တာဝန်ဝတ္တရားကို ကျွန်မ မကြောက်တော့ပါ

01.06.2021

ချန်နို တရုတ်နိုင်ငံ

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရက်တစ်ရက်တွင်၊ ကျွန်မတို့အဖွဲ့၏ အစည်းအဝေးပွဲကို ခေါင်းဆောင်တစ်ဦး တက်ရောက်ခဲ့ပြီးနောက်၊ အစည်းအဝေးပြီးဆုံးသောအခါ သူက ကျွန်မတို့၏ တည်းဖြတ်ခြင်းအလုပ်ကို ဦးဆောင်မည့် အဖွဲ့ခေါင်းဆောင်တစ်ယောက်အား ကျွန်မတို့ကို ရွေးချယ်တင်မြှောက်စေချင်သည်ဟူ၍ ပြောသည်။ ကျွန်မ အံ့သြသွားရသည်မှာ ကျွန်မက မဲအများဆုံး ရနေခြင်းဖြစ်သည်။ ကျွန်မ လုံးဝ အံ့အားသင့်သွားခဲ့သည်။ ကျွန်မက အဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်ပေါ့။ ကျွန်မတွင် အသက်ဝင်ရောက်မှုက မရှိသလောက် ဖြစ်ပြီး သမ္မာတရား၏ လက်တွေ့အရှိတရား နည်းပါးသည်။ အဖွဲ့ကို ခေါင်းဆောင်သည့်တာဝန်အား ကျွန်မ တကယ်ပဲ တာဝန်ယူနိုင်ပါ့မလား။ ကျွန်မတို့၏ အလုပ်တွင် ပြဿနာများ ပေါ်လာလျှင် ခေါင်းဆောင်က တာဝန်ယူဖို့ မျှော်လင့်ကြသည်မှာ သဘာဝပင် မဟုတ်ပါလား။ ကျွန်မက မဖြေရှင်းနိုင်ဘဲ အကျိုးဆက်အနေဖြင့် ကျွန်မတို့၏ အလုပ်ကို ထိခိုက်လျှင် မည်သို့ပြုလုပ်ရမည်နည်း။ အဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မ ပြုမူဆောင်ရွက်ခဲ့သည့် ယခင်က အတွေ့အကြုံတစ်ခုကို တွေးမိသည်။ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ မိမိကိုယ်ကိုယ်သာ ကာကွယ်မိခဲ့သည်။ လူများက အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး နှောင့်နှေးစေသည်ကို ကျွန်မ မြင်သောအခါတွင်၊ ၎င်းတို့ စိတ်ဆိုးမည်ကို ကြောက်ရွံ့သောကြောင့်၊ ကျွန်မ ချက်ချင်း တားမြစ်ခြင်း မပြုလုပ်ခဲ့ပေ။ အကျိုးဆက်အနေဖြင့် အသင်းတော်၏ အလုပ်သည် အားလျော့သွားပြီး ကျွန်မက ထုတ်ပယ်ခံခဲ့ရသည်။ ဤတစ်ကြိမ်တွင် ကျွန်မ၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်ဘဲ၊ ဘုရားအိမ်တော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမတို့၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေခဲ့လျှင်၊ မကောင်းမှုလုပ်သည့် သဘောသက်ရောက်သွားလိမ့်မည်ဟု ကျွန်မ ခံစားရသည်။ ကျွန်မ စိုးရိမ်ရမည်မှာ ထုတ်ပယ်ခံရခြင်းတစ်ခုတည်းမဟုတ်ဘဲ ကျွန်မ ဖယ်ရှားခံရနိုင်ချေပင်ရှိသည်။ ထိုကဲ့သို့ ဖြစ်မည်ကို ကျွန်မ မြင်ရဖို့ လိုလားနေခြင်းမရှိသကဲ့သို့၊ ကျွန်မ လက်မခံနိုင်ဟု ခံစားမိခဲ့သည်။ ထို့ကြောင့် ကျွန်မသည် အသက်ဝင်ရောက်မှု လုံလုံလောက်လောက်မရှိသကဲ့သို့ အခြားသူတို့၏ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိသောကြောင့်၊ ဤရာထူးအတွက် ကျွန်မက ကောင်းစွာ သင့်လျော်သောသူမဟုတ်ပါဟူ၍ ခေါင်းဆောင်အား ပြောခဲ့သည်။ ကျွန်မ ဆင်ခြေပေါင်းစုံ ထုတ်ပြခဲ့သည်။ သူက ကျွန်မ ထိုတာဝန်ကို လက်ခံပြီး ကျိုးနွံနာခံသင့်သည်ဟု ပြောသော်လည်း၊ ထိုအရာနှင့်ပတ်သက်၍ ကျွန်မ စိတ်ကိုမအေးနိုင်ခဲ့ပါ။ ကျွန်မစိတ်က လှုပ်ရှားနေခဲ့သည်။ ထိုအချိန်တွင်ပင် ဤဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ရုတ်တရက် စဉ်းစားမိခဲ့သည်။ “သင်သည် ကျိုးနွံနာခံပြီး တက်ကြွစွာ ပူးပေါင်းသင့်သည်။ ဤအရာမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ရှေ့လျှောက်လမ်း မည်သို့ ရှိပါစေ၊ သင်၌ နာခံသည့် စိတ်နှလုံး ရှိသင့်သည်။ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ သံသယ၊ ဤအရာများထဲမှ တစ်ခုမျှသည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အသုံးပြုသင့်သည့် သဘောထား မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) ဤအရာကို ကျွန်မ တွေးဆသည်နှင့်အမျှ၊ စိတ်ငြိမ်သက်မှုကို စတင်ခံစားလာရပြီး ကျွန်မရှေ့တွင် ရောက်လာသော ဤတာဝန်သည် ဘုရားသခင်၏ အုပ်စိုးမှုနှင့် အစီအစဉ်များထံမှ လာခြင်းဖြစ်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ ထိုအချိန်က ဘုရားအလိုတော်ကို ကျွန်မ နားမလည်ခဲ့သော်လည်း၊ ဘုရားသခင်၏ ဦးဆောင်မှုကို မိမိကိုယ်ကိုယ် ခံယူစေပြီး ကျိုးနွံနာခံရမည်ကို ကျွန်မ သိခဲ့ပါသည်။

ထို့နောက်တွင်၊ ကျွန်မ၏တာဝန်၌ ပြဿနာပေါင်းစုံနှင့် အခက်အခဲများကို ရင်ဆိုင်နေရသည့် အခြေအနေတွင် ကျွန်မ ရောက်ခဲ့ရပြီး အထူးသဖြင့် ကျွန်မတို့အဖွဲ့၏ အလုပ်တွင် တိုးတက်မှုမရှိသည်ကို မြင်တွေ့ခဲ့ရသည်။ ကျွန်မ၏ စိုးရိမ်မှုများက ပေါ်လာပြန်သည်။ ကျွန်မတို့၏ လုပ်ကိုင်မှုက မတိုးတက်ခဲ့ပါလျှင်၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကျွန်မ၏ တာဝန်ကို ခေါင်းရှောင်၍ ရကိုရနိုင်မည်မဟုတ်ပေ။ ဤသို့တွေးမိခြင်းကို ကျွန်မစိတ်ကို လုံးဝ ကသောင်းကနင်း ဖြစ်သွားစေခဲ့သည်။ တစ်ညနေတွင် ကျွန်မသည် ကျွန်မနှင့် အနီးကပ်ဆုံး အလုပ်လုပ်နေသော ညီမတစ်ယောက်နှင့်အတူ ကျွန်မတို့အခြေအနေများနှင့် ပတ်သက်၍ စကားပြောကြသောအခါတွင်၊ သမ္မာတရားကို အားမထုတ်သကဲ့သို့ ပိုမိုကောင်းမွန်စေရန် မကြိုးပမ်းသောကြောင့်၊ ထုတ်ပယ်ခံခဲ့ရသည့် ယခင်အဖွဲ့ခေါင်းဆောင်အကြောင်းကို သူမ ပြောပြသည့်အခါတွင်၊ ကျွန်မ တကယ်ကို အနေအထိုင်ရ ခက်လာခဲ့သည်။ သူမက သူမ၏ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများတွင် မည်သည့်တိုးတက်မှုမှ မရှိခဲ့သကဲ့သို့၊ မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ခဲ့ပေ။ ကျွန်မက အခက်အခဲ၊ ပြဿနာအချို့နှင့် ရင်ဆိုင်နေရသော အဖွဲ့၏အဖွဲ့ခေါင်းဆောင်အဖြစ် ထမ်းဆောင်နေရသည်ကို ကျွန်မသိသည်။ ထို့ကြောင့် ထိုပြဿနာများကို ကျွန်မ ကိုင်တွယ်ဖြေရှင်းပြီး လက်တွေ့ကျသည့် အလုပ်အချို့ကို မလုပ်ဆောင်နိုင်လျှင် ကျွန်မလည်း ထုတ်ပယ်ခံရခြင်းနှင့် ကြုံတွေ့ရမည်လား။ တာဝန်တွေများစွာမယူရသည့် သာမန်အဖွဲ့ဝင်တစ်ယောက်အဖြစ် ကျွန်မ ပြန်နေချင်ခဲ့မိသည်။ ကျွန်မက လတ်တလော ရွေးချယ်တင်မြှောက်ခံခဲ့ရပြီးဖြစ်သည့်အတွက် ဤတာဝန်ကို လောလောဆယ် ထမ်းဆောင်လိုက်မည်၊ ကျွန်မအနေဖြင့် စိတ်မချရဖြစ်ခဲ့ပါက၊ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး နောက်ဆုတ်သင့်သည်၊ ဤသို့ဆိုလျှင် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ထိခိုက်စေနိုင်သည့် မကောင်းမှုကို ကျွန်မလုပ်မိမည်မဟုတ်ဘဲ ထုတ်ပယ်ခြင်းကို ခံလိုက်မည်ဟူ၍ ကျွန်မ စဉ်းစားမိသည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်မ၏ နောက်ဆုံးခရီးပန်းတိုင်ကို ဆုံးရှုံးရခြင်းပင် ဖြစ်သွားနိုင်သည်။ ကျွန်မအနေဖြင့် ကျွန်မတာဝန်ကို ကောင်းကောင်း မလုပ်နိုင်မည်ကို၊ ပြဿနာတိုင်းအား တာဝန်ယူရမည်ကို ကြောက်နေသည့် အခြေအနေတွင် ပိတ်မိနေသည်ကို ကိုယ့်ကိုယ်ကိုယ် တွေ့လိုက်ရသည်။ ကျွန်မ၏ အလုပ်တွင် အခက်အခဲတစ်ခု ကြုံရသည့်အခါ၊ အထူးသဖြင့် ကျွန်မ စီမံနိုင်ခြင်းမရှိမည်ကို ကြောက်ရွံ့နေသည်ကို ကိုယ့်ကိုယ်ကိုယ် တွေ့ရသည်။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခခံရသည့် ကမ္ဘာတွင် ကျွန်မ အစဉ်သဖြင့် တွန့်ဆုတ်နေခဲ့သည်။

ထို့နောက် တစ်ရက်တွင် ဤဘုရားနှုတ်ကပတ်တော်များ ကျမ်းပိုဒ်ကို ကျွန်မ ဖတ်ရကာ အန္တိခရစ်၏ စိတ်သဘောထား အနှစ်သာရကို ဖွင့်ပြပြီး ကျွန်မ၏ ကိုယ်ပိုင်အခြေအနေအပေါ် သိမြင်မှုအချို့ကို ကျွန်မကို ပေးခဲ့ပါသည်။ “သင်၏တာဝန်အတွက် ရိုးရှင်းသော ပြင်ဆင်ချက်တစ်ခုကို ပြုပြီးသည့်အခါ၊ သင့်ကို ခိုင်းသည့်အတိုင်း လုပ်ဆောင်ပြီး သင်တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ သင်တတ်နိုင်သမျှ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤမျှ အလွန် ရိုးရှင်းသည့် သမ္မာတရားပင်လျှင် အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ မရှိပါ။ ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့် အရာများ ရှိသနည်း။ ဒွိဟ၊ သံသယ၊ မနာခံခြင်း၊ စုံစမ်းသွေးဆောင်ခြင်း...ထိုကဲ့သို့ ရိုးရှင်းသည့် အရေးကိစ္စတစ်ခုဖြစ်သည့်တိုင် အန္တိခရစ်များသည် ရေးကြီးခွင့်ကျယ်လုပ်ပြီး မကြာခဏ စဉ်းစားသည်မှာ ၎င်းတို့သည် တစ်မှေးမျှ မအိပ်စက်ကြပေ။ ဤသည်မှာ ၎င်းတို့ တွေးခေါ်သည့် နည်းလမ်း အဘယ့်ကြောင့် ဖြစ်ရသနည်း။ ရိုးရှင်းသော အမှုကိစ္စတစ်ခုနှင့် ပတ်သက်၍ ၎င်းတို့သည် အဘယ့်ကြောင့် အလွန် ရှုပ်ထွေးသည့် နည်းလမ်းဖြင့် တွေးတောရသနည်း။ အကြောင်းရင်းမှာ ရှင်းပါသည်၊ ပြီးလျှင် အကြောင်းရင်း တစ်ခုတည်းသာ ရှိပါသည်။ ၎င်းတို့နှင့်သက်ဆိုင်သည့် ဘုရားသခင့်အိမ်တော်၏ ကိစ္စ သို့မဟုတ် စီစဉ်မှု တစ်ခုချင်းစီ၌၊ ထိုအရာကို ၎င်းတို့၏ ပန်းတိုင်နှင့်လည်းကောင်း၊ ကောင်းချီမင်္ဂလာများ ရရှိဖို့ ၎င်းတို့၏ဆန္ဒနှင့်လည်းကောင်း မြဲမြံစွာ ချိတ်ဆက်ထားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က ’ငါ ဂရုစိုက်ရမယ်။ ခြေလှမ်းတစ်ချက် မှားတာနဲ့ ခြေလှမ်းတိုင်း မှားသွားမှာ၊ ပြီးတော့ ကောင်းချီးမင်္ဂလာတွေ ရဖို့ ငါ့ဆန္ဒကိုပါ မေ့လိုက်ရမှာ- အဲဒါကတော့ ငါ့ဇာတ်သိမ်းပဲ ဖြစ်မှာပဲ။ ငါ ပေါ့ဆလို့ မရဘူး။ ဘုရားသခင်ရဲ့ အိမ်တော်၊ ညီအစ်ကို မောင်နှမတွေ၊ အကြီးပိုင်း ခေါင်းဆောင်မှု၊ ဘုရားသခင်ကိုတောင်မှ- သူတို့တွေအားလုံးဟာ အားကိုးလို့ မရဘူး။ ငါကတော့ သူတို့ထဲက တစ်ယောက်ကိုမှ မယုံဘူး။ အားအကိုးရဆုံးနဲ့ အယုံကြည်ရဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ။ ကိုယ့်အတွက်ကိုယ် အစီအစဉ် မဆွဲထားဘူးဆိုရင်၊ ဘယ်သူက ကိုယ့်ကိုလာကြည့်ပေးမှာလဲ။ ကိုယ့်ရဲ့ ရှေ့ရေးတွေနဲ့ ကိုယ်ကောင်းချီးမင်္ဂလာခံစားရ မရကို တခြား ဘယ်သူက တွေးပေးမှာလဲ။ ဒါကြောင့် ကိုယ့်အတွက် အစီအစဉ်တွေ ဆွဲဖို့ငါ အသားကုန် ကြိုးစားဖို့လိုတယ်၊ ပြီးတော့ တိကျတဲ့ ပြင်ဆင်မှုတွေ တွက်ချက်မှုတွေ လုပ်ဖို့လိုတယ်။ ငါချွတ်ချော် သွားလို့မရဘူး၊ ငါ နည်းနည်းလေးမှ ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး- မဟုတ်ရင်တော့ လူတွေက ငါ့ကို ရောထွေးအောင် လုပ်ဖို့လွယ်သလို၊ ငါ့ကို အခွင့်ကောင်းယူဖို့လည်း လွယ်လိမ့်မယ်။’ ဟု တွေးရသည့် အကြောင်းအရင်း ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂၉)”) ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်တွင်မှ၊ ကျွန်မတို့တာဝန်များတွင် အပြောင်းအလဲများကို ကြုံတွေ့ရမည်မှာ လုံးဝ သာမန်ဖြစ်ကြောင်း၊ သင့်လျော်မှန်ကန်သည့် သဘောထားနှင့် ချဉ်းကပ်သင့်ကြောင်းကို ကျွန်မ နားလည်သွားခဲ့သည်။ ကျွန်မ၏ အလုပ်တွင် တိုးတက်စေဖို့၊ ကျွန်မ၏ တာဝန်များကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားသင့်ပြီး အကောင်းဆုံး အားထုတ်ခြင်းဖြင့်ပင် ကျွန်မ အဆင့်မမီနိုင်သေးလျှင်၊ ထုတ်ပယ်ခံရခြင်းကို ကျွန်မ ပျော်ရွှင်စွာ လက်ခံရမည်။ ဘုရားအိမ်တော်၏ လိုအပ်ချက်၊ ပေးအပ်သောတာဝန်ကို ယူဖို့ လူတို့၏ ကိုယ်ပိုင် အရည်အချင်းများနှင့်အညီ တာဝန်များကို ပြောင်းပေးခြင်းဖြစ်သည်။ လူတို့၏အကျိုးရလဒ်နှင့် ပန်းတိုင်များဖြင့် လုံးဝ မသက်ဆိုင်ပေ။ သို့သော်လည်း ကျွန်မက ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်မှုနည်းပါးနေခဲ့သည်။ ဘုရားသခင်၏ အိမ်တော်အတွင်းရှိ လူတို့၏တာဝန်များတွင် လုံးဝ သင့်လျော်သည့် ပြောင်းလဲမှုများကို ကျွန်မ ကောင်းကောင်း နားမလည်နိုင်ခဲ့ပေ။ ကျွန်မသည် မူမမှန်သော ရှုထောင့်အမြင်ရှိနေခဲ့ပြီး ကျွန်မတာဝန်သည် ကျွန်မ၏ပန်းတိုင်နှင့် အကျိုးရလဒ်တို့ဖြင့် ခွဲခြား၍မရအောင် ဆက်သွယ်နေသည်ဟု ထင်ခဲ့သည်။ အဆုံးသတ်တွင် ကောင်းချီးခံစားရခြင်း ရှိမရှိ စဉ်းစားနေခဲ့သည်။ ကျွန်မသည် အရာရာကို ကြိုတင်မှန်းဆနေခဲ့သည်။ ဘုရားသခင်ကို ကျွန်မ သတိထားနေလျက်ဖြင့် ကျွန်မတာဝန်ကို ကောင်းစွာ မဆောင်ရွက်နိုင်လျှင် ကျွန်မ အဖော်ထုတ်ခံရပြီး ဖယ်ရှားခံရကာ မည်သည့် ဂုဏ်အဆင့်အတန်း၊ အနာဂတ်မျှမရှိတော့ဘဲ ကျန်ရစ်ခဲ့မည်ကို ကျွန်မ ကြောက်ရွံ့နေခဲ့သည်။ ကျွန်မက တကယ်ကို အတွေးလွန်နေခဲ့ပြီး မကောင်းမှု၌ အလွန် ပါဝင်ပတ်သက်မိခဲ့သည်။ ကျွန်မသည် ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဉာဏ်များကာ ဘုရားသခင်ကို လှည့်စားရန် ကြိုးစားနေခြင်းဖြစ်ပြီး ကျွန်မ၏တာဝန်တွင် ကောင်းစွာ မလုပ်ဆောင်နိုင်လျှင် အရှုံးပေးဖို့ အစီအစဉ်တွေ ဆွဲနေခဲ့ခြင်းဖြစ်သည်။ ကျွန်မ၏တာဝန်ကို မည်သို့ အမှန်တကယ် ကောင်းမွန်စွာ ဆောင်ရွက်ရမည်ကို နည်းနည်းလေးမျှ မစဉ်းစားဘဲ၊ ယင်းအစား ကျွန်မ၏ ကိုယ်ပိုင် အနာဂတ်မျှော်လင့်ချက်များအပေါ် စွဲလမ်းနေခဲ့သည်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် ပြုမူဆောင်ရွက်ဖို့ ဘုရားသခင်က ကျွန်မကို မြှင့်တင်ပေးခြင်းသည် ကျွန်မ၏ အလုပ်နှင့် အသက်ဝင်ရောက်မှုတွင် တိုးတက်မှုအချို့ ရရှိနိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ အခွင့်အရေးကို ပေးနေခြင်းဖြစ်သည်။ ယင်းမှာ ကျွန်မအတွက် ဘုရားသခင်၏ချစ်ခြင်း ဖြစ်သည်။ သို့သော်၊ကျွန်မက အမှန်တကယ်ပင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရတော့မည်ဟု ထင်မြင်လျက် ဘုရားသခင်၏ ချစ်ခြင်းအပေါ် ကျွန်မ၏ အယူအဆက မူမမှန်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း မဟုတ်ပါလား။ အန္တိခရစ်တစ်ယောက်၏ မကောင်းသည့် စိတ်သဘောထားကို ကျွန်မ အတိအကျ ဖွင့်ပြနေခြင်း မဟုတ်ပါလား။

ထိုအချိန်ကာလတစ်လျှောက်တွင် ကျွန်မ ဖွင့်ပြခဲ့သည့်အရာကို ပြန်စဉ်းစားမိသည်။ ဘုရားသခင်ကို ကျွန်မ အနည်းငယ်မျှပင် နားမလည်ခဲ့ပေ။ သို့သော်လည်း ထင်မြင်ချက်များ၊ သတိထားခြင်းများဖြင့် ပြည့်နေခဲ့သည်။ ကျွန်မ အလွန်ပင် စိတ်မကောင်းဖြစ်ရသည်။ အဘယ်ကြောင့် ထိုအခြေအနေမျိုးကို ကျွန်မ ရောက်ခဲ့ရသည်၊ ပြဿနာ၏ အရင်းအမြစ်က အမှန်တကယ်တွင် မည်သည့်နေရာ၌ရှိသည်တို့ကို ကျွန်မ မတွေးတောဘဲ မနေနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် ကျွန်မ၏စိတ်ကို အမှန်တကယ် တို့ထိသော အန္တိခရစ် စိတ်သဘောထားကို ဖော်ပြသည့် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားရှိသည်ဟု မယုံကြည်ကြဘဲ၊ သူ၏ စိတ်သဘောထား၊ ကိုယ်ပိုင်လက္ခဏာ သို့မဟုတ် အနှစ်သာရတို့ကို ၎င်းတို့က မယုံကြည်ကြပေ။ ၎င်းတို့၏ အနီးတဝိုက်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို ဆန်းစစ်ဖို့နှင့် စူးစမ်းလေ့လာဖို့၊ ဤအရာများအားလုံးကို လူသားအတွေးအခေါ်များနှင့် လူသားအမြင်ရှုထောင့်များဖြင့် လေ့လာကြသည်၊ ပြီးလျှင် ဘုရားသခင်က လူများကို ဆက်ဆံသည့်ပုံစံ၊ လူများ၌ ဘုရားသခင် အလုပ်လုပ်သည့် ပုံစံမျိုးစုံတို့ကိုလည်း လူသားအမြင်ရှုထောင့်များ၊ လူသားအတွေးအခေါ်များနှင့် လူသားပရိယာယ်တို့ဖြင့် လေ့လာကြသည်။ ထို့အပြင် ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လေ့လာဖို့ စာတန်၏ အတွေးအမြင်စနစ်နှင့် အတွေးအခေါ်တို့ကို အသုံးပြုလျက်၊ လူသားအတွေးအခေါ်နှင့် လူသားနည်းစနစ်များကို အသုံးပြုကြသည်။ သိသာထင်ရှားစွာပင်၊ အန္တိခရစ်များသည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လက်မခံရုံမျှမက၊ အသိအမှတ်လည်း မပြုကြဘဲ၊ ဘုရားသခင်၏စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် ပတ်သက်၍ ပေါ့တန်သော စိတ်ကူးများ၊ တိကျမှု မရှိသော အယူအဆများ အပြည့် ရှိကြသည်။ ၎င်းတို့သည် လူသားတို့၏ နားလည်ခြင်းဖြင့်သာ ပြည့်နှက်နေကြသည်။ ၎င်းတို့၌ တကယ့်အသိပညာ စိုးစဉ်းမျှ မရှိကြပေ။ အကျိုးဆက်အနေဖြင့် အဆုံးသတ်တွင် အန္တိခရစ် တစ်ဦးသည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို မည်သို့ သတ်မှတ်သနည်း။ ဘုရားသခင်သည် ဖြောင့်မတ်ကြောင်းနှင့် လူသားအတွက် သူသည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်းတို့ကို ၎င်းတို့ သက်သေပြနိုင်ပါသလား။ ၎င်းတို့သည် သေချာပေါက် သက်သေမပြနိုင်ကြပေ။ အန္တိခရစ်တို့၏ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့် သက်ဆိုင်သည့် အနက်အဓိပ္ပာယ်မှာ မေးခွန်းအမှတ်အသား တစ်ခုသာ ဖြစ်သည်။ သံသယရှိခြင်းဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ပင်ကိုလက္ခဏာကို အဆုံးအဖြတ်ပေးသည်၊ ပြီးလျှင် သူ၏ ဖြောင့်မတ်ခြင်းကို ၎င်းတို့က သရော်လှောင်ပြောင်ကြကာ၊ ယုံကြည်မှု ကင်းမဲ့ခြင်း၊ ငြင်းပယ်ခြင်းနှင့် ဂုဏ်သရေဖျက်ခြင်းတို့ဖြင့် ပြည့်နေကြသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သို့ရှိမည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်။ ၎င်းတို့ကဲ့သို့ ထိုကဲ့သို့ သဘောထားမှုဖြင့်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ၎င်းတို့၏ သဘောထားမှုမှာ- တိုက်ရိုက်ငြင်းပယ်မှု ဖြစ်သည်မှာ ပကတိအတိုင်း ရှင်းနေပြီးသား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂၆)”) အန္တိခရစ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အသိအမှတ်ပြုဖို့ မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်သည်ကိုပင် မယုံကြည်ကြသည်ကို ဘုရားနှုတ်ကပတ်တော်များက ပြသည်။ ၎င်းတို့သည် အမှုအရာများနှင့် သက်ဆိုင်သည့် ၎င်းတို့၏ ထင်မြင်ချက်များကို ဘုရားနှုတ်ကပတ်တော်အပေါ်တွင် မည်သည့်အခါမှ အခြေခံခြင်းမရှိဘဲ၊ ယင်းအစား အရာရာကို လူ၏နားလည်မှုနှင့် စာတန်၏ အတွေးအခေါ်အ ပေါ်တွင် အခြေခံချဉ်းကပ်သည်။ ကျွန်မသည်လည်း ထိုအန္တိခရစ် စိတ်သဘောထားမျိုး ရှိနေသည်ကို မြင်ခဲ့ရသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ရာထူးနေရာများကို ညှိပေးခြင်း သို့မဟုတ် လူတို့အား ထုတ်ပယ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းတို့ပြုလုပ်သည့် အသင်းတော်နှင့် ဆက်နွှယ်နေသောကြောင့်၊ ယင်းအား ကျွန်မ နားလည်ခြင်းမရှိသည်ကို မြင်ခဲ့ရသည်။ ထိုအစား၊ ဤပြဿနာများကို စာတန်၏ အတွေးအခေါ် မှန်ဘီလူးမှတစ်ဆင့် ကျွန်မ ရှုမြင်နေခဲ့သည်။ ဥပမာ “အမြင့်ရောက်လေ၊ အကျနာလေပင်၊” “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏၊” “ထိပ်ဆုံးတွင် အထီးကျန်၏” စသည်တို့ ဖြစ်သည်။ ဂုဏ်အဆင့်အတန်းနှင့် တာဝန်တို့ ပိုရှိလာလျှင် ကျွန်မ မြန်မြန် ဖော်ထုတ်ခံရနိုင်ပြီး ဖယ်ရှားခံရခြင်းအဖြစ်သို့ ရောက်ရှိစေလိမ့်မည်ဟု ကျွန်မထင်ခဲ့သည်။ ထို့ကြောင့် အပြင်ပန်းတွင် အဖွဲ့ခေါင်းဆောင် တစ်ယောက်အနေဖြင့် ကျွန်မ၏ရာထူးကို လက်ခံခဲ့သော်လည်း၊ ဘုရားသခင်ကို ကျွန်မသတိထားနေခဲ့သည်။ အမှားလုပ်မိလျှင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရကာ၊ အဆုံးတွင် ကျွန်မ၏ နောက်ဆုံး ခရီးပန်းတိုင်ကို ဆုံးရှုံးရခြင်းဖြစ်မည်ကို စိုးရွံ့မိခဲ့သည်။ ကျွန်မသည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်သည့် ယုံကြည်သူတစ်ယောက် ဖြစ်သော်လည်း၊ အမှုအရာများအပေါ် ကျွန်မ၏ ရှုထောင့်အမြင်သည် လုံးဝ မပြောင်းလဲခဲ့သကဲ့သို့၊ ပြဿနာများကို ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို လုံးဝ မရှာဖွေခဲ့ပါ သို့မဟုတ် အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဆက်စပ်ပြီး မကြည့်ရှုခဲ့ပါ။ ယင်းအစား ဘုရားသခင်၏ လုပ်ဆောင်မှုကို စာတန်၏ အယူအဆများအပေါ် အခြေခံပြီး အကဲဖြတ်ခဲ့သည်။ နည်းနည်းလေး တလွဲလုပ်လိုက်သည်နှင့် ကျွန်မကို ဖော်ထုတ်ပြီး ဖယ်ရှားမည့် အာဏာရှင်တစ်မျိုးမျိုးအဖြစ် ဘုရားသခင်ကို စိတ်ကူးထင်မြင်နေသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်မက ငြင်းဆန်နေခြင်း မဟုတ်ပါလား။ ဤသည်မှာ ကျွန်မက ဘုရားသခင်ကို ပြစ်မှားစော်ကားနေခြင်း မဟုတ်ပါလား။ အမှန်တွင် တစ်စုံတစ်ဦးသည် အသင်းတော်၏ ထုတ်ပယ်ခြင်း၊ ဖယ်ရှားခြင်း ခံရသည့်အခါတိုင်းတွင် ယင်းသည် အခြေခံစည်းမျဉ်းအပေါ် အခြေခံပေသည်။ လူတစ်ယောက်၏ အစွမ်းအစနှင့်ပတ်သက်ပြီး ခြုံငုံစဉ်းစားသုံးသပ်ခြင်း အပေါ်တွင် အခြေခံသည်။ ၎င်းတို့သည် ကောင်းမွန်သည့် လူ့သဘာဝ သို့မဟုတ် ဆိုးယုတ်သည့် လူ့သဘာဝ ရှိသည်၊ မရှိသည်၊ သမ္မာတရားကို အားထုတ်ခြင်း ရှိမရှိ၊ မည်သည့် လမ်းကြောင်းမျိုးပေါ်တွင် ရောက်နေသည်ဆိုသည်တို့အပေါ်တွင် အခြေခံသည်။ ၎င်းတို့ကို လူပုဂ္ဂိုလ် တစ်ယောက်အဖြစ် မသတ်မှတ်ပေ။ ၎င်းတို့၏ ရံဖန်ရံခါ ပြစ်မှားခြင်း သို့မဟုတ် ခဏတာ ဖော်ပြချက် သို့မဟုတ် မြင့်မားသော ဂုဏ်အဆင့်အတန်း ရှိမရှိဆိုသည်တို့ပေါ်တွင် အခြေခံပြီး ထုတ်ပယ်ကာ ဖယ်ရှားခြင်းဖြစ်သည်။ မည်သည့် ပြစ်မှားခြင်းမျိုးရှိပါစေ၊ ဘုရားအိမ်တော်သည် ဘုရားသခင်အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် အသုံးခံပြီး သမ္မာတရားကို အားထုတ်သည့် ခေါင်းဆောင်များကို အပိုဆောင်း အခွင့်အရေးများ ပေးမည်ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရမည်။ အသိပေးပြီး သတိပေးခံရမည်။ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် သိမြင်နိုင်စွမ်းရှိသည့် မည်သူမဆို၊ နောင်တရပြီး ပြောင်းလဲသည့် မည်သူမဆို ဆက်လက် အသုံးပြုခံရမည်ဖြစ်ပြီး ပျိုးထောင်ပေးခံရမည်ဖြစ်သည်။ လက်တွေ့ကျသည့် အလုပ်ကို မလုပ်သော၊ သက်သောင့်သက်သာနေရဖို့အတွက် လောဘကြီးသော၊ မိမိတာဝန်ကို တမင်ပျက်ကွက်သော၊ ခေါင်းဆောင် တစ်ယောက် ခံယူသင့်သည့် ဝတ္တရားများကို မခံယူဘဲ၊ ခေါင်းဆောင်နေရာကို ယူထားသော အယောင်ဆောင် ခေါင်းဆောင်အချို့ရှိကြသည်။ ထိုပုဂ္ဂိုလ်မျိုးသည် သူ၏ ရာထူးနေရာမှ မလွဲမသွေ ထုတ်ပယ်ခံရလိမ့်မည်။ သို့သော် ၎င်းတို့သည် မကောင်းမှုမျိုးစုံကို လုပ်ဆောင်သော ဆိုးယုတ်သည့် လူတစ်ယောက်မဟုတ်သရွေ့ ၎င်းတို့ကို ခပ်ပေါ့ပေါ့ဖြင့် ဖယ်ရှားခြင်း၊ အသင်းတော်မှ ထုတ်ပယ်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ အိမ်တော်သည် ၎င်းတို့အတွက် အခြားသင့်တော်သည့်တာဝန်ကို စီစဉ်ပေးလိမ့်မည် ဖြစ်သည်။ နောင်တရပြီး မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ အခွင့်အရေးပေးမည်ဖြစ်သည်။ မည်သည့် သမ္မာတရားကိုမျှ လက်ခံရန် ငြင်းဆန်သော၊ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် အာဏာတို့အတွက်သာ အလုပ်လုပ်သော၊ အသင်းတော်ကို ထိန်းချုပ်နိုင်ရန်အတွက် အာဏာကိုသိမ်းယူလိုသော အန္တိခရစ်များရှိကြသည်။ ၎င်းတို့သာလျှင် လုံးလုံးလျားလျား ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမည်၊ အသင်းတော်မှ ထာဝရ ထုတ်ပယ်ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့အား အလုံးစုံ သင့်တင့်မျှတသောနည်းဖြင့် ဆက်ဆံသည်၊ ဘုရားအိမ်တော်တွင် သမ္မာတရားက အုပ်စိုးသည်ဆိုသည်ကို ကျွန်မ မြင်တွေ့ခဲ့ရသည်။ မည်သည့် လူကောင်းမျှ မှားယွင်းစွာ စွပ်စွဲခံရခြင်း ရှိမည်မဟုတ်သကဲ့သို့၊ မည်သည့်ဆိုးယုတ်သောသူမျှ အလွယ်တကူ လွတ်မြောက်မည် မဟုတ်ပေ။ လူတစ်ယောက် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရခြင်း ရှိမရှိဆိုသည်မှာ သူတို့၏ ရာထူးနေရာနှင့် မသက်ဆိုင်ပါ။ အမှန်တကယ် အရေးကြီးသည်မှာ သမ္မာတရားကို လက်ခံပြီး အားထုတ်နိုင်ခြင်း ရှိမရှိဆိုသည်ပင် ဖြစ်သည်။ သမ္မာတရားကို အားထုတ်သောသူတို့အတွက် အရေးကြီးသော တာဝန်တစ်ခုကို ၎င်းတို့ယူရသောအခါ၊ ပိုမိုများသော တာဝန်ကို ၎င်းတို့ထမ်းရသောအခါ ၎င်းတို့သည် သူတို့ကိုယ်သူတို့ တိုးတက်စေဖို့ အခွင့်အလမ်းများ ပိုမိုရရှိပြီး ဘုရားသခင်အားဖြင့် စုံလင်စေခြင်းကို ပို၍ ခံရနိုင်ပါသည်။ သို့သော်၊ သမ္မာတရားကို အားမထုတ်သော၊ ၎င်းတို့၏ တာဝန်တွင် အခြေခံစည်းမျဉ်းများကို မရှာဖွေသကဲ့သို့၊ တရားစီရင်ခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံရန် ငြင်းဆန်သော၊ ၎င်းတို့၏ ဖောက်ပြန်သော စိတ်သဘောထားများ လုံးဝမပြောင်းလဲသောသူတို့သည် ၎င်းတို့၏ အဆင့်အတန်းက မည်သည့်အရာဖြစ်ပါစေ၊ နောက်ဆုံး၌ ဖယ်ရှားခံရမည်ဖြစ်သည်။ ထိုအရာကို ကျွန်မပို၍ စဉ်းစားကြည့်သည့်အခါတွင်၊ ယခင်က အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်မ၏ ရာထူးမှ ထုတ်ပယ်ခံခဲ့ရချိန်တွင်၊ ယင်းမှာ ကျွန်မ၏ သဘောသဘာဝက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သောကြောင့်၊ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်သောကြောင့် ဖြစ်သည်ဆိုသည်ကို နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မက အသင်းတော်အလုပ်၏ လမ်းကြောင်းကို ပိတ်ဆို့နေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ကျွန်မအပေါ် ကျရောက်ခြင်းဖြစ်ကာ၊ နောင်တရပြီး ပြောင်းလဲရန်အတွက် ဘုရားသခင်က ကျွန်မကို အခွင့်အရေး ပေးနေခြင်းဖြစ်သည်။ သို့သော် ထိုအစား၊ ကျွန်မက မယုံကြည်သူတစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအပေါ် ယုံကြည်မှုမရှိဘဲ ဘုရားသခင်ကို နားလည်မှုလွဲခဲ့သည်။ ထိုအခါမှသာ “အမြင့်ရောက်လေ၊ အကျနာလေပင်၊” ဆိုသည့် ဆိုးယုတ်သည့် အတွေးအခေါ်က ကျွန်မကို မည်မျှဆိုးဆိုးဝါးဝါး ထိခိုက်စေသည်ကို နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့ရပါသည်။ ကျွန်မက နားလည်မှုလွဲခြင်း၊ ဘုရားကို သတိထားနေခြင်းတို့ဖြင့် ဝါးမျိုခံလာရရုံတင်မကဘဲ၊ ပိုပိုပြီး ကောက်ကျစ်ကာ ဆိုးယုတ်လာခဲ့သည်။ ထိုကဲ့သို့ ဆိုးယုတ်သည့် အတွေးအခေါ်နှင့် ဥပဒေတို့ဖြင့် ကျွန်မ ဆက်ပြီး ရှင်သန်၍မရဘဲ၊ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်ပေါ်တွင် အခြေခံပြီး ကြည့်ရှု၊ ချဉ်းကပ်ရမည်ဖြစ်သည်ကို ကျွန်မ သိခဲ့ရပါသည်။ အဖွဲ့ခေါင်းဆောင်အဖြစ် ဤတာဝန်ကို လက်ခံရရှိခြင်းက ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံရခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်က ကျွန်မကို သင်ယူလေ့လာမှုတွင် အခွင့်အရေးတစ်ခု ပေးခြင်းဖြစ်သည်။ ဤအခွင့်အလမ်းကို ကျွန်မ တန်ဖိုးထားဖို့ လိုသည်။ ယခင်က ကျွန်မသည် ကျွန်မ၏တာဝန်တွင် အတားအဆီးတစ်ခု ဖြစ်ခဲ့သော်လည်း၊ ယခုအခါတွင် ကျွန်မ၏တာဝန်တွင် အဖိုးအခတစ်ခု ပေးဆပ်ရမည်၊ အတိတ်က ကျရှုံးမှုတွေအတွက် ပြန်လည်ပေးဆပ်ရမည်၊ သမ္မာတရား၏ အခြေခံစည်းမျဉ်းများကို ပို၍ ရှာဖွေရမည်၊ ကျွန်မ၏ တာဝန်ကို ကောင်းစွာလုပ်ဆောင်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ရမည် ဆိုသည်တို့ကို ကျွန်မ သိခဲ့ပါသည်။

ဤအရာများကို နားလည်ခြင်းက ကျွန်မအတွက် အမှန်တကယ်ပင် လွတ်လပ်ခြင်းလည်း ရှိပါသည်။ ယခုအခါတွင် ယခင်က ကျွန်မ ဘုရားသခင်ကို နားလည်မှုလွဲပြီး သတိထားနေခဲ့ပုံကို ပြန်စဉ်းစားကြည့်သည့်အခါ၊ ကျွန်မက ဘုရားသခင်အပေါ် နားလည်မှုတစ်ခုတစ်လေ လုံးဝမရှိဘဲ၊ မည်မျှအကျိုးအကြောင်းမဲ့ခဲ့သည်၊ မည်မျှ မိုက်မဲပြီး စုံလုံးကန်းနေခဲ့သည်ဆိုသည်ကို ခံစားရသည်။ ကျွန်မ၏ စိတ်နှလုံးတွင် ဘုရားသခင်ထံ၊ “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် အကျည်းတန်မှုကို မြင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်နဲ့ ကျွန်မကြားမှာ ဒီဆိုးယုတ်တဲ့ အယူအဆတွေက ဖန်တီးခဲ့တဲ့ အတားအဆီး ဘယ်လောက် ကြီးမားတာကို ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မဟာ မခံစားတတ်ခဲ့ဘူး။ သတိမမူခဲ့မိပါဘူး။ အမှုအရာများကို နားလည်မှုလွဲပြီး သတိထားနေခဲ့ပါတယ်။ ကိုယ်တော် ဘယ်လိုခံစားရတယ်ဆိုတာကို လုံးဝ သတိမမူခဲ့မိပါဘူး။ ကျွန်မ အရမ်းကို ပုန်ကန်ခဲ့ပါတယ်။ ကိုယ်တော့်ထံမှာ အပြည့်အဝ နောင်တရပါတယ်” ဟု တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။

တစ်နေ့တွင် စာရေးသူက ကျွန်မကိုယ်တိုင်၏ အခြေအနေကို အပြည့်အစုံ ဖော်ပြထားခဲ့ပြီး ကျွန်မအား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ပေးသော ဘုရားနှုတ်ကပတ်တော်အချို့ကို ကိုးကားထားသည့် ဆောင်းပါးတစ်ပုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။...လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်၏ ကျိန်ခြင်းခံရသည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဤအရာကို ကျွန်မ စဉ်းစားသုံးသပ်ကြည့်သည့်အခါတွင် ဘုရားအလိုတော်ကို ကျွန်မ နားလည်လာခဲ့သည်။ ဘုရားသခင်က လူသားမျိုးနွယ်ထံမှ များစွာ မမျှော်လင့်ပါ။ သူက ကျွန်မတို့ကို သမ္မာတရားကိုသာ အားထုတ်စေချင်သည်၊ ကျွန်မတို့အနေဖြင့် အိုးနင်းခွက်နင်းဖြင့် မပြီးမြောက်ဘဲ၊ မယုံကြည်ရခြင်း၊ လှည့်စားတတ်ခြင်းတို့ မရှိဘဲ အစွမ်းကုန် လုပ်ဆောင်ရင်းနှင့် ဘုရားသခင် ကျွန်မတို့အပေါ် တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ရင်း၊ ကျွန်မတို့ နားလည်နိုင်သည့်အရာ မှန်သမျှ၊ ကျွန်မတို့ ပြီးမြောက်အောင်မြင်နိုင်သည့် အရာမှန်သမျှကို အသုံးချနိုင်ရန် ကျွန်မတို့ တတ်နိုင်သမျှသာ သူလုပ်ဆောင်စေလိုပါသည်။ လုပ်ဆောင်ခြင်း လုပ်ငန်းစဉ်တွင် ကျရှုံးမှုများနှင့် အမှားများကို ကျွန်မတို့ ကြုံတွေ့ရလျှင်ပင် သမ္မာတရားကို ကျွန်မတို့ လက်ခံနိုင်သရွေ့၊ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်သရွေ့၊ ဤပြဿနာများကို ဖြေရှင်း၍ ရနိုင်ပါသည်။ တိုးတက်မှုနှင့် ပြောင်းလဲမှုကို ကျွန်မတို့ မြင်တွေ့နိုင်သည်။ ထိုစေခိုင်းချက်ကို လက်ခံရရှိပြီးကတည်းက၊ ကျွန်မသည် လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားတစ်ခု လုံးဝ ကင်းမဲ့နေခဲ့သည်။ အနည်းငယ်မျှ မှားခဲ့လျှင်၊ မည်သည့် ပြစ်မှားမှုဖြင့်မဆို ကျွန်မ ဖယ်ရှားခံရမည်၊ ကျွန်မ၏ အကျိုးကျေးဇူးနှင့် နောက်ဆုံး ခရီးပန်းတိုင်ကို ဆုံးရှုံးရမည်ကို ကျွန်မ ကြောက်ရွံ့နေခဲ့သည်။ ကျွန်မသည် သမ္မာတရားကို နားလည်မှု တစ်ခုတစ်လေမျှ တကယ်ကို လုံးဝမရှိဘဲ ဘုရားအမှုတော်ကို အမှန်တကယ် နားမလည်ခဲ့သည်ကို မြင်ခဲ့ပါသည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ကျွန်မ၏တာဝန်ကို ထမ်းဆောင်ခဲ့သည့် ထိုနှစ်များအားလုံးတွင် ဤသည်မှာ ဘုရားသခင်ကို ကျေနပ်စေဖို့မဟုတ်ဘဲ ကျွန်မကိုယ်တိုင်၏ အနာဂတ်နှင့် ပန်းတိုင်အတွက် ကြိုးပမ်းခြင်းသာဖြစ်သည်ဆိုသည်ကို ကျွန်မ မြင်တွေ့ခဲ့သည်။ ကျွန်မသည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်များခဲ့သည်။ တာဝန်တစ်ခုဆိုသည်မှာ ဘုရားသခင်ထံမှ စေခိုင်းချက်ဖြစ်ပြီး၊ ဖန်ဆင်းခံ သတ္တဝါတိုင်း ဖြည့်ဆည်းရမည့် တာဝန်တစ်ခုဖြစ်သည်။ အဆုံးတွင် ကျွန်မတို့ ကောင်းချီးခံရသည်ဖြစ်စေ၊ ကျိန်ဆဲခံရသည်ဖြစ်စေ အရေးမကြီးပါ။ ကျွန်မတို့ ကိုယ်တိုင်၏ တာဝန်ကို ကျွန်မတို့ အားလုံးလုပ်ဆောင်ရမည် ဖြစ်သည်။မကောင်းမှု ကျူးလွန်မိမည်ကို ကြောက်ရွံ့မှု သက်သက်ကြောင့်၊ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ ငြင်းပယ်၍ မရပေ။ ကျွန်မတွင် သေးနုပ်သော အသက်ဝင်ရောက်မှုရှိပြီး သမ္မာတရား၏ လက်တွေ့အရှိတရား ကင်းမဲ့နေသော်လည်း အဖွဲ့ခေါင်းဆောင်အဖြစ် ထမ်းဆောင်ဖို့ ဘုရားသခင်က ကျွန်မကို မြှင့်တင်ပေးခဲ့သည်။ ယခုအချိန်တွင် ကျွန်မက ရာထူးနှင့် ထိုက်တန်သောကြောင့်မဟုတ်ဘဲ ယင်းမှာ ကျွန်မက ဤတာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းမှတစ်ဆင့် သမ္မာတရားကို အားထုတ်နိုင်မည်၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံနိုင်မည်ဖြစ်ပြီး၊ ကျွန်မ၏ ကိုယ်ပိုင် အားနည်းချက်များနှင့်ပတ်သက်၍ ဆက်လက်ပြီး တိုးတက်မှု ရှိစေနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဖြစ်သည်။ ထို့နောက်တွင် နောက်ဆုံး၌ ဤတာဝန်ကို ကျွန်မပြည့်ပြည့်ဝဝ လုပ်ဆောင်ဖို့ စီမံနိုင်မည်ဟု မျှော်လင့်ရပေသည်။ ဘုရားအလိုတော်ကို ကျွန်မ နားလည်သည်နှင့် တစ်ပြိုင်နက်၊ ကျွန်မတာဝန်၌ ပေါ်လာသော ပြဿနာများနှင့် အခက်အခဲများကို ရင်ဆိုင်ရာ၌ ပိုပြီး ယုံကြည်မှုရရှိခဲ့ပြီး ယင်းတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကျေနပ်စေဖို့ စိတ်ပိုင်းဖြတ်ချက်ကို ကျွန်မ ရရှိခဲ့ပါသည်။

ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဤအရာကို ကျွန်မ ဖတ်ခဲ့ရသည်။ “ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်များမှာ အဘယ်နည်း။ ထိုအရေးကိစ္စ၏အခရာမှာ အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မစဉ်းစားဘဲ၊ သင်လုပ်လိုသည့်အရာကို အမြဲ လုပ်ဆောင်ပါက၊ ဤသည်မှာ ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်တစ်ခု ဖြစ်သလော။ သင်က ‘ကျွန်ုပ်၏ အစွမ်းအစသည် နည်းပါသော်လည်း၊ ကျွန်ုပ်သည် စိတ်နှလုံးထဲတွင် ရိုးသားသည်။’ ဟု ပြောသည်။ သို့ရာတွင် သင့်ထံ တာဝန်တစ်ခု ကျရောက်သည့်အခါတွင်၊ သင်သည် ဒုက္ခခံရမည်ကို သို့မဟုတ် ထိုတာဝန်ကို သင် ကောင်းစွာ မဖြည့်ဆည်းပါက၊ တာဝန်ယူရမည်ကို ကြောက်ရွံ့သည်၊ ထို့ကြောင့် သင်သည် ယင်းကို ရှောင်ရှားဖို့ ဆင်ခြေများ ပေးပြီး အခြားသူများက ယင်းကို ပြုလုပ်ဖို့ သင် အကြံပြုလေသည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးသည် မည်သို့ ပြုမူသင့်သနည်း။ ၎င်းတို့သည် လက်ခံပြီးနာခံသင့်သည်၊ ထို့နောက်တွင် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းလျက်၊ ၎င်းတို့၏တာဝန်များကို တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ရာတွင် လုံးလုံး ဆက်ကပ်အပ်နှံထားသင့်သည်။ ဤသည်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြထားသည်။ နည်းလမ်းတစ်ခုမှာ သင်သည် အခြားမည်သည့်အရာကိုမျှ မတွေးဘဲ၊ သင်၏တာဝန်ကို ရိုးသားမှုဖြင့် လက်ခံသင့်ပြီး၊ ယင်းနှင့်ပတ်သက်၍ စိတ်မပါ့တပါ ဖြစ်နေသင့်ပေ။ သင်ကိုယ်တိုင်၏ အကျိုးကျေးဇူးအတွက် အကွက်မချနှင့်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ နောက်ထပ်နည်းလမ်းမှာ ယင်းထဲတွင် သင်၏ခွန်အားနှင့် စိတ်နှလုံး အားလုံး အစွမ်းရှိသမျှ လုပ်ဆောင်ခြင်းဖြစ်သည်။ သင်က ‘ဤသည်မှာ ကျွန်ုပ်လုပ်ဆောင်နိုင်သမျှ အားလုံးဖြစ်သည်။ ကျွန်ုပ်သည် စွမ်းရည်အားလုံးကို စတင်ထုတ်သုံးပြီး ဘုရားသခင်ကို လုံးလုံး ဆက်ကပ်ပါမည်။’ ဟု ပြောသည်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခု မဟုတ်လော။ သင်သည် သင့်ထံတွင်ရှိသမျှအားလုံးနှင့် သင်လုပ်နိုင်သမျှ အားလုံးတို့ကို ဆက်ကပ်သည်၊ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ သင်၌ရှိသမျှအားလုံးကို ဆက်ကပ်ဖို့ မလိုလားပါက၊ ယင်းကို သင်ဖုံးကွယ်ပြီး ဝှက်ထားပါက၊ သင်သည် သင်၏ လုပ်ဆောင်ချက်များတွင် ယုံကြည်၍မရဘဲ၊ သင်၏ တာဝန်ကို ခေါင်းရှောင်ပြီး အလုပ်ကောင်းစွာ မလုပ်ခြင်းအတွက် အကျိုးဆက် ခံစားရမည်ကို ကြောက်သောကြောင့် အခြားတစ်ယောက်ကို လုပ်ဆောင်ခိုင်းပါက၊ ဤသည်မှာ ရိုးသားခြင်း ဖြစ်သလော။ မဟုတ်ပေ။ ထို့ကြောင့် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် ဆန္ဒတစ်ခုရှိခြင်းမျှသာ မဟုတ်ပေ။ အမှုအရာများ သင်၌ ကျရောက်သည့်အခါ၊ သင်သည် ယင်းကို လက်တွေ့မလုပ်ဆောင်ပါက၊ သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်ပေ။ သင်သည် ပြဿနာများ ကြုံရသည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး၊ လက်တွေ့ကျသည့် ဖော်ပြချက်များ ရှိရမည်။ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ ဤသည်တို့သာလျှင် ရိုးသားသောစိတ်နှလုံး၏ ဖော်ပြချက်များ ဖြစ်ပေ၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) ဘုရားသခင်သည် ရိုးသားသူတို့ကို နှစ်သက်ပြီး ရိုးသားသူတို့သည် ကောင်းချီးများကိုသာ အစဉ်တွေးတောနေခြင်း မရှိပေ။ ၎င်းတို့သည် တာဝန်ခံယူဖို့ ကြောက်ရွံ့ခြင်းမရှိဘဲ၊ ဘုရားသခင်ကို ကျေနပ်စေရန် ၎င်းတို့၏ တာဝန်ကို ကောင်းစွာလုပ်ဆောင်ရန် စိတ်ပါလက်ပါ ကြိုးစားကြသည်။ ၎င်းတို့ တတ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤအရာကို စဉ်းစားမိခြင်းက ကျွန်မကို အမှန်တကယ် အရှက်ရစေသည်။ ကျွန်မသည် ဘုရားသခင်ကို အဘယ်သို့ စိတ်ကျေနပ်စေချင်သည်ဆိုသည်ကို အစဉ် ပြောဆိုနေခဲ့သည်။ သို့သော်လည်း စေခိုင်းချက်တစ်ခုကို လက်ခံဖို့၊ တစ်စုံတစ်ခုအပေါ်သို့ ကျွန်မ၏ စိတ်နှလုံးကို စစ်မှန်စွာ နှစ်မြုပ်ဖို့အချိန် အမှန်တကယ် ရောက်လာသောအခါ၊ ကျွန်မသည် မရိုးမသားဖြစ်လာပြီး ထွက်ပြေးချင်ခဲ့သည်။ ထို့နောက်တွင် ကျွန်မက ကြားကောင်းသောအရာ အချို့ကိုသာ ပြောနေခဲ့ခြင်းဖြစ်ပြီး၊ အမှန်တကယ်တွင်တော့ ဘုရားသခင်ကို လှည့်စားဖို့ ကြိုးစားနေခြင်းဖြစ်သည်၊ စိတ်နှလုံးအတွင်းထဲ၌ လုံးဝ ရိုးသားခြင်းမရှိဆိုသည်ကို နားလည်သဘောပေါက်ခဲ့ရပါသည်။ ဤအရာကို ကျွန်မ သဘောပေါက်သည့်အခါတွင် ထိုနည်းလမ်းဖြင့် ရှေ့ဆက်၍မရနိုင်မှန်း သိခဲ့ပါသည်။ ကျွန်မတွင် ပြဿနာများ၊ အားနည်းချက်များ များစွာရှိသော်လည်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်အား ကျွန်မ၏ စိတ်နှလုံးကို ပေးအပ်ရမည်ဖြစ်ပြီး မြေပေါ်တွင် ကျွန်မ၏ ခြေထောက်ကို ခိုင်မြဲစွာ ရပ်တည်လျက် ကျွန်မ၏တာဝန်ကို ကျွန်မအရည်အချင်းဖြင့် အကောင်းဆုံး ထမ်းဆောင်ရမည်။ အမှုအရာများက မည်သို့ ဖြစ်ပေါ်လာသည် ဖြစ်စေ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံဖို့ ကျွန်မ ဆန္ဒရှိခဲ့ပါသည်။ ထို့နောက်တွင် ကျွန်မ အလွန် မယုံကြည်နိုင်လောက်သော အတိုင်းအတာအထိ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။ ကျွန်မ တာဝန်တွင် အခက်အခဲများ ကြုံရသည့်အခါ၊ ကြိုးစား ဖြေရှင်းဖို့ ဘုရားသခင်ထံ ဆုတောင်းသည်။ ကျွန်မ မရေမရာဖြစ်သည့်အခါ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေရင်း၊ အမှုအရာများကို ညီအစ်ကို မောင်နှမများနှင့်အတူ စူးစမ်းရှာဖွေသည်။ အချိန်ကြာလာသည်နှင့်အမျှ ပြဿနာ၊ အခက်အခဲ များစွာကို ကျွန်မ ဖြေရှင်းလာနိုင်သည်ကို တွေ့ခဲ့ရသည်။

ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့သည် အမှန်တကယ်ပင် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်သည်ဆိုသည်ကို ဤအတွေ့အကြုံက ကျွန်မကို ပြသခဲ့ပါသည်။ ကျွန်မတွင် တာဝန်ခံယူမှုအပေါ် ကြောက်ရွံ့ခြင်း မရှိတော့ဘဲ၊ အလွန် ခုခံကာကွယ်ခြင်း၊ နားလည်မှုလွဲခြင်းတို့ မရှိတော့ပေ။ ကျွန်မတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ များစွာ ရှိနေသေးသော်လည်း ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံပြီး သန့်စင်ပြီး ပြောင်းလဲခံရဖို့အတွက် အားထုတ်ရန် ဆန္ဒရှိနေခဲ့ပါသည်။ ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခက်ခဲသော ပတ်ဝန်းကျင်၏ စမ်းသပ်မှု

ဂျူနီယာ အာဖရိကတိုက် ကျွန်တော် ငယ်ငယ်ကတည်းက လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှု အမြဲခံခဲ့ရတယ်။ လုပ်သမျှမှာ သူများတွေလို လိုက်လုပ်ရတာကို ကျွန်တော်...

စစ်ပွဲတွင် စာတန်ကို အနိုင်ယူခြင်း

ချမ်မိုရမ်၊ ဟီနန်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားသည်။ “သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌...

တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ

မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...

အကြံဉာဏ်ရယူခြင်းက အဘယ်ကြောင့် အလွန်ခက်ခဲသနည်း

ကြူးတီ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၁၊ ဇွန်လမှာ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းရတယ်။ အစ်ကိုဂျရမီက ကျွန်မတို့အလုပ်ကို ကြီးကြပ်တယ်။ သူက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။