ်။ ဒါက ဘုရားကို အထင်လွဲတာမဟုတ်လား။ ဘုရားရဲ့အမြင်မှာ ယောကျာ်းနဲ့ မိန်းမက ညီမျှတယ်။ ဘုရားသခင်က ယောကျာ်း၊ မိန်းမနှစ်မျိုးလုံးကို ကယ်တင်တယ်။ ယောကျာ်း၊ မိန်းမနှစ်မျိုးလုံးကို ဘုရားသခင်က ဖန်ဆင်းထားလို့ပေါ့။ ဘုရားသခင်က အမျိုးသားအဖြစ်၊ ဒါမှမဟုတ် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူသည်ဖြစ်စေ သူက ဘုရားပါပဲ။ ဘုရားရဲ့အနှစ်သာရက လုံးဝ ပြောင်းလဲမှာမဟုတ်ဘူး။ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို ပြီးမြောက်စေနိုင်တုန်းပဲ။ ဘုရားသခင်က အမျိုးသမီးအဖြစ် လူ့ဇာတိခံယူတာနဲ့တင် ဘုရားရဲ့ လူ့ဇာတိခံယူခြင်း၊ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ကျွန်မတို့ ငြင်းဆန်လို့မရဘူးလေ” ဆိုပြီးတော့ ပြောတယ်။

နောက်ပိုင်းမှာ ကျွန်မကို အားတက်စေတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘မဖြစ်နိုင်’ ဟူသည့် သင်တို့၏ အမြင်များကို စွန့်လွှတ်လော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးတို့ကို ကျော်လွန်ကာ တည်ရှိလေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုတော် သာ၍ပါလေလေဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) အစ်မအယ်လ်ဆာက ကျွန်မကို သတိပေးတယ်။ “ပြန်ကြည့်လိုက်ရင် ဘုရားရဲ့အမှုတော်က လူသားအယူအဆတွေနဲ့ ကိုက်ညီလေ့မရှိဘူး။ လူတွေက သမ္မာတရားကို မရှာဖွေရင် ဘုရားကို အာခံဖို့ အရမ်းလွယ်ကူတယ်။ ဥပမာ သခင်ယေရှုက ကြွလာပြီး နွားစာခွက်ထဲမှာ မွေးတယ်။ ဒါက လူသားအယူအဆတွေနဲ့ ကိုက်ညီလား။ သခင်ယေရှုက နာဇရက်မြို့ကဖြစ်ပြီး မေရှိယလို့ မခေါ်ဘူး။ ဒါက လူသားအယူအဆတွေနဲ့ ကိုက်ညီခဲ့လား။ သခင်ယေရှုက ဘုရားပဲ။ ဒါပေမဲ့ သူက ဗိမာန်တော်ထဲမဝင်ဘူး။ ဥပုသ်နေ့ကို မစောင့်ထိန်းဘူး။ သူ့ကို လိုက်ဖမ်းတာခံရပြီး ကားတိုင်မှာ သံနဲ့ရိုက်ခံရတယ်။ ဒါက လူသားအယူအဆတွေနဲ့ ကိုက်ညီခဲ့လား။ သခင်ယေရှုရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်နဲ့ပတ်သက်တာတွေအများကြီးက လူတွေရဲ့ အယူအဆတွေနဲ့ မကိုက်ညီဘူး။ ဒါကြောင့် သခင်ယေရှုက ဘုရားမဟုတ်ဘူးလို့ ကျွန်မတို့ပြောနိုင်သလား။ မပြောနိုင်ဘူး။ သခင်ယေရှုက ဘုရားသခင် ပေါ်ထွန်းခြင်း၊ မေရှိယကြွလာခြင်းဖြစ်တယ်။ ဒါဆို လူတွေအများကြီးက ဘာလို့ သူ့ကိုမသိတာလဲ။ သူ့ရှုတ်ချပြီး အာခံကြတာလဲ။ ဒါဟာ လူတွေက ဘုရားကို အကဲဖြတ်ဖို့ သူတို့ အယူအဆတွေနဲ့ စိတ်ကူးတွေကို အသုံးပြုလို့ မဟုတ်ဘူးလား။ ဖာရိရှဲတွေအားလုံးက သခင်ယေရှုက နာဇရက်မြို့သား၊ လက်သမားရဲ့သားဖြစ်တယ်။ ဘုရားမဟုတ်ဘူးလို့ ပြောကြတယ်။ အဆုံးမှာ သခင်ယေရှုကို သူတို့ ကားစင်တင်ကြပြီး ဘုရားက ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးတာကို ခံကြရတယ်။ ဒီနေ့ ဘာသာရေးသင်းအုပ်တွေနဲ့ အကြီးအကဲတွေက သူတို့ရဲ့အယူအဆတွေ၊ စိတ်ကူးတွေအပေါ် အခြေခံပြီး ဘုရားကို ဘောင်ခတ်ကြပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို ငြင်းဆန်ပြီး အာခံကြတယ်။ ဒါဟာ ဖာရိရှဲတွေရဲ့ အမှားကို ထပ်လုပ်နေတာဖြစ်ပြီး ဘုရားကို နောက်တစ်ခါထပ်ပြီး ကားစင်တင်နေတာပဲ။ ဘုရားက ဖန်ဆင်းရှင်ဖြစ်ပြီး ဘာကန့်သတ်ချက်မှမရှိဘဲ သူ့အစီအစဉ်နဲ့အညီ အလုပ်လုပ်ပါတယ်။ ဘုရားက ဘာကိုပဲလုပ်လုပ် သူ့မှာ သူ့ရဲ့ ဉာဏ်ပညာရှိတယ်။ ဘုရား အလုပ်လုပ်သင့်တဲ့နေရာ၊ ပေါ်ထွန်းသင့်တဲ့ပုံစံကို ဘောင်ခတ်ဖို့ ကျွန်မတို့ အယူအဆတွေ၊ စိတ်ကူးတွေကို အသုံးပြုလို့မရပါဘူး။ ဘုရားအပေါ် ကျွန်မတို့ သဘောထားက နာခံခြင်းဖြစ်သင့်တယ်။ နာခံခြင်းဆိုတာ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ကို လက်ခံခြင်းအပြင် ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ကတစ်ဆင့် ဘုရားကို နားလည်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဘုရားကို အဓိပ္ပာယ်သတ်မှတ်ပြီး ဘောင်ခတ်ဖို့ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကို အသုံးပြုပြီး ဘုရားက ဒီဟာ၊ ဟိုဟာကို မလုပ်နိုင်ဘူးလို့ ပြောမယ့်အစားပေါ့။ ဒါဆိုရင် အရမ်းကို ယုတ္တိမရှိပါဘူး။”

နောက်တော့ အစ်မအယ်လ်ဆာက နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်ပြတယ်။ “ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)ဘုရားသခင် လူ့ဇာတိခံလာချိန်တွင်၊ သူသည် ကောင်းကင်ဘုံမှနေ၍ သီးသန့် လူ့ဇာတိတစ်ခုထဲသို့ ကြွဆင်းရုံ မျှသာဖြစ်သည်။ လူ့ဇာတိထဲသို့ ကြွဆင်းသည်မှာ သူ၏ဝိညာဉ်တော် ဖြစ်ပြီး ယင်းမှတစ်ဆင့် သူသည် ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင် သည်။ လူ့ဇာတိတွင် ဖော်ပြသည်မှာ ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိဖြင့် သူ၏အမှုကို လုပ်ဆောင်သည်မှာ ဝိညာဉ်တော်ဖြစ်သည်။ လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုပြီး၊ လူ့ဇာတိသည် အမှုအတွက်ဖြစ်သော်လည်း၊ လူ့ဇာတိ၏ ပုံသဏ္ဌာန်သည် ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပုံသဏ္ဌာန်အတွက် အစားထိုးတစ်ခု ဖြစ်သည်ဟု မဆိုလိုပေ။ ဤသည်မှာ ဘုရားသခင် လူ့ဇာတိခံလာသည့် ရည်ရွယ်ချက် သို့မဟုတ် အရေးပါမှု မဟုတ်ပေ။ လူတို့အနေဖြင့် သူ၏ လုပ်ဆောင်ချက်များကို မြင်နိုင်ဖို့၊ သူ၏ စိတ်သဘောထားကို နားလည်နိုင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ကြားရဖို့နှင့် သူ့အမှု၏ အံ့ဖွယ်ဖြစ်ခြင်းကို သိရှိနိုင်ဖို့အလို့ငှာ၊ လူ့ဇာတိ၌ သူ၏ အမှုကို သာ၍ ကောင်းစွာ စွမ်းဆောင်ရရှိဖို့၊ ဝိညာဉ်တော်က သူ၏ အမှုပြုခြင်းနှင့် သင့်တော်သည့် တည်မှီဖို့ နေရာတစ်ခုကို ရှာတွေ့နိုင်ဖို့အလို့ငှာ သူသည် လူ့ဇာတိခံလာခြင်း ဖြစ်ပေသည်။ သူ၏ နာမသည် သူ၏စိတ်သဘောထားကို ကိုယ်စားပြု၏၊ သူ့အမှုသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်၊ သို့ရာတွင် သူ၏ လူ့ဇာတိ၌ ပေါ်ထွန်းခြင်းက သူ၏ပုံသဏ္ဌာန်ကို ကိုယ်စားပြုသည်ဟု သူ တစ်ခါမျှ မပြောခဲ့ပေ။ ယင်းသည် လူသား၏ အယူအဆတစ်ခုမျှသာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) သူက ဆက်ပြီး မိတ်သဟာယဖွဲ့တယ်။ “ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အရေးမကြီးဘူး။ ဘယ်လိုပုံစံရှိတယ်ဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက သူပြောတာက သမ္မာတရားဖြစ်သလား၊ ဘုရားရဲ့ စိတ်သဘောထားကို ဖော်ပြသလား၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို လုပ်ဆောင်သလား ဆိုတာပဲ။ ဒါက အရေးကြီးတဲ့အရာပါ။ ဥပမာ နေမကောင်းတဲ့အချိန်မှာ ဆရာဝန်ဆီကိုသွားရင် ကျွန်မတို့ အာရုံစိုက်တာက ဆရာဝန်က ရောဂါကို ကုနိုင်သလားဆိုတာပဲ။ ဆရာဝန်က အမျိုးသားလား၊ အမျိုးသမီးလားဆိုတာကိုမဟုတ်ဘူး။ အမျိုးသားဆရာဝန်တွေပဲ ရောဂါတွေကို ကုနိုင်တယ်။ ဒါပေမဲ့ အမျိုးသမီးဆရာဝန်တွေက မကုနိုင်ဘူးလို့ ပြောရင် ဒါ အဓိပ္ပာယ်မရှိ မဖြစ်ဘူးလား။ ဒါကြောင့် သူဟာ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုပြုနိုင်သရွေ့ သူဟာ လူ့ဇာတိခံဘုရားသခင်ပဲ” တဲ့။ ဒါပေမဲ့ ဘာသာရေးသင်းအုပ်ဆရာတွေက ဘုရားသခင်ရဲ့အသံကို နားမထောင်ဘူး။ စစ်မှန်တဲ့လမ်းကို မစုံစမ်းဘူး။ ဘုရားသခင်က အမျိုးသမီးအဖြစ် လူ့ဇာတိခံယူတယ်လို့ သူတို့ကြားတော့ ဒါကို ငြင်းဆန်ရှုတ်ချကြတယ်။ လူတွေ သခင့်ကို ကြိုဆိုတာကို တားဆီးဖို့အတွက် အယူအဆတွေ ဖြန့်ကြတယ်။ ဒါက ဆိုးဝါးတဲ့ အမှားတစ်ခုပဲ။ သူတို့ ကျွန်မကို နှောင့်ယှက်နေတာကို တားဆီးဖို့ ကျွန်မကို နှောင့်ယှက်ဖို့ ကြိုးစားတဲ့သူတွေအားလုံးကို ဘလော့ပစ်လိုက်တယ်။ ကျွန်မရဲ့ အရင်အသင်းတော်က သင်းအုပ်နဲ့ အကြီးအကဲတွေ အပါအဝင်ပေါ့။ ကျွန်မက သခင့်ကို ကြိုဆိုနေတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်တယ်။ သင်းအုပ်နဲ့ အကြီးအကဲတွေက ဘယ်လိုပဲ နှောင့်ယှက်ပါစေ အနန္တတန်ခိုးရှင်ဘုရားသခင် နောက်ကိုပဲ ကျွန်မလိုက်မယ်။

၂၀၂၀ခုနှစ်၊ ဧပြီလကတည်းက ကျွန်မသမီးနဲ့ ကျွန်မက အသင်းတော်ကို မသွားတော့ဘူး။ နှစ်လကြာပြီးတဲ့နောက်မှာ အသင်းတော်က သင်းအုပ်ဆရာက ကျွန်မကို စတိုက်ခိုက်တယ်။ အစမှာ ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် အစည်းအဝေးတွေ မတက်အောင် သူက အိမ်မှာလာဖျောင်းဖျတယ်။ သူ့အသင်းတော်က အစည်းအဝေးတွေနဲ့တင် လုံလောက်တယ်တဲ့။ ကျွန်မက လမ်းမှားလိုက်တယ်၊ ပြန်လာသင့်တယ်လို့ ကျွန်မအမျိုးသားကိုလည်း သူက ပြောတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို တားဆီးဖို့ ကျွန်မသားကိုတောင် လှုံ့ဆော်ဖို့ သူက ကြိုးစားတယ်။ ကျွန်မ အမျိုးသားနဲ့ ကလေးတွေက သင်းအုပ်ရဲ့ ချဉ်းကပ်မှုကို ဆန့်ကျင်တယ်။ ကျွန်မ ကလေးတွေကပြောတယ်။ ကျွန်မက သူတို့ကို ဧဝံဂေလိဟောတယ်။ ဘုရားကိုယုံကြည်ခြင်းအကြောင်းတွေကို သူတို့နဲ့ ကျွန်မ ပြောလေ့ရှိတော့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ ယုံကြည်တာဟာ သေချာစဉ်းစားပြီးလုပ်တာပဲလို့ သူတို့အားလုံးထင်ကြတယ်။ ဒီဆုံးဖြတ်ချက်ကိုချဖို့ ဘုရားသခင်ဆီကနေ ကျွန်မ ယုံကြည်ခြင်းရရှိခဲ့တယ် တဲ့။ နောက်ပိုင်းမှာ အကြီးအကဲတွေက ကျွန်မကို ခြိမ်းခြောက်တယ်။ ကျွန်မက အသင်းတော်ကို မသွားရင် အထုတ်ခံရမယ်၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ငြင်းပယ်ကြမယ်ပေါ့။ ကျွန်မက ပြတ်ပြတ်သားသားပြောလိုက်တယ်။ “အသင်းတော်က ကျွန်မကိုထုတ်ရင်တောင် ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံနေဦးမှာပဲ” လို့ပေါ့။ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို ကျွန်မကျောင်းက ခေါင်းဆောင်တွေကို သူတို့က ပြောလိုက်တယ်။ ကျောင်းက ကျွန်မကို ကိုင်တွယ်ဖြေရှင်းမယ်လို့ မျှော်လင့်ပြီးတော့ပေါ့။ ဒါပေမဲ့ ကျောင်းအုပ်က သူတို့ကို လျစ်လျူရှုလိုက်တယ်။ အစ်မအယ်လ်ဆာ ကျွန်မကိုပြောခဲ့တာကို တွေးမိတယ်။ အမှန်တရားကို ဘာသာရေးလောကက အမြဲတမ်း ငြင်းပယ်ပြီး ရှုတ်ချတယ် တဲ့။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သမ္မာတရားကို ဖော်ပြခဲ့တယ်။ သူ့ကို ဂျူးဘာသာနဲ့ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေ၊ ယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေ၊ ဖာရိရှဲတွေက ရှုတ်ချ ငြင်းဆန်ကြတယ်။ သူတို့ရဲ့ ရာထူးတွေ၊ ဝင်ငွေတွေကို ထိန်းသိမ်းဖို့ သခင်ယေရှုကို တိုက်ခိုက်ပြီး ပြစ်မှားစော်ကားကြတယ်။ လူတွေ သခင့်နောက်မလိုက်အောင် လှည့်စားပြီး တားဆီးကြတယ်။ သူတို့တွေအားလုံးက ဘုရားကို အာခံပြီး လူတွေကို ဖျက်ဆီးတဲ့ အန္တိခရစ်တွေပဲ။ အခုခေတ်မှာ ဘာသာရေးလောကက သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေအများစုက ဂျူးဘာသာက ဖာရိရှဲတွေနဲ့ အတူတူပဲ။ သူတို့ရဲ့ ကိုယ်ပိုင်ရာထူးတွေ၊ ဝင်ငွေတွေကို ကာကွယ်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ထိတ်ထိတ်ပျာပျာနဲ့ ရှုတ်ချပြီး အာခံတယ်။ ယုံကြည်သူတွေ စစ်မှန်တဲ့လမ်းကို စူးစမ်းလေ့လာတာကို တားဆီးဖို့ ကြိုးစားတယ်။ သူတို့တွေက ဘုရားသခင် ဖွင့်ပြခဲ့တဲ့ အန္တိခရစ်တွေလည်းဖြစ်တယ်။ အဲဒီမှာ သခင်ယေရှုက ဖာရိရှဲတွေကို ကျိန်ဆဲတဲ့အခါမှာ သူပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားပဲဆိုတာ ဘာသာရေးသင်းအုပ်တွေနဲ့ အကြီးအကဲတွေက သိပေမဲ့ လက်မခံကြဘူး။ လူတွေရဲ့ ကိုးကွယ်မှုနဲ့ လှူဖွယ်ပစ္စည်းတွေကို သူတို့ ခံစားချင်တယ်။ ဒါကြောင့် သူတို့ရာထူးတွေကို ထိန်းသိမ်းဖို့ သခင့်ကို ကျွန်မတို့ ကြိုဆိုပြီး ဘုရားနိုင်ငံတော်ကို ဝင်ရောက်တာကို သူတို့ တားဆီးကြတယ်။ ဒါက အန္တိခရစ်တွေ လုပ်တဲ့အရာပဲ။ သူတို့တွေအားလုံးက လူတွေရဲ့ ဝိညာဉ်တွေကို ဝါးမြိုတဲ့ မကောင်းဆိုးဝါးတွေမို့လို့၊ ဘုရားရဲ့ကျိန်ဆဲခြင်းကို ခံကြရမှာ။ သူတို့နောက်လိုက်သူတွေလည်း ငရဲကျပြီး အပြစ်ဒဏ်ပေးခံရမယ်။

ကျွန်မက သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေရဲ့ တိုက်ခိုက်တာ၊ နှောင့်ယှက်တာကို ခဏခဏခံနေရသေးပေမဲ့ ဘယ်အတွေးမှားတွေကိုပဲ သူတို့ဖြန့်ပါစေ ကျွန်မအပေါ် မသက်ရောက်တော့ဘူး။ ဘာကြောင့်လဲဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာနဲ့ လူတွေကို သန့်စင်ကယ်တင်တဲ့ ထာဝရအသက်လမ်းကို သိလို့ပဲ။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို တောင့်တတဲ့ ဘယ်သူမဆို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ဖို့ပဲလိုတယ်။ ဘုရားသခင်ရဲ့ အသံကိုသူတို့ မှတ်မိပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပလ္လင်ဆီကို ပြန်လာကြလိမ့်မယ်။ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ဆီသို့သွားသည့် ကျွန်မ၏ခရီး အလှည့်အပြောင်းများ

စိန်းယွိ တရုတ်နိုင်ငံ ၂၀၀၀ ခုနှစ်မှာ ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့တယ်။ တောင်ကိုရီးယား သင်းအုပ်က ကျွန်မတို့ကို တရားဒေသနာ မကြာခဏ...

ကျွန်တော် အိမ်ပြန်ခဲ့ပြီ

ချူကီးန်ပေါင်း၊ မလေးရှားနိုင်ငံကျွန်တော် သခင့်ကို တစ်နှစ်ကျော် ယုံကြည်ခဲ့ပြီး၊ အသင်းတော် တွင် အစေခံခဲ့သည်မှာ နှစ်နှစ်ကြာခဲ့ပြီးနောက်၊...

ကြိုးစားအားထုတ်ခြင်းက ကောင်းကင်နိုင်ငံသို့ ဝင်ခွင့် ရနိုင်သလား

ရှီလာ ကင်ညာနိုင်ငံ ကျွန်မက ဘာသာရေးကိုင်းရှိုင်းတဲ့ ကက်သလစ်ဘာသာဝင် မိသားစုမှာ မွေးတာပါ။ ကျွန်မတို့ဆရာတော်က အမြဲပြောတတ်တယ်။...

သခင့်ကို ကြိုဆိုခြင်းနှင့်ဆိုင်သည့် ကျွန်မ၏ ဇာတ်ကြောင်း

စူးရန် တရုတ်နိုင်ငံ ကျွန်မငယ်ငယ်တုန်းက ခြေထောက်တွေမှာ ပြင်းထန်တဲ့ နာကျင်မှုကြောင့် လမ်းမလျှောက်နိုင်ခဲ့လို့ အမေက ကျွန်မကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။